စိုးမြင့် (မေ့ဆေး)

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 109

စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

စိုးမြင့်(မေ့ဆေး)

အာဖရိက ရောက် မြန်မာ တစ်ယောက်

ဆရာ စိုးမြင့်မေ့ဆေး ရဲ့ပုံ ဖြစ်ပါတယ်။(ဆရာရဲ့ blog မှ ကူးယူဖော်ပြပါတယ်)

ကျွှန်တော် က ဆရာရဲ့စာဖတ်ပရိတသ
် တ် တစ်ယောက်ပါ။ အရင်မဟေသီမှာ ကတည်းက
တစ်စက
ို မ
် တ်မတ်ဖတ်ခ့တ
ဲ့ဲသူ တစ်ယောက်ပါ။အခု ဆရာစာတွေကို blog မှာ ပြန်တွေ့ရလို့ စုစည်းပြီး
တင်ပြထားတာပါ။

မူရင်းကို ဖတ်ချင်ရင် ဆရာ website: www.soemyint.com ကို သွားေ၇ာက်လည်ပတ်နင


ို ပ
်ါတယ်။်

1
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

မေ့ဆေးလူသေမှုတဲ့လား

မေ့နေသော လူနာနှင့် ဆရာဝန်ဆရာမများ

၁၉၉၆ ခုနှစ် မတ်လ ၂၇ ရက်နေ့က နမီးဘီးယား Namibia နိုင်ငံတွင် တာဝန် ထမ်းဆောင်လျက် ရှိတဲ့ UNDP
ဝန်ထမ်းပေါင်းစုံ နှီးနှောဖလှယ်ပွဲ တစ်ခု မြို့တော် ၀င်းတွက်Windhoek တွင် ကျင်းပဖြစ်ခဲ့ပါတယ်။ အမှန်တော့
နှီးနှောပွဲထက် တစ်ဦးနဲ့ တစ်ဦး တွေ့ဆုံ ရင်းနှီးခွင့် ရစေရန် ရည်ရွယ်တဲ့ ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။

အဲဒီနေ့က Windhoek မြို့ပြင် တစ်နေရာမှာ ရှိတဲ့ Airport Lodge အနားယူစခန်းမှာ စုံစည်းမိကြတဲ့ နိုင်ငံတစ်ဝှမ်း
ကုလ၀န်ထမ်းပေါင်းမှာ စုစုပေါင်း ၁၅၀ လောက်ရှိပါတယ်။ ကမ္ဘာ့အရှေ့ နဲ့ အနောက်ဘက်ခြမ်း လူမျိုးပေါင်းစုံနဲ့
တွေ့ဆုံ စားသောက် ပြောဆိုကြရတာမို့ အလွန်ကိုပဲ ပျော်စရာကောင်းလှပါတယ်။ အဲဒီ အစည်းအဝေး
ခန်းမမှာလူစုံတော့ တစ်ဦးချင်း မိမိရဲ့အမည်၊ နိင်ငံ၊ အလုပ်အကိုင် စတာတွေကို ပြောကြားပြီး
မိတ်ဆက်ကြရပါတယ်။

ဒါနဲ့မိမိတို့အလှည့်ရောက်တော့ ကျွန်တော်က စလို့ " ကျွန်တော် Dr စိုးမြင့်၊ မြန်မာနိုင်ငံသား မေ့ဆေး


အထူးဆရာဝန် အိုရှာခါတီဆေးရုံ " နောက် Dr လွင်အောင် က" အင်ဂိုလာ ဆေးရုံ၊" ထို့နောက် Dr ဇော်သန်း က
"ကိုရီကပ်စ် ဆေးရုံ" စသဖြင့် ထထ ပြောကြရာ ဘေးမှာ ကြားရတဲ့လူများ နည်းနည်း အံ့ဩသွားကြတယ်
(ထင်ပါတယ်)။ ဒီနိုင်ငံမှာ ရှိတာမှာ ရှိတာမှ ပေါင်း UNV ဆရာဝန် သုံးဦး၊ အားလုံး မြန်မာတွေ ချည်း ပါလား ဆိုတဲ့
သဘောပေါ့။ မိမိတို့မှာတော့ မိမိတို့နိုင်ငံအမည်ကို ထုတ်ပြော (ကြွား) လိုက်နိုင်တာကိုပဲ မိမိတို့ဘာသာ

2
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကျေနပ်နေမိ ပါတော့တယ်။ အဲဒီပွဲမှာပဲ သီရိနိင်ငံသား စာရင်းကိုင် ပညာရှင်နှစ်ဦးနဲ့ သိကျွမ်း ခင်မင် ခဲ့ရပါတယ်။


အာရှသားချင်းမို့ ထင်ပါတယ်။ ဒါပေမယ့် ဦးစိုးမြင့်တစ်ယောက် မေ့ဆေးဆရာဝန် တစ်ယောက် အဖြစ်
အိုရှာခါတီမှာ မည်မျှလောက် ဦးနှောက်စား နေရတာ ကိုတော့ အဲဒီနေ့က ဘယ်သူမှသိလိုက်ကြမယ် မထင်မိပါ။

တကယ်တော့ မေ့ဆေးဆရာဝန် ဆိုသည်မှာလည်း စပယ်ရှယ်လစ် တစ်ယောက်ပါ။ သို့သော် လူသိ အနည်းဆုံး


(အချို့ ရှိမှန်းပင် မသိပါ)။ ကြံကြိုက်လို့ ပြောရရင် လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ထင်ပါတယ်၊ ကျွန်တော်လည်း
မေ့ဆေးအဖြစ် အောင်ကာစ၊ သတင်းစာနဲ့ မဂ္ဂဇင်း အချို့မှာ ဟိုစစ ဒီစစ ဆောင်းပါးလေး တွေ ရေးကာစ၊
တစ်နေ့မှာ (၀ါရင့်) စာရေးဆရာကြီး တစ်ဦးနဲ့ သိကျွမ်း စကား လက်ဆုံ ကျမိပါတယ်။ ကျွန်တော့်ကို
ဆရာဝန်တစ်ဦးအဖြစ် သိလိုက်သည်တွင် သူတစ်ခါကအခွဲစိပ် ခံခဲ့ဖူးကြောင်း၊ အစာအိမ်မှ သွေးယိုလို့ ဖြစ်ကြောင်း
သွေးတို့၊ ဂလူးကို(စ)တို့ ပုလင်း အတော်သွင်းပြီး အသက် လုခဲ့ရကြောင်း၊ သူ့အား အသက်ကယ်ပေးလိုက်တဲ့
ခွဲစိပ်ဆရာဝန်ကြီးမှာ မည်သူမည်ဝါ ဖြစ်ပြီး သူ့အား ယနေ့တိုင်မမေ့နိုင်ပဲ ကျေးဇူးတွေ တင်နေရတဲ့ အကြောင်း
စာရေးဆရာပီပီ စီကာပတ်ကုံးပြောပြပါတယ်။

သူ့စကားဆုံးတော့ ကျွန်တော်ကလည်း (ကိုယ်တိုင် လည်း မေ့ဆေးဆရာဝန်မို့) စိတ်ထဲ ရှိတဲ့အတိုင်း သူ့ကို


ပြန်မေးလိုက် မိပါတယ်။ "သူတစ်ထူးရဲ့ ကျေးဇူးကို သိတတ်တာ မင်္ဂလာတစ်ပါး ပါပဲလို့၊ ဒါနဲ့ အဲဒီတုန်းက ဆရာ့ကို
မေ့ဆေးပေးခဲ့ ဆရာဝန်က ဘယ်သူပါလဲ"လို့။ သူရုတ်တရက် ပြန်မဖြေနိုင် အမ်းသွားပြီး " အေးဗျာ
ကျွန်တော်လည်း မေ့ဆေးဆရာဝန် ဆိုတာ စဉ်းတောင် မစဉ်းစားခဲ့မိလို့ မမေးခဲ့မိဘူး " တဲ့။ သူလို ဗဟုသုတ
ပြည့်စုံတဲ့ စာရေးဆရာကြီး တစ်ယောက်ပင် မေ့ဆေးဆရာဝန် ဆိုတာ မစဉ်းစားမိခဲ့ဘူး ဆိုတော့ သာမန်
လူတွေမသိဟုဆိုလျှင် လွန်အံ့မထင်ပါ။

ကျွန်တော်ကပဲ ဆက်ပြီးတော့ "ဆရာ ခွဲစိပ်ခန်းထဲ ၀င်သွားပြီး ခုလို အသက်ရှင်လျက် ပြန်ထွက် လာနိင်အောင်


တာဝန်ယူရတဲ့ ပုဂ္ဂိုလ်က မေ့ဆေးဆရာဝန် ဖြစ်တဲ့ အကြောင်း ခွဲနေစဉ်လိုအပ်တဲ့ ဂလူးကို(စ)တို့၊ ဆားရည်တို့၊
သွေး တို့ စတာတွေကို လိုအပ်သလို တွက်ချက်ပြီး သွင်းပေးရသူမှာ သူပင် ဖြစ်ကြောင်း။" ခွဲစိပ်ပြီးနောက်
၂၄နာရီအတွင်း ဒီလူနာရဲ့ပြဿနာ အ၀၀တွက်လည်း သူ့မှာ တာဝန်ရှိကြောင်း" စတာတွေကို သူနားလည်အောင်
ပြောပြ လိုက်မိပါတော့တယ်။

ဒီတော့ ဆရာက " ဟ၊ ဒါဆို ဆရာတို့ မေ့ဆေး ဆရာဝန်တွေက နောက်ကွယ်က ဇာတ်ညွှန်းရေးဆရာ တွေနဲ့
တူနေတာပေါ့။ ခင်ဗျားတို့ ပညာပေး ဆောင်းပါးတွေ ရေးမှလူတွေ သိမှာမို့ ရေးဖြစ်အောင်ရေး စမ်းပါ "
ပြန်တိုက်တွန်း သွားပါတော့တယ်။ ကျွန်တော်ကလည်း " ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်" ဖြစ်နေမှာမို့
ခုတော့ မရေးသေးဘူး၊ နောင်တစ်ချိန်မှာ ကျွန်တော် နိုင်ငံခြား မရောက်ဘူး လို့မပြောနိုင်။ အဲဒီတော့မှ ဟိုကနေ
ရေးပြီး ပို့လိုက်မယ် " လို့ ပြန်ပြောခဲ့မိပါတယ်။

ထိုစဉ်က ဘာရယ်လို့ မဟုတ် ခပ်နောက်နောက် သဘော ပြောခဲ့တဲ့ စကားပါ၊ ခုတော့ နိမိတ်ဖတ် ခဲ့သလို
ဖြစ်နေသည်။ ခု UNV ကျေးဇူးနဲ့ အာဖရိကကို ရောက်နေရပါပြီ၊ မဟေသီရဲ့ ကျေးဇူးနဲ့ စာတွေ ပြန်ရေးနိင်ပါပြီ မို့
ကျွန်တော့် ကတိအတိုင်း ပညာပေးအဖြစ်ရေးလိုက်တာပါ။ " ငါးချဉ်ကိစ္စ" နဲ့တော့မဆိုင်ပါ။

3
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကျွန်တော် ခုနက ပြောခဲ့တဲ့ ဦးနှောက်စားရတဲ့ ကိစ္စ ပြန်ဆက်ရရင် ကျွန်တော် ဒီကို ရောက်ပြီး တစ်လမှ
မကြာမီမှာပဲ အစီရင်ခံစာ တစ်စောင်ရေးရဖို့ ကြုံလာပါတယ်။ အဲဒါက " မေ့ဆေး လူသေမှု " Anaesthetic Death
တဲ့၊ (နာမည်ကြားရရုံနဲ့ပင် ကျောချမ်းစရာပါ။)

ဒီမှာက ခွဲခန်းထဲမှာ၊ ဒါမှမဟုတ် ခွဲစိပ်လို့အပြီး ၂၄နာရီအတွင်း လူနာ သေဆုံးလျှင် မေ့ဆေး လူသေမှု လို့
သတ်မှတ်ပါတယ်၊ ဒီအမှု ပေါ်ပြီဆိုရင်တော့ မလွယ်ပါ၊ ရဲကို ချက်ချင်း အကြောင်းကြား၊ အမှုဖွင့်နဲ့ ရဲအမှု Police
case ဖြစ်သွားပြီ၊ နောက်အလောင်းကို ရဲလက်အပ် သူတို့ကားနဲ့ သူတို့လာယူပြီး သူတို့ ရေခဲတိုက် ပို့ပါတယ်။
ဆေးရုံနဲ့ မဆိုင်တော့။ သူတို့ ရဲမှုခင်း ဆရာဝန်နဲ့ ဆက်လုပ်ပါတယ်။

ကျွန်တော်တို့ အပိုင်းမှာတော့၊ ခွဲစိပ်မှုမှာ ပါဝင်တဲ့ ခွဲစိပ်နဲ့ မေ့ဆေးဆရာဝန်တွေ၊ အကူဆရာဝန်တွေ၊ နာ့(စ) နဲ့


နာ့(စ)အကူတွေ၊ အားလုံး ကိုယ့်ရှုထောင့် အသီးသီး ကနေ အစီရင် ခံစာတွေ statement တွေ ရေးရပါတယ်၊
ဒါတွေကလည်း ရဲစခန်းက သီးသန့်ပုံစံတွေပါ၊ အတော့်ကို စိတ်ချမ်းသာစရာ မကောင်းတဲ့ ကိစ္စပါ။ ခေါင်းစဉ်ကိုက
"မေ့ဆေး လူသေမှု" ဆိုတော့ စကတည်းကိုက ကျွန်တော်တို့ အဖို့ တရားခံဘ၀ ရောက်ရတော့မယ့်ပုံ။
ဒီေ ၀ါဟာရကို ဘယ်ပညာရှင်တွေ ကများ စပြီး ထွင်ခဲ့တယ် မသိပါ။ မေ့ဆေး ဆရာဝန်တွေကို လူသိများစေချင်လို့
ဟုတ်မယ် မထင်ပါ။ (ချောက်ချချင်တာ ပိုများပါလိမ့်မယ်။)

အမှန်တော့ ဒီဝေါဟာရ ပေါ်စဉ်က မေ့ဆေးဆရာဝန် ရယ်လို့ပင် သီးသန့် မပေါ်သေးပါ။ မေ့ဆေးပညာ ဆိုတာက


ခွဲစိပ်ပညာရဲ့နောက်အတော်ကြာမှ ထွန်းကား လာတာပါ။ ဒီအရင်ကတော့ လူနာကို အရက် အလွန်အကျွံ
မူးအောင်တိုက် ၀ိုင်းဖမ်းချုပ် ပြီးမှခွဲစိပ် ဖြတ်တောက်ရတာပါ။ ဆိုတော့ မေ့ဆေးပေါ်ကာစက
လူနာမေ့သွားတာကိုသာ သိတာပါ၊ ဆေးရဲ့သဘော သဘာဝကိုလည်း အသေအချာမသ၊ိ လူနာပေါ်မှာ
ဘာဘေးထွက် ဆိုးကျိုးတွေ ရှိမှန်းလည်းမသိ၊ သီးသန့်(မေ့ဆေး) ဆရာဝန် ဟုလည်းမရှိ၊ ကျရာလူက မေ့အောင်
ဝင်လုပ်ကြရတာပါ။ မေ့ဆေးရယ်လို့လည်း များများစားစားမရှိ တစ်မျိုးကောင်း တစ်မယ်ကောင်း (ကလိုရိုဖေါင်း
Chloroform နောက်ပိုင်း မှာတော့ အီသာ Ether စတာ) လောက်ပဲ ရှိခဲ့တာပါ။ ဒီတော့ လုံးဝ စိတ်မချရပါ၊ လူနာ
အသေအပျောက်လည်း များခဲ့ပါတယ်။ ခွဲစိပ်ပြီးလို့ လူနာတိမ်းပါးသွားလျှင် မေ့ဆေးကြောင့်ပဲ ဖြစ်တတ်တာမို့
ဒီဝေါဟာရ ပေါ်လာရတာ ဖြစ်ပါလိမ့်မယ်၊ (သိ)ု့ ခွဲစိပ်ဆရာဝန်တွေ ခေါင်းရှောင်ချင်လို့၊ တမင်ထွင်ခဲ့တာလည်း
ဖြစ်နိုင်ပါတယ်။ Operation was successful but the patient died (ခွဲစိပ်မှုကတော့ အောင်မြင်ပါတယ်။
ဒါပေမယ့် လူနာတော့ ဆုံးသွားတယ်) ဆိုတဲ့စကားဟာ မေ့ဆေးပေါ် ပုံချထားပုံရပါတယ်။

ဒီနေရာမှာ ကြုံကြိုက်လို့ နည်းနည်း ကွန့်ချင်တာလေး တစ်ခုရှိပါတယ်။ ဗုဒ္ဓခေတ်က သမားတော်ကြီး ဆရာဇီဝ က


ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ (အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ) အသိဆုံးပါ၊ ဇီဝကဟာ ဆေးဝါးနဲ့ ကုသမှုတွေ
ရှိခဲ့သလို ခွဲစိပ်ကုသမှုတွေ လည်း လုပ်ခဲ့ပါတယ်။ ၀မ်းဗိုက်ထဲတွင်မက၊ ဦးခေါင်းခွံထဲ ထိပါဝင်ခွဲ ခဲ့တယ်လို့
ဖတ်ရဘူးပါတယ်။ ဥပမာ ပြရရင် အူခေါက်တာတွေ၊ ဦးနှောက်ထဲက ကျူမာအလုံး စတာတွေပါ၊ အကြီးစား Major
surgery တွေပေါ့၊ ဆိုတော့ကာ တော်ရုံမေ့ဆေးနဲ့ မဖြစ်နိုင်ပါ။ အဲဒီတုန်းက အနောက်တိုင်းက လူတွေ
ဘာမှမလုပ်တတ်ခင် ဘယ်မေ့ဆေးသမားတော်က ဘယ်လိုမေ့ဆေးများ ပေးခဲ့တယ်ဆိုတာ ဘာမှတ်တမ်းမှ
မကျန်ရစ်ခဲ့တာ ၀မ်းနည်းစရာ အတော်ကောင်းပါတယ်။ (စကါးချပ်ပါ)

4
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ခုချိန်မှာတော့ အစစတိုးတက်နေပါပြီ။ ကြုံရာလူ မေ့ဆေးဝင်ပေးတဲ့ ခေတ်မရှိတော့ပါ၊ မေ့ဆေး စပယ်ရှယ်လစ်တွေ


ရှိနေပါပြီ၊ သုံးတဲ့ မေ့ဆေးတွေ ကိရိယာတွေလည်း ဆန်းကြယ်နေပါပြီ။ လူနာကို လိုအပ်သလို တိတိကျကျ
အချိန်ပိုင်း အတွင်း မေ့သွားအောင် လုပ်နိုင်သလို ပြန်နိုးလာအောင်လည်း လုပ်ပေးနိုင်နေပါပြီ။ ဒီထက်ပိုလို့
အရေးကြီးတာက လူနာမေ့နေစဉ်မှာ သူ့ရဲ့အခြေနေအရပ်ရပ် ဥပမာ သွေးပေါင်ချိန်၊ သွေးခုန်နှုံး၊
နှလုံးအလုပ်လုပ်နေပုံ ECG၊ သွေးထဲမှာ အောင်စီဂျင် လည်ပတ်နေပုံ စတာတွေကို TV ဖန်သားပြင်ပေါ်မှာ
အချိန်ပြည့် ကြည့်နေနိုင်ပြီး လိုရင်လိုသလို မေ့ဆေးဆရာဝန်က အခြေနေကို ထိန်းပေးနေနိုင်ပြီမို့ အရင်ကလို
မေ့ဆေးလွန်သွားတာတို့ မှားသွားတာတို့ စတဲ့ အန္တရာယ်တွေ လျော့နည်းသွားပါပြီ။ ပြောရရင်
"မေ့ဆေးလူသေမှုခေတ်" မဟုတ်တော့ပါ။

ဒါကြောင့်မို့ ခုနောက်ပိုင်း မှတော့ Anaesthetic death အစား Perioperative death (ခွဲစိပ်မှု ပြုနေစဉ်
အတောအတွင်း လူသေမှု) လို့ပိုအသုံးများ လာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအသုံးနှုန်းကို ပိုသဘောကျပါတယ်။
မေ့ဆေးဘက်က လိုက်ပြောတာမဟုတ်ပါ၊ မှန်ရာကိုပြောတာပါ၊ ခွဲစိပ်ရမယ့် လူနာဆိုကတည်းကိုက သူ့မှာ
ရောဂါရဲ့ဒဏ်ကို အနည်းနဲ့ အများဆိုသလို ခံစားနေရပြီးသားပါ၊ ဒီပေါ်မှာ ခွဲစိပ်မှုဒဏ်၊ မေ့ဆေးရဲ့ဒ ဏ်၊ ရောဂါတွက်
ပေးထားရတဲ့ ဆေးတွေရဲ့ဒဏ် စတာတွေပေါင်းလိုက်တော့၊
သေနိုင်စရာ အမည်ပေါင်း မနည်းပါ၊ ဒါကိုမှ မေ့ဆေး တစ်ခုထဲပေါ် ပုံချတာကတော့ နည်းလမ်းမကျဘူး
ထင်ပါတယ်။ (ဒီထဲမှာ ခွဲစိပ်ဆရာဝန်ကလည်း အတွက်အချက် မှားနိုင်ပါသေးတယ်။)

သို့စင်လျက် ကနေ့ထက်တိုင် ဥပဒေ ရှုထောင့်မှာတော့ Anaesthetic Death ဆိုတာက ရှိနေမြဲ၊ မေ့ဆေးပေါ်မှာ


တာဝန်ရှိနေဆဲပါ။ သူ့နိုင်ငံမှာ ဆိုတော့ သူ့ဥပဒေကို လိုက်နာရမှာပေါ့၊ လွှဲရှောင်၍ မရ၊ ဒါပေမဲ့ ဒီ statement
(အစီရင်ခံစာ) ကို လက်တွေ့ချရေးတဲ့ အခါမှာတော့ ပေါ့ပေါ့တန်တန် သဘော မထားရဲပါ၊ နှုတ်တစ်ရာ စာတစ်လုံး
လို့ ဆိုထားသည် မဟုတ်ပါလား၊ နောင်တစ်ချိန်မှ တရားရုံးမှ ဆင့်ခေါ်ခဲ့သည် ရှိသော် ဆိုတာကို အမြဲစဉ်းစား
ထားရသည်၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အနည်းဆုံး ကိုယ့်ပေါ်မှာ ဟာကွက်မရှိရအောင် အပြစ်မကျ
ရအောင် ရေးရဖို့ပေါ့။ (တစ်ချိန်တည်း မှာပဲ သူတစ်ဖက်သား ပေါ်ချည်း ပုံချရေးလို့လည်း မဖြစ်။)

ဒါဆို ကိုယ့်ပေါ်အပြစ်မကျရအောင် သေလောက်မယ့် လူနာတွေကို (ငါမေ့ဆေး မပေးနိုင်ဘူး) လို့ တစ်ချိန်လုံး


ငြင်းလွှတ်နေလို့ ရမလား မေးစရာရှိပါတယ်။ မေ့ဆေးမှာ လူတိုင်းကို မေ့ဆေး မပေးနိုင်ပါဘူး။ အကန့်အသတ်
ရှိပါတယ်၊ (မေ့ဆေး ပေးရန် မသင့် unfit for anaesthesia) လို့ မေ့ဆေးက မှတ်ချက် ရေးလိုက်လျှင် မည်သူမျှ
ခွဲခွင့်မရှိပါ။ လူနာ သွေးပေါင် ကျနေလို့ (သို့) တက်နေလို့၊ ပန်းနာရောဂါ (သိ)ု့ နှလုံးရောဂါ ထနေလို့ စသဖြင့်
အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ ပယ်နိုင်ပါတယ်။ ဒါပေမယ့် အရေးပေါ် ခွဲစိပ်ရမယ့်ကိစ္စမျိုး၊ ဥပမာ ရွှေမင်းသ္မီး
ဒိုင်ယာနာ ဟိုတယ်မှာ တ၀စားသောက်ပြီး ကားအက်(စ)စီးဒင့် ဖြစ်လို့ ဆေးရုံ ရောက်လာတာကို ဗိုက်ပြည့်နေလို့
(အန်မှာစိုးလို့) မေ့ဆေး မပေးနိုင်သေးဘူး ဆိုပြီးငြင်းလွှတ်မလား၊ အစာအိမ်ပေါက်ပြီး သွေးလွန်နေတဲ့ လူနာကို
ပန်းနာရောဂါထနေလို့ ဆိုပြီး နေကောင်းတဲ့ထိ စောင့်ခိုင်း မလား၊ တုပ်ကွေးကြောင့် အားအလွန်နည်းနေတဲ့ လူနာ
အူအတက် ပေါက်တာကို အားပြန်ပြည့်မှ ပြန်လာပါလို့ ဆိုမလား။

မရပါ၊ ရှင်းနေပါတယ် ခွဲမယ့်ဆရာဝန်ကတော့ ခွဲစရာရှိတာကို ခွဲမှာပါ၊ ဒါကိုကျွန်တော်တို့က ငြင်းဆန်နေလျှင်


မေ့ဆေးဆရာဝန်က မေ့ဆေးမပေးလို့ မခွဲနိင်တာပါဆိုပြီး ကျွန်တော်တို့ပေါ်ပြန်ပုံချလာ ဦးမှာပါ၊ ကျွန်တော်တို့
5
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

တာဝန်ယူရမှာပါ၊ သေမှသာ သေပေါ့၊ နောင် ပြဿနာတက်မှသာ တက်တော့ ကျွန်တော်တို့ စွန့်စား ရပါတယ်၊


တကယ်တမ်း ဖြစ်လာရင် လူနာရဲ့သွေးအဖြေတွေ၊ ဓါတ်မှန်တွေ၊ မစောင့်အားပါ၊ သွေးရမှ မေ့ဆေး
ပေးနိုင်မယ်လို့မပြောနိင်ပါ။ ဒါတွေက ကျွန်တော်တို့နေ့စဉ်လို ကြုံတွေ့နေကျပါ။ မေ့ဆေး ဆရာတွေအဖို့
စိတ်ဖိစီးမှု Stress အတော်များပါတယ်။ ဒါတွေက လူတွေမသိတဲ့ ကန့်လန့်ကာ နောက်ကွယ်က ဇာတ်လမ်း
တွေပါ၊ ဒါကြောင့် မေ့ဆေး ဆရာဝန်တွေကို လူမသိ သူမသိ ဟီးရိုးများ Forgotten Heroes လို့ တင်စား
ခေါ်ဝေါ်တာတွေ ရှိပါတယ်၊ (အနောက် နိုင်ငံတွေမှာပါ) ကျွန်တော်တို့ ဒီမှာ တစ်ခု ကံကောင်း တာက
ပြဿနာဖြစ်လာရင် ဆေးကောင်စီတို့ တရားရုံးတို့မှာ ထုခြေနိုင်ခွင့် ရှိပါတယ်။ လူနာက
နစ်နာလို့တိုင်တိုင်းလည်း အပြစ် မယူနိုင်ပါ၊ လူနာ ကိုယ်တိုင် သဘောတူ လက်မှတ်ထိုး ပေးပြီးမှ
ကျွန်တော်တို့ကိုင်ရတာပါ။ တာဝန်ရှိတာနဲ့ အပြစ်ရှိတာက တစ်ကဏ္ဍစီပါ။

ဒီနေရာမှာ ဖြစ်ရပ်တစ်ခုတည်းပေါ် လူ ၄-၅ ဦး၊၀ိုင်း ရေးရတာမို့ အနည်းဆုံးတော့ တစ်ယောက် တစ်ပေါက်


မဖြစ်ရအောင် အချင်းချင်း ညှိဖို့လိုပြီပေါ့၊ ဒီတင်ပြဿနာက စပါတော့တယ်၊ ခွဲခန်းနာ့(စ) တွေကတော့
ကျွန်တော်တို့နဲ့ လက်ပွန်းတသီး နေကြတာမို့ ဘယ်လို ရေးရင် ကောင်းမယ် ဘယ်လို ညှိကြရအောင်
စသဖြင့်ပြောလို့ရပါတယ်၊ အင်္ဂလိပ်လိုလည်း ကျွမ်းကြ ပါတယ်၊ ဒါပေမယ့် ဆရာဝန် တွေ အပိုင်းမှာတော့
ထင်သလောက် မလွယ်ပါ၊ နိုင်ငံအမျိုးမျိုး လူမျိုးအဖုံဖုံ ဆေးပညာ နောက်ခံချင်းလည်း မတူကြ၊ ဒီမှာက
ဆရာဝန်အများစုက ကျူဘား လူမျိုး စပိန်ဘာသာ သာကျွမ်းပြီး အင်္ဂလိပ်လို မရေး၊ မပြောနိင်ကြ။ ရုရှားက
လူတွေလည်း ထိုနည်းလည်းကောင်းပါပဲ၊ ဘာသာစကား အတားအဆီး Language barrier ပါ၊ ၀င်လာတော့၊
ဒီလိုစာမျိုး (သာမန် အင်္ဂလိပ်စာ ထက်မက ဆေးပညာအသုံးအနှုန်းနဲ့) ရေးရတာ ဦးနှောက် တော်တော် စားရတယ်
ဆိုတာ စာရှုသူများ ကောင်းစွာ သဘောပေါက်နိုင်ပါလိမ့်မယ်။ (နှစ်များစွာ မကြာသေးမီကပဲ ဒီနိုင်ငံမှာ
မေ့ဆေးဆရာဝန် နှစ်ယောက် တရားရုံးမှာအမှုရင် ဆိုင်ခဲ့ရဘူးတာရှိပါတယ်။)

စိုးမြင့် - မေ့ဆေး
ခေတ္တ အိုရှာခါတီ Namibia
၁၉၉၇ မဟေသီမဂ္ဂဇင်း ပေါ်အခြေခံ၍ပြန်ရေးပါသည်

6
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အခွဲစိပ်ခံလူနာရဲ့သဘောတူညီချက်

လက်ရှိ Q
ှ ueen Elizabeth 2nd Hospital, Maseru ခွဲစိပ်ခန်း မှာ

ကျွန်တော့်ရဲ. “ကံဆိုတာစေတနာကိုခေါ်ပါတယ်” ဆိုတဲ့ဆောင်းပါး ပါလာပြီးတဲ့ နောက်မှာ လူနာရဲ့ သ ဘော


တူညီချက် consent နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလာသူ အချို့ မေးမြန်းလာမှုတွေ ရှိလာတာမို့ ခုဆောင်းပါးကို
ဆက်လက် ရေးသား ဖို့ ဖြစ်လာတာပါ။

ကျွန်တော် ပြည်ပကို မထွက်ခွါလာမီ ၁၉၉၀ ခုနှစ် မတိုင်မီတုန်းက ဆိုလျှင် ရန်ကုန်မှာ ပြင်ပခွဲစိပ်ခန်း များများ
စားစား မရှိသေးပါ။ မှတ်မှတ်ရရဆိုလို့၊ မြရတနာ၊ ပါရဂူ၊ ထိပ်တန်း တို့လိုဆေးခန်းကြီး အချို့နဲ့ ၊ မဂိုလမ်းနဲ့
သိမ်ကြီးဈေးအောက်လမ်းတို့ မှာ ခွဲခန်းအငယ်စား နည်းနည်းပါးပါး ရှိခဲ့တာပါ။ SSC တို့၊ အကယ်ဒမီတို့လို ခေတ်မီ
ဆေးရုံကြီးတွေ ဆိုတာဝေလာဝေးပါ။ (ကျွန်တော်ကျင် လည်ခဲ့ဘူးသလောက် ပြောရတာပါ။)

အဲဒီချိန်တုန်းက consent ဆိုတာ ချိုနဲ့လားလို့ မေး ယူရမယ် ထင်ပါတယ်၊ သီးသန့်ပုံစံလဲမရှိ “ မည်သည့် မေ့ဆေး
ထုံဆေး နဲ့မဆို ခွဲစိပ်ကုသရန် သဘောတူပါသည်” ဆိုတဲ့ စာတမ်းလေးပါတဲ့ ရာဘာ တံဆိပ်တုံး လေးကို လူနာရဲ့
စာရွက် စာတမ်းပေါ်မှာထု။ တစ်ချို့လူနာများဆို ခွဲခန်းဝင်ခါ နီးမှကပ်ပြီး “ဟောဒီမှာထိုး ”ဆိုလို့သာ လက်မှတ်ထိုး
လိုက်ရတာ ရှိပါတယ်။ ဘယ်ဆရာဝန်ကမှ ဘာမှရှည်ရှည် ဝေးဝေး ရှင်းပြတာမရှိ၊ (ကျွန်တော် အပါဝင်ပါ၊)
ဘာသက်သေမှလည်းမလို၊ အတော်လွယ်တဲ့အလုပ်ပါ။ အမှန်တော့မျက်ကန်းတစ္ဆေ မကြောက်တာပါ။

ခုချိန်မှာ ဒါတွေပြန်တွေးမိတော့ အတော်လေးရှက်မိတယ်။ ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင် ဘယ်လိုမှတရား


မဝင်ပါ၊ တိုးတက်တဲ့ အနောက်နိင်ငံ တွေမှာ ထားတော့ ဒီအာဖရိကနိုင်ငံ တွေမှာပင် ဒီလို လုပ်လို့မရပါ။
ခွဲခန်းဝင်လာတဲ့ လူနာ ကို ဦးဆုံးစစ်ဆေးတာက အဲဒီ consent ပုံစံပါ။ မပါလို့ကတော့ နောက်မှ ဆိုတာမရပါ။
အမှန်တော့ ဒီစာရွက်လေး ဟာ ပေါ့ ပေါ့ သေးသေးမဟုတ်ပါ။ လူနာနဲ့ဆရာဝန်အကြား တရားဝင်စာချုပ် Legal
binding ပါ။

ဒီမှာလက်မှတ်မထိုးခင် ခွဲစိပ် နဲ့ မေ့ဆေးဆရာဝန် အသီးသီးက လူနာကိုရှင်းပြရမဲ့ တာဝန်တွေရှိပါတယ်၊

7
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဘာတွေလဲ ဆိုတော့ ခွဲစိပ်မှု နဲ့ မေ့ဆေးရဲ့သဘောသဘာဝတွေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ၊ မခွဲရင်ကော


မရဘူးလား၊ အခြား ရွေးစရာနည်းလမ်း ရှိမရှိ၊ နားလည်အောင် ရှင်းပြရပြီး လူနာကလည်း လွတ်လပ်တဲ့ဆန္ဒနဲ့
သဘောတူရတာပါ၊ သက်သေ တစ်ယောက်လည်း လိုပါတယ်။ ချွင်းချက်အနေနဲ့ ကတော့ ဘယ်လိုမှ ရှင်းပြ
လို့မဖြစ်နိုင်တဲ့ ဥပမာ သတိမေ့နေတဲ့ လူနာမျိုးမှာ သူ့အသက်လုဖို့ ခွဲစိပ်ရာမှာ consent မလိုပါ။ (ဒီကိစ္စမျိုးမှာ
ဆေးရုံအုပ် ကိုခွင့်တောင်းရပါတယ်)။ အားလုံးသိပြီးတဲ့ အတိုင်းအသက် ၁၈ နှစ်အောက် (အချို့ နိုင်ငံမှာ ၁၆ နှစ် )
လူနာ တွက်တော့ မိဘ၊ အုပ်ထိမ်းသူ သဘောတူဖို့ လိုပါတယ်။ (ဒီနေရာမှာ လူတစ်ချို့ထင်သလို အသက်ပြည့်ပြီိး
စိတ်မှန်သူ။ လူကြီးတယောက် ကိုယ်စား ဆွေမျိုး ထဲက တစ်ယောက်ယောက် ထိုးခွင့်မရှိပါ) လူနာကလည်း
ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဥပမာ ထုံဆေးမကြိုက်ဘူး၊ မေ့ဆေး မှဆိုရင်လည်း ဆရာဝန်က ငြင်းလို့မရပါ၊
ဒါတွေအားလုံးကို စာနဲ့မှတ်တမ်း တင်ထားရပါတယ်။

ကျွန်တော်ခု Lesotho နိုင်ငံ ရောက်တော့လည်း ဒီဥပဒေပါပဲ၊ မှတ်လောက် သားလောက်စရာ အဖြစ်လေး တစ်ခု


ရေးပြ ချင်ပါသေးတယ်။ ဒီမှာက ဆရာဝန်တွေထဲမှာ တရုပ်၊ ကုလား (India, Pakistan, Bangladesh) ရွှေ စတဲ့
အရှေ့ ကလူ တွေ အပြင် UK, Cuba စတဲ့ အနောက်က လူတွေ စုံလှသမို့၊ မိမိဆိုင်ရာ နောက်ခံ ခံယူချက်
background တွေလည်းမတူ ကြတာ မဆန်း ပါဘူး။ ကျွန်တော့် မေ့ဆေးဋ္ဌာနမှာကိုပဲ တရုပ်ဆရာဝန် နှစ်ယောက်၊
UK ဆရာဝန် နှစ်ယောက်။ သူတို့လူမျိုး ဆရာဝန် တစ်ယောက်။ ကျွန်တော် ရွှေကတစ်ယောက် အပြင် သူတို့လူမျိုး
မေ့ဆေး နာ့စ် (မေ့ဆေး အရာရှိ Anaesthetist Officer ခေါ်မှ ကြိုက်တဲ့သူတွေ) ရှစ်ယောက်။ ကွန်ဂို
တစ်ယောက်။ ပေါင်း ၁၄ ယောက်ပါ။

Dr Tuppin နှင့် ကျွန်တော် ဧည့်ခံပွဲတစ်ခုမှာ

တစ်နေ့ တော့ ခွဲစိပ်လူနာစာရင်းမှာ ပေါင်ကို ခါးအဆစ်မှနေ ဖြုတ်ပစ်ရမယ့် လူနာတစ်ယောက် ပါလာပါတယ်၊


(ဧရာမ ခွဲစိပ်မှုကြီးပါ ) ကျွန်တော့်ရဲ့ UK က မေ့ဆေး ဆရာဝန်ကြီး Dr Tuppin က ဝဒ်ထဲမှာ လူနာကို
သူသွားစစ်လိုတယ် ဆိုလို့ လွှတ်လိုက်ပါတယ်။ သူပြန်လာတော့ ရောဂါမှာ Gas Gangrene ၊ အခြေအနေ
အတော်ဆိုးတာမို့၊ လူနာကို သူရှင်းပြတော့ လူနာက မခွဲလိုတော့ဘူး consent မပေး တော့ဘူးဆိုလို့
ကိစ္စပြတ်သွားပြီ ဆိုရမှာပါ။

8
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဒါပေမယ့် မပြတ်ခဲ့ပါ၊ နောက်နေ့ခွဲခန်းမှာ ခွဲစိပ်ဋ္ဌာနမှူး ဆရာဝန်ကြီးဖြစ်သူ Dr Seddeque (Pakistan မှပါ) က


ကျွန်တော့်ကို မေ့ဆေးဋ္ဌာနမှူး အနေနဲ့ လာတိုင်ပါတော့တယ်၊ Dr Tupin (တပ်ပင်) လုပ်တာ ကောင်းသလားတဲ့၊
လူနာကို သူဘာပြောခဲ့ သလဲ ဆိုတော့ လူနာကို “မင်းအခြေနေက အရမ်းဆိုးနေပြီမို့ မထူးတော့ဘူး ခွဲခွဲမခွဲခွဲ
ရှင်စရာ သိပ်မမြင်ဘူး” တဲ့ (အနောက်တိုင်း၊ အားမနာတမ်း အပြောပေါ့)။ သူ ဒီလိုမပြော သင့်ဘူးပေါ့၊ (
အရှေ့တိုင်းက လူတွေအမြင်မှာ- ခြိမ်းခြောက်ရာ ကျတယ်ပေါ့ ) တပ်ပင်က သူပြောသလိုလည်း
ချရေးထားပါတယ်။

ဒီနေရာမှာ တပ်ပင် ဆိုတာကလည်း ခေသူမဟုတ်။ ဆရာဝန်လုပ်သက် နှစ် ၄၀ ကျော်၊ မေ့ဆေး ၁ဝ နှစ် လုပ်
သက် နဲ့ ကမ္ဘာ ပတ်လာသူပါ၊ သူ့ဆေးပညာဘွဲ့တွေက ပင်မနည်းပါ၊ နိုင်ငံပေါင်း တစ်ဒါဇင် ကျော်မှာ လုပ်ခဲ့ဖူးပြီး
ဘာသာ စကား ၈မျိုးကောင်းကောင်း ပြောနိုင်သူပါ။ ဒါတွေပြောရတာက သူ့ဆုံးဖြတ်ချက် ကို လျှော့တွက်လို့် မရ
ဘူးလို့ ဆိုချင်တာပါ။

ခွဲစိပ်ဆရာကြီး ကလည်း မညံ့ပါ။ သူလည်း လုပ်သက် နှစ် ၄၀ ကျော်နဲ့ ဒီဆေးရုံမှာ အသက်အကြီးဆုံးပါ၊ သူက
ဒီလူနာ ကိုခွဲချင်ပါတယ်၊ (ဒါကလည်း ရှင်လိုရှင်ငြားပါ၊ ငွေရစရာ၊ နာမည်ကြီးစရာ လုံးဝမရှိပါ) ကျွန်တော်နဲ့ Dr
Bad ကြီးတုန်းက အခြေနေမျိုးနဲ့ မတူပါ။ မဆုံး ဖြတ်တတ်အောင် ဖြစ်သွားရပါတယ်။

ဒါနဲ့ ခုရောဂါ Gas gangrene ဆိုတာကို လည်း ရှင်းပြမှ စာရှုသူတွေ ပိုသဘောပေါက်မှာပါ။ ဒီရောဂါက ခြေလက်
ကကြွက်သားတွေ ပုပ်ပုပ် လိုက်လာတာပါ။ မေးခိုင်ရောဂါပိုး Tetanus လို ပိုးမျိုး ဝင်ရာက ဖြစ်တာပါ။
အဆိပ်လည်း ပြင်းတာမို့ ခြေ လက်တွေ အထက်မှ ကြို ဖြတ်ပစ်ရုံမှ အပ ကုစရာဆေးမရှိပါ။ ခုလူနာမှာတော့
ပေါင်ထိတောင် ရောက်နေမှ တော့ ပေါင်ရင်းကနေ အဆစ်ဖြုတ်ပြစ်ဖို့ပဲ ကျန်ပါတော့တယ်။ ရောဂါ ကျွမ်းနေပါပြီ၊
သွေးဆိပ်တက်နေလို့ အဖျားပဲ ၁၀၄ ကျော်နေပါပြီ။ တပ်ပင် ပြောတာမလွန်ပါ။

ဒါပေမယ့် အချိန်တန်တော့လည်း ကိစ္စအဝဝ ပြတ်သွားပါတယ်၊ ဒီကုလားဆရာဝန်ကြီး ဘယ်လိုများ သွား


စည်းရုံးလိုက် တယ်မသိ၊ ညနေ ပိုင်းကျတော့ လူနာက ခွဲချင်တယ် ဖြစ်လာပြန်ရော။ ကျွန်တော်လည်း (ဒါးခုတ်ရာ
လက်ဝင်မလျှို တော့ပါ။ ခွဲပေါ့) ဘယ်သူမှ ကိုင်ချင် (ကိုင်ရဲ) တဲ့ လူနာမဟုတ်တော့ ကျွန်တော်ပဲ မေ့ဆေး
ပေးရတာပေါ့။ နှစ်နာရီ ကျော်ကြာအောင် ခွဲစိပ် ပြီးတဲ့ နောက် အသက်ရှင်လျက်နဲ့ လူနာကို ဝဒ်ထဲ
ပြန်ပို့လိုက်နိုင်ပါတယ်။ (Operation was successful ပေါ့) ဒါပေမယ့် နောက်နေ့၊ ခွဲပြီး ၂၄ နာရီ မတိုင်မီမှာပဲ
လူနာဆုံးသွားရှာပါတယ်။ (but the patient died ပေါ့)

အဖြစ်(မှန်) လေးကဒါပါပဲ။ Consent နဲ့ ဆက်စပ်ပြီး ပြောရရင် ဥပဒေရှုဒေါင့်အရ ဘယ်သူ့မှာ တာဝန်ရှိသလဲ လို့
မေးစရာ ရှိလာပါတယ်။ စာရှုသူများ ဘယ်လို မြင်ပါသလဲ။ ခွဲစိပ် ကုတင်ပေါ်မှာ ဆုံးတာမဟုတ်လို့ ခွဲစိပ်ဆရာဝန်မှာ
တာဝန်မရှိဘူးလို့ ဆိုလေ မလား၊ ၂၄ နာရီအတွင်း ဆုံးသွားလို့ မေ့ဆေး ကျွန်တော့်ပေါ် ပုံချမလား။

ခြုံပြောရရင် ခွဲစိပ်ဆရာဝန်ပေါ်မှာ အစအဆုံး တာဝန်ရှိပါတယ်။ ဒါသူ့ လူနာပါ။ လူနာဆေးရုံ တက်က တည်းက


စလို့ ရောဂါရှာဖွေမှု၊ စမ်းသပ်စစ်ဆေးမှု၊ ခွဲဖို့ဆုံးဖြတ်မှု၊ ခွဲစိပ်ပြီးနောက် ကုသမှု၊ စတာတွေအားလုံး
သူ့လက်ထဲမှာပါ။ ဒီတော့ လူနာဘယ်ချိန်မှာ ဆုံးဆုံး ပေါ့ဆမှု negligence ပါလာရင် ဘယ်လောက် ကြာကြာ
9
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ခွဲစိပ်ဆရာဝန် ပြေးမလွတ်ပါ။

ခွဲခန်းထဲမှာဆုံးလျှင်၊ (ခွဲစိပ်ကုတင်ပေါ်မှာ လူနာရဲ့အသက်က မေ့ဆေးလက်ထဲမှာပါ) ဒါမှမဟုတ် ခွဲပြီးနောက် ၂၄


နာရီိအတွင်း ဝဒ်ထဲမှာ ဆုံးလျှင်တော့ မေ့ဆေးမှာ တာဝန်ရှိပါတယ်။ ဒါကို “မေ့ဆေး လူသေမှု” Anaesthetic
Death လို့ ရှေးကတည်းက ခေါ်ပါတယ် ။ ဒီအကြောင်း ကျနော် ရေးဖူးပြီးပါပြီ။ ဒါဆို လူသေမှာ ကြောက် လို့
မေ့ဆေးမပေးနိင်ဘူးလို့ ငြင်းနေရမှာလား။ တာဝန်ရှိတာနဲ့အပြစ်ရှိတာက တစ်ပိုင်းစီပါ။

ခွဲစိပ်ဆရာဝန်ဟာလည်း လူပဲမို့ အတွက် အချက်မှား တတ်ပါတယ်၊ ဒီအတွက်သူ့မှာ လူနာ အကျိုးအတွက်


လုပ်တာဆို အပြစ် မယူနိင်ပါ။ ခွဲစိပ်ဆရာဝန်ရဲ့ မှားယွင်းမှုပေါ် မေ့ဆေးက တာဝန် မရှိပါ။ သူ့တာဝန်နဲ့သူပါ၊ သူ့ကို
ဘယ်လို ခွဲပါ စိပ်ပါ လို့ပြောခွင့် ကျွန်တော်တို့ မှာမရှိပါ။ (သူ့လူနာမေ့ဒဏ်ဆေးခံနိုင် မခံနိုင်ဆိုတာကို
သာကျနော်တို့ ဆုံးဖြတ်ရတာပါ၊) တစ်ခုတော့ရှိပါတယ်၊ လက်သင်ဆရာဝန်တစ်ယောက်က မတန်မရာ ခွဲစိပ်မှုကြီး
လာလုပ်ရင်တော့၊ “ မင်း ဆရာကြီးသွားခေါ်ချေ” လို့ပြောလွှတ်နိုင်ပါတယ်။ (လုပ်လည်း လုပ်ပါတယ်။)

ကိရိယာတွေ ဘယ်လောက်စုံစုံ ဒါတွေက အထောက် ကူပစ္စည်း တွေပါ။ စက်ပေါ်ပုံချလို့မရပါ။ တချို့ အဖြေတွေ


က ချက်ချင်းမထွက်ပါ။ ဒါတွေရမှ မေ့ဆေးပေးမယ် ဆိုရင်၊ အရေးပေါ်ကိစ္စတွေ ဘယ်လို ရှင်းမလဲ။
ဆရာဝန်ဆုံးဖြတ်ချက်ကအဓိကပါ။

ပင်စင်နားသွားပြီ ဖြစ်တဲ့ ကျွန်တော်တို့ရဲ့မေ့ဆေး ပါမောက္ခ ဆရာဝန်ကြီး ဦးတင်ထွန်း ရဲ့ စကား အရဆို


ရရင်တော့ “လူဆိုတာ အားလုံး အချိန်မရွေး သေနိုင်တာချည်းပဲ။” ကြောက်နေလို့ မေ့ဆေးမပေးရင် မင်းတို့
တာဝန်ပဲတဲ့။ မှန်ပါတယ်။ ဘယ်လိုမှ ရှင်လာနိုင်မယ် မထင်ပဲ ပြန်ရှင်သွားတာတွေ အများ ကြီး တွေ့ဘူး ပါတယ်။
ထိုနည်း လည်းကောင်းပဲ ဒေါင်ဒေါင် မြည်အောင် မာနေတဲ့ လူနာတွေ လည်းခွဲပြီးမှ မထင်မှတ်ပဲ
ဆုံးသွားတာမျိုးတွေ တစ်ပုံကြီးပါ။ (ကွေးသောလက် ပြန်မဆန့် မီပေါ့။)

ဒါကြောင့်မို့လည်း နောက်ဆုံးမှာ ဒီ consent ဆိုတာက လူနာကိုသူ့ရဲ့ အခွင့်အရေး တွေ ပေးထားတာ ဖြစ်သလို


ဒါနဲ့ပဲ သူ့ကို ပြန်ချည်ထားတာ နေမှာ ထင်ပါတယ်၊ လူနာက သဘောတူ ပြီးတာမို့လုပ်ချင်ရာ လုပ်နိုင်ပြီလို့
မဆိုပါ။ ကုန်ကုန် ပြောရရင် အရေးပေါ် ဖြစ်လာရင် လူနာအသက်လုဖို့ အတွက် ဘာ consent မှပင် မလိုပါ။
ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ ( Oxford Hand Book Of Anaesthesia ကိုရည် ညွှန်းပါတယ်။ )

ကျွန်တော်ကလည်း ကိုယ့်ဖက်ကကိုယ် ကာဗာယူပြီးသားပါ။ ကျွန်တော်တို့မေ့ဆေးမှာ လူနာရဲ့ အခြေ အနေနဲ့


ပတ်သက် လာရင် အဆင့်ငါးဆင့် ခွဲထားပါတယ်၊ အဆင့် (တစ်) က ပုံမှန်နီးနီး ကောင်းတဲ့ လူနာ နဲ့၊ အဆင့်(၅)
ကျတော့ Moribund state ရှင်ရန် အခွင့်လမ်းအလွန်နည်းသူပါ (သို့) ခွဲခွဲ မခွဲခွဲ သေမယ့်သူပါ။ ခုလူနာကို အဆင့်
(၅) (အရေးပေါ်) လို့ ကြေညာ ပြီးသားမို့။... Dr.တပ်ပင် ပြောခဲ့တာနဲ့ အဓိပ္ပါယ် အတူ တူပါပဲ။

စိုးမြင့် - မေ့ဆေး
ခေတ္တ Maseru လီဆိုသို ဘုရင့် နိုင်ငံ၊ တောင်အာဖရိက
ဒီဇင်ဘာ ၅ ရက်။၂၀၀၉
10
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကံဆိုတာစေတနာကိုခေါ်ပါတယ်

အဲဒီတုန်းက ကျွန်တော့ ရဲ့လုပ်ဖေါ်ကိုင်ဖက် သူနာပြုတွေပါ

တစ်ခုသော နံနက်စောစောစီးစီး အချိန် မိုးအေးအေးနဲ့ ကွေးကောင်းဆဲ ကျွန်တော့်ဆီ ဖုန်းဝင်လာ ပါတယ်။


ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာဟမားတား Hamata ဆီံမှပါ၊ ရှားရှား ပါးပါး ခွဲစိတ်မွေးရမယ့်
လူနာတစ်ယောက်ရှိလို့ ခုခွဲခန်းကိုလာဖို့ အကြောင်းပါ၊ (ဆရာ ကြီးခေါ်တော့ လည်းသွားရတာပေါ့၊) ဒါနဲ့
ခွဲခန်းရောက်တော့ သူက ခုလူနာမှာ သူကိုယ်တိုင် တစ်ချိန်က စိတ်ရှည်လက်ရှည်နဲ့ သားအိမ်မှ အလုံးကို
ထုတ်ထားပေးရတဲ့ လူနာဖြစ်ပြီး ခုမှကလေးရ လာတဲ့တွက် သူဝမ်းသာတဲ့အကြောင်း နဲ့ အရေးပေါ် လူနာမဟုတ်ပဲ
ခုလို စောစောခေါ်ရတာ ခွင့်လွှတ်ဖို့ အကြောင်း ပြောပါတယ်၊ (ဆေးပညာမှာ Myoma uterus လို့
ခေါ်တဲ့သားအိမ်မှာ အလုံးရှိတဲ့ ရောဂါသည် အမျိုးသမီး တစ်ယောက်အဖို့ ကလေးရဖို့ မလွယ်ပါ။ ခွဲထုတ်လိုက်လျှင်
တော့ တချို့.လည်း ကံကောင်းရင် ရတတ်ပါတယ်၊ ဒါကြောင့်မို့ လည်း သူပျော်နေတာပါ၊) ဒါနဲ့ ကျွန်တော်ကလည်း
ဆရာကြီးရဲ့ အောင်မြင်မှုတွက် ဂုဏ်ယူပါ ကြောင်း အလိုက်သင့်ပဲပြန် ပြောလိုက်ပါတယ်။

ကျွန်တော်တို့ ခွဲစိတ် မှုကို စလိုက်ကြပါတယ်၊ အဲဒီခွဲစိတ်မှုမှာ ပါဝင်တဲ့ Katerina ဆိုတဲ့ ဆရာမ၊က


အတော်လေးလည်လည် ဝယ်ဝယ် ရှိသူပါ၊ သူမက လုပ်ကိုင်ရင်းနဲ့ ကျွန်တော့်ကို လှမ်းမေးပါတယ်၊ “တာတေစိုး”
ဒီလူနာကို မမှတ်မိဘူးလား ကျွန်တော် သူ့ကို ကောင်းကောင်း သိခဲ့ပါတယ်တဲ့၊ ကျွန်တော်ဆိုတဲ့ လူကလည်း
မှတ်မိဖို့ နေနေသာ အားလုံးကို မည်းမည်းချည်းပဲ မြင်နေ တာမို့ (နိုး) လို့၊ “လူနာရဲ့မှတ်တမ်း ထဲမှာလည်း
ကျွန်တော့်နဲ့ ပတ်သက်တာ ဘာမှလည်း မတွေ့ရ ပါလား ဘာများ ထူးထူးခြားခြားရှိလို့လဲ” လို့
ပြန်မေးလိုက်ပါတယ်၊ သူမက၊ “ဒါဆိုလဲပြန် စဉ်းပါအုံး မနှစ်တုန်းက ဒေါက်တာ 'ဘက်' ကြီးနဲ့ စကားများခဲ့တာတော့
မေ့ဦးမယ် မထင်ပါဘူး အဲ့ဒီတုန်းက လူနာ ကောင်မလေးက သူပဲလေတဲ့၊”

သူမရဲ့ စကားကြားရတော့ ကျွန်တော့်ရဲ့ စိတ်တွေ အိပ်ချင်မူးဖြစ်နေရာ က ပြန်နိုးကြားလာပြီး အတိတ်ဆီကို ပြန်


ရောက်လို့ သွားပါတော့တယ်၊ ဒီဇာတ်လမ်းလေးကို ကျွန်တော် တစ်သက် ဘယ်မေ့နိုင်ပါ့မလဲ၊ လွန်ခဲ့တဲ့
တစ်နှစ်ကျော် လောက်က ကျွန်တော်တို့ဆီမှာ ဒေါက်တာ Badlidine ဘက်ဒ လီဒင်း ( အတိုကောက်၊ သူ
11
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

နဲ့လိုက်ဖက်တဲ့ နာမည် Dr Bad လို့ပဲ ခေါ်ပါတယ်) ဆိုတဲ့ မီးယပ်သားဖွား ဆရာဝန် တစ်ယောက် ရှိခဲ့ဖူးပါတယ်၊
ထောင်ထောင် မောင်းမောင်းနဲ့၊ အီဂျစ်က လာတာပါ၊ လန်ဒန် တော်ဝင်သမားတော် ဘွဲ့ကြီး MRCOG ဘွဲ့
ရထားသူပါ၊ ခုလိုဘွဲ့ကြီးမျိုး ပိုင်တာ ဒီနိုင်ငံမှာ တော်တော်ရှားပါတယ်၊ သူနဲ့ မြို.တော်မှာ နောက်တစ် ယောက်
ဒီနှစ်ယောက်ပဲ ရှိမယ်ထင်ပါတယ်၊ ဒါကြောင့် မို့လဲ တော်တော် ဘဝင်မြင့်နေသူပါ၊ အီဂျစ်လည်း ဖြစ်ပြန်တော့
ပိုဆိုးတော့တာပေါ့၊ သူစိတ်တိုင်း ကျတဲ့လူ၊ သူနဲ့ ပြဿနာ မဖြစ်ဖူးတဲ့လူ ခပ်ရှားရှားပါ၊ ပြသာနာကိုမီး
ခွက်ထွန်းရှာတတ်တဲ့ လူစားမျိုးပါ၊ အဲဒီနေ့က သူနဲ့အတူ ကျွန်တော် မေ့ဆေး တာဝန်ကျပါတယ်၊ လူနာလည်း
မများလှပါ၊ ဒါကြောင့်မို့ သူပထမ လူနာခွဲပြီးတဲ့နောက် ဒုတိယ လူနာကို မေ့ဆေးမပေးမီ စပ်ကြားမှာ
သူ့ရဲ့လူနာမှတ်တမ်းကို အေးအေးဆေးဆေး ဖတ်ကြည့်နေမိပါတယ် (အမှန်တော့ ခွဲလူနာတိုင်းကို
တစ်ရက်အလိုမှာ မေ့ဆေးပေးဖို့ သင့်မသင့်ကြိုစစ်ပြီးသားပါ၊ ခုဟာက အချိန်ရလို့ သူ့ရာဇဝင်ကို သက်သက်
စပ်စုနေမိတာပါ။ ဒါဟာပဲ ပြဿနာရဲ့ အစ ဖြစ်သွားလားမသိ) ခွဲရမှာက သားအိမ်ထုတ်ပစ်ဖို့ပါ။ ရောဂါက
သားအိမ်မှာ အလုံးတည်တာပါ (Myoma ပေါ့) အသက်ကို စစ်လိုက်တော့ ၂ဝ ပဲ ရှိသေးတာမို့ အတော်လေး
စိတ်ဝင်စားစရာ ကောင်းနေပါတယ်၊ သနားစရာ ကောင်းနေတာပါ၊ ခုလို အပျိုရွယ် မိန်းကလေးတစ်ယောက်ဖို့
သားအိမ်မရှိ တော့တာဟာ ဘဝသေသွားတာ နဲ့ ဘာထူးတော့မှာလဲ၊ အာဖရိကမှာ ပိုဆိုးတာက ယောက်ျားတွေက
မိန်းမထက် သားသမီးတွေကို ပိုဦးစားပေးတာပါ။ ကလေးမရတဲ့ မိန်းမအဖို့ အိမ်ထောင်မြဲဖို့ မလွယ်ပါ။ ဒါနဲ့
သူ့ဓါတ်မှန်တွေ အသံလှိုင်းနဲ့ ရောဂါရှာတဲ့ Ultrasound တွေကို ဆက် လက်လေ့လာ ကြည့်တော့ အသားလုံးက
ကျွန်တော့် အတွေ့အကြုံအရ သားအိမ် ထုတ်ပစ်ရ လောက်အောင် မကြီးလှပါ။ အလုံးသက်သက် ပဲ
ထုတ်မယ်ဆိုရင် ဖြစ်နိုင်လောက်ပါတယ်။ ခုခွဲစိပ်နေတဲ့၊ အဲဒီတုန်းက ဆေးရုံ အုပ်ကြီး လုပ်နေတဲ့
ဒေါက်တာဟမားတားက ဒီလိုရောဂါမျိုးကို အလုံးတင် ခွဲထုတ်တာ ကျွမ်းပါတယ် ဒီဆေးရုံကြီးမှာ သူတစ်ယောက်ပဲ
ခုလို စိတ်ရှည်လက်ရှည် နာရီပေါင်းများစွာ ကြာအောင် ခွဲလေ့ရှိတာပါ။

အဲဒီတုန်းက အတူကျ နေတဲ့ဆရာမ ကလည်း ခု ကျွန်တော့်နဲ့ ပြောနေတဲ့ နာ့စ် ကက်သရီးနား ပါပဲ၊ သူမက
အခြားသူ တွေနဲ့မတူ ရည်ရည်မွန်မွန် သွက်သွက်လက်လက် ရှိတာမို့ ကျွန်တော်နဲ့လည်း အတော်လေး
လေပေးဖြောင့်ပါတယ်၊ လူနာကလည်း အင်္ဂလိပ်စကား တတ်သူမဟုတ်လေတော့ ကက်သရီးနားကိုပဲ
စကားပြန်လုပ်ခိုင်းပြီး လူနာကို မေးမြန်း ရပါတယ် သူမရဲ့အိမ်ထောင်ရေး အစီအစဉ် ကလေး လိုချင် မလိုချင်
စသဖြင့်ပေါ့ ဒီတော့ မှ သူမက ခုနှစ်ကုန်လျှင် သူအိမ်ထောင် ပြု ဖို့စီစဉ်ထားတဲ့ အကြောင်း နဲ့
ကလေးလိုချင်တဲ့အကြောင်း ပြန်ပြောပါတယ်၊ သူမရဲ့အဖြေ ကိုကြားရတော့ ကျွန်တော် အတော့်ကို
ဖျားသွားမိပါတယ်၊ ဒါဆိုခုခွဲစိပ်မှာက မင်းရဲ. သားအိမ်ကို ထုတ်ပစ်မှာနော် သားအိမ် မရှိတော့ရင် ကလေး
မရနိုင်တော့ဘူး ဆိုတာ မင်းနားလည်လား သဘောပေါက်လား လို့ ပြန်မေးလိုက်တော့၊ သူမက ဟင်အင်း၊ သူသိ
တာက သူ့ဗိုက်ထဲက အလုံးကို ထုတ်ပေးဖို့ပဲတဲ့၊ ခုလည်း သူ့ဗိုက်ထဲက အလုံးပဲဖြစ် အောင်ထုတ်ပေးပါ
ကလေးလည်း လိုချင်ပါတယ်တဲ့ (ဘာမှ မသိ နားမလည် တဲ့အရိုးခံလေးပါ) ဘာမှ နားမ လည်ပဲ နဲ့
အင်္ဂလိပ်လိုရေးထားတဲ့ ခွဲစိပ်မှု သဘောတူညီချက် (Consent) ထဲမှာတော့ 'သားအိမ် ကိုထုတ်ပစ်ရန်
သဘောတူပါတယ်' ဆိုပြီး သူမက လက်မှတ်ထိုးထားပါ သေးတယ်။ တစ်ခုခု တော့ လွဲနေတာ သေချာပါပြီ။

ဒါနဲ့၊ သူမကို ခွဲစိပ်မယ့် ဒေါက်တာဘက် ကိုပဲ သွားပြီး အကျိုး အကြောင်းမေးရပါတယ်၊ ဒီလိုပဲ ကောင်မလေး
ကပြော နေတဲ့ အကြောင်း သားအိမ်တစ်ခုလုံး မဟုတ်ပဲ အလုံးတင် ထုတ်ပေးလို့ ဖြစ်နိုင် မဖြစ်နိုင် တော်ကြာ
အိမ်ထောင်ပြုပြီး မှ ကလေး ရမလာရင် သူ့ရှေ့ရေးအတွက် သနားစရာ ကောင်းပါတယ်လို့၊ ချိုချို သာသာပဲ
12
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကျွန်တော် သူ့ရှင်းပြပါတယ်၊ သူ့အဖြေက၊ (နိုး)တဲ့၊ အလုံး ကအကြီးကြီး ပ၊ဲ လူနာကို သူပြော ပြီးသားပဲ၊ သူပဲ
သဘောတူလို့ လက်မှက် ထိုးပြီးသားပဲတဲ့၊ ဒီတော့ ကျွန်တော်က ဒါဆို သူကိုယ်တိုင် မလုပ်ချင် တောင်မှ
ဒေါက်တာဟမားတား ဆီ ပို့ပေးလိုက်ပါလား ကောင်မလေးက ငယ်ငယ် ရှိပါသေးတယ် ဒီအခွင့်ရေးလေး
တစ်ခုတော့ ပေးသင့်ပါတယ်လို့၊ ဒါကို သူက စိတ်မရှည်တော့တဲ့ပုံစံနဲ့ သူမှမခွဲနိုင်ရင် ဘယ်သူမှတတ် နိုင်မှာ
မဟုတ်ဘူးတဲ့၊ မပို့ပေးနိုင်ဘူး လို့ ပြန်ပြောပါတယ်၊(သူ့ရဲ့မာန်မာန အတ္တတွေပေါ့)။

ဒီတော့ကာ ကျွန်တော်တို့ နှစ်ယောက်သား ကောင်မလေးဆီ ပြန်သွားကြရပြန်တယ်၊ သူမပြောတဲ့ခွဲစိတ် မှုမျိုး


လိုချင်ရင် ကနေ့တော့ မဖြစ်နိုင်ဘူးလို့၊ ဒါကြောင့်မို့ မင်းရဲ့ ဆရာကို မခွဲချင်တော့ဘူးလို့ ပြန်ပြောပြီး ဆေးရုံက
ဆင်းသွား နောက်တစ်ပတ် နေမှပြန်လာပြီး တခြား ဆရာဝန်တစ်ယောက်နဲ့ လာပြန်ပြလို့၊ အဲဒီ ဆရာဝန် နာမည်နဲ့
ရက်ချိန်းကို ငါတို့ ပေးလိုက်မယ်လို့ ရှင်းပြပါတယ်၊ ဒါပေမယ့် ကောင်မလေး က သူနေတဲ့ ရွာက ဝေးတယ် Angola
နယ်စပ်ကို ကျော်လာရတာ လယ်(ပြောင်းခင်း) အလုပ်ကလည်း ခုမှပဲ အားတာမို့ ဒီနေ့ပဲ ရအောင် ခွဲပါဆိုပြီး ဒါကိုပဲ
တတွင်တွင်တောင်းဆို နေလို့ ကျွန်တော်တို့ အခက်တွေ့ရပြန် တယ်၊ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းချက်
က မအောင်မြင်ပါ၊ မနှိုင်းကောင်း နှိုင်းကောင်းပြောရရင်တော့ “ဘုန်းကြီးရူးနဲ့လှေလူး” ပုံစံမျိုးဖြစ်နေပါပြီ၊
တစ်ဖက်ကလည်း ဘာမှမသိ နားမလည် ရှာတဲ့ အရိုးခံလေး၊ ဆရာဝန်က သူဖြစ်ချင်တာ အားလုံး လုပ်ပေးနိုင်မယ်
ထင်နေသူ၊ ကျန်တစ်ဖက်မှာတော့ လူတဖက်သား အရေး ကို ဘာမှမစဉ်းစား ခုတ်မယ် ထစ်မယ်ဆို တဲ့ ဓါးသမား၊
ဆရာဝန် မဆန်လွန်းတဲ့ ဆရာဝန် တစ်ယောက်၊ ဒီကြားထဲမှာက ကျွန်တော် တစ်ခုခုတော့ အပြတ်ဖြတ်မှ
ဖြစ်တော့မယ်။

ဆေးကျောင်းသား ဘဝတုန်းက ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ခွဲစိပ်ပါမောက္ခ ဆရာဝန်ကြီး ဦးကျော်မောင်


ပေးခဲ့တဲ့သင်ခန်းစာ လေးတစ်ခုကိုတော့ ခုထိကျွန်တော် မမေ့သေးပါ၊ ကျွန်တော်တို့ ဆေးကျောင်း
နောက်ဆုံးနှစ်မှာ တုန်းကပါ၊ တစ်နေ့ ကျွန်တော်တို့အုပ်စုကို ခွဲခန်းမှာ စာသင်နေယင်း ဆရာကြီးက မေးခွန်းတစ်ခု
ကောက်မေးပါတယ်၊ “ ခွဲခန်းတစ်ခုမှာ ကွာတဲ့ လူနာတစ်ယောက်ကို ခွဲရာမှာ မေ့ဆေး ဆရာဝန် ပါမယ်၊
ဆရာမတွေပါမယ်၊ ခွဲစိတ်ဆရာဝန် ပါမယ်၊ အဲဒီထဲမှာ ဘယ်သူအရေးကြီးဆုံးလဲ”တဲ့၊ ကျောင်းသားတစ်ချို့က ခွဲစိတ်
ဆရာဝန်၊ တစ်ချို့က မေ့ဆေးဆရာဝန်ဆိုပြီး အမျိုးမျိုး ဖြေကြပါတယ်၊ ဒီတော့ ဆရာကြီးက “မင်းတို့
အားလုံးမှားတယ်၊ မင်းတို့ ခွဲနေ တာက လူနာလေ လူနာက နံပါတ်တစ် အရေးကြီးဆုံး ဖြစ်ရမှာပေါ့ ”တဲ့
လူနာပြီးရင် မေ့ဆေး ဆရာဝန်က ဒုတိယ အရေးကြီးဆုံးပဲ တဲ့ လူနာ့အသက်က သူ့လက်ထဲမှာ ရှိတာတဲ့၊ မင်းတို့
ထဲမှာလည်း တစ်နေ့ကျ ခွဲစိပ်ဆရာဝန်ကြီးတွေ ဖြစ်မယ့်သူ ပါမှာပဲတဲ့၊ အဲဒီ ကျရင် ငါဓါးကိုင်ရတယ် ဆိုပြီး
ဘဝင်မမြင့်ကြနဲ့၊ လူနာကို အလေးထားရမယ်၊ လူလို ဆက်ဆံရမယ်၊ မင်းတို့ ခွဲ နေတာသစ်တုံး တွေလို့
မထင်နေနဲ့တဲ့၊ မေ့ဆေးဆရာဝန် ကိုလည်း နေရာပေးရမယ်တဲ့၊ ဆရာကြီးရဲ့ သြဝါဒနဲ့ ခုအဖြစ်က ကွက်တိပါပဲ၊

အမှန်တော့ ဒီလူနဲ့ ကျွန်တော် ထိပ်တိုက် မတွေ့ချင်ပါဘူး၊ သူက ပြဿနာရှိမှ စားဝင် အိပ်ပျော်တဲ့ လူစားမျိုး၊ ဘာမှ
ပြဿနာမရှိလျှင်ပင် ဆရာဝန်ခန်းထဲ ဆေးလိပ် ထိုင်သောက် ပြီး လာတားတဲ့ သူကို ရန်တွေ့ တတ်တဲ့သူပါ၊
ဒါကြောင့်မို့ တို့ဗမာစကားနဲ့ ပြောရရင် ပြဿနာကို မီးခွက်ထွန်းရှာနေတဲ့ လူစားမျိုးလို့ ကျွန်တော်က ပြောပြတော့
ဒီက လူတွေက နည်းသေးတယ်၊ မီးခွက်မဟုတ်ဘူး ဓါတ်မီးနဲ့ ထိုးရှာနေတာတဲ့၊ ဒီလို တော်တဲ့လူပါ၊ ဒါပေမယ့်
ကိုယ် ကလည်း စ ထားပြီ လက်စနဲ့မို့၊ လျှော့လို့ မဖြစ်တော့ ကျွန်တော် သူ့ကိုအပြတ်ပဲ ပြောလိုက်ပါတယ်၊
“ဒီလူနာကို ပယ်တယ် (postponed ပေါ့) ကျုပ်မေ့ဆေး မပေးနိုင်ဘူးလို့၊” ဒီတော့ သူက ဒေါသ တကြီးပဲခု
13
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

လူနာမှာ မေ့ဆေးမပေး နိုင်စရာ ဘာရောဂါများရှိလို့လဲ consent (ခွဲစိပ်မှုသဘောတူညီချက်) မှာလည်း လက်မှတ်


ထိုးပြီးသားပဲ၊ သူ့အသက်လည်း ပြည့်ပြီးသားမို့ ဘာလိုသေးလဲတဲ့၊ ကျွန်တော်က လည်း ပြန်ပြောလိုက်ပါတယ်
“consent က သူနားမလည်ပဲ ထိုးထားတာမို့ ဒါကို ကျုပ်လက်မခံ နိုင်ဘူး ”လို့၊ ဒါကိသ
ုက ကျွန်တော့်ရဲ့ အလုပ်က
မေ့ဆေး ပေးဖို့ပဲ၊ ဒါ ကျွန်တော့အလုပ် မဟုတ် ဘူးတဲ့၊ မေ့ဆေးပေး စရာရှိ ပေးပါတဲ့ အထက်စီး လေသံနဲ့
ပြောလာနေတာမို့ ကျွန်တော်က ပြန်ချဲပစ် လိုက်မိပါတယ် ခွဲစိပ်မှု ဆိုတာ team work ပဲ၊ သူတစ် ယောက်တည်း
ဇါတ်လိုက်လုပ်လို့ မရဘူး၊ ကျွန်တော်လည်း သူ့လိုပဲ စပါယ်လစ် တစ်ယောက်ပဲ၊ သူ့လက်အောက် ခံမဟုတ်ဘူး လို့
ကျွန်တော့်မှာ အကြောင်း ပြချက်ခိုင်လုံရင် ဘယ်လူနာမဆို ပယ်ချခွင့်ရှိ တယ်လို့၊ နမီးဘီးယားက
ဒီမိုကရေစီနိုင်ငံပဲ သူလဲ မကျေနပ်တာရှိ ကျွန်တော့်လို စာနဲ့ချရေး ပါးစပ်နဲ့ ပြောမနေနဲ့လို့ ပြီးရင် ဆေးရုံအုပ်ကြီး
ဆီမှာသွားရှင်းကြမယ်လို့၊ (ကျွန်တော့်ရဲ့ စာမှာ “လူနာသည် ခွဲစိပ် မှု၏ သဘော သဘာဝကို နားလည်
သူမဟုတ်၍ သူ၏ သဘော တူညီချက်သည် တရားမဝင်ပါ” ရေးထားတာပါ၊) အီဂျစ်ကြီးလဲ ကျွန်တော် မှသာ
မေ့ဆေး မပေးရင် ဘာမှလုပ်တတ်တာ မဟုတ်တော့ နောက်ဆုံးမှာ နီရဲတဲ့မျက်လုံး ကြီးတွေ အကြည့်နဲ့
ထွက်သွားပါတော့တယ်။

သူနဲ့ ကိစ္စပြတ်တော့၊ လူနာကောင်မလေးကို ကနေ့ ခွဲစိပ်လို့မဖြစ်နိုင်တော့တဲ့ အကြောင်း ပြောပြပြီး ပြန်


လွှတ်လိုက်ပါတယ် ကျွန်တော်တို့စီစဉ် ထားတဲ့အတိုင်းသူဘာ ဆက်လုပ်ဖို့ကို ဝဒ်ထဲက ဆရာမကို ရှင်းပြလိုက်
ပါတယ်၊ သူလေးကလည်း ငိုမဲ့မဲ့မျက်နှာလေးနဲ့ ပြန်သွားရ ရှာပါ တယ်။ အဲဒီနေ့က အဖြစ်ကတော့ ကျွန်တော့် အဖို့
ဘယ်ဖက်ကမှ မျက်နှာကောင်း မရခဲ့ တဲ့အ ဖြစ်ပါ၊ ခွဲစိပ် ဆရာဝန်က မကြည်တာထားတော့ လူနာကလည်း
မကြိမ်ဆဲနေရင် ပဲ ကံ ကောင်းလှပြီလို့ ပြောရပါလိမ့်မယ် ထင်ပါတယ်၊ ကက်သရီးနား တစ်ယောက်ကတော့ အား
ပေးဖေါ်ရပါတယ် 'စိုး' စိတ်မပျက်ပါနဲ့တဲ့ ဘုရားသခင်က အားလုံး ကိုနားလည် ပါတယ် ကျွန်တော့ကို ကောင်းချီး
ပေးပါလိမ့်မယ်တဲ့၊ ကျွန်တော်လည်း ဘယ်လိုမှဝမ်းမနည်းခဲ့ပါ၊ ကိုယ့်ရဲ့စေတနာ ကိုယ်အသိဆုံး မဟုတ်ပါလား
ကျွန်တော့်ရဲ့ လုပ်ရပ်က လူနာအကျိုးတွက် သက်သက်ပါ။

ဆရာကြီးကို မျက်နှာရအောင် လုပ်တယ်ပြောရအောင်လည်း သူနဲ့စကားပင် မစပ်ခဲ့မိပါ၊ ဟို “ငပွကြီး” ကလည်း


လူပါးပင်၊ တိုင်လား တောလား ဘာမှမလုပ်ခဲ့ပါ၊ ကျွန်တော်လည်း လူနာနဲ့ လုံးဝထပ်မတွေ့ဖြစ်ပါ၊
တွေ့စရာအကြောင်း မှမရှိတာ၊ ခုမှပဲ တိုက်တိုက်ဆိုင်ဆိုင် ပြန်ဆုံဖြစ်ကြတာပါ၊ ဒါတောင် ဟိုဆရာမ လေး
သာမပြောရင် ခုလည်း သိမှာမဟုတ်ပါ။

ကျွန်တော်လည်း ဘယ်လောက်ကြာအောင် တွေးနေမိလည်း မသိဆရာမက'စိုး' အိပ်ပျော်နေလား “ကလေးထွက်


သွားပြီ၊ ဆေးထိုးစရာရှိ ထိုးတော့လေ” လို့ သတိပေးတော့မှ ပြန်သတိရ လာပါတော့တယ်၊ ကျွန်တော်နဲ့
ကက်သရီးနား တို့ ပြောနေ ဆိုနေကြတာတွေကို ခွဲစိပ်နေတဲ့ ဒေါက်တာ ဟာမတား ကြားတော့မှ ဒီဇာတ်လမ်းကို
သူသိသွားပါတယ်၊ ဆရာကြီးက အစက သူဒီအကြောင်းတွေ ဘာမှမသိပါလား တဲ့၊ ဒါဆိုရင် ခုကလေးရတာ
အတွက်ဒေါက်တာ “မြင့်” ကို ကျေးဇူးတင်ရမှာတဲ့ ကျွနတော့်အတွက် သူဂုဏ်ယူပါတယ်တဲ့၊ (ဒီမှာ အများစုက
ကျွန်တော့် စိုး လို့ပဲ အခေါ်များပါတယ်၊ သူတစ်ယောက်ပဲ မြင့် လို့ ခေါ်တတ်တာပါ။) ဘုရားသခင်ကလည်း
ကျွနတော့် ကို ကောင်းချီးပေးမှာပါတဲ့။

'ဘုရားးသခင်က ကောင်းချီးပေးမှာပါ' တဲ့၊ ဒီစကားမျိုး ကျွန်တော့် လာပြောသူပေါင်း များလှ ပါပြီ


14
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဆရာကြီးထွက်သွားးတော့ ကျွန်တော်က သူတို့ကို ပြောမနာ ဆိုမနာတွေမို့ ခပ်နောက် နောက်ပဲ ပြန်မေးလိုက်


ပါတယ် “ခက်တာပဲလို့ ငါကလည်း ဘုရားသခင်ကို ယုံတာမဟုတ်တော့ သူကလည်း ငါ့သိမှာ မဟုတ်လို့
ဘယ်လိုဖြစ်နိုင်မှာလဲလို့၊ ” သူတို့ကလည်း ပြန်မေးပါတယ်၊

ကျွန်တော်က ဘုရားသခင်ကိုလည်း မယုံဘူးတဲ့ ဘုရားကို မယုံရင် ဘာယုံကြည်ချက်များ နဲ့ခုလို ကောင်းတာတွေ


အမိုက်ခံပြီး လုပ်နေရတာာလဲ တဲ့၊ ကျွန်တော်က ပြန်ဖြေလိုက်ပါတယ် လောကကြီးမှာ ဘာအလုပ်ပဲ လုပ်လုပ်
စိတ်ထား(စေတနာပေါ့) ကောင်းဖို့ အရေးကြီးဆုံးပဲ လို့၊ ကိုယ့်ရဲ့စေတနာတွေ ကောင်းနေသ၍ ကံတွေ
ကောင်းနေမှာပဲလို့၊ ကိုယ့်ကံတွေ ဆိုးလာ ပြီဆိုရင်တော့ ကိုယ့်စေတနာ တွေညံ့လာလို့ပဲ လို့၊ မှတ်ပါလို့၊
သူတို့နားလည်အောင် ဥပမာ လူတွေက ပြောကြထယ်လို့ ဆရာဝန်အလုပ်ဟာ ကုသိုလ်လည်းရ
ဝမ်းလည်းဝတယ်တဲ့၊ မှန်ပါတယ်လို့ ဒါဟာ ကောင်းတဲ့အသက် မွေးဝမ်း ကြောင်းပါလို့၊ ဒါပေမယ့် အသပြာတို့
လက်ဆောင်တို့ ကို မျှော်မှန်းနေတဲ့ ဆရာဝန်တွေ စာနာ မှုခေါင်းပါးတဲ့ ဆရာဝန်တွေရဲ့ကံဟာ မကောင်းနိုင်ဘူးလို့၊
" One makes one's good luck, One makes one bad luck " ဒါဟာ ငါ့စကား မဟုတ်ဘူး ဒို့ ဗုဒ္ဓ
ရဲ့အဆုံးအမပါလို့။ (သူတို့က Bible ကလွဲရင် ဘာမှသိမှာမဟုတ်လို့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါ။)

မကျေပွဲ။ ဒီလူနာကို Dr Bad ကြီးသာ ရှိရင် ခေါ်ပြချင်ပါသေးတယ်၊ ဒါပေမယ့် သူမရှိတော့ပါ၊ အီဂျစ် ပြန်သွားပါပြီ၊
သူလည်းပဲ ဗော်လံတီယာ ဆရာဝန်တစ်ယောက်ပါ သူ့ ကွန်ထရက်သက် တမ်း ကုန်တော့ ကျွန်တော့်လိုပဲ
ဆက်လုပ်ဖို့ လျှောက်ပါတယ်၊ ကျွန်တော်ရပေမယ့် သူမရခဲ့ပါ၊ ကျွန်တော် ကံကောင်းတယ် သူကံဆိုးတယ် လို့
ပဲပြောရမလား။ ဒါမှမဟုတ် ကျွန်တော့် ဒီမှာ ဝဋ္ဋ်ကျွေး မကုန်သေးလို့ပဲလား။

(စိုးမြင့် - မေ့ဆေး)
ခေတ္တ အိုရှာခါတီ
မဟေသီမဂ္ဂဇင်း ၂၀၀၀ ခု။

15
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

သူတို့ဆီက ယာဉ်အန္တရာယ်

ကျွန်တော် အီတိုးရှား လည်ခဲ့စဉ်

အာဖရိကမှာ နမီးဘီးယား လောက်လမ်းပမ်းဆက်သွယ်ရေး ကောင်းတဲ့နိုင်ငံမျိုး အတော်ရှားပါတယ်၊ ကျွန်တော်


တစ်ခါက ရေးခဲ့ဘူးတဲ့အတိုင်းပါပဲ အဝေးပြေးလမ်းမ တွေဆို တာက မျဉ်းဖြောင့်တစ်ကြောင်း
စက္ကူပေါ်ချဆွဲထားသလို ဖြောင့်တန်းနေပြီး ကျယ်လဲ ကျယ်၊ ခင်းထားတဲ့ နိုင်လွန်ကတ္တရာကလည်း
ချောမွတ်နေလေတော့ ကါးမောင်းရတာ အတော်လေး ကေါင်းပါတယ်၊ နမီးဘီးယားဆိုတာကလည်း နိုင်ငံက
အကျယ်ကြီး (စတုရန်းမိုင်သုံးသိန်းကျော်မို့ ကျွန်တော်တို့ နိင်ငံထက်ပင် ကျယ် ပါသေးတယ်)
ဒါပေမဲ့ လူဦးရေက စုစုပေါင်းမှ တစ်သန်းခွဲသာသာ ရှိတာမို့ မြို. ရွာတွေက တစ်ခုနဲ့တစ်ခု အတော်
လှမ်းကြပါတယ်၊ တစ်ခါတစ်ခါ မိုင် ၁ဝဝ၊ ၂ဝဝ မောင်းသွားလို့မှ မြို့ တစ်မြို့  တွေ့ချင်မှ တွေ့ရတတ်တာပါ၊
တစ်ခါတစ်လေများ ကား အဆက်ပြတ်နေရင် ကိုယ်မောင်းနေတာ လူမရှိတဲ့ ဂြိုဟ်တစ်ခုခုပေါ်မှာ များလားလို့ပင်
ထင်ရလောက်အောင် ခြောက်ကပ်ကပ် နိုင်လှ၊ ရှင်းလွန်းလှပါတယ်။

ဒါကြောင့်မို့လည်း ဒီကလူတွေကါးမောင်းတာ မြင်ရတာကြောက်စရာကေါင်းလောက် အောင်ကြမ်းကြပါတယ်၊


သူတို့ရဲ့အဝေး ပြေးလမ်းမမှာ ကန့်သတ်ချက်က တစ်နာရီ ၁၂ဝ ကီလိုမီတာနှုံး(ရ၅ မိုင်နှုံး) ပါ၊ ဒါပေမဲ့
သူတို့တကယ်မောင်းနေကြတာက ၁၅ဝ၊ ၁၆ဝ နှုန်းးထက် ဘယ်သူမှမလျော့ကြပါဘူး၊ (မိုင်အားဖြင့်
၁ဝဝနှုန်းဝန်းကျင်ပါ၊ ၁၈ဝ ထိမောင်းတဲ့လူတွေလဲ မနဲပါဘူး၊ဒါဆို ၁၁၂ မိုင်နှုံးကျော်နေပါပြီ)၊ ဒါကြောင့်မို့ “၁၂ဝ
ကီလိုဟာမင်းတို့ရဲ့အနိမ့်ဆုံးနှုန်းလား ” လို့မေးယူရလောက် အောင်မောင်းကြတာပါ၊
ခုလိုမောင်းနိုင်ြကတာကါးတွေကလည်းကေါင်းလို့ပါ၊ ဒီနိုင်ငံမှာက လူတွေကကါးဝယ်ရင် အင်ဂျင် ပါဝါကြီးကြီးကို
အပြိုင်ဝယ်ကြတာပါ၊ ဆီစါးတာ နည်းတာ၊ များတာ သိပ်မစဉ်းစားကြပါဘူး၊ မြန်ဖို့က အဓိကပါ၊ ခုလို
ကါးတွေကလည်းကေါင်း၊ လမ်းတွေကလည်း ကေါင်းလေတော့၊ ရန်ကုန်နဲ့မန္တလေးလို ဝေးတဲ့ ကျွန်တော်တို့
အိုရှာခါတီ နဲ့မြို့တော်ဝင်းဟုတ် မိုင်၅ဝဝခန့် ဝေးတဲ့ခရီးဟာပုံမှန်အားဖြင့် ငါးနာရီ၊ခြောက်နာရီ လောက်ပဲ
ကြာတတ်ပါတယ်၊ ကါးဝယ်ရ တာလဲဒီမှာအတော်လွယ်ပါတယ်၊ ဂျပန်ကါး၊ အမေရိကန်ကါး၊ အီတလီကါး၊
အဂ်လိပ်ကါး၊ ဘါကါးကြိုက်လဲ၊ အသစ်တတ်နိုင်လါး၊ အဟောင်းပဲဝယ်ချင်လါး၊ ကါးပြခန်းတွေ ကမြို့အနှံ့
မှာရှိပါတယ်၊ အပြိုင်အဆိုင်ရောင်းနေကြ တာပါ၊ မိမိမှာငွေလက်ငင်း ရှိဖို့မလို၊ လက်ရှိ အလုပ်ပြနိုင်ရင် တော်ပြီ၊
16
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အရစ်ကျအကြွေးနဲ့ဝယ်နိုင်ပါတယ်။

နောက်ပြီး၊ ကါးဈေးနဲ့ ဝန်ထမ်းတစ်ဦးရဲ့လစာကလည်း ၆လ၊တစ်နှစ် ဆိုရင် ပဲ ကိုယ်နဲ့တန်ရာ ကါးတစ်စီး


ကေါင်းကေါင်း ဝယ်နိုင်တာမို့၊ ကါးလေးတစ်စီး မှမရှိရင် လဲဘယ်မှမရောက်နိုင်တာမဟုတ်လို့၊ ဝယ်လည်း
ဝယ်စီးကြပါတယ်၊ နိုင်ငံတစ်ခုအနေနဲ့ ခုလို လမ်းပန်းဆက်သွယ်ရေးကေါင်းမွန်ချောမွတ်တာ ဟာအတော့ကို
အားကျ စရာကေါင်းပါတယ်။

နိုင်ငံတစ်ခုရဲ့ စီးပွါးတိုးတက်မှုမှာ လမ်းပန်းဆက်သွယ်မှုက အဓိက အခြေခံအဆောက်အဦး (Infrastructure) ပဲ


မဟုတ်ပါလား၊ ဒါပေမဲ့ ဒီတိုးတက်မှုနဲ့အတူဒွန်တွဲပါလာတဲ့ ယဉ်အန္တရာယ် ကလဲဒီမှာကြောက်ခမန်းလိလိပါ၊
လူဦးရေနဲ့မလိုက် အောင်လဲ များလှပါတယ်၊ နေ့စဉ်တီဗွီနဲ့ သတင်းစါတွေထဲမှာ တွေ့ရပါလိမ့်မယ်။
ယဉ်မတော်တဆမှုနဲ့ သေဆုံး ဒဏ်ရာရမှု တွေ၊ ဖြစ်လိုက် ရင်လဲ မသက်သာလှပါ ကါးတွေဆိုတာ စက္ကူကို
လုံးချေထားသလို၊ သုံး၊လေး၊ငါးလောင်းပြိုင် ဆိုတာလဲမဆန်း၊ ရက်ရှည် ရုံးပိတ်ရက်တွေဆိုပိုဆိုးပါတယ်၊
အထူးသဖြင့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးကါလအတွင်းမှာ ဆို အနောက်နိုင်ငံတွေ အတိုင်းပါပဲ ယဉ်မတော်
တဆမှူနဲ့သေဆုံးထိခိုက်ဒ ဏ်ရာရမှုတွေက ရာနဲ့ချီပြီး နှစ်စဉ် ရှိတတ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့ ကျန်းမာ
ရေးဝန်ထမ်းတွေအဖို့ ခုလိုယဉ်မတော်တဆ မှုတွေကြောင့် အစဉ်အလုပ်ရှုပ်ရပါတယ်၊ အထူးသဖြင့်မသေမရှင်
နဲ့ရောက်လာတဲ့ လူနာတွေဆို ကျွန်တော်တို့ မေ့ဆေးဆရာဝန်တွေ ပိုလို့ အလုပ်ရှုပ်ရပါတယ်၊ အကြောင်းကတော့
ဒီလို မသေမရှင်ဖြစ်နေတဲ့ လူနာမျိုးဆို အရေးပေါ်ဌာနမှာ ကျတဲ့ဆရာဝန်က(လူနာ)အသက်လု
ဖို့တွက်ဦးဆုံးသတိရလေ့ရှိတာက မေ့ဆေးဆရာဝန် တွေမို့ပါ၊ (ဒါကလဲကျွန်တော်တို့ မေ့ဆေး ဆရာဝန်တွေက
ဒီနေရာမှာ အခြားသူတွေထက် ပိုပြီးကျွမ်းလို့ပါ)

ပိုကျွမ်းတယ်ဆိုတာကဒီလိုပါ ယဉ်မတော်မဆဖြစ်မှုကြောင့် ဦးခေါင်း၊မျက်နှာ၊ ဒါမှမဟုတ်ရင်ပတ်ပိုင်းမှာဒဏ်ရာရ


တဲ့လူနာတွေဆိုအဓိကပြဿနာက အသက်မရှူနိုင် တော့တာ၊ သို့မဟုတ် လေပြွန်ပိတ်တာပါ၊
ဒီနေရာမှာကျွန်တော်တို့ မေ့ဆေး ဆရာဝန်အနေနဲ့ အဆုပ် လေပြွန်ဝထိရောက်အောင် Endotracheal tube
(လေရှူပိုက်) ကိုထိုးသွင်းပေးပြီး အသက် ပြန်ဆက်ပေးရတာပါ၊ ဒါကကျွန်တော်တို့လုပ်နေကျအလုပ်ပါ၊
လေကေါင်းကေါင်း မ ရှူနိုင်တော့ရင် ဒီလူနာကြာကြာခံတော့ မှာမဟုတ်လို့ ကျွန်တော်တို့ဖို့ အပြေးအလွှား
သွားနိုင်မှတော်ရုံကျတာပါ၊ ဒီလိုလူနာမျိုးးကိုလုပ်ကိုင်ပေးရတာ ကျွန်တော့ဖို့ စိတ်ကြိုက် မတွေ့ဆုံးပါ၊
ကျွန်တော့အမြင်မှာဒီလူတွေမဆင်မချင်မောင်းကြတာတွေ၊ သောက် သောက်စါးစါးနဲ့မောင်းနေကြတာတွေက
များများနဲ့မို့ပါ၊ နောက်တစ်ချက်ကလည်း ကျွန်တော်တို့ ကသာ ပင်ပန်းတစ် ကြီး လုပ်ကိုင်ပေးရပေမဲ့
ရှင်တဲ့လူနာက ခပ်ရှားရှားမို့ပါ။

ဒီမှာကျွန်တော်တို့ပြောလေ့ရှိတဲ့စကါးတစ်ခုရှိပါတယ်၊ ဥပမာလူတစ်ယောက် ဆုံးသွား တယ်၊


နာရေးကိစ္စတစ်ခုဖြစ်တယ်ဆိုပါစို့၊ ဦးဆုံးမေးလေ့ ရှိတဲ့မေးခွန်းက ယဉ်မတော်တဆ မှူလား၊ မဟုတ်ပါဘူး၊၊
နာနေတာကြာပါပြီဆိုရင်၊ ဒါဆို AIDSကြောင့်ပဲဖြစ်ရမယ်လို့ပြန်ပြော လေ့ရှိပါတယ်၊
ဒီအဖြေနှစ်ခုစလုံးကလွဲခဲပါတယ်၊ ဘာလို့လဲ ဆိုတော့ AIDS ရောဂါက သဘာဝအလျောက်လူသေမှု
မှာနံပါတ်တစ်လူသတ် တရားခံ အဖြစ်ရှေ့ကဦးဆောင်နေသလို သဘာဝမဟုတ်တဲ့လူသေမှု မှာတော့ ဦးဆောင်
နေတာက ယာဉ်အန္တရာယ်ပါ။ ဒါဆို သဘော ပေါက်လောက်ပါပြီ။
17
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကျွန်တော်ကိုယ်တိုင်လည်း ကားမောင်းပါတယ်။ ဒါပေမယ့် ဆေးရုံမှာကါးအက်စီးဒင့်နဲ့ ရောက်ရောက်လာတဲ့ လူနာ


တွေကိုမြင်နေကျမို့၊ ကျွန်တော့ အဖို့မကြမ်းဝံ့ပါ၊ အဝေးပြေးလမ်းမပေါ်ကျွန်တော်မောင်းနေကျနှုံးက ကီလို
၁၁ဝ၊နဲ့၁၂ဝ ကြားမှာပါပဲ၊ ဘယ်တော့မှ ၁၂ဝ မကျော်ပါ၊ (၁၂ဝ ဆိုတာကသူများတွေ ဖို့အနိမ့်ဆုံးနှုံးပါ)
ဒါကြောင့်မို့သူများတွေ မြို့တော်ကို ၅ နာရီ ၆ နာရီမောင်းနေကျခရီးဟာကျွန်တော့ဖို့ ၈ နာရီ ၉ နာရီ
ကြာတတ်ပါတယ်၊ နံနက် ၇ နာရီကထွက်ရင် ညနေ ၅ နာရီ လောက်မှ
ဟိုကိုရောက်တာပါ၊(လမ်းမှာလဲနားနားနေနေပါပဲ) ဒါကြောင့်မို့အပေါင်းသင်း တွေကကျွန်တော့်
ကိုနောက်ကြပါတယ်၊ နမီးဘီးယားကအကျယ်ကြီးမို့လိပ်လိုသွားနေလို့ရင် လမ်းမှာအိပ်ပျော် သွားလိမ့်မယ်တဲ့
ကျွန်တော်ဂရုမစိုက်ပါ၊ အန္တရာယ်ကင်းဖို့က လိုရင်း ပဲမဟုတ်ပါလား၊ ကိုယ့်
အကြောင်းကိုယ်အသိဆုံးပါ၊(ကိုယ်နိုင်ငံမှာ တုန်ုးကဟိုက်ဝေးဆိုလို့ ရန်ကုန်နဲ့သထုံ မိုင်လေး
၁၅ဝထက်ကျော်အောင်တောင်မောင်းခဲ့ဖူးတာမဟုတ်) အဆိုးဆုံးကတသက်လုံး မောင်းလာ
တာကလက်ယာမောင်း ဒီကျမှလက်ဝဲ မောင်းမောင်းရတာပါ သိပ်မလွယ်လှပါ၊
(ကြောင်ပြီးလမ်းမှားဝင်သွားတတ်ပါတယ်) ဒါကြောင့် ဖြစ်နိုင်ရင် ကီလို ၁ဝဝနှုံးထက် တောင်မကျော်ချင်ပါ၊
အမှန်တော့ကီလို ၁၂ဝ နှုံးကျော်လာပြီဆိုရင်ကိုပဲ စတီယာရင် ဘီးက နဲနဲမှအတိမ်းအစောင်းမခံေ တာ့ပါ၊
နောက်တချက်ကလဲ ဒီကအဝေးပြေးလမ်းတွေက အသွား အပြန်ယဉ်ကြောတစ်ခုစီ သာရှိတာပါ၊
ဧရာမကုန်ကါးကြီး ၂ စီးကေါင်းကေါင်းလွတ်အောင် တော့ကျယ်ပါတယ်၊
ဒါပေမဲ့သူတို့မောင်းနေတဲ့နှုံးနဲ့ဆိုကျယ်တယ် လို့မဆိုနိုင်ပါ၊ လက်ကိုင် ဘီးတစ်ချက်နဲနဲလေးလှုပ်သွားရုံနဲ့
တစ်ဖက်ယဉ်ကြော ဒါမှမဟုတ် လမ်းဘေးဆင်း သွားနိုင်တာပါ၊ ဒါကြောင့်မြန်မြန်မောင်းလေ စိတ်ပင်ပန်းလေပါ၊
အသွားအပြန် ယဉ်ကြောနှစ်ခု ဆိုတာကလည်း အလယ်မှာမျဉ်းဖြူတစ်ကြောင်းသာ ခြားထားတာမို့
ဒီလိုနှုံးကြီးနဲ့မောင်းနေ ကြတာတွေးကြည့်ရင် အတော့်ကိုအသဲယားစရာပါ၊ လမ်းကျဉ်းလို့ကါးရှင်းတယ်
ဆိုပြီးတော့လဲ မျဉ်းဖြူကိုခွပြီးလမ်းလယ်မှာမောင်းလို့မဖြစ်ပါ၊ ဘာလို့လဲဆိုတော့ ကါးတွေကမြန်လွန်းတော့
အဝေးကြီးမိုးကုပ်စက်ဝန်းလောက်မှာ အစက်လေးတစ်စက် လောက်နဲ့စတွေ့ရတဲ့
ဆန့်ကျင်ဘက်ကလာတဲ့ကါးတစ်စီးဟာ ချက်ချင်းဆိုသလို ကိုယ့်ရှေ့ကိုရောက်လာနိုင်လို့်ပါ၊
(ဒါဆိုရှောင်ဖို့မလွယ်တော့ပါ) နောက်တစ်ချက်ကလဲ ဟိုက်ဝေးမှာ အကွေ့အ ကေါက်လုံးဝ မရှိသလောက်
ဖြစ်နေလေ တော့ကါးမောင်းရတာ တချိန်လုံး လက်ကိုင်ကိုသာငြိမ်ငြိမ်ကိုင် ထားနေရပြီး
ဘာမှလုပ်စရာမရှိနဲ့မို့ကြာလာတော့ အတော့ကိုပျင်းစရာ၊ အိပ်ငိုက်ချင်စရာ ကေါင်းလာတတ်ပါတယ်၊ ရှုခင်းကလဲ
ခြောက်ကပ်ကပ် Savanah ဆဘားနားမြက်ခင်းလွင်ပြင်၊ ဆူးပင်ပုတွေနဲ့မျက်ခင်းပြင် ဘာမှမဆန်း၊ အထူးသဖြင့်
အဖေါ် မပါတစ်ကိုယ်တည်း ခရီးဝေး မောင်းရတာမလွယ်ပါ။

ယာဉ်မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းတွေကိုလေ့လါကြည့်မယ်ဆိုရင် မမူးဘူးဆို ရင် Overspeed


(သတ်မှတ်နှုံး ထက်ပို မောင်းနှင်မှု၊ ) Overtake (ယာဉ်ချင်းကျော်တက်မှု၊) Overload (မတန်တဆဝန်ပိုတင်မှု၊)
စတဲ့မဆန်းလှ တဲ့အဓိက အကြောင်း ရင်းတွေကိုတွေ့ရမှာပါ။ ဒါပေမဲ့ဒီမှာတခုဆန်းတာကဒီနိုင်ငံမှာဖြစ်တဲ့
ယဉ်မတော် တဆမှုရဲ. ရာနှုံးအတော် များများဟာ ကါးမောင်းယင်း ယဉ်မောင်းသူအိပ်ပျော်သွားလို့ ဖြစ်ရတာပါ
လို့ဆိုထားတာမို့ နဲနဲတော့နားလည်ရ ခက်နေပါတယ်၊ ဒါကြောင့်မို့ တီဗွီကပညာပေး
အစီစဉ်မှာကါးမောင်းနေယင်းအိပ်ငိုက်လာရင် ဆက်မမောင်းပဲ ကါးကိုလမ်းဘေးခဏ လောက်
ထိုးရပ၊်တမှေးလောက်နားပြီးမှ ခရီးဆက်ဖို့ ပြသလေ့ရှိပါတယ်။ ကျွန်တော်ပြောခဲ့သလိုပေါ့၊ ခုလို
18
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ခြောက်ကပ်ကပ်ခရီးရှည်ကြီးမှာ မောင်းရတာငြီး ငွေ့စရာကေါင်းပေမဲ့၊ခုလို အိပ်ပျော်သွားရ လောက်အောင်


ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့တာ အမှန်ပါ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကြုံဘူး လိုက်မှပဲ တသက်မှာမမေ့နိုင်စရာ
သင်ခန်းဖြစ်သွားပါတယ်။

အဲဒီနေ့ကတော့ ၁၉၉၉ မတ်လ ၁၁ ရက် ကြာသာပတေးနေ့ပါ၊ ညနေ ၄ နာရီခွဲခန့်မှာ ကျွန်တော်


တစ်ယောက်တည်း ကျွန်တော်တို့မြို. အိုရှာခါတ Oshakati မှနေကါးမောင်းထွက်ခဲ့ပါတယ်၊ မြို.တော်ဝင်းဟွတ်
မှာကျောင်းတက်နေတဲ့သားကြီးကို တွေ့ရအောင်လို့ပါ၊ ခရီးအားဖြင့် ကီလို ရ၅ဝ ကျော် (မိုင် ၄ရဝ ခန့်) ဝေးပါတယ်၊
ဒီခရီးကကျွန်တော်တခါကရေးခဲ့ဘူးး သလိုပေါ့၊ လမ်းမှာ Tsumeb (ဆူးမက်) Otjiwarango (အိုချီဝရမ်ဂို) နဲ့
Okahanja (အိုကါဟင်ဂျာ) ဆိုတဲ့မြို. လေး ၃ မြို.ကလွဲရင် ဘာမြို.ရွာမှ မရှိပါ၊ ဒီလိုခြောက်ကပ်တာပါ။
ဆူးမက်မြို.က၊ ကီလို ၂၈ဝ ဝေးတာမို့ အကြမ်းအားဖြင့် ခရီးရဲ့ သုံးပုံတပုံပေါ့၊ ကျွန်တော့အစီအစဉ်အရ
အဲဒီမြို.ဆေးရုံလေးမှာညအိပ်ပြီး နောက်နေ့နံနက်စေါစေါထ ခရီးဆက်ဖို့ပါ၊ ဒါဆို၊နောက်နေ့ သောကြာနေ့
နံနက်ပိုင်းမှာ မြို. တော်ကို ရောက်ပါတယ်၊ ရုံးကိစ္စလေးတွေလည်း လုပ်နိုင်အောင်ပါ၊
သောကြာနေ့တစ်ရက်ထဲခွင့်ယူထားတာမို့ ကြာသာပတေး နေ့ ညနေပိုင်း ဂျူတီအပြီးမှာ ထွက်ခဲ့ရတာပါ၊
ဒီလိုပဲအရင်တခေါက်ကသွားဖူးပါတယ်။ ဒီမြို.မှာ ဆေးရုံအုပ်ဖြစ်နေတဲ့ Dr Shimmy ဆိုတဲ့
နမီးဘီးယားဆရာဝန်မက ကျွန်တော်တို့ ဆေးရုံက ပြောင်းသွားတာပါ၊ ကျွန်တော့တပည့်လည်း ဖြစ်ဖူးတာမို့
သူရှိလို့ အဆင် ပြေတာပါ၊ ဒီမြို.က ကြေးနီသတ္တုတွင်းမြို့ငယ်လေးပါ၊ သူမကလွဲရင်လဲ ဘယ်သူ့မှ
ကျွန်တော်အသိမရှိပါ။

အမှန်တော့အဲဒီနေ့ကဒိထက်စေါစေါထွက်ဖို့ပါပဲ မမျှော်လင့်ပဲ သည်းသည်းမည်းမည်း ရွာချလာတဲ့မိုး ကြောင့်


ခဏစေါင့်လိုက်ရတာပါ၊ ဒီခရီးက ၃ နာရီခန့် မောင်းရမှာမို့ နေမဝင်မီရောက်ဖို့ လိုပါတယ်၊ ညဖက်ဆို
တောကေါင်တွေရဲ့ အန္တာရာယ်ရှိတာမို့ မောင်းလေ့မရှိပါ၊ ဒီကမိုးကလဲမကြာတတ်ပါ ချက်ချင်းဆိုသလို
ပြန်ပူလာပါတယ်၊ ကျွန်တော်လည်း ၁၁ဝ၊ ၁၂ဝ ကီလိုနှုံးနဲ့မှန်မှန်ပဲ မောင်းလါလိုက်တာ ညနေ၆ နာရီကျော်ကျော်
ခန့်မှာOshivello (အိုချီဗဲလိုး)ဆိုတဲ့ဂိတ်ကြီးဆီရောက်ပါတယ်၊ ကြုံကြိုက်လို့ပြောရရင် ရှေးတုန်းကတော့
ဒီနေရာကလူဖြူလူမည်း ပိုင်းခြားထားတဲ့ နယ်ခြားပါ၊ အဝေးပြေးလမ်းမကြီးကတောင်မြောက်တန်းနေတာမို့
ကျွန်တော်လါခဲ့တဲ့မြောက်ပိုင်း နေရာကလူမဲတွေရဲ့ဌာ နေဖြစ်ပြီး ရွာလေးတွေတွေ့နိုင်ပါသေးတယ်
ဒီဂိတ်ကိုလွန်သွားရင်တော့ တောင်ပိုင်းမှာ လူဖြူတွေရဲ့ဧရာမမွေးမြူရေးခြံကြီး တွေသာ တွေ့နိုင်ပြီး
လူသူမရှိတော့ပါ။ မြို့တွေအားလုံးက ဂျာမန်တွေအများစုနေတဲ့ အနောက်တိုင်းပုံစံမြို. လေးတွေပါ။
Show all
ဒီဂိတ်ကြီးနဲ့ ဆူးမက်မြို.က ကီလို ၉ဝ (၅ရ မိုင်ခန့်)လိုသေးတာမို့ ခပ်သုတ်သုတ် လေးလေးမောင်းပါမှတစ်နာရီ
ခန့်အတွင်း မမှောင်မီရောက်မှာပါ၊ ဒါကြောင့်မို့ဒီဂိတ်မှာ အချိန်မဖြုံးတော့ပဲ လုံခြုံရေးမှာ ကျွန်တော့နာမည်
နဲ့ခရီးစဉ်ပြော ပြီးတာနဲ့ ဆက်မောင်း ခဲ့ပါတယ်။

ဂိတ်ကြီးရဲ့ဒီဘက်ပိုင်းမှာတော့လမ်းကပိုရှင်း၊ ပိုလဲဖြောင့်ပါတယ်၊ မိုးကုပ်စက်ဝိုင်းထိ အောင်တဖြောင့်ကြီး


မြင်နေရတာပါ၊ အချိန်ကညနေစောင်းဆိုပေမဲ့ ကျနေကြီးက ကျွန်တော့ဖက်မှာ တချိန်လုံး ထိုးနေတာမို့
အတော်ပူပါတယ်၊ ဒါပေမဲ့ ရောက်ချင်ဇောနဲ့မို့ပင်ပန်း ရမှန်းလဲမသိပါဘူး ပိုပြီးမြန်မြန်လေး ၁၂ဝ၊ ၁၃ဝ
ကီလိုနှုံးနဲ့မောင်းလါခဲ့ပါတယ်။
19
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဘာမှမကြာလိုက်ပါဘူး ဖြစ်ပုံကမြန်ဆန် လွန်းလှပါတယ် ကျွန်တော်တစ်ချက် မိုက်ခနဲုဖြစ်သွားတာပဲသိ


လိုက်ပါတယ် ချက်ချင်း ဆိုသလို သတိပြန်ရလို့ ရှေ့ကိုကြည့် လိုက်တော့ ဘာမှမမြင်ရတော့ပါဘူး ဖုံလုံး
ကြီးပဲမြင်ရပြီး၊ ကါးကဦးမော့ နေတာပါ၊ ပြန်စဉ်းစားလိုက်တော့ပထမဦးဆုံး ကျွန်တော်ပြုလိုက်မိတာက၊ ကမန်း
ကတန်း ဘရိတ် နင်းလိုက်တာပါပ၊ဲ ဒိနောက်မှာတော့ ဘာနဲ့မှအတိုက်အခိုက် မရှိပဲ ကါးထိုးရပ်
စက်သေသွားတာပါ။ မကြာမီ ဖုံလုံးကြီဲး လွင့်ပျယ်သွားလို့ ကါးအတွင်းကို ကြည့်လိုက်တော့ ပါလါတဲ့
ပစ္စည်းတွေဖရိုဖရဲနဲ့၊ ကျွန်တော့ကိုယ်ပေါ်မှာတော့ ဘာမှအထိအခိုက်မရှိပါ၊ ဒါနဲ့ ကမန်းကတန်း ခါးပတ်ဖြုတ်
ကါးတံခါး ဖွင့်ပြီးခုန်ဆင်းလိုက်တော့ ကျွန်တော် ကန္တာရဆူး ခြုံတွေ ပေါ်ကျလို့သွားပါတယ်၊ ကျွန်တော့ရဲ့
အဖြူရောင် ကါးလေးက တော့ကါ ကီိရောင် ဖုံအ လိမ်းလိမ်းနဲ့ ဒူးဆစ် လောက်မြင့်တဲ့ကျောက်တုံးတွေပေါ်
ဦးမော့လျက် သားတင် နေတာတွေ့လိုက်ရပါတယ်၊ ဘော်ဒီပိုင်းအနေ နဲ့ ဘါမှအပျက်အစီးမရှိ မှန်တွေပင်
တစ်ချပ်မှကွဲတာမတွေ့ရပါ၊ ရှေ့မီးကြီးတွေလဲလုံးဝမကွဲပါ၊ ဒါကြောင့်ရုတ်တရက်တော့ တော် သေးရဲ့လို့
တွေးလိုက်မိပါတယ် ဒါပေမဲ့ဘီးတွေကိုငုံ့ကြည့်လိုက် တော့၊ (လားလား၊) ရှေ့.ယာဘက်ဘီးဂွေတစ်လုံး ကလွဲရင်
ဘီးတွေအားလုံး တာယာရောဂွေတွေပါ မြင်မကေါင်းအောင်တွန့်လိမ်ကွေ့ကေါက် နေတာဝမ်းနဲ စဖွယ်
တွေ့လိုက်ရပါတယ်၊ “ငါ့ကါးသစ်လေး တော့သွားရှာပြီ” ဆိုတဲ့အတွေးနဲ့ဝမ်းနဲသွားမိပါတယ်၊ ကံကေါင်း
လွန်းတာကတော့ ကျွန်တော့ကိုယ်ပေါ်မှာ ကါးပေါ်ကခုန်ဆင်း လိုက်တုန်းက ရရှိတဲ့ဆူးခြစ် ရာတွေကလွဲရင်
ဘာမှအရှအနာ မရှိတာပါပဲ။ ပါလါတဲ့ကေါ်ဖီ ဓါတ်ဗူးကြီးပင်မကွဲခဲ့ပါ။

ဖြစ်ပုံက ကျွန်တော်တချက်သတိလွတ်သွားချိန်မှာကါးက ကတ္တရာလမ်းမကနေ ၄ဝ၊၄၅ ဒီဂရီလောက်စောင်း


ထိုးဆင်းသွားပြီး လမ်းအပြင်ရောက်သွားတာပါ၊ ကတ္တရာလမ်းမနဲ့ မွေးမြူ ရေးခြံတွေကိုကါထားတဲ့ သွပ်ကြိုး
စည်းရိုးက ဝါး၂ ပြန်၊၃ပြန် လောက် ဝေးပါတယ်၊ ကါးကတနာရီ ရ၅၊၈ဝ မိုင်နှုံးကြီးနဲ့ထိုးဆင်းသွားတာမို့
ကျွန်တော်ဘရိတ် ဖမ်းအုပ်လိုက်ချိန် မှာ ၁၈ဝ ဒီဂရီ တပတ်တိတိလည်ထွက်သွားတာဖြစ်နိုင်ပါတယ်၊
ဒါကြောင့်မို့သာ ကါးခေါင်းပိုင်းက ဘာနဲ့မှမတိုက်မိပဲ နောက်အမြီး ပိုင်း ကသါသွပ်စည်းရိုးနဲ့ဘေးတိုက်
ရိုက်မိပြီးရပ်သွား တာပါ၊ နောက်ဘန်ဘာနဲ့မီးလုံးတွေ ကွဲကုန်ပြီးတောင်ဘက် ကိုမောင်းနေတဲ့ ကါးဦးဟာ
ခုတော့မြောက်ဘက်ကိုပြန်လှည့်လို့နေပါတယ်၊ ဒါပေမဲ့ စည်းရိုးနဲ့ကပ်လျက်ချ ထားတဲ့ကျောက် တုံးကြီး
တွေပေါ်ဘယ်လိုသွားတင်နေတယ်ဆိုတာကတော့ ခုထိအောင် နားမလည်နိုင် အောင်ဖြစ်ရပါတယ်၊ တကဲ့အံ့ဘွယ်
miracle ဖြစ်၇ပ်ပါ။ (ကါးပဲပျံတက်သွားတာလား)

ကျွန်တော်အလွန်ကံကြီးလွန်းပါတယ် ဒီလောက်အရှိန်ကြီးနဲ့လမ်းချော်သွားတဲ့ကါးဟာ ယာဘက်မှာရှိတဲ့ ခြတောင်


ဖို့ကြီးကိုကပ်လွဲသွားသလို၊ ဝဲဘက်မှာရှိတဲ့ ဓါတ်တိုင် ကိုလဲဝင်မတိုက်မိခဲ့တာပါ၊ (ကါးဘီးရာကြီးက ခြတောင်ပို.နဲ.
ဓါတ်တိုင် အကြား ဖြတ်သွားတာတွေ.ရပါတယ်) နောက်ပြီးခြံစပ်မှာရှိတဲ့ကျောက် တုံးကြီး ပေီး ကံကေါင်းတာက
အဲဒအ
ီ ချိန်မှာကျွန်တော် လက်ကိုင်ဘီးကို အလန့်တကြားပြန်မကွေ့လိုက် မိတာပါ၊
ကွေ့လိုက်မိလို့ကတော့ တွနားရောက်တော့လဲ ဦးနဲ့ဝင်မတိုက်ပဲ ကါးကတပတ် လည်သွားပြီး နောက်မြီးပိုင်း သွပ်ခြံ
စည်းရိုးနဲ့ဘေးတိုက်ရိုက်မိပြီး စက်ရှိန် သေသွားတာပါ၊ (သွပ်စည်းရိုးက ပိုက်ကွန်လို အရှိန်ထိန်းလိုက်တာပါ)
ပိုကြါးမှောက်သွားနိုင်ပါတယ် (၃၊ ၄ပတ်လောက်လိမ့်သွား နိုင်တာပါ) မတွေးဝံ့စရာပါ။နောက်ပြီးကျောက်တုံးနဲ့
ကါးကြမ်းပြင်ရိုက် မိစဉ်က ဆီတိုင်ကီကြီး ပေါက်ထွက်သွားပေမဲ့ မီးထမလောင်ခဲ့တာလည်း

20
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အတော်ကံကြီးလွန်းပါတယ်။

အီတိုးရှားမှ ရေအိုင်နဲ့ အကောင်တွေ

ကါးဖြစ်တဲ့နေရာက ဂိတ်ကြီးအလွန် ၃ဝ ကီလို၊ ဆူးမက်မရောက်မီ ၆ဝ ကီလို အလိုမှာပါ၊လမ်းရဲ့ယာဘက်မှာ က


Etosha Panလို့ခေါ်တဲ့ တိရစ္ဆာန် တွေဘေးမဲ့ပေးထားတဲ့ Savannah (ဆဗားနား) လွင်ပြင်ကြီး၊
(ဒီနိုင်ငံမှာအကြီးဆုံး အမျိုးသား ဥယျာဉ်ကြီးပါ) စတုရန်းမိုင် ပေါင်းသောင်းချီကျယ်ပါတယ်၊ ဝဲဘက်မှာကတော့
တမျှော်တခေါ် ကျယ်လှတဲ့ မွေးမြူရေးခြံ ကြီးတွေပါ၊ လူသူအရိပ်ရောင် ဆိုလို့ ဘာမှမရှိ၊ ကတ္တရာလမ်းမပေါ် ရံဖန်ရံ
ခါဖြတ်သွားနေတဲ့ကါးတွေသာရှိပါတယ်၊ အချိန်က ၆နာရီ ၃ဝ လောက်၊ မကြာမီမှောင် တော့မယ်၊
ကျွန်တော့ကါးရဲ.အခြေနေက ကရိန်းကားနဲ့လာဆွဲချမှရတော့မှာမို့ ပထမဦးဆုံး ကျွန်တော် လုပ်ရတာက
လမ်းမဆီထွက်ပြီးစတွေ့တဲ့ကါး ကိုတားပြီး အကူညီတောင်းရတာပါ၊ ကံကေါင်းစွာပဲ ၅ မိနစ်ခန့်အကြာမှာ
ကါးတစီးထိုးရပ်လာပါတယ်၊ လူဖြူနှစ်ယောက်ပါ၊ဆူးမက်ကိုသွားမဲ့လူတွေပါ၊ အကျိုးအကြောင်းပြောပြ တော့ သူတို့
ဆူးမက်ရောက်ရင် ကရိန်းကါး လွှတ်ပေး လိုက်မဲ့ အကြောင်းကတိပေးပြီး ထွက်သွားကြပါထယ်၊ ဒီလို
ဟိုက်ဝေးလမ်းမကြီးပေါ် ကါးတားရတာ မလွယ်ပါ သူတို.က ၈ဝ၊၁ဝဝ မိုင်နှူံးနဲ့တဝီဝီ မောင်းနေကြတာမို့ လမ်းဘေး
သွားရပ်ရတာ ပင်အန္တရာယ် များလှပါတယ်၊ဲ ဒါကြောင့်မို့ကျွန်တော်လဲ ကားဆီပြန်ပြီး မကြာမီ မှောင်လာတော့မှာ မို့
ကြိုတင်ပြင်ဆင်စရာရှိတွေ ပြင်ဆင်လို့နေပါတယ်၊ (ဦးဆုံးကေါ်ဖီနဲ့မုံ့နဲ့ ဗိုက်ဖြည့်လိုက်ပါတယ်)

ကျွန်တော်မတားပေမဲ့ ဖြတ်သွားတဲ့ ကါးအတော် များများက သူတို့ဖါသာရပ်လာပြီး ဘာအကူညီလိုလဲ


ဘာလုပ်ပေးရမလဲ မေးကြပါတယ်၊ အနဲဆုံးတော့ရေလိုလား၊ အစာလို လား ၊ ကမ်းလှမ်းကြပါတယ်
ခုလိုအတော်ချစ်စရာ ကေါင်းတဲ့ဓလေ့လေးကို ဒီနေရာမှာ မချီးမွန်းပဲ ချန်ခဲ့လျှင်တော့ ကျွန်တော်
အလွန့်ကိုတာဝန်မကျေရာကျ ပါလိမ့်မယ်၊ လူတွေ မှာမေတ္တာတရားထားနိုင်ကြသေးတယ် ဆိုတာတွေ့ရလို့
စိတ်ထဲမှာတော်လေးပီတိ ဖြစ်မိရပါတယ်၊ လူဖြူကေါ လူမဲပါ ဒီနေရာ မှာတော်ကြပါတယ်၊ ဒုက္ခရောက်နေတဲ့
လူတယောက်ပေါ်အခွင့်ကေါင်းမယူ ရိုက်စားမလုပ်တတ်ကြပါ။
21
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဒီလိုနဲ့တစတစမှောင်လါတော့ ကျွန်တော်တယောက်ထဲ စိတ်အားငယ်လာမိတယ်၊ ဟိုလူတွေ သွားသတင်း ပို့ရင်


ကယ်ဆယ်ရေးကါး ရောက်လာမှာတော့သေချာပါတယ်၊ ဒါပေမဲ့ ခရီးက နီးတာမဟုတ်လို့ အနဲဆုံး ၃၊၎
နာရီလောက်တော့ ကြာနိုင်တာမို့ ခုလိုလူသူ ကင်းဝေးလှတဲ့ နေရာကြီးမှာအဖေါ်မပါတကိုယ်ထဲ
တညလုံးဘယ်လိုစခန်း သွားမလဲ၊ လုံခြုံရေးစိတ်ချရတယ်ထားအုံး ကပ်ရက်ကတိရစ္ဆွာန်လွင်ပြင်ကြီးမို့
တောကေါင်တွေ အချိန်မရွေးထွက်လာနိုင်တယ်၊ အထူးသဖြင့်မီးရောင်ကို မြင်ရင်ဆင်တွေပဲထွက်
လာပြီးနင်းသွားမလား ၊ ခြင်သေ့တွေပဲလာဆွဲမလား၊ တောဝက်အုပ်စု နဲ့ပဲတိုးမလား၊ ဒီလိုတွေးမိပြီး
ကျွန်တော်အတော်ကြောက်စိတ်ဝင်သွားမိတယ် အဖေါ်တယောက်ယောက်ရှိ ဘာအရေးလဲ
ဒီတော့မှပဲကျွန်တော်လဲ ရဲကိုသတင်းပို့ဖို့ သတိရမိတော့တယ်၊ ကျွန်တော် ဖြတ်ခဲ့တဲ့ ဂိတ်ကြီးမှာ ရဲစခန်းလဲရှိတာမို့၊
နောက်ထပ်ဆိုက်လာတဲ့ ကါးတွေကိုထပ်တား ရဲကို သတင်းပို့ပေးဖို့မှာရပါတယ်။

အီတိုးရှား အမျိုးသားဥယျာဉ်

ဒီနေရာမှာလဲကျွန်တော် ထပ်ပြီးကံကေါင်းပြန်ပါတယ်၊ လြူဖူ အဖိုးကြီးတယောက် သူ့ကါးလေးနဲ့ထိုးဆိုက်လာ၊


ပြေးဆင်းလာပြီး ကျွန်တော့ကိုပြေးဖက်ပါတယ်၊ ပါးစပ်ကလဲ တချိန်လုံးဘုရား ဘုရားတ နေပြီး ဒီလောက်
တောင်ဖြစ်ရ အောင်ဘယ်လိုမောင်းတာလဲ ဘယ်ထိခိုက်သွားလဲ စသဖြင့် ဂရုဏါဒေါသောနဲ.တရစပ်မေး
ပါတော့တယ်၊ ကျွန်တော့ မှာဘာမှပွန်းရာရှရာမ တွေ့တော့သူအတော်အံ့သြသွားတယ်၊ ဒါနဲ့ကျွန်တော်က ဒီလိုပဲ
တောင်ပိုင်းကို မောင်းလာတဲ့အကြောင်းပြောပြတော့သူကသိပ် မယုံချင် ကျွန်တော် ဂယောင်
ခြောက်ခြားဖြစ်နေပြီလို့ သူထင်မှာပေါ့၊(ကါးဦးကမြောက်ဖက်လှည့်နေတာကိုး)

သူက ဆူးမက်မြို့ကကျောင်းဆရာကြီးပါ (တရားဟောဆရာမဟုတ်ပါ) ခြံလဲလုပ်ပါတယ်၊ ကျွန်တော်က တယောက်


ထဲမနေဝံ့တဲ့ အကြောင်းပြောပြတော့ ကိစ္စပြတ်တဲ့ထိ သူအတူနေပေးပါမယ်ဆိုပြီး သူ့ကါးလေးကို
လမ်းဘေးမှာနေရာချ မီးသေးလေးတွေဖွင့်ပြီး ၂ ယောက်သား ကြယ်ရောင် အောက်မှာဧဧဆေးဆေး
22
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ထိုင်စကါးပြောနေကြပါတယ်၊ ကျနော်အိပ်ရေးမဝပဲဒီခရီး တယောက် ထဲမောင်းလာတဲ့တွက် သူကေါင်း ကေါင်း


အပြစ်တင်ပါတယ်၊ ဟုတ်ပါတယ်၊ ဒိမတိုင်မီညက ကျွန်တော်အရေးပေါ်ဝင်ရလို့ အိပ်ချိန် ၄၊၅ နာရီ သာရှိခဲ့ပြီး
အဲဒီနေ့ကလဲခရီးထွက်မလာမီထိ ခွဲခန်းမှာတနေကုန် ပင်ပန်းနေခဲ့တာပါ။

ဒီဆရာကြီးရဲ့နာမည်က Mr Oosyhuysen (မစ္စတာ အော်တူဆင်) ပါ၊ ခုမှသိရတာဖြစ်ပေမဲ့ အတော်


်လေးခင်မင်သွားကြပြီးအနား မှာ သူရှိနေတာအတော့ကို အားရှိသွားပါတယ်၊ ကျောင်းဆရာပီပီ
အပြောကလဲကေါင်း လေတော့ ဒုက္ခတွေလဲမေ့ကုန်ပြီး ပျင်းစရာလုံးဝမကောင်းတော့ပါ၊ ဒီလိုပဲ ည ၇ နာရီကစပြီး
၂ယောက်သား လေထိုင် ရိုက်နေကြတာ ည ၉နာရီ ကျော်တိုင်အောင်ပါပဲ၊ ဒီတော့မှ ရဲ ၂ယောက်နဲ့အတူ
ရဲကါးတစီးဆိုက်ရောက်လာပါတော့တယ်၊ ထုံးစံအတိုင်း စစ်ချက်တွေရေးမှတ်ယူပြီးနောက်
ကျွန်တော်တို့စိတ်မပူရအောင် သူတို့လဲအတူစောင့်နေပေးကြပါတယ်၊ (ချစ်စရာအတော် ကေါင်းတဲ့
အားကိုးရတဲ့ရဲတွေပါ) ကယ်ဆယ်ရေးကါးက ည ၁ဝနာရီကျော်မှရောက်လာတာပါ၊ လူဖြူတစ်ယောက်ထဲ မောင်း
လာတဲ့ ဝန်ချီစက် ကါးငယ်လေးပါ၊

ဒါနဲ့ပဲ ကျွန်တော်တို့အားလုံး ဝိုင်းကူပြီး ကျွန်တော့ကါးကို ကျောက်တုံးပေါ်ကနေ ခဲခဲယဉ်းယဉ်း ဆွဲချရပါတယ်၊


ကါးနဲ.သံဇကါကြိုးတွေ ညိနေတာမို့ မီးပွင့်တွေ တစ်ဖျောင်းဖျောင်း ထပွင့်တာပင်ကြောက်စရာကြီးပါ။တိုင်ကီထဲမှာ
ဓါတ်ဆီများရှိနေလို.ကတော. ဘယ်ပြောကေါင်း မလဲ။ အက်စီးဒင်းတုန်းကသာဆို ကျွန်တော်
ပြာဖြစ်သွားလောက်ပါတယ်။ ကံကြီးလွန်းလို့ပေါ့။

နောက်တော့ ကျွန်တော့်ကါ့ပေါ်ကပစ္စည်းတွေ ဆရာကြီးကါးပေါ်ပြောင်းတင်ပြီး ဆူးမက် ကိုခရီးဆက်ခဲ့ကြပါတယ်၊


ဆူးမက်မြို.ရောက်တော့ ညသန်းခေါင်နီးနေပါပြီ၊ ဒီမှာကျွန်တော့ အသိကလဲ ဒေါက်တာရှင်မီ ပဲရှိတာမို့သူ့
ဆီပဲဆရာကြီးကိုပို့ခိုင်းပြီး အားနာနာ နဲ့သွားနိုး ရပါတယ်၊ သူမ၊ကလဲနားလည်မှုရှိပါတယ်၊ အားပေးဖေါ်ရပါတယ်၊
ကါးက ပစ်လိုက် ရရောဘာအရေးလဲ လူဘာမှမဖြစ်တာပဲ ဘုရားမ၊တာပဲတော်ပြီပေါ့တဲ့၊ (ကါးအတွက်
တော့ကျွန်တော်မနှမြောမိပါဘူး အာမခံရှိတာမို့ပါ) ဒီမှာပဲပစ္စည်းတွေနေရာချ ရေမိုးချိုး ပါလါတဲ့ဟင်းတွေပဲနွှေး
ညစာစားပြီးမောမောပန်းပန်း နဲ့ထိုးအိပ်လိုက်ပါတော့တယ်။

နောက်နေ့နံနက်(သောကြာနေ့) ကျတော့ ဝင်းဟွတ် မှာရှိတဲ့ ကါးအာမခံကုမ္ပဏီ ဆီ ဆက်သွယ် ပြီး


အကျိုးကြောင်းဖုန်းနဲ.သတင်းပို့ရပါတယ်၊ ကျွန်နော်အမှုဖွင့်ထားတဲ့ ရဲစခန်း၊ ကါးကိုဆွဲယူသွားတဲ့ ဝပ်ရှော့
ရဲ့အမည်စတာတွေ ကိုမှတ်ယူထားလိုက်ပြီး ဒီလူတွေနဲ့ဆက်သွယ်ပြီးသူတို့ဆက်လက်ဆောင်ရွက်ပေးမဲ့
အကြောင်း၊ ခုလိုသ တင်းကြားရလို့သူတို့ဝမ်းနဲတဲ့ အကြောင်း၊ အားပေးစကါးပြောပါတယ်၊ ဒိနောက် တော့
ကျွန်တော့ကါးကိုဆွဲသွားတဲ့ Auto Tech ဆိုတဲ့ ဝပ်ရှော့ရှိရာနေရာကို ဒေါက်တာ ရှင်မီ နဲ. သွားကြည့်ရပါ တယ်၊
ဧရာမ ဝပ်ရှော့ကြီးပါ၊ ကါးကဘော်ဒီပိုင်းအနေနဲ့ဘာမှ မဖြစ်တဲ့အတိုင်းပါပဲ။ ကြမ်းခင်း နဲ.အောက်ပိုင်း ကတော့
ကျောက်တုံးတွေနဲ့ရိုက်မိတာမို. အပေါ်ကိုကြွတက်နေပြီးအတော်ကိုပျက်စီးသွားပါတယ်၊ လိုအပ်
တဲ့စာရွက်စာတမ်းတွေ ဖြည့်စွတ်ပြီးနောက် ကါးကိစ္စအဝဝကသူတို့နဲ့ အာမခံရုံးတို့အကြား စာရင်းရှင်း ကြရမှာမို့
ကျွန်တော့အဖို့ဘာမှလုပ်စရာမရှိတော့ပါ၊ ဒါကြောင့်ကျွန်တော့မူလအစီစဉ် အတိုင်း ဝင်းဟုတ်
မြို.ကိုခရီးဆက်ခဲ့ပါတယ်။ ဟိုမှာ ၂ညအိပ်ပြီး တနဂ်နွေ နေ့မှာ အိုရှာခါတီ ကိုပြန်လာခဲ့ပါတယ်။

23
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ပျက်စီးသွားခဲ့တဲ့ Corolla လေး

ဒီမှာ တနင်္လာနေ့ အလုပ်ပြန်ဝင်တော့ လုပ်ဖေါ်ကိုင်ဖက်တွေအားလုံးက ကျွန်တော့ ကိုဝမ်းသာ အားရ


ကြိုဆိုကြပါတယ်၊ အားလုံးက ကျွန်တော့ကို ဘုရားသခင် ကယ်လိုက် တာပဲလို့ဆိုကြပါတယ်။ (ဒါကြောင့်
သူတို.ဘုရား God ကိုယုံယုံကြည်ကြည် နဲ့ကိုးကွယ်ဖို့ ဆိုတဲ့ တိုက်တွန်းသံတွေကပိုလို့ကျယ်လါပါတယ်၊ ကျွန်တော်
God မယုံတာအားလုံးသိနေလို့်ပါ)

ကျွန်တော် ကါးပြဿနာတက်တဲ့အကြောင်းကို ဒီကလူတွေအားလုံးကသိနေကြပါတယ်၊ ဘာလို့လဲဆိုတော့


ဒေါက်တာရှင်မီ ကအဲဒီညသန်းခေါင်အချိန်ကတဲက ဒီအိုရှာခါတီ ဆေးရုံအုပ်ဆီ ဖုံးနဲ့လှမ်းပြောထားတာမို့
နောက်နေ့ သောကြာနေ့ နံနက် ပုံမှန်ဆရာဝန်တွေ အစီးအဝေးကျတော့ ဆေးရုံအုပ်ကကျေညာလိုက်လို့ပါ၊
ဒါပေမဲ့သူတို့ အားလုံးက ကျွန်တော် (ဆေးရုံတက်နေရပြီ ) ထင်နေကြ ပါတယ်။ ကျွန်တော်ကလဲဘာ အဆက်
အသွယ်မလုပ် ခဲ့တော့ပိုထင်ခြင်စရာဖြစ်သွားတာပေါ့။ ဒါကြောင့်ခုကျွန်တော့ကို အကေါင်းပကတိ မြင်ရတော့
အားလုံးကအံ့သြ သွားကြတာပါ၊

ကါးပြဿနာကိုယ်တွေ့ကြုံ လိုက်ရပြီးတော့ ကျွန်တော်သန္ဓိဋ္ဌာန် တစ်ခုချလိုက်ပါတယ်၊ နောင်ကိုယဉ်မ


တော်တဆဖြစ် တဲ့လူနာတွေပေါ် မငြိုမငြင်ပဲအစွမ်းကုန်ပြုစုပမယ်လို့၊ အသက်မရှင်နိုင်တောင်မှ နေရသ
ရွေ့အသက်သာဆုံးကဖြစ်ရအောင် မိမိရဲ့ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား ရှိသရွေ့ကြိုးစားမယ်လို့။

သိပ်မကြာလိုက်ပါဘူး ကျွန်တော့အဓိဋ္ဌာန် ပြည့်သွားတယ်ပြောရမလားမသိ၊ ကျွန်တော်မေ့ဆေးအရေးပေါ် ကျတဲ့


တညနေမှာ ပြင်ပလူနာဋ္ဌာနမှ ဖုန်းနဲ့ အရေးပေါ် ကလှမ်း ခေါ်ပါတယ် “ကါးတိုက်ခံရတဲ့လူနာ တစ် ယောက်
အသက်ကယ်ဖို့လို တာမို့ မေ့ဆေးဆရာဝန် အမြန်လာဖို့ပါ၊” ကျွန်တော်အပြေးအလွှားပဲ သွားခဲ့ ပါတယ်၊
ရောက်တော့လူနာက ဝန်ချီစက်ကါးကြီးကကိုယ်ရဲ့ဘယ်ဘက်အခြမ်း လုံးဦးခေါင်းထိတက်ကြိတ် ခံရတာမို့
အခြေအနေ အတော်ဆိုးပါတယ်၊ အသက်ရှူဖို့ပင်အနိုင်နိုင် ရုံးကန်နေရရှာသူပါ၊ ကျွန်တော်လဲ
အခြားဆရာဝန်တွေအကူအညီနဲ့ခဲခဲယဉ်းယဉ်းပဲ လူနာရဲ့လေပြွန်ထဲကို အသက်ရှူပိုက်ထိုးသွင်း ပေးပြီး
အသက်ရှူစက်နဲ့ဆက်သွယ်၊ အသက်ဆက်ပေးလိုက်ပါတယ်၊ နောက် မော်ဖီးယား ထိုးပေးလိုက်တော့၊
24
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

နဂိုရ်ကရုံးကန်ငြီးညူနေရတဲ့ လူနာခုမှပဲ ညင်ညင် သါသါလေး နဲ.ငြိမ်ကျသွားပါတော့တယ်၊ (ကျွန်တော် လည်း


မိမိရဲ့ လုပ်ရပ်တွက်စိတ်ကျေနပ်မှုရမိပါတယ်)

ကိစ္စအဝဝလုပ်ကိုင်ပေးပြီးတော့မှ အနားကဆရာမတယောက်က ခုဒီလူနာက ခွဲစိပ်ခန်းကဆရာမ Maria မာရီယာ


ရဲ့ ယောာက်ျားဖြစ်တဲ့ အကြောင်းပြောလာပါတယ်၊ ကျွန်တော်အတော့ကိုစိတ်ထိခိုက်သွား မိရပါတော့တယ်၊
ခုမှပဲလူနာကိုအသေချာကြည့် လိုက်မိတော့တယ်၊ ဟုတ်ပါတယ် သူပါပဲ၊ အဲဒီ(မာရကီး လို.ချစ်စနိုးခေါ်တဲ့) နာ့စ်က
ကျွန်တော်နဲ့ခွဲခန်းထဲမှာ အခင်မင်ဆုံးထဲက တယောက်ပါ၊ ဘာကြာသေးလို့လဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆
ရက်ကသူတို့အိမ်မှာ ခရစ္စမတ်ညစာဖိတ်ကျွေးလို့ ကျွန်တော်တို့သားအဖ
၂ယောက်သွားစားကြရသေးတယ်မဟုတ်ပါလား၊ အဲဒီနေ့ကမတ်လ ၂၆ရက်နေ့ဆိုတော့ ၃လတိတိ မတိုင်မီကပေါ့၊
(ကျွန်တော့အဖြစ်နဲ့ဆို ၁၅ရက်တိတိအကြာမှာပေါ့) ပိုပြီးစိတ်မကေါင်းစရာအဖြစ်က အဲဒီနေ့က
ခွဲခန်းထဲမှာကျွန်တော်နဲ့အတူ သူမ၊ရှိနေတာပါ၊ ဒီလူနာတွက်အရေးပေါ် ကဖုန်းနဲ့လှမ်းခေါ်တော့
အမြန်သွားဖို့ကျွန်တော့ကိုအတင်းတွန်း လွှတ်နေတာလဲသူမပါပဲ၊ ခုလူနာကသူ့ယောက်ျားဖြစ်နေတယ်ဆိုတာ
သူမ၊လုံးဝမ ရိပ်မိရှာပါ၊ သိတဲ့လူတွေကလဲသူမကိုမပြောရက်ကြပါ၊ ညဘက်မှာပဲ လူနာကိုအကြီးစားခွဲ စိပ်မှုလုပ်
ကြပါတယ်၊ မရပါဘူး။နောက်နေ့မှာတော့ဆုံးသွားရှာပါတယ်၊ အမှန်တော့ဒီလူရေတိမ်နစ် တာပါ၊လုပ်ငန်းခွင်
မတော်တဆမှုပါ၊ သူ့ကိုတိုက်ပြီး တက်ကြိတ်သွားတဲ့ကရိမ်းကါးက ဖြေးဖြေး လေးပါ၊ တနာရီ ၁ဝ
မိုင်နှုံးပင်မရှိနိုင်ပါ၊ ဖြစ်တဲ့နေရာကလဲဝေးဝေးလံလံမဟုတ် ဆေးရုံရှေ့ ဝင်းထဲတင်ပါ၊
ကျွန်တော့အဖြစ်နဲ့တော့တခြားစီပါ၊ ဘယ်လိုပြောရ မလ၊ဲ ဖြေရမလဲ၊ (ဘုရားသခင်အိပ်ပျော် သွားတာ
တော့မဟုတ်တန်ရာပါ) သတ္တဝါတခု၊ကံတခုလို့ပဲဆိုရမလားပဲ။ (ကျွန်တော်မရေးချင်ဆုံး ရေးရတာ အပင်ပန်းဆုံး
အာဖရိကဇာတ်လမ်းတပုဒ်ပါ ။)

(စိုးမြင့််- မေ့ဆေး)
ခေတ္တ အိုရှာခါတီ Namibia
မဟေသီမဂ္ဂဇင်း 1999

25
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

HIV ကိုမှသွားစိန်ခေါ်မိတဲ့ အချစ်ကြီးသမား

ဂျာမန်ဆေးကျောင်းသားများရဲ့ပါတီပွဲတစ်ခု

နမီးဘီးယားဆိုတာက လူဦးရေ တစ်သန်းခွဲ သာသာတာရှိတဲ့၊ ကမ္ဘာမှာ လူဦးရေ အနည်းဆုံး၊ သက်တမ်း


အားဖြင့်လည်း အငယ်ဆုံးနိုင်ငံထဲက တစ်ခုပါ၊ ဒါပေမဲ့ သူ့မှာ ထူးခြားတာလေးတွေ ရှိပါတယ်၊ ဥပမာ ပညာရေးနဲ့
ကျမ်းမာရေးတွက် ဘတ်ဂျက် အသုံးစရိတ်မှာ အတော့်ကို မြင့်မားတာမို့ ကမ္ဘာမှာ ထိပ်တန်း တစ်ဆယ် (Top 10)
စာရင်းဝင်ပါတယ်၊ ဒါကြောင့်မို့ ဒီမှာ အခမဲ့ ပညာရေး၊ အခမဲ့ ဆေးကုသရေး ဆိုတာ တွေဟာ အပြောသက်သက်
မဟုတ်ပါဘူး၊ ကြိုးစားချင်တဲ့ သူတွေ ထူးချွန်တဲ့သူတွေ ဖို့ အစိုးရရဲ့ အထောက်ပံ့ကို ကောင်းကောင်း ရကြပါတယ်၊
ဒီနိုင်ငံက တက္ကသိုလ်မှာပဲ ဆက်တက်မလား၊ အနောက်နိုင်ငံက တက္ကသိုလ်တခု ခုမှာပဲ ဆက်တက်ချင်လား
အခွင့်အရေး အတော်ကောင်းကြပါတယ်၊ အစိုးရအလုပ်တစ်ဖက်နဲ့ပဲ နိုင်ငံခြားကို ရေတိုရေရှည်သင်တန်းတွေ
သွားသွားတက်ကြတဲ့ လူတွေကိုမြင်မြင်နေရတာ အားကျစရာပါ၊

ကျန်းမာ ရေးတွက်ဆိုရင်လည်း တောကြိုအုံကြားဇနပုတ် ကျေးရွာလေးက လူနာတစ်ယောက်အဖို့


မြို့ပေါ်တက်ဆေးကုရမလား၊ မြို့တော်မှာပဲ ဆေးရုံသွားတက်ရမလား နိုင်ငံတော်စရိတ်နဲ့ အားလုံး
အခမဲ့ရနိုင်ပါတယ်၊ ဒီနိုင်ငံမှာမကုသနိုင်တဲ့ ရောဂါမျိုးဆို ရင်လည်း တောင်အာဖရိကနိုင်ငံထိ ပို့ပေးပါတယ်၊ ဥပမာ
နှလုံးရောဂါ ခွဲစိတ်ကုသမှုမျိုးလို အစားမျိုးပေါ့၊ ကျွန်တော်တို့ဆေးရုံကြီးနဲ့ မြို့နယ်ဆေးရုံလေးတွေ အကြား၊
ကျွန်တော်တို့ ဆေးရုံနဲ့မြို့တော် ဝင်းဟုတ်ဆေးရုံကြီးအကြား မှာ လူနာတွေကို အခမဲ့ပို့
ဆောင်ပေးနေတဲ့ဘတ်စကားကြီးတွေ သူ့ရက်နဲ့သူအချိန်မှန်မှန်ရှိပါတယ၊် ဆေးဖိုးဝါး ခစရိတ်
သယ်ယူပို့ဆောင်ရေးစရိတ်တွက် လူနာရဲ့အိတ်ထဲမှတစ်ပြားမှထုတ်စရာမလိုပါ၊ အတော့်ကိုအား ကျ
စရာကောင်းပါတယ်။

ဒါပေမဲ့ ဒီလိုပဲ Top 10 မှာဝင်နေပြီး အားကျစရာမကောင်းဆုံးတခုကတော့ HIV ရောဂါအဖြစ်နှုန်းမှာလည်း


ထိပ်တန်း ၁ဝ မှာရှေ့နားလောက်မှာရှိနေတာပါပဲ၊ သူ့ထက်သာတာက ဆွာဇီလန်တို.၊ ဘော.စဝါးနားတို.၊

26
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ယူဂန်ဒါတို့ တန်ဇန်းနီးယား တို့လောက်ပဲကျန်တော့မယ်ထင်ပါတယ်၊ ဒီရောဂါပိုးရှိတဲ့လူတွေဟာ လေး


ယောက်မှာတစ်ယောက်နှုန်း မို့ဒီနိုင်ငံမှာ HIV ကနံပါတ်တစ်လူသတ်တရားခံပါ၊ သိပြီးတဲ့အတိုင်းပါပဲဒီ ပိုးဝင်လို့
ကတော့အနှေးနဲ့အမြန်တမလွန်ဘဝကူးရဖို့သေချာနေပါပြီ၊ ဒိအတွက်ကတော့နိုင်ငံတော်ရဲ့စရိတ် ပင်စောင့်ရန်
မလိုပါ။

HIV ရောဂါရယ်လို့ အမေရိကန်မှာစတင်တွေ့ရှိခဲ့တာခုဆိုအနှစ်(၂ဝ)နီးနီးရှိသွားပါပြီ ကာကွယ် ဆေး


ကုသဆေးမတွေ့ သေးတာမို့ (တွေ့တဲ့ကုသဆေးကလည်း မီလျံနာတွေမှသာတတ်နိုင်တာမို့) ခုဆိုရင်ဒီရောဂါ
နဲ့လွတ်ကင်းတဲ့နိုင်ငံရယ်လို့မရှိ တော့ပါဘူး၊ ကမ္ဘာနာဖြစ်နေပါပြီ၊ ကာကွယ်ရေးအတွက်အနေထိုင်ဆင်ခြင်ဖို့
ပညာပေးအစီစဉ်တစ်ခုထဲသာရှိတာမို့ ပညာ ဗဟုသုတအရာမှာ အစစအရာရာသာတဲ့ အနောက်နိုင်ငံတွေ
မှာတော့ ကျွန်တော်တို့အာရှ အာဖရိကနိုင်ငံတွေထက် လိင်ကြောင့် ဒီရောဂါ ကူးစက်နှုန်းကို ထိမ်းထိမ်းသိမ်းသိမ်း
လုပ်လာနိုင်ပြီလို့ဆိုပါတယ်။

ဒါပေမယ့် လူ့စိတ်ဆိုတာက အခက်သားလား၊ ဒီတိုးတက်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေထဲက လူတွေပါပဲ မိမိရဲ့


ချစ်သူမှာ ဒီရောဂါပိုး ရှိမှန်းသိသိကြီးနဲ့ လက်ထပ်ကြတဲ့ စုံတွဲတွေအကြောင်း ဓါတ်ပုံတွေ ဝေဝေဆာဆာ နဲ့မဂ္ဂဇင်း
တစ်စောင် မှာဖတ်လိုက်ရတော့ ကျွန်တော်အတော့ကိုဖျားသွားမိပါတယ်၊ တို့ရဲ့အချစ်က စွမ်းအားကြီး တယ်၊
အရာရာကို ဖြတ်ကျော်နိုင် တယ်၊ သေမင်းကိုမမူဘူးဆိုတဲ့ အဲ့ဒီလူတွေကို အချစ်သူရဲကောင်းကြီးတွေလို့
ပဲခေါ်ရမလား၊ မိုက်တွင်းနက် လွန်းတဲ့လူတွေ လို့ပဲ ကင်ပွန်းတတ်ရမလားပဲ။ လူဆိုတာမိမိရဲ့အသက်ထက်
ဘယ်အရာကိုမှ ပိုပြီး တန်ဖိုးထားနိုင်တာ မဟုတ်တာမို့ ယုံရမှာပင်ခပ်ခက်ခက်၊ ဒါပေမဲ့ ပေါ(လ်) Paul ဆိုတဲ့ဗြိတိ
သျှအမျိုးသားတစ်ယောက်ရဲ့ဇာတ်လမ်းလေး တစ်ပုဒ် ဒီမှာဟိုးလေး
တကျော်ဖြစ်သွားတာ ကိုယ်တွေ့ကြုံလိုက်ရ တော့ အတော်လေးတရားကျသွားမိပါတယ်။
(လောကကြီးမှာအားလုံးဖြစ်နိုင်တာချည်းပါပဲလားလို့)

27
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

At a Cuban Drs' party


Paul ဆိုတာက ၁၉၉၄ခုနှစ်ကကျွန်တော် UNV ဆရာဝန် အနေနဲ့ ဒီကိုရောက်လာပြီးနောက် မရှေးမနှောင်း
ရောက်လာတဲ့ ယူကေနိုင်ငံသား ဆေးဘက်အင်ဂျင်နီယာ Clinical Engineer (VSO Volunteer Service Over
Sea) အဖွဲ့စည်းမှနေ ဗော်လန်တီယာ တစ်ယောက် အနေနဲ့ လာတာပါ၊ သူ့တာဝန်က ဒီဆေးရုံကြီးမှာ ရှိသမျှ
လျှပ်စစ်ပိုင်းဆိုင်ရာ ကိရိယာတွေ၊ အီလက်ထရောနစ် စနစ်တွေကို ပြုပြင် ထိန်းသိမ်းရတာပါ၊ ကျွန်တော်တို့ ဆေးရုံ
ဆိုတာကလည်း လုပ်ငန်း နေရာအတော်များများမှာ အီလက်ထရောနစ် စနစ်၊
ကွန်ပျူတာစံနစ်တွေနဲ့ထိန်းချုပ်ထားတာမို့ သူ့ရဲ့ အခန်းကဏ္ဍ မည်မျှ အရေးပါမယ် သိသာနိုင်ပါတယ်၊ ကျွန်တော်
တိ့ရ
ဲု့ ခွဲခန်းက မေ့ဆေးစက်တွေ လူနာရဲ့ အခြေနေကို ပြတဲ့မီတာတွေ မော်နီတာတွေ လေအေးစက်တွေ အားလုံး
က ကွန်ပျူတာတွေနဲ့ချည်းမို့ သူနဲ့ ကင်းလို့ မရပါဘူး၊ ဒါကြောင့်လည်း သူနဲ့လူချင်းလည်း ခင်နေကြပါတယ်၊
ယုတ်စွအဆုံး ဆေးရုံကမြက်ခင်းပြင်တွေ ရေဖြန်းတဲ့ကိစ္စမှာပင်(ဒီမှာရေရှားလို့ ရေကိုချွေတာတဲ့ အနေနဲ့)
မြေရဲ့အစို ဓါတ် အနည်းအများအလိုက်ရေပန်းတွေကိုကွန်ပျူတာ နဲ့ထိန်းပြီး အလိုအလျောက် အဖွင့်အပိတ်
လုပ်ပေးထားတာမို့ ပေါလ်တစ်ယောက်သာမရှိရင် ဆေးရုံကမြက်ခင်းတွေပင် မစိမ်းစိုနိုင်ဘူးလို့ ဆိုနိုင်ပါတယ်၊
ဒါပေမဲ့ဝမ်းနဲစရာအတော် ကောင်းတာကတော့သူ့ရဲ့ဘဝ ဇာတ်ကြောင်းကတော့ သူ့ရဲ့မြက်ခင်းတွေလို
မစိမ်းစိုသွားခဲ့ပါဘူး။

၁၉၉၅ နှစ်ဦးပိုင်းလောက်မှာ ပေါလ်တစ်ယောက် လူမည်းအမျိုးသမီးတစ်ယောက်နဲ့ စတွဲနေတာ ကျွန်တော်တို့


သတိပြုမိ ခဲ့ကြပါတယ်၊ အဲဒီမျိုးသမီးက ညကလပ်တစ်ခုမှာ စားပွဲထိုးလုပ်နေရာမှ သူနဲ့ဆုံစည်းမိ
ကြတာဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ကလည်း ဂျာမန်ဆေးကျောင်းသားတွေနဲ့ ဒီကညကလပ်တွေ
အတော်လေးစုံအောင် ရောက်ဖူး နေတာမို့ (ဒါကလဲဗဟုသုတအဖြစ်ပါ) ပေါလ်တို့စုံတွဲကို မမြင်ချင်မှအဆုံးပါ၊
နမီးဘီးယားဆိုတာကဧည့်သည် နိုင်ငံခြားသား ပေါင်းစုံရှိတာမို့ ခုလိုဆုံတုန်းတွဲကြ ပျော်ကြပါးကြ၊ ပြီးအချိန်

28
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

တန်တော့ လမ်းခွဲသွားကြတာပါပဲ၊ ဒါမျိုးမဆန်းပါဘူး၊ ဒါပေမဲ့ဆန်းတာကတော့ ပေါလ်တစ်ယောက် မကြာမီ သူမနဲ့


လက်ထပ်တော့မယ် ဆိုတဲ့သတင်းပါပဲ၊ သူကိုယ်တိုင် ကျွန်တော်တို့ကို ဖွင့်ပြောလို့ သိရတာပါ၊ ဒီသတင်းနဲ့
မရှေးမနှောင်းမှာပါပဲ သူမမှာ HIV positive ဖြစ်နေတယ်၊ ” HiV ပိုးရှိနေတယ်ဆိုတာနဲ့၊ သူကဒါကိုပဲ သိသိကြီးနဲ့
လက်ထပ်ယူမယ်ဆိုတဲ့ သတင်းတွေပါပဲ။ ကြားရတဲ့ သူတိုင်းက ဟင်ကနဲ ဟာကနဲ ဖြစ်ကုန်ကြတယ်၊
သူ့တွက်နှမြောမိကြတာပါ၊ အသား ရောင်မတူတာ အဆင့်တန်း မတူတာတွေထားတော့။ ဒါတွေက
ဂုဏ်ပကာသနတွေလို့ ပြောနိုင်ပါတယ်၊ ဒါပေမဲ့၊ ဒီလိုမိမိရဲ့ အသက်ကို နှုတ်ယူ သွားမဲ့ရောဂါကြီးကိုတော့
ဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲ၊ သူကလဲသူငယ်နှပ်စားမဟုတ် ဗဟုသုတခေါင်းပါးသူလဲမဟုတ်၊ သူကိုယ်တိုင်ကိုက
ဘုရားသခင်က သူ့ကို နောက်ထပ်ငါးနှစ်နေခွင့် ပေးရင်ကိုကျေနပ်ပါပြီ သေပျော်ပါပြီ ဆိုနေမှတော့
ဘေးကလူတွေကဘာတတ်နိုင်မှာလဲ။

ကြုံကြိုက်လို့ဗဟုသုတအဖြစ်ပြောရရင် ဒီနိုင်ငံမှာလိင်မှုကိစ္စလွတ်လပ်လွန်းပါတယ်၊ ဒါကြောင့် မို့လဲ HIV ပြသ၁နာ၊


ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ပြသ၁နာတွေက မသေးလှပါ၊ အတည်ယူတာလဲမ ဟုတ်၊
မယူပဲအတူနေတliving together လဲမဟုတ် ဘယ်လိုပြောရမလဲ၊ “ဆန်ဆုံရင်စား ကံကုန်ရင် သွား” ကြတာမို့
ခလေးအဖေလူပျိုတွေ ခလေး အမေ အပျိုတွေ တပုံကြီးပါ၊ ဒါက ထမင်းစားရေသောက်လောက် ကိစ္စပါ
ရှက်စရာလဲမဟုတ်ပါ၊ တစ်ခါက ခွဲခန်းကကျွန်တော့် တပည့် အမျိုးသားနာစ်တစ်ယောက် သူနာမည်က “နံဂပ်ကူ“
ပါ အလုပ်လဲမလာ ခွင့်တင်တာလဲမတွေ့လို့ နောက်နေ့တော. မေးကြည့်မိပါတယ်၊ ဘာများအရေးပေါ်ဖြစ်လို့လဲပေါ့၊
သူကအေးအေး ဆေးဆေးပါပဲ၊ သူ့ရဲ့အရင်ချစ်သူဟောင်းက ခုလအတွက် ကလေးစရိတ်မထောက်လို့
ရဲတိုင်တာနဲ့မနေ့က သူအချုပ်ထဲရောက်သွားလို့ပါတဲ့၊ သူကလဲခုလကျမှအလုပ်များ လို့မေ့သွားတာပါတဲ့၊
သူ့အဖြေကြားရတော့ကျွန်တော် အတော့ကိုဖျားသွားမိပါတယ်၊ ဘာလို့ဆိုတော့ ကျွန်တော့်အမြင်မှာ
ဒီလူ့ကိုခွဲခန်းမှာအရိုးသားဆုံးအလုပ်ကို အကြိုးစားဆုံးလို့ မြင်ထားတာကိုး၊ ဒါနဲ့ကျွန်တော်ကပဲဆက်မေးမိပါတယ်၊
“မင်းကသူ့ကိုချစ်ခဲ့ မိတယ၊်ကလေးလည်း ရနေပြီပဲ”လက်ထပ်ဖို့တော့ ဘာလို့မစဉ်းစားတာလဲလို့ဆိုတော့၊
“တာတေစိုးရယ် လောကမှာနွားနို့တွေ အလကားရ နေမှတော့ ဘာလို့ဒုက္ခခံပြီး နွားတစ်ကောင်
ဝယ်ထားဖို့လိုမှာလဲ ”တဲ့၊ ကျွန်တော်ပိုလို့ ဖျားသွားမိပါတယ်။ဒါကြောင့် မို့လည်း ဒီကတီဗွီမှာ အဖေတွေ
မိမိရဲ့သားသမီးတွေပေါ်တာဝန်ကျေပါဆိုတဲ့ ပညာပေးရုပ်ပြ ဇာတ်လမ်း တိုလေးတွေ မကြာမကြာ
ပြပေးနေတာအဓိပ္ပါယ် အတော်ရှိပါလားလို့ သဘောပေါက်လိုက်မိပါတယ်။ ဒီမှာက ကိုလူပျိုတွေ
ခလေးရလာပြီးရင် ကိုယ်ချစ်ခဲ့တဲ့သူကို လှည့ှ်မကြည့်ကြတော့တာ များလွန်းလို့ပါ။ ကျွန်တော်တို့ဆေးရုံက
သူတို့လူမျိုးဆရာဝန်တစ်ယောက်ဆို တရားဝင်ဇနီးသာ တစ်ယောက်မှမရှိတာ သူ့မှာသားသမီးစုစုပေါင်း ၁၆
ယောက်ရှိ ပါတယ်တဲ့၊ အံ့ရောပဲ။

ဒါတွေကိုရေးပြရတာက ဒီလိုပတ်ဝန်းကျဉ်မျိုးမှာ ပေါလ်ကသူ့ချစ်သူကို ၁၉၉၆ မှာ သားမှတ် မှတ်မယားယား


မှတ်မှတ်တင့်တင့်တယ်တယ် လက်ထပ်ယူခဲ့တာမို့ တော်ရုံမေတ္တာမျိုးထက်အဆပေါင်းထောင်သောင်းမက
သာတယ်လို့ ပြောချင်လို့ပါ၊ သူတို့လက်ထပ်ပြီး နောက်ပိုင်းမှာလည်း သူ့ဇနီးကိုသူအတော်တန်ဘိုးထားမြတ်နိုးခဲ့
ပါတယ်၊ ဗြိတိန်ထိဆွေပြမျိုးပြခေါ်သွားခဲ့ပါတယ၊် ပေါလ်အမေကိုယ်တိုင်လည်း ဒီနိုင်ငံထိလိုက်လာ
ပြီးသူမရဲ့ချွေးမနဲ့အတူ လအတန် ကြာအောင်နေသွားခဲ့ပါသေးတယ်။ သူတို့ရဲ့မဂ်လာပွဲမည်မျှခန်းနားခဲ့တယ် တော့
မရောက်ခဲ့ လို့ကျွန်တော်မသိပါ၊ ဒါပေမဲ့သူ့ဇနီးရဲ့မွေးနေ့ပါတီပွဲကိုတော့ ၁၉၉၇ မှာတက်ခဲ့ဘူးပါတယ် အတော်လေး
ငွေကုန်ကြေးကျခံပြီး တင့်တင့်တယ်တယ် လေးလုပ်ပေးခဲ့တာမို့ သူ့ဇနီးပေါ် သူမည်မျှတန်ဘိုးထား
29
)

)
)

30
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Namibia ကို စရောက်သည့်နေ့၊ Program Officer Venkulan နှင့်

ဆရာဦးခင်မောင်မြင့်ရေ…
ကျွန်တော်က ဒီနမီးဘီးယား နိုင်ငံကနေပြီး ဦးနှောက် စားစရာတွေ၊ မပြေလည်တာတွေ ချည်း ရေး ရေးပြနေတာ
များနေလို့ ဆရာတို့ပါ ရောယောင်ပြီး စိတ်ညစ်ကုန်ကြမှာ စိုးရိမ်မိတယ်ဗျာ။ ပြောရရင်တော့ ဆရာ ရေ၊
အကောင်းရှိရင် အဆိုးလည်း ရှိတတ်တာမို့ စိတ်ညစ်စရာ ကောင်းတာတွေ ရှိသလို ရယ်စရာ၊ ဟားစရာ ကောင်းတဲ့
ဇာတ်လမ်းလေးတွေ လည်း ရှိပါသေးတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်တော့ အဲဒီဇာတ်လမ်းလေး တွေဘက်
လှည့်ကြည့်ကြတာပေါ့နော်။

သိတဲ့အတိုင်းပါပဲ၊ ကျွန်တော်တာဝန်ကျနေတဲ့ အိုရှာခါတီဆေးရုံရဲ့ ခွဲစိတ်ခန်းက အကြီးကြီးမို့ ခွဲ ခန်းဆရာမတွေ


ချည်းကပဲ အယောက်(၄ဝ)လောက်နဲ့ ခွဲခန်းဝင်တဲ့ဆရာဝန်ပေါင်းကအစိတ်လောက်ဆိုတော့
အတော့်ကိုစည်ကားတဲ့ ဌာနကြီးပေါ့ဗျာ။ ကျန်ခွဲစိတ်ဆရာဝန်တွေအဖို့ကတော့ အလှည့်ကျသာခွဲစိတ်ခန်းဝင်ရ
တာမို့ နေ့စဉ်ခွဲခန်းမှာပဲကျင်လည်နေရတဲ့ ကျွန်တော်တို့လို မေ့ဆေးဆရာဝန်တွေလိုတော့ ဆရာမတွေနဲ့
လက်ပွန်းတတီးမရှိလှဘူးပေါ့ဗျာ။ ကျွန်တော်တို့ ကတော့ သူတို့နဲ့ စိတ်ညစ်စရာကြုံလာရင်လည်း အတူတူ၊
ပျော်စရာ ဟားစရာရှိလည်း အတူတူ၊ မျှဝေခံ စားကြရတာပေါ့။ ဆေးရုံတို့၊ ခွဲစိတ်ခန်းတို့ဆိုတာကလည်း
မစည်ကားအပ်တဲ့ အရပ်ထဲမှာ ပါတာမို့ ပျော်စရာတွေ ဆိုတာထက် ငိုအား ထက်ရယ်အားသန်ရတဲ့
အဖြစ်လေးတွေဆိုရင် ပိုပြီးမှန်မှာပေါ့ ဆရာရေ။

ကဲ…ဆရာရေ၊ ဇာတ်လမ်းလေးတွေ စလိုက်ရအောင်နော်။ တစ်ချက်တော့ ကြိုတောင်းပန်ထား ချင်တာကတော့


ခွဲစိတ်ခန်းကဇာတ်လမ်းတွေမို့ နားရှက်စရာအသုံးအနှုန်းလေးတွေပါလာရင် ခွင့်လွှတ်ဖို့ပါပဲ။
ကျွန်တော်အယဉ်ကျေးဆုံး အသုံးအနှုန်းလေးတွေ ရွေးသုံးထားပါတယ်လို့ ကြိုပြောထားပါရစေနော်။
တစ်ခါတော့ ကျွန်တော့်တို့ဆေးရုံကို အနောက်နိုင်ငံသားမျက်နှာဖြူဆရာဝန်အသစ်တစ်ယောက် ရောက်လာ
ပါတယ်။ သူလည်း ဗော်လန်တီယာဒေါက်တာတစ်ယောက်ပါပဲ၊ သူတို့နိုင်ငံအစိုးရကနေ နမီးဘီး
ယားအစိုးရအတွက် အထောက်အပံ့ပေါ့။ သူက ဆီးနဲ့ကျောက်ကပ်ဆိုင်ရာအထူးကုလို့ဆိုပါတယ်။ လူက
ပိန်ပိန်ပါးပါး၊ လေးဆယ်ဝန်းကျင် လောက် မင်နဲ့မောင်းနဲ့ဆိုတော့ အထင်ကြီးလောက်စရာပေါ့။ (အဖြူဆိုရင်ကိုပဲ
ဒီမှာက အလိုလိုနေရင်း အထင်ကြီး ပြီးသားပါ။) စောစောပိုင်းမှာတော့ သူ့ဆီးရောဂါခွဲစိတ်ဌာနမှာ
အခြားနိုက်ဂျီးရီးယားဆရာဝန်တစ်ယောက်လည်းရှိနေလေတော့ သူရဲ့လက်စွမ်းလက်စကို အချိန်အတန်ကြာတဲ့ထိ
ကျွန်တော်တို့ မတွေ့ကြရသေးဘူးပေါ့။

တစ်နေ့ အဲဒီဆရာဝန်က ခွင့်နဲ့သူ့နိုင်ငံကိုခဏပြန်သွားတော့မှ


အဲဒီစပါယ်ရှယ်လစ်(စ)အသစ်စက် စက်ရဲ့ပညာစွမ်းကို ကျွန်တော်တို့တတွေ ကိုယ်တွေ့ တွေ့ရတော့တယ်၊
ဆရာရေ။ အဲဒီနေ့က သူ့ခွဲစိတ်စာရင်းမှာ လူငယ်(၃)ယောက်စာရင်းတင်ထားတယ်ဗျ။ အားလုံးက Circumcision
လိင်တံထိပ်ဖုံးအရေပြားကို လှီးဖြတ်တဲ့ခွဲစိတ်မှု၊ အရပ်စကားနဲ့ပြောရရင် ကုလားလိုရှင် ပြုတာပေါ့ဗျာ။ သူ့လို
စပါယ်ရှယ်လစ်ကြီးတစ်ယောက်အဖို့ကတော့ဗျာ၊ ဆင်တော်နဲ့ ခလောက်လို့ ပြောရမလားပဲ၊ အသေးအမွှား
ကိစ္စပေါ့။ ထားပါတော့လေ၊ ခုမှ မြေစမ်းခရမ်းပျိုးတာမျိုးဖြစ်မှာပေါ့။

31
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

သူ့လူနာတွေမေ့ဆေးပေးရတာကတော့ ကျွန်တော်ပေါ့။ ဦးဦးဖျားဖျားဈေးဦးပေါက်ကျွန်တော်တို့ ဆုံဆည်း ရတာပါ။


ခွဲစိတ်ဆရာဝန်အသစ်မို့ ဘေးကလာလေ့လာပညာယူတဲ့ဆရာဝန်တွေနဲ့ စည်စည်ကား ကားလေးပေါ့။ အဲ၊
ကျွန်တော်က ခွဲနိုင်ပြီဆိုပြီးအချက်ပေးလိုက်တော့ သူလုပ်ပုံကိုင်ပုံကိုကြည့်ပြီး သူ့အထင် ကြီး ချင်တဲ့စိတ်တွေ
ဘယ်ပျောက်ကုန်မှန်း မသိတော့ဘူးဗျာ။ ဂျိုးကလေးကိုကိုင်ပြီး သူက ဘဲဥအစရှာမရဖြစ်နေ တာကိုး။ ဒါနဲ့ ဘေးက
ရပ်ကြည့်နေတဲ့ ကျွန်တော့် မိတ်ဆွေဖိလစ်ပိုင်ဆရာဝန် Dr.Jamora (ဂျမိုရာ)က အသည်းတွေယားလာ လို့နဲ့
တူတယ်။ ဘာမပြောညာမပြောနဲ့ ဝင်လုပ်သွားပေးလို့ ပထမလူနာ(၂)ယောက်က နာရီဝက်လောက်နဲ့
တင်ပြီးသွားပါတယ်။ နောက်ဆုံးလူနာကျတော့မှ သူလုပ်ပါစေဆိုပြီးချန်ပစ်ခဲ့တာပါ။ အဲဒီ တော့မှ
ကျွန်တော့်ဇာတ်လိုက်ဆရာဝန်ကြီးခွဲတာ တစ်ယောက်ထဲတင် တစ်နာရီ လောက်ကြာသွားတယ်။ အံ့ ရောပဲ။
ဆရာတို့လည်း သိမှာပါ၊ ဒီခွဲစိတ်မှုက ဆေးပညာမှာ မူကြိုအဆင့်လောက်ရှိတာမို့ အားလုံးက ဖျားကုန်ကြတယ်။
ပရော်ဖက်ဆာကြီး အေ၊ ဘီ၊ စီ မတတ်သလို ဖြစ်နေတာပေါ့။

ဆရာရေ၊ ဇာတ်လမ်းက ဒီမှာမဆုံးသေးဘူးဗျ။ နောက်နေ့ကျတော့ သူခွဲလိုက်တဲ့လူနာက ဂျိုးတံ


တစ်ခုလုံးသွေးတွေ နဲ့ယောင်ကိုင်းလာလို့ ခွဲခန်းထပ်ဝင်ရပြန်တယ်လေ။ (ယောင်မှာပေါ့၊ သူခွဲတုန်းက သွေး
ကြောတွေမှ အသေအချာပြန်မချုပ် ခဲ့ဘဲကိုး။) ဒါကြောင့်မို့ ချုပ်ရိုးတွေပြန်ဖြေရ၊ သွေးခဲတွေပြန်ထုတ်ပစ်ရ လုပ်
ရတာပေါ့။

ဒါနဲ့ပဲ ခွဲစိတ်ခန်းကလူနာ ဒုတိယအကြိမ်ပြန်ထွက်လာရရော ဆိုပါတော့။ သူ့ဇာတ်လမ်းကလည်း ဒီမှာမဆုံးသေးဘူး


ဆရာရေ့။ ခွဲခန်းအပြင်ဘက်မှာ လူနာကိုဝဒ်ထဲကဆရာမနဲ့ ဆရာမချင်းလွှဲပေးရတော့ ခွဲ စိတ်ဆရာဝန်၊
မေ့ဆေးဆရာဝန် တွေရဲ့ ညွှန်ကြားချက်တွေကို ထုံးစံအတိုင်းအော်ဖတ်ပြရတာကိုး။ အဲ့ဒီမှာ ဆရာမတစ်ယောက်က
သူ့ညွှန်ကြားချက်တွေ နားမလည်ဘူး။ “လူနာကိုယ်တိုင်ထောင်ယူမှာလား? ကျွန်မတို့က
ထောင်ထားပေးရမှာလား? ”...“ကျွန်မတို့လုပ်ပေးရ မယ်ဆိုရင်လည်း
ဘယ်လိုလုပ်ရမယ်ဆိုတာမသိလို့ …တာတေစိုး၊ လာပြပေးပါဦး…” ဆိုတာနဲ့ ကျွန်တော်လည်း မအူမ လည်နဲ့
အပြေးအလွှားသွားကြည့်ရတယ်။ လာပြောတဲ့ ဆရာမကလည်း ရယ်ကျဲကျဲနဲ့မို့ ကျွန်တော်လည်း ဘာများပါလိမ့်
လို့။ (တာတေ…ဆိုတာက သူတို့စကား နဲ့ဆိုရင် မစ္စတာ (သို့ မဟုတ်) ဦးလို့အဓိပယ်ပါ၊ ကျွန်တော် တို့ နားနဲ့ တော့
တစ်မျိုးကြီးပေါ။့ ကျွန်တော်လည်း ဒီရောက်မှပဲ လူစင်စစ်ကနေ တာတေဘဝရောက်ရ တော့တာပဲ။)

ဒါနဲ့ သူ့ညွှန်ကြားချက်ကိုဖတ်ကြည့်လိုက်တော့ elevate the penis for 24 hours (ဂျိုးတံကို ၂၄နာရီထောင်


ထားပေးပါ) လို့ ပါတာကိုး။ ဒါကြောင့်မို့ဆရာမတွေ တရုံးရုံးနဲ့ပွဲကျနေကြတာပေါ့။ ဆရာတို့လည်း ကြုံဖူးမှာပေါ့ဗျာ။
ခြေတွေလက်တွေကိုသာ သွေးမကျအောင်၊ အယောင်လျော့အောင် ကြိုးနဲ့ ဆွဲပြီးထောင်ထားရတာ၊ ဟိုဟာလေး
ကို ထောင်ထားရတယ်ဆိုတာ ရှိမှမရှိတာ။ ကျွန်တော်လည်း ခုမှကြားဖူး တော့တာ။ သွေးကျမကျတော့ မသိဘူး၊
ရှည်လာမှာတော့ သေချာတယ်၊ extend ဖြစ်လာမယ်လို့ ပြန်ပြော လိုက်မိတယ်။

ဒါနဲ့ပဲ အဲဒီနေ့ကစပြီးတော့ ဒီဆရာကြီးရဲ့နာမည်လည်း Extented (အိပ်ခ်စတန်းဒက်) လို့ တွင်သွားတော့တယ်။


(Extend …ဆိုတာက တိုတာကိုရှည်အောင်လုပ်ပေးတာပေါ့၊ ဘာကိုရှည်အောင်လုပ် ပေးမလဲတော့ မသိဘူးလေ။)
သူ့နာမည်ရင်းက Ekstedt (အက်ခ်စတက်) ဆွီဒင်နာမည်ပါ။ သူကလည်း လူသစ်ဆိုတော့
သူ့နာမည်ရင်းကိုမသိဘဲ Extended လို့ ခေါ်တဲ့လူကပိုများနေတယ်။ အသံထွက်ချင်း ကလည်း ခပ်ဆင်ဆင်မို့
32
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

သူ့ခမျာ သူ့နာမည်အသံထွက်မှန်မခေါ်တတ်လို့ခေါ်တယ်ပဲ ထင်နေရှာတယ်လေ။

အဖြစ်ကတော့ဆရာရေ၊ ကြားရင်တောင်ယုံမှာမဟုတ်ဘူး၊ ခုတကယ့်ကိုယ်တွေ့ကြုံနေလို့သာ။ ဒီ ပုဂ္ဂိုလ် ဘယ်လို


ိုဘယ်လိုလုပ်ပြီးဆရာဝန် ဖြစ်လာတယ်ဆိုတာ ကျွန်တော်နားမလည်နိုင်တော့ဘူး။ ပိုပြီးနား မလည်နိုင်တာကတော့
ဒီလောက်နာမည်ကြီးနေတဲ့ စပါယ်ရှယ်လစ်ကြီးကို နေရာမရွှေ့ပစ်ဘဲ ခွဲစိတ်ဌာနမှာ ဆက်ထားနေတာကိုပါပဲ။
ဒါကြောင့်မို့ သူနဲ့အတူအရေးပေါ်တာဝန်ကျတဲ့ လူတွေအဖို့ကတော့ ကံဆိုးတာပေါ့ ဆရာရယ်။
အချိန်မတော်ကြီးမှာ ဟိုလူ့လှမ်းခေါ်ရ၊ ဒီလူ့လှမ်းခေါ်ရ၊ အရပ်ကူပါ လူဝိုင်းပါပဲ။ သူကတော့ ခုထိ
ခွဲစိတ်စပါယ်ရှယ်လစ်က တစ်ပြားသားမှ မလျှော့သေးဘူး။ ကျွန်တော်တို့ကတော့ သူနဲ့အတူတူ အရေး
ပေါ်တာဝန်ကျရင် အဲဒီနေ့အဖို့ ကားမတိုက်ပါစေနဲ့၊ မူးပြီးမရမ်းပါစေနဲ့၊ ဓါးမထိုးပါစေနဲ့ဆိုပြီး စပါယ်ရှယ် လစ်
ကြီးအတွက် စပါယ်ရှယ်ဆုတွေေ တာင်းနေရတယ်ဗျာ။ ဆုတောင်းကောင်း လို့လားတော့မသိဘူး၊ သူနဲ့ပတ်
သက်လို့ ခုထိတော့ကျွန်တော်နဲ့အသေအပျောက်မရှိသေးပါဘူး။

ဆရာဦးခင်မောင်မြင့်ရေ…
အဲဒီ Circumcision နဲ့ပတ်သက်လို့ပဲ မှတ်လောက်သားလောက်ပြောစရာ နောက်တစ် ယောက် ရှိပါသေးတယ်။
သူက စပါယ်လစ်တော့ မဟုတ်ဘူး။ ကျူဗား (Cuba) နိုင်ငံက ပူပူနွေးနွေး ဆေး ကျောင်းဆင်းလာစ
သူတို့လူမျိုးဆရာဝန် ပေါက်စတစ်ယောက်ပါ။
သူပထမဦးဆုံးခွဲတဲ့ Circumcision ကလည်း ကျွန်တော်နဲ့ပဲ။ လူကတော့ခြေမြန်လက်မြန်ပါပဲ။ ဒါပေမယ့် သူစခွဲတာ
ကြည့်ပြီး ကျွန်တော်အတော့်ကိုလန့်ဖြန့်သွားမိတယ်။ လန့်ဆို စခွဲတယ်ဆိုတာနဲ့ လူနာ ရဲ့ ဂျိုးထိပ်ကအရေပြားကို
မဖြတ်ဘဲ အတံ၇ဲ့ထက်ဝက်နေရာလောက်မှာ အရေပြားကို တစ်ပတ်တိတိ လှီးပြီးနေပြီ လေ။ ဒါနဲ့ “ဟ…လင်ဘိုရဲ့
(သူ့နာမည်က လင်ဘိုပါ)၊ မင်းဟာက ထက်ပိုင်းဖြတ်မလို့လား။ နေပါဦး၊ ပြန်စစ်ကြည့်ပါဦး။
လူနာများမှားနေသလား၊ ဒါကဖြတ်ရမယ့် လူနာမဟုတ်သေးဘူး။” လို့ အလန့်တကြား အော်မိတယ်။
ဘေးကကူနေတဲ့ ဆရာမတွေလည်း မျက်လုံးတွေပြူးနေ တာပေါ့။ ဒီတော့ သူက သူလူမမှားပါဘူး၊ Circumcision
လုပ်မလို့ပါပဲတဲ့။ ဒါနဲ့ ကျွန်တော်ကလည်းသူ့ကို ကောင်းကောင်း လှောင်ပြောပြောလိုက်မိ တယ်။ “ ဟ…ဒါဖြင့်
ဒီနည်းကနောက်ဆုံးပေါ်နည်းလား။ ငါလည်းတစ်ခါမှ မတွေ့ဖူးသေးဘူး။ နေပါဦး၊ မင်းရဲ့ဆရာကြီးကို
ခေါ်ပြလိုက်ပါဦး။ သူလည်း ပညာယူတန် ယူရအောင်” လို့။…ဆိုပြီး မနည်းတားထား ရတယ်။ ဒါနဲ့ပဲ နောက်
သူ့ဆရာကြီးရောက်လာတော့ တပည့်လုပ်ပုံကြည့်ပြီး သူ့နဖူးသူလက်ဝါးနဲ့ရိုက်ပြီး အတော်စိတ်ပျက်သွား ရှာတယ်။
သူလှီးထားတဲ့အရေပြား ပြန်ချုပ်ခိုင်းရတော့တာပေါ့။ လူနာကိုလူပျိုလည်း ကံကောင်းလို့ ဘဝဆုံးတော့မလို့။
(ချုပ်ရိုးတစ်ခုတော့ အပိုဆုရသွားတာပေါ့။) ဆရာရေ၊ သူ့ရဲ့ဇာတ်လမ်းက လည်း ခွဲခန်းမှာကနေ့ထိ
ဟားစရာတစ်ခုအဖြစ် ပြောမဆုံးဖြစ်နေတယ်။ “…ရှည်ချင်ရင် Extended ဆီသွား၊ တိုချင်ရင်တော့ လင်ဘို
ရှိတယ်”… ပေါ့။

ပြောသာပြောရတယ် ဆရာရေ၊ ဆေးသမားကတော့မထောင်းသာ၊ လူနာမှာမချိ…ဆိုတဲ့ စကားရှိ သားပဲ။ ခံရတဲ့


လူနာအဖို့ နစ်နာတာပေါ့။ ဂျာမန်ဆေးကျောင်းသားတစ်ယောက်က ပြောပါတယ်၊ သူတို့နိုင်ငံ မှာသာဆိုရင်
ဒါမျိုးဖြစ်လို့ ကတော့ လျော်ကြေးတောင်းလို့ဆုံးမှာမဟုတ်ဘူးတဲ့။ မှန်ပါတယ်၊ လင်ဘိုပါပဲ၊ Otjiwrango
(အိုချီဝရမ်းဂိုး) ဆိုတဲ့ ဂျာမန် အများစုနေတဲ့ မြို့လေးကဆေးရုံကိုပြောင်းသွားတော့ အဲဒီမှာ ဂျာမန်တွေနဲ့
ထိပ်တိုက်တွေ့တော့တာပါပဲ။ ဖြစ်ပုံက လိပ်ခေါင်း လူနာတစ်ယောက်ကို သူခွဲပေးလိုက်တာ စအိုဝကို
33
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

လုံးဝပိတ်ပစ်လိုက်မိလို့ဆိုပြီး သတင်းစာ တွေ၊ရေဒီယိုနဲ့တီဗွီတွေမှာ တော်တော်နာမည်ကြီးသွားခဲ့ တယ်။


(ဒီနိုင်ငံမှာက နာမည်ကြီးချင် လွယ်တယ် ဆရာရေ့။ သတင်းတွေက သိပ်ကိုလွတ်လပ်တယ်လေ။) အဲဒီကိစ္စ
ဒီတင်ရပ်မသွားဘူး၊ လင်ဘို့ကျေးဇူးနဲ့ သူတို့ရဲ့ပါလီမန်မှာ ကျန်းမာရေးဝန်ကြီး ကိုယ်တိုင် အတိုက်အခံပါတီရဲ့
ထိုးနှက်တာကို ကောင်းကောင်းကြီးခံလိုက်ရရှာတယ်။

ခုတော့ အဲဒီဆရာကလေးလည်း ကျွန်တော်တို့ဆေးရုံကို ပြန်ရွှေ့လိုက်ပါပြီ။ သူကတော့ ဘာမှ မဖြစ်တဲ့အတိုင်း


ခပ်ပျော်ပျော်ပါပဲ။ နောက်ဆုံးပေါ်ဂျပန်ဆလွန်းကားအသစ်ကြီးနဲ့ အခုမှကားအမောင်း စသင် နေလေ၇ဲ့။

ဆရာဦးခင်မောင်မြင့်ရေ…
သူတို့ရဲ့ခွဲစိတ်ပါမောက္ခကြီးနဲ့ပတ်သက်ပြီး ကြုံရတာတစ်ခုရှိပါသေးတယ်၊ တစ်နေ့တော့ အသက်ရှူလေ ပြွန်ထဲ
သစ်စေ့မတော်တဆဝင်သွားလို့ အသက်ရှူကျပ်နေတဲ့ကလေးတစ်ယောက်ရောက်လာတယ်။ (သစ်စေ့)
ပြန်ထုတ်ပေးရဖို့ပေါ့။ အဲဒီ operation (ခွဲစိတ်မှု) မှာက လူနာရဲ့ လေပြွန်ထဲကို သတ္တုပိုက်လုံးတစ်ခုထိုးသွင်း ပြီး
ညှပ်နဲ့ သစ်စေ့ကို ပြန်ဆွဲထုတ်ရတာပါ။ အဆင်ပြေရင်တော့ မိနစ်ပိုင်းအတွင်းခဏလေးပါ။ဒါပေမယ့် အဲဒီနေ့က
ကံဆိုးချင်တော့ သူု့ပိုက်က လေပြွန်ကိုမတော်တဆ ထိုးဖောက်မိပြီး အဆုတ်ထဲထိရောက် သွားတယ်။
မေ့ဆေးဆရာဝန်ကတော့ ကံဆိုးသူကျွန်တော်ပါပဲ။ သွေးတွေမနည်းပန်းထွက်လာတယ်၊ နဂိုကမှ
အသက်ရှူကျပ်နေတဲ့ကလေးဆိုတော့ အခြေအနေကအရမ်းကိုဆိုးသွားတော့တာပေါ့။ ခွဲစိတ်မှုကလည်း ရင်ကို
ဖွင့်ပြီး အဆုတ်တစ်ပိုင်းပါဖြတ်ထုတ်ရတဲ့ အခြေအနေကိုရောက်သွားတယ်။ ဒါပေမယ့် အခြေအနေ အားလုံး ကို
ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်ပြီး အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။ (ပရော်ဖက်ဆာနဲ့မို့လို့ပေါ့။)
ဒါပေမယ့် ကံဆိုးချင်တော့ ဆရာရေ၊ အဲဒီကလေးက ခွဲပြီး (၂၄)နာရီမပြည့်မီမှာ မမျှော်လင့်ဘဲ ဆုံးသွားလို့
Anaesthetic Death (မေ့ဆေး လူသေမှု) ဖြစ်သွားခဲ့တယ်။ ဒါနဲ့ ထုံးစံအတိုင်း ရဲနဲ့အမှုဖွင့်ရ၊ လူသေမှုအစီရင်ခံစာ
(Death Statement) ရေးရမယ့် ကိစ္စတွေဖြစ်လာတော့တယ်။ ဆရာကြီးကတော့ ခရီး ထွက်သွားလို့ ဘာမှမသိ
ိလိုက်ပါဘူး။

ဒီကိစ္စအပေါ်ယံကြည့်ရင် ပရော်ဖက်ဆာကြီးလက်လွန်သွားတဲ့ပုံဖြစ်နေတော့ Statement ရေးရတာ


အတော်လက်ဝင်နေတယ်။ စကားလုံးအသုံးအနှုန်း ထိန်းထိန်းသိမ်းသိမ်းရေးဖို့ပေါ့။ ဒီလိုပဲ ကျွန်တော်ရေးပါ တယ်။
ခွဲခန်းဆရာမ(၃)ယောက်လည်း ရေးရပါတယ်။ သူတို့လည်း ဆရာကြီးနဲ့ပတ်သက်နေတော့ ခပ်လန့် လန့််ပေါ့။
အရမ်းလည်းမရေးရဲတော့ ဆရာကြီးရေးခဲ့တဲ့ဆေးမှတ်တမ်းတွေက ကူးရေးကြပါတယ်။ သူ့မှတ် တမ်းမှာက
သွေးတွေအများကြီး ပန်းထွက်လာတယ်၊ (Massive bleeding)…လို့ပါတာကိုး။ ဒါကိုလည်း
သူတို့ကတိုက်ရိုက်ကူးရေးကြတယ်။

သူတို့ရေးတာတွေကိုဖတ်မိပြီး ကျွန်တော်ရင်တုန်သွားမိတယ်။ ရဲတို့၊ ရုံးတို့ရောက်မယ့်အစီရင်ခံစာ မှာ ဒီလို


တစ်ဖက်စွန်းအရေးအသားမျိုး၊ သူတစ်ဖက်သားကိုထိခိုက်မယ့်အရေးသားမျိုး မရေးသင့်ဘူး၊ မယုတ်
မလွန်ရေးရမယ်ဆိုတာ ဆေးကျောင်းသားဘဝကတည်းက ကျွန်တော်တို့ကို သင်ထားပြီးသားပါ။ ဒီပရော်ဖက်
ဆာကိုမှ မဟုတ်ပါဘူး။ ဒါကြောင့်မို့ လျှော့လျှော့ပေါ့ပေါ့…သွေးအချို့ထွက်တယ် (bleeding some
amount)…လောက်ပဲရေးဖို့ သူတို့ကို ကျွန်တော်သတိပေးပါတယ်။ ဆရာကြီးရေးထားတာက ဆေးမှတ်တမ်း
အနေနဲ့ရေးထားတာ။ ရဲစခန်းအတွက် မဟုတ်ဘူး လို့၊ ဒါပေမယ့်သူတို့က သူတို့ပါမောက္ခရေးတာဆိုရင်
34
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

သမ္မာကျမ်းစာလိုသဘောထားနေလေတော့ ကျွန်တော့် စကားကအရာမထင်ခဲ့ပါဘူး။

အဲဒီအစီရင်ခံစာတွေအားလုံး ဆိုင်ရာဆိုင်ရာတွေဆီပို့ပြီးတော့မှ ဆရာကြီးပြန်ရောက်လာတယ်။ ဒီ တော့မှ


မှတ်တမ်းတွေဖတ်ကြည့်ပြီး ဘယ်ပြောကောင်းမလဲဗျာ၊ ခွဲခန်းဆရာမတွေကို သိမ်းကြုံးပြီးဆူတော့ တာပေါ့။
သူလုပ်တာ ဒီလောက်သွေးမထွက်ပါဘူး တဲ့။ (သူလည်းပဲ ဘယ်အသားနာခံချင်ပါ့မလဲဗျာ၊ ဒါက
သဘာဝကျပါတယ်။) ဆူတာ တောင်နည်းသေးတယ်။ ဆရာမတွေက ရှေ့တင်တော့ဘာမှပြန်မပြောရဲကြပါဘူး။
နောက်ကွယ်မှာတော့…ငါပြောသလိုလုပ်၊ ငါရေးသလိုလိုက်မရေးနဲ့…စကားကလေးတွင် ကျန်ရစ်ခဲ့ပါတယ်။
(ဒီကလေးဆုံးရတာက သွေးကြောထဲလေဝင်သွားတာ၊ air embolism ကြောင့်ဆိုတာ နောက်တော့ ရင်ခွဲရုံ က
အဖြေသိရပါတယ်။ ပရော်ဖက်ဆာကြီးကံကောင်း တယ်ဆိုရ မှာပေါ့။)

ဒါကြောင့်မို့ ကျွန်တော်ရေးခဲ့ဖူးတာပေါ့။ Anaesthetic death ရေးရတဲ့ကိစ္စဟာ အတော်ဦးနှောက်စားရ တယ်လို့။


ဆရာရေ၊ ဒီလိုအစီရင်ခံစာရေးတာနဲ့ပတ်သက်ပြီး မကြာမီကမှရောက်လာတဲ့ Cuba နိုင်ငံက
မေ့ဆေးဆရာဝန်အသစ် တစ် ယောက် ရဲ့ ရေးပုံရေးနည်းကလည်း မှတ်သားစရာကောင်းလွန်းလို့ ဆက်ပြီးပြော
ချင်ပါသေးတယ်။ အဲ့ဆရာကလည်း သူ့နိုင်ငံမှာ ပရော်ဖက်ဆာအဆင့်ရှိတယ်လို့ပြောတာပဲ။ ကြုံလို့ပြောရရင်
ဒီနိုင်ငံကို ရောက်လာတဲ့ဆရာတွေအားလုံး လိုလိုဟာ ကိုယ့်ထက်သာတဲ့လူတွေချည်းပါပဲ။ ဘယ်သူမှ (ပရော်
ဖက်ဆာအဆင့်မဟုတ်တောင်) စပယ်ရှယ်လစ်အဆင့် ထက်မလျော့ပါဘူး။ တစ်ချို့များဆိုရင် စပါယ်ရှယ်လစ် က
တစ်မျိုးတောင်မကဘူး၊ သုံးလေးမျိုးတောင်ပိုင်တယ်လို့ ဆိုကြတာပဲ။ ထားပါတော့လေ၊ ဒါကကြုံကြိုက်
တုန်းပြောရတာပါ။ မနာလိုမရှိပါဘူး။

Cuban တွေက ထုံးစံအတိုင်း စပိန်စကားနဲ့ တစ်သက်လုံးကြီးပြင်းလာတာမို့ အင်္ဂလိပ် စါ ကို ဒီ ရောက်မှပဲ


အသေအလဲဖတ်နေကြရတာပါ။ ဖြစ်ချင်တော့ အဲဒီမေ့ဆေးဆရာကြီးလည်း ရောက်လို့မှဘာမှ မကြာလိုက်ဘူး။
ခွဲရင်းစိတ်ရင်း လူနာကဆုံးသွားလို့ မေ့ဆေးလူသေမှု နှဲ့Statement ရေးဖို့ ကြုံလာတယ်။ ဖြစ်ပုံက ခွဲစိတ်နေတုန်း
သွေးကိုလိုသလောက်မရနိုင်လို့ (၂)ပုလင်းပဲ သွင်းလိုက်နိုင်တယ်။ လူနာက သွေး ထွက်လွန်ပြီး ဆုံးသွား တာကိုး။
အင်္ဂလိပ် လိုမို့ သူ့ခမျာလည်း အတော်ကြိုးစားပမ်းစား ဘောပင်ကို တံတွေးဆွတ် ရေးယူရရှာတယ်။ ပြီးတော့
ကျွန်တော့်ကို လာပြပါတယ်။ မှားရင်လည်း ပြင်ရ အောင်ပါ။

သူ့စာကိုဖတ်ကြည့်လိုက်တော့ နောက်ဆုံးအဆုံးသတ်မှာ ရေးပုံလေးက“Blood out.. blood in, Blood


out..blood in, Blood out more, the patient died” တဲ့။ သွေးထွက်တယ်၊ သွေးသွင်းတယ်။ သွေးထွက်တယ်၊
သွေးသွင်းတယ်။ သွေးထွက်တာက ပိုသွားတယ်။ လူနာဆုံးသွားတယ် …ပေါ့၊ မဟုတ်လားဆရာ။ ရှင်းပါတယ်နော်။
ဒီလောက် ရှင်းနေလွန်းတဲ့စာကိုမှ သွားပြင်လိုက်ရင် ကျွန် တော့်လောက်မိုက်တဲ့လူ ဘယ်ရှိတော့မှာလဲ။
ဒါကြောင့်…မပြင်တော့ပါဘူး၊ သိပ်ကောင်းပါတယ်၊ ရှင်းပါ တယ်…ဆိုပြီး သူ့ပြန်ပေးလိုက်တယ်။ နားလည်ဖို့က
လိုရင်းမဟုတ်လားဗျာ။ အဲ…ကျွန်တော့်စိတ်ထဲမှာ သိချင်စိတ် ပြင်းပြတာနဲ့ တစ်ခုတော့ သူ့ပြန်မေးလိုက်မိတယ်။
The Princes and the Photographer (ရွှေမင်းသမီးနဲ့ဓါတ်ပုံဆရာ) ရုပ်ရှင်များ ကြည့်ဖူးသလား…လို့။
သူကလည်း…ရက်(စ်)၊ ရက်(စ်)၊ မက္ကဆီကိုနိုင်ငံမှာတုန်းက သူကြည့်ခဲ့ဖူးတယ်။ သိပ် ကြိုက်တာပဲ…တဲ့။
ဒီတော့မှပဲ ကျွန်တော်လည်း သဘောပေါက် သွားတယ်။ သူ့ အရေးအသားက အဲဒီရုပ်ရှင်က လာတာပဲကိုး။
အဲဒီရုပ်ရှင်က ရန်ကုန်မှာပြ သွားတာ လူကြိုက်များလွန်းလို့ ဆရာလည်း ကြည့်ဖူးရင် မှတ်မိမှာပေါ့။ အဲဒီကားထဲမှာ
35
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဂျပန်မင်းသားက ဆွီဒင်မင်းသမီးနဲ့ ဟိုတယ်ခန်းထဲမှာ အကျပ်ရိုက်နေတော့ အင်္ဂလိပ် လို မတတ်တတတ်နဲ့


ပြန်ပြောတာ“You drink, I drink, You drink, I drink..You more drink ”ဆိုတာလေ။ သူသောက်တယ်၊
ကျွန်တော် သောက်တယ်။ သူသောက် တယ်၊ ကျွန်တော်သောက်တယ်။ သူပိုသောက်တယ် (ပိုမူးတယ်) ပေါ့။

ကျွန်တော်လည်း အင်္ဂလိပ်စါ သိပ်တော်လှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနိုင်ငံရောက်မှပဲ ကျွန်


တော့်အရေးအသား ကောင်းလှချည်ဆိုပြီး ဟိုလူကစာလာရေးခိုင်း၊ ဒီလူကစာလာပြင်ခိုင်းနဲ့ အနူတောမှာ လူ
ချောဖြစ်နေတယ်ဆိုရမလားပဲ။ ဒီနိုင်ငံမထွက်မီ ခုလိုရေးနိုင်သားနိုင်အောင် ပညာပေးခဲ့တဲ့ ဆရာဦးအောင်ကျော်
(မောင်ကြာညို)ကိုလည်း အကြိမ်ကြိမ် ဦးခိုက်မိပါ တယ်။

ကဲ…ဆရာရေ၊ စာလည်းအတော်ရှည်သွားပြီ။ ဆရာ့မဟေသီပရိသတ်ကတော့ ကျွန်တော့်ဆရာ ဝန်တွေ ကြည့်ပြီး


ဆရာဝန်တွေကို အတော်ကြောက်သွားမလားမသိဘူး။မကြောက်ကြပါနဲ့လို့။ မြန်မာနိုင်ငံ မှာ ကျွန်တော်လုပ်ခဲ့တဲ့
မေ့ဆေး လုပ်သက်(၁၅)နှစ်ကျော် (၁၆)နှစ်အတွင်းမှာ ဒီလောက်ညံ့တဲ့လူတွေ တစ်ခါမှ မတွေ့ခဲ့ဖူးတာအမှန်ပါ။
ဒါကြောင့်မို့လည်း ကျွန်တော်တို့ဆရာဝန်တွေ နိုင်ငံရပ်ခြားမှာ နာမည်ရကြတာပေါ့။ ခု ဒီနိုင်ငံမှာလည်း လွန်ခဲ့တဲ့
(၅)နှစ်(၆)နှစ်က လုပ်သွား ခဲ့တဲ့ကျွန်တော်တို့ဆီက UNV ဆရာဝန်တွေဆို
နာမည်ကောင်းပဲကျန်ရစ်ပါတယ်။ ခုထိပဲ မေးနေကြမြန်းနေကြဆဲပါပဲ။ ကျွန်တော်လည်းပဲ တစ်နေ့ ကိုယ့်အမိ နိုင်ငံ
ကိုပြန်လာတဲ့အခါ ဒီမှာ ကျန်ရစ်ခဲ့စေချင်တာလဲပဲ.....…။ ။

စိုးမြင့် မေ့ဆေး
(ခေတ္တ အိုရှာခါတီ။ နမီးဘီးယား )
(၁၉၉၆ ဇွန်လထုတ် မဟေသီမှ)

စာကြွင်း) အပျော်ကျူးလွန်းတဲ့ Limbo (လင်ဘို) တစ်ယောက်လည်း ဆုံးရှာပါပြီ။ HIV နဲ.၂၀၀၀ကျော် လောက်က။


ဒီ လောက်တောက်ပြောင်တဲ့ အနာဂတ်ကို သူမမြင်သွားရပါဘူး။

36
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

သနားစရာ ဘွတ(် ရှ)် မင်း သားအမိ

Bushmen များ
(By Ian Sewell under Creative Common Attribution ShareAlike License;
Source: http://upload.wikimedia.org/wikipedia/commons/8/81/BushmenSan.jpg)

အာဖရိကတိုက် ဆိုတာက အကြီးကြီးပါ။ နိုင်ငံပေါင်း ၅၀ ကျော် ၆၀ နီးပါးနဲ့ လူမျိုးစုပေါင်း ရာနှင့်ချီ ရှိတဲ့ အနက်
Bushmen (ဘွတ်(ရှ)် မင်း) ဆိုတာကို စာရှုသူ အချို့ ကြားဖူး ဖတ်ဖူး ကြလိမ့်မယ် ထင်ပါတယ်။ မဟုတ်ရင်ပင်
လွန်ခဲ့သော ၁၅ နှစ်ခန့်က ရန်ကုန်မှာ နာမည်ကြီးခဲ့တဲ့ The Gods Must Be Crazy ဆိုတဲ့ ရုပ်ရှင် ကားလေးကို
ကြည့်ဖူးမယ် ဆိုလျှင် သူတို့ လူမျိုးစုကို မြင်ဖူး သိဖူးကြပါလိမ့်မယ်။

Bushmen ရဲ့အဓိပ္ပါယ်က ဆီလျော်အောင်ပြောရရင် ခြုံခြိုခြုံကြား ကျက်စားတဲ့လူမျိုးစုပါ။ ဒါဆို သူတို့ကို နှိမ့်ချရာ


ကျတာမို့၊ မကြိုက်ကြတာနဲ့ ခုအခါမှာတော့ San ဆိုတဲ့ (တရားဝင်) နာမည်ကို ပိုသုံးများ လာကြပါတယ်။
အဓိပ္ပါယ်ကတော့ သစ်ဥသစ်ဖု ရှာဖွေစားသောက်တဲ့ လူမျိုးပါ။ သူတို့နဲ့ ကိုက်ညီပါတယ်။

ဒါနဲ့ အဲဒီရုပ်ရှင်လေးကို ပြန်ဆက်ပြောရရင် တစ်နေ့တော့ အနောက်တိုင်း တိုးရစ်(စ) တစ်ယောက်က


လေယာဉ်ငယ်လေးနဲ့ ကလာဟာရီ သဲကန္တာရပေါ်မှာ ဖြတ်ပျံယင်း သူသောက်ပြီးသား Coke ပုလင်းခွံလေးကို
ပြူတင်းပေါက် မှပစ်ချလိုက်ရာမှ ဇာတ်လမ်းစပါတယ်။ သဲပြင်ပေါ်ကျလို့ ကွဲမသွားတဲ့ ယင်းပုလင်းခွံလေး ကို
ဘွတ်ရှမင်း တစ်ယောက်က ကောက်ရသွားတော့ သူ့တစ်သက်မှာ တစ်ခါမှ မြင်ဖူးတဲ့ ပစ္စည်း မဟုတ်တာမို့
မိုးပေါ်က ဘုရားသခင် ချပေးတာပဲ ဖြစ်မယ်ဆိုပြီး အထူးအဆန်းအနေနဲ့ သူ့ရွာကို ပြန်ယူသွားပြီး လူတကာကို
ပြပါတော့တယ်။

ဒီတော့ ရွာမှာရှိသမျှ လူကြီး၊ လူလတ်၊ ကလေးတွေပါ မကျန် ဒီပုလင်းခွံလေးကို ဥာဏ်မီသလို ၀ိုင်းသုံး ကြတော့
လက်မလည်အောင် ဖြစ်လာတော့တယ်။ ကြာတော့ အဝေမတည့် အချင်းချင်း ခိုက်ရန်တွေ ဖြစ်ကြ
ကုန်ပါတော့တယ်၊ ဒီအခါမှာ "ဟ၊ မဖြစ်တော့ဘူး။ ဒါဟာ ဘုရားသခင်က ငါတို့ကို သက်သက်ကျီစား ချင်တာပဲ
ဖြစ်ရမယ်။ သူ့ပစ္စည်းကို သူ့ဆီပဲ ပြန်ပို့မှ ဖြစ်မယ်" ဆိုပြီး ပုလင်းခွံကလည်း မိုးပေါ် ပြန်ပစ်တင်လို့ မဖြစ်တာမို့

37
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

နောက်ဆုံးတော့ အဲဒါလေးကို ကမ္ဘာရဲ့အဆုံးလို့ သူတို့နားလည်ထားတဲ့ ချောက်ကမ်းပါးကြီးထိ ရောက်အောင်


ကန္တာရ ခရီးကြမ်းကြီးကို ဖြတ်ကျော်ပြီး သွားစွန့်ပစ်တဲ့ ဟာသဆန်ဆန် ဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမှန်တော့
သူတို့ရဲ့ဗဟုသုတ ခေါင်းပါးပုံကို သရော်ထားတာပါ။ ဘော့စ၀ါနာနိုင်ငံ ကလာဟာရီ သဲကန္တာရထဲမှာ
ရိုက်တာဖြစ်ပြီး သရုပ်ဆောင်သူက နမီးဘီးယားမှပါ။

Bushmen တွေက အာဖရိကမှာ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းကျော် ကတည်းက စတင် အခြေချ


နေထိုင်ခဲ့ကြတဲ့ ရှေးအကျဆုံးလူမျိုးစုပါ။ ဒါပေမယ့် တိုးတက်မှုမှာတော့ နောက်အကျဆုံး လူမျိုးစု တစ်စု အနေနဲ့
ယနေ့ထက်တိုင် သဲကန္တာရထဲမှာ အုပ်စုအလိုက် ခြေသလုံးအိမ်တိုင် လှည့်လည်နေထိုင်ဆဲပါ။ (သဲကန္တာရ
ဂျစ်ပစီတွေပေါ့။) အုပ်စုတစ်စုမှာ လူပေါင်း ၄-၅၀ ထိ ရှိတတ်ပါတယ်။ ယောက်ျားတွေက လေးနဲ့ မြားနဲ့
အမဲလိုက်ရပြီး မိန်းမတွေက သစ်ဥသစ်ဖု ရှာဖွေရပါတယ်။ သူတို့ဋ္ဌာနီက သဲကန္တာရ ဆိုတော့
လုပ်ကိုင်စားသောက်ရတာ မလွယ်၊ ကြမ်းတမ်း ခက်ထန်သလို ကျွမ်းကျင်မှုလည်း လိုအပ်လှပါတယ်။
ကျွမ်းကျင်မှုဆိုတာက အပေါ်ယံ မြေအနေထား ကို ကြည့်ရုံနဲ့ သဲပြင်အောက်မှာ ဘယ်လို သစ်ဥသစ်ဖုတွေ
ရှိနိုင်မယ်၊ ရေရှိနိုင်မယ် စတာတွေနဲ့ သားကောင်တွေကို ခြေရာခံတတ်တဲ့ ပညာတွေပါ။ သူတို့ရဲ့လူနေမှု စနစ်ကို
ကြည့်ရင် တကယ့်ကို ဆိုရှယ်လစ် စနစ်ပါ။ အမဲလိုက်ရင် အရွယ်ရောက်သမျှ လူအားလုံး ပါဝင်ရသလို
ရသမျှကိုလည်း ရှိသမျှ လူအားလုံး လုပ်အားအလိုက် ခွဲဝေယူရတဲ့ စနစ်ပါ။

ကနေ့အခြေ အနေမှာတော့ ဘွတ်(ရှ်)မင်း လူဦးရေ စုစုပေါင်း ငါးသောင်း၊ ခြောက်သောင်း ခန့်ရှိမယ်လို့ ခန့်မှန်းရပြီး


အများစုက ကာလာဟာရီ သဲအန္တာရနဲ့ ထိစပ်နေတဲ့ နမီးဘီးယား၊ ဘော့စ ၀ါနာ၊ အင်ဂိုလာ စတဲ့ နိုင်ငံတွေမှာ
ရှိနေပြီး အတော်များများဟာလည်း မြို့ရွာတွေမှာ အခြေတကျ နေထိုင်လျက် ရှိနေပါပြီ။ ကျွန်တော် နမီးဘီးယားကို
ရောက်လာတော့ ကျွန်တော့်ဆေးရုံက နိင်ငံရဲ့မြောက်ပိုင်းမှာ၊ သူတို့ရှိတာက အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ
မို့သူတို့ကို သိပ်များများစားစား မတွေ့ဖူးပါ။ ကျွန်တော်တို့ ဆေးရုံက အထွေထွေအထူးကု ဆေးရုံကြီးမို့ သူတို့ဆီက
မနိုင်လို့ လွှဲပေးတဲ့လူနာတွေ ထဲမှာတော့ Bushmen တွေကို တစ်ယောက်စ၊ နှစ်ယောက်စ ဆိုသလို
တွေ့ရတတ်ပါတယ်။ သူတို့နဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့ဖူးတော့မှပဲ အခြား လူမည်းတွေနဲ့ မတူ၊ ခြားနားတာတွေကို
တွေ့ရပါတော့တယ်။

ဘာကြောင့်ဆို ကျွန်တော်တို့ မြင်နေကျ အမည်းတွေက လူကောင်ထွားထွား အရပ်မြင့်မြင့်၊ သူတို့ကျတော့


လူကောင်ညှက်ညှက် အရပ်ပုပု အသားက ၀ါတာတာ၊ မျက်နှာပေါက် ကျတော့လည်း နှာခေါင်းပြားပြား
မျက်ပေါက်ကျဉ်းကျဉ်း ဆိုတော့ စပရင်လို တွန့်လိမ်နေတဲ့ ဆံပင်တွေကလွဲရင် မွန်ဂိုမျိုးနွယ်ပုံ ပိုပေါက် နေပါတယ်။
ဒါကြောင့်မို့လည်း အချို့မနုဿဗေဒ ပညာရှင်တွေက Bushmen တွေဟာ ဒီအာဖရိကတိုက် ဇစ်မြစ်မဟုတ်ပဲ
အခြားတိုက်မှ ပြောင်းရွှေ့လာတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ တစ်ချိန်တုန်းက
ကမ္ဘာ့တိုက်ကြီးတွေကလည်း ဆက်နေတယ် မဟုတ်ပါလား။ ဒါကြောင့်မို့လည်း ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက်
အချို့က ကျွန်တော့်ကို ဘွတ်(ရှ်)မင်းပဲလို့ လှောင်ပြောင် ခေါ်ဝေါ် တတ်ပါတယ်။

သူတို့က ရုပ်ဆင်းသဏ္ဍာန်တွင် ကျွန်တော်တို့နဲ့တူတာ မဟုတ်ပါဘူး။ သူတို့အကြောင်း အသေအချာ


ဖတ်ကြည့်မိတော့ သူတို့ရဲ့ကိုးကွယ်မှု အယူဝါဒထဲမှာကို စိတ်ဝင်စားစရာ လေးတွေ ရှိနေပါတယ်။ သူတို့
နောက်ဘ၀ရှိတာကို ယုံပါတယ်။ လူကနေ တိရစ္ဆာန် ဖြစ်လာနိုင်သလို၊ တိရစ္ဆာန် ကလည်း နောက်ဘ၀မှာ
38
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

လူပြန်ဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဗုဒ္ဓဘာသာမှာဆို ဒါဟာ "သံသရာ" အယူအဆပဲပေါ့၊ (ဒါကြောင့်မို့


သူတို့ဝမ်းစာ အလို့သာ အမဲလိုက်နေရပေမယ့် တိရစ္ဆာန်တွေကို မညှင်းဆဲပဲ အဆိပ်မြားနဲ့
အမြန်ဆုံးသေအောင် သတ်ပါတယ်။) အခြား ဘယ်လူမျိုးစုမှာမှ မကြားဘူးတဲ့ အယူအဆကို သူတို့ ဘယ်လိုများ
ရနေလည်း မသိပါ။ ဒါတွေကြောင့် များလားမသိ၊ ဒီလူမျိုးစု ပေါ်မှာ ကျွန်တော် သံယောဇဉ် ဖြစ်မိသလို
ရှိနေတာလွန်အံ့မထင်ပါ။ ဒါတွင် မကသေးပါဘူး၊ Bushmen တွေဟာ ငြိမ်းချမ်းစွာ နေတတ်သူတွေပါ၊ (ဒါလည်း
ဗုဒ္ဓလမ်းစဉ်နဲ့ တူပြန်ရော) စစ်ဆိုတာ သူတို့အဖို့ မကြားဖူး သလောက်ပါ။ "ပြိုင်လာရင် အရှုံးပေး
နှလုံးအေးတဲ့ဆေး" ဆိုတာ သူတို့ရဲ့ဝါဒပါ၊ ဒါကြောင့်မို့လည်း သူတို့ဟာ နောက်မှဝင်လာတဲ့ လူမျိုးစုတွေ
ကိုရှောင်ယင်းနဲ့ သဲကန္တာရထဲ ရောက်ကုန်တာပါ။ ယနေ့ ထက်တိုင် သူတို့တွက် နယ်မြေ Bushmen Land ဆိုတာ
ရှိမှမရှိတာ။

ကျွန်တော်လည်း ၁၉၉၄ က အာဖရိကကို ထွက်ဆိုလို့သာ ထွက်လာရတာ ဘယ်လိုနေရ ထိုင်ရမယ်မှန်း မသိခဲ့ပါ။


အဲဒီရုပ်ရှင် video လေးတော့ ကြည့်ဖြစ်အောင် ကြည့်ခဲ့ပြီး သူတို့ကို စိတ်ဝင်စားမိခဲ့တာ အမှန်ပါ။ ဒါပေမယ့်
ဒီလူမျိုးစုနဲ့လာ ဆုံရလိမ့်မယ်လို့ ယောင်လို့ပင် မတွေးမိခဲ့ပါ။ တွေ့မယ့် တွေ့တော့လည်း သာမန် တွေ့ဆုံရုံသာမက
သူတို့နဲ့ ဇာတ်လမ်းလေးတစ်ပုဒ် မေ့မရအောင် ကြုံခဲ့ရပါတယ်။

ကျွန်တော် ရောက်ခဲ့ဖူးသော Bushmen ရွာကလေးတစ်ခု

ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က ဘွတ်(ရှ်)မင်း သားအမိ နှစ်ယောက်နဲ့ William Lesslie လို့ခေါ်တဲ့


Australia နိုင်ငံသား မျက်စိအထူးကု ဆရာဝန်ဖြစ်ပြီး VSO အဖွဲ့ က ဗော်လံတီယာတစ်ယောက်ပါ။ ကျွန်တော်နဲ့
ရှေ့ဆင့်နောက်ဆင့် ဒီမြို့ရောက်လာကြတာပါ။ Will နဲ့ ကျွန်တော်က စာဖတ်တာချင်း လမ်းလျှောက်တာချင်း
ဝါသနာ တူကြတာမို့ မကြာခင်မှာပဲ မိတ်ဆွေရင်းချာတွေ ဖြစ်သွားကြပါတယ်။ ညနေဖက် လမ်းလျှောက် အတူတူ၊
ညဘက် TV ကြည့်ကြတော့လည်း အတူတူပဲပေါ့။ အဲဒါက ၁၉၉၅ နှစ်ဆန်းပိုင်း လောက်ကပါ။

တစ်နေ့ ကျွန်တော် အရေးပေါ်တာဝန်ကျတော့ ခွဲစိတ်ဆရာဝန်က ၀ဒ်ထဲက လူနာတစ်ယောက်အကြောင်း


ပြောလာပါတယ်၊ အဲဒီလူနာက ဆေးရုံတက်နေတာ ၄-၅ ရက်ခန့် ရှိနေပြီး ရှေ့က မေ့ဆေး ဆရာတွေက
အခြေအနေကို မကြိုက်လို့ ငြင်းဆန်နေလို့ မခွဲဖြစ်သေးတဲ့ အကြောင်းနဲ့၊ ကျွန်တော့်သဘော ကကော
ဘယ်လိုရှိကြောင်း စတာတွေပါ။ ဒါနဲ့ ကျွန်တော်ကလည်း အဲဒီလူနာကို ၀ဒ်ထဲမှာ သွားစစ်ကြည့်ပါတယ်။
တွေ့တော့ လူနာမှာ အသက် ၃၅ နှစ်ခန့်ရှိတဲ့ ဘွတ်(ရှ)် မင်း အမျိုးသမီး တစ်ယောက် ဖြစ်နေတာ သူ့ပုံသဏ္ဍာန်
ကြည့်ကတည်းက တွေ့ရလို့ စိတ်ဝင်စားသွားမိပါတယ်။ ရောဂါကို စစ်ကြည့် လိုက်တော့ အူ
လမ်းကြောင်းပိတ်တဲ့ ရောဂါပါ။ အူပိတ်နေတော့ အစာတွေက အောက်ကိုမစုန်နိုင်ပဲ ၀မ်းပိုက်ကြီးက

39
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

လေမှုတ်ထားတဲ့ ဘောလုံးကြီး တစ်လုံးလို ဖေါင်းကားနေတာပါ။ အဆုပ်ကို စစ်လိုက်တော့လည်း


တီဘီရောဂါကြောင့် တစ်ဖက်က လေ၀င်လေထွက် သိပ်မကောင်းလှ၊ ပြောရရင်တော့ ရောဂါက နှောင်းနေပါပြီ။
ဒါကြောင့်မို့လည်း ရှေ့က ဆရာတွေက လက်ရှောင်နေကြတာ အဆိုးမဆိုသာပါ။

ဒီလူနာကို မြင်မြင်ချင်းပဲ ကျွန်တော် ကရုဏာသက် မိသလို သူမကလည်း မျက်စိ သူငယ်လေးနဲ့ ကျွန်တော့်ကို


ကယ်တင်ရှင် တစ်ယောက်အလား အားကိုးတကြီး ပြန်ကြည့်နေရှာပါတယ်။ သူ့အကြည့်ကို ကျွန်တော်
ကြာကြာမခံနိုင်ပါ။ ဒီတိုင်း ပစ်ထားလည်း သေမယ့် အတူတူ ရှင်လိုရှင်ငြား မေ့ဆေးပေးဖို့ သဘောတူ
လိုက်ပါတယ်။ အဲဒီနေ့က သူမကို မေ့ဆေးပေးရတာ ကျွန်တော့ အဖို့မချောင်ပါ။ ဘယ်အချိန်များ နှလုံး
ရပ်သွားမလဲလို့ ရင်တမမနဲ့ပါ။ ၀မ်းဗိုက်ထဲက အပုပ်ရည်တွေ ဖေါက်ထုတ်၊ ပုပ်နေတဲ့ အူအပိုင်းကို ဖြတ်ထုတ်၊
ပြန်ဆက်နဲ့ ခွဲခန်း တစ်ခုလုံးလည်း အသက်ပင် ၀၀မရှုရဲ လောက်အောင် နံစော် နေပါတော့တယ်။ လူနာကတော
့အသက်ရှင်လျက်နဲ့ ခွဲခန်းကနေ ပြန်ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် နဂိုကတည်းက အခြေမလှတဲ့ လူနာမို့
အသည်းအသန် လူနာတွေ ထားရာ အထူးကြပ်မတ် ကုသဆောင် (Intensive Care Unit. ICU) ထဲပဲ တန်းပို့
လိုက်ပါတယ်။

အဲဒီအဖြစ်ပြီး နှစ်ရက်ခန့် အကြာမှာတော့ Will က သူ့ဆီ မကြာမီက နယ်ဆေးရုံတစ်ခုမှ လွှဲလိုက်လို့


ရောက်လာတဲ့ မျက်စိဝေဒနာရှင် ကလေးမလေး တစ်ယောက်အကြောင်း ပြောပြပါတယ်။ သူ့အဆိုအရ အဲဒီ
ကလေးမလေးက ၃-၄ နှစ်အရွယ်သာ ရှိသေးပြီး အုပ်ထိန်းသူလည်း တစ်ယောက်မှမပါ။ အကြောက် အလန့်
လည်း လုံးဝမရှိ လူနာတင်ကားနဲ့ တစ်ကိုယ်တည်း ပါလာတာ ဖြစ်ပါတယ်။ ဒါကြောင့် သနားတာနဲ့ သူပဲ သူ့ရှိတဲ့
မုန့်ပဲလေးတွေ ယူကျွေးထားရတယ် ဆိုပါတယ်။ ကောင်မလေးက မျက်စိမှာ ကန္တာရ စူး ဆူးမိလို့ ပြည်ဖေါက်ဖို့
လိုကြောင်း ပြောပြပါတယ်။

နောက်နေ့မှာပဲ ဒီကလေးမလေးကို ကျွန်တော် မေ့ဆေးပေးရပါတယ်၊ ကြည့်လိုက်တော့ သူလေးလည်းပဲ


ဘွတ်(ရှ်)မင်း မလေး ဖြစ်နေတာ တွေ့ရပါတယ်၊ ဒါနဲ့ စပ်စပ်စုစု မေးကြည့်လိုက်တော့ သူလာပို့ပေးတဲ့
ဆရာမလေးက တစ်နေ့က ကျွန်တော်တို့ ခွဲစိတ်လိုက်တဲ့ အမျိုးသမီးက ခုကောင်မလေးရဲ့ အမေတော်တဲ့
အကြောင်း ပြောပြလို့ အံ့ဩသွားမိပါတယ်။ သားအမိချင်း တစ်ဆေးရုံထဲ ရောက်နေပေမယ့် တစ်ဦးအကြောင်း
တစ်ဦး လုံးဝမသိကြပါတဲ့။

ဒီအကြောင်းကို ၀ီလျံကို ပြောပြတော့ သူလည်း အတော်စိတ်ဝင်စားသွားပါတယ်။ သူ့ကိုယ်၌ကလည်း


အကြင်နာတရား ပြည့်ဝသူမို့ ဒါဆို ဒီသားအမိကို ပေးတွေ့သင့်တယ်လို့ အကြံပြုပါတယ်။ အထူးသဖြင့် ခုလို
သူ့အမေက နေ့လားညလား ဖြစ်နေချိန်မှာ သူ့ရင်သွေးလေးကိုတော့ နောက်ဆုံးအနေနဲ့ မြင်သွား သင့်တယ်လို့
ကျွန်တော်တို့ သဘောပေါက်တာမို့ အဲဒီခွဲပြီးတဲ့နေ့ ညနေပိုင်းမှာပဲ ဒီအစီစဉ်ကို အကောင် အထည်
ဖေါ်လိုက်ကြပါတယ်။ အစီအစဉ်အရ ကောင်မလေးကိုသူ့မျက်စိ ၀ဒ်ကနေ ဆရာမလေး တစ်ယောက် ချီလာစေပြီး
ICU မှာ သူ့အမေနဲ့ ပေးတွေ့တာပါ။ ဆေးရုံဝင်းက အကျယ်ကြီး ဒီအဆောင် နှစ်ခုကလည်း အရှေ့နဲ့အနောက်
အဝေးကြီးပါ။ မအားတဲ့ ကြားကပဲ စေတနာ အရင်းခံနဲ့ မို့သာ ဖြစ်မြောက်တာပါ။ ပီတိ ဖြစ်ရတာတော့ အမှန်ပါ။
(တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ နှစ်ယောက်စလုံး God ကို ယုံသူတွေမဟုတ်ကြပါ။ ကျွန်တော်က ကံကိုယုံလို့
ပြုတယ် ထားတော့ ဘာမှမယုံတဲ့ သူကကော ဘာမျှော်လင့်ချက်နဲ့ ကုသိုလ်ပြုနေပါလိမ့်။)
40
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဒီသားအမိ နှစ်ယောက် ICU မှာ ဆုံစည်းကြတဲ့ မြင်ကွင်းကတော့ တကယ့်ကို သနားစရာလေးပါ။ သမီးက


အမေ့ကိုမြင်တော့ အတင်း ဖက်တွယ်တက်။ အမေကလည်း သူ့ရင်ခွင်ထဲ အတင်းဆွဲသွင်း သူ့ပါးပေါ်က
အောက်စီဂျင်ပိုက်တွေ၊ အစာအိမ်ပိုက်တွေ ကြားကပဲ သူ့ပါးနား ကပ်ထားပြီး တရှုံ့ရှုံ့နမ်းယင်း လေသံလေးနဲ့
စကားတွေ တဖွဖွ ပြောနေကြတာ ဘေးကနေ မြင်ရတဲ့ သူတွေအဖို့ ရင်နင့်စရာ မျက်ရည်စို့စရာပါ။

ဒီလိုနဲ့ပဲ ညနေ ညနေဖက်တွေမှာ သားအမိ ၂ယောက်ပေးတွေ့ကြ၊ အကြင်နာတွေ ဖလှယ်ကြ၊ ပိုကြနဲ့ ရက်အတန်


ကြာလာတော့ သမီးလေးရဲ့မျက်လုံးက အခြေနေတိုးတက် လာသလို ရောက်ကာစနဲ့မတူ တသွေး တမွှေးလှ
အဟာရပြည့်ပြီး စိုပြေလာပါတယ်။ (Will ကလည်း တစ်ချိန်လုံးမုန့်တွေ ၀ယ်ဝယ်ကျွေး နေကျပါ) အမေရဲ့
အခြေအနေကတော့ အားရစရာ မကောင်းလှပါ။ ပထမခွဲပြီး နောက်မကြာမီရက်မှာ ဗိုက်ထပ်ဖွင့်ရ၊ အူတွေ
ဆေးကြောရ လုပ်ရပါသေးတယ်။ ဒီလိုနှောင်းပြီးမှ ရောက်လာသူတွေမှာ ခုလိုပဲ ထပ်ခါထပ်ခါ ခွဲရတတ်ပါတယ်။
ဒီလိုနဲ့ပဲ အတော်များများ ဇာတ်သိမ်းသွား တတ်ကြပါတယ်။ သူ့ကြည့်ပြီး ကျွန်တော် စိတ်မကောင်းပါ။
(ငါစပေးလိုက်တာ သူ့အတွက် သက်ဆိုး ရှည်အောင် လုပ်ပေးသလိုများ ကျနေသလားလို့ပါ။)

ဒါနဲ့ပဲ မကြာမီရက် အတွင်းမှာပဲ ကျွန်တော်မြို့တော် Windhoek (ဗင်းထွတ် လို့ အသံ ထွက်ပါတယ်) ကို
ခရီးထွက်ဖို့ ဖြစ်လာပါတယ်။ သွားခါနီးတော့ သံယောဇဉ် တွယ်မိနေပြီ ဖြစ်တဲ့ သူတို့ သားအမိကို အချိန်ပေးပြီး
အသီးသီး သွား နှုတ်ဆက်ဖြစ်ပါတယ်။ အမေရဲ့ အခြေနေကတော့ ပြောမရသေး။ စောင့်ကြည့် ရဖို့ပေါ့။ သမီး
ကတော့ ချုပ်ရိုးလေး ဖြည်ရုံသာ ရှိတော့တာမို့ ပူစရာမလိုတော့ပြီ။ ၀ဒ်ထဲမှာ ကျွန်တော့်ကို မြင်တော့ ပြုံးပြုံး
ရွှင်ရွှင်ပါပဲ။ သူ့လက်လေး ၂ချောင်းထောင်ပြပြီး သူ့အတွက် ပြန်လာရင် သကြားလုံး၂လုံး ၀ယ်လာဖို့ မှာတာပါ။

မြို့တော်မှာ ကျွန်တော် ငါးရက်ခန့် နေပြီးနောက် အိုရှာခါတီကို ပြန်လာပါတယ်။ မပြန်ခင် သကြားလုံး တစ်ထုပ်ကို


ကောင်မလေးတွက် မှတ်မှတ်ရရ ၀ယ်လိုက်ပါတယ်။ ညနေဖက် ဆေးရုံပြန်ရောက်တော့ ဦးဦးဖျားဖျား
ပြေးကြည့်မိတာက ICU က ကလေးအမေပါ၊ ရောက်တော့ သူ့ကုတင်က ဟင်းလင်းဖြစ်နေတာမို့ ရင်ထဲ
ဟာသွားမိပါတယ်။ သူတော့ သွားရှာပြီ၊ ၀ဋ်ကျွတ်သွားပြီ လို့ပဲ တွေးမိလိုက်ပါတယ်။ ဆရာမတွေက
ကျွန်တော့်မြင်တော့ ၀မ်းသာအားရ ပြေးလာပြီး လူနာအခြေနေ စိတ်ချရလို့ ၀ဒ်ထဲပြန်ပို့ လိုက်တာပါလို့
ပြောပါတယ်။ ကျွန်တော်လည်း မယုံနိုင်ဖြစ်မိတာမို့ ဟုတ်ရဲ့လားလို့ ထပ်ကာ ထပ်ကာ မေးယူရပါတယ်။ ဒါဆို
သူတို့ သားအမိနှစ်ယောက် ရွာကိုပျော်ပျော်ကြီး အတူပြန်နိင်ပြီလို့ ၀မ်းသာစွာ တွေးနေမိပါတော့တယ်။

သမီးအတွက်ကတော့ ပူစရာမရှိတာမို့ ညနေစောင်းမှပဲ Will ရဲ့ အခန်းမှာပဲ သတင်းသွားမေး မိပါတော့တယ်။


ကျွန်တော် ၀င်လာတာ မြင်တော့ သူ့လက်ဝါးနှစ်ဖက်နဲ့ မျက်နှာကိုအုပ်ပြီး ရှိုက်ကြီးတငင် ငိုချပါတော့တယ်။
သူခုလို စိတ်ထိခိုက်ပြီး ငိုတာမျိုး တစ်ခါမှ မြင်ဖူးတာ မဟုတ်လို့ ကျွန်တော်လည်း နားမလည်အောင်
ဖြစ်သွားမိပါတယ်။ သူ အားရအောင် ငိုပြီးတော့မှ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ကလေးမလေးရဲ့ အဖြစ်ကို
ပြောပြပါတော့တယ်။ မနေ့ကပဲ ကလေးဆုံးသွားပြီတဲ့။ (မယုံနိင်စရာပါ) ဖြစ်ပုံက သူ့ချုပ်ရိုး ဖြည်ဖို့တွက်
မေ့ဆေးပေးလိုက်ရာမှာ ဘယ်လိုဖြစ်သွားတယ်မသိ၊ ကိုယ်အပူချိန်တွေ ထိုးတက် သွားလိုက်တာ ဘယ်လိုမှ
ပြန်ချမရပဲ ညဘက်မှာ ဆုံးသွားတဲ့ အကြောင်းပါ။

41
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အဖြစ်အပျက် နှစ်ခုစလုံးက မျှော်လင့်ထားတာနဲ့ တခြားစီ ပြောင်းပြန်တွေမို့ နောက်ဆုံးတော့ "သတ္တ၀ါတစ်ခု


ကံတစ်ခု" လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။ ဒီတောင်ကို ကျော်နိုင်မယ်လို့ မထင်ခဲ့တဲ့ အမေက သမီးကို
မြင်မြင်နေရလို့ သမီးရဲ့ ဇောနဲ့ စိတ်အားတွေ ပြည့်လာပြီး ကိုယ်ခံအားတွေ တိုးလာခဲ့တာ သေချာပါတယ်။ ဆိုတော့
သူ့အသက်ကို ကယ်လိုက်တာက သမီးဆိုရင် မမှားပါဘူး။ ဒါပေမယ့် သူ့သမီး အလှည့် ကျတော့ ကံဆိုးတာ
သက်သက်ပါ။ ကောင်မလေးရဲ့ အဖြစ်က သူ့ကို ဒုတိယအကြိမ် ပေးလိုက်တဲ့ မေ့ဆေးနဲ့ ပြဿနာပါ။ ဆေးနဲ့
တုံ့ပြန်မှု လွန်ကဲသွားတာပါ။ Malignant Hyperthermia လို့ ခေါ်ပါတယ်။ တစ်ထောင်မှာ တစ်ယောက်၊
တစ်သောင်းမှာ တစ်ယောက် ရှားရှားပါးပါး အဖြစ်ပါ၊ (ကျွန်တော့် တစ်သက်မှာ ဒါပါနဲ့ ဆိုမှ ၂ယောက် ကြုံဖူးတာပါ)
အကယ်၍သာ ကျွန်တော်သာ ခရီးမထွက်ဖြစ်ခဲ့လျှင် ဒီလိုဖြစ်စရာမရှိပါ။ ကျွန်တော်က ပိုတော်နေလို့ မဟုတ်ပါ၊
သူ့ကို ပထမအကြိမ် မေ့ဆေး ပေးခဲ့တာ ကျွန်တော်ပဲမို့ အဲဒီဆေးပဲ ထပ်သုံးဖို့ များပါတယ်။ ဒါဆို သူသေစရာမရှိပါ။

ကျွန်တော်တို့လည်း စိတ်မကောင်း ဖြစ်ကြ လွန်းတာနဲ့မို့ ဒီအမျိုးသမီးကြီးနဲ့ ထပ်မျက်နှာ ချင်းဆိုင် မတွေ့မိ


ကြတော့ပါ။ သူမတစ်ယောက်တည်း ဘယ်လို ဆေးရုံကဆင်းပြီး ဘယ်လို ရွာပြန်သွားလဲလည်း မသိတော့ပါ။
သူတို့ အယူမှာလည်း "သံသရာ" ဆိုတာ ရှိတာမို့ နောင်ဘ၀မှာသူ့သမီးနဲ့ ပြန်လည် ဆုံတွေ့ နိုင်လိမ့်မယ် ဆိုတဲ့
အတွေးနဲ့ပဲ သူ့စိတ်သူ ဖြေသိမ့်နိုင်ပါစေလို့ ကျွန်တော် အတန်တန် ဆုတောင်း ပေးမိလိုက်ပါတော့တယ်။

စိုးမြင့်-မေ့ဆေး
ခေတ္တ Oshakati, Namibia
မဟေသီမဂ္ဂဇင်း ၁၉၉၇ ခုနှစ်

(စာကြွင်း၊
အဖြစ်လေးကတော့ ၁၄-၅ နှစ်ပင် ကြာခဲ့ပါပြီ၊ ၀ီလျံနဲ့ ကျွန်တော်တို့ရဲ့ ရေစက်ကတော့ ခုထိ မကုန်သေးပါ။
William ကခု Australia နိင်ငံ အရှေ့မြောက်ပိုင်း၊ Queensland State က Cairns ဆေးရုံမှာ မေ့ဆေးဆရာဝန်
အဖြစ် လုပ်နေဆဲပါ။ ၂၀၀၈ October မှာ ကျွန်တော်တို့ သားအဖ နှစ်ယောက် သူ့ဆီ အလည်ရောက်တော့
ဝမ်းပန်းတသာနဲ့ သူ့အိမ်မှာပဲ စိတ်တိုင်းကျ တည်းခဲ့ရပြီး ကမ္ဘာကျော် Great Barrier Reef ကြီးဆီ လိုက်ပို့ပေးလို့
ရေတွေတစ်ဝ ကူးခဲ့ရပါသေးတယ်။

42
)

43
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

မေ့ဆေး အတွေးအခေါ် လွဲချော်မှု

မိုးတိမ်တွေအောက်က Mzuzu Central Hospital နောက်ခံ နဲ့ကျွန်တော်

ကျွန်တော် Malawi (မာလာဝီ) နိုင်ငံ တုန်းက အတွေ့ အကြုံ တစ်ခုပါ။ Malawi ဆိုတာက အာဖရိက
အရှေ့တောင်ပိုင်းက ကုန်းပိတ် နိုင်ငံတစ်ခုပါ။ ကျွန်တော် နမီးဘီးယားက ၂၀၀၄ ခုနှစ်မှာ ပြန်ထွက်တော့ United
Nations Volunteer UNV specialist အနေနဲ့ အဲဒီကို ရောက်သွားတာပါ။

ကြုံကြိုက်လို့ ပြောရရင်တော့ Namibia က ထွက်လာတဲ့ ကျွန်တော့်အဖို့ Malawi က ဆင်းရဲချမ်းသာမှာ


မိုးနဲ့မြေကြီးပမာ ကွာခြားလှပါတယ်။ Namibia က လူဦးရေ ၂ သန်းလောက်နဲ့ နိုင်ငံက အကျယ်ကြီး ကမ္ဘာမှာ
လူဦးရေ အကြဲဆုံး နဲ့ ချမ်းသာသလောက် Malawi ကတော့ လူဦးရေ ၁၃သန်းနဲ့ နိုင်ငံကျဉ်းကျဉ်း
မြောင်းမြောင်းလေး (ဒီအထဲမာလာဝီ ကုန်းတွင်းပင်လယ်ကြီးက ၄ပံ၁
ု ပုံလောက် နေရာယူထားသေးတယ်)
အာဖရိကမှာ လူဦးရေ အပြွတ်သိပ်ဆုံး၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု။ ရာသီဥတုကလည်း ပြောင်းပြန်၊ Namibia
က သဲကန္တာရဆန်ဆန် ခြောက်သွေ့သလောက် Malawi က ရေကန်ကြီး ကြောင့် တစ်ချိန်လုံး မိုးတွေအုံ့နေပြီး
လေထု စိုထိုင်းဆ (humidity) အတော်များတဲ့ နိုင်ငံပါ။ ကျွန်တော့်အဖို့ အချိန် တော်တော်ကြာ အထိုင်ကျအောင်
ကျင့်ယူရပါတယ်။ ဆင်းရဲပေမယ့် UN နဲ့ ချမ်းသာတဲ့ နိုင်ငံ တွေရဲ့အထောက်ပံ့ကြောင့် သူတို့ရဲ့ပညာရေး
အဆင့်အတန်းက မဆိုးပါ။ ကိုယ်ပိုင် ဆေးကျောင်းတို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကူညီနဲ့ ဖွင့်ထားတဲ့
ဆေးပညာဘွဲ့လွန်ကျောင်းတို့ ဆိုတာတွေ ရှိပါတယ်။ အခြား အာဖရိကနိုင်ငံတွေကပင် လာပညာသင်ရပါတယ်။

ဒါပေမယ့် ခက်တာက သူတို့ဆရာဝန်တွေက ပိုပြီးဝင်ငွေကောင်းတဲ့ အင်္ဂလန်တို့လို အနောက် နိုင်ငံတွေ


ထွက်ကုန်ကြတာမို့ ဆရာဝန်တွေ အပြင် အခြားပညာတတ်တွေပါ မလုံလောက်ပါ၊ ဒါကြောင့်မို့လည်း UNV
အကူညီခေါ်ရတာပါ။ ၂၀၀၅ မေလ ၈ ရက်မှာ ကျွန်တော် Malawi ရောက်တော့ မြို့တော် Lilongwe UNDP ရုံးမှာ
နိုင်ငံစုံက လူတွေ စုံလင်လှပါတယ်။ တည်းတဲ့ ဟိုတယ်မှာ နေ့စဉ် အသစ်ရောက်ရောက်လာတဲ့ လူတွေနဲ့
ပျော်စရာကြီးပါ။ ကျွန်တော်တို့ ဆီက လူတွေများ တစ်ယောက် တစ်လေ တွေ့ရလေမလားလို့ ရှာမိပါသေးတယ်။
44
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

"ရှာမနေနဲ့ တစ်ယောက်မှမပါဘူး" လို့ Program Officer က ပြောတော့မှ ကျွန်တော် စိတ်ပျက်


လက်လျှော့လိုက်ရပါတယ်။ ဒါပေမယ့် နီပေါ နဲ့ အိန္ဒိယက ပညာရှင်တွေကို တစ်ပုံကြီး တွေ့ရတာ ကတော့
အားကျစရာ၊ မနာလိုစရာပါ။ (ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP မှာလုပ်နေတဲ့ မြန်မာ ပညာရှင် ၂၉ယောက် ကိုတော့
မမျှော်လင့်ပဲ ဒီမှာဆုံစည်းမိလို့ ကျေနပ်မိပါတယ်။)

Lake Malawi နောက်ခံနဲ့ WFP မှ ရွှေအချို့နဲ့အတူ

ကျွန်တော့်စကား ပြန်ဆက်ရရင်တော့ ကျွန်တော် တာဝန်ကျတဲ့ Mzuzu (Central Hospital) ဆေးရုံက Malawi


မြောက်ပိုင်းက တောင်ပေါ်မြို့လေးမှာပါ။ ထိုင်ဝမ်အစိုးရရဲ့ အကူအညီနဲ့ ဆောက်ထားတဲ့ ကုတင် ၃၅၀ဆန့်
ဆေးရုံကြီးမို့ ဒီနိုင်ငံမှာ တတိယအကြီးဆုံးပါ။ စပယ်ရှယ်လစ်တွေ အားလုံးက ထိုင်ဝ မ်တရုပ်တွေချည်းပါ။
ထူးဆန်းတာက မာလာဝီလူမျိုး ဆရာဝန်ဆိုလို့ နှစ်ယောက်နဲ့တစ်ပိုင်း ထက်ပိုမရှိပါ။ ဆိုတော့ကာ ကျန်တဲ့
လက်ထောက် ဆရာဝန်တွေ မရှိဘဲ ဘယ်လိုများ လည်ပတ်နေသလဲ? မေးစရာပေါ့။ ဒီမှာက နာ့(စ)တွေကို ၂-၃
နှစ် သင်တန်းပေးထားတဲ့ Clinical Officer ဆိုတာတွေ ရှိပါတယ်။ အဓိက အမာခံတွေက သူတို့ပါ။ ခွဲစိပ်တာတွေ၊
ဆေးကုတာတွေ၊ မေ့ဆေးပေးတာတွေကို ဆရာဝန်တွေ အလား သူတို့ ချည်းကိုင်နေတာပါ။ ဒီလို ဆေးရုံမျိုး
ကျွန်တော့် တစ်သက်မှာ တစ်ခါမှမကြုံဖူးတာမို့ ဆန်း နေပါတယ်။

ကျွန်တော့်မေ့ဆေးဋ္ဌာနမှာ သူတို့ မေ့ဆေး အရာရှိ ၅ယောက် နဲ့ မေ့ဆေး Consultant လို့ သူ့ကိုယ်သူ အမည်ခံ
ထားတဲ့ Chang ခေါ်တဲ့ ထိုင်ဝမ်အမျိုးသမီး တစ်ယောက်ရှိပါတယ်။ ကျွန်တော်ကလည်း မေ့ဆေးအတိုင်ပင်ခံ
ဆရာဝန် Anaesthetic Consultant ဆိုတော့ consultant ၂ ယောက် ဖြစ်သွား တာပေါ့။ အမှန်တော့ သူမလည်း
မေ့ဆေးနာ့(စ) တစ်ယောက်ပါပဲ။ ဘယ်လိုကနေ ဘယ်လို Consultant နေရာယူထားလဲ မသိပါ။ ဒါတွေက
ကျွန်တော့်ဖို့ အရေးမကြီးပါ။ မနာလိုလည်း မဖြစ်မိပါဘူး။ သူ့အရပ်နဲ့ သူ့ဇာတ် သူတို့ (ထိုင်ဝမ်) ဆေးရုံ မှာ သူတို့က
ကျေးဇူးရှင်တွေ မဟုတ်ပါလား။ အလုပ်ဖြစ်ဖို့က အဓိကပါ။ ကျွန်တော့် မေ့ဆေး အရာရှိလေးတွေက
တော်ရှာကြပါတယ်။ လူငယ်တွေလည်းပြန် ဖြစ်တော့ တက်တက်ကြွကြွ ရှိကြပါတယ်။

45
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အဲ၊ တစ်ခုပဲ ပြောစရာရှိတာက သူတို့က Clinical Officer ကျွန်တော်က Medical Officer အလုပ်မှာလည်း
ကျွန်တော့လိုပဲ သူတို့ လွတ်လပ်စွာ မေ့ဆေးပေး နိုင်ခွင့်ရှိကြတာ ဆိုတော့ သူတို့စိတ်ထဲမှာ ကျွန်တော့ပေါ်
ခြေရာတိုင်းချင်တဲ့ သဘောမျိုး တွေတွေ့ရ တတ်ပါတယ်။ မှားလို့ ထောက်ပြရင်လည်း ဆင်ခြေပေးဖို့ အဆင်
သင့်ပါ။ တစ်ခါတစ်ခါတော့လည်း "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ်" လို့ပင် ထင်မိပါတယ်။ ကျွန်တော့်
အထင်မှားတာလည်း ဖြစ်နိုင်ပါတယ်။ အလုပ်ချင်း အတူတူ လခချင်း ကျတော့လည်း ဘာမှမဆိုင်အောင်
ကွာခြားတာမို့ မနာလိုစိတ်တွေလည်း ရှိမှာ သေချာသလောက်ပေါ့။

ဒီလိုနဲ့ ကျွန်တော် အဲဒီရောက်ပြီး တစ်လလောက် အကြာမှာ မေ့ဆေးညီလာခံကြီး တစ်ခု ဒီဆေးရုံကြီးမှာ ပြုလုပ်ဖို့


အချိန် ကျရောက်လာပါတယ်။ Malawi မြောက်ပိုင်းမှာရှိတဲ့ မြို့နယ် ဆေးရုံလေးတွေ မေ့ဆေး အရာရှိတွေ
အားလုံး လာတက်ကြဖို့ပါ။ ဒီအတွက် အားလုံးက တက်ကြွနေကြပါတယ်။ မတက်ကြွနိုင်တာက ကျွန်တော်ပါ။
ရောက်ကတည်းက ကျွန်တော့်မှာ ဆေးရုံအိမ် မရသေးလို့ ဟိုတယ်မှာ တစ်လလောက် သောင်တင်နေတာက
တစ်ကြောင်း၊ ရာသီဥတုဒဏ်ကို နေသားမကျသေးလို့ အလူးအလဲ ခံနေရတာက တစ်ကြောင်း တို့ကြောင့်ပါ။

မေ့ဆေး ညီလာခံကိုယ်စားလှယ်များ
(ကျွန်တော့် ဘေးက Dr Joseph ပါ)

ဒါနဲ့ 12 June 2004 မှာ ညီလာခံ လုပ်ပါတယ်။ ထုံးစံအတိုင်းပေါ့။ အသီးသီး ပြုစုထားတဲ့ မေ့ဆေး အတွေ့အကြုံ
စာတမ်းတွေ ဖတ်ကြ၊ ဆွေးနွေးကြနဲ့ စည်ကားနေပါတယ်။ တစ်ချိန်ကျတော့ ကျွန်တော့် မေ့ဆေးအရာရှိလေး
တစ်ယောက်က စင်ပေါ်တက်လာပါတယ်။ သူ့စာတမ်းလေးနဲ့ပေါ့။ သူ့ဇာတ်လမ်းလေးက ဒီလိုပါ၊ တစ်နေ့
သူလူနာတစ်ယောက်ကို ခါးရိုး ထိုးတဲ့ထုံဆေး (Spinal ပေါ့) ထိုးပေးလိုက်တာ မကြာခင်မှာပဲ လူနာမှာမရှူနိုင်
မကယ်နိုင် ဖြစ်ပြီး အသက်ရှုရပ်မလို ဖြစ်သွားပါတယ်တဲ့၊ အဲဒီတော့သူက ချက်ချင်းပဲ လူနာကို မေ့ဆေး
အကြောထဲထိုးပေး၊ မေ့သွားတော့၊ အကြောလျှော့ဆေး (Muscle Relaxant ပါ) ထပ်ထိုးပေး၊ ပြီးတော့
လူနာလေပြွန်ထဲ လေပိုက်ထိုးသွင်း၊ နောက် အောက်စီဂျင် တပ်ပေးလိုက်တာ လူနာ အသက်ချမ်းသာရာ
ရသွားပါတယ်တဲ့။ (ပြောရရင် လူနာအခြေနေ သူ့တင်ပြ ချက် တွေသိပ်မပြတ်သားပါ။)

46
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

သူပေးလိုတဲ့ သင်ခန်းစာက ဘယ်လူနာကိုမဆို ထုံဆေးပေးတာပါ ဆိုပြီး မပေါ့ဖို့၊ မေ့ဆေးကိုလည်း အဆင် သင့်


ဆောင်ထားဖို့၊ ဒါမှတစ်ခုခု လွဲချော်ခဲ့သော် အသက်ကယ် နိုင်ဖို့ပေါ့။ ပရိသတ်ကြီးက တစ်ခဲနက်
သြဘာပေးကြပါတယ်။

မပေးနိုင်တာက ကျွန်တော်ပါ၊ အတော်လည်း ဖျားသွားမိပါတယ်။ သူလုပ်တာတွေက တစ်လွဲကြီး၊ အလွန်


မှားနေလို့ပါ။ ဒီစာတမ်းကိုသာ ကျွန်တော် ကြိုသိလို့ကတော့ အမှိုက်ခြင်းထဲ ရောက်ဖို့ပါ၊ အမှန်တော့ ကျွန်တော်
ဒီစာတမ်းတွေကို ကြိုတောင်းခဲ့ပါတယ်။ သူတို့ မပေးတာပါ။ ခုမှတော့ (တာဝန်အရ) ထချဲရုံမှအပ ဘာမှ မတတ်နိုင်
တော့ပြီ။ ငြိမ်နေပြန်လည်း ကျွန်တော်ပါ သမိုင်းရဲ့တရားခံဖြစ်တော့မည်။ ကျွန်တော်ကပဲ စပြီး သူ့ကို ပြန်လှန်
မေးခွန်းတွေထုတ် သူလုပ်ပုံမှားတဲ့အကြောင်းပြောပါတယ်။ ကျွန်တော် ပြောတာက "လူနာကို ကယ်လိုက်တာ
မင်းမဟုတ်ဘူး ဘုရားသခင်ပါ" လို့။ ဘာလို့လဲဆိုတော့ မင်းလူနာက Spinal shock ရသွားတာလို့၊ (ဒါကိုလည်း
သူသိပုံမရပါ) ရှော့(ခ)Shock ရပြီ ဆိုကတည်းက လူနာမှာ သတိလစ်၊ အသက်ရှုရပ်၊ အရုပ်ကြိုးပြတ် ဖြစ်နေပါပြီ၊
နောက်တစ်ဆင့်ဆို နှလုံးရပ်ဖို့ သေဖို့ ပဲ ကျန်တော့တာပါ။ ဒါကိုမှ သူက မိုက်လုံးကြီးစွာနဲ့ မေ့ဆေးထပ်ပေးတဲ့
အပြင် ကြွက်သား လျှော့ဆေးပါ အဆစ် ထပ်လိုက်ပေးတာ လုံးဝ အယူတိမ်းနေတာပါ။ နတ်စိမ်း ဖြစ်မသွားတာဘဲ
ကံသီပေလို့သာပေါ့။ (မှတ်ချက်- ကြွက်သား လျှော့ဆေး ကလည်း အသက်ရှူ ရပ်စေပါတယ်) လူနာက ရင်ခွဲရုံ ကို
ခြေတစ်ဖက် လှမ်းနေပါပြီ၊ ....အမှန် သူလုပ်ရ မှာက လူနာကို အမြန်ဆုံးအသက်ကယ် ဖို့ပါ။ လေပြွန်ထဲ
အသက်ရှူပိုက် ကောက်သွင်း အောက်စီဂျင်ပေး၊ လိုအပ်လျှင် အခြား အသက်ကယ် ဆေးတွေ ထပ်ပေးဖို့ပါ၊
ဒါတွက် မေ့ဆေး မလိုပါ။ သူ့မှာက အသက်ကယ် ဖို့ ၃-၄ မိနစ်ပဲ အချိန်ရှိတော့တာပါ။ မေ့ဆေးက
အချိန်ဖြုန်းရုံတင်မက အခြေနေကို ပိုဆိုးသွားစေပါတယ်။

တစ်ကယ်တော့ ကျွန်တော် ခုမှ လူသစ်ပါ။ လူမိုက်ကြီး ထမလုပ်ချင်ပါ။ မဖြစ်လို့သာပါ၊ ဒါဟာ အယူမှားမှု


သက်သက်ပါ။ wrong view ပေါ့။ ဘာလို့လဲဆိုတော့ ဒီကိစ္စက သူ "ပြာ"သွားလို့ ကယောင်ကတန်းနဲ့
အမှားလုပ်မိတာ မဟုတ်ပါ။ သူပြုပြီးတာ ကိုလည်း အမှန်လို့ထင် နေလို့သာ အများရှေ့မှာ တက်ပြောရဲ တာပါ။
ကျွန်တော့်စကားကြောင့် ပွဲဆူသွားပါ တော့တယ်၊ ကျွန်တော်ရဲ့အခြား consultant မမကလည်း
ဘာမှဝ င်မပြောပါ။ ကျွန်တော့် တပည့်officer တွေကလည်း အလျှော့မပေးကြပါ။ (သူတို့စုပေါင်းတင် ထားတဲ့
စာတမ်းကိုး) ဆင်ခြေ ဆင်လက် တွေ အမျိုးမျိုးနဲ့ ငြင်းခုံကြနဲ့ အချိန်တော်တော် ကုန်သွားပါတယ်။ နောက်ဆုံး
ချောင်ပိတ်မိသွားမှ ကျွန်တော်က ပြောပါတယ်။ ဒီအမှားကို အမှန်ထင်ပြီး၊ အထူးသဖြင့် နယ်ကလာတဲ့ လူတွေ
လိုက်လုပ်ကြလျှင် ရှေ့လျှောက် သေကြရမယ့် လူတွေ တစ်ပုံကြီးလို့။ ကျွန်တော့် မေ့ဆေးသက်တမ်း အနှစ် ၃၀
မှာ ဒါမျိုးတွေ ကြုံခဲ့ဖူးပေါင်း များပြီလို့။ ကျွန်တော်ပြောတာ မျက်စိမှိတ် ယုံဖို့မဟုတ်ဘူး၊ နောင်မင်းတို့
ဒီကိစ္စမျိုးကြုံရင် လူနာရဲ့ပါးစပ်ဖွင့် မေ့ဆေးသုံး ဓါတ်မီး Laryngoscope နဲ့ လေပြွန်ဝကို စစ်ကြည့်ပါ၊ သူ့အလိုလို
ပွင့်နေတာ တွေ့ရလိမ့်မယ်။ ဘာမေ့ဆေးမှမလို လေပိုက် ကောက်သွင်းရုံပဲလို့။ See for yourself လို့
(ကိုယ်တိုင်သိ အောင် ကြည့်တာ ဗုဒ္ဓရဲ့ဝါဒပဲ မဟုတ်ပါလား။)

အဲဒီအချိန်ကျမှ ဥက္ကဋ္ဌဖြစ်သူ Dr. Joseph ကြားဝင် လာပါတယ်။ သူက Chinese Medical Team ရဲ့ Director
လည်း ဖြစ်ပါတယ်။ သူက ခုဖြစ်ရပ်မှာ Dr Soe ပြောတာတွေ အမှန်ချည်း ဖြစ်ကြောင်း ပြော လာပါတယ်။ ခုမှပဲ
အားလုံး ငြိမ်သွားကြပါတယ်။ ဘာကြောင့် သူတို့မှားကြသလဲ? တစ်ကယ်တော့ ကျွန်တော့် လူတွေက နာ့(စ)ကနေ
47
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

မေ့ဆေးဆရာ ဖြစ်လာကြတာပါ။ ကျွန်တော့်လို ဆရာဝန်ဖြစ်ပြီးမှ ဘွဲ့လွန်ရလာတာ မဟုတ်ပါ။ အတွေးအခေါ်


အတိမ်အနက်ချင်း ကွာနိုင်ပါတယ်။ သူနာပြုဆိုတာက လူနာကိုပြုစုဖို့၊ ဆရာဝန် ညွှန်ကြား တာခံယူဖို့ပါ။ Dr
ဆိုတာက ကုသဖို့၊ လိုအပ်တာကို နာ့(စ)ကို ညွှန်ကြားဖို့ပါ။ စကတည်းက လမ်းကြောင်းမ တူပါ။ တူနေမှတော့
ဆရာဝန်တွေ ဘာကြောင့် ၇နှစ် အချိန်ကုန်ခံ ကျောင်းတက် နေတော့မှာလဲဗျာ။ Spinal shock ဖြစ်ရင်
လူရဲ့ဇီဝကမ္မဖြစ်စဉ်မှာ ဘာတွေပြောင်းလဲ ကုန်သလဲဆိုတာ သူတို့အပေါ်ယံ လောက်သာ သိမှာမို့ ခုလို အမှား
လုပ်မိတာပါ။ ခွင့်လွှတ် လိုက်ပါတယ်။ ဒီကိစ္စတင်မက အခြား ရင်တုန်စရာ ဖြစ်ရပ်တွေ ရှိပါသေးတယ်၊
နောင်ကြုံတော့ ရေးမှာပါ။

ဒီဖြစ်ရပ် ပြီးနောက်မှာတော့ သူ့ကိုယ်သူ Consultant တင်ထားတဲ့ Chang တစ်ယောက် အခြားဋ္ဌာန HIV မှာ
လူလိုလို့ဆိုပြီး (အပြီး)ပြောင်းသွားပါတယ်။ ကျွန်တော့်လူတွေလည်း ခုမှ ကျွန်တော့်ကို ဘော့(စ)လို့ ခေါ်ဖေါ်
ရလာပါတယ်။ အဲဒီတုန်းက စာတမ်းတင်တဲ့ Matsu တစ်ယောက်လည်း (အကြောင်းသိသွားတော့) ကျွန်တော်
မာလာဝီကနေ ပြန်ထွက်တဲ့ထိ ကျွန်တော့်ရဲ့အကောင်းဆုံး တပည့် တစ်ယောက်ဖြစ် လာခဲ့ပါတယ်၊ .................
လုပ်သက်ရင့်မှ ဒီနိုင်ငံရောက်လာတာပဲ ကံကောင်းတယ် ခေါ်ရမလားပဲ။

စိုးမြင့်-မေ့ဆေး (အာဖရိကရောက် မြန်မာတစ်ယောက်)


Queen Elizabeth the Second Hospital
Maseru, Kingdom of Lesotho
16 Jan 2010

(စာကြွင်း)
* WHO အကူညန
ီဲ့ Malawi မှ ပညာတော်သင် ပြန်လာတဲ့ မေ့ဆေး officer ၃ယောက်ကို ၂၀၀၂ နှစ်လောက်က
Namibia မှာ ဆုံဖူးပါတယ်။ အဲဒီမှာ မေ့ဆေးပေး မလုပ်လို့ နာ့(စ)ပဲ ပြန်လုပ်နေရပါတယ်။

* Malawian တွေနဲ့ ကျွန်တော်တို့ နိုင်ငံ မစိမ်းပါ၊ အထူးသဖြင့် ဒီမှာစီးပွါးရေး လုပ်နေတဲ့ ကုလားတွေ


ရန်ကုန်မြို့ကြီးကို ကောင်းကောင်း သိကြပါတယ်။ သူတို့ ဘကြီးတွေ အဖေတွေ ဦးလေးတွေက မြန်မာကို
ရွှေနိုင်ငံကြီးလို့ဆိုပါတယ်။ ရန်ကုန်မှာ စီးပွါးအတော် ဖြစ်ခဲ့ကြတယ် ဆိုပါတယ်။

*အမည်းတွေကလည်း ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေနဲ့ အတူ မြန်မာပြည် စစ်မြေပြင်တွေကို


ရောက်ခဲ့ဖူးကြပါတယ်။ ဒီအကြောင်း မြို့တော် Lilongwe စစ်သမိုင်းပြတိုက်မှာ ကမ္ဗည်းထိုးထားတာ ရှိပါတယ်။
ပုံကတော့ မြို့တော် Lilongwe က ဒုတိယကမ္ဘာစစ် အထိမ်းမှတ် ပြတိုက် ကျောက်တိုင်နှင့်
မြန်မာပြည်စစ်မျက်နှာနာမည် တွေ (ကလေးဝ၊မော်လိုက်။ရခိုင်ကမ်းမြောင်...)ပါတဲ့ ဆိုင်းဘုတ်ပါ။

48
)

49
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အပြင်လူနာဋ္ဌာန မှာတစ်နေ့တာ

Oshakati State Hospital အသစ်ကြီး ပြင်ပလူနာဋ္ဌာန

၂ဝဝဝ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်နေ့၊ နမီးဘီးယားမှာ၊ ပထမဦးဆုံးအကြိမ် အဖြစ်အရေးပေါ် လူနာဌာနမှာ


တာဝန်ကျ ဆရာဝန်အနေနဲ့ ကျွန်တော် ထိုင်ဖြစ်ခဲ့ပါတယ်၊ ပြောရမယ်ဆိုရင်၊ ကျွန်တော်
ဒီနိုင်ငံရောက်တာ၆နှစ်ကျော်လို့ ၇နှစ်အတွင်း ရောက်နေပါပြီ၊ ဒါပေမဲ့၊မေ့ဆေး ဆရာဝန် တစ်ယောက်အနေနဲ့မို့၊
ကျွန်တော့အဓိကတာဝန် ကခွဲစိပ်ခန်းထဲမှာပါ၊ တစ်ခါ တစ် ရံ အရေး ပေါ်အနေနဲ့ခေါ်မှသာ
အရေးပေါ်ဌာနမှာအသက်ကယ် လုပ်ငန်းကို ခဏဝင် လုပ်ပေး ရတတ် တာပဲရှိပါတယ်ပုံမှန်အနေနဲ့တာဝန်
မယူရပါ၊ ဒါနဲ့ပဲ မေ့ဆေးဘွဲ့လွန်ရပြီး ကတဲက ပြင်ပလူနာ တွေနဲ့တွေ့ထိမှုမရှိတော့သလောက်
ဖြစ်နေတာ၊ဘာလိုလိုနဲ့အနှစ် ၂ဝ ကျော်ပင်ရှိ သွားပါပြီ၊

အဲဒီနေ့က အရေးပေါ် ပြင်ပလူနာမှာ ထိုင်ဖြစ်ခဲ့ရခြင်း အကြောင်း ရင်းကိုပြောရရင်တော့၊ ဘယ်သူ ကမှအတင်းခိုင်း


လို့မဟုတ်ပါ၊ ဒီဇင်ဘာခရစ္စမတ် ရာသီမှာပြင်ပ လူနာမှာထိုင်ဖို့၊ ဆရာဝန် မလုံလောက် လောက်အောင်
ခွင့်တွေသွား ကုန်ကြတာမို့၊ ကူညီတဲ့အနေနဲ့ပါ၊ ကျွန်တော့အနေ နဲ့လဲအပြင် လူနာ
တွေနဲ့တွေ့ထိ တဲ့ ဗဟုသုတရချင်ပါတယ်၊ တစ်ခုပို စိတ်ဝင်စား ဖို့ကေါင်းတာကလည်း မကြာသေးမီကမှ အသစ်
ဖွင့်လိုက်တဲ့ ဆေးရုံသစ်ကြီးမှာ သွားလုပ်ရမှာပါ။ (မှန်တာပြောရ ရင်တော့ ထိုက်သင့်သလောက်လဲ
လုပ်အားခရပါတယ်) ကျွန်တော်တို့လက်ရှိ လုပ်နေတဲ့ဆေးရုံက အနှစ်၃ဝကျော် သက်တမ်းရှိနေပြီ၊ ဟောင်းနေပြီမို့၊
ခေတ်မီအောင် ပြုပြင်ဖီု့လိုအပ်နေပါပြီ၊ ဒီမှာကထုံးစံအတိုင်း၊ အဟောင်းကို ပြင်တာထက် အသစ် ထပ်ဆောက်
တာကပိုသက်သာတာ မို့ထင်တယ်၊ ဘေးမှာရှိတဲ့ နေရာလပ်ကြီးမှာ အသစ်ထပ် ဆောက်တာပါ၊ ဆေးရုံက ကုတင်
၈ဝဝ၊ ရန်ကုန်ဆေးရုံဝင်း ကြီးလိုကျယ်တာမို့၊ ဧရာမစီမံကိန်းကြီးပါ၊ အဆင့်သုံးဆင့်နဲ့အဟောင်းကိုဖျက်
ပြီးအသစ်ကို ရွှေ့ရတာပါ၊ လောလောဆယ်မှာ တော့အရေးပေါ်ဌာန၊ ပြင်ပလူနာ ဌာန၊ ဓါတ်မှန်၊ ဆေးဝါး
ဌာနတို့နေရာ သစ်ကိုရောက်ကုန်ပါပြီ။

50
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Oshakati ဆေးရုံကြီး OPD အ၀င်ပေါက် (နံက်စောစောလူရှင်းချိန်)

ဒီမှာကျွန်တော်တို့ ဂျူတီချိန်ကတစ်ချိန်ကို ၂၄နာရီ၊ ကနေ့နံနက် ၈နာရီကနေ၊ နောက်နေ့နံနက် ၈နာရီပါ၊


အဲဒီနေ့က နံနက်၈နာရီမှာကျွန်တော် ရောက်သွားတော့၊ စေါင့်နေတဲ့ လူနာတွေက အခန်းပြည့်လုလုပါ၊ အရေးပေါ်
လူနာကြည့် ခန်းဆိုတာ ကလည်း ခန်းမကြီးတစ်ခု စာမက ကျယ်တာပါ၊ တစ်ဖက်မှာစမ်း သပ်ကုတင် ၄လုံးစီမို့၊
ပေါင်းကုတင်၈လုံး၊ အသေးစား ခွဲစိပ် ခန်း ၃ခန်းအပါအဝင်၊ ဆရာမတွေထိုင်တဲ့ ကေါင်တာ စားပွဲရှည်ကြီး၊
တယ်လီဖုန်းစက် ခလုပ်ခုံ၊ စတာတွေနဲ့ မို့ပြည့်ပြည့်စုံစုံရှိပါတယ်၊ အပြင်လူနာတွေ စေါင့်တဲ့ နေရာကလည်း၊
နောက်ထပ်ခန်းမ တစ်ခုစာ ကျယ်ပါ သေးတယ် ဒါကြောင့်မို့ဆေးရုံသစ်ကြီးက အပြင်ကနေကြည့် မယ်ဆိုရင်၊
အမိုးခုံးအမြင့် ကြီးတွေနဲ့မို့၊ ဆေးရုံထက်၊ ရထား ဘူတာရုံကြီး နဲ့ပိုတူ နေပါတယ်၊
ဒီမြို့မှာတော့အကြီးဆုံးအဆောက်ဦပါ၊ အဲဒီမှာ တာဝန် ကျဆရာဝန် အနေနဲ့က ကျွန်တော် တစ်ယောက်ထဲပါ၊
အကူအနေနဲ့တော့ အလုပ်သင် ဆရာဝန်တစ်ယောက်ရှိပါတယ်။ ဒိအပြင် ကျောင်းပိတ် ရက်အတွင်းဒီမှာလေ့လာ
ပညာယူ နေတဲ့အနောက် နိုင်ငံက ဆေးကျောင်းသား ၃ယောက် လဲရှိပါတယ်။ သူတို့တွေက ဟော်လန်ကပါ။
ဆရာမ တွေ အနေနဲ့ ၆ယောက် ၇ယောက်ရှိတာမို့ အဖွဲ့ တောင့်ပါတယ်။

ဗဟုသုတ အနေနဲ့ရေးရရင်တော့၊ ကျွန်တော်တစ်ခါက ရေးဘူးသလို၊ ဒီနိုင်ငံမှာ နိုင်ငံသား တိုင်းအခမဲ့ ဆေးကုသ


ခွင့်ရှိပါတယ်၊ ဆေးရုံ၊ဆေးပေးခန်း တွေမှာလည်းဆေးဝါး တော်တော် လေး ပြည့်ပြည့် စုံစုံ ရှိပါတယ်၊
(ဆေးရုံမှာမရှိလို့ အပြင်ဆေးဆိုင်မှာဝယ်ရတာမျိုး မကြားဘူး သလောက်ပါ) လူနာ တစ်ယောက်
အဖို့၊ပြင်ပလူနာမှာဆရာဝန်နဲ့ လာပြ ချင်ရင်၊ မှတ်ပုံတင် ကြေးသူတို့ငွေ နမီးဘီးယား ၉ဒေါ်လာ 9N$
(ကျပ်၅ဝဝကျော်)နှုံး၊ နဲ့ရုံးချိန်ပြင်ပဆိုရင် ၁၄ဒေါ် လာနှုံး သာပေးရပြီး၊ နောက်ပိုင်းဆေးဝါး တွက်ကုန်ကျသမျှ၊
အစားသောက် အဝတ်စားအပါအဝင်၊ စကါးကုန်ပြောရရင်၊ လိုအပ်လို့မြို့တော်က ဆေးရုံကြီးမှာ ပြောင်းရွှေ့
ကုသရလည်း၊ အစိုးရ ကပဲအားလုံး တာဝန်ယူပါ တယ်၊ (ဒီအတွက်၊ အရေးပေါ်သူနာတင်ကါးတွေအပြင်အပတ်
စဉ်ပုံမှန် ပို့ပေးနေ တဲ့ ဘတ်(စ) ကါးကြီးတစ်စီးရှိပါတယ်) ထိုနည်း အတိုင်းပဲ၊ ဒီမြောက်ပိုင်းတိုင်း တစ်ခုလုံးမှာရှိ
တဲ့ဆေးရုံလေး တွေဆီကနေ ဒီဆေးရုံကြီးဆီ လူနာတွေပို့ပေးနေတဲ့ ပုံမှန် ဘတ်စတွေလဲ သူ့ရက်နဲ့သူရှိပါတယ်၊
အားလုံး ကအခမဲ့ချည်းပါ၊ သူတို့သိပ်ကိုကံ ကေါင်းကြ ပါတယ်၊ နိုင်ငံဘတ်ဂျက်ရဲ့ ၁၅ရာနှုံး ကို

51
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကျမ်းမာရေးတွက်သုံးတာမို့၊ ကျန်းမာရေးတွက် အသုံးစရိတ်မှာ၊ ကမ္ဘာာ့ထိပ်တန်း ၁ဝစာရင်းထဲ ဝင်တယ


်လို့ကျွန်တော် ဆိုခဲ့ဘူးတာပါ၊ ဒါတင် မကသေး ပါဘူး၊ နိုင်ငံခြားအစိုးရတွေ နဲ့အစိုးရမ ဟုတ်တဲ့ အဖွဲ့စည်းတွေ
NGO ကနေအကူညီ အနေ နဲ့ရတဲ့၊ ဆရာဝန် တွေ၊ ဆေးဝန်ထမ်း တွေလဲ တပုံကြီးပါ၊ ဒီထဲမှာ အနောက်နိုင်ငံ
တွေဆီ ကတင်မကပါဘူး၊ အရှေ့ဘက်က တရုပ်နဲ့ အိန္ဒိယအစိုးရတွေဆီကရတဲ့ အကူညီ တွေလဲရှိပါသေးတယ်၊
(အိုကါဟောင်း) ဆိုတဲ့ ရွာသာသာ လောက်ရှိ တဲ့မြို့လေးမှာ Indira Gandhi အင်ဒီရာဂန္ဒီဆိုတဲ့အမျိုးသမီး
ဆေးရုံကြီး ကိုဖွင့်လိုက် တာမကြာ သေးပါဘူး၊ အိန္ဒိယအစိုးရက လှူတာပါ၊ အင်ဂိုလာနယ်စပ် မှာရှိတဲ့၊ Engilla
ဆိုတဲ့ ဆေးရုံကြီး ကလဲ တောထဲမှာနန်းတော်ကြီး လောက်ကိုခန်းနား လှပါတယ်၊ ဒါလဲ Finland
အစိုးရကလှူတာပါ၊ ဒါကြောင့်မို့ ကျန်းမာရေး တွက် ငွေကိုရေလိုသုံးနိုင် တာပါ၊ (သင်ကံကောင်း လို့အသက်
၆ဝကျော်ထိအသက် ရှည်နေရ အုံးမယ် ဆိုရင်သက်ကြီးပင်စင်၊ တစ်လ N$၂ဝဝ (ကျပ် ၁၂ဝဝဝခန်)့ ၊
နိုင်ငံသားတိုင်းခံစားခွင့်ရှိ ပါသေးတယ်။

ဒါပေမဲ့၊ အပြင်ပုဂ္ဂလိက ဆေးခန်းမှာကုရလို့ကတော့၊ နာဖို့သာပါ၊ စမ်းသပ်ခချည်းသက်သက် (စပယ်လစ်


မဟုတ်သေးဘူး) တစ်ကြိမ်ကို N$ ၆ဝ(ကျပ်၃ဝဝဝကျော်)၊ ဆေးဘိုးတွေကလဲ ခေါင်ခိုက်နေတာမို့၊
ကျမ်းမာရေးတွက် အာမခံလုပ်ထားသူတွေနဲ့ ချမ်းသာသူတွေက လွဲရင်တော်ရုံလူမကပ်နိုင်ပါ၊ ကံမကေါင်း၊
အကြောင်းမလှလို့ အပြင်လူနာအနေနဲ့ အခွဲစိပ် ခံရလို့ကတော့ မွဲကိန်းပါ၊ ခွဲခန်းခကတမိနစ်တိုင်းကို 8 N$၊ (ကျပ်
၅ဝဝခန်)့ လူနာခန်းခ ကတစ်နေ့ ၁၂ဝ(ကျပ် ရဝဝဝ ကျော်)၊ ခွဲစိပ်နဲ့မေ့ဆေး ဆရာဝန်ခ တွေ၊ အနဲဆုံး N$
တစ်သောင်း (ကျပ် ၆သိန်းခန်)့ ပါ၊ အစိုးရဝန်ထမ်း နဲ့မှီခို သူတွေ တွက်တော့၊ အစိုးရက Government Medical
Aid လို့ခေါ်တဲ့အာမခံလုပ် ပေးထား တာ မို့လို့သာကျွန်တော် တို့ခံသာပါတယ်၊ ဒါရှိထား ရင်အားလုံး အခမဲ့ချည်းပါ။
အပြင်မှာဆေးဝယ် ရရင်လည်း၊ ဆေးဝါး ကုန်ကျစရိတ်အားလုံး ရဲ့ ၅ရာခိုင်နှုံးပဲ ပေးဖို့လို ပါတယ်၊ (ပုဂ္ဂလိက
ကျမ်းမာ ရေးအာမခံကုမ်ပဏီ တွေလဲရှိပါသေး တယ်၊ ပုံစံအ မျိုးမျိုးနဲ့ပါ၊ အရမ်းကို ပေါများနေသူတွေကတော့၊
ဖုန်းနဲ့လှမ်းခေါ် လိုက်ရင်၊ မြို့တော်ကနေဆေးဝန်ထမ်း တွေနဲ့အတူ လေယဉ် ငယ်လေး နဲ့သင့်ကိုလေယဉ်ကွင်း
မှာလာကြိုပါလိမ့်မယ်)၊ အိုရှာခါတီမှာ အပြင်ဆရာဝန် ၆ ယောက် ရှိပါတယ်၊ (သူတို့နိုင်ငံ သားတွေနဲ့၊
နိုင်ငံသားခံယူထား သူတွေသာ၊ပြင်ပ ဆေးခန်း ဖွင့်ရှိတာပါ) အနဲဆုံး မာစေးဒီးတို့၊ BMW တို့၊ ပါဂျရိုတို့
မှစီးတဲ့လူတွေပါ၊ သူတို့ရဲ့ ဝင်ငွေက တစ်လကိုဒေါ်လာ သိန်းနဲ့ချီ ရှိနိုင်တာပါ၊ (ကျွန်တော် တို့နဲ့တော့ကွါပ၊)

ဒီမှာတစ်ခုဆိုးတာက၊ ဆေးတွေကိုဝယ်ချင် တိုင်းဝယ်လို့မရပါ၊ ဆရာဝန်ဆေးစါ မပါရင်၊ ဆေးဆိုင် တွေက


အိမ်သုံးဆေး တစ်ချို့ကလွဲရင်ဘာမှဝယ် လို့မရပါ၊ မှောင်ခိုဈေးလည်း ရှိတာမဟုတ်လို့၊ မိမိဖာသာမိမိ အပြင်မှာ
ဆေးဝယ်ကုလို့မရပါ၊ ဖျားလို့နာလို့ကတော့ ဆရာဝန်နဲ့ ကင်းလို့လုံးဝမရပါ၊ အများစုကဆင်းရဲ ကြတာမို့၊
ဆေးရုံကိုသာအားထားကြ ရတာပါ၊ ဒါကြောင့် မို့လည်းဆေးရုံမှာ လူနာတွေလျှံနေတာပါ၊ (အပြင်
ဆရာဝန်တွေလဲရေလျှံ နေတာပါ) ဒီလူနာ တွေထဲမှာ တစ်ဖက် (အနှစ်၂ ဝကျော်ပြည်တွင်းစစ်ဖြစ်နေတဲ့) Angola
အင်ဂိုလာနိုင်ငံကလာတဲ့ လူနာ တွေအရေ အတွက်ကလဲ မသေးပါ၊

ကျွန်တော်ပြောခဲ့သလိုပေါ့၊ အယောက် ၁ဝဝ၊ကျော်၂ဝဝရှိ တဲ့ဒီလူနာတွေကို ကျွန်တော် တစ် ယောက်ထဲ


ကြည့်ဖို့ရာမပြီးနိုင်ပါ၊ လူနာကြည့်ရုံနဲ့မပြီးသေးပါ၊ အားလုံးသိ တဲ့အတိုင်းပဲ ဒီအရေး ပေါ်ဌာနဆိုတာက
ပြဿနာပေါင်း စုံလာတာပါ၊ ယဉ်မတော်တဆမှုတွေ၊ ခိုက်ရန်ဖြစ်ပွါးမှု တွေ၊ ရဲမှုခင်းတွေအစုံလာတာမို့၊
ဆရာမတွေကို ပိုအားထားရပါတယ်၊ ဒီနေရာမှာတစ်ခု ချစ်ဖို့ ကေါင်းတာကလူနာတိုင်းကိုဆရာမတွေကပဲ
52
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အရင်ကြည့်ရပြီး၊ မှတ်တမ်း ရေးတာတို့၊ အပူချိန်တိုင်း တာတို့၊ သွေးတိုင်းတာ၊ ကိုယ်အလေးချိန်တာ


လိုအပ်ရင်အကြောဆေးသွင်းတာ တို့ကိုသူတို့ ပဲလုပ်သွားကြတာမို့ ကျွန်တော့အဖို့ အတော်ခံသာပါတယ်၊
တော်ရုံနှာစေး၊ ချောင်းဆိုး တာလောက် ကိုသူတို့ပဲဆေးပေးပြီးပြန်လွှတ်ပါတယ်၊ နောက်တစ်ခုဒီမှာ
ထူးခြားတာက၊ ကျွန်တော်တို့ လူနာတွေကိုဆေးပေးတဲ့ခါမှာ ကိုယ်ပေးချင်တိုင်းပေးလို့မရတာပါ၊ Medical
Guideline ဆေးဝါးကုသမှုညွှန်ကြားချက် စါအုပ် မှာညွှန်ထားတဲ့ အတိုင်းတိတိကျကျ လိုက်နာဖို့လိုပါတယ်၊
ဆေးဝါးဌာနကလူတွေကလည်း သူတို့မသင်ကါ ရင်အဲဒီ စာအုပ်တွေ ကိုပဲဖွင့်ဖတ်ပြီးစစ်ကြည့်တတ်တာမို့၊
ကိုယ်ပေးတဲ့ဆေး ကဘောင်မဝင် လို့ကတော့၊ ဆရာဝန်ဆီပြန်လွှတ် တတ်ပါတယ်၊ (စာအုပ်ကြီး အတိုင်းပေါ့)
ဥပမာတစ်နေ့၎ကြိမ် ပေးဖို့လိုတဲ့ဆေးကို၊ ၂ကြိမ်၊၃ကြိမ်၊ဆိုပြီး သွားညွှန် လို့မရပါ၊ပြန်လာ ပါလိမ့်မယ်၊
တစ်ချို့ဆေးတွေဆို သီးသန့်သတ်မှတ်ထားတဲ့ရောဂါကလွဲရင်၊အခြားရောဂါမှာ သုံးခွင့်မရှိပါ၊
(ဆေးယဉ်သွားမှာစိုးလို့) ဥပမာ တိုက်ဖွိုက်ရောဂါတွက်သုံးတဲ့ ဆေးကို ဝမ်းလျှောတဲ့လူနာ ကိုပေးလို့မရပါ၊
(ပျောက်မှန်းတော့သိပါတယ်) ကလေး လူနာတွေတွက်ဆိုလဲ၊ ကျွန်တော် တို့လုပ်နေကျလို၊ ခလေးကြီးဆို
ဆေးပြားတစ်ခြမ်း၊ ခလေးငယ်ဆိုတစ်စိတ်၊ ဆိုပြီးမှန်းပေးလို့မရပါ၊ ခလေးကို ကိုယ်အလေး ချိန် အလိုက်
ဆေးကိုတွက်ချက်ပေးရတာပါ၊ အများအား ဖြင့်ခလေးဆေးတွေက အရည်အနေနဲ့လာတာမို့သူတို့ ချင်တွယ်ပြီး
ပေးတတ်ပါတယ်၊ ဒါကြောင့်မို့၊အပြင်လူနာ ကြည့်တဲ့ ဆရာဝန်တွေအဖို့၊ ဆေးစာအုပ်ရယ်၊ ဂဏန်းတွက်စက်ရယ်၊
ကိုယ်နဲ့မကွာရှိဖို့လိုပါတယ်၊ တိကျတာမို့ကေါင်းပါတယ်၊ ဒါပေမဲ့၊ လူနာတစ်ယောက် ဆို၊ ဆိုသလောက်အချိန်
ယူရတာမို့၊ ၅မိနစ်တစ်ယောက်နှုံးမပြီးနိုင်ပါ၊ ဒီအထဲရောဂါကြီးသမားတွေ၊ ရဲမှုခင်းတွေပါ ကြည့်ပေးရ တာဆိုတော့၊
လူနာတွေကလျော့မသွားတဲ့ပြင် တိုးတိုးလို့သာလာ နေပါတယ်၊ ညသန်းခေါင်ကျော်ထိ
ကျွန်တော်တို့မှာနားချိန်ဆိုလို့ နံက်စာနဲ့ညစာတွက် တစ်နာရီစီပဲ ရှိခဲ့ပါတယ်၊ တကယ်တမ်းတော့လူနာတွေ
မကုန်သေးပါ၊ ကျွန်တော်အခန်း ခဏပြန် နားနေတုန်း မှာလဲ၊ တဖွဲဖွဲ လာနေဆဲပါ၊ ဒါပေမဲ့ဆရာမတွေက
အရေးမကြီးတဲ့လူနာတွေကို ခဏဆိုင်းထား လူစုထားပြီး၊ နံက် ၅နာရီ ကျော်မှ ကျွန်တော့ကို ဖုန်းနဲ့လှမ်းခေါ်တာပါ။

မြို့တော် Windhoek က ၁၂ ထပ်ရှိဗဟိုအစိုးရဆေးရုံကြီးပါ။


(ဒီပုံစံမျိုးနောက်တစ်ခုရှိပါသေးတယ်။ ကိုလိုနီခေတ်တုန်းက လူဖြူလူမည်းသီးခြားတစ်လုံးစီပါ ကျွန်ဆိုပေမဲ့
လူမည်းတွေ ကိုပစ်မထားပါ)

53
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဒါဆို လွန်ခဲ့တဲ့အနှစ်၂ဝကျော်ကါလ ကိုယ့်နိုင်ငံမှာနဲ့၊ ခုကါလ၊ ဒီကပြင်ပလူနာဌာနမှာ လူနာတွေ ဘယ်လို ကွာခြား


သွားပြီလဲ? ကျွန်တော့အမြင်မှာတော့မိုးနဲ့မြေကြီး ပမာကွာသွားပါပြီ၊ ဟိုအနှစ် ၂ဝကျော်တုန်းက HIV/AIDS
ဆိုတာ၊ ကြားဘူး ဖို့နေနေသာ၊ နောင်ကိုပေါ်လာလိမ့်မယ် လို့ ယောင်လို့ပင် စိတ်မကူးမိခဲ့ တဲ့ရောဂါပါ၊ ဒါကြောင့်မို့၊
အရေးပေါ်လူနာ ဆိုတာ (အချို့အနဲငယ် မှအပ) နှာစေး၊ ချောင်းဆိုး၊ ဗိုက်နာ၊ ဝမ်းလျှော တာလောက်ရှိတာပါကွါ၊
လို့ပြောလို့ရပါတယ်၊ဆေးပေး လိုက်ရင်လွယ်လွယ်နဲ့ပျောက်သွားမဲ့ရောဂါ တွေပါ လို့ပြောနိုင်ပါတယ်၊ ဒါပေမဲ့ ယခု
HIV ခေတ်မှာတော့ဒီနှာစေးချောင်းဆိုး တွေလောက်ကိုပဲ ပေါ့ပေါ့ တွေး လို့မရတော့သလို၊
ပေါ့ပေါ့ကုလို့မရတော့ပါ၊ လာပြတာတော့ ချောင်းဆိုး၊ ဝမ်းလျှောတာ လောက် ပါပဲ၊ ဒါပေမဲ့၊ လနဲ့ချီပြီးဆိုးနေ
လျှောနေတဲ့လူနာတွေပါ၊ ရှင်းအောင် ပြောရရင်တော့ HIV/AIDS ရောဂါ သည်တွေပါ။

HIV/AIDS ဆိုတာဒီအာဖရိက မှာနံပါတ်တစ်လူသတ်တရားခံ၊ အဓိကပြသဿနာ ဆိုတာ ကျွန်တော်ခုမှပဲ


ကေါင်းကေါင်းသဘောပေါက်ပါပြီ၊ မေ့ဆေး ဆရာဝန်တစ်ယောက် အနေနဲ့၊ ခွဲခန်းမှာကျွန်တော်
တို့တွေ့နေရတဲ့ဒီရောဂါ သည်တွေဆိုတာက အကင်းလောက်ရှိတာပါ၊ ခုကျွန်တော်ဒီမှာ နဖူးတွေ့ဒူးတွေ့၊
တွေ့နေရတာက လူနာ အားလုံးပေါင်း ရဲ့ထက်ဝက်ကျော်လောက် ရှိနိုင်ပါတယ်၊ မျက်လုံးဟောက်ပက်နဲ့၊
အရိုးပေါ်အရေတင်၊ အခြေနေရောက်နေတဲ့ လူနာတွေကတော့ ဒီရောဂါမှန်းသိသာပေမဲ့၊ အများစုက၊
သူလိုကိုယ်လိုသာမန်ပုံစံနဲ့ပါ၊ ထူးဆန်းတာက ဒီနိုင်ငံမှာ (လူနာရဲ့သိက္ခာ ငဲ့တဲ့အနေနဲ့) HIV/AIDS ကို လူနာ
မှတ်တမ်းထဲ သူ့ဥပဒေအရ ချရေးခွင့်မရှိပါ၊ မရေးဝံ့ပါ၊ HIV ပိုးစစ်ချင် တာပင်လူနာကိုခွင့်တောင်းရ ပါတယ်၊
သူတို့ကိုဖွင်မေး လို့လဲမရ၊ (တစ်ယောက် လားပဲ သူ့မှာ HIV ပိုးရှိတယ် ဆိုတာဖွင့်ပြောသွား ပါတယ်၊ကြည့်
လိုက်တော့ရုပ်ရေ သနားကမား ကေါင်မလေးပါ) ဘယ်သူ့ကိုမှလဲယုံလို့မရ၊ ငှက်ဖျားနဲ့၊ တီဘီရာဂါ သည်
တွေရဲ့နောက် မှာဒီရောဂါ အခံရှိဖို့များသလို၊ ဆံပင်နီကြောင်ကြောင် နဲ့ဖြူဖတ်ဖြူယော် အဟာရချို့တဲ့နေတဲ့
ခလေးလေး တွေကို လဲမွေးရာပါ AIDS ရောဂါ မရှဘ
ိုး လို့မပြောနိုင်ပါ၊ ဒီမှာတင်လူနာ နှစ်ယောက်တွေ့ခဲ့ပါတယ်၊
စိတ်ဖေါက်ပြန်ပြီး အော်ဟစ် ရုံးကန် နေလို့ဘေးကနေဝိုင်း ဝန်းချုပ်ကိုင်ထား ရတာပါ၊ လူငယ်လေးတွေပါ၊
ကျွန်တော်က စိတ်ဝေဒ နာရှင်တွေလို့ ထင်မိပါတယ်၊ (စိတ်ရောဂါကု ဆရာဝန်ကိုလှမ်းခေါ်မလို့ပါပဲ) ဆရာမ
တွေက မဟုတ်ဘူး၊ အဲဒါတွေလည်း HIV ပိုးအာရုံ ကြောထရောက် သွား လို့စိတ်ဖေါက် နေတာ ပါတဲ့၊ ကျွန်တော်
အတော့်ဖျားသွားမိတယ်၊ ခုမှပဲကျွန်တော် ကြုံဘူးတာပါ၊ ဒါဆိုကုန်ပြီပဲ၊ HIV ပိုးနဲ့ ကင်းတာဘာကျန်တော့ လို့လဲ၊
ကါးတိုက်ခံရတဲ့လူနာ၊ အရိုက်ခံရတဲ့လူနာတွေ မှာကော ဒီရောဂါပိုးမှ ကင်းရဲ့လား။ အရေပြားရောဂါ
သည်လည်းမကင်းပါ။

54
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Windhoek ဆေးရုံကြီးက ဆရာ/ဆရာမ များအဆောင် တွေပါ (၉ထပ်စီချည်းပါ)

တစ်ချိန်မှာတော့၊ အရိုးပေါ်အရေတင် ရောဂါကျွန်းသလောက်ဖြစ်နေတဲ့ AIDS ရောဂါသည်နှစ် ယောက်ကို


စစ်ပေးရပါတယ်၊ တစ်မိသားစုထဲ ကနေလာတဲ့ညီအကို နှစ်ယောက်လို့ဆရာမ တွေအပြောအရ သိရ ပါ
တယ်၊အသက်ကိုကြည့် လိုက်တော့ ၂၉နဲ့၃ဝ၊ စီပဲရှိပါသေးတယ်၊ ပါလာတဲ့ အဖေ အမေတွေကတော့၊ အသက်တွေ
ကြီးနေပါပြီ၊ ဒါပေမဲ့ကျမ်းကျမ်းမာမာကြီး တွေပါ၊ ကျွန်တော်က စပ်စပ်စုစု မေးကြည့်လိုက်တော့၊ ချွေးမတွေလဲ
ဆုံးကုန်ပါပြီတဲ့၊ ရှိတဲ့ မြေး၎ ယောက်ကလဲ ကျန်းမာ တယ်ရယ်လို့မရှိလှဘူး ၊ တရှောင်ရှောင် ပါဘဲတဲ့၊ (အမျိုးသမီး
နဲ့ခလေး တွေကဒီရောဂါဒဏ် ကိုပိုခံရတာထုံးစံပါ) လူနာတွေကုယင်း ကျွန်တော်စိတ် အတော် ပျက်သွား
မိပါတယ်၊ တကဲ့အနိဌာရုံတွေမို့ပါ။

ကျွန်တော်တို့ရဲ့ ရှေးဘိုးဘွားဘီဘင် တွေခေတ်တုန်းက၊ ပလိပ်ရောဂါကပ်တို့၊ ကျောက်ရောဂါ ကပ်တို့ဆို


တာရှိခဲ့ဘူး ပါတယ်၊ တစ်ခါတစ်ခါဖြစ်လိုက် ရင်လူတွေသောက်သောက် လဲသေကြပါတယ်၊ နေ့မြင်ညပျောက်
လို့ပြောရအောင် ကိုအတော့် ကိုလဲမြန်ပါတယ်၊ ဒိနောက်ပိုင်း မှာတော့ဆေးပညာ တိုးတက်လာတာ
နဲ့အမျှဒီလိုကပ်ရောဂါတွေ ကမ္ဘာမှာပျောက်ကွယ် သလောက်ဖြစ်သွားပြီးနောက် လူ့သက်တမ်း တွေလဲပို
ရှည်လာတာတွေ့ရပါတယ်၊ ဒါပေမဲ့၊ ၂ဝရာစုနောက်ပိုင်း HIV/AIDS ရောဂါ ပေါ်လါပြီး လူငယ်တွေက
အသေစေါလာပြီး မိမဲ့ဖမဲ့ခလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ရစ်နေပါတယ်၊ ပိုဆိုးတာက ခုကိစ္စမှာက၊
နေ့မြင်ညပျောက် မဟုတ်လို့ လူတွေ ကြောက်ရကေါင်း မှန်းမသိသေးတာရယ်၊ ဆေးတွေ့ဖို့ လမ်းမမြင်သေးတာ
ရယ်ပါ၊ ကျွန်တော်တို့ဆေးပညာရှင် တွေစစ်ရှုံးနေပါပြီး၊ ဒီ ပိုးကြောင့် ပဲတခါ ကကျွန်တော်တို့ အောင် နိုင်ခဲ့ပြီးတဲ့
တီဘီလို၊ ငှက်ဖျားလိုရောဂါမျိုးတွေ ခုအခါမှာ ခေါင်းပြန်ထောင် လာတာလဲ ဘာမှမတတ်နိုင်တော့ပါဘူး၊ လက်ရှိအ
ခြေနေမှာတော့၊ လူဦးရေ ၂သန်း မရှိသေးတဲ့ဒီနင
ိုငံမှာ HIV ပိုးရှိနိုင် မဲ့ဦးရေက ၁ဝယောက်မှာ
တစ်ယောက်နှုံးပါ။ ရောမ စစ် ဘုရင်တွေခေတ် တုန်းက Decimation ဆိုတဲ့ စကါးရပ် တစ်ခုရှိခဲ့ဘူးပါတယ်၊ ဖမ်းမိ
တဲ့သုံ့ပန်း တွေ ထဲက ၁ဝယောက်မှာ တစ်ယောက် နှုံး၊ ဒဏ်ခတ်တဲ့အနေ နဲ့သတ်ပစ်တာပါ၊ ရက်စက်ရာကျတယ်
ဆိုရင်၊ ခုပုံစံကလဲနောင် ၅နှစ် ကနေ ၁ဝနှစ်အတွင်းမှာ တစ်နိုင်ငံလုံးရှိ လူဦးရေရဲ့ ၁ဝပုံ ၁ပုံက HIV
နဲ့သေဒဏ်ချခံရပြီးသားဖြစ်နေပြီ။

ဒါကြောင့်မို့၊ လူနာတွေကြည့်ယင်းကျွန်တော်စိတ်ပျက်မိတာပါ၊ မနိုင်နိုင်တဲ့စစ်ကိုကျွန်တော်တို့ တိုက် နေရတာပါ၊

55
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဆေးရုံကအတွင်းလူနာကု ဆောင်မှာဆိုလဲလူနာ တွေလျှံနေ လို့၊ဆရာမ တွေလဲငြီးနေကြပါပြီ၊


လူနာကုတင်တစ်ဝက် ကျော်လောက်ကလဲ AIDS ရောဂါသည်တွေပါ၊ ဒီအစိုးရ ရဲ့ပေါ်လစီက ဒီရောဂါ
သည်တွေကို တတ်နိုင်သလောက် နေအိမ်မှာထားပြီးကုပေး ဖို့ပါ၊ ကျွန်တော်လဲတတ်နိုင်သရွေ့ သူတို့ကို
အပြင်လူနာ ဋ္ဌာမှာတင်ဂလူးကိ(ု့ စ)တို့၊ ဓါတ်ဆား ရည်တို့သွင်းပေး၊ သက်သာလာရင်ပြန် လွှတ်လုပ်ရ
ပါတယ်၊မနိုင်ပါ။ ဒါကြောင့်မို့စောစောကကျွန်တော် ခန်းမကြီးလို့ထင်ထားတဲ့ နေရာကခဏလေး နဲ့ပြည့်လို့သွား
ပါတယ်၊ (ဆေးရုံနဲ့မတူတော့ပဲ၊ ဈေးနဲ့ ပိုတူနေပါတယ်) ဒါ့အပြင်၊ လက်တွေ့မှာ တော့ အားလုံးက သူတို့ လူနာကို
ဆေးရုံတင် ပေးဖို့ချည်းတောင်းဆိုနေကြတာမို့၊ ဒါလဲရှင်းလို့ မရတဲ့ပြဿနာ ကြီးတစ်ခုပါ။

လူနာတွေကုနေယင်း ၁၉၈ဝကျော် လောက်က ထင်တယ် ရန်ကုန်မှာပြသွားတဲ့ Virus (ဗိုင်းရပ်) ဆိုတဲ့ ရုပ်ရှင်ကါး


ကိုသွားသတိရမိပါတယ်၊ ဇာတ်လမ်းက၊ ရုရှားမှာသိပ်ပံပညာ ရှင်တစ်စုက ပိုးမွှား လက်နက်အဖြစ် သုံးဖို့အတော်
အဆိပ်ပြင်းတဲ့ ဗိုင်းရပ်ပိုးတစ်မျိုး ကိုတွေ့ရှိထားပါတယ်၊ တစ်နေ့မှာ အဲဒီ ပိုးကိုသည်ဆောင် လာတဲ့ လေယာဉ်က
ဆိုက်ဘီးရီးယားမှာပျက်ကျသွားရာမှာ၊ ဒီပိုးတွေလဲမတော်တဆ လေထုထဲ ရောက်
ကုန်ပါတယ်၊ဒီပိုးတွေကတုပ်ကွေး ရောဂါဖြစ်စေ တဲ့ပိုးတွေပါ ဒါပေမဲ့၊ ဓါတ်ခွဲခန်း ထဲ မွေးထားတဲ့၊ စပါယ်
ရှယ်ပိုးတွေမို့ ဆေးမရှိသေးပါ၊ဒါနဲ့ပထမ တော့အနီးနားဝန်းကျင်က လူတွေသေကြ တယ်၊ နောက်မကြာ ပါဘူး၊
ပိုးတွေတကမ္ဘာ လုံးပျံ့ သွားတာဘယ်နိုင်ငံမှ မလွတ်တော့၊ ကါကွယ်ဆေးက လည်းတော်တော် နဲ့မတွေ့ နိုင်၊
နယူးယောက်၊ လန်ဒန်၊တိုကျိုစ တဲ့မြို့တော်ကြီးတွေမှာ လူတွေကအားကိုး တကြီးနဲ့ ဆေးရုံ တွေဆီ လာကြတာ
ကျိတ်ကျိတ်တိုးနေတယ်၊ လူတွေအတုံးအရုံးသေကြ တယ်၊ နောက်ဆုံး တော့ ဆရာဝန်တွေပါ လဲကုန်တယ်၊
ဇာတ်လမ်းအဆုံးမှာ တော့၊ဝင်ရိုးစွန်း ဒေသမှာ သုသေသန လုပ်နေ
ကြ တဲ့ သိပ်ပံ ပညာရှင်တစ် စုကလွဲလို့၊ တစ်ကမ္ဘာ လုံးမှာ ရှိတဲ့လူတွေ အားလုံးသေ ကုန်ကြပြီးနောက်၊
မြို့ကြီးပြကြီး တွေအားလုံးခြုံနွယ်ပိတ်ပေါင်း တွေဖုံးကုန် တာကို၊ စိတ် ဓါတ်ခြောက်ခြား စရာ ကေါင်း
လောက်အောင်ပြထားတာပါ၊ တကဲ့ကိုစိတ်တုံ လှုပ်စရာ ကေါင်းတဲ့ကါးတစ်ကါးပါ၊ ဒီကါးရိုက်တုန်း က HIV
ပိုးဆိုတာ မပေါ်သေးပါ၊ (မှတ်ချက်။ ကနေ့ ထိ HIV ဗိုင်းရပ် ကိုလည်း သိပ်ပံပညာ ရှင် တွေထွင် လိုက်တာ
ပါလို့အခိုင်အမာဆို နေ တဲ့လူတွေရှိနေဆဲပါ) အမှန် တော့နမီးဘီးယားလို လူဦးရေနှစ်ယောက် နဲ့တစ်ပိုင်း သာသာ
ရှိတဲ့ နိုင်ငံလေးမှာ HIV ဗိုင်းရပ် ကြောင့်သာ မဟုတ်ရင်လူနာ တွေခုလိုစုပြုံနေ ဖို့မကေါင်းပါ၊ ခုကျွန်တော်
ထိုင်နေတဲ့ ဆေးရုံ သစ်ကြီးလဲ မပြီးခင်ကတဲ ကလူနာတွေ လျှံနေပါပြီ၊ နောက်ထပ်ဆေးရုံသစ်
တွေဘယ်နှစ်လုံးဆောက် ဆောက်၊ လောက် နိုင်မယ် မထင်ပါ၊ ဒီပုံတိုင်း သာဆက်သွားလို့ကတော့၊ ၁၅လ၊
(၁၅နှစ်မဟုတ်ပါ) တိုင်းမှာအာ ဖရိကမှာ ဒီရောဂါကူးစက် နှုံးက(ဘိုးဘိုး အောင်တန်ခိုးနဲ့) ၂ဆတိုး နေတာမို့၊ နောင်
မကြာခင်၊ ဟိုရုပ်ရှင်ထဲကပုံစံအတိုင်း ဖြစ်သွားမလားမသိ။

ကျောချမ်းစရာကြီးပါ၊ ဖြစ်ခြင်းဖြစ်လျှင်အာဖရိကမှာစမှာသေချာပါတယ်၊ သူပြီးလျှင် ကျွန်တော် တို့ရဲ့ အာရှတိုက်ပါ၊


ပြောရမယ်ဆိုရင်အာဖရိက ရဲ့လူဦးရေက သူတို့နိုင်ငံတွေ အားလုံး ပေါင်း တောင်သန်း ၆ဝဝ
ပင်ပြည့်တာမဟုတ်လို့၊ ကျွန်တော်တို့ ဆီမှာလူ ၁ဝဝမှာတစ်ယောက်၊ နှစ်ယောက်၊ နှုံးလောက်ပဲဒီေ ရာဂါ
ရအုံးတော့၊ (လျှော့လျှော့ ပေါ့ပေါ့ပြောတာပါ) သေလိုက်မဲ့ဖြစ်ခြင်း၊ အာရှရဲ့လူဦးရေသန်း ၃၂ဝဝဆိုတာက၊
ကကမ္ဘာာ့လူဦးရေ ထက်ဝက် ကျော်ရှိတယ် မဟုတ်ပါလား။

အဲဒီနေ့က၊ တစ်နေကုန်အပြေး အလွှားလုပ်ပြီးနောက်၊ သန်းခေါင်ကျော်လောက်မှာ လူနာပြတ်သလောက်


56
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဖြစ်သွားတာမို့ပါ၊ အားလို့နားမယ် လို့စိတ်ကူးပင်မဆုံးသေး၊ ရောက်လာတဲ့လူတစ်စုကြောင့် ဦးနှောက်နဲနဲ


စားသွားရပါတယ်၊ အဲဒီလူတစ်စုဆို တာက၊ ဟာဝေယံရှပ်တောက်တောက်ပြောင်ပြောင် နဲ့လူ ၄၊၅၊၆ ယောက်ပါ၊
အမှန် တော့သူတို့လဲ လူနာ လာပြတာပါ၊ လူတွေကြည့်ရတာ အကေါင်ကြီးကြီးထဲကဖြစ်ပုံရ ပါတယ်၊ ဆေးရုံကား
ဒရိင
ုဘာ ရဲ့အပြောအရတော့ နိုင်ငံခြားရေးဝန်ကြီး နဲ့ body guard တွေလို့ဆိုပါတယ်၊ အဲဒီညပိုင်းမှာ
ကျွန်တော်နဲ့အတူလုပ် နေတဲ့အလုပ်သင် ဆရာဝန်က “ဒူးကွေး” Ndoukve လို့ခေါ်တဲ့ ရုရှ လူငယ်တစ်ယောက်ပါ၊
မော်စကိုက လာသူပါ၊ (အတော်လဲအားကိုးရ တဲ့လူပါ) ဝန်ကြီးဆိုတဲ့အသံ လည်း ကြားရော၊ အခန်းခဏပြန်
လိုက်အုံးမယ်ဆိုပြီး နောက်ပေါက် ကနေ လစ်ဖို့ပြင်နေသူပါ သူဒီရောက်တာခုမှ ၄လ လောက် ပဲရှိပါ သေးတယ်၊
ပူပူနွေးနွေး လေး မို့ကြောက်မယ် ဆိုလဲကြောက် လောက်ပါတယ်၊ မော်စကို က လာတဲ့လူဆိုတော့လဲနား
လည်မိပါတယ်၊ ဝန်ကြီးဆိုတာ ကြီးကြီး သေးသေး ကြောက်စရာကြီး နေမှာပါ (သူတို့ရုရှမှာပြောတာပါ)
ကျွန်တော်လဲရင်ခုန်သံ နဲနဲမြန် နေမိတာအမှန်ပါ၊ ဒါပေမဲ့၊ ဟန်ကိုယ့်ဖို့ပေါ့၊ သူ့လက်ကိုဆွဲ ထားပြီး၊
ကိုယ့်အလုပ်ကိုယ် မှန်မှန်လုပ်နေ ရင်ဒီနိုင်ငံမှာ လူလူချင်းဘယ်သူ့မှ ကြောက်ဖို့ မလိုပါဘူး လို့အားပေးရပါတယ်။

ဝန်ကြီးလာတယ် သာဆိုတယ်၊ ဆရာမတွေကိုကြည့်လိုက်တော့လဲ၊ အားလုံးက ဧဧဆေးဆေး ပါ၊ ခရီးဦး


ကြိုလဲမပြု၊ သာမန်နှုတ်ဆက်ရုံ လောက်ပါပဲ၊ ထူးထူးခြားခြားဆိုလို့၊ သူ့လူနာတွက် ခေါင်းအုံးသစ်တလုံး
ထုတ်လာပေးတာပဲတွေ့ရ ပါတယ်၊ တကယ်ဆိုဝန်ကြီး တစ်ပါးလုံးလာတာပဲ၊ ကြိုတင် အကြောင်းကြားထား၊
ဆေးရုံအုပ်ကြီးတွေ၊ သူနာပြုချုပ်ကြီး တွေကိုယ်တိုင်ဆေးရုံ ဂိတ်ဝထွက်ပြီးဆီးကြိုဖို့၊ နေရာထိုင်ခင်းပေးဖို့
ကောင်းတာပေါ့၊ ခုတော့၊ ဗြုန်းစားကြီးမို့၊ ကျွန်တော် လဲသွားမနှုတ်ဆက်အား (အမှန်ပြောရရင်တော့၊
မသိချင်ယောင်ဆောင်နေလိုက်တာပါ)၊ သူတို့ကလည်း အလိုက်သိသိပါ၊ သူ့လူနာကိုစမ်းသပ် နေချိန်မှာပင်
အနားမလာကြ၊ သူတို့ဖာသာ အပြင်ခန်းမှာမိုး တိုးမတ်တပ်တွေပါ၊ ကျွန်တော်သူ့လူနာ ကိုစမ်းသပ်၊ လိုအပ်
တာတွေပြုလုပ် ပေးပြီးချိန်ကျမှ၊ အဲဒီဝန်ကြီးဆိုတဲ့ပုဂ္ဂိလ်က၊ ကျွန်တော့ဆီတန်း လျှောက်လာ၊ သူ့ကိုယ်
သူမိတ်ဆက်ပြီး၊ အစောကကျွန်တော်ကြည့် ပေးတာသူ့ဦးလေး ဖြစ်ကြောင်းနဲ့၊ ဂရုတစိုက် ကုသပေး
တဲ့တွက်ကျေးဇူးတင်စကါးပြောပါတယ်၊ ဘာဟန်ပန်မှရှိ၊ ဘာအထူး အခွင့်ရေး မှလဲမတောင်း၊ (သူဝန်ကြီး
ဆိုတာပင် ကျွန်တော် တဲ့တဲ့ကြီး ဖွင့်မေးမှပြောတာပါ) ရင်းရင်းနှီးနှီး ပခုန်းဖက် ပြီး စကါးပြောတာမို့၊ ကျွန်တော်
စောစော ကရှိခဲ့ တဲ့ပူပန် စိတ်တွေလုံးဝမရှိတော့ပါ၊ သူကလဲ စကါး ပြောအလွန်တော်တဲ့လူပါ၊
ကျရာနေရာကပြောနိုင်ပါတယ်၊ ကျွန်တော့ကို မြန်မာ မှန်းလဲသိရော၊ ဒါဆို ကျွန်တော်တို့ဟာ အိမ်နီး
ချင်းတွေပါလို့ဆိုပါတယ်၊ ကျွန်တော်ပင် ကြောင် သွားမိတယ်၊ ဒီိလောက် မိုင်ပေါင်းထောင်ချီဝေးတာ၊
ကြားမှာအိန္ဒိယသမုဒရာ ကြီးခြားနေတာ၊ ဘယ်လိုဖြစ်နိုင်မှာလဲဆို တော့၊ သူက မြန်မာကိုအင်္ဂလိပ်အက္ခရာ M
နဲ့စပြီး၊ နမီးဘီးယား ကျတော့ N နဲ့ဆိုတော့၊ ကပ်နေတာမို့၊ သူတို့တက်ရ လေ့ရှိတဲ့ကုလသမဂ္ဂ အစည်းဝေး
တွေမှာဆို၊ အက္ခရာစဉ်လိုက်နေရာ ယူရတာမို့၊ အိမ်နီးချင်းဖြစ်နေ တာကိုသူဆို လိုတာပါတဲ့၊ (အပြောက
တော့နိုင်ငံ ရေးသမားပီသပါပေတယ်) ကျွန်တော့အဖို့လူကြီး တစ်ယောက် နဲ့ပြောနေရတယ်၊ လို့ပင်မထင်
မိတော့ပါ၊ ကျွန်တော့်ဆရာလေး ဒူးကွေးလဲခုမှပဲ ပျော်သွားနိုင်ပါတော့တယ်၊ ဝန်ကြီး ဆိုတာ သူတို့ဆီမှာ
ခုလိုရင်းရင်းနှီးနှီးစကါးပြောရဖို့ နေနေသာအဝေးက လှမ်းမြင်ဘူး ရင်ပဲကံကေါင်းလှပြီတဲ့၊ ဒါကြောင့်မို့ (လူတတ်ကြီး
လုပ်ပြီး)သူ့ပြောရပါတယ်၊ ဒီနိုင်ငံမှာ ဝန်ကြီးအယောက် ၁ဝဝလာလည်းကြောက် စရာမလို၊ မင်းကြောက် ရမှာက
HIV နဲ့လာတဲ့ ရောဂါသည် တစ်ယောက်ပဲလို့၊ တစ်ချက်စာအမှားက၊ တစ်သက်စာ အဖျားဖြစ် သွားနိုင်တယ်လို့။
(သူကလူ သစ် မဟုတ်ပါလား။)

57
)

-
-

Jan 2001

-------

- -

A mountain road in Lesotho

58
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

in the mountains (တောင်တွေ ကြားက ဘုရင့်နိုင်ငံ) လို့လည်း တင်စားခေါ် ဝေါ်ကြပါတယ်။ ကျွန်တော်တို့


ရှမ်းပြည်နယ်နဲ့ ဆင်ဆင်တူပြီး၊ ဒီကတော့ ပိုမြင့်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေး အားလုံး
ကတောင်ပေါ်လမ်းတွေချည်းပါ။

ကတ္တရာလမ်း တွေကတော့ ချောပါရဲ့ ဒါပေမဲ့ နွေမှာမိုးရွာပြီး ဆောင်း မှာနှင်းကျ တတ်တာမို့ ဒီမှာယာဉ်


အန္တရယ်က ကြောက်ခမန်း လိလိပါ၊ ဒီကလူတွေက လည်းလမ်းစည်းကမ်း ကိုနားမလည်၊ အတက် ကားကို
ဦးစားပေးရ ကောင်းမှန်းမသိ၊ ကုန်းဆင်းကြီး ကိုလည်း လီဗာကုန်နင်းချင် နင်းနေတဲ့လူတွေပါ၊ ဖြစ်လိုက်လျှင် ၄-၅
ဆယ် လောင်းပြိုင်ကမရှား၊ သဘာဝ မဟုတ်သော လူသေမှုမှာ ယဉ်မတော်တဆမှုက နံပါတ်တစ်ပါ။
ဒီလိုနေရာမျိုးမှာ မှလာအလုပ်လုပ် ရတဲ့ကျွန်တော်တို့ မြန်မာတွေအဖို့ ကတော့ကံဆိုးမိုးမှောင်ကျတဲ့နေ့
တစ်နေ့ ကြုံလာရပါတယ်။

ထိုနေ့က ၂၀၀၈ ခုနှစ် မေလ ၂၅ ရက်၊ ဆောင်းတွင်းကြီးမှာ မိုးကစိတ်ညစ်စရာ ကောင်းလောက်အောင် တစိမ့်စိမ့်


နဲ့မို့အိမ်ပြင်မထွက်ချင် တနင်္ဂနွေ အားလပ်ရက်မို့ အိပ်ရာထက်မှာပဲ ကွေးနေမိတော့သည်။ ထိုစဉ်မမျှော်သော
ဖုန်းခေါ်သံတစ်ခု ၀င်လာပါသည်။ ပထမတော့ ဆေးရုံခွဲစိပ်ခန်းကများ အရေးပေါ်ရှိ လို့ခေါ်သလား
လို့စိတ်ရှုပ်သွားမိ၏၊ တောင်ပေါ်ဒေသ ဆောင်းတွင်းမိုးနဲ့မို့ ခုလိုအချိန်မျိုးမှာ ဘာမှလုပ်ချင် ကိုင်ချင် စိတ်မရှိ၊
ဒါနဲ့ဖုန်း ကောက်ကိုင်လိုက်တော့ မမျှော်လင့်ပဲ Dr ဒေါ်ဥမ္မာ ဆီကဖြစ် နေတာတွေ့ ရပါတယ်။

ကြားရတဲ့သတင်းက ရင်ထိပ်စရာပင်၊ ခုနံက်အစောပိုင်းကတဲက Dr ဥက္ကာတို့ စုံတွဲ၊ Dr စန်းလွင်ဦးကို


Teyateyaneng (အတိုကောက်) TY မြို့ကိုလိုက်ပို့ဖို့ ထွက်သွားတာ ဟိုကိုလဲရောက် မလာကြသေးပဲ
ပျောက်နေတဲ့အကြောင်းပါ။ TY ဆိုတဲ့မြို့လေးက ကျွန်တော်တို့ရဲ့မြောက်ဖက် ကီလို ၄၀ သာသာဝေးတာမို့
တစ်နာရီပင် မမောင်းရတဲ့နေရာပါ။ သူဖုန်းဆက်တဲ့ အချိန်က နံက် ၁၀နာရီ ခွဲ ပင်ရှိနေပြီမို့ရောက်သင့်နေ ပါပြီ။
လမ်းကလဲ တောင်ပေါ်လမ်းမို့ ခုလိုမိုးမျိုးနဲ့ဆိုစိုး ရိမ်စရာပါ။ ဒါနဲ့ကျွန်တော် လဲနီးစပ်ရာ လူတွေဆီ ဖုန်းနဲ့ထပ်ဆင့်
မေးမြန်းကြည့် တော့ ဘယ်သူမှတပ်အပ် သေချာမပြောနိုင်ကြ၊ သတင်းရဲ့မူရင်းဇစ်မြစ်က
TY က Dr ဒေါ်ခင်မာအေးပါ၊ သူကဆေးရုံအုပ် လုပ်နေတာဆိုတော့ သတင်းတစ်ခုခုကြားလို့နေမှာပါ။
ထင်တဲ့အတိုင်းပါပဲ ခဏကြာတော့ TY လမ်းတစ်နေရာမှာ ကားအက်(စ်)စီးဒင့်ဖြစ်တယ်လို့ သတင်း
ထပ်ဝင်လာပါတယ်။

ကျွန်တော်တို့ Maseru မှာ ရှိတဲ့မြန်မာ တွေလဲ ထူပူကုန်ကြ ပါတော့တယ်၊ ဒီတိုင်းစောင့် ကြည့်နေလို့ မဖြစ်တော့။
အနဲဆုံးတော့ လိုက်သွားကြည့်သင့်တယ်မဟုတ်ပါလား။ ဒါနဲ့ကျွန်တော်လဲ Dr ထိန်လင်း ကိုဖုန်းနဲ့ လှမ်းပြောတော့
သူလဲသဘောတူတယ်။ သူနဲ့ နီးစပ်ရာ Dr ချမ်းသာစိုးက ကားတစ်စီး ကျွန်တော်နဲ့ နီးစပ်ရာ Dr အေးအေးပြုံးက
တစ်စီးလိုက်သွား ကြဖို့ပါ။ လိုလိုမယ်မယ် အသက်ကယ်ဖို့ အရေးပေါ် ကရိယာတွေ
ပါယူသွားဖို့ပြင်ဆင်နေတုန်းမှာပဲ TY မှဖုန်းထပ်ဝင်လာပါတယ်။ကိုစန်းလွင်ဦးရဲ့ အလောင်း TYဆေးရုံ ကိုရောက်
လာတဲ့ အကြောင်းပါ။ စိတ်ထဲအရမ်း ထိခိုက်သွားမိရပါတယ်၊ နောက်တော့ကျွန်တော် စဉ်းစားမိတာက
ကိုစန်းလွင်ဦးက နောက်ခန်းမှာ ထိုင်မှာသေချာတာမို့ သူတောင်မှအသက်မရှင်လျှင် ရှေ့ခန်းက ကိုဥက္ကတို့ စုံတွဲက
ရှင်ဖို့လမ်းမမြင် မိတော့။ ဒါနဲ့ (မလိုတော့တဲ့) ဆေးအိပ်ကို ချန်ရစ်ပြီး
TY ကို မအေးအေးပြုံးနဲ့အတူမောင်းထွက်ခဲ့ပါတယ်။
59
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

မိုးထဲလေထဲ လည်းဖြစ်၊ တောင်ပေါ်လမ်းလဲဖြစ်၊ စိတ်ကလဲပူပန်မှု အပြည့်နဲ့မို့ ခုတစ်ခေါက် ကားမောင်း


ရတာပင်ပန်းလှပါတယ်၊ စိတ်ကိုမနဲထိန်း ပြီးဖြည်းဖြည်း မောင်းရတာပါ။ ထွက်သာလာခဲ့ ရတယ် သူတို့ရဲ့ကား
ဘယ်နေရာမှာ ဘာဖြစ်လို့ဖြစ်မှန်း ပင်သိတာမဟုတ်လို့ တစ်လမ်းလုံးဝဲယာကြည့်သွားရတာပါ။ စိတ်ထဲမှာတော့
သူတို့ကားချောက် တစ်ခုခုထဲထိုးကျ သွားတယ်ထင်ပါတယ်။ ထင်ရအောင်လည်း ဒီလမ်းမှာချောက် တွေက
ပေါပါဘိနဲ့။ မောင်းနေရင်းနဲ့ပဲ လက်ကိုင်ဖုန်းထဲ သတင်းတွေ ၀င်ဝင်လာပါတယ်၊ အများကတော့ သတင်း ကြားလို့
လုပ်ဖေါ်ကိုင်ဖက်တွေ ဆီကလှမ်းစုံစမ်းကြတာတွေပါ၊ ကိုယ်တိုင်လဲ မသိတော့ဒါတွေကို ပြန်ဖြေနေရတာ
ကိုကလည်း အလုပ်တစ်ခုပါ။ ဒီလိုနဲ့နောက်ဆုံး ၀င်လာ တဲ့သတင်းအရ ကတော့ TY မြို့အ၀င်နားမှာ
ယဉ်တိုက်မှုတစ် ခုရှိတယ်ဆိုလို့ အဲဒီထိပဲတန်းမောင်း သွားတော့ လမ်းဘေး တစ်နေရာမှာ ကားတွေ ၄-၅
ဆယ်စီးရပ်ထားပြီး လူတွေအုံကြည့်နေတာတွေ့တာနဲ့ ကျွန်တော်တို့ လည်း ကားရပ်ပြီးဆင်း လိုက်ကြပါတယ်။

ကျေမွနေတဲ့ ကိုဥက္ကာတို့ကားလေး

မြင်ကွင်းကတော့ ကတ္တရာလမ်းမမှ ၁၀ပေခန့်အကွာ ၀ဲဘက်မြေကွက်လပ်မှာ တစ်စီးလုံး မြင်မကေါင်း


အောင်ကြေမွနေတဲ့ ဆလွန်းကားတစ်စီးပါ။ အထဲမှာတော့သွေးစသွေးနအချို့ကလွဲရင် ဘာမှမရှိတော့၊
မမှတ်မိလောက်အောင် ပုံပျက်နေပေမဲ့ သတင်းအရတော့ ကိုဥက္ကာတို့ကားပါပဲ။ ကတ္တရာလမ်းမ ပေါ်မှာ တော့
သူနဲ့တိုက်မိ တယ်ဆိုတဲ့ ဘတ်(စ)ကားအစိမ်းကြီးကို လမ်းရဲ့ဝဲဘက်ခြမ်းမှာ ရပ်ထားတာ တွေ့ရ ပါတယ်။ သူတို့
၂စီးကကိုက် ၈၀-၁၀၀ခန့်ဝေးတာမို့တိုက်မိစဉ်က အရှိန်အတော်ပြင်းမှာသေ ချာပါတယ်၊ ဘတ်(စ)ကားကြီး
ကတတောင်ဆစ် အကွေ့တောင်ကုန်းပေါ်မှအဆင်း ဥက္ကာတို့ကါးကအတက်ပါ။ ဖြစ်စဉ်
မှာသူတို့ ၂စီး အပြင်ဆလွန်းကါးတစ်စီးရှိပါသေးတယ်။ (ကျွန်တော်တို့ ရောက်ချိန်မှာတော့ဆွဲ သွားပြီမို့မတွေ့
ရတော့ပါ) အဲဒီကားက ခရစ်ယန်တရားဟော ဆရာတစ်ယောက် မောင်းတာပါ။ သူကအရက်မူး နေတယ်
ဆိုပါတယ်၊ ရဲဖက်ကအဆိုအရ အဲဒီတရားဟောဆရာက ပထမ ကိုဥက္ကာတို့ကားကို ကျော်တက်ရာ ကနေ
ပြဿနာ စတာပါ၊ သူကမူးမူးနဲ့ ကျော်တက် ပြီးမှ ရှေ့မှာဆင်းလာတဲ့ ကားကြီးကိုတွေ့လို့သူ့လမ်းကြောထဲ ပြန်

60
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အ၀င်မှာဥက္ကာတို့နဲ့ ချိပ်မိပြီးရှုပ်ထွေး ကုန်ကာနောက်ဆုံးမှာတော့ ဘတ်(စ)ကြီးနဲ့ ကိုဥက္ကာတို့ ကါးတို့


ထိပ်တိုက်ဖြစ်သွားတာပါ။ ကားကြီးကသူတို့ရဲ့ယဉ်ကြောထဲရောက်နေတာပါ။ တရားဟော ဆရာကတော့
နဲနဲပါးပါးပဲ ဒဏ်ရာရသွားပါတယ်။

တိုက်မိတဲ့ဘတ်(စ)ကြီး
ဆရာထိန်တို့ ကားလည်းမရှေးမနှောင်း မှာရောက်လာတာနဲ့ ကျွန်တော်တို့ လည်း မှတ်တမ်းတင်ဓါတ်ပုံ
၃-၄ ပုံ ရိုက်ပြီး ရှေ့ခရီးဆက်ခြဲ့ကပါတယ်။ သူတို့ကရဲစခန်း ကျွန်တော်တို့က Dr ဒေါ်ခင်မာအေး တို့ အိမ်ဆီပါ။
ဒီအချိန်မှာတော့ အလောင်းတွေအားလုံးလည်း TY ဆေးရုံရောက်နေပါပြီ။ သူတို့အိမ်မှာ ပဲနေ့ခင်းမှာ
မြန်မာတွေပြန်ဆုံ Maseru ဆေးရုံအုပ်နဲ့ အခြားမြန်မာ တွေဆီ ဖုန်းနဲ့အကြောင်းကြား စီစဉ် စရာရှိတာ တွေစီစဉ်ပြီး
ညနေစောင်း မှာအိမ်ပြန်လာ ဒီမှာကျန်ရစ်သူတွေကို ရှင်းပြရပါတယ်။ ဆေးရုံအုပ်က တော့ တာဝန်ကျေပါတယ်။
ကြားကြားခြင်းပဲ TY ကိုတက်လိုက် လာပါတယ်။ ကိုဥက္ကာမှာ သမီးတစ်ယောက်၊ ယောက္ခမ နဲ့ခယ်မတို့
ပေါင်း၃ယောက် ကျန်ရစ်ပြီး၊ ကိုစန်းလွင်ဦးရဲ့ မိသားစုကတော့ အားလုံးရန်ကုန်မှာပါ။

ဒါကတော့ လီဆိုသိုမှာကျွန်တော်တို့ မြန်မာတစ်စု အကြေကွဲရဆုံးဖြစ်တဲ့ ဇာတ်လမ်း တစ်ပုဒ်ရဲ့ နိဒါန်းအစ နေ့ပါပဲ။


ရှေ့လျှောက်လုပ်စရာတွေ တစ်ပုံကြီးပါ။ ဦးဆုံးလုပ်ရမှာက အလောင်းတွေ လှလှပပ မြေချဖို့ပါ။
ကျွန်တော်တို့မြန်မာ အားလုံးဒီမှာရှိတာမှ ဆရာဝန် မိသားစု ၆ခုပါ၊ ခုလိုအတွေ့ကြုံမျိုး ရှိခဲ့ဘူးတာလဲမဟုတ်၊
ကိုယ့်နိုင်ငံမှာလည်း မဟုတ်လို့ ဆိုင်ရာအထက်လူကြီးတွေဆီတင်ပြတော့၊ ကျွန်တော်တို့ ဆန္ဒရှိတာသာ ပြောပါ
(အလောင်းတွေပဲ အိမ်ပြန်သယ်မလား၊ ဒီမှာပဲသင်္ဂြိုဟ်ချင်သလား) Ministry ကအစစ တာဝန်ယူပါ မယ်
ဆိုလို့သာ ကျွန်တော်တို့ အသက်ရူချောင်သွားတာပါ။ Deputy Principle Secretary DPS (ဒုအတွင်း ၀န်)
အမျိုးသမီး ကြီးကိုယ်တိုင်က ဈာပနကော်မတီဥက္ကဌ အဖြစ်ဆောင် ရွက်ပြီးလိုအပ် သမျှအကူညီတွေ ပေးပါတယ်။
ကျွန်တော်တို့ တောင်းလို့ ပေးတာ မဟုတ်ပါ။ (အတွင်းဝန်၊ ဆိုတာက ကျန်းမာရေးဝန်ကြီး အောက်တစ်ဆင့်နိမ့်
ရာထူးပါ) သူမကိုယ်တိုင်က ဘာမှဟိတ်ဟန် မှမရှိ အသုဘအိမ်ကို နေ့စဉ်လိုရောက် လာတတ်ပြီး အခက် အခဲတွေ
လိုအပ်တာတွေမေးလေ့ရှိပါတယ်။ (ဒီအချက်ကို ထိန်ချန်ထား မယ်ဆိုရင် ကျွန်တော်တို့
အဖို့သူတစ်ထူးရဲ့ကျေးဇူးတရား ကိုမသိတတ်ရာ ကျပါလိမ့်မယ်)

ကျန်ရစ်သူတွေ မိသားစုအားလုံးက ဒီမှာပဲမီးသင်္ဂြိုဟ်ချင်တယ် ဆိုတော့ ဒီနိုင်ငံ မှာမဖြစ်နိုင်လို့ တောင်


အာဖရိကနိုင်ငံ ဘက်မှာသွားသင်္ဂြိုဟ် ရဖို့ဖြစ်လာပါတယ်။ ဒီအတွက်လည်း Ministry ကပဲနယ်စပ် ဖြတ်ကျော်ဖို့
စာရွက်စာတမ်း ကိစ္စအ၀၀ကို တာဝန်ယူလုပ်ကိုင်ပေးပါတယ်။ ဈာပနကိစ္စအ၀၀တွက်
ကိုတော့ဒီမှာနာမည်အကြီးဆုံးဖြစ်တဲ့ MKM Burial Society Co. ကိုအပ်လိုက်ပါတယ်။ အလောင်းတွေ TY

61
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကနေပြန်သယ်လာတာ ကစလို့၊ ၀တ်စားပြင်ဆင်တာ၊ အအေးခန်းမှာထားတာ၊ ပန်းခွေပန်းခြင်း၊ အခမ်း အနား


ပြင်ဆင်တာ ၊ခေါင်းတွေဝယ် တာကအဆုံး အားလုံးကိုတာဝန်ယူ လုပ်ကိုင်ပေးလို့ ဘာမှလှည့် ကြည့်စရာမလိုပါ။
ကျွန်တော်တို့ စိတ်ကြိုက်ရွေးပြီး ကုန်ကျစရိတ်အ၀၀ကို သူတို့ကုမ္ပဏီနဲ့ ၀န်ကြီးဌာန တို့စာရင်းရှင်းရဖို့ပါ။
ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ဘုန်းကြီးရဖို့တွက်တော့ လောလော ဆယ်မှာ တောင်အာဖရိက
နိုင်ငံမှမြန်မာဘုန်းတော်ကြီးမရနိုင်လို့ တန်ဇန်းနီးယားနိုင်ငံ မှသီရိလင်္ကာဆရာ တော်ကိုပင့်ရပါတယ်။
(ကံကောင်းစွာပဲ ဒီဆရာတော်ကို ၂၀၀၈ မတ်လကမှ ဒီမှာရှိတဲ့ သီရိလင်္ကာကုန်
သည် တွေမှတဆင့်သိခဲ့ဘူးတာပါ)

Memorial Service မှာတွေ့ရတဲ့ VIP များ


ဒါတွေနဲ့တင် မပြီးသေးပါ၊ ဒီမှာကအနောက်တိုင်းပုံစံမို့ သူတို့ထုံးစံကိုလဲလိုက်နာဖို့လိုပါသေးတယ်။ ဒါကတော့
Memorial Service ခေါ်အောက်မေ့ဘွယ်အခမ်းအနားပါ။ အဲဒီမှာထုံးစံအရသူတို့ရဲ့ ဂုဏ်ပုဒ်တွေကို ဖေါ်ထုတ်
ချီးမွန်းယင်း သွားလေသူတွေတွက် နောက်ဆုံးအနေ နဲ့နှုတ်ဆက်ပွဲလို့ဆိုနိုင်ပါတယ်။ ဒီပွဲအတွက် မြန်မာ
တွေအားလုံးက ကျွန်တော့ကို တစ်ညီတစ်ညွတ်တည်း တာဝန်ပေးလာပါတယ်။ ရှေ့ပိုင်းမှာ ဌာန ဆိုင်ရာ တွေဆီ
အစီရင်ခံတဲ့စာတွေ၊ အကူညီတောင်းတဲ့စာတွေ အားလုံးကိုရေးခဲ့ရပြီး ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့
မြန်မာများအဖွဲ့ရဲ့ ဥက္ကဌရာထူးနေရာမှာ လက်မှတ်တွေထိုးခဲ့ ရတာလည်းကျွန်တော်ပါပဲ။ အဲဒီစာတွေက
အလုပ်သဘောအရ ရေးတာတွေမို့ သိပ်မခက်လှပါ။ ဒါပေမဲ့ ခုဟာကထင် သလောက် မလွယ်ပါ၊ ကိုယ့်ငါးချဉ်
ကိုယ်ချဉ် ရမှာကလည်း တစ်ယောက်တည်း တွက်မဟုတ်၊ အစကတော့ ကိုဥက္ကာ တစ်ယောက်တည်း တွက်
ကိုယ့်ဆေးရုံမှာပဲ ဒီ service လုပ်မယ်ဆိုတော့ ဘာအရေးလဲ၊ (တော်တယ်၊ စေတနာ ကောင်းတယ်၊
အလုပ်ကြိုးစားတယ်) ချရေးရုံပေါ့။ ခုတော့ ၂ယောက် ကိုတစ်ပေါင်းတစ်စည်းတည်း တစ်ခမ်းတစ်နား
လုပ်မှာဖြစ်ပြီး ၀န်ကြီးတွေ၊ UN အဖွဲ့၊ WHO အဖွဲ့၊ NGO အဖွဲ့စတဲ့ VIP တွေပါဖိတ် မှာဖြစ်လို့
ကျွန်တော်စာရေးရမှာကိုလက်တုန်နေမယ်ဆိုတာကို စာရှုသူတွေနားလည်သဘော ပေါက်နိုင်
လိမ့်မယ်ထင်ပါတယ်။ ၂ယောက်ဆိုတော့ (ဒီလူလည်းတော်တယ်၊ ကြိုးစားတယ်၊ ဟိုလူလည်း တော်တယ်
ကြိုးစားတယ်) နဲ့တစ်ပုံစံတည်း သွားရေးလို့ကတော့၊ လုပ်ပွဲကြီးဖြစ်နေမှာ ဟာသကြီးဖြစ်နေမှာ သေချာ တာပေါ့။
ကျွန်တော်ဦးနှောက်အတော် စားသွားခဲ့ရပါတယ်။ ဒါပေမဲ့လိုလျှင်ကြံဆ၊ နည်းလမ်းရမဟုတ်ပါလား၊

62
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

နောက်ဆုံးတော့ ဦးနှောက်ကို ဖျစ်ညှစ်အကြံထုတ်လိုက်တာ အဆင်ပြေသွားပါတယ်၊ သူတို့တစ်ယောက်စီရဲ့


ထူးခြားချက်လေး တွေပေါ်မူတည်ပြီး တစ်မျိုးစီချ ရေးလိုက်တော့ အပ်ကြောင်း မထပ်တော့ပါ။

Memorial service မှာ စကားပြောနေတဲ့ဦးနေဦး

ဒါနဲ့ ကိုစန်းလွင်ဦးအတွက် ကတော့ သူဟာအမိမြန်မာနိုင်ငံတော် မှာမြို့နယ်ဆရာဝန်အဖြစ် လုပ်သက်


ရင့်ခဲ့ပြီးသူဖြစ် တဲ့အကြောင်း၊ သူဒီနိုင်ငံကိုရောက်ရာက်ချင်းမှာပဲ သူ့ကိုဆရာဝန်မရှိ တဲ့ ပေ ၁၂၀၀၀
ကျော်အမြင့်မှာရှိတဲ့ Mokhotlong ဆေးရုံလေး ကိုပို့လိုက်တာကို မညည်းမညူသွားခဲ့တဲ့အကြောင်း၊
သူရောက်သွားပြီးမှ မိခင်နိုင်ငံရဲ့အတွေ့အကြုံတွေကိုအသုံးချပြီး နေ့မအားညမအား ကြိုးစားမှုကြောင့် အဲဒီဝေးလံ
ခေါင်းပါးအရပ်ကဆေးရုံလေးဟာ လူတွေအားကိုးအားထား လောက်စရာဆေးရုံဖြစ်လာ
တဲ့အကြောင်း၊ အပြင်ဘန်းအရတော့ သူဟာ စကားနည်းတဲ့ လူအေးတစ်ယောက် ဖြစ်ပေမဲ့ သူ့ရင် ထဲမှာတော့
အကြင်နာတရား အပြည့်ရှိတဲ့အကြောင်း၊ သူ့ကိုအကူညီတောင်း လာသမျှလူတွေကိုဘယ်
တော့မှငြင်းလေ့ မရှိတာမို့ နောက်ဆုံးသူ TY ဆေးရုံကိုတာဝန်အရ ပြောင်းသွားပေမဲ့ ယခုထက်တိုင် မြို့ခံတွေက
Compassionate hard worker (အကြင်နာတရားပြည့်ဝပြီးအလုပ်ကိုကြိုးစားသူ)
တစ်ယောက်အနေနဲ့သူ့ကိုအစဉ် သတိရနေကြောင်း။

ကိုဥက္ကာအတွက်ကတော့ အရိုးအထူးကု ဆရာဝန် တစ်ယောက်အနေနဲ့ သူဟာလူမှုရေးအရ ဘယ်သူ


နဲ့မဆိုအပေါင်းသင်း ဆန့်တဲ့အကြောင်း အလုပ်ကိုတန်ဘိုးထား ကြိုးစားလုပ်ကိုင်တတ်တဲ့ အကြောင်း၊
သူမို့လို့ခွဲစိတ်ခန်းထဲ ၀င်လာလျှင် သူ့လည်ပင်းမှာကော ခါးမှာပါ ပစ္စည်းတွေချိပ် လက်ထဲမှာလည်း မအားရ
အိပ်နဲ့အပြည့် ပစ္စည်းတွေပါလာတတ်တဲ့အကြောင်း၊ ဒီပစ္စည်းတွေက ခွဲစိပ်ရာမှာအသုံးလိုတဲ့ ၀က်အူ လှည့်တို့လို
ပလာယာတို့လို အသေးသုံးပစ္စည်းတွေ ကနေ လျှပ်စစ်လွန် electric drill အထိပါ တတ် ကြောင်း၊
ဒါတွေအားလုံးကို သူ့အိပ်ထဲမှ စိုက်ဝယ်တာ တွေဖြစ်ကြောင်း၊ လူနာတွေ ပေါ်စေတနာ အပြည့် ထားကြောင်း၊
သူ့အိမ်မှာဆိုရင်လဲ မြန်မာတွေအားလုံး ရဲ့စုေ ၀း၇ာနေရာဖြစ်ကြောင်း၊ Centre of the
Burmese Community လို့တင်စားလိုက်ပါတယ်။ သူ့မိန်းမ ၀ိုင်းဝိုင်းဆိုတာ ကလည်း သူနဲ့လိုက်ဖက်ညီစွာ
မငြီးမငြူ ချက်ပြုတ်ကျွေးမွေး တတ်တာမို့ မြန်မာတွေတင်မက အခြားလူမျိုးခြားတွေပါ ဆုံစည်းရာ နေရာ
ဖြစ်ကြောင်း။.....စတာတွေပေါ့။
ဒါတွေက အပိုအလိုတစ်ခုမှမပါ မှန်တာတွေချည်းပါ၊ (နောက်ဆက်တွဲ အနေနဲ့) တရားသဘော နဲ့ကြည့်
63
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

မယ်ဆိုရင် ဖြစ်လာသမျှ အားလုံးဟာတစ်နေ့ ပျက်ရမှာဓမ္မတာမို့ ဖြေနိုင်ပေမဲ့၊ ခုဟာက အသေစောလွန်း


လို့နှမျောမိ တဲ့အကြောင်း၊ စုစုပေါင်းမှ ၂၀သာသာရှိတဲ့ မြန်မာ တွေအတွက် ဘယ်လိုမှအစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး
တစ်ခုဖြစ်ကြောင်း၊ ရေးလိုက်ပါတယ်။

မေလ ၃၁ရက်နေ့နံက်မှာ အောက်မေ့ဘွယ်အခမ်းအနား လုပ်ပြီး ဇွန်လ ၂ရက်နေ့မှာ သူတို့ကို တောင်


အာဖရိကိုင်ငံ Bloemfontein မြို့မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ (အကြောင်းမညီညွတ် လို့ ဒီပွဲ၂ခုလုံး ကို
ကျွန်တော်မလိုက်နိုင်ခဲ့ပါ) Memorial Service ကိုတော့ ဒီနိုင်ငံ Maseru မြို့မှာပဲ မီးမှိန်မှိန်ထွန်းထားတဲ့ MKM
ခန်းမကြီးမှာ လွမ်းဆွေးစဘွယ်ကျင်းပခဲ့တာပါ။ ကျန်းမာရေးဝန်ကြီး၊ PS, ညွှန်ချုပ်၊ ဆေးရုံအုပ် သူနာပြုအုပ်၊
တို့အပြင် UN, WHO, NGO.....အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ လုပ်ဖေါ်ကိုင်ဖက်ဆရာ
ဆရာမတွေ၊ စုံစုံညီညီ တက်ရောက်ပြီး ၀မ်းနည်းစကားတွေပြောကြပါတယ်၊ ပရိဿတ်ကတော့ ခန်းမ အပြည့်ပါပဲ၊
ကျွန်တော်တို့မြန်မာအဖွဲ့ကိုယ်စား Dr ဦးနေဦးက ကျွန်တော့စာကိုထွက်ဖတ်ပြီး၊ ဆေးရုံအုပ်က သဘောကျလို့
အများနားလည်အောင် သူတို့ဘာသာကိုပြန်ပေးပါတယ်။ တောင်အာဖရိကနိုင်ငံ မှမြန်မာ တွေကိုယ်စား Dr
ဦးသိန်းဝင်းက ထွက်ပြောပါတယ်။ အသုဘနေ့ မှာတော့ VIPတွေမပါတော့ပဲ ဆရာတော်
နဲ့ မိတ်ဆွေ အပေါင်းတစ်စု သာအေးဆေးစွာ တစ်ဘက်နိုင်ငံကို လိုက်ပို့ကြပါတယ်။ ဒီအတွက်ဆေး၇ုံမှ ဘတ်(စ)
တစ်စီး ကူညီပါတယ်၊ ဒါတွေတင်မက သေးပါဘူး အသုဘရက်တစ်ပတ်လုံးတွက် ကျန်ရစ်သူ
မိသားစုနဲ့အည့်သည်တွေ စားဖို့သောက်ဖို့ကိစ္စအ၀၀ကိုပါ ဆေးရုံမီးဖိုမှစီစဉ်ပေးပါသေးတယ်။

၂၀၀၈ မေလဆန်း ကဆုန်လပြည့်နေ့မှာ မြန်မာတချို့အမှတ်တရ


(၀ဲ-ယာ၊ ဒု နှင့် တတိယ၊ကိုဥက္ကာတို့စုံတွဲ၊ ယာအစွန်ဆုံး၊ ကိုစန်းလွင်ဦး)

၂၀၀၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာ DPS နဲ့ ဆေးရုံအုပ်တို့ ကိုယ်တိုင် Maseru လေဆိပ်မှာ ကျန်ရစ်သူ
ကိုဥက္ကာတို့မိသားစုကို သွားရောက်ပို့ ဆောင်နှုတ်ခဲ့ကြပါတယ်။

ဖြစ်စဉ်တစ်ခု လုံးကိုပြန်လည်သုံးသပ် မယ်ဆိုရင်တော့ လီဆိုသိုမှာ ကျွန်တော်တို့မြန်မာတွေ အားလုံးတွက်


64
)

-
Maseru
Kingdom of Lesotho
6 Mar 2010

Mohale Dam

65
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ရှိတတ်တာမို့ ကျွန်တော်ပြော တာလွန်မယ်မထင်ပါ။ နောင်မှာလည်းနှင်းနဲ့ ရေစက်ဆုံဖြစ်


လိမ့်မယ်လို့ ယောင်လို့မျှမတွေးခဲ့မိ တာလည်းအမှန်ပါ။

နှင်းစတွေ့ရတဲ့ Pitsang မြို့လေးသို့ အ၀င်

ဒါပေမဲ့ လူ့ဘ၀ဆိုတာက အဆန်းသား၊ မထင်မှတ်တဲ့အရာတွေက တစ်ချိန်ချိန်မှာဖြစ်ဖြစ် လာတတ်တာမို့ ခုတော့


ဒီနိုင်ငံမှာနှင်းနဲ့ နဖူးတွေ့ဒူးတွေ့ ဆုံခဲ့ရပါပြီ။ အာဖရိက ဆိုလျှင်လူတိုင်းလိုလိုက သဲကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့
ဒေသလို့ထင်တတ်ကြ တာချည်းပါ။ ဒါပေမဲ့လီဆိုသို ဆိုတာက Mountain Kingdom တောင်ပေါ်နိုင်ငံပါ။
တောင်ပိုင်း အာဖရိကမှာ အမြင့်ဆုံး တောင်တွေ ပေါ်ရှိတာမို့ Roof of Africa လို့ တင်စား
ခေါ်ဝေါ်တာလည်းရှိပါတယ်။ အာဖရိကတိုက် တစ်တိုက်လုံး မှာနိုင်ငံပေါင်း ၅၆ နိုင်ငံရှိတဲ့အနက်
တစ်ခုတည်းသော ပုံမှန်နှင်း ကျတတ်တဲ့၊ အပူချိန် သုညဒီဂရီ အောက် မှာရှိတတ်တဲ့ နိုင်ငံပါ။ ဒါကြောင့်မို့
ဒီနိုင်ငံမှာနှင်းနဲ့ ဆုံစည်း ရတာမဆန်းပါ။ တစ်ကယ်တမ်း ဆုံစည်းရ တော့ နှင်းကစိတ်ကူးယဉ် ထဲကလို
ချစ်စရာလုံးဝမကေါင်းပါ။

ဆီးနှင်းဖုံးနေတဲ့တောင်ပေါ်ရွာလေး

66
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဒေသန္တရ ဗဟုသုတအနေ နဲ့ပြောရရင်တော့ ဒီနိုင်ငံရဲ့မြေအနေအထားက အနောက်တောင် ဘက်ကနေ


အရှေ့မြောက် ဘက်ကိုမြင့်တက်သွား ပါတယ်။ မြို့တော် Maseru နဲ့အဓိက မြို့ရွာအတော်များများ ကနိုင်
ငံရဲ့အနောက် တောင်ဘက် မြေနိမ့်ပိုင်း Low land မှာရှိတာပါ၊ ဒါသည်ပင် ပေပေါင်း ၄၈၀၀ (မီတာ ၁၆၀၀)
မြင့်နေပါပြီ။ (Maseru မှာပုံမှန်အားဖြင့်တော့ နှင်းကျလေ့မရှိပါ)
တကယ့် မြေမြင့်ပိုင်း High land တွေကျတော့ ပေပေါင်း တစ်သောင်းကျော် ထိမြင့်ပြီး ဆောင်းမှာ ၄-၅ လခန့်
နှင်းကျလေ့ရှိပါတယ်။ အဲဒီလိုမြင့်တဲ့ တောင်တွေကြားမှာ ဆည်ကြီးတွေ ဆောက်ထားတာ အံ့သြ
စရာကောင်းလောက်အောင် ကြီးမားပြီး ကမ္ဘာ့ အမြင့်ဆုံးဆည်တွေ စာရင်း ၀င်ပါတယ်။ ဒီထဲမှာ Katse
Dam ဆိုတာက အာဖရိကတိုက် တစ်ခုလုံးမှာ မှာ အမြင့်ဆုံး နဲ့ အရွယ်အစားမှာတော့ ဒုတိယအကြီးဆုံးပါ။
ဒီဧရာမ ဆည်တွေက tourist attraction sites တွေပါ။ ဒီဆည်ရေတွေကိုပဲ တောင်အာဖရိက နိုင်ငံကို ရောင်းစား
တာအတော် စီးပွါးဖြစ်ပါတယ်။ အခြားသယံဇာတ ဆိုလို့ဘာမှမယ်မယ်ရရ မရှိတဲ့ ဒီနိုင်ငံအဖို့ အဓိက
ဝင်ငွေရလမ်းပါ၊ (ရေအားလျှပ်စစ် ကိုတော့ ပြည်တွင်းမှာအဓိကသုံးပါတယ်)

ကျွန်တော် နှင်းနဲ့ ဆုံစည်းခဲ့ရပုံကို စကားပြန်ဆက် ရရင်တော့ အဲဒီနေ့က ၂၀၀၉- သြဂုတ်လ ၁-ရက် နေ့ပါ။
ရုံးပိတ်ရက် မို့ထုံးစံအတိုင်း ကျွန်တော့ မိတ်ဆွေကြီး UK နိုင်ငံသား Dr Tuppin ကခရီးထွက်ဖို့ အဖေါ်စပ် တာနဲ့
ကျွန်တော်တို့ Katse Dam ခါဆေး ဆည် ကြီးဆီညအိပ် ခရီးထွက်ခဲ့ကြတာပါ။ သူတို့လင်မယား
နဲ့ ကျွန်တော် ပေါင်း၃ယောက်ပါ။ ခရီးစဉ်က အရှေ့မြောက်ဘက် ကီလိုမီတာ ၁၂၀ ဝေးတဲ့ Leribe မြို့လေး ဆီ
ရောက်အောင် ပထမမောင်းပြီး နောက်၊ တောင်ဘက် ၂၆ ကီလို ဝေးတဲ့ Pitsang မြို့လေး ကိုဖြတ် မောင်းရမှာပါ။
ခရီးကသိပ်မဝေးလှပေမဲ့ ထုံးစံအတိုင်း တောင်ပေါ်လမ်းမှာ ပေတစ်သောင်း ခန့် (၂၉၅၀ မီတာ) မြင့်တဲ့ Mataika
Lisiu passဆိုတဲ့တောင်ကြား ကိုကျော်ပြီးမှ ဆည်ကြီးရှိရာ ပေ ၆၀၀၀ အမြင့် ပြန်ဆင်းရမှာပါ။ ဒီတော့ကာ
တော်ရုံကားမရုန်းနိင်ပါ။ သူ့ Pajaro 4x4 နဲ့ဆိုတော့အံကိုက်ပါပဲ။

သြဂုတ်လ ဆိုတာဆောင်းတွင်း ဆိုပေမဲ့ အဲဒီရက်တွေတုန်းက အအေးပေါ့ပြီး သာသာယာယာ ရှိတာမို့


ကျွန်တော်တို့ ဘာအပူအပင်မျှမရှိပါ။ တစ်လမ်းလုံး ဓါတ်ပုံတွေ ရိုက် စကားတွေပြောနဲ့ ပျော်စရာကေါင်း ပါတယ်။
ဒါနဲ့ Pitsang မြို့လေးကို နံက် ၁၁ နာရီလောက် ရောက်တော့ တည်းခိုခန်းတစ်ခုမှာ နံက်စာ ၀င်စားကြပါတယ်။
အဲဒီမြို့လေးက အတော်လေး မြင့်နေပြီမို့ မြို့ထဲလမ်းဘေးဝဲယာမှာ ယခင်နေ့များ ကကျထားတဲ့
နှင်းအကြွင်းအကျန် တွေကိုစတွေ့ရပါတယ်။ ဒီမြို့လေးကနေရှေ့ခရီး ဆက်တော့ တောင်တက်လမ်း ကပိုပြီးမတ်
လာတာတွေ့ရပါတယ်။ အခြားဆလွန်းကား တွေတောင် သွားနေတာမို့ ကျွန်တော်တို့ ကားအဖို့တော့
ဒါကအသေးအမွှားပါ။ ဒါပေမဲ့ အခါမဟုတ်တဲ့ မိုးကတဖွဲဖွဲနဲ့ စ၊ရွာလာတာမို့ သတိတော့ ထားမောင်းရပါတယ်။
မောင်းယင်းမောင်းယင်း နဲ့မိုးသီးလိုလို နှင်းလိုလို စကျလာတာသတိ
ထားလာမိပြီး လမ်းကလဲသိသိသာသာ မတ်လာပါတယ်။ လမ်းပေါ်မှာလည်း ပထမ မိုးရေစိုနေရာကနေ
တစ်ဖြည်းဖြည်း ဖြူလိုက်လာတာမို့ ငါတို့တော့နှင်းတောထဲ ကားမောင်းနေရပြီ ဆိုတဲ့အသိနဲ့ ပျော်သလိုလို ပါပဲ။
ပူရမှန်းလည်းသတိမရပါ။ ဒါနဲ့ ရှေ့ဆက်မောင်းလာလိုက်တာ ရှေ့က သွားတဲ့ကားဘီးရာတွေ ပိုပိုနက်လာတာ
မြင်ရတော့ နှင်းထုကပိုပို ထူလာတယ်ဆိုတာသတိထားမိလာပါတယ်။ သိပ်မကြာပါဘူး နှင်းတွေ တဖွဲဖွဲပိုများလာ
ပြီးလမ်းပေါ်မှာလည်း ရှေ့ကားဘီးရာ တွေ မတွေ့ရတော့။ တစ်နေရာမှာတော့
ဆလွန်းကားတစ်စီးလမ်းလည်ခေါင်မှာရပ်နေတာတွေ့ရပါတယ်၊ တကယ်တော့ ဒီလမ်းမျိုးနဲ့ သူတို့ကားနဲ့
ကဘယ်လိုမှမအပ်စပ်ပါ၊ ဘယ်လိုများဆက်မောင်းကြမလဲမသိ။ ကျွန်တော်တို့ ကားကတော့ခပ် ကြွားကြွား ပဲသူတို့
67
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကိုဖြတ်ကျော်ပြီးဆက်မောင်းလာလိုက်တာ တောင်ထိပ်ကိုပင်လှမ်းမြင်ရတဲ့နေရာရောက်နေပါပြီ။ နှင်းကတော့


ဆက်အားကောင်းဆဲ ကျွန်တော်တို့ ပါဂျရိုကလဲ ဆက်ရုန်းဆဲပဲ။ ဒါနဲ့ ဘာမှမကြာလိုက်ပါဘူး သွားယင်းနဲ့
ကားကလက်ယာဘက်ကို လည်ထွက်သွားလို့ အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။
တလျှောက်လုံးမောင်းလာတာက Tuppin ရဲ့ မိန်းမ Andy ပါ။ Tuppin လဲလန့်သွားပြီး ကားကို ချက်ချင်း
ပဲရပ်ခိုင်းပြီး အားလုံးဆင်းလိုက်ကြပါတယ်။ ကားကလမ်းပေါ်မှာ ကန့်လန့်ကြီး ဖြစ်နေပြီးတောင်နံရံ ကို
ဦးတည်နေတာကို တွေ့ရပါတယ်။ ၀ဲဘက်မှာတော့ တောင်စောင်း ဆင်ခြေလျှောကြီးပါ၊ လမ်းပေါ်မှာရေခဲ ထုကလဲ
တစ်ပေလောက်ရှိပါတယ်။ တကယ့် ကိုထိတ်လန့် စရာမြင်ကွင်းပါ။ အကယ်၍သာ ကားက ယာဘက်မဟုတ်ပဲ
ဘယ်ဘက်ကိုသာ ဆွဲသွားမယ်ဆိုရင် တော့ ကျွန်တော်တို့ အားလုံးတောင်စောင်း မှာရေခဲပြင်လျှောစီးသွားဖို့ပါ၊
ဒါဆို တောင်အောက်ပြန်ရောက် သွားဖို့ပါ။

ကန့်လန့်ဖြစ်နေတဲ့ ကျွန်တော်တို့ကားလေး

Tuppin ကတော့စိတ်အေးအေး ပါပဲ သူကိုယ်တိုင်စတီယာရင် ၀င်ကိုင်ပြီးကါးကို ပြန်တည့်ဖို့ကြိုးစားပါတယ်။


ရေခဲရဲ့မျက်နှာပြင် ဆိုတာက သိတဲ့အတိုင်းပဲ ချောမွတ်နေတာမို့ ကားတာယာနဲ့ ရေခဲမှုံတွေကြား မှာစလစ် ဖြစ်တာ
ဗွက်နစ်တာထက်အပြန် တစ်ရာ ပိုဆိုးမယ်ထင်ပါတယ်၊ နောက်တာယာ၂လုံးက ပန်းအထူအပါးမညီ
ဝဲဘက်ကပိုများပြီး ယာဘက် ကပါးနေတာမို့ ယာဘက်ဘီးက စလစ်ဖြစ်နေပြီး မရုန်းနိုင်ပဲ ကားကယာဘက်
ဆွဲသွားတာပါ။ သူဘယ်လိုပဲကြိုးစား ရုန်းရုန်ုး ကားက ရှေ့သွားမည့်အစား တစ်နေရာထဲမှာ တင်ပတ်ချာ လည်
နေတာပါ။ Tuppin ကတော့တော်ရုံနဲ့လက်လျှော့ တတ်တာမဟုတ်လို့ မရရအောင် ဆက်ကြိုးစား ပါသေးတယ်
ဒါပေမဲ့မရပါ။

68
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

နောက်ကြောင်းပြန်လှည့်တဲ့ခရီးအစ

နောက်ဆုံးတော့ ကျွန်တော်တို့ လက်လျှော့ပြီး လာရာလမ်း အတိုင်းပြန်မောင်း ခဲ့ရပါတယ်။ တောင်ထိပ်


ကိုမြင်နေရ တဲ့နေရာထိရောက်ပြီးမှ ဆုတ်ပြန်ခဲ့ရတဲ့အဖြစ်ကတော့ အသဲယား စရာပါ။ အပြန်လမ်းကျတော့
သူ့ဘီးရာအတိုင်း ပြန်မောင်းလာရတာမို့ လို့လားမသိ စလစ်လုံးဝမဖြစ်တော့ပါ။ လမ်းပေါ်မှာရေခဲထုက
တဖြည်းဖြည်း ထူရာက နေပါးလိုက်လာပြီး Pitsang မြို့ရောက်တော့ ရေခဲလုံးဝမမြင်ရတော့ပါ။ အပြန်လမ်း မှာ
ဆလွန်းကား ၃-၄စီး တောင်ထိပ်ဘက်ကို ဦးတည် မောင်းတက်လာတာ တွေ့ရပါ သေးတယ် သူတို့ လည်း
ကျွန်တော် တို့လိုပဲနှင်းတောထဲမှာ ဂေါ်ပြားလေးတွေနဲ့ ရေခဲတွေရှင်းနဲ့ ကားဆင်းတွန်း နေကြတာပါ။ ကျွန်တော်တို့
ရဲ့ 4x4 Pajero ပင်မမောင်း နိုင်တဲ့လမ်းကိုသူတို့ ဘယ်ပုံဆက်မောင်းကြမယ် မသိပါ။ ကံကောင်းတယ်လို့
ဆိုရမှာပါ နောက်နေ့မှာ ကားအက်စီးဒင်း နဲ့တစ်ယောက်မှ ဆေးရုံရောက်လာတယ်လို မကြားမိပါ၊
ရောက်လာရင်လဲ ကျွန်တော်နဲ့တွေ့မှာပါ။

အပြန်လမ်းမှာဆုံရတဲ့ဘ၀တူ ခရီးသွားများ

နောင်ကိုကျွန်တော့ ဂျာမန်ကျောင်းသား တွေနဲ့ပြန်ဆုံ ခဲ့လျှင်၊ ငါတော့နှင်းတောတိုးခဲ့ဘူးပြီ မင်းတို့


ဆီလာလည်စရာမလိုတော့ဘူး လို့ကြွားနိုင်သွားပါပြီ။

69
)

-
Maseru, Lesotho
21 Mar 2010

"

70
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

မြန်မာစကားမှာ "ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်နံနက်" လို့ဆိုရိုးရှိပါတယ်။ ရှင်းနေပြီးသားမို့


အထူးပြော စရာ လိုမယ်မထင်ပါ။ ဒါပေမဲ့ ဒီအထဲမှာ လေအသက် ဘယ်လောက်ဆိုတာမပါ ပါဘူး။ ဟုတ်ပါတယ်
သတ္တ၀ါတွေ အသက်ရှင် နိုင်ဖို့ရာအတွက် လေကိုရှူရှိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့ လေထုတစ်ခု
လုံးကိုရှူဖို့မလိုပါ။ လေဆိုတာက သိပ္ပံနည်းကျ တိတိကျကျပြောရရင်တော့ လေထုမှာပါတဲ့ အောက်ဆီဂျင်ဓါတ်
Oxygen O2 ကိုဆိုလိုတာကိုတော့ လူအတော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ အသက်ရှင်ဖို့ အဓိကအရေးကြီး
တာကသူပါ။ လေ ရဲ့အသက်က ဘယ်လောက်လို့ စာဖတ်သူများ ထင်ပါသလဲ။ ဘယ်လောက်ကြာကြာ
အသက်မရှူပဲနေနိုင်မှာလဲ၊ နာရီဝက်လား? ၁၅မိနစ်လား? ၁၀မိနစ်လား? တကယ်တော့ လေရဲ့အသက်က
ငါးနစ်ထက်မပိုပါ။ ဒီလောက်တောင် အရေးကြီးပေမဲ့ လေဆိုတာ ဘယ်နေရာသွားရှူရှူ လိုချင်သလောက်
အလကားရနေကျ မို့ရှေးလူကြီးတွေ သတိပြုခဲ့ မိဟန် မတူ တာဖြစ်လိမ့်မယ်ထင်ပါတယ်။
ကိုယ်တိုင်စမ်းကြည့်ချင်သပ ဆိုရင်တော့ ပလပ်စတစ်အိပ် ကြီးကြီးတစ်လုံးကို ခေါင်းပေါ် အလုံစွပ်ချပြီး နာရီနဲ့
အချိန်မှတ်ကြည့်နိုင်ပါတယ်၊ သူများပေါ်သွားစမ်းသပ် တာမဟုတ် လျှင်တော့ အန္တရာယ် မရှိလောက်ပါဘူး။

အထက်ကပြောခဲ့သလိုပေါ့ O2ပြတ်သွားလျှင် ဘယ်သူမှ ၅မိနစ်ထက်ပိုမခံနိုင်ပါ။ အသက်ဆုံးရှုံးနိုင်ပါတယ်၊ ၃-၎


မိနစ်လောက် ပြတ်လျှင်ပင် ဦးနှောက် ထာဝရပျက်ပြီး သူကောင်းပြန်မဖြစ် နိုင်တော့ပါ။ Vegetative
life လို့ခေါ်တဲ့ (ဟင်းသီးဟင်းရွက်လို) အသက်သာရှင်နေပြီး ဘာမှမသိနိုင် တော့တဲ့ဘ၀ ရောက် သွားနိုင်ပါတယ်။
ဒါကသာမန်လူတစ်ယောက်အဖို့ပါ။ ရောဂါသည်တစ်ယောက်အဖို့ ကတော့ ဒီလောက် ပင်ကြာကြာ
ခံနိုင်မှမဟုတ်ဘူး ဆိုတာအထူး ပြောစရာလိုမယ်မထင်ပါ။ " ကျွန်တော်တော့ မေ့ဆေးနဲ့ ဗိုက်အခွဲခံရပြီးကတဲက
အရင်လိုမှတ်ဥာဏ် သိပ်မကောင်းတော့ဘူးဗျာ"ဆိုတာမျိုး အချို့ ကြားဘူးလိမ့်မယ် ထင်ပါတယ်။
(ဒီလောက်လေးနဲ့တင်ပြီးသွားတာ ဒီလူသိပ်ကိုကံကောင်းတယ်ဆိုရမှာပါ)

ဒါကြောင့်မေ့ဆေးပေးတယ် ပေးတယ်ဆိုတာ သူ့ချည်းသက်သက် ဘယ်တော့မှပေးလို့မရပါ၊ O2 နဲအ


့ စဉ်
တွဲပေးရတာပါ။ O2 ကအသက်ပါ။ O2 မပါလို့ ကတော့ပြန်နိုးလာတော့မှာမဟုတ်လို့ ဟစ်တလာရဲ့ ဓါတ်ငွေ့
ခန်းထဲထည့် လိုက်တာနဲ့ အတူတူဖြစ်သွားမှာပေါ့။ ဒါနဲ့ပတ်သက်ပြီး ရင်နင့်စရာ အဖြစ်လေးတစ်ခု ခုလပိုင်း
လေးကတင် ဒီလီဆိုသိုမှာ ကြုံတွေ့ခဲ့ရပါတယ်။ စာရှုသူများ သဘောပေါက် စေဖို့သာ မျှဝေတင်ပြရတာပါ။
ကျွန်တော်မပြောပြ ချင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ လူနာက ခြောက်နှစ်အရွယ် ကလေးမ လေးတစ်ယောက်
လက်ဖျံရိုးကျိုးတာကို မေ့ဆေးပေးပြီး ဆွဲဆန့်၊ နောက်ကျောက်ပတ်တီးစည်း ပေးရဖို့ပါ။ အသေးအဖွဲခွဲစိပ်မှု minor
surgery တစ်ရပ်၊ ငါးမိနစ်လောက်သာကြာတဲ့ ကိစ္စလေးပါ။ သူမကိုမေ့ဆေး ပေးပြီးပြီးချင်းမှာပဲ
ခွဲခန်းမှာဆူဆူညံညံအသံတွေ နဲ့အတူအကူညီတောင်းသံတွေ ကြားရလို့ကျွန်တော်အပြေးအလွှား သွားကြည့်
မိတော့ ခွဲစိပ်ကုတင်ပေါ်မှာ ကလေးကနှလုံးရပ်နေပါပြီ၊ အစွမ်းကုန် ကြိုးစား အသက်လုပေမဲ့လည်း မရ တော့ပါ။
အကျိုးအကြောင်း မေးကြည့်တော့ ဆရာဆရာမ တွေရဲ့ပြော စကားအရ သူမရဲ့မေ့ဆေးဆရာဝန် က မေ့ဆေး
ပေးရာမှာ အောက်စီဂျင်ခလုပ် ကိုမဖွင့်ပဲ မေ့ဆေးချည်းသက်သက် ပေးထားတာတွေ့ တယ်လို့ ဆိုပါတယ်။
သူ့ကိုမေ့ဆေးပေးတာက တရုပ်ပြည်မကြီး ကနှစ်နိုင်ငံချစ်ကြည်ရေး အနေနဲ့ဒီမှာလာကူ လုပ် ပေးနေတဲ့
တရုတ်ဆရာဝန်အဖွဲ့က ဒေါက်တာလီ (အမည် ရင်းမဟုတ်ပါ)ပါ။ သူကလည်း ၀န်ခံပါတယ်။ သူမေ့ဆေးပေး
တုန်းက တော့O2 နဲ့အတူ ပေးတာပါပဲတဲ့၊ ဒါပေမဲ့ ကိစ္စပြီးလို့ ပြန်အပိတ်မှာတော့ မေ့ဆေးကို အရင်ပိတ်ရမှာကို
ခလုပ်မှားပြီး O2 သွားပိတ်မိလိုက် တယ် လို့ဆိုပါတယ်။ ဒါနဲ့ပဲ ကလေးက အသက် ဆုံးရတာပါ။ ဒါဆိုသူ့ကို
71
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဒီလောက်တောင် မှ ညံ့ရမလား လို့အပြစ်တင် ရအောင် ကလည်းသူက လက်သင်တစ်ယောက် မဟုတ်၊


ဝါရင့်ဆရာဝန်တစ်ဦးပါ။ သူ့အဓိက အားနဲချက်က အင်္ဂလိပ်စာညံ့တာပါ၊ လီကသူများနားလည်အောင်
မပြောတတ်တော့ ဒီ language barrier နဲ့ပဲကလေးရေတိမ် နစ်ရတာ ပါ ပါတယ်။ ပြောရရင်တော့
သူတို့အများစုက နောက်ပေါက်လူငယ်အချို့ မှအပ အင်္ဂလိပ်စာမကျွမ်းကြပါ။

ကျွန်တော့စာကိုဖတ်ပြီး မေ့ဆေးဆရာဝန်ဆိုတာ ကြောက်စရာကြီးပါလား လို့စာဖတ် သူတွေတွေးမိ


ကောင်းတွေးမိ ပါလိမ့်မယ်။ ကျွန်တော်တော့တွေးမိပါတယ်။ ဟုတ်တယ်လေ မှားတာချင်း အတူတူ မေ့
ဆေးရဲ့အမှားက ပြင်နိုင်ဖို့ရာ ၁-၂ မိနစ်သာ အချိန်ရတာ ဆိုတော့ အချိန်နဲလွန်းလှပါတယ်။ မေ့ဆေး
ကိုင်သူတစ်ယောက် အဖို့တစ်ချိန်မဟုတ် တစ်ချိန်မှာ ဒါမျိုးကြုံတတ်ပါတယ်။ အသက်နဲ့ရင်းပြီး လုပ်ရတာ ဆိုတော့
ပျာသွား ရင်ခြေမကိုင်မိလက်မကိုင်မိ နဲ့ဘာမှပင်လုပ်နိုင်တော့မှာမဟုတ်ပါ။ ကြိုတင်ကါကွယ်မှု
နဲ့တင်မလုံလောက်ပါ၊ ဘာဖြစ်ရင်ဘယ်လို ကိုင်တွယ်မယ် ဆိုတာ ကြိုတင်မစဉ်းထားလျှင် ပျာသွားဖို့
သေချာပါတယ်။ ဒါကြောင့်မို့ သတိ၊ စိတ်တည်ငြိမ် မှုသမာဓိ နဲ့ကြိုတင် ပြင်ဆင်မှု ဆိုတာ မေ့ဆေးတစ်
ယောက်အဖို့ အရေးကြီးဆုံး လိုအပ်ချက်တွေပါ။ ကျွန်တော်ကတော့ ကိုယ့်တပည့်တွေကို သင်တန်းပေးလျှင်
ဘာပြဿနာ တက်လာလျှင် ဘယ်လို လုပ်မလဲ ဆိုတာကြို ပြင်ဆင်ထားဖို့ စဉ်းစားထား ဦးဆုံးသင်ပေးလေ့ရှိ
ပါတယ်။ Plan A မှာပြဿ နာဖြစ်လာလျှင် Plan B ကြိုစဉ်းစားထားဖို့။ ဥပမာ မေ့ဆေး ပေးနေရင်း မမျှော်လင့်ပဲ
O2 ပြတ်သွားခဲ့ပြီဆိုပါစို့၊ မရှိတဲ့ O2 ကိုအချိန်ကုန်ခံ ပြီးလိုက်ရှာနေ မလား။ လေထဲမှာ သဘာဝ O2 က၂၀%
ရှိပြီးသားပဲ၊ လူနာထဲ ရောက်အောင် ဘယ်လိုလုပ်မလဲ၊ စတာတွေပေါ့။

ကလေးကတော့ ဆုံးသွားပါပြီ၊ ဒါပေမဲ့ ဘယ်သူ့မှာတာဝန်ရှိလဲ? ဘယ်လိုအရေးယူမလဲ? နောင်ကိုဘယ်လို


ကာကွယ်မလဲ? ဆိုတဲ့မေးခွန်းတွေက ဌာနမှူးဖြစ်တဲ့ ကျွန်တော့ဆီ ပုံကျလာပါတယ်။ တရုတ်ပြည်မှာ သာဆိုရင်
ဒါမျိုးကမလွယ်ပါ။ အရေးယူတာတွေ၊ လျော်ကြေးတွေ အတော်လိုက်ရမဲ့ကိစ္စပါ။ ဒါပေမဲ့ ဒီနိုင်ငံမှာက သူတို့ကို
နှစ်နိင်ငံသဘောတူညီချက် အရဘာမှအရေးမယူနိုင်၊ တရားလဲမစွဲ နိုင်ပါ။ ဒီရောက်စတုန်းက
ဒီသဘောကိုနားမလည်လို့ ကျွန်တော့ တရုတ်မေ့ဆေးဆရာဝန်ဆီက report တောင်းမိတာမှာ အတိုင်ခံရလို့၊
ဆေးရုံအုပ်ရုံးခန်း ရောက်ခဲ့ဘူးပါတယ်။ သူတို့ကိုဘာ မှထိလို့မရပါ။ ညဂျူတီတို့၊ အရေးပေါ်ဂျူတီတို့၊ ယူဖို့
နေနေသာ ပုံမှန်အလုပ်ချိန်ပင် ပြည့်အောင် လာတဲ့လူတွေမဟုတ်ပါ။ ဘယ်လိုဆရာဝန်တွေ မှန်းလဲမသိ။
ဒါကြောင့်မို့ တစ်ခါတစ်ခါကျွန်တော်သူတို့ကို နောက်ပြောင်ပြီးပြော တတ်ပါတယ်၊ မင်းတို့တွေက "ဂျိမ်းစဘွန်း
မိတ်အင်ချိုင်းနား" တွေပဲလို့။ (သူများအကြောင်းအမနာပ ပြောတာမဟုတ်ပါ၊ သူ့အရပ်နဲ့သူ့ဇာတ် ဖြစ်နေတာကို
ဗဟုသုတအနေနဲ့၊ ပြောတာပါ) ကျွန်တော်တို့ UNV ဆရာဝန်တွေ သံတမန်ကင်းလွတ်ခွင့် Diplomatic immunity
ရသူတွေပင်သူတို့လောက် အခွင့်ထူး တွေမရဘူးပါ။ (သူတစ်ပါးနိုင်ငံမှာ သွားလုပ်ရပြီး အနှိမ်ခံနေရသူတွေ
မုဒိတာပွါးဖို့ပါ )

ခုကိစ္စမှာ Lee ကမေ့ဆေးစက် ကိုအပြစ်တင်ပါတယ်။ ဟုတ်သင့်သလောက်လဲ ဟုတ်ပါတယ်၊ သူသုံးရတဲ့ စက်က


မိုဒယ်အောက်နေပါပြီ လွန်ခဲ့တဲ့အနှစ် ၅၀-၆၀ ကစက်ပါ။ O2 ခလုပ်နဲ့ မေ့ဆေးဖွင့်တဲ့ ခလုပ်က သီးသန့်စီ
လွတ်လပ်စွာဖွင့်နိုင်ပါတယ်။ နောက်ပေါ်တဲ့ မိုဒယ်တွေမှာလို O2မပါပဲ မေ့ဆေးသက် သက် ပေးမရအောင်
72
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

လုပ်ထားတဲ့တီထွင်ချက်မပါပါ။ ဒါကြောင့် O2 မပါပဲမေ့ဆေးချည်း သက်သက် ပေး


မိတတ်တဲ့ အန္တရာယ်ရှိပါတယ်။ အင်္ဂလိပ်မှာဆိုရိုးတစ်ခုရှိတယ် မဟုတ်ပါလား "Things those can happen is
going to happen one day" (ဖြစ်တတ်တဲ့ အရာအားလုံးဟာ တစ်နေ့ဖြစ်ကိုဖြစ်လာလိမ့်မယ်) တဲ့။
မေ့ဆေးရာဇ၀င်မှာ ခုလိုအဖြစ်မျိုးတွေရှိခဲ့ဘူးပါတယ်။ ဒီတော့ ခုကိစ္စမှာ လီမှာအဓိကတာဝန် ရှိတာမှန်ပေမဲ့
သူ့အပေါ်မှာချည်းလုံးလုံး အပြစ်ပုံချမယ်ဆိုလျှင် မတရားပါ၊ လို့ ပဲကျွန်တော်က သူတို့သံအမတ်ကြီးကို မျှမျှတတ
မှတ်ချက်ပေး လိုက်ပါတယ်။ (နို့မဟုတ်ရင်လဲ လီ တစ်ယောက် ပြည်ကြီးပြန်အပို့ခံရဖို့ပါ) ကျွန်တော်တို့ဌာနမှာ
မေ့ဆေး စက်အဟောင်း ၂လုံးနေရာမှာအသစ်နဲ့ အစားထိုးဖို့စာတင်ထားတာ လဲကြာပါပြီ၊ ခုထိရမလာသေးပါ၊
(စက်က ဈေးကြီးလွန်းလို့) ဆိုတော့ကာ ခုကိစ္စမှာ ဆေးရုံပေါ်မှာ လည်း တာဝန်မကင်းပါ။

စကါးပြန်ဆက်ရရင်တော့ ခွဲစိပ်မှုမှာ Major surgery အကြီးစား နဲ့ Minor surgery အသေးစားခွဲစိပ်


မှုဆိုပြီးရှိပါတယ်။ အသေးစား ဆိုတာက ဥပမာပြရရင် ပြည်ဖောက်တာ၊ အရေပြားပေါ်က အကျိတ် အဖုလေးတွေ
ခွဲထုတ်တာ၊ အရိုးကျိုးတာ၊ အရေပြားချုပ်တာ၊ သွားနှုတ်တာ စတာတွေပါ။ အသက်နဲ့ ဝေးပါတယ်။ ဒါပေမဲ့
အဲဒါတွေအတွက် ပေးရတဲ့ မေ့ဆေးကတော့ နောက်ဘ၀နဲ့ နီးနီးလေး၊ ခလုပ်တစ်ကမ်း လေးပါ။ ဒါကို minor
anaesthesia မေ့ဆေးအငယ်စား လို့ခေါ်မလား?
မေ့ဆေးမှာ အားလုံးဟာ အသက်နဲ့ ရင်းရတာ ချည်းမို့၊ " အသေးစားခွဲစိတ်မှုသာရှိတယ် " "မေ့ဆေး အငယ်စား"
ဆိုတာမရှိပါ။ ကျောင်းမှာ တုန်းက ဒါကိုပဲ ကျွန်တော်တို့ ဆရာတွေက တစ်ချိန်လုံး သတိပေးနေတာ
ခုထိမမေ့သေးပါ။

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru, Kingdom of Lesotho
26 April 2010

73
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

"ကျွန်တော် နှင့် ကျောင်းဆရာဘ၀ ခဏတာ။"

အမျိုးသားကျန်းမာရေးသင်တန်းကျောင်း

" ကျွန်တော် နှင့် ကျောင်းဆရာဘ၀ခဏတာ "


ကျောင်းဆရာ အလုပ် ဆိုတာက တော်ရုံပါရမီ နဲ့မဖြစ်နိုင်ပါ။ ဆရာကောင်း တစ်ယောက် ဖြစ်ဖို့်ရာမှာ "နာသုံးနာ"
နဲ့ပြည့်စုံ ဖို့လိုအပ်ပါတယ်။ "၀ါသနာ" "စေတနာ" နဲ့ " အနစ်နာ " တို့ဆိုတာ အားလုံး သိပြီး သားပါ။
ကျွန်တော့အဖို့ ကတော့ စေတနာရှိ သော်လည်းပဲ ပထမအချက် တစ်ခု ထဲနဲ့တင် မပြည့်စုံ နိုင်တာမို့
ဘယ်တုန်းကမှ ကျောင်းဆရာ ဖြစ်လာဖို့ အကြောင်းမရှိပါ။ ဒါကြောင့် မို့လည်း ဆေးကျောင်း ပြီးတော့
သင်ကြားရေး ကိုမရွေးပဲ ကုသရေး ကိုမှရွေးခဲ့တာပါ။

ဒါပေမဲ့ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်က ကုသရေးသက်သက်နဲ့တင်ပြီးတာမှ မဟုတ်တာ။ ကိုယ်နဲ့လုပ်ဖေါ်


ကိုင်ဖက် မိမိထက်ငယ်ရွယ် သူတွေကို သင်ပေးရရိုးထုံးစံ ရှိတာမို့မိမိနိုင်ငံ မှာတုန်းကကော ပြည်ပမှာပါ
ကိုယ်တတ်နိုင်သရွေ့ စေတနာထား သင်ပေးဖြစ်ခဲ့ပါတယ်၊ လုပ်ငန်းခွင် သင်ကြားရေး On the job training ပေါ့။
ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ သမ္မာအာဇီဝ၊ ကုသိုလ်ရတဲ့အလုပ်မို့ မညည်းညူပါ။ အထူးသဖြင့် ကိုယ်က
အထူးကု ဖြစ်လာတော့ ပိုလို့ပင်သင် ကြားရေးမှာ လုပ်ပေးနိုင်ပါတယ်။
နမီးဘီးယား နိုင်ငံ မှာတုန်းက ဂျာမန် ဆေးကျောင်းသားတွေ အလာများလို့ မှတ်မှတ်ရရ သူတို့ကို မေ့ဆေးသင်
ပေးရင်း ပိုမိုရင်းနှီးမှုတွေ ရရှိခဲ့ပါတယ်။ မာလာဝီ နိုင်ငံ မှာတော့ မေ့ဆေးရဲ့ အဓိက အင်အား စုက မေ့ဆေးနာ့စ်
တွေပါ။ သူတို့က သူတို့နိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတည်ထောင် ထားတဲ့
မေ့ဆေးကောလိပ်သင်တန်း ဆင်းတွေပါ။ သူတို့လည်း သူတို့ တတ်သလောက် ပညာလေးတွေနဲ့ ကျွန်တော် နဲ့
မကြာခဏဆိုသလို ထိပ်တိုက်တွေ့တတ်ပါတယ် (ဒီအကြောင်း ကျွန်တော်ရေးဘူးပြီးပါပြီ) ဒါလဲပဲသင် ကြားခြင်း

74
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

တစ်မျိုးလို့မှတ်ယူနိုင်ပါတယ်။ ခုတစ်ခါ လီဆိုသို ရောက်လာတော့လည်း သူတို့လို မေ့ဆေးနာ့စ်


တွေနဲ့ပဲဆုံရပြန်ပါတယ်။ ရောက်စက သူတို့က ၈ယောက် ကျွန်တော်တစ် ယောက်ပါ။ သူတို့ကလည်း သူတို့ရဲ့
အမျိုးသားကျန်မာရေးသင်တန်း National Health Training Colleage NHTC ကောလိပ် ဆင်းတွေပါ။ ဒီမှာ
သူတို့နဲ့ဆက်ဆံရပုံ ကတော့တစ်မျိုးပါ။ အလုပ်လုပ်ရာမှာ ကပ်သလိုလိုရှိပေမဲ့ ပညာပိုင်း ဆိုင်ရာမှာတော့
ကျွန်တော့ပေါ်ရိုကျိုးကြပါတယ် ကျွန်တော့ကိုခံငြင်းလေ့မရှိကြပါ။

သူတို့နာ့စ်တွေအပြင် မေ့ဆေးသင်တန်းသား လေးယောက်လဲရှိပါသေးတယ်။ သူတို့ခမျာ ပညာတစ်ပိုင်း တန်းလန်း


နဲ့မေ့ဆေးလုပ်နေကြရသူတွေပါ။ ဖြစ်ပုံက သူတို့ရဲ့နောက်ဆုံး စာမေးပွဲကြီးက ၂၀၀၆ ခုနှစ်၊ (ကျွန်တော်
ဒီရောက်ခါစ) ကပါ။ သူတို့အားလုံးကို ဇင်ဘာဘွေ နိုင်ငံက ဧည့်စာစစ်သူ external examiner ကအရည်ချင်း
မမီလို့ ဆိုပြီး စာမေးပွဲချပစ်လိုက်တာပါ။ သူတို့ရဲ့ ဆရာဖြစ်သူကလဲ စိတ်ပျက်ပျက် နဲ့သင်ကြား ရေးကို
ရာသက်ပန်စွန့်လွှတ် သွားတာမို့၊ အဲဒီနောက်ပိုင်းမှာ ၄နှစ်လုံးလုံး ဘာသင်တန်း ဘာစာမေးပွဲ
မှရှေ့ဆက်မရှိတော့ပါ။ သူတို့အဖြစ်ကဒီလိုယဉ်တာပါ။ ဒါနဲ့ ၂၀၀၉ နှစ်ဆန်းပိုင်းမှာတော့ (နောင်ကို
ကျွန်တော့မိတ်ဆွေ ကြီးဖြစ်လာမဲ့) UK နိုင်ငံသား Dr Tuppin ဒီကိုရောက်လာပါတော့တယ်။ သူက
သင်ကြားရေးမှာ လည်းဝါသနာပါ ပါတယ်၊ ဟေတီ နိုင်ငံမှာ တုန်းကလဲ မေ့ဆေးနာ့စ် သင်တန်း အတွေ့ကြုံရှိခဲ့သူမို့
ဒီနိုင်ငံမှာ တစ်ပိုင်းတန်းလန်း ဖြစ်နေတဲ့မေ့ဆေးပညာရေး ကိုဆက်ကိုင်ဖို့ စိတ်လည်း ၀င်စားတာမို့
သက်ဆိုင်ရာတွေနဲ့ အဆင့်ဆင့်ညှိလိုက်တာ နောက်ဆုံးမှာ အထက်နဲ့ သဘောတူညီမှုမှုရရှိ သွားပါတော့ တယ်။
ဒါနဲ့ ပထမအဆင့်အနေနဲ့ လက်ရှိ ကျောင်းသား ၄ယောက်ကိုပဲ ဆုံးခန်းတိုင် ကျောင်းဆက်တက် စေပြီး
မေ့ဆေးဒီပလိုမာပေးဖို့ပါ။ ကျောင်းကိုတော့ ၂၀၀၉ သြဂုတ်လမှာ စဖွင့်ပြီး ၂၀၁၀ မေလမှာ စာမေးပွဲစစ်ပေးဖို့ပါ။

Dr.Tuppin တို့စုံတွဲ
Dr.တပ်ပင်က ၇၀ ရှိပါပြီ အသက်ကြီးပေမဲ့ တက်ကြွနေဆဲပါ၊ အင်္ဂလန်က တော်ဝင်မေ့ဆေးသမား တော်ဘွဲ့
အပြင်မေ့ဆေး လုပ်သက်က ၁၀နှစ်ဆိုတော့ ဆရာတစ်ယောက်အနေနဲ့ ပြီးပြည့်စုံသူပါ။ နာသုံးနာ နဲ့လည်း
အထူးပြည်စုံသူလို့ဆိုရမှာပါ။ လူကိုယ်တိုင်ကြိုးစား လုပ်ရုံမက သင်ကြားမှုအထောက်ကူ ပစ္စည်းမှန် သမျှ ကို သူ့
အင်္ဂလန်ကနေ တကူးတက လှမ်းမှာ၊ ငွေကြေးအကူညီတွက် အဖွဲ့စည်းတွေ ဆီကအလှူခံ စသဖြင့်၊ အများတကာ
မလုပ်နိုင်တာတွေ လုပ်နိုင်ခဲ့ပါတယ်။ သူ့ကျောင်းသားတွေ သင်ကြားယင်း ကျွန်တော် တို့ဆေးရုံကြီးပါ
လူအင်အား ပစ္စည်းအင်အား အထိုက်အလျောက် တိုးတက် လာတာလည်း ဘယ်သူမှ မငြင်းနိုင်ပါ။
75
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဒါပေမဲ့ ကျန်းမာဝန်ကြီးရေးဌာန နဲ့သူ့ဆက်ဆံရေးက မချောမွတ်ပါ။ သူကကောင်းချင်ဇော နဲ့တွန်းလုပ်၊ တွန်းပြော၊


နေသလောက် အထက်က တုံ့ပြန်မှုမရှိလေတော့ သူလဲကြာတော့ ခံပြင်း လာပုံရပါတယ်။
အထက်ဝန်ကြီး တွေအဆင့် ထိဝေဖန်စာတွေရေး နဲ့လုပ်ပါတယ်။ သူကဒီက လခလောက်တော့မမှုပါ၊
သူ့မှာအင်္ဂလန်က ပင်စင်နဲ့ ဝေလနယ်မှာရှိတဲ့ ခြံဝင်းကြီးနဲ့ ပြည့်စုံ ပြီးသားပါ။ အပျော်စီးမြင်းတွေလဲ
မွေးထားပါသေးတယ်။ ဒါကြောင့်မို့တခါတခါ ကျွန်တော်သူ့ ကိုေ နာက် ပြောင် ပြီးပြော တတ်ပါတယ်။
ကျွန်တော်သာ သူ့နေရာမှာဆို ဒီလာပြီးဦးနှောက် စားခံမနေဘူးလို့၊ သူ့ခြံရှေ့က ရေကန် ကြီးမှာ ငါးထိုင်မြှား၊
မြင်းတွေအပျော်စီး၊ မြေးတွေနဲ့ လမ်းလျှောက်၊ ဘ၀ကိုပျော်ပျော်ကြီး ဖြတ်သန်း နေတော့ မယ်လို့။ သူတို့လင်မယား
ကတော့ ဒီလိုအစားမျိုးမဟုတ်ပါ၊ လူသားတွေ အကျိုး ကျေးဇူး တွက် တစ်ခုခုလုပ်ပေးနေရမှ နေပျော်သူတွေပါ
(သူ့အမျိုးသမီး အင်ဒီ ကလည်း စိတ်အထူးကု ဆရာဝန် အဖြစ် ဒီမှာပဲလုပ်နေသူပါ) လိုက်လဲလိုက်တဲ့
လင်မယားပါ။ Andy ကလဲသူ့လို ပါပဲ။ ဆေးရုံက သူ့လူနာ တွေပေါ် လူလိုသူလို မဆက်ဆံတာတွေ ကို
မကျေနပ်လို့ တချိန်လုံး အရေးဆိုနေသူမို့ အထက်လူကြီး တွေရဲ့ မျက်နှာ ကေါင်းဘယ်တော့မှရသူမဟုတ်ပါ။

နောက်ဆုံးတော့ သူကအထက်ကိုရေးတင်သမျှ ပြန်လာတဲ့ ရိုက်ခတ်ချက်က ဧပြီလဆန်းမှာ သူ့ကို ဘာမျက်နှာ


မှမထောက် အလုပ်ကနေ ရုတ်တရက် ရပ်စဲလိုက်တာပါပဲ။ ကြားကြားသမျှအားလုံး ဖျားကုန် ကြပါတယ်။ ၀န်ကြီးရဲ့
အတွင်းဝန်ဆီက လာတဲ့အမိန့်စာပါ၊ ဆေးရုံမှာကော ကျောင်းမှာပါ သူခြေချ ခွင့်မရှိတော့ပြီ။ Tuppin က
အလုပ်တွက်မမှုပါ၊ ဒါပေမဲ့သူ့ တပည့်တွေရဲ့ရှေ့ရေးကိုတော့ သူစိတ် မကောင်းပါ။ အမိန့်စာမှာ သူ့ကျောင်းသား
တွေနဲ့လည်း သူတွေ့ခွင့်ပင် မရှိဆိုတာ လည်းပါပါ သေးတယ်။ ဒါပေမဲ့ သူ့နေရာမှာ ဘယ်သူ့ကို လူစား
ထိုးမလဲဆိုတာ မပါပါ။ ဒီပုံအတိုင်း ဆို သူတင်မက သူ့ကျောင်းပါ နိဌိတံ ကိစ္စပြတ်တဲ့သဘောပင်။ သူ့တပည့်တွေ
မျက်ရည်ကျသူကကျ ဖြစ်ကုန်ပါတယ်။

ဒါပေမဲ့ ရက်ကြာကြာမစောင့်လိုက်ရပါ။ ကျွန်တော့ကို ၀န်ကြီးဌာနကခေါ်တယ်ဆိုလို့၊ (ဘာများပါ လိမ့်မ လဲလို့)


ညွှန်ချုပ်နဲ့ သွားတွေ့ရတော့ တာပင်နေရာမှာ ကျွန်တော်ဆက်လက် တာဝန်ယူဖို့ ကိစ္စပါ။ မထင် မှတ်တဲ့ကိစ္စမို့
ဒီတစ်ခါဖျားသွား ရတာကကျွန်တော်ပါ။ (စဉ်းစားကြည့်ပေါ့ဗျာ) သူတို့ကောလိပ်မှာ ဒါရိုက်တာ လည်းသူ၊
ဇာတ်လမ်းရေး ဆရာကလဲသူ၊ ထုတ်လုပ်သူကလဲသူ၊ Tuppin က အားလုံး သူ့ခြေသူ့လက် လုပ်လာတဲ့ကိစ္စ၊
ခုမှကျွန်တော်က မိုးပေါ်ကကျလာသလို ဆက်လုပ်ဖို့ ဆိုတာတကဲ့ကို မဖြစ်နိုင် တဲ့ကိစ္စပါ၊ စာမေးပွဲကြီး ကလဲ
တစ်လ ပင်မလိုတော့ သင်ရိုးညွှန်းတန်းကလဲ မကုန်သေး၊ သူက ဘယ်အဆင့်ထိ သင်ထားမှန်းလဲမသိလို့
ဘာမေးခွန်းထုတ်ရမယ်မှန်းမသိ၊ ဒါ့အပြင်အမှတ်ခြစ် ရမဲ့ အလုပ်ကလဲရှိသေး၊ ညွှန်ချုပ်ကတော့
ယဉ်ယဉ်ကျေးကျေးလေးပဲ ပြောရှာတာပါ။ ဒါဟာသူကမေတ္တာ ရပ်ခံတာ request ပါတဲ့။ အစပိုင်း ကျွန်တော်
ငြင်းပါသေးတယ်၊ ဒါပေမဲ့ ဒီနေရာမှာကျွန်တော်မှ လွဲရင်လည်း အခြားမရှိတော့၊ အနည်းဆုံး စာမေးပွဲ ပြီးအောင်
တော့ကူညီပါ၊ သူတို့လည်း ပံ့ပိုးပါမယ် ဆိုတော့ လည်းနောက်ဆုံး မှာကျွန်တော် လက္ခံလိုက်ရပါတယ်။
ဟုတ်ပါတယ် အမိန့်စာထုတ်ပြီး အတင်း ခိုင်းလည်းကျွန်တော်က ဘာတတ်နိုင် မှာလဲ။ သူ့ဆန်စားရဲရတော့မှာပေါ့။

အကျိုးအကြောင်းကို Tuppin ကိုပြောပြတော့ ပထမတော့သူစိတ်မကောင်းဖြစ်သွားပါတယ်။ သူအရက်ရက်


အလလ အားထုတ်ခဲ့သမျှ သူ့အဖို့အချည်းနှီးဖြစ်သွား လေပြီ။ သာမန်အား ဖြင့် ကြည့်မယ်ဆိုလျှင်ခံပြင်း စရာပေါ့။
ဒါပေမဲ့ တာပင်က "မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးထိုးဖေါက်မဲ့လူစားမျိုးမဟုတ်ပါ"၊ အလုပ်နဲ့ လူ
76
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကိုခွဲခြားမြင်တတ်ပါတယ်၊ သူကသဘောထား ကြီးကြီးနဲ့ပဲ သူ့ကျောင်း အလုပ်ကိုပြီးဆုံးအောင် နောက် ကွယ်ကနေ


ကူညီပေးမယ်လို့ ပြောလာပါတယ်။ (ဒါနဲ့တင် သူ့စိတ်နေသဘောထားကို သိလောက်ပါပြီ) အစီအစဉ်အရ
ဆေးရုံမှာကျောင်းသား တွေကိုကျွန်တော်က လက်တွေ့ကိုဆက်သင်၊ သူကသင်ရိုးကုန်တဲ့ထိ သူ့အိမ်မှာခေါ်(ခိုး)
သင်ပေးမယ်၊ စာမေးပွဲ မေးခွန်းထုတ်တဲ့ကိစ္စ ကိုလည်းသူ့ပဲဆက် တာဝန်ယူပေးမယ်၊ အမှတ်ပေးတဲ့ ကိစ္စကိုတော့
သူလုပ်ပိုင် ခွင့်မရှိတာမို့ ကျွန်တော်နဲ့ ပူးတွဲလုပ်ဖို့ပါ။ ဒီရက်အတောအတွင်း ကျွန်တော် ကိုယ်တိုင်ကလည်း
မေ့ဆေး သင်ရိုးတစ်ခုလုံး ပြန်လေ့လာထားဖို့ပါ။ (ကျောင်းစာကလွဲရင် အပြင်စာသာဖတ်ချင်ရှိတဲ့ ကျွန်တော့ဖို့
အတော်ပင်ပန်းတဲ့ကိစ္စပါ)

ဒါနဲ့ပဲ ဆိုင်းမဆင့် ဘုံမဆင့် ကျွန်တော်ကျောင်းဆရာ ဘ၀ရောက်ခဲ့ရတာပါ၊ (အဓိက တာပင့်ကျေးဇူးပါ) ဒါပေမဲ့


ဒီကကျောင်းဆရာ ဘ၀က ကျွန်တော်တို့ဆီကလို မဟုတ်၊ သူတို့ရဲ့အနောက်တိုင်းယဉ်ကျေးမှု မှာဆရာဝတ်၊
တပည်ဝ
့ တ် တွေဆိုတာရှိတာ မဟုတ်၊ လူလူခြင်းတူတူ ဘာမှဂါရ၀ပြုစရာမလိုဘူး လို့ခံယူ ထားတဲ့ သူတို့ဆီမှာ၊
ဆရာကြီး တစ်ယောက်ထဲ အလုပ်များနေလို့ ဆိုပြီးလာကူလုပ်ပေးမယ် မမျှော်လင့် လေနဲ့၊ ဆရာကြီးမတ်တပ်
အလုပ်လုပ်နေရလို့ ဆိုပြီးခွေးခြေလာထိုးပေးဖို့ဆိုတာဝေး၊ ခုံလုမထိုင်လျှင် ပင်တော်လှပြီမှတ်။ သူ့အရပ်နဲ့သူ့ဇာတ်
ဆိုပေမဲ့ တခါတခါတော့လည်း စိတ်အတော်ထိန်းရပါတယ်။ "လာမူကြိုဆီး" တဲ့
တပည်ဝ
့ တ်တစ်ခုမှာဆိုထားပါတယ်။ ခုလက်တွေ့မှာတော့တာပင် ကသူ့တပည့် တွေကို (နောက်ကျလို့)
ဖုန်းဆက်ဆက်ခေါ်ရတာအမော။ ဒါကြောင့်မို့ သူ့ကိုတစ်ခါတစ်ခါ ပြောမိပါတယ် ကျွန်တော် တော့
ဒီလိုကျောင်းသားမျိုး ကိုစာမေးပွဲမှာချပစ်ချင်နေပြီလို့။ (ဒါပေမဲ့တကယ်တမ်း ကိုယ်တိုင် ဆရာ ဖြစ်တော့
သူတို့ကိုကျွန်တော် မလုပ်ရက်ပါ၊ ဆရာကဆရာစိတ်ပဲရှိရမှာပေါ့ )

ကျောင်းဆရာပူပူ နွေးနွေးလေး ဘ၀မှာ သူတို့ရဲ့ကောလိပ်ကိုသွားရောက် သတင်းပို့ရပါတယ်၊ ကျောင်းက


မြို့ပြင်တစ်နေရာမှာ၊ တောင်ပေါ်ကားလမ်းလေးနဲ့သွားရတာအတော်သာယာပါတယ်။ ကျွန်တော် တစ်ခါမှ
ရောက်ဘူးတာမဟုတ်လို့ ပထမဦးဆုံးနေ့ ကျွန်တော့ကို လိုက်ပို့ "ကျောင်းအပ်" ပေးရတာက လည်း တာပင် ပါ။
သူတို့ရဲ့ ကျောင်းအုပ်ကြီး နဲ့ မော်ကွန်းထိန်းတို့ (Rector & Registrar) တို့နဲ့ တွေ့ရတော့ အားလုံးက
လှိုက်လွှဲစွာကြိုဆိုကြပါတယ်။ တာပင့်တွက်တော့ စိတ်မကောင်းပါ၊ ကိုယ်ချင်း စာမိပါတယ်။ သူကလဲသူ့ပေါ်
လုပ်ပုံမတရားဘူး လို့နတ်သံနှောပြော ရှာပါတယ်။ ဘာတတ်နိုင်မှာလဲ သူတို့ကျောင်းအနေနဲ့ အထက်က
အမိန့်နာခံဖို့ ပဲမဟုတ်ပါလား။

ဒီလိုနဲ့ ဧပြီလကုန်လောက်မှာစာမေးပွဲကြီးရောက်လာပါတယ်၊ ဆိုတော့ကာ ကျွန်တော်လည်း examiner အလိုလို


ဖြစ်သွားတာပေါ့၊ ကျွန်တော့အပြင် external examiner အဖြစ်သူတို့လူမျိုး ဆရာဝန်မ၊ တစ် ယောက်
ရှိပါသေးတယ်၊ နယ်ကပါ၊ အခြားသင်တန်းသားတွေ အပါဝင် ကျောင်းသား စုစုပေါင်း ကျောင်းသား ၂၅၀
မှာကျွန်တော့တပည့်က ၃ယောက်ပါ (တစ်ယောက်လာမဖြေပါ)။ ဒီမှာတသက် နဲ့တကိုယ် မလုပ်ဘူးတဲ့
စာစစ်ခန်းကြည့်ကြပ်သူအဖြစ် စာစစ်ခန်းမရှေ့မှာ နေရတာကိုပင် ဘ၀င်မြောက်သလိုလိုခံစားမိပါတယ်။

ဒီမှာ နေ့စဉ်ထွက်လာတဲ့ အဖြေလွှာတွေကို အိမ်ပြန်ယူလာ၊ တာပင် နဲ့အမှတ်ခြစ်ကြရပါတယ်။ အမှတ်ခြစ် ရတဲ့


အလုပ်က အတော်ကိုစိတ်ပင်ပန်းရမှန်း ခုမှပဲလက်တွေ့ တွေ့ရပါတော့တယ်၊ တစ်ယောက် တစ်ပေါက်
သူတို့အဖြေလွှာတွေကို ကြည့်ပြီး ကိုယ်တတ်ထားတာလေးတွေပင် ဇဝေဇ၀ါ ဖြစ်ဖြစ်သွား တတ်လို့ တာပင်
77
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

နဲ့နှစ်ယောက် သားငြင်းရတာလဲအမော၊ ဆေးစာအုပ် တွေထထ လှန်ရတာလည်းခဏဏ။ စိတ်ပင်ပန်းလို့၊


ဒါတောင် ကျောင်းသားက ၃ယောက်ထဲပေမို့၊ ၃၀-၄၀ များဆိုမလွယ်။ ဒါနဲ့ ကျောင်းဆရာ အလုပ်ကို
ဝါသနာပါလွန်းလို့ လုပ်နေ တဲ့သားကြီးဆီဖုန်းဆက် မေးရပါသေးတယ်။ ကျောင်းသား၃-၄၀ ကိုသူဘယ်လို
များအမှတ်ခြစ်သလဲလို့။ သူကလဲဖြေရှာပါတယ်၊ အဲဒီအချိန်မျိုးဆို သူ့စိတ်တွေ မပေါက်ကွဲရအောင် မနဲကို
ထိန်းရပါ တယ်တဲ့။ (ဆရာလုပ်ရတဲ့ ဒုက္ခက လဲမသေးပါလားလို့) တစ်ခါတစ်ခါ သူတို့ရေးချင်ရာ လျှောက်ဖြီး
ထားတာတွေကို စိတ်ရှည်ရှည်နဲ့ဖတ် သနားလို့အမှတ်ရပါစေတော့ဆိုပြီး မှန်တဲ့ အချက် တွေရှာကြံ အမှတ် ပေးရ
ပါသေးတယ်။ အနီးစပ်ဆုံး ဥပမာပေးရ ရင်တော့ ဧရာဝတီမြစ်ကျဉ်း ၃ခုဖေါ်ပြပါ ဆိုတာကို ကျောင်းသား က
မော်လမြိုင်၊ သထုံ၊ ဖားအံ၊ ဗန်းမော် ဖြေထားတယ်ဆိုပါစို့၊ ဒီကျောင်းသား မတတ်တာ သေချာနေပြီပေါ့၊
သုညပေးသင့်ပြီပေါ့၊ ဒါကိုပဲ ဗန်းမော် ပါနေတယ်၊ မှန်တယ်ဆိုပြီး တစ်မှတ်ပေးနေ ရတဲ့သဘောပေါ့။ တာပင်
ကသူ့ကျောင်းသားတွေကို စာမေးပွဲ မအောင်အောင်ကို အမှတ်ပေးစနစ် လုပ်ထားတာပါ။ တကယ်တော့ ခုစာမေးပွဲ
ကြီးက အမှတ်ပြည့် ၁၀၀% ပေးထား တာမဟုတ်ပါ၊ အမှတ် ၄၀% ကိုယခင်စာမေးပွဲ အငယ်တွေမှာ စစ်ပြီးသားပါ။
အဲဒီမှာ ကျောင်းသားတွေက ၃၀-၃၅ မှတ်စီ လောက် ရကြပြီး သားမို့ အောင်မှတ် ၅၀တွက် နောက်ထပ်သိပ်မလို
တော့ပါ။ ဒါလဲ တာပင့် အစီအမံတွေပါပဲ။

ရေးဖြေစာမေးပွဲ ၄ခုပြီးတော့ လက်တွေ့ဖြေဖို့ မေလဆန်းမှာရှိပါတယ်၊ ခွဲခန်းမှာ ကျောင်းသား တစ်ယောက် လူနာ


၂ယောက်စီကိုမေ့ဆေးပေးပြရမှာပါ၊ ဒီနေရာမှာတော့ ကျွန်တော်နဲ့အတူ external examiner ကပါ
စစ်ဆေးရမှာပါ၊ ကျွန်တော်ကတော့ အိမ်ရှင်အနေနဲ့ အစစ စီစဉ်ပေးရသူပါ။ မေ့ဆေးပေးဖို့ လူနာတွေ
ရွေးပေးရတာလည်း ကျွန်တော်ပါ။ တာပင် ကကျွန်တော့ကို သဘောထားတင်းမာသူ လို့မြင်ထားသူမို့ စိတ်လျှော့ဖို့
ကျောင်းသားတွေ မကျစေဖို့ အမြဲပြောရှာပါတယ်။ ကျွန်တော်ကလည်း မလုပ်ပါဘူး၊ ကိုယ်ကိုယ် တိုင်ကမှ
ရက်စက်နေလျှင် external examiner ကပိုဆိုးဖို့သာရှိတော့မှာပေါ့။ စိတ်လျှော့ပါတယ်။ ဒါပေမဲ့ မေ့ဆေးဆိုတာက
အခြားပညာရပ်တွေလိုမဟုတ်တာ၊ အသက်နဲ့ရင်းလုပ်ရတာမို့ သိပ်အဆိုးကြီးဖြစ် လာရင်တော့ မညှာနိုင်ဘူး
လို့တော့သူ့ပြောထားပါတယ်။

စာမေးပွဲနတ်ဆိုတာကြီးပါတယ်၊ exam stress ဆိုတာသေးတာမဟုတ်လို့၊ သူတို့လွယ်လွယ် ကူကူလုပ်နိုင်


ကိုင်နိုင်မဲ့ လူလတ်အရွယ် လူနာတွေပဲချပေးပါတယ်။ ဒါတွေပင် အလွဲလွဲအချော်ချော်တွေ တွေ့နေရလို့
စိတ်မောရပါသေးတယ်။ မှတ်သားလောက်စရာက၊ တစ်ခါမှာတော့ ကျောင်းသားက ခွဲစိပ်ပြီးတဲ့လူနာကို
ခွဲခန်းအပြင်မထုတ်သေးပဲ ထိုင်ကြည့်နေတာတွေ့ရလို့ မေးကြည့်မိပါတယ်၊ ဘာကိုများစောင့်နေတာလဲ၊
မေ့ဆေးများမပျယ်သေးလို့လားလို့၊ မဟုတ်ပါဘူး သူကမေ့ဆေးပျယ်ချိန် (စာအုပ်ကြီးအတိုင်း) ၄၅မိနစ်မစေ့
သေးလို့စောင့် နေတာ။ ၄၅ မိနစ် ပြည့်မှဖြေဆေး ထိုးမှာပါတဲ့။ အံ့ရောပဲ။ ခုလိုလှေနံဓါးထစ် လုပ်ရ မယ်လို့
ဘယ်စာအုပ်မှာမှမတွေ့ဘူးပါဘူး၊ ဒါကြောင့် "မင်းစာမေးပွဲတော့မကျပါဘူး၊ ဒါမျိုးတော့ဘယ် တော့မှ
ထပ်မလုပ်ပါနဲ့" လို့၊ သတိပေးလိုက်ရပါတယ်။ နောင်တစ်ချိန်မှာ တပည့်မကောင်း ဆရာ့ခေါင်း ကျလာ
မှာသေချာပါတယ်။

ဒီနေရာမှာလည်း အမှတ်ပေးစနစ်က အဆင့်ဆင့်ပါ၊ ဥပမာ လူနာကိုချဉ်းကပ်ပုံ၊ ဆက်ဆံပုံ၊ စမ်းသပ်ပုံ၊


ဆေးတွေပြင်ဆင်ထားပုံ၊ စတာတွေ မှာသူ့ဟာနဲ့သူ အမှတ်တွေ အညီအမျှ ခွဲဝေပေးပြီး သားမို့၊ နောက်ဆုံး
အဆင့်လူနာကို မေ့ဆေးပေးရာမှာ လွဲချော်သွားလို့ အမှတ်လျှော့တောင် ကျောင်းသားစာမေးပွဲ ကျစရာ မရှိပါ။
78
)

ပထမ
၎-၅့ 

( )

-
Maseru, Kingdom of Lesotho.
25 May 2010

" "

( click )

intervertebral disc

Prolapse intervertibral disc


RSA
RSA က
79
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Universitus ဆေးရုံကြီးကို သီးသန့် လူနာတင်ကားနဲ့ ပို့ပေးတာပါ။


ဟိုမှာတော့ ပြီး ပိုမိုတိကျအောင် MRI ခေါ်တဲ့ သံလိုက်လှိုင်း ဓါတ်မှန်ရိုက်ရပါတယ်။ ဒါနဲ့ ရက်ချိန်း ၃-၄ ခါလောက်
သွားပြီးနောက်မှာ သူတို့ကလဲ ခါးဆစ်ပြုတ်တာ သေချာတယ်လို့ အဖြေထွက် လာပါတယ်။
နောက်ဆုံးနေ့မှာ သူတို့ရဲ့ ဆရာဝန်ကြီး (လူဖြူ တစ်ယောာက်ပါ) ကကျွန်တော့ရဲ့ စာရွက်စာတမ်း တွေအစအဆုံး
ဖတ်ကြည့် ပြီးတဲ့ နောက်မှာတော့ သူကိုယ်တိုင် ကျွန်တော်ရှိရာ လူနာတွေ စောင့်တဲ့ နေရာကို ထွက်လာပြီးတော့
ခုမှဆရာဝန်မှန်း သိရလို့ ဆရာဝန်ချင်း ခုလိုအကြာကြီး စောင့်ထားခိုင်းမိတာ တောင်းပန်ပါ တယ်တဲ့။
(ရပါတယ်လို့)။ ဒိနောက် ကျွန်တော့ကို သူ့ရုံးခန်းထဲခေါ်သွားပြီး သူ့လက်ထောက် တွေနဲ့ အတူ ဓါတ်မှန်တွေနဲ့
ရောဂါအခြေနေ ကို အသေးစိပ်ရှင်းပြပါတယ်။ နောက်ဆုံးသူ့ဆုံးဖြတ်က ကျောရိုးမှာ ခွဲစိပ်မှကောင်းဖို့
လို့ပြောပါတယ်။ ကျွန်တော်လည်း သိလိုတာတွေ ပြန်လှန်မေးမြန်း၊ အယောင်ကျအောင် အကိုက်အခဲ
သက်သာအောင် ခါးရိုးထဲဆေးထိုးတာ လောက်ပဲ ဖြစ်ချင်တယ် ဆိုတော့ (ဈေးဆစ်တာပါ) သူကရင်းနှီးစွာပါပဲ
ခွဲစိပ်ဖို့ ကလွဲရင်အခြားနည်းလမ်းမရှိ ခွဲမည့်ရက်ချိန်း သာယူသွားဖို့လို့ပြောပါတယ်။ ကျွန်တော်က မခွဲလိုကြောင်း
အားမနာတမ်းပဲ ငြင်းလိုက်တော့ သူတို့ အံ့သြသွားပေမဲ့ စိတ်မဆိုးပါဘူး၊ နောင်တစ်ချိန်ကျွန်တော် ပြန်လာမှာကို
ဓါးကိုင်ပြီး သူတို့စောင့်နေမယ် လိုအပ်ရင် သူ့ကိုအချိန်မရွေး ဆက်သွယ် နိုင်ပါတယ်လို့ ရယ်ရယ်မောမော
ပြန်ပြောကြပါတယ်။

ကျွန်တော်က အသားနာမှာကြောက်လို့ သက်သက်မဟုတ်ပါ၊ ခွဲမယ်ဆိုလည်း ကိုယ့်အိပ်ထဲက ကုန်စရာ မလိုပါ။


ကိုယ်တိုင်ကလည်း ကြည့်မြင်တိုင် အရိုးဆေးရုံကြီးမှာနှစ်ပေါင်းများစွာ မေ့ဆေးလုပ်ခဲ့ဘူးတာမို့ သူတို့ဘယ်လို
ခွဲမယ်ဆိုတာ သိပြီးသားပါ။ ဒီခွဲစိပ်မှုမျိုး မှာမေ့ဆေးပေးခဲ့ ရပေါင်းလဲများပါပြီ။ ဒါကြောင့် လုပ်ဖေါ်ကိုင်ဖက်
ဖြစ်တဲ့ဆရာဦးညွန့်ဝေ ကို အဲဒီတုန်းက ကျွန်တော်မေးကြည့် ဘူးပါတယ်။ ဆရာတို့ ဒီလောက်တောင် ဆောက်တွေ
တူကြီးတွေနဲ့ကျောရိုးကြီးကို မညှာမတာ ရိုက်ထုပြီးခွဲစိပ်နေကြတာ ဘေးက ကြည့်ရတာတောင်
ကျောချမ်းတယ်လို့၊ လူနာတွေ ပြန်ကောကောင်း ကြသေးသလား? လို့ဆိုတော့၊ သူကလဲ (ပြောမနာဆိုမနာတွေမို့)
ရိုးသားစွာပြန်ဖြေရှာပါတယ်။ လောလောဆယ်တော့ သက်သာသွားတာ တွေ့ရပါတယ်တဲ့၊ ဒါပေမဲ့ နောင် ၁၀နှစ်
၁၅နှစ် မှာဘာဖြစ်ကုန်မလဲတော့ သူလဲမပြောတတ်ဘူးတဲ့။ကောင်းရောပဲ။ ( ၁၅ နှစ် အကြာ၊
ခုချိန်မှာတော့သူလည်း ကွယ်လွန်သွားရှာပြီမို့ မေးစရာမရှိတောပါ့) ဒီလိုဒီလို ဇာတ်လမ်းတွေရှိခဲ့လို့
ခုကိုယ်တိုင်ကြုံလာတော့ ဆေးစာအုပ်လေး နဲနဲပါးပါးပြန် ဖတ်ကြည့်ပြီး ချိန်မှာ ကျွန်တော် ရဲရဲကြီးငြင်းဝံ့တာပါ။
သူတို့(လူဖြူတွေ) ကိုလည်းကျွန်တော့ အတွေ့အကြုံ လေးတွေကို ပြန်ဖေါက်သည် ချပြောပြတော့ (မဟုတ်ပါဘူး၊
နေကောင်းသွားမှာပါ) ရယ်လို့ ဘယ်သူမှအာမမံကြပါဘူး အသည်းအသန်လည်း ပြန်မငြင်းကြပါဘူး။
ကျွန်တော်လည်း အနားယူ၊ အကြောနှိပ်Physiotherapy ကုသမှု ခံယူ၊ တစ်လလောက် ကြာတော့
ယခင်ကစားနေကျ အားကစားရုံ (Gym) မှာခါး နဲဝ
့ မ်းဗိုက်ကြွက်သား လေ့ကျင့်ခန်း ဖြည်းဖြည်း ပြန်လုပ်လိုက်တာ
၃လလောက် ကြာတော့ ပုံမှန်လောက် ပြန်ဖြစ် လာပါတယ်။ ကံကြီးပေလို့သာပေါ့၊ ဖြစ်စတုန်းကတော့
တစ်ကိုယ်ထဲသမားမို့၊ စိတ်ဓါတ်တွေ ကျသွားလိုက် တာ ဘယ်ပြောကောင်းမလဲ။(ကမ္ဘာကြီးပျက်သွား
ပြီလားအောက်မေ့မိ ပါတယ်) ဒီမှာရှိတဲ့ မြန်မာအသိုင်းဝိုင်း လေးရဲ့ကျေဇူးကြောင့်သာ ထမင်းနပ်မှန်
အောင်စားနိုင်ခဲ့သလို၊ အလုပ်မှာလည်းတပည့်တွေ သိတတ်မှု ကြောင့်သာ ဟန်မပျက် ခွင့်မပျက် အလုပ်ဆက်လုပ်
နိုင်ခဲ့တာပါ။ နို့မဟုတ်ရင်တော့ အိပ်ရာလိပ် အိမ်ပြန် ရမလားမသိ။

တစ်နေ့က ဖတ်စရာတွေ ကုန်နေတာနဲ့ စာအုပ်ဟောင်းတွေ လှန်လှောရှာကြည့် မိတော့ 1996 Sept Reader's


80
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Digest တစ်အုပ်မှာ ကျွန်တော်နဲ့ ပုံစံတူ ဇာတ်လမ်းလေးတစ်ပုဒ်သွားတွေ့ပါတယ်။ ခေါင်းစဉ်က When to say no


to surgery (ဘယ်လိုအခါမျိုးမှာ ခွဲစိပ်ခံမှုကိုငြင်းဆန်မလဲ တဲ့) တိုက်တိုက်ဆိုင်ဆိုင် မို့ကျွန်တော်လည်း
အရမ်းကိုအံ့သြ ၀မ်းသာသွားမိပါရာက အများကိုမျှဝေပေး လိုတာနဲ့ ဒီစာလေးကို ရေးဖြစ်တာပါ။ သူ့ဇာတ်လမ်းမှာ
သူက ကာယနည်းပြဆရာတစ်ယောက်ပါ။ တစ်နေ့တော့ တိုတိုပြော ရရင် ကျွန်တော့လိုပါပဲ လေ့ကျင့်ခန်း
လုပ်ယင်း ခါးရိုး ၂ဆစ်ပြုတ်သွားပြီး ကိုယ်အောက်ပိုင်းလုံးဝ မလှုပ်နိုင်အောင် ဖြစ်သွားပါတယ်တဲ့။ ဒါနဲ့
ဆရာဝန်ဆီရောက်သွားတော့၊ အရိုးဆရာဝန်က ခွဲစိပ်မှဖြစ်မယ်၊ နို့မဟုတ်ရင်တော့ တစ်သက်လုံး ဘယ်တော့မှ
ပြန်လမ်းလျှောက်နိုင်စရာ မမြင်ဘူးလို့ ပြောလိုက်ပါတယ်တဲ့။ သူကတော့ ဆရာဝန်မဟုတ်ပေမဲ့၊ အားကစားဆရာ
တစ်ယောက် ပီပီခါးရိုးနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတ အတော်တန်ရှိသူမို့၊ သူလိုဘ၀တူ အခွဲခံပြီးတဲ့ လူနာတွေ
စာရင်းယူပြီး လေ့လာလိုက်တာ ဘာသွားတွေ့ရ လဲဆိုတော့ " အခွဲခံပြီးတဲ့လူနာ တစ်ဝက်လောက်ဟာ
ဘာသက်သာမှုမှမရရှိပဲ၊ ကျန်တစ်ဝက်လောက်ဟာလဲ နဲနဲပါးပါးလောက်ပဲ သက်သာတယ်
"ဘယ်သူတစ်ယောက်ကမှ" ငါတော့  အိုကေသွားပြီ " လို့ဆိုတာ မရှိတာကို သွားတွေ့ရပါတယ်တဲ့။ (ဒီထဲမှာ
ခွဲစိပ်ယင်း ရောဂါပိုး ၀င်သွားတာတို့၊ အာရုံကြော ထိခိုက်သွား တာတို့၊ မေ့ဆေးဒဏ် ခံရတာတို့လို ပြဿနာ တွေပါ
ထည့်တွက်လိုက်ရင်၊ အရင်းပါရှုံးတာတွေ့ရမှာ သေချာ ပါတယ်) ဒါနဲ့ သူလည်းလန့်ဖြန့်သွားပြီး အခွဲမခံတော့ပဲ၊
ဆေးကုသမှုပဲခံယူ၊(ခါးရိုးကိုဆွဲဆန့်တာပါ) နောက်ပိုင်းမှာတော့ ခါးနဲ့ ၀မ်းပိုက် ကြွက်သားတွေ လေ့ကျင့်ခန်းမှန်မှန်
လုပ်ပေး လိုက်တာ ၃ပတ်အတွင်း လမ်းပြန်လျှောက် နိုင်ပြီး ၃လအကြာမှာတော့ ပုံမှန်အနှေးပြန်ပြေး (jogging)
နိုင်ခဲ့ပါတယ်တဲ့။ တကယ်တော့ ကျွန်တော်တို့ရဲ့ ခါးဆိုတာက ကြိုးတံတားလိုပါပဲ။ တံတားရဲ့ခိုင်ခံ့မှုက
တံတားဘောင် တွေပေါ်မှာတင် မူတည်တာမဟုတ်ပဲ၊ ဆိုင်းထားတဲ့ ကြိုးတွေပေါ်မှာ လည်းတည်ပါတယ်။
ခါးမှာတော့ ဆိုင်းထားတဲ့ ကြွက်သားတွေ အရွတ်တွေပေါ့၊ ဆိုတော့ကာ အရိုးချည်းသက်သက် ပေါ်သွားခွဲနေရုံနဲ့
လုံးဝ မပျောက် ကင်းတာ မဆန်းပါဘူးလို့ သူကဆိုထားပါတယ်။

အမေရိကန် မှာလေ့လာစမ်းစစ်ချက် တစ်ခုအရတွေ့ရတာကလည်း ခါးရိုးခွဲစိတ်မှု ၁၀ခုမှာ ၄ခုက မလိုအပ်


ဘူးလို့ဆိုထားပါတယ်။ သူကခါးရောဂါအပြင် အခြားမလိုအပ်ပဲခွဲစိပ်နေကြတဲ့ ရောဂါအချို့ ကိုလည်း ရေးပြထား
တာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ- ဗိုက်ခွဲမွေးတာတို့၊ သားအိမ်ထုတ်ပစ်တာတို့၊
မျက်လုံးတိမ်ခွဲတာတို့၊ နှလုံးသွေးကြောဆက်တာတို့၊ စတာတွေပါဝင်ပါတယ်။ ဒါတွေအားလုံးကိုတော့ ကျွန်တော်
အကျယ်ချဲ့ရေးမနေလိုတော့ပါ၊ ဒီကကိုယ်တွေ့ လေးတွေကိုပဲ တင်ပြချင်တာမို့ပါ။

စကါးပြန်ဆက်ရရင် ကျွန်တော်တို့ဆီမှာ ဗိုက်ခွဲပြီးခလေးမွေး တဲ့လူနာ Caesarean section (C/S)


အတော်များပါတယ်၊ (နမီးဘီးယားတုန်းကလည်း ထိုနည်း၎င်းပါပဲ) တစ်နိုင်ငံလုံး ရဲ့လူဦးရေကမှ ၂သန်းပင်
မပြည့်တာ၊ ခွဲမွေးတာ တွေကျတော့ အရေတွက် အားဖြင့် အတော်များပါတယ်၊ ကျွန်တော်တို့ရဲ့ အရေးပေါ်
ဂျူတီတွေဆိုတာ C/S တွေနဲ့ပဲ အချိန်ကုန်ရတာများပါတယ်။ ခွဲစိပ်မှုအားလုံးရဲ့ ၂၀-၂၅ %လောက်ပင် များပါတယ်၊
(RSA ပြင်ဆေးခန်းတွေ မှာဆို ၅၀% ထိပင် ရှိတတ်တယ်ဆိုပါတယ်) ခွဲပြီးမွေးမှသာ လူဖြစ်ရ မယ်ဆိုရင်တော့
ကနေ့ကမ္ဘာကြီးမှာ လူဦးရေတော်တော် လျော့နဲသွားမှာသေချာပါတယ်။ ကျွန်တော်တို့ အောင်ကာစတုန်းက
ခုလိုမဟုတ်ပါ။ သာမန် ပုံမှန်မွေးလူနာဆို သဘာဝအတိုင်း မွေးနိုင်အောင် စိတ်ရှည် လက်ရှည်စောင့်၊
လိုအပ်ရင်ဆေးသွင်းနဲ့ မတတ်နိုင်တဲ့ အဆုံး မှသာခွဲခန်းပို့ရတာပါ။ ခုတော့ခေတ် တွေကပြောင်းကုန် ပါပြီ။
ပုံမှန်မွေးနိုင်ပါလျက်နဲ့ ဆရာဝန်တွေ အပိုင်းကလည်း အချိန်ကုန်ခံ မစောင့်တော့၊ သားအိမ်ထဲ ခလေးပုံစံ
မတည့်ရင်လည်း ပြုပြင်ဖို့ ကြိုးစားမနေတော့၊ လူနာတွေအပိုင်း ကျတော့လည်း ဗိုက်ကြာကြာ အနာမခံ ချင်တော့
81
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

(ဗေဒင်ကိန်းအရ မွေးလိုတဲ့အချိန်မှာမွေးဖို့တို့၊ အသပြာ ကိစ္စတို့တော့ ဥာဏ်မမီလို့ မဆွေးနွေးလိုပါ) ရောင်းသူ


ဝယ်သူအသံတူ နေတာမို့ နောက်ဆုံးတော့ ခွဲခန်းစုပြုံ ရောက်ကုန်ကြ တာမဆန်းပါဘူး။ နောက်တစ်ချက်ကလဲ
တစ်ခါခွဲမွေးဘူးတဲ့လူနာဟာနောင်ဗိုက်တွေ ကျတော့လည်းသား အိမ်ကွဲ မှာစိုးလို့ ခွဲကိုခွဲရမှဖြစ် ကုန်တာမို့
ခွဲပြီးယင်း ခွဲယင်း မဆုံးသံသရာ လည်သွား ပါတော့တယ်။ (မှတ်ချက်။ ပထမ အကြိမ်ခွဲ ထားရပေမဲ့လဲ
နောင်ကိုယ်ဝန်တွေမှာ သဘာဝအတိုင်း မွေးနိုင်ဖို့ အလားလာ က၇၀% ရှိပါတယ်၊ ဒါပေမဲ့ ဘယ်ဆရာဝန်မှ ဒုက္ခခံ
ကြိုးစားတာမတွေ့ဘူးပါဘူး၊ ရှိရင်တော့ လဲရှိမှာပါ) ဒါရဲ့ နောက်ကွယ်မှာ လူမသိ သူမသိတဲ့ပြဿနာက
ခွဲမွေးလူနာဆိုတာက ပထမဦးစားပေးပါ၊ (သူကအသက် ၂ချောင်းကိုး) ဒီတော့ အရေးပေါ်အချိန်မှာ ခွဲမွေးလူနာ
နဲ့ဆုံလိုက်ရရင် ကျန်လူနာတွေမှာ ကံဆိုးပြီသာမှတ်၊ စောင့်ပေတော့ပေါ့။

ကျွန်တော် အထက်မှာပြောခဲ့တဲ့ လူနာမျိုးတွေ အပြင်ပုံစံမတူတဲ့ အခြားအုပ်စုတစ်ခု ရှိပါသေးတယ်၊ အဲဒါကတော့


ကိုယ့်နိုင်ငံမှာထက် ဒီနိုင်ငံ မှာပဲအတွေ့ရများမယ် ထင်ပါတယ်။ ဒီလူနာတွေက အရေးပေါ် ကော နာတာရှည်
လူနာတွေပါဖြစ်ပြီး အသက်ရှင်နိုင်စရာ အခွင့်အလမ်း အတော်နဲသူတွေပါ။ အများဆုံး တွေ့ရတာက ဦးခေါင်းဒဏ်
ရာရလို့ ခွဲစိပ် ရတဲ့လူနာတွေပါ။ ဒီနိုင်ငံမှာ အမျိုးသားတွေက ကျွန်တော်တို့ တိုင်းရင်းသားအချို့
ဆောင်ဓါးကိုင်သလို၊ (မိုလာမူး) လို့ခေါ်တဲ့ ထိပ်ကဘုလုံးနဲ့ တုတ်တစ်မျိုးကိုင်
လေ့ရှိ ကြပါတယ်။၂ပေခွဲ ၃ပေခန့် ရှိတတ်ပါတယ်။ ဒီတော့ အချင်းချင်း ပြဿနာဖြစ်လျှင် (မိုလာမူး)
နဲ့ဖြေရှင်းကြတာ များတော့ ဦးခေါင်းဒဏ်ရာနဲ့ ခွဲခန်း မှာအရေအတွက်ကလည်းမနဲပါ။ နဲနဲပါးပါး ဦးခေါင်းခွံ အောက်
သွေးခြေဥတာမျိုး၊ ဦးနှောက်အကြီးအကျယ် မပျက်တာမျိုးလောက်တော့ ရှင်လမ်း ရှိပါတယ်၊ လုပ်ပျော်ပါတယ်။
ဒါပေမဲ့ ဘယ်လိုမှသတိ ပြန်လည်မလာတဲ့ အခြေနေသိပ်ဆိုးတဲ့ လူနာတွေကျတော့ မခွဲခင်ကတည်းက
ရင်ခွဲရုံကိုခြေတစ်လှမ်း လှမ်းနေပြီးသားပါ။ ဒီလိုလူနာမျိုးက ခွဲလည်းမထူးပါ၊ ခွဲပြီးနောက်နေ့ကျ
ဝဒ်ထဲမှာမမြင်ရတော့ပါ။ တချို့လည်းခွဲခန်းဝင်ခါနီးမှ ရှောသွား တာတွေမနဲပါ။ ဒါပေမဲ့ သူတို့က
အရေးပေါ်လူနာတွေဆိုတော့ ကျွန်တော်တို့မေ့ဆေးအနေနဲ့ ငြင်းခွင့်မရှိပါ။

နာတာရှည် ရောဂါသည် တွေထဲက ကင်ဆာသမားတွေ အတော်များများမှာတွေ့ရ တတ်တာက၊ အခါနှောင်း


ရောဂါကျွမ်းမှ ဆေးရုံရောက် လာသူတွေပါ။ ဥပမာ- အစာအိမ် ကင်ဆာသမား၊ ကင်ဆာဆိုတော့ အရိုးပေါ်
အရေတင်နဲ့ ၀မ်းပိုက်မှာ အလုံးနဲ့ ရေဖျင်းစွဲပြီး စဉ့်အိုး တစ်လုံးလောက် ကယ်နေတဲ့လူနာ။ ဒါကိုခွဲစိပ် ဆရာဝန်က
ခွဲဖို့စာရင်းတင် လာတော့ ကျွန်တော်တို့ မေ့ဆေးအနေနဲ့ အတော်ဦးနှောက် စားရပါတယ်။ သာမန်လူပြိန်း အနေနဲ့
ပဲစဉ်းစားအုံးတော့၊ ကုလို့မရနိုင်တော့တဲ့ရောဂါ သွားခွဲလို့ကော လူနာအတွက်ခဏ လောက်ပဲ သက်သာခွင့်ရမှာ၊
သူခံစားရမဲ့ ခွဲစိပ်ဒဏ် မေ့ဆေးဒဏ် နဲ့မှမတန်ပါ၊ ခွဲခန်းထဲမှာတင် အသက်ပျောက် သွားနိုင်ပါသေးတယ်။
ကျွန်တော်တို့ ဆီမှာသာ ဆို အိမ်သာပြန်ခေါ်သွား စားချင်ရာ စားပါစေ ဆိုပြီးပြန်လွှတ် လိုက်ရင်
လူနာရှင်တွေလည်း နားလည်ပါလိမ့်မယ်။

ခုဒီနိုင်ငံမှာ ကျတော့ ခွဲမဲ့ဆရာဝန်ကလည်း သူ့တာဝန်က သမိန်ပေါသွပ်ရဲ့ စကားကိုငှားသုံးရ ရင်တော့


" ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ် " ပဲ၊ ( နောက်ဆုံးစကါးတော့မပါဘူးထင်ပါတယ်၊ ပါးပါးလှီးရ လောက် အောင်
ဒီကလူတွေက မတတ်နိုင်ကြပါဘူး၊ ဆင်းရဲကြပါတယ်၊ ဆရာကို ကန်တော့ ရိုးထုံးစံ လည်းမရှိပါဘူး) လူနာတွေ
နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာ သူတို့အလုပ် မဟုတ်သလိုပါပဲ။ ခက်တာက ကျွန်တော် တို့မေ့ဆေးအပိုင်းမှာ
မေ့ဆေးဒဏ်မခံနိုင်လောက်တဲ့ အကြောင်းပြချက် တစ်ခုခုရှိရင်တော့ ပယ်လိုက် လို့ဖြစ်ပေမဲ့လူတိုင်းကိုတော့
82
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ခွဲစိပ်ဆာဂျင်နဲ့ ဖက်ပြိုင်ငြင်းမနေတော့ပါဘူး၊ အချို့လည်းပဲ နားလည်ပါတယ် ခွဲချင်လွန်းလို့ ခွဲနေတာမဟုတ်ပါဘူး။


ဒါကြောင့်မို့ ကျွန်တော်တို့ နဲ့တိုးတိုးတိတ်တိတ်လေး လာညှိတတ် ကြပါတယ်။ လူနာကို အကြောင်းတစ်ခုခု
ပြပြီးပယ်ပေးဖို့ တောင်းပန်တာပါ၊ (မေ့ဆေး ဆရာဝန်က မေ့ဆေးမပေးနိင်လို့ ဆိုရင် သူတို့
အာပတ်လွတ်သွားတာပေါ့) အမှန်တော့ လူမိုက်ငှားတာပါ၊ ကျွန်တော်တို့ အနေနဲ့ကတော့ ဒါမျိုးလုပ်လုပ်
ပေးရတာ ဗိုက်အငှားနဲ့ ဓားထိုးခံရာကျနေတာမို့ ခဏဏတော့ မလိုက်လျောနိုင်ပါ၊သူတို့မလုပ်သင့် ဘူးထင်ရင်
သတ္တိရှိရှိ အစကတဲက မတင်နဲ့ပေါ့။

တိုးတက်တဲ့ အနောက်နိုင်ငံတွေ မှာတော့ ဒီကိစ္စမျိုးဆို ဆရာဝန်နဲ့ လူနာပွင့်ပွင့်လင်းလင်း ဖွင့်ပြော ဆွေးနွေးပြီး


ခွဲသင့်၊ မခွဲသင့်ဆုံးဖြတ် လို့ရပါတယ်။ လူတွေရဲ့အခြေခံ ဗဟုသုတနဲ့သူတို့ရဲ့ယဉ်ကျေးမှုအရ ပြဿနာမရှိပါ။
သေမဲ့လူနာကလည်း သူလုပ်သင့်တာတွေ အချိန်မီလုပ်သွားနိုင်တာပေါ့။ ဒီအာဖရိက မှာတော့ (" အခွဲစိပ်ခံလူနာရဲ့
သဘောတူညီချက် "စာမှာ ကျွန်တော်ရေး ဘူးပြီးပါပြီ၊ ကျွန်တော့မိတ်ဆွေကြီး Dr Tuppin ကလူနာကို
အရှိအတိုင်း "မင်းရောဂါက ခွဲလည်းမထူး မခွဲလည်း မထူးဘူး" လို့သွားပြောမိ လို့ပြဿနာ အတော်တက်သွားတာ)
လူတွေက မရှိတာထက် မသိတာခက် လို့ပြောရအောင်ကလည်း၊ သူတို့တွေက (မျက်လုံးလေး အ၀ိုင်းသားနဲ့)
သိလည်းမသိ၊ ရှိလည်း မရှိ ခုသူတို့ဆေးရုံ လာတက်တာတွေ ခွဲစိပ်မှု ကုန်ကျစရိတ် စတာတွေအားလုံး
ကိုအစိုးရကအကုန် ခံတာမို့ သူတို့အနေနဲ့ပူစရာမရှိ။ ဆရာဝန် တွေလုပ်ချင်ရာ လုပ်ပေါ့၊ သနားစရာ
လဲကောင်းပါတယ်၊ သူတို့ရဲ့စိတ်ထဲမှာတော့ ခွဲလိုက်မယ် ဆိုရင်ကိုပဲ သူတို့ရောဂါအားလုံး ကောင်းသွားမယ်
လို့ထင်နေတတ်ကြတာကိုး။

ကျွန်တော်တို့ Queen Elizabeth ဆေးရုံကြီး ဆိုတာက ဒီနိုင်ငံမှာ တစ်ခုတည်းသော အထူးကုဆေးရုံကြီး ဆိုတော့


တစ်နိင်ငံလုံး အတိုင်းအတာနဲ့ အနယ်နယ် အရပ်ရပ် ကနေလွှဲလိုက်တဲ့ လူနာတွေကလည်း ကုလို့ရတာတွေ
ကောမရတာတွေပါ နေ့စဉ် ဘယ်နဲလိမ့်မလဲ။ ဒီအတွက် လူနာတွေအဖို့ များများ ကုန်စရာ မလိုပါ၊ ကြက်သား
တစ်ပိဿာ ဘိုးလောက်နဲ့တင် တောမြို့လေးကနေ မြို့ပေါ်ကို သူနာတင်ကားနဲ့ အခန့်သား ရောက်လာနိုင်တာပါ။
(ဆေးရုံရောက်ပြီးရင် စားဝတ်နေရေး၊ ဆေးဘိုး၊ ကုသစရိတ်၊ ဘာမှ ထပ်ကုန်ဖို့ မရှိတော့) ကားတွေက နယ်ဆေးရုံ
လေးတွေနဲ့ RSA ထိပါ၊ ပုံမှန်အဆက်သွယ် မပြတ်ရှိပါ တယ်၊ သိတဲ့ အတိုင်းပဲ ဒီနိုင်ငံက တောင်ပေါ်နိုင်ငံမို့
ကုန်းလမ်းဆက်သွယ်ေ ရးက အနှံ့မရောက်နိုင်ပါ၊ ဒီအတွက် လည်း ပူစရာမလိုပါ Lesotho Flying Doctor
Service LFDS ခေါ် NGO အဖွဲ့ ပိုင်Sessna လေယဉ်ငယ် လေးတွေ နဲ့ဝေးလံခေါင်းပါး
အရပ်တွေမှာရှိဆေးခန်းတွေဆီ ဆရာဝန်နဲ့ လူနာတွေ ကို ပုံမှန်ကြိုပို့ လုပ်ပေးတာ ရှိပါသေးတယ်။ (အမေရိကန်က
ပိုင်းလော့တွေပါ) တတ်နိုင်သူတွေ အဖို့ သုံးကြပါတယ်၊ စရိတ်က ကြက်သား ၃-၄ ပိဿာ
ဘိုးလောက်ကြီးတောင်ရှိတာမို့ (ကြက်သား ကဒီမှာ အပေါဆုံးဆိုပေမဲ့) လူတိုင်းတော့ မတတ်နိုင် ပါ။
တတ်နိုင်ရင်အလောင်းပါ ပြန်ပို့ပေးပါသေးတယ်။ ဒီလိုကျမ်းမာရေး စောင့်ရှောက်မှု ကောင်းနေတာက၊
နမီးဘီးယားလို၊ အစိုးရက ချမ်းသာလို့မဟုတ်ပါ။ လီဆိုသိုက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု၊ ရေကလွဲရင်
ဘာမှမထွက်ပါ၊ ချမ်းသာတဲ့နိုင်ငံ တွေရဲ့ NGO အကူညီတွေနဲ့ အလုပ်ဖြစ်နေတာပါ။ ဒီမှာ NGO အဖွဲ့ပေါင်း
တစ်ဒါဇင်လောက်ရှိပါတယ်။ (မုဒိတာ ပွါးဖို့ပါ)

83
)

-
Consultant & Head Anaesthetist
Queen Elizabeth the 2nd Hospital.
- Maseru, Kingdom of Lesotho.
21 Jun 2010.

" (၂) "

84
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ပြီးခဲ့တဲ့ အခေါက်က ကျွန်တော်က " ခွဲစိပ်ခံသင့် မခံသင့် " ဆိုတဲ့ စာစုလေးကို ရေးပြီးတဲ့ နောက်မှာ ကျွန်တော့
စာရှုသူများက ကျွန်တော့ကို မေးခွန်းတွေ တရစပ် မေးလာလို့ (အချို့လည်းထိပ်လန့် တကြားပေါ့) ပိုမိုရှင်းလင်း
သဘောပေါက် အောင်လို့ခုစာ ကိုဆက်ရေးဖြစ်တာပါ။ အဓိကကတော့ မျက်စိ အတွင်းတိမ် cataract
အကြောင်းပါ။ ကျွန်တော် ကလည်း တန်းလန်းကြီး ထားခဲ့တာကိုး။ အမှန်တော့ တိမ်ဆိုတာက ခွဲကိုခွဲ
ရမည့်ရောဂါပါ မခွဲပဲပျောက်မယ် ဆိုတာက ရမ်းကုတွေ အပြောပဲဖြစ်ပါလိမ့်မယ်။ ၄င်းစာရေးသူ ဆိုလို တာက
တိမ်ကိုမှဲ့မှခွဲဖို့ပါ၊ မှဲ့တယ် ဆိုတာက မိမိရဲ့နေစဉ်လုပ်နေကျ အလုပ်တွေ ဆက်မလုပ်နိုင် လောက်အောင်
အမြင်ဆိုးဝါး လာတာကို ဆိုလိုတာပါ။ ဒီနိုင်ငံမှာက ဆန္ဒတွေစောပြီး မမှဲ့မီသွားခွဲကြတာများလို့ သူကဒါကို
သတိပေး ထားတာပါ။ မြင်နေသေးတဲ့မျက်လုံးကို သွားခွဲတော့ တချက်လေးတိမ်းစောင်းသွား ရုံနဲ့ ရင်းစားပြန်
မရနိုင်တော့ဘူး မဟုတ်ပါလား။
အမှန်တော့ ခွဲစပ်ခံသင့် မခံသင့် ဆိုတဲ့ဆုံးဖြတ်ချက် ကို မေ့ဆေးနဲ့ ခွဲစိပ် ဆရာဝန်တွေ ပေါ်မှာချည်း သက်သက်
ပုံချလို့ မသင့်ဘူး ထင်ပါတယ်။ ကျွန်တော်ခုလို ပြောလိုက်တော့ကျွန်တော်/ ကျွန်မ တို့ကဆေးပညာ
ကိုဘာသိတာမို့ လဲ၊ ဒါကဆရာဝန် တွေရဲ့သဘော လို့ပြန် စောဒက တက်နိုင်ပါတယ်၊ အပြည်ဝ
့ တော့မမှန်
ဘူးထင်ပါတယ်။ ဆရာဝန်ဆိုတာ ကသူလုပ်စရာ ရှိတာ သူလုပ်မယ်ပြောမှာပဲ။ ခွဲစရာရှိခွဲမယ်၊ ဖြတ်စရာရှိ၊
ဖြတ်မယ်၊ ပါးပါးလှီးစရာရှိ လှီးမယ်၊ ( တလွဲမထင်ပါနဲ့၊ အရေပြားအစားထိုးမှု တွက် အရေပြားကို ဒါးပါးပါး
လေးနဲ့လှီးတာပါ) ပြောမှာပဲ။ လူနာရှင်တာ မရှင်တာ၊ ရှင်ရင်လည်း ဘယ်လောက် ကြာကြာ နေရမှာ၊ လူနာရဲ့
နောက်ခံ ငွေကြေးအခြေနေစတာတွေ ကိုမစဉ်းစားတော့၊ ဒါအတွက်သူတို့ကိုလည်း အပြစ်တင်လို့မရပါ၊ တော်ကြာ
"ခွဲစရာရှိတာမခွဲပဲ ပစ်ထားလို့ ရေတိမ်နစ်ရပါတယ်" ဆိုတာမျိုး ဖြစ်ဦးမှာ။

ကျွန်တော်တို့ မေ့ဆေးအပိုင်း ကလည်း သူတို့ခွဲချင်တိုင်း မေ့ဆေးပေးရဖို့ မဟုတ်ပါ။ လူနာအခြေနေ မကောင်းလို့၊


"မေ့ဆေးပေးရန်မသင့်" ဆိုပြီး အကြောင်းပြချက်နဲ့၊ "ငြင်းနိုင်၊" ခွဲစိပ်မှုကို"ရွှေ့ဆိုင်း"နိုင် ပါတယ်။ ဒါကလဲ
အရေးပေါ်မဟုတ်တဲ့ ခွဲစိပ်မှုတွေမှာသာ လုပ်လေ့ရှိတာပါ၊ အရေးပေါ် အသက်လုရမဲ့ အခြေနေမျိုးမှာတော့
"ဒါးခုတ်ရာလက်ဝင်မလျှို" တော့တာများ ပါတယ်၊ တော်ကြာ "ခွဲချင်ပါရဲ့နဲ့ မေ့ဆေးဆရာက မပေးလို့ ဆိုတာမျိုး"
နာမည်ကြီး မှာသေချာတာမို့၊ မရမှန်းသိသိနဲ့ ရလိုရငြား ခွဲကြရတာပါ။ တစ်ခါတစ်ခါ တော့လည်း သိပ်သေချာ
နေတဲ့လူနာဆို လူနာရှင်ကိုအကျိုး ကြောင်းရှင်းပြလို့ သူတို့ဘက်က နောက် ဆုတ်သွားတော့ လည်း
ကိစ္စတစ်ခုပြတ်သွားတာပေါ့။

ဒီတော့ကာ၊ ခွဲစိပ်ခံသင့် မခံသင့် ဆိုရာမှာ၊ ခွဲစိပ်၊ မေ့ဆေး ဆရာဝန်တွေအပြင် လူနာ/လူနာရှင် ၃ဦး ၃ဖလှယ်၊
ပတ်သက်နေပါတယ်။ ဒီနေရာမှာ ငွေရေးကြေးကိစ္စ ကလဲ မပါလို့မဖြစ်
ဘူးထင်ပါတယ်။ ကျွန်တော် ကိုယ်တွေ့ အဖြစ်လေးတစ်ခု ရှိပါသေးတယ်။ ကြာတော့ကြာပါပြီ ကျွန်တော့ရဲ့
ငယ်သူငယ်ချင်း တစ်ယောက် နဲ့ပတ်သက်လို့ပါ၊ တစ်နေ့ သူကသူ့ကြီးတော်
ရဲ့ အဆုပ်ဓါတ်မှန်ကြီး ကိုင်ပြီး ပေါက်ချလာပါတယ်၊ ကြည့်လိုက်တော့ အဆုပ်ထဲမှာ အသားလုံးကြီး၊ အဲဒါခွဲရမယ်
လို့သူ့ဆရာဝန် ကပြောလို့ လာတိုင်ပင်တာပါ။ ကျွန်တော်လည်း လက်
လှမ်းမှီသရွေ့ လေ့လာစုံစမ်း ကြည့်မိတော့၊ သူပြောသလို ခွဲပါပြီတဲ့၊ အောင်မြင်သွားတောင်မှ အလွန်ဆုံးနေရလှ ၂
နှစ် ၃နှစ်၊ ခွဲတာရယ် ဓါတ်ကင်တာရယ်၊ ကုန်ကျစရိတ်က အဲဒီတုန်းက
တင် ၁၀သိန်းလောက်ကျမှာ။ သူ့ကြီးဒေါ်က အသက် ၇၀ကျော်နေပါပြီ၊ သူငယ်ချင်း မိဘတွေက အစိုးရ၀န်ထမ်း
ဆိုတော့၊ ကျွန်တော် အကြံပေးလိုက်တာက အိမ်မှာပဲအေးအေးထား ပြုစု၊
85
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

စားချင်တာစားပါစေလို့။ ကျွန်တော့စကား သူတို့နားထောင် ပြီး သူ့ကြီးတော်က ၃နှစ်လောက် အေးအေးဆေးဆေး


အသက်ရှည် သွားခဲ့ပါတယ်။ ဒီအဖြစ်ကိုကျွန်တော် မေ့ပင်နေပါပြီ။
သူငယ်ချင်းပြန်ပြောပြ လို့သာသတိရမိတာပါ။

ဒီနိုင်ငံမှာတော့ ကျွန်တော်တို့ဆီ မှာနဲ့မတူတာက ခွဲမဲ့သူက ခွဲမယ်ဆို ခံမဲ့လူနာတွေ ကလည်း


မငြင်းရေးချမငြင်းပါပဲ။ ကျွန်တော် မမေ့နိုင်တဲ့ဖြစ်ရပ် (ကြီး) တစ်ခုရှိခဲ့ဘူးပါတယ်။ ယမန် နှစ်ကတင်ပါ၊ အဲဒီနေ့က
နောက်ရက်မှာ ခွဲမဲ့လူနာတွေကို ၀ဒ်ထဲမှာ ကြိုစမ်းသပ်ဖို့ သွားတော့ တမူထူးခြားတဲ့ လူနာတစ်ယောက်ကိုတွေ့ရ
တာပါ။ ထူးဆို အဲဒီလူနာ အမျိုးသမီးကြီး ကုတင် ဘေးမှာ နာ့(စ်)တွေ ၀ိုင်းဝိုင်းလည်ပြုစုနေကြလို့ပါ။ လူနာက
အသက် ၈၄ နှစ်လောက်ရှိတဲ့ အငြိမ်းစား သူနာပြုချုပ်ကြီးမို့ ခုလိုဝိုင်းဝိုင်းလည် နေတာမဆန်းပါဘူး။
သူ့ရောဂါကတော့ဝမ်းပိုက်ထဲက အလုံးတစ်လုံးတွေ့လို့၊ ခွဲထုတ်ပစ်ဖို့ပါ၊ ဆေးပညာ အရတော့
မိမိရဲ့ကိုယ်ပေါ်မှာဘာ အဖုအကြိတ် မှမထားသင့် ဘူးဆိုတာမှန်ပါတယ်။ တစ်ချိန်ချိန်မှာ ကင်ဆာဖြစ်မလာနိုင်ဘူး
လို့မပြောနိုင်လို့ပါ၊ (ဒါဆိုဆက်လုပ်ပေါ့) ဒါပေမဲ့ ဒီလူနာပေါ်မှာကျွန်တော် နဲနဲဘ၀င်မကျတာက အဓိကအားဖြင့်
သူ့အသက်ရွယ်ပါ။ ကင်ဆာဆိုတာက နေ့ချင်းညချင်း ကောက်ခါငင်ခါ ထဖြစ်တတ်တာ မျိုးလည်း မဟုတ်သမို့၊
ဒီဆရာမကြီး ကလဲမသိတာ လည်းမဟုတ်ပဲနဲ့ ဘာကြောင့်များ ခွဲချင်နေတာပါလိမ့် လို့ပါ။ သူ့ကိုယ်သူများ အသက်
ရာကျော်နေနိုင်မယ် ထင်နေ လားမသိ။ ဒါနဲ့ လူနာနဲ့ စကားပြောကြပြီးတဲ့ နောက်မှာ ကျွန်တော်
လဲ ပွင့်ပွင့်လင်းလင်း ပဲဖွင့်မေးမိပါတယ်။ (မခွဲဖို့ပြောတာတော့ မဟုတ်ပါ၊ တော်ကြာ ဆေးရိုးသည်က ကန့်လန့်
လို့အထင်ခံနေရဦးမှာ) သူကတော့အေးအေးပါပဲ။ သူ့တွက်ဘာမှ မပူပါနဲ့၊ သူကဒေါင်ဒေါင် မြည်အောင် ကျန်းမာ
ပါတယ်တဲ့၊ ကျွန်တော့ကို ပြန်တောင်အားပေးလိုက်ပါသေးတယ်၊ ခုလိုပြောနိုင် အောင်လည်းသူ့ ဆေးစစ်ချက်တွေ၊
X-ray, ECG တွေမှာကပြဿနာမရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ သူ့အသက်ကိုတော့ သူမေ့နေပုံရပါတယ်၊ ၈၀
ကျော်ဆိုကတဲက လူငယ်တွေထက် ၅ဆ ၆ဆ ပိုလို့ မေ့ဆေး အန္တရယ် ရှိနေပါပြီ။ နောက်တစ်ချက်ကလည်း
ကျွန်တော်တို့ ဆေးလောကမှာ အစွဲလမ်း တစ်ခုရှိတာက ဆရာဝန်၊ ဆရာမအမျိုးတွေ ဆိုသာမန်လူတွေထက်
နဲနဲလေးတော့ ပြဿနာပိုတတ် တာမျိုးပါ။

ဒါနဲ့ နောက်နေ့မှာ ဆရာမကြီးခွဲခန်း ၀င်ပါတယ်၊ သူက Matron (မေထရွန်) ဟောင်းကြီး မဟုတ်


လား၊ ဒီဆေးရုံမှာ ရှိရှိသမျှ နာ့(စ) တွေ ၁၀ ယောက်မှာ ၇ယောက်လောက် ကသူ့တပည့်ဖြစ်ခဲ့သူ
ချည်းမို့ အဲဒီနေ့က ခွဲခန်းမှာလူ အတော်စည်ပါတယ်။ မေ့ဆေးကို ကျွန်တော်ပဲ ကိုင်ရတာပါ၊ အားလုံးချောချော
မောမောပါပဲ၊ သူကလည်း ကျန်းမာသူမို့ ဘာအထစ် အငေါ့မှမရှိခဲ့ပါ။ ၀ဒ်ထဲပြန်
ရောက်တော့လည်း ဘေးမှာပြုစုမည့်လူတွေ အလျှံပယ်မို့၊ ဘာမှလိုလေသေးမရှိပါ။ အဲ၊ ခွဲစိပ်ပြီး ဒုတိယမြောက်
နေ့မှာတော့ လူနာရုတ်တရက် ဆုံးသွားလို့ အားလုံးက တအံ့တသြ ဖြစ်ကုန်ကြပါတယ်၊ သူနေကောင်းနေလို့
အပေါ့အပါး ပင်ထသွား နေရာကနေ ခုလိုဖြစ်သွားတာမို့ ပိုလို့ပင်အံ့စရာပါ၊ သူဘာကြောင့် ဆုံးသွားလဲဆိုတာ
အကြောင်းပေါင်း များစွာထဲက တစ်ခုခု ကြောင့်ပါ၊ဒါကို ဒီနေ ရာမှာ မဆွေးနွေးလိုပါ၊ ဒါပေမဲ့ သေချာတာတစ်ခုက
သူသာအခွဲမခံခဲ့လျှင် ခုလိုချက်ချင်း မသေနိုင် သေးတာ တော့သေချာ ပါတယ်။ ဘယ်တော့ဖြစ်လာမယ်
မှန်းမသိသေးတဲ့ ကင်ဆာရောဂါတွက်ဒီအသက်ရွယ် မှာတော့ မခွဲသင့်ဘူးထင်ပါတယ်။ ဒီနေရာမှာ ရလာမဲ့
အကျိုးမြတ် နဲ့ကိုယ်ရင်းရမဲ့အသက်ကို ချိန်ဆ သင့်မယ်ထင်ပါတယ်။ ဒါလည်းမခွဲသင့်တဲ့ လူနာတစ်ယောက်
မဟုတ်ပါလား။
စာရှုသူများ မှန်ကန်တဲ့ ဆုံးဖြတ်ချနိုင်ပါစေလို့ပဲ ထပ်ဆိုပရစေ။
86
)

( အရ
၁%
ဒါက

TB
" "
)

-
9 July 2010
- Maseru, Kingdom of Lesotho.

"

87
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

သူ့ဇာတ်လမ်းက မသိနားမလည် သူတွေအဖို့တော့ အသေးအဖွဲ ကိစ္စလေးတစ်ခုပါ။ ဒါပေမဲ့ နားလည်သူတွေ


အဖို့တော့ ဟာသကြီးလိုဖြစ်နေတာမို့ ကျွန်တော် ရေးပြလိုတာပါ။ဖြစ်ရပ်မှန် နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလို့ပါ။
အမှန်မှာ မေ့ဆေးဆရာဝန်က လူနာကိုစ ကိုင်ရတာပါ။ သူကလူနာကို မေ့ဆေးစ ပေးရတာပါ၊
သူကမေ့ဆေးပေးပြီးလို့ သူနာအခြေ တကျမေ့ သွားပြီးနောက် (ဓါးတင်နိုင်ပြီ) လို့ဆိုမှသာ၊ ခွဲစိပ်ဆရာဝန်က
သူနာခွဲခွင့်ရှိတာပါ။ ဒါက ခွဲခန်း အစဉ်လာပါ၊ ယဉ်ကျေးမှုပါ။ ခွဲစိပ်ဆရာဝန်က ဘယ်လောက် ၀ါကြီးကြီး
ဒီအစဉ်လာကိုကျော်လို့မရပါ။ ဒါကလည်းအကြောင်းရှိပါတယ်။ လူဆိုတာကသူ့ လိုအပ်တဲ့အဆင့်ထိ မေ့သွားမှသာ
အခွဲခံနိုင်သာပါ။ မမေ့တမေ့ အချိန်မှာသွားခွဲမိလို့
ကတော့၊ မလိုအပ်တဲ့ အာရုံကြော တုံ့ပြန်မှု နဲ့နှလုံးခုန် ရပ်သွားတဲ့ထိ ဖြစ်သွား နိုင်ပါတယ်။ ဖြစ်သွားတဲ့ သာဓက
တွေလဲရှိဘူးပါတယ်။

ကျွန်တော့်ရဲ့ ဆရာမကြီး ဘယ်လိုလုပ်ပြီး အကြားအမြင်လွဲချော်သွားတယ်မသိပါ။ မေ့ဆေးနဲ့ ခွဲစိပ် ဆိုတာက


ဦးတည်ချက်အနေနဲ့ လူနာတစ်ဦးထဲပေါ် လုပ်နေကြတာဆိုပေမဲ့ သီးခြား တာဝန်ကိုယ်စီနဲ့ပါ။ အထက်က
ဆရာမကြီးရေးသလို ခွစ
ဲိပ်ဆရာက သူလုပ်ချင်ရာကိုအမိန့်ပေး၊ မေ့ဆေးက အမိန့်နာခံ ပြီးလုပ်ပေးရတာမျိုး
မဟုတ်သမို့ အမြင်မတူနိုင်တာတွေ လည်းရှိကြပါတယ်။ ဒါကြောင့်မို့လည်း ခွဲစိပ်နဲ့မေ့ဆေး ဆိုတာက
အစဉ်လာအားဖြင့် ကြောင်နဲ့ကြွက်လို ကမ္ဘာရန်၊ လျှာနဲ့သွားလို အချစ်စမ်း ကြတာ၊ တစ်ခါတစ်လေ လည်းဘော်လီ
ဘောပုတ်တမ်းကစား ကြတာ အများကြီးရှိပါတယ်။ ပုထုဇဉ်တွေရဲ့ သဘာဝပေါ့။

စကားပြန်ဆက်ရရင်တော့ လူနာတစ်ယောက်ကို မေ့ဆေးပေးသင့်လား၊ ငြင်းသင့်လား၊ ဒါမှမဟုတ် ခွဲစိပ်မှုကို


အချိန်ရွှေ့ဆိုင်းသင့်သလား၊ ဆိုတာတွေက မေ့ဆေးဆရာရဲ့အဆုံးအဖြတ် ပညာတွေပါ။ ကုန်ကုန်ပြောရရင်တော့
မေ့ဆေးဆိုတာ လူနာကိုခေတ္တ မေ့ခိုင်းလိုက်တာထက် မကပါဘူး၊ တကယ်တော့ ခဏသေခိုင်းလိုက်တာပါ၊
အကြီးစားခွဲစိပ်မှု တွေမှာဆို အသက်ရှူတာပါ ရပ်ခိုင်းလိုက်တာပါ။ ( လူနာက သူများနှာခေါင်းပေါက်နဲ့
အသက်ရှူရတာပါ ) ပြီးမှဖြေဆေးထိုးပြီး လူနာကိုပြန်နှိုး ရတာပါ။ ဒါကြောင့်
မေ့ဆေးက ပြန်လာတယ်ဆိုတာ သေရွာပြန် တွေပါပဲ၊ ဒီတော့ကာ လူနာကိုမေ့ဆေးပေးသင့် မပေးသင့် ဆိုတာက
သေရေးရှင်ရေး ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါတွေကို မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်ဖို့ တွက် ကျွန်တော် တို့
တတ်အပ်တဲ့ပညာတွေထဲမှာ ရောဂါဗေဒက အရေးပါပါတယ်၊ (ဒါတွေကို အစအဆုံး ပြောရရင်တော့ ဆေးစာအုပ်
တစ်အုပ်စာဖြစ်သွားပါလိမ့်မယ်) အကျဉ်းပြောရရင် မေ့ဆေးဆရာဝန် တစ်ယောက်အနေနဲ့ အနဲဆုံးတော့
နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အသဲ၊ကျောက်ကပ်၊ သွေးတိုး၊ ဆီးချိုရောဂါ လောက် တော့ရောဂါရှာတတ်၊
အတိုင်းတာတစ်ခုလောက်ထိ ကုသတတ်ဖို့ လိုပါတယ်၊ မေ့ဆေးပေးရုံ သက်သက် သာတတ်တယ်ဆိုရင်တော့
ဂျိမ်းဘွန်းလို လိုင်စင်ရ လူသတ်သမားပဲ ဖြစ်ဖို့ရှိ တော့မှာပါ။

ဒီနေရာမှာ အရေးပေါ် ခွဲစိပ်မှု မဟုတ်လျှင် သွေးပေါင်တက်နေလို့၊ ရင်ကြပ်နေလို့၊ ဆီးချိုတက်နေလို့၊ ဆိုလျှင်


မေ့ဆေးပေးဖို့ ငြင်းနိုင်ပါတယ်။ ဆုံးဖြတ်ရ အလွယ်လေးပါ၊ ဒါပေမဲ့၊
အရေးပေါ်လူနာမို့ ချက်ချင်းခွဲရ မယ်ဆိုရင်တော့ ပညာသားပါပါတယ်။ ဥပမာ အူအတက်ပေါက်
နေတဲ့လူနာတစ်ယောက် ဆိုပါစို့၊ သိတဲ့အတိုင်းပဲ၊ ချက်ချင်းခွဲရဖို့ပါ၊ ဒါပေမဲ့ အဲဒီ
လူမှာပဲ တပြိုင်ထဲမှာပဲ နှလုံးရောဂါထ နေလျှင်၊ ခွဲစိပ်ဆရာ အကြိုက် မေ့ဆေး သွားပေးမလား။ မပေးသင့်ပါ၊
ခွဲစိပ်ကုတင်ပေါ်တင် အသက်ပျောက်သွားဖို့ များပါတယ်။ မပေးနိုင်ဘူး
88
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

လို့ အပြတ်ငြင်း လို့လည်းမဖြစ်နိုင်ပါ။ အူအတက်ပေါက်တာ ကချက်ချင်းမသေနိုင်သေးပါဘူး၊ ဒီတော့ကျွန်တော်တို့


လုပ်သင့်တာက ခွဲစိပ်မှုကို ၄-၅-၆ နာရီလောက်နောက် ရွှေ့ခိုင်းပြီး
နှလုံးရောဂါ အခြေနေကို (မပျောက်နိုင်တောင်) သက်သာအောင် အရင်ကုသ ပေးရဖို့ပါ၊ ဒါမှသာ မေ့ဆေး
အန္တရာယ် သက်သာမှာပါ။ ဒီအချိန်ပိုင်းလေးက လူနာတွက် သေရေးရှင်
ရေးပါ၊( ၆နာရီလောက် နောက်ကျ မှခွဲလို့လဲ လူနာသေ လောက်အောင် ဆိုးမသွားနိုင် သေးပါ)
ဒီနှစ်ခုချိန်ဆတတ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ခွဲစိပ်နဲ့ မေ့ဆေးဆိုတာက ဟန်ချက်ညီဖို့ နားလည်မှုရှိဖို့ လိုပါတယ်။
ခွဲစိပ်သူက ဆရာကြီးလုပ်ပြီး ထောင်လွှားနေမယ်၊ မေ့ဆေးက ခပ်ငယ်ငယ် မပြောရဲ မဆိုရဲ
နဲ့ဆို ကြားက လူနာက မြေဇာပင် ဖြစ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ ဘွဲ့လွန်တက်တုန်းက ကွယ်လွန်သွားရှာ ပြီဖြစ်တဲ့
ပါမောက္ခ ဆရာဦးဝင်းမောင် ပြောလေ့ရှိတဲ့စကား တစ်ခုမှတ်မိ နေပါသေးတယ်၊ ခွဲခန်းမှာ မေ့ဆေးဆရာဝန်
ဆိုတာကနောက်ဆုံး အဆုံးအဖြတ် ပေးရမဲ့လူပါတဲ့။ လူနာရဲ့အသက်က မင်းတို့ရဲ့လက်ထဲမှာရှိတာမို့၊
ကိုယ့်ဆုံးဖြတ်ချက် ကိုချရာမှာ အားနာလို့၊ ကြောက်လို့၊ ခင်မင်လို့၊ မသိလို့၊ ဆိုပြီး ဇဝေဇ၀ါမဖြစ်စေဖို့
သတိထားပါတဲ့၊ (ပြောရရင်တော့ ရှောင်သင့်တဲ့ ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ဆိုတဲ့ အဂတိ တရားလေး ပါးပေါ့)
ဒီလိုမမှားဖို့ ရာမှာမိမိရဲ့ ခွဲခန်းပတ်ဝန်းကျဉ် ကိုမိမိထိန်းနိုင်
ဖို့ ပြတ်သားဖို့ အရေးကြီးပါတယ်တဲ့၊ မလွဲသာလို့ ကိုယ်ကငြင်းရတယ် ဆိုရင်တောင် ဆက်ဆံရေးမှာ ဒီပလိုမေစီ
Diplomacy (ပြေပြစ်ဖို့) ရှိဖိှု့လိုတဲ့ အကြောင်းတွေပါ။ (တန်ဘိုးရှိတဲ့ ဒဿန
တွေမို့ နောင်မေ့ဆေး ညီငယ် ညီမငယ် တွေ မှတ်သားစေချင်လို့ပါ)

စာရှုသူတွေပိုမြင်သာ အောင်လို့ မကြာမီက ဒီမှာကျွန်တော်ကြုံတွေ့ ခဲ့ရတဲ့အဖြစ်လေးကို ရေးပြချင်


ပါသေးတယ်။ အဲဒီညက ကျွန်တော့တပည့်က ခွဲခန်းမှာအကူညီတောင်းလို့သွားရတာပါ။
လူနာက ကိုယ်ဝန်အဆိပ်တက်နေပြီး မမွေးနိုင်လို့ အရေးပေါ် ခွဲမွေးရမှာပါ။ တောင်ပေါ်ဆေးရုံလေးတစ်ခုက
လွှဲလိုက်တာ အချိန်နှောင်းမှ ရောက်လာတာမို့ အခြေနေ လုံးဝ မကောင်းပါ။ သတိ ပင်ကောင်းကောင်း မရချင်၊
အဆုပ်ကလည်း အအေးမိပြီး နမိုးနီးယား ၀င်ချင်နေပါပြီ။ ဗိုက်ထဲက ကလေးကတော့ နှလုံးခုန်နေပါသေးတယ်။
ဒီလိုကိုယ်ဝန် အဆိပ်တက်နေတဲ့ လူနာမျိုးက
အမေ့အသက်ကယ် ဖို့ရာ တစ်ခုတည်းသော ရွေးချယ်စရာက ကလေးကို အမြန်ဆုံး ထုတ်ပစ် လိုက်ဖို့ပါ၊ ဒါပေမဲ့
ခုလူနာက မေ့ဆေးဒဏ် ဘယ်လိုမှ ခံနိုင်စရာမရှိ။ သူမကိုခွဲမည့် ဆရာဝန်က
ခုမှ ကျောင်းဆင်းကါစ (ဘင်္ဂလားဒေ့ခ်ျ လူမျိုး) မေးကြည့်တော့ သူကခုမှ ညဂျူတီဝင်လာတာ၊
သူ့ဘော့စ်ကလွှတ်လိုက်လို့သာ လာရတာ၊ ခွဲဖို့ကလွဲရင် လူနာအကြောင်း သူဘာမှမသိတဲ့၊
(ကောင်းရောပဲ) တကယ်တော့ သူ့ဆရာ (နိုင်ဂျီးရီးယားသား) က မျက်နှာလွှဲခဲပစ် လုပ်လိုက်တာပါ။ ဒီတော့
မင်းနဲ့ငါမလုပ်နိုင်၊ မေ့ဆေးမပေးနိုင်၊ မင်းဆရာကို ခေါ်ချေ၊ ဆိုတော့၊ သူ့ဆရာ
က ဖုန်းနဲ့ပဲပြန်ဖြေတာက၊ ကျွန်တော်မှမေ့ဆေးမပေး နိုင်ဘူး ဆိုလျှင်လူနာကိုဝဒ်ထဲ သာပြန်ပို့လိုက် တော့တဲ့။
ဒါက ကျွန်တော့ကို အချွန်နဲ့သက်သက် မ၊ တာပါ။ (နိုင်ဂျီးရီးယား လူမျိုးဆိုတာ
က ကမ္ဘာကျော် လူလည်တွေပါ) မခွဲပဲထားလျှင် လူနာရောကလေးပါ ဆုံးမှာ အားလုံးအသိပါ။
(ဒါဆိုကျွန်တော့တာဝန်ပေါ၊့ သူဘော်လီဘော ပုတ်လိုက်တာပါ)မေ့ဆေးတင် လိုက်ပြန်ရင်လဲလူနာရှင်ဖို့
အလားလာ ၁၀ပုံ ၁ပုံပင် မရှိ၊ မအေသေလျှင် ကလေးပါ ရှင်စရာလမ်းမရှိ။ ဘာလုပ်ရမလဲ? အတွေ့အကြုံအရ
ကိုယ်ကလည်း ကိုင်တွယ် တတ်ပါတယ်၊
သူ့ကိုထုံဆေး နဲ့ လာခွဲပါဆိုတော့၊ (ထုံဆေးက အသက်နဲ့အဝေးကြီးပါ) မလာချင့်လာချင်နဲ့
89
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

သူကိုယ်တိုင်ရောက်လာရ တော့တာပေါ့။ ပထမတော့ သူစောဒက တက်ချင်သေးတယ် ထုံဆေးက


လူနာငြိမ်မှာမဟုတ်လို့၊ ဘာလို့ပေါ့။ ကျွန်တော်ကလည်းပြော တတ်ပါတယ်၊ မေ့နေပြီးသား လူနာကို
မေ့ဆေးထပ်ပေးဖို့ လိုသေးလား လို့၊ သူ့အသက်အတွက်ပဲ နဲနဲပါးပါးတော့ အနာခံသင့် ရင်ခံရမှာပေါ့လို့၊
နောက်ပြီး၊ ကျွန်တော်က ထုံဆေးနဲ့ လုပ်ခိုင်းတာပါ၊ အစိမ်းသက်သက် ခွဲခိုင်းတာ လည်းမဟုတ်။ နောက်ဆုံးတော့
ကျွန်တော့ကို သူမလွန်နိုင်ပါ။ ထုံဆေးနဲ့ပဲ နဲနဲပါးပါးဘေးက၀ိုင်း ချုပ်ကိုင်ပြီးခွဲလိုက်တာ အမေကော
ကလေးပါအသက်ရှင်သွားပါတယ်။
ဒီနိုင်ငံမှာ Dr စိုးက သူတို့ခွဲချင်တဲ့ လူတွေကိုတော့ အကြောင်း အမျိုးမျိုးပြ ပယ်ပယ်ချပြီး မခွဲချင်တဲ့
လူနာတွေကျတော့ အတင်းခွဲခိုင်းတယ်၊ ဆိုတဲ့၊ ကျွန်တော့ပေါ် ပြောတတ်တဲ့ စွပ်စွဲချက် လေးကို စိတ်မဆိုးပါ၊
ဝမ်းသာစွာပဲ လက်ခံပါတယ်။ အမိုက်ခံသင့်ရင်ခံရမှာပေါ့၊ မိမိစေတနာ မိမိအသိဆုံး မဟုတ်ပါလား။

တောင်ပေါ်ရွာလေးတစ်ရွာပါ
ရောဂါဗေဒ ဆိုတာက အလွန်ကျယ်ပြန့်တာမို့ အခက်ခဲတွေ့လာလျှင် သူနဲ့ဆိုင်ရာ အထူးကုတွေနဲ့
လွှဲတန်လွှဲရပါတယ်၊ လွှဲတယ်ဆိုတာက လည်းသူ့ဆီက လိုအပ်တဲ့ကုသမှု (သို့) အကြံဥာဏ်
(specialist opinion) ရယူတာပါ။ နောက်ဆုံး အဆုံးဖြတ် ပေးရမှာက မေ့ဆေးဆရာဝန် ကိုယ်တိုင်ပါ၊ ဥပဒေအရ
ပြောရရင် ကြားကဘယ်သူ ကမှဝင်ပြီး မေ့ဆေး ခံနိုင်တယ် မခံနိုင်ဘူးလို့ ဆုံးဖြတ် လို့မရပါ။ ဒီနေရာမှာ
ဝမ်းနည်းစရာကောင်းတာတစ်ခုက၊ ရန်ကုန်က ပုဂ္ဂလိကဆေးရုံအချို့မှာ၊ လောလောဆယ်မှာ ဖြစ်နေတာ
ခေတ်စားနေတာက ခွဲရမဲ့ လူနာကို မေ့ဆေးခံနိုင်ရည်ရှိမရှိ ရှေးဦးစွာ သမားတော်ဆီကို လွှတ်စမ်းသပ်ခိုင်း၊
မေ့ဆေးဒဏ် ခံနိုင်ကြောင်း လက်မှတ် Fit certificate ယူခိုင်းကြတယ် လို့ဆိုပါတယ်။ ဒါကလည်း ယမန်နှစ်က
တုန်းက ပြင်ပဆေးရုံကြီး တစ်ခုမှာ ခွဲစိပ်ခန်းလူသေမှု ဖြစ်ပြီးကတည်းက စတင်ခဲ့တာလို့ဆိုပါတယ်။ အဲဒီတုန်းက
ပြဿနာမှာ ခွဲစိပ်ဆရာဝန်၊ မေ့ဆေးဆရာဝန် အားလုံးအရေးယူ ခံခဲ့ရတယ် ကြားပါတယ်။ (ကျွန်တော်
ဘာမှမဝေဘန်လိုပါ) မပြောကောင်း မဆိုကောင်း နောင်တစ်ချိန် မှာဒီလိုပြဿနာ မျိုးထပ်ပေါ် လာရင်တော့
ကြားက လက်ဝင်လျှိုတဲ့ သမားတော်ပါ အဆစ်ပါနေမှာ မြင်ယောင်နေ မိပါသေးတယ်။ အားမနာတမ်း
ပြောရရင်တော့ အဲဒီသမားတော်ဆိုသူက ခွဲစိပ်ခန်းထဲကို တစ်နှစ်နေလို့မှ တစ်ခေါက်ပင် ရောက်ဘူးမယ်မထင်ပါ။
(သူ့အလုပ်မှမဟုတ်တာ) နောက်ပြီး၊ မေ့ဆေး ဆိုတာကလည်းတစ်မျိုးထဲ မှမဟုတ်တာ အချို့ဆေးက
နှလုံးနဲ့မတဲ့တာ၊ အချို့က အသဲနဲ့အဆင် မပြေတာ။ အချို့ကဆီးချိုတက်စေတာ ....စတာစတာတွေအများကြီးမို့
သမားတော်က အားလုံးသိဖို့ မလွယ်ပါ။ သူ့ကိုဒုက္ခသွားပေးရာ သက်သက်ကျနေမလားလို့ ထင်မိပါတယ်။

90
)

( ဆန္ဒ = = =
= )

-
- Maseru
Kingdom of Lesotho.
24 July 2010

"

Spinal Spinal က

91
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

လည်ပင်းပိုင်း၊ လက်ပိုင်း၊ စတဲ့ ဆိုင်ရာ ဆိုင်ရာ နေရာတွေမှာ ခွဲမယ်ဆိုရင် မေ့ဆေးမလိုပဲ ထိုးနိုင်တဲ့ထုံဆေး


အမျိုးအစား တွေတစ်ပုံကြီးပါ။
ဒါပေမဲ့ ခက်တာက လူဆိုတာနာတတ်တဲ့ အမျိုးမို့ အသေးအမွှားကိစ္စ ကလွဲရင်၊ ထုံဆေးနဲ့ခွဲရမှာဆိုရင်
ကြောက်တတ်တာခပ် များများပါ၊ ကျွန်တော်တို့ဘက်က အားနည်းချက် တစ်ခုကလည်း ထုံဆေး ဆိုတာက
တစ်ခါတစ်လေ အကြောမမိရင် အလုပ်မဖြစ်တာမို့၊ ထုံဆေး လို့ဆိုလိုက်ရင်ပဲ လူနာတင်မက ခွဲစိပ်ဆရာဝန်ကပါ၊
မျက်နှာ က မသာချင်တော့၊ အချိန်ကုန်တယ်တို့၊ လူနာလက်မခံချင်ဘူးတို့နဲ့၊ ဆူညံသံတွေကြားရတတ်ပါတယ်။
ဒီတော့ကာ မေ့ဆေးဆရာ တွေကလည်း ခေါင်းရှုပ်ခံမနေတော့
လွယ်လွယ်ပဲမေ့ဆေး ပေးချလိုက် တတ်တာများပါတယ်၊ ကြာတော့ သူတို့က ပညာသားပါပါ ထိုးရမဲ့
ထုံဆေးမပြောနဲ့၊ Spinal လောက်တောင် မထိုးတတ် ကြတော့တဲ့ လူတွေ ဒီနိုင်ငံမှာ တပုံကြီးပါ။

မေ့ဆေးဆိုတာ သေမင်းနှုတ်ခမ်းဝလျှောက်နေရတာ ဆိုတာ ကျွန်တော် ရေးဘူးပေါင်းများပြီမို့ စာရှုသူတွေ


သဘောပေါက်လောက်ပြီ ထင်ပါတယ်၊ ထုံဆေးက မေ့ဆေးနဲ့ စာလျှင်အဆ ပေါင်းများစွာ
အသက်ဘေးနဲ့ဝေးပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ မေ့ဆေး ဆိုတာက ရှူရင်အဆုပ်ထဲ အရင်ရောက်
ပြီးမှသာ သွေးထဲဝ င်၊ နောက်ဆုံးမှဦးနှောက်ထဲ ရောက်ရတာပါ။ ထိုးရတဲ့မေ့ဆေးဆို လည်းအသည်းတို့
ကျောက်ကပ် တို့ကိုအရင်ဖြတ် ရတာမို့၊ အဆုပ်တို့ အသည်းတို့ ကျောက်ကပ်တို့ ကိုအနည်းနဲ့
အများထိခိုက်စေပါတယ်။ ဘာမှရောဂါ မရှိဘူးဆိုရင်ပင် မေ့ဆေး ဆိုတာက အနဲနဲ့အများ နှလုံးရဲ့အလုပ်ကို
အနှောင့်အယှက် ပေးတတ်ပါတယ်။ ဆိုတော့ကာ အဲဒီ အစိတ်ပိုင်း organ တစ်ခုခုမှာ နဂိုရ်ကတဲက ရောဂါ
ရှိနေမယ် (ဥပမာ နှလုံးရောဂါ၊ ရင်ကြပ်ရောဂါ) ဆိုရင်တော့၊ ကျွန်တော်တို့ မေ့ဆေးဆရာတွေ ဘုရားတ
ရပြီသာမှတ်၊ ဒါကြောင့် အခြားရောဂါ အကြီးတွေထားတော့ လူနာမှာ အအေးမိချောင်းဆိုးတာ လောက်ရှိ
နေရင်ပင် အရေးပေါ် မဟုတ်လို့ကတော့ ကျွန်တော်တို့ မေ့ဆေးပေးလေ့မရှိပါ။ (မေ့ဆေးမှာ minor အသေးစား
မရှိဘူး ဆိုတာ မှတ်မိပါလိမ့်မယ် )

ထုံဆေး ဆိုတာက တော့ခွဲလိုတဲ့နေရာ တ၀ိုက်အရေပြား အောက်မှာတင် ထိုးရတာမို့ သွေးထဲ ရောက်စရာမလို


အဆုပ်တို့ နှလုံးတို့ အသည်းတို့ ကျောက်ကပ်တို့ ကိုဒုက္ခမပေးပါ၊ တစ်နည်း ပြောရရင် လူနာကိုဆေးဒဏ်
လုံးဝမပိစေပါ။ (ထားပါတော့ Spinal ကတော့ ချွင်းချက်ပါ) ဒီတော့ကာ၊ ထုံဆေးက ယှဉ်လိုက်ရင် မေ့ဆေးထက်
အပုံ တစ်ရာမကအန္တရာယ် ကင်းတာမို့ ဘယ်သူတွေဘာပြောပြော ကျွန်တော်တော့ လုပ်သက်ရင့်လာလေလေ
ထုံဆေးကို ပိုချစ်လာလေပါ။ ပြောရမယ်ဆိုရင် သွေးတိုး ဆီးချိုတက် နေသူတွေ၊ ရင်ကြပ်ပန်းနာ၊ နှလုံးရောဂါ၊
ထနေသူတွေ အတွက်ထုံဆေးက ကျေးဇူးရှင်ပါ။ အရေးပေါ် မဖြစ်မနေခွဲရမဲ့ အခြေအနေဆိုးဝါး နေတဲ့လူနာ၊
မေ့ဆေးလည်းပေးလို့ မခံနိုင်တဲ့ လူနာ ဆိုပါစို့၊ ထုံဆေးကတကဲ့ကို ကယ်တင်ရှင်ပါ။ ငွေကြေးအရ
တွက်မယ်ဆိုရင်လည်း ထုံဆေးက မေ့ဆေးဘိုးနဲ့စာလျှင် ကန်စွန်းရွက်အချဉ်ရည်ဟင်း
နဲ့ကြက်သားဆီပျံဘိုးလောက် ကွာပါတယ်၊ ဆေးနဲ့ အပ်လောက်ရှိရင် ထုံဆေးက ဘယ်နေရာမှာ သွားပေးပေး
ပေးလို့ ရနေပါပြီ၊ မေ့ဆေးလို ဒေါ်လာ သိန်းကျော်တန် မေ့ဆေးစက်တွေ မလိုပါ။ ဒါပေမဲ့ ဒီကလူနာတွေ အဖို့
သူတို့အိပ်ထဲကတစ်ပြား မှစိုက် ရတာ မဟုတ်လေတော့၊ သူတို့ဒါတွေကိုနားမလည် တာမဆန်းပါဘူး။ အားအားရှိ
မေ့ဆေး နဲ့ပဲအိပ်ချင်နေကြတာမို့၊ "မေ့ဆေးဆိုတာ တန်ဘိုးကြီး စွာပေးရတတ်တယ်လို့်၊ တခါတရံ အသက်နဲ့ပင်
ရင်းရတတ်တယ်" ဆိုတဲ့စာတမ်းလေးကို ခွဲခန်းမှာကျွန်တော် ချိတ်ထားပါတယ်။ မေ့ဆေး မတော်တဆ ဖြစ်လို့
နှလုံးရပ်သွား တဲ့လူနာတစ်ယောက် အဖို့ပြန်ရှင်တာခပ် ရှားရှားပါ၊ ထုံဆေးလိုတော့မညှာပါ။
92
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Spinal ကအထူးသဖြင့် ဗိုက်ခွဲေ မွး ရတဲ့လူနာ (ဆီဇာ) Caeser တွေအတွက် အသင့်တော်ဆုံးပါ။ မအေကို
မေ့ဆေးပေး လိုက်ရင် ဗိုက်ထဲက ကလေး ကိုပါမေ့စေတာမို့ ကလေး ပါမွန်းတတ် ပါတယ်။ ကလေးမွန်းလျှင်
အနည်းနဲ့အများ ဦးနှောက် တော့ထိခိုက်တတ်ပါတယ်၊ Spinal ကတော့ ကလေးတွက် အကောင်းဆုံးပါ၊
ဒုက္ခမပေးသလောက်ပါ။ ကျွန်တော်တို့ ဆီမှာဆို (ဆီဇာ)တွေအားလုံးလိုလို ထုံဆေးနဲ့ ခွဲပြီး မလွဲသာတဲ့ လူနာတွေ
ကျမှသာ မေ့ဆေးသုံးပါ။ ဒါပေမဲ့ ကျွန်တော် ၁၉၉၄ ခုနှစ်ကိုယ့်နိုင်ငံက ထွက်လာပြီး နမီးဘီးယား နိုင်ငံ
စရောက်တော့ သူတို့ကဗြောင်းပြန် (ဆီဇာ)အားလုံးလိုလို မေ့ဆေး နဲ့ချည်း လုပ်နေတာမြင်ရတော့
အတော်စိတ်ပျက် မိပါတယ်။ မေ့ဆေးဒဏ် နဲ့ကလေး တွေဘယ်လောက် များများဦးနှောက် ထိခိုက်ကုန်မယ်
မသိပါ။ အားလုံးက ကိုယ်လိုမေ့ဆေး ဆရာဝန်ချည်းမို့၊ ကျွန်တော် လည်းဘာမှမပြောသာပါ။ ခုဒီ လီဆိုသိုနိုင်ငံ
ရောက်လာ တော့လည်း ထိုနည်း၎င်းပါပဲ၊ နေရာတကာ မေ့ဆေး တွေချည်းနဲ့ ပါ၊ ခုအချိန်မှာတော့ ကိုယ်က
ဘော့စ်ဖြစ်နေပြီမို့၊ ကျွန်တော် လက်မခံနိုင်တော့။ ပိုဆိုးတာက ကျွန်တော့ တပည့် မေ့ဆေးနာ့စ် တွေအတော်
များများက spinal ပင်ဖြောင့်အောင် မထိုးတတ်ကြတော့ (စကတဲကမှ အကျင့်မရှိတာ) ဒီတော့ကာ သူတို့ကို
ထုံဆေး ထိုးတတ်အောင် အထူးသဖြင့် (ဆီဇာ) မှာထုံဆေးထိုး အောင် စီမံချက်ချ အတော်ကို လုပ်ယူခဲ့ရပါတယ်။
( ကြုံကြိုက်လို့ပြောရရင်တော့ ဒီနေရာမှာ မာလာဝီက တပည့်တွေကတော့ အထူး ပြောစရာမလို အောင် Spinal
မှာ တော်ကြပါတယ်)

အေးချမ်းတဲ့ မြို့ငယ်လေးတစ်မြို့။
ကျွန်တော်က ခုလိုအမွှန်း တင်နေတော့ ထုံဆေးကလုံးဝ အန္တရာယ် မရှိဘူးလို့တော့ မထင်မှတ်စေလိုပါ။
မေ့ဆေးကိုမြွေပွေးနဲ့ နှိုင်းမယ်ဆိုရင် (နှိုင်းလောက်ပါတယ်၊ မြေပွေးအငယ်လေးကိုက်လည်း သေမှာပါ) ထုံဆေးက
ရေမြွေတော့မဟုတ်ပါ။ ထုံဆေးကလည်း သူ့အဆိပ်နဲ့သူပါ။ ထုံဆေးကြောင့် အသက်ပျောက် သွားရတဲ့လူနာတွေ
လည်းရှိပါတယ်။ သူကလည်း အမှားမခံပါ၊ မှားလို့ကတော့၊ ဦးနှောက်ထဲ ရောက်သွားပြီး ပထမအဆင့်မှာ'တက်'
မယ်၊ နောက်အဆင့်မှာ သတိလစ်မယ်၊ နောက်သေတဲ့ထိ (Convulsion, Coma & Death) ဖြစ်စေနိုင်ပါတယ်၊
နှလုံး ပေါ်မှာလည်း ပထမအဆင့်မှာ အခုန်နှေးစေပြီး နောက် နှလုံး ရုတ်တရက်ရပ် (Cardiac arrest) စေ၊
သေစေနိုင်ပါတယ်၊ (ထုံဆေး ကတော့ အချိန်မီ သိရင် အသက်ပြန်လု နိုင်ပါတယ်) ခုလိုဖြစ်ရတာ
အကြာင်းအမျိုးမျိုးရှိပါတယ်။ ထုံဆေးနဲ့မတည့်လို့၊ ဆေးလွန်သွားလို့၊ သွေးကြောထဲ မှားရောက်သွားလို့၊
စတာတွေပါ။ ထုံဆေးမှာ Maximum lethal dose (အများဆုံးပေးနိုင်တဲ့၊ လွန်သွားရင် သေနိုင်တဲ့ ပမာဏ)
ဆိုတာရှိပါတယ်။ ကျွန်တော့ရဲ့နှစ်ပေါင်း များစွာသော အတွေ့ အကြုံအရပြောရရင် တော့(ပင်နစလင်လို)
93
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဆေးနဲ့မတဲ့လို့ထက် ထုံဆေးကို (ရေမြွေလို) အထင်သေးပြီး ပေါ့ပေါ့ဆဆ အလွန်အကျွံပေး မိလို့ပြဿနာတက်


ကြတာ များပါတယ်။ မညှာစတမ်း ပြောရရင်တော့၊ တက်သစ်စ လူငယ် ဆရာဝန် အတော်များများက ထုံဆေးရဲ့
အန္တရာယ်၊ ထုံဆေးလွန် သွားရင် တွေ့ရမဲ့လက္ခဏာ တွေကိုသိပင် မသိကြပါ။ ခုလိုဆိုရတာ
ကျွန်တော့ကိုယ်တွေ့မို့ပါ။ မှတ်မှတ်ရရ နမီးဘီးယား မှာတုန်းက၊ မြို့မျက်နှာဖုံး (အီဂျစ် စီးပွါးရေး သမားကြီး)ရဲ့
၇နှစ်ရွယ် သားလေးကို circumcision (ကုလားလို ရှင်ပြုတာပါ) လုပ်ရာမှာ၊ ထုံဆေးကြောင့် အသက်ဆုံးရှုံးရတာ
ကြုံဘူးပါတယ်၊ ပိုဆိုးတာက ထုံဆေးထိုး အပြီး ခွဲစိပ် ကုတင်ပေါ်မှာ ကလေးက တဂစ်ဂစ်နဲ့ 'တက်' နေတာ
ကိုပင်၊ သူ့ဆရာဝန်က ဘာကြောင့်မှန်း မသိ၊ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင် တယ် Cerebral malaria ဖြစ်တယ်
ထင်နေတာ။ အမှန်တော့ သူအယူလွဲသွားတာပါ။ ကလေးပဲ၊ စကတဲက မေ့ဆေးနဲ့လုပ် သင့်တာပေါ့။ (ကလေးက
နာတယ်ဆိုတိုင်း ထုံဆေးထပ်ထပ် ထိုးလို့နေမှာပါ) သူထိုးလိုက်တဲ့ ထုံဆေးကို နောင်စစ် ကြည့်လိုက်တော့
လူကြီးတစ်ယောက်စာ လောက်ရှိနေတာ တွေ့ရပါတယ်၊ (နာတတ်တဲ့လူတွေ ထုံဆေး ထပ်ထပ်တောင်း
တတ်တဲ့လူတွေ သတိထားဖို့ပါ) နောက်ဆုံးတော့ " Circumcision လုပ်ယင်း ဦးနှောက်ထဲ ငှက်ဖျားပိုး
ဝင်သွားတာပါ " လို့ ဆိုပြီး ကိစ္စဖြတ်လိုက်ရပါတယ်။ ဟိုအရပ် မှာက ငှက်ဖျားကလည်း ပေါတယ်လေ၊
ကျွန်တော်ကတော့ အဲဒီတုန်းက နှာစေးနေ လိုက်ပါတယ်။

တခါက ကျွန်တော့ မိတ်ဆွေ သွားဆရာဝန် တစ်ယောက်က သွားနှုတ်ယင်း အသက်ဆုံးရှုံးရ တဲ့လူနာတွေ ကြုံဘူး


တာပြောပြပါတယ်၊ (သွားနှုတ် တာလည်း အသက်နဲ့ ရင်းရတယ်လို့ သူဆိုလိုရင်းပါ) ကျွန်တော်က
ဒါတွေအားလုံးဟာ ထုံဆေးကြောင့်ပဲ မဟုတ်လား၊ ဆိုတော့ သူဝန်ခံသွားရပါတယ်။
ဒီမှာလည်း (ကင်ညာ နိုင်ငံသား) ဆရာဝန်တစ်ယောက်၊ ကြီးပါပြီ၊ ကျွန်တော်က သူ့လူနာ လက်မောင်းရင်းက
ဥသျှစ်သီး အရွယ်လောက် အလုံးကြီးကိုခွဲရာမှာ (တွက်ချက်ပြီး) ထုံဆေး တစ်လုံးစာထက် ပိုမပေးပါနဲ့ လို့ကြိုသတိ
ပေးထား တာကိုမှ နှစ်လုံးပေးချလိုက်လို့၊ မသေကောင်း မပျောက်ကောင်း အဖြစ်တစ်ခု မကြာမီကမှ ကြုံခဲ့ရ
ပါသေးတယ်။ (သူ့လူနာက ပန်းနာရောဂါ သည်မို့ ကျွန်တော်က မေ့ဆေး အစား အန္တရာယ်ကင်းမဲ့
ထုံဆေးနဲ့လုပ်ခိုင်း ကာမှဖြစ်ရ တာပါ၊ ဒီနေရာမှာ ထုံဆေးအပြစ်မပါပါ )

တခါကလည်း မျက်စိဆရာဝန်တစ်ယောက် က၊ သူကိုယ်တိုင် မျက်လုံးထဲ ထုံဆေး ထိုးထဲ့အပြီး လူနာကငြိမ်လွန်း


လှချည်လား ဆိုပြီး ကျွန်တော့ကို လှမ်းအကူညီ တောင်းပါတယ်၊ ပြေးစစ်
ကြည့်လိုက် တော့၊ သူ့လူနာ အသက် ၈၀ကျော် အဖိုးကြီးက နှလုံးရပ်ချင်ချင် ဖြစ်နေတာ တွေ့ရလို့၊ အတော့်ကို
အသက်လု လိုက်ရပါသေးတယ်။ (ဒါကိုလည်း ထုံဆေးကြောင့် ဆိုတာ သူမသိ လိုက်ပါ) ရန်ကုန်မှာ
ကျွန်တော့မိတ်ဆွေ မျက်စိ ဆရာဝန် တစ်ယောက် ကတော့ သူ့အပြင် ဆေးခန်းမှာ ခွဲသမျှ မျက်လုံးရောဂါ
တွေအားလုံး အတွက် မေ့ဆေး ဆရာဝန် တစ်ယောက်ကို ပုံမှန်အနားမှာခေါ်ထား လေ့ရှိပါ တယ်။ သူ့လူနာတွေကို
ထုံဆေးနဲ့ ချည်းလုပ်တာပါ၊ သူစာတတ်တယ် ဆိုရမှာပါ၊ မပြောကောင်း မဆိုကောင်း ထုံဆေးနဲ့ လုပ်ယင်း
လူနာတစ်ယောက်ယောက်များ အသက် ဆုံးရှုံးသွား ခဲ့ရင် သူ့ရှေ့ရေး ထိခိုက်မှုက မေ့ဆေးဆရာဝန် ကိုပေးရမှာ
နဲ့မှ ကာမိမှာမဟုတ်တာ တော့သေချာပါတယ်။
ကျွန်တော်က ခုလိုထုံဆေး အန္တရာယ်တွေကို ရေးပြနေရတာက အဓိကအားဖြင့် ထုံဆေးကိုင်မည့် မျိုးဆက်သစ်
ဆေးပညာရှင်တွေ မပေါ့ဆစေချင်လို့ စေတနာနဲ့ပါ။ ပြောရမယ် ဆိုရင်တော့ ထုံဆေးက အဆိုးကြီးမဟုတ်ပါ၊
သုံးတဲ့လူ ပေါ်မူတည်ပါတယ်။ မီးကိုသုံး သလိုပေါ့ ရိုရိုသေသေနဲ့ သုံးရင်မိတ်ဆွေပါ။
ကဲ၊ စာရှုသူများ ဘာကိုရွေးမလဲ၊ ထုံဆေးလား၊ မေ့ဆေးလား ?
94
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

" ဗုဒ္ဓဘာသာ ကိုသက်ဝင် ယုံကြည်လာသူ အနောက်နိုင်ငံသားတစ်ယောက်"

နမီးဘီးယား နိုင်ငံ ရဲ့မြို့တော်က Windhoek ၀င်းဟုတ်ပါ၊ ဂျာမန်နာမည်ပါ။ ၀င်းဟုတ်ရဲ့ Pioneer Park


လို့ခေါ်တဲ့ လူကုန်တန် ဆိပ်ငြိမ် ရပ်ကွက်တစ်ခုရဲ့ ဂျာမန် အမည်နဲ့ပဲ လမ်းသွယ်တစ်ခုမှာ နှစ်ထပ်
တိုက်သစ်လေးတစ်လုံးရှိပါတယ်။ အဲဒီတိုက် လေးရဲ့ မျက်နှာစာမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်လေး မှာ ရေးထား
တာက " Anicca Avenue " ပါ။ "ဗုဒ္ဓ"ဆိုတာ ကိုပင် ကြားပင်မကြားဘူးတဲ့၊ ခရစ်ယန်တွေ ကြီးစိုးတဲ့ ဒီလိုနိုင်ငံ
မျိုးမှာဒီစာလေးရဲ့ အဓိပ္ပါယ်ကို သိတဲ့သူ အလွန် ရှားလိမ့်မယ် ဆိုတာသေချာပါတယ်။ ဘာလို့လဲဆိုတော့ Anicca
ရဲ့အဓိပ္ပယ်က ပါဋ္ဌိလို "အနိစ္စ" ကနေ အင်္ဂလိပ်လိုကို တိုက်ရိုက်ဘာသာပြန် ထားတာမို့ပါ။ (အနိချ
လို့အသံထွက်ပါတယ်)" အနိစ္စ ဂေဟာ " လို့၊ ဘာသာပြန်ရမှာပါ။ ဂျာမန်လည်းမဟုတ် အင်္ဂလိပ်လဲမကျတဲ့
နာမည်မို့ တော်ရုံလူသိဖို့မလွယ်ပါ။

ကျောက်တန်း ရေလည်ဘုရားမှာ

" အနိစ္စ " လို့ဆိုလိုက်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ၀င်တွေအဖို့၊ အထူးပြောစရာ လိုမယ်မထင်ပါ။ "
မမြဲခြင်းတရား၊ သေခြင်းတရား" ပေါ့။ ဒီအိမ်လေးရဲ့ ပိုင်ရှင်ကဒီနာမည်လေး ကိုမှည့်ထားတာ ကလည်း မသိလို့၊
တိုက်ဆိုင်မှု သက်သက်မဟုတ်ပါ။ တမင်ရည်ရွယ်ချက်နဲ့ပါ။ သူ့နာမည်က Ludo လို့ခေါ်တဲ့ Belgium နိုင်ငံသား
တစ်ယောက်ပါ။ ကျွန်တော်မကြာခဏ ရေးဘူးတဲ့ ကျွန်တော့ မိတ်ဆွေပါ၊ ဒီနာမည် ပေးထားတာက ကျွန်တော့
ပယောဂနဲ့ မကင်းဘူးလို့ ဆိုနိုင်ပေမဲ့၊ ကျွန်တော့ ကြောင့်တော့မဟုတ်ပါ၊ သူကဒီနာမည်
95
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကိုပေးဖို့ရွေးထားတယ်ဆိုပြီး ကျွန်တော့ဆီ ဖုန်းနဲ့ လှမ်းဆက်တော့ ကျွန်တော်ပင် လန့်ဖြန့် သွားမိပါသေးတယ်။


သူကသိပ် ကိုမြန်မာ ဆန်ချင် လွန်းနေတာမို့ " ကိုလူဒ၇
ို ယ် ကြည့်လုပ်ပါအုံး၊ အနိစ္စ ဆိုတာ ငါတို့အဖို့ သိပ်မင်္ဂလာရှိ
တဲ့စကါးမဟုတ်ဘူးလို့၊ တော်ကြာ မင်းအိမ်သစ်လေးပါ အနိစ္စသဘောနဲ့ မြန်မြန် ကိစ္စချောသွား ပါအုံးမယ်လို့" ။
(ရန်ကုန် မှာတုန်းကလဲ အသက် ၈၀ ရွယ် ကျွန်တော့ယောက္ခမ ကြီးကို "ကိုအေးမောင်၊ နေကောင်းလား"
လို့မြန်မာလို သွားနှုတ်ဆက်လို့၊ အဖိုးကြီး မျက်လုံးပြူးသွားရပါသေးတယ်)

သူက " ဗုဒ္ဓရဲ့ အခြေခံတရား ကိုက အနိစ္စ ပဲမဟုတ်လား၊ သူကဒါကိုအကြိုက်ဆုံး ပါတဲ့ " လူတွေက
ဒီတရားသဘော ကိုမေ့ပစ်ထားပြီး ရလာတဲ့ အာဏာလေးတွေ၊ စည်းစိမ်လေးတွေ ကိုမြဲတယ်လို့ထင်ပြီး
ယစ်မူးနေတာကမှ ကြောက်စရာ သိပ်ကေါင်းနေတာမို့၊ လူတွေကိုသတိပေးချင် လို့သူဒီနာမည်ကို တမင်ရွေး
ထားတာပါတဲ့၊ ကျွန်တော့မှာသူ့ကိုပြန်ချေပစရာ စကားမရှိတော့ပြီ။ လူတွေက Anicca ကိုဘာအဓိပ္ပါယ်လဲ
လို့မေးလာရင် သူရှင်းပြပါလိမ့်မယ်။

လူဒို ရဲ့ ပရီတိုးရီးယား နေအိမ် အည့်ခန်းမှာ

Ludo ဆိုတာက သူတို့ Belgium အစိုးရမှနေ နမီးဘီးယား ဆီ Volunteer အနေနဲ့ပို့ထားတဲ့


ဆေးဘက်ပညာရှင်တစ်ယောက်ပါ။ သူ့အလုပ်က Rehabilitation Unit ခေါ်ဦးနှောက် အသိပညာ မဖြွံ့ဖြိုးတဲ့
ကလေးတွေကိုပြုစုပြိုး ထောင်ပေးတဲ့ ဘာသာရပ်ပါ။ ကျွန်တော့အရင် တစ်နှစ်စောပြီး၁၉၉၃ ခုနှစ်ကတဲက
ဒီကိုရောက်နေတာပါ။ သူက မြို့တော်မှာ၊ ကျွန်တော်ကမြောက်ပိုင်း အိုရှာခါတီ မှာဆိုတော့ မိုင် ၅၀၀
လောက်ကွာဝေးတာမို့ တစ်ယောက်နှင့် တစ်ယောက်ဆုံစရာ အကြောင်းသိပ်မရှိပါ။ ဒါပေမဲ့ သူ့အလုပ်
သဘောအရ နိုင်ငံအနှံ့ခရီးထွက်ရတာမို့ ကျွန်တော်တို့ဆီ ၂လ တစ်ကြိမ်၊ ၃လ တစ်ကြိမ်၊ ဆိုသလိုသူရောက်
လာတတ်၊ ကျွန်တော်တို့ ဆေးရုံမှာပဲတည်းခိုတတ်ပါတယ်။

ဒီလိုနဲ့ ၁၉၉၅ ခုနှစ် ရဲ့တစ်နေ့ ဆေးရုံထမင်းစားခန်းမှာ ကျွန်တော တစ်ယောက်ထဲ နံနက်စာ စားနေစဉ်


ကျွန်တော့စားပွဲကို သူကူးလာပြီး ၀င်ထိုင်ပါတယ်။ ကျွန်တော်တို့ ၂ယောက် ယခင်က တစ်ခါမှ
သိဘူးကြတာတွေမဟုတ် သမို့ သူ့ကိုယ်သူ ပထမ မိတ်ဆက်ပြီး ကျွန်တော့ကို ဘာလူမျိုးလည်း၊ မြန်မာဆိုတော့
ဘာကိုးကွယ်သလဲ၊ ဗုဒ္ဓဘာသာ ပါဆိုတော့၊ ၀မ်းသာအားရနဲ့ ထူးထူးဆန်းဆန်း မေးခွန်းတစ်ခုထပ်မေးပြန်ပါတယ်။

96
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဒါဆို ဗုဒ္ဒရဲ့ အခြေခံ ၀ါဒ (Basic of Buddhism)က ဘာပါလည်း တဲ့။

ကျွန်တော်လည်း ဒီနိုင်ငံကို စရောက် ကတည်းက ဗုဒ္ဓ နဲ့ပတ်သက်တဲ့ မေးခွန်းတွေ အမေးခံရဘူးပေါင်းများပြီ မို့၊


သူ့အမေးကို မဆိုင်းမတွပဲ ဖြေနိုင်လိုက်ပါတယ်။ ဗုဒ္ဓမှာအခြေခံ ၀ါဒ ၃ခုရှိတယ်လို့။ (၁) See for yourself -
တရားစစ်တရားမှန်တွေကို ကိုယ်တွေ့မြင်အောင်ရှာဖို့ (၂) Check again and again yourself - မိမိကိုယ် ကို
အပြန်ပြန်စစ်ဆေးဖို့၊ နဲ့ (၃) Do it yourself - ဒါတွေအားလုံးကို ကိုယ်တိုင် ကျင့်ကြံ အားထုတ်ဖို့ ( ဒါတွေ
ကသဲကုန်း ဆရာတော်ဘုရားကြီးရဲ့ အခြေခံဗုဒ္ဓ ဘာသာ စာအုပ် ထဲက ကျွန်တော် လေ့ လာထားဘူးတာပါ၊
ကံကောင်းလို့ အရှက်မကွဲတာပေါ့ )

ဟိုတုန်းက လူဒို ဘန်ကောက် မြဘု၇ားရောက်ခဲ့စဉ်က

ကျွန်တော့ ဖြေကိုကြားရတော့ သူက " ဒါဆို ဗုဒ္ဓ ရဲဝ


့ါဒက အားလုံးကိုယ်တိုင်လုပ်ယူရဒါ ချည်းပါလား၊ အပြင်က
တန်ခိုးရှင် တစ်ယောက်ယောက်၊ ဖန်ဆင်းရှင် တစ်ယောက်ယောက် ကလုပ်ဆောင်ပေးဖို့ ဆုတောင်းလို့
မရဘူးလား" လို့မေးပြန်ပါတယ်။ ဒီတော့ကျွန်တော်က ဗုဒဝ
္ဓါဒမှာ ထာဝရဘုရားတို့၊ ကယ်တင်ရှင်၊
တို့ကိုလက်မခံကြောင်း၊ မိမိကိုယ်သာကိုးကွယ်ရာ ဖြစ်ကြောင်း၊ ကိုယ်ပြုတာ ကိုယ်ခံပဲလို့၊ ပြန်ရှင်းပြလိုက်တော့၊
သူက၀မ်းသာအားရပဲ၊ သူကခုလို ကျိုးကြောင်း ဆီလျော်တဲ့တရားမျိုး ကို ရှာနေတာကြာပြီ ခုမှပဲ
ကျွန်တော့ဆီကကြားရဘူးလို့ ၀မ်းသာတဲ့ အကြောင်းပြောပြီး သူ့ဘ၀ ဇာတ်ကြောင်းကို ပြောပြပါတယ်။

သူကဘာသာတရားအလွန်ကိုင်းရှိုင်းတဲ့ ခရစ်ယန်မိသားစု ကနေဆင်းသက်လာတာပါ။ ဒါပေမဲ့အများနဲ့မတူ


97
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အလွန်စူးစမ်း တတ်သူမို့၊ သူ့ဘာသာကို အလိုမကျနိုင်လို့ဘာသာတရားမျိုးစှုံ ကိုလေ့လာနေသူ ဖြစ်ပါတယ်၊


သူ့ဘုရားကျောင်းကိုပင် ပုံမှန်သွားမတက်တာပင် ၁၀နှစ်ကျော်သွားပြီ လို့ဆိုပါတယ်။ သူလေ့လာ
နေတဲ့ဘာသာတွေထဲမှာ အိန္ဒိယကဘာသာ အယူအမျိုးမျိုး အပြင် အတွေးခေါ်ပညာရှင်ကြီး တွေဖြစ်တဲ့
ခရစ္စနာမူတီးတို့၊ အိုးရှိုး စသည်တို့ လည်း မလွတ်ပါ။ အချို့လည်း ဗုဒဝ
္ဓါဒနဲ့ နီးစပ်ပေမဲ့ဗုဒ္ဓကို မလေ့လာဘူးပါ။
တစ်ခါက ထိုင်းနိုင်ငံ ကိုဇင်းမယ်မြို့အထိသူရောက်ခဲ့ ဘူးပေမဲ့ ဗုဒ္ဓအကြောင်း သူ့ကိုရှင်းပြပေးမည့်သူမရှိလို့
ဘာမှမသိခဲ့ပါ။ ဒါကြောင့် ကျွန်တော့ကိုဒီမှာတွေ့တော့ ဗုဒ္ဓအကြောင်း သိလိုသိငြား လာမေးတာပါ။ ဒီမှာတင်
ကျွန်တော်တို့ မိတ်ဆွေ တွေဖြစ်သွားကြပြီး ကျွန်တော့မှာရှိတဲ့ အင်္ဂလိပ်ဘာသာနဲ့ ဗုဒ္ဓစာအုပ်တွေနဲ့ သူ့ရှိတဲ့
အတွေးခေါ်စာအုပ် တွေအလဲအလှယ် ဖတ်ဖြစ်ခဲ့ကြပါတယ်။

ဒီလန
ိဲု့ သူ အိုရှာခါတီ ကိုရောက်လာတိုင်း ကျွန်တော်နဲ့ ဗုဒ္ဓ အကြောင်း၊ ဓမ္မအကြောင်း၊ တွေဆွေးနွေး နေကျပါ။
သူကအနောက်တိုင်းသားပီပီ မသိတာ မရှင်းတာတွေကို အားမနာတမ်း နှိုက်နှိုက်ချွတ်ချွတ် မေးတတ်ပါတယ်၊
အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာတွေ နဲ့ ၀ိပဿနာ စသဖြင့်ပေါ့။ ကျွန်တော်ကလည်း
ဒီအာဖရိကရောက်လာမှပဲလူမေးသူမေး များလွန်းလို့ ကိုယ့်ရဲ့ဘာသာရေးကို စေ့စေ့စပ်စပ် လေ့လာနေရသူပါ၊
ရိပ်သာကိုပင် တစ်ခါမှဝင်ဘူးသူမဟုတ်လို့ သူ့အမေးအားလုံးကိုဖြေဖို့ မလွယ်ပါ။
ဒါကြောင့်မို့ သူ့ကိုပြန်ပြောရပါတယ်၊ ဗုဒ္ဓရဲ့တရားတွေက လက်တွေ့ကျ တရားတွေမို့ စာတွေ့ထက် လက်တွေ့
ကျကျ ကိုယ်တိုင် မြန်မာနိုင်ငံ ကိုသွားပြီး ရိပ်သာတစ်ခုခု မှာတရားဝင်နိုင်ရင် အကောင်းဆုံးပါလို့။ သူကလည်း
လက်ခံပါတယ်။ ဒါပေမဲ့ သူ့မှာလည်းတာဝန်က တစ်ဖက်နဲ့မို့ ချက်ချင်း မဖြစ်လာနိုင်ခဲ့ပါ။

၁၉၉၆ ဂျူလိုင်လမှာတော့ လူဒိုတစ်ယောက် နမီးဘီယားမှာ တာဝန်တွေ ပြီးဆုံးသွားလို့ သူ့နိုင်ငံ ကိုပြန်


သွားပါတယ်။ သာမန်အားဖြင့်တော့ ဒီနိုင်ငံမှာ ပညာရှင် အများစုဟာ အည့်သည်တွေချည်းမို့
မိမိတာဝန်တွေပြီးစီးလို့ ပြန်သွားပြီ ဆိုလျှင် ဒီတစ်သက် နောင်ပြန်ဆုံစရာလမ်းမရှိတော့ပါ၊ ဆန်ဆုံရင်စား
ကံကုန်ရင်သွားကြစမြဲပါ၊ ဒီနေရာမှာ လူဒို ကချွင်းချက်ပါ၊ သူကျွန်တော့ဆီ မပြတ်စာတွေရေးရင်း
နောက်ပိုင်းမှာတော့ သူမြန်မာနိုင်ငံ ကိုသွားဖို့ ပြင်ဆင်နေတဲ့ အကြောင်းပြောပါတယ်။ ဒီတော့ သူ့
ခရီးစဉ်အတွက် အဆင်ပြေအောင် ကျွန်တော့ ဇနီးနဲ့ ဘယ်လို ဘယ်ပုံ ဆက်သွယ်ဖို့ ပြန်ရေးလိုက်ပါတယ်။ ဒီလိုနဲ
၁၉၉၇ ဖေဖ၀ါရီလမှာသူ ရန်ကုန်ကို ချောချောမောမော ရောက်သွားပါတယ်။ ၂ပတ် ဗီဇာနဲ့ပါ။ (ကျွန်တော်ကတော့
ခွင့်အချိန်မတန်သေးလို့ မလိုက်နိုင်ပါ)

ရောက်တော့ ကျွန်တော့ဇနီး နဲ့ယောက္ခမကြီးရဲ့ကျေးဇူးနဲ့မို့ အစစအဆင်ပြေပါတယ်၊ သူကဒီနိုင်ငံကို


တစ်ခါမှရောက်ဘူး တာမဟုတ်လို့ အခြားတိုးရစ် တွေလို လျှောက်လည်မယ်ဆိုရင် လည်စရာတွေ တစ်ပုံကြီးပါ၊
ဒါပေမဲ့ သူ့အာသီသကိုက တရားစခန်းမို့ ရောက် မဆိုက်မှာပဲ ဗဟန်းမြို့နယ်က ရွှေတောင်ကုန်း ဓမ္မရိပ်သာကို
ပို့ပေးလိုက်ရပါတယ်။ ၁၀ရက်တရားစခန်းဝင်ဖို့ပါ။ သူ့လိုနိုင်ငံခြားသား တစ်ယောက်အဖို့ ခုလိုရိပ်သာဝင်ရတာ
လွယ်တဲ့ အလုပ်တော့မဟုတ်ပါ။ အခက်ခဲပေါင်းများစွာနဲ့ပါ။ ဦးဆုံး
ပြဿနာက သူကတရားဝင်ဖို့ကြိုတင်ခွင့် တင်ထားတာမဟုတ်လို့ ဆရာတော်က သူ့ကိုညအိပ်ယောဂီ အနေနဲ့
လက်မခံနိုင်တာပါ။ ရိပ်သာရဲ့စည်းမျဉ်းပါ၊ (ကျွန်တော်တို့ သတိလွတ်သွားမိတာပါ)ဒါပေမဲ့နေ့ယောဂီ အနေနဲ့
နံနက်သွား ညနေပြန်ဝင်နိုင်တာမို့ သူ့ကိုကြိုပို့ လုပ်ပေးဖို့ သူငယ်ချင်းရဲ့ ကားပါစီစဉ်ပေးရပါတယ်။ သူ ဟိုမှာ
အဆင် မပြေ ဖြစ်မှာကို ကျွန်တော်ဒီကနေအရမ်း စိုးရိမ်နေမိပါတယ်၊ ဘာလို့လဲဆိုတော့ သူမြန်မာနိုင်ငံ သွားမယ်
98
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ဆိုကတည်းက သူ့အသိုင်းဝိုင်းကကော၊ အဖွဲ့အစည်းအချို့ကပါ၊ မသွားဖို့ ၀ိုင်းဖျက် လိုက်ကြတာ၊ စာတစ်တန်


ဖုန်းတစ်တန်နဲ့ မနည်းပါ။ ဒီကြားထဲကနေ သူသွားရတာပါ။

သူတည်းတော့ ခရစ်ယန်အသင်းတိုက် YMCA မှာ၊ သွားသွားအားထုတ်တာက ဗုဒဝ


္ဓိပဿနာ ဆိုတော့
ဘေးလူတွေမျက်စိ နောက်စရာပင်၊ သူကတော့ သူ့ယုံကြည်ချက်နဲ့သူမို့မမှုပါ။ အခြားအခက်အခဲ တွေကတော့
အစားသောက်နဲ့ အနေအထိုင်ပါ၊ အစားသောက်က မဆင်းရဲပေမဲ့ သူစားဖူးနေကြမဟုတ်တော့၊ ၀မ်းက
မကြာမကြာ ဒုက္ခ ပေးပါတယ်။ နောက်ပြီး ကုလားထိုင်ပေါ်ထိုင်နေကျ လူက ကြမ်းပြင်ပေါ် အချိန်ကြာကြာ
ထိုင်နိုင်ဖို့ မလွယ်ပါ။ ဒါကအဆိုးဆုံးထင်ပါတယ်။ သူကဒါတွေကို ကျော်လွှားပြီး ၁၀ရက်စခန်း ပြီးအောင်နေသွား
နိုင်တာ တော်ရုံဇွဲ နဲ့တော့မဖြစ်နိုင်ပါ။ ဒါနဲ့တင်မကပါ၊ ရွှေတောင်ကုန်း ပြီးတော့ ရသမျှရက်လေးမှာ ဦးဘခင်
ရိပ်သာဆက်ဝင်ပါသေးတယ်၊ ဦးဘခင်ဆီမှာတော့ အနောက်တိုင်းဆန်တာမို့ သူ့တွက်ပိုအဆင်ပြေတယ်
ဆိုနိုင်ပါတယ်။ ဒီလိုနဲ့ ၂ပတ်ပြည့် တော့ ပြန်ထွက်ခွါသွားပါတယ်၊ ဒါတွေနဲ့မကျေနပ်သေး။အပြန်ခရီးမှာလည်း
အိန္ဒိယ ကိဝ
ု င်ပြီး ပူးနားမြို့က ဆရာဦးဂိုအင်ဂါ ရဲ့တရားစခန်းမှာ ၂ပတ်တရားဝင်ပါသွားသေးတယ်။ အာဂ
လူဒိုပါပဲ။ ကျွန်တော်တော့သူ့ကြည့်ပြီး ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်တစ်ယောက် လို့ဆိုရမှာပင် ရှက်မိပါတယ်။
ဒီတုန်းကသူ့အသက်က ၄၀ပြည့်လုလု ပဲရှိပါသေးတယ်။ သူ့ထက် ၁၀နှစ်ကြီးတဲ့ ကျွန်တော် က တရားစခန်းပင်
မ၀င်ဘူးသေး။

မနှစ်က လူဒိုနဲ့အတူ သူ့အိမ်ထမင်းစားခန်းမှာ

သူ့နောက်ပိုင်းဇာတ်လမ်း ကိုဆက်ရရင်တော့ ၁၉၉၈ နှစ်ကုန်လောက်မှာ သူနမီးဘီးယား ကိုအပြီးပြန်ရောက်


လာပါတယ်။ ခုတစ်ခေါက်က အရင်လို အစိုးရအလုပ် မဟုတ်တော့ပါ။ ကိုယ်ပိုင် (အကြောပြင် အကြောလျှော့)
စီးပွါးရေးလုပ်ငန်းတစ်ခု ဇောက်ချလုပ်ဖို့ ပါ။ ဒိအတွက် ကျွန်တော် အထက်မှာပြောခဲ့တဲ့ ၂ထပ်တိုက်သစ်
လေးကိုဝယ်ဖြစ် သွားတာပါ။ ပြီး Anicca Avenue လို့ အမည်ပေးလိုက်တာပါ။

သူ့အိမ်ရဲ့ အည့်ခန်းနဖူးစီးမှာ သူထိုင်းနိုင်ငံက ၀ယ်လာတဲ့ တစ်ပေလောက် ရှည်တဲ့ဗုဒ္ဓရဲ့ မျက်နှာတော်ပုံ


ရုပ်ထုလေးကပ်ထားတာ အတော်လေးကို ကြက်သရေ ရှိလှပါတယ်။ အည့်ခန်းအနှံ့ မှာလည်း ဗုဒ္ဓရဲ့ ပုံတော်တွေ၊
ရုပ်ထုတွေနဲ့ပါ။ သူ့အည့်ခန်းမှာ ထိုင်စရာ ဆိုလို့ ဆိုဖာတွေ ကုလားထိုင်တွေ ပင်မထားပါ။ ကြမ်းပြင်ပေါ်မှာပဲ
99
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကေါ်ဇောခင်း စားပွဲ အနိမ့်လေးတွေနဲ့ တင်ပလင်ခွေ ထိုင်ရတာပါ။ သူ့စိတ်ကဒီ လောက်ထိ


အရှေ့တိုင်းဆန်နေတာပါ။ သူပိုယ်တိုင်ကလည်းပဲ နောက်ပိုင်းမှာလုံးဝကို အနေ
အထိုင် ပြောင်းသွားပါတယ်။ သေချာတာက အရင်လို အပျော်အပါး မများတော့ ဟိုတုန်းကဆို
ကျွန်တော့ဆီရောက်လာတိုင်း ဂျာမန်ဆေးကျောင်းသူ၊ ဆေးကျောင်းသားလေးတွေခေါ် ညကလပ်တွေ
သွားညလုံးပေါက် က၊ကြ ဘိလိယက် ထိုးကြ၊ ဘီယာတွေသောက်ကြနဲ့ပါ (ရောမိရောရာ
ကျွန်တော်လည်းပါပါတယ်) အစားအသောက် မှာလည်း အရင်လို မသောင်းကျန်းတော့၊ အရင်က
ကျွန်တော့ဆီလာလျှင် စားစရာသောက်စရာ ကားပေါ်မှာ အပြည့် အပြင် ကျော်စရာ လှော်စရာချက်စရာ
အိုးခွက်တွေ နဲ့လာတတ်သူဟာ နောက်ပိုင်းတော့ တစ်မယ်နှစ်မယ်ထက်မပိုတော့။ စကားအပြော အဆိုမှာလည်း
တရားသဘောတွေ အပြည့်နဲ့ပါ။

ခုချိန်မှာတော့ သူ့အိမ်မှာ စနေ၊ တနင်္ဂတွေနေ့တွေမှာ နီးစပ်ရာ လူဖြူ(အမျးစု) လူမည်း တွေ ခေါ်ခေါ်ပြီး ဗုဒ္ဓရဲ့
အတွေးခေါ်တွေ သူကဦး ကပဲ ဦးဆောင်ပြီး ဆွေးနွေးပွဲလေးတွေ workshop လေးတွေလုပ်နေပါတယ်။
လူတော့မများသေးပေမဲ့ နောင်တစ်နေ့မှာသူ့အိမ်ကို ၀ိပဿနာ စခန်းတစ်ခု ဖြစ်လာအောင် သူရည်မှန်း
ထားပါတယ်တဲ့။ သူ့ဂေဟာနဲ့မျက်စောင်းထိုး နေရာမှာတော့ ဧရာမ ခရစ်ယန်ဘုရား ကျောင်းကြီးနဲ့ စနေ၊ တနင်္ဂနွေ
နေ့တွေမှာ ဆိုလူတွေစည်ကားလှပါတယ်။ သူမမှုပါ သူ့လမ်းစဉ်နဲ့ သူချီတက်နေပါတယ်။

လူဒိုတစ်ယောက် ခုလောက် ဗုဒအ


္ဓ ပေါ် ယုံကြည်ချက်ပြင်းထန်နေလေတော့ အကယ်လို့ တစ်စုံ
တစ်ယောက်ကများ သူ့ကို မင်းဗုဒ္ဓဘာသာဝင် ဖြစ်သွာပြီလားလို့ မေးငြားအံ့ သူဘယ်လိုဖြေမယ် ထင်ပါသလဲ၊
ကျွန်တော်မေးကြည့်တော့သူကမဟုတ်ပါဘူးတဲ့။ စာရှုသူများမျက်စိလည်သွားမလားပဲ၊
ဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်သူဟာ ဗုဒ္ဓဘာသာဝင် ပဲဖြစ်ရမှာပေါ့။ ရှင်းနေတဲ့ ကိစ္စပါ။ သူကသူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင်
လို့မခံယူတာအကြောင်းရှိပါတယ်။

အမှန်တော့ ဗုဒ္ဓရဲ့တရားတွေက Universal truth တစ်လောကလုံး စကြ၀ဋ္ဌာတစ်ခုလုံး နဲ့သက်ဆိုင်တဲ့


အမှန်တရား တွေပါ။ ဒီတရားတွေကို ဗုဒ္ဓရဲ့ ရွှေဥာဏ်တော်နဲ့ ထိုးထွင်းသိခဲ့တာပါ၊ ဗုဒ္ဓကတီထွင်ပြီး ဥပဒေတွေ
ချမှတ်ရေးခဲ့တာမဟုတ်ပါဘူး၊ ဒါကြောင့်မို့ ဒီတရားတွေဟာ လူမျိုးတစ်မျိုး၊ ဘာသာ တစ်ခုတည်းနဲ့သာဆိုင်တယ်၊
ကျန်လူတွေနဲ့မဆိုင်ဘူး ပြောလို့မရပါဘူး။ ၀ိပဿနာအလုပ်ဆိုတာ ဘယ်လူမျိုးမဆို ကျင့်နိုင်ရင်
အကျိုးရှိမည့်တရားတွေပါ၊ ဒီလိုကျင့်ဖို့ရာ ဗုဒ္ဓဘာသာထဲလည်းဝင်စရာမလိုပါ။

ဒါကြောင့် ၀ိပဿနာအလုပ် မှာသမာဓိရအောင် (အသက်)ရှူသွင်း ရှူထုတ်တာ သို့မဟုတ် (၀မ်းပိုက်)


ပိန်တာဖေါင်းတာ တစ်ခုခု မှာအာရုံစူးစိုက် မှတ်ဖို့ ဗုဒ္ဓကမှာခဲ့တာပါဗုဒ္ဓ၊ ဗုဒ္ဓ လို့ ငါ့နာမည် ကိုတစ်ချိန်လုံး
ရွတ်ဆိုနေရမယ်၊ ဒါမှသာငါဘုရား ကယ်တင်လိမ့်မယ် မမှာခဲ့ပါဘူး၊ ဒီနေရာမှာ ဗုဒ္ဓက အခြားဘာသာ
တွေနဲ့စာလျှင် အတော့်ကို ကွာသွားပါပြီ၊ တစ်နည်းပြောရရင် ဗုဒ္ဓက အင်မတန် သဘောထားကြီးတယ် ဆိုရပါမယ်။

100
)

( family ၁၆ )

၂၀၀၀ ( )

" "

" "
၁၉၉၄ ၁၆

101
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Melbourne သူရဲကောင်းဗိမာန်ရှေ့ မှာ သားအဖနှစ်ယောက်

အမည်းတွေ ကြားထဲကအဖြူတွေမှ ရှားရှားပါးပါး ရွေးပြီးပေါင်းခဲ့တာ သေချာပါတယ်။ ဒါဘာလို့လဲ ဆိုတော့


အမည်းတွေ ကဆိုးလို့၊ ပေါင်းမရလို့ မတူမတန်ဘူး ထင်လို့မဟုတ်ပါ။ ကျွန်တော့ အမည်းမိတ်ဆွေတွေ
လည်းရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော့ဝါသနာအရ သူတို့နဲ့ သွားအတူ လာအတူ မရှိခဲ့တော့ သိပ်မရင်းနှီးခဲ့တာပါ။
ကျွန်တော်က ခရီးသွားချင်တယ် မရောက်ဘူးတဲ့နေရာတွေကို ရောက်ချင်၊ လေ့လာချင်တယ်၊ ဘယ်အမည်း
တွေကမှ ဒါမျိုးဒုက္ခခံပြီး မလုပ်တာမို့၊ နောက်ဆုံးတော့ ကိုယ်နဲ့ဝါသနာတူရာ အဖြူတွေနဲ့ ပေါင်းမိမဆန်းပါဘူး။
နောက်တစ်ကြောင်း ကလည်း ကျွန်တော်နဲ့ များသောအားဖြင့် တစ်ကိုယ်တည်းသမား လူလွတ်၊ သူတို့က
မိသားစုတွေနဲ့ ဆိုတော့ လွတ်လပ်တာချင်းလည်းမတူ ကြတာလည်း ပါပါလိမ့်မယ်။

အဖြူတွေဒီမှာ လာအလုပ်လုပ် တယ်ဆိုတာက ငွေရေးကြေးရေးကြောင့် လုံးဝမဟုတ်၊ ဒီကရတဲ့ ဗော်လံတီယာ


လခက သူတို့တွက်မုံ့ဘိုး ပဲဘိုးလောက်ရှိတာပါ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဒီမှာလာပြီး ဒေသန္တရ ဗဟုသုတ
ရှာမယ်၊ လူတွေနဲ့ပေါင်းမယ်၊ သူတို့ဆီမှာ မတွေ့နိုင်တဲ့ (ဆင်းရဲလို့ဖြစ်တဲ့) ရောဂါ တွေ လေ့လာမယ်၊
တစ်ဖက်ကလည်း အလုပ်နဲ့ဆိုတော့ Tourist တစ်ယောက် ထက်အချိန်တွေ အများ ကြီး ပိုရတာပေါ့။
တစ်ချက်ခုတ် သုံးချက်မကပြတ်ပေါ့။ (ကျွန်တော်တို့နဲ့ တော့ ကွာပ) ဆိုတော့ကာ ရှားရှားပါးပါး ဒီမှာကျွန်တော်
လိုလူမျိုးနဲ့ တွေ့ရတာ သူတို့အကြိုက်ပေါ့။ နမီးဘီးယားမှာတုန်းက မြန်မာဆိုလို့ ကျွန်တော်တို့ သားအဖ
၃ယောက်ထဲ ရှိတာမဟုတ်ပါလား။

ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ က ကျွန်တော့ဆီ (လိုဆိုသိုကို) ထူးခြားတဲ့ဧည့်သည် တစ်ယောက်ရောက်


လာပါတယ်။ ကျွန်တော်ရဲ့နမီးဘီးယား တုန်းက မိတ်ဆွေ Australia နိုင်ငံသား Dr. William ပါ။ စာရှုသူများ
မှတ်မိပါလိမ့်မယ်၊ " Bushman သားအမိ " ဇာတ်လမ်းတုန်းကကျွန်တော်ရဲ့ အဓိက ဇာတ်ကောင် ပါ။ အာဖရိကမှာ
ကျွန်တော့ရဲ့ အဦးဆုံး၊ ၀ါအရင့်ဆုံး အဖြူမိတ်ဆွေပါ။ သူကနိုင်ငံတကာ

102
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကိုခြေဆန့်တာ ၀ါသနာပါသူမို့ မြန်မာနိုင်ငံ ကိုလည်းရောက်ခဲ့ဘူးပြီး တစ်နေ့ ကျွန်တော်ရှိရာကို ရောက်လာ


အုံးမယ်လို့ မျှော်လင့် ပြီးသားပါ။

သူနဲ့ နမီးဘီးယား မှာဆုံခဲ့ပုံကလည်း မှတ်လောက် သားလောက်ပါ၊ သူက UK နိုင်ငံအခြေစိုက်တဲ့ VSO


(Volunteer Oversea Service) က Volunteer ဆရာဝန်ပါ၊ ကျွန်တော်က UNV ( United Nation Volunteer)
Specialist အနေနဲ့ ၁၉၉၄ ဂျူလိုင်မှာ နမီးဘီးယား ကိုရောက်လာ တော့ သူက ကျွန်တော့ထက် တစ်လလောက်
နောက်ကျပြီးမှ eye specialist အနေနဲ့ ရောက်လာသူပါ။

ကျွန်တော် အိုရာခါတီ ရောက်တော့၊ ဆေးရုံဝင်းထဲမှာပဲ အခန်းတခန်း ရပါတယ်။ တစ်ကိုယ်စာ တွက်တော့


ကျယ်ကျယ်ဝ န်းဝန်း ပရိဘောဂ အပြည့်အစုံနဲ့မို့ ပြောစရာမလိုပါ။ ဒါပေမဲ့ ဒီလို သဲကန္တာရ ဆန်ဆန်နိုင်ငံ မျိုးမှာ
ခုလို ဖိုင်ဘာပြား နဲ့ဆောက်လုပ်ထားတဲ့ တစ်ထပ် အိမ်လေးမှာနေရတာက နွေရာသီဆိုလျှင်
ပေါင်းဖိုထဲဝင်နေရသလိုပါ။ စိတ်ပျက်စရာ ကောင်းလောက်အောင် ပူပါတယ်။ အများစုကလည်းဒီလိုအိမ်တွေ
မျိုးချည်းပါ၊ သူတို့ အမည်းတွေကတော့ ဒါလောက်ပူတာလောက်တော့မမူပါ။ ကျွန်တော်လည်း နေရင်းနဲ့
ဆေးရုံဝင်းထဲမှာပဲ ၂ထပ်တိုက်အိမ်လေးတစ်လုံး အောက်ထပ် တစ်ခန်းလွတ်နေတာတွေ့ရလို့ စုံစမ်းကြည့်တော့
ဆရာဝန်အခန်း ဆိုတာသိရပါတယ်။ ကျွန်တော်နဲ့ အပေါင်းသင်းဖြစ်လာတဲ့ လူတွေက
့မင်းက ဒီမှာ VIP အခွင့်ထူးခံတစ်ယောက် မို့အဲဒီအခန်း ရသင့်တယ်လို့ ဆိုကြပါတယ် (မြှောက်ပေးတာပါ)။
ဒါနဲ့ကျွန်တော်လည်း ဆေးရုံအုပ်ချုပ်ရေးမှာ စုံစမ်းကြည့်တော၊ သူတို့မငြင်းပါ၊ ဟုတ်တယ် VIP တစ်ယောက်
ခေတ္တလာနေဖို့ ရှိတာမို့ ကျွန်တော့မပေးနိုင်တာပါတဲ့။

ကျွန်တော်လည်း စိတ်ဝင်တစားနဲ့ နေ့စဉ် စောင့်ကြည့်နေလိုက်တာ မကြာမီမှာပဲ အဖြူဆရာဝန်တစ်ယောက်


အဲဒီအခန်းကိုရောက်လာတာတွေ့ရပါ တော့တယ်။ သူကWilliam ပါပဲ။ Volunteer ချင်းတူတူ သူက VIP
ဖြစ်နေတာ မခံချင့်စရာပါ။ အမှန်တော့ လူဖြူဆိုရင်သူတို့က အထင်ကြီးပြီးသားပါ။ ဒီကိစ္စ အုပ်ချုပ်ရေးပိုင်းက
လူတွေကို သွားအရေးဆိုတော့၊ ကျွန်တော့ကို တောင်းပန်ပါတယ်၊ အခြားတိုက်ခန်းတွေ ဆိုတာက
လည်ူးဘားတွေနဲ့ ပြည့်နေတာမို့ ကျွန်တော့ကို သည်းခံစောင့်ပါ အဲဒီအခန်းမှလိုချင်တယ် ဆိုရင်လည်း Will
ကကြာကြာ နေမှာမဟုတ်လို့ သူပြန်သွားရင် ကျွန်တော်ပဲရပါစေမယ် ဆိုတဲ့ကတိနဲ့ နှစ်သိမ့်လိုက်ရပါတယ်။

အမှန်ပြောရရင် အဲဒီအခန်းကို တိုက်ခန်းအနေနဲ့ သာကျွန်တော်သိတာပါ၊ အထဲမှာ ဘယ်လိုမွန်းမံ


ထားတယ်ဆိုတာမသိပါ။ လူပြောသူပြော အရတော့ ပရိဘောဂတွေ၊ လိုက်ကာတွေက နဂို အော်ရီဂျင်နယ်
အကောင်းစားတွေလို့ဆိုပါတယ်။ လေအေးစက်လဲ ရှိတယ်တဲ့။ ဒီအိမ်ထဲဝ င်ကြည့်ရအောင်က
လည်း သူ့ကိုကိုယ်သိတာမဟုတ်။ ဒီတော့ သူနဲ့သိရအောင် ဆေးရုံ ထမင်းစားခန်းမှာပဲ (လူဒို့လို)
သူနဲ့သွားမိတ်ဆက် ယင်းခင်သွားကြတာပါ။ သူကလူဒို့လိုခပ်သွက်သွက် တော့မဟုတ်ပါ။ လူကြီးဆန်ပါတယ်၊
ကျွန်တော့ထက်လည်း ၂နှစ်လောက်ကြီးပါတယ်။ သူ့ဝါသနာကလည်း လမ်းလျှောက်တာနဲ့
စာဖတ်တာမို့ ကျွန်တော်နဲ့ တော့အံကိုက်ပါပဲ၊ ကျွန်တော်တို့ ၂ယောက် ညနေတိုင်း ထမင်းစားပြီးရင် လမ်းလျှောက်၊
ညမှာ TV ကျွန်တော့အိမ်မှာ လာကြည့်ကြနဲ့ အတော်တွဲမိကြပါတယ်။ Bushman ဇာတ်လမ်းလေးကလည်း
103
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကျွန်တော်တို့ ၂ယောက်ခင်မင် မှုကနေ ပေါက်ဖွားလာတာဆိုရင် ပိုမှန်ပါလိမ့်မယ်။


သူနဲ့ခင်မင်မှုကသိပ်မကြာလိုက်ပါ၊ သူကအာဖရိကကို လာတာအလည်သဘောလောက်သာမို့ ၆လလောက်အကြာ
(၁၉၉၅ နှစ်ဦး)မှာ ပြန်သွားပါတယ်။ သူတို့ဂတိအတိုင်း သူ့အခန်းကျွန်တော် ဆက်နေရပါတယ်။ ဒါပေမဲ့
ကျွန်တော်ရလိုက်တဲ့ အမြတ်က အခန်းထက် သူနဲ့ခင်မင်မှုပါ။

ကျွန်တော်တို့ကိုပို့ပေးတဲ့ မော်တော်ကြီး

Great Barrier Reef ကြီးမှာ

ကျွန်တော်တို့ ခင်မင်မှုက ဆုံးခန်းမတိုင်ပါ။ သူက နိုင်ငံတကာ လှည့်သွားနေရမှ အိပ်ပျော်တတ်တာမို့ ၁၉၉၈


မှာသူမြန်မာနိုင်ငံ ကိုအလည်လာချင်ကြောင်းဆိုလာတာနဲ့ စီစဉ်ပေးရပါတယ်။ ရန်ကုန်မှာ အတူဆုံကြဖို့ ဖြစ်ပေမဲ့
သူက တစ်ပတ်စောပြီး ဟိုကိုရောက်သွားတာပါ။ ပြဿနာတော့မဟုတ်ပါ။ (ကို Ludo ကသူ့ အရင် ၁၉၉၅
ကရန်ကုန်ရောက်ခဲ့တာ မို့ကျွန်တော့ မိသားစု မှာအတွေ့ကြုံ ရှိပြီးသားပါ) ဒါနဲ့ သူ့အချိန်မပုတ် ရအောင်
သူအင်မတန်သွားလိုတဲ့ မန္တလေး နဲ့အထက်မြန်မာပြည်ကို ကျွန်တော့သားငယ် နဲ့ သူ့ဦးလေး ဖြစ်သူ သင်္ဘော
အင်ဂျင် နီယာ ( ငြိမ်း ) Uncle Percy နဲ့ထည့်ပေးပြီး လွှတ်ပေးလိုက်တာ အစစအဆင်ပြေကြပါတယ်။ Will က
စာဂျပိုးပါ။ Road To Mandalay ဆိုတဲ့ကဗျာလေးထင်တယ၊် သူအလွတ်ကျက်ထားပြီး စိတ်ကူးယဉ်
နေသူပါ၊ မန္တလေးကို တိုးရစ်သင်္ဘောနဲ့သွား မေမြို့ဘက်တက်လည်၊ ရထားနဲ့ ပြန်လာတာပါ။ သူတို့

104
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

အားလုံးပျော်ခဲ့ကြပါတယ်။ နောက်ကျွန်တော်ရန်ကုန် ရောက်လာတော့ သူ့လည်ချင်စိတ်က မကုန်သေးပါ။


မြေပုံကြီးရှေ့ချပြီး၊ မြောက်ဖျား အစွန်း ပူတာအိုနဲ့ တောင်ဖျားက၀ိတိုရိယ အငူ သွားရအောင် ဆိုလို့
ကျွန်တော်မျက်လုံးပြူး သွားရပါသေးတယ်။ ဒီထဲမှာ မာန်အောင်ကျွန်းလည်း ပါပါသေးတယ်။ သူကစာ
အုပ်ထဲမှာဖတ်ထားတာတွေပါ။ ကျွန်တော့် အနေနဲ့ ပို့ပေးချင်ပါတယ်၊ ဒါငါတို့ နိုင်ငံပဲလို့ ပြချင် ဂုဏ်ယူချင်ပါတယ်။
မဖြစ်နိုင်တာမို့ သူ့ကို ကျွန်တော့ အမေရဲ့ အမျိုးတွေရှိရာ သထုံမြို့နဲ့ ပတ်ဝန်းကျဉ်က
မြသပိတ်တောင်တို့၊ အလံတစ်ရာ၊ ဘုရင်ညီဂူတို့၊ စတာတွေကိုပဲ လိုက်ပြလိုက်ရပါတယ်။ သူက
အနောက်နိုင်ငံသား ဆိုပေမဲ့ ခရီးသွားရတာကို ဒူပေဒန်ပေ ခံနိုင်ပါတယ်။ ဗီဇာ ၂ပတ်ပြည့်တော့
သူပြန်သွားပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ကျွန်တော့် သားရှိရာ Melbourne University ကိုအလည်သွားဖို့ရှိလာတာမို့၊ Will


ကိုချက်ချင်းပဲ သတိရမိပါတယ်။ သူနေတာကမြို့တော် Cain နားက Barbinda မြို့လေးမှာပါ၊ Great Barrier
Reef ကမ္ဘာကျော် သန္တာ ကျောက်တန်းကြီး နေရာမို့၊ ကျွန်တော် သွားကြည့်ချင်နေတာကြာပါပြီ။
သူ့ကိုဆက်သွယ်လိုက်တော့ သူက၀မ်းသာအားရနဲ့ပါ၊ ကွဲကွာနေ ကြတာ ၁၀နှစ်လောက် ရှိနေပါပြီ။ ဒါနဲ့ ၂၀၀၈
စက်တင်ဘာလမှာကျွန်တော် Australia ရောက်၊ Melbourne နဲ့တစ်ဝိုက် မြို့လေးတွေနှံ့အောင် လည်ပြီး၊
အောက်တိုဘာလ ဆန်းမှာ Will ရှိရာ Cain ကို လေယဉ်နဲ့သားအဖ ၂ယောက် ရောက်သွား ကြပါတယ်။
ပြောတော့တာ တစ်နိုင်ငံထဲ ဆိုပေမဲ့ ခရီးမနီးပါ။ ဒေသစံချိန်ပင် တစ်နာရီ ကွာတာပါ။ သူတို့
Queenslandပြည်နယ် ကျွန်တော်တို့ နဲ့အတော်တူပါတယ်။ ပူအိုက်စွတ်စိုပြီး ကြံပင်အကြီးကျယ် စိုက်ပါတယ်။ Will
ကိုယ်တိုင် လေဆိပ်မှာလာကြိုပါတယ်။ ခွင့်တလခွဲယူလာပြီး သူ့ဆီမှာတစ်ပတ်လောက် နေတာကို သူအားမရပါ၊
သူနေတဲ့မြို့လေးက တကဲ့ကိုတောမြို့လေးပါ။မြို့လည်လမ်းမကြီး တစ်ခုပဲ ရှိတာပင် မိုင်ဝက်ထက်ပိုရှည်
မယ်မထင်ပါ။ သူ့အိမ်ဆိုတာကလည်း ရိုးရိုးခြေတံရှည် ပျဉ်တောင်အိမ်ကြီးပါ၊ ဘာပကာ သနမှမရှိ
တဲ့ပရိဘောဂပစ္စည်း တွေကိုပဲသပ်သပ်ရပ်ရပ် လေးဆိုတော့ နေချင်စရာလေးပါ။ ခြံကအကျယ်ကြီး
ဘာဂိတ်တံကားမှလည်းမရှိ၊ သူအပြင်သွားတော့လည်း အိမ်သော့ပင်မခတ် ပဲထားနိုင်ခဲ့တာ အံ့စရာပါ။
ကျွန်တော်တို့ သားအဖ ရောက်တော့ ကိုယ့်ပစ္စည်းတွေများပါသွားရင် ဆိုပြီး ဥစ္စာခြောက်မိပါသေးတယ်။

သူ့အိမ်ရောက်တော့ သူ့ ရဲ့ Namibia က girl friend ရောက်နေတာတွေ့ရပါတယ်၊ သူ့အိမ်မှာတည်းရဖို့


ပင်တုံ့သွားပါတယ်။ သူကတော့ ဧဧပါပဲ။ ကျွန်တော်တို့ အားနာမှာစိုးလို့ ကြိုမပြော ထားတာပါ၊ သိတဲ့အတိုင်းပဲ
သူတို့အဖြူတွေ ထုံးစံက သူများအိမ်မှာ တည်းလေ့မရှိပါ။သူနဲ့က ခင်မင်လွန်း
လို့တာပါ။ သူက ကျွန်တော်တို့ လည်ဖို့ အားလုံးစီစဉ်ပြီးသားပါ။ နောက်နေ့မှာပဲ အဓိသွားချင်တဲ့ Reef ကြီးဆီ်
ဇိမ်ခံမော်တော်ကြီးနဲ့ သွားလည် တစ်နေကုန်သမုဒ္ဒရာထဲ ရေဆင်းကူးကြနဲ့ အတော်ပျော်ခဲ့ ဗဟုသုတတွေ
ရခဲ့ပါတယ်၊

105
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Reef ကြီးရဲ့ရှုခင်းပါ (ရေအောက်မှ အရိပ်များမှာ ကျောက်တန်းတွေပါ)

ဒီနေရာမှာနဲနဲ ချဲ့ပြော ရရင်.........


Great Barrier Reef ဆိုတာက ကမ္ဘာ့အံ့ဘွယ်တစ်ခုမို့ ကျွန်တော်ရောက်ချင်နေတာပါ။ အဲဒီကိုသွားရတာ အပျော်
ခရီးသက်သက် မဟုတ်ပါ။ ပါတဲ့သင်္ဘောသားတွေ ( သင်္ဘောသမီးလဲပါပါတယ်) က tourism
တွက်ဘွဲ့ရပညာရှင်တွေပါ။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ကို သင်္ဘောပေါ်မှာပဲရေထဲမဆင်းမီ အန္တရာယ်ကင်းဖို့
ညွှန်ကြားချက်တွေ၊ အန္တရာယ် နဲ့ဆုံလာရင် ဘယ်လိုပြုမူရမယ် အချက်ပြရမယ် ဆိုတာတွေ ရှင်းပြပါတယ်။ ဥပမာ
ငါးမန်းနဲ့တွေ့ရင် ဘယ်လို၊ မိမိမှာ heart attack ရရင် ဘယ်လို၊ စတာတွေပါ။ ရေမငုပ်တတ်သူ၊ တွက်လည်း
ရေငုပ်ဝတ်စုံ၊ ကျောပိုး အောက်စီဂျင်ဘူးတွေနဲ့ လက်တွေ့ သင်တန်းပေးပါတယ် (ဒါတွက်တော့ Aus$ ၁၀၀
ပေးရပါတယ်) ပြီးတာနဲ့ ချက်ချင်း ပဲအောင်လက်မှတ် ထုတ်ပေးတာပါ။ အားလုံးတွက် snokle လို့ခေါ်တဲ့
ရေအောက်ကို ကြည့်ဖို့ မျက်နှာဖုံး၊ ဖားခြေ ထောက် ရေယက်၊ နဲ့ကိုယ်ဖော့ဖို့ ဖေါ့ချောင်းတစ်စုံစီ ရပါတယ်။
(လိုချင်ရင် အသက်ကယ်အင်္ကျီတောင်းနှိုင် ပါသေးတယ်) သမုဒ္ဒရာထဲ ၁နာရီခွဲလောက် မောင်းသွားပြီး
သတ်မှတ်ထားတဲ့ ကျောက်တန်းနေရာ ရောက်တော့မှ ကျောက်ချပြီး ကျွန်တော်တို့ ရေထဲဆင်းရတာပါ။ မော်တော်
တစ်စီးလုံး ကလေးလူကြီး မကျန်ဆင်းကြတာပါ၊ စုစုပေါင်း ၃၉ယောက်၊ အားလုံးပျော်ကြပါတယ်။ ရေကလည်း
နွေးနွေးနဲ့မို့ ငယ်ငယ်တုန်းက အင်းယားမှာ သင်္ကြန်ပျော်ခဲ့ကြတာ သတိရစရာပါ။ ကျွန်တော်က နမီးဘီးယား
ရောက်မှ ရေနဲ့မတွေ့ ဘူးတာ ၁၀နှစ် ကျော်ပင်ရှိပြီမို့ ရေထဲကျသွားတော့ (ပလုံကနဲပါပဲ) ပုံမလာပါ။ ဒီကြားထဲ
သမုဒ္ဒရာရေစီး ကအတော်သန် တာမို့ ရေထဲဆင်းတာနဲ့ မော်တော်နဲ့အတော်ဝေးဝေး ရောက်သွားပါပြီ။
အသဲထိပ်စရာပါ။ ဆားငံရေ နဲ့ရေစီးနဲ့မို့ တော်ရုံရေနစ်စရာတော့ မရှိပါ၊ ဒါ့အပြင် သူတို့ ကပ်ပတိန် ကိုယ်တိုင်
အချိန်ပြည့် အပေါ်မှနေ စောင့် ကြည့် ပေးနေပါတယ်။ သားကြီးကတော့ ရေငုပ် သင်တန်းတက်
လက်တွေ့ငုပ်နိုင်ပြီး ဆရာနဲ့အတူ ကျောက်တန်း နားထိအနီးကပ် ရောက်နိုင်တာမို့ ပိုတန်ပါတယ်။
ကျွန်တော်ကတော့ ယက်ရင်းကန်ရင်း ရေပေါ်ကနေ Snokle မျက်နှာဖုံးနဲ့ ရေအောက်က ကျောက်တန်းနဲ့
ရောင်စုံငါးလေးတွေ ကူးနေတာ (ရုပ်ရှင်တွေထဲကလို) တွေ့ရတာပင် တသက်မမေ့နိုင်စရာမြင်ကွင်းပါ

106
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ကျေနပ်ပါပြီ။ (Snokle ကိုခုမှသုံးဘူးတာပါ၊ သူကလေရှူပိုက် ကနေ ပါးစပ်နဲ့ ရှူနိုင်တာမို့ ရေမွန်းစရာမရှိပါ)


ကျွန်တော်တို့ အားလုံးရေထဲက ပြန်တက်လာတော့ သင်္ဘောဦးပိုင်း ခန်းမမှာ ကျွန်တော်တို့ တွေ့ခဲ့တဲ့ ငါးတွေ

Babinda တောထဲလမ်းလျှောက်စဉ်က

တစ်ရက်မှာ တော့ Rain forest walk ဆိုပြီး တောင်ပေါ်တောအုပ်ထဲ သစ်တော တိုး ချောင်းမြောင်းတွေဖြတ်
ခရီးရှည်လျှောက် ကြရတာလည်း ကျိုက်ထီးရိုးတနေကုန် တက်ရသလိုပါပဲ။ သူတို့မြို့ရဲ့
ပင်လယ်ကမ်းခြေမှာလည်း ရေကူးဖို့ တစ် ရက်ခေါ်သွားပါသေးတယ်။ နောက်ဆုံးပြန်ခါနီးမှာတော့ National
Parkတစ်ခုဆီ ရောက်ပါတယ်။ သူ့ဆီလည်ရတာ အရမ်းကိုတန်ပါတယ်။ တည်းခိုခ နဲ့စားစရိတ် တင်
သက်သာတာမဟုတ် သူတို့ထုံးစံ အတိုင်း သင်္ဘောခ တွေ၊သူ့ကားဆီဖိုးတွေမျှခံပရစေဆိုတာ သူလက်မခံပါ။
သူ့စေတနာတွေပါ။ (ကျွန်တော် ခုလိုမမျှော်လင့်ထားပါ လာကတည်းက သုံးဖို့ဆုံးဖြတ်ပြီးသားပါ) အချိန်တန်
အိမ်ပြန်ရတော့ သူ့ကို လီဆိုသို ပြန်ဖိတ်ခဲ့တာမို့ ခုနှစ်မှာ ကျွန်တော့်ဆီ အလည်ပြန် ရောက်လာတာပါ။ Namibia
ကနေသူ့အိမ် အပြန်ရသလောက် ၃ရက် လေးနဲ့ဖြစ်အောင်လာတာပါ။ ခုတစ်ခါ အားမရတာက ကျွန်တော်ပါ။
အနဲဆုံးတစ်ပတ်လောက် နေစေချင် ပြန်ပြုစုချင် ပါတယ်။

ဒါကြောင့်မို့ အချိန်ပိုရအောင်လို့ သူ့ကို နောက်ဘတ်စကားမစောင့် စေပဲ ကျွန်တော်ကိုယ်တိုင် ကားနဲ့ ကီလို


၁၅၀ဝေးတဲ့ တစ်ဖက်နိုင်ငံ Bloemfontein မြို့မှာသွားကြိုခဲ့ပါတယ်။ ကျွန်တော့အိမ်မှာပဲ တည်းစေပါတယ်။
ဒါမှလည်းပဲ သူနဲ့ တနေကုန် စကားတွေ ပြောနိုင် မှာပေါ့။ ကျွန်တော့ မိသားစုလည်းရောက်နေတာနဲ့
သူ့စားရေးသောက်ရေး လည်းအတော် အဆင်ပြေသွားပါတယ်။ (ကျွန်တော့ မိသားစုနဲ့ သူ ၁၂နှစ်ကျော်ကြာ
ခုမှပြန်တွေ့ကြတာပါ) ခုတစ်ကြိမ် သူနဲ့ပြန်ဆုံတော့သူက အရင် ( Bushman ဇာတ်လမ်းထဲ) ကလို
မျက်စိဆရာဝန် မဟုတ်တော့၊ မေ့ဆေးဆရာ ၀န်အနေနဲ့ပါ၊ သူရောက်ပြီး နောက်နေ့မှာ ကျွန်တော့ခွဲခန်း

107
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

Will ရဲ့နေအိမ် ခြံဝ င်းတွင်းမှာ

ကို သူလိုက်လာ၊ တစ်နေကုန် အတူဝင်လုပ် လေ့လာ ပါတယ်၊နောက်နေ့ မှာတော့ ကီလို၄၀ ဝေးတဲ့ TY


တောင်ပေါ်မြို့လေးဆီ မိသားစုနဲ့အတူ ကားမောင်းပို့ပေးလိုက်ပါတယ်။ အပြန်မှာ ကျွန်တော်တို့ မြို့တော်အနီးနား
တ၀ိုက်ပို့ပေးလိုက်နိုင်တာမို့ သူလည်းရက်တိုတို အတွင်းမှာ လီဆိုသိုနိုင်ငံ အကြောင်း တော်တော်လေး
လေ့လာသွားနိုင်လို့၊ ကျေနပ်သွားပါတယ်။ သူ့တုန်းကလိုပဲ သူ့ဆီကနေကျွန်တော် ဘာမှပြန်မယူပါ။
ဟော်တယ်မှာသူက တစ်ညနေစာ ပြန်ကျွေးတာကလွဲရင်ပေါ့။ ဒီလိုနဲ့ပဲ အောက်တိုဘာ ၃၁ရက်
သူသြစတေးလီးယား ပြန်မဲ့နေ့ ကျတော့ တဖက်နိုင်ငံ Johannesburg လေဆိပ် ထိကျွန်တော်ပဲ
ကားမောင်းပို့ပေးလိုက်ပါတယ်၊ ခရီးကတော့မနီးပါ ကီလို ၅၀၀ လောက်ဝေးတာပါ။ သူနဲ့ စကားတပြောပြောနဲ့
တစ်လှည့်စီ မောင်းကြ လမ်းတွေမှားကြနဲ့ မို့ ပျော်စရာကြီးပါ။

Will အတော်ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ သူက အသက် ၃၄နှစ်ကျမှဆေးကျောင်းစတက်တာမို့


သှူရာဝန်ဖြစ်တော့ ၄၀၊ နောက်မျက်စိအထူးကုဖြစ်တော့ ၅၀၊ မျက်စိကုဆရာဝန် လုပ်နေရာက အသက်
၆၀လောက် ကျမှ အင်္ဂလန်မှာမေ့ဆေးဘွဲ့လွန်ထပ်ယူ ခုမေ့ဆေး အလုပ်ပဲ ဆက်လုပ်နေသူပါ။
နဂိုကသူလုပ်နေတာက စာကြည့်တိုက်မှူးပါ။ လူကလဲ စာဂျပိုးပါ။ သူတို့ဆီမှာ ပညာရေးက တစ်လမ်းသွားနဲ့
ဘောင်ခတ်မထားတာ အားကျစရာပင်။ အမှန်တော့ သူတို့ဆီမှာ သူလိုလူတွေ အများကြီးပါ။ သူ့အဖေ
ကိုယ်တိုင်က တရားဟောဆရာ အလုပ်ကနေစပြီး အလုပ် ၄ခုလောက်ပြောင်း ခဲ့သူပါတဲ့။ သူဆရာဝန်
ဖြစ်လာတော့ ကျောင်းဆက်တက်ဖို့နဲ့ ငွေစုဖို့ သူ့နိုင်ငံမှာ နေတာကလွဲရင် ဘယ်နေရာမှ အတည်တကျ မလုပ်ပဲ
ဗော်လန်တီယာ ဆရာဝန် အနေနဲ့သာ ကမ္ဘာ့နိုင်ငံအနှံ့ လျှောက်သွားနေတာပါ။ ကမ္ဘာပေါ်
သူမရောက်ဖူးတဲ့နိုင်ငံက ခပ်ရှားရှားပါ။ အာဖဂန်နစ္စတန်လည်း ရောက်ခဲ့ဘူးပြီတဲ့၊စာကလည်းအရမ်းဖတ်သူမို့
သူနဲ့စကားပြောရတာ တကဲ့ကို ဟင်းလေးအိုးကြီးပါ။ Road to Mandalay တို့၊ Freedom from fear တို
့စတဲ့အင်္ဂလိပ်လို ရေးထားတဲ့ မြန်မာကဗျာ တွေစာတွေလဲမလွတ်ပါ။ သာမန်အားဖြင့်တော့ သူကစကားနဲ သူပါ။
အပိုအလိုတွေလဲမပြောတတ် တကဲ့ကို အင်္ဂလိပ် ပုံစံပါ။ ကျွန်တော်နဲ့ ဆက်ဆံရေးမှာတော့ ဘာဟန်ပန်မှမရှိ
ကျွန်တော့အသက်တို့ ၀င်ငွေတို့ ကိုပေါ်တင်ပဲ မေးတတ်သလို သူ့ပြန်မေးလည်း စိတ်မဆိုးပါ။
ကျွန်တော်နဲ့တွေ့လို့ရှေးဟောင်း နှောင်းဖြစ်တွေကော လက်ရှိအကြောင်းရာတွေ
ဆေးပညာတွေ ပြောကြတော့ သူချည်းပြောတာများပါတယ်။ သူ့နဲ့ဆက်ဆံရတာ ကိုယ့်လူမျိုးရင်း တစ်ယောက်လို

108
စိုး မြင့် (မေ့ဆေး) အာဖရိက ရောက် မြန်မာတစ်ယောက်

ပေါ့ပေါ့ပါးပါး ပါပဲ။

သူ့ကိုအထင်ကြီးစရာ တစ်ခုက သူ့စိတ်နေသဘောထားပါ။ Bushman ဇာတ်လမ်းမှာပဲကြည့်လေ၊ အမှန်တော့


ကလေးအမေဟာ သူ့ကြောင့်သာ အသက်ချမ်းသာသွားရတာပါ၊ ဘယ်သူကမှ ဒီသားအမိ ၂ယောက်ကို ဒုက္ခခံပြီး
ပေးတွေ့ရအောင် ယောင်လို့မှ မစဉ်းစားမိကြပါ။ သူကခရစ်ယန်ဆိုလို့နမီးဘီးယား မှာတုန်းက ဖိလစ်ပိုင်တွေက
သူတို့နဲ့ Church အတူလိုက်တက်ပါလား ဆိုတော့၊ သူ Church မတက်ဖြစ်တာ
သူ့အဖေဆုံးပြီးကတဲကဆိုလို့ဆိုပါတယ်။ အာဂ Will ပါပဲ။ သူဘုရားမယုံပါ။ Namibia မှာတုန်းက ကျွန်တော့ TV
ရုတ်တရက် ပျက်သွားတာနဲ့ အသစ် ပြန်လဲလိုက်ရလို့ ငွေ၁၀၀၀ အကြွေးတင်သွား ပါတယ်။ အဲဒီတုန်းက
လဲသူပါပဲကျွန်တော်က မတောင်းပဲ နဲ့ ငွေလာပေး (ချေး) တာ။ (သူ့လခက ကျွန်တော့် ရဲ့ ၅ပံ၁
ု ပုံသာ ရှိတာပါ) Will
ကကျွန်တော့ရဲ့ model ပါပဲ။ ကျွန်တော့ သားကြီးကလည်း ခုမှတွေ့ဘူးပေမဲ့ သူက
ို့အရမ်း အားကျပါတယ်။

Will ရဲ့ညစာစားပွဲ

ဒါကြောင့်မို့ ကျွန်တော်ပြောခဲ့တာပါ၊ အိမ်ခန်းက တစ်ချိန်ချိန်မှာရမှာပါ၊ Will လိုလူမျိုး ဘယ်သွားရှာ မလည်းလို့။


သူလိုအဆင့်ရှိတဲ့ သူမျိုးနဲ့ပေါင်းမှလည်း ကိုယ်ပါ အဆင့် မြင့်မှာမဟုတ်ပါလား။

မှတ်ချက်။ Will ဆိုတာက William ပါပဲ။ ပိုမိုရင်းနှီးမှုနဲ့ Will လို့ပဲခေါ်တာပါ။

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru,
Kingdom of Lesotho
24 Nov 2010

109

You might also like