Download as pdf or txt
Download as pdf or txt
You are on page 1of 3

 

(10.12.2010) – RFA လွတ်လပ်တ့အ


ဲာရှအသံ ညပိုင်းအစီအစဉ် (လူထုန့ေ
ဲ ဒ်ါအောင်ဆန်းစုကြည်အမေးအဖြေ)

(စ)

မေးသူ။ ။ ဒေါ်မာမာအေး

မေးခွန်း။ ။ ညီမလေးစုရေ ….။ ဒီလိုအရေးတကြီအလုပ်များနေတဲ့အချိန်မှာ ဖြေရလွန်းလို့စိတ်မောလူမောဖြစ်နေမယ့် ညီမ

လေးကို မမေးရက်ပါဘူးဟယ်။ မှာတော့မှာချင်ပါတယ်။ ညီမရဲ့အသက်ဟာ.. အများလူထုအတွက် အချက်ဖြစ်


နေလို့မို့ ကိုယ့်အသက်ကို ကိုယ်တိုင်စောင့်ရှောက်ပါ။ အရဲမကိုးပါနဲ့နော်။ ပြည်သူ့ခေါင်းဆောင်အတွက် နောက်လိုကေ
် ကာင်းတစ်ယောက်
အဖြစ် ၀န်းရံ ရပ်တည်နေပါတယ်။ ဒါပါပဲ။ အမျိုးသားနေ့မှာပြောတဲ့စကားပါ။ အောင်မြင်ပါစေနော်။

ဖြေ။ ။ မမအနေနဲ့ ကျွန်မအတွက်စေတနာနဲ့စိုးရိမ်ပေးလို့ အများကြီးပဲကျေးဇူးတင်ပါတယ်။ ဒီလိုစိုးရိမ်ပေးတဲ့လူတွေရဲ့

စေတနာကိုလည်းလေးစားသောအားဖြင့် ကျွန်မလည်း ဂရုတစိုက်န့ေ


ဲ နသွားမှာပါ။ ကျွန်မတို့ကို ၀န်းရံပေးတာကို
လည်းတကယ့်ကိုပဲအားတက်ရပါတယ်။ ဒီလိုဝန်းရံပေးမှလည်း ကျွန်မတို့အောင်မြင်မက
ှို အမြန်ဆုံးရနိုင်ပါ့မယ်ဆိုတာတော့ မမကို
အထူးအထွေပြောဖို့မလိုပါဘူးလို့ ကျွန်မထင်ပါတယ်နော်။

မေးသူ။ ။ လားရှိုးသိန်းအောင်

မေးခွန်း။။ ။ အမကြီးရေမင်္ဂလာပါနော်။ အမေတစ်ခုသားတစ်ခုသီချင်းကိုလည်း ကျွန်တော် ကန်တော့လိုက်တယ်ဟုတ်လား။

အမကြီးခွင့်ပြုမယ်ဆိုရင် ကျွန်တော်မေးခွန်းလေးတစ်ခုမေးပါရစေ။ အမကြီးရဲ့သွားလာရေးကို တာဝန်ခံတွေက


ဟာကွက်မရှိအောင်နေ့ရောညပါ စောင့်ရှောက်ပေးနေသလားလို့… နောက်တစ်ခုက အမကြီးရဲ့ကျန်းမာရေးကိုလည်း သူတို့တွေ ဂရုတ
စိုက်ကြည့်ရှုပေးနေသလားလို့ ကျွန်တော်စိတ်ပူရင်းနဲ့မေးချင်ပါတယ်။ နောက်ကျွန်တော့အနေနဲ့ကတော့ အမကြီးတာဝန်ပေးမယ်ဆိုရင်
လည်းကျွန်တော်တို့တိုင်းပြည်အပေါ်သစ္စာရှိရှိနဲ့ ထမ်းဆောင်ပါရစေလို့နော်။ နောက်ဆုံးတစ်ခုက အမကြီးလည်းမအားဘူးဆိုတာ
ကျွန်တော်သိတယ်။ အဲဒါ ပြည်သူလူထုကိုလေ အမကြီးရဲ့လက်ထဲကနေတဆင့် အမကြီးရဲ့မေတ္တာနဲ့အတူပေါ့နော်။ အားပေးစကားလေး
အားမငယ်ဖို့အရေးကျွန်တော်တို့ဒီမှာရှိပါတယ်ဆိုတာပြောပါရစေလို့ နော်အမကြီးနော်။

ဖြေ။ ။ မင်္ဂလာပါရှင်ကျွန်မတို့ကို ဒီလိုပဲ အမြဲအားပေးနေတာကိုသိရလို့ ၀မ်းသာတယ်။ နောက်ပြီးတော့ ကိုလားရှိုးသိန်း

အောင်ရဲ့ သီချင်းတွေကိုလည်း ရေဒီယိုကနေ မကြာခဏ နားထောင်ရလို့ ကြည်နူးခဲ့ရပါတယ်။ ကျွန်မကိုစောင့်


ရှောက်ပေးနေတဲ့သူတွေဟာ ဟာကွက်မရှိလုပ်ပါတယ်လို့ ကျွန်မပြောပါရစေ။ စိတ်မပူပါနဲ။့ ကျန်းမာရေးကိုလည်း တစိုက်မတ်မတ်နှစ်
ပေါင်းများစွာစောင့်ရှောက်ပေးခဲ့တဲ့ ဆရာတင်မျိုးဝင်းနဲ့ ဒေါက်တာပြုံးမွန်အိတို့က ဆက်ပြီးတော့စောင့်ရှောက်ပေးနေပါတယ်။ အဲဒါ အ
တွက်လည်း စိတ်မပူပါနဲ့လို့ ပြောပရစေ။ ကျွန်မတို့ကတော့ ကိုလားရှိုးသိန်းအောင်တစ်ယောက်တည်းတင်မဟုတ်ဘဲနဲ့ အားလုံးကိုကျွန်မ
တာဝန်ပေးချင်တာကတော့ အားလုံးဟာဝိုင်းပြီးတော့ ဒီနိုင်ငံတိုးတက်ရေးအတွက်လုပ်ကြပါ။ကိုယ့်မှာလုပ်အားရှိပါတယ်ဆိုတာ ယုံကြည်
ကြပါ။ ဒါ့ကြောင့်မို့လို့ ပြည်သူလူထုကို မေတ္တာနဲ့အားပေးစကားလေးဆိုတာလည်းဒါပါပဲ။ ကိုယ့်မှာလုပ်အားရှိတယ်ဆိုတာ၊ လုပ်ပေးနိုင်တဲ့
အခြေအနေကိုယ့်မှာရှိနေတယ်ဆိုတာကိုယုံကြည်ကြပါ။ အဲဒီယုံကြည်ချက်အရ ကျွန်မတို့ကို ကူညီပြီးတော့အားပေးကြပါ။ စကားလေးနဲ့
အားပေးရင်တောင်မှ ကျွန်မတို့အများကြီးအားတက်ရတယ်ဆိုတော့ အလုပ်ကလေးနဲ့များအားပေးမယ်ဆိုရင် ကျွန်မတို့ ဆထက်တပိုး
တိုးပြီးတော့ နိုင်ငံတိုးတက်ရေးအတွက်လုပ်နိုင်မှာပါလို့ ပြောပါရစေနော်။

 
 

မေးသူ။ ။ စခဟ

မေးခွန်း။ ။ လေးစားအပ်တ့ေ
ဲ ဒ်ါအောင်ဆန်းစုကြည်ကိုမေးချင်တာက ဒေါ်စုပြောတဲ့ ၂၁ ရာစုပင်လုံညီလာခံ။ အဲဒီဟာကို

ကျွန်တော်တို့တိုင်းရင်းသားတွေကလည်းအားလုံးဝိုင်းပြီးတော့ကြိုဆိုထောက်ခံတယ်။ မျှော်လင့်ကြတယ်။ အဲဒါ


ကြောင့် ၂၁ ရာစု ပင်လုံညီလာခံစီစဉ်နေတာ ဒေါ်စုအဖို့ ဘာအခက်အခဲတွေရှိတယ်လို့ထင်လဲ။ ကျွန်တော်တို့ရှမ်းသံတော်ဆင့်သတင်းစဉ်
အပါအ၀င်ပေါ့လေ ကျွန်တော်တို့မီဒီယာအဖွဲ့တွေ ဘာတွေဘယ်လိုကူညီနိုင်မလဲ။ ဘယ်လိုပံ့ပိုးသင့်တယ်လို့ထင်သလဲ။ အဲဒီ ၂၁ ရာစု
ပင်လုံညီလာခံကိစ္စအတွက်ပေါ့ဗျာ။ နံပါတ်သုံးအချက်ကတော့ ကျွန်တော်တို့ပြည်နယ်အတော်များများမှာရှိတဲ့ လက်နက်ကိုင်အပစ်ရပ်
တွေအဖွ့ေ
ဲ ပါ့။ အဲဒီအခန်းကဏ္ဍကို ဘယ်လိုထည့်သွင်းစဉ်းစားမလဲ။ ဒါတွေဘယ်လိုဆက်စပ်မှုရှိမလဲ။ အဲဒါတွေကို ကျွန်တော်တို့သိချင်
ပါတယ်။ မေးချင်ပါတယ်ခင်ဗျာ။

ဖြေ။ ။ ၂၁ ရာစုပင်လုံညီလာခံကိုတိုင်းရင်းသားတွေက ကြိုဆိုထောက်ခံကြတယ် မျှော်လင့်ကြတယ်။ ၀ိုင်းဝန်းပံ့ပိုးချင်ကြ

တယ်ဆိုတာ ကြားရတာ အင်မတန်ကိုအားတက်လှပါတယ်။ ၂၁ ရာစုနှစ်ပင်လုံ၊ ဒုတိယပင်လုံကို စီစဉ်တ့ေ


ဲ နရာမှာ
ကျွန်မတို့အတွက်အကြီးမားဆုံးအခက်အခဲကတော့ နားလည်မှုလွဲမှားနေခြင်းတွေဖြစ်ပါတယ်။ ဒုတိယပင်လုံကို ဦးတည်တာဟာ ထိပ်
တိုက်ရင်ဆိုင်မှုလမ်းစဉ်ဖြစ်လို့ အန္တရာယ်များတယ်လို့ထင်နေတဲ့သူတွေလည်းရှိပါတယ်။ ကျွန်မတို့ရဲ့ရည်ရယ
ွ်ချက်က အမျိုးသားရင်ကြား
စေ့ရေးဖြစ်မြောက်စေဖို့ ပြည်တွင်းပဋိပက္ခတွေချုပ်ငြိမ်းစေဖို့၊ ပြည်ထောင်စုသဘောတရားတွေကို အသေအခြာနားလည်ပြီး၊ ပြည်ထောင်
စုစိတ်ဓာတ်တွေကို ခိုင်မာသန်စမဲ ခက်အခဲကို ကျော်လွှားနိုင်ဖို့ ရှမ်းသံတော်ဆင့်အပါအ ၀င်
ွ်းစေဖို့ဖြစ်ပါတယ်။ နားလည်မှုလွဲမှားခြင်းဆိုတ့အ
မီဒီယာအဖွဲ့တွေကအများပြည်သူနားလည်အောင် ၀ိုင်းဝန်းရှင်းလင်းပေးမယ်ဆိုရင်တော့ ကျွန်မတို့အတွက်အများကြီးအထောက်
အကူဖြစ်မှာပါ။ ကျွန်မတို့ဟာ တိုင်းရင်းသားအားလုံးကို ပြည်ထောင်စုသားတွေအဖြစ် ခိုင်ခိုင်မာမာရပ်တည်စေချင်တာမို့ လက်နက်ကိုင်
အပစ်ရပ်တွေကိုလည်း ၂၁ ရာစုနှစ်ပင်လုံအောင်မြင်အောင်ဖြစ်မြောက်အောင်ယုံယုံကြည်ကြည်နဲ့ ပါဝင်ပြီးတော့ ကူညီကြပါလို့ ကျွန်မက
နေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။

မေးသူ။ ။ မိုင်အိုက်ဖုန်း (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - ဥက္ကဌ)

မေးခွန်း။ ။ ခုလိုဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာ ကျွန်တော်အများကြီးလည်းဝမ်းသာတယ်။ အများကြီးလည်း

ကျွန်တော်အားရပါတယ်။ မေးချင်တာကတော့ ဗမာပြည်နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် သုံးပွင့်ဆိုင်တွေ့


ဆုံဆွေးနွေးရေးကိုများဆက်လက်ပြီးတော့ဆောင်ရက
ွ်နေတာ အစီအစဉ်ရှိပါသလား။ ဆောင်ရက
ြ ္တ့ေ
ဲ နရာမှာလည်း အားလုံးပါဝင်နိုင်တဲ့
အနေအထားတွေ။ အခင်းအကျင်းတွေ၊ စီးဆင်းမှုတွေရှိလားလို့ ကျွန်တော်အဲဒါပဲမေးချင်တယ်။

ဖြေ။ ။ ကျွန်မတို့ကို တိုင်းရင်းသားများက ကြိုဆိုတယ်အားပေးတယ်ဆိုလို့ရှိရင် အစဉ်အမြဲပဲဝမ်းသာလျက်ပါ။ ကျွန်မတို့

လည်း တိုင်းရင်းသားများပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွေ


ဲ တွဖြစ်ဖို့ဆိုတာဟာ နိုင်ငံအတွက် အဓိကကျတဲ့ ကိစ္စတစ်
ခုဖြစ်တယ်လို့ အမြဲပဲစက
ွဲိုင်ထားတာမို့ ဒီအတိုင်းပဲကျွန်မတို့ဖြစ်မြောက်အောင်လို့ ကျွန်မတို့ဆက်ပြီးတော့လုပ်သွားမှာပါ။ ဘယ်တော့မှ
တိုင်းရင်းသားတွေကို ချန်ခြဲ့ ပီးတော့ ကျွန်မတို့သွားမှာမဟုတ်ပါဘူး။ ပြည်ထောင်စုတစ်ခုမှာဆိုလို့ရှိရင် တိုင်းရင်းသားတွေကိုချန်ပြီးတော့
နိုင်ငံရေးအဖြေရှာဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ အဲတော့ ကျွန်မတို့ဟာ တတ်နိုင်သမျှ အများပါဝင်တဲ့ အခင်းအကျင်းတစ်ခုကို
အမြန်ဆုံးဖြစ်နိုင်စေဖို့ကြိုးစားနေပါတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။ အဲဒီလိုအခင်းအကျင်းတစ်ခုဖြစ်ပေါ်ဖို့လည်း အားလုံး
ကနေ၀ိုင်းပြီးတော့ ကူညီပေးကြပါလို့လည်း ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

 
 

မေးသူ။ ။ ကိုဌေးတင် (နယ်သာလန်) (လှိုင် - NLD အဖွဲ့ဝင်)

မေးခွန်း။ ။ အန်တီတို့ပြည်တွင်းမှာ ပင်လုံညီလာခံကိုပြန်လည်ပြီးတော့အကောင်အထည်ဖေါ်ဖို့ကြိုးစားနေတာသိရတဲ့အတွက်

` ၀မ်းသာပါတယ်။ ထို့အတူပဲ ပြည်ပမှာရောက်နေတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေမြန်မာပြည်အရေးဆောင်ရက


ွ်
နေတဲ့မြန်မာပြည်သူပြည်သားတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်တွက် အန်တီ့အနေနဲ့ လုပ်ငန်းစဉ်လေးတခုလောက်ချပေး ရင်
ပိုမိုပြီးတော့ ကောင်းမွန်မလားလို့ ကျွန်တော်ထင်လို့ ကျွန်တော်အန်တီ့ဆီက အကြံဥာဏ်တောင်းခြင်းဖြစ်ပါတယ်။ အန်တီပြန်လည်ပြီး
တော့မှ စဉ်းစားပြီးတော့မှ လုပ်ငန်းစဉ်လေးတစ်ခုလောက်ဝိုင်းဝန်းပြီးတော့လုပ်ကြဖို့အတွက်ချမှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဖြေ။ ။ စောစောကရှမ်းသံတော်ဆင့်အဖွဲ့ကိုပြောတဲ့အတိုင်းပဲ အန်တီတို့ရဲ့ ဒုတိယပင်လုံညီလာခံဖြစ်မြောက်ရေးအတွက်

ဆိုတာဟာ နားလည်မှုတွေပပျောက်သွားအောင်လို့ ၀ိုင်းပြီးတော့ကူညီနိုင်ကြမယ်ဆိုရင်အကောင်းဆုံးပါပဲ။ ဒီလိုဒုတိ


ယညီလာခံ။ ၂၁ ညီလာခံတစ်ခုခေါ်တာဟာ အန်တီတို့ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်အထောက်အကူဖြစ်မယ့်ကိစ္စ။
ထိပ်တိုက်ရင်ဆိုင်ရမယ့်ကိစ္စမဟုတ်ဘူးဆိုတာအဲဒါကို ရှင်းရှင်းလင်းလင်းအများသိအောင်လို့ ၀ိုင်းပြီးတော့ကူညီပေးစေချင်ပါတယ်။
ဖက်ဒရယ်ဆိုတအ
ဲ့ ဓိပ္ပာယ်ကိုလူတွေကသိအောင်လို့။ မကြောက်ကြအောင်လို့။ ပြည်ထောင်စုဆိုတ့အ
ဲ ဓိပ္ပာယ်ကိုသိအောင်လို့။ ပြည်
ထောင်စုစိတ်ဓာတ်တွေမွေးနိုင်အောင်လို့ အဲဒါကိုပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံးကနေပြီး
တော့ပူးပေါင်းဆောင်ရွက်ပြီးတော့ ကြိုးစားပေးကြမယ်ဆိုလို့ရှိရင် အန်တီတို့အတွက် အများကြီးအထောက်အကူဖြစ်မှာပါလို့ ပြောပါရစေ
နော်။

You might also like