Download as pdf or txt
Download as pdf or txt
You are on page 1of 1
နေတတ်ရင်ကျေနပ်စရာ ယနေ့မိမိတို့ သံသရာကျင်လည်တဲ့ဘ၀တစ်လျှောက် အင်မတန်ကျယ်ပြောပြီး နက်ရှိုင်းလှတဲ့ သမုဒ္ဒရာနဲ့တူတဲ့ သံသရာကြီး ထဲမှာ ထောက်မှီလို့ မမှီနိုင်အောင်ကိုပဲ တိ့ေု တွအားလုံးဟာ သံသရာရေယာဉ်ကြောထဲမျောပြီး ပေါ် လိုက် ၊ မြုပ်လိုက်နဲ့ လည်ပတ်ခဲ့ရတာဟာ ဘယ်တော့မှ ရပ်နားခဲ့ရတာ မရှိဘူးလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး က သံသရာနဲ့ သမုဒ္ဒရာနဲ့ ဥပမာပေးထားတယ်။ အဲ့ဒီသံသရာတည်း ဟူသော နက်ရှိုင်း လှတဲ့ ထောက်မမှီနိုင်တဲ့ အဲ့ဒီသံသရာကြီးဟာ သမုဒ္ဒရာကြီးနဲ့ တူပါတယ်။ ဒီသံသရာထဲက လွတ်မြောက်ဖ့ဆိုတာသည် ရဟန္တာတွေဖြစ် သွားရင် လွတ်မြောက်ပါတယ်။ ဒါဖြင့် ဒီသံသရာထဲက လွတ်မြောက်တာ ဘယ်သူတွေတုန်းဆိုရင် ကိလေသာ ကုန်ခန်းတဲ့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ လွတ်မြောက်တယ်။ အဲ့ဒီထောက်မမှီနိုင်တဲ့ သံသရာရေပြင်ထဲမှာ တို့တွေ အတွက် ၀ဲဇလုပ်န့တဲူတာကြီးကတော့ အာယတန ၁၂ ပါးရှိပါတယ်။ ဒါဆိုရင် ဟောဒီ ၀ဲဇလုပ်န့တဲူတဲ့ အာယတ န ၁၂ ပါးအပေါ်မှာ တို့တစ်တွေက အသိမှန် အမြင်မှန် မကိန်းသမျှ ထောက်မမှီတဲ့ သံသရာကြီးထဲမှာ သမုဒ္ဒရာ ထဲမှာ နစ်မြုပ်ရတဲ့ ပုဂ္ဂိုလ်တွေလိုပဲ မြုပ်လို့ မဆုံးပါဘူး။ ဒါကို ကူးမြောက်ဖို့အတွက်လည်း မဖြစ်နိုင်ပါဘူး။ ရဟန္တာသာလျှင် ကူးမြောက်နိုင်တယ်ဆိုတော့ ရလာတဲ့ ဘ၀လေးမှာ မနေတတ်ရင်တော့ ဒုက္ခမျိုးစုံရလိမ့်မယ်ဆို တာ မမေ့ပါနဲ့ ။ ကိုယ်ပိုင်ထားတဲ့ ဘ၀လေးဟာ နေတတ်ရင်တော့ ကျေနပ်စရာပါ။ ကာမဂုဏ်ငါးပါးထဲမှာ နစ်မြုပ်မနေပဲ ၊ ရာဂ ၊ ဒေါသ ၊ မောဟ ဆိုတဲ့ အညစ်အကြေးတွေကို ဓမ္မဆိုတဲ့ ရေဆင်သွန်းဖြန်း ပြီး နေမယ်ဆို ရင်ဖြင့် မိမိတ့ကိုသိုလ်ကံကြောင့် ရလာတဲ့ ဘ၀လေးမှာ ကျေနပ်စရာတွေ ဖြစ်လာပါလိမ့်မယ်။ အဲ့လိုမှမဟုတ်ပဲ ၀ဲဇလုပ် ၁၂ ခုကို မလွန်မြောက်နိုင်ရင်တော့ သံသရာရေပြင်ထဲမှာ တ၀ဲလည်လည်နဲ့ နစ်လိုက်မြုပ်လိုက် သွားနေရအုံးမှာ အသေအချာပါပဲ။ ဆရာတော်အရှင်ပုညာနန္ဒ၏ နေတတ်ရင်ကျေနပ်စရာ တရားတော်မှ ထုတ်နှုတ်ဖော်ပြအပ်ပါသည်။

You might also like