Statement From San Francisco Bay Area (USA)

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 2

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်

ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာပြည်သားများ၏

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် သဘောထား

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် ရောက်ရှိနေသော မိမိတို့သည် ၁၉၉၀


ပြည့်နှစ် ရွေးကောက်ပ၌
ွဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံဆန္ဒမဲ
ပေးခဲ့ကြသူများဖြစ်ပါသည်။ ယနေ့ထိတိုင်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ထောက်ခံအားပေး ၀န်းရံလျက်ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်ဖြစ်သော ရွှေဂုံတိုင်ကြေညာချက်ပါ နိုင်ငံရေးမူဝါဒများကိုလည်း


အပြည့်အ၀ ထောက်ခံသူများ ဖြစ်ပါသည်။ ၎င်းရွှေဂုံတိုင်ကြေညာချက်ပါ နိုင်ငံရေးလမ်းစဉ်များသည်သာ အမျိုးသားပြန်လည်
သင့်မြတ်ရေးနှင့် ဒီမိုကရေစီရရှိရေး လမ်းကြောင်းဆီသို့ ရောက်ရှိနိုင်မည်ဟု မိမိတို့ အပြည့်အ၀ယုံကြည်ပါသည်။

နအဖ စစ်အာဏာရှင်တို့က ပြည်သူလူထု၏ဆန္ဒနှင့် တသားတည်းရှိသော ရွှေဂုံတိုင်ကြေညာချက်လမ်းစဉ်များကို


ဆန့်ကျင်သွေဖည်ကာ တရားမျှတမှုလုံးဝမရှိသော ရွေးကောက်ပွဲဥပဒေများကို ထုတ်ပြန်လိုက်ပါသည်။ ၎င်းရွေးကောက်ပွဲ
ဥပဒေများသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်
များနှင့် ဒီမိုကရေစီအင်အားစုများကို အပြီးသတ်ချေမှုန်းရန်ရည်ရွယ်သော နိုင်ငံရေးစိန်ခေါ်မှုကြီး ဖြစ်ပေသည်။

တရားမျှတမှုမရှိသော ၎င်းရွေးကောက်ပွဲဥပဒေများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်နှင့် ကျော်ဖြတ်နိုင်ရန်အတွက်


မြန်မာပြည်သူလူထုနှင့်အတူ စိတ်ဓာတ်ခွန်အားများဖြင့် ညီညီညွတ်ညတ
ွ် ရင်ဆိုင်ကျော်လွှားကြရန် ဒေါ်အောင်ဆန်းစုကြည်
၏ တိုက်တွန်းချက်ကို မိမိတို့က အပြည့်အ၀ ထောက်ခံပါသည်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိသော မည်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များ ကိုမျှ မိမိတို့အနေဖြင့်


ထောက်ခံဝန်းရံသွားမည် မဟုတ်ပါ။ ပြည်သူလူထု အကျိုးစီးပွားကိုသာ ရှေးရှုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုသာလျှင်
နိုင်ငံရေးဦးဆောင်ပါတီတရပ်အဖြစ် မိမိတို့ ထောက်ခံဝန်းရံသွားပါမည်။

သို့ဖြစ်ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအနေဖြင့်

(၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော NLD ကိုသာ ၀န်းရံပံ့ပိုးသွားရေး၊

(၂) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အပေါ် သစ္စာရှိရေး၊

(၃) ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက်ဆုပ်ကိုင် ရပ်တည်သွားရေး၊

(၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာမခံရေး၊

(၅) မတရားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်ရေး၊


စသည့် အချက်များအပေါ် (၈)လေးလုံး ဒီမိုကရေစီစိတ်ဓာတ်ကို ကိုင်စွဲ၍ ဆက်လက်ရပ်တည် ဆောင်ရက
ွ်သွားကြ
ပါရန် မိမိတို့ အဝေးရောက် မြန်မာပြည်သားများက အလေးအနက် တိုက်တွန်းအပ်ပါသည်။ ။

ရက်စွဲ။ ။ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၂ ရက်နေ့။ မြန်မာပြည်သားများ

ဆက်သွယ်ရန် (၆၅၀ ၈၃၄ ၀၁၈၄) ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ ကယ်လီဖိုးနီးယားပြည်နယ်၊

အမေရိကန်ပြည်ထောင်စု။

You might also like