Download as pdf
Download as pdf
You are on page 1of 2

ဂဏန်းများမှ ဆုံးဖြတ်ပေးမဲ့ Justice Day

၎.၁.၁၉၄၈ မြန်မာပြည်ရဲ့ မွေးနေ့လို့ဆိုရမယ့် နေ့ထူးနေ့မြတ်တစ်ရက်ပါ။ နယ်ချဲ့လက်ကနေ


လွတ်လပ်ရေးကို ပြန်လည်အရယူနိုင်ခဲ့တာမို့ မြန်မာနိုင်ငံရဲ့ တကျော့ပြန်လည်မွေးဖွားရာ
နေ့တစ်နေ့အဖြစ် ဗေဒင်အလိုအရ ယူဆပါတယ်။ အနောက်တိုင်း သချာင်္ဗေဒ အရဆိုရင်
အဲဒီနေ့ဟာ
၎ ဆိုတဲ ယူရေးနပ်စ်၊ ဇန်န၀ါရီဆိုတဲ စနေပိုင် ၈ ရာသီခွင် ၊ ၁၉၄၈ ဆိုတဲ့ ၄ ပဲပြန်ရတဲ့
ယူရေးနပ်စ် နဲ့ အတူ အားလုံးပေါင်းခြင်း ၂၇= ၉ ဆိုတဲ့ အင်္ဂါ ရရှိနေတာကို တွေ့မြင်ရပါတယ်။
ထပ်ပြီး စစ်ဆေးကြည့်ရင်တော့
၎ ဂဏန်းက နှစ်ကြိမ်၊ ၈ ဂဏန်းက ရာသီခွင်နဲ့ဆို နှစ်ကျော့ပြန်၊ ၉ ဂဏန်းကလည်း
အားလုံးပေါင်းခြင်းနဲ့ဆို နှစ်ထပ်ကွမ်း ပါဝင်နေပါတယ်။ ယူရေးနပ်စ်၊ စနေနဲ့ အင်္ဂါတွေ
ပေါင်းစပ်မြင်ယှဉ်တယ်လို့ သုံးသပ်နိုင်ပါတယ်။ ၁ ဂဏန်းလည်း နှစ်ပြန်ပါဝင်ပေမယ့်
အားမပါလှပါဘူး။
ဂဏန်းတွေရဲ့အဟောပိုင်းကနေ သုံးသပ်ကြည့်ရင် ယူရေးနပ်စပ
ိုင် ၄ ကြောင့်
ဆန့်ကျင်တော်လှန်ခြင်း၊ မငြိမ်သက်ခြင်း၊ အာခံခြင်း၊ ပေါက်ကွဲပြင်းထန်ခြင်းတွေ ရှိနေပါတယ်။
လွတ်လပ်မှုကို အင်မတန်တောင်းဆိုတိုက်ယူတာကို ပြဆိုပါတယ်။ ဒါပေမယ့် ၈ ဆိုတဲ
စနေကြီးကလည်းပါဝင်နေသမို့ နှောင့်နှေးကြန့်ကြာတာ၊ ဆင်းရဲကြပ်တည်းတာ၊
အောက်ကျနောက်ကျဖြစ်တာတွေကို ဖြစ်ပွားစေပါတယ်။ အားလုံးပေါင်းခြင်း ၉ အင်္ဂါကတော့
စစ်နတ်ဘုရား ဆိုတော့ကာ သွေးထွက်သံယို၊ တိုက်ပွဲ၊ ရန်မီးတွေကို ညွှန်းဆိုနေပါတယ်။
ပါဝင်တဲ့ ဂဏန်းတွေအားလုံးသုံးသပ်ရင် ပါပဓာတ်တွေစုစည်းထားသလို တွေ့နေရပါတယ်။
အခုလွတ်လပ်ေ၇းရပြီး နှစ်ပေါင်း ခြောက်ဆယ်ကျော်လာတဲ့အထိ မြန်မာနိုင်ငံကို အရှိကို
အရှိအတိုင်း သုံးသပ်ကြည့်ရင် ကမ္ဘာ့အလည်မှာ ဘယ်လိုနေရာ၊ အဆင့်အတန်းနဲ့နေရပြီး
လတ်တလော ဘာတွေဖြစ်ပျက်နေလဲဆိုတာ အထင်အရှားမြင်ရမှာပါ။
လွတ်လပ်ရေးရပြီး သမိုင်းတစ်လျှောက်အဆိုးဝါးဆုံးမှတ်တမ်းဖြစ်တဲ့ ၁၉၈၈ ကို
ကြည့်မယ်ဆိုရင် ၉နဲ့ ၈ တွေတစ်ထောကြီးပါဝင်နေတာကိုတွေရ
့ မှာပါ။ ပြီးတော့
အားလုံးပေါင်းခြင်းကလည်း ၂၆=၈ ပဲဖြစ်နေပါတယ်။ စနေနဲ့ မူလက
ယူရေးနပ်စ်တို့မြင်ယှဉ်တယ်လို့ ယူဆပါတယ်။ အဲဒီနှစ်ရဲ့ မြန်မာ့ သက်တမ်း ၄၁ နှစ်နဲ့
မွေးရက်မူလဂဏန်း ၄ ကိုပေါင်းရင်တော့ ၄၁+၄=၄၅=၉ အင်္ဂါစစ်ဂြိုဟ်ကိုပါ
ထင်းခနဲမြင်ရပါမယ်။ မူလသက်ကရစ်ရဲ့ တူရာအားကြိးတဲ့ ဂြိုဟ်တွေဆုံကြတယ်လို့
ယူဆပါတယ်။နောက်တစ်ခါ ပူပူနွေးနွေးဖြစ်နေသေးတဲ့ ၂၀၀၇ အရေးကိုကြည့်ရင်လည်း
၂၀၀၇=၉ ဆိုတဲ့ အင်္ဂါသွေးထွက်သံယိုကိုမြင်ရပါမယ်။ ၂၀၀၀ နောက်ပိုင်းမှာ ပထမဆုံး ၉
ရတဲ့နှစ်ဖြစ်သလို မြန်မာ့ သက်တမ်း ၆၀ နဲ့ မူလ ၄ ပေါင်းခြင်း ၁၀ ရရှိတဲ့နှစ်ဖြစ်နေပါတယ်။
အဲဒီမှာ ၁၀ ဟာ ၄.၈.၉ တို့နဲ့ ဘာမှ မပက်သက်ဘူးလို့ ပြောစ၇ာဖြစ်လာပါတယ်။ ဒါပေမယ့် ၉
စိုးမိုးရာနှစ်မှာ ၁၀ ဆိုတဲ့ ကြမ္မာလှည်းဘီးဂဏန်းကျတာဟာ အပြောင်းအလဲကို သွေးနဲ့
တိုက်ပွဲနဲ့ ရင်းရတယ်ဆိုတဲ့ ကိန်းမျိုးကို တင်ဆက်ထားတာ တွေ့ရပါတယ်။ တကယ်လည်း
သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ မြင်ကွင်းမျိုးကို တစ်ကမ္ဘာလုံးမြင်တွေ့လိုက်ရတာပါပဲ။
တိုက်ဆိုင်တာက ၂၀၀၇ ဟာ ၉ ဖြစ်နေသလို ဖြစ်တဲ့လ စက်တင်ဘာကလည်း ၉
လပိုင်းဖြစ်နေတာပါပဲ။ နောက် အဆိုးဝါးဆုံးနေ့ ကလည်း ၂၇ ရက်နေ့ဖြစ်လို့နေပါတယ်။
အခု ဆန္ဒမဲပေးရေးကြီးစတင်ပါတော့မယ်။ ၂၀၀၈ ဟာ ပေါင်းခြင်း ၁၀ ရတဲ့ နှစ်ဖြစ်ပါတယ်။ ၁
လို့လည်း ယူဆနိုင်ပါတယ်။ အစပြုတာ၊ ရောင်နီသန်းလာတာ၊ ဦးဆောင်တာကို
ကိုယ်စားပြုနေပါတယ်။ ၁၀ ကတော့ ပြောင်းလဲခြင်းကို ရည်ညွှန်းပါတယ်။ မြန်မာ့ သက်တမ်း
၆၁ နဲ့ မူလရက် ၄ ကိုပေါင်းစပ်ရင် ၆၅=၁၁ ရပါတယ်။ တားရော့ကတ်မှာတော့ ၁၁ ဟာ
တရားမျှတမှု၊ ဥပဒေ၊ အမှန်တရားကို ဖော်ဆောင်တဲ့ JUSTICE ဆိုတဲ့
တရားသူကြီးသင်္ကေတဖြစ်ပါတယ်။

ပုံမှာ မြင်ကြတဲ့အတိုင်း တစ်ဖက်ကချိန်ခွင်ကို ကိုင်၊ တစ်ဖက်က


ဓားကိုကိုင်ပြီး ရှေ့ကို စူးစူးရဲရဲကြည့်နေတဲ့ တရားသူကြီးကို
တွေ့မြင်ကြရမှာပါ။ အမှန်တရားကို မြတ်နိုးပြီး လူယုတ်မာတွေ၊
အပြစ်ရှိသူတွေကို စီရင်ချက်ချမယ့် နှစ်ဖြစ်လို့ ဘယ်သူတွေက
ဘာတွေလုပ်လို့ ဘယ်လိုစီရင်တော့မယ်ဆိုတာ
ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ကြပါစို့....

သုတေသီ တစ်ဦး

You might also like