KNU Chairman Message On 63rd Karen Martyr's Day (Burmese Version)

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 2

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် ကော်သူးလေ

ရက်စွဲ - သြဂုတ်လ ၊ ၁၂ရက်၊ ၂၀၁၃ ခုနှစ် ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ (၆၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့သို့ပေးပို့သောသ၀ဏ်လွှာ ကရင်အမျိုးသားအပေါင်းတို့ မျိုးချစ်တော်လှန်ရေးရဲဘော်အပေါင်းတို့ ဤနေ့သည် (၆၃) နှစ်ပြည့်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ ဖြစ်သည်။ ဤနေ့သည် ကရင်အမျိုးသားများတို့၏ ဘ၀လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့သော ဥက္ကဌကြီးစောဘဦးကြီးနှင့်တကွ ကရင်အမျိုးသားခေါင်းဆောင်များ၊ ရဲဘော် များနှင့် ကရင်ပြည်သူလူထု အာဇာနည်များကို အထိမ်းအမှတ်ပြုဂုဏ်ပြုသည့် ကရင့်အမျိုးသားအာဇာနည်နေ့ဖြစ်ပါသည်။ ကရင် တစ်မျိုးသားလုံးအတွက် ၀မ်းနည်းကြေကွဲဖွယ်ရာနေ့တစ်နေ့ဖြစ်သည့်နည်းတူ ကျွန်ုပ်တို့ကရင်အမျိုးသားများတွင် ဤကဲ့သို့သော မျိုးချစ်ကရင့်အာဇာနည်များရှိခြင်းကြောင့် များစွာဂုဏ်ယူမိပါသည်။ ယနေ့အာဇာနည်နေ့တငွ် အာဇာနည်ပုဂ္ဂိုလ်များနှင့် သက်ဆိုင် သော ကျွန်ုပ်တို့ကရင့်အမျိုးသားများအားလုံး ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာ၍ မိမိတို့ချစ်ခင်ရသောပုဂ္ဂိုလ်များမှ ကရင့်အမျိုးသား များအတွက် အသက်ပေးလှူ၍ ကရင့်အမျိုးသားအာဇာနည်ဖြစ်ခြင်းအပေါ် ဂုဏ်ယူကြစေရန် ဂုဏ်ပြုမေတ္တာပို့သလိုက်ပါသည်။ ကရင့်လက်နက်ကိုင်တော်လှန်ရေး(၆၄)နှစ်အတွင်း ရေတွက်၍မကုန်နိုင်သောအာဇာနည်များ၏ အသက်ပေးလှူခြင်းသည် မိမိတို့ ကရင်အမျိုးသားများအဖိနှိပ်ခံဘ၀မှ လွှတ်မြောက်ပြီး ရှင်သန်၍ တိုးတက်ပြီး ငြိမ်းချမ်းသာယာဝပြောသောဘ၀အသက်တာကို ရရှိရန်ဖြစ်သည်။ ကျွန်ုပ်တို့အမျိုးသားအာဇာနည်များ၏ အသက်ပေးလှူမှုကြောင့် ကျွန်ုပ်တို့ကရင်လူမျိုးများသည် ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးအဖြစ် ရှင်သန်ရပ်တည်နိုင်ပြီး ကရင်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုသည်လည်း ယနေ့တိုင် ရပ်တည်လှုပ်ရှားနိုင်ခဲ့ သည်။ ကျွန်ုပ်တို့ကရင့်အမျိုးသားအာဇာနည်များတို့သည် ၄င်းတို့၏အသက်ကိုပေးလှူ၍ အမျိုးသားရေးတာဝန်ကို ကျေပွန်စွာထမ်း ဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ ၄င်းတို့၏အသက်ကို ပေးအပ်၍ လှူဒန်းခဲ့ရသည့် မျှော်လင့်ချက်များ မပြည့်ဝသေး ပေ။ အာဇာနည်များတို့၏အသက်ကို ပေးအပ်၍ လှူဒန်းခဲ့ရသည့်မျှော်လင့်ချက်နှင့် အနက်အဓိပ္ပါယ်ကို ဖြည့်ဆည်းဆောင်ရွက်ရန် အသက်ရှင်နေသေးသည့် ကျွန်ုပ်များတို့၏ လက်ထဲတွင် တာဝန်ရှိနေကြပါသည်။ ကရင်အမျိုးသားအပေါင်းတို့ မျိုးချစ်တော်လှန်ရေးရဲဘော်အပေါင်းတို့ ယနေ့အချိန်တွင် ကျွန်ုပ်တို့ကရင်အမျိုးသားများတို့၏ရှေ့ဆက်နိုင်ငံရေးလှုပ်ရှားမှုခရီးတွင် ကျွန်ုပ်တို့အဖွဲ့အစည်း၏ ဦးဆောင် မှုနှင့် ကျွန်ုပ်တို့ကရင်အမျိုးသားများတို့အတွက် စိန်ခေါ်မှုများ ရှိနေသည်။ ဤစိန်ခေါ်မှုများကို စေ့စပ်သေချာစွာသုံးသပ်ရန်လိုအပ်ပြီး၊ အခြေအနေနှင့်ကိုက်ညီမှန်ကန်သော ရှေ့ဆက်နိုင်ငံရေးလုပ်ငန်းများကို ချမှတ်ကာ ညီညတ်ွရဲဝံ့စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည် ဖြစ်သည်။ တချိန်တည်းမှာပင် ကျွန်ုပ်တို့အဖွဲ့ အစည်း၏ဦးဆောင်မှု အဖွဲ့အစည်းအတွင်း စည်းလုံးညီညတ်ွမှု မိမိတို့ကရင်အမျိုးသား တစ်ဦးချင်းစီ၏ ပူးပေါင်းတာဝန်ယူလုပ်ဆောင်မှုများကို ပြန်လည်စီစစ်၍ လိုအပ်ချက်များကို ပြုပြင်ဖြည့်စက်ွကာ ယနေ့ ကျွန်ုပ်တို့ အမျိုးသားများ၏ အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ ပကတိအခြေအနေနှင့်အကိုက်ညီဆုံးဖြစ်အောင် လုပ် ဆောင်သွားရန်လိုအပ်သည်။ ကရင်အမျိုးသားအပေါင်းတို့ မျိုးချစ်တော်လှန်ရေးရဲဘော်အပေါင်းတို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရပ်တည်ချက်မှာ ကရင်အမျိုးသားတို့၏ လှုပ်ရှားမှုသည် ကရင့်နိုင်ငံ ရေးပြဿနာများကို ဖြေရှင်းရန်ဖြစ်သည့်အလျှောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်ဖွဲ့စည်းထူထောင်ထားသော ကရင့်လက်နက်ကိုင်အဖွဲ့များ၏ရည်ရယ်ွချက်သည် အမျိုးသားရန်သူကို အနိုင်တိုက်ပြီး တိုင်း ပြည်၏အာဏာကို သိမ်းယူရန်မဟုတ်ပေ။ မိမိတို့၏အဖွဲ့အစည်းနှင့် ပြည်သူလူထုများကို ကာကွယ်ရန်နှင့် မိမိအဖွဲ့အစည်းနိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ကရင်အမျိုးသားများနှင့် အခြားတိုင်းရင်းသားအားလုံး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌါန်းခွင့်အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်အခြေခံအပေါ် ဖယ်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရန်ဖြစ်သည်။ ကရင်အမျိုး သားအစည်းအရုံးသည် ကရင်အမျိုးသားများ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းရေးသည် အကောင်း ဆုံးနှင့် အမှန်ကန်ဆုံးနည်းလမ်းဖြစ်သည်ဟု ခံယူသည့်အညီ အခြေအနေပေးအပ်သည့်အခါတိုင်း နိုင်ငံတော်အစိုးရအဆက်ဆက်နှင့်

ပြည်တငွ်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်နှင့် ကရင်အမျိုးသားတို့၏နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ခဲ့သည်။ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရကို ဦးဆောင်သော ဦးသိန်းစိန်သည် နိုင်ငံတာဝန်ယူသည့်နောက်ပိုင်း၊ အပစ်အခပ်ရပ်စဲ ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ပါသည်။ ကမ်းလှမ်းမှုအပေါ် ကရင်အမျိုးသားအစည်းအရုံးမှ လက်ခံတွေ့ဆုံဆွေးနွေး၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး နိုင်ရန် ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေးသဘောတူညီမှုကို ရယူခဲ့သည်။ အပစ်အခတ်ရပ်ဆိုင်းရေး ခိုင်မာစေရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်၊ လက်နက်ကိုင်ပဋိပက္ခပြန်လည်ဖြစ်ပွားခြင်းမရှိစေရန်အတွက်၊ ကရင်အမျိုးသားအစည်းအရုံးမှ လက်နက်ကိုင်အဖွဲ့အစည်းများ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများကို ရေးဆွဲပြင်ဆင်ပြီး တင်ပြခဲ့ပါသည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ဖြစ်ပွားစေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်၊ အာမခံချက်အပြည့်အ၀ရှိသော၊ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် တပြည်လုံးအတိုင်းအတာဆောင်သော အပစ်ခတ်ရပ်စေဲ ရးလုပ်ဆောင်ရန်လည်း လိုအပ်ပါသည်၊။ တစ်ချိန်တည်းမှာပင် ပြည်တငွ်းငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ဖြစ်ပေါ်စေသည့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဖြေရှင်းနိုင်ရန်အတွက် အခြားသောတိုင်းရင်းသားများနှင့်အတူ၊ တန်းတူမှုအပေါ်အခြေခံ၍ ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများပူးပေါင်း၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ မူဘောင်တစ်ရပ်ကို ရေးဆွဲချမှတ်ခဲ့ ပါသည်။ တိုင်းရင်းသားလူမျိုးများ ရေးဆွဲချမှတ်ထားသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးမူဘောင်သည် နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှလည်း တိုင်းရင်းသားများ တောင်းဆိုသည့်နိုင်ငံရေးပြဿနာ တွေ့ဆုံဆွေးနွေး ဖြေရှင်းမှုကို လက်ခံမည်ဟု ဖေါ်ပြထားပါသည်။ ကရင်အမျိုးသားအပေါင်းတို့ မျိုးချစ်တော်လှန်ရေးရဲဘော်အပေါင်းတို့ ကျွန်ုပ်တို့သည် ကရင့်နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန်ဖြစ် တောင်းဆိုခဲ့သည့်အလျောက်၊ ဤသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်မည့် ကနဦးလမ်းစဖြစ်သည်။ နိုင်ငံရေးအရ ရုန်းကန်လှုပ်ရှားမှု ဆောင်ရွက်ရာတွင် အသိပညာနှင့် သတိဝရိယရှိရန် အထူးလိုအပ်ပေသည်။ လက်နက်ကိုင်ပဋိပက္ခရှိသည့် ရုန်းကန်လှုပ်ရှားမှုကာလအတွင်းတွင် ကရင်အမျိုးသားများ ပူးပေါင်းပါဝင်လှုပ်ရှားမှုပြုလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခြေအနေမပေးအပ်ပေ။ နိုင်ငံရေးအရ ပူးပေါင်းလှုပ်ရှားမှု ဆောင်ရွက်ရာတွင်မူ ကရင်တစ်မျိုးသားလုံး ပူးပေါင်းပါဝင်နိုင်သောအခြေအနေတစ်ရပ်ဖြစ်ပါသည်။ ယခုအခြေအနေ အချိန်အခါသည် ကရင်လူမျိုးများအတွက် စုစည်းညီညာစွာ ပူးပေါင်းပါဝင်ကြပြီး မိမိတို့ကရင်လူမျိုးများ၏ လိုအင်ဆန္ဒများကို ရဲရင့်စွာ ဖေါ်ထုတ်ပြသနိုင် သည့်အချိန်အခါပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် လူမျိုးတစ်မျိုးဖြစ်သည့်အားလျော်စွာ အခြားသောလူမျိုးများကဲ့သို့ ရှင်သန်၍ ဖွံ့ဖြိုးတိုးတက်သော ဂုဏ် သရေရှိသည့်လူမျိုးအဖြစ် ရပ်တည်လိုပါသည်။ ကျွန်ုပ်တို့သည် လွတ်လပ်သည့်လူမျိုးတစ်မျိုးဖြစ်သည်နှင့်အညီ မိမိကိုယ်ကို ကာကွယ် ပိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည့်အခွင့်အရေးလည်းရှိပေသည်။ မိမိတို့၏အခွင့်အရေးကို ဟန့်တားနှောက်ယှက်မှု မပြုနိုင်ပါ။ သို့သော် ယနေ့ထက်တိုင် မိမိတို့၏ လွတ်လပ်မှုအခွင့်အရေးများ အပြည့်အ၀ တရားဝင် ရရှိခြင်းမရှိသေးပါ၊ အာမခံချက် အပြည့်အ၀ရရှိရန်၊ နိုင်ငံရေးအရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် တိလင်းစွာရေးသားထည့်သွင်းရန် လိုအပ်ပေသည်။ ယခုအချိန် အထိ အစိုးရအနေဖြင့် လူမျိုးစုများ၏ပြဿနာကို ဖြေရှင်းရန်နှင့် ဒီမိုကရေစီနိုင်ငံအပြည့်အ၀ထူထောင်နိုင်ရန် သိသာထင်ရှားပေါ်လွင် သည့်လုပ်ငန်းများ မရှိသေးပေ။ ဤအကြောင်းများကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးခေါင်းဆောင်များ၊ အစည်းအရုံး ၀င်အားလုံးနှင့် ကရင်တစ်မျိုးသားလုံး စုစည်းညီညာစွာဖြင့် မိမိတို့အမျိုးသားများ၏လိုအင်ဆန္ဒများကို ထုတ်ဖေါ်ကာ အာဇာနည်များ တို့၏အသက်ကို ပေးအပ်၍လှူဒန်းခဲ့ရသည့် မျှော်လင့်ချက်ကို ပြည့်ဆည်းရန်အတွက်၊ အားကြိုးမန်တက်လုပ်ဆောင်ကြရမည်။ အနာဂါတ်လှုပ်ရှားမှုများတွင် နိုင်ငံတကာတွင် ရောက်ရှိနေသည့် ကရင်အမျိုးသားအဖွဲ့အစည်းများ၊ အခြားလူမျိုးစုအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် အစီအစဉ်ရှိရှိ၊ စနစ်တကျ၊ အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍအသီးသီး တွင် လုပ်ဆောင်ရန်လိုအပ်သည်။ ကရင်အမျိုးသားအပေါင်းတို့ မျိုးချစ်တော်လှန်ရေးရဲဘော်အပေါင်းတို့ ယနေ့သည် ကျွန်ုပ်တို့အမျိုးသားအာဇာနည်များကို သတိရအောက်မေ့ဂုဏ်ပြုသော နေ့ဖြစ်သည်။ ဤသတိရအောက်မေ့ ဂုဏ်ပြုမှုသည် လေးနက်တည်ကြည်သော ဂုဏ်ပြုမှုနှင့်အတူ ကျွန်ုပ်တို့၏အမျိုးသားအာဇာနည်များသို့ ၄င်းတို့၏အသက်ကိုပေးအပ်၍ မရရှိသေးသော ရည်မှန်းချက်များ၊ မပြည့်ဝသေးသော အဓိပ္ပါယ်များကို ဖြည့်ဆည်းလုပ်ဆောင်ရန် ဂတိသစ္စာပြုမှုနှင့်အတူ ၄င်းတို့ အသက်ရှင်စဉ်ကာလ၊ ရပ်တည်လုပ်ဆောင်ခဲ့သည့်အတိုင်း ကျွန်ုပ်တို့ရပ်တည်လုပ်ဆောင်သွားကြရန် အလွန်ပင် အရေးကြီးပေသည်။ ကရင့်အမျိုးသားအာဇာနည်တို့၏ စိတ်ဓါတ်သည် အသက်ရှင်နေသေးသည့် ကျွန်ုပ်တို့အမျိုးသားတို့၏ စိတ်နှလုံးထဲတွင် ကိန်းအောင်းပြီး ကျွန်ုပ်တို့အမျိုးသားများ၏ လိုအင်ဆန္ဒများကို ရုန်းကန်လှုပ်ရှားဖြည့်ဆည်းကာ၊ ကရင်လူမျိုးသည် လွတ်လပ်၍ ရှင်သန်ဖွံ့ဖြိုးတိုးတက်သော လူမျိုးတစ်မျိုးအဖြစ် ထ၀ရရပ်တည်နိုင်ပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။

**********

You might also like