Download as pdf or txt
Download as pdf or txt
You are on page 1of 1

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ

United Nationalities
Nationalities Federal Council (Union of Burma)

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို အမြန်ရပ်တန်ပေးရန်


့ပေးရန်
သဘောထားထုတ်ပြန်ကြေညာချက်။

၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ)တပ်မတော်အစိုးရသည်၊ အချို့သော


တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ၁၉၈၉ ခုနှစ်မှ စပြီး အပစ်အခတ်ရပ်စဲရေး
လုပ်လာခဲ့သည်။ နိုင်ငံတော်အတွင်း၌ အနှစ် (၂၀) မျှအေးချမ်းမှုနှင့် ဒေသအသီးသီးတွင် အထိုက်
အလျောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင်၊ တိုင်းရင်းသား
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအား၊ နိုင်ငံရေးအရဆွေးနွေးအဖြေရှာသည့် တဖွဲ့တစည်းလုံး
၏အသွင်ကူးပြောင်းရေးအစီအစဉ်မဟုတ်ပဲ၊ လက်နက်ကိုင်တပ်ဖွဲ့ကိုသာလျှင်ဖဲ့ပြီး “နယ်ခြားစောင့်တပ်”
Border Guard Force အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ရန် စီစဉ်မှုကြောင့်၊ ပြေလည်မှုကို မရရှိနိုင်ခ့ပ
ဲါ။

၂။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ၍၊ အနိုင်ရရှိသော


နိုင်ငံရေးပါတီတြို့ ဖင့်၊ ၂၀၁၁ ခုနှစ်၊ ဇန္န၀ါရီလ (၃၁) ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကို စတင်ခေါ်ယူပြီး၊
လွှတ်တော်အဆင့်ဆင့်ကို ဖွဲ့စည်းခြင်း၊ နိုင်ငံတော်၏ လုပ်ငန်းအရပ်ရပ်ကို စတင်လုပ်ဆောင်လာရခြင်းတို့
ကြောင့်၊ ဤအချိန်ကာလသည် အရေးကြီးသော အချိန်ကာလဖြစ်သည်၊ မလိုလားအပ်သော ပြဿနာများ
နိုင်ငံတော်အတွင်း၌ ထပ်မံ၍ မဖြစ်ပေါ်စေရန်၊ အလွန်အရေးကြီးသည့် အချိန်ကာလ ဖြစ်သည်ဟု သုံးသပ်
ပါသည်။

၃။ အထွေထွေရွေးကောက်ပြွဲ ဖင့် တက်လာသော အစိုးရသစ်သည် နိုင်ငံတော်၏ ကောင်းရာကောင်း


ကြောင်းလုပ်ငန်းတာဝန်များ စတင်လုပ်ဆောင်ရန် အရေးကြီးနေသည့် အချိန်ကာလတွင်၊ ယခုမတ်လ
(၁၃) ရက်နေ့မှစ၍၊ ရှမ်းပြည်နယ်အတွင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ကို လက်နက်
ကြီးများသုံး၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို သိရှိရသည်။ ထိုဒေသမှ
ရပ်ရွာများ၊ သာမန်ပြည်သူများ၊ စစ်ဘေးဒဏ် ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့ နေရကြောင်းသိရှိရသည်။ ရှမ်းပြည်
တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်သည်၊ အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်း
တဖြွဲ့ ဖစ်သည့်အပြင်၊ ပြီးခဲ့သည့် အမျိုးသားညီလာခံတွင်လည်း၊ ညီလာခံပြီးဆုံးသည်အထိ တက်ကြွစွာ
ကိုယ်စားလှယ် ပါဝင်တက်ရောက်ခ့ေ
ဲ သာ အဖွဲ့အစည်းဖြစ်သည်။

၎။ အထက်ဖော်ပြပါအကြောင်းအချက်များကို ထောက်ရှုလျက်၊ ယခုအချိန်တွင် ရှမ်းပြည်နယ်အတွင်း၊


ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်အား၊ နအဖစစ်တပ်မှ ထိုးစစ်ဆင်စစ်ရေး တိုက်ခိုက်မှု
ပြုလုပ်နေခြင်းကို အမြန်ရပ်တန့်ပေးရန်နှင့်၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြံရန်အတွက်၊ မိမိတို့
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ တောင်းဆိုပါကြောင်း ထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊
၁၃၇၂ ခု၊ တပေါင်းလဆုတ် (၁၀) ရက်။
၂၀၁၁ ခုနှစ်၊ မတ်လ (၂၉) ရက်။

You might also like