Shinyinmaw

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 3

ရင်နာရမည်က အပိုဆု

အာရှက သူငယ်ချင်း တချို.နှင်. သင်တန်းတစ်ခုမှာ ဆုံဘူးပါတယ်။ ကမ္ဘောဒီယန်းက


အမျိုးသားတစ်ဦးက မြန်မာနိုင်ငံ မှတစ်ပါး အခြား အာရှနိုင်ငံ များကိုရောက်ဘူးပြီး ဖြစ်ကြောင်း သူ.ရဲ့ 
နှစ်ပေါင်း များစွာက ဘဝအိမ်မက်ကတော့  မြန်မာနိုင်ငံကိုလာပြီး တော့  တတ်နိုင်သလောက် ရဟန်း ပြု ဘို့ 
ပါတဲ့ ။ အနဲဆုံး သုံးလ ရည်မှန်း ထားပါတယ် ဆိုတဲ့ အကြောင်း သင်တန်းနား ချိန်မှာ ပြော လာပါတယ် ။
ဗုဒ္ဓဘာသာ ဝင် အာရှနိုင်ငံ များသို့  ဗုဒ္ဓဘာသာ နှင့် ပါတ်သက်ရ်ျ ရောက်ဘူး လေ့ လာပြီးသည့်  အပြင်
မြန်မာဘုန်းတော်ကြီး တစ်ပါးကိုလည်း ဖူးမြှော်ခွင့် ရပြီးသည့် အချိန်မှစရ်ျ အလွန်ကြည်ညိုစိတ်
ပေါ်ပေါက်လာကာ ထိုအိမ်မက်ကို အကောင်အထည် ဖော်ရန် ဆုံးဖြတ်ချက်ချခဲ့  သည် ဟုဆိုပါသည်။ နိုင်ငံရေး၊
စီးပွားရေး၊ လူမှူရေး အစစအရာရာ ခြွတ်ချုံ ကျနေတဲ. အချိန်မှာ အခုလိုအသံ မျိုး ကြားလိုက်ရလို့ ၊ “ဪ
ဘာသာ ရေးအနေနှင့် ကတော့  တို.နိုင်ငံကို လေးစားကြည်ညို ကြပါသေး လားလို”့ ကြည်နူးပီတိ
ဖြစ်မိပါတယ်။ ကျမကကိုယ်ရည် သွေးလို့ မဟုတ်ပဲ သူကိုယ်တိုင် အားတက်သရော မေးမြန်းလာတဲ့  အတွက်
စိတ်ပါလက်ပါ ဆွေးနွေးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အထွန်း ကားဆုံးနေရာ ဟာ မြန်မာပါ လို့လည်း
သူကဆိုပါသေးတယ် ။

တို့ နိုင်ငံ မြို့ တော်ဟောင်း ရန်ကုန်မြို့ မှာ ကမ္ဘာ့ ထေရဝါဒ ဗုဒ္ဓတက်ကသိုလ် ရှိပြီး ပြည်တွင်းမှ
မြန်မာနိုင်ငံသား မည်သူမဆို ဘွဲ့ တစ်ခုရပြီး သူဖြစ်ပါက BA (Budhism) ဘွဲ့ ကိုလေ့ လာသင်ယူ
နိင်ကြပြီဖြစ်ကြောင်း၊ နိုင်ငံခြားသားများ ကိုလည်း ရဟန်းတော်ဖြစ်စေ လူဖြစ်စေ လာရောက်လေ့ လာ ဆည်းပူး
ခွင့် ပြုထားကြောင်းနှင့်  ပြည်တွင်းကျောင်း သားများ ကို နေရာထိုင်းခင်း စဉ်းစားမပေးသော်ငြား နိုင်ငံခြားသား
ကျောင်းသားများ ကိုတော့  ထိုကျောင်းဝင်း ထဲမှာ ပင် အဆောင် ရနိုင်ပါ ကြောင်း သိသမျှ ဖောက်သည်
ချမိပါသည်။ ဒီအကြောင်းအရာက ၂၀၀၇ ရွှေဝါရောင် မတိုင်ခင် ကလေးတင်ပါ။ ထိုသူက သူ့ ရဲ့ အိမ်မက်ကို
အကောင် အထည် ဖော်ပြီးလေပြီလား။ ရွှေဝါရောင်ကြောင်. ရဟန်းအဖြစ်ဖြင့် မြန်မာနိုင်ငံကို လာမည့်
အရေးမြှော်တွေးကာ အိမ်မက်တွေကိုရေမျှော လိုက်ပြီလား။ မည်သည့်  အခြေအနေ ရှိသည်ကို ဖြင့် 
အဆက်အသွယ်မရှိရ်ျ မသိရတော့ ပေ။

ဖိလစ်ပိုင် နိုင်ငံသား တစ်ဦးကတော. သူတို့ နိုင်ငံက ခရစ်ယာန် ဘာသာဝင် အများစု ဖြစ်ကာ


ဗုဒ္ဓဘာသာ ဝင်က ၁ % ပဲရှိလို့  ဗုဒ္ဓဘာသာ အကြောင်း သိပ်မသိပေမဲ့  မျက်နှာတော် ကြည်လင်ငြိမ်းချမ်း တဲ့ 
ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးကို ဖူးတွေ့ လိုက်ရတဲ့  အခါမှာ တော့  သူ့ ရင်တွေအေးမျ သွားတယ် လို
့ဆိုပါတယ်။

လာအို နိုင်ငံသူ တစ်ဦးကတော့  သူတို့ နိုင်ငံကို သံအရာရှိ အဖြစ်နှင့်  တာဝန်ထမ်း ဆောင်တဲ့ 


မြန်မာမိသားစု တစ်စုနှင့်  ရင်းနှီးကျွမ်းဝင်ကာ မြန်မာသနပ်ခါးကို မြတ်နိုးမိသလို စိတ်အားအထက်သန်ဆုံးက
တော့  ပုံတော်ကို ဖူးမြှော်ပြီး ဖြစ်တဲ့  ရွှေတိဂုံစေတီတော်ကို ဖူးမြှော်ရန် ဒီနှစ်နွေမှာ မြန်မာပြည်ကို ဘုရားဖူး
သွားမယ်လို့ ဆိုပါတယ်။ ရွှေတိဂုံစေတီတော် အပြင် အခြားတန်ခိုးကြီး ဘုရားများကို ဖူးမြှော် ခဲ့ရန်
အကြံဥာဏ်ပေးမိသလို ဖိလစ်ပိုင်က သူငယ်ချင်း ကိုတော့ ခေါင်းငြိမ့် အပြုံးနှင့် တုန့် ပြန်မိပါတယ်။

အထက် က တကယ့်အတွေ့ အကြုံတွေကို စာပိုဒ် အလီလီနှင့်  နိုဒါန်း ချီလာမိတာ အခုတလော


ဘလော့ဂ် အချို့ မှာ တွေ.နေရတဲ့ အဆိပ်တွေကို ထုတ်ပစ်မယ်ဆိုတဲ့ (Brain wash) သင်တန်းကြောင့်ပါ။
(Freedom news group) ကတော. သင်တန်းမှာ ကျား/မ မရွေး၊ ကြီးငယ် အလတ် ပါမကျန် မြူးထူး
ကခုန်နေကြတာ သင်တန်းမှာကျွေး တဲ့ အစားအသောက်တွေထဲနှင့် ဖျော်ရည်တွေထဲမှာ စိတ်ကြွဆေးတွေခတ်
ထားတယ် လို့  ဆိုပါတယ်။ ဖြစ်နိုင်ခြေရှိတယ်လို့  ထင်မိပါတယ်။ ဧရာဝတီကတော့ ထိုသတင်းကို
ဖော်ပြထားပေမဲ့  သတင်း အတိအကျ မသိရသေး ဟုဆိုပါတယ်။ ကိုဒီမိုဝေယံ ကတော ရဟန်းတော်တွေရဲ့ 
သင်္ဃာန်းနှင့်  နစ်စ၊ ဂီတ ဆိုတဲ့  ရှစ်ပါးသီလထဲက သိက်ခါ ပုဒ်နှင့် တော့  ဖီလာဆန့်  ကျင်တယ်လို . ဆိုပါတယ်
။ ကျမ အမြင် ကတော့  ဧရာဝတီက နောက် ထွက်လာဘွယ် ရာရှိတဲ့  အကြာင်းပြချက် ကို စောင့်  မျှော်မိသလို
ကိုဒီမိုဝေယံ နှင့်  သဘော ထား အမြင် ချင်း တူညီပါတယ်။

သာသနာကို ရည်ရွယ်ချက် နှင့်  ဖျက်ဆီးလိုက် လေ သလား။ မရည်ရွယ်ပဲ ထိခိုက် သွားစေ တာလား ။


ထိုထို ကာယကံ ရှင် များသာ အသိဆုံး ဖြစ်ပါလိမ်. မည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို ရှေး ပဝေသနီက
အခြေ တည်ခဲ့  သည်ဖြစ်ရာ ဘာသာတရားနှင့်  ကိုက်ညီ/ဆန့် ကျင်သည် ထိုထို လူကြီး များ သိတန် ကောင်း
ရာသည်။ ဘာသာတရား ကို လောကီ အကျိုးတစ်စုံတစ်ရာ အတွက် အမြတ်ထုတ်ရန် သင့် တော်ပါသလားရှင်။
အသုံးချသည် ထားဦး ဘုရားတော်နှင့်  အညီဆို တော် သေး သည်။ ၂၀၁၀ ခုနှစ် အတွင်းက ဗုဒ္ဓဘာသာကို
ကမ္ဘာမှာ အမွန်အမြတ် ဆုံး ဘာသာအဖြစ် အသိအမှတ် ပြုလာကြရာ ကျမတို့ တွေဆည်းကပ် ကိုးကွယ်ခွင့် 
ရခဲ့ တဲ့  ထိုသာသနာကို ကိုယ့် လူမျိုး ကိုယ်တိုင်က ဖျက်ဆီးရန် တာ ဆုလိုက်ကြ ပြီလား။ တိုင်းတစ်ပါးတို့ 
လက် အောက် ကျွန်သဘောက် ဘဝ၊ ဘာသာသာသနာကို ဖျက်ဆီး ခဲ့ကြောင်း သမိုင်း သိစဉ်ကဝမ်းနဲမျက်ရည်
လည်ခဲ့ရ။ တစ်မူထူးခြား၊ ကိုယ်ကျွန်ဘဝမှာ တို့ တွေးတို့ သား၊ ကိုယ်တိုင်က သာသနာ ရောင် မှေးမှိန်
စေကြောင်း ဖျက်ဆီးခြေမွ ကြမည်ဆိုလျှင်ဖြင့် ရင်နာရမည်က အပိုဆု။

ရှင်ရင်မော

၁.၂၁.၂၀၁၁

ညနေ ၄ နာရီ ၂၂ မိနစ် ၊

You might also like