Download as pdf or txt
Download as pdf or txt
You are on page 1of 2

ကျေးဇူးတော်နေ့မှာ

(၁)
နှင်းမကျနိုင်ခ့တ
ဲ့ဲ ကျေးဇူးတော်နေ့ တဲ့လေ
အဖြူရောင်ညလေးတညလောက် ပေါ်လာအုံးမလား လို့
ခပ်ဆတ်ဆတ် ---မီးခြစ်ကြည့်မိတယ်
အရိပ်တွေကလေးလံနေတဲ့
ဗင့်ဆင့်ဘင်ဂိုး ရဲ့ အာလူးစားသူများပန်းချီကားချပ်ပေါ်
ကျနော့နိုင်ငံက ပြည်သူတွေ ပိုမိုဆာလောင် လာနေကြတယ်။

(၂)
အုတ်ဂူဟောင်းတွေဆီက
အလည်ပြန်လာတဲ့ လေချွန်သံတွေ တဲ့
သွေးတစက်တလေ ကပ်ပါလာနေအုံးမလား လို့
အတွေးနဲ့ ---စိတ်တထင့်ထင့် မီးခြစ်ကြည့်လိုက်မိတယ်
ဒီညမှာ ဒိုမီနီကန်ရစ်ပတ်ပလစ်ရဲ့ ကြံခင်းတွေထဲ
အရှင်လတ်လတ်ရိုက်သတ်ခံရတဲ့
ညီအမ (၃) ယောက်ရဲ့အလောင်းတွေဘေးမှာ
မီးညွှန့်တွေ တဆင့်ခြင်းကူးစက်ခုန်ပေါက်
ပျောက်ဆုံးခဲ့တဲ့ အလင်စက်တွေလည်းရှိရဲ့
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်စေတဲ့ နေ့ တဲ့
ဆိုခ့တ
ဲာပါပဲ
ကုလသမဂ္ဂကြေငြာစာတမ်းအပေါ် သေနတ်ကျည်ဆံတွေ ထိုးခွဲ
ဟော့ဒီ ရွာလေးတွေမှာ
တိုင်းရင်းသူတွေကတော့ မတရားကျင့်ခံနေရဆဲပါပဲ

(၃)
ကမ်းပါးပြိုတဲ့ညမှာ
အိမ်ပြန်သွားမိတဲ့ ငှက်တကောင်ရဲ့ညကို
တထင့်ထင့်စိုးရိမ်ခ့သ
ဲ လိုမျိုး
သစ္ဆေတွေ နဲ့ နှင်းဆီရနံ့တွေကြား
ဘယ်သူတွေ ပြတ်ပြတ်သားသား ရပ်ကြမှာလဲ
မျှော်လင့်စိတ်နဲ့--- ငြိမ်ဆိတ်စွာ မီးခြစ်ကြည့်မိတယ်
ကင်မ် ရေ…….. ဗမာစကားပြောတတ်ဖို့မလိုပါဘူး
မင်းလက်မောင်းပေါ်က ခွပ်ဒေါင်းရုပ်လေးဟာ
မင်းအမေ အတွက်
“အကောင်းဆုံး ကျေးဇူးတော်နေ့ လက်ဆောင်” ဖြစ်နေမှာပါ။

မိသားစုတွေပြန်ဆုံခွင့်ရှိကြတာဝမ်းသာစရာပါပဲ၊ ပြန်မဆုံနိုင်သေးတော့လည်း ကျန်းမာအောင်နေကြတာပေါ့။


ယုံကြည်စိတ်နဲ့ ဘေးမှာတင်ထားတဲ့ Shania Twain ရဲ့ From this moment သီချင်းကိုခံစားလိုက်ပါအုံးလေ။

You might also like