Download as pdf or txt
Download as pdf or txt
You are on page 1of 1

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ သဘောထား ထုတ်ပြန်ကြေညာချက်။

မြန်မာ့စစ်အာဏာရှင်တို့သည် ၎င်းတို့၏ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်အတွက် နည်းပေါင်းစုံသုံးကာ

ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါသည်။ ပြည်သူတို့၏ ဆန္ဒအစစ်အမှန်မဟုတ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥ ပဒေများဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် ကြိုးပမ်းနေကြပါသည်။ ယင်းရွေးကောက်ပွဲကို မိမိတို့ ဒီမိုကရေစီအင်အားစုများက လုံးဝ(လုံးဝ) အသိအမှတ်မပြုပါ။ ထို့အပြင် ထောက်ခံမှုရှိလာအောင် စစ်အာဏာရှင်တို့က နည်းပေါင်းစုံဖြင့် ၎င်းတို့၏ ၂၀၁၀ ထိုကဲ့သို့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ အသိုင်းအ၀ိုင်းတို့မှ

ကြိုးပမ်းနေပါသည်။

ကြိုးပမ်းဆောင်ရွက်မှုများတွင်

နည်းလမ်းတစ်ခုဖြစ်သော

စစ်အာဏာရှင်ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်ကားများလည်း အပါအ၀င်ဖြစ်ပါသည်။ မြန်မာ့စစ်အာဏာရှင်တို့၏ တဖက်သတ် ၀ါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်ကားဖြစ်သည့် ‘အရုဏ်ဦးမှာ ဖူးသည့်ကြာ’ ရုပ်ရှင်ဇာတ်ကားသည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၊ ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ဖြစ်သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ စသည့် သမိုင်းဖြစ်ရပ်မှန်များကို အတင်းအဓမ္မ ယုတ်မာစွာ ပုံဖျက်လုပ်ကြံထားသော စစ်အစိုးရ၀ါဒဖြန့်ချိရေး ရုပ်ရှင်ကားဖြစ်ပါသည်။ ၎င်းကားတွင် ပါဝင်သရုပ်ဆောင်သူများနှင့် ပံ့ပိုးကူညီ အားပေးသူများအားလုံးကို မိမိတို့က လုံးဝ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလိုက်ပါသည်။ အနုပညာသည် ပြည်သူလူထုအကျိုးစီးပွားအတွက်သာ ဖြစ်ရပါမည်။ ပြည်သူလူထုအကျိုးစီးပွားကို ဖျက်ဆီး

အဆိပ်သင့်စေသော အနုပညာသည်လည်းကောင်း၊ ထိုအနုပညာကို ဖန်တီးကြသူများသည်လည်းကောင်း၊ ထိုအနုပညာကို ပံ့ပိုးကူညီ ပါဝင်သူများသည်လည်းကောင်း တချိန်တွင် သမိုင်း၏ တရားခံများသာဖြစ်မည်။ ထိုကဲ့သို့ ဆိုးဝါးလှသော လိမ်ညာလှည့်ဖြားထားသည့် သမိုင်းကြောင်းကို အနာဂတ် မျိုးဆက်သစ်လူငယ်များအနေဖြင့် ရှင်းလင်းပြတ်သားစွာသိရှိရန် အထူးလိုအပ်လှပေသည်။ အနာဂတ် မျိုးဆက်သစ်လူငယ်များကို သမိုင်းကြောင်းအမှားများ သွတ်သွင်းပေးနေခြင်းသည် တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူလူထု အသက်၊ သွေး၊ ချွေး တို့ဖြင့် ပေးဆပ်ခဲ့ရသည့် သမိုင်းကြောင်းအစစ်အမှန်များကို အနာဂတ် လူငယ်မျိုးဆက်သစ်များ သိရှိစေရန် မိမိတို့က နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားပါမည်။ ‘အရုဏ်ဦးတွင် ဖူးသည့်ကြာ’ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကြသော အနုပညာသည်များနှင့် ပံ့ပိုးကူညီသူများအား ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက နေရာအနှံ့ ဆန္ဒပြ ဆန့်ကျင်ကန့်ကွက် ရှုတ်ချမှုများကို မိမိတို့အင်အားစုများက အပြည့်အ၀ ထောက်ခံပါသည်။ မိမိတို့ ဆန်ဖရန်စစ္စကို ဘေးဧရိယာသို့ ရောက်ရှိလာကြမည့် ၎င်းဇာတ်ကားတွင်ပါဝင်သော အနုပညာသည်များကိုလည်း မိမိတို့က ဆန့်ကျင်ရှုတ်ချ ဆန္ဒပြကြမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆန္ဒပြ ရှုတ်ချခြင်းသည် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ဆန့်ကျင်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်က သမိုင်းအမှန်ကို လိမ်လည်လှည့်ဖြားရန်ကြိုးပမ်းမှုကို ဆန့်ကျင်ရန်နှင့် မျိုးဆက်သစ် လူငယ်များ သမိုင်းကြောင်းအမှန်ကို အလေးထားဂရုပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် လာရောက်ဖျော်ဖြေသည့် ယင်းစတိတ်ရှိုးပွဲကို ဦးဆောင်ဦးရွက် ပံ့ပိုးပါဝင်သူများမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသူအချို့ဖြစ်ကြောင်း ခိုင်မာစွာသိရှိရ၍ မိမိတို့အင်အားစုမှ ၎င်းတို့၏ လုပ်ဆောင်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ ရက်စွဲ။ ။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂ ရက်။ မြန်မာ့ဒီမိုကရေစီ အင်အားစုများ ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ ကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ပြည်ထောင်စု။ ဆက်သွယ်ရန်။ ။ ကိုစိန်ထွန်း (၆၅၀ ၃၈၇ ၆၈၉၄)၊ ကိုမိုးကျော် (၆၅၀ ၈၃၄ ၀၁၈၄)၊ ကိုနေလင်း (၄၁၅ ၃၆၈ ၃၉၁၄)

You might also like