Download as doc, pdf, or txt
Download as doc, pdf, or txt
You are on page 1of 3

ဗျိုင်းအရှင်ဖမ်းနည်း

လူ ဗို လ်
(၁)
နို့ ဖိုးဒု က္ခသည်စခန်းကို ရောက်မှ ကရင်နှ စ်သ စ်ကူးပွဲတော်နှင့်ကြုံ တာ ဒီနှစ်ဆို(၄)ကြိမ်ပြည့်တော့ မယ်။ မနှစ်က
ပွဲဆို အတော့်ကိုစည်တာ။ တို င်းရင်းသားညီညွတ်မှုတည်ဆောက်ရေးကော်မတီဆို တာ ဖွဲ့စည်းပြီးစလည်းဖြစ်နေတော့ တို င်းရ
င်းသားရိုးရာ တင်ဆက်မှုတွေကလည်း အပြိုင်အဆို င်။ ကျနော်တို့ BNA ဗမာအမျိုးသားအသင်း(နို့ ဖိုး)ကတောင် ဦးရွှေရိုး၊
ဒေါ်မိုးအကနဲ့ တပင်တိုင်အကတွေ တင်ဆက်ဖြစ်ခဲ့သေးတယ်။ ဒီအထဲမှာ အားအကောင်းဆုံးအစီအစဉ်က တော့ ဘာလဲမမေးနဲ့။ က
ရင်ဒုံးယိမ်းအစီအစဉ်ပေါ့။ ကရင်နှစ်သ စ်ကူးမို့  ကရင်ဒုံးယိမ်းအကက ပို သာတာ မထူးပေမယ့်၊ ဒုံးယိမ်းပြိုင်ပွဲမှာ ကရင်မဟု တ်တဲ့တို င်းရ
င်းသားတွေ စု ဖွဲ့ထားတဲ့ ကျနော်တို့ PAB ရပ်ကွ က်အ ဖွဲ့က တတိယဆု ယူ သွား တာ ကတော့ အဆန်းသားမဟု တ်လား။
ခု လည်း ကရင်နှစ်သ စ်ကူးပွဲတော် နီးလာပြန်တော့ ဒုံးယိမ်းအဖွဲ့တွေတို က်နေကြတာ ခြိမ့်ခြိမ့်သဲပဲ။ နို့ ဖိုးစခ
န်း တခု လုံးလို့တောင် ပြောရင်ရမယ်။ အရွယ်စုံ ၊ဆို က်စုံ၊ ကာလာစုံ ။ ဒီနှစ်လည်း စည်ဦးမှာပါ။
ဒီလို ကရင်ဒုံးယိမ်းသံ ကြားရင် အလယ်တ န်းကျောင်းသားဘ၀က ကျနော်တို့ကျောင်းမှာ ခေတ်စားခဲ့ တဲ့ ဒုံး ယိမ်းသံ စဉ်သီချ
င်းလေးကို သတိရမိတယ်။ ဆရာ၊ ဆရာမတွေကို နောက်ပြောင်ရင်းက ပေါ်လာတာလေ။
“ဟေ့ ... ယု မောင်၊ ဘု မောင်၊ ထိပ်ပြောင်လားဟေ့ ...
တောင်ဖက်ကျွန်းပေါ်မြစ်ဝနံ ဘေး ကရင်မ နော်သန်းငွေ” ဆို တာပေါ့။

(၂)
ညောင်လေးပင်မြို့၊ အမှတ်(၁)အထကကျောင်းကို မြို့အပြင်ထုတ်ပြီးစ ပညာသင်နှစ်အချိန်မှာပေါ့။
ကျောင်းပတ်ဝန်းကျင်မှာက လယ်ကွ က်တွေ၊ ထန်းတောတွေ၊ သင်္ချိုင်းကု န်းတွေ၊ ဘု န်းကြီးကျောင်းတွေချ
ည်း သက်သက်ဆိုတော့ ကျောင်းမပျော်အဖွဲ့တွေအတွက် ခို ကိုးရာတွေက အပြည့်။ ဒီတော့ ကျနော်တို့ကျောင်းအု ပ်ကြီးက
ကျောင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ကို ကျောင်းသားတွေကြောက်တဲ့၊ ကျောင်းသားတွေကို ကို င်နို င်တဲ့ ဆရာ၊ ဆရာမ
တွေနဲ့ အသစ်ပြန်ဖွဲ့လို က်တ ယ်။ ဒီအထဲမှာ ကျနော်တို့အလယ်တ န်းဆရာတွေထဲက (၄)ဦးပါတယ်။ ဆရာဦးယု မောင်၊ ဆရာဦး
လှမြင့်၊ ဆရာဦးထွန်းရွှေနဲ့ ဆရာမ ဒေါ်သန်းငွေတို့ ပေါ့။ ဒီဆရာတွေအားလုံးက သူ ရဲကောင်းဆရာတွေချည်း
ပဲ။ အရည်အ ချင်းကို ယ်စီနဲ့။ ကျောင်းမပျော်အဖွဲ့တွေ တခါတည်းငြိမ်ကျသွားလောက်အောင်ကို စွမ်းကြတာ။

ဒီအထဲမှာ ဆရာဦးယု မောင်က ၀ိတ်သမား၊ လူ ပျိုကြီး။ သူ့  လက်ဖျံကြီး တလုံးတလုံးက နည်းတာကြီးမဟု တ် ဘူး။


အခန်းထဲစာသင်နေရင်း သူ့  ခြိမ်းခြောက်တဲ့အသံ ကို က သူ များထက်ထူးတယ်။
“အခု ဆရာ ၀ိတ်ပြန် မနေပြီနော်။ သတိထားကြ” ဆို ကာ ကြိမ်လုံးကို တစွစွနဲ့ သူ့ လက်မောင်းကြွက်
သား တွေကို ထု တ်ထုတ်ပြတတ်သေးတယ်လေ။ ဆရာဦးယု မောင် စာသင်ချိန်ဆို အတန်းထဲက အဆိုးဆုံးလို့ သတ်မှတ်ထား တဲ့ “ ဘို
နီ”လို ကောင်မျိုးတောင် ငြိမ်။

ဆရာမဒေါ်သန်းငွေကျတော့ တမျိုး။ အရို က်ကြမ်းတဲ့ ထဲမှာတော့ မပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကို


ကို င်တတ်တ ယ်။ သူ စာသင်နေတဲ့ အတန်းတင်မကဘူး။ ဘေးအခန်းတွေက ဆရာ၊ ဆရာမ မရှိလို့ ဆူ ညံ နေရင်တောင် ၀င်ထိန်းတတ်တ
ယ်။ ဆရာ မရှိလို့ ဆို ပြီး ဆူ မယ်၊ ဆော့ မယ်လို့တော့ မစဉ်းစားနဲ့။ မကြာဘူး ဆရာမဒေါ်သန်းငွေရောက် လာပြီ။
“ကဲ အားလုံးပစ္စည်းတွေလွယ်အိတ်ထဲထည့်။ ပြီးရင် တရားထို င်ကြမယ်။ အားလုံး ခုံ ပေါ်တက်ထိုင်ကြ။ မျက်စိ ကို မှိ
တ်ထား။ မျက်စိထဲပေါ်လာတာတွေကို လို က်မှတ် ။ ခဏနေ ဆရာမ ပြန်လာမေးမယ်။ ဘာတွေတွေ့လဲဆို တာ မပြောနို င်တဲ့လူ
နာပြီသာမှတ် ”
ဒါပဲပြောပြီး ပြန်ထွ က်သွားပေမယ့် ဘယ်သူမှမလှုပ်ရဲ၊ အသံ မထွက်ရဲကြ။ မျက်စိကို အသာမှိတ်ထားကြရင်း သူ ပြော
သလို လို က်ကြည့်နေရတယ်လေ။ ရု တ်တ ရက် ရောက်လာတတ်ပြီး ဆူ နေတဲ့ သူ ကို အတန်းရှေ့ထွက်ခိုင်း၊ ဘာ မြင်လဲမေးရင်
မဖြေနို င်လို့ကတော့ အရို က်ခံ ရပြီ။ ကျနော်ကတော့ မျက်စိလေးမှိတ်ထားပြီး သူ မေးရင် ဘယ်လိုဖြေရမ လဲတွေးနေမိတ
ယ်။ (၄၅)မိနစ် ပြည့်သွားလို့  သံ ချောင်းခေါက်သံ ကြားရမှသာ အချိန်ကုန်သွားမှန်းသိလို က်ရတယ်။

ဆရာဦးထွန်းရွှေကို တော့ ကျောင်းသားအားလုံးက သူ့ နောက်ကွယ်မှာ “ထိပ်ပြောင် ”လို့ ပဲ ခေါ်ကြတယ်ေ


လ။ နဖူးကလည်းပြောင်သလားမမေးနဲ့ ဆံ ပင်က မရှိတော့ သလောက်ဘဲ။ ဆရာထိပ်ပြောင်ကျတော့ တအားပါးတာ။ ကျောင်းသား
တဦးချင်းစီရဲ့ အကြောင်းတွေကို လည်း သိတယ်။ စကားသံ ကြားလို က်တာနဲ့ ဘယ်သူပြောတယ်ဆိုတာ ဘလက်ဘုတ်မှာစာေ
ရးနေရင်း လှည့်မကြည့်ဘဲနဲ့သိတယ်။ ဆရာထိပ်ပြောင်ပြောဖူးတဲ့ စာကျက်နည်းတခု ဆို ရင် ခု ထိ ကို မမေ့ တာ။
“တမနက်စောစောမှာ ဆရာ လမ်းလျှောက်ထွက်ကအပြန်၊ ကျောင်းသူ တယောက်စာကျက်နေတာကို ခပ် လှမ်းလှမ်းထဲက
ကြားနေရတယ်။ သူ ကျက်နေတာက ဧရာဝတီမြစ်အကြောင်း။ ဆရာ စကြားကတဲက ‘ဧရာဝတီမြစ် သည်၊ ဧရာဝတီမြစ်သ
ည် ’ ဟာ သူ့ အိမ်ကိုလွန်ပြီး အိမ်သုံးလေးလုံးကျော်လည်း ဧရာဝတီမြစ်သည်က မပြီးဘူး ”
“ဧရာဝတီမြစ်အကြောင်းကျက်တာပဲကွာ ဧရာဝတီမြစ်သည်ကို ဒီလောက်ထ ည့်ကျက်နေဖို့ မလို ပါဘူး။ မင်းတို့  လည်း ဒီ
ဧရာဝတီမြစ်သည် စာကျက်နည်းမျိုးကို မသုံးမိကြစေနဲ့”တဲ့ မှတ်သားစရာ။

(၃)
ဆရာဦးလှမြင့်ကို တော့ ကျောင်းသားတွေက “ဘု မောင် ”လို့  ကွယ်ရာမှာ ခေါ်ကြတယ်။ နောက်စေ့ မှာ
ဘု ကြီး တလုံးက သိသိသာသာကြီးထွက်နေလို့ ။ ဆရာဘု မောင်က ကျနော်တို့အတန်းပို င်ဆရာ။ စကားအပြောကောင်းပြီး၊
စာ သင်လည်း အရမ်းတော်တယ်။ သူ က သင်္ချာသင်တာ။ ထူးတာက ဆရာဘု မောင်လမ်းလျှောက်ရင် လက်ပိုက်သ လို လု ပ် ထားပြီး
သူ့ မေးစေ့ ကို လက်တ ဖက်နဲ့ အမြဲတမ်း ထောက်ထောက်ထားတတ်တ ယ်။ ဒါကသူ့ စတို င်။

1
ဆရာက သင်္ချာသင်ရင်တောင် သူ များထက်ထူးတယ်။ လေ့ ကျင့်ခန်းတခု သင်ပြီဆို ရင် ခက်တဲ့၊ ပညာပါတဲ့ အပု ဒ်တွေေ
လာက်ကိုပဲရွေးပြီး တွက်ပြ၊ ရှင်းပြတတ်တာ။ ကျန်တာတွေကို အဆင့်မရှိဘူးဆို ပြီး တွက်ပြလေ့ မရှိဘူး။ အမှတ်ပေးပြီဆို ရင်လည်း
အမှတ်(၁၀၀) ပေးထားတယ်ဆိုပါစို့ ။ အကု န်မှန်ရ င် (၁၀၀) ရပြီး၊ မှန်တဲ့အပြင် သပ်ရပ်တယ်၊ ရှင်းတယ်။ မြန်တယ်ဆိုရင် (၁၀၁) အထိ ပေး
တယ်။ မှတ်ချက်အေ နနဲ့ “အလွန်ကောင်း၍ တမှတ်ပိုပေါင်းသည် ” ဆို တာ ကို ရေးပေးလို က်သေးတယ်။ လေ့ ကျင့်ခန်းစာေ
တွစစ်ပြီဆို ရင်လည်း အရ င်ဆုံးလာပြတဲ့ (၁၀) ယောက်လောက်ကိုပဲ စစ်ပေးတယ်။ အချိန်ကအရေးကြီးလို့  မြန်နို င်သမျှမြန်ဖို့ အြ
မဲတမ်းသတိပေးတတ်တ ယ်။
သင်္ချာကို သင်ပေမယ့် ကျနော်တို့ကို ဗဟု သု တဖြစ်စရာတွေ အများကြီးပြောပြခဲ့ ဖူးတယ်။ ကျောင်းက ပြ
ဌာန်း ထားတဲ့ စာတွေထက် ပြင်ပဗဟု သူ တတွေကို ပို ပြောပြလေ့ ရှိတယ်။ သူ့ စကားတွေ၊ သင်ကြားမှုတွေထဲမှာ
ကျောင်းသား တွေကို ပါ ပါအောင်ခေါ်သွားတတ်တ ယ်။ သူ ကို ကြောက်နေတာဆို မကြိုက်ဘူး။ သူ မှားနေလို့ ထောက်ြ
ပပေးတဲ့ ကျောင်း သားဆို ကြိုဆို တတ်ပြီး ကျေးဇူးတင်ကြောင်းပြန်ပြောလေ့ ရှိတယ်။ ပညာနဲ့အတူ စာရိတ္တကို ပါ
အလေးထားဖို့  မကြာ မကြာ ဆုံးမတတ်တ ယ်။ တော်နေရုံ မက ကောင်းဖို့ လို တယ်။ ကောင်းမှ၊ ရိုးသားမှတန်ဖိုးရှိပြီး
ကို ယ့်ကို ကို ယ်လ ည်း အမြဲဂု ဏ်ယူနို င်မယ်လို့ သတိပေးတတ်တ ယ်။ ဆရာပြောဖူးတဲ့ အထဲက ဂျပန်နဲ့မြန်မာ ပညာတော်သင်သွားကြတဲ့
အ ကြောင်းဆို ၊ ခု ထိကို အမှတ်ရနေဆဲလေ။

“ဟိုး မင်းတု န်းမင်းခေတ်ကပေါ့ကွာ။ ဆရာတို့ နို င်ငံ နဲ့ဂျပန်နို င်ငံ ကို အင်္ဂလန်နို င်ငံ က စက်မှုအတတ်ပညာနဲ့ပတ် သက်ပြီး
ပညာတော်သင်ခေါ်တယ်။ နိုင်ငံ တခု စီက အယောက်(၂၀) စီခေါ်တယ်ပဲ ထားပါတော့ ကွာ။ တို့ နို င်ငံ ကတော့ မင်းတို့ သိတဲ့
အတို င်း လက်သင့်ရာစားတော်ခေါ်ပေါ့။ ဘု ရင်နဲ့မူးမတ်အ သို င်းအ၀ို င်းထဲက လူ တွေချည်းရွေးလွှတ်တာ။ ခု ခေတ်လိုပဲဆို ပါေ
တာ့ ။”
“အယ် ... ဂျပန်နို င်ငံ ကတော့ တို့ လို မဟု တ်ဘူးကွာ။ သူ တို့ နို င်ငံ က စက်မှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူ တွေ ကို အင်တာ
ဗျူးအဆင့်ဆင့်လု ပ်ပြီးခေါ်တာ။ လူ အယောက် (၂၀) ခေါ်ဖို့ ကို တနို င်ငံ လုံးက စက်မှုကျွမ်းကျင်သူ (၈၀) ကို ရွေးထု တ်တ
ယ်။ ပြီးတော့ မှဒီအထဲက (၄၀)ကို ဒု တိယအကြိမ်ထပ်ရွေးတယ်။ နောက်တ ခါ အင်္ဂလိပ်ဘာသာပါ ကျွမ်း ကျင်သူ(၂၀)ကို လက်ေ
ရွးစင်ပြန်ရွေးပြီး အင်္ဂလန်ကိုပို့ လို က်တာ။ ဒီလက်ရွေးစင် (၂၀)နဲ့ ကျန်ခဲ့တဲ့ (၂၀)က အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်တာ၊ မ
ကျွမ်းကျင်တာလောက်ဘဲ ကွာတာ။ စက်မှုပညာတွေကတော့ သူ မသာ၊ ကို ယ်မသာ ပေါ့။ ပြီးမှ ကျန်ခဲ့တဲ့ (၂၀)နဲ့ ပထမရွေးကျ
န်(၄၀)ကို ဂျပန်အစိုးရက ပြန်မလွှတ်တော့်ဘဲ တနေရာမှာစု ပြီး ခေါ်ထားလို က် တယ်။”
“အင်္ဂလန်ကိုရောက်တော့ တို့ ရွှေမြန်မာတွေက တော်ကြပါတယ်။ စာတွေလည်းလို က်နို င်ကြတယ်။
ဒါပေမယ့် ဟို ရောက်တုန်း မစားဖူးတာတွေ စား၊ မသောက်ဖူးတာတွေ သောက်ပြီး ပြန်ခဲ့ကြတာပေါ့။ ဒီပြန်ရောက်ေ
တာ့ မဲနယ် စက်ရုံ၊ လက်နက်စက်ရုံ၊ ဒင်္ဂါးပြားစက်ရုံ တို့ တည်တာ၊ သင်္ဘောဖျက်တဲ့ ရေမြှပ်ဗုံးထွ င်တာတို့ လောက်တော့ အလု ပ်ဖြစ်ခဲ့
တာကို စာအု ပ်တွေထဲဖတ်ရဖူးတယ်ကွ ။ ဒါပေမယ့် အဲဒီအကျိုးဆက်ကို ဒီနေု့တို့ ခေတ်မှာ ဘာတခု မှမတွေ့ရတော့ ဘူး။ ဘာမှတ်တ
မ်းမှလည်း မကျန်ခဲ့တော့ ဘူး။ တို့ နို င်ငံ ရဲ့တိုးတက်မှုအခြေအနေကလည်း မင်းတို့ မြင်တဲ့အတို င်းပဲ။ အင်္ဂလိပ် သာ တို့  နို င်ငံ ကို မ
သိမ်းခဲ့ ရင် ခု ထိ နွားလှည်းနဲ့ပဲ ခရီးသွားနေရဦးမှာ။ ”
“ဂျပန်ပညာတော်သင်တွေကတော့ ဒီလို မဟု တ်ဘူး။ အင်္ဂလန်ကိုရောက်တာနဲ့ သူ့ အဖွဲ့နဲ့သူ စု ပြီး သင်ပေးသမျှ စာေ
တွကို ဂျပန်လိုဘာသာပြန်ကြတယ်။ ပြီးတော့ ဂျပန်နိုင်ငံ ကို ပြန်ပို့တယ်။ အဲ့ ဒီပို့ လို က်တဲ့ ဂျပန်လိုဘာသာပြန်ပြီး သားတွေကို
ကျန်ခဲ့တဲ့ (၂၀)အု ပ်စုက စု ပေါင်းလေ့ လာကြတယ်။ (၄၀)အု ပ်စုနဲ့ပြန်ဆွေးနွေးကြတယ်။ ပြန်သင် ကြတယ် ပေါ့
ကွာ။ ”
“ပညာသင်ကာလပြီးလို့  ပညာတော်သင်တွေ ဂျပန်လည်းပြန်ရောက်ရော့ ပြန်လာတဲ့ (၂၀)နဲ့ ကျန်ခဲ့တဲ့ (၂၀)တို့  ပြန်ေ
ဆွးနွေးပြီး ပညာတွေဖလှယ်ကြတယ်။ နောက် … (၄၀)ကို ပြန်သင် ပေးကြတယ်။ ဒီလို နဲ့ ပညာတော်သင်(၂၀)သာ
သွားရပေမယ့်၊ (၈၀)လုံး ပညာတွေတတ်သွားနို င်အောင် တပြိုင်တည်းပွားယူ နို င်ခဲ့ကြတာဟာ အတု ယူ စရာကောင်းပဲေ
ပါ့။ နောက်ပြီး ဂျပန်လိုဘာသာပြန်ပြီးသား ပညာတွေကို ပါ ရလို က်ကြတာ။ ခု ဆို မင်းတို့ သိတဲ့ အတို င်း၊ ဂျပန်နို င်ငံ ဟာ စက်မှု
ပညာနဲ့ပတ်သက်ပြီး ဘယ်လောက်တိုးတက်နေပြီလဲ။ ပညာရပ်တွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်စာမတတ်ချင်နေ၊ ဂျပန်လိုလေ့ လာနို င်ေ
အာင်၊ ဂျပန်လိုဖတ်ပြီးအသုံးချနို င်အောင်ဖြစ်သွားပြီ။ တို့နို င်ငံ နဲ့ဘယ်လောက်တောင်ကွာသွားလဲ ”
“ဒီတော့ ပညာယူ တဲ့ အခါမှာ အစီအစဉ်ရှိရှိယူ တတ်ဖို့လိုတယ်။ ပြီးတော့ မှတ်တ မ်းဆို တာကျန်ခဲ့အောင် လု ပ် ထားရ
မယ်။ ဒါမှ နောင်မျိုးဆက်တွေအတွက် ပညာအမွေပေးခဲ့ နို င်မှာ။ နောက် ... ကို ယ်လေ့ လာသိမြင်ခဲ့သမျှနဲ့ ကို ယ့် ဖြတ်သန်း
မှုအတွေ့အကြုံတွေကို ကို ယ့်ဘာသာစာပေတွေနဲ့ မှတ်တ မ်းတင်ထားခဲ့ သင့်တယ်ကွ ”

(၄)
တနေ့မှာတော့ စိတ်ဆိုးလေ့ မရှိတဲ့ ဆရာဘု မောင်တယောက် ဒေါကန်နေတဲ့ အမူ အရာနဲ့ အတန်းထဲဝင်လာပြီး
“ မင်းတို့  ကျောင်းအု ပ်ကြီးကတော့ စံ ပဲကွာ။ ကိုယ်တိုင်လုပ်လို့ရရက်နဲ့ ငါတို့ ကို ဒု က္ခပေးတာ ”
ဆရာဘု မောင် ဒေါသဖြစ်ရပုံ က ဒီလို ။ ကျနော်ပြောခဲ့ တဲ့ ကျောင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့မှာ သူ လည်းပါ
တယ်မဟု တ်လား။ ဒီမနက် ကျောင်းအု ပ်ကြီးက ကျောင်းနောက်ကျပြီှးရောက်လာတယ်။ ကျောင်းတံ ခါးဝနားအရောက် ကျော
င်းပြေးတဲ့ ကျောင်းသားအဖွဲ့တွေနဲ့ ကျောင်းရှေ့မှာ ထိပ်တိုက်တိုးပါလေရော။ အဲဒီအချိန်က တကျောင်းလုံး အဖြူ နဲ့အစိမ်း
ပဲဝတ်ကြရတော့ ကျောင်းသားနဲ့အရပ်သားက ခွဲလို့ လွယ်တ ယ်လေ။ ဒါပေမယ့်ဆရာကြီးက ကျောင်းသားတွေ ကို ဘာမှ
မပြောဘဲ၊ ကျောင်းထဲကို ကားဆက်မောင်းဝင်ခဲ့တယ်။ ကျောင်းရုံးခန်းထဲရောက်မှ စည်းကမ်းထိမ်းသိမ်းရေး ဆရာတွေ
ကို ခေါ်၊ ကျောင်းပြေးတဲ့ ကျောင်းသားတွေကို လို က်ခေါ်ဖို့ပြောတယ်တဲ့။
ကျန်ဆရာတွေအားလုံးကတော့ ဘာမှပြန်မပြောကြဘဲ ကျောင်းပြေးတွေနောက်ကို လို က်သွားကြပေမယ့်၊ ဆရာ
ဘု မောင်ကတော့ လို က်မသွားဘူး။ ကျောင်းအု ပ်ကြီးကို ပြန်ပက်ရင်း ကျန်နေခဲ့ တယ်တဲ့။
“ခင်ဗျားက ကို ယ်တိုင် တွေ့လို က်ရရက်နဲ့ ဘာလို့ ပြန်မခေါ်ခဲ့ တာလဲ။ ခင်ဗျားတွေ့တဲ့ အချိန်ဆို ကျောင်းသားေ
တွက ကျောင်းအနီးအနားမှာပဲ ရှိနေကြသေးတာ။ ခင်ဗျားပြန်ခေါ်ရင်လည်း ရရဲ့သားနဲ့ဗျာ။ ခု တော့  ဘယ်ရောက်
သွားပြီလဲဆို တာ ဘယ်လိုလု ပ်သိနို င်မလဲ။ လို က်ရှာလို့ ကတော့ တနေသာကု န်သွားမယ် တွေ့မှာမဟု တ်ဘူး။ ကျောင်း ပြေးစ
ရာနေရာတွေက တပုံ ကြီး၊ ကျုပ်တော့ မလို က်နို င်ဘူးဗျာ။ စာသင်ဖို့ရှိသေးတယ် ”လို့ ပြောပြီး ရုံးခန်းထဲက ပြန်ထွ က် လာ
တာတဲ့ ။

2
(၅)
“မင်းတို့  ဗျိုင်းအရှင်ဖမ်းနည်းဆို တာ ကြားဖူးလား”
ဒေါသတွေပြေသွားအောင် ခဏနားပြီးမှ ဆရာဘု မောင်က စကားပြန်စလာတယ်။
“မကြားဖူးပါဘူး ဆရာ”
“အေ ... မှတ်ထားကြ၊ ဆရာပြောပြမယ် ”
“မိုးဦးကျစ၊ မိုးဖွဲဖွဲလေးတွေရွာနေတဲ့ အချိန်ဆို ဗျိုင်းအရှင်ဖမ်းလို့ ရတယ်ကွ ။ ဒီအချိန်မျိုးဆို ဗျိုင်းတွေက လယ် ကွ
င်းတွေထဲမှာ ငါးရှာနေကြတာ။ ဒီတော့ မင်းတို့ က ဆားသာတဆု ပ်လောက်ယူသွား။ ခု န ငါးဖမ်းဖို့ စောင့်နေတဲ့ ဗျိုင်း အ
နားကို ဖြည်းဖြည်းလေးသွား။ ဗျိုင်းရဲ့ခေါင်းပေါ်ကို ဆားလေးပုံ ပေး။ မိုးကဖွဲဖွဲလေးရွာနေတာဆို တော့ေ
ခါင်းပေါ်က ဆားတွေ အရည်ပျော်ပြီး မျက်စိထဲကို စီးကျမယ်။ မျက်လုံးဖွင့်လို့ မရတော့ ဘူး။ ဒီအချိန်ဆို မင်းတို့  ဗျိုင်းအရှင်ဖမ်း
လို့  ရပြီ။”
ကျနော်တို့တတန်းလုံး ဆရာဘု မောင်ရဲ့ ဗျိုင်းအရှင်ဖမ်းနည်းကို ငြိမ်ပြီးနားထောင်နေမိကြတယ်။ နားထောင်
နေရင်းက မျက်စိထဲမှာလည်း လယ်ကွ င်းထဲက ဗျိုင်းဖြူဖြူတွေကို မြင်ယောင်လာတယ်။ အသာကပ်သွားပြီး ဗျိုင်းရဲ့ ခေါင်းေ
ပ်ါကို ဆားပုံ လို က်တ ယ်။ ဆားတွေအရည်ပျော်ပြီး မျက်လုံးထဲဝင်သွားတယ်။ ပြီးတော့ ... ဗျိုင်းလည်ပင်းကို ဆု ပ်ကိုင်ပြီး ဖမ်းလို က်တ ယ်
လို့ ကို မြင်ယောင်လာတယ်လေ။
“ဆရာ ... ဗျိုင်းအနားကပ်သွားတော့ ဗျိုင်းကထပျံမသွားဘူးလား ဆရာ”
ကျနော်တို့အားလုံး မေးလို က်တဲ့အသံ ရှိရာကို ၀ို င်းကြည့်လိုက်ကြတယ်။ ပိန်းဇလု ပ်ရွာက ကျောင်းလာတက် တဲ့
“ကရင်ကြီး”။ သူ့ နာမည်က စောထူးဂေ။ လူ ကောင်က ထွားထွားကြီးမို့  ကျနော်တို့အားလုံးက ကရင်ကြီးလို့ ပဲသူ ကို
ခေါ် ကြတယ်။ ဘောလုံးလည်း အကန်တော်တယ်ဗျ။
“အေးပေါ့ကွာ ... မင်းတောင်သိသေးတယ်။ မင်းတို့ ကျောင်းအု ပ်ကြီးက မသိဘူးကွ”
“မင်းတို့ စဉ်းစားကြည့်လေ။ ကရင်ကြီးပြောသလို ပဲ အနားကပ်လို့ရမှတော့ ဆားပုံ ဖို့ လို သေးလို့ လား၊ တ
ခါထဲ ဖမ်းလို က်မှာပေါ့။ မင်းတို့ ကျောင်းအု ပ်ကြီးကတော့ တခါထဲမဖမ်းလို က်ဖူးဟေ့ ။ ငါတို့ ကို ပဲ ဆား ပုံ ပုံ ခို င်းနေတာ
ကွ။ ဒါကြောင့် ဒေါကန်လာတာ ”

(၆)
နို့ ဖိုးဒု က္ခသည်စခန်းထဲမှာ ဒုံးယိမ်းသံ တွေ ၀ဲပျံ့နေဆဲ။ ဒီကရင်ဒုံးယိမ်းအကကို နောက်ထပ်ကရင်နှစ်သ စ်ကူး ဘယ်နှစ်ခု
အထိများ ဒီနို့ ဖိုးဒု က္ခသည်စခန်းထဲမှာ ထပ်ကြည့်ရ၊ ထပ်မြင်ရဦးမလဲ မသိ။
ဘ၀မြင်ကွ င်းတွေ ထပ်လွ န်းနေတော့ လည်း ကျေနပ်ခွင့်တွေ ပျောက်ဆုံးနေရပေါ့။ အနည်းဆုံး ဒီဒုံးယိမ်း
အက တွေက အမေရိကားမှာပဲဖြစ်ဖြစ်၊ နော်ဝေမှာပဲဖြစ်ဖြစ်၊ နယူးဇီလန်မှာပဲဖြစ်ဖြစ် နေရာပြောင်းပြီး ကြည့်ချ
င်ပြီလေ။

“ဟေ့ ... ယု မောင်၊ ဘု မောင်၊ ထိပ်ပြောင်လားဟေ့ ...


တောင်ဖက်ကျွန်းပေါ် မြစ်ဝနံ ဘေး၊ ကရင်မ နော်သန်းငွေ...” သီချင်းလေးနဲ့၊ ဗျိုင်းအရှင်ဖမ်းနည်းလေးကို
ပြန်သတိရမိလို က်တာကို က နှဖူးကြောလေးတွေ ပြေသွားသလို လို ။ အသက်ရှူ ချောင်သွား သလို လို ။ မဟု တ်လို့ကေ
တာ့ တနေ့တနေ့ စားဝတ်နေရေးအတွက် ပူ ပန်ရ။ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် ရင်မောရ။ ကို ယ့်ဘ၀ ကို ယ် အ
ဓိပ္ပါယ်ဖော်နို င်ရေးအတွက် ရတက်မအေးရ။ ဘ၀တွေကို ဗီဒီယို ကြည့်တဲ့ အခါ ပေါ့စ် (Pause) အလု ပ်ခံ ထားရ သလို ခံ စား
လာရပြီလေ။

အင်း ... ကျနော်တို့ဘ၀တွေ ပြန်လည်ရှင်သန်နိုးထနို င်ခွင့်တွေအတွက် ယူ အဲန်အိပ်ခ်ျစီအာရ် (UNHCR) ကပဲ ဗျိုင်းအရှင်ဖ
မ်းနေတာလား။ အမေရိကန်နို င်ငံ ကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ ကျနော်တို့ကို ယ်တို င်ကပဲ ဗျိုင်းအရှင် ဖမ်းနေတာလား။ တစုံ
တရာ ဒါမှမဟု တ် တစုံ တယောက်ကပဲ ....။ စဉ်းစားလို့ တောင် မရ။ ။

(၂၇/၁၁/၂၀၀၉)

You might also like