Download as pdf or txt
Download as pdf or txt
You are on page 1of 26

Uncensored Burma - Daily News ( 2010 Sep 25)

ပါနေကျ ကြော်ငြာ
သတင်းများ နေ့စဉ် ရလိုပါက kowin2001@gmail.com သို့ ဆက်သွယ် တောင်းယူပါ။

ဒီနေ့အတွက် ဟာသ
“တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ”

ဒီနေ့အတွက် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ကာတွန်း စသဖြင့်

(ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)

PDF created with pdfFactory trial version www.pdffactory.com


“အရုဏ်ဦးမှာဖူးသည့်ကြာ” ဇာတ်ကားကြောင့်
အမေရိကန်မြန်မာများ စိတ်အနှောက်အယှက်များစွာ ဖြစ်ရ
စက်တင်ဘာ ၂၅၊ ၂၀၁၀ မိုးမခအထောက်တော် ၀၀၂

စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ဇာတ်ကား “အရုဏ်ဦးမှာဖူးသည့်ကြာ” ကို ကြည့်ရှုမိသည့်


ပြည်တွင်းပရိသတ်များနည်းတူ ပြည်ပရောက် မြန်မာပရိသတ်များအတွင်း ဂယက်များ ဖြစ်ကြရာတွင်
အဆိုးဆုံးမှာ မြန်မာ့ဒီမိုကရေစီရေး အရေးတော်ပုံများအားလုံးကို သိမ်ဖျင်းနုံနဲ့သေးသိမ်သွားအောင် စစ်အစိုးရက
လုပ်ကြံဖန်တီးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု မိုးမခစာဖတ်သူများက သဘောထားပေးသည်။

ထိုဝါဒဖြန့်ဇာတ်ကားမှ သရုပ်ဆောင်အနုပညာသည်များသည် မြန်မာပြည်အတိုက်အခံတို့


သပိတ်မှောက်ထားသော စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ပြည်ပနိုင်ငံများသို့ ဖျော်ဖြေရေးခရီးများ
ထွက်လာခြင်းမှာလည်း တိုက်ဆိုင်မှုတခုထက် ပိုနိုင်သည့် သံသယအကျိုးကို ဖြစ်ပေါ်စေသည်ဟု ၎င်းတို့က
ပြောသည်။

ထိုသို့ ပြည်ပသို့ရောက်ရှိလာသော ၀ါဒဖြန့်သရုပ်ဆောင်များနှင့် ၎င်းတို့ကို ထောက်ခံအားပေးသူအချို့တို့ကြောင့်


အမေရိကန်နှင့်တကွ အခြားသော ဒီမိုကရေစီနိုင်ငံများရောက် မြန်မာမိသားစုများအတွင်းတွင် စိတ်ရော ကိုယ်ပါ
အနှောက်အယှက်များ ကြုံကြရသည်မှာ သြဂုတ်နှင့် စက်တင်ဘာလ စတိတ်ရှိုးဆန္ဒပြပွဲများက
သက်သေထင်ရှားသည်ကြောင်း မှတ်ချက်များ ပေးကြသည်။ သာမန် ပျော်ပွဲ ရွှင်ပွများအဖြစ် မြန်မာတို့ကို
ပျော်ရွှင်မှု စည်းလုံးညီညွတ်မှု နားလည်မှုမျိုးကို မပေါ်ပေါက်စေဘဲ မြန်မာတို့အတွင်း ထိုအနုပညာရှင်များ၏
စစ်အစိုးရနှင့် ပတ်သက်သည့် ရပ်တည်ချက်များ၊ သဘောထားများကြောင့် အငြင်းပွားရခြင်း၊
ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ရခြင်း၊ စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်ရခြင်းတို့မှာ အလွန်အရုပ်ဆိုးသည်ဟု
ဆိုသည်။

မိုးမခက စုံစမ်းသိရှိရသလောက် လပ်စ်ဗေးဂတ်စ်ရောက် မြန်မာများက အဆိုပါ စတိတ်ရှိုးနှင့် ဧည့်ခံကြိုဆိုပွဲကို


စက်တင်ဘာ ၁၀ ရက်နေ့က ကန့်ကွက်ခဲ့ကြရာတွင် မြန်မာပရိသတ်များ သိရှိနားလည်မှုကို
တည်ဆောက်ရန်အတွက် အဆိုပါ ဇာတ်ကားနှင့် အဆိုပါ ဇာတ်ကားသရုပ်ဆောင်များ၊ ထိုသူတို့ကို
ကာကွယ်အားပေးသူများအပေါ် ဒီမိုကရေစီလိုလားသူတို့၏ သဘောထားကို မေးခွန်း - အဖြေများနှင့်
ထုတ်ပြန်ခဲ့သည်မှာ ငြိမ်းချမ်းစွာ သဘောထားကွဲလွဲခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို တာဝန်ရှိရှိ
ကျင့်သုံးသည့် သဘောဖြစ်သည်ကို တွေ့ရသည်ဟု အယ်လ်အေက ကိုကျော်က မိုးမခကို ပြောပြသည်။
၎င်းတို့ လပ်စ်ဗေးဂတ်စ် မြန်မာများ ထုတ်ပြန်သော စာတမ်းကို သည်မှာ ကြည့်နိုင်သည်။
http://www.scribd.com/doc/38098242/LasVegas-WineSueKhineThein

လာမည် စက်တင်ဘာ ၂၅၊ ၂၀၁၀ ညနေခင်း ၅ နာရီမှ ၆ နာရီ ခွဲအထိ ဆန်ဖရန်ဘေးဧရိယာ ဒေးလီးစီးတီး၊
လစ်တဲသီယေတာမှာ ပြုလုပ်မည့် ၀ါဒဖြန့်သရုပ်ဆောင်ပါဝင်သည့် စတိတ်ရှိးကို ဆန္ဒပြရန် ဒေသခံ
မြန်မာ့ဒီမိုကရေစီအင်အားစုများက စီစဉ်လျက်ရှိရာတွင် ၎င်းတို့ထံသို့ အယ်လ်အေ မြန်မာများ၏ ဆန္ဒပြ
ပိုစတာများ အချိန်မီ လာရောက်ပေးပို့မည် ဖြစ်သကဲ့သို့ ဒေသခံတို့ကလည်း နောက်ထပ်ဆိုင်းဘုတ်များ
ပြင်ဆင်ထားသည်ဟု သိရသည်။ ၎င်းတို့၏ ပိုစတာဆိုင်းဘုတ်များကို အဆင်သင့် ပရင့်ထုတ်ပြီး
ကိုင်ဆောင်နိုင်ရန် သည်နေရာမှာ အဆင်သင့် ထုတ်ပေးထားသည်ကို တွေ့ရသည်။
http://www.scribd.com/doc/38097518/Protest-Signs-LotusDawn

PDF created with pdfFactory trial version www.pdffactory.com


၎င်းတို့စတိတ်ရှိုး စီစဉ်သူများက အမေရိကန်အရှေ့ခြမ်း ၀ါရှင်တန်ဒီစီအနီး ဆင်ခြေဖုံးအရပ်တခုတွင်
နောက်ဆုံးပိတ် နှုတ်ဆက်ပွဲ စတိတ်ရှိုးတခု စီစဉ်ဦးမည် ဖြစ်ရာ - ၀ါရှင်တန်မက်ထရိုဒေသခံ
မြန်မာမိသားစုများကလည်း ကန့်ကွက်ဆန္ဒပြပွဲများကို လက်ဆင့်ကမ်း သယ်ဆောင်ကြရန် ပြင်ဆင်နေသည်ဟု
သိရသည်။

“ဖြစ်နိုင်လို့ရှိရင် ပွဲကိုလက်ခံကျင်းပတဲ့ ကျောင်းတွေ၊ ကွန်မြူနီတီ စင်တာတွေကိုပါ ကန့်ကွက်စာတွေ ပို့ပြီး


အကြောင်းကြားမယ်၊ ရှင်းပြမယ်။ ဒေသခံ မြန်မာအမေရိကန် မိသားစုတွေထဲမှာ ပျော်ရွှင်မှုတွေ မဖြစ်ပေါ်စေဘဲ
အနှောက်အယှက်ဖြစ်စေတဲ့ ပွဲတွေကို လက်မခံကြပါနဲ့ လို့။ ပြီးတော့ မြန်မာပြည်က အမေရိကန်သံရုံးကိုလည်း
အားလုံးဝိုင်းပြီးတော့ ကန့်ကွက်စာ ပေးမယ်။ အခု တိုင်ပင်နေကြတယ်။”
ဟု မေရီလင်းက မိုးမခမိတ်ဆွေ ကိုလင်းက ပြောသည်။

“ဒါက ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်ဘူး၊ အကြမ်းဖက် ဖျက်ဆီးနေတာလဲ မဟုတ်ပါဘူး။ သူတို့ကလည်း


သူတို့ အကြောင်းနဲ့ သူတို့ စစ်အစိုးရကို လက်ခံပြီး ၀ါဒဖြန့်ကားရိုက်တယ်။ သမိုင်းမှန်တွေကို လိမ်လည်တယ်။
ကျနော်တို့ကလည်း ကျနော်တို့ အကြောင်းနဲ့ ကျနော်တို့ လက်မခံကြောင်း၊ ကန့်ကွက်ကြောင်း ပြသတယ်။
ပြီးတော့ ကျနော်တို့တွေ ကိုယ်တိုင်က သတင်းမှန်တွေ၊ အချက်အလက်တွေ ထုတ်ပြန်နေတယ်။
စတိတ်မင့်တွေကို ကြည့်ပါ။ ဖုံးတွေကို ခေါ်ပါ။ နံမယ်မဖော်ဘဲနဲ့ သတင်းအမှားတွေ၊ ကောလဟာလတွေကို
ထုတ်နေတာမျိုး မလုပ်ပါဘူး။”

ဟု ဆန်ဖရန်ဘေးဧရိယာက ဆန္ဒပြမည့်သူတဦးက သဘောထားကို ပြောသည်။


(မိုးမခက တင်ဆက်ခဲ့သည် အရုဏ်ဦးမှာဖူးသည့်ကြာနှင့် ပတ်သက်သည့် သတင်းများကို သည်နေရာမှာ
တစုတည်း စုထားသည်ကို တွေ့ရသည် - http://freeburma.info/index.php/SPDC_movie_-
_Lotus_at_Dawn )

နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင်၏ဖခင် ဈာပန


တာရာဝေယံ၊ ရန်ကုန်
စက်တင်ဘာ ၂၅၊ ၂၀၁၀မိုးမခ

လူမှုရေးလုပ်ငန်းတွေကို တက်ကြွစွာ ဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင့်


(စာရေးဆရာမ သန်းမြင့်အောင်) ရဲ့ ဖခင်ဖြစ်သူ ဦးချစ်အောင် ၈၄ နှစ်ဟာ ၁၉.၉.၂၀၁၀ တနင်္ဂနွေနေ့ နံနက်
၀၀း၁၅ နာရီက ကွယ်လွန်ခဲ့ပါတယ်။

ဦးချစ်အောင်ရဲ့ဈပနကို စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီက ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ်


ပြီးစီးခဲ့ပါတယ်။ နိုင်ငံရေး နဲ့ စာပေအသိုင်းအဝိုင်း၊ အနုပညာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အများအပြား လိုက်ပါ
ပို့ဆောင်ခဲ့ကြပါတယ်။

ကွယ်လွန်သူကိုရည်စူးပြီး ၂၅.၉.၂၀၁၀ စနေနေ့ နံနက်မှာ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမှာ


ဖြစ်တဲ့အတွက် ရန်ကုန်မြို့ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်း၊ ၆ လွှာ အမှတ် ၂၁၆ နေအိမ်ကို
ကြွရောက်ကြဖို့ ဖိတ်ကြားထားကြောင်း သတင်းရရှိပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


သခင်အုန်းမြင့် ရက်လည်ကျင်းပ
တာရာဝေယံ၊ ရန်ကုန်
စက်တင်ဘာ ၂၅၊ ၂၀၁၀မိုးမခ

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁၇ ရက် နံနက် ၄း၃၀ မှာ ကွယ်လွန်ခဲ့တဲ့ သခင်အုန်းမြင့်ရဲ့ ရက်လည်ဆွမ်းသွတ်
တရားနာကို စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းရပ်၊ သုခဝတီလမ်း၊ အိမ်အမှတ် ၃
(ဘီ) ရှိ နေအိမ်မှာ ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံရေးအသိုင်းအဝိုင်းမှပုဂ္ဂိုလ်များနဲ့ အဘသခင်အုန်းမြင့်ကို လေးစားချစ်ခင်ကြသူတွေ စုစုဝေးဝေး


ရောက်ရှိလာကြ ပါတယ်။

လူ ၁၀၀၀ ခန့် ကြွရောက်ခဲ့ကြပြီး မုန့်ဟင်းခါး၊ ကော်ဖီ၊ အချိုပွဲများနဲ့ ဧည့်ခံခဲ့ပါတယ်။

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ


ဂျာနယ်ဂြိုဟ် သာဂိ
စက်တင်ဘာ ၂၄ ၊ ၂၀၁၀မိုးမခ

မဲပေးချိန်၊ မဲရေတွက်ချိန်မှာ ကိုယ်စားလှယ်လောင်း စောင့်ကြည့်ခွင့်ပေးမည်


လိုင်စင်မဲ့ကားများကို နယ်စပ်တွင် လိုင်စင်လုပ်မပေးတော့
မြန်မာအင်တာနက်စီးဆင်းမှု ၃ ဆ တက်လာပြီ - ၁.၂၈၅ ဂစ်မှ ၃.၁၄၅ ဂစ်ဂါဘိုက် တစက္ကန့် စီးဆင်းနေပြီ။
(သတင်းလား၊ ဗီဒီယို၊ သီချင်းလား၊ ဓာတ်ပုံတွေလားတော့ ခွဲခြားသိပုံ မပေါ်သေး)
အက်ဖ်အီးစီအရှုံး ၄ လ အတွင်း ၂၅% အထိ အရှုံးပြ
ရနောင်းမှာ ထိုင်းရောက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း ရပ်နားတော့မည်
ဟိုတယ်နဲ့ အင်ဂျင်အို ၀န်ထမ်းလစာ ကျပ်ငွေနဲ့ ပြောင်းပေးမယ်
ဟိုတယ်ကြီးအချို့ကတော့ ကန်ဒေါ်လာပဲ သုံးတော့မယ် - ဒေါ်လာက ၉၀၀၊ အက်အီးစီက ၇၈၀ ကျပ်
မိုင် ၈၀၀ ကျော် မီးရထားလမ်း ၄ ခု ဖောက်ဦးမည်
နေပြည်တော်တွင်သာ နိုင်ငံတကာယာဉ်မောင်းလိုင်စင်ရမည်
မသန်စွမ်းသူများ၏ ဇတ်ဝင်ခန်း ရိုက်က တကယ်မသန်စွန်းသူများနှင့် တိုင်ပင်ပါ
ပဲခူး ရွှေမော်ဓောဘုရား ရွှေသင်္ကန်း ကျပ် သိန်း ၇ ထောင်ကျော် သုံးမည်
၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀ - ဒုတွဲ ရာပြည့်က ထုတ်
ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲရန် မရှိသေးဟု ဆို
မကွေးအက်ဖ်စီ ဗိုင်းရပ် မြန်မာနယ်မြို့များတွင် ပျံ့နှံ့နေပြီ
ဂူးဂဲ တီဗီ လာဦးမည်
မန်းမြို့တော်ဝန် ဖုန်းဇော်ဟန် အောင်မြေသာစံ ကိုယ်စားပြု ၀င်ပြိုင်မည်
ရွေးကောက်ပွဲဝင်မည့်သူများ သတင်းနဲ့ စာရင်းတွေ
ကြောက်မွေးပါ ဇာဂနာနဲ့ ဆွဲနုတ် - လူထုစိန်ဝင်း
ပုဂ္ဂိုလ်ထူးများ - ခင်မျိုးချစ်
ဦးနု - စည်သူမြသန်း
မြန်မာဖေ့ဘွတ် ပေါ်နေပြီ

PDF created with pdfFactory trial version www.pdffactory.com


နေပြည်တော် ကျပ် ၅ သိန်ဖုန်း တနိုင်ငံလုံး ခေါ်ဆိုနိုင်မည် - ကြိတ်ကြိတ်တိုး လျှောက်ကြ
- သည်နေရာမှာ ဖတ်နိုင်ပြီ - http://ezine.mywebdigest.net/spgm/index.php?spgmGal=MMK-
Journals/2010/September&spgmPic=0#spgmPicture

နိုင်ငံရေးအကျဉ်းသားလွတ်ပေးရန် ပါသည့်စာမူ အပယ်ခံရ


နန်းခမ်းကယောက် ၂၄ စက်တင်ဘာ ၂ဝ၁ဝ - DVB

နိုင်ငံရေးအကျဉ်းသားလွတ်ပေးရေးနဲ့ ပဲခူးòမိ့က ပစ်သတ် ခံရတဲ့ လူငယ် ၂ ဦးကိစ္စတွေ ပါဝင်တဲ့


ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ စာမူကို စစ်အ စိုးရပိုင်ရုပ်သံက ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဒီလို ပယ်ချတာကို လက်မခံနိုင်တဲ့အတွက် အစိုးရရုပ်သံမှာ ၁၅ မိနစ် ဟော ပြောရေး အစီအစဉ်ကို


ရုပ်သိမ်းလိုက်ပြီလို့ ပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်းဌေးက အခုလို ပြောပါတယ်။

“လက်ရှိ နိုဝင်ဘာ ၇ ရက်နေ့မတိုင်ခင်ထိ အပြင်ဆင်အခင်းအကျင်း၊ ၇ ရက် နေ့ နောက်ပိုင်း အပြင်အဆင်


အခင်းအကျင်း တကယ်ဒါက အရှိတရားဘဲလေ၊ နိုင်ငံ တော်ပိုင်သတင်းစာထဲမှာထည့်ထားတာပဲလေ၊
နိုင်ငံတော်ပိုင်သတင်းစာထဲမှာထည့် ထားတဲ့အချက်ကြောင့်ဆိုတာမျိုး ကျနော်တို့ထည့်ထားတာပါ၊

“ဒါကလည်း လက်ရှိ အမြင်တိုင်းပဲ၊ ကျနော်တို့လုပ်ကြံဖန်တီးတာမှ မဟုတ် ဘဲ။ ရွေးကောက်ပွဲမတိုင်ခင်မှာ


တည်ဆဲအစိုးရကနေပြီး လုပ်သင့်တဲ့အချက်တွေ ဥပ မာ æ နိုင်ငံရေးအကျဉ်းသားတွေကို
ရွေးကောက်ပွဲမတိုင်ခင်မှာ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ပေးသင့်ဆိုတဲ့ အချက်မျိုးတွေ
အဲလိုအချက်မျိုးတွေလည်းပါ ပါတယ်။

“ဒါက ကျနော်တို့က ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း အသိပေးနေရမှာ လေ၊ အဲဒီအပေါ်မှာ


ပယ်တယ်ဆိုရင်လည်း ကျနော်တို့က ထပ်တင်ဖို့လည်း မရှိဘူး၊ ၁၅ မိနစ် အစီအစဉ်မှာ ထွက်ပြောမယ့်
အစီအစဉ်ကိုလည်း ဖျက်လိုက်မှာပါ။”

ဘယ်အချက်အလက်တွေ ပယ်တယ်ဆိုတာကတော့ စာမူသွားတင်တဲ့ သူ တို့ရဲ့ ဗဟိုကော်မတီဝင်ပြန်ရောက်မှ


အတိအကျသိနိုင်မှာ ဖြစ်သလို၊ အပယ်ခံရတဲ့ သူတို့ရဲ့ စာမူကိုလည်း လူထုကို ချပြမယ်လို့ ဦးသိန်းဌေးက
ပြောပါတယ်။

အလားတူ ဦးအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီနဲ့ ဦးရဲထွန်း


ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ် များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီတို့ရဲ့ စာမူတွေကိုလည်း
တားမြစ်ချက်နဲ့ ငြိစွန်း တဲ့ ရေးသားမှုတွေပါတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချ
ထားပါတယ်။ ဘာကြောင့်ပယ်တယ်ဆိုတာ မသိရသလို သူတို့အနေနဲ့ တားမြစ်ချက်တွေ နဲ့ ငြိစွန်းတာမရှိပါဘူးလို့
ဦးရဲထွန်းက အခုလို ပြောပါတယ်။

“အဲဒါတော့ ပြောလို့ကိုမရဘူး၊ မရှိဘူးလို့ပြောရမယ်၊ ကျနော်တို့ ၈၈ မျိုး ဆက်က တပါတီစနစ်ကို အလိုမရှိဘူး၊


ပါတီစုံနိုင်ငံကိုသွားမယ်၊ ဒီလိုဘဲ နောက်ထပ် အစားထိုးတပါတီစနစ်ကိုလည်း မပေါ်ပေါက်လာအောင်

PDF created with pdfFactory trial version www.pdffactory.com


သတိတရားကြီးကြီးနဲ့ဆက် သွားမယ်၊ အဲဒါကတော့ ကျနော်တို့မူဘောင်၊ အဲဒါမျိုးကို မကြိုက်ဘူးဆိုရင်တော့
ကျနော်တို့လည်း မတတ်နိုင်ဘူး၊ ဘယ်ဟာကို မကြိုက်မှန်းကို မသိဘူး။

“မူထဲမှာ ငြိတယ် မငြိဘူးဆိုတာကို ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ်က လူတယောက်ထဲ ကို ဆုံးဖြတ်လား၊ ကော်မရှင်ကို ၁၇


ယောက်စလုံးက ဆုံးဖြတ်လား၊ ဒါမှမဟုတ် နောက်က ညွှန်ကြားချက်နဲ့လုပ်သလား၊ ကျနော်တို့မသိဘူး၊
ဆက်တင်မယ်ဆိုရင် အောက်တိုဘာ ၁ ရက်၊ ၂ ရက်က ထုတ်လွှင့်မှာကို၊ မမီဘူးဆိုရင် ကျနော်တို့ အခွင့်
အရေးက ဘယ်လိုရှိမလည်းမသိဘူး၊ ဆက်တင်နေရမှာပေါ့။

“နောက်ဆက်တွဲမှာ ဆက်ရမရ မသိဘူး၊ ပါယ်လို့ရှိရင် ပြန်ပြုစဖ


ို့ ရက်တင်ရ အုံးမယ်၊ အဲဒါ အစောကြီးထဲက
လုပ်သင့်တာ၊ အခုတော့ ကပ်လုပ် ကပ်ရိုက် အဲဒါ မျိုးဖြစ်နေတာ၊ ကျနော်တို့လုပ်ချိန်မပေးတဲ့ပုံစံ၊
စေတနာအရပြောရင်တော့ မလုပ် လေ ကြိုက်လေ ပုံစံမျိုးဖြစ်နေတယ်၊ ကိုအေးလွင်တို့ ပါတီကော ကျနော်တို့ပါတီ
၂ ခု လုံးဘဲ။”

မူလအစီအစဉ်တိုင်းဆိုရင် အစိုးရရုပ်သံမှာ ဦးအေးလွင်ရဲ့ မြန်မာနိုင်ငံ အမျိုး သားနိုင်ငံရေးအဖွဲ့ချုပ်ပါတီက


အောက်တိုဘာ ၂ ရက်မှာ ထုတ်လွှင့်ဖို့ သတ်မှတ် ရက်ကျတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။ ဒီကြားမှာ
စာမူအပယ်ခံရတဲ့ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်(မြန်မာ) ကတော့ စာမူကိုပြန်လည်ပြင်ဆင်ပြီး
ဒုတိယအကြိမ် တင်လိုက်တဲ့အတွက် ခွင့်ပြု ချက်ရသွားပြီလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက
အခုလို ပြော ပါတယ်။

“ပြန်တင်တော့ ဒုတိယ စာမူကို လက်ခံတယ်၊ စာမူအသစ်ပေါ့၊ အသံသွင်း ရမှာက တပ်ကုန်းမှာ၊ ဒီမနက်က


အသံသွင်းရပါတယ်၊ ဥက္ကဋ္ဌကို ရုပ်သံလွှင့်အတွက် ရိုက်တယ်၊ အသံသွင်းရတယ်၊ အသံလွှင့်တဲ့ ရက်က ၂၆ ရက်၊
အန်တီတို့ကိုပေးထား တယ်။ ဒီလထဲမှာ သန်ဘက်ခါ၊ ပြီးတဲ့အခါကျတော့ ၁၅ အောက်တိုဘာမှာ တခါ
ပေးထားတယ်၊ ရုပ်သံလွှင့်ကနေတကြိမ်၊ ရေဒီယိုအသံလွှင့်ကနေတကြိမ်၊ အဲလို ပြောတယ်၊ ဘယ်အချိန်တွေမှာ
လွှင့်မယ်ဆိုတာ မသိသေးပါဘူး။”

မှုတ်ဆေးဘူး ဝယ်မလား မှတ်ပုံတင်ပြ


ဆလိုင်းထွန်း | သောကြာနေ့၊ စက်တင်ဘာလ ၂၄

နယူးဒေလီ (မဇ္ဈိမ) ။ ။ သင်သည် ရန်ကုန်မှာ သင်္ဘောဆေး မှုတ်ဆေးဘူး ဝယ်ယူလျှင် မှတ်ပုံတင်နှင့်


နေရပ်လိပ်စာ တောင်းခံမှုနှင့် ကြုံရနိုင်သည်။

Spray1ဥပဒေ ကျုးလွန်မှုများ ထပ်မံမဖြစ်ပေါ်စေရန် မှုတ်ဆေးဘူး ဝယ်ယူသူများ၏ အမည်၊ လိပ်စာ အပြည့်အစုံ


တောင်းခံရယူပြီးမှသာ ရောင်းချပေးရန် ဆိုင်ရှင်များအား တိုက်တွန်းထားကြောင်း မြို့နယ် လုံခြံရေး
တပ်ဖွဲ့ဝင်တဦး၏ ပြောဆိုချက်ကို ကိုးကားကာ True News ဂျာနယ်၏ ယခုလ ၁၂ ရက်နေ့ထုတ်
သတင်းတရပ်တွင် ဖော်ပြထားသည်။

မဇ္ဈိမက စုံစမ်းမေးမြန်းခဲ့သည့် တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဘောဆေး အရောင်းဆိုင်


ပိုင်ရှင်များကလည်း သက်ဆိုင်ရာရဲစခန်းများက လာရောက်ညွှန်ကြားမှုလုပ်သည်ဟု ဆိုသည်။

PDF created with pdfFactory trial version www.pdffactory.com


“လွန်ခဲ့တဲ့ ၃ ပတ်လောက်က မြို့နယ် ရဲစခန်းကို ခေါ်ပြီးတော့ ပြောတာ။ မှုတ်ဆေးဘူးတွေ ဝယ်ရင်
နာမည်စာရင်း ယူရမယ်လို့ ညွှန်ကြားချက် ရှိတယ်။ လိပ်စာ၊ နာမည်၊ မှတ်ပုံတင် အပြည့်အစုံ ကောက်ခိုင်းတယ်”
ဟု တာမွေမြို့နယ်ရှိ အမည်မဖော်လိုသူ သုတ်သေး၊ မှုတ်ဆေး အရောင်းဆိုင် ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

Spray2သင်္ကန်းကျွန်းမြို့နယ်ရှိ သဘောင်္ဆေး ရောင်းချသည့် ဆိုင်မှ စာရေးမတဦးကလည်း နာမည်မှတ်ရန် ရဲက


ပြောထားသည်ဟု ဆိုသည်။

အာဏာပိုင်များက သတင်းထုတ်ပြန်မှု နည်းပါးလွန်းသည့် နိုင်ငံတွင် ထုံးစံအတိုင်းပင် ရဲက မည်သည့်


အတွက်ကြောင့် မှုတ်ဆေးဘူး ဝယ်ယူသူ၏ အမည်နှင့် လိပ်စာများကို ရယူထားရမည်ကို မပြောဆိုသလို၊
လိုက်နာမှု မရှိပါက တစုံတရာ အရေးယူမည်ဟု ပြောဆိုခြင်းမျိုးလည်း မရှိကြောင်း သိရသည်။ ရဲစခန်း
အချို့ကလည်း ညွှန်ကြားချက် မထုတ်ဘဲ နေသည်ဟု ဆိုသည်။

“ဒီလိုပဲ စာရင်းယူထားပေးပါဆိုပြီး အဲဒါပဲ ပြောတယ်။ စာရင်းမကောက်ရင် အရေးယူမယ်၊ ဘာလုပ်မယ်လို့တော့


မပြောဘူး။ ဒီလိုမျိုး ကောက်ရမယ်၊ အထက်က ညွှန်ကြားထားတဲ့အတိုင်း ကျနော်တို့ကို ကောက်ခိုင်းတယ်လို့
ရဲစခန်းအရာရှိက ပြောတယ်” ဟု တာမွေမှ ဆိုင်ပိုလင်ရှင်ကပင် ပြောပြသည်။

သို့သော်လည်း ရဲ၏ညွှန်ကြားချက်ကို ဆိုင်ရှင်အများက အရေးတယူမလုပ်ဘဲ ဝယ်ယူသူနာမည်မမှတ်ထားကြဟု


ဝန်ခံပြောကြားကြသည်။

ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်စာများကပ်ခြင်း၊ မှုတ်ဆေးဘူးများဖြင့် ရေးသားဖော်ပြခြင်းများ


ပြုလုပ်နေသည့် မြေအောက်အဖွဲ့အစည်းဖြစ်သည့် Generation Wave မှ ခေါင်းဆောင်တဦးကမူ “ ဘာမှ
သိပ်ပြီးတော့ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ဘူး။ မရရတဲ့ နည်းနဲ့ လုပ်မယ်။ ဒီတခုပိတ်ရင် နောက်တခုနဲ့
လုပ်မယ်။ မီးသွေး၊ မြေဖြူနဲ့ လုပ်ဖူးတယ်။ နောက်ဆုံး ကွမ်းတံထွေးနဲ့တောင် လုပ်လို့ရတယ်” ဟု မဇ္ဈိမကို
ပြောသည်။

အဝေးပြေးကားလမ်း၊ အုတ်ခုံနှင့် မိုင်တိုင်အမှတ်များတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက အဆိုပါ


မှုတ်ဆေးဖြင့် ပက်ဖျန်းကာ ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး No Vote အပါအဝင်
အစိုးရဆန့်ကျင်ရေးအပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုများကို
မကြာခဏဆိုသလို ပြုလုပ်လေ့ရှိသည်။

ကြံ့နှင့်ပြိုင်မည့် ကျားဟောင်းများ
ကိုဝိုင်း | သောကြာနေ့၊ စက်တင်ဘာလ ၂၄

ချင်းမိုင် (မဇ္ဈိမ) - ရှစ်လေးလုံး အရေးအခင်းတွင် အာဏာ လက်လွှတ်ခဲ့ရသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ


တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တည်ထောင်သည်မှာ ယနေ့ ၂၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။
နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဒုတိယနေရာ အများဆုံးဝင်ပြိုင်ပြီး ကြံ့ဖွံ့နှင့် အဓိက ပြိုင်ဖက် ဖြစ်လာသော
တစည၏ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး သတင်းထောက်များနှင့် ရန်ကုန်တက္ကသိုလ် ရိပ်သာလမ်းမှ
နှစ်ပတ်လည် အခမ်းအနား၌ တွေ့ဆုံခဲ့သည်။

PDF created with pdfFactory trial version www.pdffactory.com


တစညအနေနဲ့ ပြည်နယ်မဲဆန္ဒနယ်တွေမှာ ဝင်မပြိုင်နိုင်တာ ဘယ်နေရာတွေ ရှိပါလဲ ခင်ဗျာ။

သိသိသာသာ မပြိုင်နိုင်တာက ရှမ်းပြည်နယ် ၅၅ မြို့နယ်မှာ ၂၉ မြို့နယ်ပဲ ဝင်ပြိုင်နိုင်တယ်။


ကျန်တာတွေကတော့ သူ့တိုင်းရင်းသား ပါတီတွေရှိတယ်။ ရှမ်းဒီမိုကရက်တစ်တို့၊ ပလောင်တို့၊ ပအိုဝ်းတို့
စသည်ဖြင့် သူတို့ပြိုင်ကြမှာပါ။ နောက်တခုက ကရင်ပြည်နယ်ပေါ့၊ ၇ မြို့နယ်မှာ ၃ မြို့နယ်လောက်ပဲ
အပြည့်ပြိုင်နိုင်ပါတယ်။ ကျန်တဲ့ဟာကတော့ တယောက်စ နှစ်ယောက်စ ဒါလောက်ပဲ
ဝင်ပြိုင်နိုင်တဲ့အနေအထားရှိပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာလဲ ၂ မြို့နယ်စီလောက် ကျနော်တို့
မပြိုင်နိုင်ဘူး။

တိုင်းဒေသကြီးတွေမှာရော ဝင်ပြိုင်တဲ့အခြေအနေ ဘယ်လိုရှိပါလဲ။

ကျန်တဲ့တိုင်းဒေသကြီးတွေမှာတော့ ရာနှုန်းပြည့်နီးပါးပေါ့လေ ပြိုင်နိုင်တဲ့အခြေအနေရှိပါတယ်။


အားလုံးပေါင်းဆိုရင် ၈၆ ရာခိုင်နှုန်းကျော် ဗမာပြည်တပြည်လုံးမှာ ပြိုင်နိုင်ပါတယ်။ နေပြည်တော် ၅ မြို့နယ်မှာပါ
ပြိုင်လို့ရတဲ့အခြေအနေ ရှိပါတယ်။

ပါတီရဲ့ အနေအထားအရ ဝင်မပြိုင်နိုင်ဘူးဆိုတာကို ရှင်းပြပေးပါလားဗျာ။

ရတာက ၂ ပတ်ထဲလေ။ ပြည်နယ်တွေက တချို့ဆက်သွယ်ရဝေးတဲ့ နေရာမျိုးတွေ ကျန်ခဲ့တာများတာပါပဲ။...


အခြေစိုက် ပါတီအဖွဲ့အစည်းတွေ ရှိတဲ့ပေါ်မူတည်ပြီး လုပ်ရတဲ့အနေအထားရှိတာပေါ့။ နောက်တခုကလည်း
ရတာက ၂ ပတ်ထဲပေါ့လေ။ ဒီအချိန်ပေါ်မှာလည်း မူတည်တဲ့သဘောရှိပါတယ်။ အဲဒီတော့ ပြည်နယ်တွေက
တချို့ဆက်သွယ်ရဝေးတဲ့ နေရာမျိုးတွေ ကျန်ခဲ့တာများတာပါပဲ။ ဥပမာ နာဂ ၃ မြို့ နယ် နမ်းယွန်း၊ လေရှီး၊
လဟယ်မှာ လဟယ်တမြို့နယ် လုံးဝ မဝင်နိုင်ဘူး။ အဲလိုမြို့နယ်မျိုးဆိုရင်တော့ တခြားပါတီ ဝင်မဝင်တော့
ကျနော်မသိဘူး။ ကြံ့ခိုင်ရေးဝင်ရင် ကြံ့ခိုင်ရေးရနိုင်တာပေါ့ဗျာ။

ဒါဆိုရင် ကြံ့ဖွံ့ပါတီ တခုထဲရှိတဲ့နေရာ ဘယ်နှနေရာလောက် ရှိတယ်လို့ သိထားလဲခင်ဗျာ။

တမြို့နယ်လုံး သူပဲရှိမယ့်နေရာတော့ ကျနော်ကတော့ သိပ်မထင်ဘူး။ ဥပမာ ၄ နေရာရှိရင် ၄ နေရာလုံး


ပြိုင်မယ့်လူမရှိ၊ ဒီလိုတော့ မရှိဘူး ထင်ပါတယ်။ ကျနော်တို့ ဝင်မပြိုင်မယ့် နေရာမှာ တခြားပါတီတွေရှိနေတာပဲ။
ဥပမာ ချင်းတောင်ဆိုပါတော့၊ တချို့ကျနော်တို့ မပြိုင်နိုင်တဲ့ မြို့နယ် ချင်းတိုင်းရင်းသားပါတီ ၂ ပါတီလောက်
ရှိနေတာပဲ။ သူတို့က မြို့နယ်တိုင်း ပြိုင်မှာဆိုတော့ သူတို့နဲ့ပြိုင်ရမှာပေါ့။ အကျွတ်အလွတ် ဒီလိုသဘောမျိုး
ကျနော် သိသလောက်က မရှိသလောက်ပါပဲ။

တစညက ချင်းပြည်နယ် ဖလမ်းမြို့နယ်ကတယောက်ကို ပယ်တယ်ကြားလို့ အဲဒါ ဟုတ်ပါသလား ခင်ဗျာ။

၉ဝ အတွေ့အကြုံ ရှိပါတယ်။ အတွေ့အကြုံပေါ်မှာ အခြေခံပြီး လုပ်တဲ့အတွက် ကျနော်တို့ အခက်အခဲမရှိပါဘူး။


...
အဲဒါကတော့ ကျနော်တို့ဆီကို တိတိကျကျ အစီရင်ခံတာ မရသေးပါဘူး။ ဆက်သွယ်ရ ခက်တာလည်းပါတာပေါ့။
လောလောဆယ် သိထားတာကတော့ ရန်ကုန်တိုင်းက ၄ နေရာလောက် ပယ်ချလို့ ပြန်ပြီးအယူခံလုပ်ထားတာ
ရှိပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


တစညရဲ့ မူဝါဒတွေကို ဘယ်နေ့ အသံလွှင့်ရမှာလဲခင်ဗျာ။ ဟောပြောမယ့်စာကို ပယ်ခံရလို့ ပြန်ရေးရတာမျိုး
ရှိခဲ့ပါလား။

ဒီ ၁၅ ရက်နေ့က ကျနော်တို့ဆီကို ညွှန်ကြားချက် ရပါတယ်။ ကျနော်တို့က ၉ဝ အတွေ့အကြုံရှိပါတယ်။


အတွေ့အကြုံပေါ်မှာ အခြေခံပြီး လုပ်တဲ့အတွက် ကျနော်တို့ အခက်အခဲမရှိပါဘူး။ အစောထဲက ကြိုပြီးတော့ ဒါ
တချိန်မဟုတ်တချိန် လာမှာပဲဆိုပြီး ကြိုရေးထားပြုထားပေါ့လေ။ ညွှန်ကြားချက်လာတဲ့ အခါကျတော့
အဲဒီညွှန်ကြားချက်အတိုင်းပဲ ၂၂ ရက်နေ့မှာ အသံသွင်းပြီး ၂၄ ရက်နေ့ လွှင့်မှာပါ။ သူ့ညွှန်ကြားချက်
အတိုင်းပေါ့ဗျာ တိတိကျကျ။ မြိုခေါ်ခမိနဲ့ ကျနော်တို့ပါတီက အစောဆုံးပေါ့လေ။ ကျနော်တို့က
ညွှန်ကြားချက်လည်းရရော ချက်ချင်း အသံလွှင့်ဖို့သွားဖို့လုပ်ရတဲ့ အနေအထားဆိုတော့ နည်းနည်းလေး
ကသီတာကလွဲလို့ အခက်ခဲမရှိပါဘူး။ သူတို့နဲ့ ကျနော်တို့က မှတ်ပုံတင်နံပတ်က ၁ - ၂ ဆိုတော့ ကျနော်တို့
အရင်ဆုံးစတာကိုးဗျ။ ဒုတိယအကြိမ်လွှင့်မှာက ၁၃ အောက်တိုဘာပါ။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရ


By ဇော်ဝင်းလှိုင် သောကြာ, 24 စက်တင်ဘာ ဗွီအိုအေ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် နိုဝင်ဘာ (၇) ရွေးကောက်ပွဲမှာ


မဲပေးခွင့်ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ပြီးခဲ့တဲ့
စက်တင်ဘာ ၂၀ နေ့တုန်းက စစ်အစိုးရ ထုတ်ပြန် မဲပေးစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံမည်ကို
မထည့်ထားပေမယ့် အခုထပ်တိုး ထုတ်ပြန်လိုက်တဲ့ မဲပေးခွင့်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အမည်ကို
ထည့်သွင်းလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က
တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်မရှိဘူးလို့ တရားဝင်ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာ


မဲပေးခွင့်ရှိတယ် ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က တရားဝင်စာကပ်ပြီး ထုတ်ပြန်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူနေထိုင်နေကြတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့လည်း မဲပေးခွင့်ရှိမယ်လို့ ဆိုပေမယ့်


ရွေးကောက်ပွဲနေ့မှာ သူတို့အနေနဲ့ အပြင်ကိုတော့ ထွက်ခွင့်ရှိမှာမဟုတ်ဘူးလို့ ပြောတဲ့အကြောင်း
စစ်အစိုးရအရာရှိတယောက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဲပေးခွင့်ရဖို့ အာဏာပိုင်တွေထံ တရားဝင် တောင်းဆိုတာမျိုးမရှိခဲ့အတွက်


ဒီကနေ့ ကြေငြာချက်အပေါ် နားလည်ရခက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ
ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဟုတ်တယ်၊ Notice မှာ နောက်ဆက်တွဲ ကပ်ထားတယ်လို့ ကြားရပါတယ်။ ကျနော်ကိုယ်တိုင်တော့


သွားမကြည့်ဖြစ်ဘူး၊ ဒါပေမယ့် ကြည့်တဲ့သူတွေဆီက ကြားရတာတော့ ဒီသတင်းမှန်ပါတယ်။
ကျနော်သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း ဒါနဲ့ပတ်သက်ပြီး အရေးဆိုတာ ရှိတယ်လို့
ကျနော်မကြားပါဘူး။ အဲဒီတော့ သူ့ဖာသာသူ ပြန်ထည့်တဲ့သဘောပဲ။ ဘာအဓိပ္ပါယ်နဲ့ထည့်သလဲ၊
ဘယ်လိုရည်ရွယ်ချက်နဲ့ထည့်သလဲဆိုတာတော့ ကျနော် မသိပါဘူး။"

PDF created with pdfFactory trial version www.pdffactory.com


ထောင်ဒဏ်ကျခံနေရသူတွေ ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရဆိုတဲ့ ဥပဒေကို ထုတ်ပြန်ထားတာကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို မဲပေးခွင့်ပြုလိုက်တာဟာ သူမ အပေါ် လက်ရှိ ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ
တကယ် ပြစ်ဒဏ်ဟုတ်မဟုတ်ဆိုတဲ့ ဥပဒေလမ်းကြောင်းအရ စဉ်းစားစရာဖြစ်လာတယ်လို့ ဦးဉာဏ်ဝင်းက
ဆက်ပြောပါတယ်။

"အဲဒီမှာ ကျနော်တို့က စဉ်းစားဖို့ရှိတာက ဒီ အကျဉ်းကျဆိုတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို


မထည့်ဘူးဆိုရင် အခုကျခံနေရတဲ့ဟာက လက်ဆောင်ပေးသလို ဖြစ်နေတာပေါ့ဗျာ။ အဓိပ္ပါယ်တွေက မျိုးမျိုးပါ၊
ကျနော် အတိအကျတော့ မပြောနိုင်ဘူး။ ဥပဒေသဘောအရတော့ အကျဉ်းကျနေတာ၊ အကျဉ်းကျနေရင်
မထည့်ရဘူး။ အခု မထည့်ရာကနေ ထည့်လာတယ်ဆိုတော့ ဘာလုပ်ချင်တာလဲ၊ ဘယ်လို ရည်ရွယ်ချက်လဲ
ကျနော်တို့ မသိသေးပါဘူး။"

ရွေးကောက်ပွဲအတွက် ပါတီတွေမှတ်ပုံတင်ဖို့ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်ခဲ့တုန်းကလည်း


ပြစ်ဒဏ်ကျခံနေရသူ၊ ဒါမှမဟုတ် ကျခံနေရတဲ့ ပြစ်ဒဏ်ကို အယူခံဝင်နေသူတွေအနေနဲ့ ရွေးကောက်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကန့်သတ်ချက်နဲ့
ဒေါ်အောင်ဆန်းစုကြည် သွားညှိစွန်းနေတဲ့အတွက် NLD ပါတီက ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံမတင်ဘဲ နေခဲ့တာပါ။

ဒီကိစ္စမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တောင်းဆိုခြင်းမရှိပဲ ဥပဒေကို အမျိုးမျိုး ပြင်ပြီး


ပိတ်ပင်လိုက်၊ ခွင့်ပြုလိုက် လုပ်နေတာကြောင့် ဥပဒေ ကန့်သတ်ချက်တွေကို ထုတ်ပြန်တဲ့သူတွေကိုယ်တိုင်က
လေးစား လိုက်နားခြင်း မရှိဘူးဆိုတာ ပေါ်လွင်နေတယ်လို့ ရန်ကုန်မြို့က
ဝါရင့်အကျိုးဆောင်ရှေ့နေကြီးတဦးဖြစ်တဲ့ ဦးအောင်သိန်းက သုံးသပ်ပါတယ်။

"သူ့ကို မဲစာရင်း ထပ်ထုတ်ပေးတယ် ဆိုသည်ကိုယ်၌က သူက တောင်းဆိုခြင်းမရှိပဲနဲ့ ထုတ်ပေးတယ်ဆိုရင်တော့


အာဏာပိုင်တွေဟာ သူ့ဥပဒေကိုသူ အမျိုးမျိုး ပြုပြင် လုပ်နေတယ် ဆိုတဲ့သဘောမျိုး သက်ရောက်ပါတယ်။
ဒါပေမယ့်လည်း တချို့ဥပမာလည်း ရှိဘူးပါတယ်။ ဒီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း
အဲဒီလိုပဲပေါ့ဗျာ၊ ဒီ နိုင်ငံတော် ပုံကန်မှုတို့၊ အစိုးရအကြည်ညိုပျက်စေမှုတို့ ပတ်သက်တွေနဲ့
ထောင်ကျခံဘူးတဲ့သူတွေ၊ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုပြီးတော့
ဥပဒေမှာ အတိအကျ ပြဌာန်းထားတာပဲ။ ဒါပေမယ့်အဲဒါ အသနားခံစာတင်တာတို့၊ အယူခံတင်တာတို့
လုပ်လိုက်ရင်လည်း ပြန်ခွင့်ပြုတယ်ဆိုတဲ့ Exception (ချွင်းချက်) တွေလည်း ရှိနေပြန်တယ်။"

"ဒါပေမယ့် ဥပဒေတရပ်က တိတိကျကျ ပြဌာန်းထားပြီးပြီဆိုရင် ဥပဒေအပေါ်မှာ သက်ဆိုင်သူအများက


လိုက်နာရန်တာဝန်ရှိတယ် ဆိုပေမယ့်လည်း အဲဒီ ဥပဒေကို ထုတ်ပြန်တဲ့ သူတွေကလည်း ဥပဒေကို လေးစား
လိုက်နာဖို့တော့ လိုလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

ဒါပေမယ့် ကျနော့်အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် တဦးတယောက်ကို ထူးခြားပြီးတော့ မဲထည့်ခွင့်


စာရင်းထုတ်ပြန်ပေးတယ်ဆိုတဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာရင်လည်း အဲဒါ တကယ်တမ်းကျတော့
သူ့တယောက်ထဲတင် မဟုတ်းဘူးပေါ့၊ မင်ကိုနိုင်တို့၊ ကိုကိုကြီးတို့၊ စသည်ဖြင့်
ကျောင်းသားအဖွဲ့ခေါင်းဆောင်တွေလည်း ရှိနေတာပဲဗျာ။ နောက်ပြီးတော့ ခွန်ထွန်းဦးတို့ စိုစ်ညွန့်လွင်တို့ဆိုတဲ့
ပုဂ္ဂိုလ်မျိုးတွေ၊ ရှမ်းခေါင်းဆောင်တွေလည်း ရှိနေတာပဲဗျာ။ ဒီပုဂ္ဂိုလ်တွေကိုများလည်း အဲဒီလိုများ ထူးထူးခြားခြား
မဲပေးခွင့်များ ပေးလေမလားတော့ မဆိုနိုင်ဘူးပေါ့။"

PDF created with pdfFactory trial version www.pdffactory.com


ရွေးကောက်ပွဲနေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ယောက်ကို အပြင်ထွက်ခွင့်မပေးဘူးလို့ ဆိုနေတဲ့အတွက်
အာဏာပိုင်တွေက သူတို့ထံကနေ ကြိုတင်မဲကောက်ယူဖို့ရှိတယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

NLD နယ်လှည့်ခရီးစဉ် နှစ်ခုပြီးဆုံး


2010-09-24 RFA

စက်တင်ဘာ ၂၃ ရက် မနေ့က ရန်ကုန်ကို ပြန်ရောက်လာတဲ့ NLD ပါတီဗဟိုက သွားရောက်တဲ့ နယ်လှည့်ခရီးစဉ်


နှစ်ခုလုံး အောင်မြင်ကြောင်း မိမိတို့ တွေ့ဆုံခဲ့ရတဲ့ NLD အောက်ခြေအဆင့်နဲ့ ပြည်သူတွေကလဲ အဖွဲ့ချုပ်က
တင်ပြတဲ့ သဘောထားတွေကို လက်ခံကြောင်း အဖွဲ့ခေါင်းဆောင်နှစ်ဦးက RFA ကို ပြောပါတယ်။

ဒေါက်တာ ဒေါ်မေဝင်းမြင့် ဦးဆောင်တဲ့ အဖွဲ့က စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ


ရခိုင်ပြည်နယ်ကို ခရီးထွက်ခဲ့တာ ဖြစ်ပြီး ဦးဟံသာမြင့် ဦးဆောင်တဲ့ အဖွဲ့က အထက်မြန်မာပြည်ကို
ခရီးထွက်ခဲ့တာပါ။

ဦးဟံသာမြင့်က ခုလိုပြောပါတယ်။

“တောင်ဘက်ဆုံး အောင်လံကနေပြီးတော့ မြောက်ဘက်ကျတဲ့ မြောင်နဲ့ ရေစကြိုလောက်ထိ ရောက်ခဲ့ပါတယ်။


မြို့နယ် ၇ ခုတော့ မကဘူးပေါ့။ တွေ့တဲ့ နေရာတော့ ကျွန်တော်တို့ အဖွဲ့က အဖွဲ့ဝင်တွေကော
အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကော၊ နောက် စိတ်ပါဝင်စားတဲ့ လူတွေပါ၊ အကုန်လုံးကတော့
တက်တက်ကြွကြွနဲ့ စည်းစည်းရုံးရုံး ရှိနေတာကိုပဲ ကျွန်တော်တို့ တွေ့ရတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းက
အဖွဲ့ဝင်တွေ အနေနဲ့ကတော့ နောက်ဆုံး ကျွန်တော်တို့ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဒီ ရွေးကောက်ပွဲကို
မပတ်သက်ဖူး၊ သပိတ်မှောက်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့က အကုန်လုံးကတော့ သဘောတူ လက်ခံပြီးတော့
အကုန်လုံး ကျေကျေလည်လည် ရှိကြပါတယ်။ အဲလောက်ပဲ ကျွန်တော်တို့ တွေ့ခဲ့တယ်။”

အလားတူ ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေပ၊ုံ စစ်တွေ စတဲ့ မြို့တွေကို ၉ ရက် ခရီးထွက်ခဲ့တဲ့
ဒေါက်တာ ဒေါ်မေဝင်းမြင့် ဦးဆောင်တဲ့ အဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ ကိစ္စတွေကို
အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြေပုံမြို့မှာတော့ ထူးခြားမှုတခု ရှိတယ်လို့
ပြောပါတယ်။

“ထူးထူးခြားခြားတော့ ကျွန်မတို့ မြေပုံမှာတော့ ကျွန်မတို့ အာဏာပိုင်တွေနဲ့ တွေ့ရတာပေါ့နော်။ သူတို့ကလည်း


တခါမှ ဒီ မြေပုံ မဝတကလည်း ဒီ NLD နဲ့ ထိတွေ့မှု နည်းပါးတာပေါ့။ တခါမှလည်း ဗဟိုက ဆင်းလာတာတွေ
မရှိတဲ့အခါကျတော့ သူတို့ဖက်ကလည်း နည်းနည်း အစိုးရိမ်လွန်ပါတယ်။ ကျွန်မတို့ ရောက်လာတဲ့အခါကျတော့
သူတို့ အစိုးရိမ် လွန်ပြီးတော့ ခေါ်တွေ့တာ ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာလည်း ဆွေးနွေးတဲ့အခါကျတော့ 
အဆင်ပြေပြေ ဖြစ်သွားပါတယ်။ ကျွန်မတို့ ဒီ ရှင်းလင်းတာကိုလည်း သူတို့ လက်ခံပြီး နောက်ပိုင်းမှာ ဒါတွေဟာ
ဘာမှ တည်ဆဲ ဥပဒေနဲ့ မငြိဘူးဆိုတော့ အကုန်လုံး အဆင်ပြေသွားပါတယ်။”

NLD ပါတီအနေနဲ့ လွန်ခဲ့တဲ့လပိုင်းတွေကစပြီး နယ်လှည့် စည်းရုံးရေးခရီးစဉ်တွေကို သွားရောက်လျက်ရှိရာ


အလားတူ ခရီးစဉ်တွေကို ထပ်သွားဖို့ အစီအစဉ်များ ရေးဆွဲ ထားတယ်လို့ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက

PDF created with pdfFactory trial version www.pdffactory.com


ပြောပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင် နေထိုင်မကောင်း ဖြစ်နေရာက စက်တင်ဘာ ၂၃
ရက် မနေ့က ရုံးပြန်တက်နိုင်ပြီ ဖြစ်တာကြောင့် ဦးဝင်းတင်နဲ့ အဖွဲ့တဖွဲ့လည်း စည်းရံးရေးထွက်ဖို့ ခရီးစဉ်
ရေးဆွဲထားတယ်လို့ ဦးတင်ဦးက ပြောပါတယ်၊

ကြံ့ဖွံ့ပါတီကို တစည စိန်ခေါ်


ဧရာဝတီ Friday, September 24, ဧရာဝတီ

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) သည် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်


ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် မဟာမိတ် ပြုလုပ်မည် မဟုတ်ဘဲ အနိုင်ရရှိရန် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တစည
ပါတီ ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ကြီးက ပြောသည်။

ယနေ့ ကျင်းပသော တစည ပါတီ ထူထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားတွင် ဦးခင်မောင်ကြီးက ထိုသို့


ပြောကြားလိုက်ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ မ၀င်ဘဲ သပိတ်မှောက် ထားခြင်းကြောင့် တစည ပါတီ
အနေဖြင့် NLD နှင့် ပြန်လည် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရ ကြောင်းလည်း ဦးခင်မောင်ကြီး က ပြောသည်။

“NLD နဲ့ တပွဲတလမ်း ပြန်စမ်းလိုက် ချင်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် တစည ပါတီသည် NLD ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

တစည ပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရာနှုန်းပြည့်သဘောမတူနိုင်သော အချက်များ


ပါဝင်ပြီး ထိုအချက် များကို လွှတ်တော်အတွင်းမှ ပြင်ဆင်သွားမည်ဟုလည်း ဦးခင်မောင်ကြီးက ပြောဆိုသည်။

“စနစ်တခုကနေ စနစ်တခုကို ချက်ချင်းကြီးပြောင်းဖို့ဆိုရင် တော်လှန်ရေးလုပ်ရမယ်။ မြန်မာပြည်သူတွေက


တော်လှန်ရေးတွေနဲ့ အတော်ကို ပင်ပန်းနေပြီ”ဟု ၎င်းက ဆိုသည်။

တစည ပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ ကလည်း နိုင်ငံအကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မည့် တစည ပါတီကို မဲပေးရန်
ပြည်သူများကို ပန်ကြားသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံရဲ့ကောင်းကျိုး၊ တိုင်းရင်းသားပြည်သူတွေရဲ့အကျိုးစီးပွားကို အမှန်တကယ်သယ်ပိုး ဆောင်


ရွက်နိုင်မယ့် ပါတီအဖြစ် ရှုမြင်ပြီး ပါတီကို ထောက်ခံမဲပေးလို့ စိတ်တူကိုယ်မျှ အတူတကွ လက်တွဲ
ဆောင်ရွက်ကြပါလို့ မေတ္တာ ရပ်ခံပန်ကြားအပ်ပါတယ်” ဟု ဦးထွန်းရီက ပြောဆိုသည်။

ရွေးကောက်ပွဲတွင် တစည က လွှတ်တော်အမတ်လောင်း ၉၉၉ ဦး ယှဉ်ပြိုင်ရာတွင် တိုင်းဒေသကြီး (သို့မဟုတ်)


ပြည်နယ် လွှတ်တော်များတွင် အနိုင်ရရှိရန် အခွင့်အလမ်းများပြားကြောင်းလည်း ဆိုသည်။

တစည ပါတီအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေး၊ လယ်သမားတိုင်း လယ်ပိုင်ခွင့်ရှိရေး၊ ဈေးကွက် စီးပွားရေး


စနစ် အကောင် အထည်ဖော်ရေးများ ဆောင်ရွက်သွားမည်ဟု သိရသည်။

PDF created with pdfFactory trial version www.pdffactory.com


တစည ပါတီသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော်အမတ်လောင်း ၉၉၉ ဦးယှဉ်ပြိုင်မည်ဖြစ်ရာ
ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၉၅၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၄၉ နှင့် တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ် လွှတ်တော် အမတ်နေရာ ၅၃၈ နှင့် လူမျိုးစုလွှတ်တော် အမတ်နေရာ ၁၇ နေရာ
ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မည့် အမတ်လောင်းများတွင် အမျိုးသမီး လွှတ်တော်အမတ်လောင်း
ဆယ်ဂဏန်းကျော် ပါဝင်ကြောင်း ဦးခင်မောင်ကြီးက ဆိုသည်။

တစညပါတီ၏ ပါတီထူထောင်ခြင်း၂၂ နှစ်မြောက်အခမ်းအနားကို ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ပါတီဝင် ၇၀၀


ကျော် အပါအ၀င် ပြည်တွင်းပြည်ပ သတင်းထောက်များ၊ ထောက်လှမ်းရေးနှင့်ရဲများ စုံလင်စွာ တက် ရောက်
ခဲ့သည်။

တစည ပါတီ သည် အာဏာရှင် ဦးနေ၀င်း ၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ၁၉၈၈ ခုနှစ် စက်တင် ဘာ
၂၄ ရက်နေ့တွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် ပါတီဖြစ်သည်။

ဟောပြောချက်မူကြမ်း ပယ်ချခံရသော်လည်း UDP ပြန်တင်မည် မဟုတ်


မင်းနိုင်သူ Friday, September 24, ဧရာဝတီ

ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့် အတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP)


က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားသည့် စာမူပယ်ချ ခံရသော်လည်း ထပ်မံတင်ပြမည်
မဟုတ်ကြောင်း သတင်းရရှိသည်။

“ရေးဆွဲတုန်းကလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရေးဆွဲတာ။ အခု ဘာကြောင့် ပယ်ချတယ်ဆိုတာကို


သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် နောက်ထပ်တကြိမ် ပြန်လည်တင်ပြတာမျိုးတွေ မလုပ်ဘဲ
ရုပ်သံလွှင့်ခွင့်ကို စွန့်လွှတ် လိုက်မယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်”ဟု UDP ဒု ဥက္ကဋ္ဌ ဦးဌေးက ဧရာဝတီသို့
ပြောသည်။

ဟောပြောရန် တင်ပြထားသည့် စာမူမှာ ၃ မျက်နှာသာရှိပြီး ဟောပြောခွင့်ရလျှင် UDP ဗဟိုအလုပ်အမှုဆောင်


ဦးကိုကိုကြီးက ဟောပြောရန် စီစဉ်ထားသည်ဟု သိရသည်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့်ရ ပါတီ ၃၇ ပါတီကို နိုင်ငံပိုင် အသံလွှင့်ဌာနနှင့် ရုပ်သံဌာနများမှ


ပါတီမူဝါဒ သဘောထားများ ဟောပြောခွင့် ပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်နေ့က ကြေညာခဲ့ပြီး ၂၂
ရက်နေ့မှ စတင်ကာ ဟောပြောမည့် စာမူကြမ်းများ တင်ခိုင်းခဲ့သည်။

သို့သော် ပါတီများအနေဖြင့် လွတ်လပ်စွာဟောပြောခွင့်ရမည် မဟုတ်ဘဲ ဒို့တာဝန်အရေး ၃ ပါးကို ထိခိုက်စေရန်၊


နိုင်ငံတော်အား အကြည်ညို ပျက်စေရန်၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ်
ဂုဏ်သိက္ခာထိခိုက်စေရန် ဟောပြောခြင်းများ မပြုလုပ်ရန် စသည့် ရွေးကောက်ပွဲကော်မရှင်၏ ကန့်သတ်ချက် ၉
ချက်ကို လိုက်နာကြရမည်ဖြစ်သည်။

PDF created with pdfFactory trial version www.pdffactory.com


ရွေးကောက်ပွဲကော်မရှင်က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဟောပြောရန် တင်ပြချက်မူကြမ်းကို စက်တင်ဘာ
၂၂ ရက်နေ့က ကနဦး ပယ်ချခဲ့ပြီး ယခု UDP ၏ စာမူကို ဒုတိယမြောက် ပယ်ချလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း ဆက်လက်တင်ပြလျက်ရှိရာ နောက်ဆုံး


တင်ပြသည့် ပါတီမှာ ကမန် အမျိုးသား တိုးတက်ရေးပါတီ ဖြစ်ပြီး ပါတီဝင်အင်အား တင်ပြပြီးသည့်ပါတီ ၃၅ ပါတီ
ရှိပြီဖြစ်ကြောင်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

နျူကလီးယား လက်နက် မထုတ်ဟု စစ်အစိုးရ အခိုင်အမာ ငြင်း


သန်းထိုက်ဦး Friday, September 24, ဧရာဝတီ

မြန်မာ စစ်အစိုးရအပေါ် စွပ်စွဲထားသော နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး စွပ်စွဲချက်များနှင့် ပတ်သက်၍


နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဆိုင်ရာ မြန်မာ ကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက
အခိုင်အမာ ငြင်းဆိုလိုက်သည်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ယမန်နေ့က ကျင်းပခဲ့သော ၅၄ ကြိမ်မြောက် ကုလသမဂ္ဂ IAEA အထွေထွေ


ညီလာခံတွင် “မြန်မာအစိုးရက နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာ
မီဒီယာတွေက စွပ်စွဲရေးသားတာ အခြေအမြစ်မရှိပါ” ဟု ဦးတင်ဝင်းကပြောကြောင်း Reuters သတင်းဌာနက
ဖော်ပြသည်။

မြန်မာနိုင်ငံတွင် နျူကလီးယားသိပ္ပံနှင့် နည်းပညာ တိုးတက်စေရန် ကြိုးပမ်းနေခြင်းမှာ ငြိမ်းချမ်းသော


ရည်ရွယ်ချက်ဖြင့် အသုံးပြုရန်သာ ဖြစ်ကြောင်း၊ နျူကလီးယားလက်နက် ပြန့်ပွားရေး၊ ထုတ်လုပ်ရေးကိစ္စများနှင့်
ပတ်သက်မှုများတွင် မြန်မာနိုင်ငံက မည့်သည့်အခါမှ ပါဝင်မည်မဟုတ်ကြောင်း ဦးတင်ဝင်းက ပြောသည်ဟု
သိရသည်။

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းနှင့် ဥမင်လိုဏ်ခေါင်းဆိုင်ရာ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို


ဗိုလ်မှူး စိုင်းသိန်းဝင်းက ယူဆောင်၍ ပြီးခဲ့သည့် ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး
တိမ်းရှောင်လာခဲ့သည်။

အဆိုပါ စာရွက်စာတမ်းများကို အခြေခံ၍ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အယ်လ်ဂျာဇီးရား


သတင်းဌာနတို့က စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကို ထုတ်လွှင့်ခဲ့သည်။

နျူကလီးယား စီမံကိန်း အထောက်အထားများကြောင့် စစ်အစိုးရ၏ လျှို့ဝှက်အစီအစဉ်များကို နိုင်ငံတကာမှ


စောင့်ကြည့် လေ့လာမှုများ တိုးမြင့်လာပြီး ဒေသတွင်းနိုင်ငံများကလည်း လုံခြုံရေးအတွက် စိုးရိမ်မကင်း
ဖြစ်လာကြသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသည့် စာရွက်စာတမ်းနှင့် အထောက်အထားများကို


သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော“မြန်မာနိုင်ငံ နျူကလီးယားဆိုင်ရာ လူပ်ရှားမှုများ”
စာတမ်းတွင် အထောက်အထား အချက်အလက်၊ ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

PDF created with pdfFactory trial version www.pdffactory.com


ယင်း စီမံကိန်းများကို မြောက်ကိုရီးယားအစိုးရ၏ အကူအညီဖြင့် စစ်အစိုးရက အကောင်အထည်
ဖော်နေသည်ဟုလည်း သုံးသပ်ကြသည်။

၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက “ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေးအတွက်"


အဏုမြူ သုတေသန ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုခဲ့သည်။

ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးခင်မောင်ဝင်းက “မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ်


ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်” ဟု
ထုတ်ဖော်ပြောဆိုသည်။

အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏


လက်အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် (NPT) အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ပြီး


ယင်းစာချုပ်ကို ၁၉၉၅ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးထားသည်။

လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်လည်း နျူကလီးယားဆိုင်ရာ လုပ်ငန်းများကို


ဆောင်ရွက် မည်ဆိုပါက IAEA ကို အသိပေးမည်ဟု ဦးတင်ဝင်းက ပြောကြားခဲ့သည်။

စစ်အစိုးရကမူ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ သံတမန် ဆက်ဆံရေး


ပြတ်တောက်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူဝါဒကြောင့် မြောက်ကိုရီးယားနှင့်
သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာများမှတဆင့်
ရေးသားဖော်ပြခဲ့သည်။

အိုဘာမား အာဆီယံ ခေါင်းဆောင်များနှင့် မြန်မာ့အရေး ဆွေးနွေးရန်ရှိ


လာလစ် ကေဂျာ့ Friday, September 24, ဧရာဝတီ

အမေရိကန် ပြည်ထောင်စုတွင် သောကြာနေ့၌ ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့်


အစည်း အဝေးတွင် သမ္မတ ဘားရက် အိုဘားမားက မြန်မာ့အရေးကို အလေးပေး ဆွေးနွေးမည် ဖြစ်ကြောင်း
သိရသည်။

“သမ္မတက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး လိမ့်မယ် ဆိုတာကို ကျနော် အတိအကျ ပြောနိုင်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တခြား နိုင်ငံတွေ ကလည်း ထုတ်ဖော် ပြောဆို လာလိမ့်မယ်လို့ ကျနော် မျှော်လင့်
ပါတယ်”ဟု နယူး ယောက် မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ၏ အထူး လက်ထောက်နှင့်
အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူး ဂျက်ဖ် ဘာဒါက (Jeff Badar) သတင်းထောက်များကို
ပြောကြားသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ရဲ့ မျှော်မှန်းချက်က နိုင်ငံရေး အကျဉ်းသား အားလုံးနဲ့ ဒေါ်အောင်ဆန်း


စုကြည်ကို လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လိုအပ်ချက် ဖြစ်တဲ့ လွတ်လပ်ပြီး

PDF created with pdfFactory trial version www.pdffactory.com


တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေဖို့ပါ။ ကျနော်ပြောတဲ့ မျှော်မှန်းချက်ဆိုတာက ကျနော်တို့
လိုချင်တဲ့ပုံစံကို ပြောတာပါ။ ကျနော်တို့ ကြိုသိ နေတဲ့အရာကို ပြောနေတာမဟုတ်ပါဘူး”ဟု ပြောသည်။

သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန်


လိုအပ်ကြောင်း အာဆီယံ ခေါင်းဆောင်များကို ထပ်လောင်းပြောကြားလိမ့်မည်ဟု သိရှိရသည်။

သမ္မတ အိုဘားမားအစိုးရက အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေချိန်တွင်


ယခုကဲ့သို့ အမေရိကန်-အာဆီယံ ဒုတိယအကြိမ် အစည်းအဝေးကို နယူးယောက်မြို့၌ ကျင်းပရန်
စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

ပထမ အကြိမ် အစည်းအဝေးကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည်။

အမေရိကန်-အာဆီယံ ပထမအကြိမ် အစည်းအဝေးသို့ စစ်အစိုးရ ဝန်ကြီးချုပ် ဦသိန်းစိန်


တက်ရောက်ခဲ့သော်လည်း ယခုအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဟု သိရသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက စစ်အစိုးရ ကိုယ်စားလှယ်အဖြစ် ဤအစည်းအဝေးသို့ တက်ရောက်မည်


ဖြစ်သော် လည်း ၎င်းနှင့် အိုဘားမားအကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်နိုင်ဖွယ် မရှိဟုလည်း
သတင်းရရှိသည်။

အမေရိကန်-အာဆီယံ ပထမအကြိမ် အစည်းအဝေးမှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင်


မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် အရေးကြီးသည်။ ထို့အပြင် နိုင်ငံတကာ မိသားစုမှ


ယုံကြည် လက်ခံလာနိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ်၌ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ် တရားမျှတရန်
လိုအပ်သည့် အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ရှင်းရှင်းလင်းလင်း
ချမှတ်ဆောင်ရွက်ရန်လိုသည်ဟု ကျွန်ုပ် တို့ မီးမောင်းထိုးပြလိုပါသည်”ဟု ကြေညာချက်၌ ဖေါ်ပြထားသည်။

“ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးအတွက် မြန်မာအစိုးရအနေနှင့် အတိုက်အခံအင်အားစုများနှင့်


ဆွေးနွေးခြင်း အပါအဝင် သင့်လျော်သည့် အခြေအနေများ ဖန်တီးပါရန်”ဟုလည်း ကြေညာချက်၌
တိုက်တွန်းထားသည်။

သို့ရာတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါ


အဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်အား ရွေးကောက်ပွဲ၌ ပါဝင်ခွင့်မရရန် စစ်အစိုးရက
နည်းလမ်းပေါင်းစုံသုံး၍ ဟန့်တားခဲ့သည်။

ထို့အပြင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆိုသော လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများနှင့် အဆက်


အသွယ် ရှိသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တခြားအရေးပါသည့် နိုင်ငံရေး အင်အားစုများကိုလည်း
ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်းမှ ဖယ်ထုတ်ထားခဲ့သည်။

PDF created with pdfFactory trial version www.pdffactory.com


မစ္စတာ ဘာဒါက “လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အာဆီယံဒေသအနေနဲ့ ထိုက်ထိုက်တန်တန် အာရုံစိုက်ခံရမှု
မရခဲ့ ဘူး လို့ ကျနော်တို့ ခံစားမိပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြားရေးဝန်ကြီး မစ္စ ကလင်တန်ရဲ့ ပထမဦးဆုံး
ဒေသတွင်း ခရီး စဉ် မှာ ဂျကာတာကို သွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ အရှေ့အာရှ
ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင် သင့်တယ်လို့ သမ္မတက ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ
တခါမှ မခန့်အပ်ခဲ့ဘူးသေးတဲ့ အာဆီယံရေးရာ ဌာနေ သံအမတ်ကို ကျနော်တို့ ခန့်အပ်လိုက်ပါပြီ။ သူက
ဂျကာတာမှာ အခြေစိုက်မှာဖြစ်ပါတယ်”ဟု ပြောသည်။

“သောကြာနေ့ ကျင်းပမယ့် အစည်းအဝေးမှာ ဒေသတွင်းက နိုင်ငံပေါင်းစုံ အဖွဲ့အစည်းတွေရဲ့ အနာဂတ်နဲ့


ပတ်သက် လို့လည်း အကြိတ်အနယ် ဆွေးနွေးကြမယ်လို့ ကျနော်ထင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့


သွားရောက်၍ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်း ထိပ်သီးဆွေးနွေးပွဲသို့ အာဆီယံ နိုင်ငံများအပြင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊


နယူးဇီလန်နှင့် အိန္ဒိယနိုင်ငံတို့ တက်ရောက်လေ့ရှိသော်လည်း အမေရိကန်နှင့် ရုရှနိုင်ငံတို့က ပထမဆုံးအကြိမ်
တက်ရောက်မည်ဟု သိရသည်။

“ဒီတကြိမ်က အမေရိကန် ပြည်ထောင်စုနဲ့ ရုရှနိုင်ငံတွေအတွက်တော့ ပထမဦးဆုံးအကြိမ်


ပါဝင်တက်ရောက်ခြင်းပါ။ သမ္မတ အိုဘာမားကတော့ ရှေ့နှစ် ထိပ်သီး အစည်းအဝေးကျမှ သူကိုယ်တိုင်
တက်ရောက်ပါလိမ့်မယ်”ဟု ဘာဒါ က ဖြည့်စွက်ပြောကြားသည်။

ယင်း ထိပ်သီးဆွေနွေးပွဲတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လက်နက်မပြန့်ပွားရေး၊ မြောက်ကိုရီးယားနှင့် အီရန်တို့


ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်သည့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရေး၊ အမေရိကန်-
အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု စာချုပ် ချုပ်ဆိုရေး စသည်တို့ကို အဓိကထား ဆွေးနွေးမည်ဟု
သိရသည်။

နာရေးကူညီမှုအသင်း၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ သတင်းစာတွင် ထည့်ခွင့်မရ


မင်းနိုင်သူ Friday, September 24, ဧရာဝတီ

နာရေးကူညီမှု အသင်း (ရန်ကုန်) အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ ဖခင် ကွယ်လွန်ခြင်း


အတွက် အသင်း၏ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို သတင်းစာတွင် ထည့်သွင်းခွင့် မပြုကြောင်း သိရသည်။

နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက “၂၀ ရက်နေ့က အသင်း အတွင်းရေးမှူး ဆရာမ


ဒေါ်သန်းမြင့်အောင်ရဲ့ ဖခင်ကြီး ကွယ်လွန် သွားလို့ အသင်းကနေ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို မြန်မာ့
အလင်းနဲ့ ကြေးမုံ သတင်းစာမှာ ကြော်ငြာ သွားထည့်တာ ၂ စောင်စလုံးက ပယ်ချလိုက်တယ်။ သေဆုံးကြောင်း
ကြော်ငြာ တာမှာလည်း ဒေါ်သန်းမြင့်အောင် နာမည်ရှေ့မှာ စာရေး ဆရာမဆိုတဲ့ စာလုံးကို ဖြုတ်ခိုင်းတယ်။
ကျနော်တို့မှာ ကိုယ့်နာရေး ဖြစ်လို့တောင် ကြော်ငြာ ထည့်လို့ မရတဲ့ဘ၀” ဟု ပြောသည်။

PDF created with pdfFactory trial version www.pdffactory.com


ဒေါ်သန်းမြင့်အောင်၏ ဖခင် ဦးချစ်အောင် အသက် ၈၄ နှစ်သည် စက်တင်ဘာ ၁၉ ရက်နေ့က
ကွယ်လွန်ခဲ့သော်လည်း ဒေါ်သန်းမြင့်အောင် ခရီးလွန်နေသဖြင့် ယမန်နေ့ကမှ ရေဝေးသုသာန်သို့
ပို့ဆောင်သင်္ဂြိုဟ်ရကြောင်း သိရသည်။

ဒေါ်သန်းမြင့်အောင်၏ စာမူများကို စာပေစိစစ်ရေးက စာနယ်ဇင်းများတွင် ဖော်ပြခွင့် ပိတ်ပင်ထားသည့်အပြင်


လွန်ခဲ့သော လပိုင်းက စာရေးဆရာ မောင်သာချိုပြုလုပ်ခဲ့သည့် ဒေါ်သန်းမြင့်အောင်နှင့် အင်တာဗျုးကိုလည်း
ဖော်ပြခွင့် မပြုခဲ့ကြောင်း သိရသည်။

ဒေါ်သန်းမြင့်အောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် အတွင်းရေးမှူးတာဝန် ယူထားသည့်အပြင် HIV


ပိုး ကူးစက် ခံရသူ မိဘမဲ့ ကလေးသူငယ်များကို စောင့်ရှောက်ပေးနေသည့် “သုခရိပ်မြုံဂေဟာ” နှင့် ခိုကိုးရာမဲ့
အဘိုးအဘွားများကို စောင့်ရှောက်သော “ဆည်းဆာရိပ်ဂေဟာ” ကို ထူထောင်ထားသူလည်း ဖြစ်သည်။

အစိုးရနှင့် မသက်ဆိုင်သည့်၊ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသည့် နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ်


ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရုက
ိတာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့်ရုပ် ရှင်သရုပ်ဆောင် ဦးကျော်သူတို့က
ဦးစီး တည်ထောင်ခဲ့ကြသည်။

နာရေးကူညီမှု အသင်းကို ပြည်တွင်းပြည်ပ အလှူရှင်တို့၏ လှူဒါန်းငွေများဖြင့် ရန်ကုန်မြို့ ဈာပန လုပ်ငန်းများကို


အခမဲ့ ကူညီလျက်ရှိသည်။

၂၀၀၆ ခုနှစ် သြဂုတ်လတွင် နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ၈၈


မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ
နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ
သတင်းစာများက ထည့်သွင်းဖော်ပြခြင်း မပြုသည့်အပြင် အာဏာပိုင်များက အနှောင့်အယှက်များပေးခဲ့သည်။

နာရေးကူညီမှုအသင်းသည် ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီးကျောင်းတိုက်တွင် အခြေ


စိုက်ကာ အခမဲ့ နာရေးဝန်ဆောင်မှုပေးခဲ့ရာမှ မြို့နယ်စည်ပင် အာဏာပိုင်များက ပိတ်ပင်ခဲ့သည့်အတွက် ၂၀၀၉
ခုနှစ် ဇူလိုင်လတွင် မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

နယ်ကျွံလာသော စစ်အစိုးရ ရဟတ်ယာဉ်ကို KIO သတိပေး ပစ်ခတ်


သန်းထိုက်ဦး Friday, September 24, ဧရာဝတီ

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ်သည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ်


နယ်မြေအတွင်းသို့ ပျံသန်း ဝင်ရောက် လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက
သတိပေး ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

KIO လက်ထောက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါက စစ်အစိုးရပိုင် ရဟတ်ယာဉ်သည် ယမန်နေ့


မွန်းလွဲ ၁ နာရီ ခန့်က ပျံသန်း ဝင်ရောက် လာကြောင်း ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

PDF created with pdfFactory trial version www.pdffactory.com


ရဟတ်ယာဉ်ကို သတိပေး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်အစိုးရ ဘက်က ယခုအချိန် အထိ တစုံတရာ တုံ့ပြန်
ပြောခြင်းကို မကြားမိ သေးကြောင်း ဗိုလ်မှူးကြီး ဆင်ဝါက ဆက်လက် ပြောသည်။

KIO က သတိပေး ပစ်ခတ်ခြင်းသာဖြစ်ပြီး ရဟတ်ယာဉ် ပျက်ကျစေရန် ရည်ရွယ် ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း


ချင်းမိုင်မြို့ အခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ ကိုလဖိုင်နော်ဒင်းက ဧရာဝတီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း KIO ထိန်းချုပ်ရာ ဒေသဝန်းကျင်၌ နအဖ ဘက်နှင့် KIO ဘက်ကပါ စစ်ရေး


ပြင်ဆင်မှုများရှိပြီး သတိထား နေကြကြောင်း၊ KIO နယ်မြေ အတွင်းသို့ ရဟတ်ယာဉ် ပျံသန်းဝင်ရောက်ခြင်းသည်
စစ်အစိုးရဘက်က အခြေအနေ စုံးစမ်းခြင်း ဖြစ်နိုင်သကဲ့သို့ ရန်စခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုလဖိုင်နော်ဒင်းက
ဆက်လက်ပြောသည်။

KIOသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြောင်း


စက်တင်ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ကြောင်း၊ ထိုသို့ ငြင်းဆိုပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း
နအဖတပ်များ မကျူးကျော်ရန် သတိပေးထားကြောင်း သိရသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ်


ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့


စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဝန်ထမ်းများ မဲမပေးလည်းရဟု စစ်အစိုးရ ပြော


နရီလင်းလက် Friday, September 24, ဧရာဝတီ

ရွေးကောက်ပွဲတွင် အစိုးရ ၀န်ထမ်းများ မဲမပေးလိုက မပေးဘဲ နေပိုင်ခွင့် ရှိကြောင်း စစ်အစိုးရက သက်ဆိုင်ရာ


ဌာနများသို့ ယမန်နေ့က အသိပေး ထုတ်ပြန် လိုက်သည်ဟု နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။

နိုင်ငဝ
ံ့ န်ထမ်းများအနေဖြင့် မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ ရွေးချယ်မဲပေးခွင့်ရှိခြင်း၊ အာဏာသုံး၍
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား မဲထည့်ခိုင်းခြင်း ကိစ္စရပ်များ မရှိကြောင်း ဖော်ပြရန်
အာဏာပိုင်များက အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး-ကြည်း (ကက-
ကြည်း) မှ အရာရှိတဦးက ပြောသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ ရုံးအမိန့်စာပုံစံဖြင့် ၀န်ကြီးဌာနအလိုက်


ဖြန့်ဝေခြင်းဖြစ်ကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနများ လက်အောက်မှ ဌာနဆိုင်ရာ
ဝန်ထမ်းများသည် ယင်းထုတ်ပြန်ချက်အား သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းကြောင်း သိရသည်။

PDF created with pdfFactory trial version www.pdffactory.com


ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာ စသည့် ဌာနဆိုင်ရာ ရုံးများသို့
ယင်းကြေညာချက် ရောက်ရှိကြောင်း စုံစမ်းသိရသည်။

ထုတ်ပြန်လိုက်သည့် အဆိုပါ အသိပေး ကြေညာချက်၌ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ


အထွေထွေ ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းများ မဲပေးရေး မပေးရေးကို မိမိဆန္ဒအရ လွတ်လပ်စွာ
ပြုလုပ်နိုင်ကြောင်း၊ မဲပေးမည် ဆိုပါက လွတ်လပ်စွာ ရွေးချယ်ပေးပိုင်ခွင့် ရှိကြောင်း စသည့်
အချက်အလက်များပါဝင်သည်ဟု ကက-ကြည်းမှ အရာရှိက ဆက်လက်ပြောသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက “အာဏာပိုင်တွေက အရေအတွက် နည်းရင်နည်းပါစေ၊


သေချာတာကိုပဲ အကုန်ရချင်တယ်။ အစိုးရ၀န်ထမ်းဆီက ရလာမယ့် မဲအရေအတွက်တွေ မပါလည်း
ရွေးကောက်ပွဲမှာ ကြံ့ဖွံ့က အောင်နိုင်ခြေရှိ နေပြီ”ဟု ပြောသည်။

စစ်အစိုးရသည် အရပ်ဘက် အဆင့်မြင့် ရာထူးများဖြစ်သော ညွှန်ကြားရေးမှူး၊ ဌာနမှူးများအား အနားပေးကာ


ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း အနေဖြင့် သက်ဆိုင်ရာမြို့နယ်များမှ ရွေးကောက်ပွဲ ၀င်စေခဲ့ကြောင်း
သိရသည်။

“ကြိုတင်မဲလည်း လာမကောက်ဘူး။ မဲလည်း မထည့်ချင်ရတယ်ဆိုတော့ ဌာနမှူးတွေ၊ ညွှန်ကြားရေးမှူးတွေ


ပြန်ကြည့်ရင် အကုန်လုံး သက်ဆိုင်ရာမြို့နယ်တွေမှာ ကိုယ်စားလှယ်လောင်း ၀င်ပြီးပြီ။ ကျန်တာ အောက်က
ဝန်ထမ်းတွေ။ ဒီ ၀န်ထမ်း တွေက လက်ရှိ အစိုးရ၀န်ထမ်းဖြစ်နေတော့ ထည့်ချင်တယ်ဆိုရင်တောင်
ကြံ့ဖွံ့ကိုကျော်ပြီး ထည့်ရဲမှာလား”ဟု အကောက်ခွန် ဦးစီးဌာနမှ အထက်တန်းအရာရှိတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ကြံ့ဖွံ့ကို မဲမပေးချင်တဲ့ အစိုးရ၀န်ထမ်းတွေ ရှိနေတာကို အာဏာပိုင်တွေက သိထားတော့


တခြားပါတီကို မဲပေးရင် ပြဿနာတက်မယ်လေ။ ဒီတော့ မင်းတို့ မပေးချင် မပေးလို့ရတယ်ဆိုရင်
မပေးဘဲနေမယ့် လူတွေက အများကြီး။ ဒီလို မသေချာတဲ့မဲတွေ လျော့တာထက် တခြားပါတီ မဲမရသွားအောင်
လုပ်တဲ့ သဘောလည်း ဖြစ်နိုင်တယ်။ အစိုးရ ၀န်ထမ်း က တခြားပါတီကို မဲထည့်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ” ဟု
ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးကလည်း “၁၉၉၀ တုန်းက မဲမပေးဘဲ


နေခဲ့တဲ့ အစိုးရ ၀န်ထမ်းတွေ အများကြီးရှိခဲ့တယ်။ ဒီလိုမျိုးဖြစ်မယ့်အတူတူ အာဏာပိုင်တွေက သေချာတဲ့
သူတို့လူတွေကို ကိုယ်စားလှယ် လောင်းတွေ ခန့်ပြီး ပြိုင်ခိုင်းထားတာ။ ၀န်ထမ်းတွေဆီက မဲမရလည်း နိုင်တဲ့
အနေအထားမျိုးကလည်း ရှိနေပြီ”ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “တချို့ မဲဆန္ဒနယ်တွေမှာဆို အပြိုင်ဝင် အရွေးခံမယ့်သူ မရှိဘူး။ ဘုတလင်မှာဆို


အမျိုးသားလွှတ်တော် အတွက် ပြိုင်မယ့်သူက ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသာအေး တယောက်ပဲရှိတယ်။
ဒီမဲဆန္ဒနယ်ကနေ နိုင်ဖို့က သေချာနေပြီ လေ။ အပြိုင်မရှိဘူး။ မဲမပေးလေ ကြိုက်လေပဲ။ တချို့ရုံးတွေတော့
စာမရောက်သေးဘူးကြားတယ်။ သေချာတာက အစိုးရ ၀န်ထမ်းအားလုံးပါတယ်”ဟု ပြောသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးမည်ဟု ကြေညာထားသည်။

PDF created with pdfFactory trial version www.pdffactory.com


ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီ ရှိပြီး ၃၅ ပါတီသည် ပါတီဝင်အင်အား စာရင်းကို
ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားပြီး ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥရောပကော်မရှင်ထံ ဦးတင်ဦး စာပို့


ဧရာဝတီ Friday, September 24, ဧရာဝတီ

ပြည်တွင်းမှ ရွေးကောက်ပွဲ ထောက်ခံသူများနှင့် ဥရောပ အခြေစိုက် အဖွဲ့အစည်းတခု၏ ဆက်စပ်မှုနှင့်


စပ်လျဉ်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဦးတင်ဦးက ဥရောပ ကော်မရှင်ထံ
အိတ်ဖွင့်ပေးစာတစောင် မကြာသေးမီက ပေးပို့ခဲ့ ကြောင်း သိရသည်။

NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဥရောပကော်မရှင် အနေဖြင့် စစ်အစိုးရ ဘက်တော်သားများနှင့်


ပူပေါင်းလုပ်ဆောင်ခြင်း ရှိ မရှိ ရှင်းလင်းသိသာစွာ ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဦးတင်ဦး၏ ဥရောပ ကော်မရှင် မြန်မာပြည် တာဝန်ခံ မစ္စတာ အင်ဒရီယာလစ်
(Andreas List) ထံ ပေးစာတွင် “ဥရောပ ကော်မရှင် အနေဖြင့် စစ်အစိုးရ ကိုယ်စား ဝါဒ ဖြန့်နေသူများနှင့်
လက်တွဲ လုပ်ဆောင်နေမှုများ မရှိကြောင်း ရှင်းရှင်း လင်းလင်း သိသာနိုင်စေရေး အတွက် လိုအပ်သလို
ဆက်လက် ဆောင်ရွက်ပါရန် မိမိတို့က လေးလေး နက်နက် တိုက်တွန်း အပ်ပါသည်” ဟု ပါရှိသည်။

ဂျာမန် ဆိုရှယ် ဒီမိုကရက် ပါတီနှင့် ဆက်စပ်မှုရှိသော ဂျာမန် NGO အဖွဲ့ Friedrich-Ebert-Stiftung (FES) သည်
မြန်မာ့ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့၌ ဘာလင်မြို့တွင်
ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ရွေးကောက်ပွဲကို ထောက်ခံသည့် မြန်မာပြည်တွင်းမှ ကိုယ်စားလှယ်များ၊


ဂျာမန်ပညာရှင်များနှင့် ပြည်ပရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ အပါအဝင် လူ ၅၀ ခန့်
တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲ မတိုင်မီ ဦးတင်ဦးက မစ္စတာ အင်ဒရီယာလစ်ထံ စာပေးပို့ခဲ့ခြင်း ဖြစ်ပြီး စာထဲတွင် ပြည်ထောင်စု


ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ ၅ ခု၏ ပါတီမှတ်ပုံတင်ခွင့်ကို ရုပ်သိမ်းခဲ့ကြောင်း၊ ထိုပါတီများမှာ
ကော်မရှင်ခွင့်ပြု ချက်ဖြင့် တည်ထောင်ခဲ့သည့် ပါတီများဖြစ်ကြောင်း၊ ထို့ကြောင့် FES အနေနှင့် မြန်မာပြည်
ရွေးကောက်ပွဲမှတဆင့် နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခင်းအကျင်းများ ပိုမို
ထွက်ပေါ်လာနိုင်သည်ဟု မည်သည့် အထောက်အထားများ ရှိသဖြင့် ပြောပါသနည်း ဟုလည်း ဦးတင်ဦးက
မေးခွန်းထုတ်ထားသည်။

ဘာလင်ဆွေးနွေးပွဲသို့ ရွေးကောက်ပွဲထောက်ခံသည့် မြန်မာပြည်တွင်းမှ အဖွဲ့ကို NGO အဖွဲ့တခုဖြစ်သော


International Development Enterprise မှ ဒေါက်တာ ခင်ဇော်ဝင်းနှင့် လူထုအခြေပြု အဖွဲ့အစည်းများမှ
ကိုယ်စားလှယ် ၃ ဦးတို့ တက်ရောက်ခဲ့သည်။

ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အတွင်းရေးမှူး


ဦးအောင်ထူးက “ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမယ့် ပြည်သူ့လွှတ်တော်နဲ့ ပတ်သက်တာတွေကို ကျနော်တို့
ဆွေးနွေးဖြစ်ကြပါတယ်။ ရွေးကောက်ပွဲကတော့ အခုထိ တရားဝင် မဖြစ်သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

PDF created with pdfFactory trial version www.pdffactory.com


“လက်ရှိနိုင်ငံရေး အခြေအနေအပေါ် အကောင်းဘက်က ရှုမြင်ကြောင်း၊ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိပေမယ့်
ရွေးကောက်ပွဲက ဒီမိုကရေစီရေးအတွက် အခွင့်အလမ်းတခုဖြစ်ကြောင်း ဒေါက်တာ ခင်ဇော်ဝင်းက
ပြောသွားပါတယ်။ ရွေးကောက်ပွဲကနေ တဆင့် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ သူက
ယူဆတယ်” ဟု ဦးအောင်ထူးက ဆိုသည်။

ဆွေးနွေးပွဲသို့ တက်ရောက်သူများ၏ သမာသမတ်ကျမှုနှင့် ပတ်သက်၍ ပေးစာထဲတွင် ဦးတင်ဦးက ဒေါက်တာ


ခင်ဇော်ဝင်းကို စစ်အစိုးရအပေါ် မည်သို့ ဝေဖန်မှုနှင့် မည်သည့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုများအတွက်
ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူဟု သတ်မှတ်နိုင်ပါသနည်းဟု မေးခွန်းထုတ်ထားသည်။

တဆက်တည်းတွင် Myanmar Egress မှ ဒေါက်တာ နေဝင်းမောင်သည် တသီးပုဂ္ဂလအနေနှင့် ဆွေးနွေးပွဲသို့


တက်ရောက်ခြင်းလော သို့မဟုတ် “စစ်အစိုးရ၏ မိတ်ဆွေရောင်းရင်းတွေနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု
(NDF) ကြားက ပွဲစားလား” ဟု ဦးတင်ဦးက မေးမြန်းထားသည်။

အမည်မဖော်လိုသူ ဂျာနယ် အယ်ဒီတာတဦးက “Myanmar Egress က NDF နဲ့ အနီးကပ်


ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတာတို့၊ NDF အတွက် ပါတီကိုယ်စားလှယ်တွေ ခန့်ပေးတာတို့ ဆိုတာတွေက
ရန်ကုန်မှာ အားလုံးသိနေကြတဲ့ ကိစ္စပဲလေ” ဟု ဧရာဝတီသို့ ပြောသည်။

မစ္စတာ အင်ဒရီယာလစ် အနေဖြင့် ဤဆွေးနွေးပွဲသို့ တက်ရောက်ပါက စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ရန်


တရားဝင်နည်းလမ်းတခုအဖြစ် အများက ယူဆထားသော ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန်
ဥရောပကော်မရှင်က တွန်းအားပေးသကဲ့သို့ ဖြစ်နိုင်သည်ဟု ဦးတင်ဦးက ပေးစာထဲတွင် ထောက်ပြသည်။

FES သည် ရန်ကုန်အခြေစိုက် Myanmar Egress ၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပ-


မြန်မာရုံး (Euro-Burma Office) တို့နှင့် လုပ်ငန်းများ ပူးတွဲ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ဥရောပ-
မြန်မာရုံးကို မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏သား ဦးဟန်ညောင်ဝေက ဦးဆောင်သည်။

FES ၏ မြန်မာနိုင်ငံ စီမံကိန်း ညွှန်ကြားရေးမှူး ပေါလ်ပါ့ရှ် (Paul Pasch) က ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့
ရန်ကုန်မြို့၌ ကျင်းပသော နှုတ်ဆက်ပွဲ အခမ်းအနားတွင် FES ၏ လုပ်ငန်းများနှင့် ပတ်သက်၍
ရှင်းလင်းပြောကြားခဲ့ဖူးသည်။

ပြောကြားချက်တွင် FES အနေဖြင့် မြန်မာပြည်ရှိ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်မှုများ


ရှိကြောင်း၊ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် အစိုးရအရာရှိများအား ဘရပ်ဆဲလ်နှင့် စထရပ်ဘော့ မြို့များသို့
လေ့လာရေးခရီး သွားနိုင်ရန် စစ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန
လက်အောက်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာ
လေ့လာရေးဌာန(MISIS) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

FES သည် စစ်အစိုးရနှင့် ဆက်စပ်သည့် MRTV-4 ၊ မန္တလေး City FM တို့နှင့်လည်း ပတ်သက်ဆက်စပ်မှုများ


ရှိခဲ့သည်ဟု သိရသည်။

PDF created with pdfFactory trial version www.pdffactory.com


ဘာလင် ဆွေးနွေးပွဲအတွင်း ဂျာမနီနိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၁၅ ဦးခန့်က
ရွေးကောက်ပွဲထောက်ခံသည့် အစုအဖွဲ့အား စစ်အစိုးရ၏ အသုံးချခံများဟုဆိုကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဘာလင်ဆွေးနွေးပွဲ ကန့်ကွက်ဆန္ဒပြမှုအား စီစဉ်ဆောင်ရွက်ခဲ့သည် ဘာလင်အခြေစိုက် မြန်မာဌာန (Burma


Bureau) ၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုအောင်သန်းဦးက “မြန်မာနိုင်ငံက လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့
ပြည်သူလူထုအတွက် သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို ကျနော်တို့ အားပေးထောက်ခံပါတယ်။ ဒါပေမယ့်
ရွေးကောက်ပွဲကို ထောက်ခံဖို့ ဂျာမန် အစိုးရကို စည်းရုံးတာကိုတော့ ကျနော်တို့ လက်မခံနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရက ရွေးကောက်ပွဲကို စီမံနေလို့ပဲ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

FES သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို ရန်ပုံငွေ ထောက်ပံ့သည့်အပြင်


စစ်အစိုးရ၏ အမာခံများကို ဥရောပသမဂ္ဂအတွင်း စည်းရုံးရေးခရီးစဉ်အတွက် ဖိတ်ကြားသည်ဟုလည်း
မြန်မာဌာနက စွပ်စွဲထားသည်။

သို့ရာတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ FES ရုံးခွဲကမူ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍


တုံ့ပြန်ပြောဆိုရန် ငြင်းဆိုခဲ့ သည်။

ဘာလင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ Mingalar Myanmar မှ ဒေါက်တာ ဖုန်းဝင်းနှင့် ဒေါ်ယုဇာမော်ထွန်း


အပါအဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦးကလည်း စက်တင်ဘာ ၁၅ ရက်နေ့၌ ကြေညာချက်ထုတ်ခဲ့သည်။

ယင်းကြေညာချက်ထဲ၌ ဤကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကြောင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများကြား


ပဋိပက္ခကြီးထွားပြီး စိတ်ဝမ်းကွဲစေကြောင်း၊ ပြည်ပအဖွဲ့အစည်းများက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်
ဝင်ရောက်နှောင့်ယှက်ခြင်းမှာ မြန်မာ့နိုင်ငံရေး အနာဂတ်ကို ကြီးကျယ်စွာ အဖျက်အဆီး ဖြစ်စေသည်ဟု
ဖော်ပြထားသည်။

Myanmar Egress နှင့် Mingalar Myanmar ကဲ့သို့သော NGO များသည် ရွေးကောက်ပွဲနီးကပ်လာသော


ယခုကဲ့သို့ အချိန်မျိုးတွင် နိုင်ငံရေး၌ ပွင့်ပွင့်လင်းလင်း ပါဝင်ဆောင်ရွက်မှုများ ရှိလာကြောင်း ရန်ကုန်အခြေစိုက်
နိုင်ငံရေး လေ့လာသူများက ဆိုသည်။

Mingalar Myanmar အဖွဲ့သည်လည်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ


ရှိနေပြီး ဒေါက်တာ ဖုန်းဝင်းနှင့် ဒေါ်ယုဇာမော်ထွန်းတို့လည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ
ဝင်ကြမည်ဖြစ်သည်။

Myanmar Egress အဖွဲ့တွင် ဦးဆောင်နေသူများသည် စစ်အစိုးရ ခေါင်းဆောင်ပိုင်းများ၊ ၎င်းတို့၏


ကျောထောက်နောက်ခံ စီးပွားရေးသမားများနှင့် နီးစပ်မှုရှိသည်ဟု သိရသည်။

Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေသည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်


ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် လှမြင့်ရွှေနှင့် ညီအစ်ကို တော်စပ်သူဖြစ်သည်။

PDF created with pdfFactory trial version www.pdffactory.com


ဦးလှမောင်ရွှေသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ
တည်ဆောက်ခဲ့ခြင်းအတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်သက်မန်း တို့နှင့်အတူ
သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်တွင် ဂုဏ်ပြုခြင်း ခံရသူဖြစ်သည်။

ဝေမိုးနှင့် လဝီဝမ် ပူးပေါင်း ရေးသားသည်။

National League for Democracy


97/B West Shwegondaing Street
Bahan Township, Rangoon

Mr. Andreas List


European Commission
South East Asian Unit
(date?) September 2010

Subject: Rountable Discussion on "Burma/Myanmar before the parliamentary elections -


Perspectives from inside the country"

Dear Mr. Andreas List,


We learnt that you are going to give comment at the above Roundtable Discussion sponsored by
Friedrich Ebert Stiftung to be held on September 17th, 2010 in Berlin. It is a matter of grave
concern that this discussion/workshop might be a deliberate attempt to present a biased picture
of the serious situation in Burma.

For instance, what evidence is there to say in the invitation that "In light of these developments
growing parts of the population are reluctantly optimistic that the elections will bring about some
positive change in creating more space for political action" when just yesterday the Election
Commission deregistered 5 political parties that they themselves had permitted to form very
recently? It shows clearly that the present political parties can function only for this discreditable
election, only in time of election and no more "space" post election.

Besides, the impartiality of both of the speakers is questionable. Is there any other prisoner of
conscience who would cliam that Mr. Khin Zaw Win was a "prisoner of conscience"? What had
been his seditious writings and human rights work that bestowed him that title?

Is "Myanmar Egress" the organization founded by Mr. Nay Win Maung independent from the
junta's influence or is it a broker between the government's cronies and the NDF which it is
touting as a substitute for NLD?

PDF created with pdfFactory trial version www.pdffactory.com


It is highly disturbing that Mr. Andreas List, an European Commission official responsible for this
country is going to give comments on the selected international views and reactions as a recap
after the speeches of these two dubious "experts". This could create the impression that the
European Commission is trying to steam roller this election which most see as a means to
constitutionalize military dominance in Burma.

We strongly urge that the appropriate measures to be taken by European Commission to make
clear that it is not acting in concert with those who are disseminating pro-junta propaganda.

Yours sincerely
U Tin Oo
Vice Chairman

Copy to: -
Mr. Jurgen Stetten
Head of Department for Asia and the Pacific, FES
The Ambassador
Embassy of the Federal Republic of Germany, Rangoon
The Minister of Foreign Affairs, the Government of the FRG
Per kind favour of the Ambassador

နောက်ဆုံး ဖတ်ဖွယ်

လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်မပေးတော့


ဧရာဝတီ Friday, September 24, ဧရာဝတီ

လာဘ်ပေး လာဘ်ယူမှုများ ရှိသည့်အတွက် လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်ပေးခြင်းကို ယမန်နေ့က စတင်


ရပ်ဆိုင်း လိုက်ကြောင်း သတင်း ရရှိသည်။

လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်သော ပြည်တွင်း အခွန်များ ဦးစီးဌာန အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရ


ဝန်ထမ်းများကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် တနိုင်ငံလုံးတွင် လိုင်စင်မဲ့ကား
လိုင်စင်ထုတ်ပေးမှုများ ရပ်ဆိုင်းလိုက်ခြင်း ဖြစ် ကြောင်း သိရှိရသည်။

ပဲခူးမြို့နယ် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ လိုင်စင်မဲ့ကား တန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့မှ ၀န်ထမ်းများကို
ပြည်ထဲရေး ၀န်ကြီး ဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ပြည်နယ်နှင့်
တိုင်း အသီးသီးရှိ လိုင်စင်မဲ့ ကားများကို ငွေကြေးယူ၍ သယ်ယူပေးသည့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ
အာဏာပိုင်များကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် လိုင်စင်မဲ့ ကားများအား ဖမ်းဆီး သိမ်းဆည်းမှုများ

PDF created with pdfFactory trial version www.pdffactory.com


ပြုလုပ်ခြင်း တို့ကြောင့် ယင်းသို့ ရပ်ဆိုင်း လိုက်ခြင်း ဖြစ်သည်ဟု ပြည်နယ် ပြည်တွင်း အခွန်များ ဦးစီးဌာနမှူး
တဦးက ပြောသည်။

ထို့အပြင် ကရင်ပြည်နယ် မြ၀တီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နှင့်


စစ်တပ် အကြား တင်းမာမှု ဖြစ်ပေါ်လာခြင်းများကြောင့်လည်း လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးမှု
ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က DKBA ပိုင် လိုင်စင်မဲ့ကားများကို စစ်အစိုးရ စစ်တပ်က ဖမ်းဆီး


ထိန်းသိမ်းလိုက်သောကြောင့် ထိုကဲ့သို့ တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပဲခူးမှာလည်း စသုံးလုံးက ပြည်တွင်းအခွန်ဌာနကို ၀င်စစ်နေတယ်၊ လိုင်စင်မဲ့ကား သယ်တဲ့ ရဲတွေလည်း အစစ်ခံ


နေရတယ်၊ လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးချိန်ကတည်းက လာဘ်ပေး လာဘ်ယူမှု၊ ငွေကြေး မသာမှုတွေနဲ့
ပတ်သက်ပြီး နေပြည်တော်ကို တိုင်စာတွေ အများကြီးတက်တယ်၊ နောက်ဆုံး လုပ်ငန်းတွေ ရပ်လိုက်တာ”ဟု
အထက်ပါ ပြည်တွင်း အခွန်များ ဦးစီးဌာနမှူး က ဆိုသည်။

ယခု လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်းခြင်းသည် ခေတ္တ ရပ်ဆိုင်းခြင်းမဟုတ်ဘဲ


အပြီးရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး လိုင်စင်မဲ့ ကား များကို ဖမ်းဆီးအရေးယူ သိမ်းဆည်းမှုများပြုလုပ်တော့မည်ဟု
အကောက်ခွန် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး တဦးက ပြောသည်။

“လိုင်စင်မဲ့တွေ ဖမ်းမယ်၊ ကား သိမ်းတာတွေ လုပ်တော့မယ်”ဟု ၄င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် လိုင်စင်မဲ့ကားများ လိုင်စင်ထုတ်ပေးမှုကို စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်လအကြာ


ယနေ့တွင် ရပ်တန့် သွားခြင်းဖြစ်သည်။

ယင်းသို့ ရပ်တန့်လိုက်ခြင်းကြောင့် အခွန်ဆောင်မည့် လိုင်စင်မဲ့ကားများစွာ အခက်အခဲ ကြုံတွေ့နိုင်ကြောင်း


ရန်ကုန်မြို့မှ ကား ပွဲစား များက ပြောသည်။

“ကားဈေးတွေ ပြန်တက်နေတယ်၊ အခွန်ဆောင်မယ့် လိုင်စင်မဲ့ ကားပိုင်ရှင်တွေ တော်တော်


အခက်အခဲဖြစ်မယ်”ဟု ရန်ကုန် ဟံသာဝတီ ကားပွဲစားတန်းမှ ကားပွဲစား တဦးက ဆိုသည်။

=================================
ပြီးဘီ The End

PDF created with pdfFactory trial version www.pdffactory.com

You might also like