Download as pdf or txt
Download as pdf or txt
You are on page 1of 1

ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်

ထုတ်ပြန်ကြေငြာချက်

ရက်စွဲ ။ တော်သလင်းလဆုတ်(၃)ရက်၊ တနင်္ဂနွေနေ့


26 , Sep , 2010
အစိုးရအမည်ခံသောင်းကျန်းသူလူတစ်စုတို့ မြန်မာပြည်တင
ွ်း၌ ရဟန်းသံဃာတော်များနှင့်မယ်သီလရင်များ,ကျောင်းသားကျောင်းသူ
များနှင့်ပြည်သူပြည်သားများစွာကို၂၀၀၇ခုစက်တင်ဘာလရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းညှင်းပန်းနှိပ်စက်ပစ်သတ်ခဲ့တာယနေ့
ဆိုလျင်(၃) နှစ်တင်းတင်းပြည့်မြောက်လာခဲ့ပါသည်။

၂၀၀၇ခု August လနှင့် Septemberလအတွင်းက အကြမ်းမဖက်မေတ္တာစက်ဖြင့်တစ်ပြည်လုံးအနှံ့ တင


ွ် ရဟန်းသံဃာတော်များနှင့်
မယ်သီလရင်များရောမကျန်ကျောင်းသားကျောင်းသူများ, တိုင်းသူပြည်သားများ၏ ရိုးသားသောတရားနည်းလမ်းဖြင့်တောင်းဆိုခဲ့ကြ
သည်များကိုစစ်ဘီလူးများကတုန့် ပြန်ဖြိုခင
ွ်းခဲ့တာတွေဟာ- မိမ၏
ိ တိုင်းသူပြည်သားများအပေါ်မပြုမူအပ်သည့်ဆိုးသွမ်းယုတ်မာသော
အရိုင်းအစိုင်းတို့ ၏လုပရ ‘
် ပ်ပင်ဖြစ်ပေရာ ထိုစစ်ဘီလူးအာဏာရူးများတို့ ၏ လူစုလူဝေးကို ခေါ်တွင်ရန်မှာ သောင်းကျန်းသူလူတစ်စု ’
ဟု ခေါ်တွင်သတ်မှတ်ရုံကလွဲ၍အခြားသောအမည်နာမ မရှိပေ။

၁၉၆၂ခုပြည်သူပြည်သားများထံမှအကြမ်းဖက်အာဏာလုယူကာယနေ့ အချိန်ထ၎
ိ ၈နှစ်တိုင်တိုင်လူထုတစ်ရပ်လုံးကိုညှဉ်းပန်းနှိပ်စက်
သတ်ဖြတ်လာခဲ့ကြသည့်အပြင် သူတို့ ၏စစ်ယန္တရားအရှည်တည်တံ့စေရန်၊ လူထုတစ်ရပ်လုံး စစ်ယန္တရားလက်အောက်တင
ွ်ထာဝရပိ
ပြားစေရန်စသည့်မဝ
ူါဒများပါဝင်သည့် လမ်းစဉ်များချမှတ်ကာ ယခု၂၀၁၀နုဝ ‘ ’
ိ င်ဘာလတွင် ရွေးကောက်ပွဲ အမည်တပ်ကာကျင့်ပမည်
ဟုစစ်ဘီလူးတို့ ကြေငြာထားတာတွေဟာ Federal မဟုတ်သည့်အပြင်Democracy စနစ်ဆီသို့ ဦးတည်နေတာလည်း မဟုတ်ဘူးဆို
တာ အကြွင်းမဲ့ယုံကြည်ပါသည်။

ယခုလာမည့်န၀ ‘ ’ ‘ ’
ို င်ဘာလတွင် ရွေးကောက်ပွဲ အမည်ခံ ရွေးချယ်ပွဲ ကျင့်ပရာတွင်ပါဝင်မည့်စွမ်းအားရှင်များနှင့်ဖွဲ့ စည်းထားသော ကြံ့
ို ဖြို
ခိုင်ရေး (ပြည်ခင်ဖြို) ပါတီ၏ပါတီခေါင်းဆောင်များဟာဘယ်သူ,ဘယ်ကဆိုတာတွေကိုတစ်ပြည်လုံးအသိပင်ပါသည်၊ သို့ နှင့် ၀ံပုလွေ
သိုးရေခြုံသည့်အလား၊ လူယုတ်ဥပုသ်စောင့်မည့်နှယ် နည်းအသွယ်သွယ်ဖြင့် စစ်ဘီလူးတို့ အာဏာပြန်လုမည့်ပွဲ ပင်ဖြစ်သည်ဆိုတာ
သိသာထင်ရှားနေပါသည်။

ပြည်ခိုငဖြို
်ဖြို ပါတီတွင်များသောအားဖြင့်ပါတီဝင်တို့ သည်လည်းလူမိုက်လူရမ်းကားစွမ်းရှင်များသာအများစုဖြစ်နေကြကြောင်းကိုလည်း
သိရပါသည်၊ သို့ ပါ၍လူထုအားလုံးကိုအနုအညွန့် ပန်ကြားလိုသည်မှာ ကျွန်ုပ်တို့ အပေါ်တွင်ဆိုက်ရောက်လာမည့် ကပ်ဆိုးကြီးသည်
အိပ်မက်များမဟုတ်နှင့်အညီ အတိတ်ကစစ်ဘီလူးတို့ လက်အောက်တင
ွ် နာကျဉ်းစရာကာလများနှင့်အတိပြီးခဲ့ပေရာ အနာဂါတ်ဘဝ
သစ်များစွာအတွက်ကိုယ်စီတည်ဆောက်နိုင်ကြရန်ယနေ့ပစ္စုပ္ပန်တွင်ဖန်တီးရမည်ဖြစ်ပေရာပြည်ခိုငဖြို
်ဖြို (ကြံ့ခိုင်ရေး)ပါတီကို ပြတ်ပြတ်
သားသားကန့် ကွက်ပြီးအမှန်တကယ်ဒီမိုကရေစီစနစ်ဖြစ်ပေါ်မလာနိုင်သည်ဖြစ်၍ပြည်လုံးကျွတ်သပိတ်မှောက်ကြရန်အလေးအနက်
ထားပန်ကြားအပ်ပါသည်။

ပြည်ပနိုင်ငံအသီးသီးတွင်နေထိုင်လျက်ရှိနေကြသောမျိုးချစ်ပြည်ချစ် အပေါင်းနှင့် မဟာမိတ်များအတိုက်အခံအင်အားစုများတို အ


့ နေ
ဖြင့် နုဝ
ိ င်ဘာကပ်ဆိုးကြီးသည်ဒဏ္ဍာရီလာပုံပြင်များ၊အိပ်မက်များမဟုတ်ဘူးဆိုတာယုံကြည်လက်ခံထားကြသည့်အတိုင်းကပ်ဆိုးကြီး
ကုဝ
ိုင်းဝန်းတိုက်ဖျက်ကြဖို့ တိုက်ရိုက် Message များကိုပေးပို့ကြရန် အလေးအနက်တိုက်တွန်းပါသည်၊ စစ်မှန်သောဒီမိုကရေစီစနစ်
မြန်မာပြည်တင
ွ်း၌ မဖြစ်ပေါ်လာသေးသရွေ့ မည့်သည့်အစိုးရကိုမဆို ဦးလည်မသုန် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း(၃)နှစ်ပြည့်ရွှေဝါ
ရောင်တော်လှန်ရေးနှစ်ပတ်လည်အခမ်းအနားကျင့်ပရေးကော်မတီမှထုတ်ပြန်ကြေငြာလိုက်ပါသည်။

( ၃ )နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့ 
အခမ်းအနားကျင်းပရေးကော်မတီ
နို့ ဖိုး ၊ ထိုင်းနိုင်ငံ

You might also like