Download as pdf or txt
Download as pdf or txt
You are on page 1of 2

ကြံ့/ဖွံ့ ပါတီ လာချေပြီ

(- ၈ - ၂၀၁၀)
၂၀၁၀)

ဥပဒေတွေနဲ့ ရွေးကောက်ပဝ
ွဲ င်မယ့် ပါတီတွေကို လက်ပြန်ကြိုးချည်ပြီးပြီ။ ပါးစပ်ကို ပိတ်ပြီးပြီ။ နိုင်ငံရေး မလုပ်တော့ပါဘူး
ဆိုသူတွေကလည်း 'အာဏာရပါတီ' အတွက် အမျိုးမျိုး ရှေ့နေလိုက်ပေးပြီးကြပြီ။ နိုင်ငံရေးက ရာသက်ပန် နားပါပြီဆိုတဲ့ ဗိုလ်အောင်ကြီး
ကတောင် "ဖွဲ့ စည်းအုပ်ချုပ်ပအ
ုံ ခြေခံဥပဒေကို လွယ်လွယ်နဲ့ ပြင်တာဖြည့်တာ လုပ်မရဘူး" တဲ့။ (လွယ်လွယ်နဲ့ ဖျက်လို့တော့ ရတယ်။ '၁၉၄၇
အခြေခံဥပဒေ' ကို သူန့ဗ
ဲိုလ်နေဝင်းတို့ ဖျက်ခ့တ
ဲာပဲ။) 'လက်ရှိတပ်မတော်နဲ့ အပြန်အလှန်ယုံကြည်အားပေးနိုင်တဲ့ ပါတီကပဲ အာဏာရစေရမယ်'
တဲ့။ (ကြံ့/ဖွံ့ ပါတီ နိုင်စေရမယ်လို့ပဲ ခပ်ရှင်းရှင်းပြောလိုက်ပါတော့။)

'နိုင်ရမယ် ကြုံးဝါးသံနဲ့ ထွက်လာတဲ့ ကြံ့/ဖွံ့ ပါတီ။

ဆွေငြိမ်းတို့လို 'ရှုံးရင်လည်း နိုင်ရမယ်' လို့တောင် မပြောဘူး။ 'နိုင်ရမယ်' လို့ပေ


ဲ ပြာပြီး ကြံ့/ဖွံ့ ပါတီက ရွေးကောက်ပွဲဝင်တော့မယ်။
'ဆင်နဆ
ဲိ့တ်ပြိုင်ပ'ွဲ မှာ ဘယ်သူနိုင်မလဲဆိုတာ တွက်နေစရာမလိုတော့ဘူး။ ကြံ့/ဖွံ့ ပဲ နိုင်မှာပါ။ ယှဉ်ပြိုင်သူ မရှိတဲ့နေရာ တော်တော်များများမှာ
သူတို့ပဲ နိင
ုမှာပါ။ ဘာကြောင့်လ။ဲ တခြားပါတီတွေက နောက်ဆုတ်နေကြပြီ။ 'တစည' ကတောင် အပြောလျှော့လာပြီ။ မတရားဘူးလို့ပြောပြီး
လုံးလုံးနောက်ဆုတ်တဲ့ ပါတီလည်း ရှိလာမယ်။ အဲဒီလိုလုပ်တာ မှန်တယ်။ ငွေ (၅) သိန်း ဘာကြောင့်အဆုံးခံကြမလဲ။ တခြားရွေးကောက်ပွဲ
စရိတ်ကလည်း ရှိသေးတယ်။

ရပ်တည်မ@ှု ပျက်သူတို့ရဲ့ အသံ။

NDF ခေါင်းဆောင်တယောက်ကတော့ 'နိုင်ရမယ်' ကြုံးဝါးသံနဲ့ ထွက်လာတဲ့ ကြံ့/ဖွံ့ ကို ဘာမှမပြောဘူး။ NLD က ရွေးကောက်ပွဲ
သပိတ်မှောက်ရေးလုပ်တာကိုပဲ အပြစ်ပြောတာ ကြားလိုက်ရတယ်။

ဒါဟာ ရပ်တည်ချက်ပျက်သူတွေရဲ့ စဉ်းစားနည်း၊ ပြောနည်း၊ လုပ်နည်းပဲ။ ရပ်တည်ချက် ပျက်ပြီဆိုရင် ဒီလိုပဲဖြစ်လေ့ ရှိပါတယ်။


အလံနီဂိုဏ်းကိုကြည့်။ ဗကပ ထဲ ခဏတဖြုတ် ဖြတ်လျှောက်ဖူးသူတွေကိုလည်းကြည့်။ တဖက်က တင်းနေရင် ကိုယ့်အတွင်းမှာပဲ တရားခံ
ရှာကြတာပဲ။ လက်နက်ချကြတာပဲ။

လုပ်စရာတွေ များတယ်။

'ရွေးကောက်ပလ
ွဲ န
ွ်' ကာလမှာ လုပ်စရာတွေ များပါတယ်။ ရပ်တည်မ@ှုပြဿနာမှာတော့ ရွေးစရာက (၂) ခုပဲ ရှိတယ်။ အာဏာပိုင်
လုပ်သမျှ ငုံ့ခံမလား၊ ခုခံတန
ွ်းလှန်မလား။ ဒီ (၂) ခု ရွေးစရာ ရှိတယ်။

နည်းနာဆိုင်ရာပြဿနာမှာတော့ ရွေးစရာတွေက အများကြီးပဲ။ ကိုယ့်အနေအထားအရ ကိုယ်ဘာလုပ်နိုင်မလဲဆိုတာကို


ရွေးကြရမှာပါ။ NLD လုပ်နိုင်တာကို ဗကပ မလုပ်နိုင်ပါဘူး။ ဗကပ လုပ်နိုင်တာကိုလည်း NLD မလုပန
ိုင်ပါဘူး။ တခြားပါတီတွေ၊ အင်အားစုတွေ
လုပ်နိုင်တာလည်း NLD ရော၊ ဗကပ ပါ မလုပ်နိုင်ပါဘူး။ ကိုယ်သန်ရာသန်ရာကိုပဲ ရွေးပြီးလုပ်ကြရမှာပဲ။ ဦးတည်ချက်မှန်နေသမျှတော့
ဘာပဲလုပ်လုပ် မှန်တာချည်းပါ။

အခြေအနေကောင်းတယ်။

ဗိုလ်နေဝင်းတိက
ု့ 'ဆန္ဒခံယူပ'ွဲ လုပ်ပြီး ချက်ချင်းပဲ ရွေးကောက်ပွဲလုပ်ဝံ့တယ်။ ဘာကြောင့်လဆ
ဲိုတော့ တကောင်တည်း ပြိုင်တဲ့မြင်း။
သူပန
ဲိုင်မှာ သေချာလို့ပ။ဲ
ဗိုလ်သန်းရွှေတို့ကတော့ 'ပါတီစ'ုံ တို့၊ 'ဒီမိုကရေစီ' တို့ ပြောနေရတယ်။ ဒါကြောင့် 'ဆန္ဒခံယူပ'ွဲ နဲ့ 'ရွေးကောက်ပ'ွဲ ကို နှစ်တွေ
အကြာကြီးခြားပြီး လုပ်ရတယ်။ ဆန္ဒခံယူပမ
ွှဲာ နေဝင်းရော၊ သန်းရွှေပါ (၉၀%) ကျော် ထောက်ခံမ@ှုရအောင် လုပ်ခဲ့နိုင်ကြတာပဲ။ ဒါပေမဲ့
အခြေအနေချင်းက မတူဘူး။

အခြေအနေချင်း မတူတာတွေ။

နိုင်ငံတကာ့အခြေအနေ မတူဘူး။ ပြည်တင


ွ်းအခြေအနေ မတူဘူး။ သန်းရွှေ ရင်ဆိုင်နေရတဲ့ အခြေအနေက နေဝင်းတုန်းကနဲ့
လုံးဝမတူဘူး။ နိုင်ငံတကာက ဗမာပြည်နိုင်ငံရေးကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေကြတာ။

ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကလည်း ရှိနေတယ်။ 'ပါဝါအမာ' နဲ့ 'ပါဝါအပျော့' ရဲ့ လွနဆ


်ွဲပွဲကလည်း ရှိနေတယ်။

ပြည်တင
ွ်းအခြေအနေက ပိုပြီးမတူဘူး။ နေဝင်းရဲ့ '၁၉၇၄ အခြေခံဥပဒေ' ကို နယ်စပ်ရောက်နေတဲ့ ဗကပ တခုတည်းကပဲ
ဖွင့်ချဝေဖန်တာ ရှိတယ်။ တခြား ဘယ်သူကမှ အရေးမလုပ်ဘူး။ 'ဆိုရှယ်လစ်စီးပွားရေး' ဆိုတာနဲ့ 'မှောင်ခိုစီးပွားရေး' က ပြိုင်တူ
တည်ရှိနေတယ်။ 'မှောင်ခိုစီးပွားရေး' ကတောင် အထက်စီးရနေချိန်ပ။ဲ

နိုင်ငံရေးအခြေအနေကျတော့ ပိုတောင်ဆိုးတယ်။ ဗကပ ပျက်တွေနဲ့ ပမညတ တွေက မဆလ 'အခြေခံဥပဒေ' ကို အလုပအ
် ကျွေး
ပြုနေကြတယ်။

အနုပညာရှင်တွေဟူသမျှကလည်း နေဝင်းတို့ကို ထထကြွကြွပံ့ပိုးပေးနေကြတယ်။

အခု သန်းရွှေတို့ကတော့ အဲဒီဟာတွေနဲ့ ဆန့်ကျင်ဘက်အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ စစ်းအစိုးရပိုင်သတင်းစာတွေမှာ


ပြူးတူးပြဲတေ
ဲ ဖ်ာပြနေတဲ့ ကြွေးကြော်သံ (ဆောင်ပုဒ)် တွေပဲကြည့်။ အဲဒါဟာ သူတို့တွေ့နေရတဲ့ အကျပ်အတည်းပဲ။

လူထုဘယ်တော့မှ လက်ပန်းမကျဘူး။

နိုင်ငံရေးသမားတွေပဲ လက်ပန်းကျတတ်တယ်။ လူထုက ဘယ်တော့မှ လက်ပန်းမကျဘူး။ အကောင်းဆုံးနဲ့ အနီးကပ်သာဓက


ကတော့ '၁၉၇၄ အလုပ်သမားလ@ှုပရ
ှ်ားမ@'ှု ပဲ။ 'အခြေခံဥပဒေ' အောင်ပခ
ွဲံနေတဲ့ နေဝင်းတို့ကို ပထမဆုံးအန်တုလိုက်တာဟာ အလုပ်သမား
လူတန်းစားပဲ။

'၂၀၀၈ အခြေခံဥပဒေ' ကို ဗွေဆော်ဦးအန်တုမှာကလည်း အခြေခံလူတန်းစားတွေပဲ ဖြစ်မှာပါ။ အလုပ်သမားလား။ လယ်သမားလား။


မြို့နေဆင်းရဲသားလား။ တခုခုပါပဲ။

ဗကပ ဘာလုပ်မလဲ။

အနိမဆ
့်ုံးဘုံလုပ်ငန်းစဉ် (MCP) အဆိုပြုချက်မှာ တင်ပြပြီးပြီ။ အဲဒီအလုပ်ကိုပဲ ဇောက်ချလုပ်မှာပါ။ မသွေမဖည် ဇွန
ဲ့လုပ်ပါမယ်။

www.cpburma.org

You might also like