AUN

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 5

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်းဖွဲ့ စည်းခြင်း

နိဒါင်း။ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ဒီင်္မိုကရေစီအနှစ်သာရနှင့်


ပြည့်စုံသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် တိုင်းရင်းသားများ
ညီညွတ်ရေးသည် လွန်စွာမှ အရေးကြီးလှပေသည်။အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်တကွ ကမ္ဘာ့ ကုလသမဂ္ဂ ကပါ မြန်မာနိုင်ငံတွင်
အရှည်သဖြင့်ငြိမ်းချမ်းသာယာရေးအတွက် လက်ရှိအာဏာရ စစ်အစိုးရ၊ရွှေးကောက်ပွဲ့ အနိုင်ရပါတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်တကွ တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သော အဖွဲ့ အစည်း
သုံဦးသုံဖလှယ် ဆွေးနွေးအဖြေရှာမှသာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းနူင်မည်ဟု
ယုံကြည်ကြသည်။
ထိုကြောင့် ပြည်တွင်းပြည်ပရှိတိုင်းရင်းသားများသည် သုံပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး
အဖြေရှာနိုင်ရန်သော်လည်းကောင်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးနိုင်ရန်
သော်လည်းကောင်း စည်းလုံညီညွတ်စွာဖြင့် တိုက်ပွဲဝင်တောင်းဆိုသွားရန် လွန်စွာမှပင်
အရေးကြီးပါသည် ။ ပြည်ပတွင်ရောက်ရှိနေသော တိုင်းရင်းသားများသည်လည်း ပြည်တွင်း အဖွဲ့ အစည်း
များနှင့် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်ရန်အတွက် စနစ်ကျသော အဖွဲ့ အစည်းတရပ်
ပေါ်ပေါက်ရန်လိုအပ်သည့်အလျှောက် ဂျပန်နိုင်ငံတွင်လည်း ညီညွတ်သောတိုင်းရင်းသား အဖွဲ
့အစည်းတရပ် ပေါ်ပေါက်ရန်မှာ မလွဲမသွေလိုအပ်လာပါသည်။ ထိုအဖွဲ့ ဖြစ်ပေါ်ရန်အတွက် သက်ဆိုင်ရာ
တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပေသည်။

ပဏာမ အစည်းအဝေးခေါ်ယူခြင်း။
ညီညွတ်သောတိုင်းရင်းသားအဖွဲ့ အစည်းဖွဲ့ စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ
တိုင်းရင်းသားအဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မကြာခဏ အလွတ်သဘောတွေ့ ဆုံခြင်းဖြစ်
လည်းကောင်း အစည်းအဝေးများခေါ်ယူတွေ့ ဆုံခြင်းဖြင့် ဤအသင်းဖြစ်မြောက်ရေးကို
ကြိုးစားခဲ့ကြပါသည်။

ဖွဲ့ စည်းခြင်း ။
(က) ရည်ရွယ်ချက် ။ ။ ညီညွတ်သောတိုင်းရင်းသားအဖွဲ့ အစည်းကို အောက်ဖေါ်ပြပါ ရည်ရွယ်
ချက်များကို အကောင်အထည်ဖေါ်နိုင်ရန်အတွက် ဖွဲ့ စည်းခဲ့ပါသည်။
(၁) တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေနှင့်ယဉ်ကျေးမှုကို ဖေါ်ဆောင်ရန်။
(၂) မြန်မာနိုင်ငံသားတိုင်း လူ့ အခွင့်အရေးပြည့်ဝစွာ ခံစားခွင့်ရရှိရေးနှင့် တိုင်းရင်းသားလူမျိုးများ၏
လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန်။
(၃) ပြည်ပ၌ ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများကို အတတ်နိုင်ဆုံး ကူညီပံပိုးမှုပြုလုပ်နိုင်ရန်။
(၄) နိုင်ငံတကာ၌ ရောက်ရှိနေကြသော တိုင်းရင်းသားအဖွဲ့ အစည်းအခြင်းခြင်း အသိအမြင်ဖလှယ်
ပြီးနိုင်ငံရေးအရ စည်းလုံးညီညွတ်မှု ရရှိရေးအတွက် ပူးပေါင်းဆောင်ရက်ရန်။
(၅) မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ
့စည်းထားသောဤအဖွဲ့ အစည်းသည် အခြားသော ဒီမိုကရေစီအင်အားစု အဖွဲ့ အစည်းများနှင့်
အတူတကွ ပူးပေါင်းဆောင်ရွက်ရန် တို့ ဖြစ်ပါသည် ။

(ခ) ဖွဲ့ စည်းပုံအနေအထား ။


တိုင်းရင်းသားလူမျိုးများအလိုက် မိမိပါဝင်လိုသောနာမည်များဖြင့် ဆန္ဒပြုကြပါသည်။
ဥပမာအားဖြင့်

(၁) ဦးပီတာဘရန်ဆိုင်း (ကချင်) ကချင်အမျိုးသားဒီမိုကရေစီအဖွဲ့ (ဂျပန်)


(၂) ဦးစောဘလှသိန်း (ကရင်) ကရင်အမျိုးသားများအဖွဲ့ ချုပ်(ဂျပန်)
(၃) ဦးထန်နန်လျန်းထန် (ချင်း) ချင်းတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)
(၄) ဦးမြင့်ထွန်း (နာဂ) နာဂအမျိုးသားများအဖွဲ့  (ဂျပန်)
(၅) ဦးမိင
ုကျော်ဦး (ပလောင်) ပလောင်အမျိုးသားများအဖွဲ့ (ဂျပန်)
(၆) ဦးမင်းမျိုးချစ် (မွန်) ပုညဂါရီမွန်အမျိုးသားများအဖွဲ့ (ဂျပန်)
(ရ) ဦးဇော်မင်းခိုင် (ရခိုင်) ရခိုင်အမျိုးသားများအဖွဲ့ (ဂျပန်)
(၈) ဦးစိုင်းဆိုင်မောဝ် (ရှမ်း) ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ (ဂျပန်)
(၉) ဒေါ်နန်းအိအိမွေး (လားဟူ) လားဟူအမျိုးသားများအဖွဲ့ (ဂျပန်) စသည်တို့ ဖြစ်ပါသည်။
လားဟူအမျိုးသမီးဖြစ်သော ဒေါ်နန်းအိအိမွေးသည် ဂျပန်နိုင်ငံတွင် မိမိတစ်ဦးသည်းသာ
ရှိသော်လည်း ဒီမိုကရေစီလိုလားသော လားဟူအမျိုးသားများကိုယ်စား ရပ်တည်လိုသည့်
အတွက်ကြောင့် လားဟူအမျိုးသားများအဖွဲ့ အနေဖြင့်ပါ ပါဝင်မည်ဟု ပြောကြားသည်ကို မှတ်တမ်း
တင်ထားပါသည်။ သို့ သော်လည်းကျမ္မာရေးနှင့် လူမှုရေးအခက်အခဲများကြောင့် နောက်ပိုင်းတွင်
ပါဝင်နိုင်ခြင်း မရှိတော့ပါ။ ညီညွတ်သောတိုင်းရင်းသားအဖွဲ့ အစည်းအနေ နှင့် လားဟူအမျိုးသားများ
နောင်တွင် ပါဝင်လှုပ်ရှားလိုပါက အဖွဲ့ ဝင်အဖြစ်ပါဝင်နိုင်ရန်အတွက် လားဟူနာမည်ကို ယာယီအားဖြင့်
ဆိုင်းငံ့ထားပါသည်။

(ဂ) တာဝန်ခွဲ့ ဝေမှု ။


သဘာပတိအဖွဲ့ ။
ဥက္ကဌ ၊ တွဲဘက် ဥက္ကဌ(၁) ၊ တွဲဘက် ဥက္ကဌ(၂) ဟူ၍ သဘာပတိအဖွဲ့ ဝင်သုံးဦးဖြစ် ဖွဲ
့စည်းထားပါသည်။
တွဲဘက် ဥက္ကဌများထားရှိရခြင်းမှာ ဥက္ကဌကိုယ်စား လုပ်ပိုင်ခွင့်များ
အပြည့်အ၀ရရှိစေရန်ဖြစ်ပါသည်။အဖွဲ့ ၏ ဥက္ကဌကို မြန်မာအက္ခရာအစဉ်အရ တာဝန်ပေးအပ်မည်ဖြစ်ပြီး
တွဲဘက်ဥက္ကဌများကို အများဆန္ဒဖြင့် ရွှေးကောက်တင်မြောက်မည်ဖြစ်ပါသည်။
အတွင်းရေးမှုးအဖွဲ့ ။
အတွင်းရေးမှုးများအဖွဲ့ကို အထွေထွေအတွင်းရေးမှုး၊ တွဲဘက်အထွေထွေ
အတွင်းရေးမှုး(၁)၊ တွဲဘက်အထွေထွေအတွင်းရေးမှုး(၂)၊ တို့ဖြင့်ဖွဲ့စည်းထားပြီး အများဆန္ဒဖြင့်
ရွှေးချယ်တင်မြောက်မည်ဖြင့်ပါသည်။

ရေးရာဌာနများ။
အောက်ဖေါ်ပြပါ ရေးရာဌာနများကို ယာယီဖွဲ့စည်းထားပြီး အဖွဲ့ဝင်အင်အားပေါ်
မှုတည်လျှက် ဆက်လက်တိုးချဲဖွဲ့ စည်းသွားမည်ဖြစ်ပါသည်။
(၁) ဘဏ္ဍာရေးရာ၊
(၂) ပြန်ကြားရေးရာ၊
(၃) စည်းရုံးရေးရာ၊
(၄) စာပေနှင့်သုတေသနရေးရာ၊
(၅) ရုံးအဖွဲ့ ရေးရာ၊
(၆) အလုပ်သမားရေးရာ၊
အဖွဲ့ အစည်းတည်နေရာ ။
အဖွဲ့ အစည်းတည်နေရာကို ယာယီအားဖြင့် 303 Mezonmashuukaku,2-24-8 Higashi
Ikebukuro,Toshimaku,Tokyo 170-0013 , Japan တွင် ဖွင့်လှစ်ထားရှိပါသည်။

အဖွဲ့ ၏တံဆိပ်တုံး ။
အဖွဲ့ ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်၇ာတွင် တရားဝင်ဖြစ်စေရန်အတွက် အောက်ပါဖေါ်ပြ
တံဆိပ်တုံးကို အဖွဲ့ ၏တရားဝင်တံဆိပ်တုံး အဖြစ်အတည်ပြုသည်။

ဒီမိုကရေစီအင်အားစုများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း။
(၁) ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ အမျိုးသားခေါင်ဆောင်အဖြစ်
သတ်မှတ်သည်။
(၂) ၁၉၉၀ ပြည့်နှစ်ရွှေးကောက်ပွဲတွင် ၈၀%ကျော်ဖြင့် အနိုင်ရရှိသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မြန်မာနူင်ငံ၏ နိုင်ငံရေး ဦးဆောင်ပါတီအဖြစ် သတ်မှတ်သည်။
(၃) ပြည်သူု့ လွတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းထားသော ပြည်သူ့ လွတ်တော်
ကိုယ်စားပြုကော်မတီကို ထောက်ခံသွာမည်။
(၄) တိုင်းရင်းသားပါတီများဖြစ်သော ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ
ဒီမိုကရေစီအဖွဲ့ ချုပ် ( United Nationallities League for Democracy) နှင့် ညီညွတ်သော
တိုင်းရင်းသားများ မဟာမိတ်အဖွဲ့  ( United Nationalities Alliance) တို့ ကိုထောက်ခံသည်။
(၅) တိုင်းရင်းသားကောင်စီဖြစ်သော ENC ( Ethnic National Council ) တို့ ကို
ထောက်ခံပြီး ဦးဆောင်လမ်းညွန်မှုကို ခံယူသွားမည်ဖြစ်ပေသည်။လုပ်ငန်းကော်မတီဖြစ်သော ENSCC
( Ethnic Nationalities Solidarity and Cooperation Committee) ၏ လမ်းညွန်မှုနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို ခံယူသွားမည်ဖြစ်ပါသည်။
(၆) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF (National Democratic Front) ၏
ဦးဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခံယူသွားမည်ဖြစ်ပါသည်။
(၇) ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)
United Nationalities League for Democracy(Liberated Area) UNLD-LA ၏ ဦးဆောင်မှုနှင့်
ပူးပေါင်းလုပ်ရှားမှုတွင် ပါဝင်မည်။
(၈) မြန်မာနိုင်ငံအမျိုးသားများကောင်စီ National Council of the Union of Burma
( NCUB) ၏ လမ်းညွန်မှုကို ခံယူသွားမည်။
(၉) ပြည်ထောင်စု မြန်မာနိုင်ငံညွန့် ပေါင်းအစိုးရ NationalCoalition Govemment of the
Union of Burma (NCGUB) ၏ လုပ်ငန်းစဉ်များကို ထောက်ခံပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်
ဖြစ်ပါသည်။
(၁၀) ဂျပန်နိုင်ငံရှိ မြန်မာ့ီးမိုကရေစီအရေးကို လှုပ်ရှားဆောင်ရွက်နေသော အဖွဲ
့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၁၁) နိုင်ငံတကာရှိ မြန်မာဒီမိုကရေစီအရေးကို လှုပ်ရှားဆောင်ရွက်နေသော အဖွဲ
့အစည်းများနှင့်လည်း ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၁၂) မြန်မာနိုင်ငံရေးနှင့် တိုင်းရင်သားများ၏အရေးကို စိတ်ဝင်စားသော နိုင်ငံတကာ အဖွဲ
့အစည်းများနှင့်လည်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိဂုံး ။
ဤအဖွဲ့ ကိုထူထောင်သူများသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်
ဖျက်သိမ်းရေး ၁၉၉၀ပြည့်နှစ် ရွှေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင်ရေးနှင့် တိုင်းရင်းသားများ တန်းတူ လူ့ အခွင့်အရေး
ရရှိရေးနှင့် ကမ္ဘာ့ ကုလသမဂ္ဂ မှ ချမှတ်ထားသော သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေးမူကို ထောက်ခံရေး
တို့ တွင် ခိုင်ခိုင်မြဲမြဲ သဘောတူညီမှုများရရှိထားပြီးဖြစ်သည့်အလျှောက် ဤမူများကို ကိုင်စွဲကာ အဖွဲ
့အစည်းတည်တန့် ခိုင်မြဲရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြမည်ဖြစ်ပေသည်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (AUN-Japan)၏ ရုံးခန်းကို ဂျပန်အစိုးရ
လူဝင်မှုကြီးကြပ်ရေး ဌာန(လ၀က) မှ တရားဝင်လာရောက်ပြီး စုံစမ်းမေးမြန်းခြင်း မှတ်တမ်း။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)ရုံးဖွင့်လှစ်ပြီးနောက်ပိုင်း အဖွဲ


့အစည်းတည်နေရာ ရုံးခန်းဖြစ်သော 303 Mezonmashuukaku,2-24-8 Higashi Ikebukuro,
Toshimaku,Tokyo 170-0013 , Japan နေရာတွင် ဂျပန် လ၀က အရာရှိများတို့ မှ ရောက်ရှိလာပြီး
အဖွဲ့အစည်း၏အင်အား ဖွဲ့စည်းတည်ထောင်မှုအခြေအနေများ ရုံးလုပ်ငန်း လည်ပတ်မှုနှင့် ရုံးသုံးပစ္စည်း
မေးမြန်းစုံစမ်းပြီး AUN-Japan မှ တာဝန်ရှိပုဂ္ဂိုလ်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဤ AUN-Japan ရုံးခန်း ၏ နေရာကို ဦးမိုင်ကျော်ဦးနေအိမ်တွင် အခမဲ့ ကူညီပေး အသုံးပြု
စေခဲပြီး ရုံးပစ္စည်းများနှင့် ရုံးကုန်ကျစရိတ်လည်ပတ်မှုများကိုလည်း ( ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ
၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ အထိ ဦးမိုင်ကျော်ဦး မှ AUN-Japan ကို ပံ့ပိုးကူညီ ခဲ့ပါသည်။

You might also like