Professional Documents
Culture Documents
Kyaukkwin
Kyaukkwin
Aရေးတော်ပုံAစ ---
ပြည်ခရိုင် ၀က်ထီးကန်မြို့ကလေးမှာ လေးမိုင်ခန့်ကွာဝေးသော နေရာ၌ မြေပြန့်ချင်းAမျိုး
သားများနေထိုင်သော ကျောက်ကွင်းAမည်ရှိ ချင်းရွာကလေးတစ်ရွာရှိသည်။
Aိမ်ခြေ (၇၀)ကျော်မျှရှိ၏၊ ပတ်ဝန်းကျင်များသည် မြန်မာရွာများဖြစ်သော်လည်း ကျောက်
ကွင်းရွာနှင့် ၄င်း၏Aနီးတွင်ရိေ
ှ သာ ညောင်ပင်သာရွာတို့မှာ ချင်းAမျိုးသားများသာ နေထိုင်သော
ချင်းရွာနှစ်ရွာဖြစ်လေသည်။ ၄င်းရွာနှစ်ရွာစလုံးသည် ခရစ်ယာန်ဘာသာဝင်များ နေထိုင်သော ရွာ
များဖြစ်၍ ကျောက်ကွင်းရွာ၌ ခရစ်ယာန် ဘုရားရှိခိုးကျောင်းရှိပြီး ဓမ္မဆရာ UီးရွှေေAာင်နေထိုင်
သည်။
ဗုဒ္ဓဘာသာဝင် ချင်းAမျိုးသားAိမ်ထောင်စု ငါးခုမျှသာရှိသည်။ ကျန်Aိမ်ထောင်စုများမှာ
ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ကျောက်ကွင်းရွာမှာ သေးငယ်သော်လည်း သူကြီးမင်းနေ
ထိုင်သော ရွာဖြစ်သောကြောင့် ထင်ရှားသည်။ AခြားAကြောင်းတစ်ခုမှာလည်း ရွာသူကြီး
Uီးလှောင်မှာ ဗုဒ္ဓဘာသာဝင် ချင်းAမျိုးသာဖြစ်၍ ဇနီးမှာ ခရစ်ယာန်ဘာသာဝင်
ချင်းAမျိုးသမီးဖြစ်သည်။ Aိမ်ထောင်ရေးကို Uီးစားပေးထားကြသောကြောင့် ဇနီးမောင်နှံ နှစ်Uီးမှာ
ဘာသာရေး လွတ်လပ်ခွင့်ရှိကြသည်။
တနင်္ဂနွေနေ့တွင် မယားက ဘုရားရှိခိုးကျောင်းတက်သည်။ Uပုသ်နေ့တွေင်
လင်ယောင်္ကျားက Aခြားရွာရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး Uပုသ်စောင့်
သီလ ဆောက်တည်သည်။ နာတာလူးပွဲ ခရစ်စမတ်ပွဲများကို မယားကဆင်နွဲပြီး လင်ယောင်္ကျားက
ကထိန်ပွဲ ၀ါဆိုပွဲ ညောင်ရေသွန်းပွဲများကို ဆင်နွဲသည်။
မယား၏ ဘာသာရေးAလှူကို လင်ယောင်္ကျားက လိုက်လျော၍ လင်ယောင်္ကျား၏
ဘာသာရေး Aလှူကိုလည်း မယားက ခွင့်ပြုခဲ့သည်။ ပဋိပက္ခမရှိသည့် သဘောထားကြီးသော ဇနီး
မောင်နှံတို့ပင်တည်း။ သို့သော် Uီးလှောင်မှာ ရပ်ရွာ၏ AကြီးAကဲ သူကြီဖြစ်သောကြောင့်
ဗုဒ္ဓဘာသာဘက်ကလည်း Aရေးကိစ္စရှိလျှင် Uီးလှောင်ထံသို့သာ Uီးတည်၍လာသည်။
ခရစ်ယာန်ဘက်ကလည်း ထိုနည်းတူပင်၊ နှစ်ဘက်ဘာသာရေးမှ ပုဂ္ဂိုလ်များသည်
Uီးလှောင်Aိမ်တွင်သာ တည်းခိုကြသည်။ Uီးလှောင်တို့၏ ဇနီးမောင်နှံက ကျွေးမွေးEည့်ခံရသည်။
Uီးလှောင်မှာ သူကြီးမင်းဆိုပေမယ့် ချမ်းသာကြွယ်ဝလှသူမဟုတ်။ Aစိုးရက
ခွင့်ပြုထားသော ခိုင်းကြေးဖြင့် စားဝတ်နေရေးကို ဖန်တီးနေရသူ ဖြစ်ပေရာ ကြာသော် စီးပွားရေး
ထိခိုက်လာသည်။ ဤAတိုင်း ဘာသာရေးနှစ်ခုAတွက် နှစ်ဘက်ကုန်ကျနေရလျှင် ရေရှည်မတတ်
နိုင်၊ လင်မယားနှစ်ယောက်စလုံး ဘာသာတစ်ခုတည်းကို ကူးပြောင်းကိုးကွယ်မှ သက်သာချေမည်။
ဤAတွေးဖြင့် မိမိ၏ ဇနီးAား ဖွင့်ဟတိုင်ပင်ရာ သူကြီးကတော်က
ဘာသာတစ်ခုတည်းကို ကိုးကွယ်ရန်မူ သဘောတူသည်။ သို့သော် မိမိကိုးကွာသည့် ခရစ်ယာန်ဘာ
သာသို့ မိမိလင်ယောင်္ကျားသူကြီးကို ပြောင်းလဲ ကိုးကွယ်စေချင်သည်။ သူကြီးမင်းကလည်း
ကြင်ယာသက်ထား ဇနီးမယားAား ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်စေချင်သည်။ ကိုယ့်ဘာသာ
ဘက်ကို ကူးပြောင်းစေချင်သည့် ဆန္ဒချင်း တူညီနေသဖြင့် မိမိကိုးကွယ်သည့်
ဘာသာကောင်းကြောင်း မှန်ကြောင်း နှစ်Uီးလုံးပင် ပြောကြသည်။ သို့ရာတွင်
မယားပြောသည်ကိုလည်း လင်ကသဘောမကျနိုင် လင်ပြောသည်ကိုလည်း မယားက
နားမလည်နိုင်နှင့် လုံးလည်လိုက်၍ နေလေသည်။
သူကြီးနဲ့ ဓမ္မဆရာ
ဤတွင် သူကြီးကတော်က မိစ္ဆာဒိဋ္ဌိကြီးAား ကယ်တင်ပေးပါဟု ဓမ္မဆရာUီးရွှေေAာင်Aား
AကူAညီတောင်းတော့သည်။ ထို့ကြောင့် UီးရွှေေAာင်သည် ညဘက်တွင် သူကြီးAိမ်သို့ လာ၍
ခရစ်ယာန်တရားကို ဟောသည်။ သူကြီးUီးလှောင်သည် ပရိယတ္တိစာပေ မတတ်ကျွမ်းသော်လည်း
ဆရာတော်များထံမှ ရရှိထားသော ပညာဗဟုဿုတဖြင့် UီးရွှေေAာင်ဟောပြောသမျှကို
ပြန်လှန်၍ညင်းချက်ထုတ်သည်။ ဗုဒ္ဓဘာသာမှန်ကန်ကြောင်းကို မိမိတတ်သမျှ ပြောပြသည်
UီးရွှေေAာင်ကလည်း Uီးလှောင်ပြောသမျှကို ချေဖျက်၍ ငြင်းချက်ထုတ်သည်။
ဤသို့ဖြင့် ဓမ္မဆရာUီးရွှေေAာင်နှင့် သူကြီးမင်းUီးလှောင်တို့၏ Aငြင်းAခုံသည်
ထင်ရှားလာ၍ ညဘက်တွင် ရွာသားများပင် လာရောက်နားထောင်ကြသည်။ သို့သော်
Aဖြေကားထွက်မလာချေ။ UီးရွှေေAာင်ကလည်း သူကြီးမင်းသဘောကျေAာင်
မဟောပြောနိုင်၊သူကြီးမင်းကလည်း UီးရွှေေAာင်ကို နိုင်ေAာင် မပြောနိုင် ၊ သူတို့နှစ်Uီးလည်း
လုံးလည်လိုက်၍ နေကြပြန်သည် ရက်မှသည်လသို့ ၊ လမှသည် နှစ်သို့သာ ကူပြောင်းခဲ့သည်။
ဤAကြောင်းကားမထူးသေးပေ၊ နှစ်ဘက်သော ထောက်ပံ့ကြေးကြောင့် စီးပွားရေး မဟန်
သည့်Aပြင် ကြွေးပင်Aနည်းငယ်တင်လာသည်။ သည်Aတိုင်း မဖြစ်သေး၊ ဤကိစ္စကို
ပြတ်ေAာင်လုပ်မှ ဖြစ်မည်။ သူကြီးမင်းတွေးရလေသည်၊ တစ်နေ့တွင် Aကြံကောင်းတစ်ခုကို တွေး
မိသည် UီရွှေေAာင်သည် ညAိမ်သို့လာလျှင် တင်ပြမည်။
ထိုနေ့တွင် UီးရွှေေAာင် ရောက်လာသောAခါ၌ သူကြီးမင်းUီးလှောင်က မိမိ၏
AကြံAစည်ကို ထုတ်ဖေါ်ပြောကြားလေသည်။
``ဒီမယ် ဆရာေAာင် ခင်ဗျားနှင့်ကျူပ်တို့ ကိုယ့်ဘာသာတရားကောင်းကြောင်း
ငြင်းခုံနေကြတာလည်း ကြာလှပြီ ။ ဘာမှလည်း Aဖြေမထွက်ဘူး၊ လဘက်ရည်ကြမ်းနှင့်
လဘက်သုတ်သာ ကုန်ပြီး လူမောတာပဲ Aဖတ်တင်သည်။ ဘာမှလည် Aကျိုးထူးမလာဘူး။
Aဲဒီတော့ တစ်ခုခုတော့ Aပြောင်းAလဲလုပ်မှ ဖြစ်မယ်ထင်တယ်။ ဟော…သူကြီးမင်းက
ဘယ်လိုဖြစ်ရပြန်တာလဲဗျ ၊ တစ်နေ့နေ့တော့ Aဖြေထွက်လာမှာပေါ့ဗျ ၊ သူကြီးမင်းက ဘယ်လိုများ
ပြောင်းလဲချင်တာလည်းဗျ ´´
``ဒီလိုရှိတယ် ခင်ဗျ ၊ UီးရွှေေAာင်ပြောတာလည်း ကျွန်တော်ကမယုံနိုင်
ကျွန်တော်ပြောတာလည်း UီးရွှေေAာင်က လက်မခံနိင်ဆိုတော့ ဒီAတိုင်းသွားနေလို့တော့
မဟန်ဘူးဗျ။ Aဲဒါ သူကြီးမင်းက ဘယ်လိုလုပ်ချင်လာဗျ ပြောပြပါUီးလေ ´´
``ဒီလိုဗျာ..ဆရာေAာင်ကလည်း ခရစ်ယန်တရားနှင့် ပတ်သက်ပြီး ကိုယ့်ထက်သာတဲ့
ဆရာတစ်ယောက်ကို ရှာဗျာ ၊ ကျွန်တော်ကလည်း ဗုဒ္ဓဘာသာတရားနဲ့ ပတ်သက်ပြီး
ဆရာတစ်Uီးကို ရှာမယ်´´ ။ ``Aင်းလေ…ပြောပါUီး´´။ ``Aဲဒီဆရာနှစ်ယောက်
Aပြိုင်Aဆိုင်ပြောကြားစေဗျာ ၊ ငြင်းကြခုံကြစေဗျာ ၊ သူတို့က ဆရာေAာင်နှင့် ကျွန်တော်ထက်
တော်တဲ့ တတ်တဲ့ လူတွေဆိုတော့ သူတို့နှစ်ယောက်ပြောကြရင်း တစ်ခုခုတော့ Aဖြေထွက်မှာပဲဗျ။
Aဲဒီလိုဆိုရင် မကောင်းဘူးလား ဆရာေAာင်ရဲ့´´
``ကောင်းသားပဲ သူကြီးရဲ့ ၊ဒါပေမယ့် Aဲဒီဆရာတွေ ဒီကိုလာဘို့ ကျွေးဘို့ စရိတ်စကတွေ
တော့ ခံမှဖြစ်မယ်ဗျ ´´
``Aဲဒါဟုတ်တာပေါ့ ကျွန်တော်တို့က ခေါ်တာဆိုတော့ ကျွန်တော်တို့ကပဲ
စရိတ်ခံရမှာပေါ့ ဆရာေAာင်ရယ်´´
``ဒီလိုဆိုရင် စရိတ်Aတွက် ဒီလိုလုပ်ရင် ကောင်းမယ်ထင်တယ်၊ သူကြီးတို့ဆရာAတွက်
သူကြီးတို့ဘက်က တာဝန်ယူဗျ ၊ ကျွန်တော်တို့ဆရာAတွက်လည်း ကျွန်တော်တို့
ဆရာAတွက်လည်း ကျွန်တော်တို့ ခရစ်ယာန်တွေက စုပေါင်းကျခံမယ်ဗျ ´´။
UီးရွှေေAာင်၏ ပြောပြချက်မှာ မျှတသဖြင့် သူကြီးက သဘောကျသည်၊
UီးရွှေေAာင်နှင့်သူကြီးAိမ်တွင် ရောက်နေကြသည့် ချင်းAမျိုးသားခရစ်ယာန် ပရိသတ်ကလည်း
သဘောကျကြသည်။ သို့သော် သူကြီးမှာ တစ်Uီးတည်း ဖြစ်နေသဖြင့် ရွာထဲရှိ
ဗုဒ္ဓဘာသာAိမ်သုံးAိမ်မှ လူကြီးမျာကို ခေါ်ခိုင်းလိုက်သည်။ ထိုသူများရောက်လာသောAခါ
ကျောက်ကွင်းရွာ၏ မြောက်ဘက်နှင့်တောင်ဘက်တွင်ရှိသော ဗမာရွာများမှ
ဗုဒ္ဓဘာသာလူကြီးများကို Aခေါ်ခိုင်းလိုက်သည် ၊ တစ်နာရီခန့် ကြာသောAခါ ထိုရွာများမှ
ဗုဒ္ဓဘာသာလူကြီး ရှစ်Uီး လိုက်ပါလာကြသည်။ သူကြီးUီးလှောင်ကား Aင်္ဂလိပ်Aစိုးရက
ခန့်Aပ်ထားသော ဒိုင်နယ်သူကြီး ဖြစ်သဖြင့် စည်းစနစ်ရှိသူ တစ်Uီးဖြစ်သည်။
ပြောဆိုလုပ်ကိုင်ရာတွင် တိကျစေ့စပ်သည် ၊ ထို့ကြောင့် နှစ်ဘက်သောလူကြီးများနှင့်
AကြေAလည် ဆွေးနွေးကြပြီးနောက် သူကြီးကတော်ထံတွင် စာရွက်တောင်းပြီး
UီးရွှေေAာင်Aား ရေးသားစေလျှက်ေAာက်ပါAချက်များ ပါဝင်သည့် သဘောတူညီချက်ကို
စာချူပ်Aဖြင့် ချူပ်ဆိုလိုက်လေသည်။
``သဘောတူညီချက် စာချူပ်တင
ွ် ပါရှိသော Aချက်များ´´
၁။ ကျောက်ကွင်းရွာသူကြီး Uီးလှောင်AပါA၀င် ဗုဒ္ဓဘာသာဝင်များနှင့် ၄င်းရွာနေ ဓမ္မဆရာ
UီးရွှေေAာင်ပါ ခရစ်ယာန်များကေAာက်ပါAတိုင်း သဘောတူ စာချူပ်ပြုလုပ်၍ လက်မှတ်ရေးထိုး
ကြသည်။
၂။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာနှဏ်မျိုး၌ မည်သည့်တရားက ကောင်းသည် မှန်သည်ဟု
ယှU်ပြိုင်ဟောပြောပွဲကို ကျင်းပကြရန်။
၃။ ဤသို့ ယှU်ပြိုင်ပွဲကြီး ပြုလုပ်ရန်Aတွက် ကျောက်ကွင်းရွာ၏
Aနောက်ဘက်လယ်ကွင်းကြီးထဲ၌ မဏ္ဍပ်ကြီးတစ်ခုထိုးရန်။
၎။ ထိုမဏ္ဍပ်ကြီးထိုးရန်Aတွက် ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာဝင်များက AညီAမျှ
ထက်ဝက်စီ ကုန်ကျခံ၍ ပြုလုပ်ကြရန်။
၅။ မဏ္ဍပ်ကို (၁၅)ပင်၊ (၁၄)ခန်းထိုးကြရန်။ ဤမဏ္ဍပ်ကို ခရစ်ယာန်တို့က (၇)ခန်း ဗုဒ္ဓဘာသာ
တို့က (၇)ခန်း AညီAမျှထိုးကြရန်။
၆။ ခေါင်းဆောင်ဖိတ်ကြားသော ဘာသာဆိုင်ရာ ဆရာများကို ဗုဒ္ဓဘာသာAတွက်
ဗုဒ္ဓဘာသာဝင်တို့က စရိတ်ခံ၍ ၊ ခရစ်ယာန်ဘာသာAတွက် ခရစ်ယာန်ဘာသာဝင်တို့က
စုပေါင်းကျခံကြရန်။
၇။ မိမိတို့Aဖွဲ့ သဘောကျရာဆရာများကို မိမိတို့သဘောAတိုင်း ကြိုက်နှစ်သက်သလို
ရှာဖွေ ခေါ်ဆောင်ကြရန်။
၈။ ဟောပြောသောAခါ ဟောပြောချိန်နာရီကို AညီAမျှထား၍ ဟောပြောကြစေရန်။
၉။ ထိုသို့ ဟောပြောပြီးသောAခါ တစ်ဘက်မှ တစ်ဘက်ဘာသာသို့ တစ်Aိမ်ထောင်တိတိ
ကူးပြောင်းကြေညာနိုင်လျှင် ထိုသို့ကြေညာနိုင်သော ဘာသာဘက်က နိုင်သည်ဟု
ဆုံးဖြတတ်ရန်။
၁၀။ ရှုံးသောဘာသာဘက်မှ လူကြီးများက နိုင်သောဘာသာဘက်က လူကြီးများသို့ ငွေကျပ်ငါး
ဆယ်တိတိ ပေးရန်။
၁၁။ ငါးဆယ်Aနိုင်ရရှိသောဘက်က ထိုငွေဖြင့်ေAာင်ပွဲAဖြစ် ရွာပြင်၌ ဇာတ်ပွဲတစ်ချီကစေ၍
ရွာရှိလူကုန် ပွဲကြည့်ကြစေရန်။
၁၂။ ယှU်ပြိုင်ဟောပြောပွဲကြီး ကျင်းပမည့်ရက်ကို ခရစ်သက္ကရာဇ် ၁၉၃၆ ခု၊ မေလ(၁)ရက်နေ့၊
ဗမာသက္ကသရာဇ် (၁၂၉၈)ခု၊ ကဆုန်လဆန်း(၁၂)ရက်၊သောကြာနေ့ကို သဘောတူ သတ်
မှတ်ရန်။
၁၃။ ယခုသတ်မှတ်သော ပွဲကြီးနေ့၌ ခေါင်းဆောင်တရားဟောဆရာ မလာနိုင်သောဘက်က
Aရှုံးဖြစ်စေရမည်။
ဗုဒ္ဓဘာသာဝင်တို့ ကိုယ်စား သူကြီးUီးလှောင်က လက်မှတ်ရေးထိုး၍ ခရစ်ယာန်တို့ကိုယ်စား ဓမ္မဆ
ရာUီးရွှေေAာင်က လက်မှတ်ရေးထိုးကြလေသည်။
ထိုစာချူပ်ချူပ်ဆိုသောနေ့ကား - မြန်သက္ကရာဇ်(၁၂၉၇)ခု၊ နှောင်းတန်ခူးလဆန်း(၁၄)ရက်။
ခရစ်သက္ကရာဇ် (၁၉၃၆)ခု၊ Eပြီလ (၄)၊ စနေနေ့ဖြစ်ပါသတည်း။
Aလိုတော်ရဂိုဏ်း
Aလိုတော်ရရွာသည်ကျောက်ကွင်းရွာ၏Aနောက်မြောက်စွန်းစွန်းနှစ်မိုင်ခွဲခန့်Aကွာတွသည်။
ထိုရွာတွင် ၀ါတော် (၆၅)၀ါ ၊သက်တော်(၈၅)နှစ် ရှိတော်မူသော ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီး
သီတင်းသုံးတော်မူသည်။ဆရာတော်ဘုရားကြီး သီတင်းသုံးတော်ရာရွာကို Aစွဲပြု၍
ဆရာတော်ဘုရားကြီး Uီးစီးတော်မူသော ဂိုဏ်းကို Aလိုတော်ရဂိုဏ်းဟု ခေါ်ကြသည်။
Aလိုတော်ရဂိုဏ်းဝင် ဘုန်းတော်ကြီးကျောင်းပေါင်း (၈၀)ကျော် ရှိလေသည်။ သူကြီး
Uီးလှောင်နှင့် ကျောက်ကွင်းရွာ၏ ပတ်ဝန်းကျင်မှ ဗုဒ္ဓဘာသာဝင် လူကြီးများသည် ၀ါဒပြိုင်ပွဲ
စာချူပ်ချူပ်ဆိုပြီးနောက် မဏ္ဍပ်ထိုးရေး Eည့်ခံကျွေးမွေးရေးတို့ကိုသည် Aဓိကထား၍
လုံးပန်းနေကြသည်။ ၀ါဒပြိုင်ပွဲတွင် ဗုဒ္ဓဘာသာဝင်များဘက်မှ ယှU်ပြိုင်ဟောမည့်
ပုဂ္ဂိုလ်ရှာဖွေရေးAတွက်မူ ပတ်ဝန်းကျင်တွင် ပိဋကတ် စာပေ တတ်ကျွမ်းသော ဆရာတော်
ရဟန်းတော်များ ရှိနေသဖြင့် ပူပန်ကြောင့်ကြမှု မထားကြချေ။ ဘယ်ဆရာတော်ဖြစ်ဖြစ်
ယှU်ပြိုင်ဟောပြော နိုင်မည့်ဟု ယူဆထားကာ ခပ်ေAးေAးပင် နေကြသည်။
ခရစ်ယာန်များဘက်ကမူ ယှU်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်ကို Aဓိကထား၍
စည်းဝေးကြသည်။ Aကောင်းဆုံး Aတော်ဆုံးဆရာကို ရေAာင်ရှာဖွေပြီး ပင့်ဖိတ်ရန် ဆွေးနွေးကြ
သည်။ ငွေဘယ်လောက်ကုန်ပါစေ၊ ဖြစ်သည့်နည်းဖြင့် ရှာဖွေထည့်ဝင်ကြသည်။ ဤAရေးသည်
ကျောက်ကွင်းရွာ တစ်ရွာတည်း၏ Aရေးမဟုတ် ၊ ခရစ်ယာန်ဘာသာတစ်ခုလုံး၏
Aရေးဖြစ်သည်။နိုင်မှ ဖြစ်မည် ။ ထို့ကြောင့်ဓမ္မဆရာ UီးရွှေေAာင်Aား ရန်ကုန် မန္တလေးစသော
မြို့ကြီးများသို့ သွားရောက်ရန် တာဝန်လွဲလိုက်ကြသည်။
ဗုဒ္ဓဘာသာဝင်များဘက်က နီးစပ်ရာ ရွာUီးကျောင်းဆရာတော်များကို
လျှောက်ထားကြည့်တော့မှ မလွယ်ကူကြောင်း တွေ့ရှိရသည်။ Aများစုမှာ ပိဋကတ်တော်
တတ်ကျွမ်းကြပါ၏ ။ ခရစ်ယာန်Aကြောင်း တစ်လုံးတစ်ပါဒမျှ မသိရှိကြချေ။
စိတ်ဝင်စားမှုမရှိသဖြင့် မလေ့လာကြ ။ ခေတ်ပညာမတတ်ကြ ၊ ထို့ကြောင့် ခေတ်Aမြင်လည်း
မရှိကြပဲ ပိဋကတ် တစ်ဖက်မြင်များသာ ဖြစ်ကြလေသည်။
ဂိုဏ်းချူပ်ကြီးထံသို့
Uီးလှောင်နှင့် ဗုဒ္ဓဘာသာဝင်တစ်စုသည် ဤကိစ္စAတွက် ဂိုဏ်းချူပ်ဆရာတော်ကြီးကို
လျှောက်ထားတိုင်ပင်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ပြီး ၊ စာချူပ်ကိုပါ တိုင်ပင်ပြီး
Aလိုတော်ရဂိုဏ်းချူပ် ဆရာတော်ကြီးထံသို့ သွားရောက်လျှောက်ထားကြလေသည်။
စာချူပ်ကိုလည်း ပြသကြ၏ ၊ ဆရာတော်ကြီးမှာ သက်တော်ကြီး၍ နားလေးနေသဖြင့်
Uီးပဇင်းကြီးတစ်ပါးမှ တစ်ဆင့် Aသံကျယ်ကျယ်ဖြင့် လျှောက်ထားရသည်။
ဂိုဏ်းချူပ်ဆရာတော်ကြီးသည် လျှောက်ထားချက်ကို နားလည်သွားပြီးနောက် စာချူပ်ကို
ဖတ်ရှုတော်မူသည်။ ထို့နောက် ဂိုဏ်းAတွင်း သံဃာ Aစည်းAဝေးခေါ်ယူပြီး သင့်တော်သလို
စီမံပေးမည် ဖြစ်ကြောင်း Uီးလှောင်တို့Aား မိန့်ကြားတော်မူလိုက်လေသည်။ Uီးလှောင်တို့ လူသိုက်
သည် ပူပန်မှု လျော့ပါးသွားသော်လည်း စိတ်မောလူမောဖြစ်ကာ ပြန်လာကြရသည်။ ရွာတွင်
Aသင့်စောင့်နေကြသော ဗုဒ္ဓဘာသာဝင်များAား ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးက
စီမံပေးတော်မူမည့် Aကြောင်းသာ ပြန်ကြားရပါတော့သည်။
တိုက်ပွဗ
ဲိုလ်ချူပ်ရှာပြီ
ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးသည် ဂိုဏ်းဝင်ကျောင်းပေါင်း(၈၀)ကျော်မှ ခေါင်းဆောင်ဆရာတော်
များကို ပင့်ဖိတ်စေ၍ Aလိုတော်ရကျောင်းတွင် စည်းဝေးစေသည်။ ဂိုဏ်းဝင်ဆရာတော်Aသီးသီး
က AကြံAမျိုးမျိုး လျှောက်ထားကြသော်လည်း ယှU်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်
ဂိုဏ်းဝင်ဆရာတော်ဘုရားထဲမှ ပေါ်ထွက်မလာဘဲ ဖြစ်နေသည်။
ဤAရေးAခင်းမှာ Aလိုတော်ရဂိုဏ်း၏ AရေးAခင်းသာမကဘဲဗုဒ္ဓဘာသာသာသနာ
တော်Aတွက် Aရေးကြီးသော AရေးAခင်းဖြစ်သည်ဟု ဂိုဏ်းဝင်ဆရာတော်Aားလုံးကပင်
တစ်ညီတစ်ညွတ်တည်း သဘောထားကြသည်။ မိမိဂိုဏ်းထဲမှ ယှU်ပြိုင်ဟောပြောမည့်
ပုဂ္ဂိုလ်များမထွက်သော်လည်း ရဟန်းသာမဏေ ရှစ်သောင်းကျော်မျှရှိသော မြန်မာနိင်ငံတွင်
ခရစ်ယာန်နှင့် ယှU်ပြိုင်ဟောပြောရဲမည့် Aာဇာနည် ပုဂ္ဂိုလ်ရှိရမည်။ ထိုပုဂ္ဂိုလ်မျိုးတွေ့ေAာင်ရှာ၍ရ
ေAာင် ပင့်ဆောင်နိုင်ဘို့သာ Aရေးကြီးသည်။ ထို့ကြောင့် ဂိုဏ်းဝင်ကျောင်းဆရာတော်တို့သည်
မြို့၊ ရွာကြီးလျှင် ငွေတစ်ဆယ် ၊ ငယ်လျှင် ငါးကျပ်ကျ ထောက်ပံ့ကူညီကြရမည်ဟု
ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူသည်။ Aားလုံးဝိုင်းဝန်းထောက်ပံ့ကြရာ
ငွေကြေးAတွက် ပူပန်စရာ မရှိတော့ဘဲ Aားလုံးပင် ပြည့်စုံသွားကြလေသည်။
ထိုနောက် ဂိုဏ်းဝင်ဆရာတော်တို့သည် Aသီးသီး တာဝန်ယူကြပြီး Aလိုတော်ရဂိုဏ်းချူပ်
ဆရာတော်ကြီး၏ ကျောင်းတွင် ဌာနချူပ်ပြုလုပ်၍ ရန်ကုန် မန္တလေး ပခုက္ကူ ပုသိမ်
မော်လမြိုင်စသော မြို့ကြီးများရှိ ဂိုဏ်းAုပ်ဆရာတော်များ နာမည်ကျော် ဆရာတော်များထံသို့
ဂိုဏ်းဂဏမရွေးချယ်ဘဲ စာရေးလျှောက်ထားကြသည်။ ကြေးနန်းရိုက်၍ Aကြောင်းကြားကြသည်။
မိမိတို့ကိုယ်တိုင် မကြွနိုင်လျှင်လည်း ကြွရောက်ယှU်ပြိုင်ဟောပြောနိုင်မည့် ပုဂ္ဂိုလ်ကို
ညွန်ကြားကြပါရန် ၊ Aကြောင်းစုံလင်စွာဖြင့် လျှောက်ထားကြသည်။
သာယာ၀တီ UီးေUယ်
သို့ရာတွင် မန္တလေး ၊ ပခုက္ကူစသော မြို့ကြီးများမှ မည်သည့်ပြန်ကြားချက်ကိုမျှ မရရှိခဲ့ပေ။
ရန်ကုန်မှ ဆရာတော်Aချို့ကမူ ဓမ္မကထိက UီးေUယ်ကို ပင့်ဖိတ်ရန် Aကြံပေးစာ
ပြန်ကြားပြန်သည်။
UီးေUယျသည် ထိုAချိန်က နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ဖြစ်၏ ။
Aသံကောင်းသည် AဟောAပြောကောင်းသည် ၊Aာဝဇ္ဇာန်းရွှင်သည် ၊ ထို့ပြင်
လောကမျက်မှန်စာစောင်၌ ခရစ်ယာန်ဘာသာကို ရှုပ်ချသည့်စာများကို ရေးသားနေသဖြင့်
လူသိများ၍ ကျော်ကြားသည်။ ထို့ကြောင့် ယခုခရစ်ယာန်ဘာသာနှင့် ယှU်ပြိုင်၍ ဟောပြောရမည့်
ဘာသာဝါဒပြိုင်ပွဲတွင် UီးေUယ် သည် Aသင့်တော်ဆုံးဖြစ်သည်ဟု ယူဆပြီး
ရန်ကုန်ဆရာတော်Aချို့က ညွန်ကြားကြခြင်းဖြစ်လေသည်။
Aလိုတော်ရဂိုဏ်းဝင်ဆရာတော်တို့ကား နိုင်ငံကျော်ဓမ္မကထိက သာယာဝတီ
UီးေUယျ၏Aမည်ကို ကြားဖူးကြသည်။ AဟောAပြော ကောင်းကြောင်းလည်းကြားဖူးကြသည်။
ခရစ်ယာန်ဘာသာကို ရှုပ်ချရေးသားနိုင်သူဖြစ်ကြောင်း ကြားသိရသောAခါ ပိုမိုAားတက်ကျသည်။
ထို့ကြောင့် ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးAား AကျိုးAကြောင်း လျှောက်ထားတင်ပြသော Aခါ
Aမြန်ဆုံး ပင့်ဖိတ်Aကြောင်းကြားရန် Aမိန့်ရှိတော်မူလေသည်။
ဂိုဏ်းဝင်ဆရာတော်တို့သည် UီးေUယျထံသို့ Aကြောင်းစုံ စာရေး၍
လျှောက်ထားပန်ကြားကြသည်။ ဆရာတော် UီးေUယ်ကို ပင့်ပြီဟူသော သတင်းသည်
ဗုဒ္ဓဘာသာဝင်များဘက်က ဓမ္မကထိက Aကျော် သာယာဝတီ UီးေUယျဆရာတော်ခေါင်းဆောင်၍
ယှU်ပြိုင်ဟောပြောမည်ဟူသော သတင်းAဖြစ်သို့ ပြောင်းလဲပြီး ပြန့်နံ့သွားတော့သည်။ ဗုဒ္ဓဘာသာ
ဝင်Aများစုမှာ UီးေUယ်ကို ကြားဖူးနေကြသဖြင့် Aားတက်နေကြသည်။ လောကမျက်မှန်ကို
ဖတ်ဖူးသူများကလည်း ဗုဒ္ဓဘာသာဘက်က နိုင်ပြီဟု တစ်ထစ်ချ တွက်ဆနေကြ၏။
ဤသတင်းကား ခရစ်ယာန်တို့ဘက်သို့Aထိ ပြန့်နံ့သွားလေသည်။
သို့သော် Aမှန်တကယ် ဖြစ်ရပ်မှန်ကား ဆရာတော်UီးေUယ်ထံမွ
မည်သည့်ပြန်ကြားချက်ကိုမှ မရရှိခြင်းပင်ဖြစ်၏ ။ Aလိုတော်ရဆရာတော်များက နောက်ထပ်၍
တောင်းပန်စာရေးကြပြန်သည်။ စိတ်ချရေAာင်ဆိုပြီး ကြေးနန်းရိုက်၍ သတင်းပို့ကြသည်။
Uီးလှောင်တို့ကလည်း UီးေUယ်ကို ပင့္သည္ဟု ကြားရသဖြင့် ပျော်ရွှင်Aားတက်နေကြသည်။
Aကြိမ်ကြိမ်စာရေး၍ ကြေားနန်းပို့သော်လည်း ပြန်ကြားချက်ကို မရရှိကြသောAခါ
Aလိုတော်ရဂိုဏ်းမှ ဆရာတော်Aချို့ ရန်ကုန်မြို့သို့ ကိုယ်တိုင်လိုက်သွားကြပြီး
ဆရာတော်နှင့်UီးေUယျနှင့် တွေ့ဆုံကာ လျှောက်ထားတောင်းပန်ကြ၏။ Aမျိုးမျိုးလျှောက်ထားကြ
၏ ။ ခိုင်လုံသော Aကြောင်းပချက်မရှိဘဲနှင့် UီးေUယ်က ငြင်းလွတ်လိုက်သည်။ မန္တလေး၊ ပခုက္ကူစ
သည်မှ ပုဂ္ဂိုလ်များကို ပင့်ကြပါဟု လီးလွဲညွန်ကြားလိုက်သည်။ ခရစ်ယာန်ဘက်မှ
ဘုန်းကြီးလူထွက် ဓမ္မဆရာကြီးများ ပါလိမ့်မည်ဟူသော သတင်းကို UီးေUယ် ကြားသိပြီးဖြစ်ဟန်တူ
၏။
Aချင်းချင်းတော့ ဆော်ရသ
ဲ ည်
ထိုသည့် UီးေUယ် ကိုယ်တော်ကြီးကား နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် ခရစ်ယာန်နှင့်သာ ယှU်
ပြိုင် ဟောပြောခြင်း မပြုရဲသော်လည်း ကိုယ့်ဗုဒ္ဓဘာသာAချင်းချင်း ဘ၀တူရဟန်းချင်းကိုမူဆော်ရဲ
နှက်ရဲ၏ ။ ပိဋကတ်Aရာ မယှU်သာေAာင် မိမိထက် Aများကြီးသာလွန်သော Aရှင်Aာဒိစ္စာဝံသ
ဆရာတော်ကို ဂျူဗလီဟော ပကာသနီယျ Aစည်းAဝေးပွဲကြီး၌ ``ဘုန်းကြီး Uီးတူး ချီးလူးသည့် ပုံ
ပြင်´´ဖြင့် ရက်ရက်စက်စက် ဆော်နက်၍ ပွဲကျေAာင် ပြောဝံ့သူဖြစ်၏။
`လူပြန်တော်ပညာရှိတစ်Uီးကို ရေးခိုင်းပြီး သူက Aမည်ခက
ာံ နေစရာရှာမရ မလကကွင်းပြင် ပမာဒ
စာရင်းဝင်တယ် Aဖျင်းတွင်ထိပ်ဆုံး Aာဒိစ္စ ယောက်ဖကုလားနာရယ် ဘောက်ကျတာတွေ
လျှော့လိုက်ပါUီး ´ Aစရှိသော တေးထပ်ကဗျာကို သတင်းစာတွင် ထည့်ရဲသူ
Aာဇာနည်ပုဂ္ဂိုလ်ကြီးပေတည်း။
Aလိုတော်ရ ဂိုဏ်းဝင်ဆရာတော်များAား စိတ်ပမ်းလူနွမ်းဖြစ်ကြကာ ရန်ကုန်မှ ပြန်လာခဲ့ကြရ
၏။ မန္တလေး၊ပခုက္ကူ၊စသည် မြို့ကြီးများမှ ပြန်ကြားချက်ကို မျှော်လင့်ရန်သာ ရှိတော့သည်။
သို့သော်လည်း ထိုမြို့များမှ ပြန်ကြားချက်ကို မရခဲ့ပေ ။ UီးေUယျ၏ ငြင်းဆိုလိုက်ကြောင်းကို
ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးAား မလျှောက်ထားဘဲ ဖုန်းကွယ်၍ ထားကြ၏ ။ မောင်ေUယျ
မရောက်သေးဘူးလားဟု နေ့စU်မေးနေသောကြောင့် ကြာရှည်ဖုန်းကွယ်ထားရန် မဖြစ်နိုင်တော့ပေ၊
Aချိန်မှာလည်း တစ်ဖြေးဖြေး ကုန်သည်ထက်ကုန်လာ၍ ကဆုန်လဆန်းသို့ပင်
ဆိုက်ရောက်လာချေပြီ ။ ထို့ကြောင့် UီးေUယ် မလာနိုင်တော့ကြောင်းဖွင့်ဟ၍
လျှောက်ထားရတော့သည်။
ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးမှာ Aလွန်ပင် စိတ်မချမ်းမသာ ဖြစ်တော်မူရှာသည်။ တပည့်
ဆရာတော်များက မန္တလေး၊ပခုက္ကူ တို့မှ Aကြောင်းပြန်ကြားချက် မရရှိသေးကြောင်း မကြာမှီရမည်
ထင်ကြောင်းစသည်ဖြင့် စိတ်ချမ်းသာမှုရေAာင် လျှောက်ထားကြရသည်။ Aလိုတော်ရကျောင်းသို့
Aမြဲသတင်းမေးနေသော Uီးလှောင်တို့မှာလည်း UီးေUယ် မကြွရောက်နိုင်ကြောင်း
သိသွားကြသဖြင့် Aလွန်စိတ်Aားငယ်သွားကြသည်။ ဂိုဏ်းချူပ်ဆရာတော်ကြီးက ဖြစ်ေAာင်စီစU်
ပေးမှာပဲ ဟူ၍သာ တွေးတောပြီး စိတ်ကို ဖြေနေကြရသည်။
ခရစ်ယာန်တို့Aားတက်ပြီ
ခရစ်ယာန်တို့ကလည်း ရန်ကုန်၊ မန္တလေး ၊မော်လမြိုင်၊မေမြို့၊ တောင်ငူစသော မြို့များရှိ
ဂိုဏ်းAုပ်ဂိုဏ်းချူပ်များထံသို့ စာရေး၍၄င်း လူကိုယ်တိုင်သွားရောက်၍၄င်း၊ AကျိုးAကြောင်းရှင်း
ပြ၍ ဆွေးနွေးကြသည်။ ခရစ်ယာန်ဂိုဏ်းများကလည်း Aချင်းချင်း ဆွေးနွေး၍ ယှU်ပြိုင်မည့်
ပုဂ္ဂိုလ်ကို ရွေးချယ်ပေးကြသည်။ AဓိကယှU်ပြိုင်ရမည့် ပုဂ္ဂိုလ်များAပြင် Aထောက်Aကူပြု
ပုဂ္ဂိုလ်များ Aရံလိုက်ပါမည့် ပုဂ္ဂိုလ်များကိုပါ ရွေးချယ်ပေးသည့်Aပြင် ငွေကြေးများပါ
ဝိုင်းဝန်းကူညီ၍ ထောက်ပံ့ကြသည်။ ထို့ကြောင့် ဓမ္မဆရာUီးရွှေေAာင်နှင့် ခရစ်ယာန်Aုပ်စုမှာကျိန်း
သေနိုင်ပြီဟုတွက်ဆကာ ပျော်တပြုံးပြုံး မော်မဆုံးနိုင်ေAာင်ဖြစ်နေကြသည်။
မိမိတို့တာဝန်ယူထားရသည့် မဏ္ဍပ်Aစိပ်Aပိုင်းကို Aစွမ်းကုန် မွမ်းမံချယ်လှယ်နေကြသည်
ခရစ်ယာန်တို့ဘက်မှ ယှU်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်များစာရင်းတွင် Uီးရွှေမှန် ၊ Uီးသာဒင်(ရန်ကုန်)
Uီးသာဒင်(မန္တလေး)တို့၏ Aမည်များမှာ ထိပ်ဆုံးမှ ပေါ်ထွက်လာ၏ ။ Uီးရွှေမှန်သည် Aင်းစိန်ကျမ်း
စာသင်ကျောင်း ၊ ကျောင်းAုပ်ဆရာကြီးဖြစ်၏ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ A
ဖွဲ့ချူပ်ကြီး၏ နာယကကြီးလည်းဖြစ်၏ ။ ပါဠိပိဋကတ်Aရာတွင် ပထမကျော်ေAာင်ခဲ့သည့်
ဘုန်းကြီးလူထွက်ဖြစ်၏ ။ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာခဲ့သူဖြစ်၏ ၊ Uီးသာဒင်
နှစ်Uီးလုံးမှာလည်း ထိုခေတ်က ပထမကြီးတန်းေAာင်မြင်ခဲ့သော စာချဘုန်းကြီးလူထွက်များ
ဖြစ်ကြ၏ ။ ပိဋကတ်ကို ထုံးလိုချေ ရေလိုနောက်၍ မွှေနိုင်သူများဟု နာမည်ကျော်နေသူများ ဖြစ်ကြ
၏ ။ Uီးရွှေမှန်နည်းတူ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သူများ ဖြစ်၍
AဟောAပြော Aလွန်ပင်ကောင်းသည့် ခရစ်ယာန်ဓမ္မဆရာကြီးများဖြစကြသည်။
ဤပုဂ္ဂိုလ်ကြီး သုံးUီးသည် ဗုဒ္ဓဘာသာကို ယှU်ပြိုင်ချေဖျက်ရာ၌ စံပြစရာAကောင်းဆုံး ပုဂ္ဂိုလ်
ကြီးများပင်ဖြစ်သည်။ Aင်္ဂလိပ်စာပေ နှင့် သမ္မာကျမ်းစာများကိုပါ ကျွမ်းကျင်ကြသဖြင့်
ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို ကျွန်းကျင်သည့် ပုဂ္ဂိုလ်များဖြစ်သောကြောင့် မိမိတို့
ကျိန်းသေေAာင်ပွဲဆင်ရမည်ဟု ဓမ္မဆရာUီးရွှေေAာင်တို့ဘက်မှ ဟိန်းဟောက်ထားသည်မှာ ဟိန်း
ဟောက်လောက်ပါပေ၏ ။
ဂိုဏ်းချူပ်ဆရာတော်ကြီး၏ သောက
ဂိုဏ်းချူပ်ဆရာတော်ကြီးကား ဆွမ်းဘုU်းမပေးနိုင်သည်Aထိ ဗုဒ္ဓသာသနာတော်Aတွက်
စိတ်ထိခိုက်နေလေသည်။ ဗုဒ္ဓသာသနာတော်သည် စစ်မှန်သောဝါဒဖြစ်ပါလျှက် ယှU်ပြိုင်ဟောပြော
မည့်သူ မရှိသောကြောင့်သာ Aရေးနိမ့်ရလျှင် သာသနာတော်၌ Aသက်ရှင်လျှက်
နေဖို့ပင်မကောင်းတော့ ၊ သေသော်မတည့်ေAာ်… ကောင်း၏ ။ဟူသော Aဆင့်မျိုးသို့
ဆိုက်ရောက်နေချေပြီဟု တွေးတောကာ စိတ်မောနေရလေသဖြင့် Aဟာရကိုပင် ကောင်းစွာ
မဘုU်းပေးနိုင်တော့ချေ။
ပြိုင်ပွဲသတင်းကား မြန်မာပြည်Aလယ်ပိုင်းတစ်ဝိုက်နှင့် မြစ်ဝကျွန်းပေါ် ဟင်္သာတ
၊မြန်ေAာင်၊ ကြံခင်း ၊ ကနောင်ဘက်Aထိ ပြန့်နံ့၍ နေသည်။ ပြိုင်ပွဲရက်ကလည်း
တစ်နေ့ထက်တစ်နေ့ နီးကပ်၍ နေချေပြီ ။
ဓမၼေသာက ေAးရၿပီ
၁၂၉၈ ခု၊ ကဆုန်လဆန်း(၄)ရက်၊ ၁၉၃၆ ခု၊ Eပြီ (၂၃)ရက် ၊ ကြာသပတေးနေ့ ၊
ထိုနေ့ကား ရက်ပေါင်းများစွာ သောကရောက်နေရရှာသော Aလိုတော်ရ ဂိုဏ်းချူပ်ဆရာတော်ကြီး
Aဖို့ သောကထွက်ပြေး ဘ၀င်ေAးရမည့် နေ့ ဖြစ်ပေသည် ။
Aာလံ(ယခုေAာင်လံ)မြို့၊ ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းAုပ်ဆရာတော်ကလေး Aရှင်
မဟာနန္ဒသည် ၀က်ထီးကန်သို့ ကိစ္စတစ်ခုAတွက် ဆိုက်ရောက်လာသည် ၊ ၀ါဒယှU်ပြိုင်ပွဲကို ကြား
သိပြီး ဖြစ်သဖြင့် AခြေAနေကို စနည်းနာကြည့်ရာ မရေရာသော Aဖြေကိုသာ ရရှိသဖြင့် သတင်း
AတိAကျ သိရှိလိုသဖြင့် Aလိုတော်ရကျောင်းသို့ လာခဲ့သည်။ ဂိုဏ်းချူပ်ဆရာတော်ကြီးမှာ
မူလကပင် ဆရာတပည့်ပမာ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သဖြင့် AခြေAနေကို မေးမြန်းလျှောက်ထား
ကြည့်ရာ ယှU်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်မရရှိသေးသည့်Aကြောင်း သိရှိရလေတော့သည်။
``တပည့်တော်က UီးေUယ် ကိုယ်တော်ကြီး ခေါင်းဆောင် ဟောပြောမယ်၊
မန္တလေးနှင့်ပခုက္ကူက ကိုယ်တော်တွေလည်း ပါမယ်ဆိုတာနဲ့ေAးနေတာဘုရား ။ Aခုဒီရောက်မှပဲ
ဘယ်သူမှ မလာတော့ ဆရာတော်ရဲ့ တာဝန်ဖြစ်နေပြီဆိုတာ သိရတာပါဘုရား ´´
``……Aဲဒီ မောင်ေUယျတို့ မန္တလေး ၊ ပခုက္ကူတို့Aကြောင်း မပြောချင်တော့ဘူး ၊
မောင်နန္ဒရယ် ၊ ရက်ကလည်း နီးလှပြီ၊ Aဲဒါ မောင်နန္ဒ ကူညီနိုင်တယ် မဟုတ်လားကွယ်´´
``မှန်ပါ ကူညီနိင်ပါတယ် ၊ ဒါပေမဲ့ တပည့်တော် ကိုယ်တိုင်တော့ ၀င်ရောက်ဟောပြော
မှာ မဟုတ်ပါဘုရား´´
``ဘယ်လိုလည်းဟဲ့ မောင်နန္ဒရဲ့ မောင်ပဇင်းဟာက ကူညီနိုင်တယ်လည်း ဆိုသေးရဲ့
ရှင်းေAာင် လျှောက်စမ်းပါUီးကွယ်´´
`` တပည့်တော်ထက် တော်တဲ့ တပည့်တော်ရဲ့ ဆရာတော်တစ်ပါး ရှိပါတယ်ဘုရား´´
``ဘယ်သူတုန်းကွဲ့၊ ဘယ်မြို့ကလဲ´´
``မှန်ပါ……တောင်တွင်းကြီးမြို့ ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းAုပ်ဆရာတော်
Aရှင်Uက္ကဌပါဘုရား´´
``ေAာ် …..တောင်တွင်းကြီးကိုး…….Aနို့ သိက္ခာဝါ ဘယ်လောက်ရှိပြီလဲကွယ့်…
မောင်နန္ဒရဲ့ … ``သိက္ခာဝါ (၂၀) မပြည့်သေးပါဘုရား …..ဒီနှစ်လောက်မှ ပြည့်မယ်ထင်ပါတယ်၊
Aသက် (၃၉)နှစ်လောက်ရှိပါပြီဘုရား ´´
``စာပေ ပရိယတ္တိဘက်ကကောကွယ့်´´ ၊ ``Aသက်မကြီးပေမယ့် ပညာဂုဏ်တော့ မ
ငယ်ပါဘုရား ၊ ၀ိသုဒ္ဓါရုံတိုက်ထွက်ပါ ကိုယ်ရင်ဘ၀ကပဲ ပိဋကတ်သင်ရိုး ကုန်ပြီးတော့ ရဟန်းတစ်ဝါ
Aရမှာ စာချပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်ဘုရား´´
`` ပါဠိတော်တွေနှင့် Aဋ္ဌကထာကြီးတွေကော နိုင်နင်းရဲ့လား….. Aဲဒါက
Aရေးကြီးတယ်ကွယ့်´´ ၊ `` မှန်ပ…. ပါဠိတော်၊Aဋ္ဌကထာ ၊ဋီကာ ၊ Aနုမဓုယောဇနာဂဏ္ဍိ Aား
Aဓိပ္ပါယ်Aကောက်Aယူ ၊ စုတ်စောဒနာ ၊ သောဓနာ နည်းလေးဆယ် ၊ သံဝဏ္ဏနာ Uတ်ကောက်
Uပစာဆယ်ပါး ၊ နေတ္ထိနည်းAားလုံးကိုပဲ နိုင်နင်းကျွမ်းကျင်လှပါတယ်ဘုရား´´
``Aင်…ဒီလိုဆိုရင်.. ပိဋကတ်Aရာတော့ ကျမ်းဂန်စွယ်စုံ မှုံသောက်မာတင်
ပညာရှင်ကလေးပဲကွယ့်…. ဟို…ကုလားဖြူစာ ဘသန္တရကောတတ်ရဲ့လားကွဲ့´´
``မှန်ပါ……… ကုလားဖြူစာ Aင်္ဂလိပ်စာသာမက သက္ကဋဘာသာ ဟန္ဒီဘာသာ ဘင်္ဂါလီ
နာဂရီဘာသာ Aူရဒူဘာသာစတဲ့ ဘာသာစာပေ စကားများလည်း ဆရာတစ်ဆူ ပါဠဂူရောက်တတ်
မြောက်ကျွမ်းကျင်ပါတယ်ဘုရား ၊ Aနောက်ဘက် မဇ္မျိမ Aိန္ဒိယ နိုင်ငံမှာ (၇)ခုနှစ်ကျော်နေပြီး၊
ဆရာမျိုးစုံထံမှ သင်ယူခဲ့တာပါဘုရား´´….. သာဓု …..သာဓု ၀မ်းမြောက်ပါဘိတော့ မောင်နန္ဒရယ်၊
Aနို့….သူတို့ရဲ့ စာဖြူဘာသာကျမ်းတွေကော နိင်နင်းရဲ့လားကွယ့်´´
`` မှန်ပါ…စာဖြူဘာသာကျမ်းစာဖြစ်တဲ့ သမ္မာကျမ်းတွေတင်မကဘဲ ပသီဘာသာ၊
ကိုရ်ရန် ကျမ်းနှင့် ဟိန္ဒူဘာသာ မဟာဘာရတ စတဲ့ ကျမ်းကြီးတွေကိုပါ တတ်မြောက်နိုင်နင်းပါ
တယ်ဘုရား ၊ Aိန္ဒိယနိုင်ငံမှာ ဘာသာပေါင်းစုံဟောပြော ဆွေးနွေးပွဲတွေမှာလည်း ၀င်ရောက်ဟော
ပြောဆွေးနွေးခဲ့သူပါဘုရား၊ ဆရာတော်ဘုရားကြီး သတိမထားမိလို့ပါဘုရား၊ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်
ကိုးနှစ်လောက်က (လယ်တီတရားသတင်းစာကြီးထဲမှာ) ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဟိန္ဒူဘာ
သာ၊ ပသီဘာသာတွေရဲ့Aကြောင်း ဆောင်းပါးရေးခဲ့ပါတယ်ဘုရား….Aခုလည်း တိုးတက်ရေး မဂ္ဂ
ဇင်း ထဲမှာ စာဖြူတို့ ပသီတို့နှင့် Aပြိုင်Aဆိုင်ဆောင်းပါးတွေ ရေးနေပါတယ်ဘုရား သူ့ကိုဘယ်သူ
မှ နိုင်ေAာင် မရေးနိုင်ပါဘုရား´´
``ဟာ….ဒီAတိုင်းဆိုရင်တော့ ဒို့ ဗုဒ္ဓဘာသာဘက်ကေAာင်ပွဲခံပြီဟေ့ ၊ ၀မ်းသာလိုက်
တာ မောင်နန္ဒရယ်…. Aဲဒီကိုယ်တော်ဘွဲ့ ဘယ်သူကွယ့် ´´
`` ဆရာတော်Aရှင်Uက္ကဌ ပါဘုရား ´´
``ေAး….ေAး …Aဲဒီမောင်Uက္ကဌကို Aမြန်ဆုံးသာရေAာင် ပင့်ပေတော့ကွယ်၊ ဂိုဏ်း
သံဃာများလည်း မောင် မဟာနန္ဒ ကို လိုAပ်သမျှ Aားလုံး AကူAညီပေးကြကွယ့် ကြားလား…..
ကဲ ဟေ့ ငါ့ကိုဆွမ်းကပ်ကြစမ်း ၊ ဒီနေ့ သိပ်ပြီး စိတ်ချမ်းသာတယ်ကွယ် … ဆွမ်း ဘုU်းပေးတော့မယ်
Aခုမှပဲ ရင်ထဲက Aလုံးကြီးကျသွားတော့သကွယ်…။
Aရှင်မဟာနန္ဒ ရောက်ရှိလာသော သတင်းသည် Uီးပဇင်း ကိုရင် ကျောင်းသားများ မှ
တစ်ဆင့် ပြန့်နံ့သွားရာ Aလိုတော်ရရွာသာမက AနီးAနားရှိ ရွာများကပါ
လူ/ရှင်/ရဟန်းးတို့ရောက်ရှိလာကြသဖြင့် Aလိုတော်ရကျောင်းတွင် စည်ကားနေသည်။
Aရှင်မဟာနန္ဒမှာလည်း ဆရာတော်Aရှင်Uက္ကဌAကြောင်းပြောရ မေးသမျှဖြေရနှင့်
တစ်နေ့လုံးမနားရတော့ပေ ။ ညဘက်တွင်လည်း ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီး မေးမြန်းသမျှ ဖြေ
ကြားရ၏ ။ ဆရာတော်ဘုရားကြီးကား Aရှင်Uက္ကဌက ကဲ့သို့သော စွယ်စုံတိုက်စစ်မှူး တစ်Uီးကို ရရှိ
တော့မည်ဖြစ်၍ ၀မ်းသာရွှင်ပြနေလေသည်။ Aရှင်မဟာနန္ဒသည် ၀ါဒပြိုင်ပွဲ စာချူပ်မူရင်းကို
ကူးယူလိုက်ပြီး Aိပ်ရာသို့ ၀င်ခဲ့သည်။
Aရှင်မဟာနန္ဒ၏ ကြိုးပမ်းချက် --
နောက်တစ်နှစ်နံနက် စောစောတွင် Aရှင်မဟာနန္ဒသည် ဂိုဏ်းချူပ် ဆရာတော်ဘုရား
ကြီးAား ကန်တော့ခဲ့ပြီး ၀က်မြေတောရွာသို့ ထွက်ခဲ့သည်။ ၀က်မြေတောကျောင်းတွင် ဆွမ်းစားပြီး
နောက် လှည်းဖြင့် တည်တွတ်လမ်းခွဲသို့ သွားသည်။ ပြည်မြို့မှ ထွက်လာသော
တောင်တွင်းကြီးသွား ခရီးသည်တင် ဘတ်စ်ကားကို စီးပြီး တောင်တွင်းကြီးမြို့သို့ တိုက်ရိုက်ပင်
ထွက်ခဲ့သည်။ Aာလံ(ယခုေAာင်လံ)မြို့ရှိ မိမိ၏ကျောင်းသို့ပင် မ၀င်တော့ပေ ၊ ဆရာတော် Aရှင်
Uက္ကဌနှင့် တွေ့ဆုံရန်မှာ Aဓိက ဖြစ်နေသည်။ Aရှင်Uက္ကဌသည် ဗုဒ္ဓသာသနာတော်Aတွက် ဟော
ပြောပွဲဆိုလျှင် မည်သည့်Aခါမှ မငြင်း နေရာမရွေး လိုက်လေ့ရှိကြောင်း Aရှင်မဟာနန္ဒ သိပြီးဖြစ်ပါ
၏ ။ သို့သော် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်း၌ ရှိ/မရှိ မိမိမသိ ၊ ဆရာတော်သည် ကျောင်း
ပိတ်ရက်တွင် Aခြားမြို့ရွာများက ပင့်ဖိတ်လျှင် ကြွသွားလေ့ရှိသည်။
ယနေ့ပင် ကဆုန်လဆန်း (၅)ရက်နေ့ဖြစ်နေပြီ ၊ပြိုင်ပွဲရက်မှာ ကဆုန်လဆန်း(၁၂) ရက်
ဖြစ်နေသဖြင့် (၇)ရက်တာမျှသာ Aချိန်ရှိတော့သည်။ Aကယ်၍ တောင်တွင်းကြီးမြို့တွင်
ဆရာတော် မရှိလျှင် ဆရာတော်ကြွရာ မြို့သို့ ဖြစ်သည့်နည်းဖြင့် လိုက်၍ ပင့်ရUီးမည်။
(၇)ရင်Aတွင်းဆိုလျှင် Aချိန်မှီနိုင်ပါသေး၏ ။ သည်ထက် ရက်နည်းလျှင်တော့ မှီဖို့မလွယ် ၊
မမှီလျှင် စာချူပ်Aရ ဗုဒ္ဓဘာသာဘက်က Aလိုလို ရှုံးပေတော့မည် ။ သည်နေ့ တောင်တွင်းကြီးကို
ရောက်မှဖြစ်မည် ။ ဤAတွေးဖြင့် တိုက်ရိုက်လာခဲ့ရာ ညနေ(၃)နာရီတွင် တောင်တွင်းကြီးမြို့၊
နေရှင်နယ်ကျောင်းသို့ ရောက်ရှိပြီး ဆရာတော်နှင့်Aဆင်သင့်ပင် တွေ့ဆုံရာ ၀မ်းမြောက်မှုမှာ
Aတိုင်းAဆမရှိပင် ဖြစ်ရပါသည်။
တိုက်ပွဲAတွက် လက်နက်စုပြီ
ဆရာတော်Aရှင်Uက္ကဌသည် ဒကာတစ်Uီးနှင့် ဗုဒ္ဓ၀ါဒရေးရာကို ဆွေးနွေးနေရာ
Aရှင်မဟာနန္ဒသည် ဆရာတော်Aား ရှိခိုးUီးချပြီးနောက် ၀င်ရောက်နားထောင်နေ၏ ။
ဆရာတော်နှင့် Aရှင်မဟာနန္ဒတို့၏ ဆက်ဆံရေးမှာ ဆရာတပည့် သီတင်းသုံးဖေါ် Aပေါင်းAသင်း
ဆက်ဆံရေးဖြစ်၏ ။ တစ်Uီးနှင့်တစ်Uီး Aကြားတွင် ဘာAဟန့်Aတား Aဆင့်Aတန်း
Aားနာစရာဟူ၍ မရှိ ၊ Aရှင်မဟာနန္ဒကလည်း ဆရာတော် Aကြောင်းကို သိပြီးဖြစ်သည်။
ဗုဒ္ဒ၀ါဒနှင့် Aမျိုသားရေးမှတစ်ပါး AခြားAရာကို ဆရာတော်Aရှင်Uက္ကဌ မငှဲ့ညာမှန်းလဲ သိပြီးဖြစ်
၍ ဆွေးနွေးခန်းပြီးေAာင် ထိုင်၍ နားထောင်နေသည်။
ဆွေးနွေးခန်းပြီးသောAခါတွင်မှာ ကျောက်ကွင်းAရေးတော်ပုံ၏ Aကြောင်းကို
Aသေးစိတ်လျှောက်ထား၍ မိမိကူးယူလာသော စာချူပ်ကို ဆက်ကပ်လေသည်။ ဆရာတော်သည်
စာချူပ်ကို သေချာစွာဖတ်ရှုပြီးနောက် နာယကဆရာတော် Aရှင်ဇ၀နကို Aခေါ်ခိုင်း၍
AကျိုးAကြောင်း ပြောပြသည်။ ဆရာတော်Aရှင်ဇ၀နကမှတစ်ဖန် ဆရာUီးကိုကိုကြီးနှင့်
ဆရာတော် Uီးကွန့်တို့ကို ခေါ်ခိုင်းလိုက်ရာ ၊မကြာမှီရောက်လာကြသည်။ စာပြဆရာ
Uီးပဇင်းများလည်း ရောက်လာကြသည်။ ထိုAထဲတွင် ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာခဲ့
သိ Aင်္ဂလိပ်ကပြာ Aရှင်Aရိယဓမ္မလည်း ပါဝေလေသည်။
ဆရာတော်သည် မိမိ၏Aခန်းတွင်း၌ Aသစ်ရှိနေသော သမ္မာကျမ်းစာမူဟောင်းမူသစ်
မျာ သမ္မာကျမ်းစာAဖွင့်ကျမ်းများ ဘာသာရေးဝေဖန်ထားသည့် မဂ္ဂဇင်းများနှင့် ယုဒသန်
ဘာသာပြန် သမ္မာကျမ်းစာများကို ထုတ်ပေး၍ မည်သည့်ကျမ်း မည်သည့်Aခန်းက
မည်သည့်စာပိုဒ်ကို ကူးဟု ညွန်ကြားပေးသည်။ ကျမ်းAမည် စာပိုဒ်ရေ စာမျက်နှာ
စာကြောင်းရေတိုပကိုလည်းေAာက်ဘက်တွင် AတိAကျ ရေးကူးခိုင်းသည်။
ဆရာတော်ကိုယ်တိုင် တေးမှတ်ထားပြီးသော စာAုပ်များဖြစ်၍ ရှာဖွေသူများသိပ်ပြီးမပင်ပမ်းလှပါ။
ဒီလူမျိုးနှင့်တွေ့ချင်တာ
Aင်္ဂလိပ်ဘာသာစာကို ဆရာUီးကိုကိုကြီးနှင့် Aရှင်Aရိယဓမ္မတို့က ရေးကူး၍
မြန်မာဘာသာစာကို ဆရာကြီးUီးကွန့်က ရေးကူးသည် ။ Aရှင်မဟာနန္ဒသည်
ဆရာတော်Aရှင်Uက္ကဌ ညွန်ကြားနေသမျှကို ဘာတစ်ခုမျှ ၀င်ရောက်ပြောဆို ဝေဖန်ခြင်းမပြုဘဲ၊
ဝမ်းသာသော မျက်နှာထားဖြင့် ကြည့်နေသည်။ ဆရာတော်၏ Aရည်Aချင်းကို သိပြီးဖြစ်သည်။
Aကြွင်းမဲ့ ယုံကြည့်ထားပြီးဖြစ်သည်။ ခရစ်ယာန်ဘာသာစာပေတို့ကိုသာ ရေးကူးခိုင်းခြင်းသည်၊ A
ကြောင်းရှိ၍သာ ဖြစ်မည် ၊ ဖွတ်မြီး ဖွတ်ချည်သည့် သဘောပေလား။ မိမိUာဏ်မမှီိုနိင်
ပိဋကတ်ကျမ်းများကား ဆရာတော်Uီးနှောက်တွင် ရေးကူးပြီးဖြစ်လိမ့်မည် ၊ သို့သော်Aရှင်မဟာနန္ဒ
က စကားတစ်ခွန်းတော့ ဆရာတော်Aား လျှောက်ထးလိုက်သည်။
``ရစ်ယာန်ဘက်က ပထမကြီးတန်း ပထမကျော်တန်းေAာင်ထားတဲ့ ဘုန်းကြီးလူထွက်
သင်းAုပ်ဆရာကြီးတွေ ဓမ္မဆရာကြီးတွေပါတယ်တဲ့ ဆရာတော်… Aဲဒါတော့
ဆရာတော်ကြိုတင်သိထားေAာင် လျှောက်ထားတာပါ။ ´´
``Aဲဒါ သာပြီးကောင်းတာပေါ့ ကိုယ်တော်´´ ´´မှန်ပါ….Aမိန့်ရှိပါဆရာတော် ´´
`` ပါဠိမတတ်တဲ့ ခရစ်ယာန်ကျမ်းသက်သက်ကိုသာ တတ်တဲ့လူမျိုးနဲ့ ယှU်ပြိုင်ပြောလို့
တပည့်တော်တို့ ကနိုင်Uီးတော့ ၊ ပါဠိမတတ်လို့ ခံလိုရတယ်ဆိုတာမျိုး ဖြစ်နေUီးမယ်။
တပည့်တော်ကလည်း Aဲဒီဘုန်းကြီးလူထွက် ခရစ်ယာန်မျိုးနှင့် တွေ့ချင်ဆုံချင်နေတာ
Aတော်ပဲကိုယ်တော် ´´။ ``ဘာဖြစ်လို့လည်းဆရာတော်´´
Aဲဒီလိုလူမျိုးတွေက Uသြလည်းမဟုတ် ၊ ကျီးကန်းလည်းမဟုတ်တဲ့
(ေAာက်ကလိAာ)ဆိုတဲ့ လူမျီူးတွေ ပိဋကတ်ကို ကုန်စင်ေAာင် နိက်နိုက်ချွတ်ချွတ် တတ်မြောက်
ထားတာလည်း မဟုတဘူ။ ။ လေ့လာထားတာလည်း မဟုတ်ဘူး ၊ ပါဠိတတ်တာနဲ့ ပိဋကပ်ကျမ်းစာ
Aနည်းAကျU်း သင်ဖူးတာကို သူတို့ကို သူတို့ ပိဋကတ်ပါရဂူလို့ ထင်နေကြတာ။ ပထမကြီး ပထမ
ကျော်ေAာင်တာကို Aဟုတ်ကြီးမှတ်နေကြတာ ၊ Aကြီးမားဆုံးချွက်က ဝေဖန်ဆန်းစစ်မှု
မရှိကြဘူး။ Aဲဒီလို Uာဏ်မျိုးလည်း မရှိကြဘူး ။ဇိနတ္ထ ပကာသနီလောက် တထာဂတ Uဒါန
ဒီပနီလောက်ကို Aပြစ်ပြောနိုင်တာကို ဟုတ်လှပြီထင်နေကြတာ။ ဗုဒ္ဓ၀ါဒ Aစစ်Aမှန်ကို သူတို့နား
မလည်ကြပါဘူး ဒီAထဲ Aဆိုးဆုံးတစ်ခု ရှီသေးတယ် ´´၊ ``မှန်ပါ ဘယ်ဟာပါလည်းဘုရား´´
``ကိုယ့်ယုံကြည်ချက်ကို ငွေကြေးနဲ့ Aခွင့်Aရေးနဲ့ လှဲလည်ရောင်းစားပစ်လိုက်တဲ့
Aချက်ပေါ့ကိုယ်တော် ၊ တပည့်တော်တို့ ပါဠိစာပေမှာ (Uဒရဟေတု)၀မ်းရေးဟူသော Aကြောင်း
ကြောင့် ခရစ်ယာန်ဘက် ပြောင်းသွားတဲ့လူတွေ ကိုယ်တော်….ခရစ်ယာန်ကလည်း AပေးAကမ်း
Aချီးမြောက် Aလွန်ရက်ရောတယ်မဟုတ်လား… ဒီကြားထဲ ထိုခရစ်ယာန်Aင်္ဂလိပ်Aစိုးရကလည်း
နောက်ခံရှိနေလေတော့ Aခွင့်Aာဏာပါ ရှိနေကြတာပေါ့ ။ ရာထူးနှင့် မြှားပြီးဆွယ်လို့
ခရစ်ယာန်ဖြစ်သွားကြတာ တစ်ပုံကြီးပဲ တပည့်တော်တို့ရဲ့ တောင်ခွင်သာသနာပိုင်
ဆရာတော်ကြီးရဲ့ တူတစ်ယောက်ဆိုရင် ရာထူးကြီးရတာနဲ့ ခရစ်ယာန်ဘက်ဝင်သွားတယ်။
ဟော.. သူ့သားတွေ Aင်္ဂလန်ပြန်ဘွဲ့တွေ ဘာတွေနဲ့ …..Aခုရန်ကုန်တက္ကသိုလ်မှာ
ပါမောက္ခတောင် ဖြစ်နေတယ်။ ဒါကြောင့် တပည့်တော်က Aဲဒီလို ဗုဒ္ဓဘာသာကို စွန့်ပြီး
ခရစ်ယာန်ဘက်ဝင်သွားလူ များများပါစေချင်နေတာ ။ ပြောရတာလည်း Aားနာစရာမလိုဘူး။
မခက်ပါဘူးကိုယ်တော်…. သူတို့ကAိန္ဒိယမှာ တပည့်တော်တွေ့ဆုံကြုံကြိုက်ခဲ့ရတဲ့ ခရစ်ယာန်ပါရဂူ
ကြီးတွေလောက်မတောပါဘူး။ Aဲဒီလူတွေကိုယ်တောင် Aနိုင်ကြဲနိုင်ခဲ့သေးတာပဲဟာ ။
တပည့်တော်ကတော့ ဆရာတော်ကို ယုံကြည့်ပြီးသားပါဘုရား ..´´။
ထိုနေ့ညက ဒုတိယကျောင်းAုပ် နာယကဆရာတော် Aရှင်ဇ၀နဆရာတော်၏
စီစU်ပေးချက်Aရ နေရှငနယ်ကျောင်းAပ်ါထပ်တွင် Aုပ်ချူပ်ရေးAဖွဲ့ဝင် ရဟန်းတော်များ
ဆရာများ ကိုရင်ကြီးများ ကျောင်းသားကြီးများဖြင့် စည်ကားနေသည်။ Aရှင်မဟာနန္ဒက
ရောက်လာကြသူများAား ကျောက်ကွင်းဝါဒပြိုင်ပွဲAကြောင်းကို Aသေးစိတ်ပြန်လည် ပြောပြနေရ
သည်။ Aားလုံးမှာ ဆရာတော်ကိုယ်တိုင် Uီးဆောင်ပြောမည်ကို သိရသောAခါ Aလွန်Aားတက်၍
ကျေနပ်နှစ်သက်နေကြသည်။
ဆရာကြီး Uီးကွန့် ၊ ဆရာUီးကိုကိုကြီးနှင့် Aရှင်Aရိယဓမ္မတို့သည်
ဆရာတော်ညွန်ကြားသည့် စာများကို ခေါင်းစU်တွဲ၍ ရေးကူးနေကြသည်။
ဆရာတော်ကမူ Aရှင်ဇ၀နAမှူးပြုသော နာယက ဆရာတော်များနှင့် သွားလာရေး
ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေလေသည်။ ၀ါဒပြိုင်ပွဲသို့ လိုက်ချင်သူက များနေသည်၊ သွားလာ
ရေး စရိတ်စကနှင့် တည်းခိုနေထိုင်ရေး Aဆင်ပြေနိုင်ရန်Aတွက် AကျU်းရုံးရန် ဆုံးဖြတ်ပြီး
ငါးUီးသာ လိုက်ပါရန် Aတည်ပြုလိုက်ကြသည်။ Aဖွဲ့ခေါင်းဆောင်မှာ ဆရာတော်Aရှင်Uက္ကဌ
Aတွင်းရေးမှုးမှာ ဆရာUီးကိုကိုကြီးဖြစ်၍ ဆရာကြီး Uီးကွန့်က ဆရာတော်Aားကူညီရန် ၊ Aဖွဲ့ဝင်
Aဖြစ် Aရှင်Aရိယဓမ္မ (Aင်္ဂလိပ်ကပြား) ၊ နှင့်Aရှင်သုတတို့ လိုက်ပါကြရန် စုစုပေါင်းငါးUီးသာ
သွားကြရန် Aတည်ပြုလိုက်ကြသည်။
ခရီးAစီAစU်
ထို့နောက် Aရှင်မဟာနန္ဒနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကြွရောက်မည့် AစီAစU်ကိုေAာက်ပါ
Aတိုင်းရေးဆွဲ သတ်မှတ်ကြသည်။
ဗုဒ္ဓသာသနာတော်Aတွက် Aသက်စန
ွ့်ရသ
ဲူ
Aရှင်မဟာနန္ဒ၏ ခရီးစU်ကား လွန်းပြန်ခရီးစU်ဖြစ်၍ Aလွန်ပင်ပမ်း ခရီးကြမ်းလှပါသည်၊
သို့သော် Aရှင်မဟာနန္ဒကား ဗုဒ္ဓသာသနာတော်ကို Aလွန်ချစ်မြတ်နိုးသည့်
ဗုဒ္ဓသာသနာပြုကျောင်း (Aာလံ) ကျောင်းAုပ်ဆရာတော်ဖြစ်၍ ပင်ပမ်းသည်ဟုပင် မထင်ပေ။
ဆရာတော်Aရှင်Uက္ကဌကို ကိုယ်တိုင်တွေ့ရပြီး ဆရာတော်ကိုယ်တိုင် Uီးဆောင်ဟောပြောမည်
ဟူသော ကတိကို ရရှိသဖြင့် Aလွန်ကျေနပ် ၀မ်းသာနေသည်။ ခရီးကြမ်းပါစေ ၊ ပင်ပမ်းပါစေ၊
ဗုဒ္ဓသာသနာတော်Aတွက် Aသက်သေချင်သေပါစေ ။ ဟုပင် ဆုံးဖြတ်ထားပြီးဖြစ်၏ ။
နောက်တစ်နေ့ နံနက်တွင် Aရှင်မဟာနန္ဒသည် မိမိရေးဆွဲထားသော ခရီးစU်Aတိုင်း
တောင်တွင်းကြီးမြို့မှာ ထွက်ခဲ့၍ Aလိုတော်ရကျောင်းသို့ Aရောက်သွားပြီး ဆရာတော်ဘုရား
ကြီးAား Aကြောင်းစုံ လျှောက်ထားသည် ။ ဆရာတော်ဘုရားကြီး၏ ၀မ်းမြောက်မှုကား
ဆိုဘွယ်ရာ မရှိပြီ ၊ ထိုနောက် ကျောက်ကွင်းရွာသို့ ထွက်ခဲ့ပြီး Uီးလှောင်နှင့်
ဗုဒ္ဓဘာသာဝင်လူကြီးများAား Aကြောင်းစုံကို ပြောကြားသည်။ ဗုဒ္ဓဘာသာဝင်လူကြီးများ၏
ဝမ်းသာမှုမှာလည်း Aတိုင်းAတာမရှိပြီ ၊ ထိုနောက် Aလိုတော်ရကျောင်းတွင် ကျိန်းစက်ပြီး
Aာလံသို့ ပြန်၍ ဆရာတော်တို့Aဖွဲ့ကို စောင့်မျှော်နေခဲ့သည် ။
Aရှင်မဟာနန္ဒ ပြန်ကြွသည့်နေ့တွင် နေရှင်နယ်ကျောင်းသို့ နတ်မှီတောရဆရာတော်
Uီးကလျာဏ၊ ညီမ ။ ကောင်းမှုကျောင်းဆရာတော်Uီးကေလာသနှင့် ဆရာတော်Aချို့
သတင်းကြား၍ လာရောက်မေးမြန်းကြသည်။ ဆရာတော်Aရှင်Uက္ကဌက Aကြောင်းစုံကို
ပြောပြရာ မိမိတို့လည်းလိုက်မည်ဟု ပြောကြသည်။ ဆရာတော်က မိမိAား Aရှင်မဟာနန္ဒက
Aလိုတော်ရဂိုဏ်းသံဃာများက ထောက်ပံ့လိုက်သည့် ငွေကျပ် ငါးဆယ်ကို ခရီးစရိတ်Aဖြင့်
ပေးပါကြောင်း မိမိတို့ငါးUီးတည်းသာ သွားမည်ဟု ဆုံးဖြတ်ထားသဖြင့် စရိတ် ငါးကျပ်ကိုသာ
မိမိလက်ခံ ယူလိုက်ကြောင်း တည်းခိုရေးစသည်Aတွက် ၀န်မတက်စေလိုသဖြင့် ငါးUီးတည်း
သာ သွားမည်ဟု ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ နတ်မှီဆရာတော် Uီးကလျာဏ
က မိမိစရိတ်ဖြင့် လိုက်မည် လက်ခံပါဟု Aတင်းAကြပ် တောင်းဆိုသဖြင့် လက်ခံလိုက်ရလေ
သည်။
ထိုနေ့ တစ်နေ့လုံး ဆရာတော်နှင့် Aရှင်Aရိယဓမ္မ ဆရာကြီး Uီးကွန့် ဆရာUီးကိုကို
ကြီးတို့မှာ ခရစ်ယာန်ဘာသာနှင့်ပတ်သက်သည့် မှတ်စုမှတ်တမ်းများကို ရေးကူးရင်း Aလုပ်
ရှုပ်နေကြသည် ။ ထိုAချိန်တွင် ဆရာတော်Aရှင်Uက္ကဌAား ရှုတ်ချခဲ့ကြ ၊ ကြU်ပယ်ခဲ့ကြသော
နေရှင်နယ်ကျောင်းတွင် မိမိတို့၏ သားသမီးများကို ကျောင်းထားလျှင် ထားသည့်ဒကာ ဒကာမ
တို့Aား သပိတ်မောက်မည်ဟု ခြိမ်းခြောက်ရဲသည့် သတ္တိထူး ရှိတော်မူကြသော တောင်တွင်း
ကြီး မြို့မှ သာသနာ့Aာဇာနည် ဆရာတော်တို့ကား တုတ်တုတ်မျှ မလုပ်ကြ ၊ သတင်းကြားသိ
သော်လည်း မသိဟန်ဆောင်နေကြသည်။ ချီးကျူးကြည်ညိုဖွယ် သာသနာ့Aာဇာနည်သူရဲ
ကောင်းကြီးတို့ပေတည်း။
ဗုဒ္ဓသာသနာAဖွဲ့ ခရီးထွက်ပြီ
Eပြီလ(၂၈)ရက်နေ့တွင် ဆရာတော်Aရှင်Uက္ကဌ ခေါင်းဆောင်သော Aဖွဲ့ဝင်(၆)Uီးပါ
ဝင်သည့် ဗုဒ္ဓဘာသာAဖွဲ့သည် မည်သည့်Aခမ်းAနား Aဆောင်Aယောင်မျှ မပါဘဲ စာAုပ်
တစ်ထုတ်နှင့် လွယ်Aိတ်ကိုယ်စီ လွယ်လျှက် ခရီးသည်တင် ဘတ်စ်ကားဖြင့်ပင် တောင်တွင်း
ကြီးမြို့မှ Aာလံမြို့သို့ စတင် ခရီးထွက်ခဲ့ကြသည်။ နံနက်(၉)နာရီတွင် Aာလံသို့ ရောက်ရှိရာ၊
ကားဂိတ်တွင် Aရှင်မဟာနန္ဒနှင့် ရဟန်း သုံးလေးပါး၊ ကျောင်းသား သုံးလေးUီးတို့ ကြိုဆိုနေ
ကြသည်ကို တွေ့ကြလေသည် ။ ထိုနေ့တွင် Aာလံမြို့။ ဗုဒ္ဓသာသနာပြုကျောင်း Aရှင်မဟာ
နန္ဒထံတွင် ရပ်နားကြသည်။ ထိုAချိန်က ဆရာတော် Aရှင်Uက္ကဌသည် ဘားမားဂျာနယ်။ တိုး
တက်ရေး မဂ္ဂဇင်းတို့တွင် Aမျိုးသားရေးနှင့်၊ ဘာသာရေးဆောင်းပါးများကို ရေးနေရာ။ Aာလံ
မြို့မှာ စာပေလိုက်စားသူတို့က ကြားဖူးနေကြသည်။ ။ ဆရာတော်ရောက်လာကြောင်း ကြား
သိရသောAခါ လာရောက်ဖူးမျှော်ပြီး မေးမြန်းလျှောက်ထားကြရာ ။ ဆရာတော်ကလည်း ပြန်
လည်ဖြေကြားလေသည်။
မြ၀တီလူထက
ွ်ကြီး ဆရာAုန်း
တစ်ချိန်က တရားပွဲများဖြင့် Aုတ်Aုတ်ကျက်ကျက် စည်ကားကျော်ကြားခဲ့သော
စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးသည့် နိုင်ငံကျော် ဓမ္မကထိက။ ၀ိပဿနာနည်းပြ ,မြ၀တီ
ဆရာတော်ဟူသော ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ဖူးသည်။ ။ ထိုဆရာတော်သည် လူထွက်
ပြီးသည့် နောက်ပိုင်း Aာလံမြို့တွင်၍ လာရောက်၍ Aခြေချနေထိုင်သည်။ ။ Aမည်ကား
ဆရာကြီး UီးAုန်း။ ။ ထိုဆရာကြီးသည် ဆရာတော်Aရှင်မဟာနန္ဒနှင့် ရင်းနှီးကျွမ်းဝင်၍
ကျောက်ကွင်းဝါဒ ပြိုင်ပွဲAကြောင်းကို Aလုံးစုံ သိရှိပြီးဖြစ်သည်။ ။ သူသည်လည်း ဗုဒ္ဓသာသ
နာကို ချစ်မြတ်နိုးသူတစ်Uီး ဖြစ်၍ ၊ ဗုဒ္ဓဘာသာဘက်က နိုင်စေချင်သည်။ ပိဋကတ်စာပေ
တတ်ကျွမ်းသူဖြစ်၍ ပိဋကတ်စာပေတစ်ချို့တွင် ချို့ယွင်းချက်များ ရှိနေသည်ကိုလည်း မကျေ
နပ်သူ ဖြစ်သည်။ ဤချို့ယွင်းချက်များကို ထောက်ပြ၍ ၊ ခရစ်ယာန်တို့က Aနိုင်ယူသွားမည်
ကိုလည်း စိုးရိမ်သည်။
ထို့ကြောင့် ဆရာတော်Aရှင်Uက္ကဌနှင့် တွေ့ဆုံဆွေးနွေးပြီး ပြိုင်ပွဲAတွက် ကြိုတင်
လေ့ကျင့်ရန် ဆုံးဖြတ်ပြီး ဆရာတော်ထံသို့ ရောက်လာခဲ့သည်။
တိုက်ပွဲလေ့ကျင့်ခန်း
ဆရာတော်နှင့် Aလ္လာပ သလ္လာပ Aနည်းငယ်ပြောကြားပြီးနောက်၊ ဆရာကြီးUီးAုန်း
က ပိဋကတ်တော်များAကြောင်းကို စတင်ဆွေးနွေးသည်။ ဆရာတော်ကလည်း ပြန်လည်
ဆွေးနွေးသည် ``ဆရာတော် Aခုသွားပြီး ယှU်ပြိုင်ဟောပြောရမယ့် ကိစ္စက Aတော်မလွယ်
ဘူး ထင်တယ်ဘုရား။ တစ်ဖက်ကလည်း ပိဋကတ်စာပေတတ်ကျွမ်းတဲ့ ဘုန်းကြီးလူထွက်ကြီး
တွေ ပါတယ်ဆိုတာကိုး ။ တပည့်တော် စောစောက လျှောက်ထားခဲ့သလို ပိဋကတ်တော်ထဲမှာ
ရှေ့ - နောက်မညီညွတ်တာတွေ ။ Aစပ်Aဟပ်မတဲ့တာတွေက ကွက်ကြားကွက်ကြားပါနေ
တာဘုရား။ Aဲဒါတွေဟာ ဘုရားဟောတွေပဲဆိုပြီး သူတို့က ထောက်ပြဝေဖန်ရင် ဆရာတော်
ကဘယ်လို ခေပမလဲဘုရား´´ ။ ``Aဲဒီလိုဆိုတော့လည်း.. ဖွတ်မြီးနှင့် ဖွတ်ချည် ဆိုတာမျိုး
လို သူဝေဖန်တဲ့ မေးတဲ့Aထဲကပဲ Aဖြေပြန်ရှာပြီး ချေပရမှာပေါ့ ဒကာကြီးရယ်´´။ ``သိပ်ပြီး
မလွယ်ဘူးထင်တယ် ဆရာတော် ´´၊ ``ဒါကကိုယ်လက်ခံယုံကြည်ဖို့မှ မဟုတ်တာဘဲဟာ။
ပြေလည်ေAာင် ရှင်းပြရမယ့်သဘော သက်သက်ဆိုတော့ Aဲဒီ ပိဋကတ်စာပေတွေကိုပဲ ပြန်
ပြီးခံတပ် လုပ်ရမှာပေါ့ ဒကာကြီးရယ်´´။ ``ဒါဖြင့်ရင်….ဒီလို့လုပ်ဘုရား၊ တပည့်တော်က ခရစ်
ယာန်ဘက်ကနေပြီး ပိဋကတ်တော်နဲ့ တရားတော်တွေကို ဝေဖန်မယ်၊ Aဲဒါဆရာတော်က သူ့
ဟာနဲ့သူပြေေAာင် ပြန်ပြီး ချေပကြည့်စမ်းပါ ဆရာတော် ။ တိုက်ပွဲAတွက် လေ့ကျင့်ခန်းမျိုး
ပေါ့ဘုရား။ ဘယ့်နှယ်လည်း ဆရာတော်´´။
``သိပ်ကောင်းတာပေါ့ ဒကာAုန်းရာ၊ ဒါမှ Uီးပဇင်းလည်း ဟိုမှာ တကယ်ဝေဖန်ချေ
ပတဲ့Aခါ တက်နည်း ၊ဆုတ်နည်း၊ ကွေ့နည်း ၊၀ိုက်နည်း ၊ တိုက်နည်းတွေ Aကျင့်ရတာပေါ့ ´´၊
``ပွဲမ၀င်ခင် ပြင်ကကျင်းပဆိုသလို ၊ ဇာတ်တိုက်ကြည့်တဲ့ သဘောပေါ့ ဆရာတော်´´၊ ``လုပ်
လေ၊ ကဲ…….ကြာတယ် စလေဗျာ ဒကာAုန်း ´´။
ဤတွင်ဆရာAုန်းသည် ပိဋကတ်တွင် တွေ့ရှိရသော ပျော့ကွက်ဟာကွက်များကို
စတင်ထိုးနှက်၍ တိုက်ခိုက်ဝေဖန်လေတော့သည်။ ဆရာတော်ကလည်း Aညံ့မခံဘဲ ပြန်လှန်
၍ ခုခံချေပသည်။ ဆရာကြီးUီးAုန်းသည် ပိဋကတ်စာပေကို နိုက်နိုက်ချွတ်ချွတ် လေ့လာထား
သူဖြစ်သည်။ စာမှတ်မဟုတ်ဘဲ ၊ တကယ့်စာတတ်ဖြစ်သည်။ မြ၀တီဆရာတော်ဘ၀ မြန်မာနိုင်
ငံ တစ်နံတစ်လျား တရားပွဲကြီးများကိုပင်ေAာင်မြင်စွာ ဟောပြောခဲ့သူဖြစ်၍ စကားလည်း
တတ်လှသည်။ Aပြောလည်း ကောင်းးလှသည်။ Aနယနယ်Aရပ်ရပ်တွင် ရဟန်း/ရှင်လူမျိုးစုံ
နဲ့ တွေ့ထိခဲ့ရ၍ မေးခွန်းပေါင်းစုံနှင့်လည်း ရင်ဆိုင်ခဲ့ရဖူးသူဖြစ်သည်။
ဆရာတော်နှင့် ဆရာကြီး UီးAုန်းတို့၏ ပိဋကတ်တိုက်ပွဲကား သူရဲကောင်းနှစ်Uီး စီး
ချင်းထိုးသည့်ပွဲနှင့်ပင် တူတော့သည်။ တစ်Uီးက တင်လိုက်၊ တစ်Uီးကချေပလိုက်။ Aထောက်
AထားAကိုးAကားများ ပြလိုက်နှင့် ပါဠိတော် ၊ Aဋ္ဌကထာ ၊ ဋီကာ ၊Aနုမဓု ယောဇနာ ၊ ဂဏ္ဍိ
စုံတကာစိ ပြည့်ဝလှဘိသည်။ ဘေးမှနားထောင်နေသည့် ပရိသတ်တွင် Aသက်မရှုနိုင်ေAာင်
ဖြစ်ရသည်။ ယခုခေတ်ကဲ့သို့ ရီကော်ဒါ ကက်ဆက်တို့ ပေါ်ပေါက်သည့် Aခါသာ ဖြစ်ခဲ့လျှင်
Aသံဖမ်းထားလိုက်ပါက ဗုဒ္ဓသာသနာAတွက် Aလွန်Aကျိုးရှိမည့် ပိဋကတ်စစ်တမ်းကြီးကို
ရရှိပေလိမ့်မည်။ ဆရာAုန်းမှာလည်း ပြောရင်းပြောရင်း စိတ်ပါလာကာ၊ မရပ်မနား ၊ ဒလစပ်
တိုက်ခိုက်ဝေဖန်နေရာ နေ့လည်မှသည် ညနေ ထမင်းစားချိန်တိုင်ေAာင် ကြာမြင့်လာခဲ့ရာ
Aိမ်သို့ပင် မပြန်တော့ချေ ။ Aရှင်မဟာနန္ဒ ၀ယ်ကျွေးသည့် ခေါက်ဆွဲကျော် စားချိန်လောက်
သာ Aနားယူလေသည်။
ညနေစာ စားပြီးနောက် ဆက်လက်၍ ဆွေးနွေးဝေဖန်ပြန်သည်။ ည (၁၂)နာရီAချိန်
ရောက်သော်မှ နံနက်ဆက်ရမည့် ခရီးAတွက် နတ်မှီဆရာတော် Uီးကလျဏက သတိပေး
တော့မှ ပင် ဆရာAုန်းမှာ မချင့်မရဲနှင့် Aဆုံးသတ်ရပ်လိုက်ရသည်။
``တပည့်တော် ခုလို ဝေဖန်တာကို ဆရာတော်က မဆိုင်းမတွ သွက်သွက်လက်လက်
နှင့် Aထောက်Aထား ခိုင်ခိုင်လုံနဲ့ ချေပနိုင်တာကို ကြားရတော့ …Aဲ….ဟိုပွဲမှာ ဆရာတော်
နိုင်ပြီလို့ တပည့်တော်ကျိန်းသေ ပြောရဲတယ်ဘုရား။ ဆရာတော်နိုင်မှာ သေချာပါတယ်။
ဟိုဘုန်းကြီးလူထွက် ခရစ်ယာန်တွေဟာ တပည့်တော်Aခုလို ဝေဖန်သလောက် မဝေဖန်နိုင်ပါ
ဘူး ။ တပည့်တော်တော့ Aရှင်ဘုရားနဲ့ ဗုဒ္ဓဘာသာAတွက် စိတ်ချပြီဘုရား၊ Aခုမှပဲ ရင်ေAး
ရတော့တယ်။ ၀မ်းသာလှပါတယ်ဘုရား´´။ ဟုပြောရင်း ဆရာတော်Aား Uီးကုန်းချ၍ ကန်
တော့လေသည်။
Aလိုတော်ရရွာသို့
Eပြီလ (၂၉)ရက်နေ့တွင် ဆရာတော်Aရှင်Uက္ကဌနှင့်Aဖွဲ့သည် မြ၀တီဆရာကြီး Uီး
Aုန်းပို့လှူသည့် ဆွမ်းကို Aရှင်မဟာနန္ဒ၏ ဗုဒ္ဓသာသနာပြုကျောင်းတွင်ပင် ဘုU်းပေးပြီး နေ့
လည် (၁၂)နာရီတွင် Aာလံမှ ထွက်ခဲ့သည်။ Aရှင်မဟာနန္ဒလည်း လိုက်ပါလာခဲ့သည်။
ဝက်ထီးကန်သို့ ညနေAချိန်ရောက်သည် ၊ ၀က်မြေတောကျောင်းတွင် စတည်းချကြသည်။
ဝက်မြေတောကျောင်းတွင် Aလိုတော်ရဂိုဏ်းဝင် သံဃာAပါး(၃၀)ခန့် ရောက်ရှိနေကြသည်။
ဝက်ထီးကန်မြို့တွင်းမှာ ဒကာ/ဒကာများလည်း ရောက်ရှိလာကြသည်။ ဆရာတော်သည်
ရဟန်းရှင်/လူ/ပရိသတ်တို့Aား ခရစ်ယာန်ဘာသာပေါ်ပေါက်လာပုံ သမ္မာကျမ်းစာများ
Aကြောင်းနှင့် ဂိုဏ်းကွဲပုံတို့ကို AကျU်းချူပ်၍ ဟောပြောသည်။
နောက်တစ်နေ့ Eပြီလ(၃၀)ရက် ၊နံနက်(၅)နာရီAချိန်လောက်တွင် Aလိုတော်ရ
ဂိုဏ်းဝင် ဆရာတော်များ တစ်ကျောင်းလျှင် လှည်းတစ်စီးကျစီနှင့် လာရောက်ကြိုဆိုကြရာ
လှည်းAစီးပေါင်းတစ်ရာကျော်ရှိသည ၊ နေမထွကမှီပင် ဆရာတော်Aရှင်Uက္ကဌနှင့်Aဖွဲ့ စီးနင်း
လိုက်ပါသော လှည်းကို ရှေ့ဆုံးမှထား၍ သံဃာတော်များ စီးသည့် လှည်းAစီးတစ်ရာကျော်
လှည်းတန်းကြီးသည် ၀က်ထီးမြို့တွင်းမှ ဖြတ်၍ Aလိုတော်ရရွာဘက်သို့ Uီးတည်
မောင်းနှင်လာရာ တစ်မြို့လုံး AုံးAုံးကျွက်ကျွက် ထွက်၍ ကြည့်ကြသည်။ ကားဂိတ်တွင် ကော်
ဇောခင်းထားသော လှည်းAစီးသုံးဆယ်ခန့်ကို တွေ့ကြရသည်။ ပြည်မြို့မှ ခရီးဆက်လာမည့်
ခရစ်ယာန်ဓမ္မဆရာAဖွဲ့ကို ကြိုဆိုရန် စောင့်ဆိုင်းနေသည့် UီးရွှေေAာင် ခေါင်းဆောင်သည့်
ခရစ်ယာန်တို့၏ လှည်းAုပ်စုဖြစ်လေသည်။
နံနက်(၆)နာရီခန့်တွင် Aလိုတော်ရ ဂိုဏ်းချူပ်ကြီး၏ ကျောင်းသို့ ဆရာတော်Aရှင်
Uက္ကဌတို့Aဖွဲ့ ရောက်ရှိကြ၍ ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးAား ရှိခိုးဝတ်ပြုကြလေသည်။
ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီး၏ ၀မ်းမြောက်မှုကား Aတိုင်း Aတာမရှိပင် ဖြစ်တော့သည်။
ဆရာတော်Aရှင်Uက္ကဌ၏ ပုခုံးပေါ်လက်တင်၍ နင့်လိုဖွယ် သာရဏိယ ကထာများကို မြွက်
ကြားနေလေသည်။
ဝါဒပြိုင်ပွဲ မဏ္ဍပ်သို့
ထို့နောက်ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီး Uီးဆောင်သော လှည်းတန်းကြီးသည်
ကျောက်ကွင်းရွာ ၀ါဒပြိုင်ပွဲ မဏ္ဍပ်ဆီသို့ Uီးတည်ထွက်ခွာလာကြသည်။ နံက် (၉)ကျော်တွင်
ရောက်ရှိပြီး မဏ္ဍပ်ကြီးAတွင်းရှိ ဗုဒ္ဓဘာသာဘက်သံဃာစU်ပေါ်တွင် ဒကာများက ပင့်ဆောင်
နေရာချထားပေးကြသည်။ ဗုဒ္ဓဘာသာဝင်များ Aထူးပင် ရွှင်လန်းဝမ်းမြောက်နေကြသည်။ ရွာ
သူကြီး Uီးလှောင်နှင့် ဗုဒ္ဓဘာသာဝင်စိတ်ေAးရပေသည်။ Uီးလှောင်၏ နှမများဖြစ်ကြသည့် ဒေါ်
ေAး၊ ဒေါ်ခတို့ ခေါင်းဆောင်၍ သံဃာတော်များAတွက် ဆွမ်းကွမ်းဝေယျာဝစ္စကို ချွေးတစ်လုံး
လုံးနှင့် စီမံချက်ပြုတ်နေကြသည်။ သူတို့ကား ဗုဒ္ဓသာသနာတော်Aတွက်မို့ ပင်ပမ်းသည်ဟုမ
ထင်။ ရွှင်ပျဝမ်းသာစွာ Aားတက်သရော လုပ်ကိုင်နေကြသည်။ သံဃာတော်များကို
မြင်ရသည့်Aပြင် သာသနာ့Aာဇာနည်ဘွဲ့ထူး ချီလောက်သည့် တောင်တွင်း ဆရာတော်
Aရှင်Uက္ကဌကိုယ်တိုင် ၀ါဒပြိုင်ပွဲ ဆင်နွဲမည်ဟု ကြားသိရသောကြောင့် Aားတက်နေကြသည်။
ဗုဒ္ဓသာသနာAတွက် Aသက်ပင် သေစေတော့ဟူသော စိတ်ဓါတ်ဖြင့် Aပင်ပမ်းခံ၍ လုပ်ကိုင်
ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ဆရာတော်များ ဆွမ်း ဘုU်းပေးပြီးAချိန်တွင် ဗုဒ္ဓဘာသာဝင် ဒကာAချို့ရောက်လာ
ကြ၍ ခရစ်ယာန်ခေါင်းဆောင်ဆရာများက ဟောပြောပွဲAတွက် ညှိနှိုင်းဆွေးနွေးလိုကြောင်း
လျှောက်ထားသည်။ ထို့နောက် ကျောက်ကွင်းရွာ မှာ ဓမ္မဆရာUီးရွှေေAာင်ရေးသားသော ဗုဒ္ဓ
ဘာသာစစ်တမ်းဟူသော စာAုပ်ကလေးကို ဆက်ကပ်ကြသည်။
ထိုနေ့ညနေဘက်တွင် ခရစ်ယာန်ဓမ္မဆရာခေါင်းဆောင်များ လာရောက်၍ ဆရာ
တော်ကို နှုတ်ဆက်သည် ။ သူတို့သည် သာယာဝတီ UီးေUယ်ကို တွေ့ရမည်ဟု ထင်မှတ်ထား
ကြရာ ယခုမူ တောင်တွင်းဆရာတော် Aရှင်Uက္ကဌကို တွေ့ကြရသောAခါ Aလွန်ပင် Aံ့Aား
သင့်နေကြလေသည်။ သို့သော် သူတို့သည် တိုးတက်ရေး မဂ္ဂဇင်းတွင် ဆရာတော်၏ ဆောင်း
ပါးများကို ဖတ်ဖူးကြသည်။ လူချင်းတစ်ကြိမ်မျှပင် မတွေ့ဖူးကြပေ။
စကားAနည်းငယ်ပြောဆိုကြပြီးနောက် ဟောပြောပွဲAတွက် သဘောတူညီချက်များ
ရေးဆွဲရန် လျှောက်ထားရာ ဆရာတော်Aရှင်Uက္ကဌက ခရစ်ယာန်ခေါင်းဆောင်များ ကြိုက်နှစ်
သက်သလို ရေးဆွဲရန် လွဲAပ်လုက
ိသည်၊ ခရစ်ယာန်ခေါင်းဆောင်တို့ကေAာက်ပါစည်းမျU်း
များကို ရေးဆွဲတင်ပြကြသည်။
ဟောပြောပွဲ လိုက်နာရာစည်းမျU်း
(၁) နံနက်(၇)နာရီတွင် ယှU်ပြိုင်ဟောပြောပွဲကို စတင်ဖွင့်လှစ်ရန်။
(၂) သဘာပတိAဖြင့် ခရစ်ယာန်တို့ဘက်မှတစ်Uီး ဗုဒ္ဓဘာသာဘက်မှတစ်Uီး ၊ နှစ်Uီးတင်ရန်။
(၃) (၇)နာရီမှ (၇း၁၅)နာရီAထိ ခရစ်ယာန်သဘာပတိက မိန့်ခွန်းပြောရန် (၁၅)မိနစ်။
(၄) (၇း၁၅) မှ (၇း၃၀)Aထိ ဗုဒ္ဓဘာသာဝင် သဘာပတိက မိန့်ခွန်းပြောရန်(၁၅)မိန်စ်။
(၅) (၇း၃၀)မှ (၈း၁၅)မိနစ်Aထိ ခရစ်ယာန်တို့ဘက်မှ ဗုဒ္ဓဘာသာကို ဝေဖန်ဟောပြောရန်။
(၄၅)မိနစ်။
(၆) (၈း၁၅)မှ (၉)Aထိ ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာကို ဝေဖန်ဟောပြောရန်။
(၇) (၉)နာရီမှ(၁၂)နာရီAထိ ဟောပြောပွဲကြီးကို ရပ်နားထားရန်။
(၈) နေ့လည်(၁၂)နာရီတွင်ဟောပြောပွဲကို ပြန်လည်ဖွင့်လှစရ
် န်။
(၉) (၁၂)နာရီမှ နေ့ (၂)နာရီAထိ ဗုဒ္ဓဘာသာဘက်မှ ဝေဖန်ဟောပြောရန်Aချိန်(၂)နာရီ။
(၁၀) နေ့(၂)နာရီမှ ညနေ(၄)နာရီAထိ ခရစ်ယာန်ဘက်မှ ဝေဖန်ဟောပြောရန် ။ ။
(၁၁) ညနေ(၄)နာရီတွင် နှစ်ဘက်သော သဘာပတိများ လက်မှတ်ရေးထိုးထားသော ဟော
ပြောပွဲ ရုပ်သိမ်းစာကို ဖတ်၍ ဟောပြောပွဲကြီးပြီးဆုံးကြောင်းကြေညာရန်။
ဆရာတော်Aရှင်Uက္ကဌက သဘောတူလက်ခံ၍ လက်မှတ်ရေးထိုးပေးလိုက်သည်။
ညနေဘက်တွင် ပြည် ၊ ပေါင်းတည် ၊ ရွှေတောင်စသည့် Aရပ်ဒေသများမှ သံဃာတော်Aချို့
လှည်းများနှင့် ရောက်လာကြသည်။ ထိုAထဲတွင် တောင်ငူမြို့၊လောကုတ္တရာသိမ်ကုန်းဆရာတော်
Aရှင်ကုဏ္ဍလလည်း ပါလာလေသည်။
Aလိုတော်ရဂိုဏ်းသံဃာတော်များနှင့် ဂိုဏ်းချူပ်ဆရာတော်ကြီးကပါ သဘောတူနှစ်
သက်ကြသဖြင့် ဟောပြောပွဲကြီးတွင် ဗုဒ္ဓဘာသာဝင်တို့ဘက်မှ သဘာပတိ လုပ်ရန် တောင်ငူ ဆရာ
တော်Aားရွေးချယ်လိုက်ကြသည်။ ဆရာတော်Aရှင်Uက္ကဌသည် နက်ဖြန်ပွဲ သဘာပတိမိန့်ခွန်း
(၁၅)မိနစ် စာကို လောကုတ္တရာဆရာတော်နှင့် တိုင်ပင်ဆွေးနွေး၍ AစီAစU်ပြုလုပ်နေကြသည်။
မဏ္ဍပ်ကြီး၏ ပတ်ဝန်းကျင် ခပ်လှမ်းလှမ်းတွင်ကား နက်ဖြန်ပွဲကြီးAတွက် ရောင်းချရန်
စားသောက်ဆိုင်များ၊ လဘက်ရည်ဆိုင်များ ၊ဈေးဆိုင်များဖြင့် စည်ကားနေလေသည်။ ခရစ်ယာန်ဆ
ရာကြီးများကလည်း ဓမ္မဆရာUီးရွှေေAာင်၏ နေAိမ်တွင် ဗုဒ္ဓဘာသာကို ဆော်နှက်ရန် ဗုဒ္ဓ၀င်နှင့်
ဗုဒ္ဓကျမ်းစာ Aချို့မှ Aချက်Aလက်များကို စုပေါင်းတိုင်ပင်၍ ရှာဖွေထုတ်နှုတ် မှတ်သားချက်များ
ကို ရေးကူးနေကြသည်။ Aထူးသဖြင့် ``လောကမျက်မှန်´´ စာစောင်တွင် ပါရှိသော ဆရာတော်
UီးေUယျ၏ ရေးသားချက်များကို Aဓိကထား၍ ထိုးနှက်ကြရန် မှတ်သားနေကြသည်။ Aရှင်Uက္ကဌ
သည် UီးေUယျကဲ့သို့ ပြောဆိုလိမ့်မည်ဟု ယူဆနေကြဟန်ရှိသည်။ ဤAတိုင်းဆိုလျှင် သူတို့ဘက်
က နိုင်ဘို့သေချာပြီ။ ဤသို့ တွက်ဆ၍ ပြောနေရာ ခရစ်ယာန်ပရိသတ်နေမှာ Aလွန်တက်ကြွနေ
ကြလေသည်။
Aရှင်Uက္ကဌ၏ Aကြောင်းနှင့် Aရည်Aချင်းတို့ကို တိတိကျကျ မသိရှိကြဘဲ Aထင်A
မြင်သေးနေခြင်းသည် သူတို့Aဖို့ နောက်တစ်နေ့တွင် မဟာAမှားကြီးဖြစ်ကြောင်း တွေ့မြင်ကြရပေ
တော့မည်။
ဝါဒပြိုင်ပွဲကြီး
ဤနေ့ကား မြန်မာနိငင
်ံ ဗုဒ္ဓသာသနာသမိုင်းတွင် မွန်ကွန်းတင်ရမည့်နေ့ဖြစ်သည်။
ခရစ်ယာန်တို့၏ ဖန်ရှင်းဆင် Iဿရ နိမ္မာန၀ါဒနှင့် ဗုဒ္ဓမြတ်စွာ၏ Aနတ္တ၀ါဒတို့ ယှU်ပြိုင်ကြမည့်
နေ့ကြီး ဖြစ်သည်။ ထောင်သောင်းမကသော ပရိသတ်ကြီး၏ ရှေ့မှောက်တွင် တရားဝင် ယှU်ပြိုင်
ဟောပြောကြခြင်းဖြစ်၏ ။ တစ်ဘက်နှင့်တစ်ဘက် ပဋိပက္ခ မဖြစ်ကြဘဲ ပျော်ပျာ်ပါးပါးကြီး ယှU်ပြိုင်
ဟောပြောကြရာ ဤပြိုင်ပွဲမျိုးကား မြန်မာနိုင်ငံသမိုင်းတွင် တစ်ကြိမ်တည်းသာ ပေါ်ပေါက်ခဲ့ဖူးသည့်
ပထမနှင့်နောက်ဆုံး ယှU်ပြိုင်ဟောပြောပွဲကြီးဖြစ်သည်။
ပရိသတ် တစ်သောင်းကျော်
ထိုနေ့ Aရုဏ်တက်ချိန်မှစ၍ ကျောက်ကွင်းရွာ ပတ်ဝန်းကျင်ရှိ ရွာများမှ ကျောက်ကွင်း မ
ဏ္ဍပ်ကြီးဆီသို့ Uီးတည်၍ လာနေကြသော လှည်းသံ ။ လူသံ တို့မှာ ဆူညံ၍ နေကြသည်။ဝက်ထီး
ကန်မြို့မှ ခြေလျှင် လာကြသော လူတန်းကြီးမှာလည်း Aဆက်မပြတ် ဖြစ်နေကြသည်။
နံနက်(၅)နာရီခွဲ Aချိန်တွင် မဏ္ဍပ်ကြီးတစ်လုံး ပြည့်သွားလေသည်။ နောက်ထပ်ရောက်လာကြ
သောလှည်းများနှင့် လူများမှာ မဏ္ဍပ်Aပြင်ဘက် ပတ်ဝန်းကျင်တွင် နေရာယူကြရသည်။ Aချို့မှာ
ထိုင်ဖို့ပင် နေရာမရ၍ မတ်တပ်ရပ်နေကြရလေသည်။ ရွှေတောင်၊ ပြည်၊ပေါင်းတည်၊ ပေါင်းတလည်၊
ပေါက်ခေါင်း ၊ မြန်ေAာင်၊ ဟင်္သတ စသောရပ်ဝေးဒေသမှ လူများပါ လာရောက်ကြသဖြင့် ပရိသတ်
တစ်သောင်းကျော်ရှိမည်ဟု ခန့်မှန်းရလေသည်။
သံဃာစU်ပေါ်တွင်လညး Aာဂန္တုက ရဟန်းများနှင့် Aလိုတော်ရဂိုဏ်းဝင် သံဃာတော်
များပါ နောက်ထပ် ရောက်ရှိလာကြသဖြင့် စုစုပေါင်း သံဃာတော် နှစ်ရာကျော်ဖြစ်သွားသည်။
ရန်ကုန်မှ ညွန်ကြားချက်Aရ ပြည်မြို့မှ ရာဇ၀တ်ဝန်ကြီး Uီကြင် တရားသူကြီးနှင့် ပုလိပ်များသည်
လာရောက်၍ စောင့်ရှောင့်ပေးနေကြသည်။ မဏ္ဍပ်Aနီးတွင်ယာယီစခန်းဖွင့်၍ Aရာရှိများကပါ
စောင့်ရှောက်ပေးနေကြသည်။
ပြိုင်ပွဲကြီးစပြီ
(၇)နာရီထိုးရန် ငါးမိနစ်Aလိုတွင် ခရစ်ယာန်ခေါင်းဆောင်များက သံဃာစU်၏Aရှေ့
မဏ္ဍပ်Aတွင် မြေပြင်ပေါ်၌ စီတန်းခင်းထားသော ကုလားထိုင်များပေါ်သို့ သွားရောက်ပြီး စီ၍ ထိုင်
နေကြသည်။ ဗုဒ္ဓဘသာAဖွဲ့ဝင်များကလည်း မြောက်ဘက်ခြမ်းရှိ သံဃာစU်ရှေ့ မြေပေါ်တွင် တန်း
စီခင်းထားသည့် ကုလားထိုင်များပေါ်သို့ သွားရောက်ထိုင်ကြသည် ၊ သဘာပတိများAတွက် နေရာ
ကို နှစ်ဘက်ခေါင်းဆောင်များ၏ Aတန်းAလယ်တွင် စားပွဲတစ်လုံးချ၍ စားပွဲ၏ တစ်ဘက်တစ်
ချက်တွင် ကုလားထိုင်တစ်လုးံ စီ ချထားလေသည်။
သဘာပတိများ၏ စားပွဲရှေ့တွင် ခုံမြင့်တစ်ခု ချထား၍ ခုံမြင့်၏ရှေ့တွင် စာပွဲတစ်လုံးရှိသည်
စားပွဲပေါ်တွင် ရေချိုက် ၊ ဖလ်ခွက်နှင့် စားပွဲတင်နာရီတစ်လုံးကို တင်ထားသည် သဘာပတိ၏
စားပွဲပေါ်တွင်လည်း ရေချိုက်နှင့်နာရီတစ်လုံးစီ ရှိသည်။
(၇)နာရီတိတိAချိန်တွင် ခရစ်ယာန်သဘာပတိ Uီးရွှေမှန်နှင့် ဗုဒ္ဓဘာသာသဘာပတိ ဆရာ
တော်Uီးကုဏ္ဍလတို့သည် သဘာပတိများနေရာသို့ ကြွရောက်လာကြပြီး နေရာယူထိုင်ကြသည်။
Uီးရွှေမှန်က ၀ါဒယှU်ပြိုင်ဟောပြောပွဲဖွင့်လှစ်ကြောင်းကြေညာ၍ သဘာပတိမိန့်ခွန်းကို စတင်ပြော
ကြားသည်။
Uီးရွှေမှန်သဘာပတိမိန့်ခန
ွ်း
ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနှင့် ပရိသတ်Aပေါင်းတို့ခင်ဗျား။ Aား
လုံးဟာ ဒီနေ့ဒီနေရာမှာ ဘုရားသခင်Aလိုတော်Aရ လာရောက်စုဝေးနေကြရပါသည်။ Aများသိ
ကြတဲ့Aတိုင်း ဒီပွဲဟာ ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာ ဘယ်ဟာက ကောင်းတယ် ၊ မှန်တယ်၊
ဆိုတာကို ယှU်ပြိုင်ဟောပြောကြမှာဖြစ်ပါတယ် ၊ Aဲဒီလို ဟောပြောတဲ့Aခါမှာ တစ်ဘက်ဘာသာ
က တစ်ဘက်ဘာသာရဲ့ ချို့ယွင်းချက်ကို ထုတ်ဖေါ်ပြီး ပြောရပါလိမ့်မည် ၊ ဝေဖန်ရပါလိမ့်မည်။
တစ်ဘက်နှင့်တစ်ဘက် Aနိုင်ပြောကြရမှာဆိုတော့ တစ်ခါတစ်ရံပြင်းထန်တာ ပါခြင် ပါသွားပါလိမ့်
မယ်။ Aဲဒါကို ကြိုတင်ပြီး သိထားပါမှ နားထောင်တဲ့ ပရိသတ်က ခွင့်လွတ်နိင်ကြမှာပါ။ နှစ်ဘက်
ဟောပြောမယ့် ပုဂ္ဂိုလ်များကလည်း ယU်ယU်ကျေးကျေး ပြောကြပါလိမ့်မယ်။ တစ်Uီးနှင့်တစ်Uီးမုန်း
တီးနေကြတဲ့သူတွေ မဟုတ်တဲ့Aတွက် ပုဂ္ဂိုလ်ရေး ပုတ်ခတ်ကြမှာမဟုတ်ပါဘူး။ ၀ါဒရေး၊ ဘာသာ
ရေးများကိုသာ ပြောကြမှာပါ။ Aထူးသဖြင့် ခရစ်ယာန် ပရိသတ်များကို ပြောလိုပါတယ်။ ခရစ်တော်
ဟာ Aလွန်ယU်ကျေးသိမ့်ပြီးတော့ သူရဲ့တရားတော်ဟာ သူ့ကို ကားစင်တင်ပြီး သတ်တဲ့သူတွေ
ကို တောင်မှ ခွင့်လွတ်တော်မူခဲ့ပါတယ်။ Aဲဒီရေရှုခရစ်တော်ရဲ့ ဖြစ်ရပ်ကို စံနမူနာထားပြီး
ယU်ကျေးကြပါ။ သီးခံကြပါ၊ မခံချင်စိတ်၊ ဒေါသစိတ်မထားကြပါနဲ့။ ဒါမှလည်း ခရစ်ယာန်ကောင်း ပီ
သပါတယ်။ တစ်ဘက်ပုဂ္ဂိုလ်က ဟောတာကို ဗုဒ္ဓဘာသာဝင်ရော၊ ခရစ်ယာန်ဘာသာဝင်တွေကပါ
ေAးေAးဆေးဆေး လေးလေးစားစား နားထောင်ကြဖို့ မေတ္တာရပ်ခံပါတယ် ၊ ထာဝရဘုရားနှင့်
ရေရှုခရစ်တော်၏ မေတ္တာသည် AားလုံးAပေါ် လွမ်းခြုံကြရောက်ပါစေ။ စသည်ဖြင့် Uီးရွှေမှန်က
သဘာပတိမိန့်ခွန်း ပြောကြားသည်။
Uီးကုဏ္ဍလ၏ သဘာပတိမိန့်ခွန်း
Aလိုတော်ရဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်Aရှင်မြတ်များ ဗုဒ္ဓဘာ
သာဝင် ဒကာ/ဒကာမများနှင့် ခရစ်ယာန်ဘာသာဝင် ဒကာ/ဒကာမAပေါင်းတို့ ……..
Uီးပဇင်းတို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားဟာ မိမိAားကိုးကွယ်သည်ဖြစ်စေ ၊ မကိုးကွယ်သည်ဖြစ်
စေ၊ မိမိညွန်ပြဟောပြောသော တရားဒေသနာကို လိုက်နာကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်
ဖြစ်စေ လူမျိုးမရွေး ဆူကြုံနိမ့်မြင့်မရွေး Aားလုံးသော သတ္တ၀ါများAပေါ် မဟာကရုဏာတော်ကို
ထားတော်မူပါတယ်။ Aားလုံးကို သားတော်Aရင်း ၊ ရာဟုလာနဲ့မခြား တတန်းတစားတည်း ထား
ပြီး တပြေးညီ သဘောထားပြီး ဒုက္ခမှ လွတ်မြောက်ရာ၊ လွတ်မြောက်ကြောင်း တရားဒေသနာများ
ကို ဟောဖေါ်ညွန်၍ သြ၀ါဒပေးတော်မူခဲ့ပါတယ်။ ကိုယ်တော်တိုင်လည်း မြင့်မြတ်စင်ကြယ်တဲ့A
ကျင့် စာရိတ္တရှိပြီးတော့ သတ္တ၀ါများကိုလည်း မြင့်မြတ်ကြီးမားသော မေတ္တာတရားထားတော်မူခဲ့ပါ
တယ်။ ကိုယ်တော်တိုင် သီးခံတော်မူတယ်၊ ခန္တီ ပရမံ တပေါ တိတိက္ခာ Aစရှိသည်Aားဖြင့် သည်း
ခံခြင်းဟာ Aလွန်မွန်မြတ်တဲ့ Aကျင့်ဖြစ်ကြောင်းဟောတော်မူခဲ့ပါတယ်။ ဗြဟ္မစိုရ်တရားလေးပါးမှာ
မေတ္တာကို AUီးထားပြီး ဟောတော်မူခဲ့ပါတယ်။ ဗုဒ္ဓရဲ့တပည့်သားဖြစ်ကြတဲ့ ပုဂ္ဂိုလ်ဟာ သီးခံတတ်
ရမယ်၊ မေတ္တာထားတတ်ရမယ်၊ စိတ်သဘောထား နူးညံ့သိမ်မွေ့ရတယ်။ ဗြဟ္မစိုရ်တရားလေးပါး
နှင့် ခွင့်လွတ်တတ်ရတယ်။ ခုနင်က ဆရာတော်ကြီး Uီးရွှေမှန်ပြောသလိုပေါ့လေ ။ ယှU်ပြိုင်ဟော
ပြောပွဲဆိုတော့ မိမိရဲ့ဘာသာAယူဝါဒ ကောင်းမွန်မှန်ကြောင်း Aမွန်းတင်ပြီးတော့ သူတစ်ပါးဘာ
သာရဲ့ ချို့ယွင်းချက်တွေကို ဝေဖန်ကြမှာမို့  နှစ်ဘက်စလုံးက ဟောပြောတာကို သေသေချာချာ
နားထောင်ပြီးတော့ ယူသင့်ယူထိုက်တာ၊ ပယ်သင့်ပယ်ထိုက်တာတွေကို မိမိရဲ့ ကိုယ်ပုင
ိAသိ
Uာဏ်နဲ့ စU်းစားဆုံးဖြတ်ပြီးမှ မိမိနှစ်သက်ရာကို ယူကြပါရန် AလေAနက် မေတ္တာရပ်ခံလိုပါတယ်
ဒကာ/ဒကာမAပေါင်းတို့ ……..စသည်ဖြင့် မြွက်ကြားလေသည်။