20110116YYN

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 44

နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၂)

ဖျောက်ဆိတ်ပင် ရေဒါစက်ရုံ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်တစ်ခုပ.ါ . ညာဘက်က နှစ်ဦးကတော့ မြောက်ကိုရီးယား နိုင်ငံသားတွေဖြစ်ပြီး .. ဘယ်ဘက်က ဝေါ်ကီတော်က.ီ .
ခါးကြားညှပ်ထားတာကတော့ စစ်အရာရှိတစ်ဦးပါ..။

မြန်မာစစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံအပြားမှာ လျှို့ဝှက်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ နှစ်များက စပြီးစစ်အစိုးရရဲ့


လျှို့တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ မြောက်ကိုရီးယား ပညာရှင် ၁၀၀ဦးခန့် လက်ရှိမြန်မာပြည်တွင်းမှာ ရောက်ရှိနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး လက်ခံရရှိထားတဲ့
သတင်းတစ်ချို့ထဲက ကျောက်ဆည်မြို့နဲ့ ၁၇မိုင်အကွာမှာ လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဖျောက်ဆိပ်ပင် ရေဒါစခန်းအကြောင်းအား မျိုးချစ်တပ်မတော်သားတစ်ဦး ပေးပို့လာတဲ့
သတင်းဓာတ်ပုံနဲ့အတူ ရေးသား တင်ပြလိုက်ရပါတယ်..။

ဖျောက်ဆိပ်ပင်ရေဒါစက်ရုံဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မွေးရာဇာတိ ကျောက်ဆည်မြို့အရှေ့ဘက် ၁၇မိုင်ခန့်အကွာက တောင်ကြားတစ်ခုမှာ တည်ဆောက်ထားပါတယ်..။ တောင်ကြားမှာ


ရှိနေတဲ့ စက်ရုံကို အစိမ်းရောင်နဲ့ ဆေးသုတ်ထားတဲ့ အတွက် ရုတ်တရက်ကြည့်ရင် ပတ်ဝန်းကျင်တောင်ပေါ်က သစ်ပင်အရောင်တွေနဲ့ တစ်ထပ်တည်းကျနေတဲ့ အတွက်
ရုတ်တရက်ကြည့်ရင် မမြင်နိုင်ပါဘူး (စက်ရုံဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်)။ အဆိုပါဒေသကို ကျောက်ဆည်မြို့ အရှေ့ဘက်ကနေ (ရှမ်းပြည်ဘက်) သွားတဲ့လမ်းမှာတော့
စက်မှု(၁)ဝန်ကြီးဋ္ဌာနရဲ့ စက်ဘီးစက်ရုံ၊ ဖိနပ်စက်ရုံစတဲ့ လူသိမများတဲ့ စက်ရုံတွေကို လမ်းတစ်လျှောက်မှာ တွေ့မြင်ရပါမယ်...။ Google Earth ကနေရှာကြည့်မယ် ဆိုရင်တော့
ဖြောင့်ဖြူးနေတဲ့ ကွန်ကရစ်လမ်းတွေက အစမြင်ရတယ်လို့ ဆိုပါတယ်.။ အဆိုပါ ဖျောက်ဆိပ်ပင် ဒေသနှင် အနီးအနား၌ ဖျောက်ဆိပ်ပင် ရေဒါတပ်၊ မိုင်းမောဆိုတဲ့ သံချပ်ကာတပ်
ယင်းမာပင် တင့်ကားစက်ရုံက ထုတ်လုပ်လိုက်တဲ့ တင့်ကားများအား ပြင်ဆင်သည့်စက်ရုံ၊ ပခန ဆိုတဲ့ ပင်မခဲယမ်းမီးကျောက် ထုတ်လုပ်ရေး အလုပ်ရုံနဲ့ သပိတ်ကျင်းတပ်တို့ ရှိတယ်လို့
ဆိုပါတယ်...။

အဆိုပါ စက်ရုံစီမံကိန်း တွေကိုတော့ မန္တလေးက GE တပ်ကကိုင်တွယ် ဆောင်ရွက်တာလို့ ဆိုပါတယ်။ အဲ့ဒီ ဖျောက်ဆိပ်ပင်ကျေးရွာမှာ ရေဒါတပ်နဲ့ အဆင့်မြင့် ဆက်သွယ်ရေးတပ်ကို
ဖွဲ့စည်းထားပြီး လက်ရှိတပ်မှူးကတော့ ဗိုလ်မှူးချုပ်ဝေလွင် (ရေးသားထားချက်၌ အမည်စာလုံး ဝေဝါးနေပါသဖြင့် အနီးစပ်ဆုံးအမည်) ဖြစ်ပါတယ်။ စက်ရုံအဆောက်အဦး အများအပြား
ယခုလက်ရှိ ဆောက်လုပ်လုပ်ကိုင် ဆောင်ရွက်နိုင်ပါတယ်..။ အဆိုပါစီမံကိန်းအား (၂၀၀၇) ကတည်းက စတင်ဆောင်ရွက်နေခဲ့ပြီး ဆက်စပ် ဖျောက်ဆိပ်ပင် ရေဒါစခန်းမှာ စက်ရုံပေါင်း
(၂၇)ရုံရှိပါတယ်။

အဆိုပါဖျောက်ဆိပ်ပင် ဒေသ၌ မြောက်ကိုရီးယား ပညာရှင် (၁၀၀)ခန့် အဝင်အထွက်ရှိနေပြီး ၎င်းတို့အား ရန်ကုန်မြို့မှာထားရှိခြင်းမရှိပဲ မြောက်ကိုရီးယားမှ


တရုတ်ပြည်ကူးမင်းမြို့သို့ရောက်ရှိလာပြီး ကူမင်းမှတစ်ဆင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် ခေါ်ဆောင်လာတာဖြစ်ပါတယ်။ မန္တလေး ကူမင်း တိုက်ရိုက်ပျံသန်းနေတဲ့
လေယာဉ်နဲ့ ခေါ်ဆောင်လာတာပါ..။ ပြီးခဲ့တဲ့နှစ် မေလက မြောက်ကိုရီးယား အယောက် (၂၀)ခန့် ထပ်မံ ရောက်ရှိလာခဲ့ပြီး သပိတ်ကျင်းဒေသမှာတော့ အယောက်(၆၀)ခန့်ရှိတယ်လို့
သိရှိရပါတယ်..။ အများစုသော ပညာရှင်များဟာ ဆင်းရဲမွဲတေသည့် အသွင်အပြင်ဆောင် နေသည်ဟု ဆိုပါတယ်။ မြောက်ကိုရီးယား ပညာရှင် အများစုဟာ ဆင်းရဲ မွဲတေကြပြီး မိမိတို့ရဲ့
အရေးကြီး စာအုပ်စာတမ်းနဲ့ ပစ္စည်းများအား သေတ္တာများဖြင့် သယ်ဆောင်လာနိုင်ခြင်း မရှိပဲ ဂုံနီအိတ်ကဲ့သို့သောအိတ်များ ဂုံနီကြိုးများဖြင့် ထုတ်ပိုး သယ်ဆောင် လာကြပါတယ်...။

လက်ရှိ ထုတ်လုပ်နေတဲ့ ရေဒါအမျိုးအစား များထဲမှ တစ်ချို့ အဆင့်မြင့်ရေဒါတွေဟာ ဝေါ်ကီတော်ကီ အရွယ်အစားခန့်သာ ရှိပေမယ့် မိုင်(၁၀၀) အကွာအဝေးအထိနဲ့
မြေအောက်ပေတစ်ရာ အနက် လှိုဏ်ခေါင်းထဲအထိ ဖမ်းမိနိုင်ကြောင်း ဆိုပါတယ်။ အဆိုပါရေဒါ စက်ရုံစီမံကိန်းဟာ ကုန်ကြမ်းပြတ်လတ်မှုကြောင့် ၂၀၀၉ခုနှစ် မတ်လမှာ ခေတ္တရပ်နားခဲ့ပြီး
၂၀၁၀မှာ ပြန်လည် ထုတ်လုပ်နေပြီဖြစ်ပါတယ်..။ အဆိုပါဒေသ စီမံကိန်းများ၌ ရေဒါများစက်ပစ္စည်းများနဲ့ အတူ ရေဒါပဲ့ထိန်းစံနစ်ပါ ထိန်းချုပ် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဒေသများသို့ အပြင်လူများ လုံးဝဝင်ရောက်ခွင့် မရှိကြောင်းသိရှိရပါတယ်။ အဆိုပါ ဖျောက်ဆိပ်ပင် ဆောက်လုပ်ရေး စီမံကိန်းများအား ဦးစိုင်းတင့်အောင် (ကျိုင်းတုံရှိ နောင်တုံ
ဆောက်လုပ်ရေး ကုမ္ပဏ)ီ မှ ကန်ထရိုက် ရယူ လုပ်ဆောင်ပေးလျှက် ရှိပါတယ်...။ အဆိုပါ ကန်ထရိုက် ဦးစိုင်းတင့်အောင်ဟာ ယခုလက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်
အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးတာဝန်ယူစဉ်က ဗိုလ်ချုပ်သိန်းစိန်ရဲ့ အလွန်ရင်းနှီးတဲ့ ပါတနာတစ်ဦး ဖြစ်ပါတယ်။
အဆိုပါ အစိမ်းရောင်သုတ်ထားတဲ့ အဆောက်အဦးများဟာ တောင်နံရံကို ပေါင်မုန့်ဖြတ်သလို ဖြတ်ပြီး ထိုအထဲမှာမှ ထည့်သွင်း တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်
လေယာဉ်ပေါ်မှ ကြည့်လျှင်ပင် မမြင်နိုင်ပဲ ကွန်ကရစ်လမ်းများသာ တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။ အထဲ၌လည်း မည်သည့်နေရာ၌ မည်သည့် အဆောက်အဦးရှိသည်ကို မသိနိုင်ကြောင်း
ရေးသားထားပါတယ်။ အဓိက ထုတ်လုပ်နေတာကတော့ အဆင်မြင့် ရေဒါစက်တွေနဲ့ ပဲ့ထိန်းသုံးရေဒါ စံနစ်ဖြစ်ကြောင်းသိရှိရပါတယ်..။

ယခုလက်ရှိ အဆိုပါစီမံကိန်းများအား ယခုဆက်သွယ်ရေး ဒုဝန်ကြီးဗိုလ်ချုပ်သိန်းထွန်း (ယခုကြံ့ဖွတ်အမတ် ဦးသိန်းထွန်း)မှ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်...။


ဗိုလ်ချုပ်သိန်းထွန်းဟာ ဆက်သွယ်ရေး ဒုဝန်ကြီးမဖြစ်ခင်က (ကကဆက်) ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေး ညွန်ကြားရေးမှူးရုံးရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ယခင်ဖော်ပြခဲ့တဲ့ နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်းအကြောင်း ပြန်ဖတ်ချင်ရင်. http://www.demowaiyan.co.cc/2010/12/blog-post_30.html

နောက်ဆုံးသိရှိရတဲ့ သတင်းများအရ အဆိုပါ မိတ္ထီလာ လေယာဉ်စက်ရုံမှ UAV (မောင်းသူမဲ့လေယာဉ်) နှင့် MISSILE ဒုံးကျည်များ စမ်းသပ်ထုတ်လုပ် အောင်မြင်နေပြီး ဖျောက်ဆိပ်ပင်
ရေဒါစခန်းမှ ရေဒါပဲ့ထိန်းစံနစ်ဖြင့် ထိန်းချုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်. အဆိုပါ လျှို့ဝှက်တည်ဆောက်ရေး လုပ်ငန်းများဟာ တစ်ခုနဲ့တစ်ခု အဆက်အစပ်ရှိနေကြောင်း သိရှိရပါတယ်။

သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်...။

ပြည်တွင်းမှ ပြည်ချစ်စစ်သည်များအား လေးစားဦးညွှတ်လျှက်..

သတင်း၊ ဓာတ်ပုံ .. ဒီမိုဝေယံ..။


Posted by ဒီမိုဝေယံ at Sunday, January 16, 2011
Labels: မြန်မာပြည်ကလာတဲ့စာ
Artigos Relacionados:

နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်း အကြောင်းတစ်စေ့ တစ်စောင်း.... (၁)

မြန်မာပြည်ရဲ့စစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံမှာ လျှို့ဝှက်စီမံကိန်းတွေ တည်ဆောက် လုပ်ကိုင်နေပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ သယံဇာတ ပစ္စည်းတွေရဲ့ ရောင်းရငွေ
အထူးသဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေထဲက ရရှိတဲ့ ပြည်သူပိုင် တိုင်းပြည်ဘဏ္ဍာငွေတွေကို တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ပညာရေး၊
ကျန်းမာရေးအတွက် အသုံးစားရိတ်ဟာ အင်မတန်မှ နည်းပါးနေပြီး စစ်တပ်အသုံးစားရိတ် ကတော့ကြောက်ခမန်းလိလိပါဘဲ...။ ယခုနှစ်ဇွန်လက ပေါက်ကြားခဲ့တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့
စစ်အစိုးရရဲ့ နျူကလီးယား လျှို့ဝှက်စီမံကိန်းများအကြောင်း ဖွင့်ဟထုတ်ဖော် ခဲ့တဲ့ အဖြစ်အပျက်ဟာလည်း စစ်အာဏာရှင်တွေရဲ့ အရှိုက်ကို ထိစေခဲ့ပါတယ်..။ စကားချပ် (အဆိုပါ
သပိတ်ကျင်း နျူကလီးယား စီမံကိန်းအား ယခုအခါ ရပ်နားထားကြောင်း သိရှိရပါတယ်)။ ဒီလျှို့ဝှက်စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး နောက်တပ်လာမယ့် အရေခြုံအရပ်သား အစိုးရတစ်ပိုင်း
ကြံ့ဖွံ့ကို အတိုက်အခံ လုပ်မယ်ဆိုသူများကကော လွှတ်တော်ထဲမှာ ဘယ်လောက် အတိုင်းအတာထိ ပြောနိုင်မယ်.. ဆိုနိုင်မယ်.. ဆိုတာကတော့ သံသယဖြစ်ဖွယ်ပါပဲ။ ယခုလတ်တလော
ရရှိထားတဲ့ သတင်းတွေထဲက မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းက တရုတ်ပညာရှင်တွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လေယာဉ် စက်ရုံ စီမံကိန်းအကြောင်းတင်ပြလိုက်ရပါတယ်..။

မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းမှာပဲ တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံများကို ဆောက်လုပ်နေပါတယ်..။


အဆိုပါလေတပ်စခန်းအတွင်းမှာ လောလောဆယ် ဆောက်လုပ်နေတဲ့ စက်ရုံပေါင်း (၇၀)ကျော်ရှိတယ်လို့ ဆိုပါတယ်..။ လောလောဆယ် တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို
တပ်ဆင်ထုတ်လုပ်တာတွေကို လုပ်ကိုင်နေပေမယ့် နောက်ပိုင်းမှာ အဆိုပါလေယာဉ်များအား ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။
တပ်ဆင်ပြီးလေယာဉ်များကိုတော့ မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း)မှ လေတပ် လေယာဉ် Pilot များမှ စမ်းသပ်မောင်းနှင်ရပါတယ်..။ အဆိုပါ ပစ္စည်းတွေတပ်ဆင် ထုတ်လုပ်တာတော့
မိတ္ထီလာ ကပစ(ကာကွယ်ရေးပစ္စည်းစက်ရ)ုံ (၁)နဲ့ (၁၀)ကပါ..။ ကပစမှာ အသေးစားနဲ့ အကြီးစားဆိုတာ နှစ်မျိုးရှိပြီး လောလောဆယ် .. လေယာဉ်တပ်ဆင်စက်ရုံကအစ ယူကရိန်းနဲ့
ဖက်စပ်လုပ်ကိုင်နေတဲ.့ . တင့်ကားစက်ရုံတွေအထိ လျှို့ဝှက်လုပ်ကိုင်နေပါတယ်..။ ခုလောလောဆယ် ပြည်ပကို ပို့ဖို့အတွက် Export Ware House ဋ္ဌာနအထိ
လုပ်ကိုင်ဆောင်ရွက်နေပါပြီ..။

အဆိုပါ လေယာဉ်တပ်ဆင် စက်ရုံအတွက် လိုအပ်တဲ့ အစိတ်အပိုင်းအများအား တရုတ်မှ ကွန်တိန်နာလိုက် ဝယ်ယူပြီး ပြန်လည်တပ်ဆင်ပါတယ်..။ နောက်ဆုံးအဆင့်
အဆိုပါလေယာဉ်များအား တစ်ပုံစံတည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် စက်ရုံများ ဆောက်လုပ်နေပါတယ်..။ ဆက်လက်ပြီး မောင်းသူမဲ့ လေယာဉ်များအား ထုတ်လုပ်နိုင်ရန်
စမ်းသပ်လျှက်ရှိကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အထူးစိတ်ဝင်စားလျှက်ရှိပြီး... ယခုနှစ်အတွင်း (၇)ကြိမ်ထက်မနည်း
လာရောက်ကြည့်ရှုခဲ့ပါတယ်.။ .. ပြီးခဲ့တဲ့ (၁)လခွဲခန့်က တပ်ချုပ်ကြီးမှ နောက်ဆုံးအကြိမ် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများရဲ့
ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ယခင်ဗိုလ်ချုပ်ကြီးတင်အေးမှ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး.. ယခုလက်ရှိ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ဗိုလ်ချုပ်သိန်းထိုက်ဖြစ်ပြီး.. သူ့လက်အောက်မှာ
ဒုထုတ်လုပ်ရေး အရာရှိချုပ်ကတော့ ဗိုလ်ချုပ်အောင်မျိုးမင်းဖြစ်ပါတယ်..။
သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်...။

ပြည်တွင်းမှာ ဗိုလ်မှုးစိုင်းသိန်းဝင်းကဲ့သို့ အမြင်ကျယ်ပြီး တိုင်းပြည်တိုးတက် စေချင်တဲ့ မျိုးချစ်စစ်သည်များ အများအပြားရှိပါတယ်..။


သတင်း.. ဒီမိုဝေယံ။
Posted by ဒီမိုဝေယံ at Thursday, December 30, 2010
Labels: သတင်း, မြန်မာပြည်ကလာတဲ့စာ
Artigos Relacionados:
http://www.demowaiyan.co.cc/

0
Set as favorite
Bookmark
Email this
Hits: 6779
Comments (0)

Write comment

Name

Email

Title

Comment
smaller | bigger

I have read and agree to the Terms of Usage.


Add Comment
Please enable JavaScript to post a new comment

Next >

• အယ်ဒီတာ့အာဘော်
• သူ့အတွေး သူ့အမြင်
စစ်အစိုးရသာ ဒဏ်ခတ်အရေးယူမှု၏ တရားခံ
မကြာသေးမီက ရေးသားတင်ပြခဲ့သော “ဒဏ်ခတ်အရေးယူမှုနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို အနောက်နိုင်ငံများ စောင့်မျှော်နေကြ
အပြည့်အစုံသို့
လွှတ်တော် နှစ်မျိုးနှင့် ၂၀၁၁ မြန်မာနိုင်ငံ
၂၀၁၁ ဆိုသည့် နှစ်သစ်တခုကို စတင်ချဉ်းနင်း ၀င်ရောက် ပေတော့မည်။ မြန်မာလူထု တို့သည်လည်း နှစ်သစ်တွင် အခင်းအကျင်းသစ်များ ပေါ်ပေါက် လာလေမလားဟု
မျှော်လင့်နေကြသည်။
အပြည့်အစုံသို့
ရုပ်သံသတင်း
ငွေလဲနှုန်း
ဇန်နဝါရီ ၁၄၊ ၂၀၁၁
၁ ေ = ၈၁၀ က






က


၁ တ= ၂၆.၃၀



Donate to Irrawaddy

ရန်ပွဲများကြောင့် ညကလပ်တချို့ ပိတ်


မိုးယံ Saturday, 15 January 2011 16:48

ရန်ကုန်မြို့ရှိ ညကလပ် (Night Club) တချို့ အထူးစီမံချက်ဖြင့် အကန့်အသတ်မရှိ ပိတ်ထားခံရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးရှိ JJ ကလပ်၊ Global Future ကလပ်


နှင့် တိရစ္ဆာန်ရုံအနီးရှိ IQ ကလပ်များတွင် ရန်ပွဲကြီးများဖြစ်ပွား၍
အထူးစီမံချက်ဖြင့် ပိတ်ထားခံရခြင်း ဖြစ်ကြောင်း JJ ညကလပ်သို့
အပတ်စဉ် သွားလေ့ရှိသူတဦးက ပြောသည်။

အဆိုပါ ညကလပ်များတွင် စစ်တပ်အသိုင်းအ၀ိုင်းမှ သားသမီးများ


အပါအဝင် ၀ိုင်းရိုက်ခြင်း၊ ဓားထိုးမှု စသည့် ရန်ပွဲများ ဖြစ်ပွားကြောင်း
၎င်းကဆိုသည်။

Global Future ညကလပ်တွင် ယမန်နှစ် တန်ဆောင်တိုင်ပွဲတော်ည၌


ရန်ဖြစ်ပွားခဲ့စဉ် ရှိနေသူတဦးက “စားပွဲထိုးကို ပိုက်ဆံမပေးနိုင်ဘူးဆိုပြီး
ထိုးလွှတ်လိုက်ကြလို့ ကလပ်ထဲက လူတွေက မခံနိုင်ဘဲ မဆိုင်တဲ့လူတွေ
အပြင်ထုတ်၊ တံခါးပိတ်ပြီး အဲဒီကောင်တွေကို ၀ိုင်းရိုက်တာ အရေးပေါ်
ဆေးရုံတောင် ရောက်တယ်” ဟု ပြောသည်။

Global Future တွင် ၀ိုင်းရိုက်ခံရသော လူငယ်များသည် စီးပွားရေးဦးပိုင်


လီမီတက်မှ အရာရှိကြီးများ၏ သားသမီးများ ဖြစ်နေသောကြောင့် ၂၀၁၀
နှစ်ကုန်မှစတင်ပြီး ညကလပ် အပိတ်ခံထားရကြောင်း၊ မင်္ဂလာဈေးရှိ
တခြား ညကလပ်တခုဖြစ်သော JJ တွင်လည်း နှစ်သစ်ကူးည၌
( - Brent Lewin) ရန်ပွဲဖြစ်ပွား၍ အပိတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“IQ ကလပ်မှာ ဗိုလ်ကြီးတစ်ယောက် ဓားနဲ့အထိုးခံရတယ်။ လောလောဆယ်တော့ ကလပ်ပိတ်ထားခံ လိုက်ရတယ်။ ပြန်ဖွင့်ခွင့် ကျတော့မှာပါ” ဟု IQ ကလပ်မှ တာဝန်ရှိသူတဦးက
ပြောသည်။

ညကလပ်များတွင် မကြာခဏ ရန်ပွဲများဖြစ်တတ်သော်လည်း ယခုအပိတ်ခံရသည့် ကလပ် ရန်ပွဲများတွင် စစ်အရာရှိ၊ အာဏာပိုင်များ၏ သားသမီးများ အထိနာကြကြောင်း၊ ထို့ကြောင့်
ပြန်ဖွင့်ခွင့်ရရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း ညကလပ်တခုတွင် အလုပ်လုပ်ကိုင်နေသူ တဦးက ဆိုသည်။

Global Future ညကလပ် အပိတ်ခံရခြင်းနှင့် ပတ်သက်၍ “ကလပ်ဖွင့်တဲ့ လူတွေကလည်း တကယ်ကို အကုန်ပိုင်တဲ့လူတွေ။ ဒီတခေါက် ရန်ပွဲတော့ သူတို့လည်း မတတ်နိုင်ဘူး။
အထူးစီမံချက်နဲ့ ပိတ်ခံလိုက်ရတယ်” ဟု ညကလပ်များတွင် ပုံမှန်လိုင်းကြေး ကောက်ခံနေသော ရဲတဦးက ပြောသည်။

အဆိုပါ အပိတ်ခံထားရသော ညကလပ်များသည် လူအစည်ကားဆုံး ညကလပ်များဖြစ်ပြီး ပွဲတော်နေ့များတွင် သိန်းရာနှင့်ချီ၍ ၀င်ငွေရကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပိုင်အိုးနီးယား၊ DJ Bar ၊ ကဖီးလေဘယ်၊ V6 စသော ကလပ်များသည် လူကြီးသားသမီးများ အဓိက သွားရောက်သည့် ကလပ်များဖြစ်ပြီး JJ ၊ Global Future ၊ IQ ၊
YGN စသော ကလပ်များသည် အဆိုပါ ကလပ်များထက် ဈေးနှုန်းသင့်တင့်သောကြောင့် လာရောက်သူများပြားသည်ဟု သိရှိရသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ရန်ကုန်နှင့် မန္တလေးမြို့ ရှိ Day Club (နေ့ကလပ်) နှင့် ညကလပ် များကို ဒေသဆိုင်ရာ အာဏာပိုင်များ၏ စီမံချက်ဖြင့်
ယာယီပိတ်ခဲ့ဖူးသည်။

ညကလပ် အပါအဝင် ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူ ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးမှုများ ရှိကြောင်း လူကုန်ကူးမှု
တားဆီး နှိမ်နင်းရေး (အထူးအဖွဲ့) အဖွဲ့ရုံး တာဝန်ရှိသူ တဦးက ယမန်နှစ် ဇူလိုင်လအတွင်းက ပြောခဲ့သည်။
ယက္ကန်းစက်နောက်ကွယ်မှ ဘဝအမောများ
မိုးယံ Saturday, 15 January 2011 17:20 ဆောင်းပါး

မန္တလေးတိုင်းရှိ “ဂျုပ် … ဂျုပ် … ဂျုပ်” နှင့် ယက္ကန်းခတ်သံမစဲသော အမရပူရမြို့ရှိ ရွာအ၀င်လမ်းမှစပြီး အိမ်တိုင်းနီးပါး ယက္ကန်းယက်သံများနှင့် မြိုင်ဆိုင်နေသည်။

ရထားခုတ်မောင်းသံလိုလို၊ မိုးခြိမ်းသံလိုလို “ ဂျုပ် ဂျုပ် ဂျုပ်”၊


“ ဂျိမ်း ဂျိမ်း ” ဆိုသော အသံများကြားတွင် ယက္ကန်းစင်ပေါ်ရှိ အတိုင်
အဖောက်မှန်အောင် တင်ထားသော ချည်လုံးများကို အာရုံစိုက်ရင်း
လက်နှစ်ဖက်မှ ချည်စများကို ဆွဲထုတ်နေသော အသက် ၂၀ နှစ်အရွယ်
အမျိုးသမီးတဦးက “ ၀ါသနာမပါဘူး။ ဒါပေမယ့် ရွာမှာက
ဒီအလုပ်ပဲရှိတာ” ဟု ယက္ကန်းစက်ရုံအတွင်း အချိန်ကုန်ကုန်သွားသော
သူ၏ တနေ့တာများကို မနှစ်သက်ကြောင်းပြောသည်။

“တနေ့တနေ့ ယက္ကန်းရုံအတွင်း အချိန်ကုန်နေရတော့


ဗဟုတုသနည်းတယ်” ဟု သဲတောမြို့ရှိ ယက္ကန်းစက်ရုံပိုင်ရှင် တဦးက
ပြောသည်။

စားဝတ်နေရေးအတွက် ယက္ကန်းစက်ရုံအတွင်း
အလုပ်လုပ်ကိုင်နေသူများသည် လူမှုရေး၊ ကျန်းမာရေးနှင့်
ပညာရေးလုပ်ငန်းများတွင် ဗဟုသုတနည်းပါးကြကြောင်း ၎င်းကဆိုသည်။

“အလုပ်မရှိလို့သာ လုပ်ကြတာ၊ ခေတ်လူငယ်တွေက


စိတ်မ၀င်စားကြတော့ဘူး” ဟု ယက္ကန်းစက်ရုံတွင် နှစ်ပေါင်း ၂၀ ကျော်

( -)
ယက္ကန်းယက် လုပ်ကိုင်နေသည် တဦးက ပြောသည်။

လေးပေပတ်လည်ခန့်ရှိ အုတ်ကန်ငယ်ထဲသို့ အဖြူရောင်ချည်လိပ်ကို နှစ်လိုက်ပြီး သုံးစက္ကန့်အကြာ ကန်အတွင်းမှ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားသော ချည်လိပ်နှင့် အတူ
လိမ္မော်ရောင်ဆိုးဆေးများ စွန်းထေးနေသည့် သူ့လက်နှစ်ဖက် လေပေါ်ပြန်မြောက်တက်လာသည်။

တနေ့လျှင် အဖြူရောင်ချည်လိပ်ပေါင်းများစွာကို ဆိုးဆေးကန်အတွင်း ထည့်သွင်းဆေးဆိုးနေရသော သူ့လက်နှစ်ဖက်သည် ညဘက်အလုပ်ဆင်းချိန်တွင် စိမ်းပုတ်ပုတ်ရောင်တရောင်သာ


စွဲကျန်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဟု ၎င်းကပြောသည်။ သူသည် မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ယက္ကန်းစက်ရုံတရုံတွင် ချည်ထည်များကို ဆေးဆိုးပန်းရိုက်
လုပ်ကိုင်နေသောအသက် ၅၀ အရွယ် ဦးသန်းဖြစ်သည်။

“အရောင်တွေ ချွတ်လို့မရတာ နှစ်ချီရှိပေါ့” ဟု ပြောရင်း အရောင်ဆိုးပြီးသားချည်လိပ်များကို လက်မောင်းပေါ် တလိပ်ခြင်းတင်နေသည်။

မိရိုးဖလာ ယက္ကန်းလုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်း ပြုနေရသော ဦးသန်းတို့ မိသားစုသည် အရောင်ဆိုးဆေးများ၏ ဆိုးကျိုးထက်
အဖြူရောင်ချည်လိပ်တွေ အရောင်ပြောင်းလဲနိုင်ရေးကို
ကြိုးပမ်းနေရသည်။

“အရောင်ဆိုးပြီးတဲ့ ချည်လိပ်အရေအတွက်ကို ကြည့်ပြီး လုပ်ခရတာ” ဟု ဦးသန်း၏ တူဖြစ်သူက ပြောသည်။

ပလပ်စတစ်အကြည်ကို ပုဆိုးရှေ့တွင်ကာထားပြီး အနက်ရောင် ရာဘာဖိနပ်ရှည် စီးနင်းထားသည့် အသက် ၂၀ အရွယ် အမျိုးသားတဦးက ဒယ်အိုးအတွင်း ထည့်ထားသော
ချည်လိပ်များစွာအား အဖန်ဖန်အရောင်ဆိုးပြီးသား ဆိုးဆေးများကို ခွက်ဖြင့်ခပ်ဘေးဘက်သို့ ခပ်ထုတ်နေရင်း “ဆိုးဆေးအနံ့တွေကြောင့် အသက်ရှုကြပ်သေးတယ်ဗျ” ဟု ဆိုကာ
ခပ်မြန်မြန် ခပ်ထုတ်လိုက်သည်။

ယက္ကန်းစက်ရုံတရုံမှ တနေ့လျှင် ပုဆိုးအထည် နှစ်ထောင်အထက် ရရှိရေးအတွက် လုံးပန်းနေရသော ယက္ကန်းခတ် လုပ်သားများသည် အရောင်၊ အနံ့များနှင့် ယဉ်ပါးကာ
အသက်ရှင်နေရကြောင်း အမရပူရ ယက္ကန်းစက်ရုံများမှ လုပ်သားများက ဆိုသည်။

“ချောင်းဆိုး၊ ရင်ကျပ်ရောဂါတော့ အဖြစ်များတယ်” ဟု ပြောရင်း အရောင်၊ အနံ့များပေါ် ၁၁ နှစ်ကြာ ယဉ်ပါးနေသော အသက် ၂၅ နှစ်အရွယ် ကိုနိုင်အောင်က ပလပ်စတစ်ထဲက
အရောင်ဆိုးဆေးမှုန့်များကို ဒယ်အိုးအတွင်း ခပ်ထည့်နေသည်။

ယင်း ဆေးဆိုးပန်းရိုက် လုပ်ငန်းများတွင် လုပ်ကိုင်နေသူများသည် တနေ့လျှင် ၁၂ နာရီနီးပါး အရောင်ဆိုးဆေးများနှင့် အလုပ်လုပ်ကိုင်နေရသောကြောင့် ရောဂါဖြစ်သည်ကိုပင်


သတိပြုမိသူနည်းပါးကြောင်း ဦးသန်းက ဆိုသည်။

အမရပူရမြို့နယ်များရှိ ယက္ကန်းစက်ရုံများသို့ လာရောက်လေ့လာသော တရုတ်ဆိုးဆေးနှင့် ချည်လိပ်ဖြန့်ချိသူ တရုတ်ကုန်သည် တဦးက အဆိုပါ ယက္ကန်းရုံများတွင် နှစ်ပေါင်းများစွာ
လုပ်ကိုင်နေသူများသည် ကျန်းမာရေးဗဟုသုတ နည်းပါးမှုကြောင့် ဆိုးဆေးများကို လက်များဖြင့် ကိုင်တွယ်လုပ်ကိုင်ကြကြောင်း ပြောသည်။

“နှစ်ပေါင်းများစွာ ဆိုးဆေးအနံ့တွေရှု၊ လက်နဲ့ကိုင်နေတာ ဘာရောဂါမှ မဖြစ်ဘူးမပြောနိုင်ဘူး၊ ကျန်းမာရေး စစ်ဆေးမှုတွေ မပြုလုပ်လို့သာ မသိတာ။ သူတို့အတွက် မကောင်းဘူး” ဟု
၎င်းက ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ၀မ်းတွင်း၊ သဲတော၊ အမရပူရစသော မြို့များတွင် ယက္ကန်းလုပ်ငန်းများ များပြားလာမှုကြောင့် လုပ်သားရှားပါးမှုများ ကြုံတွေ့နေရကြောင်း


ယက္ကန်းစက်ရုံပိုင်ရှင်တဦးက ပြောသည်။

“အလုပ်သမားတွေကို ခေါ်ချင်ရင် ငွေအမ်းခေါ်နေရတယ်” ဟု ၎င်းက


ဆိုသည်။

အဆိုပါ ယက္ကန်းစက်ရုံများတွင် ယက္ကန်းယက်သူများသည် တနေ့လျှင်


ကျပ် ၁၂၀၀ မှ ၁၅၀၀ ကြားရရှိပြီး ဆေးဆိုးပန်းရိုက် လုပ်ကိုင်သူများသည်
တနေ့လျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ ကြားရရှိကာ တနေ့လျှင် ၁၂ နာရီနီးပါး
အလုပ်လုပ်ကိုင်ရကြောင်း သိရသည်။

“စားဖို့လောက်ရုံလေးပါပဲ။ တနေ့တနေ့ ယက္ကန်းရုံထဲမှာ


အချိန်ကုန်နေတာ” ဟု ယက္ကန်းသမ တဦးက ပြောသည်။

၂၄ နာရီ ယက္ကန်းခတ်သံ မစဲသော အမရပူရမြို့၌ အရွယ်ရောက်သူတိုင်း


ယက္ကန်းစက်ရုံများတွင် ၀ါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရသည်။

“လုံချည်တထည် ယက္ကန်းစင်ပေါ်ကနေ ထွက်လာရင်တော့

ပီတိဖြစ်တာပေါ့။ တန်ဖိုးနည်းတယ်ဆိုပေမယ့် ချည်လိပ်ကလေးကနေ အ၀တ်တထည်ဖြစ်လာအောင်


အဆင့်ဆင့်လုပ်ရတယ်” ဟု ယက္ကန်းစင်ပေါ်တွင် ချှော်သွားသော ချည်စများကို ဖြည်ရင်း ယက္ကန်းလုပ်သားတဦးက
ပြောသည်။

ယက္ကန်းလုပ်သား၊ ယက္ကန်းသမများသည် ချွေးစက်များကြားတွင် ချည်ချောင်းတချောင်းခြင်းမှ ချည်ချောင်းပေါင်းများစွာနှင့်


ယက်လုပ်ထားသော လုံချည်တထည်ရရှိနိုင်ရန် ဘ၀များ၊ အချိန်များ ရင်းပြီး လုပ်ကိုင်ကြရသည်။

လူအများ လွယ်လင့်တကူ ၀ယ်ယူဝတ်ဆင်ကြသော ပုဆိုး၊ ထမီများတွင် ယက္ကန်းလုပ်သား၊ ယက္ကန်းသမလေး များ၏


ချွေးမတိတ်သော ဘ၀များနှင့် ယက်လုပ်ထားသည်။

ခေတ်ရေစီးကြောင်း မည်သို့ပင် ပြောင်းလဲစေကာမူ မြန်မာပြည်အထက်ပိုင်းမှ ယက္ကန်းစင်များ ယက္ကန်းခတ်သံ


မြိုင်နေဆဲပင် ဖြစ်ပါသည်။
Saturday, January 15, 2011
အလောင်းဘုရားရဲ့ ရွှေသ၀ဏ်လွှာ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ကျော်တုန်းက အလောင်းဘုရားရဲ့ ရွှေသ၀ဏ်လွှာ

သက္ကရာဇ် ၁၇၅၆ ခုနှစ်လောက်တုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကနေ ဒုတိယမြောက်


ဂျော့ရှ်ဘုရင်ဆီကို ပို့တဲ့ ရွှေသ၀ဏ်လွှာကို ပညာရှင်တွေက ပြင်ပကမ္ဘာကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ပတ္တမြား ၂၄ လုံးနဲ့ စီခြယ်ထားပြီး ရွှေပြားပေါ်မှာ မြန်မာစာလုံးတွေ ထွင်းထားတဲ့ အဲဒီ ရွှေသ၀ဏ်လွှာမှာ ဗြိတိန်နိုင်ငံနဲ့ ဗမာနိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်ရေး အကြောင်းတွေကို
ရေးထားတာလို့ ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်ကို တယ်လီဂရပ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီသ၀ဏ်လွှာဟာ ဒုတိယမြောက် ဂျော့ရှ်ဘုရင်ရဲ့ မွေးရပ်၊ ဂျာမဏီနိုင်ငံ Hanover မြို့က Leibniz စာကြည့်တိုက်ရဲ့ လုံခြုံရေး မီးခံတိုက်ထဲမှာ နှစ်ပေါင်းများစွာ ဒီအတိုင်း ရှိနေခဲ့တယ်လို့
ဆိုပါတယ်။

ကုန်းဘောင်ခေတ်က မြန်မာစာပေ အရေးအသားနဲ့ အဲဒီ ရွှေသ၀ဏ်လွှာကို ဘာသာပြန်ဖို့ သမိုင်းပညာရှင်တွေက သုံးနှစ် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

အတိဿယ၀ုတ္တိ အလင်္ကာနဲ့ ဖွဲ့နွဲ့တင်စားရေးဖွဲ့ထားတဲ့ အဲဒီ သ၀ဏ်လွှာဟာ နှစ်နိုင်ငံ ပင်လယ်ရပ်ခြား ကုန်သွယ်မှု တိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံက ပုသိမ်မှာ
ပင်လယ်ဆိပ်ကမ်းဆောက်လုပ်ဖို့ ကမ်းလှမ်းလာတာကို ကြိုဆိုခွင့်ပြုကြောင်း အလောင်းမင်းတရားကြီးက ဂျော့ရှ်ဘုရင်ကို စာပြန်ထားတာပါ။ အဲဒီ သ၀ဏ်လွှာကို ဆင်စွယ်ထဲမှာ လိပ်ပြီး
ထည့်ထားတာလို့ ဆိုပါတယ်။

“ဘုန်းတန်းခိုး အာနုဘော်နှင့် ပြည့်စုံကြွယ်ဝသော ရေမြေ့သခင်၊ မင်းများ၏ ဘုရင်၊ ရွှေ ငွေ ကျောက်သံပတ္တမြားတို့ကို ပိုင်စိုးတော်မူသော ဆင်ဖြူများရှင်၊ ဆင်နီများရှင် အရောင်စုံလှသော
ဆင်များရှင်မှ အင်္ဂလိပ် တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်မင်းမြတ်ထံသို့ နှုတ်ခွန်းဆက်သပါတယ်” လို့ ရွှေသ၀ဏ်လွှာမှာ ပါရှိတယ်လို့ဆိုပါတယ်။

(တကယ့် မြန်မာအရေးအသားကတော့ ဒီ့ထက်ပိုဖတ်လို့ ကောင်းမှာပေါ့နော်။ အခုဟာက အင်္ဂလိပ်လို ရေးထားတာကို ဘာသာပြန်လိုက်တာဆိုတော့ တမျိုးတော့ ဖြစ်နေမယ်)

သ၀ဏ်လွှာထဲမှာ အဲဒီတုန်းက ပုသိမ်မှာ ဆိပ်ကမ်းကိစ္စအတွက် ရောက်နေတဲ့ ဗြိတိန် သံတမန် Henry Brooke ရဲ့ အကြောင်းကိုလည်း ရေးထားပါသတဲ့။

“ဘုရင်မင်းမြတ်ရဲ့ သံတမန်တော် Mr. Henry Brooke ရဲ့ လျှောက်ထားတောင်းဆိုချက်အရ ပုသိမ်ဆိပ်ကမ်းမှာ အဆွေတော်တို့ရဲ့ သင်္ဘောတွေ ဆိုက်ကပ်ဖို့အတွက် အလိုရှိတဲ့
ဆိပ်ကမ်းနေရာကို ပေးဖို့ ခွင့်ပြုလိုက်ပါတယ်။ ခွင့်ပြုမိန့် စာချွန်လွှာနဲ့ တံဆိပ်တော်ကို အင်္ဂလိပ် ဘုရင်မင်းမြတ်ဆီ ပို့ပေးပြီး ပုသိမ်မြို့ဝန်ကိုလည်း ညွှန်ကြားစာပို့ထားပါတယ်” ဆိုတာတွေ
သ၀ဏ်လွှာမှာ ရေးထားတယ်လို့ ဆိုပါတယ်။

ဒီသ၀ဏ်လွှာကို လေ့လာခဲ့တဲ့ သမိုင်းပညာရှင် Dr Jacques Leider က ဒီစာကို ပို့တဲ့အခါမှာ ဗြိတိန်က သိမ်းပိုက်ထားတဲ့ အိန္ဒိယနိုင်ငံ မဒရပ်စ်ကနေတဆင့် ပို့လိုက်တာဖြစ်ပြီး
ဗြိတိန်နန်းရင်းဝန် William Pitt ကနေမှ တဆင့် ဒုတိယမြောက် ဂျော့ရှ်ဘုရင်ဆီကို ရောက်တယ်။ ဂျော့ရှ်ဘုရင်က Hanover က စာကြည့်တိုက်ကို ၁၇၅၈ မတ်လမှာ ပို့လိုက်ပြီး
ဒီသ၀ဏ်လွှာနဲ့ ပတ်သက်လို့ တရားဝင် အကြောင်းပြန်တာ တစုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

(ဒီသ၀ဏ်လွှာသာ အင်္ဂလိပ်လို ရေးထားတာ ဖြစ်နေမယ်ဆိုရင် အခြေအနေက တမျိုး ဖြစ်သွားမယ်ထင်တယ်နော်။ ဘာလို့ဆို ဒီဝဏ်လွှာ ရေးသားပေးပို့တဲ့အချိန်ဟာ အင်္ဂလိပ်တွေ
မြန်မာနိုင်ငံကို စတင်ကျူးကျော် နယ်ချဲ့လာနေတဲ့အချိန်၊ ကုန်းဘောင်မင်းဆက် အစပျိုးခဲ့တဲ့ အလောင်းမင်းတရားကြီး ဘုန်းတန်ခိုး ကြီးထွားနေချိန်ဖြစ်တယ်။)

ဒီလို ရှိနေရာက ရွှေသ၀ဏ်လွှာဟာ ဒိန်းမတ်ဘုရင် Christian VII ရဲ့ လက်ချက်ကြောင့် ပျက်စီးသွားရတဲ့ Leibniz စာကြည့်တိုက်က သမိုင်းဝင် ပစ္စည်းတွေထဲက တခုအပါအ၀င်
ဖြစ်ခဲ့တယ်လို့ စာကြည့်တိုက်ရဲ့ ညွှန်ကြားရေးမှူး Georg Ruppelt ဆိုပါတယ်။ (ဒိန်းမတ်ဘုရင် Christian VII ဟာ အမတ်ဆိုး အမတ်ညစ်တွေနဲ့ တိုင်းပြည်မငြိမ်သက်မှုတွေကြောင့် စိတ္တဇ
ဝေဒနာခံစားရပြီး ဆုံးပါးသွားရတယ်လို့ သမိုင်းမှာ ထင်ရှားပါတယ်)

အဲဒီလို ပျက်စီးသွားတာကြောင့်လည်း သ၀ဏ်လွှာပေါ်က စာတွေဟာ ဖတ်မရလောက်အောင် ဖြစ်ခဲ့တာလို့ ပညာရှင်တွေက ပြောပါတယ်။

ဒီ ရွှေသ၀ဏ်လွှာကို စာကြည့်တိုက်မှာ ဇန်န၀ါရီ ၁၈ ရက်နေ့အထိ အများပြည်သူ လေ့လာနိုင်အောင် ပြသထားမယ်လို့ သိရပါတယ်။ ရွှေသ၀ဏ်လွှာဟာ အဖိုးမဖြတ်နိုင်အောင်
တန်ဖိုးရှိနေတာမို့ အများပြည်သူကို ပြသဖို့ အမြဲတမ်းထားသင့် မသင့် မဆုံးဖြတ်ရသေးပါဘူးတဲ့။

ဇာနည်မာန် ဆီလျှော်အောင် ဘာသာပြန်သည်။


http://www.irrawaddyblog.com/

မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ အာဆီယံ တိုက်တွန်း


By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 16 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အရှေ့တောင်အာရှ
နိုင်ငံများအသင်း (အာဆီယံ) က တိုက်တွန်းလိုက်ပါတယ်။
AP
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ။ စက်တင်ဘာ ၂၀၊ ၂၀၁၀။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တာတွေလို ဖြစ်ထွန်းမှုတွေအပေါ် နိုင်ငံတကာ
အသိုင်းအ၀န်းက တုံ့ပြန်တဲ့ အနေနဲ့ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တာမျိုးလုပ်ဖို့ လိုတယ်လို့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းက
အစည်းအဝေးအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။
အာဆီယံအသင်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှုတွေရအောင် ဒီနှစ်ထဲမှာ ဖိအားပေး ဆောင်ရွက်သွားမယ်လို့ ၂၀၁၁ ခုနှစ်မှာ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့
အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရဖို့ လိုတယ်၊ သူဟာ အဖြေရှာရာမှာ တစိတ်တပိုင်း ဖြစ်တယ်၊ ပြဿနာတရပ် မဟုတ်ပါဘူးလို့ အာဆီယံ
နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးပွဲအတွင်း ပြောဆိုလိုက်တာပါ။
ဖွံ့ဖြိုးတိုးတက်မှုတွေကို တခုချင်းစီ ခွဲခြားလို့ မရဘူးလို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ရှေ့လာမယ့် ၂၀၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ထမ်းဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ အသင်းရဲ့ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin
Pitsuwan) က ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့လည်း ဒီလိုဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိတယ်လို့ နိုင်ငံတကာက လက်ခံယုံကြည်မှုတွေ လိုအပ်လိမ့်မယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့
အစည်းအဝေးပွဲအတွင်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာပါ။
လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အလှည့်ကျစဉ်မှာတော့ နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်မှု မရှိတဲ့အပေါ် ဝေဖန်ပြစ်တင်ခံရမှုတွေနဲ့အတူ
မြန်မာစစ်အစိုးရက တာဝန်ယူဖို့ ရှောင်ရှားခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားပါတီ ၅ ခု တောင်းဆို
By မသိင်္ဂီထိုက် တနင်္ဂနွေ, 16 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်ခြင်း မရှိတာတွေကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ ချမှတ်မှုတွေနဲ့ အရေးယူထားခဲ့ပါတယ်။
အဲဒီလို အရေးယူမှုက မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှေးကွေးစေတယ်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား
ပါတီတွေက ပြောပါတယ်။ ဒီအတွက် နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားပါတီ ၅ ခုက ဒီကနေ့ တောင်းဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) ကတော့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် ပြည်သူလူထုကို တကယ်ပဲ ထိခိုက်စေသလားဆိုတာ တိတိကျကျ သိရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က
တင်ပြပေးထားပါတယ်။
အမေရိကန် အပါအ၀င် အနောက်ဥရောပ နိုင်ငံတွေက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီအရေး မဆောင်ရွက်မှုတွေကြောင့် စီးပွားရေးအရ
ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ မိသားစုတွေ စစ်အစိုးရနဲ့ နီးစပ်တဲ့ အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။ ဒီလို
ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲကနေ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလံ-စဝေါ်

ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့က ကြေညာချက်ထုတ်ပြီး တောင်းဆိုပါတယ်။
စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုက တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးမှုမှာ ဘယ်လောက် အတိုင်းအတာထိ ထိခိုက်မှု ရှိနေလဲ ဆိုတဲ့အကြောင်း မေးမြန်းတဲ့ အခါမှာတော့ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက အခုလို ပြောပါတယ်။
“တိုင်းရင်းသားတွေ မဖွံ့ဖြိုးဘူးဆိုတဲ့ ကိစ္စမှာတော့ Factors တွေ အများကြီးထဲမှာ Sanction ဆိုတာလည်း တခုပါတယ်ပေါ့ဗျာ။ အဲဒီဒေသတွေမှာ FDI ပေါ့၊ ရင်းနှီးမြှုပ်နှံမှုတွေ၊
Technology တွေ မရောက်တာထက် စာရင် ရောက်လာရင်တော့ တစုံတရာ Improve ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ Sanction ကို ရုပ်ရုံနဲ့တော့ တိုင်းရင်းသားဒေသ အားလုံးဟာ တခါတည်း
အပြီးအပိုင် ဖွံ့ဖြိုးတိုးတက်သွားမယ်လို့တော့ ကျနော်တို့ ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးဖို့အတွက် တာဝန်ရှိတဲ့ အချက်အလက်တွေကတော့ အများကြီး၊
အများကြီးရှိတယ်။ အဲဒီထဲမှာ Sanction ဆိုတာ အချက်တခု ပါတယ်ပေါ့ဗျာ။ အဲဒါပါပဲ။”
အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မ၀င်တာကြောင့် တိုင်းရင်းသား ဒေသတွေမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးရတယ်၊
ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်တာကြောင့် ပြည်ပကို ပြောင်းရွှေ့နေထိုင်မှုတွေ များပြားလာရတာလို့ တိုင်းရင်းသား ပါတီတွေက ပြောပါတယ်။
တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးမှု နောက်ကျရတာက စစ်အစိုးရရဲ့ တာဝန်ယူ လုပ်ဆောင်မှု နည်းတာတွေလည်း ပါဝင်တယ်လို့ တိုင်းရင်းသား ပါတီတွေက ပြောပါတယ်။ နိုင်ငံတကာရဲ့
အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်ရုံနဲ့ တိုင်းရင်းသား ပြည်နယ်တွေ ချက်ချင်းဆိုသလို ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပေမဲ့ ဖယ်ရှားရမဲ့ အချက်အလက်တခု ဖြစ်တဲ့အတွက်သာ
တောင်းဆိုရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“လောလောဆယ် ကာလမှာ ကျနော်တို့က ဘာမှ မဖွံ့ဖြိုးဘူး။ နိုင်ငံတော်ကလည်း တာဝန်ယူမှု အပိုင်းမှာ အင်မတန် အားနည်းတဲ့ အပိုင်းတွေ ရှိတယ်။ တကယ့် Open ဖြစ်ဖို့အတွက်
နိုင်ငံတော်ဘက်ကလည်း တစိတ်တပိုင်း ဖြစ်သလို နိုင်ငံတကာ Community အနေနဲ့လည်း ဒီနေရာကို Investment တွေ ၀င်လာစေချင်တဲ့ သဘောနဲ့ ပြောတာပါ။ Sanction ကို
ရုပ်သိမ်းရုံနဲ့ ကျနော်တို့ ရခိုင်ပြည်ကြီးက ချက်ချင်း တိုးတက်သွားမယ်၊ ဖွံ့ဖြိုးသွားမယ်ဆိုတာ မဟုတ်ဘူး။”
အခု တိုင်းရင်းသားပါတီတွေ အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ပြည်သူလူထု ထိခိုက်နစ်နာ နေရတာတွေကို တိတိကျကျ ဖော်ထုတ်သင့်တယ်လို့ NLD ပါတီရဲ့ အမှုဆောင်
တဦးဖြစ်တဲ့ ဦးဝင်းတင်က ဆိုပါတယ်။
“တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို စာနာတယ်၊ ထောက်ထားတယ်၊ လေးစားတယ်။ သို့သော် ဒီကိစ္စတွေဟာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းရင်းသားတွေမှာ ထိခိုက်
နစ်နာတယ်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား၊ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားတွေကို ဖျက်ဆီးနေတဲ့ စစ်အစိုးရရဲ့ လက်ချက်ကြောင့်၊ စစ်အစိုးရရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့်၊
စစ်အစိုးရရဲ့ စီးပွားရေး စီမံကိန်းတွေ မှားယွင်းမှုကြောင့်၊ စစ်အစိုးရရဲ့ တိုင်းပြည်ငွေကြေး ကိစ္စတွေမှာ ကွပ်ကဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တာတွေလား၊ အဲဒါတွေကို ပိုင်းခြားပြီး၊
သေချာစဉ်းစားပြီးတော့ တိတိကျကျ တင်ပြပါ။”
အခု တိုင်းရင်းသားပါတီ ၅ ခု ပူးပေါင်းပြီး စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားပေးရေး၊ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနဲ့ ပြည်နယ်ဝန်ကြီး နေရာတွေနဲ့ ဒုတိယသမ္မတ
နေရာတွေမှာ တိုင်းရင်းသားတွေ ပါဝင်ခွင့်ပြုရေး တောင်းဆိုထားပါတယ်။ ဒီတိုင်းရင်းသားပါတီ ၅ ခုက ဒီလကုန်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်တွေထဲမှာ အမတ်နေရာပေါင်း ၁,၁၅၄
ခုထဲက အမတ်နေရာ ၁၂၆ နေရာ အနိုင်ရရှိထားပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ တချို့က အခုလို ကြေညာချက်ထုတ် တောင်းဆိုတဲ့ တချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း
အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့နေတာတွေကို ချက်ချင်း ဒါမှမဟုတ်လည်း တတ်နိုင်သမျှ စောစော
ဖယ်ရှားပေးစေလိုတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
တောင်ပိုင်း ဆူဒန် နိုင်ငံသစ်တခု ဖြစ်လာနိုင်ခြေရှိနေ
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 16 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဆူဒန်နိုင်ငံ တောင်ပိုင်းဒေသရဲ့ သမိုင်းဝင် လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲက အစောပိုင်း ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ ကမ္ဘာမှာ နောက်ဆုံးထွက်ပေါ်လာနိုင်တဲ့ နိုင်ငံအဖြစ်
ရောက်ဖို့ ဒေသခံတွေ တခဲနက် မဲထည့်ခဲ့ကြတာ တွေ့ရပါတယ်။
တောင်ပိုင်းဒေသရဲ့ မြို့တော် Jubau က မဲရုံ ၁၀ ရုံမှာ မဲပေါင်း ၃၀,၀၀၀ လာထည့်ခဲ့ကြပြီး အဲဒီထဲမှာ ၉၆% က မြောက်ပိုင်းကနေ ခွဲထွက်ဖို့ မဲပေးကြတယ်ဆိုတာ အစောပိုင်း
ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ သိရတယ်လို့ AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒေသတလွှားက တခြားမဲရုံတွေမှာလည်း ရလဒ်က အဲဒီလိုပဲ ဖြစ်လိမ့်မယ်လို့ လေ့လာ
အကဲခတ်တွေက ဆိုပါတယ်။
မဲပေးမှုတွေ ပြီးဆုံးသွားပြီးတဲ့ နောက်ပိုင်း အများပြည်သူကို ပထမဆုံး ပြောကြားမှုမှာတော့ တောင်ပိုင်းသမ္မတ ဆာလ်ဗာ ကီ (Salva Kiir) က ဒုက္ခမျိုးစုံ ခံစားခဲ့ရတဲ့ ပြည်တွင်းစစ်အတွက်
မြောက်ပိုင်းက လူတွေကို ခွင့်လွှတ်လိုက်ကြဖို့ တနင်္ဂနွေနေ့က တိုက်တွန်းသွားပါတယ်။
အခု ပြည်သူ့ဆန္ဒ ခံယူပွဲဟာ မွတ်ဆလင် အများစု နေထိုင်တဲ့ မြောက်ပိုင်းနဲ့ ခရစ်ယာန်နဲ့ နတ်ကိုးကွယ်သူတွေ အများစု နေထိုင်တဲ့ တောင်ပိုင်းအကြား ၂၁ နှစ်ကြာ ဖြစ်ပွားတဲ့
ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ မဲပေးမှုတွေက သီတင်းတပတ် အကြာမှာ ပြီးဆုံးသွားတာပါ။
ပဏာမ ရလဒ်တွေကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ ကြေညာမှာဖြစ်ပြီး နောက်ဆုံးရလဒ်ကတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အစောဆုံး ထုတ်ပြန်မှာ ဖြစ်ပါတယ်။
မဲလာထည့်ဝင်သူ အရေအတွက်က မဲကို အတည်ပြုဖို့ လိုအပ်တဲ့ မဲအရေအတွက်ထက် အများကြီး ပိုများတယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။ မဲပေးမှုတွေက
အေးအေးချမ်းချမ်းနဲ့ပဲ ပြီးဆုံးသွားခဲ့ပြီး လူပေါင်း ၄,၀၀၀,၀၀၀ နီးပါးက မဲပေးဖို့ စာရင်းပေးခဲ့ကြပါတယ်။

အမေရိကန်၊ တရုတ် ကုန်သွယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုဖွယ်ရှိ

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 16 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့ ဒီသီတင်းပတ် အတွင်းမှာ တွေ့ဆုံဖို့ ရှိသလို အမေရိကန်နဲ့
တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး သဘောတူစာချုပ်မျိုးစုံ လက်မှတ်ရေးထိုးကြဖို့ ရှိပါတယ်။

ကမ္ဘာ့အင်အား အကောင်းဆုံး စီးပွားရေးကို ပိုင်ဆိုင်ကြတဲ့ နိုင်ငံကြီး ၂ ခုရဲ့ ခေါင်းဆောင်တွေဟာ ဘဏ္ဍာရေးကိစ္စရပ် မျိုးစုံကို ဆွေးနွေးကြမယ့်ပုံရှိပြီး အဲဒီထဲက အထူးခြားဆုံး
ကိစ္စတခုကတော့ အမေရိကန်နဲ့ ကုန်သွယ်ရာမှာ တရုတ်ဘက်က ကုန်သွယ်ရေး ပိုငွေပြမှု အမြောက်အမြား ရှိနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

၂၀၁၀မှာ စာရင်းပြုစုကြည့်တဲ့အခါ တရုတ်ဘက်က ဒီနှစ်အတွက် ဒေါ်လာသန်း ၂၇,၀၀၀ ပိုငွေပြနိုင်တယ်လို့ တွေ့ရပါတယ်။


မစ္စတာဟူ အိမ်ဖြူတော်ကို အင်္ဂါနေ့မှာ ရောက်မလာခင်နဲ့ သမ္မတ အိုဘားမား ကြီးပြင်းရာမြို့ဖြစ်တဲ့ ချီကာဂိုမြို့ကို သီတင်းပတ် နှောင်းပိုင်းမှာ မရောက်ရှိခင်မှာတင် သူတို့နှစ်ဦး
သဘောတူညီမှု ဘယ်လောက်ကို တန်ဖိုးအားဖြင့် ဘယ်လောက်ဖိုး လက်မှတ်ရေးထိုးကြမလဲဆိုတာ မသိရပါဘူး။

ဒါပေမဲ့ သဘောတူညီမှု မျိုးစုံကို လက်မှတ်ရေးထိုးကြမယ့်ပုံ ရှိတယ်လို့ အမေရိကန် အစိုးရနဲ့ စီးပွားရေး ခေါင်းဆောင်တွေက အခုရက်ပိုင်း အတွင်းမှာပဲ ပြောကြားသွားပါတယ်။

သဘောတူညီမှုတွေထဲမှာ အမေရိကန် လေယာဉ်တွေ၊ မော်တော်ယာဉ် အစိတ်အပိုင်းတွေ၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေနဲ့ အမဲသားတွေ ရောင်းချဖို့ ပါဝင်နိုင်ပါတယ်။

အစားထိုးလောင်စာနဲ့ ဇီဝလောင်စာ၊ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ကျောက်မီးသွေး ထုတ်လုပ်တဲ့ နည်းပညာတွေကို ထုတ်လုပ် အသုံးပြုဖို့တွေမှာလည်း သဘောတူညီမှု ရနိုင်ပါတယ်။

မြန်မာ ၁၁ ဦးပါတဲ့ တောင်ကိုရီးယားသင်္ဘောကို ဆိုမာလီယာ ပင်လယ်ဓားပြ ပြန်ပေးဆွဲ

By VOA စနေ, 15 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာသင်္ဘောသား ၁၁ ဦးပါဝင်တဲ့ တောင်ကိုရီးယား သင်္ဘောတစင်းကို ဆိုမာလီယာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲလိုက်ပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲမှာ စနေနေ့က ဆိုမာလီယာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲခဲ့တဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ဦး အပါအ၀င် သင်္ဘောသား ၂၁ ဦး
ရှိနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား ၈ ဦး၊ အင်ဒိုနီးရှား ၂ ဦးနဲ့ မြန်မာ ၁၁ ဦး ပါဝင်တဲ့ တန်ချိန် တသောင်းရှိတဲ့ ကုန်သင်္ဘောဟာ ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ Samho Shipping ကုမ္ပဏီပိုင်
ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ တောင်ကိုရီးယားတောင်ပိုင်း Busan ဆိပ်ကမ်းမှာ အခြေစိုက်တဲ့ ကုမ္ပဏီပါ။

ဒီသင်္ဘောဟာ United Arab Emirates ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ သီရိလင်္ကာနိုင်ငံကိုအသွား အိန္ဒိယသမုဒ္ဒရာထဲမှာ ပင်လယ်ဓားပြတွေက ဖမ်းဆီးသွားခဲ့တာ
ဖြစ်ပါတယ်။

သင်္ဘော အခုဘယ်မှာရောက်နေတယ် ဆိုတာကို တိတိကျကျ မသိရသေးပေမဲ့ သင်္ဘောပေါ်မှာ ပါသွားသူတွေ ထိခိုက်မှု တစုံတရာ ရှိပုံမရဘူးလို့ အရာရှိတဦးရဲ့ ပြောကြားချက်ကို
ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

ဆိုမာလီယာ ပင်လယ်ဓားပြတွေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ အခုထိ သင်္ဘော ၇ စင်းကို ပြန်ပေးဆွဲခဲ့ကြပြီး ဒီအထဲမှာ အများစုဟာ အိုမန် (Oman) ကမ်းလွန်ဒေသမှာ
ပြန်ပေးဆွဲခံခဲ့ရတာပါ။

အခုသင်္ဘော ပြန်ပေးဆွဲမှုကနေ ဆိုမာလီယာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ သင်္ဘော စုစုပေါင်း ၃၁ စင်း ရှိသွားပြီ ဖြစ်ပါတယ်။ သူတို့ဟာ ဓားစာခံပေါင်း ၆၅၀ ကျော်ကို
ဖမ်းဆီးခဲ့တယ်လို့ အီးယူ ဥရောပသမဂ္ဂ ရေတပ်က ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ NDF တင်သွင်းမည်

By မသင်းသီရိ စနေ, 15 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဇန်န၀ါရီလ ၃၁ ရက်နေ့ နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပတဲ့အခါ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို ဦးစားပေး
တောင်းဆိုသွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ပြောပါတယ်။ ဒီအချက်အပြင် တခြားလွှတ်တော်ထဲမှာ တင်ပြနိုင်မယ့် အဆိုပြုမူကြမ်းတွေကို NDF ပါတီက
ကိုယ်စားလှယ်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီတော့ ဘယ်လိုဥပဒေမူကြမ်းတွေကို NDF ပါတီက လွှတ်တော်တွင်းတင်ပြဖို့ စီစဉ်နေသလဲ ဆိုတဲ့ အခြေအနေ အပြည့်အစုံကို
မသင်းသီရိက တင်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NDF ပါတီရဲ့ ကိုယ်စားလှယ်တွေက မကြာခင်ကျင်းပတောမယ့် လွှတ်တော်တွင်း တင်ပြမယ့် အဆိုပြုမူကြမ်းတွေအပေါ် ဒီကနေ့ NDF
ပါတီလွှတ်တော်ရေးရာ ကော်မတီတွင်း ဆွေးနွေးခဲ့ကြတာပါ။ အဲဒီမူကြမ်းတွေထဲက နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကိစ္စအတွက် NDF ပါတီ ကိုယ်စားလှယ်တွေက
လွှတ်တော်မှာ ဦးစားပေး တင်ပြတောင်းဆိုသွားဖို့ စီစဉ်ထားတယ်လို့ NDF ပါတီလွှတ်တော်ရေးရာကော်မတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“လွှတ်တော်ထဲရောက်လို့ရှိရင် ရှေးအစဉ်အလာအရ အစိုးရသစ်တက်တယ်၊ လွှတ်တော်အသစ် တက်တယ် ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာရှိပါတယ်။ ဒါကြောင့်


လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ရယ်၊ နိုင်ငံတော်မှာရှိတဲ့ အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေ အားလုံးကို လွှတ်ပေးဖို့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ
ကျနော်တို့ အဦးဆုံး တောင်းဆိုမယ့်ဥပဒေဖြစ်တယ် ဆိုပြီး အားလုံးက သဘောတူပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ ဥပဒေပညာရှင်တွေက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကို
ဘယ်လိုအဆင့်ဟာ ဘယ်လိုဖြစ်တယ် ဆိုတာတွေကို ဥပဒေပညာရှင်များက လွှတ်တော် ကိုယ်စားလှယ်များကို ရှင်းပြတဲ့ပွဲပါပဲဗျာ ဒီပွဲက။ NDF ကိုယ်စားလှယ်တွေကနေ
မူအဖြစ်နဲ့ယူသွားဖို့ ကျနော်တို့ တင်ပြတဲ့အခါမှာ အားလုံးက သဘောတူကြပါတယ်။”

NDF ပါတီရဲ့ လွှတ်တော်ရေးရာ ကော်မတီဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက လွှတ်တော်တွင်း တင်ပြမယ့် မူကြမ်း ၁၀ ချက်ပေါ်မှာ ကြိုတင်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
အဲဒီမှာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စအပြင် နိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ စီးပွားရေးဆိုင်ရာ ပြန်လည်မြှင့်တင်နိုင်ရေးကိုလည်း နောက်ထပ် ဦးစားပေးအဆင့်မှာ တင်ပြသွားဖို့
စီစဉ်ထားတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“စီးပွားရေးမှာ လက်ဝါးကြီးအုပ်ပုံစံမရှိအောင် ဥပဒေပြဌာန်းပေးဖို့၊ ပညာရေးနဲ့ကျန်းမာရေးမှာ ၃ ရာခိုင် နှုန်း သုံးနေရာကနေ GDP ရဲ့ ၁၀ ရာခိုင်နှုန်းလောက် တိုးသုံးပေးဖို့ ဆိုတာတွေ
ပါပါတယ်။ နောက်ပြီးတော့ ပင်စင်လစာငွေကိုလည်း တစုတစည်းတည်း အဆင့် ၂ ဆင့်လောက်နဲ့ပဲ အသက်အုပ်စုအလိုက် ပြန်လည် ပြင်ဆင်ပြီး ပင်စင်ဝန်ထမ်းတွေဟာ
နိုင်ငံဝန်ထမ်းတွေဖြစ်လို့ သူတို့ဟာ နိုင်ငံတော်ကို အကျိုးပြုခဲ့တာမို့လို့ သူတို့တွေကိုလည်း ပြန်လည် ကြည့်ရှုဖို့အကြောင်းပေါ့ဗျာ။ နောက်ပြီးတော့ energy ပေါ့ဗျာ။
စွမ်းအင်ဖူလုံရေးအတွက် ရှိပြီးသား စွမ်းအင်တွေကို ထုတ်ယူရောင်းချတဲ့နေရာမှာ နောင်လာ နောင်သားတွေအတွက် ချန်ထားဖို့ အစီအမံတွေ ဖြစ်သင့်တယ်ဆိုတဲ့ အကြံပြုချက်ပေါ့။

နောက်ပြီးတော့ လယ်ယာပေါ့။ လယ်ယာမြေဆိုတာ ကျနော်တို့ မူဝါဒအတိုင်းပါပဲ။ လယ်လုပ်တဲ့သူတွေ ပိုင်ဆိုင်ခွင့် ရှိရမယ်။ အမွေ ဆက်ခံလွှဲပြောင်းခွင့်ရှိရမယ်။ ထိရောက်တဲ့
အမတော်ကြေးငွေတွေပေးဖို့ရယ်၊ နောက်ပြီးတော့ လယ်သမားတွေ နစ်နာနေတဲ့ ဈေးနှုန်းအတက်အကျတွေကို ခံနိုင်အောင် လယ်ယာထွက်ကုန် သီးနှံတွေကို အာမခံစနစ် ထားပေးဖို့၊
ဒါတွေကိုပါ ကျနော်တို့ အကြမ်းမျဉ်းတွေ ပါရှိပါတယ်ခင်ဗျ။”

အခု NDF ပါတီရဲ့ လွှတ်တော်မှာတင်ပြမယ့် အဆိုမူကြမ်းတွေကို NDF ပါတီကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းမှာ ဘယ်လောက်ထိ အောင်အောင်မြင်မြင်နဲ့ တင်ပြနိုင်မယ်လို့
ထင်ပါလဲရှင့်။ -

“ကျနော်တို့ တင်ပြထားတဲ့အချက် ၁၀ ချက်ဟာ သာမန်အားဖြင့်တော့ နိုင်ငံကို ဘာမှ အကျိုးယုတ်စရာတွေ မရှိပါဘူး။ တိုင်းပြည်နဲ့ပြည်သူတွေအတွက် အကျိုးရှိမယ့်ဟာတွေကိုပဲ
ကျနော်တို့ ပါတီမူဝါဒတွေနဲ့ စီးပွားရေးမူဝါဒတွေနဲ့ ထင်ဟပ်ပြီးတော့ ရေးဆွဲထားတာမို့လို့ ဒါတွေဟာ အခွင့်သင့်တဲ့အခါမှာ တင်ပြနိုင် မှုရှိလိမ့်မယ်လို့လည်း ကျနော် ယုံကြည်ပါတယ်။
တဦးချင်း တင်ပြနိုင်ခွင့်ရှိလိမ့်မယ်ဆိုရင်လည်း ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ ထွက်လာတဲ့ ဥပဒေ စာအုပ်တွေမှာ ဖတ်ရတဲ့အခါ အမြဲတမ်းရေးရာ ကော်မတီ ၄ ခုထဲမှာလည်း
ကျနော်တို့ NDF ကိုယ်စားလှယ်တွေ ပါသွားမယ်ဆိုရင်လည်း တင်သွင်းခွင့် ရှိသလို သတ်မှတ်ထားတဲ့ တင်ပြခွင့်မရှိတဲ့အချက်တွေနဲ့လည်း ကင်းလွတ်နေတယ်လို့ ကျနော်တို့
တွေ့ရှိရတဲ့အတွက် ရနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

NDF ပါတီ လွှတ်တော်ရေးရာ ကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဟာ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့
ရွေးကောက်ပွဲတွင်း အမျိုးသားလွှတ်တော်နေရာမှာ ကိုယ်စားလှယ် ၄ ဦး၊ တိုင်းဒေသကြီး လွှတ်တော် နေရာမှာ ၄ ဦးနဲ့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ ၇ ဦးနဲ့ လွှတ်တော်
၃ ရပ်စလုံးအတွက် ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ခံထားရတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

ဆူဒန်ဆန္ဒခံယူပွဲ ချောချောမွေ့မွေ့ ပြီးဆုံး

By မနန္ဒာချမ်း စနေ, 15 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဆူဒန်နိုင်ငံမှာ အခုဆိုရင် မဲရုံတွေ ပိတ်ကုန်ပြီဖြစ်ပါတယ်။ ဆူဒန်နိုင်ငံတောင်ပိုင်းကို လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ် သတ်မှတ်ရေး ဆုံးဖြတ်ကြတဲ့ ဆန္ဒခံယူပွဲဟာ
အောင်မြင်မှုရှိခဲ့တယ်ဆိုတာ လက်ခံမှုတွေလည်း တိုးလာနေပါတယ်။ ဒါပေမဲ့လည်း ဆန္ဒမဲရလဒ်ကို အတည်မပြုခင် အောင်မြင်ကျော်လွှားနိုင်ဖို့ကတော့ အခက်အခဲတချို့ ရှိနေဆဲပဲလို့
ဂျူဘားမြို့ကနေ ဗွီအိုအေ သတင်းထောက် Matt Richmond က ပေးပို့ထားတဲ့သတင်းဆောင်းပါးကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ပထမ ၁ ရက် ၂ ရက်မှာ မဲပေးဖို့ လူတွေ တန်းစီစောင့်ဆိုင်းနေခဲ့ကြရပေမဲ့ မဲပေးရမယ့် နောက်ဆုံးနေ့ဖြစ်တဲ့ စနေနေ့မှာတော့ စောင့်ဆိုင်းစရာ မလိုတော့လောက်အောင် ဖြစ်ပါတယ်။
စနေနေ့မှာ မဲလာထည့်ကြသူတွေ ဟာဆိုရင် သူတို့ထက် အရေအတွက် ပိုများတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပျင်းရိညည်းငွေ့နေတဲ့ မဲရုံလုပ်သားတွေထက် လျော့နည်းခဲ့တာပါ။

ဂျူဘားမြို့လည်က မဲရုံဥက္ကဌ လော်ရို အေးမို့စ် (Loro Amos) ကဆိုရင် သူ့မဲရုံမှာ မဲပေးဖို့ စာရင်းပေးသွင်း ခဲ့ကြသူတွေထဲက ၉၅ ရာခိုင်နှုန်းလောက်ကို လာပြီး မဲထည့်ခဲ့ကြတယ်လို့
ဆိုပါတယ်။

“တတိယမြောက်နေ့မှာ မဲထည့်ဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းဟာ သိပ်တော့ မရှည်တော့ပါဘူး။ စနေနေ့ နှောင်းပိုင်းမှာ မဲတွေကို ပြန်ပြီး ရေတွက်သွာနိုင်းမှာ ဖြစ်ပြီးတော့ နောက်တရက်မှာ
မဲရလဒ်တွေ ထွက်လာအောင် ကျနော်တို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။”

အခု ပြုလုပ်ခဲ့တဲ့ ဆူဒန်တောင်ပိုင်း လွတ်လပ်ရေးအပေါ် ရွေးကောက်ပွဲဟာဆိုရင် ၂၁ နှစ်ကြာဖြစ်ပွားခဲ့တဲ့ တောင်နဲ့မြောက်အကြား စစ်ပွဲတွေ အဆုံးသတ်စေခဲ့တဲ့ ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး
သဘောတူညီချက်မှာ အဓိကကျတဲ့ အကြောင်းရင်း တရပ်လည်း ဖြစ်ပါတယ်။ ဆန္ဒမဲပေးမှုတွေဟာ ဖြစ်မှဖြစ်ပါ့မလား အများကလည်း သံသယရှိခဲ့ကြတာပါ။ ပြင်ဆင်မှုတွေဟာ ၃
နှစ်အတွင်း အပြီးသတ်ဆောင်ရွက်ဖို့ ဖြစ်ပေမဲ့လည်း ၄ လအတွင်း အပြီး စီစဉ်ခဲ့တာပါ။ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ မိုဟာမက် အီဗရာဟင် ခါလီအယ်လ် (Mohamed Ibrahim
Khalil) က

“ကျနော်တို့ စလုပ်တုန်းကဆိုရင် ဒီလုပ်ငန်းမှာ ရှုပ်ထွေးမှုတွေ၊ အခက်အခဲတွေနဲ့ စိတ်ဓာတ်ကျခဲ့ကြတာပါ။”

ဒါပေမဲ့လည်း ဆန္ဒခံယူပွဲဟာတော့ အကြီးအကျယ် ချီးမွမ်းခံခဲ့ရပါတယ်။ အာဏာရ မြောက်ပိုင်းပါတီ အဖွဲ့ဝင်တွေကလည်း ထွက်ပေါ် လာမယ့် မဲရလဒ်ကို လက်ခံပေးဖို့ အဆင်သင့်ပဲ
ရှိနေကြပါတယ်။ ပြဿနာ အသေးအဖွဲ တချို့ ရှိခဲ့ပေမဲ့လည်း Carter Center၊ အာဖရိကသမဂ္ဂ နဲ့ ဥရောပသမဂ္ဂ တို့ကလည်း ဆန္ဒခံယူပွဲ ကျင်းပခဲ့တာကို အားလုံးက ချီးမွမ်းခဲ့ကြတာပါ။

ခါလီအယ်လ် (Khalil) ရဲ့ ပြောပြချက်အရ သောကြာနေ့က မဲရုံပိတ်တော့ ဆူဒန်တောင်ပိုင်းမှာ စာရင်း ပေးသွင်းခဲ့သူတွေထဲက ၈၃ ရာခိုင်နှုန်းဟာ မဲပေးခဲ့တာပါတဲ့။ မြောက်ပိုင်းမှာ
မဲပေးခဲ့ကြတဲ့ အရေအတွက်ဟာ စာရင်းပေးခဲ့ကြတဲ့သူတွေရဲ့ ၅၃ ရာခိုင်နှုန်းလောက်ပဲရှိတာ တွေ့ရတဲ့အတွက် အတော်လေးကို နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မြောက်ပိုင်းမှာက
လူ ၁ သိန်း ၁ သောင်း ၆ ထောင်ကပဲ စာရင်းပေးခဲ့ကြတာပါ။ ဒါပေမဲ့ ဒီလို အရေအတွက် နည်းပါးမှုက ၆၀ ရာခိုင်နှုန်း ရဖို့လိုအပ်တဲ့ မဲရလဒ်ကိုတော့ ထိခိုက်လိမ့်မှာ မဟုတ်ပါဘူးလို့
ဆိုပါတယ်။

ပြီးဆုံးသွားတဲ့ ဆန္ဒမဲပေးပွဲဟာဆိုရင် ဆူဒန်မှာ သူ့မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့အထဲမှာ အကောင်းဆုံး ဖြစ်ခဲ့တယ်လို့လည်း မစ္စတာ Khalil (ခါလီအယ်လ)် က ပြောခဲ့ပါတယ်။

“ဒီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ တော်တော်များများကို ကျနော် စောင့်ကြည့်ခဲ့ဖူးပါတယ်။ ဒီတကြိမ် ကတော့ အငြိမ်းချမ်းဆုံး၊ အစီအစဉ်အကျဆုံးနဲ့ တိတ်တိတ်ဆိတ်ဆိတ်
အရှိဆုံးပါပဲ။”

ဒါပေမဲ့ အခုပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားဝင်ပြီး ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ပုံ ရပေမဲ့လည်း ပထမဆုံးနေ့ ဆန္ဒမဲပေးတုန်းက အောင်ပွဲခံခဲ့ကြတဲ့ အရိပ်အငွေ့မျိုးတော့
ပြန်မရသေးပါဘူး။ ကုလသမဂ္ဂ ကတော့ ဆူဒန်တောင်ပိုင်းမှာရှိနေတဲ့ လူထုအနေနဲ့ လွှတ်တော်ရလဒ်ကို ကြေညာပေးမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိနဲ့ အဲ့ဒီနောက်မှာလည်း
နောက်ဆုံးရလဒ်အတွက် နောက်ထပ် ၁ ပတ်ကနေ ၂ ပတ်အထိ စောင့်ရလိမ့်မယ်လို့ ပြောပါတယ်။

တောင်ပိုင်းပြန်ကြားရေးဝန်ကြီး ဘာနာဘာ မာရီရယ် ဘန်ဂျမင် (Bernaba Marial Benjamin) ရဲ့ ပြောဆိုချက်အရဆိုရင် ခွဲထွက်ရေးမဲတွေသာ ဖြစ်မယ်ဆိုရင် မြောက်ပိုင်းအစိုးရနဲ့
တောင်ပိုင်းအစိုးရတို့ဟာ မဲရလဒ်ကို ကြေညာပြီးသွားတဲ့အခါ စေ့စပ်ဆွေးနွေးရေး စားပွဲဆီကို ပြန်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆူဒန်နိုင်ငံ တောင်ပိုင်းနဲ့မြောက်ပိုင်း ကြားမှာလည်း
ဖြေရှင်းသွားရဦးမယ့် ပြဿနာတချို့လည်း ကျန်နေဆဲပါ။ တိုင်းပြည်မှာ ကြွယ်ဝလှတဲ့ ရေနံလို သဘာဝအရင်းအမြစ်တွေ၊ တင်ရှိနေတဲ့ အကြွေး ၃၈ ဘီလီယံတို့ကို တာဝန်ယူဖို့အတွက်
ဘယ်လိုခွဲဝေသွားကြမလဲ ဆိုတာမျိုးကနေ အခက်အခဲဆုံး ကိစ္စတခုအနေနဲ့လည်း သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ Abyei ဒေသရဲ့ အနာဂတ်အရေးတို့ကို ဖြေရှင်းကြရဦးမှာ ဖြစ်ပါတယ်။

တူနီးရှားလွှတ်တော် ဥက္ကဌ သမ္မတ တာဝန်ယူ

စနေ, 15 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

တူနီးရှားနိုင်ငံတခုလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကြားဖြတ်အစိုးရရဲ့ ယာယီသမ္မတဟာ အောက်လွှတ်တော်ဥက္ကဌ ဖြစ်ပြီး


ဝန်ကြီးချုပ်ဟာ ယာယီသမ္မတ လုပ်လို့မရဘူးလို့ တူနီးရှားရဲ့ အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကောင်စီက အစိုးရပိုင်
ရုပ်မြင်သံကြားဌာနကနေ လွန်ခဲ့တဲ့ ၁ နာရီလောက်က ကြေညာသွားခဲ့ပါတယ်။ ဒါကြောင့် အောက်လွှတ်တော်ဥက္ကဌ Fouad Mebazaa ဟာ ယာယီသမ္မတ ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် သမ္မတဟောင်း ဇင်းအယ်လ်အဘီဒင်း ဘန်အလီ (Zine al-Abidine Ben Ali) ဟာ နိုင်ငံက အပြီးအပိုင် ထွက်ခွာသွားပြီး သူ့ရဲ့ သမ္မတရာထူး စွန့်လွှတ်မှုဟာ
ယာယီမဟုတ်ဘူးလို့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကောင်စီက ကြေညာသွားခဲ့ပါတယ်။

တူနီးရှားနိုင်ငံမှာ လူထုဆန္ဒပြပွဲတွေကြောင့် သမ္မတဟောင်း ဇင်းအယ်လ်အဘီဒင်း ဘန်အလီနဲ့မိသားစု ဆော်ဒီအာရေးဗီးယားနိုင်ငံကို ထွက်ပြေးခိုလှုံသွားပြီးတဲ့နောက်တရက် ဒီကနေ့မှာပဲ


အစပထမမှာ ကြားဖြတ်အစိုးရရဲ့ ယာယီသမ္မတ တာဝန်ကို သူ ယူထားတယ်လို့ ၀န်ကြီးချုပ် မိုဟာမတ် ဂန်နီချီ (Ghannouchi) က ကြေညာခဲ့ပါတယ်။ နိုင်ငံတွင်းမှာ တရားဥပဒေ
စိုးမိုးရေးဟာ သူ့ရဲ့ ပထမဦးစားပေး လုပ်ငန်းဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သမ္မတဟောင်း ဘန်အလီဟာ နိုင်ငံက ထွက်ခွာမသွားခင်မှာ သူ့အစိုးရအဖွဲ့ရဲ့ နောက်ဆုံး ကြေညာချက်အဖြစ် အရေးပေါ်အခြေအနေကို ကြေညာသွားခဲ့ပြီး လူ ၃ ဦးထက်ပိုပြီး
စုဝေးခြင်းမပြုဖို့နဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းဖို့တွေကို အမိန့်ထုတ်ပြန်ထားခဲ့ပါတယ်။ သောကြာနေ့ကတော့ မြို့တော် တူးနစ် (Tunis) ရဲ့ အဓိက ရထားဘူတာရုံကြီးကို
ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ပြီး ဈေးဆိုင်ခန်းတွေမှာ ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတဟောင်း ဘန်အလီရဲ့ လေယာဉ် ဆော်ဒီအာရေးဗီးယားကို ထွက်ခွာသွားချိန်မှာ တူနီးရှားရဲ့ လေကြောင်းပိုင်နက်ကို တူနီးရှားလေတပ်က ပိတ်ဆို့ထားလိုက်ပြီး ဒီကနေ့မှာတော့
ပြန်ဖွင့်ပေးခဲ့ပါတယ်။ တလအကြာ သမ္မတ ဘန်အလီ ရာထူးကနေ နှုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၂၃ ဦးဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့်
သေဆုံးခဲ့ရတယ်လို့ အစိုးရက တရားဝင် ကြေညာခဲ့ပေမဲ့ ဒီထက်မက သေဆုံးမှုတွေ ရှိတယ်လို့ ဆေးရုံဝန်ထမ်းတွေက ဖော်ထုတ်ခဲ့ကြပါတယ်။

အမေရိကန် အမှတ် (၆) ရေတပ်စခန်းချရာ မြေထဲပင်လယ်ရဲ့ အာဖရိကဘက်က တူနီးရှားနိုင်ငံရဲ့ တပ်မတော်ဟာ အမေရိကန်ရဲ့ စစ်ရေးထောက်ပံ့မှုတွေကို နှစ်စဉ် အလုံးအရင်း
ရရှိနေတာဖြစ်ပြီးတော့ အခု တူနီးရှား အရေးအခင်းမှာ တူနီးရှားစစ်တပ်က အကြမ်းဖက်မှုတွေ မလုပ်ဖို့ အမေရိကန်က ဖိအားပေးခဲ့တယ် လို့လည်း တချို့ သတင်းတွေမှာ
ဖော်ပြခဲ့ကြပါတယ်။ သမ္မတ ဘရက်အိုဘားမားကတော့ Jasmine Revolution လို့ခေါ်ဝေါ်နေတဲ့ ပြည်သူ့အင်အား လှုပ်ရှားမှုနဲ့ ၂၃ နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း
ဘန်အလီကို တူနီးရှားပြည်သူတွေက ဖြုတ်ချနိုင်ခဲ့တာကို သောကြာနေ့က ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

သတင်းသုံးသပ်ချက်

မြန်မာ-မြောက်ကိုရီးယား ဆက်သွယ်မှု

By ဦးအောင်ခင် & မညိုညိုလွင် စနေ, 15 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဗမာစစ်အစိုးရက အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်နေတဲ့အတွက် (International Atomic Energy Agency (IAEA))
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအား အေဂျင်စီက မြန်မာပြည်ကို သွားရောက်စစ်ဆေးလိုကြောင်း စာရေးအကြောင်းကြားထားတယ်လို့ ဒီဇင်ဘာလ (၁၈) ရက်နေ့က Wall Street
Journal သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဗမာအစိုးရရဲ့  အဏုမြူလက်နက် စီမံကိန်းဟာ မဖြစ်စလောက်သာ ဖြစ်ပေမယ့် လျှို့ ဝှက်အကောင်အထည်ဖော်ပြီး မြောက်ကိုရီးယားနဲ့
ဆက်သွယ်တာကြောင့် မယုံသင်္ကာ ဖြစ်လာကြတာပါ။

အခုတလော အမေရိကန်နိုင်ငံခြားရေးဌာနရဲ့  လျှို့ ဝှက်ပေးစာတွေ ပေါက်ကြားသွားတာကြောင့်လည်း တိုးတိုးတိတ်တိတ်လုပ်တတ်တဲ့ မြန်မာနဲ့ မြောက်ကိုရီးယားရဲ့  ဆက်သွယ်မှုကို


စိတ်ဝင်စားလာကြတာပါ။ အဏုမြူလက်နက် စမ်းသပ်ဖောက်ခွဲမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူထားတဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်အစိုးရကို
အဏုမြူလက်နက်နဲ့ ဒုံးလက်နက် အတတ်ပညာ သင်ပေးနေတယ်ဆိုတဲ့ သတင်းထွက်နေတာ နှစ်အတော်ကြာနေပါပြီ။ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်တဲ့ လျှို့ ဝှက်စစ်မစ်ရှင် ၂၀၀၈
နိုဝင်ဘာလမှာ မြောက်ကိုရီးယားကိုသွားတဲ့ သတင်းပေါက်ကြားတော့ မြန်မာ-မြောက်ကိုရီးယား ဆက်သွယ်မှုကို ပိုပြီးမယုံသင်္ကာ ဖြစ်လာကြပါတယ်။

အဏုမြူလက်နက် စီမံကိန်းမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဗိုလ်မှုးစိုင်းသိန်းဝင်း လွန်ခဲ့တဲ့နှစ် ဇွန်လအစောပိုင်းက အထောက်အထားနဲ့ ဖော်ပြတော့မှာ အဏုမြူလက်နက်ရနိုင်အောင်


ကြိုးပမ်းနေပုံကို သိရပါတယ်။ အဏုမြူလက်နက်နဲ့ ဒုံးလက်နက်ဆိုင်ရာပစ္စည်းကို မြောက်ကိုရီးယားနဲ့ အရောင်းအဝယ်မလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ပင်ထားပါတယ်။ ဒီလို
ပိတ်ပင်ထားတာ ဘယ်လောက်ထိရောက်တယ်ဆိုတာကို စစ်ဆေးဖို့အတွက် ကျွမ်းကျင်သူ (၇) ဦး ပါဝင်တဲ့အဖွဲ့ကို ၂၀၀၉ ဇွန်လမှာ ဖွဲ့စည်းပါတယ်။ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့က
လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလ (၅) ရက်နေ့မှာ စာမျက်နှာ (၇၀) အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို
မြောက်ကိုရီးယားအစိုးရက မြန်မာ၊ အီရန် နဲ့ ဆီးရီးယား တို့ကို နည်းမျိုးစုံသုံးပြီး တင်ပို့ရောင်းချနေတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှောင်ခိုလမ်းကြောင်းက တိတ်တဆိတ် ဆက်သွယ်ပြီး အပေးအယူအရောင်းအဝယ် လုပ်တာဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်တာနဲ့ အတူတူပါ။ လုံခြုံရေးကောင်စီ
ဆုံးဖြတ်ချက်မှာ အရေးယူဖို့ကိစ္စကို ဖော်ပြမထားပေမယ့် ကောင်စီဝင်အားလုံး တညီတညွတ်တည်း ဆုံးဖြတ်လိုက်တယ်ဆိုတာကပဲ ကုလသမဂ္ဂရဲ့  သဘောထားကို
ပြသရာရောက်နေပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားနဲ့ မြန်မာလိုက်နာရေးအတွက် တရုတ်နဲ့ ရုရှားမှာ တာဝန်ရှိလာပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့
ဗမာစစ်အစိုးရကို ဒေသဆိုင်ရာ အန္တရာယ်လို့ တရုတ်က မမြင်ပါဘူး။ ဒါကြောင့် ဗမာအစိုးရကို အရေးယူဖို့ အခက်အခဲရှိသလို မြောက်ကိုရီးယားကို အရေးယူရာမှာလည်း ခက်ခဲနေပါတယ်။

တောင်ကိုရီးယား ရေငုတ်သင်္ဘောနဲ့ ယုံဖြွန်းကျွန်း တို့ကို မြောက်ကိုရီးယားက တိုက်ခိုက်တာကို ဒေသဆိုင်ရာ အန္တရာယ်လို့ ဂျပန်၊ တောင်ကိုရီးယား နဲ့ အမေရိက တို့ကို မြင်သလို
တရုတ်က မမြင်ပါဘူး။ မြောက် နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံရဲ့  ပဋိပက္ခသာ ဖြစ်တယ်လို့ တရုတ်ကမြင်ပါတယ်။ တောင်ကိုရီးယားမှာ အမေရိကန်စစ်အင်အား တိုးပွားလာတာကသာ
ဒေသဆိုင်ရာအတွက် အန္တရာယ်ရှိတယ်လို့ တရုတ်က မြင်ပါတယ်။ ပြည်တွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ ဗမာစစ်အစိုးရကိုလည်း အန္တရာယ်လို့ မမြင်ပါဘူး။
ကိုရီးယားကျွန်စွယ်နဲ့ မြန်မာနိုင်ငံမှာ အင်အားကြီးနိုင်ငံက စစ်တပ်တွေ လာရောက်စခန်းချထားတာကသာ တရုတ်ပြည်အတွက် အန္တရာယ်ရှိတယ်လို့ မြင်ပါတယ်။

မြန်မာစစ်အစိုးရမှာ အဏုမြူလက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် အဏုမြူစီမံကိန်းကို အစစ်ဆေးခံနိုင်ရလိမ့်မယ်။ အရပ်ဘက်သုံး အဏုမြူဓါတ်ပေါင်းဖိုကို စစ်တပ်ရဲ့  လျှို


့ဝှက်စီမံကိန်းအဖြစ် လုပ်ကိုင်နေတာဟာ မယုံသင်္ကာဖြစ်စရာပါ။ နိုင်ငံခြားစစ်တပ်တွေ ကျူးကျော်ဝင်ရောက်လာမှာကို အမြဲတမ်းတွေးကြောက်နေတဲ့ ဗမာစစ်အစိုးရ ခေါင်းဆောင်ပိုင်းရဲ့ 
လျှို့ ဝှက်စိမံကိန်း အကောင်အထည်ဖော်မှုနဲ့ မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုကြောင့် ဗမာစစ်အစိုးရကို ပိုပြီးသံသယဖြစ်နေကြတာပါ။

အဏုမြူစွမ်းအင်က လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ ဗိယက်နမ်၊ အင်ဒိုနီးရှား နဲ့ ထိုင်းနိုင်ငံတွေမှာ စီမံကိန်းတွေ ရှိပါတယ်။ မလေးရှားနဲ့ ဖိလစ်ပိုင်ကလည်း အဏုမြူဓါတ်အားကို
စိတ်ဝင်စားနေကြပါတယ်။ နောက် (၁၀) နှစ်လောက်ဆိုရင် အဏုမြူဓါတ်အားပေးစက်ရုံတွေ ရှိလာနိုင်ပါတယ်။ အဏုမြူစက်ရုံကနေ လက်နက်ပစ္စည်းပါ ထုတ်လုပ်နိုင်တာမို့ ကုလသမဂ္ဂ
အဏုမြူစွမ်းအား အေဂျင်စီ နဲ့ အာဆီယံ အာဏာပိုင်တို့ ပူးတွဲဆောင်ရွက်ရမယ့် အချိန်ရောက်လာပါလိမ့်မယ်။ အာဆီယံနိုင်ငံတွေမှာ အဏုမြူလက်နက်မထားဖို့ ၁၉၉၇ မှာ
စာချုပ်ချုပ်ဆိုပြီး ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ အဏုမြူဓါတ်အားကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ကြောင်း စာချုပ်အပိုဒ် (၄) မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အဏုမြူစွမ်းအား အသုံးပြုဖို့ အတိအလင်းကြိုးပမ်းတာဟာ အပြစ်မဟုတ်ဘဲ၊ မြောက်ကိုရီးယားနဲ့ လျှို့ ဝှက်အပေးအယူ လုပ်တာကသာ အပြစ်ကျူးလွန်နေသလို ဖြစ်နေပါတယ်။

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း- အပိုင်း (၄)

By ရော်နီညိမ်း စနေ, 15 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon
• Yahoo! Buzz

• del.icio.us

တပ်မှူးတပ်သား ပြောစကား (၀၄၃)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ငယ်တွေမှာ ဆိုရင်လည်း ပြဿနာတွေက engineering အနေနဲ့ ပြောမယ်ဆိုရင်တော့ interchangeability (အစိတ်အပိုင်း အချင်းချင်း
ဖလှယ်တပ်ဆင်နိုင်မ)ှု မရှိတာပေါ့။ (အမှတ်စဉ် နံပါတ်တခုနှင့် ထုတ်လုပ်ထားသော သေနတ် တလက်၏ မောင်းတုံးကို အမှတ်စဉ်နံပါတ် မတူညီသော အမျိုးအစားတူ
သေနတ်တလက်ထဲသို့ ပြောင်းရွှေ့ထည့်သွင်း မရနိုင်သည့် စနစ်နှင့် မြန်မာ့တပ်မတော်တွင် သေနတ်များ ထုတ်လုပ်နေခြင်းကို ဆိုလိုသည်) ကျနော်တို့ ဒီသေနတ်လေး တစ်လက်မှာ
အစိတ်အပိုင်း ပေါင်း(၁၆၃)ခု ရှိတယ်ဆိုရင်၊ ဒါ စက်ရုံက ထွက်လာတာတွေကို ကျနော်တို့ ကောက်တပ်လိုက်မယ် ဆိုရင်၊ အားလုံးဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားရ မယ်။
အခုဖြစ်နေတာက အဲဒီ အစိတ်အပိုင်းပေါင်း (၁၆၃)ခုဟာ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ မဖြစ်ဘဲနဲ့ တချို့နေ ရာတွေ တံစဉ်း(file) နဲ့ တိုက်ရ တာတွေ ရှိတယ်။ တချို့နေရာတွေကျတော့ တူနဲ့
ရိုက်နှက်ပြီးတော့ ထည့်ရတာတွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ ထုတ်လုပ်တဲ့လုပ်ငန်း စဉ်မှာ နှေးကွေးကြန့်ကြာတာတွေ ရှိတယ်။ ပိုက်ဆံ ပိုပြီး ကုန်ကျတာတွေ ရှိတယ်။ ပြီးတော့ အဲဒ
ီသေနတ်တွေက ထုထောင်းရိုက်နှက်ပြီးတော့ ဒါကို သေနတ် တလက်အဖြစ် ပုံစံသွင်းလိုက်ရတဲ့ အခါမျိုးကျတော့ ဒီ လက်ဖြစ်သေနက် တူးမီးလောက်တောင်မှ အဆင့် မရှိဘူး ဆိုတဲ့
သဘောမျိုး တွေလည်း ရှိပါတယ်။ သေချာပါတယ် ဗျာ။ နိုင်ငံခြားသေနတ်ကိုင်ထားတဲ့ သူပုန်နဲ့ ကျနော်တို့ မြန်မာ့တပ်မတော်က အမ်အေ (Myanmar Army အမည်နှင့် သေနတ်များ)
ကိုင်ထားတဲ့ စစ်ဗိုလ် ယှဉ်ပစ်မယ်ဆိုရင် ကိုယ့်စစ်ဗိုလ်က သေဖို့ သေချာနေပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီလောက်တောင်ဖြစ်နေတာ ကိုယ်အသုံးပြုနေတဲ့ လက်နက်ငယ်၊ လက်နက်ကြီး၊ ဗုံးသီး၊ အမြောက်ကျည်ဆံ အဲဒါတွေကအစ ဒီလိုတွေ ဖြစ်နေပြီးတော့
တပ်တွေမှာလည်း တပ်ပြေးဆိုတာ လတိုင်းမှာ တစ်လကို ဘယ်လောက်ပဲ အပေါ်ကို စာရင်းတင်ရင် များလွန်းအားကြီးလို့ စာရင်းလျှော့ ပြနေရတယ်။ ပြေးကြတဲ့ အထဲမှာ
အကြောင်းအမျိုးမျိုးနဲ့ပေါ့ နော်၊ အခု အရာရှိတွေ ဆိုတာ အများကြီးပါလာ ပြီ။ အဲဒီတော့ ဒီလောက် ဖြစ်ပျက်နေတဲ့ ကြားထဲကပဲ တပ်မတော်ကြီးဟာ အင်မတန်ကို
အင်အားခိုင်မာတောင့်တင်းပြီးတော့ တိုင်းပြည်အတွက် ကာကွယ်ရေး စွမ်းရည်အပြည့်နဲ့ ရှိနေပါတယ် ဆိုပြီးတော့၊ စစ်ကျောင်းကြီးတွေရဲ့ ဗိုလ်သင်တန်းဆင်းပွဲတွေ၊
တပ်မတော်အခမ်းအနား၊ ဟိုအခမ်း အနား ဒီအခမ်းအနားတွေမှာ တပ်မတော်ခေါင်းဆောင်တွေက ပြောဆိုပေးနေတာတွေ အပေါ်မှာ တပ်မတော်သားတွေ အနေနဲ့ ယုံကြည်မှု ရှိနိုင်
ပါ့မလား ခင်ဗျ။ အခု ဗိုလ်မှူးတို့လို ကိုယ်တိုင်ကြုံတွေ့ နေရတဲ့လူ၊ ကိုယ်ထုတ်လုပ်လိုက်တဲ့ စစ်လက်နက်ပစ္စည်းဟာ ရှေ့တန်းမှာ တိုက်ခိုက်နေရ တဲ့ တပ်မတော်သားတွေအတွက်
ဒုက္ခပဲရောက်ဖို့ ရှိနေတယ်ဆိုတာ ကိုယ့်ဘာသာလည်းသိနေတယ်။ သိသိကြီးနဲ့ပဲ အကုန်လုံးလုပ်နေကြတယ်။ ဆိုတော့ အဲဒီလို အနေအထားမျိုးနဲ့ ဘက်စုံ ကဏ္ဍစုံ၊ တတိုင်းပြည်လုံးမှာ
ဘယ်ကဏ္ဍမှ ဖွံ့ဖြိုးမှုကဏ္ဍ မကျန်အောင် လုပ်ဆောင်နေပါတယ်လို့ ဟိုတနေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောသွားတယ်။ ကိုယ့်တပ်မတော်၊ ကိုယ့်ကဏ္ဍ၊ ကိုယ့်ကာကွယ်ရေး
ကဏ္ဍမှာတောင် အဲဒီလောက်တွေ ဖြစ်ပျက်နေတာ သူတို့ အထိတော့ ထားပါတော့၊ အဆင့်ဆင့်ကကော သိကြရဲ့လားခင်ဗျ။ သိလျှက်သားနဲ့ ဒီအတိုင်းပဲ နေနေကြတာလား။ ဒါ ကြီးကို
ရှင်းလို့မရလို့ "ဒီအတိုင်းပဲ ထားလိုက်ကြ၊ ငါ့လက်ထဲမှာ မဖြစ်ရင်ပြီးတာပဲ" ဆိုတဲ့ အနေအထားနဲ့ သွားနေတာလား ခင်ဗျ၊ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုရှိပါသလဲ၊
ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်ကတော့ ဒီ တပ်မတော်ကို အုပ်ချုပ်နေတဲ့လူတွေ တပ်မတော်တင်မက နိုင်ငံတော်ပါ အုပ်ချုပ်နေတဲ့ လူ တွေက စေတနာမမှန်ဘူးလို့ပဲ မြင်ပါတယ်။
စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာတင်မက လမ်းတံတားတွေဖောက်တဲ့နေရာမှာ ဆိုရင် လည်း သူက ဖောက်တယ်သာပြောတယ်လေ၊ တံတားတစ်စင်းက
ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ သူတို့မှ ထည့်မပြောတာ။ ပြီးတော့ ဒီ တံတားတစ်စင်း ဖောက်လိုက်လို့ သူတို့အိတ်ထဲကို လာဘ်လာဘတွေဘယ်လောက်ဝင်သွားမလဲဆိုတာ
လူတိုင်းက အကုန်သိနေတာပဲ။ သူတို့ လုပ်နေတဲ့ ကိစ္စတွေကိုတော့ အောက်ခြေတပ်မတော်သားတွေက အယုံအကြည်မရှိပါဘူး။ အကုန်လုံးက ကြောက်လို့သာ ငြိမ်နေကြတာပါ။ သူ
တို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို အယုံအကြည်မရှိတာ အထူးသဖြင့် ကျနော်တို့ စစ်တပ်ထဲမှာ နေကြတဲ့လူတွေက ကျနော်တို့ စစ်သားစကားပေါ့ဗျာ၊ ခပ်ရိုင်းရိုင်းပဲ ပြောကြပါတယ်။ “လုပ်တော့
လက်တန်း၊ တိုင်းတော့ မျက်မှန်း ၊ ပြောတော့ေ_ာက်သရမ်း” ဆိုတာ ဒီ "လူကြီး"တွေ (လက်ရှိ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်တွေ) လုပ်နေတဲ့ ဥစ္စာကို ကျနော်တို့ စစ်သားတွေ
ပြောနေကျ စကားပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အခု မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ကြည့်မယ်ဆိုရင်၊ ဝေါလေတိုက်ပွဲ။ ဝေါလေတိုက်ပွဲကို အခု အမေရိကန်တပ်မတော်က
ပြန်သုံးသပ်ထားတာ၊ သူတို့ကတော့ အပေါ်ကနေပြီးတော့ လေကြောင်း aerial photo (ကောင်းကင်ဓါတ်ပုံ) တွေ ဘာတွေနဲ့ ကြည့်ပြီး၊ သူတို့ပြောတာက သူတို့ ထင်တောင် မထင်ဘူး။ ဒီ
ဝေါလေကို မြန်မာစစ်တပ်ကနေပြီးတော့ ခံစစ်စည်းချတာ တကယ့် အခြေခံလုပ်ရမယ့် ဟာတောင်မှ အခြေခံအတိုင်း မသွားဘူး။ chopper (ရဟတ်ယာဉ်) ထားရမယ့်နေရာနဲ့ command
center (အမိန့်ပေးနေ ရာ) နဲ့ နေရာလွဲတာတို့ ဘာတို့၊ အဲဒါကြောင့်မို့ အခု ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်သိမ်းတဲ့အခါမှာ အလွယ်တကူနဲ့ သူတို့ ကျ သွားတယ်။
တပ်စခန်းတစ်ခုကို ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့ ဟာမျိုးတောင်မှ နော်၊ သူတို့ မလုပ်နိုင်တော့ဘူးဆိုတော့ အခု အဖက်ဖက်က နေ ဒီလိုမျိုး ချွတ်ချုံကျနေတာ လက်နက်ခဲယမ်းပိုင်းကော၊
စိတ်ဓါတ်ရေးရာ အရကော၊ အရာရှိတွေကော စစ်သည်တွေကော တပ်ပြေးတွေ ဒီ လောက်များတာကော၊ တိုက်ပွဲတစ်ပွဲကို နိုင်အောင် မတိုက်နိုင်တော့ဘူး။ ဆိုတော့ အဲဒါမျိုးတွေ
ဖြစ်လာတဲ့ဟာ တကယ်တမ်း ပြည်ပရန်နဲ့ ကြုံ ရင် ဒီတပ်မတော်က ဒီတိုင်းပြည်ကို ကာကွယ်နိုင်ပါဦးမလား။ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုမြင်လဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အစောက ပြောတဲ့ ဝေါလေ တိုက်ပွဲမှာ chopper တွေကို ဒီ ဗျူဟာကုန်းရဲ့ အနောက်မှာ ထားတယ်ဆိုတာက ဗျူဟာမှူး အနေနဲ့ ပူပန်မှုတွေ ရှိပါတယ်။
နိုင်ငံတကာကနေပြီးတော့ သုံးသပ်မယ်ဆိုရင်၊ မြန်မာ့တပ်မတော်ကအရာရှိတွေကို အင်မတန် ထူးဆန်း တယ်လို့ပဲ သုံးသပ်ကြမှာပဲ၊ ဘာလို့လဲဆိုတော့ မြန်မာ့တပ်မတော်က အရာရှိတွေက
စက်ယန္တယားတွေကို လူထက်ပိုပြီးတန်ဘိုးထားကြပါတယ်။ ဒီ chopper တွေကို ဗျူဟာကုန်းရဲ့အနောက်မှာ ထားရတယ်ဆိုတာကလည်း မတော်တဆ ပျက်စီးသွားမှာစိုးလို့ ရဲဘော်တွေကို
အရှေ့မှာခံပြီး chopper တွေကို အနောက်မှာ ထားရတာ ဖြစ်ပါတယ်။ ဒီ ရဟတ်ယဉ် တစ်စီး ပျက်ကျသွားမယ်ဆိုရင် အဲဒီ ဗျူဟာမှူးက စံ/ခံ
ု (စုံစမ်းစစ်ဆေး ရေးခုံရုံး) တက်ရမှာ
ဖြစ်ပါတယ်။ အဲဒီ ပြဿနာလေးတွေရှိပါတယ်။ ကျနော်တို့ တပ်မတော်မှာ။

ဦးရော်နီညိမ်း။ ။ ဒါဆိုလို့ရှိရင် ဒါ သေနင်္ဂဗျူဟာအခြေခံအရ တောင်ကုန်းတစ်ကုန်းကို ခံစစ်စည်း (၃) စည်း လုပ်တဲ့နေရာမှာ၊ အလယ် ဒုတိယစည်းမှာ ဒီ chopper တွေက
ထားရမယ်၊ command က နောက်ဆုံးစည်းမှာ ထားရမယ်ဆိုတာ လူတိုင်းသိပြီးသားပဲ၊ တပ်မှာပေါ့နော်။ ဒါပေမယ့် သူတို့ က chopper တွေကို နောက်ပို့ရတဲ့ အကြောင်းအရင်းက
chopper တွေများ တစ်ခုခု ထိခိုက်ပျက်စီးခဲ့မယ် ဆိုရင် စစ်ခုံရုံး တက်ရမှာစိုးလို့ ဆိုတဲ့ အပေါ်မှာ ဖြစ်ရတယ်လို့ ဗိုလ်မှူးက အခုပြောပြတယ်။ အဲဒီတော့ ဒီလိုမျိုး လွဲချော်နေတဲ့ဟာက ခုနက
ဗိုလ်မှူးပြောသလို ပစ္စည်းက လူထက်ပိုပြီး တန်ဘိုးရှိနေလို့ ဒါကို ကာကွယ်ရတာ ဖြစ်တယ်ဆိုတော့ စစ်သဘောတရားအရ အမှားကြီးကို သူတို့ လုပ်တဲ့ဟာက အခု ဒီမှာ အပေါ်က aerial
photo နဲ့ ကြည့်တဲ့လူတောင်မှ သိနေတဲ့ ကိစ္စ။ ဆိုတော့ အဲဒါတွေက အထက်ကို ပြန်တင်ပြ လို့မရဘူးလား၊ ဒီ တိုက်ပွဲဟာ ကိုယ်က မကျဖို့ အရေးကြီး တာပေါ့။ အခုတော့ ဒီ chopper
တွေကတော့ လွတ်ထွက်သွားပါရဲ့၊ ခုနက ပြောသလို နောက်ဆုံးမှာ ထားလို့၊ ဒါပေမယ့် ဒီတောင်ကုန်းကတော့ ကျသွားတယ်။ ဆိုတဲ့ဟာက၊ နောက် အများကြီးလည်း ကိုယ့်ဘက်က
သေတာပေါ့။ ဒါမျိုးကို ပြန်ပြီး တော့ တင်ပြလို့ မရဘူးလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မရနိုင်ပါဘူး ခင်ဗျာ၊ ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီ ရှေ့တန်းအပို့ခံရတဲ့ ဗျူဟာမှူး ဆိုတာလည်း အမြင်ကပ်လို့ အပို့ခံရတဲ့ ဗျူဟာမှူးတွေပဲ
ဖြစ်ပါတယ်။ သူတို့မှာ "ရှေ့တိုးလည်း ထမ်းပိုး နောက်ဆုတ်လည်း လှည်းတုတ"် ဆိုတဲ့ အဖြစ်မျိုးပါ။ သူတို့ ဖြစ်နေတဲ့ ပြဿနာကလည်း များသောအားဖြင့် အလုပ်သင်က ဖြစ်တဲ့
(အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်း) ဗျူဟာမှူးတွေကိုပဲ အဲဒီ လိုမျိုး အနှိမ်ခံဗျူဟာမှူးတွေကိုပဲ ရှေ့တန်းကို ပို့တာရှိတယ်။ DSA ဆင်းဆိုရင်လည်း တော်တော်ကြီးကို သူတို့
မျက်မုန်းကျိုးတဲ့လူတွေကိုပဲ ပို့ တာရှိတယ်။ အဲဒီတော့ ခုန ဗျူဟာမှူးက လက်တွေ့အကျဆုံး အလုပ်ကို သူ လုပ်သွားတာပါပဲ။ လူတွေ အသေခံပြီးတော့ ရဟတ်ယာဉ်တွေကို
ကာကွယ်သွားရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ဗျူဟာမှူးက ပြီးရင် စစ်ခုံရုံးတက်ရမှာပါပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ DSTA ပေါ့နော်၊ "တပ်မတော်နည်းပညာတက္ကသိုလ"် ဆိုတာက ပြောမယ်ဆို စစ်အင်ဂျင်နီယာတက္ကသိုလ်ပေါ့၊ စစ်အင်ဂျင်နီယာဆိုတာ ဟိုခေတ်က B.Sc
Engineering နောက် R.I.T ဆင်း၊ အဲဒါကို O.T.S တက်ပြီးတော့မှ ရွေးပြီးခေါ်တယ်။ အခု အဲဒါ ကို မဟုတ်ဘူး (၁၆)နှစ် (၁၇)နှစ်သားကတည်းက လူငယ်ဘ၀ကတည်းက စစ်ထဲဝင်လာတဲ့
ကိုယ်ယုံကြည်စိတ်ချရတဲ့ လူမျိုးကိုမှ DSA ပုံစံမျိုး နဲ့ ရွေးထုတ်ပြီးမှ မွေးမြူမယ်ဆိုတဲ့ ဟာမျိုးနဲ့ သူတို့လုပ်လာတာ။ DSTA ကော DSMA လည်းရှိသေးတယ်။
"တပ်မတော်ဆေးတက္ကသိုလ"် ၊ ဆိုတော့ အဲဒီလိုမျိုး သူတို့ ယုံကြည်ပါတယ် ဆိုပြီးတော့ ငယ်ငယ်လေးကတည်းက မွေးပြီးတော့မှ ထောင်လာတဲ့ တက္ကသိုလ်ကထွက်တဲ့ ဗိုလ် မှူးဆိုရင် ဒါ
DSTA အပတ်စဉ် (၁)က ထွက်တာ၊ အဲဒီတော့ အဲလို ဗိုလ်မှူးတောင်မှ ဒီလိုမျိုး သူတို့ လုပ်နေတဲ့အပေါ်မှာ ကိုယ်သဘောမတွေ့တဲ့ ကိစ္စဖြစ်လာတော့ အဲဒီ DSTA ကို တက်ဖြစ်တဲ့
အကြောင်းနဲ့ နောက် ရုရှ သွားပြီးတော့ ပညာသင်ရတဲ့ အကြောင်းကို ချုံငုံပြီး ပြောပေးပါခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ DSTA ကို join တာကတော့ စစ်ထဲဝင်လိုက်တယ် ဆိုတာထက် ကိုယ်က တက္ကသိုလ်တစ်ခုကို တက်လိုက်တဲ့ သဘောပဲ ရှိပါတယ်။ ဒါပေမယ့်
စစ်သားစိတ်ပေါက်သွားတယ် ဆိုတာကတော့ ကျနော်တို့ စစ်သင်တန်း တက်ပြီးတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ အတူတူသွားတယ်။ အတူတူစားတယ်။ အဲဒီလို နေလာတဲ့ အခါကျမှသာ
ကျနော်တို့က စစ်သားစိတ်ဆိုတာ ဖြစ်လာပါတယ်။ စစ်သားစိတ်ဖြစ် လာတဲ့ အခါမှာလည်း ကျနော်တို့က ဒါ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်ထောင်စုသား အားလုံးကို ကာကွယ်ဖို့
ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိနေ တဲ့ ပြည်ထောင်စုသားဆိုရင် ကျနော်တို့ ကာကွယ်ရမယ်။ ဒါပေမယ့် နောက်ပိုင်း ကိုယ့်ရဲ့ခံယူချက်တွေ ကိုယ့်ရဲ့ယုံကြည်ချက်တွေက အလွဲသုံး စား
လုပ်ခံရတယ်ဆိုတာကတော့ မြင်လာတယ်ဗျ။ ကျနော့်အနေနဲ့ ပိုပြီးတော့ သိသာမြင်သာတာကတော့ ဒီ "လူကြီး" တွေရဲ့ လုပ်ပုံကိုင်ပုံဟာ စေတနာမမှန်တာကို ကျနော်တို့က သိတော့
သိလာတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ ယူနီဖောင်း တစ်ရောင်တည်း ၀တ်ထားတဲ့လူအနေနဲ့ ၊ ပြီးတော့ ကိုယ်အလေးပြုနေတဲ့ လူအနေနဲ့ ကျနော်တို့ဟာ ဘာမှ ပြန်ပြီး ဝေဖန်ဖို့အတွက်
စိတ်ကူးမရှိခဲ့ဘူးပေါ့ ဗျာ။ ရဲရဲမတွေးရဲဘူးပေါ့၊ အဲဒီ အချိန်မှာ နောက်ပိုင်းမှာ ရုရှကို ပညာတော်သင် သွားရတယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ လွတ်လပ်ပွင့်လင်းသွားတယ်။ ပထမဦးဆုံး
အင် တာနက်ကို စသုံးလာရတယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ တခြားစာပေတွေ လေ့လာခဲ့တာရှိတယ်။ တခြား မိတ်ဆွေ အပေါင်းအသင်း တွေ့ ကြုံလာတာရှိတယ်။ အဲဒါပြောဆို
ဆွေးနွေးရင်းနဲ့ကမှ ပိုပြီးတော့ မျက်စိပိုပွင့် လာပြီးတော့မှ၊ နောက်ဆုံး တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်တဲ့ အလုပ်တစ်ခုကို ကျနော် လုပ်ခဲ့တာပါ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးကို ဗိုလ်မှူးမဖြစ်သေးဘဲနဲ့ ကိုယ့်ကိုယ်ကို ဗိုလ်မှူးလို့ ပြောတယ် ဘာညာ သူတို့ သတင်းစာတွေက ရေးတယ်။ ကျနော်တို့ သိထားသလောက်ကတော့
officiating (တစ်နှစ် အစမ်းခန်)့ ဗိုလ်မှူးဆိုရင်၊ ဒါ အပွင့်မတင်သေးခင်စပ်ကြားမှာ တပ်ထဲမှာ လူတိုင်း က ဗိုလ်မှူးလို့ပဲ ခေါ်ရတယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဗိုလ်မှူးပဲ ခေါ်တယ်။
ဘာကြောင့်လဲဆိုတော့ သူတို့တောင်မှ ဒီမှာ အသက် (၈၀) နားနီးနေပြီ။ တပ်မတော် အက်ဥပဒေနဲ့ ဆိုရင် ကျနော်တို့ ကြားဖူးတာ ပုဒ်မ (၆၅) " စစ်စည်းကမ်းကျနမှု" ကို ဖောက်ဖျက်ပြီး
ကိုယ်ကတော့ အငြိမ်းစား မယူဘဲနဲ့ သူများကို အသက်(၆၀) မှာ အငြိမ်းစားယူခိုင်းပြီး သူတို့လုပ်နေတယ်။ ဗိုလ်မှူးက officiating မစေ့ခင်မှာ ထွက်လာတဲ့ဟာ ကို သူတို့က ဘာပဲပြောပြော
ကျနော်တို့ကတော့ ဗိုလ်မှူးကို ဗိုလ်မှူးလို့ပဲ မြင်ပါတယ်။ နောက်တခါကျတော့ ဗိုလ်မှူးက ဒီအတိုင်းပဲနေသွားရင် လည်းပဲ officiating ပြည့်ပြီး ဗိုလ်မှူးဖြစ်၊ နောက် မကြာခင်မှာပဲ
ဒုဗိုလ်မှူးကြီးပေါ့ နော်၊ ဒုဗိုလ်မှူးကြီးဆိုတာ ပထမတန်း First Grade ထဲက ဒါ တံခါးဝပဲ။ အဲဒီတော့ ဒီတံခါးဝကို ဗိုလ်မှူးက ရောက်ခါနီးနေတဲ့အချိန်မှာတောင်မှ၊ ဒီကိစ္စကို ငါ ရအောင်လုပ်မှ
ဖြစ်မယ်ဆိုတဲ့ဟာမျိုး ဘယ်အ ကြောင်း အရာကစေ့ဆော်ပြီး ဘယ်လိုဖြစ်သလဲဆိုတာ ကျနော်တို့ကို ပြောပြပေးပါ ခင်ဗျ။

(မှတ်ချက်။ ။ မြန်မာ့တပ်မတော်တွင် အရာရှိများအား ဒု-ဗိုလ် မှ ဗိုလ်ကြီး အထိ Third Grade အရာရှိ၊ ဗိုလ်မှူးအား Second Grade အရာရှိ၊ ဒု-ဗိုလ်မှူးကြီးနှင့်အထက်
အရာရှိကြီးများအား First Grade အရာရှိ ဟု ခွဲခြားသတ်မှတ်ထားသည်။)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြန်မာပြည်ကို ဘယ်သူမှလည်း လာပြီး ကျူးကျော်စရာ မရှိဘူး။ သူတို့က တချိန်လုံး ဒါ ပြည်ပကျူးကျော်စစ်ကို ကာကွယ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပဲ
တောက်လျှောက်လုပ်နေပါ တယ်။ အဲဒီမှာ ကျန်တဲ့ကဏ္ဍတွေ အားလုံးက ယုတ်လျော့သွားတယ်။ "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" ဆိုတဲ့ဟာကို ကျနော်က
လက်မခံပါဘူး။ ကျနော်က "တိုင်းပြည် အင်အားရှိမှ တပ်မတော် အင်အားရှိမည်" ဆိုတာကိုပဲ လက်ခံပါတယ်။ အဲဒါကြောင့်မို့ တိုင်းပြည် အင်အားယုတ်လျော့စေတဲ့ ဒီကိစ္စကို ကျနော် လုံးဝ
လက်မခံတာပါ။ ဒီ နျူးကလီးယား စီမံကိန်းဆိုတာ ကျနော်တို့ မြန်မာပြည်အတွက် လုံးဝ မလိုအပ်တဲ့ ကိစ္စပါ။ မလိုအပ်တဲ့ ကိစ္စဆိုတာ သူတို့ရဲ့ paranoia ပေါ့ ကိုယ့်ကိုယ်ကို
ကြောက်နေတာ၊ တစ်တီတူး ခြေထောက်မိုးပေါ်ထောင်ပြီး အိပ်သလိုမျိုး ဖြစ်နေပါတယ်။ ဆိုလိုတဲ့ သဘောက ဒီဥစ္စာကြီးက ပြည် သူ့ဘဏ္ဍာငွေတွေ ဖြုန်းတီးနေယုံတင်မကဘဲ ကျနော်တို့
လူငယ်တွေရဲ့ ဘ၀တွေကိုပါ ဖြုန်းတီးပစ်နေတယ်။ လူ အရင်းအမြစ်၊ ပစ္စည်းအရင်းအ မြစ်မရှိဘဲနဲ့ technology အရင်းအမြစ်မရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကို နိုင်ငံတကာနဲ့လည်း
ပွင့်ပွင့်လင်းလင်း ဆက်ဆံပြီးတော့ လုပ်တာ လည်း မရှိဘူး။ ကျနော် ဒီကိစ္စကို ဖော်ထုတ် ရတဲ့ အကြောင်းအရင်း အဓိက ကတော့ ဒီ မအောင်မြင်နိုင်တဲ့ အဓိပ္ပါယ် မရှိတဲ့ "ရူးနှမ်းနှမ်း စီမံ
ကိန်းကြီး"ကို ကျနော်က ဖျက်ချင်တာ၊ ဒီစီမံကိန်းကြီးကို ကျနော်က ရပ်တန်းက ရပ်စေချင်တဲ့ သဘောနဲ့ လုပ်တာပါ။ တပ်မတော်သားတွေ အနေနဲ့ သစ္စာစောင့်သိခြင်းမှာ အတွေးအခေါ်နဲ့
ယှဉ်ပြီး သစ္စာစောင့်သိတာက ပိုပြီး တော့ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ တပ်မတော်သား တွေဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခါးပုံစကိုဆွဲပြီးတော့ သစ္စာဆိုလာကြတာ မဟုတ်ပါဘူး။
နိုင်ငံတော်အလံကို ကိုင်ပြီးတော့ သစ္စာဆိုလာကြ တာပါ။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရဟာ နျူကလီးယားလက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ဖို့ စီမံကိန်း တွေရှိနေတယ်ဆိုတဲ့ အထောက်အ ထား တစ်ချို့ကို ယူဆောင်ပြီး ပြည်ပကို
ထွက်ခွါလာသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစကား စတုတ္ထပိုင်း၊ နောက်ဆုံးပိုင်းကို တင်ဆက် ပေးခဲ့တာဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

http://www.voanews.com/burmese/news/

ဆိုမာလီ ပင်လယ်ဓားပြများ က တောင်ကိုရီးယား သင်္ဘော ကို ပြန်ပေးဆွဲရာ မြန်မာ ၁၁ဦးပါဝင်

January 15, 2011 freedom news group Leave a comment Go to comments

1
6

i
မဲပေးပါ

ပြန်ပေးဆွဲခံရတဲ့ တောင်ကိုရီးယား သင်္ဘော

တောင်ကိုရီယား ကုန်တင် သင်္ဘောတစ်စီး ကို ယနေ့ ဆိုမာလီ ပင်လယ်ဓားပြ များက ပြန်ပေး


ဆွဲရာ ထိုသင်္ဘောပေါ်တွင် ကိုရီးယား လူမျိုး သင်္ဘောအရာရှိ ရှစ်ဦး နှင့် အတူ မြန်မာ လူမျိုး ၁၁
ဦး နှင့် အင်ဒို နှစ်ဦး ပါရှိသည် ဟု သတင်းရရှိသည်။

အဆိုပါသင်္ဘောသည် ကိုရီးယား နိုင်ငံ ဆမ်ဟို သင်္ဘောလိုင်းမှ ဖြစ်ပြီး တန်ချိန် တစ်သောင်း ရှိ


ကာ အာရပ်စော်ဘွား များ ပြည်ထောင်စုမှ နေ၍ ဓာတုဗေဒကုန်များ တင်ဆောင်ပြီး တောင်ကို
ရီးယား သို့  ထွက်ခွာ လာစဉ် အိုမန် နှင့် အိန္ဒိယ သမုဒ္ဓရာ ကြားတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

Jewelry ဟု အမည်ပေးထားသည့် ထိုသင်္ဘောသည် သီရိလင်္ကာတွင် ခရီး တစ်ထောက်နားမည်


ဖြစ်ကာ ပြန်ပေးဆွဲ ခံရပြီးနောက် မည် သည့်နေရာ သို့ ရောက်ရှိနေမှန်း မသိဟု တောင်ကိုရီးယား
ဆိပ်ကမ်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

သင်္ဘောသားများ ဘေးမသီရန်မခ နိုင်ရေးအတွက် တောင်ကိုရီးယား အစိုးရက အစွမ်းကုန် ကြိုးစား


သွားမည် ဟု ယောင်ဟပ် သတင်းတွင် ဖော်ပြထားသည်။

http://freedomnewsgroup.com/

မစ်ရှီဂန်မှပေးသောစာ(၅၀)

အောင်ဝေး

ဇန်န၀ါရီ ၁၆၊ ၂၀၁၀


မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ ပြည်ပရောက် မြန်မာကလေးငယ်တွေ အကြောင်း ကိုဒေါင်းတို့ သိရအောင် နည်းနည်းလောက် ပြောပြချင်တယ်။

မိဘတွေက ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း ရောက်ရှိလာကြတယ်။ အထူးသဖြင့် ပြည်တွင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖြုတ်ချရေး တိုက်ပွဲတွေရဲ့
ဂယက်နဲ့ တိုင်းပြည်ကနေ ရှောင်တိမ်းလာရ၊ ထွက်ခွာလာရတဲ့သူတွေ ရှိသလို၊ အများစုကတော့ နယ်စပ်ဒေသ အသီးသီးက နအဖစစ်အစိုးရတပ်တွေရဲ့ ရန်ကို ကြောက်ပြီး
တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ တိုင်းရင်းသားတွေပါပဲ။

အခုအချိန်မှာ တစ်ဖက်နိုင်ငံက ဒုက္ခသည် စခန်း (၉) ခုလောက်မှာ ဒုက္ခ ရောက်နေကြတဲ့ ပြည်တွင်းက နိုင်ငံရေး၊ စစ်ရေး ခိုလှုံသူတွေ(၁)သိန်းခွဲကျော် သောင်တင်နေတုန်းပဲလို့
ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ ဆိုတယ် ကိုဒေါင်း။

၁၉၈၈-ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးကတည်းက နိုင်ငံရေးကြောင့် တစ်ဖက်နိုင်ငံ လွတ်မြောက်နယ်မြေကို ရှောင်တိမ်း ထွက်ခွာလာတဲ့သူတွေက စပြီး၊ ခု နောက်ဆုံး


လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ နိုင်ငံရေးဒုက္ခသည်တွေလို့ ဆိုရမယ့်အုပ်စုကတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာပါ။

ဒါက ကျနော်တို့တိုင်းပြည်မှာ မတရားတဲ့ နိုင်ငံရေးစနစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ နိုင်ငံရေးဒုက္ခသည်တွေ၊ မတရားတဲ့ အဓမ္မစစ်ကြောင့် ဒုက္ခရောက်ကြရတဲ့


စစ်ပြေးဒုက္ခသည်တွေ အကြောင်း သိသာရုံ အကြမ်းဖျင်း ပြောလိုက်တာပါ။

အဲဒီလို နိုင်ငံရေးကြောင့်၊ စစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ ကျနော်တို့မြန်မာပြည်သူတွေ တစ်ဖက်နိုင်ငံရဲ့ဥပဒေအတိုင်း တရားဝင် ဖွင့်လှစ်ထားတဲ့ နယ်စပ်က ဒုက္ခသည်စခန်း
အသီးသီးမှာ ၀င်ရောက် ခိုလှုံကြရတာပါပဲ။

သူများနိုင်ငံမှာ၊ ဆိုပါတော့ ဒုတိယနိုင်ငံမှာ ကျနော်တို့ ပြည်သူတွေရဲ့ ဘ၀ တစိတ်တဒေသတော့ နိုင်ငံရေးကြောင့် ခံစားရတဲ့ ပင်ပန်းဆင်းရဲတွေ၊ စစ်ကြောင့် ခံစားရတဲ့
ပင်ပန်းဆင်းရဲတွေ လုံးလုံး မဟုတ်တောင်မှ ခေတ္တယာယီ ဘ၀အမောပြေတယ် လို့ ယူဆရင်လည်း ယူဆပေါ့။ မပြေပါဘူး ဆိုရင်တော့လည်း မပြေဘူးပေါ့။

အဲဒီလို ဒုတိယနိုင်ငံကဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို ခိုလှုံနေထိုင်ရင်း တတိယနိုင်ငံ အသီးသီးကို ပြောင်းရွှေ့ အခြေချဖို့အချိန်ကို နှစ်နဲ့ချီပြီး သည်းညည်းခံ
စောင့်ဆိုင်းကြရတာပါ။ အချိန်တန်တော့လည်း သက်ဆိုင်ရာ တတိယနိုင်ငံတွေဆီကို ရောက်ရှိသွားကြတာပါပဲ။

တိုတိုပြောရရင် ကိုဒေါင်းရေ၊ အဲဒီလိုဒုက္ခသည်တွေက နိုင်ငံရေးကြောင့် ပြေးရင်းလွှားရင်း၊ စစ်ကြောင့် ပုန်းရင်းခိုရင်း၊ နိုင်ငံရေးကြောင့်၊ စစ်ကြောင့် တနေရာရာမှာ ခေတ္တယာယီ
နေထိုင်ရင်း လူတို့ ဘာသာဘာဝအတိုင်း ယောက်ျားနဲ့မိန်းမ၊ တွေ့ဆုံကြ၊ ချစ်ကြိုက်ကြ၊ ထိမ်းမြားလက်ထပ် အိမ်ရာ ထူထောင်ကြတာပေါ့ဗျာ။ အဲဒီတော့နောက် မျိုးဆက်သစ် သားတွေ
သမီးတွေလည်း ပွားစည်းလာတာပေါ့ဗျာ။

များသောအားဖြင့်တော့ အမေရိကန်လို တတိယနိုင်ငံအသီးသီးကို ရောက်ရှိလာတဲ့ ကလေးအများစုဟာ နယ်စပ်ကဒုက္ခသည်စခန်းတွေမှာ မွေးဖွားခဲ့ကြတဲ့


ကလေးတွေဖြစ်နေတာပါပဲ။ ဒုတိယနိုင်ငံမှာ မွေးလာတဲ့ ဒီကလေးတွေဟာ တတိယနိုင်ငံတွေမှာ ကြီးပြင်း အရွယ်ရောက်လာကြတာပါပဲ။ တချို့ကလေးတွေကတော့ အမေရိကန်လို
တတိယနိုင်ငံမှာပဲ မွေးဖွားပြီး ဒီမှာပဲ ကြီးပြင်းလာကြရတာပါ။

ဆိုရရင် ဒုတိယနိုင်ငံမှာ မွေးလာတဲ့ ကလေးတွေကလည်း ဒုတိယနိုင်ငံမှာ၊ ဆိုလိုတာက ဒုက္ခသည်စခန်းမှာ မြန်မာစာ ကောင်းကောင်းမသင်ခဲ့ရပါဘူး။ ဒုက္ခသည်စခန်းမှာ
ကျောင်းနေခဲ့ရပါတယ် ဆိုတဲ့ကလေးကလည်း ထိုင်းစာ၊ အင်္ဂလိပ်စာတို့က အဓိကပါ။ ကိုယ့်မြန်မာစာ ဆိုတာက သင်ရရင်လည်း သာမန်လောက်ပါပဲ။

ဒီကလေးတွေ တတိယနိုင်ငံကို ရောက်လာတော့ ဒီမှာ အင်္ဂလိပ်စာပဲ သင်ရတော့တယ်။ မြန်မာစာ မမြင်ရတော့ဘူး။ ပိုဆိုးတာက တတိယနိုင်ငံရောက်မှ မွေးဖွား
ကြီးပြင်းလာတဲ့ကလေးတွေ အဖို့ မွေးလာကတည်းကိုက မြန်မာစာဆိုတာ သူတို့ မမြင်ဖူးတော့ဘူး။ မသိတော့ဘူး။

ဟိုတတလောက အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုဂုဏ်ပြုပွဲ လုပ်တယ်။ ပွဲမှာ မြန်မာကလေးငယ်တွေရဲ့
ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ ကဗျာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိတွေ ဖတ်ကြားတဲ့ အစီအစဉ် ပါပါတယ်။ အဲဒီမှာ ဘာဖြစ်သလဲ ဆိုတော့ ကလေးတော်တော်များများက
ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုရေးတဲ့ ကဗျာ၊ အင်္ဂလိပ်လိုရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကိုတော့ ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည် မြန်မာလို ရေးထားတဲ့ ကဗျာတွေကိုတော့ ဖတ်နိုင်တဲ့သူ မရှိဘူးဖြစ်နေတယ်။ တော်သေးတယ်။ ရန်ကုန်က ရောက်လာတာ မကြာသေးတဲ့ သားငယ် သမီးငယ်
နှစ်ယောက်က ဒီကွက်လပ်ကို ကောင်းကောင်း ဖြည့်ပေးနိုင်ခဲ့ကြတယ်။

ကျနော်ပြောချင်တာ ရောက်ပြီ ကိုဒေါင်း။ ပြည်ပကို ရောက်နေကြတဲ့ မိသားစု အတော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာက ကလေးတွေ မြန်မာစာမတတ်ကြတော့တာပဲ။
တချို့မြန်မာစကား အနည်းအကျဉ်း ပြောတတ်ကောင်း ပြောတတ်ကြမယ်။ များသောအားဖြင့်တော့ စကားလည်း မတတ်၊ စာလည်းမတတ် ဖြစ်နေတာပေါ့ဗျာ။

ဒါကို မိဘတွေက ကိုယ့်စာ ကိုယ့်စကား မျိုးကန်းသွားမှာ စိုးရိမ်ပြီး မြန်မာစာ မြန်မာစကားသင်တန်းလေးတွေ လက်လှမ်းမီရာ မီရာမှာ ဖွင့်လှစ် သင်ကြားပေးလာကြတယ်။
အင်မတန် သာဓုခေါ်စရာ ကောင်းတယ်။ လော့စ်အိန်ဂျယ်လိစ်က ဆိုရင် ဒေါက်တာလမင်းတရာတို့၊ စာရေးဆရာမ မိုးချိုသင်းတို့ရဲ့ မြန်မာကျောင်းကလေးဆိုရင် အတော့်ကို အောင်မြင်
ထိရောက်တယ်လို့ ကြားရတယ်ဗျာ။

ဆန်ဖရန်စစ္စကိုမြို့ကြီးတ၀ိုက်မှာ ဆိုရင်လည်း မိဘတွေက သားသမီးတွေကို မြန်မာစာ သင်ပေးတဲ့ ဘုန်းတော်ကြီးကျောင်းတွေဆီကို လွှတ်နေပြီ။ ဒါ ကယ်လီဖိုးနီးယားဘက်က


သတင်း။ တခြားပြည်နယ်တွေမှာလည်း အနည်းနဲ့အများတော့ မြန်မာကလေးတွေ မြန်မာစာမြန်မာစကား သင်နေကြပြီလို့ ထင်ပါတယ်။

အင်ဒီယားနား-ဖို့တ်ဝိန်းမြို့မှာ ဆိုရင်လည်း ကဗျာဆရာ ဆောင်းယွန်းလတို့၊ ချမ်းမှိုင်းအောင်တို့ စီစဉ်တဲ့ နွေရာသီ မြန်မာစာမြန်မာစကား သင်တန်း။ ဒါ ကျနော်
လက်လှမ်းမီသလောက်ဆိုပါတော့။ ၀ါရှင်တန်ဒီစီတို့၊ နယူးယောက်စီးတီးတို့ ဘက်မှာလည်း ကလေးတွေကို မြန်မာစာသင်ပေးတဲ့ လှုပ်ရှားမှုလေးတွေ ရှိနေမှာပါ။

ဒီနေရာမှာတော့ ကျနော်က ကိုယ့်ရင်သွေးတွေကို ကိုယ့်စာ ကိုယ့်စကား သင်ပေးရကောင်းမှန်း သိတဲ့ မိဘလုပ်သူတွေကို ချီးကျူးချင်ပါတယ်ဗျာ။

အားလုံးကို သတိရလျက်-

အောင်ဝေး

ဒီဇင်ဘာ ၂၁-၂၀၁၀။

[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese ]


ငွေဇင်ယော်ဦးရဲ့ ဆုရစာအုပ်

ဆုရ ကွယ်လွန်သူ မိုးဟိန်း (သားဂျာနယ်ကျော်) စာအုပ်

ပဉ္စမအကြိမ်မြောက် တော်ဘုရားကလေး စာပေဆုပေးပွဲ ကျင်းပ


တာရာဝေယံ
ရန်ကုန်၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၁
ယမန်နေ့ မနက် ၁၁ နာရီက ရွှေတိဂုံဘုရားလမ်းမှာ ရှိတဲ့ ကွယ်လွန်သူ တော်ဘုရားကလေးနေအိမ်မှာ ပဉ္စမအကြိမ်မြောက် တော်ဘုရားကလေး စာပေဆုပေးပွဲ အခမ်းအနားကို
ကျင်းပခဲ့ပါတယ်။ စာပေဆုပေးပဲါကို အခြားနေရာတွေမှာ ကျင်းပဖို့ ခွင့်ပြုမိန့် မရရှိခဲ့တာကြောင့် တတိယအကြိမ်ဆုပေးပွဲက စပြီး နေအိမ်မှာ ကြပ်ကြပ်တည်းတည်း ကျင်းပခဲ့ရတာပါ။

ဧည့်သည် စာပေပညာသည်များ
အခမ်းအနားမှူးအဖြစ် မောင်လွင်မွန(် ကသာ) က ဆောင်ရွက်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့ အစီရင်ခံစာကို ဆရာထက်မြက်က ဖတ်ကြားခဲ့ပါတယ်။

ဆရာထက်မြက်၊ ဆရာ မောင်လွင်မွန(် ကသာ)

“ကျနော်တို့ ဒီအခမ်းအနားကို ဘယ်သူ့ကိုမှ မဖိတ်ပါဘူး။ ခင်မင်ရင်းနှီးကြသူတွေ သတင်းကြားလို့ လာရောက်ကြတာပါ။ တော်ဘုရားကလေးစာပေဆု ပေးတာကလည်း


စာပေစိစစ်ရေးက ခွင့်ပြုပြီး တရားဝင် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲက ကျနော်တို့ ဆုရွေးချယ်ရေးအဖွဲ့မူနဲ့ ကိုက်ညီတဲ့ စာအုပ်တွေကို ဆုပေးဖို့ ရွေးချယ်တာပါ။ နောက်နှစ်တွေမှာ
ဟိုတယ်လိုဟာမျိုးတွေမှာ ဒီထက် ခမ်းခမ်းနားနား ကျင်းပနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။”
လို့ ဆရာထက်မြက်က ပြောကြားခဲ့ပါတယ်။
ဆရာ ထက်မြက်။ ဒေါ်ဒေ၀ီ။

ဆုရွေးချယ်ခံရတဲ့ စာရေးဆရာများကို ဆရာမောင်လွင်မွန် (ကသာ) က ကြေညာပေးပါတယ်။

ဆရာ လင်းထင်နှင့် ဒေါ်ခင်မေ။ ဆရာကြည်နိုင်၊

၂၀၁၀ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် တော်ဘုရားကလေး စာပေဆု - ၀တ္ထုတိုအတွက် ငွေဇင်ယော်ဦး (မိုးကုတ)် ရဲ့ “မိုးတွေရွာနေတယ်” ၀တ္ထုတိုစု (စိတ်ကူးချိုချိုစာပေ၊
ပထမအကြိမ်၊ ၂၀၁၀) က ရရှိခဲ့ပြီး၊ ဆောင်းပါးသုတ စာပေဆုအတွက် လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဆရာမိုးဟိန်း (သားဂျာနယ်ကျော်)ရဲ့ “စည်းမထိုး၊ ကြွေမပစ်၊
ပဏ္ဏာမဆက် သို့သော် နိုင်သည်” ဆောင်းပါးများ စုစည်းမှု (သီဟရတနာစာပေ၊ ၁၀ ဒီဇင်ဘာ ၂၀၁၀၊ ပထမအကြိမ)် က ရရှိခဲ့ပါတယ်။

ဒေါ်သန်းသန်းတင်။ ဒေါ်ကြည်ကြည်နု (ဦးမိုးဟိန်းဇနီး)

ငွေဇင်ယော်ဦး (မိုးကုတ)် ရဲ့ မိုးတွေရွာနေတယ် ၀တ္ထုတိုစု စာအုပ်အတွက် ဆုရွေးချယ်ရေးအဖွဲ့ သုံးသပ်ချက်ကို အဖွဲ့ဝင် ဆရာမကြီး ဒေါ်သန်းသန်းတင်က ဖတ်ကြားခဲ့ပါတယ်။

ဦးလှရွှေနှင့် စာရေးဆရာ အံ့မောင်။ ကဗျာဆရာ ဇော်နောင်

မိုးဟိန်း (သားဂျာနယ်ကျော်) ရဲ့ ဆောင်းပါးစုစည်းမှု စာအုပ်အတွက် ဆုရွေးချယ်ရေးအဖွဲ့က ကဗျာဆရာ ဇော်နောင်က သုံးသပ်ချက်ကို ဖတ်ကြားခဲ့ပါတယ်။
ဆရာအံ့မောင်က ဆုရသူ ငွေဇင်ယော်ဦး ကိုယ်စား ဒေါ်သန်းသန်းတင်ထံ ဆုချီးမြင့်နေစဉ်

ဒေါ်ခင်မေက ဆုရသူ ဦးမိုးဟိန်း (ကွယ်လွန)် ၏ ဇနီးသည် ဒေါ်ကြည်ကြည်နု ထံ ဆုချီးမြှင့်နေစဉ်

ဆုပေးပွဲ အခမ်းအနားကို မတက်ရောက်ဖြစ်တဲ့ ငွေဇင်ယော်ဦးအတွက် ဆုကို ဆရာဦးအံ့မောင်က ချီးမြငိ့ခဲ့ပြီး ကိုယ်စား ဆရာမကြီး ဒေါ်သန်းသန်းတင်းက၎င်း၊ ဆရာမိုးဟိန်း
(သားဂျာနယ်ကျော်) အတွက် ဆုကို ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်နုအား တော်ဘုရာကလေး၏ ဇနီး ဒေါ်ခင်မေက ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ဆရာဦးဝင်းတင်က ဟောပြောနေစဉ်

အခမ်းအနားမှာ ဆရာဦးဝင်းတင်က တော်ဘုရားကလေးအမှတ်တရ စကားအဖြစ် လူသားဆန်တဲ့ တော်ဘုရားကလေး၊ နိုင်ငံရေးသမား တော်ဘုရားကလေး၊ စာရေးဆရာ


တော်ဘုရားကလေး စတဲ့ ခေါင်းစဉ်တွေအောက်မှာ သူနဲ့အတူ ဖြတ်သန်းခဲစဉ်က အတွေ့အကြုံများကို ပြောကြားသွားခဲ့ပါတယ်။

ဒေါ်ခင်မေ (တော်ဘုရားကလေးဇနီး)
အခမ်းအနားကို တော်ဘုရားကလေး ဦးအောင်ဇေရဲ့ ဇနီး ဒေါ်ခင်မေရဲ့ အပိတ်စကားနဲ့ ဆုရွေးချယ်ရေးအဖွဲ့ဝင်များကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။
တက်ရောက်လာသူများကို နေ့လည်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ပြီး ဆုပေးပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

တရုတ်ပြည် လင်းထိန်ဖို့ ဗိုလ်ချုပ်ဘဏ်


အဝေးကြည့်မှန်ပြောင်း (ရန်ကုန)်
ဇန်န၀ါရီ ၁၅၊ ၂၀၁၁

True News ဂျာနယ် (ခေါ်) သစ္စာဂျာနယ် [ဇန်န၀ါရီ ၁၁]


မင်္ဂလာရယ်တဲ့ အပြိုင်ဆောင်မယ်..
ပြေတီဦးတို့စုံတွဲ က တပွဲပြီးတပွ.ဲ .နွှဲပြီးရင်းနွှဲ နေတဲ့အချိန်နဲ့မှ.. တိုက်တိုက် ဆိုင်ဆိုင် တမင်ဘဲလား မတော်တဆလား မသိ.. သစ္စာဂျာနယ်က.. တို့..လိုက်ပုံလေးက ယဉ်သကိုး..ဗျ..။
မင်္ဂလာချင်း တူပေမယ့် ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အခြေခံ လူတန်းစားတို့ ရဲ့ ၇၀ ပြည့်နှစ်များ ဆီက မင်္ဂလာပွဲလေးအကြောင်း ရေးထားတာလေးဗျာ.. တကယ်ပါ.. ဟတ်ထိတယ်..ဆိုတာ
ဒါကိုခေါ်တာနေမှာ.. ဖတ်ရတာ ရင်ထဲမှာ ဟာc နဲပါ..။
ခုခေတ်လဲ ဒီအတိုင်းဘဲ မပြောင်းလဲ နိုင်ဘူး ထင်ပါတယ်ခင်ဗျ.. အခြေခံလူတန်းစားတို့ ဘ၀တွေက.ို . ပြောပါတယ်..။ စီဘီဘဏ်ဥက္ကဋ္ဌ ကတောင် ဂုဏ်ပြုမင်္ဂလာစကား ပြောကြားခံရတဲ့
ဟိုစုံတ.ွဲ . ဒီဆောင်းပါးလေး ဖတ်မိရင်.. ဘယ်လိုများ ထင်မြင်ချက်ပေး မလဲ သိချင်သားဗျို့.။ အကျိုးပေး ပေါ့လေ လို့ ခတ်မော့မော့ ပြောလေဦးမလား..။
ယှဉ်ကြည့်နိုင်အောင်.. နှစ်ပုဒ်တွဲပြီး တင်ပေးလိုက်ပါတယ်.. ဖတ်ကြည့်ပါဦး။
တရုတ်ပြည် လင်းထိန်ဖို့ မြန်မာပြည် အမှောင်ချ
တတိုင်းပြည်လုံးကျတော့ လျှပ်စစ်မီးကို ပြတ်တလှည့် လပ်တလှည့် ပေးထားပြီး.. တရုတ်ပြည်ကိုကျ မီး ရောင်းစားသတဲ.့ .။ အလိုလေး.. လျှပ်စစ်အား နာရီဝပ် သန်း ၃ ထရီလီယံတဲ့
ဗျာတို့.. တရုတ်ကသာ မဖေါ်ရင်.. ကိုယ်တို့ဘာမှ သိမှာဟုတ်ဘူးဗျ..။ ပြောကြလိမ့်မယ်.. သူတို့ဟာသူတို့ ထုတ်တာပါလို့လေ.. ဘယ်က အရင်းအမြစ်တွေနဲ့တုန်း.. ရတဲ့ငွေတွေကို
ဘာတွေ သုံးစွဲပစ်သတုန်း..။
မြန်မာ နိုင်ငံသားတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေးတွေအတွက် ဘယ်နယ်ပယ်မှာ.. ဘာတွေ အတိအကျ သုံးသတုန်း..။ ဘာတခုမှ မရှင်းပြ..။ Statistic Year Book
နောက်ဆုံး ထွက်တာ ၂၀၀၂ ခုနှစ်ဗျ.. ကိုယ်မှတ်မိတယ်..။ နောက်ပိုင်းတော့ မှောင်ချ..။ ဘာရူး ဘုရင်ကြီး ဦ်းဆောင်တဲ့ ဘာဘွန်း အစိုးရ..။
ဗိုလ်ချုပ်ဘဏ်
တပတ်လည်မဲ့ မင်္ဂလာစက်ဝိုင်း.. ဆိုပြီး ဘဏ်တွေပေါ်လာလို့ အလုပ်အကိုင.် . အခွင့်အလမ်းတွေ များလာတယ်လို့ ပြောပြနေတာလေးပါ..။ မိုးဦးကျ.. ပေါက်တဲ့ မှိုတွေလ.ို .
ဟိုဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့၊ ဒီဗိုလ်ချုပ်ငွေတွေ ပါတဲ့ ဘဏ်တွေက အပြိုင်းအရိုင်း.. ၀ါးစေ..ဝေစားရင်း.. ထွက်လာတာကိုး..။ ဒီတော့..လူတွေ ကလဲ လိုတော့သပေါ့..။ ဘယ်လောက်
ကြာရှည်ခံမယ်တော့ မသိ.. ဘဏ်သစ် အဆောက်အအုံတွေကတော့ ဟီးထနေတာဘဲဗျို့.. ရန်ကုန်မှာ.. မန္တလေးမှာ.. နယ်မြို့ကြီးတွေမှာ.. အဲ.. ပြီးတော့.. ကြပ်ပြေးမှာ..။

ရွှေဘိုက အချစ် ဇာတ်သိမ်း


ကိုယ့်လူတို့.. ချစ်တာတော့ချစ်.. ကိုယ့်ဘေးလဲ ကိုယ်ကြည့်ကြဦး..။ ဒီလိုလူမျိုး ဘယ်လောက်များ.. ရှိနေမလဲမသိ.. တကတည်းဗျာ .. ရည်းစားက ဆိုင်ကယ် လိုချင်တယ် ဆိုလို့ ..
လူတောင်သတ်ပြီး ဆိုင်ကယ်လုသတဲ.့ .။ မွှန်တဲ့သူများ.. ထပ်ကာ.. ထပ်ကာ ဖတ်သင့်လို့ပါဗျာ..။

ဂီလာန မဲခေါင်
စစ်အစိုးရက.. ဘက်စုံအိပ်ထဲထည့်တဲ့အထဲမှာ.. ရေကာတာဆောက်.. မီးရောင်းစားတာလဲ.. နည်းလမ်း တခုဘဲဗျ..။ ဒီဆောင်းပါးက မဲခေါင်မြစ်ရဲ့ လက်ရှိ အနေအထားကို
အကိုးအကားနဲ့ ရေးထားတာ.. ပြည်ပကလူတွေ.. ဘိုလိုချည့်ဖတ်နေရတာ..။ မျက်စိအရသာခံပြီး ဖတ်ကြည့်ပါဦး.. မြန်မာတဦးရဲ့ အမြင်နဲ့ ရေးထားတာလေး..။ သိတ်မညွှန်းဝံ့ဘူးဗျာ..။
ကောင်းပါကြောင်း လို့သာ..။
ရှားပါးပစ္စည်း

မွန်စီယာဆီညော်ရဲ့ မရယ်ရလို့ရယ်ရတယ်.. ဆိုတဲ့ မကြာမကြာ ပါလာတတ်တဲ့ Satire ဆောင်းပါးဗျ..။ ခရီးသွားဟန်လွှဲ.. ကြုံသမျှလေးတွေကို သရော်စာသဘောနဲ့
နတ်သံနှောထားတာ ပါ.။ ကွမ်းတံတွေးတောင် အသံထွက်နဲ့ ထွေးထားတယ်ဗျ..။ အကြိုက် ညီသူတွေ ရှိနိုင်တာမို့ ထည့်ပေး လိုက်ပါတယ်။ မြည်းကြပါဦး..။

အတွင်းအား နည်းပါးတဲ့ မြန်မာ့ရုပ်ရှင်


အကယ်ဒမီပွဲ.. အတွက.် .လှုပ်လှုပ်ရွရ.ွ . မှန်းသူကမှန်း.. စိတ်ကူး ယဉ်သူကယဉ်.. တပြင်ပြင် ရှိတုန်း .. အချိန်ကိုက်လေးဗျ.. မြန်မာ့ရုပ်ရှင်လုပ်ငန်း.. အမြင်မလှ.. လုပ်ငန်းတွေတောင်
ကျလာလို့ ၂၀၁၁ မှာ ကားရိုက်တွေနည်းမဲ့အကြောင်း.. တဲ.့ .။ ဒီဂျာနယ်ကိုသာ အကယ်ဒမီ ပေးလိုက်ချင်တော့တာဘဲဗျာ..။ တော်လိုက်တာ..။ ဖတ်ကြည့်ကြပါ
လို့တိုက်တွန်းဝံ့ပါကြောင်း..။

Saturday, 15 January 2011


လက်နဲ့ယက်တဲ့ကွန်ယက်
ကေ
ဇန်န၀ါရီ ၁၅၊ ၂၀၁၁
“ကွန်ယက်တွေ ဖွဲ့ကြပါ …”
လို့ မကြာခင်ကမှ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည် ။
အဲဒီ နောက် တော့ …

အင်တာနက် မြန်မာသတင်းတွေမှာ ကွန်ယက်ဆိုတဲ့ စကားလုံး ကို လှိုင်လှိုင်ကြီး မြင်လာ ရသည်။ ပြည်ပအတိုက်အခံရေဒီယိုတွေမှာ ကွန်ယက်နဲ့ပတ်သတ်လို့
ဘယ်လိုသဘောထား သလဲ၊ ဘာလုပ်ကြမလဲ ဆိုတဲ့ မေးမြန်းခန်းတွေ ဆက်တိုက်ကြားလာရသည်။ ရှေ့နေ ကွန်ယက်၊ အနုပညာရှင်ကွန်ယက်၊ လူငယ်ကွန်ယက် စသဖြင့် ဖွဲ့စည်းလာတဲ့
ပုံသဏ္ဍန်တွေကိုလည်း တွေ့လာရသည် ။
ကွန်ယက် ကို လူငယ် လူရွယ်တွေရဲ့ စိတ်ဝင်စားတုန့်ပြန်မှုတွေပါ။
လူကြီးတွေကရော ဘယ်လို သဘောထား လေသလဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတခါ လွတ်လာတဲ့အခါမှာ အရင်ကထက်ပိုပြီး ဂုဏ်သိက္ခာ မြင့်မားလာတယ်၊ ရင့်ကျက်လာတယ်၊ အရင်က ပြသာနာတခုစီကို
နည်းလမ်းတမျိုးစီနဲ့ အဖြေရှာခဲ့ပေမယ့်၊ အခုတခါတော့ ပြသာနာအားလုံးကို ခြုံငုံနိုင်မဲ့နည်းလမ်းကို ရှာတာ တွေ့ရတယ်။ ဥပမာ အရင်ကငါးတကောင်ကို ငါးမျှားတံ တခုစီသုံးပြီး
မျှားခဲ့တယ်ဆိုရင် အခုက ပိုက်ကွန် ( ကွန်ယက် ) ကြီး သုံးပြီး စွဲဆောင်စည်းရုံးတာပါ … ဆိုတာမျိုး၊ ဒီမိုကရေစီခေါင်းဆောင်ကြီး ဘဘဦးဝင်းတင်က ကွန်ယက်ဆိုတဲ့ စကားကို
လှလှပပလေး နမိတ်ပုံပြု ပေးလိုက်တယ်။
လူကြီးတွေက နည်းပညာသဘောတွေကို သိပ်နားလည်ဟန် မတူဘူး လို့ တချို့က ထင်မြင်ကြ လိမ့်မည်။ ဒါပေမဲ့ အခုပြောနေတဲ့ လူမူကွန်ယက်၊ အမျိုးသားကွန်ယက်၊
တိုင်းရင်းသားကွန်ယက် မှည့်ချင်သလိုသာ မှည့်၊ ခေါ်ချင်သလိုသာ ခေါ်၊ အားလုံးဟာ အင်တာနက်တွေ ဖေ့စ်ဘွတ်ခ် တွေ တွိတာတွေ အဲဒီနည်းပညာတွေ မပေါ်ခင်ကတည်းက
ရှိနေပြီးသား အခြေခံသဘောတရား လုပ်ငန်းစဉ်တခု ဖြစ်တယ်ဆိုတာ ကိုတော့ မမေ့စေချင်ပါ။ အဲဒီအခြေခံအုတ်မြစ် လုပ်ငန်းစဉ်ကိုမှ နည်းပညာက အခုခေတ်မှာ ပိုမိုချောမွေ့အောင်
လုံခြုံအောင် မြန်ဆန်အောင် ထောက်ပံ့၊ဆောင်ရွက် ပေးနိုင်လိမ့်မယ်လို့သာ မျှော်လင့်စရာ အကြောင်းရှိရမည်ပေါ့။ ဖေ့စ်ဘွတ်က ရွှေတိဂုံအနောက်ဖက်မုဒ်မှာ မဟုတ်ပ.။
ါ တွိတာက
ဒီပဲယင်း မဟုတ်ပါ။ အင်တာနက်ကြီးကလည်း.မြန်မာပြည်ကြီး မဟုတ်ပါချေ။
“ချိတ်ဆက်ဆောင်ရွက်ခြင်း” ဆိုတဲ့အနက်က အသစ်အဆန်း နားမလည်နိုင်စရာ မဟုတ်သလို “ကွန်ယက်” ဆိုတဲ့ ပုံဆောင်စကားလုံးကလည်း အခုမှပေါ်လာတဲ့
ပေါ်ပင်အသုံး မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တလောမှာတော့ ပေါ်ပေါ်ပင်ပင် ပိုဖြစ်လာပြီး၊ ရှုပ်ထွေးမူတွေလည်း မြင်နေ ကြားနေရ လေသည်။ ထိုးထိုးထောင်ထောင် တွန်းတွန်းတိုက်တိုက်
မေးတဲ့ မီဒီယာ မေးခွန်းတချို့ကြောင့်လည်း မလိုအပ်ပါပဲ ပိုပြီး ရှုပ်ထွေးကုန်လေသလား။
အငြင်းပွားဖွယ်ဖြစ်နေတဲ့ လူငယ်ကွန်ယက်ဖွဲ့စည်းမူ၊ ခေါင်းဆောင်မှုတချို့နဲ့ ပတ်သတ်လို့ ဘဘဦးဝင်းတင်ရဲ့ အယူအဆက
“ကွန်ယက်ရဲ့ သဘောတရားမှာ ခေါင်းဆောင်ဆိုတာထက် ကြားခံဆောင်ရွက်သူဆိုတာမျိုးသာ ရှိသင့်တာလို့ သူ နားလည် တယ် …”
တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုတော့ လုံခြုံရေးတာဝန်ယူထားတဲ့ ဦးဝင်းထိန် က တဆင့်ရှင်းလင်းဖွင့်ဆိုပါတယ်။
“ ကွန်ယက်ဆိုတာ တစု တဖွဲ့ သီးသန့်မျိုး မဟုတ်ဘဲ အလျားလိုက် ကျယ်နိုင်သလောက် ချဲ့ထွင် သွားရမယ့် လုပ်ငန်းစဉ် ဆိုတာမျိုး ။”
“လူငယ်ကွန်ယက်” ဆိုတာကြီး ဖြစ်ပေါ်လာဖို့အရေး အဲဒီလိုလူငယ်နဲ့ “ကွန်ယက်” ဆိုတဲ့ ဝေါဟာရ တွဲစပ်မရ မတင်မကျဖြစ်နေရတဲ့ ကိစ္စကို အဖွဲ့ချုပ် ခေါင်းဆောင်
ဘဘဦးတင်ဦး ကလည်း
“တိုင်းပြည်နဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်ကောင်းအောင်လုပ်မယ်၊ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပြီးတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ၊ ဆက်စပ်ပြီးတော့ လုပ်မယ် ဆိုပြီး
ကလေးတွေ ပြောသွားတာ ချစ်စရာကောင်းတယ်”
လို့ ဖေးဖေးမမ ပြောသွားပါတယ်။
ဟုတ်တယ်လေ ကွန်ယက်ဆိုတာ အဖွဲ့အစည်းတခုမှ မဟုတ်တာ။ လုပ်ငန်းစဉ်တခု သက်သက်ပဲ မဟုတ်ဘူးလား။ ဖွဲ့စည်းဖို့မလို ချိတ်ဆက်ဖို့ပဲ လိုတာပေါ့.။ ဒါဆို
အမည်နာမတောင် တပ်ထားဖို့ လိုအပ်လှပါအုံးမလား။
နေအုံး ။ ဒါဟာ.ဟိုးယခင် အရင့်အရင်တည်းကရှိခဲ့တဲ့ “ကွန်ယက်”ဆိုတဲ့ ဝေါဟာရ အဟောင်းတခုနဲ့ အခုမှ ပေါ်လာတဲ့ “အင်တာနက်” ဆိုတဲ့ဝေါဟာရအသစ် ၂ ခု ကြား
ယဉ်ကျေးမူ ခြင်း တွန်းတိုက်မိခြင်းလား။ တွဲစပ် မိတ်ဖက်လို့ အံမ၀င်သေးတာလား။ အဲဒီလို အံမ၀င်နိုင်အောင် ကြားက ခံနေတဲ့ အတားအဆီးက. နိုင်ငံရေးလား၊ လုံခြုံရေးလား၊
ယုံကြည်မှုလား၊ နားလည်မှုလား၊ အမြင်ကျယ်မှုလား ။
ကိုယ်တိုင်အဖြေရှာမရတဲ့ အဲဒီမေးခွန်းတွေကို တွေ့သမျှ မိတ်ဆွေတွေကို လျှောက် မေးမိတော့တယ်။ တနေ့ကတော့ ပြည်တွင်းကသူငယ်ချင်းတယောက်နဲ့ အင်တာနက်မှာ
စကားပြောကြည့် ဖြစ်တယ်။ သူက တက်ကြွတဲ့ စီးပွားရေးလုပ်ငန်းရှင် တယောက်။
“ ငါတို့ဆီမှာ ဘာဖေ့စ်ဘွတ်ခ်မှ မလိုဘူး၊ ရေဒီယိုတလုံးရှိရင် ရပြီ ” တဲ့။
လက်တွေ့ ကျလှချည်လား။
“ ပြီးရင် ကိုယ့်အချုင်းချင်း ဆွေးနွေးတယ်။ သတင်းပေးတယ်။ တိုက်တွန်းတယ်။ ငါ့ဆိုင်ကို လာတဲ့လူတွေက ငါ စီးပွားရေးလုပ်နေပေမယ့် နိုင်ငံရေးမှာ
စိတ်ဝင်စားတာလည်းသိတယ်၊ မြင်တယ်။ ငါလုပ်တဲ့အလုပ်တွေကိုလည်း နီးစပ်သလို စည်းရုံးတယ်။ နာဂစ်တုန်းကဆို ငါတို့စီးပွားရေးလုပ်ငန်း ဖက်စပ်တူတွေကို တတ်နိုင်သလောက်
စုစည်းပြီး ငွေကောက်ကြ၊ သွားလှူကြလုပ်တယ်။ တနေ့ကတောင် အဖွဲ့ချုပ်မှာ ဒေါ်စုတို့လုပ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ မဲဖောက်တာဝန်ယူဖို့ သွား မဲ နှိုက်တယ်။
နောက်သူငယ်ချင်းတယောက်ပါ ခေါ်သွားတယ်။ သူက တယောက်နှိုက်တယ်။ ခန္တီးထောင်က အဘိုးကြီးတယောက် ကျတယ်။ ငါကတော့ သုံးယောက်ကို နှိုက်ပစ်လိုက်တယ်။”
အားရပါးရဖြစ်နေတဲ့ သူငယ်ချင်းမကို
“သာဓုခေါ်ပါတယ် သူငယ်ချင်းရယ်။ နင်ကတော့လေ နိုင်ကို မနိုင်ဘူး။ လောဘကလည်း ကြီးလိုက်တာ …” လို့ နောက်တော့ သူက ထုံးစံအတိုင်း
“ ဟဲ့ … အခုထိ အကျဉ်းသား ၃၀၀ လောက် ကျန်နေသေးတယ်ဟ။ အဲဒီတော့ ငါ့မှာ ၃ ယောက် တောင် နှိုက်ရတာပေါ့။ ရန်ကုန်က တတ်နိုင်တဲ့သူတွေ ဘာလုပ်နေကြသလဲ
မသိဘူး။ ငါ့ ဘော်ဒါတွေထဲ ပြောကြည့်အုံးမယ်။ ရုံးက လူတွေကလည်း သေချာရှင်းပြပါတယ်။ ဒီလိုမဲနှိုက် တာဝန်ယူတယ် ဆိုတာ တောက်လျှောက် အလုံးစုံထောက်ပံ့နေရမယ့်
တာဝန်မျိုးကြီး မဟုတ်ပါဘူး …တဲ့။ အဓိကရည်ရွယ်တာက နိုင်ငံရေးအကျဉ်းသားတယောက်ကို စိတ်ဓါတ်အားဖြင့် အဖော်ပြုပေးတဲ့ သဘော အားပေးတဲ့သဘောပါ တဲ့။
ကိုယ့်မိသားစုအပြင် တခြားတစုံတယောက်က ဒီမိုကရေစီ အင်အားစုကြီးကို ကိုယ်စားပြုပြီး ထိတွေ့ ဆက်ဆံ ပြောဆိုပေးနေမယ် ဆိုတဲ့ စိတ်ဓါတ်ခွန်အား တခုက ကျနော်တို့ အတွက်
သိပ်ကို အရေးပါပါတယ် …လို့ သူကိုယ်တိုင် ထောင် ၁၀ နှစ် ကျခဲ့တဲ့ အဲလူက ရှင်းပြတယ် ဟ။”
“ အေးဟယ် ငါတောင် ဒီဖက်ကနေ နင်ပြောလို့မဲနှိုက်ချင် စိတ် ပေါက်လာပြီ ”
လို့ အားတွေပါနေမိရင်း ကိုယ်တိုင်မှ သွားမလုပ်နိုင်တာကွာ လို့ အားမလို အားမရဖြစ်သွားရတယ်။ ပြီးတော့မှ ထည့်ဝင်လုပ်ဆောင်နေကြ မိုးမခက နိုင်ငံရေးအကျဉ်းသား
ကူညီစောင့်ရှောက်ရေး ရန်ပုံငွေ လေးကို သတိရ သွားရင်း စိတ်ကလေး နည်းနည်းသက်သာရာရ သွားမိသည်။ အများကြီးတော့လည်း မဟုတ်၊ အဆင်ပြေသလို တပိုင်တနိုင်လေးပါ။
ဒါပေမဲ့ ကိုယ် တတ်နိုင်သလောက်ကလေးကို ကိုယ်ယုံကြည်နိုင်လောက်တဲ့ အစုအဖွဲ့လေးတခုမှာ ထည့်ဝင် ပတ်သတ်ထားတော့ ချိတ်ဆက်ထား လိုက်တော့ …
အင်း … ဒါဆိုတာလည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး ကွန်ယက်တခုပေါ့။
တယောက်က အစ တရာ ဆိုသလို ပြောကြ ရေးကြနဲ့ သူလည်း ချိတ်ဆက်မိခဲ့သည်။
အခုလည်း သူကနေ မှတဆင့် ဘယ်သူတွေကိုဆက် ပြောပြ စည်းရုံးရရင် ကောင်း မလဲ။ သူ့သူငယ်ချင်းမ ပြောပြတဲ့ လူကိုယ်တိုင် တယောက်ချင်း တာဝန်ယူကြတဲ့
အစီအစဉ်လေးကိုလည်း လူတွေ ဒီ့ထက်ပိုသိလာရင် ကောင်းမယ်။
အကျဉ်းသားတွေ ၃၀၀ တောင် ကျန်နေသေးတယ် တဲ့။ ဟိုးနေ့က အေအေပီပီ က ပြောသွား သလို မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ တောင် ရှိတာ။ နိုင်ငံရေးအကျဉ်းသား
၂ ထောင် ကျော် ကို ကူညီ စောင့်ရှောက်ဖို့ ဆိုတာ မခက်နိုင်စကောင်း ပါရဲ့လေ ။ ။
တခြားကော ငါတို့ ဘာလုပ်နိုင်ကြအုံးမလဲ။
ညာဖက်လက်ကို ဆန့်ထုတ်ပြီး အနီးဆုံးကလူရဲ့ ဘယ်လက်နဲ့ ချိတ်ဆက်လိုက်မယ်။ ပြီးတော့ မျှော်လင့်စရာကောင်းတဲ့ နေရာကြီးပါ လို့ နှုတ်ခွန်းဆက်လိုက်မယ်။
သိပ်မကြာတဲ့ အချိန်တခုမှာ ကိုယ့်ရဲ့ဘယ်ဖက်လက်ကို တယောက်ယောက်က ကမ်းလှမ်းလာပြီ ဆိုရင်တော့ ဟောဒီ ကွင်းပြင်ကြီးထဲမှာ လူတွေ အားလုံးကွန်ယက်ကြီးတခု
ဖြစ်သွားပြီပေါ့ ။ ခဏနေရင် ကြားရလိမ့်မယ် …
ဟေး … မျှော်လင့်စရာကောင်းတဲ့ နေရာကြီးပဲနော် …

http://www.moemaka.com/

ထိုင်းနိုင်ငံနိုင်ငံကူးလက်မှတ်လုပ်ဆောင်ရန် မြန်မာအလုပ်သမားများအခက်ခဲကြုံ

နဒီမွန်၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၁၁ရက်။ဇန်နဝါရီ ၁၅၊၂၀၁၁။
နဒီမွန်(ဇန်နဝါရီ-၁၅)။ ။ ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့တွင် ပတ်စပို့ယူပြီးဘန်ကောက်ကို ပြန်တက်လာသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအများစုသည်
ထိုင်းနိုင်ငံနိုင်ငံကူးလက်မှတ်လုပ်ဆောင်ရန်အတွက် အလုပ်သမားများ အခက်ခဲကြုံတွေ့နေရပြီး ထိုင်းရဲများ၏ဖမ်းဆီးစစ်ဆေးမှုကိုခံနေကြရသည်ဟု အဖမ်းခံရသည့်အလုပ်သမား
အချို့မှပြောပါသည်။

ထိုင်းဘာသာစကားကိုကောင်းကောင်းမကျွမ်းကျင်သည့် အလုပ်သမားအသစ်များသည် လူကုန်ကူး ပွဲစား များ၏လိမ်လည်လှည့်စားမှုများကိုလည်းခံနေကြရပြီး


တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်ရထားသော်လည်း တချို့ သော ထိုင်းရဲတွေ စစ်ဆေးမေးမြန်းဖမ်းဆီးမှုများခံနေရဆဲဟု ဘန်ကောက်မြို့တော်အ၀င်ဂိတ်တွင် အဖမ်းခံ ရသည့်
နိုင်ငံကူးလက်မှတ်လုပ်ဆောင်ခဲ့သူ အမျိုးသမီးတစ်ဦးမှ ယခုလိုပြောပါသည်။

“ကုန်ကျစရိတ်တွေ ပွဲစားကိုပေးပြီမှပွဲစားကပြောတယ် တံဆိပ်မရိုက်လည်း သွားလို့ရတယ်ဆိုပြီတော့ ကျမတို့ ဘက်ကောက်ကိုတက်လာတော့ပေါ့ ၊


ဘန်ကောက်ရဲဂိတ်ကိုလည်းရောက်ရော ကျမအုပ်စု လူသုံးယောက်နဲ့ တခြားကခုနှစ်ယောက်ကို ရဲကဖမ်းဆီးလိုက်တယ်။ ပတ်စပို့မှာထိုင်းတံဆိပ်မရိုက်နိုပ်ထားတဲ့အတွက်ပါ၊ နေ့တိုင်း
လိုလို ပတ်စပို့ရှိတဲ့သူတွေအဖမ်းခံနေရတယ်၊ ကျမတို့အဖမ်းခံရတဲ့အချိန်မှာ အချုပ်ခန်းမှာ လူအယောက် (၂၀)လောက်ရှိတယ်၊”

ယခုလိုအဖမ်းခံရသည့်လူများကို ထိုင်းရဲများမှ ထိုင်းစကားကျွမ်းကျင်ပြီး ငွေပေးနိုင်သည့်သူများကိုသာ လွှတ်ပေးပြီး မပေးနိုင်သည့်သူများကို အချုပ်ခန်းမှာထားကာ


မြ၀တီကိုပို့သည်ဟုလည်း အဆိုပါ အမျိုးသမီးမှ ယခုလို ပြောပါသည်။

“ပတ်စပို့လုပ်တဲ့စရိတ်ကလည်းမနည်းဘူး ။ ပတ်စပို့လုပ်ပို့က (၄၅၀၀)ဘတ် အလုပ်လုပ်ခွင့်လက်မှတ်ရဘို့ ကို တနှစ်မှာ (၂၈၀၀)ဘတ်။ ထိုင်းအစိုးရကို (၂၄၀၀)ဘတ်။ ကိုယ့်ကို
တာဝန်ယူ ပေးတဲ့လူကို တစ်လကိ(ု ၂၆၆) ဘတ်လတိုင်းပေးရမှာ ဖြစ်တယ်။ တံဆိပ်ပြန်နိုပ်ရင်တော့ နိုပ်ခ (၁၁၀၀) ဘတ် ပေးရဦးမယ်၊ လမ်းစရိတ် စားစရိတ်နဲ့(၂)သောင်းနီးပါကုန်တယ်။
အဲဒါကြောင့် ပတ်စပို့လုပ်ပြီလည်း သွားလာရအဆင်ပြေတယ်ဆိုပေမယ့် လခနည်းနည်းနဲ့အလုပ်လုပ်ရရင်တော့ ဘယ်လိုမှအဆင်မပြေဘူး။”

နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများစွာသည် မိသားစုအတွက်ဝင်ငွေရှာရန်နှင့် မိသားစုများထံသို့ ငွေတချို့ပြန်ပို့နိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့


ဝင်ရောက်လာခဲ့ကြသည့် အတွက် ယခုလို အလုပ်သမားလက်မှတ်လုပ်ဆောင်ရန်အတွက် ငွေကြေးပေးဆောင်နေရသည့်အပေါ် အခက်အခဲဖြစ် နေသည်ဟု ထိုင်းနိုင်ငံစူရပ်ဌာဏီရှိ
ရာဘာခြစ်အလုပ်သမားတစ်ချို့မှပြောပါသည်။

သို့သော် အကယ်၍ နိုင်ငံကူးလက်မှတ်မလုပ်လျှင် အချို့မှာအလုပ်ရှင်ကောင်းနှင့်တွေ့လျှင်မထောင်းသာ


သော်လည်းအချို့မှာ၎င်းတို၏့လုပ်အားခများတရားသဖြင့်မရရှိဘဲထိန်းချုပ်ထားခြင်း ပြင်ပသို့ထွက်ခွာခွင့်မရခြင်း စသည်တို့ ထိန်းချုပ်ထားခြင်းကိုလည်းခံနေကြရသည်ဟု
အလုပ်သမားများမှဆိုပါသည်။

အလုပ်သမားများအဓိကလိုအပ်ချက်ဖြစ်သည့် လုံခြုံရေး နေထိုင်ရေး လုပ်အားခတရားသဖြင့် ရရှိနိုင်ရန် အတွက် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရသဘောတူညီထားသည့်


တရားဝင်အလုပ်လုပ်နေထိုင်ခွင့် ပတ်စပို့ စာအုပ် (နိုင်ငံကူးလက်မှတ)် ကို ငွေကုန်ကျခံပြီး ပွဲစားများနှင့်နည်းအမျိုးမျိုး အဆက်သွယ်အမျိုးမျိုးနှင့် သွား ရောက်လုပ် ကိုင်ကြရပြီး
လုပ်အားခနှင့်မထိုက်တန်သောငွေကြေးပေးဆောင်နေရခြင်းအတွက် အခက်ခဲများ နှင့်ကြုံတွေ့နေ သည်ဟု နိုင်ငံကူးလက်မှတ်လုပ်ဆောင်သူ အလုပ်သမားတချို့မှပြောပါသည်။

(၂၀၀၃) ခုနှစ်ဝန်းကျင်မှစပြီ ထိုင်းအစိုးရနှင် မြန်မာအစိုးရတို့ နှစ်နိုင်ငံသဘောတူညီချက်အရတရားဝင် အလုပ်လုပ်ကိုင်ခွင့်အတွက် ယာယီနိုင်ငံကူးလက်မှတ်ကို စတင်လုပ်ခဲ့ပြီး


မြန်မာနိုင်ငံတွင် မြ၀တီ ကော့သောင်း တာချီလိတ် အစရှိသည့် နယ်စပ်မြို့နယ်များတွင် လုပ်ဆောင်ပေးနေသည်ဟု အလုပ်သမားများမှပြောပါသည်။

http://www.kaowao.org

တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖက်ရှင်မယ် အလှပြိုင်ပွဲတွင် မာရာမာနှင့် ရခိုင် အမျိုးသမီးက ပထမနှင့် ဒုတိယ ရရှိ

1/15/2011

Adjust font size:

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ မြန်မာ နယ်စပ် အနီးတည်ရှိသော ကော့စ်ဘာဇား (ဖလောင်းချိတ်မြို့) ပင်လယ် ကမ်းခြေတွင် ယမန်နေ့က ကျင်းပပြု လုပ်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ဖက်ရှင်မယ်
အလှပြိုင်ပွဲတွင် မာရမာ အမျိုးသမီး မမေဖြူက ပထမ ရရှိသွားပြီး ရခိုင် အမျိုးသမီး ခင်ခင်မူက ဒုတိယဆု ရရှိသွားသည်။

တတိယဆုကိုမူ သက်အမျိုးသမီး မာနီခမှ ရရှိသွားခဲ့သည်။ အဆိုပါ ဖက်ရှင်ပြိုင်ပွဲတွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုး ၁၉ မျိုးမှ အမျိုးသမီးငယ်များ
ပါဝင်ယဉ်ပြိုင်ကြခဲ့ကြသည်။
ပထမ ဆုရရှိသူ မာရမာ အမျိုးသမီး မမေဖြူကို နိရဉ္စရာမှ ကိုထွန်းထွန်း ကိုယ်တိုင်သွားရောက်ပြီး အင်တာဗျူး လုပ်ရာ မမေဖြူက ယခုကဲ့သို့ စတင် ပြောကြားသည်။

ဖြေ။ မင်္ဂလာပါ။ ကျွန်မနာမည်က မမေဖြူ ( မာရမာ)ဖြစ်ပါတယ်။ အသက်က ၂၅ နှစ်ပါ။ ပညာအရည်အချင်းက ခု Intermidiate ကောလိပ် ဒုတိယနှစ် အောင်ပီး ဖက်ရှင် ဒီပလိုမာမှာ
ဆက်ပြီး ဖတ်နေပါတယ်။

မေး။ ခုလိုဖက်ရှင်ဒီဇိုင်းမှာ ပါဝင်ယဉ်ပြိုင်ဖို့အတွက် အစက ဘယ်လိုပြင်ဆင်ခဲ့ပြီး ဘာရည်ရွယ်ချက်နဲ့ ၀င်ပြိုင် တယ်ဆိုတာကိုသိပါရစေ။


ဖြေ။ ကျွန်မတို့ မာရမာ လူမျိုးရဲ့ ၀တ်စားဆင်ယင်မှုကို တိုးတက်လာစေဖို့ အတွက် ဒီဖက်ရှင် ဒီဇိုင်းကို စိတ်ဝင်စားပြီး ပါဝင်ယဉ်ပြိုင်တာ ဖြစ်ပါတယ်။ ကျွန်မတို့မာရမာ လူမျိုးကို
နိုင်ငံတကာက သိစေဖို့၊ ပီးရင် ကျွန်မတို့ မျိုးဆက်သစ် မာရမာ အမျိုးသမီးတွေကို နိုင်ငံတကာအဆင့်မီအောင် ဖက်ရှင် ဒီဇိုင်းနဲ့ မြှင့်တင်စေချင်တဲ့ ရည်ရွယ်ချက်တွေ အတွက် ဖြစ်တယ်။
မေး။ မနေ့ကပြုလုပ်တဲ့ ဖက်ရှင်ပွဲမှာ အကောင်းဆုံး ဖြစ်မလို့ မျော်လင့်ခဲ့တာ ရှိပါသလား။
ဖြေ။ ပထမဆုကို ရဖို့အတွက် မျော်လင့်ချက်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအနေနဲ့ ၂၀၀၂ ခုက ဘင်ဒရောဘင် (ရွာတော်) မှာ တကြိမ် ၀င်ပြိုင်ခဲ့ဖူးတာ ရှိသလို
နောက်ဘင်္ဂလာက Channel တခုမှာလည်း ၀င်ပြိုင် ခဲ့ဖူးပါတယ်။ ဒါပေမယ့် success မဖြစ်ခဲ့ပါ။ ကျွန်မခုလို ပထမဆုကို ရယူဖို့ အတွက် ဖလောင်းချိတ်မှာရှိတဲ့ အမကြီး တူတူ
အလှပြင်ဆိုင်က ပြင်ဆင်ပေးတာရယ်၊ ပီးရင် ကျွန်မကို ပထမဆုကို ရအောင်မြှင့်တင် ပေးတဲ့ ပွဲပရိတ်သတ်တွေကို လည်းအများကြီးကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။
မေး။ ပထမဆုရတဲ့ အတွက် ရင်ထဲမှာ ဘယ်လို ခံစားရသလဲ။
ဖြေ။ အရမ်းကိုဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ခုလိုကျွန်တို့မာရမာ အမျိုးသမီး တယောက်အနေနဲ့ ပထမဆု ရရှိတဲ့ အတွက် ကျွန်မတို့ မာရမာ လူမျိုး အသိုင်းအ၀န်းထဲမှာ ဂုဏ်သိက္ခာ
ပိုရှိသလို နိုင်ငံတကာကလည်း သိသွားခဲ့တဲ့ အတွက် အရမ်းကို ၀မ်းသာရပါတယ်။

နိရဉ္စရာမှ ထွန်းထွန်း မေးမြန်းနေစဉ်

ဘင်္ဂလာဒေခ်ျ့ လူမျိုးပေါင်းစုံ တိုင်းရင်းသူ ဖက်ရှင်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့သည့် မမေဖြူ၏ ဖခင်မှာ ဦးအောင်ထွန်းမောင် ဖြစ်ပြီး မိခင်မှာ ဒေါ်ချမ်းအေးဖြူ ဖြစ်ကြောင်းသိရသည်။

ပထမဆုရရှိသူ မမေဖြူမှာ တာကာ ၂၅၀၀၀ တာကာ၊ ဒုတိယဆု ရရှိသူရခိုင်အမျိုးသမီး ခင်ခင်မူမှာ ၁၅၀၀၀ တာကာ နှင့် တတိယဆုရရှိသူ သက်အမျိုးသမီး မာနီခ ၁၀၀၀၀ တာကာ
ဆုအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

(မှတ်ချက်။ ။ ယခင် ရခိုင် အခေါ် ဗိုလ်မင်းထောင် - ယခု ဒေသအခေါ် ဘင်ဒရိုဘင်( ရွာတော်မြို့တွင)် နေထိုင်သူများမှာ ရခိုင်နှင့် ဘာသာ စကား ယဉ်ကျေးမူ ၀တ်စားဆင်ယင်မူ
တူညီသော်လည်း သူတို့ကို သူတို့ ရခိုင်လူမျိုးများဟု မပြောဘဲ မာရမာ လူမျိုးများ ဖြစ်ကြောင်း ပြောဆိုသည်။)

FAO မှ ဂီရိဒေသတွင် စားနပ် ရိက္ခာ အစီအစဉ်ကို ရပ်ဆိုင်းပြီး မွေးမြူရေးကို ကူညီမည်

1/15/2011

Adjust font size:


ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့သော ဒေသများတွင် ကုလသမဂ္ဂမှ စားနပ် ရိက္ခာ အဖွဲ့ FAO မှ စားနပ်ရိက္ခာ ဖြန့်ဝေပေးမှု အစီအစဉ်ကို ရပ်ဆိုင်းပြီး မွေးမြူရေးလုပ်ငန်းများ အတွက် များမကြာမှီ
စတင် ကူညီပေးသွားမည်ဟု သတင်း ရရှိသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ FAO သည် ဂီရိတိုက်ခတ်ခဲ့သော ဒေသများကို နိုဝင်ဘာမှစ၍ စားနပ်ရိက္ခာများ ကို ပေးဝေ ဖြန့်ဖြူးပေးခဲ့ရာ သုံးလပြည့် မြောက်သည့် ဇန်နဝါရီလတွင်
အဆိုပါ ရိက္ခာ ဖြန့်ဖြူးမူကို ရပ်ဆိုင်တော့မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖေါ် ပြောကြားသည်။

သို့သော်လည်း ဒေသခံ လေဘေးသင့် ပြည်သူများ ဘ၀ရပ်တည်နိုင်ရေး အတွက် အသေးစား မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အစီအစဉ် ပြုလုပ်ကာ ကူညီ ဆောင်ရွက်
ကိုင်သွားမည် ဖြစ်ကြောင်း ပြောသည်။

အဆိုပါ အစီအစဉ်အတွက် ရန်ကုန်ရုံးက FAO ဌာနေကိုယ်စားလှယ် ဒေါက်တာရှင်မိုင်းအိ က စစ်တွေမြို့ကို ရောက်ရှိနေပြီး ကြက်၊ ဝက်၊ ဆိတ်တွေ ဝယ်ယူနိုင်ရေး အတွက် ဒေသခံ
လုပ်ငန်းရှင်တွေကို တင်ဒါ ခေါ်ယူနေကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မူကို FAO က လာမည့် မတ်လ အတွင်း စတင် ကူညီ ထောက်ပံ့ သွားမည် ဖြစ်ပြီး အဆိုပါ စီစဉ်အရ ဂီရိမုန်တိုင်းကြောင့် အထိအနာဆုံးဖြစ်သော မြေပုံမြို့နယ်တွင်
ပြည်သူများကို အဓိက ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

FAO အဖွဲ့ အနေဖြင့် အဆိုပါ ဒေသအတွင်း တအိမ်ထောင် ကြက် ၁၀ ကောင် အပါအ၀င် တခြား ဆိတ်၊ ဝက်တွေများကိုလည်း အိမ်ထောင်စုပေါင်း ၆၀၀ ကျော်အတွက်
ကူညီလှူဒါန်းသွားရန် စတင် စီစဉ်နေကြောင်း FAO အရာရှိက ပြောသည်။

ဂီရိမုန်တိုင်းတိုက်ခတ်ရာ ဒေသတွင် ကုလသမဂ္ဂအဖွဲ့ အစည်းများ အပါအဝင် ပြည်တွင်း ပြည်ပ အင်န်ဂျီအိုပေါင်း ၂၀ ကျော်ခန့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
လုပ်ကိုင်လျက်ရှိသော်လည်း ယခုအချိန်ထိ မုန်တိုင်းသင့် ပြည်သူများ လိုအပ်ချက်ကို ၂၅ ရာခိုင်နုန်းခန့်သာ ထောက်ပံ့ပေးနိုင်သေးကြောင်း သိရသည်။

ဂီရိသင့်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းအများ အတွက် နအဖ စစ်အစိုးရမှ တစုံတရာ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိသဖြင့် လေဘေးသင့် ပြည်သူများမှာ
အကူအညီ ရရှိနိုင်ရေး အတွက် နိုင်ငံခြား အန်ဂျီအိုများကိုသာ အဓိက အားကိုး နေကြရကြောင်း သိရှိရသည်။

လေဘေးဒေသ ဖြန့်ကျက် စစ်သားများ အားလုံး ရုတ်သိမ်း

1/15/2011

Adjust font size:

ရခိုင်ပြည်နယ် ဂီရိလေဘေးသင့် ဒေသများတွင် လေဘေး အကူအညီများ ဆောင်ရွက်ရန် ရောက်နေသော စစ်သားများကို ယခုလဆန်းပိုင်းမှ စတင်ပြီး ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်း
သိရသည်။

ယခုကဲ့သို့ ရုတ်သိမ်းသွားခြင်းမှာ ကရင်ရှေ့တန်းသို့ ပို့ဆောင်ရန် အတွက် ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။

“ အခု ကယ်ဆယ်ရေး လုပ်နေတဲ့ စစ်သားတွေ တစ်ဦးမှ မရှိတော့ဘူး။ သူတို့ကို အကုန်လုံး တပ်ရင်းကို ပြန်ခေါ်သွားတယ်။ လက်ရှိ သိရတာက သူတို့ကို ကရင်ဘက်ကို ပို့နေတယ်လို့
သိရပါတယ်” ဟု ပြောသည်။

ဂီရိ မုန်တိုင်း ရခိုင်ပြည်နယ်ကို ဖြတ်ကျော် ၀င်ရောက်တိုက်ခတ်ခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ပြီး လေဘေးသင့် ဒေသများတွင် သန့်ရှင်းရေး လုပ်ငန်းများ နှင့်
ပြိုပျက်သွားသော ကျေးရွာများ ပြန်လည် တည်ဆောက်ရေး အတွက် ရခိုင် အခြေစိုက် စစ်တပ် အများအပြားကို ဖြန့်ကျက် ချထားခဲ့သည်။

အမည်မဖေါ်လိုသူ အမျိုးသမီးတစ်ဦးကလည်း “ စစ်သားတွေကို မင်းပြား တိုင်းဗဟို ၉ မှာ စုဆောင်းနေပြီး အဲဒီကတဆင့် ကရင်ဘက်ကို ပို့နေတယ်လို့ သိရပါတယ်။
ကားလမ်းတလျောက်မှာ စစ်တပ်က ကားတွေ အသွားများနေတာကိုလည်း တွေ့နေရပါတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် အခြေစိုက်သော တပ်ရင်း အများအပြား ကရင် ရှေ့တန်းသို့ ယူဆောင် သွားခဲ့ရာ ယခုနောက်ဆုံး ရသေ့တောင် အခြေစိုက် ခမရ ၅၃၆၊ ၅၃၇နှင့် ၅၃၈
တို့လည်း ပါဝင်ကြောင်း သိရသည်။

ကရင်ပြည်နယ်ဘက်သို့ များမကြာမှီက စစ်ကူ လိုက်သွားသော တပ်ရင်းများမှာ ကျောက်တော် အခြေစိုက် ၃၇၇၊ ၃၇၈၊ ၅၄၀၊ မြောက်ဦး အခြေစိုက် ၅၃၉၊ ၅၃၅ ပုဏ္ဍားကျွန်း အခြေစိုက်
၅၄၅နှင့် စစ်တွေ အခြေစိုက် ၂၅၂ တို့ဖြစ်ကြသည်။

http://www.narinjara.com

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု အာစီယံ ကြိုဆို

2011-01-16

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတာကို အာစီယံအဖွဲ့က ကြိုဆိုကြောင်း ဒီကနေ့ ကျင်းပတဲ့ အာစီယံ နိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးအပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
(Photo: AFP)

အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယ)ံ အစည်းအဝေးတခုတွင် အာဆီယံ၏ အလံ (ယာအစွန်) နှင့် အဖွဲ့ဝင် နိုင်ငံများ၏ အလံကို စိုက်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ လုံဘုတ်ကျွန်း၊ မီဒါနား အပန်းဖြေစခန်းမှာ စတင် ကျင်းပတဲ့ အာစီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ တောင်အာရှကျွန်းစု
နယ်မြေပိုင်နက် အငြင်းပွားမှု အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ အာစီယံက တောင်းဆိုကြောင်း၊
တဖက်မှာလည်း မသမာမှုတွေ များခဲ့တယ်လို့ ဝေဖန်ခံခဲ့ရတဲ့ စစ်အစိုးရ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပွင့်လင်းပြီး နောင်ဖြစ်လာမယ့် ပြောင်းလဲမှု အလားအလာတွေအတွက် အပြုသဘော
ဆောင်ရွက်မှု တခုအဖြစ် ရှုမြင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတလီဂါဝါးက သတင်းထောက်တွေကို ပြောပါတယ်။

မနှစ်က ဒီအချိန်နဲ့စာရင် မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ပေါ်မှု ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအကြား ကွာဟမှုဟာ အရင်ကထက် ပိုပြီး နည်းပါးလာကြောင်း၊ အထူးသဖြင့်
ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့ဆက်လိုတဲ့ သဘောထားနဲ့ တွေ့ဆုံဆွေးနွေးရေး အပြုသဘော ပြောကြားလာတာတွေ တွေ့မြင်ရကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက
ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာစီယံ နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးကလည်း အာစီယံ အလှည့်ကျဥက္ကဌ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်မယ့်
အစိုးရသစ်တရပ် ပေါ်ထွန်းလာရေး အာစီယံက လိုလားကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ရယက ဥက္ကဋ္ဌကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

2011-01-16

နေပြည်တော် ပုဗ္ဗာသီရိမြို့နယ် ဆိပ်နံတုန်းကျေးရွာက လယ်မြေတွေ သိမ်းယူခံရတဲ့ကိစ္စကို လယ်သမားတွေ ဘက်က ရပ်တည်ပြီး ခုခံပြောဆိုခဲ့တဲ့ ရယက ဥက္ကဋ္ဌ ဦးကျော်ကြီးနဲ့
ရွာသားတချို့ကို နယ်မြေခံ စစ်တပ်က လာရောက် ထုထောင်း ရိုက်နှက်ပြီး ဖမ်းဆီးချုပ်နှောင် ထားတယ်လို့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။

“လယ်တွေကို စစ်တပ်က အဓမ္မ သိမ်းနေတယ်။ အဲဒါကို ရဝတ ဥက္ကဋ္ဌ ကိုကျော်ကြီးက ဒီကိစ္စ မတရားဘူး၊ ဒါ လယ်သမားတွေအတွက် နစ်နာတယ်ဆိုပြီး ပြောတဲ့အခါမှာ စစ်တပ်ကနေ
သူ့ကို ဖမ်းပြီး ထုထောင်းရိုက်နှက်ပြီး အချုပ်ထဲ ထည့်ထားတယ်ဗျာ။ အတွင်းရေးမှူး ကိုအေးငြိမ်းချမ်းကိုလည်း အဲဒီစကားပြောတဲ့အတွက် သူ့ကိုလည်း ဖမ်းထားတယ်။ ရွာသား ကိုနေဝင်း
ကိုလည်း ထုထောင်းပြီးတော့ ဆိုင်ကယ်ကို သိမ်းထားတယ်ဗျာ”

ဆိပ်နံတုန်းကျေးရွာဟာ ပျဉ်းမနားမြို့ အနောက်ဘက် ၂ မိုင်ကျော် အကွာမှာ တည်ရှိပါတယ်။ အဲဒီဒေသတွေမှာ လယ်မြေတွေ အသိမ်းခံရတဲ့ကိစ္စ၊ အိမ်ခြေပေါင်း ၁ ထောင်လောက် အဓမ္မ
ဖျက်ဆီးခံရတဲ့ ကိစ္စတွေကို ကျေးရွာလူကြီးတွေက ပြည်ပ အသံလွှင့်ဌာနတွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့အတွက် စစ်တပ်က အခုလို လာရောက်ရိုက်နှက်ပြီး ဖမ်းဆီးထားတာ
ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာ ဇန်န၀ါရီလ ၁ဝ ရက်နေ့က စလို့ စစ်တပ်နဲ့ အာဏာပိုင်တွေက လူနေအိမ်တွေကို အဓမ္မ ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းကို RFA က မနေ့က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင် အကျဉ်းသားတွေကို NLD ကူညီမည်

2011-01-16

ရခိုင်ပြည်နယ် အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ အစ္စလာမ်ဘာသာဝင် အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ အနေနဲ့ ထောင်ဝင်စာ သွားတွေ့ဖို့ အခက်အခဲ ဖြစ်နေတာကိNLD

ပါတီက ကူညီ ဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ပါတီ တည်ထောင်ခြင်း ၂၂ နှစ်ပြည့် စက်တင်ဘာ ၂၇ ရက်နေ့ အခမ်းအနားတွင် မိန့်ခွန်းစကား ပြောကြားနေပုံ
ဖြစ်ပါသည်။ (Photo: AFP)

ရခိုင်ပြည်နယ် ထောင်တွေကို ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ ထောင်ဝင်စာ သွားတွေ့ရာမှာ အစ္စလာမ် ဘာသာဝင်တွေကို အာဏာပိုင်တွေက
နယ်ကျော်ခွင့်မပေးတဲ့ ပြဿနာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ဦးတင်ဦးက သူ အကူအညီပေးဖို့ မဲကျထားတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်သူ
လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အစ္စလာမ်ဘာသာဝင် ကိုအောင်ကျော်ဦးနဲ့ ပတ်သက်ပြီး အခုလို သိရှိရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ ဘူးသီးတောင်ကို သွားမယ်ဆိုတဲ့အခါကျတော့ အစ္စလာမ်ဘာသာဝင် ဖြစ်တယ်ဆိုရင် သွားခွင့် မပေးဘူးတဲ့။ အဲဒီတော့ကာ သူတို့မိသားစုက ပစ္စည်း အိမ်မှာ လာပို့ထားတာ ရှိတယ်။
ဘာသာရေးအရ ရှိခိုးဝတ်ပြုတဲ့ အောက်က အခင်းတို့၊ ကော်ဇောတို့၊ ပုတီးတို့၊ ကိုရန်ကျမ်းရဲ့ အဆိုအမိန့်တို့၊ ဆုတောင်းတာတို့။ အဲဒါ ပေးပေးပါဆိုပြီး လာပေးသွားတယ်။ ကျနော် အဲဒါ
စီစဉ်တယ်”

အခုကိစ္စဟာ ဘာသာရေးအရ နှိမ်ချ ဆက်ဆံတာတင်မက လူသားတဦး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုပါ ထိခိုက်နေတာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ဒီကိစ္စကို
ဆောင်ရွက်ဖို့ အစ္စလာမ် ဘာသာရေးအဖွဲ့တွေကို ဒီကနေ့ အလွတ်သဘော ဖိတ်ကြားခဲ့ပေမယ့် လာရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းသားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိစေဖို့ ဥပဒေကြောင်းအရ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ဦးတင်ဦးကို ဦးတင်အောင်ခိုင်က
ဆက်သွယ်မေးမြန်းထားပါတယ်။


က




်ေ

ြး

န်



က
်။



ံဖို
င်

ူရ
န်

IAEA က မြန်မာ နျူကလီယားကိစ္စ စာရေးအကြောင်းကြား

2011-01-16

မြန်မာနိုင်ငံက နျူကလီယားသတင်း တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အနုမြုစွမ်းအင်အဖွဲ့ IAEA က အချက်အလက် အသေးစိတ် ရရှိဖို့ မြန်မာ စစ်အစိုးရကို စာရေး
အကြောင်းကြားလိုက်တယ်လို့ သိရပါတယ်။

(Image: RFA)

မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင်
ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)

မြန်မာနိုင်ငံက နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်း အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက် သောကြာနေ့က စာရေးသား ပေးပို့ခဲ့တာလို့ သြစတြီးယားနိုင်ငံ
ဗီယင်နာမြို့တော် အခြေစိုက် IAEA နဲ့ နီးစပ်တဲ့ သံတမန်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။

မြန်မာ အစိုးရအနေနဲ့ သံသယဖြစ်စရာ နျူကလီယားနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ ရှိနေတယ်လို့ IAEA က သတင်းတွေ ရနေကြောင်း အမည်မဖော်လိုတဲ့ အဲဒီ သံအရာရှိက
ပြောပါတယ်။ IAEA အနေနဲ့ မြန်မာပြည်ထဲကို ကိုယ်စားလှယ်အဖွဲ့ စေလွတ် စစ်ဆေးလိုတဲ့ သဘောထားလည်း ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နျူကလီယားလက်နက်
ထုတ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ အများစုက သုံးသပ်ထားပါတယ်။

မနှစ်က စက်တင်ဘာလမှာ IAEA က နျူကလီယား သတင်းတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ IAEA က တောင်းဆိုရာမှာ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ မြန်မာ
စစ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သလို IAEA အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ရေးစာချုပ် ချုပ်ထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုပေါင်းဖွဲ့စည်း

2011-01-15

၂ဝ၁ဝ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာပြည်နယ် အသီးသီးက လွှတ်တော်သုံးရပ်မှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီ (၅) ခု စုပေါင်းပြီး ညီနောင် တိုင်းရင်းသားပါတီ Nationalities
Brotherhood Forum ဆိုတဲ့ အဖွဲ့ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းပေးဖို့နဲ့ မကြာခင် ဖွဲ့စည်းတော့မယ့် အစိုးရမှာ တိုင်းရင်းသားတွေထဲက ဒု-သမ္မတ ခန့်အပ်ပေးဖို့ ဆိုတဲ့အချက်
အပါအဝင် စုစုပေါင်း အချက် ၅ ချက် ပါ သဘောထား ကြေညာချက်ကိုလည်း ဒီကနေ့ ထုတ်ပြန်လိုက်တယ်လို့ အဲဒီ NBF အဖွဲ့ ဖွဲ့စည်းရာမှာ ပါဝင်တဲ့ ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ပူးဇိုဇံ
က အာအက်ဖ်အေကို ပြောပါတယ်။

“နံပါတ်-တစ် အချက်ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံအပေါ်မှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေ ဦးဆောင်ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို
တိုင်းရင်းသား ဒေသတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရုပ်သိမ်းပေးပါရန်၊ နံပါတ်-နှစ်က တပ်မတော်နဲ့ အနိုင်ရပါတီတွေ ရွေးထားတဲ့ နိုင်ငံတော်သမ္မတကို လက်ခံပါတယ်၊
တဆက်တည်းပဲ တိုင်းရင်းသားထဲက ခေါင်းဆောင်တဦးဦးကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်”

အဲဒီ အချက်တွေထဲမှာ အထက်လွှတ်တော်မှာ ဖြစ်စေ၊ အောက်လွှတ်တော်မှာ ဖြစ်စေ တိုင်းရင်းသား ပါတီတွေ ထဲကနေ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ လွှတ်တော်ဥက္ကဋ္ဌကို
ခန့်အပ်ပေးဖို့၊ ပြည်နယ်အသီးသီးက အစိုးရအဖွဲ့တွေမှာ ပြည်နယ်ပါတီတွေက ဝန်ကြီးနေရာတွေ အချိုးကျ ပါဝင်ခွင့်ပြုဖို့နဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စတာတွေလည်း
ပါဝင်ပါတယ်။

ညီနောင်တိုင်းရင်းသား ပါတီများ NBF အဖွဲ့ကို ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ရှမ်း-ကျားဖြူပါတီ ခေါ် SNDP ရုံးမှာ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ၊
ချင်းအမျိုးသားပါတီ CNP ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က ပါတီခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်ပြီး သဘောတူ ဖွဲ့စည်းလိုက်တာပါ။

ဒီ ဆွေးနွေးပွဲကို မတက်ရောက်နိုင်တဲ့ ဖလုံစဝေါ ကရင်အမျိုးသားပါတီက သဘောတူကြောင်း ဆက်သွယ် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေ စုပေါင်းအဖွဲ့ ဖွဲ့စည်းလိုက်တဲ့ အကြောင်း အသေးစိတ်ကို အာအက်ဖ်အေ ဦးခင်မောင်စိုးမင်းက ဆက်သွယ်မေးမြန်းပြီး
တင်ပြထားပါတယ်။


က




်ေ

ြး

န်



က
်။



ံဖို
င်

ူရ
န်

မြန်မာ့ စီးပွားရေးလွတ်လပ်မှု ကမ္ဘာမှာ အနိမ့်ဆုံးစာရင်းဝင်

2011-01-15

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွတ်လပ်မှု စောင့်ကြည့်ရေး Global Economic Freedom အဖွဲ့က ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဆိုင်ရာ
အချက်အလက်တွေကို စာရင်းပြုစု ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို စီးပွားရေးလွတ်လပ်မှု ဆဋ္ဌမမြောက် အနိမ့်ဆုံးနိုင်ငံအဖြစ် အမှတ်စဉ် ၁၇၄ မှာ ဖော်ပြထားကြောင်း သိရပါတယ်။

(Photo: AFP)

ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုတွင် စားဝတ်နေရေးအတွက် အမှိုက်ကောက်နေသော ကလေးသူငယ်များ ဖြစ်ပါသည်။ (Photo: AFP)

အခုလို မြန်မာနိုင်ငံမှာ စီးပွားရေးလွတ်လပ်မှုတွေ ဆိပ်သုဉ်းနေရတဲ့ အခြေခံ အကြောင်းတရားတွေနဲ့ ပတ်သက်ပြီး သြစတြေလျ အခြေစိုက် မြန်မာ့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က
အခုလို သုံးသပ်ပါတယ်။

“အကြောင်းရင်းကတော့ အများပြည်သူကို ကိုယ်စားပြုတဲ့ အစီအစဉ်လုပ်ရပ်တွေကို စစ်အာဏာရှင် အစိုးရအနေနဲ့ အကောင်အထည် မဖော်ခဲ့လို့ပေါ့။ အဲဒါက အဓိကပဲ။ နောက်တခုက
အများပြည်သူရဲ့ ဘဝရပ်တည်ရေး လုပ်ငန်းတွေကို အကျိုးမပြုဘဲနဲ့ စစ်တပ်နဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ အကျိုးကို ကိုယ်စားပြုတဲ့ စီးပွားရေး မူဝါဒတွေ အစီအစဉ်တွေကို ချမှတ်ခဲ့တာ။
နောက်တခုကတော့ စစ်အာဏာရှင်အစိုးရ အနေနဲ့ ဒီနေ့တမျိုး နက်ဖြန်တမျိုး ချမှတ်တဲ့ စီးပွားရေးမူဝါဒတွေ။ အဲဒါကြောင့် ကျနော်တို့ဟာ တဖြည်းဖြည်း ဆင်းရဲတဲ့နိုင်ငံ၊ တခါတည်း
ချောက်တွင်းထဲမှာကျနေတယ်”

Global Economic Freedom အဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လွတ်လပ်ခွင့် သုံည ရာခိုင်နှုန်း၊ ငွေရေးကြေးရေး လွတ်လပ်မှု ၁ဝ ရာခိုင်နှုန်း၊ ပိုင်ဆိုင်မှုလွတ်လပ်ခွင့်
၅ ရာခိုင်နှုန်း၊ အလုပ်သမား လွတ်လပ်ခွင့် ၂ဝ ရာခိုင်နှုန်း၊ ငွေကြေး ထိန်းချုပ်နိုင်မှု လွတ်လပ်ခွင့် ၅၆ ရာခိုင်နှုန်း၊ ကုန်သွယ်မှု လွတ်လပ်ခွင့် ၇၂ ရာခိုင်နှုန်း နဲ့ အစိုးရက အသုံးစရိတ်
လွတ်လပ်ခွင့်ရတာ ၉၈ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားပါတယ်။

ဗီဇာအတုနဲ့ မလေးရှားသွားမယ့်သူ ၈ဝ လေဆိပ်က ပြန်လွှတ်

2011-01-15

မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာ အလုပ်သမား ၈ဝ ကျော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ ဗီဇာအပါဝင် စာရွက်စာတမ်း
အတုတွေနဲ့ စစ်ဆေး တွေ့ရှိတဲ့အတွက် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်တယ်လို့ သတင်း ရရှိပါတယ်။

သူတို့ကို မလေးရှားသံရုံး ကောင်စစ်ဝန် အပါအဝင် လေဆိပ် စအဖ အဖွဲ့တို့ ပူးပေါင်း စစ်ဆေးခဲ့ရာမှာ မလေးရှားသံရုံး ဗီဇာ အပါအဝင် အလုပ်ခေါ်စာ အတုတွေကို တွေ့ရှိခဲ့တာ
ဖြစ်တယ်လို့ ရန်ကုန်မြို့က ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ မန်နေဂျာတဦးက ပြောပါတယ်။

ဒီ အလုပ်သမား ၈ဝ ကျော်ကို ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၂ ခုလောက်က စေလွှတ်တာဖြစ်ပြီး အရင်က မလေးရှားနိုင်ငံကို သွားမယ့် မြန်မာ အလုပ်သမားတွေဟာ မလေးရှားသံရုံး
ဗီဇာ မလိုတဲ့အတွက် မလေးရှားနိုင်ငံက အလုပ်ခေါ်စာ အတုတွေကို အသုံးပြုပြီး လေဆိပ် ဆိုက်ရောက်ဗီဇာနဲ့ သွားလာနေကြတာပါ။

ဒါပေမယ့် ဇန်နဝါရီလ ၆ ရက်နေ့က ပြီး မလေးရှားနိုင်ငံကို သွားတဲ့ လေကြောင်းလိုင်းတွေဟာ ရန်ကုန်မြို့ မလေးရှားသံရုံးက ဗီဇာမပါရင် လေယာဉ်ပေါ် တက်ခွင့်မပြုတော့ဘူးလို့
သိရပါတယ်။

မလေးရှားရောက် မြန်မာ အလုပ်သမားတွေဟာ အလုပ်က အကြွေးမကြေခင် ထွက်ပြေးလေ့ ရှိတဲ့အတွက် ၂ဝ၁ဝ ခုနှစ်ကစလို့ မလေးရှား အလုပ်ရှင်တွေဟာ မြန်မာအလုပ်သမားတွေကို
ခေါ်ယူတာ နည်းပါးလာတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်လိုသူတွေဟာ ဗီဇာ စာရွက်စာတမ်း အစစ်တွေနဲ့ သွားဖို့အတွက် ၄ လ နီးပါး စောင့်ဆိုင်းရပြီး
သေချာမှုလည်း မရှိတဲ့အတွက် ၂ ပတ်လောက်သာ ကြာတဲ့ ဗီဇာ စာရွက်စာတမ်း အတုတွေနဲ့ အခုလို သွားလာနေကြတာ ဖြစ်ပါတယ်။

ပျဉ်မနားမြို့အနီး နေအိမ်တွေ နေပြည်တော်က အဓမ္မဖျက်သိမ်း

2011-01-15

ပျဉ်မနားမြို့အနီး ဆိပ်နံတုန်းရွာက အိမ်တွေကို နေပြည်တော် စစ်တပ်၊ ရဲနဲ့ စည်ပင်သာယာအဖွဲ့က အဓမ္မ လိုက်လံဖျက်သိမ်းနေတာ အိမ်ခြေ ၁ ထောင် လောက် ရှိနေပြီလို့RFA က
စုံစမ်းသိရှိရပါတယ်။

ဆိပ်နံတုန်းရွာဟာ ပျဉ်းမနား အနောက်ဘက် ၂ မိုင်ကျော်ကျော်သာ ဝေးတဲ့ ပြန်ကပြေးရွာနဲ့ ငလိုက်ချောင်းပဲ ခြားပြီး အိမ်ခြေ ၂ ထောင်လောက်ရှိတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။ အဲဒီ
ဆိပ်နံတုန်းရွာက အိမ်တွေကို လွန်ခဲ့တဲ့ လေးရက် ဇန်နဝါရီလ ၁ဝ ရက်နေ့က စပြီး ဒီကနေ့အထိ လိုက်ဖျက်နေတာလို့ ဒေသခံ ရွာသားတဦးက RFA ကိုပြောပါတယ်။

အခု အိမ်တွေဖျက်နေတဲ့ နေပြည်တော်စစ်တပ်၊ ရဲနဲ့ စည်ပင်အဖွဲ့ဟာ အခုလို ဖျက်သိမ်းမယ့်အကြောင်း ပြည်သူကို ကြိုတင် မပြောသလို နေစရာ အစားထိုး ပြန်ပေးမယ်ဆိုတဲ့ အစီအစဉ်
မတွေ့ရတဲ့အတွက် ကလေး၊ လူကြီး ရာနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဘဝ ရောက်နေပြီလို့ ဆိုပါတယ်။

ဒီ အိမ်ဖျက်အဖွဲ့ဟာ ဒေသခံ ပြည်သူတွေအပေါ် မောက်မောက်မာမာ ဆက်ဆံတာ၊ လက်လွတ်စပယ် ဥပဒေမဲ့ ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်လေ့ရှိတဲ့အတွက်လည်း ဒေသခံတွေက
ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရရဲ့ နေပြည်တော်သာယာရေး စီမံကိန်းတရပ်အဖြစ် ငလိုက်ချောင်းကို ချဲ့ထွင်ပြီး သင်္ဘော သွားလာနိုင်တဲ့အထိ တည်ဆောက်မယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေသလို
အဲဒီ စီမံကိန်းအတွက် ချောင်းထဲမှာ စက်ပစ္စည်းတွေ ရောက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်နံတုန်းရွာက အိမ်တွေ ဖျက်ပြီးရင် အဲဒီရွာနဲ့ ချောင်းသာ ခြားတဲ့ ပြန်ကပြေးရွာ ဘက်ကို ရောက်လာဦးမှာလား ဆိုပြီး ပြန်ကပြေးရွာသားတွေလည်း စိုးရိမ် ထိတ်လန့်နေကြတယ်လို့
သိရပါတယ်။

တောဆင်ရိုင်းနင်းလို့ ကလေးတဦးသေဆုံး

2011-01-15

ပဲခူးမြို့ အနောက်ဘက် ကျောက်ပုံကျေးရွာမှာ ဆင်ရိုင်းတအုပ် အနင်းခံရတဲ့အတွက် ၁ဝ နှစ်အရွယ် မိန်းကလေးငယ် တဦး မနေ့က ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသူ ကလေးငယ်ဟာ ဦးမျိုးညိမ်း၊ ဒေါ်တင်တင်အေးတို့ရဲ့ သမီး မစမ်းသီတာ ဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရွာကို ဝင်ရောက်ခဲ့တဲ့ ဆင်ရိုင်းသုံးကောင်ထဲက တကောင်က
နင်းခြေ သတ်ဖြတ်လိုက်တာလို့ သိရပါတယ်။

အဲဒီဒေသမှာ လွန်ခဲ့တဲ့ ၈ ရက် လောက်ကလည်း တောဆင်ရိုင်းတွေ နင်းသတ်တဲ့အတွက် သီလရှင်ကြီးတပါး ကွယ်လွန်သွားရတယ်လို့ ဆိုပါတယ်။

ကျောက်ပုံကျေးရွာဟာ ပဲခူးမြို့ အနောက်ဘက် ၁၅ မိုင်လောက်မှာ ရှိတဲ့ သာယာကုန်းရွာအနီးမှာ တည်ရှိပါတယ်။ အဲဒီ ဒေသတဝိုက်က ကျေးရွာတွေမှာ တောဆင်ရိုင်းတွေ သီးနှံ
ဝင်ရောက် စားသောက်ကြတဲ့အတွက် လယ်မြေတွေ ပျက်စီးရသလို လူကိုပါ ရန်မူတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို ရိုးမ ဆင်ရိုင်းအုပ်တွေက လယ်မြေတွေ ဖျက်ဆီးပြီး လူသေဆုံးတဲ့အထိ ရန်မူနေပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ထိန်းသိမ်း ကာကွယ်ပေးတာ ခုချိန်အထိ
မရှိသေးတဲ့အတွက် အဲဒီဒေသတဝိုက်က ပြည်သူတွေဟာ ဆင်ရိုင်းအုပ် အန္တရာယ်ကို နေ့စဉ် ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

ူမန်မာဌာန > သတင်းမား

သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အစိုးရသစ် ပေါ်ပေါက်ရေး အင်ဒိုနီးရှား ပြောဆို

2011-01-15

အာစီယံအနေနဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်မယ့် အစိုးရသစ်တရပ် ပေါ်ပေါက်ရေးကို အခုနှစ်အတွင်းမှာ အပြီးအပြတ် ဖြစ်စေလိုကြောင်း အင်ဒိုနီးရှား နိုင်ငံက
ပြောလိုက်ပါတယ်။

(Photo: AFP)

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း (ဝဲစွန)် နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဖြစ်ကြသော ကမောဒီးယားမှ မစ္စတာ ဟော်နမ်ဟုန် (ဝဲ မှ ဒုတိယ)၊ စင်ကာပူမှ ဂျော့ခ်ျ
ယော (ယာမှ ဒုတိယ)၊ လာအိုမှ သောင်လုန် စီဆိုလစ် (ယာစွန)် တို့ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေးမစမီ ၂ဝ၁ဝ ခုနှစ်
ဇူလိုင် ၂၀ ရက်က စကားပြောနေစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာစီယံ နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးက အခုလို ပြောလိုက်တာပါ။ အာစီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ သုံးရက်ကြာ
အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံမှာ ဒီကနေ့ စတင် ကျင်းပနေပါတယ်။ ဒီအစည်းအဝေးအတွင်းမှာ တောင်တရုတ်ပင်လယ် အငြင်းပွားမှု ကိစ္စနဲ့ မြန်မာနိုင်ငံ အရေးကိစ္စတွေဟာ အဓိက
စိတ်ဝင်တစား ဆွေးနွေးကြမယ့် အကြောင်းအရာတွေ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား ညွှန်ကြားရေးမှူးက မနေ့က ပြောဆိုရာမှာ မြန်မာ့အရေးကို အာစီယံအနေနဲ့ အခုနှစ်အတွင်း အပြီးအပြတ် ဖြစ်စေလိုကြောင်း၊ ဒါပေမယ့် ရွေးကောက်ပွဲ မဝင်တဲ့သူတွေ
အပါအဝင် အားလုံးပါဝင်နိုင်မယ့် အစိုးရသစ်တရပ် အရင်ဆုံး ဖွဲ့စည်းဖို့ လိုအပ်ကြောင်း ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အခုနှစ်အတွက် အာစီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတာဖြစ်ပြီး မြန်မာနိုင်ငံ အရေး ကိစ္စကို မိမိတို့ အာစီယံဥက္ကဋ္ဌတာဝန် သက်တမ်းအတွင်းမှာပဲ
ပြီးပြတ်အောင် ဖြေရှင်းချင်တဲ့ ဆန္ဒ ရှိကြောင်း အင်ဒိုနီးရှား သံတမန်တွေက ပြောကြပါတယ်။ ဘယ်လိုပဲ လိုအပ်ချက်တွေ ရှိနေတယ်ဆိုဆို အထွေထွေ ရွေးကောက်ပွဲကို
အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ပြဿနာဟာ ဖြေရှင်းလို့ ပြီးလုနီးပါး ဖြစ်သွားပြီလို့လည်း အင်ဒိုနီးရှား သံတမန်တွေက ပြောဆိုပါတယ်။

http://www.rfa.org/burmese ဗစ်တိုးရီးယားပြည်နယ် Nhill ဒေသတွင် ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပ


Submitted by Karen Information Center on Saturday, 15 January 2011No Comment

ဇန်နဝါရီလ ၁၅။ စောကျော်ခွီး (ကေအိုင်စ)ီ

ကရင်မိသားစု (၈)စုသာ ရောက်ရှိနေထိုင်သည့် သြစတြေးလျားနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်ရှိ Nhill ဒေသတွင် ၂၇၅၀နှစ် မြောက် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အခမ်းအနားကို
ပထမဆုံးအကြိမ်အဖြစ် ယနေ့နံနက် (၁၁)နာရီခွဲမှ ညနေ(၄)နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်အမျိုးသားအဖွဲ့အစည်း(AKO) ဗစ်တိုးရီးယားဌာနခွဲ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ၎င်းနှစ်သစ်ကူး အခမ်းအနားတွင် Nhill ဒေသရှိ ကရင်မိသားစုများနှင့်အတူ အက်ဒိလိတ်နှင့်
မဲလ်ဘုမ်းမှ ကရင်များ၊ နိုင်ငံခြားသားများ၊ ကျောင်းဆရာ၊ ဆရာမ များ၊ မြို့တော်ဝန်နှင့် ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်လာခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို ပိုးကရင်သီချင်းနှင့် စတင်ဖွင့်လှစ်ပြီး အဖွင့်မိန့်ခွန်းတွင် မဲလ်ဘုမ်းမြို့တော်ဝန် မစ္စတာကလစ်ရွန်ကက “ဒီဒေသမှာ ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်အောင်


ကြိုးစားဆောင်ရွက်ကြတဲ့ Nhill ဒေသက နှစ်သစ်ကူးဖြစ်မြောက် ရေးကော်မတီမှ စောကော်တုနဲ့ လာရောက်ပံ့ပိုးကူညီပေးကြသော သြစတြေးလျား ကရင်အဖွဲ့အစည်း မဲလ်ဘုမ်းဌာနခွဲမှ
ကရင်လူမျိုးတွေကို ကျေးဇူးတင်ပါတယ်။ ကရင်ပြည်သူများအတွက် တတ်နိုင်တဲ့အကူအညီတွေကို ပေးသွားမှာပါ။”ဟု ပြော သည်။

သြစတြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း မဲလ်ဘုမ်းဌာနခွဲမှ နန်းသူက “ကရင်လူမျိုးတွေဟာ ဘယ်နေရာပဲရောက် ရောက် မိမိတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို
စဉ်ဆက်မပြတ် ကျင်းပရမယ်။ မိမိရိုးရာ၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေးစားလိုက်နာပြီး တန်ဖိုးထား ချစ်ခင်ရမယ်။ လူကြီးမှ လူငယ်သို့ ကရင့်ဘိုးဘွားအမွေအနှစ်တွေ ပိုမို
သိရှိလာအောင် လက်ဆင့်ကမ်း တာဝန်တွေပေးပြီး မိမိအမျိုးသားအကျိုးစီးပွား၊ လူမျိုးများ လူတန်းစေ့ရေးတွေအတွက် ဝိုင်း ဝန်းပံ့ပိုးကူညီကြရမယ်။”ဟု ပြောကြားသွားခဲ့သည်။

အခမ်းအနားတွင် ကရင့်ယဉ်ကျေးမှု ရိုးရာဒုံးယိမ်းအကများနှင့် ဖျော်ဖြေခြင်း၊ ကရင့်ရိုးရာအစားအစာများနှင့် ဧည့်ခံကျွေးမွေး ခြင်းအပြင် ညနေပိုင်းတွင် လူငယ်များက ဘောလုံးပွဲနှင့်
ခြင်းလုံးခတ်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

“ဒီဒေသမှာ အခုလို ကျင်းပတဲ့ ပထမဆုံးအကြိမ် နှစ်သစ်ကူးပွဲတော်ကို လာရောက်ရတာ အင်မတန် ဝမ်းသာမိတယ်။ ကျနော် မတွေ့ဖူး၊ မသိဖူးတဲ့ ကိုယ့်လူမျိုးတွေနဲ့
တွေ့ဆုံရင်းနှီးခွင့်ရခဲ့တာကိုလည်း ကျေနပ်မိပါတယ်။ ဒီက ကရင်လူထုက လည်း အခုလို တက်ကြွစွာ ပါဝင်လာနိုင်တာကိုလည်း ကျနော် လေးစားမိပါတယ်။”ဟု နှစ်သစ်ကူးပွဲ ဆင်နွဲခဲ့သူ
စောစန်း မောင်က ကေအိုင်စီကို ပြောသည်။
မဲလ်ဘုမ်းမြို့မှ ကားဖြင့် ၅နာရီကြာသွားရသည့် Nhill ဒေသသို့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းနှင့် မလေးရှားနယ်စပ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် ကရင်မိသားစု ၈စုမှ လူဦးရေ
၃၀ဦး နေထိုင်လျက်ရှိသည်။

http://www.kicnews.org/

ကရင်နှစ်သစ်ကူးမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်း

Posted by admin on January 16, 2011 0 Comment

အင်္ဂါဆုတောင်းအဖွဲ့က ဦးဆောင်ကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေအတွက် ဆုတောင်ပွဲတရပ်ကို ရွှေပြည်သာမြို့နယ်တွင် ဇန်နဝါရီလ ၅ ရက် ကရင်နှစ်သစ်ကူးနေ့ မှာ
ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ပည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ရွေ့

Posted by admin on January 16, 2011 0 Comment

photo by - http://www.prayforburma.org

မကြာမီကထုတ်ပြန်ကြေညာလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအမြင်ဖလှယ်ကြဖို့ အရေးကြီးပါသည်။


ယင်းအမိန့်ပြန်တမ်း၏ လက်ငင်းရလဒ်မှာ ဆန့်ကျင်ဖက်သဘောထားနှစ်ရပ်ကို သက်ရောက်မှုရှိနေပါသည်။

အဘယ်ကြောင့်ဆိုသော် အာဏာလက်ရှိ စစ်အစိုးရကဲ့သို့ပင် နောင်ဖြစ်ပေါ်လာမည့် စစ်တပ်ဦးစီး အရပ်သားအစိုးရသည်လည်း ပြည်သူလူထု၏ လှိုက်လှဲသောထောက်ခံမှုရရှိရန်


မလွယ်ကူသေးပါ။ ထို့အပြင် တပ်မတော်သားများ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ပင် ခဲယဉ်းနေပါသည်။ စစ်ခေါင်းဆောင်များသည် တပ်မတော်သားများအား အမိန့်ဖြင့်တမျိုး
နှစ်သိမ့်ချော့မြူခြင်းဖြင့်တသွယ် အမျိုးမျိုး စည်းရုံးချုပ်ကိုင်တတ်ပါသည်။

ယခုလိုအချိန်မျိုးတွင် စစ်တပ်ကို အပိတ်သဘောမျိုး ကိုင်တွယ်လျှင် တပ်တွင်းအုံကြွမှုဖြစ်ပေါ်လာနိုင်သည်။ သည်ထက်ပို၍ ပြည်သူလူထုနှင့် တပ်မတော်သားများ ပူးပေါင်းသွားလျှင်


သူတို့အာဏာမြဲဖို့အတွက် အခက်ကြုံနိုင် သည်။ သည်အလားအလာကို စစ်ခေါင်းဆောင်ကြီးများက နောကျေပြီးသားဖြစ်သည်။ ယခုကိစ္စမှာ စစ်မှုထမ်းများကို ထွက်ပေါက်ပေးသလိုလိုနှင့်
တပ်မတော်နှင့် ပြည်သူအကြား ဒင်္ဂါးပြား တခုကိုဒေါင်လိုက် ချပြလိုက်သည်။ တဖက်ကခေါင်း တဖက်ကပန်း အပြန်အလှန်ဇာတ်လမ်းတွေ ရှုပ်သွားအောင် တမင်ဖန်တီးလိုက်ဟန်ရှိသည်။

သို့ဖြင့် တပ်မတော်သားများနှင့် ပြည်သူလူထုအတွင်း ဝိဝါဒ ကွဲလွဲနိုင်သော ဤအမိန့်ပြန်တမ်းကို အချိန်မီထုတ် ပြန်ထားပုံရသည်။ ဤအမိန့်ပြန်တမ်း၏ နောက်ကွယ်ပါ ရည်ရွယ်ချက်ကို
ထိထိမိမိအဖြေရှာကြဖို့ လိုမည်ထင်ပါ သည်။ ဖြစ်နိုင်လျှင် တပ်မတော်သားများ၏ အသံများများထုတ်သင့်သည်။ ပြည်သူ့စစ်မှုထမ်းဆိုသည့် စကားရပ်မှာ
ယေဘူယျဆန်လွန်းသောအဓိပ္ပါယ်ကိုဆောင်၍ ရုပ်ပြကောင်းသည်။ အပေါ်ယံကြောတွေးလျှင် ဤစကားရပ်နှင့်ပတ်သက်ပြီး တပ်မတော် နှင့်ပြည်သူအကြား အမြင်ကွဲလွဲမှု
အလွယ်တကူဖြစ်ပေါ်စေနိုင်သည်။ ထိုအခြေအနေမှာ အာဏာလက်မလွှတ် ချင်သော စစ်ခေါင်းဆောင်ကြီးများ အကြိုက်ဖြစ်သည်။

စစ်မှုထမ်းများဖက်မှ ကြည့်လျှင် စစ်တပ်မှ နှုတ်ထွက်ခွင့်ရလိုသူအများစုရှိနေပြီး ၎င်းတို့အနေဖြင့် စစ်တပ်အင် အားတိုးတက်ရေးကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်မည့် အဆိုပါဥပဒေအား


လက်ခံကြိုဆိုစရာဖြစ်နေပါသည်။ အခြားတဖက်တွင်မူ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးနေရာမှ စစ်မှုထမ်းဘဝကိုပင် ခါးခါးသည်းသည်း စက်ဆုပ်နေပုံရသည်။
သို့ဖြစ်ပါ၍ ဤကိစ္စဆွေးနွေးရာတွင် နှစ်ဖက်အင်အားစုများ၏ သဘောဆန္ဒအသီးသီးကို အခြေခံနိုင်လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ဤနေရာတွင် ပြည်သူလူထုဖက်မှ လက်ရှိတပ်မတော်သားများ၏ဘဝကို ကိုယ်ချင်းစာနာသော်လည်း အာဏာဖြင့် ဖိနှိပ်မှုယန္တရားကြီးထွားသည်ထက် ကြီးထွားလာမှာကို မလိုလားကြောင်း


ပေါ်လွင်အောင် ဖော်ပြဆွေးနွေး သင့်ပါသည်။ ထို့ပြင် တပ်မတော်ပြိုကွဲရေးကို ဦးမတည်သင့် (ပြိုကွဲမည်လည်းမဟုတ်၊ အကယ်၍ တပ်မတော်ပြို ကွဲခဲ့သည်ရှိသော်
တိုင်းပြည်အခြေအနေမှာ ယခုထက် အဆများစွာ ဆိုးရွားသွားဖို့ရှိသည်)။ တပ်မတော်အတွင်း ခေါင်းဆောင်မှု ပြောင်းလဲရေးကိုသာ ရှေးရှုသင့်ပါသည်။
တိုင်းချစ်ပြည်ချစ်တပ်မတော်သားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြု မြှင့်တင်ပေးရန် လိုအပ်ပါသည်။ လက်ရှိမြန်မာပြည်၏ စစ်ဖက်အရပ်ဖက်ဆက်ဆံရေး အခြေအနေမှာ
ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ် ဟုဆိုပြီး နှာခေါင်းရှုံ့နေရုံဖြင့် မပြီးပါ။ အားလုံးက တာဝန်သိသိဖြင့် ပုပ်နေသောငါးများကို ရွေးဖယ်ထုတ်လိုက်လျှင် ငါးကောင်းငါးသန့်များသာ
ကျန်ရှိပါမည်။ ထိုသို့လုပ် ဆောင်ရန် ပြည်သူများနှင့် တပ်မတော်သားများ ညီညွှတ်ဖို့အရေးကြီးပါသည်။

တပ်မတော်သားများဖက်မှလည်း ပြည်သူလူထုကို အကာအကွယ်ပေးသောတပ်မတော်၊ ပြည်သူလူထုကို အလုပ်အကျွေးပြုသောတပ်မတော်၊ ပြည်သူချစ်သောတပ်မတော် တရပ်အဖြစ်


ရပ်တည်နိုင်မှသာ ပြည်သူလူ ထုက တပ်မတော်ကို အားပေးဝန်းရံကူညီလာမည်ဖြစ်ကြောင်း သတိချပ်စေချင်ပါသည်။ အထက်အမိန့်ကို တသွေမတိမ်း လိုက်နာနေရုံမျှဖြင့်
ပြည်သူချစ်သောတပ်မတော် ဖြစ်မလာပါ။ ပြည်သူလူထုနှင့် အေးအတူပူအမျှ အတူရှိနေမှသာလျှင် မလိုလားအပ်သော အထက်အရာရှိဆိုးများ၏ ဦးဆောင်မှုကို
ပြောင်းလဲဖယ်ရှားပေးနိုင်ပါမည်။

ဒီနေ့မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် ကြီးဆိုးနေမှုကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးကာ ပြည်သူ လူထုအများစု ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်နေရပြီး


ပြည်သူအကြားမှာတပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းနေရသည်ကို ပြောစရာပင်လိုမည် မထင်ပါ။

တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားများတွင် ယခင်ကကဲ့သို့ ပြည်သူလူထုလှိုက်လှိုက်လှဲလှဲ ပါဝင်မှုမရှိတော့ခြင်း၊ ရှေ့တန်းပြန်တပ်မတော်သားများအား ပြည်သူလူထုက


သောင်းသောင်းဖြဖြ နွေးနွေးထွေးထွေး ကြိုဆိုဂုဏ်ပြုမှု မရှိတော့ခြင်းတို့က သက်သေခံနေပါသည်။ တပ်မတော်သားများကိုယ်တိုင် မိမိတို့၏ လုပ်ရပ်များသည် ပြည်သူလူထုအကျိုးအတွက်
ဟုတ်ပါသလား၊ မိမိတို့အသက်အသေခံ တိုက်နေရသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသူများ ဟုတ်မှန်ပါသလား၊ တိုက်ပွဲဖြစ်ရာဒေသရှိ ပြည်သူလူထုက
မိမိတို့အပေါ် အားကိုးယုံကြည်မှုဖြင့် ဆက်ဆံပါသလား၊ စိုးရိမ်ကြောက်လန့်မှုဖြင့် တုန့်ပြန်ပါသလား၊ မိမိတို့စားသုံးသော ရိက္ခာကိုမည်သူတို့က စိုက်ပျိုးထောက်ပံ့ပေးပါသနည်း၊
မိမိတို့ရရှိသော လစာငွေကို ဘယ်ကရသနည်း။ မျက်စိတမှိတ် စဉ်းစားကြည့်လျှင်ပင် တိတိကျကျ အဖြေပေါ်နိုင်ပါသည်။

အထက်ပါ အခြေအနေများအောက်တွင် အဓိပ္ပါယ်ထွေပြားပြီး အကဲဆတ်လှသော ပြည်သူ့စစ်မှုထမ်းဥပဒေ အမိန့်ပြန်တမ်းနှင့် ပတ်သက်၍ ဆွေးနွေးကြရာ၌ ဘက်တဖက်စီ၏ အမြင်များကို
အလေးကဲဆွေးနွေးနေပါလျှင် ကွဲလွဲမှုများသာ ရှေ့တန်းရောက်လာပြီး အာဏာရှင်ကြီးများအလိုကျအတိုင်း တပ်မတော်နှင့်ပြည်သူ ကြည်ဖြူ

လက်တွဲနိုင်မည့် အခွင့်အလမ်းများ အလှမ်းဝေးနေဦးမည် ဖြစ်ပါသည်။ ယခုချိန်ခါသည် အမျိုးသားရင်ကြားစေ့ရေးကို အလေးထားဆောင် ရွက်နေချိန်လည်း ဖြစ်ပါသည်။

ထို့ကြောင့် စစ်မှုထမ်းခြင်း၏ ကောင်းကျိုးဆိုးပြစ်များနှင့်ပတ်သက်၍ (တိုင်းပြည်၏ လိုအပ်ချက်လော၊ အာဏာ ချုပ်ကိုင်ထားသူများ၏ လိုအပ်ချက်လော) စသည်ဖြင့် သေချာဂဏစွာ
စဉ်းစားဝေဖန်သုံးသပ်၍ ဆွေးနွေးအဖြေ ရှာကြပါရန် တိုက်တွန်းအကြံပြု တင်ပြအပ်ပါသည်။

အာဏာရှင်၏ လှည့်စားမှုညွှတ်ကွင်းမှ ရုန်းထွက်လွတ်ကင်းနိုင်ကြပါစေ။

တပ်ကြပ်ကြီး-နေမင်းသူ

ဒီနေ့မနက် သုခမြိုင်မှာ နအဖကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

Posted by admin on January 15, 2011 0 Comment

ဝေါ်လေနားက သုခမြိုင်ကျောင်းမှ တပ်စခန်းချထားတဲ့ နအဖ စကခ ၈ လက်အောက်ခံ ခမရ ၄၀၉ တပ်ကို ဒီကနေ့မနက် အစောပိုင်းက ဒီကေဘီအေ တပ်မဟာ ၅ မှ
ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီကနေ့ မနက် ၆ နာရီ ၅၀ လောက်မှာ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်လှခိုင် ဦးစီးတဲ့ ပြောက်ကျားဖွဲ့ဟာ သုခမြိုင်ကျောင်းမှာ စခန်းချထား တဲ့ နအဖ တပ်တွေကို
ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ကြာခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒီကေဘီအေဘက်မှ ပြန်လည်ဆုတ်ခွာသွားပါတယ်။

ယမန်နေ့ကလည်း နအဖ ဘက်မှ စကခ ၁၂ လက်အောက်ခံ ခလရ ၂၉၉ နဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၉၊ ၄၀၃ ပူးပေါင်းတပ်တွေဟာ အူးကလေ့ထာ့ရှိ DKBA တပ်တွေရဲ့
ယာယီစခန်းစခန်းကို နေ့လည် ၁၂ ကျော်မှ ညနေ ၆နာရီအထိ လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DKBA ဘက်က ပြောပြလာတဲ့အတွက်
သိရှရပါတယ်။

http://www.naytthit.net/
စၾကာၤ၀ဌာၾကီးထဲမွာ...

Sunday, January 16, 2011

တဦးနှင့်တဦးဆက်သွယ်ချိတ်ဆက်နှီးနှောဖလှယ်ခြင်းကိုကွန်ယက်ဟုခေါ်လျှင်အင်တာနက်အွန်လိုင်းပေါ်တွင်တဦးနှင့်တဦးတဖွဲ့နှင့်တဖွဲ့
ကူလူးဆက်ဆံနေကြသည်မှာရှေးမဆွကပင်ရှိခဲ့ပါသည်။သူတို့တွေကနာမည်မတတ်သော်ငြားအပြန်အလှန်ဖလှယ်မှုများတွင်ပျက်ကွက်မှု
မရှိနေ့စဉ်လှုပ်ရှားနေကြသည်။

အမေစုကလူငယ်ကွန်ယက်ဟုဆို၍အသီသီးဟန်ချက်ညီညီထွက်ပေါ်လာတာတွေရသည်။
တယောက်နှင့်တယောက်ကူးလူးဆက်ဆံပုံလေးတွေတော့သတ်မှတ်သင့်ကြပါသည်။အချို့ကဖိုရမ်ဖွင့်၍ဆွေးနွေးဖလှယ်သည်။အချို့က
အီးမေးဂရုဖွင့်ပြီးဖလှယ်သည်။ဖိုရမ်ကိုအများဆွေးနွေးနိုင်အောင်အသုံးချနိုင်ပြီးခေါင်းစဉ်များစွာလည်းပါဝင်လို့ရပါသည်။
အီးမေးဂရုကိုအများဆွေးနွေးနိုင်အောင်အသုံးချနိုင်သလိုမိမိဖိတ်ကြားထားသောသူများကိုသာဆွေးနွေးနိုင်အောင်ပြုလုပ်၍လည်းရ ပါသည်။
အင်တာနက်အွန်လိုင်းကြီးသည်မိခင်ကွန်ယက်ကြီးဖြစ်သည်။မည်သူမျှမပိုင်။လှည့်လည်သွားရောက်ခွင့်တော့ရှိသည်။ဖိုရမ်ဖွင့်
ဆွေးနွေးခြင်း၊chatroom များတွင်ဆွေးနွေးခြင်းသည်ကွန်ယက်ငယ်များဖြစ်သည်။ကွန်ယက်ငယ်များသည်မိမိကွန်ယက်အတွင်းနေ့စဉ်
ဆွေးနွေးသလိုအခြားကွန်ယက်များတွင်လည်းမန်ဘာဝင်ပြိးဆွေးနွေးခြင်းမိမိကွန်ယက်အတွင်းပြန်လည်သယ်ဆောင်လာပြီးဖြန့်ဝေခြင်း
အမှုကိုလည်းပြုကြပေသည်။ထိုသို့လုပ်ဆောင်ကြရာတွင်ကွန်ယက်ငယ်အသီးသီးတွင်သတ်မှတ်ထားသောပေါ်လစီများရှိကြရသည်။ကွန်
ယက်အတွင်းဆွေးနွေးမှုများကိုအစဉ်စောင့်ကြည့်ရသည့်မော်ဒါရေတာ(moderator)သုံးလေးယောက်ခန့်လိုအပ်ပေသည်။ကွန်ယက်ခေါင်း
ဆောင်မဟုတ်ပင်ငြားနည်းပညာ။အဖွဲ့ဝင်များ၏အခက်အခဲ။မလိုအပ်သောဆွေးနွေးမှုနှင့်မသင့်လျော်သောမန်ဘာများကို
ပယ်ဖျက်ခြင်း။အစရှိသည်တို့ကိုပြုရပေသည်။
အချုပ်အားဖြင့်မိမိကွန်ယက်အမြဲရှင်သန်နေစေရန်ဖိတ်ကြားခြင်း။မွန်းမံခြင်း။ဒိုင်ခံဆွေးနွေးပေးခြင်းအစရှိသည်တို့ပြုလုပ်ပေးရပေသည်။
လူအားလုံးကိုကွန်ယက်တခုထဲအောက်ဆွဲသွင်းမရသော်ငြားမိမိကွန်ယက်အတွင်းဆွေးနွေးမှုများ၊သတင်းများ၊နည်းပညာဖြန့်ဝေခြင်း
များမှာလွန်စွာမှUPDATEဖြစ်လျှင်ထိုလူငယ်များသည်မုဆိုးသားကောင်အနံ့ ခံသလိုရောက်ရှိလာမည်ဖြစ်ကြောင်းကွန်ယက်အပေါင်းတို့ အတွက်ဆွေးနွေးရပေသည်။

ရဲရင့်ငယ်
Kay Thwe ၏ လက်နဲ့ ယက်တဲ့ ကွန်ယက် ကိုလည်းဖတ်နိုင်ပါတယ်။

မကောင်း ဗြဲမခေါင်းချ

Sunday, January 16, 2011

မိတ်ဆွေများ

ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီးဆိုပြီး စပါလာပြီးတဲ့နောက် ဒီမိုကရေစီ ဖက်တော်သား အချို့တွေရဲ့ ဆွေးနွေးချက်တွေ၊ အမြင်တွေကို အကဲခတ်နေခဲ့ပါတယ်။

ကျနော်တို့မှာ မသိဖါသာဖြစ်ဖြစ် တမင်ဖြစ်ဖြစ် စွဲသိမ်းထားတဲ့ လူမျိုးရေး၊ ဘာသာရေး အစွန်းစိတ်လေးတွေကို မှန်မှန် ကန်ကန်ဖြစ်အောင် မပြုပြင်နိုင်ဘူးဆိုရင် ၂၁ရာစုမှာ
ခေတ်မှီတိုးတက် တန်းတူညီမျှ တရားမျှတတဲ့ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးဆိုတာ ကျနော်တို့အတွက် ဘုန်းကြီးနှင့် ဘီးလို ဝေးနေအုန်းမယ်လို့ ထင်ပါတယ်။

ဗီဒီယိုသတင်းက ၂၀၁၀ ဒီဇင်္ဘာ(၇)ရက်နေ့ ဘားအံမြို့ ဇွဲကပင်ခမ်းမမှာ တပ်မမှူး အပါအဝင် အာဏာပိုင်တွေ တက်တဲ့ ဆရာတော်အရှင် Eiddidpala ဦးစီးတဲ့ နံပါတ်(၁)
စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းဆင်းပွဲပါ။ အဲဒီဘုန်းကြီးကို ကုလားဘုန်းကြီးလို့ စတင်အမည်တပ်လိုက်ပြီးနောက် မွတ်စလင်ကုလားတွေ မဟာဗျူဟာအရ ဗုဒ္ဓဘာသာကို
ဖျက်ဆီးဖို့လုပ်နေတာ ကာကွယ်ရမယ်စသဖြင့် လူမျိုးချင်း မုန်းတီးစိတ်တွေကို နှိုးဆွပေးတာမျိုးကိုလည်း တွေ့လာရတယ်။ ကုလားဖြစ်တယ် ဆိုရင်လည်း ခြေမ မကောင်း၊ ခြေမပေါ့။
ကုလားဘုန်းကြီးတစ်ယောက် မကောင်းတာကြောင့် ကုလားတွေအားလုံးကို ရောကြိတ်လိုက်မဟေ့ဆိုတဲ့ လူမျိုးချင်း ခွဲခြားနှိမ့်ချလုစ
ိတ်(Racial Discriminatory Stereotyping)နှင့်
မသိချင်ယောင်ဆောင် ရေးကြ၊ ဖြန့်ကြတာဆိုရင် လိပ်ပြာသန့်ကြပါရဲ့လားလို့ မေးရပါမယ်။ ကျင့်ဝတ်သိက္ခာကြီး၊ တန်ခိုးကြီး၊ သာသနာပြု ထိပ်ထိပ်ကြဲ ကုလားဆရာတော်တွေလည်း ရှိနေ
ကိုးကွယ်နေကြတာဘဲ မဟုတ်လား။ ဗုဒ္ဓဘာသာသည် လူမျိုးတိုင်း လူသားတိုင်းအတွက် မဟုတ်ဘူးလား။

မိတ်ဆွေများ

ဒီနေရာမှာ မထိတထိနှင့် ဝေ့ဝိုက်မနေတော့ဘဲ၊ တည့်တည့် ဆွေးနွေးလိုက်ချင်ပါတယ်။ လူကြီးလူကောင်းစိတ်ဓါတ်နှင့် ယဉ်ကျေးစွာ(Civilised Manner)နှင့် ပြန်လှန်ဆွေးနွေးမှုတွေကို


လေးစားစွာ ကြိုဆိုပါတယ်။

ကိုလိုနီစနစ် ဆိုးမွေကြောင့် ကျနော်တို့ အဖွါးတွေ၊ ဘေးမကြီးတွေက တိုင်းတပါးက ဝင်လာသူတွေနှင့် အိမ်ထောင်ကြပြီး ကျနော်တို့ကို မွေးလာတာ ကျနော်၊ ကျမတို့ အပြစ်လားလို့
ပထမဦးစွာ မေးချင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ကျုပ်တို့ရဲ့ ဖွားအေတွေ၊ ဘေးမကြီးတွေကို တိုင်းတပါးသားတွေနှင့် လက်ထပ်ရကောင်းလားလို့ အပြစ်တင်ချင် တင်နိုင်တယ်
ဆိုအုန်းတော့ ဘာမသိ၊ ညာမသိနှင့် သူတို့ မွေးလာလို့ လူဖြစ်လာတဲ့ ကျုပ်တို့ကို ဘာပုဒ်မနှင့် အပြစ်တင်နိုင်ပါသလဲ။ ဘယ်လူ့ကျင့်ဝတ်ဆိုင်ရာ ဥပဒေ(Civilized Laws)တွေနှင့် နှိမ့်ချခွဲခြား
ဆက်ဆံနိုင်ပါသလဲ။ တစ်ကယ်တော့ စောစော ကျွန်ဖြစ်တဲ့ အိန္ဒိယက ခိုင်းကောင်းအောင် ကျင့်ထားတဲ့ အိန္ဒိယတိုက်နယ်သား အလုပ်သမားတွေ၊ လယ်သမားတွေကို
နောက်ကျကျွန်ဖြစ်တဲ့ မြန်မာပြည်ထဲ အလုံးအရင်းနှင့် သွင်းခဲ့တဲ့ ကိုလိုနီစနစ်ကို အဓိက တရားခံအဖြစ် မမြင်နိုင်ဘဲ ကိုလိုနီစနစ်ရဲ့ ခွဲခြားအုပ်ချုပ်ခြင်း(Divide and Rule)ကို အခုလို
၂၁ရာစုမှာ တခြိုက်မက်မက် ဖက်တွယ်ထားပြီး အချင်းချင်း ပြန်ချနေခြင်းကို သာယာနေခြင်းကလည်း မောဟတစ်မျိုးပါဘဲ။

ကုလားဆိုပြီး အမုန်းခံ၊ အနှိမ်ခံနေရတဲ့ မြန်မာမွတ်စလင်တွေဟာ တိုင်းရင်းသား မိတ်ဆွေများနှင့် သွေးသားတော်စပ်သူ မောင်နှမ ဝမ်းကွဲများဖြစ်တာကို ဘယ်သူများ ငြင်းနိုင်ပါသလဲ။
သွေးမစပ်ပါဘူးလို့ ငြင်းချင်သူများအနေနှင့် မိမိခန္ဓာကိုယ်က သွေးတွေကို ကုန်အောင် ဖေါက်ထုပ်လိုက်ကြဖို့ တစ်နည်းဘဲ ရှိတာကိုလည်း သိစေချင်ပါတယ်။ သူတို့တွေကို မနေ့တစ်နေ့ကမှ
ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများလို ဆက်ဆံသင့်ပါရဲ့လား။ ဆက်ဆံခွင့်ကော ရှိပါသလား။ မျက်စေ့ စုန်မှိတ်ငြင်းရင် ဘာမှ မမြင်နိုင်တာမို့ အကန်းနှင့် အတူတူပါဘဲ။ အမြင်ကျယ်ကြဖို့
လိုပါပြီ။
ကရင်ကိုလည်း ကရင်မို့နှိမ်၊ ရခိုင်၊ ချင်း၊ ရှမ်း၊ မွန်၊ ကယား၊ ကချင်ဆိုလည်း နည်းမျိုးစုံနှင့် နှိမ်၊ ဒီကြားထဲက ကိုယ့်ဆွေမျိုး သွေးသားတော်စပ်တွေကိုလည်း ကပြားဖြစ်လို့နှိမ်၊
အနှိမ်ခံရသူတွေကလည်း အနှိမ်မခံရအောင် ပြန်ချကြနှင့် လွတ်လပ်ရေးသာ ရလိုက်တယ်။ ဘယ်တုန်းကမှ တိုင်းပြည် တည်ငြိမ် တိုးတက် အေးချမ်းအောင်လုပ်ဖို့ အချိန်မရှိခဲ့ပါဘူး။
ဒီလိုပုံမျိုးနှင့်ဆိုရင် လောကပါလတရားတွေ ကြီးစိုးပြီး သမမျှတ တိုးတက်တဲ့ ပြည်ထောင်စု နိုင်ငံတော်တည်ထောင်ဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးနှင့် ဒုံရင်း ဒုံရင်း ဖြစ်နေအုန်းမှာပါ။

အနှစ်ငါးဆယ်ကျော် ကျုပ်တို့ အချင်းချင်းချနေတာကြောင့် တတိုင်းပြည်လုံး စုတ်ပြတ်နေပြီး တစ်ချိန်က ကိုယ့်ထက်နိမ့်ကျခဲ့တဲ့ အိမ်နီးနားချင်း နိုင်ငံဟူသမျှမှာ ကျုပ်တို့ရဲ့
အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ လူညွန့်တုန်း၊ ဘဝပျက်၊ ကျွန်ခံနေရတာကို သင်ခန်းစာ မယူနိုင်သေးဘဲ၊ နအဖအလိုကျ အချင်းချင်း ချလို့ကို မဝနိုင်တဲ့ လူတစ်ချို့
ဒီမိုကရေစီအုပ်စုတွေထဲမှာ ရှင်သန်နေတာ အံ့သြစရာပေဘဲ။

တစ်ယောက်ခြေ တစ်ယောက်ဆွဲ၊ တစ်ယောက်လမ်း တစ်ယောက်ပိတ်နှင့် အပြုထက် အဖျက်ကများ၊ တိုင်းပြည်အရင်းအမြစ်(Recourses)တွေ အဟောသိကံအဖြစ်ခံပြီး စစ်အာဏာရှင်


သက်ဆိုးရှည်ရေးနှင့် ပြည်ထောင်စု အကျိုးစီးပွါး ပျက်စီးရေးကိုဘဲ ဆက်သွားကြမလား။

ကိုယ့်နိုင်ငံသားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းကြားမှာ တန်းတူရေး၊ တရားမျှတရေးနှင့် လွတ်လပ်စွာပြိုင်ဆိုင်မှုကို အားပေးခြင်းဖြင့် အိမ်နီးချင်း နိုင်ငံတွေသာမက ကမ္ဘာနှင့်


ယှဉ်နိုင်အောင် ကြိုးစားကြမလား။

အောင်တင်
ဇန္နဝါရီ ၁၅၊ ၂၀၁၀
http://burmese.dvb.no/

You might also like