Download as pdf or txt
Download as pdf or txt
You are on page 1of 43

1.10.

2011
လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟု ကြေညာ
ရန်ကုန် ၊ဇန်နဝါရီ ။ ၂၀၁၀
မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ လွတ်တော် (၃) ရပ်လုံးကို နေပြည်တော်တွင် လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သည်ဟု ယနေ့ နေ့လည် (၁)နာရီက
ထုတ်ပြန်ကြေညာသွားခဲ့ပါသည်။
ပြည်သူ့လွတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွတ်တော် သုံးရပ်စလုံးကို ၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်း ချက်များအရ နအဖ မှ ကျင်းပပေးသွားမည်ဟု ကြေညာချက်က
ဆိုပါသည်။
၂၀၀၈ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ စတင်ကျင်းပပြီး ၁၅ရက်အတွင်း ပြည်ထောင်စုလွှတ်တော်ကို ကျင်းပပေးရမည် ဖြစ်သည်။
ထို့အတူ ပြည်ထောင်စုပါလီမန်မှ ဒုတိယ သမ္မတ သုံးယောက်ကို ရွေးချယ်ပေးရမည် ဖြစ်ပြီး ထိုသုံးယောက်ထဲမှ တစ်ဦးသည် နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်ခြင်းခံရမည်ဖြစ်ပြီး၊
ကျန်နှစ်ဦးသည် ဒုတိယ သမ္မတအဖြစ် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)
http://saffrontoward.blogspot.com/2011/01/blog-post_10.html
ပင်လောင်းမြို့နယ်မှ ဘိန်းစိုက်တောင်သူတို့ရဲ့ သံသရာ
ဇန်န၀ါရီလ ၁၁၊ ၂၀၁၁ | တနင်္လာနေ့

ဒေသခံတစ်ဦး၏ ရင်တွင်းစကား စာရေးသားပေးပို့ချက်ဖြစ်သည်။

ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စုနှင့် ဖယ်ခုံမြို့နယ် အစပ်တွင် ဘိန်းခင်းစိုက်ပျိုးသည့် ရွာသူရွာသားများ ရှိပါသည်။

လုံးပျဉ်ကျေးရွာရှိ ရ.ယ.က ဥက္ကဌ ဦးဗိုလ်ဒင်နှင့် ရဲနယ်ထိန်း တပ်ကြပ်သန်းထွန်းမှ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ၉ လပိုင်း၊ ၁၀ လပိုင်းနှင့် ၁၁ လပိုင်းတို့တွင် ၎င်းဘိန်းခင်းစိုက်ပျိုးသည့်
ရွာသူရွာသားများအပေါ် ကျပ်ငွေသိန်းပေါင်းများစွာ ကောက်ယူ တောင်းခံထားပြီးဖြစ်သည့်အတွက် ယင်းရ.ယ.က ဥက္ကဌနှင့် ရဲနယ်ထန်းသန်းထွန်းတို့ထံ
ဘိန်းစိုက်ပျိုးခွန်ပေးဆောင်ထားပြီးဖြစ်သည်။

၂၀၁၀ ခုနှစ် ၁၂ လပိုင်းတွင် တောင်ကြီးမြို့တွင်ရှိသည့် ဒုပြည်နယ်မှူးနှင့် အဖွဲ့သား ရဲအင်အား (၆၀) ကျော်ဖြင့် ယင်းဘိန်းစိုက်ခင်းများအား လာရောက် ဖျက်ဆီးခဲ့ပါသည်။ ဤကဲ့သို့
ဘိန်းစိုက်ခင်းများကို လာရောက်ဖျက်ဆီးခြင်းကြောင့် ဘိန်းစိုက်ပျိုးသည့် ဒေသခံများအနေဖြင့် နှစ်ထပ်ကွမ်းအထိနှာစေခဲ့ပြီး အကြီးအကျယ် ဆုံးရှုံးနှစ်နာစေခဲ့ပါသည်။

ရ.ယ.က ဥက္ကဌ ဦးဗိုလ်ဒင်နှင့် ရဲနယ်ထိန်း တပ်ကြပ် သန်းထွန်းတို့ထံ ဘိန်းစိုက်ခွင့် ဘိန်းအခွန်သိန်းချီပေးဆောင်ခဲ့ပြီးဖြစ်သည့်အတွက် တစ်အချက် နှစ်နာမှုဖြစ်သည်။ နှစ်အချက်အနေဖြင့်
ဘိန်းစိုက်ဖို့ ရင်းနှီးခဲ့ရသည့် အရင်းအနှီးမတည်မှုနှင့် ရင်းနှီးခဲ့သည့်အချိန်နှင့် လူအား ငွေအား စသည့်ခွန်အားတို့ အလဟဿဖြစ်သွားပါသည်။

ရဲတပ်ကြပ်သန်းထွန်းမှာလည်း သူ့ဆွေမျိုးများ စိုက်ပျိုးထားသည့်ဘိန်းခင်းများ များစွာရှိပါသည်။ သို့သော် ၎င်းဆွေးမျိုးစိုက်ထားသည့် ဘိန်းခင်းများကို ဖျက်ဆီးခြင်းမပြုလုပ်ပဲ အခြားသော


ဘိန်းခင်းကိုသာ ဖျက်ဆီးပါသည်။

ထို့အတူ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ် အစပ်ရှိ အခြားသောကျေးရွားများဖြစ်သည့် ခေါင်အိကျေးရွာ၊ လွယ်လုံကျေးရွာ၊ ကန်လကျေးရွာ၊ စက်တော်ကျေးရွာ၊ ကောင်ထိုကျေးရွာ၊
ကောင်ဟွပ်ကျေးရွာ စသည့်ကျေးရွားများမှ စိုက်ပျိုးသည့်ဘိန်းခင်းများတွင်လည်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ တောင်ကြီးမြို့ ဒုပြည်နယ်မှူးမှ
တပ်အင်အား (၈၀) ဖြင့် လာရောက်ဖျတ်ဆီးခဲ့ပါသည်။

ထို့နည်းတူ ၎င်းရွာများမှ ဘိန်းစိုက်ပျိုးသည့်သူများမှ ရ.ယ.က ဥက္ကဌနှင့် ရဲနယ်ထိန်းသန်းထွန်းတို့ထံ ကျပ်ငွေ သိန်းပေါင်းများစွာ ဘိန်းခွန် ပေးစောင်ထားပြီး ဖြစ်ပါသည်။ ထို့ထက်မက
ဖယ်ခုံမြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့အားလုံးနှင့် အာဏာပိုင်အဖွဲ့အားလုံး ဘိန်းစိုက်ရန်အခွန်ငွေ ယူပြီးဖြစ်ပါသည်။

ထို့ကြောင်း ဤမတရားသော လုပ်ရပ်များအား အားလုံးသိနိုင်ရန်အတွက် အသိပေးပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

စာရေးသားပေးပို့သူ
တောသားလေး
ပင်လောင်းမြို့နယ်ဒေသခံတစ်ဦး

ရက်စွဲ။ ။ ဇန်န၀ါရီ ၁၁၊ ၂၀၁၁

မှတ်ချက် ။ ။ ဤစာအား ၀ါကျများစီလျှော်အောင် မူရင်းရေးသားပေးပို့သူ၏ စာသားအဓိပ္ပါယ်အတိုင်း ပြန်လည်တည်းဖျတ်ထားပါတယ်။


ပင်လောင်းမြို့နယ်အတွင်းပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လုပ်ရပ်အပေါ် ဒေသခံတစ်ဦး၏ ရင်တွင်းစကား စာရေးသားပေးပို့ချက်
ဇန်န၀ါရီလ ၁၁၊ ၂၀၁၀ | တနင်္လာနေ့

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူလူတွေဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ရဲ့ မတရားဖိနှိပ်မှုတွေ အနိုင်ကျင့်မှုအမျိုးမျိုးခံနေရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲကာလမှာ ပင်လောင်းမြို့နယ်အတွင်းမှာနေထိုင်တဲ့ အသက် ၁၈ နှစ်နှင့် အထက် မဲထည့်ခွင့်ရှိသူအားလုံး PNO ရဲ့ အမှတ်အသားဖြစ်သည့်
နဂါးအမှတ်တံဆိပ်ကို တစ်ခုလျင် ကျပ် ၅၀၀ နှုန်းနဲ့ မ၀ယ်မနေရ အတင်းအဓမ္မ ၀ယ်ခိုင်းခဲ့ပါတယ်။

ယင်းနဂါးအမှတ်တံဆိပ်ကို မ၀ယ်ချင်တဲ့လူမှန်သမျ အရေးယူခြင်းခံမည်ဆိုပြီး နည်းမျိုးစုံနဲ့ မတရားအာဏာသုံးပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပင်လောင်းမြို့နယ်ရှိ ဒေသခံလူထုက


ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ရက် နိုဝင်ဘာလ ၇ ရက်နေ့မှာလည်း ရွာသူရွာသားတွေဟာ အမှန်ခြစ်ပြီးသားဖြစ်တဲ့ မဲပြားတွေကိုသာ ယူပြီးမဲထည့်ပေးခဲ့ရပါတယ်။


မိမိတို့ကျိုက်နှစ်သက်တဲ့ကိုယ်စားလှယ်ကို မိမိတို့ရဲ့စိတ်ဆန္ဒအတိုင်း မဲထည့်ခွင့်မရှိခဲ့ပဲ သူတို့ (PNO) ညွန်ကြားတဲ့အတိုင်းပဲ မဲထည့်ခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲဟာ မိမိစိတ်တိုင်းကျ မဲထည့်ခွင့်မရှိတဲ့အတွက် တရားမျတတဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။ တရားမျတမှုလည်း လုံးဝမရှိခဲ့ပါဘူး။

ယ္ခုဆိုရင်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ PNO ရဲ့ ရန်ပုံငွေဆိုပြီး တစ်အိမ်ကို ကျပ်ငွေ နှစ်သောင်း (၂၀၀၀၀) စီ ထည့်ပေးရမယ်လို့ ဆိုပြန်ပါတယ်၊ ဒီရန်ပုံကို မထည့်မနေရ
ထည့်ရပါတယ်။
အဲဒါနဲ့မပြီးသေးပါဘူး၊ ရှမ်းတောင် နောင်ကားဘော်လုံးပြိုင်ပွဲအတွက် ဆိုပြီးတော့ တစ်အိမ်ကို နှစ်ထောင်ကျပ် (၂၀၀၀) ထည့်ပေးရပြန်ပါတယ်၊ အဲဒါလည်းပဲ မထည့်မနေပါပဲ။ ငွေထည့်ဖို့
သူတို့ချိန်းထားတဲ့ရက်လွန်ရင် ရွာသူကြီးဆီကို စာလုံးအနီရောင်နဲ့ စာရေးလာတာတို့၊ ကျည်ဆံတွေပို့လာတာတို့၊ သူတို့ရဲ့ ယူနီဖေါင်းဝတ်စုံအပြည့်တွေနဲ့ ၀တ်ပြီး ရွာသူကြီးအိမ်ကို
လာရောက်ပြီး ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်တာတို့ စတာတွေ ပြုလုပ်ပါတယ်။

ထိုကဲ့သို့ မတရားဖိနိုပ်မှုတွေ အာဏာသုံးအနိုင်ကျင့်မှုတွေကြောင့် ရွာသူရွာသားတွေက အကြောက်တရားတွေနဲ့ နေထိုင်နေရပြီး အုပ်ချုပ်သူကို တချိန်လုံးကြောက်ရွံ့နေရပါတယ်။

ထို့ထက်မကသေးပါဘူး၊ ယ္ခုတစ်ခါ ပင်လောင်းမြို့နယ် တောင်ပိုင်းကျေးရွာအုပ်စု တိုင်း ရ.ယ.က ဥက္ကဌဆိုတဲ့ ရွာလူကြီးများဟာ တောင်ယာ ခြံ လယ်ယာနဲ့
အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်တဲ့ ရွာသူရွာသားတွေအပေါ် အတင်းအဓမ္မ ငွေတွေတောင်းနေပြန်ပါတယ်။ ၎င်းတို့ငွေတောင်းတဲ့အကြောင်းကို
အခြားမည်သူကိုမှ မတိုင်ကြားရန်နှင့် အထက်က လူကြီးများကိုလည်း မတိုင်ကြားရန် ခြိမ်းခြောက်ပြောဆိုထားခဲ့ပါတယ်။

ဤကဲ့သို့ ရွာသူရွာသားများအပေါ် အကြောင်းမဲ့ မတရားငွေတောင်းတဲ့လုပ်ရပ်တွေကို တာဝန်ရှိတဲ့ အာဏာပိုင်တွေထံ အကြောင်းကြားတိုင်တန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း တစ်စုံတရာ


အရေးယူခြင်းမရှိခဲ့ပါ။ အထက်လူကြီးလို့ခေါ်တဲ့ အာဏာရှိ တာဝန်ရှိသူတွေကလည်း မသိသလို မဖြစ်သလိုပဲ နေကြပြန်ပါတယ်။

ထို့အတွက်ကြောင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်အောင် ပြည်သူလူထုအေးချမ်းသာယာအောင် မည်သည့်တစ်စုံတရာမှ ပြုလုပ်မပေးတဲ့အပြင် ရွာသူရာသားတွေရဲ့ သွေးချွေးနဲ့


ပင်ပင်းပန်းပန်းလုပ်ကိုင်ရှာဖွေပြီး ရလာတဲ့ ငွေတွေကို မတရားအတင်းအဓမ္မတောင်းယူ ကောက်ခံနေတဲ့ ယ္ခု လုံးပျဉ်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNO အဖွဲ့ဝင်
ဦးမောင်တီး နဲ့ ဦးတီးတဲ (ရ.ယ.က) ဥက္ကဌ ဦးဗိုလ်ဒင် တို့အား အထက်လူကြီးတို့ အရေးယူနိုင်ရန်နှင့် အားလုံးသိစေရန်အတွက် (…….. ..) သတင်းဌာနသို့ ဤစာဖြင့်
ရေးသားပေးပို့ရခြင်းဖြစ်ပါသည်။

ဤစာလေးကို လူသိအောင် ဖေါ်ပြပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

စာရေးသားပေးပို့သူ
တောသားလေး
ပင်လောင်းမြို့နယ်ဒေသခံတစ်ဦး

ရက်စွဲ။ ။ ဇန်န၀ါရီ ၁၁၊ ၂၀၁၁

မှတ်ချက် ။ ။ ဤစာအား ၀ါကျများစီလျှော်အောင် မူရင်းရေးသားပေးပို့သူ၏ စာသားအဓိပ္ပါယ်အတိုင်း ပြန်လည်တည်းဖျတ်ထားပါတယ်။


http://taunggyitime.blogspot.com/

တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀၊ ၂၀၁၁


0 စစ်အာဏာရူးလက်ထက်မှာ ရှင်သန်နေတဲ့ တောင်ငူမြို့ရဲ့ မိုးကျရွှေကိုယ် ခင်မောင်အေး နဲ့တောင်ငူနှစ် ၅၀၀ ပြည့်အလွဲများ

ဗိုလ်ချူပ်ကတော်တွေရဲ့ ရှယ်ယာတွေကို နံမည်ခံပြီး လုပ်ကိုင်ပေးနေတဲ(CB


့ bank) သမ၀ါယမဘဏ် လီမိတက် ဥက္ကဌ ဦးခင်မောင်အေး

တောင်ငူမြို့ရဲ့အထင်ကရ နေရာ တော်တော်များ ခင်မောင်အေး ဆိုတဲ့ကောင်မျက်စိကျရင်အကုန် ဖြစ်တယ်.တိုင်းမှူးလောက်နဲ့တော့ တက်မလာနဲ့ပေါ့.သူရဲ့နောက်မှာက


အာဏာရူးကြီးသန်းရွှေကတော်မကြိုင်တို့ဝန်ကြီး ဗိုလ်ချူပ် ကတော်တွေရဲ့ ရှယ်ယာတွေက ဒီကောင်ကိုစိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးထားတော့ မိုးကျရွှေကိုခင်မောင်အေး
အတွက်တော့အေးဆေးပေါ့ .ဒါပေမဲ့ ဒီကောင်နဲ့ပတ်သက်လို့အများစုခံလိုက်ရတာက ပြည်သူတွေပဲပေါ့ဗျာ.သူငယ်ချင်းတစ်ယောက်ရဲ့စကားတစ်ခုရှိတယ်
ခင်မောင်အေးဆိုတဲ့ကောင်ကသူရဲ့ကားနောက်မှာ ပိုက်ဆံလုပ်တဲ့စက်များပါလာလားမသိဘူးတဲ.ထင်
့ လဲထင်လောက်ပါတယ်.

ပြီးတော့ တောင်ငူမြို့ရဲ့နှစ်၅၀၀ပြည့်ပွဲတော်ကြီးနော်..မန္တလေးမှာတောင်နှစ်၁၅၀ပြည့်ပဲ ရှိသေးတာ၊နှစ်ပေါင်း ၃၅၀တောင်ကွာတယ်ဗျာ... .

ဒီသမိုင်းတွေကိုမလေ့လာပဲကျင်းပသွားတာ.ဆင်ပိန်လေး၃ကောင်၊မြင်းပုကအကောင်၃၀လောက်နဲ့လူတွေကအရပ်သားတွေကိုနေ့စားပေးပြီး၊
ကျန်တဲ့သူတွေကကျောင်းသားကျောင်းသူတွေနဲ့ပညာရေးကောလိပ်ကဆရာမပေါက်စလေးတွေနဲ့ကျင်းပသွားတာပါ.။ရယ်စရာအတော်ကောင်းပါတယ်ဗျာ။ဘုရင်နဲ့မိဖုရားကိုဝေါယာဉ်ပေါ်
တင်ထားတယ်လေ၊ ရဲမက်၈ယောက်ထမ်းရတာ ထမ်းရတဲ့ရဲမက်တွေကအောက်ကလျှာတွေထွက်လို့ပေါ့.။ ၀န်ထမ်းတွေကတော့သိတဲ့အတိုင်းပဲ ဒီလိုပွဲမျိုးမတက်လို့မရဘူးလေ၊
စိတ်မပါလဲတက်ရတာပဲကို။ ရဲမက်တွေ ကိုင်တဲ့လက်နက်ကိုဗျာ .ကဒ်ထူစက္ကူ တွေကိုဆေးသုတ်ပြီး ဒိုင်းပုံစံလုပ်ပေးထားတယ် လှံကျတော့လည်း ၀ါးလုးံကို ဆေးနီသုတ်ပေးထားတယ်လေ
..
တောင်ငူမြို့ရဲ့နှစ်၅၀၀ပြည့်ပွဲတော်မှမြင်ကွင်းတခု Photo.(taungoo City facebook)

နူတ်ခမ်းမွှေးကိုလဲလိုင်နာအမဲတွေနဲ့ချယ်ထားတာ စဉ်းစားတာကြည့်ပေတော့ ချွေးတွေကထွက်တော့ ပျက်တဲ့ဟာကပျက်ပေါ့.....


တောင်ငူမြို့ရဲ့နှစ်၅၀၀ပြည့်အလွဲတွေများ.တကယ်ဆိုဖြစ်ရမှာက နှစ်၅၀၀ပြည့်မှာ ကိုယ့်ရှင်ဘုရင်တွေ အုပ်ချုပ်သွားတဲ့ခေတ်ကို လွမ်းဆွတ်တမ်းတပြီးအောင်မေ့သတိရရမှာလေ
.အခုဟာကရယ်စရာဖြစ်နေတယ်လေ .ကေတုမတီမှာအုပ်စိုးသွားတဲ့ရှင်ဘုရင်တွေသာ ရှင်သန်ထမြောက်လားရင် မင်းလားကွ ခင်မောင်အေးဆိုပြီး ပါးရိုက်ခံရမှာသေချာတယ် ....

.မန္တလေးမှာကျင်းပသွားတဲ့နှစ်၁၅၀ပြည့်နဲ့တောင်ငူမှာခင်မောင်အေးကျင်းပတဲ့နှစ်၅၀၀ပြည့်ပွဲလေးကတော့ပြောလို့မဆုံးတော့ဘူးဗျာ။

မြို့တစ်မြို့ရဲ့သမိုင်းဆိုတာ ရမ်းပြီးလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေ မန္တလေးနှစ်၁၅၀ ဆိုတာက မျိုးဆက် သိပ်မခြားသေးဘူး ..တောင်ငူနှစ်၅၀၀ပြည့်ဆိုတာက မျိုးဆက်


၅ဆက်လောက်ခြားသွားပြီး မှီတဲ့သူမရှိတော့ဘူး။ တကယ်ဆို ရင် တောင်ငူမြို့ရဲ့မြို့ခံစာပေပညာရှင်တွေ မေးမြန်းတိုင်ပင်ရမယ်..
ပြီးတော့သမိုင်းပညာရှင်တွေဆီကအချက်အလက်အထောက်အထားတွေအကြံဥာဏ်တွေမေးမြန်းတောင်းဆိုရမယ်။
အခုဟာကတောင်ငူတက္ကသိုလ်ကသမိုင်းဆရာတွေနဲ့သူနဲ့ပနာကျတဲ့စာရေးဆရာတွေနဲ့တိုင်ပင်ပြီးလုပ်သွားတာ။ အဲ့ဒီသူတွေကတောင်ငူသမိုင်းကို ဃဃဏဏသိသိတာလဲ
မဟုတ်တောင်ငူသားမဟုတ်တော့ ပိုဆိုးသွားတာပေါ့ဗျာ ။

ဒီလိုနဲ့ဘုရင်မိဖုရားကအခြွေအရံတွေနဲ့မြို့ထဲကိုလှည့်လည်တယ့်ပေါ့..အဲ့ဒီသူတွေရဲ့နောက်မှာကခင်မောင်အေးနဲ့တိုင်းမှူးက ကားပေါ်မှာအတူတူပေါ့ လမ်းတွေကပိတ်ထားတယ်လေ


မမြင်ချင်လဲမြင်နေရတာပါ။ တောင်ငူမြို့ရဲ့အနောက်ဘက်မှာ စစ်အုပ်စုမိန်းမတွေရဲ့ ရှယ်ယာတွေနဲ့ဆောက်လုပ်ဖွင့် လှစ်ထားတဲ့ တော်ဝင်ကေတုမတီဟိုတယ်ရှိတယ်..
စစ်အာဏာရှင်တွေပျော်ရွှင်စံမြံရာနေရာလေးဖြစ်နေတာပေါ့ .။အိမ်တွေခြံမြေတွေ ဘုန်းကြီးကျောင်းတွေ ဒီကောင့်ဟိုတယ်နားနီးရင်မျက်ခုံခက်လှုပ်လှုပ်ပဲ ဆွဲသိမ်းပြစ်တာပဲ ...။
တစ်လောကဖြစ်သွားတဲ့အဖြစ်လေးပါ..အိမ်တွေဆောက်ထားတဲ့မျက်နှာစာဘက်ကလှမ်းမဖေါက်ပဲအိမ်နောက်ဖေးမှာလမ်းသွားဖေါက်တာလေ.။
အဲ့ဒီလမ်းထဲနေတဲ့အိမ်ပိုင်ခြံပိုင်တွေဒုက္ခရောက်တာတော့တာပဲဗျာ ။ဘာလို့လဲဆိုတော အိမ်နောက်က အိမ်သာတွေကိုအိမ်ရှေ့ကိုရွှေ့ခိုင်းတယ်လေ ပြည်သူကတော့ဘယ်တတ်နိုင်မလဲဗျာ

တောင်ငူမြို့ရဲ့အထင်ကရနေရာများဖြစ်တဲ့လေးကျွန်းကန်တော်ကြီကိုလည်းဝယ်လိုက်ပြီလို့သတင်းတွေထွက်နေတယ်။
မြို့လည်မှာလည်းဒီကောင်လက်လွတ်တယ်ဆိုတဲ့နေရာသိပ်မရှိတော့ဘူး..မြို့တစ်မြို့မှာတိုးတက်တယ်ဆိုတာလက်ခံလို့ရပါတယ်.ဒါပေမယ့်စစ်အာဏာရူးတွေရဲငွေတွေကဘယ်သူငွေတွေ
လည်းပြည်သူ့ငွေတွေပေါ့။အဲပြည်သူငွေကိုကိုင်ပြီှး စစ်ဗိုလ်ချူပ်တွေရဲ့ကတော်တွေက ဒီကောင့်ကိုအမည်ခံခိုင်းပြီးလုပ်ကွက်တွေကိုချပေးနေတာပေါ့။ CB bank
ကိုလည်းဒီကောင်ဘဲအမည်ခံထားတာပါ။

တောင်ငူမြို့ကသူ့အမည်ခံဟိုတယ်ကိုတခေါက်လာရင်ရန်ကုန်ကမင်းသမီး(၂)ယောက်လောက်ကမြဲပါလာတက်တယ်..တောင်ငူမြို့ရဲ့ရွှေဆံတော်ဘုရားကြီးဆေးရုံဘူတာ..အဲ
့ဒီနေရာမျိုးမှာမီးပျက်တယ်..ဒီကောင် ဟိုတယ်မှာမီးမပျက်ဖူး..အာဏာရူးလက်ထက်မှာကိုယ်အရှိန်ဝါတဖိတ်ဖိတ်တောက်နေတဲ့ ကောင် ဆိုတော့ လည်းဒီလို ပေါ့ဗျ
ာ..စစ်အာဏာရှင်လက်ထက်မှာလက်ညိုးညွှန်ရာရေ ဖြစ်တယ်ဆိုတဲသူတွေထဲမှာဒီကောင်လည်း ရှေ့ဆုံးကပါတယ်..တနေ့ နေ့တချိန်ချိန်မှာတော့ တောင်
ငူမြို့သူမြို့သားတွေရဲ့ရာဇ၀င်တင်ခဲတဲ့ အကြွေးတွေကို ပြန်တောင်းရအုံးမှာပေါ့

အောင်မောင်း8888(ပြည်တွင်း)
တပ်ချုပ်ကြီးရဲ့သမီးမင်္ဂလာဆောင်ပြီးတော့ ဒုတိယမြောက်ကျင်းပမဲ့ စိန်စီသောည

အာဏာရူးသန်းရွှေရဲ့  သမီး သန္တာရွှေရဲ့  မင်္ဂလာဆောင်တုန်းက စိန်တွေ သီးနေအောင်ဝတ်ပြထားတာ စိန်စီသောညဗီဒီယိုအခွေကြောင့် ကမ္ဘာတ၀ှမ်းသိသွားပြီး


အမြင်ကတ်ရူတ်ချလူသိများခဲ့ပါတယ်. ပြည်သူလူထုငတ်ပြတ်ဆင်းရဲတွင်းနက်နေချိန်မှာ အာဏာရှင်မိသားစုရဲ့ မတရားကြွယ်ဝချမ်းသာမှုကို
အဲဒီအခွေထဲမှာတွေ့မြင်ကြည့်လိုက်ရတဲ့သူတိုင်း ဒေါသထွက်ကြပါတယ်။

စိန်စီသောညမင်္ဂလာဆောင်တွင်ဝတ်ဆင်ထားသော အာဏာရူးသန်းရွှေ ..သမီး သန္တာရွှေရဲ့စိန်တွေဟာမင်္ဂလာဆောင်အပြီး နောက်ဆက်တွဲဇာတ်လမ်းဖြစ်တဲ့ ငါးလောင်းပြိုင်


လူသတ်မှုနဲ့လည်းစပ်ဆက်နေတယ်လို့သိရပါတယ်. သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ သမီးဖြစ်သူအတွက် ဒီစိန်တွေကို ငှားရမ်းထားပြီးရာမှ ပြန်လည် မပေးဆပ်ခဲ့လို့ သာ ဒီ
မှုခင်းဖြစ်ပေါ်ရခြင်းရဲ့  အကြောင်းရင်းလို့ လူပြောများနေကြပါတယ်။ စိန်စီသောညဗီဒီယိုကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်။

လုပ်တာလည်းကြည့်လုပ်ကြဦး မင်းသမီးတို့ ရယ်။စိန်စီသောညထက်သာသွားရင် ချုပ်ချုပ်ကြီး အမျက်ရှနေဦးမယ်။

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့မင်္ဂလာဆောင်ပွဲက လက်ဝတ်ရတနာဖိနပ်ကအစ သက်ဆိုင်ရာလုပ်ငန်းရှင်တွေက စပွန်စာပေးထားတာဖြစ်ပြီး ဘယ်သူ့ဆီကမှ ဓါးပြတိုက်ထားတာမဟုတ်ပါ


.
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ပွဲက ပွဲ ၆ ပွဲ ဆိုလို့  ကြီးကျယ်လှချည်လားလို့ လူပြောများ ဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်.

၁. ဇန်နဝါရီ ၁ ရက်နေ့ မှာအိန္ဒြာကျော်ဇင် အိမ်မှာ တောင်းရမ်းတယ်


၂. ဇန်နဝါရီ ၄ ရက်နေ့ မှာ ထရိတ်ဒါးမှာ လက်မှတ်ထိုးတယ်
၃. ဇန်နဝါရီ ၁၅ ရက်နေ့ မှာ မဟာစည်မှာ ဆွမ်းကျွေးတယ်
၎. ဇန်နဝါရီ ၁၆ ရက်နေ့ မှာ ဘိသိတ်ပွဲကို စထရင်းမှာ လုပ်တယ်
၅. ဇန်နဝါရီ ၂၀ ရက်နေ့ မှာ ဆီဒိုးနား မှာ မင်္ဂလာပွဲလုပ်တယ်
၆. ဇန်နဝါရီ ၂၁ ရက်နေ့ မှာ အင်းယားလိပ်မှာ ဒင်နာ ပေးတယ်
အပေါ်(၄)ပွဲက သူတို့မိသားစုနဲ့ရင်းနှီးတဲ့မိတ်ဆွေနည်းနည်းနဲ့အကျဉ်းချုံးပြုလုပ်မှာဖြစ်ပြီး အောက်က၂ပွဲကလည်း စပွန်စာတွေရှိတယ်လို့သိရပါတယ်။ သူတို့ကို လုပ်ငန်းရှင်တွေက
စပွန်စာပေးချင်လွန်းနေတာပါ။ သူတို့မင်္ဂလာပွဲကရတဲ့ အကျိုးအမြတ်တွေကို ပြေတီဦးပညာရေးဖောင်ဒေးရှင်းကိုလှူမယ်လို့လည်း မီဒီယာမှာပြောသွားပါတယ်။

photo/ MMCP(Batoe)

သတင်းအကျဉ်းချုပ် ...

at 6:59 PM 1 comments Posted by than htut

0 အိန္ဒိယနိုင်ငံ မဟာဗောဓိစေတီဝင်းအတွင်း တပ်ချုပ်ကြီးနှင့် ဒေါ်ကြိုင်ကြိုင် လှူဒါန်းထားတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်...


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ် အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာရှိတဲ့ မဟာဗောဓိ စေတီတော်ကြီး အတွင်း ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်ရှေ့က မြင်ကွင်း
ဓာတ်ပုံတွေနဲ့အတူ အဆိုပါ ဗောဓိညောင်ပင် ရှေ့တည့်တည့်မှာ တပ်ချုပ်ကြီး မိသားစုမှ ကဗ္မည်းထိုး လှူဒါန်းထားပါတယ်။

အဆိုပါနေရာဟာ စေတီတော် အနောက်ဖက်တည့်တည့် ဗောဓိညောင်ပင်ရဲ့ နေရာကောင်းမှာ လှူဒါန်းထားခြင်း ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တပ်ချုပ်ကြီးနဲ့ မိသားစု အဆိုပါ
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေရာရှိ မဟာဗောဓိစေတီတော် အရှေ့တည့်တည့်မှာ ဓာတ်ပုံရိုက်ယူခဲ့တဲ့ ပုံတစ်ချို့မှာတော့ ဒေါ်ကြိုင်ကြိုင်မှ ဖိနပ်စီးထားပြီး.. တပ်ချုပ်ကြီးမှ
အမြင်မတော်ဖွယ်ရာ စေတီတော် ဝင်းအတွင်း ပုဆိုးကိုမလျှက် လှည့်လည်ကြည့်ရှုနေတဲ့ ပုံများဖော်ပြပါရှိနေပါတယ်...။ အဆိုပါ ဓာတ်ပုံများမှာ ဖော်ပြပါရှိတဲ့ နိုင်ငံခေါင်းဆောင်ဆိုတဲ့
မိသားစုတွေရဲ့ မြင်ကွင်းများနဲ့ ပတ်သတ်ပြီး အိန္ဒိယနိုင်ငံမှာ သီတင်းသုံး နေထိုင်နေတဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်ဦးထာဝရနဲ့
ဆက်သွယ်မေးမြန်းချက်အား တင်ပြလိုက်ရပါတယ်...။

မေး.. အရှင်ဘုရား ပြီးခဲ့တဲ့နှစ်က ဗိုလ်ချုပ်သန်းရွှေရဲ့ အိန္ဒိယနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ မြင်တွေ့ရတဲ့ ဓာတ်ပုံတွေထဲက အကြောင်းအရာတစ်ချို့နဲ့ ပတ်သတ်ပြီး အရှင်ဘုရားရဲ့
အမြင်ကို ဖြေကြားပေးပါစေချင်ပါတယ်...

အရှင်ထာဝရ... ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ဘုရားကျောင်းဝင်းအတွင်းမှာ ဖိနပ်စီးခွင့် မရှိပါဘူး..။ လက်နက်ကိုင်ဖို့ဆိုတာ ပိုပြီးတော့ ဝေးတာပေါ့။ အခုလို ဒေါ်ကြိုင်ကြိုင်
ကနေပြီးတော့ ဘုရားပွင့်တဲ့နေရာ မဟာဇောဓိစေတီတော်ရှေ့မှာ ဖိနပ်စီးပြီး ဓာတ်ပုံ အရိုက်ခံတာကတော့ အင်မတန်မှ အရုပ်ဆိုး အကျဉ်းတန်ပါတယ်။ နောက်တစ်ခုက ဦးဇင်းတို့
ဘုရားရှင်လက်ထက်က သာဓက တစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဗိမ္မိသာရမင်းကြီးဟာ သူဟာဆိုရင် ကျောင်းဝင်းအတွင်းမှာ ဖိနပ်စီးခဲ့တဲ့ ဝဋ်ကြွေးကြောင့် သူဟာဆိုရင် အရှင်လတ်လတ်
သူရဲ့ဖြေဖဝါးကို ဓားခွဲခံရတဲ့ သာဓကတွေရှိပါတယ်.. ဦးဇင်းတို့ ဘုရားဗုဒ္ဓဝင်တွေမှာပါ။ ဒီကိစ္စမျိုးကြည့်မယ်ဆိုရင်တော့ ဒေါ်ကြိုင်ကြိုင်ဟာ ယခုဘဝမှာ မခံစားရရင်တောင် လာမယ့်ဘဝမှာ
ဒီကိစ္စကို အပြည့်အဝခံစားရလိမ့်မယ်လို့ ဦးဇင်းအနေနဲ့မြင်တယ်။ နောက်သူတို့က အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့
အတွက်ကြောင့် မိစ္ဆာဒိဋ္ဌိအယူလည်း ဖြစ်နေတယ်လို့ ဦးဇင်းတော့ မြင်တယ်။ နောက်တစ်ခုက ဦးဇင်းတို့ ရဟန်းသံဃာ တွေတောင် ဘုရားဝတ္တက မြေမှာ ဘုရားပေါ်တက်တဲ့
အခါဖိနပ်ချွတ်ပြီး ပူဇော်ကြပါတယ်.။

နောက်ပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်လို့ .. ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်လို့ ပြောနေတဲ့ဗိုလ်ချုပ်သန်းရွှေက ဘုရားဝတ္တကမြေမှာ ပုဆိုးကြီးမပြီး လမ်းလျှောက်တာ တော်တော် ကို
အရုပ်ဆိုး အကျဉ်းတန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ဘုရားမြေပေါ်မှာ မလုပ်ကောင်းတာတွေ လုပ်နေတယ်လို့ပဲ ဦးဇင်းတော့မြင်တယ်..။ နောက်တစ်ခု ပြန်ကြည့်မယ်ဆိုရင်
ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းက ဦးဇင်းတို့ ရဟန်း၊ သံဃာတွေက မိုးထဲရေထဲမှာ လုံးဝဖိနပ်မစီးပဲနဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ မေတ္တာပို့
ဆုတောင်းပွဲတွေ ပြလုပ်ခဲ့တယ်။ ဒါကို ပြန်ကြည့်ချင်းအားဖြင့် ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားမြေတွေ အထွတ်အမြတ်ထားရာ နေရာတွေမှာ ဘယ်လောက်အထိ
အလေးအနက်ထားတယ် ဆိုတာသိမြင်နိုင်ပါတယ်.. ။ အဲ့ဒီတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်လို့ ပြောနေသူတွေ ပိုပြီးတော့ အလေးအနက်ထားသင့်တယ်လို့ ဦးဇင်းတော့
ပြောချင်ပါတယ်ဟု အရှင်ထာဝရမှ ပြောဆိုသွားပါတယ်။

မေးမြန်းချက်များ ဖြေကြားပေးတဲ့ အရှင်ထာဝရနဲ့ ဓာတ်ပုံများ ပေးပို့လာတဲ့ KO Y အားကျေးဇူးတင်ပါသည်။

ဘုရားရှင်လက်ထက်က အဇာတသတ်မင်းကြီးဟာ ဖခင်ဗိမ္မိသာရမင်းကြီးကို သတ်မိသည့် ကံကြောင့် မည်သို့ပင် ကောင်းမှုကုသိုလ်များ ပြုလုပ်ပါသော်လည်း ထိုအဖကိုသတ်မိသည့်


ကံကြီးထိုက်မှုကြောင့် နောက်ဆုံးမှာ အပယ်သို့ ကျရောက်ခဲ့ရပါတယ်။ ထို့အတူ ထိုသို့ ကံကြီးထိုက်လောက်သော သံဃာသင်းခွဲမှု၊ ရဟန်းသံဃာများအား သတ်မိသည့် ကံကြီးများ
ကျူးလွန်မိသူများ အဖို့တော့ မိမိတို့လှူဒါန်းပြုမူတဲ့ ကုသိုလ်ကံတွေက တားဆီးနိုင် မတားဆီးနိုင် ဆိုတာကိုတော့ စဉ်းစားချင်ချိန်စရာ ဖြစ်ပါပေတော့သည်။

ဒီမိုဝေယံ...
http://www.dawnmanhon.com/
DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်
ဧရာဝတီ Monday, 10 January 2011 18:25

ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင်
ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။
ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင်
စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ
တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့်
ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး
၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့
လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက်
ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ


တပ်ဘက်မှ လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ
ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင်
၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ


ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက်
ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့်
မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄)
ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို
ဝ DKBA KNU ( -၀ ) ပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့်
ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု
အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNU ပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့်
ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

၎င်းက ဆက်လက်ပြီး“လက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု
များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။

တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့်
စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ
တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။

မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကိုရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ထားသဖြင့် အခြားတောလမ်းများမှ
လာရောက်ရန်ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁
၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅
တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ယခုလကုန် လွှတ်တော်ခေါ်မည်
ဧရာဝတီ Monday, 10 January 2011 18:16

စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ရပ် နောက်ဆုံး အဆင့်ဖြစ်သော လွှတ်တော် ခေါ်ယူမည့် နေ့ကို ဇန်န၀ါရီလ ၃၁ ရက်နေ့ဟု သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် ရေဒီယိုက ယနေ့
ကြေညာလိုက်ပြီ ဖြစ်သည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျက် ရှိသည့် သမ္မတ
အိမ်တော်နှင့် အမျိုးသား လွှတ်တော် အဆောက်အအုံကို မကြာမီ
ဖွင့်လှစ်သွားမည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် လွှတ်တော်အသီးသီးအတွက်


ရုံးအဖွဲ့များအား စစ်တပ်မှ အရာရှိများကို ခန့်အပ်မည် ဖြစ်သောကြောင့်
ရုံးလုပ်ငန်း သင်တန်းကို ယခုလအတွင်း နေပြည်တော်တွင် ဖွင့်လှစ်
ပို့ချရန် စီစဉ်နေကြောင်း သတင်းတပ်ဖွဲ့မှ အရာရှိတဦးက ပြောသည်။

“လွှတ်တော်နဲ့ သမ္မတရုံးအတွက် ရုံးလုပ်ငန်းတွေလုပ်ဖို့ တပ်မတော်က


အရာရှိတွေကို ဒီလထဲမှာ သင်တန်း ၂ ပတ်ပေးပါမယ်” ဟု ၎င်းက
ဆိုသည်။

အဆိုပါသင်တန်းအတွက် သင်တန်းသား အရေအတွက် မည်မျှ


လျာထားကြောင်းကိုမူ မသိရသေးကြောင်း၊ အဆိုပါ ရုံးလုပ်ငန်း
သင်တန်းကို ဗိုလ်မှူးအဆင့်မှ တပ်ကြပ်ကြီးအဆင့် အပါအ၀င် စစ်တပ်မှ
အရာရှိ၊ အရာခံများ တက်ရောက်ကြရမည် ဖြစ်ကြောင်း သူက
ဆက်ပြောသည်။
( - Getty Image)
“လွှတ်တော် ရုံးအဖွဲ့မှူးတွေ၊ ရုံးအဖွဲ့ တာဝန်ယူမယ့် သူတွေက
ဒီလွှတ်တော်သက်တမ်း ၅ နှစ်ပြီးရင် စစ်ဘက်ပြန်သွားချင်ရင် ပြန်သွားလို့ရတယ်လို့ ပြောတယ်။ အများအားဖြင့် ဗိုလ်သင်တန်း အပတ်စဉ် ၄၅ ကနေ ၅၀ အတွင်း တက်ခဲ့တဲ့သူတွေ
ပါမယ်လို့ သိရတယ်” ဟု သတင်းတပ်ဖွဲ့ အရာရှိက ပြောသည်။
လွှတ်တော် ခေါ်ယူသည်နှင့် တပြိုင်နက်တည်း နေပြည်တော်ရှိ နိုင်ငံတော် အဆောက်အအုံ စီမံကိန်းများကိုလည်း ၂၀၁၁ အတွင်း ဆက်တိုက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၁ ခုနှစ်အတွင်း နေပြည်တော် လယ်ဝေးမြို့နယ်နှင့် အေလာမြို့နယ်တို့တွင် ထပ်မံတိုးချဲ့ တည်ဆောက်လျက်ရှိသည့် နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား
လည်းကောင်း၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမော်ကွန်းတိုက်၊ အမျိုးသား ပြတိုက်တို့အားလည်းကောင်း ဖွင့်လှစ်ရမည်ဟု သိရသည်။

၎င်းအပြင် ၂၀၁၁ ခုနှစ်လယ်ပိုင်းတွင် ၂၀၁၃ ဆီးဂိမ်း အားကစားပွဲတော်အတွက် ဆောက်လုပ်နေသည့် နိုင်ငံတကာ အဆင့်မီ အားကစားကွင်းကြီးများ ဖြစ်သော လူ ၃၀၀၀၀ ဆံ့
အားကစား ရုံကြီး ၂ ရုံ အပြင် တခြား အားကစားရုံများနှင့် ရန်အောင်မြင် အပြည်ပြည်ဆိုင်ရာ ဂေါက်ကွင်းတို့အားလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ
တာဝန်ရှိသူက ဆိုသည်။

၂၀၁၃ ခုနှစ် ဆီးဂိမ်း အားကစားပွဲတော်သို့ လာရောက်မည့် နိုင်ငံတကာ အားကစား အဖွဲ့အသီးသီးနှင့် ပြည်ပ ဧည့်သည်များ တည်းခိုနိုင်ရေးအတွက် ရည်ရွယ်၍ နေပြည်တော်
ဒက္ခိဏမြို့နယ် ဟိုတယ်ဇုန်၌ နိုင်ငံတကာအဆင့်မီ အထပ်မြင့်ဟိုတယ် ၁၉ လုံး အားလည်း ၂၀၁၁ အတွင်း အပြီး တည်ဆောက်ရမည်ဟု သိရသည်။

အပန်းဖြေစခန်းများအဖြစ် နေပြည်တော်၌ တည်ဆောက်လျက်ရှိသည့် ဆာဖာရီ သဘာဝ တောတွင်းဥယျာဉ်ကြီး၊ ငါးပြတိုက်၊ နေပြည်တော် ပျဉ်းမနားမြို့ ဘောဂသိဒ္ဓိရပ်ကွက်၌
တည်ဆောက်နေသည့် ကျောက်စိမ်းဥယျာဉ် တို့ကိုလည်း ၂၀၁၁ ခုနှစ်အတွင်း ဖွင့်လှစ်ရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆိုသည်။

ဧရာဝတီသတင်းထောက် ဟိန်းသူနှင့် စည်သူ ရေးသည်။


စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စိုးရိမ်
ဧရာဝတီ Monday, 10 January 2011 17:01

စစ်အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းမည် ဆိုသောသတင်း ပျံ့နှံ့လျက်ရှိရာ မြန်မာပြည်သူများ စိုးရိမ်ပူပန် နေကြကြောင်း သတင်းရရှိသည်။

ဧရာဝတီက ရန်ကုန်မြို့နေ လူတန်းစား အလွှာအသီးသီးမှ လူဦးရေ ၁၀၀ ကို တွေ့ဆုံ မေးမြန်း စစ်တမ်းကောက်ယူခဲ့ရာ လူ ၉၀ က ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့၏
ဆွေမျိုး၊ သားသမီး များကိုသော် လည်းကောင်း စစ်မှုမထမ်း စေလိုကြောင်း ပြောဆိုခဲ့ကြပြီး ၅ ဦးမှာ အဆိုပါ ဥပဒေကို အားပေးပြီး ကျန် ၅ ဦးက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့်
၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ
ပြုစုထားကြောင်း၊ ၎င်း ဥပဒေကို ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ တဦးက
ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ်


ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း၊
စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃
နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး
ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကိုယ်
ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ်
ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့်


သားသည် မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ
နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊ ထောင်တွင်းအကျဉ်းကျ ခံနေရသူများနှင့်
သက်ကြီးရွယ်အိုများကို စောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို
၀၀ (Getty Images) ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက်ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည်
ဟုလည်း AP သတင်းတွင် ရေးသားထားသည်။

“ဒီသတင်းစပျံ့ နေတာက တော်တော်ကြာပြီ။ ဒီဇင်ဘာလကုန်လောက် ကတည်းက လူပြော တော်တော်များတယ်။ အင်တာနက်၊ Facebook တွေမှာလည်း ရေးသား ပြောဆိုတာတွေ
ရှိတယ်။ ဒီသတင်းထွက်တော့ လူတွေ တော်တော် စိတ်ပူကုန်တယ်။ အဓိက စစ်မှုမထမ်းချင် ကြဘူး” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပြည်သူအများစုသည် စစ်တပ်ကို မုန်းတီးနေခြင်းကြောင့် စစ်မှုမထမ်းလိုခြင်းဖြစ်သည်ဆိုသည့် သုံးသပ်မှုများ ရှိသည်။

“လူထုကြားထဲမှာ စစ်တပ်ကို မုန်းတဲ့စိတ်၊ နာကြည်းတဲ့စိတ်က မျိုးဆက်လိုက် လက်ဆင့်ကမ်းလာသလို ဖြစ်နေတယ်။


၈၈ အရေးအခင်း နဲ့ ၂၀၀၇ အရေးအခင်း ကာလ မတရား ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတော့ စစ်ဗိုလ်ချုပ်တွေကို မုန်းနေတယ်။ စစ်သားမြင် ဆဲချင်နေကြတယ်” ဟု ရန်ကုန်မြို့ခံ
ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အသက် ၁၈ နှစ်အထက် သား ၂ ဦးရှိသော အသက် ၅၀ အရွယ်ရှိ မိခင် တဦးကလည်း သူ၏ သားများကို စစ်မှု ထမ်းခိုင်းမည် မဟုတ်ဟု ပြောသည်။

“သူတို့ဟာသူတို့ ဘယ်လို ဥပဒေပဲ ပြဋ္ဌာန်းပြဋ္ဌာန်း ကျမ သားတွေကိုတော့ စစ်ထဲမပို့နိုင်ဘူး။ ခဏလည်း မပို့ဘူး၊ အမြဲလည်း မပို့ဘူး။ ကျမလိုပဲ မိဘတိုင်းမှာ ဒီလို စိတ်ရှိမှာပဲ။ အမြင်တူတဲ့
မိဘတွေစုပြီး ကန့်ကွက်မယ်။ မရရင် အသေခံ ဆန္ဒပြဖို့ပဲ ရှိတယ်။ ဒါက သားသမီးအရေး ဖြစ်လာပြီ။ ကျမတို့ ရင်ခွင်ထဲက ကလေးတွေကို ဆွဲထုတ်သလို ခံစားရတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့ခံ သတင်းထောက် တဦးကမူ စစ်မှုမထမ်းမနေရ ဆိုသော ဥပဒေ အမှန်တကယ် ထုတ်ပြန် ပြဋ္ဌာန်းလျှင် ပြဿနာ များစွာ ဖြစ်ပေါ်လာပြီး နိုင်ငံရေးမတည်ငြိမ်မှုများ
ဖြစ်လာနိုင်ကြောင်း ပြောသည်။

“ဒီကိစ္စက လူတွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်လာနိုင်တယ်။ လူတွေရဲ့ အခြေခံစိတ်မှာ စစ်တပ်ဆိုတာ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်ဆိုတဲ့ အတွေးက ဖျောက်လို့မရဘူး။
သားသမီးတွေအပေါ် အန္တရာယ် ကျရောက်မှာကို မလိုလားတဲ့ လူကြီး မိဘတွေကလည်း ဒီဥပဒေကို ငြိမ်ခံနေမှာ မဟုတ်ဘူး။ တကယ်ကို ပြဿနာတွေ အကြီးအကျယ်
ဖြစ်လာနိုင်ပါတယ်” ဟု ယင်း သတင်းထောက်က ဆိုသည်။

စစ်မှုမထမ်းမနေရ ဥပဒေသည် တပ်မတော်နှင့် ပြည်သူများအကြား နားလည်မှုရစေပြီး စစ်တပ်နှင့် ပြည်သူအများအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကြောင့် ပြည်သူကို
အမှန်တကယ်ချစ်သော၊ ပြည်သူ့မျက်နှာကို ကြည့်သော စစ်တပ် ဖြစ်လာနိုင်သည်ဆိုသည့် ထင်မြင်ယူဆချက် တချို့လည်း ရှိသည်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း တဦးက “ပြည်သူတွေ စစ်ရေး နားလည်လာရင် ကျနော်တို့ ဒီမိုကရေစီ ပန်းတိုင်ပိုပြီး နီးလာမယ်။ စစ်မှုမထမ်း
မနေရ ဥပဒေကြောင့် ပြည်သူက စစ်သား၊ စစ်တပ်ဆိုတာ ပြည်သူ့တပ်ဆိုတဲ့ ပုံစံ၊ အမြင်မျိုးတွေ ရှိလာမယ်။ အာဏာရှင်တွေ ခိုင်းတဲ့ အတိုင်း လုပ်မယ့် စစ်တပ်မဟုတ်တော့ဘူး” ဟု
ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခန်း ၈၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာ
သင်ကြားရန်နှင့် တပ်မတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဖြစ်လာမှာက အသေအချာပဲ။ ဒါပေမယ့် လွှတ်တော် ပေါ်ပေါက်လာမှ အတည်ဖြစ်မှာပါ။ သိပ်တော့ စိုးရိမ်ဖို့ မလိုပါဘူး။
တင်းကျပ်လွန်းရင် လူထုကလည်း လက်ခံမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။

စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ၉၂. ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြသည်ဟု ဆိုကာ မြန်မာပြည်တွင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်း
တိုက်ခတ်ခဲ့ပြီးချိန် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်း ခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးသော အာရှနိုင်ငံများမှာ စင်ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တို့ဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့မှာ လူရွေးစနစ်ဖြင့်ကျင့်သုံးသည်။
အဆိုပါ နိုင်ငံများအားလုံးတွင် အမျိုးသားများသာ စစ်မှုထမ်း ရသည်။

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ယခင်က တကြိမ်တခါမှ ပြဋ္ဌာန်းခဲ့ဖူးခြင်း မရှိဘဲ အဆိုပါ ဥပဒေကို မကြာမီ ခေါ်ယူမည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသ ပိုင်ဆိုင်မှုစာရင်း ကောက်ယူ
ဧရာဝတီ Monday, 10 January 2011 16:16

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူ မြို့နယ်တွင် တည်ဆောက်မည် ဖြစ်သော ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ဧရိယာ အတွင်းရှိ ဒေသခံများ၏ ပိုင်ဆိုင်မှုစာရင်းကို ယခုရက်ပိုင်း
အတွင်း စတင်ကောက်ယူ နေကြောင်း ထားဝယ် ခရိုင် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ထံမှ စုံစမ်း သိရှိရသည်။
ယင်း စီမံကိန်း ဧရိယာအတွင်း ရှိနေသော ကျေးရွာ ၁၉ ရွာတွင်
ပိုင်ဆိုင်သည့် အိမ်အမျိုးအစား၊ လူဦးရေ၊ စိုက်ပျိုးသီးနှံ တို့ကို လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာန၊ မြေစာရင်းဋ္ဌာန တို့က
ကောက်ယူနေခြင်းဖြစ်ကြောင်း ရလိုင် ကျေးရွာမှ ဒေသ ခံ တဦးကလည်း
ပြောသည်။

ထိုဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇူန်များဆောက်လုပ်မည်ဖြစ်၍


အဆိုပါ ကျေးရွာ ၁၉ ရွာ ပြောင်းရွှေ့ပေးရဖွယ် ရှိနေပြီး
လတ်တလောတွင်မူ မည်သို့သော ညွန်ကြားချက်မျှ မရရှိသေးကြောင်း
ခရိုင် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှဝန်ထမ်း တဦး က
ဆိုသည်။

စီမံကိန်း ဧရိယာ အတွင်းရှိ သစ်ထိုထောက် ကျေးရွာမှ လယ်သမားတဦး


က“သိမ်းရင်လည်းခံရမယ်။ လျော်ကြေးပေးရင်လည်းရမှာပေါ့”ဟု
ပြောသည်။

အကြီးစားစီမံကိန်း လုပ်ငန်းများကို ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်မည်ဟု


ပြည်တွင်းဂျာနယ်တချို့တွင် ရေးသားထားပြီး မြန်မာ့ဆိပ်
ကမ်းအာဏာပိုင်က တာဝန်ရှိသူတဦးကမူ ယခုနှစ်ပိုင်းတွင် ဆောက်လုပ်မည့် စီမံကိန်းလုပ်ငန်းများတွင် လူနေအိမ်ခြေများ ပြောင်း ရွှေ့ရမည့် လုပ်ငန်းများ မပါဝင်သေးကြောင်း
ပြောဆိုထားသည်။

ထားဝယ်ခရိုင် ကန်ဘောက် ဒေသတွင် တည်ဆောက်ခဲ့သော ပြင်သစ်အခြေစိုက် တိုတယ်လ် ရေနံကုမ္ပဏီ၏ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ချိန်က လယ်ယာပိုင်ဆိုင်မှု၊
စိုက်ပျိုးသီးနှံပင်များ ပိုင်ဆိုင်မှုအပေါ် မူတည်၍ လျော်ကြေးငွေများ ရရှိခဲ့ဖူးကြောင်း၊ သို့ သော် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအစိုးရများ လက်မှတ်ရေးထိုးတည်ဆောက်သော
ထားဝယ်စီမံကိန်းတွင်မူ ထိုသို့သော လျော်ကြေးငွေ ရရှိရန် အလားအလာနည်းပါးကြောင်း ထားဝယ်မြို့ခံများက ပြောဆိုနေကြသည်။

“ထားဝယ် တက္ကသိုလ်ဆောက်တုန်းက ရာဘာခြံတွေ အများကြီးအသိမ်းခံရတယ်။ ဒါပေမယ့် ဘာလျော်ကြေးမှ မရဘူး။ အဲဒီတုန်း က လျော်ကြေးမရတဲ့အပြင် ရာဘာခြံကို
တက္ကသိုလ်ဆောက်ဖို့လှူပါတယ် ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်”ဟု ထားဝယ် တက္ကသိုလ် စတင် ဆောက်လုပ်စဉ်က ရာဘာခြံ အသိမ်းခံခဲ့ရသော ကမျောကင်းရွာ မှ လုပ်ငန်းရှင်တဦးက
ပြောသည်။

ထားဝယ်တက္ကသိုလ်ကို ထားဝယ်မြို့တဖက်ကမ်း ၂ မိုင်ခန့်အကွာ ကမျောကင်းရွာတွင် ၁၉၉၅ ခုနှစ်ခန့်က စတင် တည်ဆောက် ထားခြင်းဖြစ်သည်။

ထားဝယ် ရေနက် စီမံကိန်း ဧရိယာအတွင်း ရေဖြူနှင့် လောင်းလုံမြို့နယ်မှ ကျေးရွာ ၁၉ ရွာ ကျရောက်နေပြီး ၎င်းတို့မှာ ရလိုင်၊ ပုဂေါ ဇွန်း၊ သပြေဇွန်း၊ ကျခတ္တပင်အင်း၊ ကျောက်ထောက်၊
ဒေါင်းရှောင်၊ ဆင်ပုနစ်၊ နတ်တွင်း၊ မယင်းကြီး၊ လဲရှောင်၊ ညောင်ပင် ဆိပ်၊ ပိတက်၊ ပိန်းရှောင်၊ ကျောက်ဝှက်ကုန်း၊ မူးဒူး၊ မသဒတ်၊ ထိန်ကြီး၊ မင်းဒပ်၊ အရှေ့မြို့ဟောင်း အစရှိသည့်
ကျေးရွာများ ပါဝင် နေကြောင်း သိရသည်။

ယင်းဒေသတွင် အိမ်ခြေ ၃၄၀၀ ကျော်၊ မိသားစု ၄၀၀၀ နီးပါးမှ လူဦးရေ ၃၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်းသိရပြီး အဆိုပါစီမံ ကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀
စတုရန်းကီလိုမီတာ) ကျယ်ဝန်းမည်ဟု စီမံကိန်း ဆောက်လုပ်ခွင့် ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယားများက ဆိုသည်။
အင်္ဂတေအပိုင်းအစ ပြိုကျသဖြင့် လူတဦးသေဆုံး
ကျော်ကျော်ဦး Monday, 10 January 2011 14:43

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အောက်ဘလောက်) ရှိ တိုက်တတိုက်မှ အင်္ဂတေ အပိုင်းအစတခု ယမန်နေ့က ပြိုကျခဲ့ရာ အောက်တွင် ရှိနေသော အမျိုးသမီးတဦး
သေဆုံးခဲ့သည်။

ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ယခင် ပြိုကျခဲ့ဖူးသော တိုက်နှင့် ကပ်လျက် ၄ ထပ် အဆောက်အအုံကို ဒုတိယထပ်ချင်း ဆက်ထားသည့် အလျား ၃ ပေ၊ အနံ ၄ ပေရှိ
အင်္ဂတေတုံး ပြိုကျခဲ့ခြင်း ဖြစ်ပြီး အောက်ရှိ လမ်းဘေး လက်ဘက်ရည်ဆိုင်တွင် လက်ဘက် ရည် သောက်နေသော အမျိုးသမီးမှာ အင်္ဂတေတုံးပိ၍ ဦးခေါင်းခွံပွင့်ထွက်
သေဆုံးသွားရကြောင်း မျက်မြင်တွေ့ရှိသူ များက ဆိုကြသည်။
“အဲဒီ အမျိုးသမီးကြီးက ဒလမှာနေတာ။ ဒီ ပန်းဘဲတန်းကိုလာပြီး
အိမ်တွေမှာ အ၀တ်လျှော်၊ ပန်းကန်ဆေး လုပ်တယ်။ အရင်နေ့ ကလည်း
အဲဒီ ဆိုင်လေးမှာ လက်ဘက်ရည် သောက်နေတဲ့သူ ၃၊ ၎
ယောက်လောက်ရှိတယ်။ ဒီနေ့တော့ သူ တယောက်တည်း ရှိတာ။ သူက
တကယ် ကံဆိုးသွားတာပါ။ ကျနော်တို့လည်း ၀ုန်း ဆိုတဲ့အသံ
ကြားရတော့ ပြေးကြည့်ကြတာ။ သူက သေနေပြီ” ဟု ၂၉ လမ်း
ဒေသခံတဦးက ပြောသည်။

ယခု ပြိုကျခဲ့သည့် တိုက်နံပါတ် ၂၄ ၏ မြေညီထပ်တွင် ဗိုလ်မှူးကြီးဟောင်း


ဦးလှထွန်း နေထိုင်ကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဝင်ရောက်
ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ကြောင်း အဆိုပါအဆောက်အအုံကို အန္တရာယ်ရှိ
အဆောက်အအုံအဖြစ် သတ်မှတ်၍ ဖြိုဖျက်ရန် သက်ဆိုင်ရာမှ
စီစဉ်ခဲ့သော်လည်း ဦးလှထွန်း၏ အရှိန်အ၀ါကြောင့် အစီအစဉ်
မစနိုင်သေးကြောင်း ၂၉ လမ်းတွင် နေထိုင်သူများက ဆိုသည်။

“အမှန်ဆို ဒီအဆောက်အအုံတွေက ဖျက်သင့်နေပြီ။ အရင် ပြိုသွားတဲ့


တိုက်နဲ့ ဒီတိုက်က သက်တမ်း အတူတူပဲ။ အဲဒီတိုက်မှာ ကြံ့ဖွံ့
အမတ်လောင်း တယောက်နေတော့ ဘယ်သူမှ မဖျက်ရဲ ကြဘူး” ဟု ပြိုကျခဲ့သည့်တိုက် အနီးတွင် နေထိုင်သူ တဦးကပြောသည်။

အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ် ထားသည့် ၂၉ လမ်း အတွင်းမှ ၃ ထပ်တိုက်သည် မတ်လ ၁၄ ရက်နေ့က ပြိုကျခဲ့ပြီး အမျိုးသမီးငယ် တဦး သေဆုံး၍ လူ ၁၂ ဦး ဒဏ်ရာ
ရခဲ့သည်။ ယမန်နေ့က ပြိုကျသည့် အင်္ဂတေတုံးမှာ ယခင်ပြိုကျသည့် တိုက်နှင့် ဆက်လျက် လက်ကျန်ဖြစ်သည်။

၂၀၁၀ မတ်လ ၁၈ ရက်နေ့မှ စ၍ အန္တရာယ်ရှိအဆောက်အအုံများ ဖြိုချဖျက်ဆီးမည် ဖြစ်ကြောင်း၊ နေထိုင်သူများမှာ ၃ ရက်အတွင်း ဖယ်ပေးရမည်ဖြစ်ကြောင်း မြို့တော်စည်ပင်က
ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုပြိုကျသည့် အဆောက်အအုံကိုမူ ဖြိုချခြင်း မပြုသေးပေ။ ယခင်ပြိုကျခဲ့သည့် တိုက်နေရာကို အသစ်ဆောက်ရန် ဖောင်ဒေးရှင်းအတွက်
မြေတူးနေပြီဖြစ်သည်။

၂၀၁၀ မတ်လ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြချက်အရ ရန်ကုန်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ် ထားသည့် အဆောက်အအုံများသည် တာမွေမြို့နယ်တွင် ၈ လုံး၊
ပန်းဘဲတန်းမြို့နယ်တွင် ၈လုံး၊ လသာမြို့နယ်တွင် ၆လုံး၊ ဗိုလ်တထောင် မြို့နယ်တွင် ၄ လုံး ရှိသည်ဟု သိရသည်။

ထိုအဆောက်အအုံ ၂၆ လုံးကို ဖြိုဖျက်ပြီး အသစ် ပြန်လည် တည်ဆောက်မည်၊ အန္တရာယ်ရှိ အဆောက် အအုံများ စာရင်းကို ဆက်လက် ကြေညာ သွားမည် ဖြစ်ကြောင်း မြို့တော်စည်ပင်
အရာရှိ တဦးက ဆိုသည်။
သာကေတရှိ ဘုန်းကြီးကျောင်းများ ရွှေ့ပြောင်းရမည်
ဆက်လင်း Monday, 10 January 2011 16:20

ရန်ကုန်တိုင်း သာကေတ မြို့နယ် ရှုခင်းသာ ပန်းခြံအနီးရှိ ဘုန်းကြီးကျောင်းများကို စစ်အစိုးရက ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု အဆိုပါ ကျောင်းများတွင် သီတင်းသုံး နေထိုင်သည့်
သံဃာတော်များက မိန့်ကြားသည်။

ရှုခင်းသာလမ်းမကြီးပေါ် ပဲခူးမြစ်ကမ်းဘေးတွင် တည်ရှိသည့် အောင်သီတာ၊ ဇေတ၀န်၊ မြို့ဦးကင်း၊ မင်္ဂလာရာမ စသည့် စာသင် တိုက်ကြီးများ၊ အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ်
ထားသော မိုးကုတ် အောင်ငြိမ်းချမ်းကျောင်းတိုက်၊ ကျောင်းသားကျောင်းသူများကို အင်္ဂလိပ်စာ အခမဲ့သင်ကြားပေးနေသော ကံဇေယျုံ ကျောင်းတိုက်၊ သဲအင်းဂူ ဓမ္မရိပ်သာ ကဲ့သို့
ဝိပဿနာကျောင်းတိုက်များ အပါအ၀င် ဘုန်းတော်ကြီးကျောင်း ၆၀ ကျော်ကို ရွှေပြည်သာမြို့နယ် ၀ါးတရာသို့ ရွှေ့ပြောင်းရန် အကြောင်းကြားသည်ဟု ရွှေ့ပြောင်းရမည့် စာရင်းတွင်
ပါဝင်သည့် စာသင်တိုက် တတိုက်မှ သံဃာတော် တပါးဖြစ်သည့် ဦးအဂ္ဂက မိန့်ကြားသည်။

“ဖယ်ပေးရမယ့် ကျောင်းတွေထဲမှာ စာသင်တိုက် ၁၀ တိုက်လောက်နဲ့ တခြားဘုန်းကြီးကျောင်း ၆၀ လောက် ရှိတယ်။ ဒီမှာသီတင်း သုံးနေတဲ့ သံဃာဆိုရင် အပါး ထောင့်ငါးရာလောက်
ရှိမယ်”ဟု ဦးအဂ္ဂက မိန့်သည်။

၎င်းက ဆက်လက်၍“ဘုန်းကြီးကျောင်းတွေ ဖယ်ပေးရမယ်ဆိုတာကတော့ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက သတင်းတွေထွက် နေတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကတော့


စည်ပင်သာယာက ၀န်ထမ်းတွေရယ်၊ စစ်တပ်က အာဏာပိုင်တွေရယ်၊ ထူး ကုမ္ပဏီက ၀န်ထမ်းတွေရယ် လာပြီးတော့ ဓာတ်ပုံရိုက်တာ၊ မြေတိုင်းတာ တွေလာလုပ်သွားတယ်”ဟုလည်း
မိန့်ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ် ယုဇန ဦးဌေးမြင့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလွန်နီးစပ်သူဟု လူသိများသော ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇတို့၏
ဆိပ်ကမ်းစီမံကိန်းနှင့်လမ်းတိုးချဲ့မှု စီမံကိန်းတို့ဖြင့် မလွတ်သောကြောင့် ဘုန်းကြီးကျောင်းများ ကို ရွှေ့ပြောင်းရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

“ရွှေ့ရမယ်ဆို ရေတပ်စခန်းလည်း မလွတ်ဘူး။ ရှုခင်းသာပန်းခြံနဲ့ ဟိုတယ်လည်း မလွတ်ဘူး။ ဒါပေမယ့် ဒါတွေရွှေ့ရမယ်လို့အသံ မကြားသေးဘူး။ ဘုန်းကြီးကျောင်းတွေ
အရင်လာဖယ်ခိုင်းနေတယ်”ဟု ဇေတ၀န် ကျောင်းတိုက်မှ စာချ သံဃာတပါးက မိန့်သည်။

ပြောင်းရွှေ့ရမည့် ဘုန်းကြီးကျောင်းများဖြစ်သည့် အောင်သီတာ၊ ဇေတ၀န်ကဲ့သို့ စာသင်တိုက်များတွင် စာသင်သား သံဃာ အပါး ၂၀၀ ကျော်ရှိသဖြင့် ၀ါးတရာသို့ပြောင်းရွှေ့လိုက်ပါက
သာကေတမြို့ခံလူထုကို ဆွမ်းကွမ်း ဝေယျာဝစ္စ မှီခိုနေရသော အဆိုပါ စာသင်တိုက်များ အခက်အခဲကြုံတွေ့မည်ကို စိုးရိမ်နေ ကြသည်ဟု အောင်သီတာ ကျောင်းတိုက်မှ စာသင်သား
သံဃာ တပါးက မိန့်ဆိုသည်။

“ဒီမှာရှိတဲ့ ကျောင်းတွေအားလုံးက ဆွမ်းကွမ်းအတွက် ပတ်ဝန်းကျင်ရပ်ကွက်တွေက လှူဒါန်းတာကို အားကိုးနေရတာ။ အခုပေးမယ့် နေရာက တကယ့်ကို ကွင်းပြင်ထဲပို့လိုက်တာ။
ဆွမ်းကွမ်းအတွက်လည်း အခက်အခဲရှိတယ်”ဟုလည်း ၎င်းက မိန့်သည်။

ပြောင်းရွှေ့ရမည့်ရက်ကို အတိအကျမသိရသေးသော်လည်း ပြောင်းရွှေ့ရမည့်နေရာတွင် အဆင်မပြေမှု များစွာရှိနေသည်ကို သိသဖြင့် လက်ရှိ သာသနာ့နယ်မြေအတွက် ခုံခံကာကွယ်


သွားမည် ဖြစ်ကြောင်း ဒေသခံ ကျောင်းထိုင်ဆရာတော်တပါးက မိန့်ကြားသည်။

“သူတို့ မြေလာတိုင်းပေမယ့် သံဃနာယက အဖွဲ့ကတော့ တရားဝင် အစည်းအဝေး မခေါ်သေးဘူး။ တကယ်သေချာတယ် ဆိုရင် တော့ သာသနာ့မြေကို အထိမခံနိုင်ဘူး”ဟု ၎င်းက
ဆိုသည်။

ဝါးတရာရှိ မြေကွက်များပေါ်တွင် စာသင်တိုက်တတိုက်လျှင် ပေ ၂၀၀ ပတ်လည်နှုန်းနှင့် ကျောင်းတကျောင်းလျှင် ပေ ၉၀ နှုန်းပြန် လည်နေရာချထားပေးမည်ဟု


အကြောင်းကြားသော်လည်း ယခုဆောက်လုပ်ထားသော နှစ်ထပ်၊ သုံးထပ် ကျောင်းဆောင်များကိုမူ ပြန်လည်ဆောက်လုပ်ရန် မတတ်နိုင်တော့ကြောင်း သိရသည်။

ရှုခင်းသာ ဘုန်းကြီးကျောင်းများသည် ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးတွင် တတ်ကြွစွာ ပါဝင်ခဲ့သည့် ဘုန်းကြီးကျောင်း များဖြစ်သဖြင့် စစ်အစိုးရက
အငြိုးထားရွှေ့ပြောင်းခိုင်းခြင်းလည်းဖြစ်နိုင်သည်ဟု သာကေတမြို့ခံများက ပြောသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ရှုခင်းသာဘုန်းတော်ကြီးကျောင်းများကို လာရောက်စီးနင်းသည့် စစ်တပ်နှင့် သာကေတမြို့ခံလူထုတို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်တပ်မှ


ပစ်ခတ်ခဲ့သောကျည်ဆန်ကြောင့် သာကေတ ၄ ရပ်ကွက်တောင်ပိုင်းနေသူ တဦးသေဆုံးခဲ့ကြောင်း၊ စစ်ကားများဖြင့် ၀င်ရောက် မဖမ်းဆီးနိုင်သဖြင့် ပဲခူးမြစ်အတွင်းမှ
ရေတပ်သင်္ဘောများဖြင့် ၀င်ရောက် ကာ သံဃာတော်များကို ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ၁၀ ရပ်ကွက်နှင့် ရှုခင်းသာရပ်ကွက်တို့တွင် ဘုန်းကြီးကျောင်းများ တစုတဝေးတည်းရှိပြီး ၁၀ ရပ်ကွက်မှ ကျောင်းများကို ၁၉၉၀ ပြည့်လွန် နှစ်များက ဒဂုံမြို့သစ်
တောင်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ဖူးသည်။
ကူးစက် ခွန်အား
ဆက်လင်း Monday, 10 January 2011 19:16 ဆောင်းပါး

ငြိမ်းချမ်းတဲ့နေရာ၊ လူသားအားလုံး မျှော်လင့်တဲ့ နေရာကို


သွားမယ့်လမ်းက ဆူးခလုတ်တွေ၊ မီးတောက်တွေနဲ့။ သင်္ကန်းက
ပေါက်ပြဲလို့ ဆူးခက်တွေ ငြိနေတယ်။ ကျည်သင့်တဲ့ အပေါက်တွေနဲ့
သွေးတွေကလည်း ရွှဲလို့။

“မြတ်စွာဘုရား”၊ ဒါသံဃာတော်တွေရဲ့ ထွက်ရပ်လမ်းတဲ့လား။


မြင်မြင်ချင်းမှာပဲ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ “သံဃာတော်တွေ၊
သွေးမြေကျရပြီပေါ့” ဆိုတဲ့ သီချင်းကို ချက်ချင်း ကြားယောင်လာမိတယ်။
မျက်လုံးထဲမှာလည်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ သံဃာတွေ
ငြိမ်းချမ်းစွာ စီတန်းမေတ္တာပို့တာကို စစ်သားတွေက
ရိုက်နှက်နေတဲ့မြင်ကွင်းတွေ၊ သံဃာတော်တွေကို ဓာတ်တိုင်မှာ
ကြိုးနဲ့ချည်ပြီး ရိုက်နှက်တာကို ပြန်ဆွဲထားတဲ့ ကာတွန်း၊ ဒါတွေ

( - Facebook)
ပြန်မြင်ယောင်လာပြီး မျက်ရည်ဝဲလုလုဖြစ်လာတယ်။ လည်ချောင်းထဲမှာလည်း တစ်ဆို့ဆို့ ခံစားလာရတယ်။

“ဒါကတော့ အဓိပ္ပာယ်နှစ်မျိုး တွေးလို့ရတယ်” ဆိုတဲ့ အသံကြားလိုက်တော့မှ ပစ္စက္ခ အခြေအနေကို သတိပြန်ဝင်လာတယ်။

ဒီပန်းချီကားကို ဖန်တီးထားတဲ့ ဦးမောင်မောင် (သု)ိ့ ပြည်သူချစ်တဲ့ အကယ်ဒမီသရုပ်ဆောင် ကျော်သူ (သု)ိ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပြလိုက်တဲ့ စကားသံပါ။

“ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ ထွက်ရပ်လမ်းကိုရောက်ဖို့ သွားမယ်ဆိုရင် လွယ်လွယ်နဲ့တော့ မရောက်ဘူး။ အခက်အခဲတွေ ရှိမှာပဲဆိုတဲ့


အဓိပ္ပာယ်လည်းပါတယ်” လို့ သူ့ပန်းချီကားအကြောင်းကို ဦးကျော်သူက ရှင်းပြပါတယ်။

ဒါလည်း ဟုတ်နေပါတယ်။ တန်ဖိုးကြီးလေ လွယ်လွယ်မရလေဆိုတာ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေကျ လောကနိယာမပဲလေ။ ဒါပေမယ့် အဖြူရောင် လမင်းကြီးဆီသွားဖို့
သံဃာတော်က ခြေတလှမ်းခြင်း လှမ်းသွားတယ်။ သံဃာနင်းထားတဲ့ ကမ္ဘာမြေပေါ်မှာ စုတ်ချက်တချို့က ၂၀၀၇ စက်တင်ဘာဆိုတာလည်း မပီဝိုးတ၀ါး ပေါ်နေတယ်။ အဲဒီ
ပန်းချီကားရဲ့အောက်မှာမှ သံဃာတော်တပါးက ဆူးခက်တွေငြိနေ၊ သွေးစွန်းပေါက်ပြဲ ကျည်သင့်ရာတွေနဲ့ သင်္ကန်းတထည်ကို ချိတ်ထားတယ်။

ဒီပန်းချီကားကတော့ ဦးကျော်သူရဲ့ ဇနီး၊ ရွှေဇီးကွက်လို့ လူသိများတဲ့ ဒေါ်မြင့်မြင့်ခင်ဖေရဲ့ ၁ လေးလုံးနေ့ (၁. ၁. ၂၀၁၁) မှာ ကျရောက်တဲ့ မွေးနေ့အမှတ်တရ ပန်းချီပြပွဲမှာ ပြသထားတဲ့
ပန်းချီကားပေါင်း ၃၀ ကျော်ထဲက နှလုံးသားကို ခပ်ဆတ်ဆတ်လေး ရိုက်နိုင်ခဲ့တဲ့ ပန်းချီတကားပါ။ ကားနာမည်က “ထွက်ရပ်လမ်း”။

ဦးကျော်သူရဲ့ ပါရမီဖြည့်ဘက်၊ နာရေးကူညီမှုအသင်း ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်ရဲ့ နှစ်သစ်ကူးနေ့မှာ ကျရောက်တဲ့ မွေးနေ့အမှတ်တရအဖြစ် ခင်ပွန်းဖြစ်သူ ဦးကျော်သူက
သူ့ရဲ့ပန်းချီကားတွေနဲ့ ဓာတ်ပုံတွေကို အမှတ်တရ ပြသခဲ့တာပါ။

ရန်ကုန်မြို့ ၇ မိုင်က သူတို့ဇနီးမောင်နှံရဲ့ ချစ်ခြင်းမေတ္တာတွေ၊ စာနာနားလည်မှုတွေ၊ တဦးနဲ့တဦး ဖေးမမှုတွေနဲ့ ငြိမ်းချမ်းနေတဲ့ ဂေဟာလေးရှေ့မှာ မလိုက်ဖက်စွာ
ချိတ်ဆွဲထားတာကတော့ “လူသားစား ခွေးရှိသည်” ဆိုတဲ့ စာတန်းလေးပါ။

“ဘာလုပ်လုပ် လိုက်စောင့်ကြည့်နေတယ်။ ခရီးနည်းနည်းထွက်ရင်တောင် SB (ရဲသတင်းအထူးတပ်ဖ)ွဲ့ နှစ်ယောက်သုံးယောက်က နောက်က လိုက်နေတယ်။ ဒါ့ကြောင့် ဒီလိုရေးထားတာ”


လို့ ဦးကျော်သူက သူ့ရဲ့ တည်ကြည်တဲ့မူဟန်နဲ့ အားပါပါ ပြောပြပါတယ်။

လူထုလိုချင်တာရဖို့၊ ပြည်သူတွေငြိမ်းချမ်းဖို့ အားသွန်ခွန်စိုက် လုပ်ချင်ပေမယ့် ငဲ့ကွက်နေရတယ်လို့လည်း သူကဆက်ပြောပါတယ်။

“နိုင်ငံရေးကို လုပ်ချင်ပါတယ်။ ဒါပေမယ့် အဲဒီလို နိုင်ငံရေးလုပ်လိုက်ရင် အသင်းအလုပ်တွေ ထိခိုက်သွားမယ်။ အသင်းကို မှီခိုနေရတဲ့သူတွေက အများကြီး။ နာရေးဖြစ်လာရင်
မှီခိုဖို့လိုသလို ကျန်းမာရေးအတွက်လည်း သုခကုသိုလ်ဖြစ်ဆေးခန်းကို မှီခိုနေရတယ်။ အခုတောင် ထပ်လုပ်ပေးချင်တာတွေ အများကြီး။ ဒါပေမယ့် ခွင့်ပြုချက် မကျတာတို့၊
ကျန်းမာရေးဌာနက လာပြောတာတို့။ ဒီတော့ နိုင်ငံရေးလုပ်ရင် အသင်းအလုပ်တွေ လုပ်လို့မရမှာစိုးလို့ မလုပ်တာလို့” ဦးကျော်သူက ဆိုပါတယ်။

“ဘာနိုင်ငံရေးမှ မလုပ်ဘဲ လူမှုရေး သီးသန့်လုပ်နေတာတောင် ရုပ်ရှင်ရိုက်ခွင့် ပိတ်ထားတယ်။ သားသမီးတွေ မြန်မာပြည် ပြန်လာလို့မရဘူး။ ကိုယ်တိုင်လည်း သွားတွေ့လို့မရဘူး။
သူတို့လုပ်တာ ရက်စက်လွန်းတယ်” လို့ ဦးကျော်သူက လေသံလျော့လျော့နဲ့ ပြောပါတယ်။

ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့သား ပြည်သိမ်းကျော်နဲ့ သမီး မြင်းမိုရ်ကျော်သူ တို့ကတော့ ပြည်ပ တနိုင်ငံ အဝေးတနေရာကိုရောက်နေပြီး သမီးကြီး မြင်းမိုရ်ကျော်သူ
သားဦးလေးမွေးပြီး ဦးကျော်သူတို့ မြေးဦးရတာတောင် သားသမီး၊ မြေးတွေကို တွေ့ခွင့်မရပါဘူး။

မိသားစု ခွဲခွာနေရတာတွေအကြောင်း ပြောရင်းနဲ့ နောက်ထပ် ထပ်ကြည့်ဖြစ်တဲ့ ပန်းချီကားကတော့ “လုံခြုံမှု” တဲ့။ အမေက ရင်သွေးကို နို့တိုက်နေတယ်။ အမေ့ရဲ့ ရင်ထဲမှာ
ရင်သွေးလေးကို လုံလုံခြုံခြုံ ထွေးပိုက်ထားတယ်။ ဒီမြင်ကွင်းကို အရှေ့ဘက်ကရော အနောက်ဘက်ကပါ ဆွဲထားတယ်။

ဒါကတော့ ဝေးကွာနေတဲ့ သူ့ရဲ့ရင်သွေးတွေကို သတိရပြီး လုံခြုံမှုပေးချင်လို့ ဆွဲတာလား။ ဒါမှမဟုတ် မကြာသေးခင်က လွတ်မြောက်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားများရဲ့ မိခင်
ဒေါ်အောင်ဆန်းစုကြည် ရင်ခွင်မှာ တို့လုံခြုံပြီ၊ တို့သွားချင်တဲ့လမ်းကို အမေပေးတဲ့ လုံခြုံမှုနဲ့၊ အားပေးမှုတွေနဲ့ သွားလို့ရပြီလို့ ဆိုချင်တာလား။ ဒီပန်းချီကားနဲ့ ပတ်သက်ပြီး
ဦးကျော်သူကတော့ တုံဏှိဘာဝေ။

“သားသမီး မြေးတွေကို သတိရပေမယ့် ဒီလိုလူမှုရေးလုပ်ရတဲ့အတွက် ရုပ်ရှင်ရိုက်ခွင့်ပိတ်တာကို ကျေးဇူးတင်ပါတယ်။ တကယ်ပါ၊ သုံးနှစ်ကျော်ကာလမှာ ကုသိုလ်တွေ အများကြီးရတယ်”
လို့လည်း ဦးကျော်သူက ပြောပါတယ်။

ပန်းချီပြပွဲမှာ လူတော်တော်များများ နှစ်သက်ကြတဲ့ကားကတော့ “Freedom” ဆိုတဲ့ကားပါလို့ ဦးကျော်သူက ဆိုပါတယ်။ ဒီကားကတော့ Performance လုပ်ထားတာပါ။
ဒီအတိုင်းကြည့်ရင် အချုပ်ခန်းထဲ ထည့်ထားတဲ့ ပန်းချီကားပေါ့။ အချုပ်ခန်း သံတိုင်တံခါးကို ဆွဲဖွင့်လိုက်မှ မီးလင်းလာတယ်။ ပန်းချီကားရဲ့ အောက်မှာတော့ သံခြေကျင်းနဲ့
အင်တုံတွေချထားတယ်။ ပန်းချီကားကတော့ အင်းစိန်ထောင်ကို ဂြိုဟ်တုပုံတွေက မြင်ရတဲ့မြင်ကွင်းနဲ့ ပုံဖော်ထားတယ်။

ပန်းချီကားအပေါ်ဘက်မှာ ငြိမ်းချမ်းရေးငှက် ၇ ကောင်က သံလွင်ခက်ကလေးတွေချီလို့ ပျံသန်းနေတဲ့ ပုံပါ။

“ပထမတော့ အမေစုကို ကိုယ်စားပြုပြီး ငှက်တစ်ကောင်ကိုပဲ သံလွင်ခက် ချီထားပေမယ့် နောက်မှ ငှက်အားလုံးမှာ ထည့်လိုက်တာ” လို့ ဦးကျော်သူက ရှင်းပြပါတယ်။

ဒီပန်းချီကားကိုကြည့်ပြီးတော့ အခုလို ရာသီဥတုအေးလွန်းတဲ့အချိန်မှာ ချမ်းအေးလွန်းတဲ့ ဒေသတွေမှာရှိတဲ့ အကျဉ်းထောင်တွေထဲက တမံသလင်းတွေပေါ်မှာ နေထိုင်အိပ်စက်နေရတဲ့


အကျဉ်းသားတွေကို ချက်ချင်း ပြေးမြင်ယောင်မိပါတယ်။
“ဒီကားက အထဲမှာနေရတဲ့သူတွေရဲ့ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုကို
အပြင်ကလူတွေသိအောင်ပြထားတာ” လို့ အကျဉ်းထောင်တွေထဲ
ရောက်နေသူတွေကို အပြင်မှာရှိနေသူတွေ
စာနာနားလည်နိုင်အောင်ရည်ရွယ် ဖန်တီးထားပုံကိုပြောပြပါတယ်။

သံတိုင်တံခါးကို အဖွင့်အပိတ် လုပ်လိုက်ရင်လည်း အသံမြည်အောင်


တမင်ဖန်တီးထားတာမို့ နားထောင်ရရုံနဲ့ တုန်လှုပ်မိပါတယ်။

ငါးတန်း ခြောက်တန်း ကျောင်းသား ဘဝလောက်တုန်းက ပန်းချီဆရာကြီး


ဦးသောင်းဟန်ဆီမှာ နွေရာသီ ပန်းချီသင်တန်း တက်ခဲ့ဖူးပြီး
ပန်းချီကားတွေကို စိတ်ထွက်ပေါက်တခုအနေနဲ့ ဆွဲနေတာလို့
ဦးကျော်သူက ပြောပါတယ်။

နောက်ထပ်လူကြိုက်များတဲ့ ပန်းချီကားတကားကတော့ “သစ္စာဖောက်


(88-1)” ဆိုတဲ့ ပန်းချီကားပါလို့ ဦးကျော်သူက ဆိုပါတယ်။

လျှပ်စစ်ကြိုးတန်းပေါ်မှာ ငှက် ၈၈ ကောင် နားနေကြတယ်။


တကောင်ထပျံသွားတယ်။ ၈၈ မျိုးဆက်ရဲ့ သစ္စာဖောက်ပေါ့။
( - Facebook)
“ပန်းချီပြပွဲကို လာကြည့်ခဲ့တဲ့ အမေစုကတောင် ၈၈ ကောင် ပြည့်ရဲ့လားလို့ မေးသွားသေးတယ်” လို့ ဒီပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်သွားတဲ့အကြောင်း
ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့အမှတ်တရ ရေးဆွဲထားတဲ့ “အဖြူထည်မိခင်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကလည်း အသက်ဝင်ပါတယ်။ မျက်စိအစုံက
ပန်းချီကားကြည့်နေတဲ့သူကို ကြင်နာသနားနေသလို အားကိုးချင်စရာ ကောင်းအောင်လည်း မာန်ပါနေတယ်။

ဦးကျော်သူရဲ့ အကြည်ဓာတ်ရှိတဲ့ မျက်ဝန်းတစုံနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ပုံကိုဆွဲတော့လည်း မျက်ဝန်းတစုံကို တကယ်ကို ဒေါ်အောင်ဆန်းစုကြည်ကို
မြင်နေရသလို၊ ကြည်နေတယ်လို့ ခံစားရသလိုဖြစ်အောင် ရေးဆွဲဖမ်းစားထားပါတယ်။

ပန်းချီကားနောက်ခံ ထွန်းထားတဲ့မီးနီကလည်း ရဲဝံ့မှုကို ပြသရာရောက်အောင်၊ ပန်းချီအလှကို ပိုပေါ်လွင်အောင် ဖန်တီးပေးသလိုပါပဲ။

ရုပ်ရှင်သမားတဦးဖြစ်တဲ့အတွက် ယနေ့မြန်မာ့ရုပ်ရှင်လောက အခြေအနေကိုလည်း မမေ့မလျော့ ပုံဖော်ထားပါသေးတယ်။

“တရံရောအခါက” ဆိုတဲ့ အခန်းထဲမှာ ဦးကျော်သူအဖေလက်ထက်က ရေဒီယိုတယ်လီဖုန်း၊ သေနတ်တွေနဲ့ ယခုအချိန်အထိ သုံးနေရသေးတဲ့ ဦးကျော်သူ မမွေးခင်က ပေါ်ခဲ့တဲ့
ရုပ်ရှင်ကင်မရာကြီး၊ ကင်မရာကို ဒရစ် ချိတ်သွင်းပေးထားတဲ့ပုံ သရုပ်ဖော်ထားတယ်။

ကင်မရာကို ထောက်ထားတဲ့ သုံးချောင်းထောက် Tripod မှာ တချောင်းကို ချိုင်းထောက်တပ်၊ တချောင်းကို ကျောက်ပတ်တီး စည်းပေးထားတယ်။ ကင်မရာကြီးကိုလည်း
အောက်ဆီဂျင်ပိုက် တပ်ထားပေးတယ်။ ကင်မရာကြီးမှာ ချိတ်ဆွဲထားတာကတော့ “မြန်မာ့ရုပ်ရှင် ကမ္ဘာကိုလွှမ်းစေရမည်” တဲ့။

မြန်မာရုပ်ရှင်လောက အခြေအနေကို ကွက်ကွက်ကွင်းကွင်းကို တန်းမြင်မိတာပဲ။

ကင်မရနောက်မှာ ဒါရိုက်တာတွေ ထိုင်လေ့ထိုင်ထရှိတဲ့ ထိုင်ခုံနဲ့ ဇတ်ညွှန်းစာအုပ် ချထားပေးတယ်။ နောက်ပြီးတော့ အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ပြည်သူချစ်
အနုပညာရှင် ဇာဂနာ ခေါ် ဦးသူရရဲ့ အမှတ်တရ ဓာတ်ပုံတွေ။ နောက် ဦးကျော်သူရဲ့ အကယ်ဒမီ ရွှေစင်ရုပ်နှစ်ဆု။

ရွှေစင်ရုပ်အနားမှာတော့ “ပစ္စည်းလည်းအို၊ လူလဲပြိုပြီ၊ စိတ်ဓာတ်တို့က နုပျိုဆဲ” လို့ရေးထားတယ်။

“အခုတော့ ရုပ်ရှင်ရိုက်ခွင့် ပြန်ပေးလည်း မရိုက်တော့ဘူး။ ခေတ်ပြောင်းသွားမှပဲ ပြန်ရိုက်တော့မယ်။ ပြန်ရိုက်ဖြစ်ရင်လည်း အလိမ်အညာ ဟာသတွေ မရိုက်ဘူး။ မိဘမေတ္တာ၊ သမိုင်း
အတ္ထုပ္ပတ္တိ၊ တကယ့်အဖြစ်တွေ ပဲ ရိုက်တော့မယ်” လို့ ရုပ်ရှင်ရော၊ ဗီဒီယိုမှာပါ အောင်မြင်ခဲ့တဲ့ ဦးကျော်သူက ပြောပါတယ်။

ကျန်တဲ့ပန်းချီကားတွေကတော့ ငြိမ်းချမ်းရေးရဖို့ကို အဓိကဖော်ညွှန်းတယ်။ သွေးစွန်းခဲ့ဖူးတဲ့ပုဂံမြေကို ရည်ရွယ်တဲ့ လှည်းဝင်ရိုးသံ တညံညံဆိုတဲ့ကား၊ ဘာသာကြီးလေးခုရဲ့ အလံတွေနဲ့


စစ်သားတွေ ရောယှက်နေတဲ့ ကား၊ တိုက်ပွဲတွေကြားက စစ်နဲ့ငြိမ်းချမ်းရေးကား၊ မြန်မာ့ရိုးရာအက၊ အမေရိကန် သမ္မတ အိုဘားမား တက်စဉ်ကဆွဲတဲ့ အိုဘားမား ဆိုတဲ့
ဗမာ့အိုးတွေဆွဲထားတဲ့ကား၊ ဂန္ဓီလမ်းဆိုတဲ့ ငြိမ်းချမ်းရေးလမ်းကိုသွားရင် ဆူးရှိတယ်ဆိုတာ ပြတဲ့ကား၊ အကယ်ဒမီရခဲ့တဲ့ အမေ့နို့ဖိုး ရုပ်ရှင်ကားရိုက်ခဲ့တဲ့ အင်းလေးမြင်ကွင်းဖြစ်တဲ့
မှတ်တိုင် ၂ ဆိုတဲ့ ပန်းချီကား၊ မာန်အပြည့်နဲ့ ရှေ့ဆုံးက ကာကွယ်နေတဲ့ ဆင်အဖေ၊ နောက်ဆင်အမေနဲ့ ဆင်ပေါက်ကလေးပါတဲ့ ဆင်မိသားစုရဲ့ မာန်ဆိုတဲ့ကားတွေဟာလည်း
အဓိပ္ပာယ်ကိုယ်စီနဲ့ ရင်ကိုထိရှစေတာကို တွေ့ရပါတယ်။

မျက်စိပိတ်ထားတဲ့ဇီးကွက်၊ နားပိတ်ထားတဲ့ဇီးကွက်၊ ပါးစပ်ပိတ်ထားတဲ့ဇီးကွက်၊ အသိဉာဏ်ရှိတဲ့ ဇီးကွက်ရဲ့ ကြည့်လဲမကြည့်ချင်၊ ကြားလဲမကြားချင်၊ ပြောလဲမပြောချင်ဆိုတာဖော်ညွှန်းတဲ့


ကျွန်ုပ်ရဲ့ ကျင့်စဉ်ဆိုတဲ့ကားကလည်း မြန်မာပြည်သူ ပြည်သားတွေရဲ့ နေ့စဉ်ဘ၀နဲ့ တထပ်တည်းပါပဲ။

သံလွင်ခက် ချီလာတဲ့ငြိမ်းချမ်းရေး ငှက်တွေပုံထိုးထားတဲ့ ချည်ပုဆိုးအမည်းနဲ့ ရှမ်းင်္ကျီအဖြူရောင်ကို ၀တ်ထားပြီးတော့ ငွေရောင် ရောယှက်နေတဲ့ဆံပင်ကို စုစည်းထားတဲ့ ဦးကျော်သူက
လူမှုရေးလုပ်ငန်းတွေနဲ့ ပြည်သူလူထုကို ငဲ့ကွက်နေရလို့ “အမေစုနဲ့ ဖ၀ါးချင်းထပ်လိုက်လို့မရ” ဖြစ်နေတယ်လို့ ဆိုပါတယ်။
နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက်တွေရှိနေပေမယ့်
မလျှော့သောဇွဲနဲ့ဆက်လုပ်ဖို့ အားပေးတဲ့အနေနဲ့
ဒေါ်အောင်ဆန်းစုကြည်က ပန်းချီပြပွဲကိုလာပြီးတော့ ဆီဆေးနဲ့
ပန်းချီကားတကား စရေးပေးခဲ့တယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

“သားဆက်ဆွဲလို့ အမေက ပြောခဲ့တယ်။ ဦးကျော်သူ မဆွဲရက်ဘူး။


အမေ့လက်ရာ မဖျက်ဝံ့ဘူး။ အမေ့ထက် သားတလ မကြီးဝံ့ဘူး။
ဒါနဲ့ဒီပန်းချီကားကို ဒီအတိုင်းသိမ်းထားတယ်” လို့ ဦးကျော်သူက ဆိုတယ်။

“ပြပွဲကပန်းချီတွေကတော့ Aacrylic နဲ့ရေးတာ။ ဆီဆေးကတော့ ပြပွဲနေ့မှ


စဖောက်တာ။ ဒီဘူးအသစ်နဲ့ပဲ အမေကဆွဲပေးခဲ့တာ” လို့ ဦးကျော်သူက
ဆက်ပြောတယ်။

ဦးကျော်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ ခွန်အားတွေနဲ့


ပြည်သူတွေ သက်သာရာရောက်အောင်၊ လူမှုအခက်အခဲတွေ
လျော့ပါးအောင် ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျန်တဲ့ပြည်သူပြည်သားတွေလည်း ဒီခွန်အားတွေ မျှဝေယူပြီး


အတူတူလွတ်မြောက်ဖို့ ကြိုးစားရလိမ့်မယ်။ အမေစု အစရှိတဲ့ ဘ၀တွေ၊

( - Facebook)
မိသားစုတွေ၊ အနာဂတ်တွေစတေးပြီး ပြည်သူတရပ်လုံးလွတ်မြောက်ဖို့ အလုပ်လုပ်နေတဲ့လူတွေကို အားလုံးက ၀န်းရံရလိမ့်မယ်” လို့ ဦးကျော်သူက သူ့ရဲ့ခွန်အားတွေ ပြည်သူလူထုကို
ကူးစက်စေဖို့ ပြောပြသွားပါတယ်။ ။
http://bur.irrawaddy.org/

Monday, January 10, 2011


စစ်မှုထမ်းကြကြေး ဆိုရင်တော့ ...
မြန်မာနိုင်ငံ နောက်တက် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံသားတွေ စစ်မှု မထမ်းမနေရ ဥပဒေ လာပါတော့မယ်။
ယောက်ျားဆိုရင် အသက် ၁၈ ကနေ ၄၅ နှစ်အတွင်း၊ မိန်းမဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ၂ နှစ်ကြာ
စစ်မှုထမ်းရပါမယ်။ နိုင်ငံတော် အရေးပေါ် ကာလဆိုရင်တော့ ၅ နှစ်အထိ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာ ဖြစ်တယ်လို့
သိရပါတယ်။

မနှစ် နှစ်ကုန်ကတည်းက တစွန်းတစ ကြားနေရတဲ့ ဒီသတင်း အခု ပိုခိုင်မာသွားတာ ဖြစ်ပါတယ်။ ခြွင်းချက်ကတော့


ရဟန်းသံဃာ၊ မသန်မစွမ်းနဲ့ အမျိုးသမီးဆိုရင် ကလေးငယ် ရှိနေရင်တော့ စစ်မှု မထမ်းဘဲ နေနိုင်ပါတယ်။

အစိုးရဝန်ထမ်း၊ ကျောင်းသား၊ ထောင်ကျနေသူနဲ့ သက်ကြီးရွယ်အို မိဘတွေကို စောင့်ရှောက် နေရသူတွေဆိုရင်တော့


စစ်မှုထမ်းခြင်းကို ယာယီ ရွှေ့ပြောင်းခွင့် ရှိပါတယ်။ စစ်မှု ထမ်းခြင်းကို ရှောင်လွှဲမယ်ဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်ကနေ
အထက်၊ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ရပ်စလုံး ကျခံရမှာ ဖြစ်ပါတယ်။

စစ်ထဲမဝင်ရအောင် ကိုယ့်ကိုယ်ကိုယ် မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ရင်လည်း အပြစ်မလွတ်ဘူးလို့ သိရပါတယ်။ အကယ်၍ သေနတ်ပစ်လို့ မရအောင် ကိုယ်လက်ညှိုးကိုယ်
ချိုးတာမျိုးဆိုရင် ထောင်ဒဏ် ၅ နှစ်ကနေအထက်၊ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ရပ်စလုံး ကျခံရမှာပါ (ဒီလိုဥပမာပေးတာ အကြောင်းရှိပါတယ်။ တခါက စိတ်ပျက်လွန်းလို့
ဗိုလ်သင်တန်းက ထွက်ချင်တော့ ဗိုလ်လောင်းတယောက်က ကိုယ့်လက်ညှိုးကိုယ် ဓားနဲ့ လှီးဖူးလို့ပါ)။

ဒီသတင်း ထွက်လာပြီးတဲ့နောက် အမျိုးမျိုးသော ဝေဖန်ပြောဆိုသံတွေကို ကြိုကြား ကြားလာရပါပြီ။ စစ်ထဲတော့ ဝင်ချင်ပါရဲ့၊ တိုင်းပြည်တော့ ချစ်ပါရဲ့၊ ဒါပေမယ့် ဒီလို စစ်တပ်မျိုးတော့
မဝင်ချင်ဘူး ဆိုတာမျိုး၊ လက်ထဲ သေနတ်ထဲ ရောက်လာရင်တော့ ပြန်တီးမယ် ဆိုတာမျိုး၊ ကောင်းကောင်းမွန်မွန် အခွင့်အရေး မရခဲ့တဲ့ တိုင်းရင်းသားတွေကတော့ အခုကျမှ
စစ်ထဲဝင်ပေးရဦးမှာလား ဆိုတာမျိုး၊ ပြီးတော့ Gay တွေ၊ အမျိုးသမီး အရေအတွက် များများ စစ်တပ်ထဲ ပါလာရင် ဆိုတာမျိုး တွေ အမျိုးစုံ ပြောနေကြပါပြီ။

မြန်မာနိုင်ငံလို နယ်စပ်ဒေသမှာ တိုက်ပွဲက တဒိန်းဒိန်း၊ တဂျိမ်းဂျိမ်းဖြစ်နေတဲ့ နိုင်ငံမှာ စစ်မှုထမ်းခိုင်းဖို့ မျက်ခုံးလှုပ် ရင်ဖိနေတဲ့


မိဘတွေလည်း ရှိနေပါပြီ။

ဒီနေရာမှာ တခုစရာရှိတာက တပ်ချုပ်ကြီး သန်းရွှေရဲ့ ရတနာမျက်ရှု မြေးရွှေဥ ဖြစ်တဲ့ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (ခေါ်)
ပြည်သူတွေရဲ့ အခေါ် “မျောက်လောင်း” ရော စစ်မှု ထမ်းမှာလား ဆိုတာပါပဲ။ ဥပဒေအရတော့ မျောက်လောင်းလည်း
စစ်မှုထမ်းရမယ့် ဥပဒေက ပြေးမလွတ်ပါဦး။ တော်ကြာနေ အမွေပေးတယ်ဆိုပြီး တပ်ချုပ်ကြီးက သူ့ပုခုံးပေါ်က အပွင့်တွေ
သူ့မြေးပုခုံးပေါ် တင်ပေးလိုက်ရင်တော့ ငါးပါးရော သံဃာစင်ပါ မှောက်ပြီလို့ ဟာသလုပ် ပြောဆိုနေသူတွေလည်း ရှိပါကြောင်း။

ဧရာဝတီမှ သတင်းအသေးစိတ်ကို ဖတ်ရန် Click Here


NHK က တင်ဆက်သွားတဲ့ ရုပ်သံသတင်းကို ကြည့်ရှုရန် Click Here
http://www.irrawaddyblog.com/

လကုန်မှာ လွှတ်တော်အကုန် ခေါ်မည်


ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအပြီး ပထမဆုံး လွှတ်တော်အစည်းအဝေးများကို ဇန်နဝါရီ ၃၁ ရက်တွင် ခေါ်ယူမည်ဟု စစ်အစိုးရက ယနေ့ ကြေညာလိုက်သည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သော အမိန့်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် အသံလွှင့်ရုံက ထုတ်ပြန်ရာတွင် ဇန်နဝါရီလ ၃၁ ရက် တနင်္လာနေ့
နံနက် ၈ နာရီ ၅၅ မိနစ် တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့ကို တပြိုင်တည်း ကျင်းပရမည် ပါရှိသည်။

လွှတ်တော် အစည်းအဝေးများအတွက်
ကြိုတင်ပြင်ဆင်ချက်အနေဖြင့် လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးကိုလည်း
ပုံနှိပ်ဖြန့်ဝေကြောင်း မြန်မာ့ရုပ်မြင်သံကြား MRTV4 ကြေညာချက်တွင် ပါရှိသည်။

၎င်းတို့မှာ (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ (ခ) နိုင်ငံတော် သမ္မ္မတနှင့်


ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (ဂ) ပြည်ထောင်စု
အစိုးရအဖွဲ့ ဥပဒေ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေ၊ (င)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ၊ (စ)
နေပြည်တော်ကောင်စီ ဥပဒေ၊ (ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (ဇ)
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေ၊ (ဈ) နိုင်ငံတော် အလံဥပဒေနှင့် နည်းဥပဒေ၊ (ည) နိုင်ငံတော်
သီချင်း ဥပဒေနှင့် နည်းဥပဒေတို့ ပါရှိသည်။

ထို့ပြင် (ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဌ)


ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ (ဍ) အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့်
နည်းဥပဒေများ၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့်
နည်းဥပဒေများ၊ (ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ (တ) ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊
(ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့ ဖြစ်သည်။
( -)
လွှတ်တော်သုံးရပ်ပေါင်းအမတ် ၆၄ ဦးအရွေးခံရသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးကို သန်ဘက်ခါနောက်ဆုံးထား
လုပ်မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောသည်။

ထို့ပြင် လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာဖြင့် အများဆုံးနိုင်ထားသော စစ်အစိုးရ ထူထောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
ပြိုင်ဘက်ပါတီများကို ပိုအားနည်းအောင် လုပ်နေသည်ဟု အတိုက်အခံပါတီများက စွပ်စွဲနေကြသည်။

လတ်တလောတွင် တစည၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ-SNDP၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-RNDP တို့မှ
ရွေးကောက်ခံအမတ် ၂ဝ ကို ကြံ့ဖွံ့က နေပြည်တော် ပြည်ထောင်စုကော်မရှင်ရုံးတွင် ကန့်ကွက်ထားခြင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
ပဲခူးတိုင်းနှင့် မကွေးတိုင်းမှ တစညအမတ် ၈ ယောက်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အမတ် ၁ ယောက်၊ ကျားဖြူခေါ် SNDP မှ အမတ် ၂ ယောက်၊ RNDP မှ ၉ ယောက်ကို ကြံ့ဖွံ့က
မဲမသမာမှုဖြင့် အနိုင်ရသည်ဆိုကာ ကန့်ကွက်ထားသည်။

သို့သော်လည်း ပဲခူးတိုင်း ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်ချိုချိုကျော်ငြိမ်းက ကြံ့ဖွံ့ ပြည်သူ့လွှတ်တော်အမတ် ဦးသန့်ဇင်က မဲလိမ်ကာ
အနိုင်ယူသွားသည်ဟု တရားစွဲထားသည်။ ထိုအမှုကို မနက်ဖြန် နေပြည်တော်တွင် ကြားနာမည်။

တချိန်တည်းမှာပင် ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်၊ ကရင်ပါတီများကလည်း ပူးပေါင်းဆောင်ရွက်မှုများလုပ်ရန် မကြာခင် တွေ့ဆုံသွားမည်ဟု ပါတီသတင်းရပ်ကွက်များက ပြောသည်။
DKBA နှင့် စစ်အစိုးရတပ် နှစ်ရက်ဆက် တိုက်ပွဲဖြစ်
ကိုပေါက် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် စစ်အစိုးရတပ်များအကြား
ယမန်နေ့မနက်မှစကာ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်နေကြောင်း DKBA အရာရှိတဦး အဆိုအရ သိရသည်။

ယမန်နေ့မနက် ၆ နာရီအချိန်မှစ၍ DKBA ကချဝါးလေးစခန်းကို စစ်အစိုးရ တပ်ရင်း ၂၃၁၊ ၃၅၅၊ ၃၅၉၊ ၅၄၈၊ ၅၄၉ အင်အား ၂ဝဝ ကျော်ဖြင့် စတင်ထိုးစစ်ဆင်ခဲ့ရာ၊ DKBA တပ်မဟာ (၅)
လက်အောက်ခံ ၉ဝ၄၊ ၉ဝ၅ တပ်ရင်းများမှ အင်အား ၃ဝဝ ခန့် ဖြင့် ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီကနေ့လည်း မနက် ၇ နာရီ ၁ဝ မိနစ်မှ ပြန်ဖြစ်တယ်။ ညနေ ၆ နာရီမှာ ရပ်သွားတယ်။ သူတို့ စခန်းကို မရပါဘူး” ဟု DKBA ၏ ဖလူး၊ ဝေါလေ ဗျူဟာမှူး ဗိုလ်စောကျော်သက်က မဇ္ဈိမကို
ပြောသည်။

နှစ်ရက်တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ ၃ဝ ကျော် ကျဆုံးပြီး ၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့ဘက်တွင် ၂ ဦးသာ ဒဏ်ရာရရှိခဲ့ကြောင်း သူက ဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်၍ ကရင့်အမျိုးသားအစည်းအရုံး KNU တွဲဘက် အထွေထွေအတွင်းရေးမှုး (၁) ပဒိုစောလှငွေက DKBA ထောင်ထားသည့် မိုင်းကွင်းများကြောင့် စစ်တပ်ဘက်က
ယခုလို အကျအဆုံး များရခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဘာမှမရှိလောက်ဘူးထင်ပြီး အထင်သေးပြီးတော့ ဝင်လာတဲ့အခါ DKBA က အပိုင်တွယ်ပြီး ရှောင်သွားတဲ့အခါကျတော့ DKBA က ဘာမှ အထိအခိုက် မရှိဘူး” ဟု သူက ပြောသည်။

သူက ဆက်ပြီး “ဒီကနေ့ တွေ့တာကတော့ မတက်ရဲတော့ဘဲနဲ့ လက်နက်ကြီးနဲ့ လှမ်းထုတဲ့ သဘောပဲ။ DKBA ရှိမယ့် နေရာတွေ၊ စောင့်မယ့်နေရာတွေ လှမ်းထုတယ်။ DKBA
လက်နက်ကြီးတွေဘာတွေ ထားမယ့်နေရာတွေ မှန်းထုတယ်။ DKBA အပေါ်စီး ဗျူဟာကုန်း ယူထားတဲ့ နေရာတွေ လိုက်ပြီး ထုနေတဲ့ သဘောပဲ။ ပတ်လည်ပဲ ထုနေပုံရတယ်။
ကြည့်ရတာ” ဟု ပြောသည်။

နအဖ ဘက်မှ ယနေ့ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သေးရာ၊ လူသူထိခိုက်မှု မရှိသော်လည်း ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး
တိုးမြှင့်ထားလိုက်ကြောင်း သိရသည်။

တိုက်ပွဲအခြအနေကြောင့် အုကဲထ၊ ဝမျိုးထ၊ မောကထ ရွာများမှ ဒုက္ခသည် ၃ဝဝ ကျော် ထိုင်းနိုင်ငံ ဖုတ်ဖရဘက်သို့ ထပ်မံထွက်ပြေး တိမ်းရှောင်လာကြသည်။

လုံခြုံရေးအခြေအနေကြောင့် မြန်မာပြည်နယ်နမိတ်အတွင်း စစ်ဘေးရှောင် ပုန်းခိုနေထိုင်နေကြသူများလည်း အများအပြား ရှိနေကြောင်း ဒုက္ခသည်အရေး


ကူညီစောင့်ရှောက်ပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။

“သူတို့လုံခြုံရေးအရ ဒုက္ခသည်တွေက နီးစပ်ရာ လယ်တောခြံတောတွေမှာ ခိုလှုံနေတာတွေရှိတယ်။ UNHCR တို့၊ NGO တို့ သိအောင်နေတဲ့ အနေအထားမှာ မဟုတ်တော့ အတိအကျ
မပြောချင်ဘူး” ဟု သူက ပြောဆိုသည်။

မယ်တော်ဆေးခန်းနှင့် လူမှုအခြေပြု အဖွဲ့အစည်းများက နီးစပ်ရာ ဒေသခံလူများနှင့် သွားတွေ့ကာ ဒုက္ခသည်များ လိုအပ်သည့် အခြေခံပံ့ပိုးမှု အကူအညီများ ပေးနေရသည်ဟု သူက
ဆိုသည်။

မြဝတီ၊ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး ဒေသများတွင် နအဖ စစ်တပ်များနှင့် DKBA တပ်များ တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နိုဝင်ဘာလ ၇ ရက်နေ့ ၂ဝ၁ဝ ရွေးကောက်ပွဲနေ့ကတည်းက
ဖြစ်သည်။
ဒေါက်တာသန်းငြိမ်း NDF ဥက္ကဋ္ဌအဖြစ် ပြန်ရွေးခံရ
ထွန်းထွန်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ယနေ့ ပါတီပြန်လည်ဖွဲ့စည်းရေး အစည်းအဝေးက ဒေါက်တာသန်းငြိမ်းကို ပါတီဥက္ကဋ္ဌအဖြစ်
ပြန်လည်ရွေးချယ်လိုက်သည်။

ရန်ကုန်တိုင်း အလုံမြို့နယ် ကွင်းချောင်းလမ်းရှိ ပါတီရုံးချုပ်တွင် အစည်းအဝေးကျင်းပရာ တိုင်း/ပြည်နယ်များမှ လာရောက်သည့် ကိုယ်စားလှယ် ၅ဝ ထဲမှ ဗဟိုအလုပ်အမှုဆောင် CEC
အဖွဲ့ဝင် ၁၅ ဦးကို မဲပေးရွေးချယ်ကာ ထိုအထဲမှ ဒေါက်တာသန်းငြိမ်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“ဒေါက်တာသန်းငြိမ်းကိုပဲ ပြန်ပြီးတော့ ဥက္ကဋ္ဌအဖြစ် ပြန်တင်ပါတယ်။ သူက မဲအများဆုံး ရပါတယ်” ဟု ပါတီနိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဒုဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်းနှင့် ဒေါက်တာ လှစိုးညွန့် (မန္တလေး)၊ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊


တွဲဘက် အတွင်းရေးမှူး ဦးမြင့်သွင် (မန္တလေး) နှင့် ဦးမျိုးဇော်အောင် (ရန်ကုန်)၊ ဘဏ္ဍာရေးမှူး
ဦးကြည်သန်း၊ CEC အဖွဲ့ဝင်အဖြစ် ဦးခင်မောင်ဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးစိန်ဝင်း၊
ဒေါ်ခင်ဝိုင်းကြည် အပါအဝင် နောက်ထပ် ၈ ဦးကိုပါ ရွေးချယ်ခဲ့သည်။

အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူးနှင့်


ရန်ကုန်တိုင်းမှ ဗဟိုဦးစီးအဖွဲ့ဝင် CC ၅ဝ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် CEC ကို ပြန်လည်ရွေးချယ်ကာ တိုင်း/ပြည်နယ်များရှိ ဗဟိုဦးစီးအဖွဲ့ဝင် CC


များကို အတည်ပြုခဲ့သည်။ ထို့အပြင် ပါတီတာဝန် မကျေပွန်မှု မရှိခြင်း၊ ပါတီအတွင်းရေးများကို
မီဒီယာများတွင် တာဝန်မဲ့စွာ ပြောဆိုသည်ဟုဆိုကာ ယခင် CEC က ဦးသိန်းညွန့်ကို
ထုတ်ပယ်ခဲ့သည့်အပေါ် ယခုအစည်းအဝေးက သဘောတူကြောင်း ဆုံးဖြတ်ခဲ့သေးသည်။

နောက်ပိုင်းတွင် ဘဏ္ဍာရေး၊ ဗဟိုဥပဒေ၊ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များသာမက


အမျိုးသမီး၊ လူငယ်၊ တောင်သူလယ်သမားနှင့် အလုပ်သမား ကော်မတီများကို ဆက်လက်ဖွဲ့စည်းသွားမည်ဟု NDF က ဆိုသည်။

ယခုလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များကို စစ်အစိုးရက ခေါ်ယူကျင်းပသွားမည်ဟု ယနေ့ ထုတ်ပြန်ကြေညာခဲ့ရာ
NDF အနေဖြင့် လွှတ်တော်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဦးစားပေးအဖြစ် တင်သွင်းအဆိုပြုသွားမည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

“နံပါတ် ၁ ကိစ္စကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးပဲ။ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကို အဲဒီ့အဆိုကို ဦးဆုံးတင်မှာပါ။
ဒုတိယအဆိုက စီးပွားရေး။ ကျနော်တို့ အခွင့်အလမ်းတွေကို တပြေးညီရရှိနိုင်အောင် စီးပွားရေးပြင်ညီကွင်းဖြစ်ရေး၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု ပပျောက်ရေးကို အဆိုတင်မှာပါ။
အဲဒါမျိုးတွေပါပဲဗျာ” ဟု သူက ပြောသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် NDF ခေါင်းဆောင်များဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်နှင့် ပါတီလူငယ်နှစ်ဦးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့ကာ၊ မကြာခင်တွင် ထပ်မံတွေ့ဆုံသွားမည်ဟု သူက ဆိုသည်။

NDF သည် ရွေးကောက်ပွဲဝင်ရန်အတွက် သဘောထားချင်း မတိုက်ဆိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ CEC ၄ ဦး၊ CC ၇ ဦးနှင့် လူငယ်အဖွဲ့ဝင်အချို့ အပါအဝင် NLD
ပါတီဝင် ၂၇ ဦးက ခွဲထွက်ကာ ပြီးခဲ့သည့်နှစ် မေလ ၆ ရက်နေ့တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁ဝ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NDF အမတ်လောင်း ၁၆၃ ဦး ဝင်ပြိုင်ရာတွင် ၁၆ ဦး ရွေးချယ် တင်မြောက်ခံခဲ့ရသည်။
အထည်ချုပ်စက်ရုံ ၈ဝ ကျော်တိုးလာ
ကျော်ခ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ အထည်ချုပ်လုပ်ငန်းတွင် လွန်ခဲ့သည့် ၆ လအတွင်း အထည်ချုပ် စက်ရုံပေါင်း ၈၀ ကျော် တိုးလာပြီး စုစုပေါင်း ၂၀၀ ကျော်သွားပြီဖြစ်ကြောင်း အထည်ချုပ်
လုပ်ငန်းရှင်များ အသင်းက ပြောသည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ၂၀၀၉ နှစ်လည်ပိုင်းက မြန်မာနိုင်ငံတဝှမ်း စက်ရုံ ၁၂၀ သာ လည်ပတ်နိုင်ခဲ့ရာက ၂၀၁၀ ဇွန်လမှစ၍ အထည်အမှာများ တက်လာ၍ အထည်ချုပ်
လုပ်ငန်းထဲသို့ လုပ်ငန်းရှင်များ ပိုဝင်လာခဲ့ကြသည်။

“၂ဝဝ၈ တုန်းက World Crisis ဒဏ်ကြောင့် ကျနော်တို့ဆီက စက်ရုံတွေလဲ တနှစ်ကျော်လောက် ထိတယ်လေ။ ပြီးခဲ့တဲ့ နှစ် ၆ လပိုင်း လောက်ကထဲက ပြန်အဆင်ပြေလာကြတယ်။
အခုတော့ နောက်တိုး စက်ရုံတွေနဲ့ဆို စက်ရုံပေါင်း ၂၀၀ ကျော်လောက် ပြန်လည်ပတ်လာနိုင်တယ်” ဟု အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ ကုမ္ပဏီ အုပ်စုကြီးများထံမှ လက်ခစား အထည်ချုပ် ခွဲတမ်းကို တဆင့်ခံရရှိနေပြီး ချုပ်လုပ်ပြီး အထည်များကို တောင်ကိုးရီးယား၊ ဂျပန် နှင့်
လက်တင်အမေရိက နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားရှိ အထည်ချုပ်စက်ရုံများ ပိတ်ကာ တောင်ကိုရီးယားက မြန်မာနိုင်ငံသို့ အထည်အမှာများ


တိုးမြှင့်လာမှုကလည်း အထည်ချုပ် လုပ်ငန်းကို ဦးမော့လာစေသည်။

အမေရိကန်သို့ အစပိုင်းတွင် တင်ပို့ နိုင်ခဲ့သော်လည်း ၂၀၀၃ တွင် စီးပွားပိတ်ဆို့မှု ဥပဒေ ပြဋ္ဌာန်းပြီး တင်သွင်းခွင့် ပိတ်ပင်ခံရသည်။

ထို့ပြင် အိမ်နီးချင်း တရုတ်နိုင်ငံကလည်း အထည်ချုပ် လုပ်ငန်းများထက် ငွေကြေးပိုမို ရရှိသည့် စက်ကိရိယာများကိုသာ ဦးစားပေး လုပ်ကိုင်လာသဖြင့် တရုတ်သို့ တင်ပို့နေသည့်
နိုင်ငံများက လုပ်အားခ သက်သာသည့် မြန်မာနိုင်ငံသို့ ဦးလှည့်လာခဲ့ကြသည်။

“တရုတ်က အီလက်ထရောနစ်တို့ မော်တော်ကားတို့ကို ဦးစားပေး လုပ်တော့မယ်ဆိုတော့ အဲဒီဘက်က အထည်တွေက ဒီဘက်လှည့်လာတာပေါ့လေ။ တောင်ကိုရီးယားကလဲ အရင်
သူပို့နေတဲ့ မြောက်ကိုရီးယားနဲ့ ပစ်ခတ်မှုတွေ ဖြစ်တော့ စက်ရုံတွေဆီ ပို့တာရပ်လိုက်ရပြီး ဒီဘက်လှည့်လာတာပေါ့” ဟု ဦးမြင့်စိုးက ပြောသည်။

စက်ရုံလုပ်ငန်းများ လည်ပတ်မှု ကောင်းမွန်လာသဖြင့် အဆိုပါ စက်ရုံ ၂၀၀ တွင် အထည်ချုပ် လုပ်ကိုင်နေကြသည့် အလုပ်သမား ၈ သောင်း ကျော်လည်း ယခင် လုပ်ခထက် ကျပ်ငွေ ၂
သောင်းခန့် တိုးရလာကြောင်း စက်ရုံ တာဝန်ရှိသူများ နှင့် အလုပ်သမားများက ပြောသည်။

အဆိုပါ စက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများမှာ နယ်မှလာလုပ်သူများ ဖြစ်ကြပြီး ယခင်က တလ လုပ်ခ ၄ သောင်းမှ ၆ သောင်းထိသာ ရကာ ယခု တလ ကျပ် ၆ သောင်းမှ
၈ သောင်း ထိ ရကြသည်ဟု ဆိုသည်။

“အခုကတော့ အထည်တွေ များလာတယ်။ ၅၀၀ ဘိုးမကလို့ ၁၀၀၀ ဘိုးချုပ်လဲ ချုပ်နိုင်သလိုရတယ်။ အရင်တုန်းကနဲ့ မတူဘူး။ တကယ်လုပ်နိုင်ရင် တလကို ၈ သောင်းလောက်ထိ
ရတယ်” ဟု လှိုင်သာယာ စက်မှုဇုန် ၁ Ever November စက်ရုံတွင်လုပ်ကိုင်နေသည့် စက်ချုပ်သမားတဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ပြည်ပမှ လက်ခစား အထည်များ တိုးဝင်လာသည်နှင့်အမျှ စက်မှုဇုန်တွင်း အထည်ချုပ်စက်ရုံများ ထပ်မံ ဆောက်လုပ်နေသည်ကိုလည်း တွေ့နေရသည်ဟု အေဝမ်း
အထည်ချုပ်စက်ရုံ မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅ဝ ခန့် အမြတ်ရရှိကြောင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

၁၉၈၈ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ၂၀၀၉ နှစ်လယ်ထိ အထည်ချုပ်စက်ရုံ ၁၇၁ ရုံရှိရာက ကမ္ဘာ့စီးပွားအကျပ်အတည်းကြောင့် စက်ရုံ ၁၂၀ အထိ ထိုးကျသွားခဲ့သည်။ ထို့ပြင်
အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် အထည်ချုပ်လုပ်သားများ ထိခိုက်ရသည်ဆိုခြင်းကလည်း မြန်မာ့နိုင်ငံရေးတွင် အငြင်းပွားဖွယ်ရာ ခေါင်းစဉ်တခု ဖြစ်သည်။
ကလေးဓာတ်ဆီဆိုင်နှင့် ဘောက်ဆာကား မီးလောင်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ကလေးမြို့ မြို့လယ်ခေါင် ပုဂ္ဂလိက ဓာတ်ဆီဆိုင် တခု၌ ယနေ့ညနေပိုင်းတွင် ၂ နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားရာ ဆီဆိုင်နှင့်
ဆီသယ်သောကားများ မီးလောင်သွားသည်။

မြို့လယ်ခေါင် ပင်လုံရပ်ကွက် အထက (၃) ရှေ့ရှိ အဆိုပါ မြတ်မေတ္တာမွန် ဓာတ်ဆီဆိုင်၌ ဓာတ်ဆီသယ် ဘောက်ဆာကားမှ ဆီလှောင်ကန်ထဲ ဓာတ်ဆီ လောင်းထည့်နေစဉ်
စတင်လောင်ကျွမ်းပြီး ညနေ ၄ နာရီမှ ၆ နာရီခွဲထိ ကြာမြင့်ကြောင်း မြို့ခံများက ပြောသည်။

“ဘောက်ဆာ ကားထဲက ဓာတ်ဆီတွေ လှောင်ကန်ထဲကို လောင်းထည့်နေတုန်း တခုခုနဲ့ ပွတ်တိုက်ရာကနေ မီးထလောင်တာဗျ။ ဆီဆိုင်လောင်တယ်ဆိုတော့ဗျာ


မီးကတော်တော်ကြီးတယ်။ ပတ်ဝန်းကျင် အိမ်တွေ မကူးတာ တော်သေးတယ်” ဟု မြို့ခံ ကျောင်းဆရာ တဦးက မဇ္ဈိမကိုပြောသည်။

မီးစလောင်ပြီး ၁၅ မိနစ်ခန့်အကြာတွင် မီးသတ်ကားများ ရောက်လာခဲ့သော်လည်း မီးညွန့်တက်မည် စိုးသဖြင့် ရေမပက်ပဲ စောင့်ကြည့်နေကြသည်ဟုဆိုသည်။

ဓာတ်ဆီဆိုင်အနီး ပင်လုံရပ်ကွက် အိမ်များ မီးမလောင်စေရန်နှင့် ဝင်မလုနိုင်စေရန် မင်္ဂလာဥယျာဉ် စာသင်တိုက်မှ သံဃာတော်များက ရေပုံးများ၊ အဝတ်စများ ရေစွတ်ကာ
စောင့်ကြပ်ပေးကြကြောင်း မြို့ခံများကပြောသည်။

မီးလောင်မှုကြောင့် မြို့တွင်းရှိ ဓာတ်ဆီမှောင်ခို အရောင်းသမားများ ပစ္စည်းများသိမ်းဆည်းကာ မြို့ပြင်ဘက်သို့ တိမ်းရှောင်သွားသည်ဟု မျက်မြင်မြို့ခံများက မဇ္ဈိမကိုပြောသည်။


မြန်မာသမိုင်း သုတေသန စာစောင်အသစ်ထွက်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၄ မိနစ်

မဇ္ဈိမသတင်းဌာန ။ ။ ယဉ်ကျေးမှုဌာန သမိုင်းသုတေသန ဦးစီးဌာနက မြန်မာသမိုင်း သုတေသန စာစောင် အမှတ် ၂၀ ကို ဖြန့်ချိကြောင်း ဇန်နဝါရီ ၆ ရက်နေ့ထုတ်
ကြေးမုံသတင်းစာတွင် ဖော်ပြသည်။

မြန်မာသမိုင်း သုတေသနစာစောင်ကို ၁၉၉၅ နိုဝင်ဘာတွင် စတင်ထုတ်ဝေပြီး တနှစ် ၂ ကြိမ် ထုတ်ဝေခဲ့သော်လည်း ၂ဝဝ၇ ဇွန် နောက်ပိုင်း ၃ နှစ်ခွဲကြာ ရပ်ဆိုင်းနေခဲ့သည်။
ဒေါက်တာဒေါ်မွှေး၏ ဝနယ်က ပန်လုံသတ္တုတွင်းများ၊ ဦးသော်ကောင်း၏ ၁၈ ရာစုလယ်က တရုတ်ပြည်သွား မြန်မာသံအဖွဲ့ မှတ်တမ်းပေစာ၊ စိုင်းအောင်ထွန်း၏ ခေတ်ပြိုင် မြန်မာ့သရုပ်ကို
ထူထောင်ရာတွင် ရိုးရာယဉ်ကျေးမှုကဏ္ဍ ၊ ဒေါက်တာခင်မောင်ညွန့်၏ လယ်ထွန်မင်္ဂလာ၊ ဦးစိန်မောင်ဦး၏ ကနောင်မင်းသား၏ သားတော်သမီးတော်များ၊ ဒေါ်တင်မိုးလတ်၏
ကုန်းဘောင်ခေတ် မြန်မာ့လူမှုအဖွဲ့အစည်းမှ အမျိုးသမီးများ စသည့် စာတမ်း ၈ စောင် နှင့် ဒေါက်တာမောင်အောင်မျိုး၏ စာအုပ်အညွှန်းတပုဒ် ပါရှိသည်။

မြန်မာသမိုင်းအဖွဲ့က တည်းဖြတ်ပြီး ရန်ကုန်ပြည်လမ်းရှိ အမျိုးသားပြတိုက် စာအုပ်ဆိုင်တွင် တန်ဖိုး ငွေ ၂၀၀၀ ကျပ်ဖြင့် ရောင်းချသည်။ စာစောင်တွင် ပြည်တွင်းပြည်ပ ပညာရှင်များ
ဝင်ရေးလေ့ရှိပြီး မြန်မာသမိုင်းအဖွဲ့ ရွှေရတု (၂၀၀၅) အထိမ်းအမှတ် အဖွဲ့ဝင်များ၏ စာပေါင်းစုများ ကွန်ဖရင့်စာတမ်းများကို ထွန်းဖောင်ဒေးရှင်းဘဏ် အကူအညီဖြင့် ထုတ်ဝေခဲ့သည်။

၁၉၈၁ မှစ၍ သမိုင်းသုတေသနဌာနက စာအုပ် ၉၀ ကျော် ထုတ်ဝေခဲ့ရာ တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၅၈-၁၉၆၂ မြန်မာနိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး စနစ
ပြောင်းကာလ (၁၉၆၂-၁၉၇၄)၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ၊ ရဲဘော်သုံးကျိပ်၊ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန် တို့မှာ အထူးထင်ရှားသည်။ သမိုင်းသုတေသနဌာန
လက်ရှိညွှန်ကြားရေးမှူးချုပ်မှာ ဒေါ်နန္ဒာမွှန်းဖြစ်ပြီး မြန်မာသမိုင်းအဖွဲ့ ဒုဥက္ကဋ္ဌမှာ ဒေါက်တာတိုးလှ ဖြစ်သည်။ ၁၉၈ဝ ခန့်က မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်၊ ပညာပဒေသာ
စာစောင်များ ရပ်ဆိုင်းသွားခဲ့ပြီးနောက် နဝတခေတ်တွင် ဗိုလ်ချုပ်ကြီးခင်ညွန့် အားပေးမှုဖြင့် ပညာရပ် သုတေသနစာစောင်များ ပြန်ထွက်လာခဲ့သည်။
လွှတ်တော်သုံးရပ် ယခုလ ၃၁ ရက်နေ့ ခေါ်မည်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၄ မိနစ်

နယူးဒေလီ(မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအပြီး ပထမဆုံးဖြစ်လာမည့် လွှတ်တော်သုံးရပ် အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့တွင် တပြိုင်တည်း ခေါ်ယူသွားမည်ဟု


နိုင်ငံပိုင်မီဒီယာများက ယနေ့မွန်းလွဲ ၁ နာရီတွင် ကြေညာသွားသည်။

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်၊ တနင်္လာနေ့ မနက် ၈ နာရီ ၅၅ မိနစ်မှစ၍ ကျင်းပသွားရန်
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုး ထုတ်ပြန်ကြောင်း မြန်မာ့ရုပ်မြင်သံကြား MRTV4 က ကြေညာသည်။

လွှတ်တော်သုံးရပ် အစည်းအဝေးများအား တပြိုင်တည်း


ကျင်းပသွားမည်ဖြစ်ရာ လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးအား
ပုံနှိပ်ဖြန့်ဝေလိုက်သည်ဟုလည်း ပါရှိသည်။

၎င်းတို့မှာ (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ (ခ) နိုင်ငံတော် သမ္မတနှင့်


ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (ဂ) ပြည်ထောင်စု
အစိုးရအဖွဲ့ ဥပဒေ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ၊ (င)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ၊ (စ)
နေပြည်တော်ကောင်စီ ဥပဒေ၊ (ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (ဇ)
ပြည်ထောင်စု ရာထူးဝင်အဖွဲ့ ဥပဒေ၊ (ဈ) နိုင်ငံတော် အလံဥပဒေနှင့် နည်းဥပဒေ၊ (ည) နိုင်ငံတော်
သီချင်း ဥပဒေနှင့် နည်းဥပဒေတို့ ပါရှိသည်။

ထို့ပြင် (ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဌ)


ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ (ဍ) အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့်
နည်းဥပဒေများ၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့်
နည်းဥပဒေများ၊ (ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ (တ) ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊
(ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့ ဖြစ်သည်။
( -)
အဆိုပါ ဥပဒေ၊ နည်းဥပဒေ စာအုပ်များအား ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့်
တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း ထည့်သွင်း ကြေညာသွားသည်။
http://www.mizzimaburmese.com/

လွှတ်တော်အစည်းအဝေးများ ဇန်န၀ါရီ ၃၁ တွင် ကျင်းပတော့မည်


By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 10 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံမှာ ဇန်န၀ါရီလ ၃၁ ရက်နေ့ကျရင် အဓိက လွှတ်တော် ၂ ရပ်ကို စတင် ခေါ်ယူမယ်လို့ စစ်အစိုးရက ကြေညာလိုက်ပါတယ်။
စစ်အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ၃ လနီးပါး အကြာမှာ ပြည်ထောင်စု လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကို နေပြည်တော်မှာ ကျင်းပမယ်လို့
အစိုးရရုပ်သံက ဒီနေ့ ကြေညာသွားတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရ တာဝန်ယူထားကြသူတွေ၊ အစိုးရ ကျောထောက်နောက်ခံ ပေးထားကြသူတွေ ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ အများစုနဲ့ အနိုင်ရထားပါတယ်။
တခြား အနည်းစု အနိုင်ရထားတဲ့ ပါတီတွေက လွှတ်တော်ထဲရောက်ရင် ဥပဒေကြမ်းတွေကို တင်ပြဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြပေမဲ့ တကယ့်လက်တွေ့မှာ ဥပဒေပြုနိုင်မယ့်
မဲခွဲဆုံးဖြတ်တဲ့ အခါမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ အုပ်ချုပ်ရေး ပုံစံအသစ် ထွက်ပေါ်လာဖို့ ရှိပေမဲ့လည်း စစ်အစိုးရ ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေအရ
စစ်တပ်က လွှတ်တော်နေရာ ၂၅% ကို ထိန်းချုပ်ထားမှာ ဖြစ်သလို လက်ရှိ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ထားတဲ့ နိုင်ငံရေးပါတီက အသာရထားတယ် ဆိုတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ
ထူးထူးခြားခြား အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါ့မလား ဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။

DKBA တပ်ဖွဲ့ကို မြန်မာစစ်တပ် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်


By မအေးအေးမာ တနင်္လာ, 10 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ထိုင်း၊ မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ကို စစ်အစိုးရက ငြိမ်းချမ်းရေး လုပ်ချင်ပါတယ်လို့
တယ်လီဖုန်းကတဆင့် ပြောတဲ့ နောက်တနေ့ကစလို့ မြန်မာစစ်တပ်က DKBA ကို ဒီကနေ့အထိ ဆက်တိုက်ဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့်လည်း ဒုက္ခသည်တွေ နယ်စပ်ဒေသကို နောက်ထပ် ထွက်ပြေးလာနေကြရသလို အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းကိုလည်း လက်နက်ကြီး ကျည်ဆန်တွေ
ကျရောက်ပေါက်ကွဲတာ ရှိနေတယ်ဆိုပြီး ဒေသခံတွေ၊ DKBA တပ်ဖွဲ့တွေက ပြောကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက
တင်ပြပေးထားပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်ထဲမှာ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ တိုက်ပွဲဖြစ်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ၂ လအတွင်း အပြင်းထန်ဆုံးဖြစ်ကြောင်း DKBA
ဘက်က ပြောပါတယ်။ ဖလူးကြီး၊ ဖလူးလေး ဒေသတ၀ိုက်မှာ စစ်တပ်က အင်အား အလုံးအရင်းနဲ့ ၀င်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်နေကြောင်း၊DKBA တွေ
ထောင်ထားတဲ့ မိုင်းတွေကို ရှောင်ကွင်းနေပြီး လက်နက်ကြီးနဲ့သာ ပစ်ခတ်နေကြောင်း၊ ဒီအတွက် ထိုင်းနိုင်ငံဘက်ကိုပါ ကျနေကြောင်း DKBA တပ်မှူး ဗိုလ်မှူး စောစန်းအောင်က အခုလို
ပြောပြပါတယ်။
“ဖလူးကြီး၊ ဖလူးလေး အရှေ့ဘက်မှာ အဲဒီလိုပဲ ကျနော်တို့ ထိန်းထားတဲ့ တဖွဲ့ရှိတယ်၊ လက်နက်ကြီးနဲ့ အလုံး ၆၀၊ ၇၀ လောက် ပစ်တယ်။ အဲဒီ ဖလူးကြီးရွာ အရှေ့ဘက်နားမှာ ဖြစ်တယ်။
အခု နံပါတ်တစ် သတ်ကွင်းကို သူတို့ မလာဘူး။ ရှောင်ကွင်းပြီးလာတယ်။ ဒါပေမဲ့ သူတို့ မလာပေမဲ့ ကျနော်တို့ကို လက်နက်ကြီးနဲ့ ပုံမှန်ပစ်တယ်။ မနေ့ကဆို အလုံး ၂၀၀ ကျော်ပစ်တယ်။
ဒီနေ့ဆို အလုံး ၁၀၀ နီးပါး ဖြစ်နေပြီ။ အဲဒီ ၁၀၀ ထဲက ထိုင်းဘက်ကို ၁၀ လုံးကျော်ကျတယ်။ မွန်းလွဲ ၃ နာရီလောက်တုန်းက ထိုင်းဘက်ကို ၆ လုံး၊ ၇ လုံးလောက် ကျတယ်။”
ရွာသားတွေ ပြောတာကတော့ မြန်မာစစ်တပ်က DKBA ကို ၄ ရက်အတွင်း အပြီးသတ် တိုက်နိုင်ဖို့ ရည်ရွယ်ကြောင်း ရွာသားတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ရွာသားတဦး
ပြောပြတာက…
“အခုချိန်ထိ ကျနေတုန်းပဲ။ တော်တော်များများကို ပစ်တယ်။ ရွာသားတွေက အစောပိုင်းတုန်းက ဖလူးကြီးထဲကိုတောင် အလုံးကြီးတွေ ကျနေတယ်တဲ့။ ဖလူးကြီးမှာ
လူနည်းနည်းပဲရှိတော့တယ်။ မင်းလက်ပန်ရွာသား တချို့တလေလည်း အခု ဒီဘက်ကမ်းကို ဖလူးကြီးကနေ ကူးလာတယ်။ ကျနော်ကြားတာ ဗမာစစ်သားတွေ ပြောတာ ၄ ရက်နဲ့
အပြတ်တိုက်မယ်ပေါ့။ သူတို့တိုက်တာ နားကွဲဒုံးဆိုလား၊ ကျနော်တော့ နားမလည်ဘူး၊ အဲဒီဒုံးနဲ့ သူတို့တိုက်နေတာ။
“သူတို့တိုက်မယ့်ဟာ ကိုက် ၁၀၀၊ ၂၀၀ ပတ်ချာလည် အတွင်းကို တကယ်လို့ မထိခဲ့ရင်တောင် နားကွဲမယ်ပေါ့။ အဲဒါနဲ့ အပြတ်ချေမှုန်းမယ်လို့ စစ်သားတွေက ပြောနေတာ။ စစ်သားဆိုတာ
ရဲဘော်တွေပြောတာ မဟုတ်ဘူး၊ တပ်ကြပ်၊ တပ်ကြပ်ကြီးတွေ၊ အရာရှိတွေက ပြောပြနေတာ။”
တိုက်ပွဲတွေ ဆက်ဖြစ်မှာမို့ ၉ ရက်နေ့ကတော့ DKBA ၉၀၂ တပ်ရင်းမှူး ဗိုလ်မှူး စောကျော်သက်က ဒေသခံ ရွာသားတွေကို ရှောင်တိမ်းဖို့ လုပ်ခိုင်းထားပါတယ်။ အခုတိုက်ပွဲတွေကြောင့်
ဝါးလေဒေသဘက်မှာ မြန်မာစစ်တပ်က ရိက္ခာပြတ်လပ်မှုတွေဖြစ်ပြီး ကလေးစစ်သားတွေလည်း ထွက်ပြေးမှုတွေ ဖြစ်ပေါ်နေပါတယ်။ DKBA ကတော့ ၀ါးလေဒေသဘက်မှာ
မြန်မာစစ်အစိုးရတပ်တွေ ထပ်ပြီး မ၀င်ရောက်နိုင်အောင် ဆက်တိုက်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကတော့ ဘယ်လောက်ပဲ ပစ်ခတ်မှု ဖြစ်နေပါစေ၊ လက်ရှိ အာဏာရှင် စစ်အစိုးရကို မထိုးဖောက်နိုင်အောင် ဆက်လက် တိုက်ခိုက် ချေမှုန်းမယ်။”
တိုက်ပွဲတွေကြောင့် ၂ ဘက် ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်နေပြီး DKBA ဘက်ကတော့ ဒီနေ့မှာပဲ ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ DKBA ဘက်က ပြောပါတယ်။
မြန်မာစစ်တပ်ဘက်ကတော့ သူတို့လူနာတွေကို ထိုင်းကိုဖြတ်ပြီး မြ၀တီဆေးရုံကို သယ်ယူပို့ဆောင်ဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်။
၂ ဘက်လုံးကတော့ တင်းမာမှုတွေ ဆက်ဖြစ်နေပြီး မြန်မာဘက်ကတော့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးကို ရရှိဖို့အတွက် ကြိုးစားနေကြောင်း DKBA တပ်မှူးတွေက ပြောပါတယ်။

ဂျပန်၊ တောင်ကိုရီးယား စစ်ရေးအရ ပိုပြီး ပူးပေါင်းဆောင်ရွက်မည်


By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 10 ဇန်နဝါရီ 2011

ဓာတ်ပုံ ASSOCIATED PRESS


တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကွမ်-ဂျင်း(၀ဲ) နှင့် ဂျပန် ကာကွယ်ရေးဝန်ကြီး တိုရှိမိ ခိတဇာဝါ။ ဇန်န၀ါရီ ၁၀၊ ၂၀၁၁။
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ အပြုအမှုတွေကို ရင်ဆိုင်ကြဖို့ တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားကြရေး နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးတွေ
ဒီနေ့ သဘောတူခဲ့ကြပါတယ်။
ဂျပန် ကာကွယ်ရေးဝန်ကြီး တိုရှိမိ ခိတဇာဝါ (Toshimi Kitazawa) နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကွမ-် ဂျင်း (Kim Kwan-jin) တို့ဟာ ၁၉၄၅ ခုနှစ် နောက်ပိုင်း
ပထမဆုံးအကြိမ် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကို အပြီးသတ် ဆောင်ရွက်ရေး အစည်းအဝေး တရပ်ကို ဆိုးလ်မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ယောင်ဗြောင်း ကျွန်းငယ်ပေါ်ကို မြောက်ကိုရီးယားက အမြောက်နဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တာနဲ့ မြောက်ကိုရီးယားရဲ့ ယူရေနီယံ သန့်စင်နေတဲ့ အစီအစဉ်တွေဟာ
လက်ခံနိုင်ဖွယ် မရှိတဲ့ ကိစ္စရပ်တွေ ဖြစ်တယ်လို့ နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးတွေက သဘောတူခဲ့ကြကြောင်းလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံ စစ်ရေးဖလှယ်မှု၊ ထောက်လှမ်းရေးသတင်း ဖလှယ်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး ရှေ့ရှုတဲ့ တိကျတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို တောင်ကိုရီးယားနဲ့
ဂျပန်တို့ ဆက်ပြီး လုပ်ဆောင်သွားကြမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဝီကီလိခ်စ်ကြောင့် အမေရိကန် သံတမန်တွေနဲ့ စင်ကာပူ သတိထား ဆက်ဆံသွားမည်
By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 10 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အမေရိကန် သံတမန်တွေရဲ့ အစီရင်ခံချက်တွေ ၀ီကီလိခ်စ် (Wikileaks) ၀က်ဘ်ဆိုက်ပေါ်မှာ လူသိရှင်ကြား ထွက်ပေါ်လာခဲ့ပြီးနောက်မှာ စင်ကာပူ သံတမန်တွေ အနေနဲ့ အမေရိကန်
သံတမန်တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ပိုပြီး သတိထားသွားမယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဝီကီလိခ်စ် ၀က်ဘ်ဆိုက်ရဲ့ ဖွင့်ချမှုတွေဟာ အမေရိကန် သံတမန်ရေးအတွက် ထိခိုက်စရာ ဖြစ်ခဲ့ရတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က ပါလီမန်မှာ ဒီနေ့
တနင်္လာနေ့မှာ ပြောကြားခဲ့တာပါ။
မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ အသုံးမကျသူတွေ ဖြစ်တယ်၊ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ခပ်ကြောင်ကြောင် ဖြစ်တယ်လို့ စင်ကာပူ အကြီးတန်းဝန်ကြီး လီကွမ်ယူး (Lee Kuan
Yew) က ပြောခဲ့တာ ပါဝင်တဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ပတ်သက်လို့ စင်ကာပူအစိုးရ တာဝန်ရှိသူတွေက အမေရိကန် သံမန်တွေကို ပြောပြထားတဲ့ ဝေဖန်ပြောကြားထားချက်တွေဟာ
ဝီကီလိခ်စ် ၀က်ဘ်ဆိုက်ပေါ်ကနေ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီလို သတင်းပေါက်ကြားမှု အသေးစိတ်နဲ့ ပတ်သက်ပြီး စင်ကာပူ ပါလီမန်မှာ မေးတာကိုတော့ နိုင်ငံခြားရေးဝန်ကြီး ယိုးက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ သူနဲ့ သူ့ရဲ့ နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေ အနေနဲ့ နောင်မှာ အမေရိကန် သံတမန်တွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီး သတိထားရမယ်လို့ ဝန်ကြီး ဂျော့ခ်ျယိုးက ပြောပါတယ်။
တခါဖြစ်ဖူးရင် နောက်တခါ ထပ်ဖြစ်နိုင်တယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရ ပြဋ္ဌာန်း
By မသိင်္ဂီထိုက် | ၀ါရှင်တန် ဒီစီ တနင်္ဂနွေ, 09 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို
မြန်မာစစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တာပါ။ မကြာခင် ခေါ်ယူတော့မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးရမှာ ဖြစ်ပေမဲ့
လွှတ်တော် မခေါ်ခင်မှာ စစ်အစိုးရက ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာက ဥပဒေနဲ့ မညီဘူးလို့ သုံးသပ်တာတွေ ရှိပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင် ပြဋ္ဌာန်းလိုက်တယ်လို့
ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။ စစ်အစိုးရ သတင်းစာတွေမှာတော့ ဒီဥပဒေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးမယ့်
အစိုးရသစ် မပေါ်ပေါက်ခင်မှာ အခုလို လုပ်ဆောင်တာက ဥပဒေချိုးဖောက်မှုတခု ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ရဲ့ သုတေသနမှူး ဦးဌေးအောင်က
ပြောပါတယ်။
“ဒါမျိုးတော့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးက စစ်အာဏာရှင်စနစ် ဆက်ကျင့်သုံးနေတဲ့ စစ်အစိုးရဆိုရင်တော့ သူတို့ဥပဒေအရပေါ့ဗျာ၊ သူတို့ပါးစပ်ထဲကထွက်တာ
ဥပဒေဆိုတော့ သူတို့ပြဋ္ဌာန်းချင်ရင် ပြဋ္ဌာန်းလို့ ရတာပေါ့။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ အဲဒီအချက်တွေကို လွှတ်တော်မှာ တင်ပြီးတော့ပေါ့လေ
ဥပဒေပြုရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီ ဥပဒေပြုပြီးတော့မှပဲ ဒီဟာက ပြဋ္ဌာန်းရမယ့်ဟာမျိုးပေါ့ဗျာ။
“အခုကတော့ လွှတ်တော်တောင် မခေါ်ရသေးဘူး၊ အစိုးရတောင် မဖွဲ့ရသေးဘဲနဲ့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပါတယ်ဆိုပြီးတော့ အခုလို ပြဋ္ဌာန်းတာကတော့ ဒါ
တရားဥပဒေဘောင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဘောင်မ၀င်ဘူးလို့ ကျနော်တော့ ထင်ပါတယ်။”
အခုကျင့်သုံးမယ့် ဥပဒေအရ အမျိုးသမီးတွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ အမျိုးသားတွေက အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
စစ်မှုထမ်း သက်တမ်းက ၂ နှစ်ကနေ ၃ နှစ်အထိ ဖြစ်ပါတယ်။ ဒီလို စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင် အာဏာပိုင်တွေထံကို စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းရေး
စာရင်းပေးသွင်းဖို့ ပျက်ကွက်မယ် ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။
အမြဲတမ်း စစ်တပ်အင်အားကို လျှော့ချဖို့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်တချို့မှာ ပြဋ္ဌာန်းထားပေမဲ့ မြန်မာစစ်အစိုးရကတော့
အမြဲတမ်း စစ်အင်အားကို မလျှော့ဘဲ အခုလို စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းတာ ဖြစ်တဲ့အတွက် စစ်အင်အားကြီးထွားအောင် လုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့လည်း
ဦးဌေးအောင်က ရှုမြင်ပါတယ်။
“အမြဲတမ်း စစ်အင်အားကို လျှော့ချနိုင်မယ်ဆိုရင် တိုင်းပြည်အတွက်၊ စစ်တပ်အတွက် အသုံးပြုနေရတဲ့ ငွေကြေးတွေမှာ ကျနော်တို့ အများကြီး လျှော့ချနိုင်မယ့် အနေအထားမျိုး ရှိပါတယ်။
နောက်တခုကလည်း ပြည်သူလူထု တရပ်လုံးက ဒီစစ်ပညာကို တတ်ကျွမ်းထားခြင်းအားဖြင့်ပေါ့ဗျာ၊ ပြည်ပကျူးကျော်မှုကို ရင်ဆိုင်လာရတဲ့ အချိန်မျိုးမှာ ကိုယ့်နိုင်ငံကို
ကိုယ်ကာကွယ်နိုင်တဲ့ အနေအထားမျိုးရှိတော့ ဒါက တပိုင်းကကြည့်မယ် ဆိုလို့ရှိရင်လည်း ကောင်းတဲ့အနေအထား ရှိပါတယ်။
“ဒါပေမဲ့ ဒီစစ်အာဏာရှင်တွေ အခုလို အတင်းအကျပ် ပြဋ္ဌာန်းတာကျတော့ သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင်၊ နောက်တခုကလည်းပဲ ပြည်သူလူထု ကိုယ်နှိုက်က
ဒီစစ်တပ်ရဲ့ ပုံစံအရ သူတို့ရဲ့အမိန့်တွေကို နာခံတတ်တဲ့အကျင့် ဖြစ်လာအောင် သူတို့က ရည်ရွယ်ပြီး လုပ်ဆောင်တာ ဆိုရင်တော့ ဒါ သူတို့ရဲ့ ရည်ရွယ်ချက်က မှားနေတယ်၊
ဒီလုပ်ဆောင်ချက်က အကျိုးမရှိဘူးလို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”
နိုင်ငံတကာက ကျူးကျော်ရန်စမှုကို တွန်းလှန်နိုင်ဖို့နဲ့ စစ်တပ်အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ နိုင်ငံတချို့က ဒီဥပဒေကို ကျင့်သုံးလေ့ ရှိကြပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက
တိုင်းရင်းသား လက်နက်ကိုင် တပ်တွေလည်း ရှိနေသေးတာကြောင့် စစ်တပ်အင်အား တိုးချဲ့ဖို့ ကြိုးစားလာတာက ပြည်တွင်းစစ်မီး တိုးပွားလာမယ့် အရေးကိုလည်း စိုးရိမ်မှုတွေ
ရှိနေပါတယ်။
အခုလို စစ်မှုမထမ်းမနေရ လုပ်လိုက်တာကလည်း တပ်မတော်အတွက်ရော ပြည်သူအတွက်ရော ကောင်းတဲ့ အကျိုးရလဒ် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဦးဌေးအောင်က ဆိုပါတယ်။
“လူတွေရဲ့ စိတ်ဆန္ဒ မပါဘဲနဲ့ အတင်းအကျပ် လုပ်ခိုင်းလို့ လုပ်ရတဲ့ ကိစ္စမှန်သမျှက အကျိုးသက်ရောက်မှု ရှိသင့်သလောက် ရှိမယ်လို့ ကျနော် မထင်ပါဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်
တိုင်းပြည်ကို ချစ်မြတ်နိုးလို့ တိုင်းပြည်ကို ကာကွယ်ဖို့ ကိုယ့်ရဲ့စိတ်ဆန္ဒ ဆုံးဖြတ်ချက်နဲ့ တပ်မတော်ထဲကို ၀င်တာမျိုးမှသာလျှင် ဒါဟာ တိုင်းပြည်အတွက် တကယ်လည်း အကျိုးရှိမယ်လို့
ကျနော် ယူဆပါတယ်။ တပ်မတော်အတွက်လည်း ဒါမျိုးမှ အကျိုးရှိမှာ ဖြစ်ပါတယ်။”
လတ်တလော အနေအထားမှာတော့ မြန်မာ့တပ်မတော်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားစုဆောင်းမှုတွေ ရှိနေတဲ့အတွက် ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး
အဖွဲ့တွေက ဝေဖန်မှုတွေ ဖြစ်နေတာ ရှိပါတယ်။

ဒီမိုကရေစီရေးရာ
လွှတ်တော်သစ်အတွက် ပြင်ဆင်လုပ်ကိုင်နေမှုများ
By ဦးသန်းလွင်ထွန်း တနင်္ဂနွေ, 09 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲတွေကျင်းပပေးအပြီး ရက်ပေါင်း ၉၀ အတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူပေးရမယ်ဆိုတဲ့ ဥပေဒ သတ်မှတ်ချက်အရ စစ်အစိုးရအနေနဲ့ မကြာခင်
သတင်းပတ်တွေအတွင်းမှာပဲ လွှတ်တော်ခေါ်ယူ ကျင်းပပေးရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အချိန်အထိတော့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်အမတ်တွေဆီကို
အသိအမှတ်ပြု ခန့်အပ်လွှာတွေတောင် မပေးပို့ရသေးတာမို့ ဒီ ဇန်န၀ါရီလ အလယ်ပိုင်း အထိတော့ ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ NDF အမျိုးသားဒီမိုကရက်တစ်အင်အားစုအဖွဲ့ကနေ
ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရထားတဲ့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောပါတယ်။ လွှတ်တော်တွင်းကို ရောက်လို့ရှိရင် သူ့အနေနဲ့ အဆိုပြုဖို့
ပြင်ဆင်ထားတဲ့အချက်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဦးသိန်းညွန့် ။ ။ ကျနော်က နှစ်ခုပေါ့ဗျာ။ တခုကတော့ နိုင်ငံရေးအကျဉ်းသမားတွေ အပါအ၀င် အကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ နိုင်ငံခြားရောက်နေတဲ့လူတွေ ငြိမ်းချမ်းစွာပေါ့ဗျာ၊
မိခင်နိုင်ငံကိုပြန်လာပြီး မိသားစုနဲ့ပေါင်းနိုင်ဖို့၊ ငြိမ်းချမ်းရေးနယ်မြေတွေ တိုးချဲ့ဖို့အတွက်ဆိုရင် ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ပေါ့ဗျာ၊ အဲဒီ အမိန့်ကတော့ အထွေထွေသင်ပုန်းချေ
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ပေါ့။ အဲဒါထုတ်ဖို့။ မူလတုံးကတော့ ဥပဒေကြမ်းတင်ဖို့ ကျနော်တို့ ပြင်ထားပါတယ်။ ဒါပေမဲ့ ကျနော် ဒီဥပဒေတွေကို လေ့လာကြည့်တဲ့အခါမှာ
နိုင်ငံတော်သမ္မတပဲ လုပ်နိုင်တယ်ဆိုတဲ့အတွက် ဒီဟာကို နိုင်ငံတော်သမတ္တက နေပဲ အထွေထွေသင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်ပါ့မယ်။ ဒါ နံပတ်
တစ်ပါ။
နောက်တချက်က တကြိမ်တည်းမှာ ကျနော်တို့နိုင်ငံရဲ့ အမျိုးသားလိုအပ်ချက်ပေါ့ဗျာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်ရဖို့အတွက်နော် အနောက် နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်နဲ့
အီးယူက စီးပွားရေးအရ ပိတ်ဆို့ထားတဲ့ဟာတွေကို ပြန်လည်ပယ်ဖျက်ပေးဖို့ပေါ့ဗျာ။ ပြည်ထောင်စုလွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်က တိုက်တွန်းတဲ့ အဆိုတွေ တင်ဖို့တော့
ကျနော် ပြင်ဆင်ထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဦးသိန်းညွန့်ပြောပြသွားတဲ့ အချက် နှစ်ချက်မှာ ပထမ အချက်ကတော့ ရှင်းပါတယ်။ ဒါ ပြည်တွင်းရေး ကိစ္စပေါ့နော်၊ ပြည်တွင်းမှာ
လွှတ်တော်အနေနဲ့ အထွေထွေ သင်ပုန်းချေရေး အမိန့်ပြန်တမ်းတရပ်ကို ထုတ်ပြန်ပေးဖို့ နိုင်ငံတော် သမ္မတဆီကို တင်ပြပေးမယ့် အချက်ပေါ့နော်၊ ဒါကတော့ ပြည်တွင်းမှာ
လုပ်ကိုင်နိုင်တဲ့အချက်ပဲ။ ဒါပေမဲ့ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ဆိုတဲ့ အချက်ကတော့ နိုင်ငံရပ်ခြားနဲ့ အဓိက သက်ဆိုင်မနေဘူးလား။ လွှတ်တော်ထဲကနေ
ဘာတွေများ လုပ်ဆောင်နိုင်မှာလဲ။ အထူးသဖြင့်ပေါ့နော် မြန်မာနိုင်ငံအပေါ်ကို စီးပွားရေးအရ ပိတ်ဆို့ထားတယ်ဆိုတာဟာ နိုင်ငံတကာ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့
မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒတွေ၊ မြန်မာနိုင်ငံရဲ့အခြေအနေ၊ ယေဘုယျ အခြေအနေအပေါ် သုံးသပ်ချက်တွေကြောင့် ဒီလို ပြဌာန်းထားမှုတွေ၊ ဒီလို ပိတ်ဆို့မှုတွေရှိနေတာ
မဟုတ်ဘူးလား။ အဲဒါကို လွှတ်တော်အနေနဲ့ ဘယ်လိုတောင်းဆိုမှုတွေ လုပ်ပြီးတော့ ဘယ်လိုများထိရောက်အောင် တင်ပြနိုင်မှာလဲ။
ဦးသိန်းညွန့် ။ ။ ကျနော်တို့ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြောရလို့ရှိရင် ဗမာပြည်သူလူထုရဲ့ အသံကိုပေါ့ဗျာ၊ ပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ကြားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
အခုပြောမယ့် ကျနော်တို့အနေနဲ့ဆိုရင် ကျနော်တို့က ဘယ်သူဌေးကြီးတွေ ဘယ်သူတွေနဲ့မှ ပတ်သက်တဲ့သူတွေ မဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် စီးပွားရေး
ပိတ်ဆို့ထားတာကို ပြန်လည်ပြီး ပယ်ဖျက်ပေးဖို့ ကျနော်တို့တင်ပြတာက မြန်မာပြည်သူလူထုရဲ့ ဒီနေ့ အခြေအနေအရ ဆင်းရဲမွဲတေမှု လွတ်မြောက်ရေးပေါ့ဗျာ။ ကျနော်
သဘောတရားတွေ၊ မူဝါဒတွေမပြောချင်ပါဘူး။ ဆင်းရဲမွဲတေမှု လွတ်မြောက်ဖို့ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုတယ်။ ဒါမှသာ ကျနော်တို့မှာ နည်းပညာတွေရပြီးတော့
ရင်းနှီးမြှုပ်နှံမှုတွေရပြီးတော့ လူတွေ အလုပ်အကိုင်ရမှာပါ။ ဒီအဆိုကို အနောက်နိုင်ငံတွေကို ကျနော်တို့ တင်ပြမှာပါ။ ဒီလိုတင်ပြတဲ့အခါမှာ ကျနော်တို့မျှော်လင့်ချက်က တချက်ပါပဲ။
မြန်မာပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လူတွေရဲ့အသံကို ဒီမိုကရေစီကျင့်သုံးနေတဲ့ နိုင်ငံကြီးများက ပြန်လည်ပြီးတော့ သုံးသပ်ဆင်ခြင်ဖို့ တင်ပြခြင်း၊
တင်ပြမယ့်သဘောပါပဲ။ ဒါပါပဲ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေရဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုပေါ့နော်။ ဒီနေရာမှာ နှစ်မျိုးကွဲပါတယ်။ တချို့ကတော့ ဒီလိုစီးပွားရေး
ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံစစ်အစိုးရရဲ့ အုပ်ချုပ်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ၊ သူတို့အပေါ်မှာပဲ ထိခိုက်ပြီးတော့၊ တစုံတရာ သက်ရောက်မှုတွေရှိပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ
ပြုပြင်ပြောင်းလဲမှုတွေ တစုံတရာ ရှိလာမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေကြတာပါ။ အဲဒီတော့ တချက်တည်းမှာ တဘက်တည်းမှာပဲ စောစောက ဦးသိန်းညွန့် ပြောသွားသလိုပေါ့နော်။
မြန်မာပြည်တွင်းမှာ ဆင်းရဲမွဲတေမှုတွေဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် ဖြစ်တယ်လို့ဆိုတဲ့နေရာမှာလည်း ငြင်းချက်ထုတ်တာတွေကတော့ ဒီလို စီးပွားရေးပိတ်ဆို့မှုတွေကြောင့်
မဟုတ်ဘဲနဲ့ စစ်အစိုးရရဲ့ စီမံအုပ်ချုပ်မှုညံ့ဖျင်းမှု၊ အလွဲသုံးစားလုပ်မှုတွေကြောင့်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
အထူးသဖြင့်ပေါ့နော်- ဒီနောက်ပိုင်းတွေမှာဆိုလို့ရှိရင် မြန်မာနိုင်ငံအတွင်းမှာရရှိနေတဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ၊ သယံဇာတပစ္စည်း ထုတ်ရောင်းလို့ရတဲ့ ဘဏ္ဍာငွေတွေ၊
လျှပ်စစ်ထုတ်ရောင်းလို့ရတဲ့ ဒီ ဘဏ္ဍာငွေတွေဟာ ဘယ်ရောက်သွားသလဲဆိုတဲ့ မေးခွန်းတွေတောင်ရှိနေတယ်ဆိုတော့ ဒါဟာ စီမံခန့်ခွဲမှု အဓိကပြဿနာ ဖြစ်နေတယ်လေ။ အဲဒီတော့
အဲဒီဟာနဲ့ ပတ်သက်လို့ရော ဦးသိန်းညွန့်တို့အနေနဲ့က နဂိုရ်ထဲက ဘယ်လို ယုံကြည်မှုတွေ ရှိခဲ့လို့လဲခင်ဗျ။
ဦးသိန်းညွန့် ။ ။ ကျနော်တို့က တိုင်းပြည်ရဲ့လိုအပ်ချက်ကိုပဲကြည့်တာပါ။ ခုနက ပြောတဲ့အချက်တွေထဲမှာ ကျနော်သဘောတူတဲ့ အချက်တွေရှိပါတယ်။ ကျနော်တို့ရဲ့ စီမံခန့်ခွဲမှု
အားနည်းချက်တွေ၊ ကျနော်တို့ ကိုယ်တိုင်မြင်နေတဲ့ အချက်အလက်တွေအရ ကျနော်တို့တိုင်းပြည်မှာ ပြင်စရာတွေ အများကြီး ရှိပါတယ်။ ဒါကတပိုင်းပါ။ တကြိမ်တည်းမှာ ကျနော်တို့
ပြည်တွင်းပိုင်းမှာ ပြင်စရာတွေ၊ ပြောစရာတွေကို လွှတ်တော်အတွင်းမှာပေါ့ဗျာ။ သူတို့ ပေးထားတဲ့ အခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်းကတော့ ပြောနိုင်သမျှ ကျနော်တို့ပြောပါမယ်။
ထောက်ပြနိုင်သမျှ ထောက်ပြပါမယ်။ စီးပွားရေးပိတ်ဆို့မှုဟာ ကျနော်တို့အမြင်ပြောရင် လူတစုကိုထိတာထက် လူထုကိုထိပါတယ်။ လူတစုကတော့ အားလုံးသိတဲ့အတိုင်းပဲ၊ အင်မတန်မှ
ချမ်းသာကြွယ်ဝတဲ့ အဆင့်မှာ ရှိပါတယ်။ လူထုကြီးကတော့ အင်မတန်မှ ဆင်းရဲမွဲတေမှုဘ၀မှာ ရောက်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ဆိုရင်
ပြည်တွင်းမှာ ကျင့်သုံးနေတဲ့ စီးပွားရေးမူဝါဒ အားနည်းချက်တွေကို ပြင်ဖို့လိုသလို တကြိမ်တည်းမှာ အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုကိုလည်း
ပြန်လည်ပယ်ဖျက်ပေးဖို့ လိုအပ်တယ်လို့ ဒီလိုပဲကျနော်တို့ မြင်တဲ့အတွက် ဒီအဆိုတွေကို လွှတ်တော်မှာတင်ဖို့ ကျနော်တို့ ပြင်ဆင်ရခြင်း ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ၊ စောစောကပြောသွားတဲ့အထဲမှာပဲ ထပ်ပါတဲ့ကိစ္စက လွှတ်တော်အတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေဘောင်တွေ အရ လုပ်ပိုင်ခွင့်တွေအရဆိုတာ
ပါပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့လအတွင်းမှာပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ လွှတ်တော်တွင်းမှာ စည်းမျဉ်းကန့်သတ်မှုတွေကို အမိန့်ပြဌာန်းချက်တရပ် ထုတ်ပြန်တယ်လို့
ကျနော်တို့ကြားရပါတယ်။ အထူးသဖြင့် နိုင်ငံတော်လုံခြုံရေးကို ထိပါးစေတဲ့ကိစ္စတွေကို မဆွေးနွေးရဘူး။ အစိုးရရဲ့မူဝါဒတွေကို မပုတ်ခတ်ရဘူး။ ဒါ့အပြင်လွှတ်တော်အတွင်းမှာ
ဆန္ဒပြမှုတွေမလုပ်ရဘူးဆိုတဲ့ ကြေညာချက်မျိုးထုတ်တယ်လို့လည်း ကျနော်တို့ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးသိန်းညွန့်တို့အနေနဲ့ ဘယ်လိုတွေများ ကြားသိထားတာရှိသလဲ။
ဦးသိန်းညွန့် ။ ။ ဒီနေ့ပဲလေ နိုင်ငံတော်ပြန်တမ်းကနေ ပြည်ထောင်စုလွှတ်တော် အပါအ၀င်ပေါ့ဗျာ-လွှတ်တော်သုံးရပ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ ကျနော် လေ့လာကြည့်ပါတယ်။
အဲဒီလေ့လာကြည့်တဲ့အခါမှာ အစိုးရနဲ့ပတ်သက်တဲ့မူဝါဒတော့ မပါဘူး၊ ယေဘုယျကတော့ ခုနကပြောသလိုပေါ့ဗျာ၊ ပြည်တွင်းနဲ့ ပတ်သက်တဲ့အခါမှာ ဒီနိုင်ငံတော်နဲ့ ပတ်သက်တာ၊
ပြည်ထောင်စု မပြိုကွဲရေးနဲ့ ပတ်သက်တာ အဲဒီအချက်တွေတော့ ပါပါတယ်။ အဲဒီအချက်တွေမှ လွဲပြီးတော့ လွတ်လပ်စွာ ဝေဖန်ဆွေးနွေးပိုင်ခွင့် ရှိတယ်ဆိုတာ အဲဒီ လွှတ်တော်သုံးရပ်
ဥပဒေထဲမှာ ဖော်ပြထားတာရှိပါတယ်။ အဲဒီတော့ ကျနော်တို့ကတော့ ပေးထားတဲ့ ဘောင်အတွင်းကနေပြီးတော့ ကျနော်တို့ လုပ်လို့ရတဲ့ လုပ်ပိုင်ခွင့်ကို သုံးသွားမယ်၊ သုံးနိုင်အောင်လည်း
ကျနော်တို့ကြိုးစားမှာပေါ့ဗျာ။ နှစ် နှစ်ဆယ်လုံးလုံး၊ ၉၀ ခုနှစ်က ကျနော်လွှတ်တော်အမတ် ဖြစ်ခဲ့ပြီးတော့ အနှစ်နှစ်ဆယ်လုံးလုံး ကျနော်တို့ ဘာလုပ်ပိုင်ခွင့်မှ မရခဲ့ဘူးဗျာ။
ရဲမွန်မှာ သုံးနှစ်နေရတာ၊ မိသားစုတွေရဲ့ စီးပွားရေးတွေကို ပိတ်ဆို့ခံထားရတာ၊ ဒီလိုဟာမျိုး ကျနော်တို့ ကြုံခဲ့ပြီးပါပြီ။ ရင်ဆိုင်ခဲ့ပြီးပါပြီ။ အဲဒါနဲ့ စာရင်တော့ အခု ဥပဒေတွေကပေးထားတဲ့
ဘောင်အတွင်းကနေ လွတ်လပ်စွာ ပြောနိုင်ခွင့်ရှိတယ်ဆိုတဲ့အတွက် ကျနော်တို့လူထုအတွက်၊ ကျနော်တို့ နိုင်ငံအတွက် အဲဒီ ဘောင်အတွင်းကတော့ ကျနော်တို့ ပြောနိုင်သမျှ၊ ဆိုနိုင်သမျှ
ကျနော်တို့ပြောဖို့ပြင်ထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ဒီနေရာမှာ နိုင်ငံတော်လုံခြုံရေး၊ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ စကားရပ်တွေက လိုသလို အဓိပ္ပာယ်ကောက်ဆွဲနိုင်တဲ့ ကျယ်ပြန့်တဲ့ သတ်မှတ်ချက်ကြီးတွေ
ဖြစ်မနေဘူးလား။
ဦးသိန်းညွန့် ။ ။ အဲဒါကတော့ ကိုသန်းလွင်ထွန်းရေ့… ကျနော်တို့နိုင်ငံမှာတော့ ပြဌာန်းသမျှ ဥပဒေတွေကတော့ ကျယ်ပြန့်ပြီးတော့ လိုသလိုအဓိပ္ပာယ် ကောက်နိုင်တဲ့ ဥပဒေတွေ
အများကြီးပါသလို။ အဲဒီဘောင်အတွင်းကပဲ အလုပ်လုပ်နိုင်ဖို့အတွက် ကျနော်တို့ရှေ့နေ စကားနဲ့ပြောရရင် ဖာပေါက်၊ ယိုပေါက် ထဲက ကျနော်တို့ရသမျှ ကျနော်တို့ ပြောရဆိုရမှာပဲပေါ့ဗျာ။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ဒီနေရာမှာ ထပ်ပြီးမေးစရာရှိလာတာက လွှတ်တော်အတွင်းရောက်သွားပြီးလို့ရှိရင် လွှတ်တော်အတွင်းမှာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ပေါ့နော်။
ထုံးစံအရဆိုလို့ရှိရင်တော့ လွှတ်တော်မှာ ရေးရာ ကော်မတီတွေဖွဲ့ကြမယ်။ အဲဒီ ရေးရာကော်မတီတွေထဲမှာပါပြီးတော့မှ ရေးရာကော်မတီတွေထဲမှာ တင်ပြတဲ့အချက်တွေကို
လွှတ်တော်ထဲမှာ တကယ့်လွှတ်တော်ရဲ့ စည်းဝေးပွဲကြီးတွေမှာ တင်ပြပြီးတော့ မဲခွဲတဲ့ အဆင့်တွေရောက်လာမယ်ဆိုတော့ ဦးသိန်းညွန့်တို့လို ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်မျိုးတွေက
အတော်လေး လူနည်းစုဖြစ်နေတဲ့အခါကြတော့ ဦးသိန်းညွန့်တို့ တင်ပြတဲ့အချက်တွေက ရေးရာကော်မတီအဆင့် (Level) မှာပဲ ပျောက်ကွယ်သွားမယ့် အနေအထား ဖြစ်လာမှာတွေကိုရော
မစိုးရိမ္ဘူးလား။
ဦးသိန်းညွန့် ။ ။ ဒါကတော့လေ ပြဌာန်းထားတဲ့ အခြေခံဥပဒေမှာ ကျနော်တို့က ဥပဒေကြမ်းတွေ တင်သွင်းနိုင်တယ်၊ ဆွေးနွေးနိုင်တယ်၊ ဆုံးဖြတ်နိုင်တယ်၊ အဲသလိုပဲ ကျနော်တို့
အဆိုတင်သွင်းနိုင်တယ်၊ ဆွေးနွေးနိုင်တယ်၊ ဆုံးဖြတ်နိုင်တယ်၊ မေးခွန်းတွေ မေးနိုင်တယ်ဆိုတဲ့ အချက်တွေပေါ်က လက်တွေ့ကျကျလုပ်ရမှာပေါ့ဗျာ။ လွှတ်တော်ရေးရာ
ကော်မတီဆိုတာက ဒီနေ့ ကျနော် လေ့လာခဲ့တဲ့ ဥပဒေအရပြောရရင် အနောက်နိုင်ငံကြီးများလို အခြေအနေမျိုး မရှိပါဘူး။ ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီအပါအ၀င် လွှတ်တော်က
အမြဲတမ်းဖွဲ့စည်းမယ့် ရေးရာကော်မတီဆိုတာလည်း လွှတ်တော်ဥက္ကဋ္ဌတွေကနေ ရွေးချယ်တဲ့သူတွေပဲပါမှာပါ။ ကျနော်တို့ကတော့ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေပေါ့ဗျာ။ အာဏာရပါတီ
မဟုတ်တဲ့အခါကြတော့ ပေးထားတဲ့ အခြေခံဥပဒေဘောင်နဲ့ ဒီ လွှတ်တော် သုံးရပ်ဥပဒေမှာပါတဲ့ ဥပဒေ ပြဌာန်းချက်ဘောင်အတွင်းကတော့ ကျနော်တို့ အလုပ်လုပ်နိုင်အောင်
ကျနော်တို့ကြိုးစားရမှာပေါ့။ ဘယ်လောက်ရမယ် မရဘူးဆိုတာကတော့ လက်တွေ့လုပ်ရင်းနဲ့ပဲ ကျနော်တို့ အဖြေထုတ်ရမှာပေါ့ဗျာ။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဲဒီတော့ အခု ဦးသိန်းညွန့်တို့ရဲ့ မူလပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပြန်လည်လွတ်မြောက်လာပါပြီ။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြား တွေ့ဆုံဖို့ အစီအစဉ်တွေရော ရှိသလားခင်ဗျ။ ဒီကိစ္စတွေနဲ့ရော ဘယ်လို ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရောရှိသလဲ။
ဦးသိန်းညွန့် ။ ။ ကျနော်တို့သင်္ဃန်းကျွန်းမှာ ရွေးကောက်ပွဲနိုင်ပြီးပေါ့ဗျာ၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ ပါတဲ့လူတွေကို ဂုဏ်ပြုပွဲအခမ်းအနား လုပ်ပါတယ်။
လူ ၂၀၀ ကျော် တက်ပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ ကျနော်တို့ရဲ့ အထွေထွေအတွင်းရေးမှူးပေါ့ဗျာ၊
ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီးတော့ သင်္ဃန်းကျွန်းမြို့နယ်၊ လူထုရဲ့ အသံကိုမေးမြန်းနိုင်ဖို့၊ သင်္ဃန်းကျွန်းမြို့နယ်လူထုရဲ့ အသံကို နားထောင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်လည်း
သင်္ဃန်းကျွန်းမြို့နယ်လူထုကို တိုက်ရိုက်ပြောကြားနိုင်ဖို့အတွက် ကျနော်တို့မြို့နယ် အောင်နိုင်ရေးကော်မတီက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်
အကြောင်းကြောင်းကြောင့်ပေါ့ဗျာ- ဒေါ်အောင်ဆန်းစုကြည် သင်္ဃန်းကျွန်းမြို့နယ်ကို ရောက်မလာနိုင်ခဲ့ပါဘူး။ အခြေအနေကတော့ ဒါပါပဲခင်ဗျား။
ဦးသန်းလွင်ထွန်း ။ ။ ဦးသိန်းညွန့် ကိုယ်တိုင်အနေနဲ့ရရော - အခုလောလောဆယ်၊ ဒီ NDF ပါတီကနေပြီးတော့ ဦးသိန်းညွန့်ကို ထုတ်ပယ်ထားတယ်ဆိုတဲ့ ပြဿနာလေးတွေ ရှိနေတော့
အခုလာမယ့်လွှတ်တော်အတွင်းမှာ ဦးသိန်းညွန့်က တသီးပုဂ္ဂလအနေနဲ့ ရပ်တည်မှာလား၊ NDF ရဲ့ ဒုတိယခေါင်းဆောင်အနေနဲ့ပဲ ဆက်လက်ရပ်တည်ဖို့ ကြိုးပမ်းသွားမှာလားဆိုတာလေး
သိပါရစေ။
ဦးသိန်းညွန့် ။ ။ အဲဒါကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပြီးတော့ တသီးပုဂ္ဂလအဖြစ် ရပ်တည်ရမယ် ဆိုရင်လည်း
ကျနော်ရပ်တည်သွားမှာပဲ။ ရပ်တည်ပြီးတော့ သင်္ဃန်းကျွန်းမြို့နယ်လူထုကို အခြေခံပြီးတော့ နိုင်ငံရေးလမ်းကြောင်းသစ်တခုကို ကျနော် ဖော်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်။
http://www.voanews.com/burmese/news/

ကလေး မီး သိန်း နှစ် ထောင်ကျော်ခန့် ဆုံးရှုံး


January 10, 2011 freedom news group Leave a comment Go to comments

K ခိုင၊် ၊ကလေးမြို့ ဓာတ်ဆီဆိုင် တွင် ဆီဘောက်ဆာကား မှ ဆီဖြည့်နေစဉ် အတောအတွင်း


မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးတောက်လောက်အားကောင်းမှု ကြောင့် ဓာတ်ဆီဆိုင် အပါအ၀င် စတိုးဆိုင်
တစ်ခု နှင့် လူနေအိမ်ခြေ တစ်ခု မီးလောက်ပျက်စီး သွားခဲ့ရာ သိန်းနှစ်ထောင်ကျော်ခန့် ပျက်စီး
ဆုံးရှုံးသည် ဟု သတင်းရရှိသည်။
မီးလောင်ကျွမ်းမှု မှာ နေ့ လည် ၂ နာရီ ကတည်းက စတင်ခဲ့ပြီး ည ၇ နာရီ အချိန်မှ မီးညွှန့် ကျိုး
သွားခဲ့သဖြင့် အဆို ပါ ဓာတ် ဆီ ဆိုင်မှာ အားလုံး နီးပါ ပျက်စီးခဲ့သည်။မီးလောင် ကျွမ်းခဲ့သည့်
မြတ်မေတ္တာမွန် ပုဂ္ဂလိက ဓာတ်ဆီဆိုင်သည် ယခင် တိုင်းမှုး ဟောင်း ဗိုလ်ချုပ် သာအေး နှင့်
နီးစပ် သူ ဖြစ်သည် ဟု သိရသည်။
ကလေး မြို့ သည် အိန္ဒိယ – မြန်မာ နယ်စပ် ကုန် သွယ်ရေး တွင် အရေး ပါသည် မြို့ ဖြစ်သောကြောင့်
မှောင်ခို ဒီဇယ် နှင့် ဓာတ်ဆီ လှောင်သူများ နှင့် ရောင်းဝယ်သူများ ပေါများ သည်။ ကလေးမြို့ ခံအာ
ဏာပိုင် များ သည် မှောင် ခို ဒီဇယ် နှင့် ဓာတ်ဆီ ရောင်းဝယ်ရေး လုပ်ငန်းများ တွင် ပါဝင်ပတ်သက်
ကြသည်။
နအဖ ထိုးစစ် အတွင်း ကရင်ရွာများ မီးရှို့ ခံရ(သတင်း ဓာတ်ပ)ုံ
January 10, 2011 freedom news group Leave a comment Go to comments

2
3

i
မဲပေးပါ

DKBA နှင့် KNLA အဖွဲ့ အား ထိုးစစ်ဆင်ရာတွင် နအဖ စစ်တပ် က ကရင်ကျေးရွာများ ကိုမီးရှို ခဲ့ရာ ပုံတွင် ကရင်ကျေးရွာ တစ်ခု ဖြစ်သည့် ကနဲလေးကျေးရွာအား ဇန်န၀ါရီလ ၈ ရက်နေ
့က မီးရှို့ ဖျက်ဆီးထားပုံကို တွေ့ ရစဉ်

ပေါ်တာဆွဲ၊ဆက်ကြေးတောင်း၊ပစ္စည်းယူပြီးနောက် မီးရှို ခံထားရသည့် ကရင်ကျေးရွာများ


KNLA တပ်ရင်း ၂၀၁ မှတပ်သားများ

ကျေးရွာများ မီးရှို့ ခံရပြီးနောက် တွေ့ ရစဉ်

မြ၀တီခရိုင် ကနဲလေးကျေးရွာအပေါ်ကုန်းတွင် တပ်ဆွဲထားသော ခလရ ၉၇ နှင့် ခမရ ၄၀၄ တပ်ရင်းတို့မှ ကျေးရွာများ မီးရှို့ဖျက်ဆီးထားပြီးနောက် တွေ့ ရစဉ်
ကျေးရွာများ မီးရှို့ မှု ကြောင့် ထွက်ပြေးလာကြရသည့် ကရင် ဒုက္ခသည်များ
ကျန်ရှိ နေသည့် သတင်း နှင့် ဓာတ် ပုံများ အား ဆက်လက် တင်ဆက်ပေးမည် ဖြစ်ပါသည်။
လွှတ်တော်သုံးရပ် အား ဇန်န၀ါရီလ ၃၁ ရက်နေ့ တွင် ခေါ်မည်
January 10, 2011 freedom news group Leave a comment Go to comments

6
0

i
မဲပေးပါ

FNG၊ ၊ပထမအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေး ၊ ပထမ အကြိမ် တိုင်းဒေသကြီး


(သို့ မဟုတ)် ပြည်နယ်လွှတ်တော် အစည်း နှင့် ပြည်ထောင် စုလွှတ်တော် တို့ ကို ၂၀၁၁ ခုနှစ် ဇန်န
ဝါရီလ ၃၁ ရက်နေ့ တနင်္လာ ၊ ၁၃၇၂ ခု ပြာသိုလပြည့်ကျော် ၁၂ ရက် နံနက် ၈း၅၅ မိနစ် အချိန် တွင်
ခေါ်ယူ ကျင်းပရန် ယနေ့ မြန်မာ့ အသံ နှင့် မြန်မာ့ ရုပ်မြင်သံကြားမှ ကြားဖြတ်ကြေငြာသွားသည်။စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မှ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်သော
အမိန့် တွင်
ဥပဒေပြုမည့် လွှတ်တော် အမတ် များ ဖတ်ရှု ရန် အတွက် စာ အုပ် ၁၃ အုပ် ကို ၀ယ်ယူဖတ်ရှု ရ
မည် ဟု သိရသည်။
စစ်မှု မထမ်းမနေရ အမိန့် ကြောင့် စစ်အစိုးရ ကို ဖြုတ်ချရန် စစ်လိုလားသည့် လူငယ်များ အခွင့်အလမ်းပေါ်
January 10, 2011 freedom news group Leave a comment Go to comments

29
2

i
မဲပေးပါ

ထုံထိုင်းပြီး အာဏာရမ္မက်ကြီးမား လှသည့် စစ်သားအိုကြီးအား လွတ်လပ်ရေး နေ့ က မချိပြုံးလေး ဖြင့် တွေ့ ရစဉ် (AP Photo)
မြန်မာ စစ်အစိုးရသည် မြန်မာ နိုင်ငံသား တိုင်း စစ်မှု မထမ်းမနေရ အမိန့် ကို ၂၀၀၈ ခုနှစ် ဖွဲ့ စည်း
ပုံအခြေခံဥပဒေ အရ ထုတ်ပြန် လိုက်သည် ဟု သတင်းရရှိသည်။ စစ်မှုထမ်းသက်မှာ အမျိုးသမီး
များ အဖို့ အသက် ၁၈ နှစ် မှ ၃၅ နှစ်ကြား ဖြစ်ပြီး ၊ အမျိုးသားများ အတွက် အသက် ၁၈ နှစ်မှ ၄၅
နှစ်ကြား ဖြစ်သည်။
စစ်မှုထမ်း ဥပဒေ နဲ့ ပတ်သက်ပြီး ရန်ကုန် မြို့ က လူငယ် တစ်ဦးတော့ “စစ်တပ် ထဲဝင်သွား ပြီးလက်
နက်တွေ ထုတ်လာမယ်။ ဆန္ဒပြရင် လက်နက်တွေ ရှိပြီး ပြန်ပစ်တတ်တာပေါ့ ။ အရေးကြီး စစ်စခန်း
မြေပုံတွေ ကို အင်တာနက်မှာ တင်မယ် ၊ ပြည်သူတွေ ဆန္ဒပြရင် သူငယ်ချင်းတွေ နဲ့ တိုင်ပင်ပြီး စစ်စ
ခန်း တွေ ကို ဗုံးခွဲ ပစ်မယ် ၊ ရမ်ဘို ကား ထဲက လို” ဟု သူ၏ အမြင် ကို Freedom News Group သို့ 
ပြောသည်။
စစ်မှု မထမ်းမနေရ အမိန့် အား ယခု ကဲ့သို့ အရေးပေါ် ထုတ်ပြန်ခြင်း သည် နယ်စပ် တစ်လျှောက် ရှိ
လက် နက် အဖွဲ့ များ ကိုနှိမ်နှင်းရာအတွက် စစ်ဌာနချုပ်များ အသစ် ဖွဲ့ စည်းရာ တွင် ဖွဲ့ စည်းပုံ အရ စစ်
စစ်သား များ လိုအပ် သောကြောင့် ဖြစ်သည် ဟု သိရသည်။
စစ်သားစုဆောင်းရေးတပ်မှ လတ်တလော တွင် စစ်သား လိုအပ် ချက် အတွက် နယ်မြို့ များ တွင် အတင်း
အဓမ္မ ပေါ်တာဆွဲမှု များ ရှိနေပြီး ၊ စစ်သားစုဆောင်း ရေး ၏ အတင်း အဓ္မ ပေါ်တာဆွဲ ခြင်း ခံရသည့် အသက်
၁၄ နှစ် အရွယ် ကလေး စစ်သား တစ်ဦး မှာ အသက် ၁၆ နှစ် အရွယ် တွင် သေဒဏ်ကျခံနေရသည်။
http://freedomnewsgroup.com/

ဒေါ်အောင်ဆန်းစုကြည် နှင့် ရွေးကောက်ပွဲချစ်သူတို့ တွေ့ဆုံ


ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၁၊ ၂၀၁၁


NLD ရုံးသို့ ရောက်လာသူ ဒေါက်တာနေ၀င်းမောင်ကို ကြိုဆိုနှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်

ရွေးကောက်ပွဲကို အပြင်းအထန် ထောက်ခံခဲ့သူ ဒေါက်တာနေ၀င်းမောင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့ (ဇန်န၀ါရီ ၁၀ ရက်နေ့)က တွေ့ဆုံခဲ့ကြောင်း အများသိစေရန် FaceBook
စာမျက်နှာတွင် တင်ထားသည်။

ထိုသို့ တွေ့ဆုံမှုကြောင့် ၀မ်းသာပါကြောင်း အများစုက အောက်ပါအတိုင်း မှတ်ချက် ရေးထားသည်။

မစ်ရှီဂန်မှပေးသောစာ(၄၉)
အောင်ဝေး
ဇန်န၀ါရီ ၁၀၊ ၂၀၁၁
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ ဒီမှာတော့ နှင်းမုန်တိုင်းကို အန်တုရင်ဆိုင်ရင်း၊ အိမ်လွမ်းစိတ်က နှင်းမုန်တိုင်းထဲက ငန်းရိုင်းတွေလိုပဲ လေဆန်မှာ ရဲရဲ ပျံသန်းနေကြပါတယ် ဆိုပါတော့။
ဆရာမောင်ခိုင်မာရဲ့ “နှင်းမုန်တိုင်းနှင့် ငန်းရိုင်းများ” ကဗျာကြီးကိုလည်း ပြန် သတိရမိပါရဲ့။

ကိုရီးယားစကားပုံတခု ရှိတယ်ဗျ ကိုဒေါင်း၊ “တိမ်တွေက လေစုန်နဲ့လိုက်ပြီး မျှောချတတ်ကြတယ်။ ငန်းရိုင်းတွေကတော့ လေဆန်ကိုဖြတ်ပြီး အိပ်တန်းကို ရှာကြတယ်လေ” တဲ့။
ကျနော်တို့လည်း ဒီအဓိပ္ပာယ်နဲ့ပဲ ခေတ်ကို ဖြတ်သန်းခဲ့ကြတာပါ။ ကိုဒေါင်းတို့၊ ကျနော်တို့ရဲ့ ခေတ်ပြိုင်ပြည်သူတွေ၊ ခေတ်ပြိုင် ခံစားမှုတွေ၊ ခေတ်ပြိုင် လှုပ်ရှားမှုတွေ။ ခေတ်ပြိုင်ထဲမှာ
အတောင်ပံတူတဲ့ ငှက်တွေ တအုပ်တဖွဲ့တည်း စုပြီး ပျံသန်းခဲ့ကြတာပဲ မဟုတ်လား။
ခုတော့လည်း ကျနော်တို့ ခေတ်ပြိုင်တွေထဲက တချို့လည်း ကွယ်လွန်ခဲ့ရှာပါပြီ။ တချို့ လည်း လမ်းခုလတ်မှာ ဆက်လက် မလိုက်ပါနိုင်တော့လို့ ကျန်ရစ်ခဲ့ရှာပါပြီ။ တချို့လည်း
အားတင်းပြီး ဆက်လက် ပျံသန်းနေကြဆဲပေါ့ဗျာ။
ဘာပဲဖြစ်ဖြစ်ပေါ့ ကိုဒေါင်းရယ်၊ လူတယောက်ဟာ မိုးထဲလေထဲ မုန်တိုင်းထဲမှာ သူပျံသန်းခဲ့တယ် ဆိုရင်၊ ကျနော်တို့ သူ့ကို အသိအမှတ်ပြုရမှာပဲ မဟုတ်လား။ အခုနေမှာ
ကျဆုံးသွားတဲ့သူတွေကိုလည်း သူတို့ တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းကို ကျနော်တို့ မော်ကွန်းတင် ကမ္ပည်းထိုး ဂုဏ်ပြုကြရမယ်။ ဒီလိုပဲ ခရီးမဆုံးခင် တိုက်ပွဲ လမ်းကြောင်းပေါ်က ဖဲ့ဆင်း
ကျန်ရစ်တဲ့သူတွေ အပေါ်မှာလည်း ကျနော်တို့ နားလည်ပေးရမယ်။ သူတို့ ပျံသန်းနိုင်စွမ်း ရှိသလောက် ပျံသန်းခဲ့ကြတာပဲ။ သူတို့ဘ၀ အခြေအနေကြောင့် ရှေ့ဆက် မလိုက်ပါနိုင်လို့
နောက်ကျန်နေရစ်ခဲ့ရတာပါပဲ။ သူတို့ ဖောက်ပြန်သွားတာ မဟုတ်ဘူး။ သူတို့ကို ကျနော်တို့ ခွင့်လွှတ်ရမယ်။
သူတို့ဟာ သူတို့ ရုပ်၊ သူတို့ ခန္ဒာကိုယ်အနေနဲ့သာ ကျနော်တို့နဲ့ ဆက်လက် လိုက်ပါမချီတက်နိုင်တာပဲ ရှိတယ်။ သူတို့ရဲ့ စိတ်၊ သူတို့ရဲ့ ဆန္ဒ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေကတော့
ကျနော်တို့နဲ့ အတူ မုန်တိုင်းထဲမှာ လိုက်ပါ ချီတက် တိုက်ပွဲဝင်နေတာပဲ ဆိုတာကိုတော့ ယုံကြည်ရမယ် ကိုဒေါင်း။
ဆိုကြပါစို့၊ ကျနော်တို့ င်ဗျားတို့က အခြေအနေပေးလို့ ရှေ့ဆက်ပျံသန်းခဲ့ကြတယ်။ မုန်တိုင်းကလည်း ထန်နေတုန်းပဲ ဖြစ်တယ်။ ကဗျာလို ဖွဲ့ရရင်တော့၊ ကိုဒေါင်းရေ၊ တချို့ကျဆုံး၊
တချို့လဲကျ၊ တချို့ရှင်သန်၊ ပျံသန်းခဲ့ခြင်းသာ အမှန်တရား၊ ဒါပဲ မဟုတ်လားဗျာ။
ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားတခွန်း ရှိတယ်။ “အကြမ်းမဖက် တော်လှန်ရေး ဆိုတာ ကြာရှည်ချင် ကြာရှည်မယ်။ တော်လှန်ရေးလုပ်ပြီ
ဆိုရင်တော့ အဆုံးအထိ လုပ်ဖို့ လိုတယ်” တဲ့။
ကိုဒေါင်းရေ၊ ဒါပေမဲ့လည်း အကြောင်း အမျိုးမျိုးကြောင့် အဆုံးအထိ မပျံသန်းနိုင်ခဲ့တဲ့ ငန်းရိုင်းတွေလည်း ရှိလေတော့၊ အဲဒီလူတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က
သူတို့ရဲ့ တိုက်ပွဲဝင်ခဲ့တဲ့သမိုင်းကို အသိအမှတ်ပြု ချီးကျူးသလို၊ သူတို့ တော်လှန်ရေးက အနားယူသွားတာကိုလည်း နားလည် ခွင့်လွှတ်ကြောင်း အလေးအနက် ပြောကြားခဲ့ဖူးပါတယ်ဗျာ။
အခုအချိန်မှာ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုဇာဂနာတို့ စသည်ဖြင့်က နှစ်ရှည် ထောင်ဒဏ်တွေနဲ့ အကျဉ်းစံနေရတယ်။ ဆရာ ဦးဝင်းတင်တို့၊ အဘ ဦးတင်ဦးတို့၊
ဒေါ်အောင်ဆန်းစုကြည်တို့ စသည်ဖြင့်က ပြန်လွတ်မြောက်လာတယ်။ မုန်တိုင်းက ထန်နေတုန်းဖြစ်တယ်။ ဖက်ဆစ် သံဖနောင့်အောက်က ဒီလိုတိုင်းပြည်မျိုးမှာ ထောင်အတွင်းကလူနဲ့
ထောင်အပြင်ဘက်ကလူ၊ အတူတူပဲ ဆိုတာ အားလုံးက နားလည်ပြီးသားပါ။
အခုနောက်ဆုံးအကြိမ်၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်က လွတ်လွတ်ချင်း ပြောလိုက်တာရှိပါတယ်။ “ကျမပြည်သူတွေ အားလုံး မလွတ်မြောက်သေးဘဲနဲ့ ကျမ
လွတ်မြောက်တယ်လို့ မပြောနိုင်ပါဘူး” တဲ့။
ကိုဒေါင်းရေ၊ ကျနော်တို့ တိုင်းပြည် မလွတ်မြောက်သေးပါဘူး။ ဒီတော့ လွတ်မြောက်ဖို့အတွက် ကျနော်တို့ ရှေ့ဆက် ကြိုးစား ရုန်းကန်ကြရဦးမှာပါပဲ။ အဲဒီလို ရုန်းကန်တဲ့အခါမှာ
တိုက်ပွဲပုံသဏ္ဌာန်နဲ့ ဦးတည်ချက်ဆိုတာ ရှိတယ်။ ဒါကို သဘောပေါက်ဖို့ လိုတယ်။
တိုက်ပွဲ ပုံသဏ္ဌာန် ဆိုတာ ကိုယ်က ရွေးချယ်လို့ရတာ မဟုတ်ဘူး။ တိုက်ပွဲပုံသဏ္ဌာန်ကို ရန်သူကပဲ ရွေးချယ်ပေးတာ။ ကိုယ်ဖြစ်စေချင်သလို ဆန္ဒစွဲနဲ့ တိုက်လို့ရတာ မဟုတ်ဘူး။
ဘုံရန်သူက ဘာလဲ ဘယ်လဲ၊ သိကို သိရမှာ။ ပြီးတော့ ကိုယ့်တိုက်ပွဲရဲ့ ဦးတည်ချက်က ဘာလဲ။ ဒါကတော့ ရှင်းတယ်။ လူတိုင်း သိတယ်။ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးပဲ။ ဒီလောက်
သိရုံနဲ့ မလုံလောက်သေးဘူး။ ဦးဆောင်မှုကိုပါ မြင်အောင် ကြည့်တတ်ရမယ်။
မှန်ကန်တဲ့ ဦးဆောင်မှုနောက်မှာ ကျနော်တို့ အတူတကွ၊ ယုံယုံကြည်ကြည် လိုက်ပါနိုင်ကြရမယ်။ ဒါပဲ ကိုဒေါင်း။ အရေးအကြီးဆုံးက ဒီအချက်ပဲ။ ဒီနေ့ အဆုံးသတ်တိုက်ပွဲက ဒါကို
အရေးတကြီး တောင်းဆိုနေပြီ ကိုဒေါင်း။
ဒီလိုမှမဟုတ်ဘဲ၊ တလွဲဆံပင်ကောင်းတွေဖြစ်ပြီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှန်ကန်ခိုင်မာတဲ့ ဦးဆောင်မှုနောက်မှာလည်း မလိုက်ပါ၊ ကိုယ့်ဘာသာ ထီးတည်း၊
ကိုယ့်ဥာဏ် ကိုယ့်အမြင် ကျဉ်းကျဉ်းကလေးနဲ့ ထင်ရာစိုင်းနေမယ် ဆိုရင်တော့၊ သမိုင်း အကွေးမခံဘူး ဆိုနေပေမဲ့၊ သမိုင်းက ဖြောင့်လာမှာတော့ မဟုတ်ဘူး ကိုဒေါင်း။
ခက်တာက ကျနော်တို့ ပြည်ပရောက် မြန်မာ့အရေးကြိုးပမ်းသူ ဆိုသူ တချို့“ငါလည်း စာမတတ်၊ ငါ့ယောက်ဖငညို ပြောတာလည်း ငါမယုံ” ဆိုတာမျိုး ဖြစ်လို့နေတာပါပဲ။
သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ ပျံသန်းနေတာပါ ဆိုရင်တော့လည်း၊ ပန်းတိုင်နဲ့မလွဲပါစေနဲ့လို့သာ တိုက်တွန်းပရစေဗျာ။
အားလုံးကိုအလေးပြုလျက်-
အောင်ဝေး
ဒီဇင်ဘာ ၁၉-၂၀၁၀။
Sunday, 09 January 2011

အမေရိကန်လွှတ်တော် အမျိုးသမီးအမတ်ကို လုပ်ကြံရန် ကျူးလွန်မှု၊ လူ ၆ ဦး သေဆုံးရတဲ့ ရုပ်ဆိုးလှတဲ့ နိုင်ငံရေးအကြမ်းဖက်မှုရဲ့ နောက်ကွယ်ကို ပြန်ကြည့်ခြင်း
နိုင်ငံတကာ သာဂိ
ဇန်န၀ါရီ ၁၀၊ ၂၀၁၁
လွန်ခဲ့သည့် စနေနေ့၊ ဇန်န၀ါရီ ၈ ရက် နေ့ခင်း၊ အာရီဇိုးနားပြည်နယ်၊ တူဆွန်မြို့၊ ဆေ့ဖ်ဝေး ဆူပါမားကက်ရှေ့မှာ မဲဆန္ဒရှင်များနဲ့ တွေ့ဆုံနေတဲ့ အမေရိကန်ုလွှတ်တော် အမျိုးသမီးအမတ်
တဦးဖြစ်သူ ဂယ်ဘရီ ဂစ်ဖို့ဒ်ကို စိတ်ရူးပေါက်နေသူ ၂၂ အရွယ် လူငယ်တဦးက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။
အမျို်းသမီးအမတ် ဂယ်ဘရီမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ထုတ်ချင်းပေါက်နဲ့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။ စိတ်ရူးပေါက်နေသူ ဂျယ်ရက်လီးလူဂါက ထိုနေရာမှာ စုဝေးနေသူ
အမေရိကန်ပြည်သူ ၆ ဦးကို ပစ်သတ်ခဲ့ပြီး အခြား ၁၄ ဦးကို ထိခိုက်ဒဏ်ရာရစေခဲ့ပါတယ်။ ၂၁ ရာစု အမေရိကန်ပြည်မှာ လွှတ်တော်အမတ်တဦးကို လုပ်ကြံသတ်ဖြတ်ဖို့ နိုင်ငံသားတဦးက
ကျူးလွန်တဲ့ ပထမဦးဆုံး အမှုကြီး ဖြစ်ပါတယ်။

သတ်ဖြတ်ခြင်းခံရသူတွေထဲမှာ အာရီဇိုးနားပြည်နယ်ရဲ့ အစိုးရတရားသူကြီးတဦးလည်း ပါဝင်ပါတယ်။ အမတ်မင်း ဂယ်ဘရီရဲ့ ရုံးအဖွဲ့ဝင်တွေလည်း ပါဝင်သလို ၉ နှစ်အရွယ်


ကလေးမလေးတဦးလည်း ပါဝင်ပါတယ်။ အဲသည်ကလေးမလေးဟာ အမေရိကန်တွေကို ဘာသာရေးအစွန်းရောက်တွေ အကြမ်းဖက်တိုက်ခိုက်တဲ့နေ့ 9/11 (စက်တင်ဘာ ၁၁၊ ၂၀၀၁) မှာ
မွေးဖွားခဲ့ပြီး အခုလို သွေးစွန်းသောလုပ်ကြံမှုဖြစ်ပွားတဲ့နေ့မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ထိုစိတ်ရူးပေါက်နေသူ လူငယ် ကျည်ဆံကုန်နေချိန်၊ သေနတ်ကို ကျည်ဖြည့်ချိန်မှာ ရဲရင့်တဲ့ နိုင်ငံသား ၂ ဦးက ၀င်ရောက် ထိန်းချုပ် ဖမ်းဆီင်္းခဲ့ကြပါတယ်။ အဖွားအိုတဦးက လူငယ်ရဲ့
ကျည်ကပ်ကို ဆွဲလုပြီး လွှင့်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ အခြား အမျိုးသားတဦးက အဖွားအိုကို ၀င်ကူပြီး သေနတ်ကို လုယူုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်းထန်စွာ ဒဏ်ရာရသွားတဲ့ အမတ်မင်း
ဂယ်ဘရီကို ရုံးအဖွဲ့ရဲ့ လုပ်အားပေးလူငယ်တဦးက အဆက်မပြတ် စကားတွေ ပြော အားပေးစကား ပြောဆိုပြီးတော့ ဆေးရုံအရောက် လိုက်လံပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံမှာ
ဆရာဝန်ကြီးများက အစွမ်းကုန် ကုသပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ စနေနေ့ညမှာ ခွဲစိတ်ခန်းက ထွက်လာခဲ့ပြီး အမျိုးသမီးအမတ် ဂယ်ဘရီဟာ သတိမေ့မြောနေဆဲ၊ စိုးရိမ်ရတဲ့
အခြေအနေမှာ ရှိဆဲပါပဲ။
အခုလိုမျိုး အမေရိကန်လွှတ်တော်အမတ်တဦးကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး သမတ အိုဘားမားကိုယ်တိုင်က သတင်းစာရှင်းလင်းပွဲနဲ့ အများကို
အသိပေးတင်ပြပြီး ၀မ်းနည်းကြောင်း၊ အမေရိကန်ပြည်သူများအနေနဲ့ ငြိမ်းချမ်းမှု၊ ရင့်ကျက်မှုများနှင့် ရင်ဆိုင် ဖြေရှင်းကြရန်လိုကြောင်း၊ အမှုကို တရားမျှတစွာ ဥပဒေနှင့်အညီ
ဖြေရှင်းရမည် ဖြစ်ကြောင်း၊ အစိုးရ နဲ့ ပြည်နယ်အာဏာပိုင်တွေ အားလုံးက ၀ိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကို
တရားလက်လွတ် တုန့်ပြန်ခြင်း မပြုကြဖို့၊ အမေရိကန်ပြည်ထောင်စုသားတွေ အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲပြီး အတူတကွ ရင်ဆိုင်ကြဖို့ ပြောဆိုသွားပါတယ်။

အာရီဇိုးနားပြည်နယ်ဟာ လတ်တလောကျင်းပခဲ့တဲ့ နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ရတဲ့ ပြည်နယ် ဖြစ်ပါတယ်။ ရှေးရိုးဆန်တဲ့
နိုင်ငံရေးအခြေခံရှိတဲ့ မဲဆန္ဒနယ်တွေမှာ လစ်ဘရယ်လို့ ဆိုတဲ့ တိုးတက်တဲ့ လူမှု့အမြင်ရှိသူ အထက်ပါ ဒီမိုကရက်တစ်ပါတီက အမျူိုးသမီးအမတ် ဂယ်ဘရီ ဟာ ပြိုင်ဖက်ကို နှာတဖျား
မဲအသာနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အမတ်မင်း ဂယ်ဘရီရဲ့ ရုံးခန်းကို မလိုလားသူများက ဖျက်ဆီးတာတွေ၊ ချိန်းခြောက်တာတွေ လုပ်ခဲ့ကြလို့ နိုင်ငံရေးအရ ဥပဒေနည်းကျ
ဖြေရှင်းကြရန်၊ အကြမ်းဖက်တာတွေ၊ အမုန်းတရားတွေကို ဖြန့်ချိခြင်း၊ သွေးထိုးခြင်း၊ တိုက်တွန်းခြင်းတွေ မလုပ်ကြပါရန် ဂီဘရီကိုယ်တိုင်က လွန်ခဲ့တဲ့ လအနည်းက ပြောဆိုခဲ့ဖူးပါတယ်။
ယခုလိုမျိုး စိတ်ရူးပေါက်နေသူ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အစွန်းရောက်နေသူ အမေရိကန်နိုင်ငံသား ၂၂ ရွယ် လူငယ်တဦးက အကြမ်းဖက် လုပ်ကြံမှု ကျုးလွန်တာနဲ့ ပတ်သက်ပြီး
တိုင်းပြည်ရဲ့ အဓိကနိုင်ငံရေးပါတီကြီး ၂ ခု စလုံးက (ဒီမိုကရက်ကော၊ ရီပတ်ဘလစ်ကန် တွေ) က ၀မ်းနည်းကြောင်း၊ ရှုတ်ချကြောင်း၊ မိမိတို့ နိုင်ငံရေးသမားများ၊ နိုင်ငံရေးစနစ်ကိုပါ
စော်ကားလိုက်သကဲ့သို့ ယူဆကြောင်း၊ အကြမ်းဖက်ခြင်း သတ်ဖြတ်ခြင်းအတွက် အမေရိကန်မှာ နေရာမရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ သေဆုံးသူများ၊ ထိခိုက်သူများရဲ့
မိသားစုတွေထံ ၀မ်းနည်းကြောင်းနဲ့ အားပေးစကားများ ပြောဆိုခဲ့ကြပါတယ်။ အာရီဇိုးနားပြည်နယ်သာမက အစိုးရမြို့တော် ၀ါရှင်တန်ဒီစီ လွှတ်တော်နဲ့ အိမ်ဖြူတော်မှာ နိုင်ငံတော်အလံကို
တ၀က်လွှင့်ထူရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံရေးပါတီ ၂ ခုစလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်မှုတခု ဖြစ်တဲ့ သမတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အာမခံဥပဒေကို
ပြန်လည် သုံးသပ်ရန် အဆိုတင်သွင်းမှုကို ခေတ္တဆိုင်းငံ့ထားကြရန် နှစ်ဖက်စလုံးက သဘောတူလိုက်ပါတယ်။ စိတ်ရူးပေါက်နေသူရဲ့ လုပ်ကြံမှုကြောင့် နောက်ဆက်တွဲအဖြစ်
တိုင်းပြည်တ၀ှမ်းလုံးမှာ နိုင်ငံရေးအရ ပါတီနှစ်ဖက်စလုံးမှာ တင်းမာမှုတွေ၊ အငြင်းပွားမှုတွေ၊ ပြစ်တင်မှုတွေနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေ မလိုလားလို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

လက်ရှိမှာလည်းပဲ လွှတ်တော်အမတ်မင်း လုပ်ကြံခံရမှုမှာ ရှေးရိုးစွဲနိုင်ငံရေးလှုပ်ရှားမှုဖြစ်တဲ့ Tea Party လှုပ်ရှားမှုနဲ့ ၂၀၀၈ ရီပါဘလစ်ကန်ပါတီက ဒုသမတလောင်းအဖြစ် အရွေးခံရန်
ကြိုးစားခဲ့သူ ဆာရာပေလင်ရဲ့ ၀ါဒဖြန့်ချီ လှုံ့ဆော်မှုတွေကို အချို့ မီဒီယာနဲ့ နိုင်ငံရေးသမားများက လက်ညိုးထိုးလာကြပါတယ်။ သူတို့တတွေက တဖက်ပြိုင်ဘက်ပါတီတွေ၊
နိုင်ငံရေးသမားတွေကို ဝေဖန် ပြစ်တင် ရှုတ်ချရာမှာ အစွန်းရောက်လွန်းတယ်၊ အမုန်းတရားတွေ၊ အကြမ်းဖက် ဖြေရှင်းမှုတွေကို သွေးထိုးလွန်းတယ်လို့ အပြစ်တင်နေကြပြီ ဖြစ်ပါတယ်။
ဥပမာ ဆာရာပေလင်က သူထောက်ခံတဲ့ တီးပါတီအမတ်လောင်းတွေ ၀င်ပြိုင်မယ့် နယ်မြေတွေက ပြိုင်ဖက်အမတ်တွေကို မြေပုံပေါ်မှာ သေနတ်ပစ်မှတ်လက္ခဏာတွေကို နဲ့
လှုံ့ဆော်ခဲ့ရာမှာ အမတ်မင်း ဂါဘရီကိုလည်း ပစ်မှတ်အဖြစ် (နိုင်ငံရေးပုံသဏ္ဍာန်အဖြစ်) လှုံဆော်ခဲ့ဘူးတာကို ထောက်ပြလာကြပါတယ်။ ဆာရာပေလင်ရဲ့ ပြောခွင့်ရသူက
ဒီလိုပြောဆိုတာတွေကို ငြင်းဆိုပြီး၊ အဲသည် သေနတ်ပစ်မှတ်သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်မြေ ပိုစတာကို သူတို့ဝက်ဆိုက်ပေါ်က ဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။ ပြီးတော့လည်း
ဂယ်ဘရီနဲ့ အတူ ဒဏ်ရာရသူ၊ သေဆုံးသူများအတွက် ၀မ်းနည်းကြောင်း၊ ဆုမွန်ကောင်းတောင်းကြောင်း ဆာရာပေလင်က သူ့ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
“တိုင်းပြည်မှာ နိုင်ငံရေးလှုံ့ဆော်တာ၊ စည်းရုံးတာ၊ ၀ါဒဖြန့်ချိ ရာမှာ၊ တဖက်ပြိုင်ဖက်ကို ရှုတ်ချ တိုက်ခိုက်ပြစ်တင်ရာမှာ နှစ်ဖက်စလုံးက အစွန်းရောက်လာတယ်။ နိုင်ငံရေးအရ
အပြိုင်အဆိုင် အနိုင်ယူကြရာမှာ သာမန်ပြည်သူတွေအချင်းချင်းတွေကြားမှာ အမုန်းတွေ၊ သံသယတွေ နားလည်မှုလွဲတာတွေ ဖြစ်ပွားစေတယ်။ အဲသည် အကြိတ်အခဲတွေ၊
ကွာဟမှုတွေကို ပြည်သူတွေက ခံစားရတဲ့ဆီမှာ ညီညွတ်ရေးတွေ နားလည်မှုတွေ ပျက်ပြားရင် တိုင်းပြည် နစ်နာတယ်။ ပိုဆိုးတာကတော့ စိတ်ရူးပေါက်နေသူတဦးက
အဲသည်နိုင်ငံရေးအယူအဆကို အကြမ်းဖက်တဲ့ နည်းနဲ့ သူ့စိတ္တဇဝေဒနာနည်းလမ်းတွေနဲ့ လုပ်လာပြီ ဆိုရင် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးစနစ်တွေ နစ်နာတယ်။ တိုင်းပြည်လည်း
ထိခိုက်တယ်။ ဒါကို နှစ်ဖက်စလုံးက ပြုပြင်ရမယ်၊ သင်္ခန်းစာယူရမယ်”
လို့ အမေရိကန်နိုင်ငံရေးသုံးသပ်သူတွေ က မီဒီယာများကနေ ထောက်ပြနေကြပါတယ်။

အမေရိကန်သမိုင်းရဲ့ ပထမဆုံး လူမည်းသမတကို အမေရိကန်ပြည်သူတွေက အများသဘောနဲ့ ရွေးချယ်တင်မြောက်ပြီးကတည်းက အမေရိကန်ရဲ့ အချို့ပြည်နယ်တွေမှာ နိုင်ငံရေး


သဘောထားတင်းမာမှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ သမတဟာ အမေရိကန်ရေမြေမှာ မွေးသူမဟုတ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ သမတရဲ့ တိုင်းပြည်ရဲ့ စီးပွားရေး၊
လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေးသဘောထား ဆောင်ရွက်မှုတွေကို ဝေဖန်ရှုတ်ချရာမှာ ကွန်မြူုနစ်၊ ဆိုရှယ်လစ်ဝါဒအဖြစ် အမည်ဖျက်သလို၊
အိုဘားမားကို ဟစ်တလာနဲ့လည်း နှိုင်းကြပါတယ်။ အိုဘားမားနဲ့ သူ့ပါတီဟာ တိုင်းပြည်ကို ဖျက်ဆီးနေသူတွေ ဖြစ်တယ်၊ သူတို့ကို ရှင်းလင်းကြရမယ်လို့ တဖက်ပါတီတွေ၊ လှုပ်ရှားမှုတွေနဲ့
ရှေးရိုးစွဲတွေရဲ့ ၀ါဒဖြန့်မှုတွေမှာ ပါဝင်လေ့ရှိပါတယ်။ သည်လိုမျိုး သွေးထိုးမှုတွေ၊ တဖက်နဲ့ တဖက် အစွန်းရောက်ပြောဆိုမှုတွေကို မီဒီယာတွေကလည်း သတင်းဦး သတင်းထူးအဖြစ်
အလွန်အကျွံ တင်ဆက်ပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နှစ်ဖက်စလုံးရဲ့ အယူဝါဒ သဘောထားတွေ၊ လှုပ်ရှားမှုတွေကို ပြည်သူတွေကို တင်ဆက်ရာမှာ စာနယ်ဇင်းသမားတွေက
အသိဥာဏ်ပညာမြင့်မားပြီး အမျှော်အမြင်ရှိသူ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေဆီက အာဘော်တွေ၊ အမြင်သုံးသပ်မှုတွေကို ကြားခံပြီး တင်ဆက်ပေးမှု အားနည်းပြီး တဖက်ဆီက
ကာယကံရှင်တွေရဲ့ အာဘော်တွေကို ထိပ်တိုက် တိုက်ရိုက် တင်ဆက်ပေးမှုတွေ အလွန်အကျွံလုပ်ခဲ့တယ်လို့ မီဒီယာတွေကို ကျောင်းဆရာတွေ၊ စာရေးဆရာတွေက
ပြန်လည်ဝေဖန်နေကြတာကိုလည်း ယခုအချိန်မှာ တွေ့နေရပါတယ်။
အမေရိကန်ဟာ ၂၁ ရာစု ၀င်ကတည်းက စီးပွားရေးနဲ့ နိုင်ငံရေးသြဇာ ကျဆင်းနေခဲ့ရပါတယ်။ ပြည်တွင်း စီးပွားရေး အလွန်အမင်း ကျဆင်းပြီးတော့ ပြည်သူတွေ စိတ်ဓာတ် ကျဆင်းနေချိန်၊
ဆင်းရဲဒုက္ခရောက်နေချိန်မှာ နိုင်ငံရေးပါတီတွေက ပြည်သူတွေကို သူ့ထက်ငါ မဲဆွယ်ဖို့နဲ့ တဖက်ကို ပြစ်တင် ရှုတ်ချဖိနှိပ်ပြီး အနိုင်ယူဖို့သာ လုပ်ကိုင်နေကြတာတွေကြောင့် ပြည်တွင်းမှာ
အမျိုးသားစိတ်ဓာတ်နဲ့ အသွင်သဏ္ဍာန်အားဖြင့် စည်းလုံးညီညွတ်မှုတွေ အားနည်းရတယ်လို့လည်း သုံးသပ်ကြပါတယ်။ ပြည်သူလူထုက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများအပေါ်မှာ
အဆိုးမြင်မှုတွေလည်း များပြားလာခဲ့ပါတယ်။ အခုလိုမျိုး ရုပ်ဆိုးကျည်းတန်တဲ့ ဖြစ်ရပ်ကို အမေရိကန်ပြည်သူုများနဲ့ နိုင်ငံရေးသမားများ၊ ပါတီများ အားလုံး သင်ခန်းစာယူဖို့
ကြိုးစားကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပညာရှင်တချို့က ထုတ်ဖော်ပြောဆိုကြပါတယ်။
အမှိုက်သိမ်းဆည်းမှု ရန်ကုန်တွင် လျော့လျဲလာ၊
လမ်းတိုင်းတွင် အမှိုက်ပုံများဖြင့် ကြည့်မကောင်းအောင်ဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၁၀၊ ၂၀၁၁

ရန်ကုန်မြို့ဂုဏ်ဆောင် အမှိုက်ပုံ တခု (photo: moemaka)


လူနေအိမ်များမှ ထွက်ရှိသော အမှိုက်များအား ပုံမှန်သိမ်းဆည်းမှု လျော့လျဲလာသဖြင့် ရန်ကုန်မြို့ရှိ လမ်းမ၊ လမ်းသွယ်တို့တွင် အမှိုက်ပုံများ၊ နောက်ဖေး လမ်းကြားများတွင် အမှိုက်များ
ပိုမို များပြားလာသည်။
လွန်ခဲ့သည့် ၄၊ ၅ နှစ် ၀န်းကျင်အထိ လမ်းသွယ်၊ လမ်းမတိုင်းတွင် စည်ပင်သာယာ အမှိုက်သိမ်းယာဉ် နေ့စဉ် လာရောက်ပြီး ခေါင်းလောင်းတီး စနစ်ဖြင့် သိမ်းဆည်းခဲ့ရာမှ နောက်ပိုင်း
သန့်ရှင်းရေး လုပ်သားများက လက်တွန်းလှည်းဖြင့် တလမ်းဝင် တလမ်းထွက် လှည့်လည် သိမ်းယူသည့် စနစ်သို့ ပြောင်းခဲ့သည်။ ယခုလပိုင်းတွင် လက်တွန်းလှည်းဖြင့် သိမ်းဆည်းသူ
နည်းပါးလာပြီး ယခင်ကကဲ့သို့ နေ့စဉ်လှည့်လည် သိမ်းဆည်းခြင်း မရှိတော့ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
``အရင်က နေ့တိုင်း နီးပါး လှည်းနဲ့ လာတယ်ဆို အောက်ဆင်းပြီး အမှိုက်ပစ်လို့ ရတယ်။ အောက် မဆင်းနိုင်ရင်တော့ အမှိုက်သိမ်းတဲ့သူကို ကျပ် ၁၀၀၊ ၂၀၀ ပေးလိုက်ရင် အပေါ်ထပ်ထိ
တက်လာပြီး ယူပေးတယ်။ အခုလပိုင်းမှာ မှန်မှန်မလာတော့ သူတို့ အမှိုက်တွေ စုပြီး ကားနဲ့လာတင်တဲ့ လမ်းဆုံ လမ်းခွတွေ အထိ သွားပစ်မှပဲ ရတော့တယ်။ အိမ်တိုင်းက အဲလောက်
ဝိရိယ မထုတ်ဘဲ နောက်ဖေးလမ်းကြားကို ပစ်ချတဲ့သူက ပစ်ချ၊ အိမ်ရှေ့မျက်နှာစာ လမ်းဘေးမှာ အထုပ် ချထားတဲ့သူက ချထားတော့ ရန်ကုန်မြို့က အမှိုက်ပုံကြားထဲက မြို့ဖြစ်နေပြီ´´
ဟု အဆိုပါ သူက ပြောသည်။
နေ့စဉ် လက်တွန်းလှည်းများဖြင့် အမှိုက်သိမ်းသူများမှာ စည်ပင်သာယာမှ တဆင့် ကန်ထရိုက်ယူထားသည့် ကုမ္ပဏီများက ငှားရမ်းထားသူများ ဖြစ်သည်။
မည်သည့်အကြောင်းကြောင့် ယခင်ကကဲ့သို့ နေ့စဉ် သိမ်းဆည်းခြင်း မပြုရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ မသိရပေ။
စမ်းချောင်း၊ တာမွေ အစရှိသည့် မြို့နယ်အချို့တွင် စည်ပင်သာယာက တာဝန်ပေးမထားသူ တချို့က အမှိုက်သိမ်းသည့်လုပ်ငန်းကို လုပ်ကိုင်နေကြသည်။ ရပ်ကွက်ထဲတွင် `အမှိုက်ရှိလား
အမှိုက်´ ဟု အော်ပြီး အမှိုက်ပစ်လိုသည့် အိမ်များမှ ကျပ် ၁၀၀၊ ၂၀၀ ဖြင့် အမှိုက် သိမ်းယူပေးပြီး စည်ပင်သာယာ အမှိုက်ကားများ သိမ်းဆည်းရှင်းလင်းသော အမှိုက်ပုံသို့ သွားရောက်
စုပုံခြင်းဖြင့် အသက်မွေးသူများ ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် အုပ်ချုပ်ရေး အစိုးရအဖွဲ့ ပျဉ်းမနားဒေသသို့ ပြောင်းရွှေ့သွားပြီးနောက် ယခင်က နိုင်ငံ့မြို့တော်ဖြစ်ခဲ့သည့် ရန်ကုန်မြို့တွင် သန့်ရှင်းရေး၊ ကျန်းမာရေး လုပ်ငန်းများ
ပိုမိုလျော့နည်းလာခဲ့သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။ ရန်ကုန်မြို့မှကောက်ခံရရှိသည့် အခွန်အခများကို ရန်ကုန်မြို့ စည်ပင်သာယာရေး ကိစ္စရပ်များတွင် အားလုံး သုံးစွဲခြင်း
မရှိဟု အမည် မဖေါ်လိုသည့် စည်ပင်ဝန်ထမ်း တဦးက ပြောသည်။
ယခုလက်ရှိ ရန်ကုန်မြို့တော်ဝန်မှာ ကြံ့ဖွံ့ပါတီ၏ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ရွေးချယ်ခံ အမတ် ဦးအောင်သိန်းလင်း ဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲမတိုင်မီ
တစ်နှစ်ကျော်ကတည်းက ရန်ကုန်မြို့တော် သန့်ရှင်းရေး၊ စည်ပင်သာယာရေးထက် ပါတီနှင့် ဆိုင်သည့် ကိစ္စများဖြင့် အလုပ်များနေခဲ့သည်ကို တွေ့ရသည်။
၎င်းသည် ကြံ့ဖွံ့အသင်းနာမည်ဖြင့် စက်ရေတွင်းများ တူးခြင်း၊ ကွန်ကရစ်လမ်းများ ခင်းပြီး အသင်းနာမည်ဖြင့် ကဗျည်းတင်ခြင်း ဖြိုးစေတနာ အမည်ဖြင့် အခမဲ့ဆေးခန်းဖွင့်ပြီး
ပါတီစည်းရုံးရေး လုပ်ဆောင်ခြင်းများအပြင် စည်ပင်သာယာမှ ကောက်ခံရရှိသည့် အခွန်အခများအား ပါတီစည်းရုံးရေး လုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည်ဟုလည်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ၀န်ထမ်း တချို့က ဆိုသည်။
အခြားသော နယ်မြို့တချို့တွင်လည်း စည်ပင်သာယာရေးကော်မတီက အမှိုက်များ သိမ်းဆည်းပြီး မြို့ပြင်တွင် သွားရောက်စွန့်ပစ်ခြင်းထက် မြို့တွင်းလမ်းဘေး အမှိုက်ပုံနေရာတွင်ပင်
နေ့စဉ် မီးရှို့လေ့ ရှိသည်။ ထိုနည်းဖြင့် အမှိုက် ရှင်းလင်းခြင်းကြောင့် ဒေသခံများ ကျန်းမာရေး ထိခိုက်ကြရသည်ဟု မော်လမြိုင်မြို့သား တချို့က ပြောသည်။
http://moemaka.com/

ဒီကေဘီအေ အပြင်းအထန်ထိုးစစ်ဆင်ခံရ
နော်ဒါး၊ ကောင်းဝါ
ပြာသိုလဆန်း ၆ရက်။ဇန်နဝါရီ ၁၀၊၂၀၁၁။
နော်ဒါ(ဇန်နဝါရီ-၁၀)။ ။ကရင်ပြည်နယ် မြ၀တီမြို့နယ်တောင်ဖက်ဖလူးဒေသအနီး ဒီကေဘီအေခွဲထွက်အဖွဲ့မှ ဗိုလ်မှူး စောဆန်း အောင်ဦးစီးသော တာ့ခေါ့ကျိုးစခန်းကို
ဇန်န၀ါရီလ(၉)ရက်နေ့မနက်(၇း၃၀)အချိန်တွင် မြန်မာစစ်တပ်မှ အပြင်းအထန် စစ်ဆင်တိုက်ခိုက်နေသည်ဟု ဒေသခံရွာသားတစ်ဦးမှပြောပါသည်။

တိုက်ပွဲတွင် စစ်အစိုးရဘက်မှ လက်နက်ကြီးတွေကိုသုံးပြီး ဒီကေဘီအေရှိနိုင်သည် နေရာများကို ခန့်မှန်း ပစ်ခတ်နေသည်ဟု ဒီကေဘီအေနှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။


စစ်အစိုးရဘက်က တပ်ရင်း(၅) ရင်းနှင့် သူတို့နှင့်အတူရိက္ခာထမ်းရန် အကျဉ်းသားများကိုလည်းခေါ်လာကြောင်း မျက်မြင်သက်သေများမှပြောပါသည်။

ဒီကေဘီအေ တပ်သားတစ်ဦး၏အဆိုအရ ယမန်နေ့တိုက်ပွဲတွင် စစ်အစိုးရဘက်မ(ှ ၈)ဦးထက်မနည်း ဒါဏ်ရာရပြီး ဒီကနေ့တိုက်ပွဲတွင် (၂)ဦးကမိုင်းထိပြီး(၃)


ဦးကျဆုံးကြောင်းပြောပါသည်။ တိုက်ပွဲအနေအထား နှင့်ပက်သက်၍ဒီကေဘီအေတပ်မှူးတစ်ဦးမှ ယခုလိုပြောပါသည်။

“နအဖတပ်တွေဟာ ဝေါ်လေစခန်းမှာရှိတဲ့ သူတို့အဖွဲ့တွေအတွက် ရိက္ခာ တွေသယ်ဆောင်လာတယ် လေ။ ကျွန်တော်တို့ကသူတို့လမ်းကိုဖြတ်စောင့်ထားတာ။ တကယ်လို့သူတို့က


လမ်းရှင်းတဲ့အနေနဲ့ လက်နက် ကြီးတွေကိုလှမ်းမပစ်ရင် ကျွန်တော်တို့ အဖွဲ့ နဲ့ ထိပ်တိုက်တွေ့ မယ်။ အဲဒါ ကြောင့် သူတို့ က လမ်းရှင်းတဲ့အနေနဲ လက်နက်ကြီးတွေအလျှံအပယ်
လှမ်းပစ်တဲ့အတွက်ကြောင့် ပြီးခဲ့တ(ဲ ၂)လအတွင်း တိုက်ခိုက်မှုတွေ ထက်အဆမတန် ပြင်းထန်ပါတယ်။”

စစ်အစိုးရတပ်များသည် ဒီကေဘီအေတပ်များထောင်ထားသော မိုင်းရှိသည့်နယ်မြေများတွင် အကျဉ်း သမားများကို မိုင်းရှင်းတပ်ဖွဲ့အသွင်ဖြင့်အသုံးပြုလေ့ရှိသည်ဟု


မြန်မာပြည်အကျဉ်းသားများ ကူညီစောင့် ရှောက် ရေးအဖွဲ့မှပြောပါသည်။

အကျဉ်းသားများကို ရှေ့တန်းစစ်မျက်နှာတွင် ပေါ်တာအဖြစ်ခေါ်ဆောင်


နော်အဲဏီ၊ ကောင်းဝါ
ပြာသိုလဆန်း ၆ရက်။ဇန်နဝါရီ ၁၀၊၂၀၁၁။
နော်အဲဏီ(ဇန်နဝါရီ-၁၀)။ ။နအဖစကခ (၈) လက်အောက်ခံ တပ်ရင်းများနှင့် ဒီကေဘီအေဗျူဟာမှူး စောကျော်သက် အဖွဲ့သည် မနေ့ကနှင့် ဒီနေ့ တွင် မြ၀တီ -ဝေါ်လေ
ကားလမ်းဘေးရှိ တပ်ခေါ်ကျိုးတောင်တန်း၊ ကဆောဝါးလေး တောင် တန်း တစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယခုတစ်ကြိမ်ဖြစ်ပွားသော တိုက်ပွဲများတွင် နအဖဘက်မှ အကျဉ်းသားများကို ရှေ့တန်းတွင် ရိက္ခာများ ၊ ကျည်ဆံများ သယ်ရန်ခေါ်ဆောင်လာခဲ့သည်။ အကျဉ်းသားများကို ၅


ယောက်တစ်တွဲ ခါးတွင်ကြိုးချည် ၊ ခြေထောက်တွင် သံကွင်းများချိတ်ထားပြီး ပစ္စည်းတွေထမ်းခိုင်းသည်ဟု ဗိုလ်မှူးချုပ် စောလားပွယ်က ပြောပါသည်။

“ အကျဉ်းသားတွေကို ၅ယောက်တစ်တွဲ ခါးမှာကြိုးချည်ထားတယ် ၊ ခြေထောက်မှာလည်း သံကွင်းတွေ ချိန်ထားတယ်၊ ကျနော်တို့ ပစ်တဲ့အခါမှာ အကျဉ်းသားတွေကို ရှောင်ပြီးပစ်မရဘူး ၊
သူတို့က နအဖ တွေနဲ့ရောနေတယ်၊ အကျဉ်းသားတွေ ထိချင်လည်း ထိမှာပေါ့”

အချို့အကျဉ်းသားမျာကိုမူ မိုင်းရှင်းကရိယာအနေဖြင့်အသုံးပြုရန် ခေါ်ဆောင်လာသည်ဟု ဒီကေဘီအေ စစ်ဆင် ရေးမှူး စောဆန်းအောင်မှ ပြောပါသည်။

“တချို့ အကျဉ်းသားတွေကို ပေါ့နော် သူတို့က ရှေ့ကနေသွားခိုင်းတာတွေရှိတယ်၊ မိုင်းရှင်းကရိယာအနေနဲ့ သူတို့ အသုံးပြုနေတာပေါ့နော်၊ သူတို့ကဝေါ်လေကိုသွားပြီး တပ်ချိန်းမယ် ၊
ပြီးရင်ရိက္ခာပို့မယ်၊ အဲဒါ သူတို့လမ်းကြောင်း ရှင်းနေတယ်”

ရှေ့တန်းတွင် အကျဉ်းသားများကို ပေါ်တာအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် အေအေပီပီမှ ကိုတိတ်နိုင်ကတော့ ယခုလိုသုံးသပ်ပြောဆိုခဲ့ပါသည်။

“အခုဆိုရင်တော့ ဖားအံနဲ့မော်လမြိုင်ဆိုတာကတော့ ရှေ့တန်းနဲ့ပိုနီးတာနေမှာပေါ့လေ စစ်ဖြစ်တဲ့နေရာနဲ့ ပိုနီးတာပေါ့၊ အရင်တုန်းကလည်း ဒါမျိုးသာဓကတွေ


တောက်လျှောက်ရှိခဲ့တယ်လေ၊ ဥပမာ သူတို့က နှစ်နည်းနည်းကျတဲ့သူတွေ ၊ လေးငါးခြောက်လ ကျတဲ့သူတွေကို ခေါ်သွားပြီးတော့ လွတ်ပေးမယ်ဆိုပြီး လုပ်တာတွေရှိတယ်၊
အဲဒီအခါမှာလည်း အဲဒီလိုပေါ်တာလိုက်သွားတဲ့အခါမှာ တခါတည်း သေတမ်းစာပါ ရေးရတဲ့ အနေအထားမျိုး ကြုံရတာရှိပါတယ်၊ ဒီရှေ့တန်းပေါ်တာဆွဲ မယ်ဆိုလို့ရှိရင်
အမွေတွေဘယ်သူ့ကို လွဲခဲ့မလဲ ၊ အမွေလွဲခဲ့မယ့်လူရှိလား၊ နာမည်တွေရေး ၊ မှတ်ပုံတင်နံပါတ်တွေရေးခဲ့ ဆိုတဲ့ဥစ္စာမျိုးတွေ လုပ်တာရှိပါတယ် ၊ ထုံးစံရှိပါတယ်၊ ဆိုတော့
အဲဒီအခြေအနေမျိုးမှာတော့ တစ်အချက်က ပေါ်တာလိုက်ရတဲ့ သူတစ်ယောက်အတွက်က အကျဉ်းထောင်ထဲကနေ သူတို့ထွက်သွားရတယ်၊ ပြီးတော့ သူတို့မိသားစုအတွက်
အမွေဆက်ခံမယ့်လူအတွက် လက်မှတ်ထိုးခဲ့ရတော့ သူတို့ရဲ့စိတ်ထဲမှာ တော်တော်ကို စိတ်မကောင်း တာတွေရှိပါတယ်၊ သူတို့တွေကို ရှေ့တန်းမှာ မိုင်းရှင်းကိရိယာအနေနဲ့လည်း
အသုံးပြုတာရှိပါတယ်၊ မှတ်တမ်းမှတ်ရာတွေမှာလည်း ရေးထားတာတွေ ရှိပါတယ်၊ ဒါမျိုးဆိုတာက လူ့အခွင့်အရေးကို အကြီးအကျယ် စော်ကားတဲ့ကိစ္စပဲလို့ ကျနော်တို့က
သတ်မှတ်ထားပါတယ်။”

နိုဝင်ဘာလ (၈) ရက်နေ့မှစပြီးဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ယခု တိုက်ပွဲက အပြင်းထန်ဆုံး တိုက်ပွဲဖြစ် သည်ဟု ဒီကေဘီအေဘက်မှ သုံးသပ်ပြောဆိုပါသည်။

နအဖဘက်တွင် ထိခိုက်ဒါဏ်ရာရမှု ရှိသည်ဟု လည်း ဒီကေဘီအေဘက်က ပြောပါသည်။ ၄င်းတို့အနေနဲ့က အကျဉ်းသားများ ထိခိုက်မှု ရှိမရှိကိုတော့ အတည်ပြု မပြော ဆိုနိုင်ပေ။
စစ်တပ်အရာရှိတို့ အကြွေးတင်၍မြေရောင်းစား
မင်းချမ်း၊ ကောင်းဝါ
ပြာသိုလဆန်း ၆ရက်။ဇန်နဝါရီ ၁၀၊၂၀၁၁။
မင်းချမ်း(ဇန်နဝါရီ-၁၀)။ ။ ထိုင်း-မြန်မာနယ်စပ်၊ဘုရားသုံးဆူမြို့နယ် ဂေါက်ကွင်းအနီးရှိ No Men Land ဧရိယာရှိမြန်မာပိုင်နက်မြေကွက်လပ်တစ်ခုကို စစ်တပ်အရာရှိတို့
အကြွေးတင်၍ရောင်းစားလိုက်ကြောင်း စစ်တပ်နှင့်နီးသူများပြောပြချက်အရ သိရသည်။

“ဦးရဲမြင့်ဆီမှာ ဘတ်ငွေရှစ်သိန်းအကြွေးတင်နေလို့ ဗျူဟာမှူးနဲ့တပ်ရင်းမှူးက ဒီမြေကွက်ကိုထိုးပေးလိုက်တယ်” ဟု ဦးရဲမြင့်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိဗျူဟာမှူးဗိုလ်မှူးကြီးသိန်းဇော်နှင့် ခလရ ၂၈၃ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးမြတ်ထွန်အေးတို့က ရွှေပန်းကန်စားသောက်ဆိုင်ပိုင်ရှင် ဦးရဲမြင့်ထံ ထိုင်းဘတ်ငွေသိန်း ၂၀


ဖြင့်ရောင်းချခဲ့သည်ဟု သိရသည်။

အဆိုပါ ဦးရဲမြင့်သည် ဘုရားသုံးဆူမြို့၊ အမှတ် ၂ ရပ်ကွက် ဥက္ကဌဖြစ်သည်ဟုလည်း သိရသည်။

ယင်းမြေကွက်ပေါ်၌ တန်းလျားတိုက်ခန်းဆောက်လုပ်ရန် ယမန်နေ့ကပန္နက်ချခဲ့သဖြင့် ထိုင်းအာဏာပိုင်များကန့်ကွက်ခဲ့ရာ ယခုတွင်ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်လိုက်ရကြောင်း


ယင်းဖြစ်စဉ်ကိုပါဝင်ဆောင်ရွက်နေသူ ထိုင်းအာဏာပိုင်တစ်ဦးထံမှ သိရသည်။

ဘုရားသုံးဆူနယ်စပ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များ တရားဝင်သတ်မှတ်စိုက်ထူနိုင်ခြင်းမရှိသေးသဖြင့် နယ်စပ်အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။


http://www.kaowao.org

အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန် ဥပဒေ စစ်အစိုးရ ပြဋ္ဌာန်း


Monday, 10 January 2011 21:01 သျှမ်းသံတော်ဆင့်

အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းချက်ကို နအဖ စစ်အစိုးရက ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့်
ပြန်တမ်းထုတ်ပြန်ထားကြောင်း NHK ဂျပန်ရုပ်သံသတင်းဋ္ဌာနက သတင်းထုတ်လွှင့်သည်။

၆၄ ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြသနေသည့် တပ်မတော်သားများ (ဓါတ်ပ-ုံ ခင်မောင်ဝင်း AP)


ယင်းဥပဒေအရ မြန်မာနိုင်ငံတွင် ၁၈ နှစ်မှ ၃၅ နှစ်အကြား အမျိုးသမီးတိုင်းနှင့် ၁ဂနှစ်မှ ၄၅ နှစ်အကြား အမျိုးသားတိုင်းသည် စစ်သက် ၂ နှစ်မှ ၃ နှစ်အထိ စစ်မှုထမ်းဆောင်ရမည်
ဖြစ်ကြောင်း သိရသည်။

အကယ်၍ စစ်မှုထမ်းရန် ပျက်ကွက်ပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ကျခံစေရန် ပြဋ္ဌာန်းထားကြောင်း သိရသည်။

နအဖက စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံသားတိုင်း ဥပဒေနှင့် အညီ စစ်ပညာသင်ရန်နှင့် နိုင်ငံကာကွယ်ရေး အတွက် စစ်မှုထမ်းရန်
တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေအသက်မ၀င်ခင် ကတည်းက စစ်မှုထမ်းခြင်း ဥပဒေကို ကြိုတင်ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပြီးဖွဲ့ စည်းပုံ အာဏာစတင်တည်ချိန်တွင် လက်တွေ့ကျင့်သုံးတော့မည်
ဖြစ်သည်။

ထို့အပြင် တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံလုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေး


စီမံဆောင်ရွက်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံတွငလ
်ွှတ်တော်အတွက်ကြိုတင်ပြင်ဆင်ရန် ကျားဖြူပါတီ ဆွေးနွေးပွဲကျင်းပ
Monday, 10 January 2011 17:39 မွေခေါဝ်

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ ခေါ် ကျားဖြူ ပါတီသည် မကြာမီခေါ်ယူမည့် လွတ်တော်အတွင်း၌ ပါတီ၏အဓိက တင်ပြမည့် အကြောင်းအရာများနှင့် ပက်သက်၍ ပြင်ဆင်ရန်အတွက်
ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရပါသည်။

ကျားဖြူပါတီလိုဂို
“ကိုယ့်ဒေသမှာဖြစ်ပျက်နေတာတွေ တင်ပြဆွေးနွေးကြတယ်။ စီးပွါးရေးမှာ ပြည်သူတွေ စားဝတ်နေရေးချောင်လည် လာအောင် အလုပ်လက်မဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမယ်။ စီးပွါးရေး
ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေ ဆွေးနွေးကြပါတယ်” ဟု ကျားဖြူပါတီ အနိုင်ရအမတ်တစ်ဦးက ပြောပါသည်။

၎င်းဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ယခုလ ၇ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရလွှတ်တော် အမတ် ၄၃ ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

ကောင်းမွန်သည့်ဥပဒေအချို့ ဥပဒေဘောင်အတွင်း၌သာရှိနေပြီး ရှင်သန်ခြင်းမရှိသည့်အတွက် ယင်းဥပဒေများ ရှင် သန်လာစေရန်အတွက်


မည်သို့မည်ပုံကြိုးစားဆောင်ရွက်သွားရမည့်အကြောင်း၊ တရားဝင် နိုင်ငံခြားငွေကိုင်ဆောင် ခွင့်ရရန်အတွက်လည်း မည်ကဲ့သို့ကြိုးပမ်းသွားရမည့်အကြောင်းများ
အဓိကထားဆွေးနွေးကြသည်ဟုဆို၏။

ထို့အပြင် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက “ကျနော်တို့ ကျားဖြူပါတီအမတ်တွေကို အထောက်အကူပြုမဲ့ သုတေသနအဖွဲ့လဲ ဖွဲ့စည်းဖို့အစီအစဉ်ရှိထားသလို


လွှတ်တော်မတိုင်ခင်မှာ တခြားအနိုင်ရပါတီတွေနဲ့လဲ တွေ့ဆုံ ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်” ဟု ပြောပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် လွှတ်တော်လေးရပ်၌ လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၁၅၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အမျိုးသားလွှတ်တော်တွင်
၃ ဦး၊ ပြည်သူ့လွှတ်တော် ၁၈ ဦး၊ ပြည်နယ် လွှတ်တော် ၃၄ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ သျှမ်းလူနည်းစုလွှတ်တော်တွင် ၁ ဦးနှင့် ကချင်ပြည်နယ်မှ သျှမ်းလူနည်း စုလွှတ်တော် ၁ ဦး
စုစုပေါင်း ၅၇ ဦးအနိုင်ရရှိထားသော ပါတီဖြစ်ပါသည်။
ရေးဆွဲပြဋ္ဌာန်းထားသည်။

လက်ရှိ မြန်မာ့တပ်မတော်တွင် တပ်ပြေးမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အရွယ်မရောက်သေးသည့် ကလေးများအား စစ်တပ်အတွင်း အတင်းအဓမ္မ သွတ်သွင်းမှုများရှိနေရာ
ဖွဲ့စည်းပုံဥပဒေအရ တရားဝင် စစ်သားသစ် စုဆောင်းခွင့်ကို ရရှိစေမည်ဟု လေ့လာသူများက ထောက်ပြသည်။

နအဖနှင့် တိုင်းရင်းသားများအကြား လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေရာ တိုင်းရင်းသား လက်နက်ကိုင်များကို နှိမ်နင်းရာတွင် ယခုစစ်မှုထမ်းခြင်းဥပဒေက


များစွာအထောက်အကူပြုမည်ဟု ဆိုသည်။http://www.mongloi.org/burmese/

ဖရုံကာကျွန်းအနီး ကျောက်ဆောင်တစ်ခု ရေပေါ်မှ ပေါ်ထွက်လာ

1/10/2011
Adjust font size:

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်းအနီး ပယ်လယ်ပြင်တွင် ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ထူးခြား ဆန်းကြယ်စွာ ထွက်ပေါ်လာကြောင်း သတင်း ရရှိသည်။

ထွက်ပေါ်လာသော ကျောက်ဆောင်မှာ ရေပေါ်သို့ အမြင့် ၁၀ ပေခန့် ထိုးထွက် ဖြစ်ပေါ်နေသည်ဟု သိရသည်။

ငါးဖမ်းသမား ဘုတ်ပိုင်ရှင် ကိုလှကျော်မြင့်က “ ဒီရေ ကျသွားတဲ့ အချိန်ဆိုရင် ၁၀ ပေထိ ထိုးထွက်နေပြီး ဒီရေ တက်ချိန်ဆိုရင် လေး- ငါးပေထိ ပေါ်ထွက်နေပါတယ်။ အရင်က
အဲဒီနေရာမှာ ခုလို ကျောက်ဆောင် မရှိတဲ့ အတွက် လူတွေကတော့ အနားမကပ်ရဲဘဲ ဖြစ်နေကြပါတယ်။ ခုလို ကျောက်ဆောင်ပေါ်တာက ထူးခြားဆန်းကြယ်တဲ့ အတွက်
ငါးဖမ်းသမားတွေကတော့ အမျိုးမျိုး ပြောနေကြပါတယ်” ဟု ပြောသည်။

အခု ကျောက်ဆောင်ပေါ်လာသော နေရာမှာ စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ၇ မိုင်ခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။

အဆိုပါ ကျောက်ဆောင်မှာ ဒီဇင်္ဘာလ နောက်ဆုံးအပတ်ခန့်က ရေပေါ်သို့ ရွှေ့လျား ပေါ်ထွက်လာသဖြင့် အစပိုင်းတွင် ငါးဖမ်းသမားများက ရေနဂါးဟု ထင်ကာ စက်လှေများကို
ထွက်ပြေးခုတ်မောင်းခဲ့ကြကြောင်း နောက်ပိုင်းတွင်သာ ကျောက်ဆောင်ဟု သိရှိသဖြင့် အနီးအနားမှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်ဟု သူက ပြောသည်။

“ အခုတော့ လူတွေက အနားကို စက်လှေနဲ့ သွားကြည့်ကြတယ်။ ဒါပေမယ့် သိပ်အနီးကပ်ပြီးတော့ မသွားရဲကြဘူး။ လူတွေကတော့ ရေအောက်မှာ မီးတောင်ရှိနေတဲ့ အတွက်
မီးတောင်ပေါက်ကွဲမယ့် အနေအထားကြောင့် ခုလို မြင့်တက်လာတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဖရုံကာကျွန်း အနီးတ၀ိုက်တွင် ရွံ့မီးတောင်များ အများအပြား တည်ရှိနေပြီး ရေအောက်တွင်လည်း မီးတောင်များ ပျံ့နှံ့ တည်ရှိနေကြောင်း သိရသည်။ အဆိုပါ နေရာ အနီး
တ၀ိုက်တွင် ငါးများ အထူးကျက်စားသဖြင့် ပြည်တွင်း ငါးဖမ်းသမားများသာမက ပြည်ပ ငါးဖမ်းသမားများလည်း တန်ကေးခေါ် စက်လှေကြီးများကို အသုံးပြုကာ ငါးများကို
ဖမ်းဆီးကြသည်ဟု သိရသည်။

ယခုကဲ့သို့ ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ရွှေ့လျား ထွက်ပေါ်လာခြင်းကို စစ်တွေတွင် သိရှိသူ နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။

ရခိုင်သမိုင်းဆိုင်ရာရှင်းလင်းပွဲနှင့် နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း ဂျပန် ဌာနခွဲကို အသစ်ပြန်လည်ဖွဲ့စည်း

1/10/2011
Adjust font size:

ရခိုင်သမိုင်းဆိုင်ရာရှင်းလင်းပွဲနှင့် နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (ဂျပန် ဌာနခွဲ)အသစ်ပြန်လည် ဖွဲ့စည်း ပွဲ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇန္န၀ါရီလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်ဟု
သတင်း ရရှိသည်။

အဆိုပါ အခမ်းအနားကို ဂျပန်နိုင်ငံ Eco Toshima Plaza B1 အဆောက်အုံတွင် ပြုလုပ်ခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း အပါအ၀င် ရခိုင်အမျိုးသား ၅၀ ခန့်
တက်ရောက်ခဲ့သည်။
အခမ်းအအနားတွင် ဂျပန်နိုင်ငံ Kanda တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းမှ ရခိုင်လူမျိုးများဖြစ်ပေါ်လာပုံနှင့် ခေတ်အဆက်ဆက် ရခိုင်သမိုင်းကို အကျယ်တ၀င့် ရှင်းလင်း
ပြောကြားသည်။

ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကို ပြုလုပ်ပြီး နိုင်ငံတကာရခိုင်အမျိုးသားအသင်း (World Arakanese Organization) ဂျပန်ဌါနခွဲကိုအသစ်ပြန်လည် ဖွဲ့စည်းခြင်း အခန်းအနားကို
ကျင်းပခဲ့သည်။ အခမ်းအနား ဒုတိယပိုင်း အစီစဉ်တွင် တက်ရောက်သူအများစုက နိုင်ငံတကာရခိုင်အမျိုး သားအသင်း (ဂျပန်ဌာနခွဲ)ကို ပြန်လည် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြပြီး၊
အောက်ပါပုဂ္ဂိုလ်များနှင့် အလုပ် အမှုဆောင်အဖွဲ့ကို ရွှေးချယ်တင်မြောက်ဖွဲ့စည်းခဲ့ကြသည်။

(၁)ဥက္ကဌ ဦးလှရွှေ (၂) ဒုဥက္ကဌ ဦးမြတ်သူ (၃)အတွင်းရေးမှုး ကိုကျော်သန်းလှိုင် (၄)တွဲဖက်အတွင်းရေးမှူး ကိုသန်းမြင့်အောင် (၆)ပြန်ကြားရေးမှုး ဦးမင်းဒင် (ရ)စည်းရုံးရေးမှုး
ဦးဖိုးသိန်းနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင် (၈)ဦးကို ရွှေးချယ် ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း(World Arakanese Organization)ကို ရခိုင်တမျိုးသား လုံး စည်းလုံး ညီညွတ်မှု ရရှိစေရန်နှင့် ရခိုင်သမိုင်း၊စာပေ၊ယဉ်ကျေးမှုကို စုပေါင်းထိန်းသိမ်းက
နိုင်တကာက ပိုမို သိရှိလာအောင် ဖော်ထုတ် တင်ပြရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားမှာ ညနေ(၆.၃၀) တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။


ရခိုင်ပါတီမှ နောက်ထပ်အမတ်လောင်း ၃ ဦးကို ကြံ့ဖွံ့က တရားစွဲ

1/10/2011
Adjust font size:

---------------
မင်းဆက်ခိုင်
---------------
ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ နောက်ထပ် ကိုယ်စားလှယ် သုံးဦး ကို ကြံ့ခိုင်ရေး ပါတီမှ တရားစွဲ လိုက်ကြောင်း သတင်း ရရှိသည်။

စွဲဆိုခံရသူ အမတ်လောင်း ၃ဦးမှာ မြေပုံမြို့နယ်က ပြည်သူ့လွှတ် တော်အမတ် ဦးမောင်ဖေသန်း၊ ပြည်နယ်လွှတ်တော် (၁) အမတ် ဦးအောင်ဝင်းနှင့် ပြည်နယ်လွှတ်တော် (၂) အမတ်
ဦးမောင်လုံးတို့ ဖြစ်ကြသည်။

ယခု တရားစွဲဆိုခံရသူ ၃ ဦးနှင့် ဆိုလျှင် တရားစွဲခံရသူ ရတပ အမတ်အရေအတွက်မှာ စုစုပေါင်း ၉ဦးရှိ သွားပြီ ဖြစ်ပြီး လက်ရှိ အနိုင်ရပါတီများထဲတွင် အမတ် အများဆုံး တရား အများဆုံး
စွဲခံရသည့် ပါတီ ဖြစ်သည်။

တရားစွဲခံထားရသူ အမတ်၉ဦး ရှိသွားပြီးဖြစ်ကြောင်းကို ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

“ နောက်ထပ် မြေပုံ မြို့နယ်က အမတ်တွေ တရားစွဲခံရတယ်ဆိုတော့ စုစုပေါင်း တရားစွဲခံရတာ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ တရားရင်ဆိုင်ဖို့ ရခိုင်ဘက်ကလည်းပြင်ဆင်ထားပါတယ်။
ရန်ကုန်မှာလည်း ဥပဒေ အတိုင်ပင်ခံအဖွဲ့တဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ စုပြီးတော့ တုန့်ပြန် ချေပသွားမှာပါ။ တရားစွဲဆိုထားတဲ့ အချက်
တော်တော်များများကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေများပါတယ်။”

ယခင် တရားစွဲခံထားရသူ အမတ် ၆ ဦးမှာ ရသေ့တောင်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်း၊ ပေါက်တောမြို့နယ်မှ
အမျိုးသားလွှတ်တော်အမတ် ဦးကျော်ထွန်းအောင်၊ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ကျော်ဇံ၊ ပြည်နယ်လွှတ်တော်အမတ် ဦးမောင်ကျော်သိန်း၊ ကျောက်ဖြူ/မာန်အောင်
အမျိုးသားလွှတ်တော် အမတ် ဦးအုံးတင်၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်(၂) အမတ် ဦးကျော်လွင် တို့ဖြစ်သည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့သော ရတပပါတီမှ အမတ်များကို တယောက် ပြီးတယောက် စစ်အစိုးရကျောထောက်နောက်ခံပြုပါတီဖြစ်သော


ကြံ့ဖွံ့ပါတီမှ တရားစွဲဆိုနေမှုအပေါ် ရခိုင်ပြည်သူများအကြား အမျိုးမျိုး ဝေဖန်မှုများထွက်ပေါ်နေကြကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကြံ့ဖွံ့မှ တရားစွဲဆို နေကြောင်း အတိအကျ မသိရသေးကြောင်းနှင့် အချက်အလက်များကို လိုက်လံ ရှာဖွေ စုဆောင်းနေတုန်း ဖြစ်ကြောင်း
ဒေါက်တာ အေးမောင်က ပြောသည်။
http://www.narinjara.com/burmese.asp

ချင်းပြည်နယ်ကို ဆန်အကူအညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်


2011-01-10
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ချင်းပြည်နယ်) ဥက္ကဋ္ဌ ပူးဗာလီယာန်းကို တွေ့ဆုံပြီး
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၀၈-၂၀၀၉ ခုနှစ်တွေက ကြွက်တွေ သောင်းကျန်းလို့ စားနပ်ရိက္ခာ ရှားပါးတဲ့ဒေသတွေကို ဆန် အကူအညီပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
(Photo: AFP)
ကမာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ၂၀ဝ၉ ဇန်နဝါရီတွင် ဖြန့်ဖြူးသော ဓာတ်ပုံမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနယ်စပ် တိုင်းရင်းသား နယ်မြေဒေသတွင်ြွကက်ဖျက်ဆီးခံရသော
ပြောင်းဖူးများကို ပြသနေသည့် အမျိုးသမီးကြီးတဦး ဖြစ်ပါသည်။ (Photo: AFP)
အဲဒီအတွက် မနက်ဖန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး အကူအညီ ဘယ်လို ပေးသင့်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြန်လည် တင်ပြမယ်လို့
ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူးဗာလီယန် က ပြောပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံခဲ့သလိုမြန်မာ Egress အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာ Egress အဖွဲ့ဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးနေတဲ့ NGO အဖွဲ့ ဖြစ်ပါတယ် ဒီအဖွဲ့က အမှုဆောင်အရာရှိချုပ် ဒေါက်တာနေဝင်းမောင်က
ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလို ပြောပါတယ်။
“Egress က သူတို့ ဒေါက်တာ နေဝင်းမောင် လာပြီးတော့ တွေ့ပါတယ်။ အဖွဲ့ကတော့ အထွေထွေ အတွင်းရေးမှူးနဲ့ အတူတူ ကျွန်တော်တို့ သူ့ရဲ့ အနီးကပ် လုံခြုံရေး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်
ဦးဝင်းထိန်၊ နောက် ဦးဟံသာ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဟံသာမြင့်၊ သူတို့နှစ်ယောက် အတူ ရှိနေပါတယ်။ ဆွေးနွေး ပြောဆိုတဲ့ အဓိကတွေကတော့ သူတို့ ဘာမှ သိပ်
ထူးထူးခြားခြား မပါပါဘူးတဲ့၊ သူတို့ Egress ရဲ့ ရပ်တည် လုပ်ငန်း ဆောင်ရွက်နေတဲ့ ကိစ္စတွေကို အထွေထွေ အတွင်းရေးမှူးကို ရှင်းပြတယ်တဲ့။”
အဲဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်တဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကလည်း ခုလိုရှင်းပြပါတယ်။
“သူ့ရဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေပေါ့၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အဲဒါကို သူက ရှင်းပြပါတယ်။ ဒါပါပဲခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း ဒါ ဟို အလိုက်အထိုက်ပါပဲ၊ ဒါကို
မှတ်ထားတယ်၊ လက်ခံပြီးတော့…လက်ခံတယ် ဆိုတာပေါ့နော်၊ သူပြောတာကို လက်ခံ မှတ်ယူထားတယ်ပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ UDP ပါတီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ပါတီဥက္ကဋ္ဌ ဦးသိန်းတင်အောင်ပါ သုံးဦးလာရောက်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ
ဦးဝင်းထိန်နဲ့ ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့ပါတယ်။ အဓိက ဆွေးနွေးတာကတော့ UDP ပါတီရဲ့ ဆောင်ရွက်ချက် စီးပွားရေး ပိတ်ဆို့မှုကိစ္စနဲ့ ပတ်သက်ပြီး အမြင်များကို ဆွေးနွေးတာ
ဖြစ်ပါတယ်။
ဦးသိန်းတင်အောင်နဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

က




်ေ

ြး

န်



က

မြန်မာဒုအ
က္ခသည်များကို ၎င်းတို့ဆန္ဒဖြင့် ပြန်ပို့ကြောင်း ထိုင်းကြေညာ
2011-01-10
ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ အပတ်တွေအတွင်း မြန်မာဖက်ကို ပြန်ပို့ခဲ့တဲ့ ဒုက္ခသည်တွေဟာ မိမိဆန္ဒ အလျောက် မြန်မာဖက်ကို ပြန်လိုသူတွေသာ သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာ
ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

(Photo: AFP)
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့
အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ်ဖက်ကနေ မြန်မာနိုင်ငံ ဖက်ကို ပြန်ပို့ခဲ့တဲ့ စစ်ပြေး ဒုက္ခသည် ၁၆၆ ဦးနဲ့ ပတ်သက်လို့ ဝေဖန်ထားတဲ့
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Mr. Benjamin Zawacki ရေးသားခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဌာနက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် လက်မှတ်ထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာပြည် ပို့ခဲ့သူတွေဟာ နယ်မြေအေးချမ်းလာတာနဲ့ မိမိတို့ရပ်ရွာတွေက အိုးအိမ်ပစ္စည်းနဲ့
မိသားစုတွေကို ပြန်တွေ့လိုတဲ့အတွက် ပြန်လိုစိတ်ဆန္ဒ ရှိသူတွေသာ ဖြစ်ကြောင်း၊ မပြန်လိုတဲ့သူတွေကို ယာယီ ဆက်လက် နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ နေထိုင်သူတွေကိုလည်း ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) အဖွဲ့နဲ့ အတူ ကူညီပေးနေကြောင်း၊ နိုဝင်ဘာလကတည်းက ရောက်လာတဲ့ လူ ၃ သောင်းကို ကူညီခဲ့သလိုပဲ အမိုးအကာ အကူအညီ၊
စားရေရိက္ခာ ထောက်ပံ့ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေ အကျိုးသက်ရောက်မှု သုံးသပ်ဝေဖန်
2011-01-10
စစ်အစိုးရက အသက် ၁၈ နှစ်ပြည့်ပြီးသူ ကျား မ မရွေး စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရဟာ တပ်သားသစ် အင်အား နည်းနေတဲ့ ပြဿနာနဲ့
ရင်ဆိုင်နေရတဲ့အတွက် အခုလို ဥပဒေပြဌာန်းပြီး တပ်သားသစ် စုဆောင်းဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။
(Photo: AFP)
တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)
စစ်တပ်အတွင်း ဖိနှိပ်မှုတွေ ရှိနေမှု၊ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အခုလို ဥပဒေပြဌာန်းလိုက်ပေမဲ့ လက်တွေ့မှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေဟာ စစ်တပ်ထဲ
မဝင်လိုပဲ ပြည်ပနိုင်ငံတွေမှာသာ သွားရောက် အလုပ်လုပ်လာသူတွေလည်း များလာနိုင်ကြောင်းလည်း ပြောတာတွေ ရှိပါတယ်။
ဒီဇင်ဘာလ ၁၇ ရက် ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ သက်ရောက်မှု ဘယ်လောက် ရှိနိုင်မလဲဆိုတာကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စု


်း

င်




က



ံဖို
င်

ူရ
န်
စစ်အစိုးရကျင့်သုံးမဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စနစ်ကြောင့် မြန်မာပြည်သူတွေရဲ့ ဘဝတွေကို ဆိုးကျိုးအဖြစ် ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိနိုင်မလဲဆိုတာ ဒေသတွင်းမှာ
အလားတူ မူဝါဒမျိုး ချမှတ်ကျင့်သုံးနေတဲ့ တောင်ကိုရီးယားနိုင်ငံက အခြေအနေတချို့နဲ့ နှိုင်းယှဉ်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်းတင်ပြထားပါတယ်။
စု


်း

င်




က



ံဖို
င်

ူရ
န်
မြန်မာ့ဒီမိုကရေစီရေး ဆက်လက်ထောက်ခံဖို့ ဖိလစ်ပိုင်အမတ်တိုက်တွန်း
2011-01-10
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် အကောင်ထည်ဖော်ဆောင်ရေး ဆက်လက် အားပေးပံ့ပိုးသွားဖို့ ဖိလစ်ပိုင် အထက် လွှတ်တော် အမတ် Loren Legarda က ဖိလစ်ပိုင်အစိုးရကို တိုက်တွန်း
လိုက်ပါတယ်။
(Photo: AFP)
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လိုလားသူများက ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော် တိုက်တွန်းနေခြင်းကို ထောက်ခံသည့်အနေဖြင့် အောက်တိုဘာ ၂၂ ရက်နေ့က ဖိလိပိုင် နိုင်ငံခြားရေး
ဝန်ကြီးဌာနရှေ့တွင် Free Burma Coalition အဖွဲ့ဝင်များ ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ရန်ကုန် မြို့မှာ လူချင်းတွေ့ဆုံခဲ့တဲ့ ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး
ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ Mr. Legarda က ဇန်နဝါရီ ၉ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
အာဖရိကတိုက်က အိုင်ဗရီကို့စ် နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှာ ဒေသဆိုင်ရာ အာဖရိကနိုင်ငံများအဖွဲ့က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိသလိုမျိုး၊ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်
ထွန်းကားရေးမှာ အာဆီယံအဖွဲ့ကြီးဟာ မရှိမဖြစ် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိကြောင်း သူနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံမှာ အားလုံး ပါဝင်ခွင့် ရှိတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပမှသာ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ပြောကြားတယ်လို့လည်း ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့ ဒီမိုကရေစီစနစ် အိမ်နီးချင်းနိုင်ငံတွေမှာ ထွန်းကားလာရေး ကျရာကဏ္ဍက ပါဝင်ဖို့လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်
အကျယ်ချုပ်က လွတ်မြောက်ရေး ကိုယ်တိုင် တောင်းဆိုခဲ့တဲ့အတွက် ဖိလစ်ပိုင်သမတ အကွီနိုကို ကျေးဇူးတင်တယ်လို့လည်း ပြောခဲ့ကြောင်း၊ ဖိလစ်ပိုင်ပြည်သူတွေ ခံစားနေရတဲ့
လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အခွင့်အရေးမျိုး အိမ်နီးချင်းနိုင်ငံတွေမှာ ရရှိလာရေး ဖိလစ်ပိုင်က ဆက်လက် ကူညီထောက်ခံ သွားဖို့ လိုပါကြောင်း အထက်လွှတ်တော်အမတ်ရဲ့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့တွင် လွှတ်တော် ကျင်းပမည်
2011-01-10
မြန်မာစစ်အစိုးရရဲ့ ပထမအကြိမ် လွှတ်တော်သစ်ကို အခုလ ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပမှာ ဖြစ်ကြောင်း စစ်အစိုးရ သတင်းမီဒီယာတွေက ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ
ကြေညာလိုက်ပါတယ်။

(Photo: AFP)
ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော်စုံညီ အစည်းအဝေးကို နေပြည်တော်မှာ တည်ဆောက်ထားတဲ့ လွှတ်တော် အဆောက်အအုံသစ်မှာ ကျင်းပမှာ ဖြစ်သလို
တချိန်တည်းမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကိုလည်း တပြိုင်နက် ကျင်းပမယ်လို့ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဒီကနေ့
ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လွှတ်တော်ခေါ်မဲ့အကြောင်း ကြေညာချက်နဲ့အတူ အခြေခံဥပဒေမှာ ထည့်သွင်းမဲ့ ဥပဒေသစ် ၁၇ ရပ်ကိုလည်း ဒီကနေ့မှာ ပြဌာန်းခဲ့တယ်လို့ သိရပါတယ်။ ဒီဥပဒေတွေထဲမှာ
နိုင်ငံတော်တံဆိပ်၊ နိုင်ငံတော် အလံ၊ နိုင်ငံတော် သမတ၊ ဒုသမတနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်တိုင်းဒေသကြီး အစိုးရတွေနဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေ ပါဝင်တယ်လို့
သိရပါတယ်။
စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်စုံညီအစည်းအဝေးကို တနှစ် တကြိမ်ထက် ပိုပြီး ကျင်းပဖို့မလိုဘူးလို့ သိရပါတယ်။
လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အရာရှိတွေအတွက် ကြိုတင် ရယူထားပြီး ဖြစ်ပြီး စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၈၀ ရာနှုန်းခန့် အနိုင်ရထားကြောင်း ကြေညာထားပါတယ်။
လွှတ်တော်သစ်နဲ့ အစိုးရသစ်မှာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဘယ်လို နေရာမျိုးကနေ ပါဝင်မလဲဆိုတာကတော့ အခုထိ မသဲကွဲသေးဘူးလို့ သတင်းတွေက
ဆိုပါတယ်။
http://www.rfa.org/burmese

ဘုရားစူးပါ့စေ တကယ့်အဖြစ်လေး
Posted by admin on January 10, 2011 2 Comments

http://www.egyptsearch.com
အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန်
ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။
ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀၀ ကျော်လောက်ရတယ်တဲ့။ အဖွားက
ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ
နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ်
လှူနိုင်တန်းနိုင်ပါတယ်။
ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေ ပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀၀ ရာက သုံးမ လောက်တော့ သူ့ဇနီး စုဆောင်းထားတဲ့ ငွေလေးကို အရင်းအနှီးပြုပြီး
အတိုးအများကြီးမယူဘဲ နှစ်ဦး နှစ်ဖက် အလုပ် ဖြစ်ယုံ ဈေးသည်တွေကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်နေပါပြီ။ ထမင်းစားချိန် ဧည့်သည်လာရင်
ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမ အဖွား အမြဲပြောပြောနေတတ်တာက ကမ္ဘာမှာ မြန် မာလူမျိုးက ဧည့်ဝတ်ကျေတဲ့ လူမျိုးတွေတဲ့။
ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့ နှစ်မှာ အဖေ ပင်စင်ယူလိုက်ပါတယ်။ အဖေ့ ပင်စင် ငွေ ၆၀၀ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ ကျမ
လည်းကျူရှင်သင်၊ အဖေ လည်းကျူရှင်သင်တော့မှ ကျောင်းနေဆဲ မောင်နဲ့ ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည် တခွက်ကို ၃ ကျပ်လောက် ဖြစ်နေပြီဆိုတော့ လက် ဖက်ရည်
အရမ်းကြိုက်တဲ့ ကျမ အမေ လက်ဖက်ရည်လျော့သောက်နေရပါပြီ။
၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမ အဖေဆုံးပါး သွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမ အမေက လစဉ် ငွေ
၃၀၀ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်း ကျန်သောမိခင်ကို စောင့်ရှောက်ကြလေတော့ အမေ မျက်နှာ မ ငယ်ရပေမဲ့၊ အကယ်၍
အဖေ့ ပင်စင်ငွေ ၃၀၀ ကျပ်နဲ့သာ အမေရပ်တည်ရမယ်ဆိုရင် ဘယ်လိုမှ ရပ်တည်နိုင်မှာ မ ဟုတ်ပါဘူး။ ဆန်တပြည်ကို ၅၀ ကျပ်နဲ့ ၆၀ ကျပ် ကြားထဲမှာ ရှိပါတယ်။ ကက
အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီး စနဲ့ ခရီးဆုံးကို ငွေ၂၀၀ ကျပ် ကျသင့်တဲ့အချိန်ပါ။
၂၀၀၃ မှာ ကျမ အမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ်မယ် ဆိုရင် ထောက်ခံစာ ယူရမယ်၊ သေစာရင်း အိမ်ထောင်စုစာရင်း
ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့ ကျမတို့ ညီအမ တွေလဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့ မိသားစု ရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီ အချိန် ရောက်တော့
ဆန်တပြည်တောင် ၅၀၀ ကျော်လောက်ရှိပါတယ်။ အမေရတဲ့ ငွေ ၃၀၀ ဟာ ကလေးမုန့်ဖိုးသာသာ ပါ ပဲ။
၂၀၀၈ ခုနှစ် ကျမတို့ မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့ ရပါတယ်။ မန္တလေး လမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့ အကြောင်း ပြောပြချင်မိလို့ပါ။ မန္တလေးလမ်းထိပ်မှာ
မနက် ၉ နာရီနဲ့ ၁၀ နာရီ ကြားဆိုရင် အသားခပ်လတ် လတ် အဝတ်အစားနွမ်းပါးပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလား ပြောင်ပြောင်လေး ရှေ့ချပြီး ထိုင် နေလေ့
ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်းတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါ။ ၁၀ နာရီကျော်လာရင် စစ်ကိုင်းလမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို
အမြဲလမ်းလျောက် လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲ ဝင်လာပြီး မုန့်ဟင်းခါး ၂၀၀ ဖိုး ရောင်းပါလို့ သူက ပြောပါတယ်။ ကျမဆိုင်က အလုပ်သမားတွေက တပွဲ ၃၀၀ ရောင်းလို့
၂၀၀ ဖိုးဆိုရင် မရောင်းရဲဘူးလို့ ပြောပါတယ်။ ကျမ ဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေး လိုက်ပါပြောမှ ဆိုင်က ကလေးတွေက ရောင်းပေးလိုက်ပါတယ်။
သူက မုန့်ဟင်းဖတ် မပါလဲရတယ်၊ မုန့်ဟင်းရည် ပိုထဲ့ပါလို့ ပြောပါတယ်။ ကျမက အဲဒီ အဖွားကြီးကို စိတ်ဝင်စား နေ တာ ကြာပြီမို့လို့ အဖွားခဏ ထိုင်ပါလို့ ပြောပြီး မေးလိုက်ပါတယ်
“အဖွားက အိမ်မှာ ထမင်းနဲ့စားမလို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ် ပေါ်လာလို့ ဒီမှာ အဝစားသွား ပါလားလို့
ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါ ငြင်းဆန်ပြီး အိမ်မှာအဖိုးကြီး ဆာနေလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်က ကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ တုန်းက ဆန်တပြည်ကို
အညံ့ဆုံး ဆိုရင်တောင် ၉၀၀ လောက် ပေးရပါတယ်။
တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေးရောင်းဖို့ ပြောပါတယ်။ ကျမလဲ သနားလို့ သူ့ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန်ရဖို့ ကျမ မမျော်လင့်ပါဘူး။
ဒါပေမဲ့ နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေ တသီချည်းပေးပါတယ်။ လူတော်တော် များများက အ
ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။
သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀၀ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ
အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀၀ ကျပ်ကို ပေးသွားတတ်ပါတယ်။
ကျမရဲ့ ဆိုင်နားမှာဘပဲ အသက် ၇၆ နှစ် ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနားယူထားတဲ့ အဖိုးကြီးလဲ ရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီ ခေတ်ကိုလဲ မှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။
အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါးမစားပါ ဘူး၊ သက်ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေး အလကားပေးနေကြပါ။ အဖိုးက ကိုယ်ချင်းစာ
စကားပြောရှာပါတယ်။ ညီး လောင်စာဖိုး ကုန်မှာပေါ့တဲ့။ အဖိုးမှာ သားတယောက် ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံတယ်တဲ့။ အဖိုးက သူ့ပိုင်တဲ့အိမ်ကို
တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများစားစား မရပါဘူး။
အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲပဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာ ဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့တွေ့တော့ ကျမက
အဖိုးနေမကောင်းဘူးလား လို့မေးလိုက်တော့ အဖိုးက သွေးတိုး နေလို့တဲ့၊ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါ သွားရင် ငွေ ၁၅၀၀၊၂၀၀၀ လောက် ကုန် တာ
သမီးရဲ့ သွေးတိုးတိုင်း ဆေးခန်းပြေးရရင် အဖိုး ထမင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ ဘဝ ဟာ အတော်ကို အောက်ကျနောက်ကျ နိုင်ကြပါတယ်။ တယောက်ထဲနေတဲ့
အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေရပါတယ်။ ချွေတာတဲ့ အနေနဲ့ နေ့တိုင်းလက်ဖက်ရည် မသောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ် ကိုပဲ အိမ်မှာ
ဝယ်သောက်ပါတယ်။ လက်ဖက်ရည် တခွက်ကို ၂၅၀-၃၀၀ လောက်ပေးရပါတယ်။
ဒီလိုနဲ့ ကျမဟာ အမြဲတန်း ဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ် မသွားတာ သတိပြု နေမိပါတယ်။ ကျမ ရင်ထဲမှာ စိတ်ပူနေမိတာ
အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာပဲ ကျမ ရဲ့ ကိစ္စတခုရှိလို့ တောင်ဒဂုံဘက်ကို သွားရပါတယ်။ အတော် တိုက်ဆိုင်တယ်လို့ပြော ရမှာပါ။ ကျမသွားတဲ့ လမ်းထဲ က
တဲအိမ်တလုံးရဲ့ အိမ်ရှေ့ မျက်နှာစာမှာ ထိုင်နေတဲ့ အဖွားကိုတွေ့ပါတယ်။ ကျမ ထိတ်ကနဲ ဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီ ရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။
အမက ညီမ… ဖွားမိနဲ့ သိလားတဲ့၊ ကျမက သိတယ်လို့ ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ ယောက်ကျားက တောကျောင်းဆရာ၊ သူတို့ခေတ်က ၇ တန်းအောင်ရင်
တောပိုင်းမှာ မူလတန်းဆရာလုပ်လို့ ရတယ်လေ။ ပင်စင်စားကြီးပေါ့၊ သားထောက်သမီးခံလဲမရှိဘူး၊ ဖွားမိက ပညာမတတ် ရှာဘူး။ သူ့ခင်ပွန်းကိုပဲ မှီခိုနေရတာ။ အဖိုးကြီး အိပ်ရာထဲ
လဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခတွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်း ကဆိုရင် အဖိုးဂျာနယ်လေးဘာလေး ရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ
လုပ်ကိုင်ကျွေးမွေး နေရတာတဲ့၊ အသက် ကြီးမှ ပင်ပင်ပန်းပန်း လုပ်နေရတယ်တဲ့။ အဲဒီ အမက ဖွားမိလုပ်တဲ့ အလုပ်ကို သေချာသိပုံမရလို့ ကျမလဲ ပြောမပြခဲ့ ပါဘူး။
ကျမ ပြန်ခါနီးတော့ ဖွားမိအိမ်ကို ဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့နဲ့လေးပါ။ အိမ်မိုးထားတဲ့ ဓနိတွေလဲ ပေါက် ပြဲ နေပါတယ်။ ထရံတွေလဲ ဆွေးမြေ့ နေပါတယ်။ အိမ်မှ တကဲ့ကို
အိမ်ဖြစ်တယ်ဆိုရုံလေးပါပဲ။ အဖွား ဘာဖြစ်လို့ ဆိုင်ဘက် မလာတာလဲလို့ ကျမက မေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကို လှမ်းကြည့် လိုက်တော့ အိမ်ထဲက
အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုးတယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကို လှမ်း ကြည့်တာကို အဖွားက သိသွားတော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာ ကြာပြီ၊
အရင်ကတော့ ဆေးခန်းမှန် မှန်သွားနိုင်တယ် အခုတော့ ဆရာဝန် မပြနိုင်တာတောင် ကြာသွားပြီ” တဲ့ ။ ကျမက ဘာရောဂါလဲမေးတော့ ကျောင်း ဆရာ ဘဝတုန်းက ရှူခဲ့ရတဲ့
မြေဖြူမှုန့်တွေကြောင့်ရော၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာတွေရော ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊နုလုံး၊ ရင်ကျပ်၊ အို…
အစုံဘဲ။ ပိုက်ဆံ ချမ်းသာရင်တော့ သက်သက်သာသာ နေနိုင်မှာပေါ့။ အင်း အခုတော့ သူလဲ ခံစားရတာမသက်သာ၊ အဖွားလဲ သူ့ကို မြင်ရတာ မသက်သာဘူး သမီးရယ်တဲ့။
ကျမ လည်း တတ်နိုင်သလောက် ငွေလေးကို အဖွားလက်ထဲ ထည့်ပေးတော့ အဖွားမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာ မဟုတ်လေတော့ အများကြီး
မပေးနိုင်ပေမဲ့ ကျမ မိဘတွေသာဆိုရင် ဆိုတဲ့ အတွေး ကြောင့် ကျမ ပေးခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာ အဟာရကိုသုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါ တယ်။ ဒါဆို
ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုတော့ လျော့ရမှာပေါ့။ ကျမ လဖက်ရည် မသောက်ရတာက ပြဿနာတခု မဟုတ်ဘူးလေ။
အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီး မြေးမြစ်တွေကို မှီခို နေ ရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ
သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဖာ သာပဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေ ဖြစ်နေပါပြီ။ ငယ်ဘဝ အတွေ့အကြုံတွေကို စားမြုံပြန်ရင်း ရသေ့ စိတ်ဖြေ နေကြရတဲ့
ဘဝတွေပါ။
ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလည်း ကိုယ်ဖာသာကိုယ် မရပ်တည်နိုင်ကြတော့ သားသမီး မြေးမြစ်တွေကိုပဲ အား ကိုး နေကြပါတယ်။ ကျမရဲ့ ကြီးဒေါ်ကပြောပါတယ် “
အသက်ရှည်တယ်ဆိုတာ လူတွေ လိုချင် တမ်းတ တဲ့ အရာဖြစ် ပေမဲ့ မြန်မာပြည်က အသက်ကြီးရွယ်အိုတွေ ဆိုတာက ဝဋ်ဒုက္ခကြီးတဲ့ လူတွေပဲ ဖြစ်ရမယ်တဲ့လေ။ ကိုယ်တိုင်လဲ မ
ချမ်းသာ၊ သားသမီးမြေးမြစ်တွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
ကြီးဒေါ်ရဲ့ အယူအဆ အတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့အမေ က ဝဋ်ဒုက္ခနည်းသူတွေများလား ဆိုတဲ့အတွေးနဲ့ ကျမရင်ထဲမှာ
မတင်မကျ ခံစားရပါတယ်။
ခင်ငြိမ်းသစ်
တာ့ကော်ကျိုးနဲ့ ကဆောဝါးလေးကြားက လေးဒေး နေရာမှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်
Posted by admin on January 10, 2011 0 Comment

ဒီကနေ့ ဝေါလေဒေသ တပ်ကော်ကျိုးနဲ့ ကဆောဝါးလေးကြားမှာ နအဖ စကခ (၁၂) လက် အောက်ခံ ခမရ ၅၄၉ နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေ
ဒီနေ့ နေ့လည် ၂ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နအဖ ဘက်မှ ၁၅ ဦးထိခိုက်ခဲ့တယ်လို့သိရှိရပြီး ဒီကေဘီအေဘက်မှလည်း ၂ ဦး ထိခိုက်ဒဏ် ရာ ရခဲ့ပြီး နအဖ ဘက်က တိုက်ပွဲထဲမှာ အသုံးပြုဖို့ခေါ်လာတဲ့
အကျဉ်းသား ၆ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ယခု ဝေါ်လေဒေသ ထိုးစစ်အတွက် နအဖ ဘက်က တပ်ရင် ၁၀ ကို အသုံးပြုပြီး အင်းစိန် မော်လမြိုင် ဘားအံ တောင် ကလေးက အကျဉ်းသားစုစုပေါင်း ၈၀၀ ကို တိုက်ပွဲအတွင်းမှာ
အသုံးပြုဖို့ ခေါ်လာတယ်လို့လဲ ကြားသိရပါတယ်။ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ လေးဒေးလို့ခေါ်တဲ့ နအဖ စခန်းဟောင်း နေရာတခုဖြစ်ပါတယ်။ ထိုစခန်းနေရာဟာ ၁၉၈၉ ခုနှစ်က
ဖလူးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ အရေးကြီးတဲ့ စခန်းကုန်း တနေရာဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ ကလို့ထူးဘော ဗျူဟာမှ ဗိုလ်ဆန်းအောင်က ပြောပြသွားပါတယ်။
http://www.naytthit.net/

လော်ဘီတို့ တော်ပြီဗျို့
များမကြာမီ သတင်းပတ်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ငါးမင်းဆွေဆိုလား-ဖားမင်းဆွေဆိုလား။ ပေါကြောင်ကြာင်လူတယောက်က စီးပွားရေးပိတ်ဆို့မှုနဲ့
ပတ်သက်လို့ ရမ်းရမ်းကားကားလာ ရောက်ပြောဆိုသွားတယ်လို့ သိရတယ်။ သူဟာ အမေရိကန်လူပေါ ယက်ထောပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကိုလာပြီး
အကြောင်းမဲ့လာနှောက်ယှက်တဲ့ ဒုတိယမြောက် လူပေါတယောက်လို့ ပြောရမယ်ထင်ပါတယ်။ နာမည်က ငါးမင်းဆွေဆိုပေမဲ့ စစ်အစိုးရကို ဖားတဲ့ ဖားဆောင်းပါးတွေ ရေးနေသူမို့
ပြည်သူလူထုကတော့ သူ့ကို ဖားမင်းဆွေလို့ ခေါ်ကြတယ်။ ငါးမင်းဆွေ-ဖားမင်းဆွေဆိုပြီး နာမည်က နှစ်မျိုးရနေတော့ ဖားတပိုင်း ငါးတပိုင်းမင်းဆွေလို့ ခေါ်ရင်ပိုပြီး အဆင်ပြေမယ်
ထင်တယ်။
သူက အမေရိကန်တို့ အီးယူတို့က စစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာကို ဒေါ်အောင်ဆန်းစုကြည်ကဘဲ လုပ်နေသလိုလို။ ဒီကိစ္စကို မလုပ်ဘို့ လာရောက်ပြောဆိုခဲ့တာပါ။ သူမှ
မဟုတ်ပါဘူးလေ။ စစ်အစိုးရ လက်ပါးစေတော်တော်များများက ဒီလိုဘဲ စွပ်စွဲပြောဆိုနေကြတာပါ။ ပြီးတော့ ပြည်သူတွေ စီးပွားရေးကြပ်တည်းနေတာတွေဟာ
စီးပွားရေးပိတ်ဆို့မှုကြောင့်လို့လဲ ပြောကြပြန်တယ်။ ဒါဟာ တော်တော် အဓိပ္ပါယ်မဲ့တဲ့ ပြောဆိုမှုပါ။ တကယ်တော့ မြန်မာပြည်သူတွေ စီးပွားရေးအရ လိုတာထက်ပိုပြီး ရုန်းကန်နေရတာဟာ
အခုမှ မဟုတ်ပါဘူး။ စစ်တပ်က အာဏာစယူခဲ့တဲ့ ၁၉၆၂ ခုနှစ် ကတဲကပါ။ အဲဒီအချိန်ကတဲက ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ အကြီးစားလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်း။ အလယ်အလတ်နဲ့
အသေးစားလုပ်ငန်းတွေလည်း တားဖြစ်ချုပ်ကိုင်ခံခဲ့ကြရနဲ့။ တိုင်းပြည်ထဲမှာ ဆန်ရှား၊ ဆီရှား၊ ဆားရှား၊ ဆေးရှား ဘာမဆိုအကုန်ရှား ဖြစ်ကုန်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။
ကုန်ပစ္စည်းမှန်သမျှ မှောင်ခိုခေတ်။ အဲဒီခေတ်က အမျိုးသမီးကြီးတယောက် မန္တလေးမြို့ကနေ ဇာတိအညာမြို့ကလေးတမြို့ကိုအပြန် မိဘဆွေမျိုးတွေကို ကန်တော့ဘို့၊
လက်ဆောင်ပေးဘို့ ကျားဝတ်ပုဆိုး ငါးထည်သယ်လာတာ လမ်းမှာ ဆိုရှယ်လစ်စီးပွားရေးပုဒ်မနဲ့ အရေးယူအဖမ်းခံ အချုပ်ကျခဲ့ဘူးပါတယ်။ စာရေးဆရာနိုင်ဝင်းဆွေရဲ့
(မသိန်းရှင်ဆီပို့ပေးပါ) ဆိုတဲ့ နာမည်ကြီး ဘ၀သရုပ်ဖေါ်ဝတ္ထုထဲက ညှိညှိရဲ့ ထန်းလျက်မှောင်ခိုသည်ဘ၀ဟာ စိတ်ကူးယဉ် မဟုတ်ပါဘူး။ လက်တွေ့ မြန်မာပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့
ခက်ခဲပင်ပန်းမှုတွေပါဘဲ။ ကွယ်လွန်သူ စစ်အာဏာရှင်ကြီး ဦးနေ၀င်းရဲ့ မရေမရာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ ပြည်သူတွေရင်ဆိုင်ခံစားခဲ့ရတာ ဆရာနိုင်ဝင်းဆွေ
ဝတ္ထုထဲကထက်ဆိုးတဲ့ ဘ၀တွေတောင်ရှိခဲ့သေးတယ်ဆိုတာ ဆိုရှယ်လစ် စီးပွားရေးစနစ်ခေတ်ကို မှီလိုက်သူတိုင်း သိကြပါတယ်။
အဲဒီအချိန်က ဘာစီးပွားရေးပိတ်ဆို့မှုမှ မရှိခဲ့ပါဘူး။ စစ်ဗိုလ်တွေ အာဏာယူပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေကို အမှန်တကယ် နားမလည်ဘဲ လေဖမ်းဝရမ်းချီ
-သူများဆိုရှယ်လစ်ဆိုလို့ ဆိုရှယ်လစ်ပြီး တောင်လုပ်မြောက်လုပ် အရူးအီးအီးပမ်းလုပ်ခဲ့ကြတဲ့ဒဏ် ပြည်သူလူထုခံခဲ့ကြရတာပါ။
ဒီလိုအခြေအနေဆိုးကြီးနဲ့ ၂၆ နှစ် ဖြတ်သန်းလာခဲ့ရတဲ့ ပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာတော့ တပြည်လုံးအတိုင်းအတာနဲ့ အုံကြွတော်လှန်ခဲ့ကြတယ်။ ဒါကြောင့် စစ်တပ်အစိုးရတွေဟာ
၁၉၈၈ ခုနောက်ပိုင်းနှစ်တွေမှာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်လုပ်ဆောင်ပေးခဲ့ရတယ်။ ဒါပေမဲ့လည်း စစ်အစိုးရတွေလုပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့
အလွှမ်းသင့်စီးပွားရေးသမားတွေသာ လက်ဝါးကြီးအုပ်စနစ်မို့ ပြည်သူလူထုကတော့ သူတို့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရှိလာလို့ မဆလခေတ်လောက် ကုန်ပစ္စည်းမရှားတာ
တခုကလွဲရင် တခြားတခြား ဘ၀ပြဿနာတွေကတော့ ပိုမိုကောင်းမွန်လာတာမရှိဘဲ တိုးပြီးရင်ဆိုင်နေရဆဲပါ။
တကယ်တော့ မြန်မာပြည်လို သယံဇာတပေါကြွယ်ဝပြီး လူဦးရေလည်း သိပ်ကြီးမများလှတဲ့ တိုင်းပြည်တခုမှာ စားဘို့၊ ၀တ်ဘို့၊ နေဘို့ ဆိုတာလောက်ကတော့ ဘယ်သူဘဲ အစိုးရလုပ်လုပ်
အထိုက်အလျောက်တော့ နေနိုင်၊ စားနိုင်၊ ၀တ်နိုင်ကြတာချည်းပါဘဲ။ မြန်မာပြည်မှာ နေထိုင်နေသူအားလုံး အစိုးရဖိနှိပ်မှု တစုံတရာသာ မရှိဘူးဆိုရင် နေရေးလည်း
အထိုက်အလျောက်တော့ ရနိုင်တယ်။ စားရေးလည်း အထိုက်အလျောက်တော့ ရနိုင်တယ်။ ၀တ်ရေးလည်း အထိုက်အလျောက် ရနိုင်ကြပါတယ်။ မြန်မာပြည်ကပြည်သူတွေဟာ
လူတဦးခြင်း မိသားစုတခုခြင်း ရင်ဆိုင်ဖြေရှင်းရမဲ့ ပြဿနာလောက်ကို ဖြေရှင်းနိုင်ကြပါတယ်။ အိမ်တအိမ်မှာ အိမ်ထောင်ဦးစီးတယောက် အလုပ်အကိုင်ကောင်းကောင်းတခုရှိရင်တောင်
မြန်မာပြည်အနေအထားက အထိုက်အလျောက်နေလို့ရတဲ့ ကာလတွေရှိခဲ့ဘူးပါတယ်။
စစ်အစိုးရလက်အောက်မှာ ပြည်သူလူထု ရင်ဆိုင်ခံစားနေရတာက စစ်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ၊ လောဘဇောတိုက်မှုတွေကြောင့် ဖြစ်ပေါ်နေတဲ့
(ဘ၀ မလုံခြုံမှု ပြဿနာ)လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။
ဘယ်တိုင်းပြည်က ပြည်သူဘဲဖြစ်ဖြစ် ပြည်သူပြည်သားတွေရဲ့ ဘ၀လုံခြုံဘို့
(၁) လူတဦးခြင်း (သိ)ု့ မိသားစုတခုခြင်းက ကြိုးစားရုန်းကန်ဖြေရှင်း ဆောင်ရွက်ရတဲ့ အပိုင်း
(၂) အုပ်ချုပ်သူအစိုးရက ပြည်သူလူထုအတွက် ဦးဆောင်ကြိုးစားဖြေရှင်းပေးရတဲ့ အပိုင်း ဆိုပြီး နှစ်ပိုင်းရှိပါတယ်။
မြန်မာပြည်သူတွေဟာ နံပတ်တစ် လူတဦးခြင်း၊ မိသားစုတခုခြင်း ဖြေရှင်းဆောင်ရွက်ရမဲ့ အပိုင်းတွေကို အရင်ကရော အခုရော လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။ ကိုယ့်အိမ်၊ ကိုယ့်ခြံ ကိုယ့်ဝန်းကို
သူခိုးသူဝှက်မ၀င်အောင် လုံခြုံအောင် ကာရံဘို့၊ ခြံခတ်ဘို့၊ သံဆူးကြိုးကာဘို့၊ သံပန်းတပ်ဆင်ဘို့ကို ကိုယ်အတိုင်းအတာနဲ့ကိုယ် လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တတိုင်းတပြည်လုံး
တရားဥပဒေစိုးမိုးဘို့ဆိုတာကိုတော့ အစိုးရက ဦးဆောင်ဦးရွက်ပြု တာဝန်ယူမှသာ ရနိုင်မှာ ဖြစ်ပါတယ်။ အိမ်တအိမ်မှာ၊ မိသားစုတခုမှာ အချိန်အတိုင်းအတာတခုနဲ့ လျှပ်စစ်မီးရရှိနိုင်ဘို့
သင့်တော်တဲ့ မီးစက်၊ အင်ဗာတာ၊ အသေးစားဘက်ထရီမီးချောင်း၊ မီးတိုင်ဆိုတာမျိုးရရှိဘို့ လူတိုင်းအိမ်တိုင်း မိသားစုတိုင်း လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး ၂၄ နာရီ မီးလင်းဘို့
ဆိုတာကတော့ အစိုးရကလုပ်မှသာ ရနိုင်ပါမယ်။ တိုင်းသူပြည်သားတယောက် နှာစေးချောင်းဆိုးဖြစ်တာ တုတ်ကွေးဖြစ်မျိုး အသေးစား ကျန်းမာရေးပြဿနာမျိုးကို လူတဦးခြင်း
မိသားစုတခုခြင်းက ဖြေရှင်းလို့ ရပေမဲ့ကင်ဆာလို အေအိုင်ဒီအက်(စ်)လို၊ ဒါမှမဟုတ် ခွဲစိတ်ကုသရမဲ့ ရောဂါမျိုး အကြီးစားကျန်းမာရေးပြဿနာများအတွက်တော့
အုပ်ချုပ်သူအစိုးရတရပ်ရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေး အစီအစဉ်တွေရှိမှသာ အဆင်ပြေနိုင်မှာပါ။
မိသားစုတခုက ကလေးတယောက် စာရေးတတ်ဖတ်တတ်ဘို့ လောကဓါတ်စာသင်ကျောင်းကို ပို့ရင်ပို့။ မပို့နိုင်ရင်တောင် ဘုန်းတော်ကြီး ပညာသင်ကျောင်းကိုပို့ပြီး
စာတတ်အောင်လုပ်လို့ရပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတကာအဆင့် ပညာရေးစနစ် ကောင်းမွန်ဘို့ကတော့ အစိုးရရဲ့တာဝန်ပါ။
စစ်အစိုးရဟာ အစိုးရဆိုတဲ့ အုပ်ချုပ်သူတို့ ထမ်းဆောင်အပ်တဲ့ အထက်ကပြောခဲ့တဲ့ကိစ္စမျိုးတွေကို တာဝန်ခံ လုပ်ကိုင်ဘို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီတာဝန်တွေကို မလုပ်နိုင်တာလား၊
မလုပ်ချင်တာလား၊ လုပ်နိုင်လောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး မပြည့်မီတာလားဆိုရင်တော့ အချက်သုံးချက်လုံးဘဲ ဖြစ်နိုင်ပါတယ်။ ပြည်သူလူထု လက်တွေ့ဘ၀မှာ
ကြုံတွေ့ခံစာနေရတာက နိုင်ငံတနိုင်ငံမှာ လျှပ်စစ်မီး (၂၄) နာရီလင်းအောင် အစိုးရက လုပ်သင့်တယ်။ မလုပ်တော့ လူဦးချင်း မိသားစုတခုခြင်းက ကိုယ့်မိသားစုကလေး မီးလင်းနိုင်ဘို့
မီးစက်ဝယ်ဘို့ ရုန်းကန်ရတယ်။ အင်ဗာတာလို မီးအားမြှင့်စက်လို ပစ္စည်းတွေဝယ်ဘို့ အနိမ့်ဆုံးအဆင့် တရုတ်မီးတိုင်ကလေးဝယ်ဘို့ ကြံစည်ရတယ်။ မိမိရဲ့မိသားစု အဆင့်အတန်းအလိုက်
သိန်းနဲ့ချီတဲ့ ငွေကို အပိုသုံးရှာဖွေနေကြရတယ်။ ဆင်းရဲသားမိသားစုတွေ ကျေးလက်တွေမှာ ဘက်ထရီမီးကလေးထွန်းနိုင်ဘို့ စားသောက်ရေးထဲကဖဲ့ပြီး ကုန်ကျရတယ်။
ကျန်းမာရေးဘက်မှာ ဆိုရင်ကော။ သာမာန်အားဖြင့် တပြည်လုံးအတိုင်းအတာနဲ့ ကလေးမီးဖွားဘို့၊ အရေးပေါ်ခွဲစိတ်ကုသဘို့၊ အေအိုင်ဒီအက်စ်လို ကပ်ရောဂါဘေးတွေအတွက် အစိုးရရဲ့
ကောင်းမွန်တဲ့ ကျန်းမာရေးအစီအစဉ်တွေ ပျက်ယွင်းနေတဲ့အခါ မိသားစုတခုမှာ ကြီးကြီးမားမား ကျန်းမာရေးပြဿနာမျိုး ကြုံလိုက်တာနဲ့ တသက်လုံး စုဆောင်းလာသမျှ ငွေကို ထုတ်ပြီး
သုံးစွဲရတော့တယ်။ မိသားစုတခုမှာ လူတယောက် မကျန်းမာပြီဆိုရင် ကျန်မိသားစုဝင်တွေက တသက်လုံး စုဆောင်းလာတဲ့ ရွှေပြောင် ငွေပြောင်နဲ့ လူမွဲစာရင်းဝင်သွားတယ်။ နောက်ထပ်
မိသားစုဝင်တယောက် မကျန်းမာရင် ကုသစရာ ငွေမရှိတော့တဲ့အထိ ဖြစ်နေကြရတယ်။
နောက်တခု ပညာရေး ဘယ်ကစပြီး ဘယ်လိုပျက်စီးအောင်လုပ်ပြစ်မှန်းမသိတဲ့ ပညာရေးစနစ်အောက်မှာ ပြည်သူလူထုဟာ မိမိတို့ရဲ့သားသမီးကလေးတွေ ပညာတတ်ဘို့ ကျူရှင်စရိတ်
ဂိုက်ငှားစရိတ်တွေအတွက် လုံးပမ်းနေကြရတယ်။ ပြည်တွင်းတက္ကသိုလ်တွေက အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ဘို့ သင်နည်းအထောက်အကူပစ္စည်းတွေ မပြည့်စုံဘူး။
မတတ်ဘူး။ ဒီတော့ ကိုယ့်သားသမီးသူများနည်းတူ လူတလုံး သူတလုံးဖြစ်ဘို့ နိုင်ငံရပ်ခြားသွားပြီး ပညာသင်ဘို့ အားထုတ်ကြရတယ်။ ဒီလိုနဲ့ ပြည်သူတွေမှာ မပင်ပန်းသင့်ဘဲ
ပင်ပန်းနေကြရတာ လက်တွေ့ပါဘဲ။
ပြီးတော့ စစ်အစိုးရဟာ သူကိုယ်တိုင်က ပြည်သူ့လိုအပ်ချက်တွေကို ရောင်းသူ ကုန်သည်လုပ်နေတယ်။ ကုန်သည်မှ မတရားအမြတ်ကြီးစား ကုန်သည်။ ကုန်ပစ္စည်းတွေကို ရှားပါးအောင်
လုပ်ထားတယ်။ ပြီးတော့ သစ္စာခံမှုအပေါ် မူတည်ပြီး ပါမစ်ချစနစ်နဲ့ မတရားရောင်းကုန် ဖြစ်စေတယ်။ ဂျပန်နိုင်ငံ ကားသချိုင်းတွေက ကားအစုတ် တသိန်းတန်ကို မြန်မာပြည်မှာ
ပါမစ်ဈေးသိန်းရာကျော်ဖြစ်ပြီး လူထုကို ပြန်ရောင်းစားတယ်။ မြန်မာပြည်မှာ သိန်း ၃၀၀-၄၀၀ လောက်ဖြစ်နေတဲ့ ဂျပန်ကားတွေဟာ ဂျပန်မှာ ကုမ္ပဏီထုတ်အသစ်စက်စက်မှ ဒေါ်လာ
၃၀၀၀-၄၀၀၀ ၀န်းကျင်ဘဲ ရှိတယ်။ မြန်မာပြည်မှာသာ ဖက်စပ်ထုတ်ရင် ဒေါ်လာ ၂၅၀၀-၃၀၀၀ လောက်နဲ့ ထုတ်လုပ်နိုင်လောက်တယ်။ ဒီလိုသာ ထုတ်လုပ်နိုင်ရင် ကားအသစ်တစီးမှ သိန်း
၃၀ ၀န်းကျင်ဘဲကျမယ်။ ကားတစီးတန်ဘိုးက မူလတန်ဘိုးထက် ဆယ်ဆလောက်မြှင့်နေတာ စစ်ဗိုလ်တွေ မတရားလုပ်စားနေတာ မဟုတ်ဘူးလား။
မြန်မာပြည်မှာ ဖက်စပ်လာလုပ်တဲ့ ဂျပန်စူဇူကီးကုမ္ပဏီရဲ့ အစီရင်ခံစာတခုမှာ သူတို့ကုမ္ပဏီအနေနဲ့ နှစ်စဉ်ကားစီးရေတိုးပြီး ထုတ်လုပ်ချင်တယ်။ ဒီအကြောင်းကို
မြန်မာစစ်အာဏာပိုင်တွေကို ဘယ်လိုပင်တင်ပြသော်လဲ အဘယ်အကြောင်းကြောင့် တိုးပြီးထုတ်လုပ်ခွင့် မပြုသည်ကို စဉ်းစား၍ မရနိုင်အောင်ဖြစ်ရသည်လို့ ဖတ်ခဲ့ရဘူးပါတယ်။ အဲဒါ
ဘာမှမဟုတ်ပါ။ ဂျပန်ကုမ္ပဏီက ကားတွေထုတ်ပြီး ထုတ်လုပ်မှုစရိတ် +အမြတ် တန်ဘိုးလောက်နဲ့သာ ပြည်သူတွေကို ရောင်းချလိုက်ရင် သူတို့ ပါမစ်နဲ့လုပ်စား၊ ရိုက်စား
ဈေးကွက်ပျက်မှာစိုးလို့ပါဘဲ။
ပြီးတော့ လူထုအတွက် လိုအပ်တဲ့ဆက်သွယ်ရေးကိရိယာ တယ်လီဖုံးတမျိုးနဲ့တင် လူထုအပေါ်က ခေါင်းပုံဖြတ်စားသွားတာ ငွေတွေ မနဲပါ။ ထောင်ဂဏန်း သောင်းဂဏန်းလောက်နဲ့
ပေါပေါများများချပေးရင် ရနိုင်ပါလျက် ရှားကုန်လုပ်။ သစ္စာခံမှုနဲ့ ပါမစ်ထုတ် ရောင်းစားတာကို ပြည်သူတွေက လက်ကိုင်ဖုံးတလုံးကို တန်ဘိုး (၄၅ သိန်း) လောက်အထိ ပေးပြီး
ဝယ်သုံးခဲ့ကြရတယ်။ အခုထိ ၅ သိန်းတန်ဖုံး ၆ သိန်းတန်ဖုံးစသဖြင့် တိုင်းသူပြည်သားတွေကို နင်တို့ ဘယ်လောက်ပေးနိုင်သေးသလဲ။ ပေးနိုင်သလောက်ပေးပြီး ၀ယ်လိုက်ကြဦး။
ရှိတဲ့ငွေလေး ထုတ်၊ တယ်လီဖုံးတွေ ၀ယ်သုံးကြဦးနဲ့ လုပ်စားနေတာ။ နောင်ကျရင် တသောင်းတန်ဖုံးအထိ လာမယ်။ တောရောမြို့ပါမကျန် မိသားစုတိုင်းဆီက ရှိသမျှငွေတွေ
ခြစ်ချုပ်ယူသွားတယ်လို့ဘဲ ပြောရမှာပါဘဲ။ ဈေးကွက် စီးပွားရေးက စစ်အသိုင်းအ၀န်း ဈေးကွက်ဖြစ်နေတာလေ။
နောက်တခုက အခွန်အကောက်။ နေရာအနှံ့မှာ ကြီးလေးတဲ့ အခွန်အကောက်တွေနဲ့ ပြည်သူတွေမှာ ၀န်ပိနေတယ်။ အခွန်အကောက်သက်သာခွင့် ရသင့်တဲ့ ပြင်ပပညာရေး
ကျန်းမာရေးလုပ်ငန်းခွင်တွေနဲ့ အသေးစားလုပ်ငန်းရှင်တွေအပေါ်မှာတော့ အခွန်တွေ တိုးကောက်တယ်။ တိုင်းသူပြည်သား လူငယ်ကလေးတွေ မင်္ဂလာဦးဇနီးမောင်နှံရဲ့ မင်္ဂလာပွဲ
ကြွေးမွေးဧည့်ခံစရိတ် ၅ သိန်းကျရင် အခွန်က ၅ သောင်း ဆောင်ပေးရပေမဲ့ တရားမ၀င်လုပ်ငန်း ဘောလုံးဒိုင်တွေ၊ ချဲဒိုင်တွေ၊ နှစ်လုံးဒိုင်တွေဆီက သိန်းကုဋေနဲ့ ချီတဲ့
နေ့စဉ်လည်ပတ်ငွေတွေကတော့ တရားဝင်အခွန်အဖြစ်က ကင်းလွတ်နေပြီး တရားမ၀င်ဆက်ကြေးတွေအဖြစ် အာဏာပိုင်စစ်ဗိုလ်ကတော်တွေရဲ့ ချိတ်ထမီဘိုးနဲ့ စိန်ဘိုးဖြစ်သွားတယ်။
နောက်ပြီးတော့ တိုင်းပြည်ရဲ့သယံဇာတတွေ ရောင်းချထားတဲ့ ငွေတွေကို အလကား အရေမရအဖတ်မရ ကြပ်ပြေးမှာ မလိုအပ်သေးတဲ့ အဆောက်အဦးတွေဆောက်၊ မြို့သစ်တည်၊
မြေအောက်လှိုဏ်ဂူတွေကို ဒေါ်လာဘီလျံနဲ့ချီ အကုန်ခံတူးလားတူးရဲ့။ အနုမြူဗုံးလုပ်ဘို့ ကြံလိုကြံ၊ ဘာတွေလဲ မသိဘူး။ လုပ်သမျှ လူထုအတွက် လုံးဝမပါ။ မရောင်ဆီလူး အလုပ်တွေနဲ့
တိုင်းပြည်ငွေတွေ ကုန်ခမ်းနေတာလေ။
အခုဆိုရင် တိုင်းပြည်ရဲ့ ၀င်ငွေ ထွက်ငွေ ဘဏ္ဍာရေးစာရင်းရှင်းတမ်း မကြေငြာတာ ဘယ်လောက်ကြပြီလဲ။ Accountability and transparency ပျက်နေတာ ဘယ်မျှကြာပြီလဲ။
တိုင်းပြည်ဝင်ငွေ ဘယ်က ဘယ်လောက်ဝင်ပြီး ဘယ်မှာ ဘယ်လောက်သုံးသလဲ။ ဘယ်လိုသုံးခဲ့သလဲ ဘဂျက်ရှင်းတမ်း မကြေငြာတာ နှစ်ဘယ်လောက်ကြာနေပြီလဲ။
အမှန်စင်စစ် တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေက စစ်တပ်ကဗိုလ်တွေ တိုင်းရင်းသားဒေသတွေမှာ ရွာတွေဝင်တော့ ရွာသားတွေက စစ်တပ်လာပြီဆိုတာနဲ့ ထွက်ပြေးကြရတယ်။
လူမရှိတော့တဲ့ ရွာထဲကို စစ်တပ်ရောက်တော့ ရိက္ခာမပါတဲ့စစ်တပ်ဟာ ရွာသူရွာသားတွေရဲ့ စပါးကျည်ထဲက စပါးဆွဲ၊ ပြောင်းဆွဲ၊ လူးဆွဲ၊ ကြက်တွေ့တော့ ကြက်ဆွဲ သတ်စား၊
ဝက်တွေ့တော့ ၀က်ဆွဲ သတ်စား၊ နွားတွေ့တေ့ နွားဆွဲ သတ်စားရာကနေ ရာထူးတက်ပြီး အာဏာဖင်ထိုင်ခုံတွေနဲ့ မြို့ပြရောက်လာတော့ ကားဆွဲ၊ တိုက်ဆွဲ၊ ခြံဆွဲ တိုင်းပြည်ဘဏ္ဍာလည်း
ကိုင်ခွင့်ရရော။ ပြည်သူ့ဘဏ္ဍာ သူတို့ဘဏ္ဍာ ဥစ္စာမှတ်ပြီး သူတို့ငွေစားရင်းထဲ ဆွဲသွင်းလိုက်ကြတာကစတဲ့ အဓမ္မဇာတ်လမ်းတွေကြောင့်သာ မတော်မတရား မကြားကောင်း
မနာသာတွေဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေရတာပါ။
ပြောရတာ အတော်ခက်ပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ စစ်ဗိုလ်ချုပ်တွေ တယောက်နဲ့တယောက် မေးထိုးပြီးသူက အိမ်ရပြီ။ ငါလဲ အိမ်ရမှ။ သူက မော်တော်ကား ဘယ်လောက်တန်
ဘယ်နှစ်စီးရပြီ။ ငါက ဘယ်နှစ်စီးဘဲ ရသေးတယ်။ ရှာလိုက်ဦးမှ။ ပြည်သူ့ဘဏ္ဍာထဲက နှိုက်လိုက်ဦးမှ။ မိုက်ကြေး ခွဲလိုက်ဦးမှ။ သူ့သားကတော့ ဘာကုမ္ပဏီ ထောင်ပြီးပြီ။ ငါ့သားက
ဘာကုမ္ပဏီ ထောင်လိုက်မှ။ အမယ်လေး…..လေး။ အိမ်အလုံး ၁၀၀ နဲ့လည်း မကျေနပ်။ အလုံး ၂၀၀ လည်း မကျေနပ်။ ရှန်ဟိုင်းအထိ အိမ်တက်ဝယ်ကြ။ ကိုယ့်သားကိုယ့်သမီး
ကိုယ့်မြေးအတွက်တင် မကဘူး။ ဗိုလ်ချုပ်အဘကြီးတွေရဲ့ ကီးပင်း (keeping) မော်ဒယ် စမောလေးအတွက်ပါ။
တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားလမ်းမှာ အိမ်နဲ့ခြံ ၀ယ်ပေးဦးမှ လုပ်နေကြတာလေ။ ဒါတင်မက ပြည်သူ့ငွေ ကဲ့ထုတ်ပြီး ကိုယ့်ဘဏ်စာရင်းထဲ မြန်မာငွေနဲ့ မြန်မာဘဏ်ထဲငွေစုတာ
ခေတ်မစားတော့။ နိုင်ငံခြားဘဏ်မှာ ဒေါ်လာနဲ့ထား။ စပွန်ဆာ အဘဗိုလ်ချုပ်ကြီးတွေကောင်းလို့ မော်ဒယ်သမီးတွေတောင် ဒေါ်လာသိန်းဂဏန်းနဲ့ ရှော့ပင်း (shopping)
ထွက်နေနိုင်ကြတယ်။ ဒါပေမဲ့ စစ်အစိုးရလုပ်တဲ့ စီးပွားရေး စီမံကိန်းတွေထဲမှာ သာမန်ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာများလုပ်ခဲ့ပါသလဲ။
သာမန်ပြည်သူထဲက အမှန်တကယ် တက္ကစီမောင်းစားသူ လူတယောက် တက္ကစီတစီးပိုင်ခွင့်ရဘို့ လုပ်ပေးခဲ့ဘူးပါသလား။ ဆိုက္ကားနင်းစားရသူ သာမန်လူတယောက် ဆိုက္ကားပိုင်ဆိုင်ဘို့
စီမံကိန်းချခဲ့ဘူးပါသလား။ ငွေကျပ် ၁၀၀ ချေးတိုင်း ၁၀ ကျပ်က ၅၀ ကျပ် အတိုးနှုန်းလောက်ပေးပြီး ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စားတွေအတွက် အသေးစားချေးငွေ အစီအစဉ်မျိုး
လုပ်ပေးခဲ့ဘူးပါသလား။ စစ်တပ်သစ္စာခံ ဗိုလ်မှူးတွေ ဗိုလ်မှူးကြီးတွေသာ ပါရမီတက္ကစီ စီးရေအများကြီးပိုင်တဲ့ တက္ကစီအုံနာ အကြီးစားကြီးတွေ ဖြစ်သွားတယ်။ စစ်တပ်ပိုင်
ဦးပိုင်ကုမ္ပဏ်ီကသာ မော်တော်ကားလိုင်းထောင်စားတဲ့အထိ လုပ်နေကြတယ်။ အခု နောက်ပိုင်း ပြည်သူတွေကြားမှာ ပြောဆိုနေကြတာက ဗိုလ်ချုပ်မှူးကြီးသန်းရွေရဲ့သားမက်လို့
သတ်မတ်ထားတဲ့ ကိုတေဇက ကွန်းယာဆိုင်ထောင်ပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ဆိုက္ကားထောင်တော့မယ်တဲ့။
ဒီလိုနဲ့ ပြည်သူအများစုက လုပ်စားစရာ အကွက်အကွင်းမရှိသလောက်ဖြစ်ပြီး ဒုက္ခရောက်နေကြရတာပါ။
ဒါကို စစ်ဗိုလ်တွေအကြိုက် အောင်သွယ်လား။ လော်ဘီလား။ လောဘစ်လား။ အနောက်နိုင်ငံတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တားဆီးတဲ့အနေနဲ့
စီးပွားရေးပိတ်ဆို့ထားတာကြောင့် ပြည်သူတွေ အထိနာပါတယ်လို့ အမေရိကန်လွှတ်တော်သွားပြီး ရွေနားတော်သွင်းသူက သွင်း၊ ပြည်တွင်းဂျာနယ်တွေမှာ အေးချင်းရေးသူက ရေး၊
အနောက်တိုင်းရဲ့ ဒဏ်ခတ်မှုတွေ လျော့ကျစေဘို့ စစ်ဗိုလ်ချုပ်တွေဘက်က ပြည်သူ့အပေါ် ရက်စက်မှုတွေကို တရစ်လောက်လျှော့ချဘို့တော့ တလုံးတပါးမှ ပါးစပ်မဟကြဘဲ
ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြောဆိုနေတာကတော့ တဖက်သတ်ဆန်လွန်းပါတယ်။ ငါ့စကားနွားရနိုင်လွန်းလှပါတယ်။
ကိုလော်ဘီတို့ကို မေးကြည့်ချင်တာက ဘယ်စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းစေချင်တာလဲ။
General sanction ဆိုတဲ့ အထွေထွေစီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကိုလား။ target sanction ဆိုတဲ့ ဗိုလ်ချုပ်တွေနဲ့ အလွမ်းသင့် စီးပွားရေးသမားတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကိုလား။
General sanction ဆိုတဲ့ပိတ်ဆို့မှုကို ဖွင့်ပေးလိုက်ရင် ပြည်သူတွေပိုကောင်းလာမလား။
ဟင့်အင်း မထင်မိပေါင်၊ ဝေးပါသေး။ အခုလဲ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာစစ်အစိုးရနဲ့ စီးပွားရေးဆက်ဆံမှု မလုပ်ကြဘူးဆိုပေမဲ့ အာစီယံတို့ တရုတ်တို့ အိန္ဒိယတို့လို
နိုင်ငံတွေက စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေကြတာပါဘဲ။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဂရုမစိုက်ဘဲ လောဘဇောတိုက်နေတဲ့ အစိုးရအချင်းချင်း ကုန်သွယ်နေတဲ့ စီးပွားရေးကို
လိင်တူဆက်ဆံရေး ကုန်သွယ်မှုလို့ နာမည်ပေးရင် ကောင်းမယ်ထင်တယ်။ တကယ်တော့ ဒီနိုင်ငံတွေနဲ့ လုပ်နေတဲ့ ကုန်သွယ်မှု တန်ဘိုးနဲ့တင် မြန်မာပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့
အခက်အခဲတွေကို ဖြေရှင်းပေးချင်ရင် ရနိုင်ပါတယ်။
ဒါပေမဲ့ လက်တွေ့အခြေအနေမှာ ဘယ်လိုဖြစ်နေသလဲဆိုရင် ဥပမာ- မြန်မာပြည်မှာ အထည်ချုပ်လုပ်ငန်းတွေက နှစ်စဉ် ဒေါ်လာငွေ သန်း ၄၀၀ လောက် အမြတ်အစွန်းရနေတယ်လို့
ဆိုကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်အားစိုက်ထုတ် လုပ်ကိုင်နေကြရတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမလေးတွေရဲ့လုပ်အားခကတော့ ဘ၀၀မ်းစာဖူလုံအောင် မရရှိကြပါဘူး။
ဘာလို့လဲဆိုတာ့ ဒီလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရရှိနိုင်ဘို့ ဗိုလ်ချုပ်တွေကို တရားဝင်ရော တရားမ၀င်ရော (over table – under table) ပေးနေရာတာတွေကြောင့် အောက်ခြေက
အလုပ်သမားလူတန်းစားဆီ (လုံးဝ လုံးဝ) မရောက်နိုင်တော့ လို့ပါဘဲ။
ပြောတာတွေလဲ သိပ်ကိုများသွားပြီ။ ဒီထက်မက ပြောချင်ပါသေးတယ်။ ပြောချင်တာမှ လက်တွေ့အခြေအနေမှန်တွေကို တကမ္ဘာလုံးကိုသိအောင် ခြေလျင်ပတ်ပြီး ပြောချင်တယ်။
စစ်အစိုးရနဲ့ ပုလင်းတူဘူးဆို နိုင်ငံခြားအစိုးရတွေရဲ့ရုံးတွေရှေ့ ငုတ်တုတ်ထိုင်ပြီး ပြောချင်တယ်။
နောက်ဆုံးအနေနဲ့ လိုရင်းအနှစ်ချုပ် ပြောချင်တာကတော့ စစ်အစိုးရဘက်က ပြည်သူအပေါ် ရက်စက်မှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထားတာမျိုး အထွေထွေတားမြစ်ထားမှု
(sanction) တွေ တခုမှမလျှော့ပေးသေးဘဲနဲ့တော့ အနောက်တိုင်းရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု sanction တွေလည်း လျှော့ပေးစရာ မလိုသေးဘူး။ ပြည်သူ့မျက်နှာတကယ်
ငဲ့ကြည့်တယ်ဆိုရင် ဆက်လက်ထားရှိနေသင့်သေးတယ်။ စီးပွားရေးပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဘို့ ပြောဆိုနေကြတဲ့ ကြားပွဲစား အောင်သွယ်တော် ကိုလော်ဘီတွေရဲ့အသံတွေ ကြားရ၊
ဆောင်းပါးတွေဖတ်ရတာလည်း ပြည်သူလူထုက နားကလောတယ်။ မျက်စိ နောက်တယ်။ တော်လောက်ကြပါပြီ ဆိုတာပါဘဲ။
မင်္ဂလာနိုင်ငံသစ်ကို ကြိုဆိုလျက် နိုင်ငံသားအားလုံးကို လေးစားသော
မမခင်
(21.12.10- 9.00 PM)
ဈေးသည်များအခက်ခဲကို အာဏာပိုင်များ မဖြေရှင်းပေးသည့်အတွက် အဖွဲ့ချုပ်ထံ အကူညီတောင်းထား
စည်ပင်သာယာအဖွဲ့၏ မတရားလုပ်ရပ်ကြောင့် သင်္ဃန်းကျွန်းဈေးမှ ဈေးသည်များ အခက်ခဲကြုံနေရပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သို့ တိုင်တန်းအကူညီ တောင်းခဲ့သည်။

ဈေးသည်များနှင့် NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး တွေ့ဆုံနေစဉ် (ဓါတ်ပ-ုံ ရိုးမ ၃)


ဈေးကောက်ပေးရောင်းနေသည့် ဈေးသည်များကို နေရာဖမ်းခိုင်းပြီး ဈေးရောင်းခွင့်မပေးတော့သဖြင့် သက်ဆိုင်ရာ စစ်အာဏာပိုင်များထံ အကြောင်းကြားခဲ့သော်လည်း တစုံတရာ
ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ယခုလ (၇) ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်အကူညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်တဦးက ပြောသည်။
“ဈေးကောက် တစ်ရက်ကို (၄၀၀)၊ သန့်ရှင်းရေးခ တစ်ရက်ကို ၂၀၀ ပေးပြီး ရောင်းနေကြတာပါ။ အဲဒါကို သူတို့က အတင်းဖယ်ခိုင်းတယ်၊ ကျောင်းတက်နေရတဲ့ ခလေးတွေလဲရှိတယ်၊
တရက်လုပ်မှ တရက်စားရတာပါ။ ဈေးမရောင်းရင် ခလေးတွေလည်း ကျောင်းတက်နိုင်တော့မှာ မဟုတ်ဘူး” ဟု ပြောသည်။
ယင်းကဲ့သို့ စည်ပင်ဝန်ထမ်းများ၏ လုပ်ရပ်ကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း တစုံတရာ မဖြေရှင်းပေးကြောင်း ၎င်းက ဆက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ အဘဦးတင်ဦးက ဈေးသည်များတင်ပြချက်များနှင့် ပတ်သက်၍ “ခင်ဗျားတို့ သက်ဆိုင်ရာ အာဏာပိုင်ကို အသနားခံစာ မတင်ဘူးလားလို့
မေးတော့ စာနဲ့လဲတင်ပါတယ်၊ လူကိုယ်တိုင်လဲသွား တောင်းပန်ပါတယ်လို့ ပြောတယ်။ ဘဘက ခင်ဗျားတို့ ရွေးကောက်ပွဲမှာ မဲထည့် ကြသလား၊ ဘယ်သူ့ကို မဲထည့်လဲ မေးတော့
ဦးသိန်းညွှန့်ကိုထည့်တယ်လို့ ပြောပါတယ်။ အဲဒါဆိုသူတို့ကို အရင်သွားပြော၊ ပြောလို့မရရင် ကျတော်တို့ ဆီကို ပြန်လာခဲ့ပါ ကျတော်တို့ ညှိနှိုင်းတိုင်ပင်ပြီး ခင်ဗျားတို့အတွက်
အတက်နိုင်ဆုံးလုပ်ပေးပါ့မယ်လို့ပြောတယ်” ဟု အဆိုပါ ဈေးသည်က ဆက်ပြောသည်။
လက်ရှိအခြေအနေတွင် ဈေးသည်များအနေဖြင့် ဈေးရောင်းခွင့်မရတော့သည့်အတွက် ၎င်းတို့စားဝတ်နေရေး မပြေလည်မှုနှင့် ကလေးငယ်များ ကျောင်းမတက်နိုင်သည့် အခြေအနေများ
ကြုံတွေ့နေရသည်။
http://www.yoma3.org

နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုများရှိ


Submitted by Karen Information Center on Monday, 10 January 2011No Comment
ဇန်န၀ါရီလ ၁၀ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ
ကရင်ပြည်နယ် ဝေါ်လေဒေသ၊ ဖလူးကျေးနယ်တွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ယမန်နေ့နှင့် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခင်တိုက်ပွဲများထက် ပြင်းထန်သောကြောင့်
နှစ်ဘက်ထိခိုက်မှုများရှိသည်ဟု သိရှိရသည်။
ယနေ့ နံနက် ၈နာရီခန့်မှ ညနေ ၄နာရီအကျော်အထိ ဖြစ်ပွားခဲ့သည့် KNLA၊ DKBA ပူးပေါင်းတပ်ဖွဲ့နှင့် နအဖ စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲတွင် နအဖဘက်မှ
ထိခိုက်ဒဏ်ရာရရှိမှု အတိအကျ မသိရှိရသော်လည်း နအဖ ဘက်မှ လက်နက်ကြီးကျည်မြောက်များစွာ ပစ်ခတ်ခဲ့သောကြောင့် DKBA တပ်သား ၂ဦး ကျည်ဆံထိမှန်ခဲ့သည်ဟု ဒီကေဘီ
အေ တပ်မဟာ ၅မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
၎င်းက “နအဖဘက်က လက်နက်ကြီး အလုံး ၁၀၀ထက်မနည်း လိုက်လံပစ်ခတ်တော့ ကျနော်တို့ဘက်က ၂ယောက် ထိတယ်။ ဒဏ်ရာအပြင်းအထန်တော့ မဟုတ်ဘူး။
ကျနော်တို့လူတွေလည်း တက်လာတဲ့ နအဖစစ်ကြောင်း အပိုင်စောင့်ပစ်တော့ နအဖ ဘက်ကလည်း တော်တော် အထိနာတယ်။ အရေအတွက်တော့ မသိရှိရသေးဘူး။”ဟု ပြောသည်။
အလားတူ ယမန်နေ့ကလည်း အဆိုပါ တပ်ဖွဲ့ဝင်များအကြား နှစ်ဘက်ပစ်ခတ်မှုတွင် နအဖတပ်မှူးတပ်သား ၂၀ဦးခန့် ထိခိုက် သေဆုံးခဲ့ရာ နအဖဘက်မှ လက်နက်ကြီးကျည်အလုံး
၁၀၀ကျော် ပစ်ခတ်ခဲ့သော်လည်း ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ကြောင်း ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့နယ် မဲ့ကော်ကင်းကျေးရွာအနီးတွင် လက်နက်ကြီးအလုံး ၁၀ကျော် ကျ ရောက်ခဲ့သောကြောင့် ထိုင်းဘက်ခြမ်းမှ
နယ်စပ်လုံခြုံရေးတပ်များ တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။
၎င်းတိုက်ပွဲများကြောင့် မြန်မာပြည်ဘက်ခြမ်းရှိ ရာနှင့်ချီသည့် ဖလူးကျေးနယ်မှ ဒေသခံလူထုများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်ဟု ၎င်းယာယီစစ်ပြေးဒုက္ခသည်များအား
ကျန်းမာရေးနှင့် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများကို ကူညီဆောင်ရွက် ပေးနေသည့် ကျန်းမာရေးလုပ်သားများက ပြောသည်။
http://www.kicnews.org/

မြောက်ကိုရီးယားပစ္စုပ္ပန် မြန်မာပြည်အနာဂတ်

မြောက်ကိုရီးယားပစ္စုပ္ပန် မြန်မာပြည်အနာဂတ်
နေသွင်

ဆုဟန်ဝေသည် အသက် (၄၃) နှစ်အရွယ် ကလေး (၉) ယောက်၏ မိခင်ဖြစ်ပြီး သူ့သမီး (၃) ယောက်၏ အ မည်များတွင် ‘ဘော်’ ဆိုသော စကားလုံးတလုံးစီ ပါသည်။ ချောင်ဘော်၊
ပေါက်ဘော်၊ တန်ဘော်ဟူ၍ ဖြစ် သည်။ ဘော်မှာ ကိုရီးယားဘာသာစကားဖြင့် ‘ကြယ်စင်’ ဟု အဓိပ္ပာယ်ရသည်။ ကြယ်စင်ညီအစ်မများမှာ နာ မည်ကလေးများ လှချင်ပါရက်နှင့် ရှေ့တွဲ
နာမည်များကြောင့် ဒုက္ခတွေ့ရတော့သည်။ ကြည့်ပါ၊ ချောင် (ရိုင် ဖယ်)၊ ပေါက် (ဗုံး)၊ တန် (ကျည်ဆ)ံ ။ နာမည်အပြည့်အစုံများမှာ ရွှေကြယ်စင်၊ ငွေကြယ်စင်များ မဖြစ်တော့ဘဲ
ရိုင်ဖယ်ကြယ်စင်၊ ဗုံးကြယ်စင်၊ ကျည်ဆံကြယ်စင်များ ဖြစ်ကုန်သည်။ ၂၀၀၃ ခုနှစ်တွင် ထပ်မွေးသော သားကို မူ ဆွန်ဂန်ဟု အမည်ပေးထားပြီး မနှစ်ကမှ မွေးသော သမီးထွေး၏အမည်မှာ
ဟာမွန် ဖြစ်သည်။ အဓိပ္ပာယ်မှာ ဆွန်ဂန် (စစ်တပ်ပထမ)၊ ဟာမွန် (တော်လှန်ရေး) ဖြစ်သည်။

“ကျမသားတွေ သမီးတွေကို မွေးထုတ်ထားတာ တနေ့မှာ စစ်တပ်ပထမနိုင်ငံတော်ကြီးကို အလုပ်အကျွေးပြု နိုင်မယ့် မျိုးဆက်သစ်ကလေးတွေဖြစ်ဖို့ပါ” ဟု ရေဒီယိုအင်တာဗျူးတွင်


အမေလုပ်သူက ဆိုသည်။

အထက်ပါဇာတ်လမ်းမှာ စိတ်ကူးယဉ်ဟုထင်ရသော်လည်း တကယ့်ဖြစ်ရပ်မှန်ဖြစ်သည်။ ၁၉၉၆ က စတင်ချ မှတ်ခဲ့သော ‘ဆွန်ဂန်’ ပေါ်လစီနှင့် မြောက်ကိုရီယားပြည်သူများ


လုံးထွေးရစ်ပတ်မှု မည်မျှရှိနေသည်ကို ပြနေ သည်။ အမှန်မှာ ဆွန်ဂန် (စစ်တပ်ပထမ) ပေါ်လစီမှာ မြောက်ကိုရီယားခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ ရာ သက်ပန် ရာဇာပလ္လင်မြဲရေး
မဟာဗျူဟာမြောက် ပေါ်လစီတခုသာဖြစ်သည်။

ဆွန်ဂန်ပေါ်လစီ အောင်မြင်သလား

လွန်ခဲ့သော (၃) နှစ်၊ ဆွန်ဂန်ပေါ်လစီသက်တမ်း (၁၂) နှစ်ပြည့်မှာ ကင်ဂျုံအီ၏ ရင်းနှီးသော မစ္စတာပီအိတ်ခ်ျ ဒီဒေါက်တာတယောက်က ဆွန်ဂန်ပေါ်လစီ (songun policy) ၏
အောင်မြင်မှုများကို ချီးမွမ်းခန်းဖွင့်ခဲ့သည်။ ဆွန်ဂန်ပေါ်လစီကြောင့် မြောက်ကိုရီးယားမှာ နယူးကလီယားလက်နက်ပိုင်လာပြီး မြောက်ကိုရီးယားကျွန်း ဆွယ်သည် သမိုင်းတွင်
ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အာဏာစက်အာက်မှ ရုန်းထွက်နိုင်ခဲ့သည်။ အီ ရတ်လို ကံကြမ္မာမျိုးမှ လွတ်မြောက်ခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားက
အာကာသလမ်းကြောင်းထဲကို နျူကလီယား ပစ်လွှတ်ပြီးသော နောက်ပိုင်းမှာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်ထားသော နိုင် ငံများ အပြေးအလွှား သံတမန်ဆက်ဆံရေး
ပြန်လည်ထူထောင်လာကြသည်။ ထို့ကြောင့် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများကို တစစီ ရိုက်ချိုးနိုင်လိုက်သည်ဟု ဆန်းစစ်ပြသည်။ အထက်ပါ အချက်များအားလုံး မှန်ကန်
သည်ဆိုစေဦး၊ ထိုအောင်မြင်မှုများသည် မြောက်ကိုရီးယားက (၂၄) သန်းသော ပြည်သူများကို မည်သို့အကျိုး ဖြစ်ထွန်းစေသည် ဟူသည်ကိုတော့ ရှင်းပြမထားပါ။

လူထုလည်း ကြည့်ပါဦး

မြောက်ကိုရီးယားစစ်တပ်အင်အားမှာ အမေရိကန်စစ်တပ်နှင့် မတိမ်းမယိမ်းရှိသည်။ လူ (၂၄) သန်းရှိသော တိုင်းပြည်တွင် အမြဲတမ်းစစ်တပ် (၁) သန်း (၂) သိန်းရှိသည်
ဆိုသောအဓိပ္ပာယ်မှာ ကျန်းမာသန်စွမ်းသော အရွယ် အသက် (၁၇-၅၄) အကြား လူဦးရေ၏ (၅) ပုံ (၁) ပုံသည် စစ်သည်တော်များဖြစ်သည်ကို ပြဆိုနေ သည်။ ထို့အပြင် (၆) သန်းကို
အရံအင်အားအဖြစ် ထားသည်ဟုဆိုသည်။ ထိုမျှကြီးသော စစ်တပ်အတွက် စစ် တပ်အသုံးစရိတ်သည် တိုင်းပြည်ဓန၏ မည်မျှရှိမည်ကို ခန့်မှန်းကြည့်နိုင်သည်။ အတိအကျ
မသိရသော်လည်း တိုင်းပြည်ဂျီဒီပီ၏ (၁၅.၈) % ဟုဆိုသည်။ (၅) ပုံ (၁) ပုံ နီးပါးပင်ဖြစ်သည်။ အစိုးရက စစ်အင်အားကို ထိုမျှ အာရုံစိုက်နေရသော တိုင်းပြည်တွင် ပြည်သူများ
ဒုက္ခပင်လယ်ဝေမည်သာ။ ပြီးခဲ့သည့် ဆယ်စုအတွင်း စားနပ် ရိက္ခာပြတ်လပ်မှုကြောင့် လူသန်းချီပြီး သေဆုံးခဲ့ရသည်။ ကမ္ဘာပေါ်တွင် ပြည်ပအလှူရှင်များထံမှ ရိက္ခာကို မှီ ခိုရာ၌
အီသီယိုးပီးယားပြီးလျှင် မြောက်ကိုရီးယားက ဒုတိယဖြစ်သည်။ ယူနီဆက်ဖ်၏ အစီရင်ခံစာအရ က လေးတရာတွင် (၇) ဦးမှ (၃၇) ဦးသည် အာဟာရမပြည့်ဝကြပေ။
ကလေးမိခင်များတွင်လည်း (၃) ယောက် တွင် (၁) ယောက်သည် အာဟာရမပြည့်ဝဟုဆိုသည်။

အဖနိုင်ငံကာကွယ်ရေးလား

မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးက အခမ်းအနားတခုတွင် “ရဲဘော်တို့ သကြားလုံးမရှိဘဲ နေလို့ရတယ်၊ ကျည်ဆံမရှိဘဲနဲ့တော့ အသက်မရှင်နိုင်ဘူး” ဟု သြ၀ါဒခြွေသည်။ အမှန်မှာ


ထိုအတွေးအခေါ်သည် မြောက် ကိုရီးယားတနိုင်ငံလုံးက ပြည်သူတွေအတွက် သြ၀ါဒလည်းဖြစ်သည်။ ပြည်ပရန် ကာကွယ်ရေးအတွက် စစ် တပ်ကို အင်အားရှိဖို့လိုသည်ဆိုမှာလည်း
ပြည်သူလူထုကို အာရုံလွှဲခြင်းသာဖြစ်သည်။ သဘာဝဘေးအန္တရာယ် နှင့် တလွဲစီမံခန့်ခွဲမှုများကြောင့် တိုင်းပြည်စီးပွားရေး ကျပ်တည်းလာသောအချိန်တွင် တတိုင်းပြည်လုံး အာခံမ
လာအောင် စစ်ဇာတ်သွင်းခဲ့ခြင်းမျှသာဖြစ်သည်။ အာဏာမြဲရေးအတွက် စစ်တပ်ကို အပိုင်ကိုင်ထားရေးသည် ကင်ဂျုံအီ၏ မဟာဗျူဟာဖြစ်သည်။

အလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူး၊ ချစ်သော ခေါင်းဆောင်ကြီး၊ ဖွဲ့စည်းပုံအရ စစ်ဦးစီးချုပ်ဖြစ်ရုံ နှင့် အားမရသေးဘဲ သူ၏ အတွင်းစည်း (၃၈) ယောက်တွင် (၁၇)
ယောက်သည် ဗိုလ်ချုပ်ကြီးများနှင့် တပ် ပိုင်းရာထူးလက်ကိုင်ရှိသော ပါတီခေါင်းဆောင်များဖြစ်သည်ဟု မြောက်ကိုရီယားမှ သံတမန်ဟောင်းတဦးက ဖွင့်ချသည်။ မကြာခင်ကပင် အသက်
(၂၇) နှစ် အရွယ် သားကို ပါတီ၏ ပေါ်လစ်ဗြူရိုဝင်၊ ဗိုလ်ချုပ်ကြီးရာထူး တန်းပေးပြီး တိုင်းပြည်၏ အာဏာအရှိဆုံး စစ်ကောင်စီဖြစ်သော အမျိုးသားကာကွယ်ရေးကောင်စီတွင် ဒု-
ဥက္ကဌအဖြစ် တင်မြှောက်လာသည်။ အဖေက ဥက္ကဌ၊ သားက ဒု-ဥက္ကဌ ဖြစ်သည်။ ကင်ဂျုံအီ၏ ညီမနှင့် ယောက်ဖတို့လည်း ရာထူးတိုးသွားကြသည်။ တနည်းအားဖြင့် အဘိုး ကင်မှ အဖေ
ကင်၊ အဖေ ကင်မှ သား ကင်၊ ‘ကင်’ မင်းဆက်၏ တတိယမျိုးဆက်ကို နန်းမွေဆက်ပေးရန် အကောင်အထည်ဖော်ခြင်းဖြစ်သည်။

နိဂုံး

မြောက်ကိုရီးယား အခြေခံဥပဒေတွင် နိုင်ငံသားတို့၏ လူ့အခွင့်အရေးကို လေးစားရေးဆိုသောအချက် အထင် အရှားပါသော်လည်း လက်ရှိမြောက်ကိုရီးယားတွင် နိုင်ငံရေးအကျဉ်းသား


(၂) သိန်း ရှိနေသည်။ ထိုအခြေခံဥ ပဒေတွင်ပင် ဆွန်ဂန်ပေါ်လစီကို လုံ့လစိုက်ပါဆိုသော အချက်လည်း ပါဝင်သည်။ မြန်မာပြည် အခြေခံဥပဒေ တွင် လောကပါလတရား ထွန်းကားရေးနှင့်
စစ်တပ်က အနာဂတ်နိုင်ငံရေးဦးဆောင်မှုအခန်းတွင် အစဉ်တ စိုက် ပါဝင်ရေးဆိုသော အချက် (၂) ချက်လုံး ပါဝင်နေသည်။ ထို့ပြင် မြောက်ကိုရီးယားပုံစံ အဖွဲ့ဝင် (၁၁) ယောက်ပါသော
စစ်ကော်မရှင်လည်း ၂၀၀၈ ဖွဲ့စည်းပုံတွင် ပါနေသေးသည်။ တပ်ပိုင်း အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ တပ်သားစုဆောင်းရေး ကိစ္စအ၀၀တွင် အရပ်ဘက်က ၀င်စွက်ဖက်ခွင့်မရှိပေ။ သိုနှင့်
တနေ့သားတွင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေက သူ့သား သို့မဟုတ် မြေးဖြစ်သူကို ကြံခိုင်ရေးပါတီတွင် ဥက္ကဌ တင်၊ နိုင်ငံတော်သမ္မတခန့်၊ (၁၁) ဦးပါသော တိုင်းပြည်၏ အမြင့်ဆုံးကောင်စီကို
ကွပ်ကဲခိုင်းပြီး သန်း (၆၀) သော ကျွန်ုပ်တို့၏ ကံကြမ္မာကို မစမ်းသပ်ခိုင်းဟု မည်သူပြောရဲသနည်း။

နေသွင်
Ref: Kim Jong il’s military-first policy a silver bullet
Kim Jong Eun and Military first Politics
Song of NKorea Leader elected to party leadership (AP, September 28,2010)
http://drlunswe.blogspot.com/

စစ်တပ်ပြို နေပြီ။ ဟန်ချက်ညီတိုက်ပွဲဝင်ကြပါစို့ 

အသက် ၁၈ နှစ် ပြည့်ပြီသူတိုင်း စစ်မှုမထမ်း မနေ ရ အမိန့် ထုတ်ပြန်လာပါတယ်။ ဒီအမိန့် ကိုငြင်း ဆန်ရင် ထောင် ၅နှစ်ကျမယ်လို့ ဆိုတယ်။ ဘာကြောင့်ထုတ်ပြန်လာတာလဲ ။
စစ်တပ်ထဲမှာစစ်သားမရှိတော့ဘူး။ ဗိုလ်က များ ပြီး စစ်သားက မရှိတော့ဘူး။ လက်နက်တွေကတော့မျိုးစုံရှိတယ်။ စစ်သားတွေမရှိတော့လို့ ဖြစ်ပါတယ်။

အဓိက အကြောင်းအရင်း

ဘာကြောင့်စစ်သားတွေ မိခင်တပ်ရင်းတွေက ထွက်ပြေးနေကြတာလဲလို့ မေးရင်အဓိက ၃ ချက်ကြောင့်လို့ ဖြေရပါတယ်။ ဒါတွေကတော့ -

တစ်- လဘ် စားမှု


နှစ-် လဘ်စားမှု
သုံး- လဘ်စားမှု

တွေဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေ၊ တိုင်းမှုတွေ၊တပ်မှုတွေ ဟာ သူခိုးကြီးတွေဖြစ်တယ်။ သိပ်လာစားတယ်။


အောက်ခြေတပ်သားတွေက စားစာရမရှိအောင်ငတ်နေတယ်။ သူတို့ က ထားစာမရှိအောင်ဖြစ်နေတယ်။
ဒီကွာဟမှုက သိပ်ကိုကြီးထွားနေပြီ။

စစ်သားနှစ်သိန်းကျော်ထွက်ပြေးတယ်။

နအဖ စစ်တပ်ဖွဲ့ စည်းပုံအရ တပ်ရင်းတရင်းဟာ စစ်သာ ၇၇၇ ယောက်ရှိရမှာဖြစ်ပါတယ်။ တပ်ရင်းပေါင်း က ၅၀၀ ခန့် ရှိတယ်။ ဒါကြောင့် ၇၇၇ အမြောက် ၅၀၀ ဟာ တပ်သား
၃၈၈၅၀၀ ( လေးသိန်းနီးပါးရှိရမှာဖြစ်ပါတယ်။ ) ကျနော်တို့ မနပုလောစစ်ဆင်ရေးကာလမှာ တပ်ရင်းတရင်းဟာ ၆၀၀ ကနေ ၇၇၇ ယောက်ကြားမှာရှိပါတယ်။ ခုတော့ တပ်ရင်
းတရင်းဟာစစ်သား ၆၀ ကနေ ၁၂၀ ခန့် ပဲရှိပါတော့တယ်။

ဒါကြောင့် တပ်ရင်ပေါင်း ၅၀၀ အတွက် ဟာ တပ်သား ၆သောင်းခန့် ပဲရှိပါတော့တယ်။ ပိုပိုသာသာ ရဲတွေကိုပါပေါင်းလိုက်ရင်း တော့ တသိန်း ၂သောင်း ခန့် ပဲရှိတော့တယ်လို့  ခန်
့မှန်းနိင်ပါတယ်။
ဒီထဲမှာကလေးစစ်သား တွေလည်းပါတယ်။ တိုင်းရင်းသားတွေနဲ့ အပြစ်ခတ်ရပ်စဲထားကာလ ၁၂ နစ်ခန့် အတွင်းမှာ စစ်တပ်က တိုက်ရည်ခိုက်ရည်ကျဆင်းလာတယ်။
စိတ်ဓါတ်အလွန်အမင်းကျဆင်လာတယ်။
ခေါင်းဆောင်တပ်မှုတွေရဲ့ လပ်စားမှုချစားမှုတွေ က အဆိုးဝါးဆုံးဖြစ်လာတယ်။ ဥပမာ မြ၀တီမှာတာဝန်ကျတဲ့စစ်ဗျူုဟာမှုဟာ တနေကိုဒေါလာ ၂သောင်းဝင်ငွေရှိတယ်။
ဒီအချိန်မှာတပ်သားအများစုကငတ်နေတယ်။ စုတ်ပြတ်နေတယ်။ ဒီကေဘီအေ တပ်မှုး ဗိုလ်မှုစောလှဘွယ်က အောက်ခြေစစ်သားလေးတွေရဲ့ ဘ၀ကိုသူကိုယ်ချင်းစာတယ်။ သနာ
းတယ်လို့ တောင်ထုတ်ပြောရတဲ့အထိပါ။
ထိုင်းနိင်ငံ အမျိုးသားလုံခြုံရေး က တာဝန်ရှိသူတဦးရဲ့ အဆိုရ ထိုင်းနိင်ငံထဲကို မြန်မာ စစ်သားတွေ တရားမ၀င်အလုပ်သမားတွေအဖြစ်နဲ့  တဖွဲဖွဲ ၀င်ရောက်နေတယ်။ အရင်ကသူတို
့ဆိုးရိမ်မိတယ်လို့ ဆိုတယ်။ နောက်မှသူတို သတိပြုမိလာတာကတော့ သူတို့ ဟာ စီးပွားရေးဒုက္ခကြောင့်တပ်ကနေ စွန့် လာသူတွေဖြစ်တယ်ဆိုတာကို ကောက်ချက်ချမိတယ်။
မြန်မာစစ်တပ်အင်အားဟာ ၄ သိန်းခွဲဆိုတာမဟုတ်တော့ဘူး ပုလိပ်တွေပါပေါင်း မှာ တသိန်း ကျော်ဟာအလွန်ဆုံးပဲလို့ သူကဆိုပါတယ်။

ဘန်ကောက်အခြေစိုက် အမေရိကန် သံရုံးမှာ စစ်သံအသိုင်းအ၀ိုင်းကလည်း ဒီအချက်ကို သတိပြုမိလာတယ်ဆိုတယ်။ စစ်တပ်အတွင်း Inward Explosion


အတွင်းလှိုက်ပြိုခြင်းဖြစ်နေပြီလို့  ကောက်ချက်ချထား ပါတယ်။

၁၂ နစ်ကျော်အတွင်းမှာ စစ်သား ၂ သိန်းကျော်ထွက်ပြေးသွားခဲ့ပြီဆိုတာ ကောက်ချက်ချနိင်ပါတယ်။ မြန်မာ စစ်တပ်က တခြားနိင်ငံတကာတပ်ဖွဲ့တွေလို အာဏာသိမ်းတာတွေဖြစ်ဖို
့ထက် အောက်ခြေက ပြို ကျသွားမဲ့အနေထားက ပိုများနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။
ထွက်ပြေးတဲ့စစ်သားအများစုက ကချင်ပြည်နယ်မြောက်ပိုင်းနဲ့  ကရင်ပြည်နယ်၊ ထိုင်းနိင်ငံတွေထဲကိုထွက်ပြေးလာကြပြီ ရရာအလုပ်တွေလုပ်ကိုင်စားသောက်နေကြတယ်လို
့သိရပါတယ်။ အများစုကနယ်စပ်ဒေသ တဖက်နိင်ငံတွေရှိတဲ့ စိုက်ခင်းတွေမှာ စိုက်ပျိးရေးအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေကြပါတယ်။ စစ်မှုမထမ်း အမိန့် ကိုထုတ်ပြန်လာတဲ့
ရည်ရွယ်ချက်ကတော့ စစ်သားလိုအပ်နေတယ်။ ၈၈ အာဏာသိမ်းတော့ပါတီတွေထောင်ကျတယ်။ ကျနော်တို့ လူဘောင်သစ်ပါတီမှာ လူတိုင်းစစ်မှုမထမ်းမနေရ ကျင့်သုံးမယ်လို
့ပေါလစီအနေနဲ့  ပါပါတယ်။ ဒါကို ဒီအချိန်က န၀တ က မကြိုက်ဘူုး။ ကျနော်တို ဒီမိုကရေစီရ ရရင် ဒီပေါလစီကိုကျင့်သုံဖို့  ထည့်တာကတော့ စစ်တပ်က အာဏာသိမ်းတာ၊ စစ်ဝါဒ ကြီ
းထွားလာမှုကို ထိမ်းညှိနိင်အောင်ရည်ရွယ်ချက်ပါ။

ဒီနေ့ နအဖ က ဒီအမိန့် ကိုထုတ်ပြန်လာတာကတော့ စစ်တပ်ဟာ စစ်အင်အား တသိန်းကျော်ပဲရှိတော့တယ်။ စစ်အင်းအားမလုံလောက်တော့ဘူး ။ စစ်ဆင်ရေးကြီးတွေ
လုပ်လာရင်သူတို့ မှာအင်အားမရှိတော့ဘူး။

စိတ်ဓါတ်၊လူအင်အား ၊ လက်နက်၊ သင်တန်းတွေလုပ်နိင်မှသာအရေအသွေးကောင်းတဲ့တပ်မတော်ကိုတည်ဆောက်နိင်မယ်။ ဒီလိုလုပ်ဖို့  ငွေလိုတယ်။ ရေရည်လုပ်ငန်းဖြစ်တယ်။


လက်ရှိစစ်တပ် က ဒီအားနည်းချက်ကို ပြုပြင်ဖို့  အချိန်နှောင်းနေပြီ။
လဘ်စားမှုကိုတိုက်ဖျက် မှသာ သူတို့ တပ်ကိုပြန်လည်တည်ဆောက်နိင်မှာသာဖြစ်တယ်။ လူတိုင်း စစ်မှုမထမ်းမနေရ အမိန့်ပြဌာန်းလိုက်ရုံနဲ့ တပ်ကို တည်ဆောက်လို့ မရပါဘူး။

ဟန်ချက်ညီတိုက်ကြ ပါစို့  -
ကျနော်တို့ မြေအောက် ကွန်ယက်တွေက ရဲဘော်တွေကို စစ်ထဲ သွင်းပေးတဲ့နည်းစနစ်တွေကို ကျနော်တို့ ပြင်ဆင်ရမယ်။ လုပ်ရမယ်။
မြောက်ပိုင်း ကချင် နဲ့ ဝ ဖက်က စစ်ဆင်ရေး တွေလုပ်လာမယ်။ တောင်ပိုင်းက ကရင်၊ ရှမ်း၊ ကရိမ်နီ တို့ ကလည်း စစ်ဆင်ရေးတွေဟန်ချက်ညီလုပ်လာနိင်မယ်။ ပြည်တွင်းကလည်
သံဃာ၊ ကျောင်းသား၊ ပြည်သူတွေရဲ လှုပ်ရှားမှုတွေကို ပြန်ဖေါထုတ်လာနိင်မယ်ဆိုရင်၂၀၁၁ ဟာ ကျနော်တို့ အတွက်ဖြစ်လာမယ်။
http://komoethee.blogspot.com/

You might also like