Download as pdf
Download as pdf
You are on page 1of 3

နအဖရဲ့ နျူကလီးယားအိပ်မက် (၂)

ဂါမဏိ

ယူရေနီယမ်လှုပ်ရှားမှုများ
ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေးတဲ့
နောက်ထပ်အချက် အလက်တွေ ထပ်ထက
ွ်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ်
သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်း ပြင်နဲ့ ကျောက်ဆင့် ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင်
တနင်္သာရီတောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်း နဲ့ ရှမ်းပြည် တောင်ကြီး
အနောက်ဖက်တွေမှာလည်း ယူရေနီယမ် စမ်းသပ်ရှာဖွေနေပါတယ်။ ယူရေနီယမ် သတ္တုရိုင်း
ကြိတ်ခွဲမှုကိုတော့ သပိတ်ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခြွဲ ပီးယူရေနီယမ် (အဝါရောင်
ကိတ်မုန)့် ကို ယူ-၂၃၅ အဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ
စလုပ်နေပြီ လို့ သတင်းရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာ အားလုံးကို
နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်း သုံးစွေ
ဲ နပြီဖြစ်ပါတယ်။

၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တ့အ


ဲ ကြောင်း
အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယား ဆီကနေ
ယူရေနီယမ်သန့်စင် အဆင့်မြှင့် ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ် ထုတ်လုပ်ရာမှာပါ သုံးဖို့ နျူကလီးယား ဓာတ်လှုံ့
ကရိယာတွေ ဝယ်ယူခဲ့ပါတယ်။ ဒီစက်ကရိ ယာအကြောင်းကို ကျနော်တို့ တိတိကျကျ မသိသေးပေမဲ့
တခြားသတင်း အချက်အလက်တွေအရ အများကြီး ဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ
(ဗဟိုဆအ
ွဲားကရိယာ)တွေ ပါဝင်ပါလိမ့်မယ်။ မြောက်ကိုးရီးယား နျူကလီးယားပါရဂူ အနည်းဆုံး
တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ်နေပါတယ်။

နောက်ထပ် အတည်ပြုနိုင်တဲ့ သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီးယားနဲ့


ဆက်နယ
ွ်နေတဲ့ စစ်ဘက် သုတေသန ဌာနတခု တည်ဆောက်ခြဲ့ ခင်း ဖြစ်ပါတယ်။ လွန်ကျော်ဒေသ
မှာလည်း နျူကလီးယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်
မှာတော့ အရပ်ဘက် သုတေသနဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှား နျူကလီးယား
ပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာတော်သင်တွေကို မွမ်းမံသင် တန်းတွေ ပေးနေပါတယ်။

စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး နအဖ ဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့


လက်နက်ကိုင်တပ်တွေကို ခေတ်မှီအောင်လုပ်ဖို့ အကြီးအကျယ် ကြိုးစား နေပါတယ်။ အဲဒီ လုပ်ဆောင်ချက်
တွေထက
ဲ ထူးထူးခြားခြား ဝယ်ယူမှုတွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ်။

၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ


ဝယ်ခ့ပ
ဲါတယ်။ တရုတ် နိုင်ငံ မြောက်ပိုင်း စက်မှု ကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု
ဝယ်ခြဲ့ ပီး မင်္ဂလာဒုံ လေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ်
ရေဒါစခန်း၊ ဟိုင်းကြီးကျွန်း ရေဒါစခန်း၊ ကိုကိုးကျွန်း ရေဒါစခန်းတို့မှာ တပ်ဆင် နေရာချခဲ့ပါတယ်။
ပင်လယ်ပြင်နဲ့ ကမ်းခြေ လုံခြုံရေးအတွက်လည်း ဧရာဝတီတိုင်း ထဲက ပြင်ဝိုင်း၊ တိတ်စန
ွ်းနဲ့
တာပင်မှော်ကျွန်းများ၊ ရခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီ
တိုင်းထဲက ကျွန်း(၈)ကျွန်းတို့မှာ ရေတပ်သုံး ရေဒါတွေ တပ်ဆင်ခ့တ
ဲ ယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂
ခုထမ
ှဲာဘဲ အမ်အိုင်ဂျီ-၂၉ (၁၀)စီးဝယ်ခြဲ့ ပီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊
၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခ့ပ
ဲါတယ်။

နအဖဟာ ရေတပ်က စစ်ဗိုလ်တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေမှာ သင်တန်း တက်ခိုင်းထားပါတယ်။


အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင်
အမြောက်ပစ်နဲ့ ဒုံးကျည်ပစ် သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ်
ဒုံးကျည်ပစ်စင် (၂၈)ခုနဲ့တကွ ဆက်စပ်ဒုံးကျည်တွေကို အသုတ်လိုက် ခွဝ
ဲ ယ်ခ့ပ
ဲါတယ်။ အိန္ဒိယနဲ့တရုတ်
နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။

၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ်အမြောက်တွေနဲ့ လေကြောင်းရန်


ကာကွယ်ရေး တပ်ရင်း (၁၀)ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါတယ်။ ၂၀၀၀
ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်း ဌာနချုပ် (ဝါ) အမြောက်တပ်မ (၂)ခုဘရ
ှဲိခ့ပ
ဲါတယ်။ ၂၀၀၄
ခုရောက်တဲ့အခါမှာတော့ အမြောက်တပ်မ (၁၀)ခုနဲ့ ဒုံးပျံတပ်မ (၁)ခုအထိ တိုးချဲ့ခဲ့ပါတယ်။

စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ ဆက်သယ


ွ်ဖို့ ဖိုင်ဘာအော့ပ်တစ်
(အလင်းဖန်မျှင်) ကြိုးတွေ အသုံးပြုခဲ့ပါတယ်။ နေပြည်တော် ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန်တိုင်းက
ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့ နေရာတွေကို
ဆက်သွယ်ဖို့ ဂွင်ကျယ်ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနား ကာကွယ်ရေးအတွက်
စကခ ၆ ရဲ့တပ်ရင်း (၁၀)ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တည်းဖြစ်တဲ့ ပျဉ်းမနား
တောင်ညိုမှာ လေယာဉ်ပစ် တပ်ရင်းတရင်းထားပြီး နောက်လေယာဉ်ပစ် တပ်ရင်းတရင်းကိုတော့ ဝဲကြီးနဲ့
သာဝတ္ထိအရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ် ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ
အခြေစိုက်ထားပါသေးတယ်။ နေပြည်တော်အတွက် အပိုဆောင်း လုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း
(၂)ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃)ရင်းနဲ့ အမြောက်စခန်း
ဌာနချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး-ဘုရားကြီး ဒေသမှာ ချထားပါတယ်။

အချက်ပြ ဆက်သွယ်မှု လုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင် ဝါယာလက် (ကြိုးမဲ)့


ဆက်သွယ်ရေးစနစ်တွေ ဖော်ထုတ် နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သယ
ွ်ရေး
စက်တွေကို သုံးခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး
ဆက်သွယ်မှုကို အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော် ပင်မ
ဆက်သွယ်ရေး အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့
ပင်မ ဆက်သွယ်ရေး အလုပ်ရုံက တရုတ်နည်းပညာ အကူအညီနဲ့ ကြိုးမဲ့ ဆက်သယ
ွ်ရေး စက်အသစ်တမျိုး
ထုတ်လုပ်ခဲ့ပါတယ်။ ဒါကို 2006M1 လို့ ယာယီ နာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း
.၀၀၀၀၁ မီတာကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ ပို့လွှတ်တဲ့
သတင်းတွေကို ကြားဖြတ်ဖမ်းဖို့ အတော့်ကို ခက်ခတ
ဲ ယ်လို့ ကြားရပါတယ်။

နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ


ဟောင်ဝစ်ဇာ အမြောက်တွေ အတွက်လည်း ကိုယ်တိုင် ချိန်ရယ
ွ်ပစ်ခတ်တဲ့ စနစ်ကို အစားထိုးဖို့ ကွန်ပျူတာ
ဆော့ဖ်ဝဲ တီထင
ွ်ဖော်ထုတ် နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ် စနစ်တွေအတွက် ဆော့ဝဲ
သုတေသနကိုလည်း ဆောင်ရွက်နေပါ တယ်။

ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ် ပြန်လည်မမ


ွ်းမံ ပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်
နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုး
လဲလှယ်ဖို့လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်း ရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီး ယိုယင
ွ်း
လွယ်ပါတယ်။) တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယား ပါရဂူတွေနဲ့
ကပစ ၁၄ ကို ပြင်ဆင် မွမ်းမံခဲ့ပါတယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ
တည်ဆောက်ခဲ့ပြီး အခု လည်ပတ် ထုတ်လုပ်နေပြီလို့ ယူဆရပါတယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့်
စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့
တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက် ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့
အဲဒါက ရုရှားလုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)

နိဂုံး
နအဖအနေနဲ့ နျူကလီးယား လက်နက်တွေကို သဲကြီးမဲကြီး ကြိုးပမ်းနေတာဟာ (တခြားစီမံကိန်းကြီး
တွေလည်း ရှိသေးတယ်) ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ် ပူပန်သင့်ပါတယ်။
ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းက စစ်အုပ်စု အပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာကို လုံးဝ
ပြောင်းပြန် လှန်ပစ်ဖို့လိုပါတယ်။ နအဖဟာ အဆိုးဆုံး အန္တရာယ်ကြီး ဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ်ရပါမယ်။
ရုရှားနဲ့ တရုတ် ဗီတိုအာဏာတွေ ပါနေတဲ့ လုံခြုံရေး ကောင်စီဟာ ကိုင်တယ
ွ်နိုင်စမ
ွ်း မရှိတ့အ
ဲ တွက် တခြား
ရွေးစရာ ဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန် တခုဘရ
ှဲိပြီး
သူ့တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြား စိုးရိမ်ပူပန်တဲ့ နိုင်ငံတွေနဲ့ (ထိုင်းနိုင်င?ံ ) ပူးတွ၍
ဲ ဖြစ်စေ
မြန်မာနိုင်ငံက ပြည်သူတွေ မိမိတို့ဖာသာ လွတ်မြောက်အောင် ကြိုးပမ်းနေတာကို ကူညီပေးဖို့ လမ်းတခုဘဲ
ရှိပါတယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်းဘဲဖြစ်ဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

ဂါမဏိ

ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇


ရက်စပ
ွဲါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ

You might also like