ကိုဆောင်းယွန်းလနဲ့သူ့ညီလေး

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 3

သူ့လူနာရဲ့ရောဂါကို လက်သပ်မွေးဆေးကုရင်း လူနာရဲ့ မျှော်လင့်ချက်ပန်းခင်းကို

ညီလေးအတွက် ဖတ်စာကဗျာ….

သမားဂုဏ်နဲ့ မျှင်းသတ်သတဲ့”… ပြီးတော့…..ကတိသစ္စာဟာ အသပြာမွေ့ရာမှာ အိပ်ပျော်ရှာတဲ့ အခိုက် ဦးတည်ရာ ယုံကြည်ချက် တစ်မနက်တည်းနဲ့လည်း အသက်ထွက်တတ်တယ်ဆိုတဲ့ မကြာခဏ ကြားခဲ့ဖူးတဲ့ဇာတ်လမ်း ယုံတမ်းစကားမဟုတ်မှန်း အခုတော့သိပြီ ရာသီပေါင်းများစွာထဲက ကိုယ့်ရဲ့

ညီလေးရေ နားထောင် ပုံပြင်မဟုတ်တဲ့ လက်တွေ့ဖြစ်ရပ် ကဗျာတစ်ပုဒ်စပ်ရင်း ကိုယ်ရွတ်ဖတ်ပြမယ်… အနှစ် ၂၀ ကျော်ကြာ ခေတ်စားနေခဲ့တဲ့ဖြစ်ရပ်မှာ အနောက်တိုင်း ပဉ္စလက်ဆရာဟာ အသပြာကို သိက္ခာခါးပိုက်ထောင်ထဲထည့်ရင်း နယ်လှည့် ကွငးဆင်းတဲအခါ့်  မာယာနဲလင်းတဲ့ ညနေခင်းတစ်ခု့  မျက်ရည်တုတွေ လိမ်းကျံ နံရံပေါ်ကနေ့စွဲတွေ နောက်ပြန်လဲကျ နိုက်ကလပ်တွေပေါ်မှာကတော့ ဂျော့ဝါရှင်တန်ဟာ လှလှပပ ပြန့်ကျဲကျသွားတယ်….. ”အဖေကြီးက သားလေးဆရာဝန်ဖြစ်ဖို့အရေး

ရင်ဘတ်အနာနဲ့ ရင်းခဲ့ရပြီး…. ညီလေးရေ ဆက်ပြီးနားထောင်ကြည့် ဒီဖြစ်ရပ်မှန်ကလေးကတော့ ရင်နာဖွယ်အတိ မင်းမှာသာ ခံစားတတ်တဲ့ နှလုံးသားရှိရင် သူလိုလူမျိုးတွေအတွက် မင်းဂုဏ်ယူတတ်မှာပါ…. သူတို့ကကိုယ့်အတွက်ဆိုလို့…. နှစ်ချို့နေတဲ့ အဝတ်ဟောင်းတစ်စုံသာရှိ လုံခြုံအောင် သိမ်းဝှက်ထားတဲ့ သိက္ခာနဲ့ ရွှေချထားတဲ့ မာနတစုံသာရှိ ကိုယ်ပိုင် ရင်သွေးကိုတောင် ပိုင်ပိုင်နိုင်နိုင် ကျောင်းမထားနိုင်ကြတဲ့ နှစ၂၀ကျော်သာ်း တောတွေနဲ့ တောင်တွေပေါ်က သူပုန်ဘွဲ့ ခံယူထားသူတွေပေါ့ကွယ…်

နားမငြီးသေးဘူးဆိုရင် ဆက်ပြီးနားထောင် သူတို့က… သဘာဝတရားရဲ့အလှကို မခံစားအားကြဘဲ ခါးသက်နေ့စွဲတွေကို ရဲရင့်တေးတွေနဲ့ဖြိုကြတယ် တကယ်တော့.. သူတို့ဆိုတာက မင်းတို့ ကိုယ်တို့လိုပါဘဲ တစ်ချိန်သောအခါက ဟောဟိုမြို့ပြတွေထဲမှာ မိသားစုစုံညီစွာနဲ့ ပညာရှာရင်း အဲဒီ တောနက်နက်ကို သမိုင်းပေးတာဝန်အရ နင်းခဲ့ကြတာပါ…. ညီလေးရေ ညီလေးရေ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ငါတို့အထဲက တချို့ ခေါင်းလည်တမော့မော့နဲ့ နိုင်ငံရေးကို ဟစ်ပ်ဟော့ပ်တပုဒ်လိုဟစ် တော်လှန်စစ်ကို သေရည်တခွက်နဲ့ ဖျော်သောက် ကာရာအိုကေညတွေမှာ အိပ်မက်ပြာပြာတွေကိုဆောက် မူးလာတဲအခါ မြေပုံတစ်ချပ်ပေါ်မှာ့  ဗိုက်မှောက်အိပ်ရင်း ပါးစပ်သေနတ်တွေ ပစ်ခွင်းတယ်…. ညီလေးရေ စိတ်ပျက်နေပြီလား ဖြစ်ရပ်မှန်တွေကြို ကားပြီး… နာစရာဆို ကိုယ့်တစ်ယောက်တည်းနဲ့ ကြိတ်ခံမရနိုင်တဲ့ နိုင်ငံရဲ့ အရေးပေမို့ ကိုယ်တို့ …..တွေးငေးနေဖို့မလို အိပ်ငိုက်နေသူတွေကို နိုးထစေ အိပ်မက်နေသူတွေကို တပ်လှန့် ရပ်တန့်နေသူတွေကို နှိုးဆွ နိုးထနေသူတွေကို လက်တွဲ အနာဂတ်ကို အသပြာနဲ့လဲနေသူတွေကိုတော့ ထားရစ်ခဲ့ကြ ဘာပဲဖြစ်ဖြစ် မဝေးတော့တဲ့ ကာလသစ်တခုမှာ ရွှေရောင်နံနက်တွေကတော့ ဦးမော့လာကြရဦးမှာပါ အဲဒီအချိန်မှာ မင်းတို့ ငါတို့ရဲ့ သမိုင်းစာမျက်နှာတွေထဲ လက်တွေ့သဘောမဆောင်တဲ့ ဖြစ်ရပ်မှန်တွေ အကြောင်း… ကိုယ့်ပေါင်မှ ကိုယ်လှန်မထောင်းရင် အာဏာရှင်ဆိုတဲ့ အကောင်က ခေါင်းတစ်လုံးလုံးကို ဖြတ်နင်းသွားမှာမို့ ချို့တဲ့နေတဲ့ စိတ်ဓာတ်တွေ အကြောင်းကို ကဗျာတစ်ပုဒ်အဖြစ် မစောင်းမချိတ်ဘဲ တည့်တည့်တွေးပြီး တည့်တည့်ရေးထားတာပါ….

ခွပ်ဒေါင်းရဲ့သွေးတွေ ရဲရဲနီသွားကြရင်း…..။ ဆောင်းယွနးလ၏ ရင်ဘတ်မှလာသော် ခံစားချက်အစစ်အမှန်ဖြစ်၏။

You might also like