Download as pdf or txt
Download as pdf or txt
You are on page 1of 8

စတွေးအစွတခ

်ေ
ံ နရသောဒီမက
ို ရေစီ

ပြီးခဲ့သည့်အပတ်မြန်မာတို့ရဲ့ဘေးချင်းကပ်တိုင်းပြည်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ
အတိုက်အခံနှင့် အာဏာရသူတြို့ ကားတဖက်နင
ှ တ
့် ဖက် ပစ်ကြခတ်ကြ၊ ရိုက်ကြနှက်ကြ၊
မီးခိုတအူအူ၊မီးတလောင်လောင်နှင့်ရှုံးနိမ့်သွားသူတို့ရဲ့ဆဲဆေ
ို တာက်ခေါက်သံတို့ကို
သတင်းမီဒီယာများရဲ့ခေါင်းစီးများမှာတွေ့ရှိခဲ့ပြီး၊ကိုယ့်ဘာသာစဉ်းစားဖြစ်ခဲ့သည့်
အတွေးများရှိခဲ့သည်။

လစ်ဘရယ်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော တိုင်းပြည်နိုင်ငံများမှာ ရွေးကောက်ပွဲကနေ


ရွေးချယ်တင်မြှောက်ပေးလိက
ု ေ
် သာ အစိုးရတရပ်ကို ပြည်သူလူထုက ဆန္ဒပြပြီး
လူအင်အားဖြင့်ဖြုတ်ချလို့ရသလား…။

တိုင်းပြည်နိုင်ငံတခုရဲ့ကိစ္စပြဿနာများကိုဖြေရှင်းရာမှာလူများစုလူထုရဲ့ပါဝင်ပတ်သက်
မှုဟာဘယ်လောက်အတိင
ုး အတာအထိအရေးပါအရာရောက်သလဲ။တကယ်ပဲလူများစု
လူထရ
ဲု့လက်ထဲမှာ တိုင်းပြည်ရဲ့အရေးအရာတွေကိုဆောင်ရွက်ဖို့၊လုပ်ပိုင်ခွင့်
အာဏာရှပ
ိါသလား…။

တိုင်းပြည်နိုင်ငံတခုရဲ့အစိုးရတရပ်ရဲ့တာဝန်ကဘာလဲ။အစိုးရဆိုတာဘယ်သူလဲ။ဘယ်
သူကိုကိုယ်စားပြုပြီး ဘယ်သအ
ူ့ တွကအ
် လုပလ
် ပ
ု မ
ှ်ာ လဲ…အစရှိသဖြင့်ပေါ့လေ…။

အာဏာရှင်တွေအကြောင်း၊ကွန်မြူနစ်အစိုးရတွေအကြောင်းရေးမယ်ဆိုရင်တော့
အထက်ကအတွေးများအတွက်အစကတည်းကပင်အဖြေပေးစရာလိုမယ်မထင်ပါ။
အာဏာရှင်တို့၊ကွန်မြူနစ်တို့ဆိုတာသိကြတဲအ
့ တိင
ုးသူတို့ပဲသိ၊သူတို့ပဲတတ်၊
သူတို့ပဲဆရာကြီးလုပ်၊သူတို့လက်ထဲမှာပဲအာဏာကိုချုပ်ကိုင်ပြီး၊လူများစုရဲ့ဆန္ဒကို
မျက်ကွယ်ပြု အုပ်ချုပ်ကြတာမို့လား။အခုရေးမှာကြတော့ ပါလီမန်ဒီမိုကရေစီစနစ်ကို
ပြည့်ဝစွာကျင့်သုံးဖို့ကြိုးစားနေတဲ့၊အရင်းရှင်စီးပွားရေးစနစ်ကိုကျင့်သုံးနေတဲ့တိုင်းနိုင်ငံရဲ့
လတ်တလောနိုင်ငံရေးအရှုပ်အထွေးများကိုသင်ခန်းစာထုတ်ယူဖို့ရေးမှာဆိုတော့လစ်ဘ
ရယ်နိုင်ငံရေးစနစ်ရဲ့အခြေခံအယူအဆများကိုအနည်းငယ်တော့အရင်တီးခေါက်ကြည့်မှ
ရမည်။လစ်ဘရယ်တို့ကတိုင်းပြည်နိုင်ငံတခုရဲ့အကျိုးအမြတ်နဲ့ကိစ္စပြဿနာများကိုဝေစု
ခွဲကြ၊ဖြေရှင်းကြရာမှာလူများစုရဲ့ပါဝင်ပတ်သက်မ၊ှု အရေးပါအရာရောက်မှုကိုစောင်းပေး
စဉ်းစားတာထက်၊သက်ဆိုင်ရာအကျိုးစီးပွားအုပ်စုတွေကိုအဓိကအလေးပေးစဉ်းစားတာ
ကိုတွေ့ရပါတယ်။တနည်းဆိုရရင်လူနည်းစုရဲ့ဆန္ဒနဲ့လိုအပ်ချက်၊အကျိုးစီးပွားအတွက်
အစိုးရကဆောင်ရွက်ပေးရတာကိုဆိုလိုတာပါ။အပေါ်ယံအားဖြင့်လူအများစု၊ပြည်သူများ
ကရွေးကောက်ပွဲကနေအစိုးရတရပ်ကိုမဲပေးရွေးချယ်လိုက်တယ်ဆိုပေမဲ့၊တကယ်တ
့ ယ်
တမ်းမှာကလူများစုပြည်သူဆိုတာသာမန်လူတန်းစားများဖြစ်ပြီး၊အချိန်အတော်များများမှ
ာသူတို့ဘာလိုအပ်တယ်၊ဘာလိခ
ျုင်တယ်ဆတ
ိုာတောင်သဲသဲကွဲကွဲမသိကြသူ၊နားမလ
ည်ကြသူသာမန်ပြည်သူများသာဖြစ်ပါတယ်။

လစ်ဘရယ်နိုင်ငံရေးစနစ်မှာသက်ဆိုင်ရာအကျိုးစီးပွားအုပ်စု၊လူနည်းစုကအစိုးရတရပ်ရဲ့
အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးနဲ့အခြားကဏ္ဍအရပ်ရပ်မှာကိုယ်စားပြုပါဝင်ေ
ဆာင်ရွက်နိုင်ဖို့၊အာဏာအရပ်ရပ်ကိုချုပ်ကိုင်နိုင်ဖို့၊လူများစုသာမန်ပြည်သူများကိုနည်း
လမ်းအမျိုးမျိုးနဲလ
ွှ့မ်းမိုးမှုပြုရ၊စည်းရုံးမှုပြုရသည်။လူများစုပြည်သူလူထုနှင့်အဆိပ
ုါသက်
ဆိုင်ရာအကျိုးစီးပွားအုပ်စုတို့သည်အပြန်အလှန်အမှိသဟဲပြုနေရသော်ငြား၊အများအား
ဖြင့်လူနည်းစုကသာသူတို့လိုအပ်ချက်များ၊လိုချင်တာများကိုလူများစုကြီးရဲ့ကိုယ်စား၊
လူများစုကြီးရဲ့ အသံအဖြစ်ထတ
ု ေ
် ဖ်ာတတ်ကြသည်ကများသည်။

သက်ဆိုင်ရာအကျိုးစီးပွားအုပ်စုဆိုရာမှာသက်ဆိုင်ရာလူ့အဖွဲ့အစည်းတခုရဲ့ဘာသာရေး၊
လူမှုရေး၊စာပေအနုပညာ ဂီတရုပ်ရှင်၊သတင်းမီဒယ
ီာ၊ တတ်သိပညာရှင်များ (ဆရာဝန်၊
အင်ဂျင်နီယာ)၊လယ်သမား၊အလုပသ
် မား၊အသင်းအပင်းအဖွဲ့အစည်းများနဲ့အဖွဲ့ဝင်များ
ကိုပြောတာဖြစ်ပါတယ်။ဥပမာ၊“ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာဘန်ကောက်မြို့
ကတက်စီကားမောင်းသူများရဲ့ထောက်ခံမဲကိုလိုချင်ရင်တက်စသ
ီ မားတွေဆတ
ီ က
ို ရ
ိုကမ

သွားပဲ၊တက်စီသမားတွေရဲ့အသင်းအပင်းများနဲ့သူတို့နဲ့ဆက်နွယ်နေတဲ့စီးပွားရေးလုပ်
ငန်းရှင်အုပ်စုများကိုနည်းလမ်းတခုခုနဲ့ချဉ်းကပ်လွှမ်းမိုးဖို့ကြိုးစားပြီး၊သူဖြစ်စေချင်တာများ
ကိုတက်စီသမားတွေဖြစ်ချင်တာနဲ့ရောမွှေပြီးတက်စသ
ီ မားတွေကိုကိုယ်စားပြုပါတယ်။
အဲဒီနေရာမှာကြားခံတက်စီအသင်းအပင်းများနဲ့စီးပွားရေးလုပ်ငန်းရှင်အုပ်စုများရဲ့ပါဝင်
ပတ်သက်မဟ
ှုာဘယ်လောက်အရေးကြီးကြောင်းထင်ရှားပါတယ်။ဒီကြားခံအုပ်စုများသာ
မရှိရင်သက်ဆင်လည်းမဲမရသလိုတက်စီသမားများရဲ့လိုအပ်ချက်များကိုဆောင်ရွက်ပေး
မဲ့သူလည်းရှိမှာမဟုတ်ဘူး ဆိတ
ုာထင်ရှားပါတယ်။

ဒါပေမဲတ
့ ကယ်လ
့ က်တွေမ
့ှာ ကဒီကြားခံအုပ်စုတွေဟာသူတို့ရဲ့အသံကိုတက်စသ
ီ မား
များရဲ့အသံအဖြစ်၊သက်ဆင်ရဲ့အသံအဖြစ်ပုံစံအမျိုးမျိုးနဲ့ပြောင်းလဲအစားထိုးပြီးတိုင်း
ပြည်နိုင်ငံရဲ့အရေးအရာအရပ်ရပ်မှာသြဇာအာဏာလွှမ်းမိုးရယူဖို့ကြိုစားကြတယ်ဆတ
ိုာ
ပါပဲ။

ဆိေ
ု တာ့လစ်ဘရယ်ဒီမိုကရေစီကိုကျင့်သုံးတဲ့တိုင်းပြည်တခုရဲ့နိုင်ငံရေးဆိုင်ရာမူဝါဒများ၊
စီးပွားရေးဆိုင်ရာပေါ်လစီများနဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ဥပဒေများဆိုတာ
သက်ဆိုင်ရာအကျိုးစီးပွားအုပ်စုများရဲ့ခြေရာလက်ရာများနဲ့ပြုလုပ်ထားကြတာဖြစ်ပြီး၊
တိုင်းပြည်ဖွံဖြိုးတိုးတက်မှုရဲ့အဆီအနှစ်ကိုအများဆုံးထုတ်ယူစားသုံးကြသူများမှာလည်း
ထိုအုပ်စုများပဲဖြစ်သည်။တိုင်းပြည်ရဲ့နိုင်ငံရေး၊လူမှုရေးမတည်ငြိမ်မှုဆိုတာလည်း
အဆိုပါအုပ်စုများဆီမှလာသည်ကများသည်။အကျိုးစီးပွားအုပ်စုများကြားအဝေမတည့်
သည်အ
့ ခါ၊ဘယ်သဘ
ူ ယ်လောက်ရသလဲ၊ဘယ်လိုရသလဲဆသ
ို ည့်အနည်းအများခွဲတမ်း
ချမှု တဖက်စောင်းနင်းဖြစ်သည့်အခါ၊ တရားမျှတမှုမရှိသည့်အခါ၊ အဆိုပါအုပ်စုများကြား
ပဋိပက္ခဖြစ်ပွားပြီး၊ပဋိပက္ခကြီးထွားလာသည့်အခါသူဘ
့ က်ကယ
ို ဘ
့် က်နောက်ပါအင်အား
များနှငလ
့် မ်းပေါ်ထွက်စကားများသည့်အဆင့်ကိုရောက်သည်။ထိုအဆင့်ကိုသက်ဆိုင်ရာ
အကျိုးစီးပွားအုပ်စုများကြားလိမ္မာပါးနပ်စွာအပေးအယူတည့်အောင်မလုပ်နိုင်ခဲ့ရင်တော့
ပစ်ကြခတ်ကြသွေးထွက်သံယိုဖြစ်ကြပြီးဒီမိုကရေစီစတွေးအစွတ်ခံရသည့်အဖြစ်ကို
ရောက်သည်။
ထိုင်းနိုင်ငံမှာလတ်တလောဖြစ်နေသည့်ပြဿနာများမှာလည်းဒီအချက်အလက်များနှင့်
သဘောတရားများပေါ်ကိုပဲအခြေခံသည်။သက်ဆိုင်ရာအကျိုးစီးပွားအုပ်စုများကြား
အဝေမတည့်၊အပေးအယူမလုပ်နိုင်တဲ့အခါ၊ထိုင်းတို့ရဲ့ဒီမိုကရေစီစတွေးနဲ့အစွတ်ခံရခြင်း
ဖြစ်သည်။

အကြမ်းဖျဉ်းအားဖြင့်ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားအုပ်စုများကိုသည်လိုခွဲကြည်၍ရသည်။
ဘုရင်နှင့်ဆွေတော်မျိုးတော်များ၊စစ်တပ်၊ခေတ်ပညာတတ်များ၊စီးပွားရေးလုပ်ငန်းရှင်
များ၊နိုင်ငံရေးသမားများ၊သတင်းမီဒီယာများ၊အခြေခံလက်လပ
ု လ
် က်စားများနှင့်ကျေး
လက်ဒေသတောင်သူဦးကြီးများပဲဖြစ်သည်။

၁၉၃၂ခုနှစ်မှာ၊အနောက်နိုင်ငံများကိုတိမ်းညွတ်သောစစ်တပ်နဲ့အစိုးရအရာရှိများပေါင်း
ပြီးအကြွင်းမဲ့သက်ဦးဆံပိုင်စနစ်ကိုချုပ်ငြိမ်းစေပြီး၊စည်းမျဉ်းခံဘုရင်စနစ်ကိုအစားမထိုးမီ
အချိနအ
် ထိထိုင်းရဲ့နိုင်ငံရေးမှာဘုရင်နဲ့ပြည်သူပြည်သားများဟူ၍ရှင်းရှင်းလင်းလင်းရှိလှ
တာဖြစ်သော်ငြား၊အဲဒီနောက်ပိုင်းဒုတယ
ိ ကမ္ဘာစစ်အပြီး၁၉၄၆ခုနှစ်၊ခဏသာဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ခဲ့ရသူစီနီပရာမွတ်(SeniPramoj)လက်ထက်ဖွဲ့စည်းပုံအခြေခံဥပဒေ
သစ်ရေးဆွဲပြဋ္ဌာန်းပြီးလွှတေ
် တာ်၂ရပ်ကိုဖွဲ့စည်းပြီးတိုင်းပြည်ကိုအုပ်ချုပ်သည့်အချိန်မှစ
လို့ထိုင်းရဲ့နိုင်ငံရေးဟာဘုရင်နဲ့ပြည်သူပြည်သားများရယ်လို့ဆိုပြီးအလွယတ
် ကူပြောဆို
၍မရတော့ပါ။

၁၉၄၇ခုနှစ်မှာ၊ဒုတိယကမ္ဘာစစ်အတွင်းဂျန်ပန်နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဂျပန်တို့ရဲ့ပြု
ပြင်ပြောင်းလဲမှုကိုအားကျသူစစ်ခေါင်းဆောင်ဖီဘန်(Phibun)ပါလီမန်ကနေအစိုးရအာ
ဏာကိုပြန်လည်သိမ်းယူခဲ့ပါတယ်။၁၉၄၇၇၃အထိ၊ထိုင်းနိုင်ငံရေးကိစ
ု စ်တပ်ကချုပ်ကိုင်
သောနိုင်ငံရေးကာလဟုပြော၍ရသည်။ထိုကာလအတွင်းအရေးကြီးသည့်အကျိုးစီးပွား
ဆိုင်ရာအုပ်စုတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည့်ကာလဟုလည်းပြော၍ရသည်။
၁၉၅၇ခုနှစ်မှာဖီဘန်ဖြုတ်ချခံရပြီးနောက်ထပ်တက်လာသောဝန်ကြီးချုပ်ဆာရစ်သန်နာ
ရက်(SaritThanarat)လက်ထပ်မှာ ဘုရင်ကိုပြန်လည်နေရာပေးရေးအယူအဆထွန်း
ကားလာပြီးဘုရင်ကိုထိုင်းနိုင်ငံရေးမှာပြန်လည်အသက်သွင်းခဲ့ကြပါတယ်။အဲဒက
ီာလကို
ကြည့်ရင်ထိုင်းနိုင်ငံရေးမှာစစ်တပ်နဲ့စစ်တပ်တွင်းအုပ်စုများနဲ့ဘုရင်ဆိုတဲ့အကျိုးစီးပွား
ဆိုင်ရာအုပ်စုများကိုပဲအဓိကတွေ့ရှိရမှာဖြစ်ပြီးသူတို့အကြားဝေစုခွဲကြရာမှာလည်း
အာဏာသိမ်းခြင်းကသာအဖြေဖြစ်ခဲ့သည်။၁၉၇၃ခုနှစ်၊အောက်တဘ
ိုာလ၁၃ရက်မှာ
တော့ထိုင်းနိုင်ငံရေးနယ်ပယ်ကို ခေတ်ပညာတတ်လူတန်းစားများ၊ ကျောင်းသား

ကျောင်းသူများနဲအ
့ လုပ်သမားအသင်းအဖွဲ့အုပ်စုများဟာသမ်မာဆပ်ကျောင်းသူကျောင်း
သားများဦးဆောင်တဲ့အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲနဲ့အတူဝင်ရောက်လာခဲ့ပါတယ်။လူထု
ဆန္ဒပြပွဲနဲူ့နှစ်ကာလကြာမြင့်စွာထိုင်းနိုင်ငံရေးကိုခိုင်မာစွာထိန်းချုပ်ထားနိုင်တဲ့စစ်တပ်အု
ပ်စိုးမှုကို အဆံုး သတ်စေတဲ့ ပြည်သူလူထုရဲ့ထိုင်းနိုင်ငံရေးမှာ ပါဝင်ပတ်သတ်မှုအရေး

ကြီးသမိုင်းဆိုင်ရာဖြစ်ရပ်လို့လည်းဆိုနိုင်ပါတယ်။သမ်မာဆပ်ကျောင်းအုပ်ကြီးဖြစ်သူ
ဆန်ရာဓမ္မဆပ်တိ“SanyaDharmasakti”ကလည်းပထမဦးဆုံးသောခေတ်ပညာတတ်
လူတန်းစားမှလာခဲ့သောလူထုကိုယ်စားပြုဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။အဲဒက
ီာလကစ
လို့၁၉၉၇ခုနှစ်အထိထိုင်းနိုင်ငံ၊နိုင်ငံရေးမှာစစ်တပ်အာဏာသိမ်းမှုများနောက်ထပ်ဖြစ်ပွား
ခဲ့သော်လည်းအခြေခံအားဖြင့်တော့ထိုင်းနိုင်ငံရေးမှာခေတ်ပညာတတ်လူတန်းစားအ
သိုင်းအဝိုင်းများနဲ့စီးပွားရေးလုပ်ငန်းရှင်များအကျိုးစီးပွားဆိုင်ရာအုပ်စုသစ်များပါဝင်လာ
နိုင်ခဲ့ပါတယ်။

သို့ပေမဲ့အလုပသ
် မား၊လယ်သမား၊ကျေးလက်ဒေသနေပြည်သူများရဲ့နေရာကတော့
အနောက်မှာခပ်မှိန်မှိန်ရှိနေဆဲပါ။ဒီအခြေအနေကိုပြောင်းလဲပစ်လိုက်တာကတော့၂၀၀၁
ခုနှစ်၊ထိုင်းရွေးကောက်ပွဲကိုဖက်ထိုင်းရက်ထိုင်းပါတီရဲ့အောင်ပွဲခံမှုပဲဖြစ်ပါတယ်။
ဘန်ကောက်အခြေပြုခေတ်ပညာတတ်မြို့နေလူတန်းစားများကထိုင်းရက်ထိုင်းပါတီကို
ရွေးကောက်ပွဲမဲဆွယ်မှုမှာမဲဝယ်ယူမှု၊မသမာမှုတွေနဲ့အနိုင်ရခဲ့တာ၊ပါတီခေါင်းဆောင်ဖြစ်
သူသက်ဆင်ရန
ှီာဝက်(ဒ်)အားလာဘ်ပေးလဘ်ယမ
ှူုများဖြင်စ
ွ့တ်စွဲကြသော်ငြား၊သက်ဆ
င်ရှီနာဝက်(ဒ်) အနေဖြင့် သူကိုယ်စားပြုသော တောင်သလ
ူ ယ်သမားကျေးလက်နေ
လူတန်းစားများအတွက်တစံတ
ု ရာလူနေမှုဘဝဖူလုံမှုနှင့်ထိုင်းနိုင်ငံစီးပွားရေးပြန်လည်ဦး
မော့လာအောင်ဆောင်ရွက်နိုင်ခဲ့မအ
ှု ပေါ်ကိေ
ု တာ့အားလံုး ကအသိအမှတြ် ပုကြရတာ
လည်းအထင်အရှားဖြစ်ပါသည်။

မည်သို့ပင်ဆိုစေလောကသဘာဝအရအသစ်ကအဟောင်းကိေ
ု နရာဝင်ယူသည့်အခါ၊ဝေ
စုဝင်ခွဲသည့်အခါရုန်းရင်းဆန်ခတ်ဖြစ်ကြရတာကတော့ဓမ္မတာပါ။ထိုင်းနိုင်ငံရေးမှာ
၂၀၀၁ခုနှစ်ကနေ၂၀၀၉ခုနှစ်အထိဖြစ်ပျက်နေသောနိုင်ငံရေးပြဿနာများကိထ
ိုင်းနိုင်ငံ
ရဲ့စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့ခေတ်မီမှုကိုဝေစုအနည်းဆုံးရသည့်ထိုင်းကျေးလက်နေလူ
ထုလတ
ူ န်းစားဘန်ကောက်ဆင်ခြေဖုံးရပ်ကွက်များကအလုပ်သမားလူတန်းစားများက
တဖက်၊ဝေစုအများဆုံးနဲ့ပြောရေးဆိုကျယ်အများဆုံးရရှိနေသည့်အုပ်စုဟောင်းများဖြစ်
သည်ဘ
ု့ရင်၊စစ်တပ်နဲ့ခေတ်ပညာတတ်မြို့နေလူတန်းစားများကြားဝေစုခွဲကြသည်ပ
့ ဋိပ
က္ခပွဲဟု ဆိုနိုင်ပါသည်။

ဝေစုခွဲကြရာမှာသက်ဆင်ဦးဆောင်တဲ့အစိုးရကိုတရားဝင်ဘောင်အတွင်းဒီမိုကရေစီလုပ်
ထုံးလုပ်နည်းများအရ၊အတိက
ုအခံများကပါလီမန်အတွင်းအယုံအကြည်မရှိအဆိုတင်
သွင်း၍သက်ဆင်ကိုဖြုတ်ချဖို့ကြိုးစားသည်။မအောင်မြင်။ရွေးကောက်ပွဲဝင်ရောက်အရွေး
ခံသည်အနိုင်မရ။မကျေနပ်၍လူထုနှင့်ဆန္ဒပြပြီးဖြုတ်ချဖို့ကြိုးစားသည်။တဖက်ကလုပ်
ထုံးလုပ်နည်းအရနောက်ထပ်ရွေးကောက်ပွဲတခုလုပ်ပေးသည်။ဒါလည်းအတိက
ု အ
် ခံတို့
မအောင်မြင်။နောက်ဆုံးမရတဲ့အဆုံးစစ်တပ်နှင့်အာဏာသိမ်းပြီးဖွဲ့စည်းပုံအသစ်ကိုပြင်
ဆင်ရေးဆွဲသည်။ထိုင်းရက်ထိုင်းပါတီနဲ့သက်ဆင်ရန
ှီာဝက်(ဒ်)ကိုထောက်ခတ
ဲံ့သက်ဆင
ို
ပတ်သက်နေတဲ့ပါတီများကိုဖျက်သိမ်းပြီးတခါစစ်တပ်ကရွေးကောက်ပွဲအသစ်ထပ်လုပ်
ယှဉ်ပြိုင်စေသည်။ဒါလည်းအဝါရောင်ဒမ
ီ က
ို ရက်ဘန်ကောက်အခြေပြုအုပ်စုများအနိုင်မ
ရ။

လူထအ
ု များစုနှင့်ရွေးချယ်လိုက်သည့်အစိုးရကိုရှုံးနိမ့်သွားသည့်လူထုအနည်းစုကလမ်း
ပေါ်ထွက်ဆန္ဒပြပြီးဖြုတ်ချသည်။သူတို့လိုချင်သည့်အစိုးရကိုတရားရုံးကတူထြု ပီးဖွဲ့စည်း
စေသည်။သို့သော်သက်ဆင်အဖွဲ့ကဆန္ဒပြသည့်အခါအကြမ်းဖက်သည်ဟဆ
ိုကာ
စစ်တပ်ဖြင့်ပစ်ခတ်နှိမ်နှင်းလိုက်သည်။

အားလုံးကိုခြုံကြည့်လိုက်သည့်အခါမည်သူမှန်သည်မှားသည်ကိုဖယ်ထားပြီးမေးခွန်း
ထုတ်စရာရှိလာသည်ကဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေအရအာဏာရလာသောအစိုးရ
တရပ်ကိုအနိုင်ရတဲ့ပြည်သူ အနိုင်မရတဲ့ပြည်သူ ၂ဖက်စလုံးက မကြိုက်တော့သည်အ
့ ခါ
အခုလိုဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေကိုကျော်လွန်ပြီးစစ်တပ်ရဲ့အားကိုယူပြီးဖြုတ်ချ
လိက
ု၍ဖြစ်နေတဲ့ပြဿနာတွေပြီးသွားမလားဆိုတာပဲဖြစ်သည်။

တကယ်လသ
ို့ က်ဆင်ဟာချမ်းသာပြီးရွေးကောက်ပွဲမှာမဲဝယ်လို့အနိုင်ရသည်ဆိုရင်
သက်ဆင်လို့ချမ်းသာသည်သူများမဲဝယ်နိုင်သည့်သူများထိုင်းနိုင်ငံရေးမှာမရှိတော့ဘူး
လား။သက်ဆင်ဟာလာဘ်စားတယ်ဆရ
ို င်ထိုင်းနိုင်ငံရေးမှာသက်ဆင်လိုလဘ်စားသူ
များထိုင်းနိုင်ငံရေးမှာမရှိတော့ဘူးလား။လူတွေကသ
ို တ်ဖြတ်သတ
ု သ
် င်ခဲသ
့ ည်စစ်ခေါင်း
ဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး သက်ဆင်ကြို ကမှ ဖမ်းဝရမ်းထုတ်ခြင်းဟာ
တရားမျှတမှုရှိပါရဲ့လား။

အစရှိတဲ့မေးခွန်းများဟာကနေ့ဖြစ်နေတဲ့ထိုင်းနိုင်ငံရေးပြဿနာများကိုအနည်းငယ်တော့
ခြုံငုံမိမယ်လို့ယူဆရသည်။

ထိုင်းနိုင်ငံမှာကနေ့ဖြစ်နေသည်များမှာဒီမိုကရေစီလုပ်ထုံးလုပ်နည်းများရဲ့အားနည်းချက်
များကြောင့်ထက်စာရင်သက်ဆိုင်ရာအကျိုးစီးပွားအုပ်စုများကိုဦးဆောင်နေကြသည့်လူ
နည်းစုများရဲအမြော်မြင်ရှိမှု၊လိမ္မာပါးနပ်စွာအပေးအယူလပ
ုနိုင်မှုများအပေါ်မှာတိုက်ရိုက်
တည်မှီနေသည်။

မြန်မာနိုင်ငံအနေနဲ့လည်းဒီမိုကရေစီနိုင်ငံထူထောင်ဖို့ကြိုးစားနေသည့်အခါကြတော့
ဒီအဖြစ်အပျက်များကိုကြည့်ပြီး၊အထူးသဖြင့်သက်ဆိုင်ရာအကျိုးစီးပွားအုပ်စုများကို
ကိုယ်စားပြုနေကြသည့်လူနည်းစုအသိုင်းအဝန်းအနေနဲ့ပိုမိုလေ့လာသင်ခန်းစာယူထား
သင့်ပါသည်။သို့မဟုတ်ပါကရရှိလာမှာဖြစ်သောဒီမိုကရေစီသည်စတွေးအစွတ်ခံရမှာအ
သေအချာဖြစ်သည်။

မောင်ဆောင်းသစ်

ကိုး ကား Library of Congress-Research Division/ Country


Profile/Thailand

The Wall Street Journal

The New York Times

Financial Times

ဓာတ်ပုံ http://2bangkok.com

Google Image

မဆုမွန်ဘလော့ဂ်

You might also like