Download as pdf or txt
Download as pdf or txt
You are on page 1of 1

ဘုရင့်နောင် မင်းတရားကြီး ဆင်စီးခြင်း တိုက်ပွဲ ပြုရာတွင်

ဆင်တော်၏ ဦးကင်းဝယ် တပ်ရသော ရွှေပြား၌ ချထားလေ့ ရှိသည့်

မာရ၀ိဇယ ဂါထာတော် ရွှေစကြာအင်း

မာရ၀ိဇယ ပဒုမဂါထာ

ဇိနာတိ မာရာရိ ဇိနော ဒယာလယော ၊


ဇိနုတ္တ ဓမ္မောစ ဇိနေန ပူဇိတော ၊
ဇိနော ရသော နန္တ ဇိနပ္ပ သံသိတော ၊
ဇိနာ ဒယော တေရိ ဇိတေ နမာ မဟံ ။

အနက် ---
ဒယာလယော - မဟာ ကရုဏာတော်၏ တည်ရာ ဖြစ်တော်မူသော ၊ ဇိနော - မြတ်စွာဘုရားသည် ၊ မာရာရိ -
ဒေ၀ပုတ္တ စသော မာရ် ဆသတ္တာရ စသော ရန်တို့ကို ၊ ဇိနာတိ - အောင်တော်မူ၏ ။
ဇိနုတ္တ ဓမ္မောစ - ဘုရားမြတ်စွာ ဟောတော်မူသော တရားကိုလည်း ၊ ဇိနေန - မြတ်စွာဘုရားသည် ၊ ပူဇိတော -
ပူဇော်တော်မူအပ်၏ ။
ဇိနောရသော - ဘုရားမြတ်စွာ၏ သားတော်ဖြစ်သော အရိယာ ပုဂ္ဂိုလ် အပေါင်းကိုလည်း ၊ နန္တ ဇိနပ္ပ သံသိတော -
အတိုင်းမသိသော ကျေးဇူးတော်ရှိသော မြတ်စွာဘုရားသည် ချီးမွမ်းတော်မူအပ်၏ ။
တေရိဇိတေ - ရန်သူတို့ကို အောင်ကုန်ပြီးသော ၊ တေဇိနာ ဒယော - ထို ဘုရား စသည်တို့ကို ၊ အဟံ - ကျွန်ုပ်သည် ၊
နမာမိ - ရှိခိုးပါ၏ ။

ဂါထာ အညွှန်း

တိုက်တိုင်းအောင် ဂါထာ ၊ ရွှေစကြာစမ ဂါထာ ဟုလည်း ဆိုကြသည် ။ ဘုရင့်နောင် ကျော်ထင်နော်ရထာသည်


သမိန်ထောရာမနှင့် တိုက်ဆဲ ခိုက်ဆဲ အမြဲမပြတ် ရွတ်ဖတ် သရဇ္ဈာယ်သည့် အတွက် စစ်မက် အောင်ဖူးသည် ဟူ၍
ရှေးဟောင်း စာများတွင် တွေ့ရသည် ။

Aug 1998
ရောင်ပြန် မဂ္ဂဇင်း

You might also like