Professional Documents
Culture Documents
သွေး နှင့် မြေကြီး
သွေး နှင့် မြေကြီး
သွေး နှင့် မြေကြီး
နိုင်ငံရေး တန်ခိုးအာဏာ သိမ်းပိုက်ထားသော နိုင်ငံရေး ပါတီကြီးတခု၏ ပေါက်ကွဲမှု ဖြစ်ခြင်းကြောင့် ထိုပါတီကြီး၏ နိုင်ငံရေး ဦးဆောင်မှု
ကို ခံယူလျက် ရှိကြသော လူထုလူတန်းစား အဖွဲ့အစည်းအမျိုးမျိုးနှင့် ပြည်နယ်လူမျိုးစု အဖွဲ့အစည်းများ အတွင်း၌လည်း ကြီးမားသော ဂ
ယက်ရိုက်ခတ်မှုနှင့် လှုပ်ရှားမှုများ တနွယ်ငင်၊ တစင်ပါ ဖြစ်ပွားလာခဲ့သည်။ အရေးအကြောင်း ရှိလာလျှင် ထဘီနှင့် အင်္ကျီဆင်တူ ဝတ်၍
တသံတည်း အာတတ်သော အမျိုးသမီးများ ကွဲပြားသွားခဲ့ရသည့် နည်းတူ ကျောင်းသားလူငယ်၊ ကုန်သည်ပစ
ွဲား၊ အမှုထမ်းအရာထမ်း
နှင့် အလုပ်သမားစသော လူတန်းစား အဖွဲ့အစည်းများသည် လည်း ကြွဲ ပားခဲ့ကြသည်။ ပြည်နယ်မှ လူမျိုးစုများသည်လည်း သူ့လူ ငါ့လူ
ဟူ၍ ဖြစ်သွားခဲ့ရသည်။ အလွန်တရာ ကြေကွဲဖွယ်ရာကောင်းသော နိုင်ငံရေး အဖြစ်အပျက်ကြီး တခုအနေနှင့် မှတ်တမ်းတင်ထား
ရလိမ့်မည်ဟု မြင်မိပေသည်။
ဤ နိုင်ငံရေးပေါက်ကမ
ွှဲုကြီးနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော တပြည်ထောင်လုံး၏ ကြွဲ ပားမှုများကြောင့်လည်းကောင်း၊ ထိုသို့ ကွဲပြားခဲ့ကြပြီး
နောက် ထပ်မံပေါ်ပေါက်လာခဲ့သော ပဋိပက္ခများကြောင့်လည်းကောင်း၊ ဤ တိုင်းပြည်သည် အဘယ်မျှဆုံးရှုံး နစ်နာခြင်း ဖြစ်ခဲ့ရသည်ဆို
သော အချက်အလက်များနှင့် နည်းလမ်းများကိုကား နောင်သောအခါကာလ၌ မြန်မာနိုင်ငံ တော်၏ နိုင်ငံရေး၊ ရာဇဝင်ရေးအား ပြုစုရန်
ကြိုးပမ်းအားထုတ်ကြမည့် သုတေသီများ ရှာဖွေစူးစမ်းရန် ချန်လှပ်ထားခဲ့လို သည်။ သို့ရာတွင် ဤ နိုင်ငံရေး ပေါက်ကမ
ွှဲုကြီး၏ ဒဏ်ရာ
ဒဏ်ချက်သည်ကား ကြီးမား ပြင်းထန်လှသည်ဆိုသော ယေဘုယျ အချက်တချက်ကိုကား လူတိုင်းလူတိုင်း တစိတ်တဝမ်းတည်းသာ
ရှိကြလိမ့်မည်ထင်သည်။
ဤ နိုင်ငံရေးပေါက်ကမ
ွှဲုကြီးနှင့် ပဋိပက္ခများကြောင့် လူထုလူတန်းစားနှင့် ပြည်နယ် လူမျိုးစုများ အသီးသီးတို့အတွင်း၌ အလွန်ကြေကွဲ
ဖွယ်ရာ၊ ရင်နာဖွယ်ရာ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ရပေရာ ပြည်ထောင်စုသားတဦး တယောက်အနေနှင့် ရင်နာခဲ့ရသော မိမိအတွေ့အ
www.nguyinpyin.net Page 1
ကြုံနှင့် ခံစားရချက်တခုကို ကျွန်တော်သည် ရေးသားဖော်ပြခြင်း ပြုလိုသည်။ ကျွန်တော် ရေးသား ဖော်ပြလိုသော အဖြစ်အပျက်မှာ အ
ခြားအကြောင်းအရာတော့မဟုတ်။ ကျွန်တော်နှင့် နီးစပ်ရင်းနှီးသော အလုပ်သမား လူတန်းစားလောကအတွင်း၌ ယုံကြည်စရာ မရှိနိုင်
လောက် အောင် ဖြစ်ပွားခဲ့သော အမှုအခင်း တရပ်မျှသာလျှင် ဖြစ်သည်။
(၂)
(၃)
www.nguyinpyin.net Page 2
တွန်းပြောဆိုနေသော ဇနီးလုပ်သူအား ခေတ္တခဏမျှလောက် ဆိုင်းငင့်ရန် အကျိုးအကြောင်း ပြောဆိုလွှတ်လိုက်ရပြီးနောက် ဖိတ်စာ
များကို ဖတ်ကြည့်ရသည်။ ဖိတ်စာနှစ် စောင်လုံး၌ "ရဲဘော်လင်းယုန်" ဟု ခေါင်းတပ် ဖိတ်ကြား ခြင်းပြုလိုက်သည်ကို တွေ့လိုက်ရ က
တည်းက ထိုအသုဘနှစ်ခုစလုံး အလုပ်သမား အသုဘများ ဖြစ်ကြောင်း တခါတည်းသိရှိလိုက်သည်။ မြန်မာနိုင်ငံ၌ မည်ကဲ့သို့ပင် အ
လုပ်သမား အစည်းအရုံးများနှင့် သမဂ္ဂများ ကွဲပြားခြားနားနေကြစေကာမူ၊ အလုပ်သမား အရေး အလုပ်သမား အကျိုးနှင့် ပတ်သက်လာ
လျှင် ရှေ့ဆောင်ရှေ›ရွက်ပြု၍ ရေးသားတိုက်ခိုက် လာခဲ့သော လင်းယုန်သတင်းစာနှင့်ဂျာနယ်များကို အကြောင်းပြု၍ ကျွန်တော့်အား
စာရေးဆရာ ဗန်းမော်တင်အောင် အနေထက် 'လင်းယုန်' ဆိုသော အနေအထားကို အလုပ်သမား အဖွဲ့အစည်းများနှင့် အလုပ်သမား ရဲ
ဘော်များက ပိုမိုသိရှိကြသည်။ လင်းယုန် အနေနှင့်သာ ဆက်ဆံတတ်ကြသည်။
(၄)
ကြည့်မြင်တိုင် ကမ်းနားလမ်းဘက်ရှိ အလုပ်သမားအစည်းရုံး အသုဘသို့ ရောက်သောအခါ လူကုံထံတဦး၏ အသုဘနှင့်မခြား တခမ်းတ
နားပြင် ဆင်မွမ်းမံလျက် လာရောက် မေးမြန်းကြသော ဧည့်ပရိသတ်အားလည်း ဖွယ်ဖွယ်ရာရာ ဧည့်ခံကျွေးမွေးလျက်ရှိသော အသုဘ၏
အခမ်းအနားနှင့် အဆင်အပြင်ကို ကြည့်ရှုအကဲခတ်ရင်း လွန်ခဲ့သည့် သုံးလလောက်က ဖျာလိပ်ပတ်၍ ဝါးလုံးလျှိုကာ ချခဲ့ရသော
အလုပ်သမားအသုဘတခုကို ပြေး၍ သတိရမိသည်။
"တို့ အလုပ်သမားကို မထိနဲ့ မီးပွင့်သွားမယ်" ဟူသော ကြွေးကြော်သံ စာတမ်းကို အသုဘ၏ နဖူးစည်းအဖြစ်ဖြင့် ချိတ်ဆွဲထားသည်။ ထို
အသုဘ၏ နဖူးစည်းစာတန်းကို ကျွန်တော်သည် အခြားဘာမျှ ကန့်ကွက်ပြောဆိုရန် မရှိသော်လည်း "တို့" ဆိုသော ကျဉ်းမြောင်းလှ
သည့် စာလုံးတလုံးကိုကား ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းပြုလိုသည်။
www.nguyinpyin.net Page 3
ယောက်တို့သည် ကျွန်တော် တယောက်တည်း ငုတ်တုတ်ထိုင်နေရသော စားပွဲဆီသို့ ထလာကြသည်။ ၎င်းတို့အနက် အမည်မဖော်ပြ
လိုသော ခေါင်းဆောင်တဦးက "တိုင်းပြည်ကြီး ဒီအတိုင်းသာ သွားနေရင်တော့ ကျူပ်တို့ အလုပ်သမားတွေ မျိုးပြုတ်ကုန်လိမ့်မယ် ထင်
တယ်ဗျာ......" ဟု ခပ်လှမ်းလှမ်းမှ လူများ ကြားမသွားနိုင်အောင် ခပ်တိုးတိုး ခပ်အုပ်အုပ်ကလေး ညည်းတွား ပြောဆိုလာသည်။
"ဒီကိစ္စကတော့ ခင်ဗျားတို့အပေါ်မှာ အဓိကတည်နေတာပေါ့ဗျာ......"ဟု ကျွန်တော်က သတိပေးသည့်အနေနှင့် ပြန်ပြောလိုက်သည်။
"အလုပ်သမားတွေက ကိုယ့်ဘဝတူ အချင်းချင်း ရိုက်ဖို့နှက်ဖို့ အုပ်ဆိုင်း အုပ်ဆိုင်း လုပ်နေကြတဲ့အခါ အပြင်က လူမိုက်တွေကို ငှားပြီး စ,
အရိုက်ခိုင်း သေးတယ်ဗျာ" ဟု စကား တခွန်းမှ မပြောသေးသော အလုပ်သမားခေါင်းဆောင်တဦးက အန်ထုတ်ပြောဆိုခြင်း ပြုလိုက်ပြန်
သည်။
ကြည့်မြင်တိုင်ကမ်းနားလမ်း အသုဘမှ သမဝါယမ မော်တော်ကားကို စီးနင်းထွက်ခွာ လာသောအခါ ကျွန်တော်၏ ဦးခေါင်းသည် နောက်
ကျိ ထိုင်းမှိုင်းလျက် ရှိပေသည်။ ဤ မြန်မာနိုင်ငံတော် အလုပ်သမားလူတန်းစား၏ လွတ်မြောက်ရေးတိုက်ပွဲ အရေးတော်ပုံတွင် အလုပ်
သမား လူတန်းစားအား ရှေ›ဆောင် ရှေ့ရွက်ပြုလျက်ရှိကြသော အလုပ်သမား လူတန်းစား တပ်ဦးပါတီများ အကွဲကွဲ အပြားပြား ဖြစ်နေ
သလောက် မှိုလိုပေါက်နေရသော အလုပ်သမားသမဂ္ဂများနှင့် အစည်းအရုံးများ၏ အကြောင်းကို ခုနှစ်စဉ် အမျှင်တန်းတွေးမိရင်း ရင်ထဲ
၌လည်း မောပန်းလာမိသည်။
"ဟုမ်းလမ်း ဆင်းနိုင်ပါပြီရှင်" ဟူသော သတိပေးသံကို ကြားလိုက်ရတော့မှ ထိုအတွေးသည် ပြတ်၍ သွားကာ ကားပေါ်မှ ဆင်းလာခဲ့ရ
သည်။
(၅)
ထီးတန်းအလုပ်သမားအစည်းအရုံးက အသုဘသည်လည်း ကြည့်မြင်တိုင်က အသုဘ နှင့်မခြား စည်ကားခမ်းနားသည်ကို တွေ့ရသည်။
အကြောင်းမသိ သူများအတွက်ဆိုလျှင် လူကုံထံတဦး၏ အသုဘဟု ထင်မှတ်သွားစရာရှိသည်။
www.nguyinpyin.net Page 4
အလုပ်သမားများ မသေဆုံးမီက ကျွဲလို၊ နွားလို ညှဉ်းပန်းခိုင်းစေလျက် အမျိုးမျိုးခေါင်းပုံဖြတ် မိုက်ကြေးခွဲခဲ့ကြပြီးနောက်၊ ယခုကဲ့သို့
အလုပ်သမား အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခိုင်း၍ သေကြေပျက်စီးသောအခါမှ ၎င်းတို့၏ အသုဘကို ယခုကဲ့သို့ တခမ်းတနား
ဆင်ယင်ခြင်း၌ ဘာအဓိပ္ပာယ်ရှိသနည်း။ ဘယ်လိုအဓိပ္ပာယ်ရှိကြမည်နည်း။
"အကြမ်းဖက်ခြင်းကို ပြန်လည်တိုက်ခိုက်ကြလော......" ဟူသော ကြွေးကြော် သံကို အသုဘ၏ ခေါင်းစည်းအဖြစ် ဆွဲထားသည်။
"ခက်တာပါပဲဗျာ...... နှစ်ဘက်စလုံးက အလုပ်သမားတွေက တဘက်နဲ့ တဘက် ဧရာမ ရန်သူကြီးတွေလို့ မြင်နေကြတယ်။ တဦးနဲ့တဦး
လူချင်းတွေ့လိုက်ရင်ပဲ စားတော့ ဝါးတော့မယ့်အတိုင်း သဲသဲမမ
ဲဖြစ်နေကြပြီ" ဟု ထိုအလုပ်သမားခေါင်းဆောင်က ၎င်း လက်တွေ့ ဦး
ဆောင်မှုပေးနေသော အလုပ်သမားလောက၏ အခြေအနေနှင့် ဆက်ဆံရေးကို တိုတိုနှင့် လိုရင်းရောက်အောင် ပြောပြသည်။
"ကျနော်တို့ တတွေကလဲ တတ်နိုင်သလောက်တော့ ထိန်းလျက် သိမ်းလျက် ပါပဲဗျာ။ ဒါပေမယ့် အထက်က ခေါင်းဆောင်ကြီးတွေ ကိုယ်
တိုင်က အလုပ်သမားတွေကို အရက်တွေ ဘာတွေ တိုက်ပြီး၊ နင်းကန် မြှောက်ပင့်ပေးနေတော့ ထိန်းရတာသိပ်မလွယ်ဘူးဗျ"
"ရဲဘော် အခု ပြောသလိုသာ လုပ်ရင် ကျနော်တို့ကို အရင်ဦးဆုံး ဖျောက်ပစ်လိုက် တော့မှာပေါ့"
www.nguyinpyin.net Page 5
နေအိမ်သို့ပြန်ရန် ကားပေါ်သို့ တက်ခါနီး၌ ထိုအလုပ်သမားခေါင်းဆောင်က ယခု သေဆုံးသွားရသော ကုန်တင်ကုန်ချ ကူလီ အေးမောင်
၏ နောက်ပိုင်း၌ ကျန်ရစ်ခဲ့သော ရာဇဝင် ကလေးတခုကိုလည်း မမီမကမ်းနှင့် ပြောဆိုဖြစ်အောင် ပြောဆိုလိုက်သေးသည်။
"ရဲဘော် အေးမောင်ကြီး၊ မယား မကြည်နှင့် ကလေး နှစ်ယောက်အတွက်တော့ အခုထက်ထိ ဘာမှလုပ်ပေးမယ်လို့ ပြောသံဆိုသံ မကြား
သေးဘူး၊ အိုဗျာ........ လုပ်ပေး လိမ့်မယ်လဲ မထင်တော့ပါဘူး"
နေအိမ်သို့ ပြန်၍ရောက်သောအခါ ထိုနေ့အဖို့ ဖတ်၍ မပြီးသေးသော သတင်းစာ ဂျာနယ်များကို မဖတ်နိုင်သေးဘဲ နာရီပိုင်း တွင်း
လောက်က ကျွန်တော် သွားရောက် ဝတ်ပြုခဲ့ ရသော အသုဘနှစ်ခုကိုသာ နှိုင်းယှဉ်စဉ်းစားနေမိသည်။
ကူလီထွန်းတင်နှင့် အေးမောင်ကြီးတို့၏ နောက်ပိုင်း၌ မယားမုဆိုးမများနှင့် လူမမယ် ကလေးများ မျက်လုံးသူငယ်နှင့် ကျန်ရစ်ခဲ့ကြ၏။ အ
လုပ်သမား လောကအနေနှင့်မူကား အလုပ်သမားတို့၏ သွေးသာလျှင် မြေသို့ကျခဲ့ရလေပြီတကား။
ဗန်းမောင်တင်အောင်
ရှုမဝမဂ္ဂဇင်း
www.nguyinpyin.net Page 6