Statement 1

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 2

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေနှင့် ပတ်သတ်၍ လှုပ်ရှားဆောင်ရွက်နေမှုအပေါ် သဘောထားအမြင် ထုတ်ပြန်ခြင်း

မတူကြွဲ ပားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ

နေ့စွဲ ။

။ ၃ . ၅ . ၀ှဿ၁

ဿ။ လယ်ယာမြေပြဿနာများကို ပြန်လည်ဖော်ထုတ် လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်မှာ အချိန်ကြာ မြင့်ပြီဖြစ်သည်။ နိုင်ငံရေး အသိုင်းအှိုင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးသည် နိုင်ငံရေးရာ ဒုက္ခခံစားနေရသော တောင်သူ လယ်သမားများ၏ သိမ်းဆည်းခံပြဿနာများကို နိုင်ငံရေးရာ တှာန်ရှိသူများထံ တင်ပြခြင်း ကြာှးင်ညှိနှိုင်းခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြု လေးစား ဂုဏ်ပြုပါသည်။ ၀။ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများသည် ဥပဒေအဟောင်း နှင့် ညီညွတ်ခြင်းမရှိသော ဖြစ်စဉ်များ နိုင်ငံတော် ခုတုံးလုပ် သိမ်းဆည်းမှုများ ဖြစ်သည့်အားလျှော်စွာ တင်ပြလျှောက်ထားလာသော ပြဿနာများသည် တောင်သူတို့၏ နစ်နာမှုများဖြစ်နေပါသည်။ နစ်နာမှု မှန်ကန်သော်လည်း ဖြေရှင်းဆောင်ရွက် ပေးခြင်းငှာ ယနေ့အချိန်ထိ အချိန်ကြာမြင့်သည့်တိုင် ဆောင်ရွက်ဖြေရှင်းပးနိုင်ခြင်း မရှိခဲ့ပါ။ ၁။ လယ်ယာမြေဥပဒေအဟောင်း၏ ချို့ယွင်းအားနည်းချက်များကို ပြုပြင်၍ တောင်သူလယ်သမားများ မြေပိုင်ဆိုင်ခွင့်ရရှိရေး ဥပဒေကြမ်းကို မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီမှ တင်ပြနိုင်ခဲ့ပါသည်။ လွှတ်တော်မှ အတည်ပြုပြဌားန်လိုက်သော ဥပဒေတွင် လယ်ယာမြေများအား တောင်သူလယ်သမား တစ်ဦးချင်းစီအလိုက် မှတ်ပုံတင်ချထားပေးမည်ဟူသော အချက်သည် ကျွန်တော်တို့၏ လိုလားချက်သာ ဖြစ်ပါသည်။ ၂။ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိ။ ဥပဒေနှင့်အညီ တောင်သူများ မြေပိုင်ဆိုင်ခွင့် မှတ်ပုံတင် စာရွက်စာတမ်းများ ချထားပေးခြင်း မရှိပါဘဲ လယ်ယာမြေနှင့် ပတ်သက်၍ တောင်သူများအား မျှော်လင့်ချက်ပေးသည့်အလား တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့်ဥပဒေဟု နိုင်ငံရေး အင်အားစုများက အားတက်သရော လုပ်ဆောင်နေကြသည်ကို သိရှိရပါသည်။ ၃။ ကျွန်တော်တို့အနေဖြင့် ပိုင်ဆိုင်ခွင့် ရရှိသူများ ပိုင်ဆိုင်ခွင့် ရရှိရေး ၊ ရှင်းလင်းရန် ကိစ္စများ ရှင်းလင်း ဆောင်ရွက်ပေးခြင်းတို့သည် တောင်သူလယ်သမားများ ရရှိသင့်သော အခွင့်အရေးကို ရရှိအောင် ဆောင်ရွက် ပေးခြင်းဟု ယူဆရမည်သာ ဖြစ်ပါသည်။

၎။ လက်ရှိ လယ်ယာမြေသိမ်းဆည်းမှု ဖြစ်စဉ်များသည် အမှုအမှန်အတိုင်း ရှင်းလင်းဆောင်ရွက် ပေးခြင်းမရှိသည့်အပြင် လယ်သမားများကို တရားစွဆဲိုခြင်း ၊ လယ်သမားများအရေး ကူညီဆောင်ရွက်ပေး သူများကို တရားစွဆဲိုခြင်း စသည့် တဖက်လှည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လျှက်ရှိပါသည်။ ၅။ နိုင်ငံရေး အင်အားစုများကို စုစည်းသိမ်းသွင်း၍ ပွဲလမ်းသဘင်များ ကျင်းပပေးခြင်း ၊ တောင်သူ လယ်သမားအရေး ဆောင်ရွက်သူများကို တောင်သူလယ်သမားများအား ကူညီသည့် လုပ်ငန်းစဉ်များဘက်တွင် အားနည်းစေရန် တရားစွဆဲိုခြင်း အဆင့်ဆင့်ကို အမျိုးမျိုးလုပ်ဆောင်နေကြပါသည်။ ကျွန်တော်တို့အနေဖြင့် လက်ရှိလုပ်ဆောင်နေသော မှားယွင်းမှုများကို ပြင်ဆင်ရုံမျှဖြင့် တောင်သူလယ်သမားတို့၏ အခွင့်အရေးကို ကာကွယ်ပေးရာရောက်ကြောင်း ယုံကြည်ပါသည်။ လယ်ယာမြေဥပဒေပါ အခွင့်အရေးများကိုပင် တောင်သူ လယ်သမားများ ရရှိခြင်း မရှိသေးကြောင်း နိုင်ငံရေး အင်အားစုများအနေဖြင့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ ၍ ရရှိသင့် ရရှိထိုက်သော အခွင့်အရေး ရရှိရန် ဆောင်ရွက်ပေးစေလိုပါသည်။ လက်ရှိ ကြိုးပမ်းဆောင်ရွက် နေကြသော တောင်သူလယ်သမားအခွင့်အရေးကာကွယ့်သည့် ဥပဒေမှာ အရေးတကြီး လိုအပ်ချက် မဟုတ်ကြောင်း ကျွန်ုပ်တို့၏ သဘောထား အမြင်ကို ထုတ်ပြန်လိုက်သည်။

မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (ခေတ္တ နောင်ချို)

You might also like