Download as pdf or txt
Download as pdf or txt
You are on page 1of 2

ဇိုမီးအမျိုးသားကွန်ဂရက်၏ ဗမာပြည် ၂၀၁၀ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခြင်းကို ထောက်ခံသည့်

ပူးတွဲကြေညာချက်

ရက်စွဲ။ ၂၅ ရက် အောက်တိုဘာလ ၂၀၁၀ ခုနှစ်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး၏ အသီးအပွင့်ဖြစ်သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇိုမီးအမျိုးသား ထုသည်


ဇိုမီးအမျိုးသားကွန်ဂရက်၏ မူဝါဒနှင့် သဘောထားများကိုယုံကြည်လက်ခံ၍ တလုံးတဝတည်းဖြင့်
တခဲနက်ထောက်ခံမဲပေးကြပါသည်။ ဇိုမီးအမျိုးသားကွန်ဂရက်သည်လည်း ယနေ့အချိန်ထိလူထုရှေ့မှ မားမား
မှတ်မှတ်ရပ်တည်၍ ဗမာပြည်တွင်စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက်ရေးအတွက် တစိုက်မတ်မတ်ကြံ့ကြံ့ခိုင်ရပ်တည်၍ ကြိုးပမ်းဆောင်ရက
ွ်သည်မှာ ကမ္ဘာသိဖြစ် ပါသည်။
ဇိုမီးအမျိုးသားသမိုင်းတလျှောက်လုံးတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးနှင့်
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲသဏ္ဌန်မျိုးစုံဖြင့် တိုက်ပွဲဝင်လာ ခဲ့ရာတွင် မျက်မှောက်ကာလ
ဇိုမီးအမျိုးသားကွန်ဂရက်သည်တပ်ဦးမှ ဦးဆောင်နေသည်ဟု ကျွန်တော်တို့ ဇိုမီး တမျိုးသားလုံးမှ ခံယူပါသည်။

ကျွန်တော်တို့ ဇိုမီးအမျိုးသားများအေးချမ်းစွာ နေထိုင်လာသည့်နယ်မြေပေါ်တွင်ဖြစ်ပွားနေသည့် အငတ်ဘေးပြဿနာနှင့်


စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ်နေသော မိမိတို့ဒေသတွင် တရားမဝင်နေထိုင်လာသည့် နိုင်ငံခြားသားလက်နက် ကိုင်များ၏
ခြိမ်းခြောက်မှုများနှင့် ၄င်းတို့၏ တရားမဝင်ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အကြီးအကျယ်မြင့်တက်လာခြင်း၊ စစ်အစိုးရမှ
ဤကိစ္စများ အပေါ် သတင်းအမှောင်ချထားခြင်းကို ကျွန်တော်တို့ အပြင်းအထန်ကန့်ကက
ွ်ရှုတ်ချ လိုက်ပါသည်။

၂၀၀၇ ရွှေဝါရောင်လူထုလှုပ်ရှားမှုကြီးအတွင်း မိမိတို့ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသော ဇိုမီး


လူငယ်ခေါင်းဆောင်များဖြစ်သော ပူကမ်လမ်ခုပ်၊ ပူအန်တော်နီကပ်ခန့်ခွာ လ်နှင့်နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှုဖြင့်
မတရားစွပ်စွဲဖမ်းဆီးခံရသော ဂင့်ပျင့်ရှိန်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၂၀၀ ကျော်သည်
မတရားဖမ်းဆီးထောင်ချခံခြင်းကို အပြင်းအထန်ရှုတ်ချသည်။

နအဖ စစ်အာဏာရှင်တို့သည် နယ်စပ်ဒေသများတွင် တိုင်းရင်းသားလူမျိုးများအပေါ်ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊


မုဒိန်းကျင့်ခြင်းတို့ကို လက်နက်အားကိုးဖြင့် မတရားကျူးလွန်နေခြင်းအပြင် မြို့ကြီးပြကြီးများပေါ်တွင်လည်း
အပြစ်မဲ့ပြည်သူမျာအပေါ် မတရားသတ်ဖြတ်ခြင်းနှင့် တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးထောင်ချခြင်းများ ကို
ကျူးလွန်နေသည်ကို ကမ္ဘာအသိဖြစ်သည်။ ထို့အပြင် ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံကို ပြန်လည်ပြင် ဆင်ခြင်းမပြုပဲ ၂၀၁၀
ရွေးကောက်ပွဲကို အတင်းအကျပ်ကျင်းပခြင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်နေပါသည်ဟု
ကမ္ဘာကိုလိမ်ညာနေခြင်းကို ကျွန်တော်တို့မှ အပြင်းအထန်ဝေဖန်ရှုတ်ချလိုက်ပါသည်။

ဗမာပြည်၏ နိုင်ငံရေးအကျပ်အတည်းကိုဖြေးရှင်ရာတွင် ရွေးကောက်ပွဲ ကျင်းပခြင်းထက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ


ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်များ အပြန်အလှန် ယုံကြည် သဘောတူညီမှုဖြင့်
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် အတွက်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို
အခြေခံပြီး တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးခြင်း၊ ၁၉၉၀ ပြည့်နှစ်
ရွေးကောက်ပွဲရလဒ်အပေါ်တွင် ရပ်တည်၍ ဗမာပြည်၏အထွေထွေ ပြဿနာများကို နိုင်ငံရေးနည်းအရဖြင့်သာလျင်
ဖြေရှင်းခြင်းကိုတစ်ခုတည်းသော ထွက်ပေါက်အဖြစ်ယုံကြည်ပါသည်။
ကုလသမဂ္ဂအပါအဝင် ဥရောပသမဂ္ဂ၊ အမရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံ နိုင်ငံများအနေဖြင် နအဖ
စစ်အာဏာရှင်တို့မှ တစ်ဖက်သတ်ကျင်းပခဲ့သော၂၀၁၀ရွေးကောက်ပွတ
ွဲင်အများစု ပါဝင်နိုင်မှု၊ လွတ်လပ်မှုနှင့်
တရားမျှတမှုတို့ကို တောင်းဆိုနေမည့်အစား ဗမာပြည်တွင်စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျောက်ဆုံးနိုင်ရေး
အတွက်ဖြစ်နိုင်သမျှ ဖိအားပေါင်းစုံဖြင့် ဖိအားပေးအရေးယူခြင်းဖြင့်သာလျှင်စစ်မှန်သော ဒီမိုကရေစီ အသွင်းကူး ပြောင်းရေးကို
ဖြစ်ထွန်းစေနိုင်သည်ဟု သတိပြုသင့်ပါသည်။

ထို့ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့သော အမျိုးသားစည်းလုံးမှု ပြိုကွဲမှု၊ ဒီမိုကရေစီနှင့်


လူ့အခွင့်အရေးစိတ်သုန်းမှု၊ ဆင်းရဲမွဲတေမှု၊ ဒုက္ခသည်ပြဿနာစသည့် ထွေထွေအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက်
ကျွန်တော်တို့ ဇိုမီးအမျိုးသားထုသည် နိုင်ငံတကာရှိ ဗမာ့အရေးဆောင်ရတ
ွ်နေသည့်အစိုးရများ၊ အဖွ့အ
ဲ စည်းများနှင့်
လူပုဂ္ဂိုလ်များအပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုဖြင့် လက်တွဲ၍ စစ်အာဏာရှင်စနစ်ကို
အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွက
ဲို ဆန့်ကျင်တိုက် ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

ဇိုမီးအမျိုးသားကွန်ဂရက် အဓွန့်ရှည်ပါစေ…
ဗမာပြည်တွင်ဘုရားသခင်၏ ကောင်းချီမင်္ဂလာသွန်းလောင်းပါစေ……

-Zomi National Congress (Liberated Area)


-Zomi Independence Army
-World Zomi Congress
-Zomi Association United State of America
-Zomi Association Australia
-Zomi National Congress Members and Supporters Japan
-Zomi Student and Youth Organization

ဆက်သွယ်ရန်။ ။ ပူဇိုခုပ် ၊ ဖုန်း +၁၃၃၀-၇၄၅၄-၅၃၈

။ ။ ပူခမ်မင်းထန် ဖုန်း + ၉၉၅၈၀-၃၉၅၆၇

။ ။ ပူထန်ခန့်ထွန်း ဖုန်း + ၄၇၉၃၂-၄၂၈၀

။ ။ ပူမိုးဇက် ဖုန်း +၆၆ ၈၉ ၂၇၀၅ ၆၄၃

You might also like