Download as pdf or txt
Download as pdf or txt
You are on page 1of 2

အသိတရား၊ အမှန်တရား၊ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ပရမတ္တတရား(၄)ပါး။ ဘယ်အချိန်မဆို ဘယ်နေရာမဆို ဘယ်လိုပုဂ္ဂိုလ် သတ္တ၀ါအတွက် မဆို ဘယ်တော့မှ မပြောင်းမလဲပဲ ရှိနေတာက

ဒီ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတဲ့ မပြတ်တရစပ် ဖေါက်ပြန်ပျက်စီးနေတဲ့ ဒုက္ခသစ္စာ။ အမှန်တရားကို မသိတဲ့အတွက် ဦးဇင်းတို့ ငယ်စဉ်ကထဲက ကိုယ့်ကိုယ်ကို အမိဝမ်းထဲက ထွက်လာတော့လဲ ခလေးလို့သိမယ်၊ ယောကျာ်း မိန်းမလို့ သိမယ်။

လူလားမြောက်လာတဲ့အခါကျတော့လဲ ကိုယ့်ကိုယ်ကို လူငယ်လို့သိမယ်။ ဒီ့ထက်ကြီးလားတဲ့အခါကျတော့လဲ လူကြီးလို့သိတယ်။ ဘယ်သူဘယ်ဝါလို့သိတယ်။ ပညာတွေ တက်တဲ့အခါကျတော့လဲ ကိုယ့်ကိုယ်ကို ဘာပညာတွေ တက်တယ်ဆိုပြီးသိလာတယ်။ အိမ်ထောင်ကျပြန်တော့လဲ ကိုယ့်ကိုယ်ကို ယောကျာ်း မိန်းမ လင်ရယ် မယားရယ်လို့ သိနေပြန်တယ်။ ဖအေ.. မအေ ဘ၀ရောက်လာခဲ့အခါကျတော့လဲ ကိုယ့်ကိုယ်ကို အဖေပဲ အမေပဲ သိနေပြန်တယ်။ ဒီထက်ထပ်ပြီးတော့မှကြီးသွားလို့ မြေးတွေ မြစ်တွေရလာတဲ့ ကိုယ့်ကိုယ်ကို အဖိုးပဲ အဖွားပဲ သိနေပြန်တယ်။ ဦးဇင်းတို့သိတဲ့အသိက အမှန်တရား တစ်စက္ကန့် ပါပါသလားဆိုရင် နားကတော့ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက် စိတ်၊ စေတသိတ်၊ ရုပ် ဆိုတာ ဒုက္ခသစ္စာဆိုတာ အနိစ္စဒုက္ခ အနတ္တဆိုတာ ကြားဖူးပါလိမ့်မယ်။ ကြားဖူးတဲ့အသိက ကိုယ်ပိုင်အသိဥာဏ်မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာထဲမှာ သြော်.. တကယ့်ဒုက္ခသစ္စာပါလား၊ ပုဂ္ဂိုလ် သတ္တ၀ါ ငါသူ မဟုတ်ပါလား.. ကိုယ့်ဥာဏ်နဲ့ ကိုယ်တိုင်မြင်တာမဟုတ်ပါဘူး။ ဘုရားဖေါ်ထုတ်ပေးခဲ့တဲ့ သစ္စာတရားတွေကို နားကတင်သာကြားရတာ။ ဘုရားဟောတဲ့ ခန္ဓာအရှိနဲ့ ဥာဏ်အသိနဲ့ ဘုရားရဲ့ မကိုက်ညီတဲ့အတွက် တပည့်သားတွေက ပြောသံကြားပဲသိမှာပဲ။ မဟုတ်ဘူး။ သစ္စာတရားတွေကို တစ်ဆင့်ပြန်ပြီးတော့ အခါကျတော့လဲ

ဟောကြားတဲ့အခါမှာကြားရတဲ့အသိ..

ဒီအသိက

စွဲလည်းမစွဲမြဲပါဘူး။

ကိုယ်တိုင်မြင်ရတာလဲ

ဒီလိုမြင်ရတာ မဟုတ်တဲ့အတွက် ပြောတော့ ပြောတာပဲ.. နားမလည်ဘူး။ ကိုယ်ကတော့ ငါ သူ သာထင်နေတာပဲ။ အချိန်တိုင်း အချိနတိုင်း.. ဦးဇင်းတို့ လူ့ဘ၀ တိရိစ္ဆာန်တွေနဲ့ စာရင် အသိဥာဏ်ကြီးမားတဲ့ လူ့ဘ၀ရောက်နေတယ်။ လူထဲမှာတောင်မှ တကယ့်ဘုရားအစစ်၊ တရားအစစ်၊ သံဃာအစစ်တွေကို ကိုးကွယ်ခွင့်ရရှိတဲ့ မြန်မာနိုင်ငံမှာ လူလာဖြစ်တယ်။ ဒီလိုလူလာဖြစ်တာတောင်မှ သစ္စာတရားတွေ မနာကြားရပဲနဲ့ ဒါန သီလနဲ့ သေပွဝဲ င်သွားတာတွေ အင်မတန်များတယ်။ မြန်မာနိုင်ငံမှာလူဖြစ်တဲ့ သူချင်း အတူတူတောင်မှ ကိုယ်က ငါ့ဆရာ၊ သူ့ဆရာ အစွဲနဲ့ ခင်ရာမင်ရာ ကိုယ်နဲ့ တူရာ ကိုယ်ကိုးကွယ်အားထားပြီးတော့မှ ဓမ္မကို မကြည့်တတ်တဲ့အတွက် ကိုယ်စိတ်ညွတ်ရာ၊ တဏှာရှိရာ ဒါတွေကိုပဲ ဆရာသမားလုပ်ပြီးတော့မှ ကိုးကွယ်နေတယ် .. ဆည်းကပ်နေတယ်.. ဒါတွေကလဲ အင်မတန်များပါတယ်။ ဒီလို အနေအထားမျိုးက လွတ်မြောက်ပြီးတော့မှ တကယ့်သစ္စာဆိုက်တဲ့ အမှန်တရားတွေကို နာကြားခွင့်ရတယ်.. တကယ့် သစ္စာတရားကို ဟောပြောတဲ့ ဆရာသမားတွေနဲ့ ကြုံတွေ့ခွင့်ရတယ် ဆိုတာက တော်ရုံတန်ရုံ ကုသိုလ် မဟုတ်ပါဘူး။ ဦးဇင်းကိုယ်တိုင် ရှိတဲ့အထဲမှာမှ ဒီအခြေအနေမျိုးကို ဦးဇင်းအင်မတန် ကြုံခဲ့တဲ့ အတွက်လဲ တရားအားထုတ်တဲ့လူတွေ ဘယ်လိုမှ မြောက်များစွာ မကွေ့မကောက်

ရှိတဲ့အထဲမှာမှ တရားဟောဓမ္မကထိကတွေ မြောက်များစွာ ရှိတဲ့အထဲမှာမှ တရားရိပ်သာတွေ မြောက်များစွာ ကုသိုလ်ကံ ကောင်းလွန်းတဲ့အတွက် ဖြောင့်ဖြောင့်တန်းတန်း ဆရာကောင်းသမားကောင်း ရိပ်သာကောင်းကို တန်းတန်းမတ်မတ်ရောက်ရှိ သွားတယ်…။

သစ္စာတရားတွေ နာကြားရတယ်..။ ဒါတွေက ဦးဇင်းဘ၀အတွက် အင်မတန်အားကြီးတဲ့ အပြောင်းအလဲပါ။ ဒါပေမယ့် အများစုက ဒုံရင်း ဒုံရင်းပဲ။ မယုံပါဘူး။ မျက်မြင်သက်သေ တွေ့ရလဲ မယုံပါဘူး။ သူတို့က တရားကို အားမကိုးပဲနဲ့ ကိုယ့်သံသယကို ကိုယ်သတ်ဖို့ မကြိုးစားပဲနဲ့ သံသယနဲ့နေရတာကို ပျော်မွေ့နေတာကိုး။ နည်းပေါင်းစုံနဲ့ ကိုယ်ထင်ရာအမှန်တရားလုပ်နေရတာကို ဘုရားရဲ့တရားတော်တွေ လောကပညာရှင်တွေ ဘယ်လိုမှမကြံဆနိုင်တဲ့ စစ်မှန်တယ်ဆိုတာ ကိုယ့်ဘ၀လေးကို သဗ္ဗေညုတဥာဏ်တော်ရဲ့ ကျေနပ်သာယာနေတာကိုး။ အရာတွေနဲ့ သစ္စာတရားတွေ

ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင်

ဟောကြားခဲ့တာပဲ။ လောကကြီးရဲ့ အမှန်တရားကို ဖေါ်ထုတ်ပေးခဲ့တာပဲ။ ဘုရားရဲ့ တပည့်သားတွေကလဲ.. ဦးဇင်းတို့ မြန်မာနိုင်ငံမှာဆိုရင်လဲ စွန်းလွန်းဆရာတော်ဘုရားကြီးတို့၊ မိုးကုတ်ဆရာတော်ဘုရားကြီးတို့၊ သဲအင်းဂူ ဆရာတော်ဘုရားကြီးတို့ ဒီတရားတွေ စစ်မှန်တယ် သေချာတယ်ဆိုတာကို ခန္ဓာနဲ့ပါ သူတို့ရဲ့ဘ၀ အပြောင်းအလဲနဲ့ပါ သက်သေပြခဲ့တာပဲ။ တခြားဘာသာဝင်တွေ မမြင်ဘူး မဖူးဘူးတဲ့ မီးမခတဲ့မျက်လုံးတော်တွေ အရိုးတွေ အသွေးတွေ အသားတွေက ဓါတ်တော်ဖြစ်တာတွေ မပုပ်မသိုးတဲ့ ရုပ်ကလပ်တော်ေ တွ ဒါတွေကို ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ အထင်အရှား ကိုယ်သာမြင်ချင်မယ် မျက်ဝါးထင်ထင် ကြည့်ချင်မယ်ဆိုရင် မြင်လို့ကြည့်လို့ ရနိုင်တာပဲ။ ဒါတွေကိုက… ဒီလောက်ထိ မြင်တွေ့နိုင်မယ့် အခြေအနေ ဒီလောက်အထိ သစ္စာဆိုက်ဆိုက် အမှန်တရားတွေ

နားကြားခွင့်ရတဲ့အခြေအနေ.. ဒီအခြေအနေနဲ့

မကြုံပါဘူး။ ဦးဇင်းတို့က ဒီလိုအခြေအနေနဲ့ လာပြီးတော့မှ ကြုံနေတဲ့အချိန်မှာ ကိုယ်ရရှိထားတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်မယ်ဆိုရင် မဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး ။ ဒီစိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ အမှန်တရားကို နားမလည်စရာ အကြောင်းလုံးဝမရှိပါဘူး။ ဒါတွေကိုမသိအောင် ဦးဇင်းတို့မှာ အ၀ိဇ္ဇာဆိုတဲ့ အမှန်တရားမသိမှု၊ မသိတဲ့အတွက် ငြိတွယ်မှု ဒါတွေက ဖုံးကွယ်နေတာ။ တောတွေတောင်တွေ ရေတွေ မြေတွေက ဖုံးကွယ်နေတာ မဟုတ်ဘူး။ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ အမှန်တရား အရှိတရား.။ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတာ မပြတ်တရစပ်ဖေါက်ပြန်ပျက်စီးနေတာ။ အကောင်းစစ်၊ ချမ်းသာအစစ်၊ တစ်ခုတည်းသော ချမ်းသာအစစ်။ ဒါတွေကို မမြင်ရအောင် နိဗ္ဗာန်ဆိုတာ ဒီဖေါက်ပြန်ပျက်စီးမှုတွေ လုံးဝမရှိတာ။ ဘယ်လိုချမ်းသာမျိုးနဲ့မှ နှိုင်းယှဉ်လို့ မရလောက်အောင် ဦးဇင်း တို့မှာ အ၀ိဇ္ဇာတွေ ဖုံးကွယ်နေတယ်။ ဒါတွေကိုဖယ်ရှားတဲ့ အလုပ်က ၀ိပဿနာရှုတဲ့ အလုပ်ပါပဲ။ ဦးဇင်းတို့ လုပ်ရမှာက နိဗ္ဗာန်ကို မနက်အားထုတ်ညနေ… ဒီအမှန်တရားကို တပည့်သားတွေ ခုနှစ်ရက် အတွင်း.. ခုနှစ်လ ရုပ် အတွင်း.. ..

ကြုံနေတာ.. တော်ရုံတန်ရုံ ကုသိုလ်ကံနဲ့ ပါရမီနဲ့ ကြုံကို

ဖျင်းတယ်ဆိုရင်လဲ ဦးဇင်းတို့

ခုနှစ်နှစ်

အတွင်း.. ဘုရားရဲ့

သိဖို့

စိတ်စေတသိတ်

အရင်သိဖို့

ဒီကမှတဆင့်နိဗ္ဗာန်ကို သိဖို့။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့.. နိဗ္ဗာန်ချမ်းသာကို ကိုယ်တိုင်ခံစားနိုင်ဖို့ဆိုတာ ကျင့်ကြံအားထုတ်မယ်ဆိုရင် .. သစ္စာတရားနာမှုက နံပါတ်(၁) ပါပဲ။ တကယ့်သစ္စာဆိုက်ဆိုက် တရားတွေကို ရှုနည်းမှတ်နည်းတွေကို ဒါတွေကိုနာကြားဖို့ ဒီအချက်။ ပြီးတော့.. ကိုယ့်ခန္ဓာထဲမှာ နှလုံးသွင်းမှန်ဖို့ ။ ဒီ(၂) ချက်နဲ့ကို ရပါတယ်။ သာဝကမှာ ထောင်နိုင်တဲ့ နားရှိပြီ၊ သစ္စာတရားနာကြားနိုင်တဲ့ အခြေအနေနဲ့ ကြုံပြီဆိုရင် ပါရမီပြည့်ပါပြီ။ သာဝက.. အနေနဲ့ သစ္စာတရားနာမယ်၊ ပြီးတော့

ကိုယ်လုပ်ရမယ့် အလုပ်က နှလုံးသွင်းမှန်ဖို့ ပါပဲ။

You might also like