Charter School

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 4

ချာတာကျောင်း

ရေးသားသူ - မင်းကရုဏာ

ချာတာကျောင်းတွေဟာ ကျနော်တို့ မြန်မာနိုင်ငံက ပရဟိတ


ကျောင်းတွေနဲ့ ဆင်တူပါတယ်။ ပရဟိတကျောင်းမှာ ပညာရေးကို
စိတ်ဝင်စားသူတွေက ဦးဆောင်ပြီး ငွေကြေး တတ်နိုင်သူ တွေက
ငွေလှူဒါန်း ပါတယ်။ ချာတာကျောင်းများကို အမေရိကန်မှာ ဖွင့်လှစ်ခဲ့တာ
ဆယ်နှစ်ကျော်ပါပြီ။

ချာတာကျောင်းတွေကို ပညာရေးကို စိတ်ဝင်စားတဲ့ မိဘများနဲ့


ကျောင်းဆရာများက ဦးဆောင်ပြီး ငွေကြေးကို အစိုးရက ထောက်ပံ့
ပါတယ်။ နိုင်ငံရဲ့ကွန်စတီကျူးရှင်းနဲ့ ကိုက်ညီရင် မည်သည့် သင်ရိုးကိုမဆို
အသုံးပြုနိုင်ပါတယ်။ သမ္မတ ကလင်တန် လက်ထက်က စပြီး ခွင့်ပြုခဲ့တာ
ဖြစ်ပါတယ်။ ပေါ်ပေါက်လာပုံကတော့ ယခင်က အမေရိကန်မှာ ကျောင်း
နှစ်မျိုးပဲ ရှိပါတယ်။

ပရိုတ်ဘိတ်ကျောင်းနဲ့ အစိုးရကျောင်းတို့ ဖြစ်ပါတယ်။

ပရိုတ်ဘိတ်ကျောင်း (Private School)

ပရိုတ်ဘိတ်ကျောင်း (Private School) က ကျောင်းလခက


ဈေးကြီးပါတယ်။ နောက်ပြီး ကျောင်းစီမံခန့်ခွဲမှု၊ သင်ရိုးညွှန်းတန်းတွေကို
မည်သူကမှ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ ကျောင်းတည်ထောင်သူတွေက
အားလုံးကို စီမံခန့်ခွဲပါတယ်။ ငွေကြေးတတ်နိုင်တဲ့ သူတွေက
ပရိုက်ဘိတ်ကျောင်းမှာ သူတို့ကလေးတွေကို ထားကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် သံရုံးတွေက ၀န်ထမ်း သားသမီးတွေနဲ့ ချမ်းသာ
သူများရဲ့ သားသမီးများတက်တဲ့ အင်တာနေရှင်နယ် ကျောင်း များနဲ့
တူမယ်ထင်ပါတယ်။ မြန်မာနိုင်ငံသား အများစုကတော့ အဲဒီကျောင်း
တွေမှာ မတက်နိုင်ကြပါဘူး။

အစိုးရကျောင်း (Goverment School)

နောက်တစ်ကျောင်းက အစိုးရကျောင်း ဖြစ်ပါတယ်။ အစိုးရ


ကျောင်းက ကျောင်းလခ မပေးရပါဘူး။ ဒါပေမယ့် အထက်က အဆင့်ဆင့်
ထိန်း ချုပ်မှုကြောင့် ကျောင်းဆရာတွေ လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေ
မလုပ်နိုင်ပါဘူး။ လည်ပတ်နေတယ်ဆိုတာ ထက် ပိုမယ်လို့ မထင်မိဘူး။
ဒီနေရာမှာ ကျနော် ကြားဖြတ်ပြီး ပြောချင်တာက အင်းဒီယားနား
တက္ကသိုလ်က ကျနော့် သူငယ်ချင်း တစ်ယောက်ကို ဈေးသက်သာတဲ့
အမေရိကန် အစိုးရတက္ကသိုလ်တွေ အကြောင်း မေးကြည့်တော့ အစိုးရ
တက္ကသိုလ်တွေက ဈေးတော့ သက်သာပါတယ်တဲ့။ ဒါပေမယ့် ငရဲနဲ့
တူတယ်လို့ ပြောပြဘူးတယ်။

ဖြစ်နိုင်ပါတယ်။ အစိုးရကျောင်းတွေဆိုရင် ကျနော်တို့


မြန်မာနိုင်ငံက ကျောင်းတွေကို ပြေးသာ မြင်မိတယ်။ အဲဒီလိုဖြစ်နေတဲ့
အခြေအနေမှာ အမေရိကန်မှာရှိတဲ့ အမျိုးသားကျောင်းဆရာများ
အဖွဲ့ကနေ စတင်ကာ ချာတာကျောင်းများကို အကောင်အထည်
ဖော်ခဲ့တာ ဖြစ်ပါတယ်။ ချာတာကျောင်းများ မှာ အစိုးရကျောင်းများလို
အခမဲ့ သင်ကြားခွင့်ရပြီး ပရိုတ်ဘိတ်ကျောင်းများမှာကဲ့သို့ အရည်အသွေး
ကောင်းတဲ့ သင်ကြားမှုမျိုး ကို ရရှိပါတယ်။ ဒါကြောင့် ဒီကျောင်းမျိုးလေး
တွေဟာ အလုပ်ဖြစ်ပါတယ်။ ကျောင်းသားတွေ အမှန်တကယ် ပညာ
တတ်မဲ့ ကျောင်းမျိုးလို့ ကျနော် ယုံကြည်မိပါတယ်။

ကိုးကား -
NEA
US Charter School

You might also like