ဆုံးဖြတ်ချက်ခိုင်ပါစေ

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 1
ဆုံးဖြတ်ချက်ခိုင်ပါစေ ကိုယ့်ရဲ့ အာရုံပြုထားတဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအပေါ်မှာ ဆုံးဖြတ်ထားတဲ့ အပိုင်းလေးတွေကို မခိုင်သမျှ ရှေ့ ကိုမရောက်နိုင်တာဖြစ်လို့ ဆုံးဖြတ်ချက်ခိုင်မယ် ဆုံး ဖြတ်ချက်ပိုင်မယ်ဆိုရင် ထိပ်တန်း ကျအောင်ရောက်နိုင် တယ်ဆိုတာလေးတွေ သဘောပေါက်ဖို့လိုပါတယ်။ ယနေ့မိမိတ့အိုားလုံး အခုလိုသာသနာတွင်းနဲ့ဆုံခွင့်ရလို့ သာသနာတော်မှာ ကျေးဇူးများတဲ့ သာသနာ့နုဂ္ဂဟ ကုသိုလ်တွေကို ရှင်ရဟန်း တွေပြုလို့ ၊ သိက္ခာထပ်ကုသိုလ် ကောင်းမှု့အလှူမင်္ဂလာတွေလုပ်လို့ မိမိတ့ကို သာသနာတော်မှာ ကိုယ်ပြုခွင့်ရတဲ့ ချီးမြှောက်ခွင့်ရတဲ့ ရှင်သာမ ဏေ ၊ ရဟန်းတော် ၊ သိက္ခာထပ်ထားတဲ့ ဆရာတော် ၊ သံဃာတော်တွေ အဲ့ဒီအပေါ်မှာ ဩော်..ငါတို့တွေသည် ကိုယ်စွမ်း နိုင်တဲ့ ရှာဖွေထားတဲ့ ဥစ္စာပစ္စည်းကို အရင်း တည်ပြီးတော့ ကောင်းမှု့မျိုး စေ့ကိုတော့ သာသနာတွင်း နဲ့ ဆုံခွင့်ကြုံတုန်းမှာတော့ စိုက်ပျိုးနိုင်ခဲ့ပြီ။ ရဟန်း ဒကာ ၊ ရဟန်းအမ အဖြစ်လည်းပဲ ခံယူနိုင်ခဲ့ပြီ။ နာမည်ခံယူရုံ လေးမဟုတ်ပဲနဲ့ အခုလိုသာသနာတော်နဲ့ ဆုံခိုက်မှာ ကိုယ့်ရှိထားတဲ့ ရဟန်းတစ်ပါး ပါးအပေါ်မှာ သာသနာပြုတဲ့ ကာလတစ်လျှောက်ကို ကိုယ်စွမ်းနိုင်သမျှ ဆွမ်း၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ငါတို့ ပံ့ပိုးချီး မြှောက်ပြီးတော့ လှူ ဒါန်းမယ်။ သာသနာတော်ကို အရင်းကျကျ ရင်းရင်းနှီး နှီး ချီး မြှောက်ချင်တဲ့ အတွက်ကြောင့်မို့လို့ အခုလိုရှင်ပြုကြ ရဟန်း ခံကြ သာသနာတော်မှာ သိက္ခာထပ်ကုသိုလ်တွေပြုကြနဲ့ ကောင်း မှု့မျိုးစေ့တွေကို ကြဲချပြီးတော့ သာသ နာနဲ့ ရင်းနှီးအောင် သာသနာရဲ့ အဆုံး အမတွေကို အနီးစပ်ဆုံးရအောင်ဆိုပြီးတော့ ကြိုးစားကြတယ်။ အဲ့ဒီကြိုး စားမှု့ ဟာ ကိုယ့်ရဲ့ လိုရင်းပန်းတိုင်သည် နိဗ္ဗာန်ကို ဦးထိပ်ထားဖို့ မမေ့နဲ့နော်။ သာသနာကို ကျေးဇူးများအောင် ငါတိ့ေု စာင့်ရှောက် ထောက်ပံ့မယ်။ ကိုယ်စွမ်းနိုင်တဲ့ဘက်က ဆွမ်း၊သင်္ကန်း ၊ ကျောင်း၊ဆေးတွေကို ချီးမြှောက် မယ်။ အပြင်ကရော ချီးမြှောက်လို့ မရဘူးလားဆိုတော့ ရတော့ ရတယ်။ အခုလိုအတွင်းကျကျချီးမြှောက်တဲ့ အတွက်ကြောင့် ကိုယ့်မှာ သားတော် ရဟန်းတစ်ပါးပါး ရှိပြီ။ အဲ့ဒါအတွက်ကြောင့်မ့လို့ ကိုယ်က ကျောင်းကန် ဘုရားတွေကို မကြာမကြာ ရောက်ဖို့ အခွင့်ကြုံလာသလို နီးနီးကပ်ကပ်နဲ့ ချဉ်းကပ်ခွင့်ရတဲ့ အတွက်ကြောင့်မို့လို့ အဆုံးအမတွေကို များများရကြတယ်။ တရားဓမ္မတွေန့လဲ ည်းပဲ နီးစပ်ပြီး တော့ ကုသိုလ်ရေးတွေကို အားကောင်း စွာနဲ့ ဖြည့်ဆည်းခွင့်ရကြတယ်။ အမှတ်ရတိုင်း ရတိုင်းမှာလည်း သာသနာတော်မှာ ငါ့မှာဟေ့ ရှင်ရဟန်းတစ်ပါး ရှိတယ်။ ဘယ်အချိန်မှာတော့ ငါသည် ကောင်းမှု့ကုသိုလ်တွေကို လုပ်ရအုံးမယ် ၀ါဆိုသင်္ကန်းကပ်ဖို့ ၊ ကထိန် သင်္ကန်းကပ်ဖို့ …အမှတ်ရတိုင်းလည်း ကိုယ့်မှာ ကုသိုလ်တရားတွေဖြစ်လို့ ။ အဲ့ဒီကုသိုလ်တရားတွေနဲ့ ကြည်နူး ကျေနပ်ခြင်း မရှိပဲနဲ့ သက်ဆုံးတိုင်ငါသည် သာသနာတော်မှာဟေ့ ကျေးဇူးများတဲ့ အလုပ်တွေကို တစ်ဖက်က လည်း ပံ့ပိုး ချီးမြှောက်မယ်။ တစ်ဖက်ကလည်း အဆုံးအမတွေကို နာခံပြီး တော့ ကျင့်ကြံကြိုးစားအားထုတ်မယ် လို့ ဒီလိုဆုံးဖြတ်ချက်လေး ချနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ ဒီထက့်ပိုပြီး ကိုယ့်ရဲ့ ကုသိုလ်ကောင်းမှု့ အ လုပ်တွေမှာ တိုးပွားသထက် တိုး ပွားအောင် ကြိုးစားပြီး နိဗ္ဗာန်ဆိုတဲ့ ရည်မှန်း ချက်ပန်းတိုင်ကို သွားရာ လမ်းတစ် လျှောက်မှာ ဆုံးဖြတ်ချက် ခိုင်မာစွာ သွားနိုင်ဖ့ကို တော့ အရေးအကြီးဆုံးပါ။ ဆရာတော်အရှင်ပုညာနန္ဒ၏ ဆုံးဖြတ်ချက်ခိုင်ပါစေ တရားတော်မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။

You might also like