The Best Manure 007

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 2

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင် ဘလော့ဂါ ( သားစိုးလေး =

www.tharsoelay.blogspot.com ) ခေါ် ကိုတင်ထွတ(် ခေါ်) တင်ထွတ်ပိုင် ကို တနင်္လာနေ့ က


ရန်ကုန်အရှေ့ပိုင်း ခရိုင် တရားရုံးမှ မြေသြဇာက ထုတ်ဝေတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသား
အားလုံး လွှတ်မြောက်ရေး ထုတ်ပြန်ကြေငြာချက်၊မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့မှ ထုတ်ဝေတဲ့
ထုတ်ပြန်ကြေငြာချက်တွေ ကပ်တဲ့ အမှု့အပါအဝင် တရားမဝင် အသင်းဖွဲ့စည်းမှု့၊နယ်စပ်ဖြတ်ကျော်မှု့ အပါအဝင်
ပုဒ်မ(၄)ခုနဲ့ ထောင်ဒါဏ် (ဿ၅) နှစ် ချမှတ်လိုက်ပါတယ်။ သူ့ကို ဧပြီလ ဿှ ရက်နေ့က ဖမ်းဆီးသွားတာဖြစ်ပြီး
ဖမ်းဆီး သွားတဲ့အ ချိန်မှာ TBM၊FBF အဖွဲ့ထုတ် ထုတ်ပြန်ကြေငြာချက်တွေ အပါအဝင် ကင်မရာ တလုံးလည်း
လက်ဝယ် မိတယ်လို့ သိရှိရပါတယ်။ အခုလို တက်ကြွ လူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီး အဖွဲ့ဝင်
တချို့ရဲ့ ပြောကြားချက်တွေကတော့-

ဘိုဘိုကျော်(ပြည်တွင်းလှုပ်ရှားမှု့ တာဝန်ခ)ံ ။ ။ ခုလို ကျနော်တို့ အဖွဲ့ဝင်တွေကို


ဖမ်းဆီးမိတာနဲ့ပတ်သတ်ပြီး နအဖ စစ်အာဏာရှင် တစု ရဲ့ လက်ကိုင်ဒုတ်တွေအနေနဲ့ အရမ်းကြီး
ပီတိဖြစ်မနေကြပါနဲ့ မြေသြဇာ အဖွဲ့ဟာ တဦးမိယုံနဲ့ တဖွဲ့လုံး မကုန်သွားပါဘူး ။ မြို့နယ် အသီးသီးမှာ
တုင
ိးနဲ့ပြည်နယ် ၇ ခုမှာ မြေသြဇာ အဖွဲ့ဝင်တွေ ရှိနေပါတယ်။ ဆက်လက် လှုပ်ရှားသွားမှာပါ ခုလို ဖိနှိပ်ခံရလေ
ကြွလေပါပဲ ဆိုတာ ပြောကြားလိုပါတယ်။

ဦးကုသလ(နာယက)ဆရာတော်။ ။ ဦးဇင်းတို့ ဘုန်းကြီးတွေ၊ကျောင်းသားတွေ


၊အလုပ်သမားတွေ ၊ သာမာန် လူငယ်တွေ ၀ှ ကျော်လောက် ထောင်ထဲရောက်နေပါပြီ။ ဦးဇင်းတို့ မြေသြဇာ
အဖွဲ့အနေနဲ့ ဒိထက် မြင့်တဲ့ လှုပ်ရှားမှု့တွေကို အရှိမ်မြှင့်ပြီး လုပ်သွားကြမယ်ဆိုတာကို အကုန်လုံး
သိစေချင်တယ်ပေါ့။

မမြတ်နိုးခင်သီစ(ံ ဒဂုံ တက္ကသိုလ)် ။ သမီးတို့ ခု လုပ်နေတာ ဦးသန်းရွှေ နဲ့ တစုကို တိုက်နေတာ


မဟုတ်ဘူး ။ သူတို့ လုပ်နေတဲ့ မူတွေကို မကြိုက်လို့လုပ်နေတာအမှန်ပဲ။ ဒီလိုလုပ်လို့ ထောင်ကျမယ် ဆိုတာ
သိပါတယ်။ အဲလိုမှ မလုပ်ရင် နောင်လာနောင်သားတွေ အတွက် ဒိထက် ဆိုးကျိုးတွေ ခံစားရမယ် ဆိုတာ ကို
သိနေလို့လုပ်နေတာပါ။ ခုလို မတရား ဖမ်းဆီး နှိပ်စက် နှစ်ရှည် ထောင်ဒါဏ်တွေ ချနေယုံနဲ့ သမီးတို့
ကျောင်းသား/သူတွေဟာ ကြောက်ပြီး နောက်မတွန့်သွားပဲ ရှေ့ကိုသာ တရှိမ်ထိုး တိုးထွက်လာမယ်ဆိုတာ ကို
ပြောချင်ပါတယ်။
မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ

အကောင်းဆုံးမြေသြဇာ

You might also like