Download as pdf or txt
Download as pdf or txt
You are on page 1of 6

ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား ဆီမှာ-------

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ(၆) ပါတီက အစိုးရသစ်ရဲ့ဒုတိယသမ္မတ ရာထူးအတွက်


သူတို့ထဲကတယောက်ယောက်ရသင့်ပါတယ် ဆိုတဲ့ တောင်းဆိုသံကိုကြားတဲ့အခါ၊ ၁၉၉၀ ယူဂိုဆလားဗီးယားပြည်ထောင်စု
ကွန်မြူနစ်အဖွဲ့ချုပ်ရဲ့နောက်ဆုံးအစည်းအဝေးကို သွားသတိယမိတယ်။ ဆားဗီးယားခေါင်းဆောင် ဆလိုဗိုဒန်မီလိုစီဗစ် က -
ယူဂိုဆလားဗီးယားနိုင်ငံကို ဒုတိယ ကမ္ဘာစစ်မတိုင်ခင်ကတည်ရှိတဲ့မြေပုံအတိုင်းပြန်လည်အသက်သွင်းချင်ခဲ့တယ်။
ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်နယ်မြေနှစ်ခုဖြစ်တဲ့ ကိုဆိုဗို နဲ့ ဗိုဂျဗိုဒီးနား နယ်မြေတွေကို တစထက်တစချုပ်ကိုင်လာခဲ့တဲ့အခါ ကျန်တဲ့
ဆလိုဗက်ကီးယား၊ ခရိုအေးရှား၊ မက်ဆီဒိုးနီးယား၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ မွန်တီနီဂရို ရီပတ်ပလစ် (၅) ခုရဲ့ခေါင်းဆောင်တွေက
ဆားဗီယားရီပတ်ပလစ်ခေါင်းဆောင်ကို ဝေဖန်အာခံခြဲ့ ကတယ်။ ၁၉၇၄ ယူဂိုဆလားဗီးယား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလည်း
အကြပ်အတည်းနဲ့ ရင်ဆိုင်နေခဲ့ရပြီး၊ ရီပတ်ပလစ် (၅) နိုင်ငံက ဆားဗီးယားရီပတ်ပလစ်နဲ့လမ်းခွဲဖို့ဆုံးဖြတ်လိုက်ကြတယ်။
ယူဂိုဆလားဗီးယားပြိုကျခဲ့ရတယ်။

ဒါပေမဲ့ ဗမာပြည်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေက ယူဂိုဆလားဗီးယားမှာ ဖြစ်ခဲ့တဲ့အရာတွေနဲ့ဆန့်ကျင်ဘက်၊


ယူဂိုဆလားဗီးယားပြည်ထောင်စုလိုမျိုးဖွ့စ
ဲ ည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အာခံရှုတ်ချပြီး လမ်းခွဲတာမျိုးမဟုတ်ဘူး။
လူမျိုးစုခေါင်းဆောင်တွေအတွင်းမှာလည်းတူညီတဲ့ သဘောထားတရပ်ရှိမနေခဲ့ဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့
တိုင်းရင်းသားခေါင်းဆောင်တွေက ၂၀၀၈ အခြေခံဥပဒေကို ခါးခါးသီးသီးရှုတ်ချနေချိန်၊ နိုင်ငံတကာပြစ်ဒဏ်ခပ်မှုတွေကို
ဆက်လက်ထားရှိဖို့ပြောနေချိန်မှာ၊ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားခေါင်းဆောင်တွေက စစ်အစိုးရရေးဆွဲတဲ့လမ်းပြမြေပုံ
အတိုင်းလျှောက်ခဲ့တယ်။ ၂၀၀၈ အခြေခံဥပဒေကို တဖြည်းဖြည်းပြင်ယူမယ်လို့ဆိုတယ်။
စစ်အစိုးရလေသံအတိုင်း ၁၉၉၀ ရလဒ်၊ဆန္ဒတွေအားလုံးကို မြေမြှုပ်ပစ်ဖို့လုပ်ကြတယ်။

သန်းရွှေ စစ်အုပ်စုအတွက်တော့ ၂၀၁၀ ရွေးကောက်ပမ


ွှဲာ အနိုင်ရတဲ့တိုင်းရင်းသားခေါင်းဆောင်တချို့ကို သူ့ဂွင်ထဲကိုဆွဲသွင်း
ထားနိုင်လိုက်တာဟာ အဓိကအတိုက်အခံပါတီတွေကို စိတ်အနှောက်အရှက်အပေးနိုင်ဆုံး ဖဲချပ်တချပ်ကို ပိုင်ပိုင်နိုင်နိုင်ရသလိုမျိုးပါပဲ။
ဆလိုဗိုဒန်မီလိုစီဗစ်ရခဲ့တ့အ
ဲ ခွင့်အရေးထက်ပိုမိုအခွင့်ကောင်းတဲ့ အခြေအနေတခုကို ပိုင်ဆိုင်လိုက်ရတယ်။

တကယ်တော့ ဖက်ဒရေးရှင်းတွေအတွင်းက ပေါင်းစည်းမှုဆိုတာ လွယ်ကူတဲ့အရာတခုမဟုတ်သလို၊ ခွဲထွက်ခွင့်ဆိုတဲ့အဖြေတခုရဖို့


ဆိုတာကလည်း(ပထဝီဝင်နိုင်ငံရေးပေါ်မှာမူတည်ပြီး)ပျားရည်ဆမ်းခရီးတခုမှာ အသက်ပျောက်တတ်တဲ့အဖြစ်မျိုးတွေလည်း တိုးရတတ်ပါတယ်။
၁၉၉၂ မှာ ယူဂိုဆလားဗီးယားပြည်ထောင်စုပြိုကျခဲ့တယ်။ ဗမာပြည်မှာလည်း ကိုယ့်ပြဿနာနဲ့ကိုယ် ရှုပ်ရှက်ခပ် နေချိန်ဆိုတော့ -တခါတုံးက
ယူဂိုဆလားဗီယားပြည်ထောင်စုအတွင်းမှာတည်ရှိခ့တ
ဲ့ဲ ရီပတ်ပလစ် (၆) နိုင်ငံ ဘာတွေဆက်ဖြစ်နေခဲ့သလဲ ဆိုတာကို
သေသေချာချာသိဖို့မလွယ်ခြဲ့ ကပါဘူး။ တခုတော့ ရှိတယ်။ ယူဂိုဆလားဗီးယားပြည်ထောင်စုဆီက သင်ခန်းစာတွေကို ယူချင်တယ်ဆိုရင်တော့-
အပိုင်း(၃) ပိုင်းခွဲလေ့လာရပါလိမ့်မယ်။
(၁) ဖက်ဆစ်အီတလီနဲ့ ဖက်ဆစ်ဂျာမန်က ယူဂိုဆလားဗီးယားကို ၁၉၄၁ မှာ ကျူးကျော်သိမ်းပိုက်လိုက်တဲ့အခါ၊ ယူဂိုလလားဗီးယား
လွတ်မြောက်ရေးအတွက် ဘယ်သူတွေက ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသလဲ။

(၂) ၁၉၈၀ မှာ ယူဂိုဆလားဗီးယားခေါင်းဆောင် တီးတိုးကွယ်လွန်ခဲ့သွားတဲ့အခါ တိုင်းပြည်ကို စုပေါင်းဦးဆောင်ခဲ့တဲ့ လူမျိုးစု


ခေါင်းဆောင် ကွန်မြူနစ်ပါတီအတွင်းရေးမှူးအဖွဲ့တွေရဲ့အယူအဆတွေက ဘာတွေလဲ။ လူမျိုးရေးပြဿနာတွေကို မီးတောက်လောင်
စေတဲ့အခြေအနေတွေကိုဘယ်သူတွေ၊ ဘယ်အချက်တွေက ဖန်တီးခဲ့သလဲ။

(၃) ယူဂိုဆလားဗီးယားပြည်ထောင်စုပြိုကွဲအပြီး လွတ်လပ်သွားတဲ့ ရီပတ်ပလစ် (၆) နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေက


ဘယ်လတ
ို ည်ရှိနေပါသလဲ။

အချက် (၃) ထဲက အကြောင်းအရာတွေကို သုတေသနလုပ်ကြည့်စေချင်ပါတယ်။ အချိန်မရရင် ၁၉၉၂- ၉၅ ဘော့စနီးယား-ဟာဇီဂိုးဗီးနား


စစ်ပွဲနဲ့ အဲ့ဒီဒေသတွေဆီမှာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကိုဆက်လက်ဆွေးနွေးကြည့်စေချင်ပါတယ်။

ဒေတွန်သဘောတူညီမှု သေဆုံးသွားတဲ့အခါ----------

(၂၀၀၁ ) အာဖကန်နစ္စတန်စစ်ပန
ွဲ့ဲ (၂၀၀၃) အီရတ်စစ်ပွဲတွေဆီမှာ လူတွေရဲ့အာရုံတွေအားလုံးလိုက်ပါသွားကြတယ်။
“လူတွေက သမိုင်းတွေကို မထေမဲ့မြင်ဖြတ်နေကြတာဗျ။ ခုတော့ ကိုဆိုဗိုမှာဖြစ်ခဲ့တဲ့ ကြေကွဲစရာအဖြစ်ဆိုးတွေ၊ ဘော့စနီးယား-
ဟာဇီဂိုးဗီးနားစစ်ပွဲ ရဲ့ သွေးပျက်ဘယ
ွ်နာကျင်မှုတွေ၊ ရဝမ်ဒါရဲ့သစ္ဆေရိပ်တွေကို ဘယ်သူမှ အလေးအနက်မပြောကြတော့ဘူးလေ” လို့
ဘော့စနီးယားခေါင်းဆောင်တယောက်က ညီးတွားခဲ့ဘူးပါတယ်။ တကယ်တော့ ဘောလ်ကန်ဒေသဟာ လွန်ခဲ့တဲ့ (၃) နှစ်လောက်
ကစပြီး အချိန်မရွေးထပေါက်ကန
ွဲိုင်တဲ့ မီးတောင်တလုံးဖြစ်နေခဲ့တယ်ဆိုတာကို ဥရောပသမဂ္ဂနဲ့အမေရိကန်ပြည်ထောင်စု တို့ဟာ
ရိပ်စားမိနေခဲ့ပေမဲ့ ဘာမှမတတ်နိုင်ခ့ပ
ဲါဘူး။ စစ်ပြွဲ ကီးနှစ်ခုကြားမှာပဲ အသဲအသန်ရှင်သန်နေခဲ့ရပါတယ်။”

နေတိုးစစ်အုပ်စုရဲ့စစ်ရေးအရဝင်ရောက်ပါဝင်ခ့မ
ှဲုကြောင့် ဘော့စနီးယား-ဟာဇီဂိုးဗီးနားဆီက လူမျိုးရေးသုတ်သင်ရှင်းလင်းမှုတွေ၊
သွေးချောင်းစီးမှုတွေကို ရပ်ဆိုင်းနိုင်ခ့တ
ဲ ယ်။ အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်မှာ ဒေတွန်သဘောတူညီမှုကို
လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဘော့စနီးယားနိုင်ငံပြန်လည်ထူထောင်ဖို့အတွက် နိုင်ငံတကာဆီက ရခဲ့တဲ့အကူအညီတွေဟာ
ဒုတိယကမ္ဘာစစ်အပြီးဂျာမဏီပြန်လည်တည်ထောင်ဖို့အတွက် ရခဲ့တဲ့ ပမာဏာပြီးရင် ဒုတိယ လိုက်တယ်။

ဘော့စနီးယားနိုင်ငံအတွက် အခြေခံဥပဒေတရပ်ကိုရေးဆွဲနိုင်ခဲ့ပြီး၊ ဒေသဆိုင်ရာ၊ ပြည်နယ်တိုင်း ရွေးကောက်ပွဲတွေ ကျင်းပလာနိုင်ခဲ့တယ်။


ဆာ့ဗ်၊ ခရိုအက်၊ ဘော့စနီးယားလူမျိုးစုစစ်တပ်တွေဟာ ဖက်ဒရယ်စစ်တပ်အဖြစ် တခုတည်းဖြစ်လာခဲ့တယ်။ ဒေတွန်သဘောတူညီမှုကို
လိုက်နာပြီး၊ အောင်မြင်ခ့တ
ဲ့ဲ ဒေသတခုကိုပြပါဆိုရင် နိုင်ငံရဲ့အရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ ဘရက်ကို ခရိုင် ( Brcko District) ကို
လက်ညှိုးထိုးပြရလိမ့်မယ်။ အဲ့ဒီဒေသဟာ ဘော့စနီးယားစစ်ပွဲကာလအတွင်းတုံးက အရက်စက်အကြမ်းကြုတ်ဆုံး လူမျိုးရေးစစ်ပွဲကို
ဆင်နွဲခဲ့တဲ့ နေရာတွေအနက် တခုဖြစ်တယ်။ ဒါပေမဲ့အခုတော့ အဲ့ဒီဒေသတွေမှာ ရှိတဲ့ ဘော့စနီးယား၊ ဆာ့ဗ်၊ ခရိုအက်တွေဟာ
ချစ်ချစ်ခင်ခင်နေထိုင်နေကြတယ်။ သူတွေတင်သာမကဘူး။ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် အမေရိကန်စစ်သားတွေနဲ့ရုရှားစစ်သားတွေ
အတူတကွကင်းလှည့် ရယ်မောစကားပြောနေကြတာကိုတွေ့ရမယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေကြောင့်
ဒေသတွင်းမှာတည်ရှိနေတဲ့ လူကုန်ကူးမှု၊ လိင်အရောင်းအဝယ်လုပ်မှုတွေဟာလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့တယ်။ ဒီဒေသဟာ
မတူညီတဲ့လူမျိုးစုတွေကြားမှာ နားလည်ပူးပေါင်းမှုအပြည့်နဲ့ အတူတကွပူးပေါင်းလုပ်ဆောင်သွားလို့ရတယ် ဆိုတဲ့ဥပမာကိုပြလိုက်တာဖြစ်တယ်။
ဒေတွန်သဘောတူညီမှုကိုလိုက်နာနေကြခြင်းဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီဒေသတခုကတော့ ချွင်းချက်တခုလို့ပြောရပါလိမ့်မယ်။

မော်စတာမြို့ရဲ့အတွေ့အကြုံ

ဒေတွန်သဘောတူညီမှုဟာ ဘော့စနီးယားစစ်ပက
ွဲိုရပ်ဆိုင်းစေခဲ့ယုံသာမကဘူး။ဘော့စနီးယားနိုင်ငံအတွက် အခြေခံဖွဲ့စည်းပုံ
တခုကိုချမှတ်နိုင်ခဲ့တယ်။ ဘော့စနီးယား-ဟာဇီဂိုးဗီးနား ဖက်ဒရေးရှင်း နဲ့ ဆာ့ဗ် ရီပတ်ပလစ် နိုင်ငံနှစ်ခုအဖြစ်ခွဲလိုက်တယ်။
ခရိုအက်တွေနဲ့ဘော့စနီးယားမွတ်စလင်အများစု က ဖက်ဒရေးရှင်းမှာနေထိုင်ပြီး၊ ဆာ့ဗ်လူမျိုးအများစုက ဆာ့ဗ်ရီပတ်ပလစ်မှာ
နေထိုင်ကြတယ်။ လူမျိုးစု (၃) စုဟာ ကိုယ်ပိုင်အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ ပညာရေးစံနစ်တွေ သီးခြားတည်ဆောက်ခဲ့ကြတယ်။ လူမျိုးစုတစုက
တခြားလူမျိုးစုတစုကို လွှမ်းမိုးခြယ်လှယ်နိုင်ခွင့်မရအောင်အတွက် လူမျိုးစု (၃) စုကို ကိုယ်စားပြုမဲ့ သမ္မတ (၃) ယောက်ကို အလှည့်ကျ
အုပ်ချုပ်စေခဲ့တယ်။ ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှုလျော့နည်းအောင်လုပ်ပြီး၊ ပါဝါခွဲဝေမှုလုပ်တယ်ဆိုတာ လက်တွေ့မှာ အလုပ်မဖြစ်ခဲ့ဘူး။
လူမျိုးစုတိုင်းဟာ မိမိလူမျိုးစုရဲ့အကျိုးစီးပွားကိုသာဦးစားပေးလုပ်ဆောင်ကြတာဖြစ်တဲ့အတွက် ဥပဒေပြုအကောင်အထည်ဖေါ်မဲ့
ကိစ္စရပ်တိုင်းမှာ သဘောထားကွဲခြဲ့ ကတယ်။ ရှေ့ဆက်တိုးလို့မရမဲ့နိုင်ငံရေးငြင်းခုန်မှုတွေနဲ့အဆုံးသတ်ခဲ့ကြတယ်။ ပိုပြီးဆိုးတဲ့အချက်ကတော့
ပြင်းထန်လွန်းတဲ့ အမျိုးသားရေးဝါဒီခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ရေးနယ်ပယ်အသီးသီးမှာ တည်ရှိနေတဲ့ခြစားမှုတွေပဲဖြစ်တယ်။
နိုင်ငံတခုလုံးမှာ ဝန်ကြီးဋ္ဌာနပေါင်း (၁၆၀) ကျော်ရှိတယ်။ ဗျူရိုကရက်ယန္ဒရားကလည်း များပြားလွန်းတယ်။ ဟာ အဲ့ဒီ ဝန်ကြီးဋ္ဌာနတွေအတွက်
လိုအပ်မဲ့ အသုံးစရိတ်တွေကြောင့် နိုင်ငံတခုလုံးရဲ့ GDP တဝက်ကျော်ဟာ စုံးစုံးမြှုပ်သွားခဲ့ရတယ်။ ဒေတွန်သဘောတူညီမှုကြောင့်
ပြဿနာတွေပိုရှုပ်ထွေးသွားတဲ့မြို့တွေလည်းရှိနေတယ်။

ဒီအထဲက ဥပမာတခုကိုပြပါဆိုရင်၊ မော်စတာမြို့ ( Mostar) ကိုပြရပါလိမ့်မယ်။


အဲ့ဒီမြို့ကလေးဟာ စစ်ပွဲရဲ့နာကျဉ်းချက်တွေကြောင့် နက်နက်နဲနဲကြွဲ ပဲနေတဲ့မြို့လေးတမြို့ဖြစ်တယ်။

မော်စတာ ဆိုတြဲ့ မို့ဟာ ကဗျာဆန်သလို၊ စစ်ပွဲတွေကလည်းစောင့်နေတတ်တယ်


ဒေတွန်သဘောတူညီမှုပြီးတဲ့အခါမှာတော့ မြို့ရဲ့အရှေ့ခြမ်းမှာ မွတ်စလင်တွေက အဓိကနေထိုင်ပြီး၊ အနောက်ခြမ်းမှာ ခရိုအက်တွေက
လွှမ်းမိုးထားတယ်။ ခရိုအက်တွေဟာ ခရိုအေးရှားနိုင်ငံသားခံယူထားကြသလို၊ ခရိုအေးရှားနိုင်ငံမှာ လည်းမဲပေးနိုင်တဲ့
အခွင့်အရေးကိုရရှိခဲ့ကြတယ်။ ဘော့စနီးယားနိုင်ငံဟာလွတ်လပ်တဲ့တိုင်းပြည်တခုကိုထူထောင်နိုင်ခဲ့တယ်ဆိုခဲ့ပေမဲ့
ပထဝီဝင်နိုင်ငံရေးအရ တည်ရှိနေတဲ့ပြဿနာတွေ၊ လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေနဲ့
တွဲရေးခွဲရေးဆိုင်ရာအတွေးအခေါ်တွေအောက်မှာ၊ အချိန်မရွေးတောက်လောင်နိုင်တဲ့ မီးတောင်တခုလိုဖြစ်လာခဲ့တယ်။
ဒါဟာလည်းအဆန်းတော့မဟုတ်ပါဘူး။ ကမ္ဘာစစ်တွေဖြစ်ပွားခဲ့တဲ့အခါတိုင်း ယူဂိုဆလားဗီးယားနိုင်ငံဟာ
ဥရောပနဲ့ဆိုဗီယက်၊ရုရှားတွေကြားက အားပြိုင်ရာ ကြားခံနယ်မြေတခုလို ဖြစ်ခဲ့တယ်။
အင်ပါယာတွေရဲ့ကျူးကျော်သိမ်းပိုက်မှုအောက်မှာ လွတ်မြောက်အောင်ကြိုးပမ်းကြရင်း ပေါင်းစည်းကြတယ်။ ကွဲထွက်ကြတယ်။
မြေပုံအသစ်တွေအကြိမ်ကြိမ်ရေးဆွဲခြဲ့ ကတယ်။

ကိုဆိုဗို၊ အာဖကန်နစ္စတန်နဲ့ အီရတ်မှာ မေ့ဆေးတွေရှိတယ်

၁၉၉၉ မှာ ကိုဆိုဗိုစစ်ပွဲဖြစ်တော့ အင်အားကြီးနိုင်ငံတွေရဲ့အာရုံဟာ ကိုဆိုဗိုနိုင်ငံဘက်ကို ဦးလှည့်သွားပြန်တယ်။ ဘော့စနီးယားနိုင်ငံအတွင်းမှာ


တည်ရှိနေတဲ့ ကုလသမဂ္ဂစစ်တပ်တွေ၊ နိုင်ငံတကာအကူအညီတွေကလည်းတဖြည်းဖြည်း လျော့ပါးသွားခဲ့တယ်။ အမေရိကန်ဦးဆောင်တဲ့
နေတိုးစစ်အုပ်စုဟာ အာဖကန်နစ္စတန်စစ်ပွဲ စတင်လိုက်တဲ့အခါမှာတော့ ဘော့စနီးယား-ဟာဇီဂိုးဗီးနားဒေသဟာ အမေ့ခံနိုင်ငံတခုလို
ိုဖြစ်သွားခဲ့ရတယ်။ အီရတ်စစ်ပက
ွဲို ဆင်နလ
ွဲိုက်တ့ခ
ဲုနှစ်တွေက စပြီး ဘော့စနီးယားနိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးပြဿနာတွေဟာ
ဆဒမ်ဟူစိန်နဲ့ အီရတ်စစ်ပွဲသတင်းတွေလောက် စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ နိုင်ငံတွင်းမှာ အလုပ်လက်မဲ့နှုန်းက
တရိပ်ရိပ်တက်လာတယ်။ နိုင်ငံတွင်းမှာ ဆာ့ဗ်လူမျိုးတွေရဲ့ ခွဲထွက်ရေးအသံတွေက ဆူညံလာသလို၊ ခရိုအက်တွေက ပိုမိုလွတ်လပ်တဲ့
ကိုယ်ပိုင်အုပ်ချုပ်ရေးကိုတောင်းဆိုလာကြတယ်။ ဘော့စနီးယားမွတ်စလင်ခေါင်းဆောင်တွေက ဗဟိုချုပ်ကိုင်မှု ပိုမိုအားကောင်းတဲ့
နိုင်ငံတခုကိုတည်ဆောက်ချင်ကြတယ်။ ဘောလ်ကန်ရဲ့သစ္ဆေရိပ်တွေက တရိပ်ရိပ်ပြန်လည်အသက်ဝင်လာသလို၊ သွေးညှီနံ့တွေက
ဆောင်းရာသီ ဆီးနှင်းတွေန့အ
ဲ တူ အေးစက်ခြောက်ခြားဘွယ် ရောက်လာနေကြတယ်။ လူတွေက သမိုင်းတွေကို တကယ်ပဲ
မေ့မေ့လျော့လျော့ဖြတ်သန်းနေခဲ့ကြတာလား။ ကျနော်တို့ရဲ့ ဘော့စနီးယား-ဟာဇီဂိုးဗီးနား စစ်ပွဲ၊ ဘောလ်ကန်သားသတ်ပွဲတွေအကြောင်း
သတိမယကြတော့ဘူးလား။တကယ်တော့ လူမျိုးရေး၊ဘာသာရေးအစွန်းရောက်သူတွေရဲ့စိတ်ကူးစိတ်သန်းတွေဆီမှာ အလုံးစုံပျက်သုဉ်းခြင်းနဲ့
ကံကြမ္မာဆိုးတွေသာတွယ်ကပ် ကပ်ပါနေတတ်တယ်လေ။

ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ- ဘော့စနီးယား-ဟာဇီဂိုးဗီးနားက


နိုင်ငံရေးအခြေအနေတွေကိုဆွေးနွေးရင်း ကျနော်တို့ကြုံတွေ့ကြရတော့မဲ့ ပါလီမန်သစ်တခု ကို မေးခွန်းထုတ်ထားပါတယ်။

“ဒုတိယကမ္ဘာစစ်ကြီး ပြီးခါစတုံးကတော့ ကျနော်တို့တတွေဟာ စိတ်အားထက်သန်မှု၊ မိမိကိုယ်မိမိယုံကြည်မှုတွေနဲ့ ပြည့်နှက်နေပြီး


တိုင်းပြည်ကိုပြန်လည်ထူထောင်နိုင်ခြဲ့ ကတယ်။ ၁၉၉၀ကာလရဲ့ ဆယ်စုနှစ်တဝက်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲကတော့ အဲ့ဒီခံစားမှုတွေနဲ့ပြောင်းပြန်ပဲ။
စစ်ပွဲကဆက်ဖြစ်နေခဲ့တယ်။ စစ်လက်နက်တွေန့တ
ဲိုက်ခိုက်နေတဲ့စစ်ပွဲတခုဟုတ်ချင်မှဟုတ်လိမ့်မယ်။
ဒါပေမဲ့ အရာအားလုံးဟာ မုန်းတီးမှု၊ မညီညတ
ွ်မှု၊ အက်ကွဲမှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။”

သောတရှင်များခင်ဗျား

၁၉၉၂-၁၉၉၅ ခုနှစ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ဘော့စနီးယားပြည်တွင်းစစ်ပွဲကို မှတ်မိကြပါလိမ့်မယ်။


ယူဂိုစလားဗီးယားပြည်ထောင်စုပြိုကွမ
ှဲုန့အ
ဲ တူ လူမျိုးရေးစစ်ပွဲတွေကလည်း အရှိန်ပြင်းထန်စွာ တောက်လောင်နေခဲ့ပါတယ်။
ဆာရာဂျေဗိုမြို့သိမ်းတိုက်ပွဲ၊ အိုမာစကာအကျဉ်းစခန်းတွေနဲ့ ဆရီဘရီနီကာမြို့ ဆီက အစုလိုက်အပြုံလိုက်လူသတ်ပွဲတွေဟာ
တကမ္ဘာလုံးကိုထိတ်လန့်တုန်လှုပ် စေခဲ့ပါတယ်။ ကြီးမြတ်တဲ့ဆားဗီးယားနိုင်ငံတော်တည်ထောင်ချင်သူတွေရဲ့ ရူးသွပ်မှုကြောင့်
ဘော့စနီးယား မွတ်စလင်အမျိုးသမီး(၅)သောင်းနီးပါးမတရားပြုကျင့်သတ်ဖြတ်ခံခဲ့ရသလို၊ လူမျိုးရေးသုတ်သင် ရှင်းလင်းမှုတွေကိုလည်း
ကြောက်ခမန်းလိလိ ကျူးလွန်ခြဲ့ ကပါတယ်။ ဘော့စနီးယားစစ်ပွဲမှာ ပြည်သူ နှစ်သိန်းကျော် အသက်ပေးခဲ့ရသလို၊တိုင်းပြည်လူဦးရေရဲ့
တဝက်ကျော်ဟာဒုက္ခသည်အဖြစ်ရောက်ရှိခ့ရ
ဲ ပြီး နိုင်ငံအတွင်းက ထွက်ပြေးသွားခဲ့ရပါတယ်။

“ ဆာဗီးယားတပ်မတော် က ဆာရာဂျေဗိုမြို့လည်ဈေးကို လေတပ်ကနေ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲလိုက်တဲ့ အခါမှာတော့ နေတိုးစစ်အုပ်စုဟာ


ဘော့စနီးယားစစ်ပွဲကိုအဆုံးသတ်ဖို့ဝင်ရောက် ပါဝင်လိုက်တယ်။ ၁၉၉၅ မှာ ဒေတွန်ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုချုပ်ဆိုလိုက်ကြပြီး
ဆာဗ်၊ ခရိုအက် နဲ့ ဘော့စနီးယားလူမျိုးစု သုံးစုအကြားမှာတည်ရှိမဲ့အခြေခံဥပဒေတခုကို ရေးဆွဲပေးလိုက်တယ်။ ဘော့စနီးယားစစ်ပွဲမှာ
ပြည်သူလူထုအပေါ် ရာဇဝတ်မှုအများဆုံး ကျူးလွန်ခ့တ
ဲ့ဲ သူတွေဟာ ဆာ့ဗ် စစ်တပ် ဖြစ်တယ် ဆိုတဲ့စုံစမ်းလေ့လာတွေ့ရှိမှုကို အစီရင်ခံခဲ့ပြီး
ဆာ့စစ်ခေါင်းဆောင် ( ၄၅) ယောက်၊ ခရိုအက်စစ်ခေါင်းဆောင် (၁၂) ယောက်နဲ့ ဘော့စ်နီးယား စစ်ခေါင်းဆောင် (၄) ယောက်တို့ကို
နိုင်ငံတကာခုံရုံးက စစ်ကြောဖမ်းဆီးလိုက်တယ်”

ဒေတွန်ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြအပြီးမှာတော့ ဘော့စနီးယားနိုင်ငံကို ဘော့စနီးရား-ဟာဇီဂိုးဗီးနား


ဖက်ဒရေးရှင်းနဲ့ ဆာ့ဗ်ရီပတ်ပလစ်နယ်မြေနှစ်ခုကိုခြွဲ ပီး အုပ်ချုပ်မှုတွေကို စီမံစေခဲ့ ပါတယ်။ ဆာ့ဗ်ရီပတ်ပလစ်ကို ဆာ့ဗ်လူမျိုးတွေက
ချုပ်ကိုင်ခဲ့သလို၊ ဒီမိုကရက်တစ်မတ
ွ်စလင်ပါတီက ဘော့စနီးယားအနောက်မြောက်ပိုင်းနဲ့အလယ်ပိုင်းမှာနေရာယူခဲ့ကြပါတယ် ။
ခရိုအက်ဒီမိုကရက်တစ်ပါတီကတော့ ဟာဇီဂိုးဗီးနားအနောက်ပိုင်းတခုလုံးကို သိမ်းပိုက်ထားလိုက်ပါတယ်။
ဘော့စနီးယားနိုင်ငံရဲ့သမ္မတအဖြစ်လူမျိုးစုအသီးသီးကို ကိုယ်စားပြုတဲ့ သမ္မတ သုံးယောက်က အလှည့်ကျအုပ်ချုပ်စေခဲ့ပါတယ်။
ပါလီမန်လွှတ်တော်အမတ်တွေရဲ့ သုံးပုံနှစ်ပုံကို ဖက်ဒရေးရှင်း ဆီမှရွေးချယ်ပြီး၊ ကျန်တဲ့သုံးပုံတပုံကတော့ ဆာ့ဗ်ရီပတ်ပလစ်အတွက်ဖြစ်ပါတယ်။
ဘော့စနီးယား စစ်ပွဲပြီးဆုံးသွားတဲ့အခါ ဒေါ်လာ(၁၄)ဘီလျှံ ကျော်အကူအညီတွေလိမ့်ဝင်လာသလို၊ ၁၉၉၆ နှစ်အကုန်မှာ ကုလသမဂ္ဂအေဂျင်စီ
(၁၈) ခုနဲ့ အစိုးရမဟုတ်သောအဖွ့အ
ဲ စည်း(၂၀၀)ကျော်ဟာ နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် အကူအညီပေးခဲ့ကြပါတယ်။
နိုင်ငံရေးအာဏာကို ဗဟိုချုပ်ကိုင်မှု လျော့နည်းနိုင်သမျှ လျော့နည်းအောင်ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့အကြီးမားဆုံး ပြဿနာနှစ်ခုရှိတယ်။
နိုင်ငံတကာမှရရှိတဲ့အကူအညီတွေအပေါ်ခြစားအကျင့်ပျက်နေတဲ့ အစိုးရအရာရှိတွေနဲ့ လူမျိုးစုတွေကြားမှာ ယုံကြည်မှု
မတည်ဆောက်နိုင်ခြင်းတွေပြဲ ဖစ်တယ်။ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ (၃) နှစ်လောက်ကစပြီး ဘော့စနီးယားမွတ်စလင်၊ ဆာ့ဗ်၊
ခရိုအက် ခေါင်းဆောင်တွေကြားက နိုင်ငံရေးတိုက်ပွဲတွေဟာ ပြင်းထန်လာခဲ့တယ်။ ဆာ့ဗ်ခေါင်းဆောင် မီလိုရက်ဒ် ဒိုးဒစ်ဟာ ဆာ့ဗ်ရီပတ်ပလစ်ကို
ဘော့စနီးယားနိုင်ငံဆီက ခွထ
ဲ က
ွ်ရမယ် လို့ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လာခဲ့သလို၊ ဘော့စနီးယန်းခရိုအက်တွေကလည်း
ဖက်ဒရေးရှင်းထဲမှာ ပိုမိုလတ
ွ်လပ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုတောင်းဆိုလာခဲ့တယ်။ တဘက်မှာတော့ ဘော့စနီးယားမွတ်စလင်
ခေါင်းဆောင်က ရီပတ်ပလစ်ကိုဖျက်ပြီး ဗဟိုချုပ်ကိုင်မှု ပိုပြီးရှိတဲ့ တိုင်းပြည်တခုကို ပြန်လည်ဖွဲ့စည်း ချင်တယ်။ ပါလီမန်တွင်းမှာ
တယောက်ကိုတယောက် ယုံကြည်မှုမထားနိုင်ခြဲ့ ကသလို၊ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ ဘော့စနီးယားနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ
အောက်ခြေအဆင့်မှာ သာ တည်ရှိနေဆဲဖြစ်တယ်။ အလုပ်လက်မဲ့နှုန်းက ၂၇ ၇ာခိုင်နှုန်းကျော်ရှိသလို၊ လူဦးရေရဲ့ (၂၅) ရာခိုင်နှုန်းကျော်ဟာ
ဆင်းရဲငတ်ပြတ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

“ ဒီရွေးကောက်ပွဲတွေဟာ ကျနော်တို့အတွက် စိတ်ပိုင်းဆိုင်ရာနံရံတခု (ဒါမှမဟုတ်) နိုင်ငံရေးနံရံတခုလို ခံစားနေခဲ့ကြရတယ်။


မညီညွတ်မှု၊ဆာလောင်ငတ်ပြတ်မှုတွေကို မဖြေရှင်းနိုင်မှတော့ ပါလီမန်လွှတ်တော်ဆိုတာ ဒုက္ခတွေကိုပြန်ပြန်ကန်ထွက်လာတဲ့
နေရာတခုလိုဖြစ်လာတယ်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဘော့စနီးယား ပြဿနာကို
ဘယ်လိုရပ်တည်ဖြေရှင်းကြမလဲဆိုတာ အဓိကမေးခွန်းတခုဖြစ်လာတယ်။ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားကြားမှာတိုင်ပင်ညှိနှိုင်းပါ။
ကျနော်တို့ထောက်ခံသွားပါမယ်ဆိုတ့စ
ဲ ကားတွေကိုပဲ ထပ်ခါထပ်ခါပြောနေမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။
လတ်ဆတ်တဲ့အိုင်ဒီယာတခုကို ချပြပြီးလက်တွေ့ကျကျ အကူအညီပေးရမယ်။”

သောတရှင်များခင်ဗျား
ရွေးကောက်ပွဲကျင်းပပြီး ပါလီမန်ဖ့တ
ွဲ ယ်။ အစိုးရသစ်ဖ့တ
ွဲ ယ်ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တိုင်းဟာ အကောင်းတွေချည်းဖြစ်လာမယ်။
တိုးတက်မှုတွေဖြစ်ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေချည်း မထားမိဖို့ လိုပါလိမ့်မယ်။ ပါလီမန်ထဲမှာ ပြည်သူလူထုအကျိုးအတွက်
ညီညွတ်တဲ့အင်အားစု တရပ်မတည်ဆောက်နိုင်ဘူးဆိုရင်တော့ ဘော့စနီးယားပြည်သူတယောက်ပြောခဲ့တဲ့စကားလို
ဒုက္ခတွေပြန်ပြန်ကန်ထွက်လာတဲ့ နေရာတခုဖြစ်နေပါလိမ့်မယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အကျဉ်းထောင်တွေထဲမှာ
ဆက်လက်ဖမ်းဆီးထားနေဆဲ၊ ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲ မှာအနိုင်ရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အတိုက်အခံပါတီတွေ
အချင်းချင်း ရန်တိုက်ပေးထားပြီး နိုင်ငံရေး၊ လူမျိုးရေးဖိနှိပ်မှု ပေါင်းစုံလုပ်နေတဲ့ စစ်အာဏာရှင်တွေအောက်က
ဗမာပြည်နိုင်ငံရေးဇာတ်ခုံဟာ ဘော့စနီးယားနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေထက် ရှုပ်ထွေးခက်ခဲနေအုံးမှာအမှန်ပါ။
သောတရှင်တို့လည်း-ဒုက္ခတွေ ပြန်ပြန်ကန်ထက
ွ်လာမဲ့ နံရံကြီး ကို ညီညီညွတ်ညွတ်ဖြိုချပစ်နိုင်ကြပါစေ။

၂၀၀၉ စက်တင်ဘာ၊ အောက်တိုဘာလထုတ် Foreign Affair Journal တွင်ပါရှိသည့်


နိုင်ငံရေးသိပ္ပံပါမောက္ခ Patrice C. McMahon နဲ့ Lincoln. Jon Western တို့ ရေသားပြုစုခဲ့တဲ့
The Death of Dayton: How to stop Bosnia From Falling Apart ဆောင်းပါးပါ အချက်အလက်များကို ယူငင်သုံးစွဲပါတယ်။

You might also like