Download as pdf or txt
Download as pdf or txt
You are on page 1of 3

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

လွန်ခဲ့တဲ့အနှစ် (၂၀) ကာလလောက်တုံးက အခုလိုအေးစက်တဲ့ဆောင်းနှင်း တွေထမ


ှဲာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာရှိတဲ့ အနောက်ဂျာမဏီ
သံရုံးဆီကိုကွန်မြူနစ်နိုင်ငံကထွက်ပြေးခိုလှုံလာတဲ့ဒုက္ခသည်တွေ၊တဖွဲဖွဲရောက်လာခဲ့ဘူးပါတယ်။
“ မင်းတို့ငါတို့ကိုနှိပ်စက်ညှင်းပမ်း၊ တားဆီးချုပ်နှောင်လို့မရတော့ဘူးကွ” လို့အော်ဟစ်သွားတဲ့ရထားပေါ်ကအသံတွေ
ဆောင်းရှည်တွေထဲထိုးခွဲအော်ဟစ်လာခဲ့သလို၊ပိုလန်နိုင်ငံဆီကလွတ်လပ်တဲ့အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးတောင်းဆိုသံတွေ ကလည်း
ချက်ကိုစလိုဗက်ကီးယားပြည်သူတွေကိုမေးခွန်းတွေရိုက်ခပ်လာခဲ့ပါတယ်။
ဒီမေးခွန်းတွေဟာ “ပရက်ခ်မြို့” ရဲ့ ကဇာတ်ရုံတွေကိုတိတ်တဆိတ်ရှင်သန်နိုးထစေခဲ့ဘူးပါတယ်။
လွတ်မြောက်ရေးတေးသံတွေကိုရတ
ွ်ဆိုချင်တ့တ
ဲ က္ကသိုလ်ကျောင်းသားတွေ၊ စာပေ၊ အနုပညာရှင်တွေ၊ ရိုမန်ကက်သလစ်ဘာသာဝင်တွေ၊
ချက်ကိုစလိုဗက်ကီးယားရဲ့မြို့တော်တွေကိုလွှမ်းခြုံလိုက်ကြဘူးပါတယ်။ ကတ္တီပါတော်လှန်ရေး အပါအဝင်အရှေ့ဥရောပနိုင်ငံတွေက
ကွန်မြူနစ်အာဏာရှင်တွေကိုဆန့်ကျင်ဖြိုချခဲ့တ့လ
ှဲုပ်ရှားမှုများ၊ ( သို့မဟုတ်) အရောင်တော်လှန်ရေးလှိုင်းများ၊ အနှစ် (၂၀) ပြည့်ခဲ့ပါပြီ။
( တချို့လှုပ်ရှားမှုတွေကတော့ (၁၅) နှစ်လောက်ပဲရှိပါလိမ့်အုံးမယ်။ ဥပမာ-ယူကရိန်းနိုင်ငံ က လိမ္မော်ရောင်တော်လှန်ရေး )

အရောင်တော်လှန်ရေးတွေရဲ့ အနှစ် (၂၀) ပြည့်ခရီးမှာ၊ ဆွေးနွေးချင်တဲ့အချက် (၂) ချက်ရှိပါတယ်။

ပထမအချက်က-“ အရောင်တော်လှန်ရေးတွေဟာ စီအိုင်အေ နဲ့ အနောက်အုပ်စုရဲ့သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်ခဲ့ရတယ်” ဆိုတဲ့အာဏာရှင်တွေသုံးနေကျ


စကားလုံးတွေကိုလက်ခံစရာအကြောင်းမရှိပါ။ ဖိနှပ်မှုကိုအန်တုတဲ့ လူထုလှုပ်ရှားမှုတွေ ကို ကျနော်တို့ကတော့အလေးပြုလျှက်ပါ။
စစ်အေးတိုက်ပွဲမှာ ကွန်မြူနစ်စံနစ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့အနောက်အုပ်စုကိုဘာကြောင့်ရှုံးနှိမ့်ခဲ့ရပါသလဲ။ အဖြေကရှင်းပါတယ်။
အရှေ့ဥရောပအပါအဝင်-အာဏာရ ကွန်မြူနစ်အစိုးရတွေဟာအာဏာကိုဆုပ်ကိုင်ပြီးတဲ့အခါ လူတန်းစားတရပ်ဖြစ်လာတယ်။
အရာအားလံုး ကိုအထက်စီးကဆက်ဆံလာခဲ့တယ်။ ပြည်သူကိုမလေးစားမှု၊ ဖိနှိပ်မှု၊ ရုရှားလူမျိုးကြီးဝါဒကိုကျင့်သုံးမှုတွေကြောင့် လူထုအုံကြွမှုတွေကို
ရင်ဆိုင်ရပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့အကြောင်းဖန်ခဲ့ရတယ်။

ဒုတိယအချက်ကတော့ -အရောင်တော်လှန်ရေးတွေရဲ့အနှစ် (၂၀) သက်တမ်းမှာဘာတွေအောင်မြင်ခဲ့ပါသလဲ။


ပြည်သူလူထုရဲ့ထောက်ခံမှုဘယ်လောက်ထိရနေပါသေးသလဲ ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။
အောက်ပါအချက်တွေကို စဉ်းစားကြည့်စေချင်ပါတယ်။

(၁) ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ကတ္တီပါတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင်တွေအာဏာရလာတဲ့အခါ၊


တိုင်းပြည် ကို ပြန်လည်ဦးမော့နလန်ထလာအောင်လုပ်နိုင်စွမ်းရှိခဲ့ပါသလား။ ဘယ်နေရာမှာဘယ်သူတွေရှိနေခဲ့ပါသလဲ။
(၂) ဆားဗီးယားနိုင်ငံမှာ စလိုဗိုဒန်မီလိုဆိုဗစ် ကိုဖြုတ်ချနိုင်ခ့ေ
ဲ ပမဲ့၊ သူ့ရဲ့နောက်လိုက်တွေဖြစ်တဲ့ ဆိုရှယ်လစ်ပါတီက လူတွေဟာ လစ်ဘရယ်ဒီမိုကရေစီ
တံဆိပ်ကိုပြောင်းလိုက်ကြတယ်။ ပါလီမန်မှာပြန်ပြီးဝင်စီးလိုက်ကြတယ်။ ဆားဗီးယား ရဲ့ ဘူဒိုဇာတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ သူတွေ
ဘယ်ကိုရောက်သွားပါသလဲ။ အာဏာ ကို ပိုင်ဆိုင်လာတဲ့ အတိုက်အခံခေါင်းဆောင်ဘယ်နှစ်ရောက်လုပ်ကြံခံခဲ့ရပါသလဲ။
(၃) ယူကရိန်းနိုင်ငံရဲ့ လိမ္မော်ရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ “ယူချင်ကို” ဟာ သမ္မတဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့အစိုးရအဖွ့က
ဲ လည်း ယ္ခင် “ကူချမာ”အစိုးရလိုပဲ နာမည်ပျက်ခဲ့ပါတယ်။
ပြည်သူလူထုရဲ့စားဝတ်နေမှုအဆင့်အတန်းကိုမမြှင့်တင်နိုင်ခဲ့သလို၊ အဂတိလိုက်စားမှု၊ နိုင်ငံခြားရေးရာမူဝါဒတွေဖရိုဖရဲဖြစ်မှုတွေကြောင့်
လူထုရဲ့ဝေဖန်နေမှုတွေကိုအပြင်းအထန်ခံနေရပါတယ်။ ပိုကြောက်စရာကောင်းတဲ့အချက်ကတော့ လိမ္မော်ရောင်တော်လှန်ရေးကာလတုံးက
ရှုံးနှိမ့်ခဲ့တဲ့၊ ရုရှားနဲ့နီးစပ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ယူကရိန်းရဲ့နိုင်ငံရေးစင်မြင့်ကိုပြန်လည်နေရာယူလာခဲ့ပါတယ်။
“ယူချင်ကို” နဲ့လက်တလ
ွဲုပ်ခ့တ
ဲ့ဲ ခေါင်းဆောင်တချို့ ( ဥပမာ-ဝန်ကြီးချုပ် အပါအဝင်) ကလည်း ဂျော်ဂျီယာ နဲ့ ရုရှားဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ
ဘယ်ဘက်မှမပါပဲကြားနေရမယ် ဆိုတဲ့ အယူအဆတွေက လက်ရှိယူကရိန်းအစိုးရကိုအခက်ကြုံစေခဲ့ပါတယ်။
(၄) ဂျော်ဂျီယာ ရဲ့ နှင်းဆီရောင်တော်လှန်ရေးကိုခေါင်းဆောင်လာခဲ့သူတွေအခုတော့ နိုင်ငံရေးဇာတ်ခုံပေါ်ကဆင်းပေးဖို့ပြည်သူတွေက
ဆန့်ကျင်ဆန္ဒပြနေခဲ့ပါတယ်။ ရုရှားရဲ့အငြိုးအတေးတွေကိုသိနေတဲ့ ဂျော်ဂျီယာသားတွေဟာ ဖြစ်နိုင်ရင် ရုရှားနဲ့စစ်မက်ဖြစ်ပွားရမဲ့ကိစ္စတွေကို
ရှောင်ချင်နေခဲ့ပါတယ်။ ဂျော်ဂျီယာသမ္မတ ရဲ့ တောင်အော့တက်ဆီးယားဒေသဆီမှာ ပါဝင်ခဲ့တဲ့ ပြဿနာတွေ ကို လူထုကမထောက်ခံခဲ့ကြပါဘူး။
ဂျော်ဂျီယာသားတွေ ကံကောင်းသွားတဲ့အချက်ကတော့ တရုတ်ပြည် နဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကလည်း အမေရိကန်ပြည်ထောင်စု၊
နေတိုးစစ်အုပ်စုနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့စစ်ပွဲတွေကိုပါဝင်ပါတ်သက်ချင်စိတ်မရှိပါဘူး။

ကမ္ဘာကြီးကပြောင်းလဲနေခဲ့ပါတယ်။ အာဏာရှင်တွေကိုဖြုတ်ချနိုင်ခဲ့တဲ့အရောင်တွေအားလုံးဟာအားကောင်းခဲ့တယ်။ စိတ်ဓါတ်တက်ကြွစေခဲ့တယ်။


ဒါပေမဲ့ အရောင်တွေနောက်မှာမျောပါ၊ သိမ်မွေ့မှုတွေသိတ်များပြီး၊ ပါဝါဖလှယ်ရေးမှာစိတ်ကူးယဉ်မှုသိတ်များလာတဲ့အခါ၊
ပြိုင်ဘက်အုပ်စုရဲ့အငြိုးအတေးကြီးမှုကိုစံနစ်တကျပြန်လည်မကာကွယ်နိုင်တဲ့အခါ ရှုံးနှိမ့်မှုတွေကိုပြန်လည်ရင်ဆိုင်လိုက်ရပါတယ်။
အရောင်တော်လှန်ရေးတွေရဲ့ကံကြမ္မာအလှည့်အပြောင်းကိုလေ့လာကြည့်စေချင်ပါတယ်။
အဲ့ဒီအချက်တွေက ကျနော်တို့သတိထားရမဲ့အရာတွေ၊ ပြင်ဆင်ထားသင့်တဲ့အချက်တွေကိုပြောနိုင်ပါလိမ့်မယ်။

လွန်ခဲ့တဲ့အပတ်က ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေးအကြောင်းကို လွတ်လပ်တဲ့အာရှအသံမှာအကြမ်းဖျင်းဆွေးနွေးခဲ့တယ်။


ပြီးရင်- ကတ္တီပါတော်လှန်ရေးရဲ့ အနှစ် (၂၀) ခရီးဘယ်အထိရောက်နေပြီလဆ
ဲိုတဲ့အချက်ကိုမိတ်ဆွေတွေထပ်ဖြည့်ဆွေးနွေးစေချင်ပါတယ်။

ကတ္တီပါတော်လှန်ရေး

၁၉၆၈ ကာလတုံးက ချက်ကိုစလိုဗက်ကီးယားနိုင်ငံ“ပရက်ခ်မြို့”မှာသွေးချောင်းစီးခဲ့တဲ့အဖြစ်ဆိုးတခုကို မှတ်မိကြပါလိမ့်မယ်။


ဒီမိုကရေစီနဲ့လွတ်လပ်မှုတွေကိုပိုမိုအစားထိုးပြီးပြုပြင်ပြောင်းလဲရေးလုပ်ချင်ခဲ့တဲ့ ချက်ကုစ
ိ လိုဗက်ကီးယားအစိုးရရဲ့ဆန္ဒကိုဆိုဗီယက်ကွန်မြူနစ်
ခေါင်းဆောင်တွေကငြင်းဆန်ခ့ပ
ဲါတယ်။ ပရက်ခ်မြို့ရဲ့လမ်းမတွေပေါ်ကိုဆိုဗီယက်တပ်နီတော်ရဲ့တင့်ကားတွေဝင်ရောက်ကျူးကျော်လိုက်ကြပြီး၊
သွေးစီးချောင်းစေတဲ့နှိပ်ကပ
ွ်သတ်ဖြတ်မှုတွေကိုကျူးလွန်ခြဲ့ ကပါတယ်။

၁၉၄၈ခုနှစ်ကတည်းက ချက်ကုစ
ိ လိုဗက်ကီးယားရဲ့အာဏာကိုသိမ်းယူထားတဲ့ ကွန်မြူနစ်အုပ်စုတွေဟာ-ပရက်ခ်နွေဦးကို ပြင်းပြင်းထန်ထန်ဖြိုခွဲခဲ့ပေမဲ့
လွတ်လပ်ချင်တဲ့ဆန္ဒတွေကတော့ချက်ကိုစလိုဗက်ကီးယား နိုင်ငံရဲ့မြို့တွေမှာ တိတ်တဆိတ် အချက်ပေးပေါင်းစည်းအုံကြွဖို့ကြိုးစားနေခဲ့ကြပါတယ်။
ဲ့ဲ Charter 77 ပဲဖြစ်ပါတယ်။ ဗာါဆလပ်ဟာဗဲလ်၊ ဂျန်ပက်တော့ကာ လို စာပေအနုပညာရှင်တွေ
အဲ့ဒီထဲက အထင်ရှားဆုံးအုပ်စုကတော့ ၁၉၇၇ မှာချုပ်ဆိုခ့တ
က ဦးဆောင်ပြီး အဖမ်းခံရတဲ့မိသားစုဝင်တွေ က အစိုးရရဲ့လုပ်ရပ်တွေကိုဝေဖန်ထောက်ပြကြတယ်။
သူတို့ယုံကြည်တဲ့ လူ့အဖွ့အ
ဲ စည်းအကြောင်းတွေကို သရုပ်ဖေါ်ရေးသားကြတယ်။
၁၉၆၀ ခုနှစ်မှာရေးဆွဲခဲ့တဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့အခြေခံဥပဒေတွေ၊ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးသဘောတူညီချက်တွေကို
လိုက်နာဖို့တောင်းဆိုခဲ့ကြပါတယ်။ တကယ်တော့ ချာတာ (၇၇) ဟာ အတိုက်အခံအစိုးရအဖွဲ့မဟုတ်သလို၊ ဖွဲ့စည်းပုံတွေ၊ ရာထူးအဆင့်အတန်းတွေယူပြီး
လှုပ်ရှားနေတဲ့အုပ်စုလည်းမဟုတ်ပါ။ ဒါပေမဲ့ သူတို့ဟာ နိုင်ငံတကာမျက်နှာစာကိုထိုးဖောက်လာနိုင်ခဲ့တယ်။
သူတို့ရဲ့အသံတွေကို ကမ္ဘာအနှံ့ကြားအောင် ဖောက်ခန
ွဲိုင်ခ့ပ
ဲါတယ်။
ချက်ကိုစလိုဗက်ကီးယားရဲ့ကွန်မြူနစ်အစိုးရကလည်း “ ချာတာ (၇၇) ဟာ ဆိုရှယ်လစ်စံနစ် ကို အန္တရာယ်ကျ အောင်လုပ်နေတဲ့သူတွေ၊
နယ်ချဲ့တွေရဲ့လက်ကိုင်တုတ်တွေ” လို့စပ
ွ်စြွဲ ပီး အဖွ့ဝ
ဲ င်တွေကိုဖမ်းဆီးခ့တ
ဲ ယ်။ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြပါတယ်။ စာပေအနုပညာနဲ့ပတ်သက်တဲ့
လွတ်လပ်မှုတွေ၊ဖန်တီးမှုတွေကို ဆင်ဆာဖြတ်၊ တားဆီးပိတ်ပင်ခဲ့ကြပါတယ်။ သူတို့ရဲ့တွေးခေါ်မှုတွေဟာ ပါရာဂွေးနွေဦးကိုခေါင်းဆောင်ခဲ့တဲ့
အလက်စန္ဓြားဒုချက်ခ်ရဲ့နောက်လိုက်တွေလို့တံဆိပ်ကပ်ခြဲ့ ကပါတယ်။
ဘာသာရေးခေါင်းဆောင်တွေကိုလည်း ပြည်သူလူထုကို အဆိပ်မှိုင်းသွင်းနေသူလို့စွပ်စြွဲ ပီး၊ ဘာသာရေးကိုးကွယ်ယုံကြည်မှုတွေကို
ထိန်းချုပ်တားဆီးခဲ့ပါတယ်။ဒါပေမဲ့ ချက်ကိုစလိုဗက်ကီးယား၊ ပြည်သူတွေက အာဏာရှင်စံနစ်အောက်မှာတိတ်တဆိတ်ဆက်လက်လှုပ်ရှားနေခဲ့ကြပါတယ်။
၁၉၈၀ ကာလတွေမှာတော့ ဆိုဗီယက်ကန
ွ်မြူနစ်တွေမှာလည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအကြပ်အတည်းတွေဆိုက်ရောက်နေခဲ့ပါတယ်။
ဆိုဗီယက်ခေါင်းဆောင်သစ် မစ်ဟိုင်းဂေါ်ဗာချက် က ပွင့်လင်းတဲ့လူ့အဖွဲ့အစည်း တည်ဆောက်ဖို့၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့
အကြံပြုနေချိန်ဖြစ်ပါတယ်။ ချက်ကိုစလိုဗက်ကီးယားကွန်မြူနစ်တွေက ဂေါ်ဗာချက်ရဲ့အကြံပြုချက်တွေကိုလက်ခံခဲ့ပေမဲ့၊ လက်တွေ့မှာတော့
ထင်ရှားသိသာတဲ့ပြုပြင်ပြောင်းလဲရေးတွေကိုမပြုလုပ်ခ့ပ
ဲါဘူး။ စီးပွားရေး၊ လူမှုရေးတွေ ကျဆင်းလာတဲ့ ချက်ကိုစလိုဗက်ကီးယားပြည်သူတွေဟာ
၁၉၈၈ မတ်လမှာလှုပ်ရှားမှုတခုကိုစတင်လိုက်ပါတယ်။ “ဘရက်တစ်စလားဗား” မြို့မှာ ရိုမန်ကက်သလစ်ဘာသာဝင်တွေဦးဆောင်တဲ့
သောင်းချီတဲ့လူအုပ်ဟာ ဆီမီးထွန်းပူဇော်ကတော့ကြပြီး ချက်ကိုစလိုဗက်ကီးယားကွန်မြူနစ်အစိုးရကိုဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်။
အစိုးရကလည်းဆန္ဒပြနေတ့လ
ဲူအုပ်ကိုရိုက်နှက်ဖြိုခွဲခ့တ
ဲ ယ်။ ရာပေါင်းများစွာဖမ်းဆီးခံခဲ့ရပါတယ်။

ဒါပေမဲ့ အခြေအနေတွေက အရှေ့ဥရောပတခုလုံးမှာ ပြောင်းလဲနေခဲ့ပါပြီ။ ပိုလန်၊ ဟန်ဂေရီလွတ်မြောက်ရေးတိုက်ပွဲတွေ၊ အရှေ့ဘာလင်သားတွေ


ရဲ့ကြိုးပမ်းမှုကြောင့် နိုဝင်ဘာ (၉) ရက်နေ့မှာ ဘာလင်တံတိုင်းပြိုကျသွားတဲ့အဖြစ်အပျက်တွေက ချက်ကိုစလိုဗက်ကီးယားရဲ့လှုပ်ရှားမှုတွေကို
အားတက်စေခဲ့ပါတယ်။

နိုင်ငံတကာကျောင်းသားနေ့ဖြစ်တဲ့ နိုဝင်ဘာ (၁၆) ရက်နေ့မှာတော့ ပရက်ခ်မြို့က တက္ကသိုလ်ကျောင်းသားတွေ၊ပြဇာတ်ရုံတခုဆီကိုသွားပြီး


လူထုကိုရင်ဖွင့်တဲ့လှုပ်ရှားမှုကိုစတင်လိုက်ပါတယ်။ ကွန်မြူနစ်အစိုးရကလည်း၊ သူ့ရဲ့ဆိုရှယ်လစ်လူငယ်တွေကိုစုဝေးခိုင်းပြီး၊ ကျောင်းသားတွေရဲ့
လှုပ်ရှားမှုကို လူထုက အာရုံမစိုက်နိုင်အောင်ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေရဲ့စင်မြင့်ပေါ်ကစကားလုံးတွေကို စာပေနုပညာရှင်တွေက
ထောက်ခံဝိုင်းရံလိုက်ကြပါတယ်။ ထင်ရှားတဲ့ပြဇာတ်ရေးသမားတွေဖြစ်တဲ့ “ဗာ့ဆလပ်ဟာဗဲလ်” လိုပုဂ္ဂိုလ်တွေ လာရောက်ဟောပြောကြပါတယ်။
နိုဝင်ဘာ (၂၇) ရက်နေ့မှာ တတိုင်းပြည်လုံးဆန္ဒပြဖို့လှုံ့ဆော်လိုက်ကြပါတယ်။ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် ကျောင်းသားတယောက်
သေဆုံးသွားတယ်ဆိုတဲ့သတင်းက ပြန့်နှံ့လာခဲ့ပါတော့တယ်။ မြို့ကြီးတွေမှာ ရှိတဲ့ ပြဇာတ်ရုံတွေအားလုံးဟာ ပရက်ခ်တက္ကသိုလ်ကျောင်းသားတွေလို
စင်မြင့်တွေမှာ နေရာယူလိုက်ကြပြီးကွန်မြူနစ်အစိုးရကိုဆန့်ကျင်အာခံလိုက်ကြပါတော့တယ်။ နိုင်ငံတနိုင်ငံလုံးမှာတိတ်တဆိတ်လှုပ်ရှားနေတဲ့
လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သိပ္ပံပညာရှင်တွေ၊လွတ်လပ်စွာဘာသာရေးယုံကြည်မှုကိုတောင်းဆိုတိုက်ပွဲဝင်နေသူတွေအားလုံး ပြဇာတ်ရုံတွေဆီကို
ထွက်လာကြတယ်။ကျောင်းသားလှုပ်ရှားမှုန့ပ
ဲူးပေါင်းခဲ့ကြပါတယ်။ “အကြမ်းဖက်မှုကိုဆန့်ကျင်သောပြည်သူများ” အဖွဲ့ကို ဖွဲ့စည်းလိုက်ကြပြီး၊
မြို့လည်ခေါင်မှာရှိတဲ့ ပြည်သူ့ရင်ပြင်တွေကိုလထ
ူုရေစီးနဲ့ဖုံးလွှမ်းခဲ့ကြပါတယ်။
တချိန်မှာ ကတ္တီပါတော်လှန်ရေးလို့ထင်ရှားလာမဲ့ လှုပ်ရှားမှုကိုအရှိန်မြှင့်လိုက်ကြပါတယ်။
ချက်ကိုစလိုဗက်ကီးယားအစိုးရဟာ လူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွဲချင်ပေမဲ့ ဆိုဗီယက်ကွန်မြူနစ်တွေက လက်မခံခဲ့ပါဘူး။
ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့်အာဏာပိုင်တွေဟာ နောက်ဆုံးမှာတော့၊အထွေထွေသပိတ်ကိုဦးဆောင်နေတဲ့၊
ခေါင်းဆောင်တွေကို ညှိနှိုင်းဆွေးနွေးခဲ့ရပါတော့တယ်။

သောတရှင်များခင်ဗျား-
ကတ္တီပါတော်လှန်ရေးကို အမေရိကန်စီအိုအေကနောက်ကယ
ွ်ကမြှောက်ပေးတယ်လို့တချို့ကစွပ်စွဲခဲ့သလို၊ တချို့ကလည်းဆိုဗီယက်ကွန်မြူနစ်ခေါင်းဆောင်
ခေါ်ဗာချော့နဲ့ကေဂျီဘီတွေကကြံစည်ခြဲ့ ကခြင်းဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ သေချာတဲ့အရာတခုကတော့-
ချက်ကိုစလိုဗက်ကီးယားကျောင်းသားတွေရဲ့ ပြဇာတ်ရုံတွေ ကို လူထုလှုပ်ရှားမှုအသွင်ပြောင်းပစ်နိုင်ခဲ့တဲ့အချက်၊
ပြည်သူလူထုပူးပေါင်းပါဝင်မှုဆိုတ့အ
ဲ ချက် တွေကြောင့် ၁၉၉၁ မှာ ကွန်မြူနစ်အစိုးရပြိုကျခဲ့ရခြင်းဖြစ်ပါတယ်။
လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကိုကျင်းပပေးခဲ့ရပါတယ်။
မိတ်ဆွေတို့လည်း အန္တရာယ်ကင်းကြပါစေခင်ဗျား

You might also like