Download as pdf or txt
Download as pdf or txt
You are on page 1of 2

FRIENDS OF NLD

NLD မိတ်ဆွေများ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်ခြင်း နှစ်(၂၀)ပြည့် သဘောထား ကြေညာချက်။

ယနေ့သည် မြန်မာပြည်၏ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ အပေါင်းတို့၏ အသက်သွေးပေါင်းများစွာ ရင်းနှီးခဲ့ကြ

သည့် (၈)လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှ မွေးဖွားပေးလိုက်သော ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲအောင်မြင်ခြင်း နှစ(် ၂၀)ပြည့်

မြောက်သော နေ့ဖြစ်ပေသည်။ ၁၉၉၀ပြည့်နှစ်မေလ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဒေါ်အောင်ဆန်းစုကြည်

ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က မြန်မာတစ်နိုင်ငံလုံးတွင် (၈၂) ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရရှိခဲ့သော

နေ့လည်းဖြစ်ပေသည်။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲကြီးသည် လွတ်လပ်မှုနှင့်တရားမျှတမှုရှိသော နိုင်ငံတကာ အစိုးရများအပါအ၀င် အဖွဲ့

အစည်းများမှ တရားဝင်အသိအမှတ်ပြုထားသည့် ရွေးကောက်ပွဲလည်းဖြစ်ပေသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးတို့အတွက် မြန်မာပြည်သူ

လူထုတစ်ရပ်လုံးက ဒီမိုကရေစီ နည်းကျစွာ ရွေးချယ်ပေးလိုက်သော ပြည်သူ့ဆန္ဒ အစစ်အမှန်တစ်ခုလည်း ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ်တွင်

အခြေခံသည့် NLDရွှေဂုံတိုင်ကြေညာစာတမ်းပါ မူဝါဒများကို ဆုပ်ကိုင်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေး၊

ပြည်သူလွှတ်တော်ပေါ်ပေါက်ရေး ကြိုးပမ်းမှုများကို မိမိတို့မှ အသိအမှတ်ပြုထောက်ခံပါသည်။

စစ်အာဏာရှင်တို့သည် မြန်မာပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ဖြစ်သော ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို လုံးဝအသိ

အမှတ် မပြုတော့သည့်အပြင် ပြည်သူလူထု၏ဆန္ဒနှင့် ကိုယ်စားပြုမှု လုံးဝမပါဝင်သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲကာ

လွတ်လပ်ပြီးတရားမျှတမှု လုံးဝမရှိသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတင်းအဓမ္မ အတည်ပြုပြဌာန်းခဲ့ပေသည်။ အထူးသဖြင့်


နာဂစ်မုန်တိုင်း ဘေးဒဏ်ကျရောက်လာပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ကြီးမားစွာပျက်စီးဆုံးရှုံးနေရချိန်တွင်

ကိုယ်ကျိုးအခြေခံ အာဏာနိုင်ငံရေးကိုသာ အလေးထားပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို တဇွတ်ထိုးကျင်းပခဲ့ကာ ၎င်းစစ်ကျွန်ပြုရေး

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းခဲ့ခြင်းလည်း ဖြစ်ပေသည်။

ယခုအချိန်တွင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်မျှတမှုမရှိသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊

ရွေးကောက်ပွဲဥပဒေများကို စစ်အာဏာရှင်တို့က စိတ်ကြိုက်ရေးဆွဲပြဌာန်းခဲ့ပေသည်။ (၈)လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ မွေးဖွား


ပေးလိုက်ကြသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များနှင့်

NLDအပါအ၀င် ဒီမိုကရေစီအဖွဲ့အစည်းများ အားလုံးတို့၏ နိုင်ငံရေးလှုပ်ရှားမှုများအားလုံးတို့ကို ၎င်းမတရားသော ဥပဒေများဖြင့် အပြီးတိုင်

ချေမှုန်းနေပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ကျွန်ုပ်တို့ NLD မိတ်ဆွေများမှ

(၁) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုသာလျှင် မြန်မာပြည်သူလူထု၏

တရားဝင်ကိုယ်စားလှယ်အဖွဲ့အဖြင့် ဆက်လက်အသိအမှတ်ပြု ထောက်ခံသွားရန်။

(၂) ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ဖြစ်သော ၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုသာ ဆက်လက်အသိအမှတ်ပြု ထောက်ခံ

သွားရန်။

(၃) စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းထားသော ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပသော

၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ပြင်းထန်စွာ ဆန့်ကျင်သွားရန်။

တို့ကို နိုင်ငံတစ်ကာ အ၀န်းအ၀ိုင်းတို့နှင့် အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။ ထို့အပြင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက်ထောက်ခံ ၀န်းရံပံ့ပိုးသွားကြမည်

ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် ပြည်သူလူထုနှင့်အတူလက်တွဲကာ ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်သွား

မည်ဖြစ်ကြောင်း လေးနက်စွာ ကြေညာလိုက်ပါသည်။

ရက်စွဲ။ ။၂၀၁၀ခုနှစ် မေလ(၂၇)ရက်။ NLD မိတ်ဆွေများ

၁။ Burmese American Democratic Alliance (BADA)

၂။ Burmese American Women’s Alliance (BAWA)

၃။ သုံးရောင်ချယ်အဖွဲ့ (USA)

၎။ NLD_LA အဖွဲ့ဝင်များ(San Francisco Bay Area_ USA)

မှတ်ချက်။ ။ NLD မိတ်ဆွေများသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီ NLDကို အမြဲတမ်း

ထောက်ခံ ၀န်းရံပံ့ပိုးမှု ပေးနိုင်ရန်အတွက် ဟူသောရည်ရွယ်ချက်ဖြင့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်

စုစည်းထားသော NETWORK တစ်ခုဖြစ်ပါသည်။

ဆက်သွယ်ရန်။ ။ ၆၅၀ ၈၃၄ ၀၁၈၄ ။ ၄၁၅ ၄၂၄ ၅၈၁၁ ။ ၅၁၀ ၂၂၀ ၁၃၂၃

You might also like