20110121YYN

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 27

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

မင်းနိုင်သူ Friday, 21 January 2011 18:49

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် ရန်ကုန်မြို့ ထိုင်းသံရုံး၌
တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

“မနက် ၉ နာရီကနေ ၁၀ နာရီလောက်အထိ ထိုင်းသံရုံးမှာပဲ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။


ပွင့်လင်း ရင်းနှီးမှုရှိတဲ့ ဆွေးနွေးပွဲတခု ဖြစ်မြောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဆွေးနွေးချက် အသေးစိတ်ကိုတော့ ဒေါ်အောင်ဆန်းကြည်က ပြောဆိုခြင်း မရှိသေးပါဘူး”ဟု NLD
ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောသည်။

ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်


ပြန်လည် လွတ်မြောက်ခဲ့ ပြီးနောက် နိုင်ငံခြားရေး ၀န်ကြီး တဦးနှင့် ပထမအကြိမ် လူချင်းတွေ့ဆုံ
ဆွေးနွေးခြင်း ဖြစ်သည်။

မစ္စတာ ကဆစ်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ


နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး၌ အာဆီယံ အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်
ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု ကမ္ဘာသို့ အသိပေးရမည် ဖြစ်ကြောင်း ၊
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ စစ်အစိုးရအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ
ဖြစ်ပေါ်လာရန် ၊ တိုင်းရင်းသား အဖွဲ့များအနေဖြင့် စစ်အစိုးရနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရန်တို့ကို
ပပပပပပပပပ
၂၂၂၂ပပပပပပပပပပပပပပ
၂၂ ပ ပ ပ ပNLD
ပပပ
တိုက်တွန်းကြရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပပပပပ ပပပပပပပပပပပပပပ ပပပပပပပပပပပပပပပပပပ(
- Getty Images) ထိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် ဆွေးနွေးပွဲသည် ဒေါ်အောင်ဆန်းစုကြည်နှင့်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တယ်လီဖုန်း ဆက် သွယ် ပြောဆိုမှုအပြီး ၂ ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ၄င်း၏ နေအိမ်တွင် စစ်အစိုးရပိုင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ အင်တာနက် တပ်ဆင် ခွင့် ရရှိခဲ့ပြီး ယနေ့ အပြီးသတ် တပ်ဆင်နေကြောင်း
သိရသည်။

“အခုမြန်မာပြည်မှာ ချထားပေးနေတဲ့ Mcwill ( Multi Carrier Wireless Local Loop ) အမျိုးအစားလိုင်းကို သုံးခွင့်ရတာပါ။ ကနဦး ပေးသွင်းငွေ ဆယ်သိန်း နှစ်သောင်း ကျပ် ပေးရတယ်။
အခု ရက်သတ္တ တပတ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးမယ် ထင်ပါတယ်”ဟု ဦးအုံးကြိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် နအဖ စစ်အစိုးရ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထပ်မံ မှတ်ပုံတင်ခြင်း မပြုသောကြောင့်၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က
NLD ပါတီကို တရားဝင် ရပ်တည်ခွင့်မရှိကြောင်း ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်နေရာ ပါတီရပ်တည်ခွင့် အထူးအယူခံ ကြားနာမှုကို လာမည့် တနင်္လာနေ့တွင် နေပြည်တော်
တရားရုံးချုပ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရွှေနှင့် ဒေါ်လာ ဈေးနှုန်း ရက်ပိုင်းအတွင်း ထိုးတက်

ဧရာဝတီ Friday, 21 January 2011 13:36

စစ်အစိုးရက မကြာမီ လွှတ်တော်ခေါ်ယူပြီး အစိုးရသစ် ဖွဲ့မည်ဖြစ်၍ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ရွှေနှင့် အမေရိကန် ဒေါ်လာ
ဝယ်ယူစုဆောင်းမှု များပြားပြီး ဈေးနှုန်းများ ထိုးတက် သွားကြောင်း သိရသည်။

စီးပွားရေး သမားများနှင့် ငွေကြေးတတ်နိုင်သူများက ငွေပိုငွေလျှံများကို


ရွှေဝယ်ယူစုဆောင်းခြင်း၊ အမေရိကန် ဒေါ်လာများ နှင့် လဲလှယ်
စုဆောင်းခြင်းများကြောင့် ဈေးနှုန်းများ တက်သွားရခြင်းဖြစ်ကြောင်း
ရန်ကုန်မြို့ရှိ စီးပွားရေးသမားများ က ပြောသည်။

“ဒီလ ၁၈ ရက်နေ့ကစပြီး ဈေးကွက်ထဲမှာ ရွှေဝယ်တဲ့သူ


တော်တော်များလာတယ်။ နောက်ပြီး ဒေါ်လာဝယ်တဲ့သူလည်း
အရမ်းများလာတယ်။ တရက်ထက် တရက်ကို ပိုပိုများလာတယ်”ဟု
ဒေါ်လာနှင့် ရွှေ ၀ယ်ရောင်း လုပ်ကိုင်နေသူ စီးပွားရေးသမား တဦးက
ပြောသည်။

ဒေါ်လာနှင့်ရွှေ ၀ယ်ယူကြသူများတွင် စစ်အစိုးရ၀န်ကြီးများ၏


မိသားစုဝင်များ၊ ရဲအရာရှိ၊ စစ်တပ် အရာရှိ မိသားစုများနှင့် ဌာန ဆိုင်ရာ
အကြီးအကဲ မိသားစုများ ပါဝင်ကြောင်း သိရှိရသည်။

ယင်းသို့ ၀ယ်ယူစုဆောင်းသူ များပြားခြင်းကြောင့် ရွှေဈေးသည်


တကျပ်သားလျှင် ကျပ် တသောင်းကျော်၊ ဒေါ်လာ ဈေးသည်
တဒေါ်လာလျှင် ၃၀ ကျပ်ကျော် ထိုးတက်သွားသည်ဟု အရောင်းအ၀ယ်
လုပ်သူများက ပြောသည်။
( - peace-on-earth.org)
ဇန်န၀ါရီလ ၁၇ ရက်နေ့က အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ခြောက်သိန်း သုံးသောင်း ရှိရာမှ ၂၀ ရက်နေ့တွင် အခေါက်ရွှေတကျပ်သား ခြောက်သိန်း လေးသောင်း ကျော် အထိ ကျပ်
တသောင်းကျော် ဈေးမြင့်တက်သွားသည်။

“ရွှေအ၀ယ်က မထင်မှတ်ဘဲကို တက်လာတယ်။ နယ်တွေကလည်း လှမ်းမှာတယ်။ ရန်ကုန် ဈေးကွက်ကလည်း ၀ယ်တယ်။ ၀ယ် လိုအား ရုတ်တရက် တက်တော့ ဈေးမြင့်သွားတာ”ဟု
ရန်ကုန် ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အမေရိကန် ဒေါ်လာမှာလည်း ရက်ပိုင်းအတွင်း ၀ယ်လိုအား တက်လာသဖြင့် ဈေးမြင့် လာကြောင်း သိရှိရသည်။

“ဒေါ်လာ အရမ်းဝယ်တဲ့ ၀ယ်လက်တွေ ပေါ်လာတယ်။ ၀ယ်တဲ့ လက်ကြီးသမားတွေက တသိန်း၊ နှစ်သိန်း အဲဒီလို ၀ယ်တာမျိုးတွေ။ ဈေးက တရက်ထက် တရက်ပိုတက်တယ်”ဟု ဒေါ်လာ
ဝယ်ရောင်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

အမေရိကန် ဒေါ်လာသည် ဇန်န၀ါရီလ ၁၇ ရက်က တဒေါ်လာလျှင် ၈၃၀ ကျပ်မှ ဇန်န၀ါရီ ၂၀ ရက် ကြာသပတေးနေ့တွင် တဒေါ်လာ ၈၅၈ ကျပ် အထိ ဈေးတက် သွားသည်။

စစ်အစိုးရ ထုတ်သည့် FEC (Foreign Exchange Certificate) မှာမူ ၀ယ်သူ နည်းပါးပြီး FEC တယူနစ်လျှင် ၈၀၀ ကျပ် ၀န်းကျင် တွင်သာ ဈေးရှိကြောင်း သိရသည်။

ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်တွင် ၀ယ်ယူကြသူများနှင့် အလုပ်ဖြစ်နေသော်လည်း အခြားသော စီးပွားရေးဈေးကွက်အများစုမှာ ရပ်တန့်လု နီးပါးဖြစ်နေကြောင်း စီးပွားရေးသမားများက


ပြောသည်။

“အစိုးရသစ်ဖွဲ့ပြီးရင် ဘာဖြစ်မလဲဆိုတာ လူတွေအကုန်လုံးက စိတ်ဝင်တစား ကြည့်နေတယ်။ လုပ်ငန်းလုပ်မယ့်သူတွေက အခြေ အနေကို ကြည့်နေတယ်။ ရွှေနဲ့ ဒေါ်လာကလွဲရင်
အခြားဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံသူနည်းတယ်။ ဒီလကုန်ရင် ဘာဖြစ်မလဲ။ ဘယ်လိုစီးပွားရေး ပေါ်လစီတွေပေါ်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတယ်”ဟု ပြည်ထောင်စု
မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှ စီးပွားရေး သမားကြီး တဦးက ပြောဆိုသည်။

မြန်မာစစ်အစိုးရ၏ တရားဝင် ငွေလဲလှယ်နှုန်း သတ်မှတ်ချက်မှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များ တက်ရောက်မည့် ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေးကို လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင်
စတင်ခေါ်ယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်

မိုးယံ Friday, 21 January 2011 16:11

ရန်ကုန်နှင့် မန္တလေးမြို့တွင် ချထားပေးသော ၅ သိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် စတင်သုံးစွဲခွင့် ပြုခဲ့ရာတွင် နိုင်ငံရေးနှင့် ပတ်သက်သော ဝက်ဘ်ဆိုဒ်များ၊ အစိုးရက
တားမြစ်ထားသော သတင်းဝက်ဘ်ဆိုဒ်များကို ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သိရသည်။

ကျပ် ၅ သိန်းတန်ဖုန်း CDMA 800 MHz များ Network မိလျှင် အင်တာနက် အသုံးပြုနိုင်သော EDVO
Dater Service စနစ်ပါ SIM ကတ်ကို ငွေကျပ်သုံးသောင်းဖြင့် လဲလှယ်ပြီး အင်တာနက် သုံးစွဲနိုင်သည်။

“၀န်ကြီးဌာနက ပိတ်ထားတဲ့ ဆိုဒ်တွေ ကြည့်လို့မရဘူး။ ညစ်ညမ်း ဗီဒီယိုတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့


ဗွီဒီယိုတွေကို Download လုပ်လို့မရဘူး” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (အလုံမြို့နယ်) ရှိ ၅
သိန်းတန်ဖုန်းများ ချထားပေးသည့် ဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

အဆိုပါ ၅ သိန်းတန် ဖုန်းများကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှ စတင်၍ အင်တာနက် သုံးစွဲနိုင်ရန် စတင်


လျှောက်ထားခွင့် ပေးခဲ့ပြီး အင်တာနက် သုံးစွဲရာတွင် အကန့်အသတ်များ ရှိကြောင်း ၎င်းက ဆိုသည်။

ရတနာပုံ တယ်လီပို့မှ နည်းပညာ ကျွမ်းကျင်သူ တဦးက “နောက်ပိုင်း ဖွင့်လာမယ့် တရားမ၀င်


ဝက်ဘ်ဆိုဒ်တွေကို ပိတ်ထားဖို့လည်း ရှိတယ်” ဟု ပြောသည်။

၅ သိန်းတန်ဖုန်းများသည် အင်တာနက်အသုံးပြုရာတွင် 512 kbp အမြန်နှုန်း သုံးစွဲနိုင်ပြီး အစိုးရ


CDMA 800 MHz ၂ ပပပပပပပပပပပပပပပပ
ပိတ်ပင်ထားသော ဝက်ဘ်ဆိုဒ်များမှ လွဲ၍ ကျန်ဆိုဒ်များ ပုံမှန်သုံးစွဲနိုင်ကြောင်း ၅ သိန်းတန်ဖုန်းများကို
( - Myanmar Times) မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်းကာ လုပ်ဆောင်ပေးနေသော E-lite Tech မှ
ဝန်ထမ်းတဦးက ဆိုသည်။

၎င်းက ဆက်လက်၍ “gmail, gtalk သုံးလို့ရတယ်။ ဆိုဒ်တချို့ဖွင့်ကြည့်လို့ရတယ်။ ပုံတွေဘာတွေကတော့ မပို့ကြည့်ရသေးဘူး။ ကွန်နက်ရှင်ကတော့ အင်တာနက်ဆိုင်တွေမှာ


သုံးသလိုပဲ။ နောက်ပိုင်း သုံးတဲ့လူများလာရင်တော့ ကွန်နက်ရှင် ကောင်း မကောင်းတော့ မပြောတတ်တော့ဘူး” ဟု စမ်းသပ်သုံးစွဲကြည့်မှုနှင့် ပတ်သက်၍ ပြောသည်။

လက်ရှိတွင် ၅ သိန်းတန်ဖုန်းများ အင်တာနက် သုံးစွဲနိုင်မှုကြောင့် လျှောက်ထားသူ များပြားလာကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

“ဖုန်းလိုင်းမိတဲ့ ဘယ်နေရာမှာမဆို အင်တာနက်သုံးနိုင်လို့ စိတ်ဝင်စားတယ်။ အင်တာနက်သုံးလို့ရပေမယ့် လုံခြုံပါ့မလားတော့ စိုးရိမ်နေတယ်” ဟု အင်တာနက်သုံးစွဲရန်


လာရောက်လျှောက်ထားသူ ကမာရွတ်မြို့နယ်မှ လူတဦးက ဆိုသည်။

၅ သိန်းတန်ဖုန်းများဖြင့် အင်တာနက်သုံးစွဲရာတွင် အစိုးရမှ ပိတ်ပင်ထားသော ဆိုဒ်များကို ပြည်တွင်းတွင် သုံးစွဲနေကျအတိုင်း Proxy ခံ၍ ဖွင့်ဖတ်နိုင်သော်လည်း ဓာတ်ပုံ၊ ဗီဒီယို၊
အသံဖိုင်များ ပေးပို့လျှင် လုံခြုံရေးအားနည်းချက် ပိုရှိမည်ကို သုံးစွဲသူများက စိုးရိမ်နေကြသည်။

အဆိုပါ ၅ သိန်းတန် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက်သုံးစွဲရာတွင် တမိနစ်လျှင် ၄ ကျပ် ကျသင့်မည်ဖြစ်ပြီး ရန်ကုန်တွင် ဖုန်းလိုင်း ၄ သောင်းနှင့် မန္တလေးတွင် ၁ သောင်း
လတ်တလော ချထားပေးမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် ချထားပေးသော CDMA 450 MHz ဖုန်းများလည်း ယခုနှစ်အတွင်း အင်တာနက် သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ CDMA 800 ဖုန်း ၁ သိန်းခွဲ ချထားပေးခဲ့ပြီ လက်ရှိတွင် CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု ထပ်မံ ဆောက်လုပ်နေဆဲဖြစ်သည်ဟု ဆက်သွယ်ရေး
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ် လွှတ်တော် ကိုယ်စားလှယ်စာရင်း ထွက်ရှိ

ခင်ဦးသာ Friday, 21 January 2011 17:50

လွှတ်တော်အတွက် စစ်တပ်ကိုယ်စားလှယ် အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရ သတင်းစာများတွင် ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။

သတင်းစာများ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စစ်တပ် ကိုယ်စားလှယ် စုစုပေါင်း ၃၈၈ ဦး၏ အမည်စာရင်းအား
ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ၏ လက်မှတ်ထိုး ထုတ်ပြန်ချက်ကို ဖော်ပြထားသည်။
လက်ရှိ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။

ကြေညာချက်ပါ စစ်တပ် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသားလွှတ်တော် အ တွက် ၅၆ ဦး၊ ပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ်တော်များ
အတွက် ၂၂၂ ဦးဖြစ်သည်။

စစ်တပ်မှ ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ် အဆင့်၌ ကရင်ပြည်နယ် လွှတ်တော်အတွက် ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးသာ ပါရှိပြီး ပြည်သူ့လွှတ်တော်၌ ဗိုလ်မှူးကြီး
အဆင့်ရှိသူ ၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၁၄ ဦး ပါရှိသည်။

ကျန်ရှိသည့် စစ်တပ် ကိုယ်စားလှယ်များသည် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီး အဆင့် ရှိသူများ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ယင်း စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း သည် အရွေးချယ်ခံစရာ မလိုအပ်ဘဲ လွှတ် တော် ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့် ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပါ အကြောင်းအရာ တခုခုအား ပြုပြင်ပြောင်းလဲမည် ဆိုပါက ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ် တော် မှ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅
ရာခိုင်နှုန်းကျော်မှသာ ပြုပြင် ပြောင်းလဲပိုင်ခွင့် ရှိသည်။

စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ယူထားပြီးဖြစ်သောကြောင့် စစ်တပ်၏ ထောက်ခံမှု မပါဘဲ ဖွဲ့စည်းပုံအား ပြုပြင် ပြောင်းလဲရန် ခက်ခဲ မည် ဖြစ်သည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် လွှတ်တော်အသီးသီး၌ စစ်တပ်ကိုယ်စားလှယ်နှင့် စစ်ယူနီဖောင်းချွတ်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ( ကြံ့ဖွံ့ပါတီ) ၏
ကိုယ်စားလှယ် စုစုပေါင်းသည် ၈၀ ရာခိုင်နှုန်းကျော် ရှိမည်ဖြစ်၍ ကျန် ကိုယ်စားလှယ် အရေအတွက်သည် ၁၀ ရာခိုင်နှုန်း ကျော်သာ ရှိမည်ဖြစ်သည်။

ကြံ့ဖွံပါတီသည် လွှတ်တော်အသီးသီး၌ အင်အားအကြီးဆုံး ပါတီတခုဖြစ်ပြီး ပါတီ၏ ဥက္ကဋ္ဌမှာ လက်ရှိအစိုးရ၏ ၀န်ကြီးချုပ် ဦးသိန်းစိန် ဖြစ်သည်။

နအဖ အစိုးရ၏ နံပါတ် ၃ အဆင့်ရှိသော ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ အတွင်းရေးမှူး (၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး စသော ဗိုလ်ချုပ်ကြီးဟောင်းများနှင့် လက်ရှိဝန်ကြီး
အဆင့်ရှိသူများသည် ကြံ့ဖွံ့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် အစည်းအဝေးများမှ ဒု သမ္မတ ၃ ဦး ရွေးချယ်ရာတွင် စစ်တပ်ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ
အရပ်သားများမှ ၂ ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။

ထို ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ်ရွေးမည် ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်ရှိသူ ဖြစ် ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံက ဆိုထားသည်။

နိုင်ငံတော် သမ္မတနှင့် ဒု သမ္မတ များသည် ရွေးကောက်ခံ လွှတ်တော်အမတ် ဖြစ်ရန်မလိုဟုလည်း ဖွဲ့စည်းပုံ၌ ဖော်ပြထားပြီး ၅ နှစ် သက်တမ်း၂ ကြိမ်သာ တာဝန်ထမ်းဆောင်ခွင့် ရရှိမည်
ဖြစ်သည်။

အသက် ၇၇ နှစ်ဝန်းကျင် ရှိသော စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်အစိုးရသစ်တွင် သမ္မတ အဖြစ် တာဝန်ယူထားပြီး ဖြစ်ကြောင်း ဧရာဝတီမှ မကြာသေးခင်က
ရရှိခဲ့သော အတည်မပြုနိုင်သည့် သတင်းများအရ သိရသည်။
http://bur.irrawaddy.org/

Friday, January 21, 2011

ရန်ကုန-် နေပြည်တော်လမ်း ယာဉ်မတော်တဆမှု ၁၃၀ ကျော်ရှိ

ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမ တနေရာ။ (ဓာတ်ပုံ - Popular


News)

၂၀၀၉ ခုနှစ် မတ်လထဲမှာ စဖွင့်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးဟာ ၁ နှစ်ကျော်ကာအတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၁၃၀ ကျော်ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ စာရင်းကို
ကိုးကားပြီး Eleven Media က ဖော်ပြထားပါတယ်။

မတော်တဆဖြစ်မှုကြောင့် သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရသူ ၂၀၄ ဦး ရှိပါတယ်တဲ့။

အာဏာပိုင်များရဲ့ ထုတ်ပြန်ချက်ကတော့ ယာဉ်မောင်းသူများနဲ့ ယာဉ်ကြံ့ခိုင်ရေးကို အပြစ်ဖို့ထားပါတယ်။

ဒါပေမယ့် လမ်းတည်ဆောက်မှု ချွတ်ယွင်းချက် စတာတွေကိုတော့ ထည့်ပြောပုံမရပါဘူး။ အဝေးပြေးကားလမ်းမကြီးကို ကွန်ကရစ်နဲ့ ခင်းထားတာ၊ ကွန်ကရစ်ကြောင့်


အဝေးပြေးလမ်းပေါ်မှာ ကားဘီးအပူချိန်တက်တာ၊ ဘီးအစားမြန်တာ၊ ဘရိတ်အုပ်ဖို့ ခက်တာ စတာတွေလည်း ပါတယ်လို့ အင်ဂျင်နီယာများက သုံးသပ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးက ကတ္တရာစေးကို နိုင်ငံခြားက ဝယ်ရတာ ဈေးကြီးလို့ ပေါပေါရတဲ့ ကွန်ကရစ်လမ်းခင်းကြဖို့ ပြောထားတယ်လို့ ဖတ်ရဖူးပါတယ်။

ဒီလမ်းပေါ်မှာ ဒီလို မတော်တဆမှုတွေ ခဏခဏဖြစ်တယ် ကြားနေရတာတော့ တခုခုမှားနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ကားတွေလား လမ်းလား?


http://www.irrawaddyblog.com/

စစ်ဗိုလ်အမတ် ၃၈၈ ဦး အမည်ထွက်လာ

ကိုဝိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်ထားသော စစ်သားအမတ် ၃၈၈ ဦး၏ အမည်နှင့် ရာထူးများကို ရွေးကောက်ပွဲ
ကော်မရှင်က မနေ့က ထုတ်ပြန် လိုက်သည်။

ဗိုလ်မှူးချုပ်မှ ဗိုလ်ကြီးအထိပါပြီး ပြည်သူ့လွှတ်တော်အတွက် ၁၁ဝ ၊ အမျိုးသားလွှတ်တော် ၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော် ၂၂၂ ဦး အသီးသီး ဖြစ်သည်။ ကြည်းတပ်မှ ၃၅၃ ဦးဖြင့်
အများဆုံးဖြစ်ပြီး ရေတပ်မှ ၁၉ ဦးနှင့် လေတပ်မှ ၁၆ ဦး ပါဝင်သည်။

စာရင်းအရ ကရင်ပြည်နယ် လွှတ်တော် အမတ်အဖြစ် လက်ရှိ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းအား ခန့်အပ်ထားသည်ကို
တွေ့ရသည်။ သူသည် Officer Training School - OTS အပတ်စဉ် ၅၆ မှ ဖြစ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး တာဝန် ထမ်းဆောင်ဖူးသည်။

ကချင်ပြည်နယ် လွှတ်တော်တွင် ရာထူးအကြီးဆုံးအဖြစ် ဗိုလ်မှူးကြီး သန်းအောင် OTS အပတ်စဉ် ၆၄၊ မွန်ပြည်နယ် ဗိုလ်မှူးကြီးဌေးမြင့်အောင် Officer Training Course-OTC အပတ်စဉ်
၁၂၊ ရှမ်းပြည်နယ်တွင် ဗိုလ်မှူးကြီးအောင်သူ Deference Service Academy-DSA အပတ်စဉ် ၂၄ တို့ ဖြစ်သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး လွှတ်တော်မှ ရာထူးအကြီးဆုံး ဗိုလ်မှူးကြီး အန့်ဇော်သည် OTC အပတ်စဉ် ၁ဝ၊ ပြည်သူ့လွှတ်တော်မှ ဗိုလ်မှူးကြီးတင့်ဆန်းသည် DSA အပတ်စဉ် ၂၆ မှဖြစ်ပြီး
ရန်ကုန်တိုင်း ဗျူဟာမှူး၊ အမျိုးသား လွှတ်တော်မှ ဗိုလ်မှူးကြီး မောင်မောင်ထူးသည် OTC အပတ်စဉ် ၁၁ ဖြစ်သည်။

“စစ်တပ်က ရွေးကောက်ပွဲလဲ လုပ်ပြီးပြီ။ အခု သူတို့ လူတွေကို ဥပဒေပြု လွှတ်တော် တင်မကဘူး၊ အစိုးရအဖွဲ့မှာလဲ လက်ဝါးကြီး အုပ်နိုင်အောင် ကြံ့ဖွံ့အသင်းကနေ ပါတီလုပ်ပြီးတော့
နေရာယူလိုက်ပြီ။ စီးပွားရေး လုပ်ငန်းမှန်သမျှလဲ သူတို့တွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေ မျှယူပြီးပြီ။ အဲဒီတော့ ဘာမှ မကျန်တော့ဘူးလေ” ဟု သြစတြေးလျ အခြေစိုက် စစ်ရေးလေ့လာသူ
ဦးဌေးအောင်က ပြောသည်။

လွှတ်တော်ခေါ်ယူရန် ၁၁ ရက်အလိုတွင် ထုတ်ပြန်သည့် စာရင်းပါ တပ်မတော်သား အမတ်များ၏ မူလ တာဝန်သည် စစ်သားများဖြစ်ပြီး လွှတ်တော်ကျင်းပသည့် အချိန်၌သာ
လွှတ်တော်အတွင်းသို့ ခေတ္တလာ၍ ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်အတိုင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်က သူအမည်စာရင်း တင်သွင်းထားသော
စစ်သားအမတ် တဦးဦးကို အချိန်မရွေး “အစားထိုး ပြောင်းလဲနိုင်ခွင့်” လည်းရှိသည်။ အုပ်ချုပ်ရေး အသစ်တွင် နိုင်ငံရေးတာဝန်ယူမည့် နိုင်ငံဝန်ထမ်းများလည်း ဖြစ်သည်။

ကြံ့ဖွံ့ရှုံး ကျားဖြူအမတ်နိုင်

ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မဲ' မသမာမှုနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အမတ်ကို စွပ်စွဲသော အမှုတခုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်မှ ဗွေဆော်ဦး
ရှုံးနိမ့်သွားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမဲဆန္ဒနယ် (၁) မှ အရွေးခံရသူ စိုင်းမွန်း ခေါ် စိုင်းကျော်ထွန်းမှာ ရွေးကောက်ပွဲ ကာလတွင်း မဲရုံများ စနစ်တကျမရှိမှုနှင့် မဲ' မသမာမှုများရှိကြောင်း
ရှုံးနိမ့်ခဲ့သူ ပြိုင်ဘက် ကြံ့ဖွံ့ကိုယ်စားလှယ် ဒေါက်တာ စိုင်းခမ်းလှိုင်က စွပ်စွဲရာတွင် အထောက်အထား ခိုင်လှုံမှုမရှိဟု နေပြည်တော် ကော်မရှင်က အဆုံးအဖြတ် ပေးလိုက်သည်။

“တရားလိုဘက်က ကန့်ကွက်တဲ့ဟာတွေက သက်သေ အထောက်အထား ခိုင်လုံမှု မရှိလို့ အမှုကို ပလပ်လိုက်တာ။ ၁၉ ရက်နေ့က နေပြည်တော် ကော်မရှင် တရားရုံးက စီရင်ချက်ချတာ”
ဟု ကျားဖြူ ခေါ် ရှမ်းဒီမိုကရက်ပါတီမှ စိုင်းမွန်းက မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲတွင် ရှမ်းပြည်တောင်ပိုင်း ကွန်းဟိန်း မဲဆန္ဒနယ် (၁) တွင် စိုင်းမွန်းက ၄၃၇၈ မဲဖြင့် ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခမ်းလှိုင် ၏ ၂ဝ၃၃ မဲ ကို ပြတ်ပြတ်သားသား
နိုင်ခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေအရ အနိုင်ရအမတ်ကို ကန့်ကွက်လိုလျှင် ငွေကျပ် ၁ဝ သိန်းပေးရမည်ဖြစ်ပြီး ပြန်ထုတ်ယူခွင့်လည်း ပိတ်ထားသည်။

အတိုင်ခံရသူသည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁ နှစ်ထက် ဖြစ်စေ၊ ကျပ်တသိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပြီး လိမ်လည် စွပ်စွဲတိုင်တန်းသူကို
ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ကျပ် ၃ သိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ပါရှိသည်။

အလားတူပင် ရွေးကောက်ပွဲတွင်း မဲ' မသမာမှုများဖြင့် အနိုင်ရရှိသွားသည်ဟုဆိုကာ ကျားဖြူအမတ် ၃ ဦးအပေါ် ကြံ့ဖွံ့က တရားစွဲထားသည့် အနက်မှ နှစ်မှုကို ဆုံးဖြတ်ရန်
ကျန်နေသေးသည်။

မိုးမောက် မဲဆန္ဒနယ်တွင် အနိုင်ရရှိသည့် ပြည်သူ့လွှတ်တော်အမတ် စိုင်းဇော်ထွန်းအား ကြံ့ဖွံ့ကိုယ်စားလှယ် ဦးရုံးမူ ကလည်းကောင်း၊ မိုးမောက် ပြည်နယ်လွှတ်တော်အမတ်
စိုင်းမျိုးအောင်အား ကြံ့ဖွံ့ကိုယ်စားလှယ် ဒေါ်ဝိုင်းကလည်းကောင်း တရားစွဲမှုဖြစ်သည်။

ဇန်နဝါရီ ၂၄ နှင့် ၂၇ ရက်နေ့များတွင် နေပြည်တော် ကော်မရှင် တရားရုံးတွင် အသီးသီး ကြားနာမည် ဖြစ်သည်။ အမတ်များ အမှုဆိုင်နေစဉ်အတွင်း လွှတ်တော် အစည်းအဝေးတက်ခွင့်
ရကြမည်။

မဲလိမ် မဲညစ်များဖြင့် အနိုင်ရသွားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံရသည့် ကြံ့ဖွံ့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး၊ ဒီမိုကရက်တစ်၊
အမျိုးသား ဒီမိုကရေစီ အင်အားစုတို့မှ အနိုင်ရ အမတ်များကို တရားစွဲထားမှုများလည်း ရှိသည်။

ဒေါ်စုနေအိမ် အင်တာနက်ရပြီ

ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၃ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ အများက မျှော်လင့်မထားသော ဖြစ်ထွန်းမှုအဖြစ် မြန်မာ့ဒီမိုကရေစီ


ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက်လိုင်း တပ်ဆင်ခွင့်ကို
စစ်အစိုးရက ခွင့်ပြုလိုက်သည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ရတနာပုံ တယ်လီပို့၏


အင်တာနက်လိုင်းကို ယမန်နေ့တွင် လာရောက် တပ်ဆင်သွားသည်။

“Mcwill စနစ် တယ်လီဖုန်းလိုင်းပေါ့။ ဒါပေမဲ့ ဖုန်းမပါသေးဘူး။ Vioce မရသေးဘူး။ အင်တာနက်ပဲ


ချပေးတယ်။ ၅၁၂ ကီလိုဘိုက် (အင်တာနက် အမြန်နှုန်း) ပေးထားတယ်။ သူတို့ တရားဝင် ပြောထားတာက ၁ မီဂါဘိုက်ပေါ့နော်။ ဒါပေမဲ့ မပေးသေးဘူး။ နောက်မှ ထပ်တိုးပေးမယ်လို့
ပြောတယ်” ဟု သူမ၏ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နည်းပညာ ကျွမ်းကျင်သူတဦးက မဇ္ဈိမကို ပြောသည်။ အင်တာနက် သွယ်တန်းမှုအတွက် ငွေကျပ် ၅ သိန်း ၆ သောင်း
ကုန်ကျသည်ဟု ဆိုသည်။

စစ်အစိုးရက တရားဝင် ဖွင့်ခွင့်ပြုထားသော mail4you အီးမေးလ်အကောင့်တခု ရယူရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေသည်ဟု ပါတီဝင်တဦးက ပြောသည်။ mail4you အီးမေးလ်
အသုံးပြုလိုသူ၏ ပတ်စ်ဝပ် (လျှို့ဝှက်ကုတ)် ကို ကိုယ်ပိုင်ထိန်းချုပ်ခွင့် မရှိဘဲ အာဏာပိုင်များက သိနိုင်ရန် အခွင့်အလမ်း ရှိသည်။ မြန်မာပြည်တွင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ
အားလုံးကို စစ်အစိုးရက အလုံးစုံထိန်းချုပ်ထားပြီး ကိုယ်ပိုင် အင်တာနက်လိုင်း သွယ်လိုသူသည် နိုင်ငံရေး ကင်းရှင်းရမည်ဟုပင် ကန့်သတ်ထားသည်။

နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် မဇ္ဈိမနှင့် ပြုလုပ်သော အင်တာဗျူးတခုတွင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်လျှောက်လွှာ ဖြည့်စွက်ရာတွင် သူ့အနေဖြင့် နိုင်ငံရေး
မကင်းရှင်းကြောင်း ဖော်ပြခဲ့သည်ဟု ရယ်စရာအဖြစ်ကို ထောက်ပြ ပြောဆိုခဲ့ဖူးသည်။

ယခုလို အင်တာနက် တပ်ဆင်ခွင့်ကို စစ်အစိုးရအနေဖြင့် ချပေးခြင်းကို ထူးခြားသည့် အပြောင်းအလဲကြီး မဟုတ်သော်လည်း နိုင်ငံရေးအရ တိုးတက်တခုအနေဖြင့် ယူဆကြောင်း NLD
ပါတီဝင်များက သဘောတူသည်။

၂ဝ၁ဝ နိုဝင်ဘာ ပြန်မလွတ်ခင်အထိ ၇ နှစ်ခန့် ပြည်ပရေဒီယိုသတင်းဌာန ထုတ်လွှင့်ချက်များကို နားဆင်နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ယက် ဆက်သွယ်ရေးစနစ်
တခုဖြစ်သော Twitter ကို အသုံးပြုလိုကြောင်း နေအိမ် အထိန်းသိမ်းခံနေရစဉ် ပြောခဲ့ဖူးသည်။ သို့သော် တယ်လီဖုန်းလိုင်းမှာမူ အဖြတ်ခံထားရဆဲ ဖြစ်သည်။

သူ၏ နေအိမ်တွင် အင်တာနက် တပ်ဆင်ပေးလိုက်သလို ၃ နှစ်ကြာ ဖြတ်တောက်ထားခဲ့သော ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ် တယ်လီဖုန်းကိုလည်း မြန်မာ့ဆက်သွယ်ရေးက
ယခုလတွင် ပြန်လည် တပ်ဆင်ပေးခဲ့သည်။

NLD ၏ ကိုယ်ပိုင်ဝဘ်ဆိုဒ်များဖွင့်မည့် မကြာမီ အစီအစဉ်ရှိကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

၂ဝ၁ဝ ခုနှစ် မြန်မာ့ဆက်သွယ်ရေး ထုတ်ပြန်ချက်အရ တနိုင်ငံလုံးတွင် အင်တာနက် အသုံးပြုသူ ၄ သိန်းကျော်ရှိပြီး အများစုမှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှစ၍ အသုံးပြုခွင့်ပေးခဲ့သော အင်တာနက်ကို စစ်အစိုးရက အစိုးရိမ်ကြီးကာ သံသယဖြင့် ထိန်းချုပ်ဆဲဖြစ်ပြီး အတိုက်အခံ လှုပ်ရှားသူများ၊
သတင်းဌာနများ၏ ဝဘ်ဆိုဒ်၊ လူမှုကွန်ယက် အများစုနှင့် ထိန်းချုပ်ရန် ခက်ခဲသော အခမဲ့သုံး အီးမေးလ်များကိုပါ ပိတ်ပင်ထားသည်။

ကလေးစစ်သား ထောင် ၃ နှစ်ခွဲ

မျိုးသိဏ်း | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၉ မိနစ်

(မဇ္ဈိမ) ။ ။ ၁၄ နှစ်အရွယ် သားငယ် စစ်မှုထမ်းခဲ့ပြီးနောက် နေအိမ်၌ ပြန်နေထိုင်စဉ် ရဲက ဖမ်းဆီးကာ တပ်ပြေးမှုဖြင့် ထောင် ၃ နှစ်ခွဲ ချမှတ်ကြောင်း ပဲခူးတိုင်း ဝေါမြို့နယ် တောစွန်းရွာရှိ
မိဘများက ပြောသည်။

အဘ ဦးသောင်းကြည်၊ အမိ ဒေါ်ကြည်ဝင်းတို့၏ သား မောင်ဇင်အောင်သည် အသက် ၁၄ နှစ်တွင် စစ်တပ်တွင်း ၇ လကျော် ခိုင်းစေပြီးနောက် နေရပ်ပြန်ကာ မိဘနှင့် နေထိုင်ခဲ့ရာ၊ ၈
နှစ်ခန့်အကြာ ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ရဲက တပ်ပြေးအဖြစ် လာဖမ်းကာ ပဲခူးထောင်တွင် ထောင် ၃ နှစ်ခွဲချခြင်း ဖြစ်သည်။

"ငါ့သား ဘာတွေလုပ်ရလဲလို့ မေးတော့ တပ်ရေး


ဗိုလ်ကြီးနားမှာ ကြက်ခြံမှာ လုပ်ရတယ်။ ကြက်ဥ ကောက်ရတယ်၊ ကြက်စာ ကျွေးရတယ် ပြောတယ်။
အဲလိုပြောပြီးတော့ သူဒီမှာပဲ မိဘတွေကို လုပ်ကိုင်ကျွေးမွေးနေတာ ၈ နှစ် နီးပါး ရှိပြီ။ အဲလိုကြာပြီးမှ
ရပ်ရွာဥက္ကဋ္ဌ ဦးသန်းလွင်က စစ်ပြေးဆိုပြီး ရဲတွေခေါ်ပြီးတော့ လက်ထိပ်လာခတ်သွားတယ်" ဟု
မိခင်ဖြစ်သူ ဒေါ်ကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

မောင်ဇင်အောင်၏ အဖိုး ၇၈ နှစ်အရွယ် ဦးအောင်ဖေသည် မြေးဖြစ်သူကို ရဲက


လာရောက်ဖမ်းဆီးသည့် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် စိတ်ထိခိုက်ပြီး
လဲကျသေဆုံးသွားသည်ဟု သူက ဆိုသည်။

ဖမ်းဆီးပြီး ၂ လခန့်အကြာ ဒီဇင်ဘာ ၄ ရက်နေ့တွင် တပ်ပြေးမှုဖြင့် ပဲခူးထောင်တွင် ၃ နှစ်နှင့် ၆ လ


ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်မှ နေအိမ်သို့ သားဖြစ်သူ ပြန်ရောက်လာပုံကို ဒေါ်ကြည်ဝင်းက "ထွက်သွားတုန်းက ၁၄


နှစ်သားနဲ့ ထွက်သွားတယ်။ သူငယ်ချင်း သုံးယောက်ထွက်သွားတာ။ လိုက်ရှာတာလည်း ဘယ်လိုမှ
ရှာလို့မတွေ့ဘူး။ မတွေ့တဲ့အဆုံး ကိုယ်ကလည်း ဒုက္ခတွေနဲ့ဆိုတော့ ဆက်မရှာနိုင်တော့ဘူး။ နောက် ၇ ၂၂ ပပပပပပပပပပပပပ ပ ပ ပ ပ ပ ပ ပ ၂
လကျော် လောက်ကျတော့ ပြန်ရောက်လာတယ်။ ပြန်လာတော့ ငါ့သား ဘယ်က
ပြန်လာတုန်းဆိုတော့ စစ်တပ်ထဲက ပြန်လာတာလို့ ပြောတယ်" ဟု ပြန်လည်ပြောပြသည်။

မောင်ဇင်အောင်နှင့် သူငယ်ချင်း ၂ ဦးသည် ပဲခူးရှိ ခြေမြန်တပ်မ ၇၇ သို့ သွားရောက်ခဲ့ရာ အရပ်အမောင်းရှိသည့် မောင်ဇင်အောင်ကို ခေါ်ထားပြီး မကွေးတိုင်း တောင်တွင်းကြီးမြို့သို့
စစ်သင်တန်းတက်ရန် စေလွှတ်ခဲ့သည်။

သင်တန်းရက် မပြည့်မီ အသက်မပြည့်ဟုဆိုကာ သင်တန်းက ပြန်လွှတ်ခဲ့သော်လည်း ပဲခူး အင်းတကော်ရှိ အမှတ် ၁ဝ၅ ခြေမြန်တပ်ရင်း တပ်ရင်းကြက်ခြံ၌ ဗိုလ်ကြီးသူရိန်လက်အောက်
လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

သားဖြစ်သူ ပြစ်ဒဏ်ချမှတ်ခံရသဖြင့် မိဘများက ပဲခူး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အကူအညီ တောင်းခံခဲ့သည်။

ပဲခူး NLD အဖွဲ့ဝင် ကိုကျော်ဝင်းက "တပ်ရင်းတပ်မတွေကို အရင်အကြောင်းကြားပေးတယ်။ သူ့အချက်အလက်တွေကို မိဘများက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO
(ရန်ကုန်) ရုံးခွဲကို ဒီဇင်ဘာ ၂ဝ ရက်နေ့ စာပို့ပေးခဲ့ပါတယ်။ ကလေးအဖေကလဲ ကျန်းမာရေး မကောင်းဘူးဗျာ။ နောက် လာဖမ်းတုန်းကလဲ သူ့အဖိုးက ပွဲချင်းပြီး ဆုံးသွားတယ်။
မိသားစုတွေလည်း တော်တော်လေး နစ်နာပါတယ်။ သူတို့ကလည်း တငိုငိုတရီရီနဲ့ ကျနော်တို့ကို လာအကူအညီတောင်းတယ်။ ကျနော်တို့က လွှတ်ပေးပါလို့ အချုပ်ထဲက
ဆွဲထုတ်လို့မရဘူးလေ" ဟု မဇ္ဈိမကို ပြောသည်။
မောင်ဇင်အောင်အတွက် အိမ်ထောင်စုဇယား၊ ကျောင်းဝင်အသက် ထောက်ခံချက်၊ ဖမ်းဆီးခံရသည့်နေ့၊ အဖိုးဖြစ်သူ၏ နာရေးဖိတ်စာတို့နှင့်အတူ မိဘများက ILO ထံ
အကူအညီတောင်းခံခဲ့သည်။ ယင်းအကူအညီတောင်းစာ မိတ္တူကို NLD ဗဟို ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ပဲခူး အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ ပဲခူး အင်းတကော် ၁ဝ၅ ခြေမြန်တပ်ရင်း
တပ်ရင်းမှူးထံ ပေးပို့ခဲ့သည်။

ဖခင် ဦးသောင်းကြည်မှာလည်း အသက် ၅၃ နှစ်သာ ရှိသေးသော်လည်း သားစိတ်ဖြင့် ကျန်းမာရေး မကောင်းသောကြောင့် အိပ်ယာထဲတွင် လဲနေသည်။

"ကျနော့်ဆီကို ပြန်ရောက်စေချင်ပါတယ်။ ဒီသားလေးအတွက်နဲ့လည်း ကျနော့်မှာ ရောဂါတွေ ပိုတက်နေပါတယ်။ ထမင်းလည်း မစားနိုင်ဘူး" ဟု ဦးသောင်းကြည်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးမှု စစ်ရာမှာ စိတ်ကြွဆေးပြား တိုက် စစ်ဆေးတာကို အမြန်ဆုံးရပ်ပါ

ဦးအောင်သိန်း (ဥပဒေ အတိုင်ပင်ခံ) | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၃ မိနစ်

ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ (၁၃-၁-၂ဝ၁၁) ရက်နေ့က ရုံးထွက်ပြီး တရားခံအဖြစ် အစစ်ခံလိုတဲ့ ဦးဇေယျ (ခ) သားကြီးဇေယျနှင့် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူ့ကို
တရားစွဲထားတဲ့ ပုဒ်မတွေကတော့ တရားမဝင်အသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂)၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) နှင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ
၃၃ (ခ) ဆိုတဲ့ အမှု ၃ မှုကို တပြိုင်တည်း ထွက်ဆိုအစစ်ခံမှာလို့ သူက ပြောပါတယ်။ ဘာပြုလို့ သက်သေအဖြစ် အစစ်မခံဘဲ တရားခံအဖြစ် အစစ်ခံရတဲ့ ကိစ္စကို မေးတဲ့အခါမှာ သူ့အနေနဲ့
ယခုအမှုကိစ္စတွေအတွက် သက်သေထောက်အထား တင်ပြရန် မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် တရားခံအဖြစ် အစစ်ခံခြင်းဖြင့် တရားသူကြီးက တိုက်ရိုက်မေးမြန်းမှုကို
ဖြေဆိုရုံသက်သက်ပဲရှိတာမို့ ဦးနှောက်ခြောက်စရာ မရှိဘူးဟု ပြောပြသော်လည်း ၎င်းရဲ့ ပြောပြချက်ကို ကျနော့်အနေနဲ့ သဘောမတူနိုင်ပါ။ ဒါကိုလည်း ကျနော် သူ့ကို ရှင်းမပြတော့ပါ။

ဒါနဲ့ ဘာတွေထွက်ဆိုမှာလဲလို့ မေးမြန်းကြည့်တော့ အမှုမှာ ဖြေရှင်းရမယ့် အချက်နှင့် နောက်တခုက သူ့ကို စစ်ကြောရေး ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်မှု
မပြုလုပ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ရှိခဲ့ကြောင်း၊ ရက်ပေါင်း ၂ဝ ခန့် စစ်ကြောရေး ပြုလုပ်ချိန်မှာ အစားအစာကျွေးသော်လည်း စားချင်းစိတ် လုံးဝမရှိခဲ့ပါ။ သောက်ရေနှင့်
မုန့်ခြောက်ကိုသာ အနည်းငယ် စားသောက်နေရုံဖြင့် လူက လန်းဆန်းတက်ကြွှလျက်ရှိနေကြောင်း၊ မေးသမျှမေးခွန်းတိုင်းကို ငြင်းဆန်လိုစိတ် မရှိခဲ့ကြောင်း၊ နှုတ်က မေးခွန်းကို
ချက်ချင်းတုံ့ပြန်လိုမှု မရှိဘဲ လေးလံစွာ ငြင်းဆိုနေမှုကို သတိထားလျက်ရှိရာမှ စစ်ကြောသူက အသံမာမာဖြင့် “ဟုတ်တယ် မဟုတ်လား၊ ဒါက ဒီလိုဆိုလိုက်တာပဲ မဟုတ်လား” ဟု
အဖြေပါတဲ့ မေးခွန်းကို ခေါင်းညိတ်ပြီး “ဟုတ်ပါတယ်” ဟု ပြောဆိုလိုက်ရကြောင်း၊ စစ်ကြောရေးပြုလုပ်သူက ၎င်းရေးသားထားသည့် စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းတော့
ကျနော့်ဘာသာရေးမယ့် ထွက်ဆိုချက်ပေါ်မှာပဲ လက်မှတ်ရေးထိုးလိုကြောင်း ပြောပြတဲ့အခါ လက်မခံတဲ့အတွက် သူတို့ကိုယ်တိုင် ရေးသားထားတဲ့ ထွက်ဆိုချက်ကိုသာ ဟုတ်မှန်ကြောင်း
လက်မှတ်ရေးထိုး ပေးလိုက်ရတယ်လို့ ပြောပြတယ်။

ဒါနဲ့ သူက ဆက်ပြောတဲ့အခါမှာ စစ်ကြောရေးရက်၂ဝ ပြုလုပ်တဲ့အခါ ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ အိပ်ချင်လိုစိတ် မရှိခြင်း၊ မေးသမျှကို လေးလံစွာ ခေါင်းညိတ်ခြင်း၊ တခါတရံ စိတ်က
ငြင်းဆန်နေလိုသော်လည်း နှုတ်က “အင်း” လိုက်၍သော်လည်းကောင်း၊ ပြောဆိုနေခဲ့ခြင်းဟာ စိတ်အာရုံတလွဲ ဖြစ်ပေါ်လျက်ရှိကြောင်း ဦးဇေယျက ပြောပြပါသည်။ ယင်းကာလမှာ
မှတ်မိသလောက် ဝမ်းသွားချင်စိတ်မရှိ၊ ဆီး ၃/၄ ကြိမ် ခန့်ပဲ သွားခဲ့ရာ ယင်းကာလများ၌ သောက်ရေသောက်သုံးမှုသာ ရှိနေကြောင်း၊ အဆိုပါ သောက်သုံးရေထဲတွင် Amphetamines
စိတ်ကြွဆေးခတ်ထားခြင်း ဖြစ်တဲ့အတွက် ဖြစ်ရကြောင်း၊ နောက်ပိုင်း၌ သူအမှတ်ရမိ၍ ပြန်စဉ်းစားမိတယ်ဟု ကျနော့်ကို ပြောပြပါတယ်။

ယခုကိစ္စကို တိမ်းရှောင်နေတဲ့ ရဲမှူးဝင်းနိုင်နှင့် ပတ်သက်တဲ့အမှု (အင်းစိန်ထောင်ထဲမှာ ရောက်ရှိနေတဲ)့ ရဲတပ်ဖွဲ့က ကိုထက်ခိုင် (ကွန်ပြူတာ ကျွမ်းကျင်သ)ူ ကို မေးမြန်းကြည့်တော့
စစ်ကြောရေး ပြုလုပ်ချိန်မှာ အနံ့အရသာ မရှိတဲ့ Amphetamines ဆေးပြားများကို သောက်ရေမှာ ထည့်တိုက်လေ့ရှိကြောင်း၊ ယင်း ဆေးပြားများကို စစ်ကြောရေး ပြုလုပ်သူ ရဲများရဲ့
လက်ဝယ် အဆင်သင့်ထားရှိကြောင်း၊ ငယ်ရွယ်သူတို့ကို ခန္ဓာကိုယ် ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးသလို စိတ်ကြွဆေးရည်များ တိုက်ကျွေးပြီး အာရုံချွတ်လွဲအောင် ပြုလုပ်ကြောင်း၊
အသက်အရွယ် ကြီးသူတို့ကိုမူ ခန္ဓာကိုယ် ညှဉ်းပန်းမှု ပြုလုပ်ခြင်း မရှိသော်လည်း စိတ်ကြွဆေးရည် တိုက်ကျွေးမှု ပြုလုပ်ကြောင်း သူက ပြောဆိုပြီး ကိုဇေယျအနေဖြင့် စစ်ကြောရေးက
သူ၏ ခံစားချက်ကို ပြန်ပြောင်းသတိရမိလျက်ရှိကြောင်း ပြောပြပါတယ်။

ဒီလိုစစ်ကြောရေးကာလ ရဲထံ ထွက်ဆိုအစစ်ခံချက်၊ တရားခံက ဖြောင့်ချက် (သို့မဟုတ)် ထွက်ဆိုချက် ပေးရတဲ့ အပေါ်မှာ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄/၂၅/၂၆ တို့အရ
အကျုံးဝင်နိုင်သလားဆိုတာကို အဓိကထား စဉ်းစားကြည့်တယ်လို့ ကျနော်က ယူဆပါတယ်။ ဥပဒေအရပြောရင် တရားခံရဲ့ ရဲထံ ထွက်ဆိုအစစ်ခံချက်ကို တရားရုံးမှာ လာရောက်ထွက်ဆို
အစစ်ခံနိုင်ခွင့် မရှိသလို၊ သက်သေခံမဝင်ဟု ပြဋ္ဌာန်းထားသော်လည်း လက်ခံစစ်ဆေးနေသော တရားရုံးများက ခွင့်ပြုခြင်း၊ သုံးသပ်ဖော်ပြထားခြင်းတို့ဟာ မြန်မာနိုင်ငံ
တရားစီရင်ရေးတရပ်ရဲ့ လွဲမှားအံချော်နေတဲ့ အချက်တရပ်လို့ ထောက်ပြနိုင်ပါတယ်။

အမျိုးသား ထောက်လှမ်းရေး ဥပဒေ တည်ရှိခဲ့တုန်းက စစ်ကြောရေး ပြုလုပ်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ စာတမ်းပြုစုခဲ့သူ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ထွန်းဆိုသူက သူ့ကို
စစ်ကြောရေးပြုလုပ်တဲ့ အခါမှာ ဆေးထိုးပြီး အာရုံချွတ်လွဲအောင် စစ်ဆေးခဲ့ကြောင်း၊ ကြာလာသည်နှင့်အမျှ အသက်အန္တရာယ် ဖြစ်နိုင်ကြောင်း မီဒီယာမှာ သူ ပြောသွားဖူးပါတယ်။
ဥပဒေကျောင်းသား မုံရွာက ကိုသက်နောင်စိုး ဆိုရင်လည်း ထောင်ထဲမှာ ဆေးထိုးခံရပြီး ထောင်က လွတ်လာတာ ၅ နှစ်ကျော်၊ ၆ နှစ်ခန့် ရှိတဲ့တိုင် ယနေ့အထိ ကြောင်တောင်တောင်
ခံစားဖြစ်ပေါ်ဆဲပါ။ ယနေ့ အင်းစိန်ထောင်ထဲမှာပင် ရှိနေတဲ့ ကိုသန်းမြင့်အောင် ဆိုရင်လည်း စစ်ကြောရေး ပြုလုပ်ခံရပြီးနောက် အမှုရုံးတင်စစ်ဆေး ခံနေရချိန်ထိ စိတ်ကစဥ့်ကလျား
ဖြစ်နေလို့ ရွာသာကြီး စိတ်ရောဂါကုဆေးရုံသို့ တင်ပို့ရတဲ့ အခြေအနေ ရှိနေခဲ့ကြောင်း၊ ဒါတွေဟာ စစ်ကြောရေး ပြုလုပ်စဉ်က တရားမဝင်တဲ့ ဆေးကျွေး၊ ဆေးထိုးမှုများကြောင့်
ဖြစ်ပေါ်လာရခြင်း ဖြစ်တဲ့အတွက် ဥပဒေက ခွင့်မပြုသော နည်းများကို ကျင့်သုံးပြီး ရဲထံ ထွက်ဆိုချက်တခုထဲနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံသွားရမှုများကို
ပြန်လည်စုံစမ်းဖော်ထုတ်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေကို န.ဝ.တ စစ်အစိုးရက ဥပဒေ ၁/၉၃ ဖြင့် ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ရည်ရွယ်ချက်အနေဖြင့် “to prevent the danger of narcotic drugs
and psychotropic substances which can cause degeneration of mankind, as a national responsibility” ဟု လူသားတို့ကို အညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများ၏ ဘေးအန္တရာယ်ကို အမျိုးသားရေးတာဝန်ဖြင့် တားဆီးကာကွယ်ရန် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်
ဆောင်ရွက်ရန်ဟု ဖော်ပြခဲ့သော်လည်း ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ အမှုများနှင့် ပတ်သက်ပြီး စစ်ကြောရေး ပြုလုပ်ရာမှာ စိတ်ကို ပြောင်းလဲစေတတ်တဲ့
Amphetamines လို့ ခေါ်တဲ့ အလိုအလျောက် အာရုံကြောစိတ်ကို နိုးကြွစေတဲ့ (ရာမ) ဆေးများ တိုက်ကျွေးစစ်ကြောမှုများ ပြုလုပ်နေပါက နာဇီဂျာမဏီခေတ်ကလို လူညွှန့်တုံးစေတဲ့
လုပ်ရပ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ လုပ်ရပ်အဖြစ် သုတေသနပြု ဖော်ထုတ်သင့်ပါတယ်။ ကမ္ဘာ့ဆေးပညာရှင် အဖွဲ့များကလည်း ကန့်ကွက်တားဆီးကြရန် လိုအပ်ပါကြောင်း
တင်ပြလိုက်ရပါတယ်။

( ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းသည် ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွက် အခမဲ့ ဥပဒေအကျိုးဆောင်ပေးနေသူဖြစ်ပြီး စစ်အစိုးရက သူ၏ ရှေ့နေလိုင်စင်ကို
ရုပ်သိမ်းထားသည်။)

နိုင်ငံရေးမှု စစ်ရာမှာ စိတ်ကြွဆေးပြား တိုက် စစ်ဆေးတာကို အမြန်ဆုံးရပ်ပါ

ဦးအောင်သိန်း (ဥပဒေ အတိုင်ပင်ခံ) | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၃ မိနစ်

ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ (၁၃-၁-၂ဝ၁၁) ရက်နေ့က ရုံးထွက်ပြီး တရားခံအဖြစ် အစစ်ခံလိုတဲ့ ဦးဇေယျ (ခ) သားကြီးဇေယျနှင့် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူ့ကို
တရားစွဲထားတဲ့ ပုဒ်မတွေကတော့ တရားမဝင်အသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂)၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) နှင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ
၃၃ (ခ) ဆိုတဲ့ အမှု ၃ မှုကို တပြိုင်တည်း ထွက်ဆိုအစစ်ခံမှာလို့ သူက ပြောပါတယ်။ ဘာပြုလို့ သက်သေအဖြစ် အစစ်မခံဘဲ တရားခံအဖြစ် အစစ်ခံရတဲ့ ကိစ္စကို မေးတဲ့အခါမှာ သူ့အနေနဲ့
ယခုအမှုကိစ္စတွေအတွက် သက်သေထောက်အထား တင်ပြရန် မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် တရားခံအဖြစ် အစစ်ခံခြင်းဖြင့် တရားသူကြီးက တိုက်ရိုက်မေးမြန်းမှုကို
ဖြေဆိုရုံသက်သက်ပဲရှိတာမို့ ဦးနှောက်ခြောက်စရာ မရှိဘူးဟု ပြောပြသော်လည်း ၎င်းရဲ့ ပြောပြချက်ကို ကျနော့်အနေနဲ့ သဘောမတူနိုင်ပါ။ ဒါကိုလည်း ကျနော် သူ့ကို ရှင်းမပြတော့ပါ။

ဒါနဲ့ ဘာတွေထွက်ဆိုမှာလဲလို့ မေးမြန်းကြည့်တော့ အမှုမှာ ဖြေရှင်းရမယ့် အချက်နှင့် နောက်တခုက သူ့ကို စစ်ကြောရေး ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်မှု
မပြုလုပ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ရှိခဲ့ကြောင်း၊ ရက်ပေါင်း ၂ဝ ခန့် စစ်ကြောရေး ပြုလုပ်ချိန်မှာ အစားအစာကျွေးသော်လည်း စားချင်းစိတ် လုံးဝမရှိခဲ့ပါ။ သောက်ရေနှင့်
မုန့်ခြောက်ကိုသာ အနည်းငယ် စားသောက်နေရုံဖြင့် လူက လန်းဆန်းတက်ကြွှလျက်ရှိနေကြောင်း၊ မေးသမျှမေးခွန်းတိုင်းကို ငြင်းဆန်လိုစိတ် မရှိခဲ့ကြောင်း၊ နှုတ်က မေးခွန်းကို
ချက်ချင်းတုံ့ပြန်လိုမှု မရှိဘဲ လေးလံစွာ ငြင်းဆိုနေမှုကို သတိထားလျက်ရှိရာမှ စစ်ကြောသူက အသံမာမာဖြင့် “ဟုတ်တယ် မဟုတ်လား၊ ဒါက ဒီလိုဆိုလိုက်တာပဲ မဟုတ်လား” ဟု
အဖြေပါတဲ့ မေးခွန်းကို ခေါင်းညိတ်ပြီး “ဟုတ်ပါတယ်” ဟု ပြောဆိုလိုက်ရကြောင်း၊ စစ်ကြောရေးပြုလုပ်သူက ၎င်းရေးသားထားသည့် စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းတော့
ကျနော့်ဘာသာရေးမယ့် ထွက်ဆိုချက်ပေါ်မှာပဲ လက်မှတ်ရေးထိုးလိုကြောင်း ပြောပြတဲ့အခါ လက်မခံတဲ့အတွက် သူတို့ကိုယ်တိုင် ရေးသားထားတဲ့ ထွက်ဆိုချက်ကိုသာ ဟုတ်မှန်ကြောင်း
လက်မှတ်ရေးထိုး ပေးလိုက်ရတယ်လို့ ပြောပြတယ်။

ဒါနဲ့ သူက ဆက်ပြောတဲ့အခါမှာ စစ်ကြောရေးရက်၂ဝ ပြုလုပ်တဲ့အခါ ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ အိပ်ချင်လိုစိတ် မရှိခြင်း၊ မေးသမျှကို လေးလံစွာ ခေါင်းညိတ်ခြင်း၊ တခါတရံ စိတ်က
ငြင်းဆန်နေလိုသော်လည်း နှုတ်က “အင်း” လိုက်၍သော်လည်းကောင်း၊ ပြောဆိုနေခဲ့ခြင်းဟာ စိတ်အာရုံတလွဲ ဖြစ်ပေါ်လျက်ရှိကြောင်း ဦးဇေယျက ပြောပြပါသည်။ ယင်းကာလမှာ
မှတ်မိသလောက် ဝမ်းသွားချင်စိတ်မရှိ၊ ဆီး ၃/၄ ကြိမ် ခန့်ပဲ သွားခဲ့ရာ ယင်းကာလများ၌ သောက်ရေသောက်သုံးမှုသာ ရှိနေကြောင်း၊ အဆိုပါ သောက်သုံးရေထဲတွင် Amphetamines
စိတ်ကြွဆေးခတ်ထားခြင်း ဖြစ်တဲ့အတွက် ဖြစ်ရကြောင်း၊ နောက်ပိုင်း၌ သူအမှတ်ရမိ၍ ပြန်စဉ်းစားမိတယ်ဟု ကျနော့်ကို ပြောပြပါတယ်။

ယခုကိစ္စကို တိမ်းရှောင်နေတဲ့ ရဲမှူးဝင်းနိုင်နှင့် ပတ်သက်တဲ့အမှု (အင်းစိန်ထောင်ထဲမှာ ရောက်ရှိနေတဲ)့ ရဲတပ်ဖွဲ့က ကိုထက်ခိုင် (ကွန်ပြူတာ ကျွမ်းကျင်သ)ူ ကို မေးမြန်းကြည့်တော့
စစ်ကြောရေး ပြုလုပ်ချိန်မှာ အနံ့အရသာ မရှိတဲ့ Amphetamines ဆေးပြားများကို သောက်ရေမှာ ထည့်တိုက်လေ့ရှိကြောင်း၊ ယင်း ဆေးပြားများကို စစ်ကြောရေး ပြုလုပ်သူ ရဲများရဲ့
လက်ဝယ် အဆင်သင့်ထားရှိကြောင်း၊ ငယ်ရွယ်သူတို့ကို ခန္ဓာကိုယ် ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးသလို စိတ်ကြွဆေးရည်များ တိုက်ကျွေးပြီး အာရုံချွတ်လွဲအောင် ပြုလုပ်ကြောင်း၊
အသက်အရွယ် ကြီးသူတို့ကိုမူ ခန္ဓာကိုယ် ညှဉ်းပန်းမှု ပြုလုပ်ခြင်း မရှိသော်လည်း စိတ်ကြွဆေးရည် တိုက်ကျွေးမှု ပြုလုပ်ကြောင်း သူက ပြောဆိုပြီး ကိုဇေယျအနေဖြင့် စစ်ကြောရေးက
သူ၏ ခံစားချက်ကို ပြန်ပြောင်းသတိရမိလျက်ရှိကြောင်း ပြောပြပါတယ်။

ဒီလိုစစ်ကြောရေးကာလ ရဲထံ ထွက်ဆိုအစစ်ခံချက်၊ တရားခံက ဖြောင့်ချက် (သို့မဟုတ)် ထွက်ဆိုချက် ပေးရတဲ့ အပေါ်မှာ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄/၂၅/၂၆ တို့အရ
အကျုံးဝင်နိုင်သလားဆိုတာကို အဓိကထား စဉ်းစားကြည့်တယ်လို့ ကျနော်က ယူဆပါတယ်။ ဥပဒေအရပြောရင် တရားခံရဲ့ ရဲထံ ထွက်ဆိုအစစ်ခံချက်ကို တရားရုံးမှာ လာရောက်ထွက်ဆို
အစစ်ခံနိုင်ခွင့် မရှိသလို၊ သက်သေခံမဝင်ဟု ပြဋ္ဌာန်းထားသော်လည်း လက်ခံစစ်ဆေးနေသော တရားရုံးများက ခွင့်ပြုခြင်း၊ သုံးသပ်ဖော်ပြထားခြင်းတို့ဟာ မြန်မာနိုင်ငံ
တရားစီရင်ရေးတရပ်ရဲ့ လွဲမှားအံချော်နေတဲ့ အချက်တရပ်လို့ ထောက်ပြနိုင်ပါတယ်။

အမျိုးသား ထောက်လှမ်းရေး ဥပဒေ တည်ရှိခဲ့တုန်းက စစ်ကြောရေး ပြုလုပ်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ စာတမ်းပြုစုခဲ့သူ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ထွန်းဆိုသူက သူ့ကို
စစ်ကြောရေးပြုလုပ်တဲ့ အခါမှာ ဆေးထိုးပြီး အာရုံချွတ်လွဲအောင် စစ်ဆေးခဲ့ကြောင်း၊ ကြာလာသည်နှင့်အမျှ အသက်အန္တရာယ် ဖြစ်နိုင်ကြောင်း မီဒီယာမှာ သူ ပြောသွားဖူးပါတယ်။
ဥပဒေကျောင်းသား မုံရွာက ကိုသက်နောင်စိုး ဆိုရင်လည်း ထောင်ထဲမှာ ဆေးထိုးခံရပြီး ထောင်က လွတ်လာတာ ၅ နှစ်ကျော်၊ ၆ နှစ်ခန့် ရှိတဲ့တိုင် ယနေ့အထိ ကြောင်တောင်တောင်
ခံစားဖြစ်ပေါ်ဆဲပါ။ ယနေ့ အင်းစိန်ထောင်ထဲမှာပင် ရှိနေတဲ့ ကိုသန်းမြင့်အောင် ဆိုရင်လည်း စစ်ကြောရေး ပြုလုပ်ခံရပြီးနောက် အမှုရုံးတင်စစ်ဆေး ခံနေရချိန်ထိ စိတ်ကစဥ့်ကလျား
ဖြစ်နေလို့ ရွာသာကြီး စိတ်ရောဂါကုဆေးရုံသို့ တင်ပို့ရတဲ့ အခြေအနေ ရှိနေခဲ့ကြောင်း၊ ဒါတွေဟာ စစ်ကြောရေး ပြုလုပ်စဉ်က တရားမဝင်တဲ့ ဆေးကျွေး၊ ဆေးထိုးမှုများကြောင့်
ဖြစ်ပေါ်လာရခြင်း ဖြစ်တဲ့အတွက် ဥပဒေက ခွင့်မပြုသော နည်းများကို ကျင့်သုံးပြီး ရဲထံ ထွက်ဆိုချက်တခုထဲနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံသွားရမှုများကို
ပြန်လည်စုံစမ်းဖော်ထုတ်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေကို န.ဝ.တ စစ်အစိုးရက ဥပဒေ ၁/၉၃ ဖြင့် ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ရည်ရွယ်ချက်အနေဖြင့် “to prevent the danger of narcotic drugs
and psychotropic substances which can cause degeneration of mankind, as a national responsibility” ဟု လူသားတို့ကို အညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများ၏ ဘေးအန္တရာယ်ကို အမျိုးသားရေးတာဝန်ဖြင့် တားဆီးကာကွယ်ရန် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်
ဆောင်ရွက်ရန်ဟု ဖော်ပြခဲ့သော်လည်း ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ အမှုများနှင့် ပတ်သက်ပြီး စစ်ကြောရေး ပြုလုပ်ရာမှာ စိတ်ကို ပြောင်းလဲစေတတ်တဲ့
Amphetamines လို့ ခေါ်တဲ့ အလိုအလျောက် အာရုံကြောစိတ်ကို နိုးကြွစေတဲ့ (ရာမ) ဆေးများ တိုက်ကျွေးစစ်ကြောမှုများ ပြုလုပ်နေပါက နာဇီဂျာမဏီခေတ်ကလို လူညွှန့်တုံးစေတဲ့
လုပ်ရပ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ လုပ်ရပ်အဖြစ် သုတေသနပြု ဖော်ထုတ်သင့်ပါတယ်။ ကမ္ဘာ့ဆေးပညာရှင် အဖွဲ့များကလည်း ကန့်ကွက်တားဆီးကြရန် လိုအပ်ပါကြောင်း
တင်ပြလိုက်ရပါတယ်။

( ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းသည် ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွက် အခမဲ့ ဥပဒေအကျိုးဆောင်ပေးနေသူဖြစ်ပြီး စစ်အစိုးရက သူ၏ ရှေ့နေလိုင်စင်ကို
ရုပ်သိမ်းထားသည်။)

မဲဆောက် မြန်မာသံဃာ ၈ ပါး ဖမ်းပြီးပြန်ပို့ခံရ

အောင်မြတ်စိုး | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၀ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်၌ ဆွမ်းခံနေသည့် မြန်မာသံဃာ ၈ ပါးကို မဲဆောက်ရဲများနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ဖမ်းဆီး၍
ချက်ချင်းလူဝတ်လဲ ချုပ်နှောင်ပြီးနောက် မြန်မာပြည် ပြန်ပို့လိုက်သည်။

အဖမ်းခံရသည့် သံဃာ ၈ ပါးမှာ အုန်းဖျန် ဒုက္ခသည်စခန်းမှ မဲဆောက်သို့ ခေတ္တရောက်နေသည့် ဦးနန္ဒိယ သက်တော် ၂၈ နှစ် ၊ တောရပ်ကျောင်းမှ သက်တော် ၆ဝ ရွယ် ဂေါ်ရခါး
ကိုယ်တော်ကြီးနှင့် ဦးဝိမလ သက်တော် ၅၆ နှစ် ၊ ကျောင်းကြီးမှ ဦးသုစိတ္တ သက်တော် ၆ဝ နှင့် ဦးပညာသီဟ သက်တော် ၂၆ နှစ်၊ ဝတ်အလန်းကျောင်းမှ ကိုရင် နန္ဒိတ သက်တော် ၁၃
နှစ် ၊ ဦးသုမင်္ဂလ သက်တော် ၅၆ နှစ်နှင့် သက်တော် ၆ဝ ခန့်ရှိ ဦးဇင်းကြီး ဦးသုမင်္ဂလတို့ ဖြစ်သည်။

၎င်းတို့ကို တာ့ခရိုင်မှူး ဦးစီးကာ ဖမ်းခဲ့ပြီး နေထိုင်ခွင့် စာရွက်စာတမ်း မပြည့်စုံသဖြင့် ညနေပိုင်းတွင် နယ်စပ်သို့ ပို့ဆောင်ခဲ့သည်။

“မနက် ၆ နာရီကျော် အရုဏ်ဆွမ်းခံကြွနေတဲ့ အချိန် မဲဆောက်ဈေးထဲမှာ ဖမ်းတာပါ။ ရဲစခန်းကိုရောက်တော့ မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဝတ်ကျုံဖွန်ကျောင်းကို ပို့တယ်။
ဆရာတော်ကိုယ်တိုင် သင်္ကန်းကို ဆွဲချွတ်တာ’’ ဟု ဖမ်းဆီးခံခဲ့ရသည့် ဆရာတော် ဦးနန္ဒိယက မဇ္ဈိမကို မိန့်သည်။

ဒုက္ခသည်စခန်းမှ ဖြစ်သည်ဟု ပြောဆိုရာတွင် ယူအန် (UN) အထောက်အထားလက်မှတ် ပြခိုင်းကြောင်း၊ မပြနိုင်သဖြင့် သင်္ကန်းချွတ်ပြီး အချုပ်သို့ ပို့ဆောင်ကာ ညနေပိုင်းတွင် နယ်စပ်သို့
ပို့ကြောင်း၊ ထိုင်းရဲများလက်ဖြင့် အရိုက်ခံခဲ့ရကြောင်း ဦးနန္ဒိယက မိန့်သည်။

ဖြစ်ရပ်နှင့် ပတ်သက်၍ မနေ့ ညနေ၆နာရီခွဲခန့်က မဇ္ဈိမက မဲဆောက်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိက ထိုကဲ့သို့ မေးမြန်းသူ ၂ ယောက် ၃ ယောက်ရှိပါကြောင်းနှင့်
မိမိတို့ ထိန်းသိမ်းထားသည့် မြန်မာသံဃာတော် မရှိကြောင်း ငြင်းဆိုသည်။

ရှမ်းအရေး ချင်းမိုင်တွင် ဆွေးနွေးမည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၉ မိနစ်

မဇ္ဈိမသတင်းဌာန။ ။ ရှမ်းလူမျိုးများ ခံစားနေရသော ဒုက္ခနှင့် ပတ်သက်၍ ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sirimankhalajarn လမ်းရှိ Sangdee ပြခန်း၌ ယခုလ ၃ဝ
ရက်နေ့ ညနေပိုင်းတွင် ကျင်းပသွားမည် ဖြစ်သည်။

“ဒုက္ခသည်စခန်း ပြင်ပမှ ရှမ်းဒုက္ခသည်များ” အမည်ရ စာအုပ်ကို ရေးခဲ့သူ Bernice Hoehler Johnson၊ ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် အယ်ဒီတာ Khuensai Jaiyen နှင့်
ရှမ်းအမျိုးသမီး လှုပ်ရှားမှုကွန်ယက် ခေါင်းဆောင်တဦးဖြစ်သူ နန်းချန်တောင်းတို့ ဦးဆောင်ဆွေးနွေးကြမည်။

အမေရိကန်သူ Hoehler Johnson က သူ၏ စာအုပ်ထဲမှ ကောက်နုတ်ချက်အချို့ကို ဖတ်ပြမည်ဖြစ်ပြီး ထိုစာအုပ်ကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ သူသည် ထိုင်းနှင့် မြန်မာနိုင်ငံရှိ
ရှမ်းအသိုင်းအဝိုင်းတွင် ဆရာမအဖြစ် နှစ်များစွာ လုပ်အားပေးခဲ့သူ ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနှင့် တွေ့ဆုံ

ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်


ချင်းမိုင(် မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမြ Kasit Piromya သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့တွင် ယနေ့မနက်
တွေ့ဆုံဆွေးနွေးခဲ့သည်။

တရက်တာခရီးစဉ်ကို မကြေညာဘဲ ရောက်လာသော မစ္စတာ ကဆစ်နှင့် ဒေါ်အောင်ဆန်းစုကြည် မီကာဆာ ဟိုတယ်၌ တနာရီကျော် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာကို နှစ်ဖက်လုံးက


ထုတ်ဖော်ပြောဆိုသေးခြင်း မရှိသော်လည်း လေ့လာသူများကမူ အမျိုးသား ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းချက်တခုဟု
ဆိုသည်။

“အာဆီယံ အစည်းအဝေးမှာ စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့ ပြောတယ်။ ဒါပေမဲ့ စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့မှာ


တချို့အချက်တွေ ထူးခြားနေတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားရင်ကြားစေ့ရေးက အဓိက ကျမယ်လို့
ကျနော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ အကြား အဖြစ်နိုင်ဆုံးတခုကို ကြိုးစားမယ်လို့ ထင်တယ်” ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ထိုင်းဝန်ကြီးက မြန်မာနိုင်ငံ၏ ချွတ်ချုံကျသော စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအပေါ်


သိရှိနားလည်နိုင်ရန်လည်း ပါဝင်မည်ဟု သူက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြီးနောက် ဝန်ကြီးသည် နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရ အရာရှိများနှင့်


တွေ့ဆုံမည်ဖြစ်သည်။
http://www.mizzimaburmese.com/home.html

စစ်အစိုးရကိုဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်းမှာမဟုတ်

By ဒေါ်ခင်စိုးဝင်း သောကြာ, 21 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုတွေ ဒဏ်ခတ်ထားတာကို လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက


သောကြာနေ့ကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ တားဆီးပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်ထားတာကို ရုပ်သိမ်းပေးရေးအတွက် အာဆီယံနိုင်ငံတွေကရော၊ ပြည်တွင်းက နိုင်ငံရေးပါတီတွေကပါ တောင်းဆိုသံတွေ


ဆူဆူညံညံ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောဆိုလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး
ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေနဲ့ ပုံမှန်ဆွေးနွေးမှုတွေ ရှိနေပြီး ထိရောက်မှုနဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာတွေကိုလည်း မျက်ခြေမပျက်
အကဲခတ်သုံးသပ်နေတဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J Crowley) က သောကြာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလို
ပြောဆိုလိုက်ပါတယ်။

“မြန်မာပြည်သူလူထုရဲ့ အကျပ်အတည်းတွေကို စာနာစိတ်နဲ့ စိုးရိမ်မကင်းဖြစ်ရပေမဲ့ ဒီမိုကရေစီရေးကို လုံးဝပစ်ပယ်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တာဝန်အရှိဆုံးလူတွေ


အပေါ်ကို အထူးပစ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ချွတ်ခြုံကျရတာဟာ စစ်အစိုးရမှာ
လုံးဝတာဝန်ရှိပါတယ်။ အဂတိလိုက်စားမှုတွေကို ခေါင်းဆောင်ပိုင်းကနေ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေပြီး သဘာဝသယံဇာတ အရင်းအမြစ်တွေကိုလည်း လူထုကို
အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် အလျဉ်းသင့် အလွမ်းသင့်သလို ရောင်းချနေကြတာပါပဲ။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းအောင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ ဒီမိုကရေစီ အတိုက်အခံတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့


စစ်မှန်တဲ့ အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ စတင်ဖို့အတွက် မြန်မာစစ်အစိုးရအနေနဲ့ ရေရာသေချာတဲ့ ခိုင်မာတဲ့ခြေလှမ်းတွေ လှမ်းနိုင်အောင်လို့ ဒီပိတ်ဆို့မှုတွေကို
ထိန်းထားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ တားဆီးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်
ပီဂျေခရော်လီ က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဒေါ်စု အင်တာနက် အသုံးပြုနိုင်ပြီ

သောကြာ, 21 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီး အခု ၂ လကျော်လာခဲ့ချိန်မှာ ကွန်ပျူတာ အင်တာနက်


တပ်ဆင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ဆက်သွယ်ရေးစနစ်အားလုံးကို ထိန်းချုပ်ထားတဲ့ မြန်မာစစ်အာဏာပိုင်တွေက McWill လို့ခေါ်တဲ့ အင်တာနက်ဆက်သွယ်တဲ့စနစ်ကို
တပ်ဆင်ခွင့်ပေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးတဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်းမှာ အင်တာနက်စနစ် တပ်ဆင်ဖို့အတွက် သူမရဲ့


နံမည်နဲ့လျှောက်လွှာတင်ခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေဟာ ဆက်သွယ်ရေးစနစ် အားလုံးနဲ့အတူ အင်တာနက် ဆက်သွယ်မှုကို ထိန်းချုပ်ထားပြီး နိုင်ငံရေးဝဘ်ဆိုက် စာမျက်နှာ
အများအပြားကို ပိတ်ပင်ထားတာပါ။
မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်အတွင်း အင်တာနက်သုံးစွဲသူဟာ လူဦးရေ ၄၅၅ ဦးမှာ တဦးသုံးစွဲနေတာ တွေ့ရတယ်လို့ ဂျနီဗာမြို့က ကုလသမဂ္ဂ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ ITU က
ပြောပါတယ်။

စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီမဖေါ်ဆောင်နိုင်

By ကိုဇော်ဝင်းလှိုင် သောကြာ, 21 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာစစ်အစိုးရက စိတ်ကြိုက် ရွေးချယ်ခန့်အပ်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အမည်စာရင်းကို မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါပေမဲ့
ဒီကိုယ်စားလှယ်တွေဟာ စစ်တပ်ကလာတဲ့ သူတွေ ဖြစ်တဲ့အတွက် စစ်တပ်ထဲကအတိုင်းပဲ အထက်ကညွန်ကြားတဲ့အတိုင်း လိုက်လုပ်ကြမယ့် ကိုယ်စားလှယ်တွေဖြစ်တယ်လို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပတော့မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း ဒေသကြီးလွှတ်တော်တွေအတွက် စစ်တပ်က ရွေးချယ်ခန့်အပ်ဖို့ရှိတဲ့


လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကိုယ်စားလှယ် ၃၈၈ ယောက်ရဲ့ အမည်စာရင်းကို စစ်အစိုးရက မနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီမိုကရေစီစံနစ်ဖော်ဆောင်ရေးအတွက် လမ်းပြမြေပုံ ၇ ချက်ချမှတ်ပြီး အကောင်အထည်ဖော်နေတဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ လွှတ်တော်ခေါ်ရေးအဆင့်ကို ရောက်လာနေပြီဖြစ်ပေမဲ့


တပ်မတော်သား ကိုယ်စားလှယ်တွေဟာ စစ်မှန်တဲ့ဒီမိုကရေစီစံနစ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အထက်က ညွန်ကြားချက်ကိုပဲ နာခံကြရမှာဖြစ်တယ်လို့ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ NLD ပါတီရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ပြောပါတယ်။

“အမှန်ကတော့ဗျာ၊ တပ်ဆိုတာကတော့ အမိန့်နာခံတာပဲရှိတာကိုးဗျ။ အဲတော့ အမိန့်နာခံတာနဲ့ ပတ်သက်လို့ အထက်က အကြီးအကဲပုဂ္ဂိုလ်က ဘာလုပ်ရမယ်လို့ပြောလိုက်ရင်


လုပ်ပေးကြရမှာပေါ့။ အဲဒီအတိုင်းပဲ သွားတာပဲလေ။ စဉ်းစားတာ၊ ဆွေးနွေးတာတော့ ရှိရင်ရှိမယ်ပေါ့။ ဒါပေမဲ့ ရှိသော်လည်း စစ်ဗိုလ်ကြီးက ထိပ်တန်းကပုဂ္ဂိုလ်ကြီးက လွှတ်တော်ကို
ကြီးစိုးတာမျိုးဆို ဘယ်ကောင်းမလဲ။ အခုပုံစံ ကတော့ လွှတ်တော်ကို ပြည်သူလူထုက ထိန်းချုပ်ရမဲ့အစား ပြည်သူလူထုနဲ့တကွ အားလုံးကို လွှတ်တော်က ကြီးစိုးရမယ့်ပုံ ဖြစ်နေတော့ အဲဒီ
သူ့ရဲ့ သဘောသဘာဝ ဆုံးဖြတ်ချက်အပေါ် မူတည် ပြီးတော့ ကျန်တဲ့သူတွေကလည်း အကုန်လုံး လက်ညှိုးထောင် ခေါင်းညိတ်ရတော့မယ့်သဘောပဲ။ ဒါကြောင့်မို့ ကျနော်ပြောပါတယ်။
ဒီဥစ္စာက ပုံသဏ္ဍာန်အားဖြင့်ဆိုရင်တော့ စစ်ရဲ့ ပုံသဏ္ဍာန်ပါပဲလို့။ သိပ်တော့ ထူးခြားနားမှာမဟုတ်ပါဘူး ဆိုတာကို ကျနော် ပြောထားပြီးသားပဲ။”

စစ်တပ်ရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်ကို အနိုင်ရထားတဲ့အပြင် စစ်တပ်က စိတ်ကြိုက် ရွေးချယ်ထားတဲ့
တပ်မတော် သားတွေကို လွှတ်တော်ကိုယ်စားလှယ်ဦး စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို အခုလို အမတ်အဖြစ် ခန့်အပ်လိုက်တာကြောင့် တပ်မတော် ကြီးစိုးရေးလမ်းစဉ်ကိုပဲ
ဆက်သွားနေတယ်ဆိုတာ ပေါ်လွင်စေ တယ်ဆိုပြီး အများက မေးခွန်းထုတ်နေကြတာပါ။

စစ်တပ်က တသွေး၊ တသံ၊ တမိန့်ဆိုတာကို အရိုးစွဲအောင် သင်ကြားပို့ချထားတာကြောင့် အထက် ညွန်ကြားချက်တွေကို လွန်ဆန်ပြီး သူတို့အနေနဲ့ လွှတ်တော်အတွင်း ဘယ်လောက်
လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်မယ်ဆိုတာ မသေချာသေးပါဘူး။

“အမိန့်နာခံမှုက သူတို့က အရိုးထဲမှာစွဲပြီးတော့ လာခဲ့ရတာကိုးဗျ။ သူတို့စစ်တပ်ဆိုတာကလည်း ငါတို့တွေ နိုင်ငံတော်ရဲ့အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်ပါ့မည်ဆိုတာက


သိပြီးသားဆိုတော့ ဒါကြီးက စပြီးတော့ တပ်ထဲကိုဝင်ကတည်းက သံမှိုရိုက်နှက်သလို ပါထားတာဖြစ်တော့ အဲဒီအပေါ်မှာ ဘယ်လောက် ဆွေးနွေးခွင့်ရလို့
ဘယ်လောက်ပြုပြင်ခွင့်ရမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့ဗျာ။”

မြန်မာနိုင်ငံလိုပဲ စစ်အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တဖြည်းဖြည်း ဖော် ဆောင်ခဲ့တဲ့ နိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက


ကျင့်သုံးခဲ့တဲ့ အသွင် ကူးပြောင်းရေးအစီအစဉ်နဲ့ မြန်မာစစ်အစိုးရက လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးတို့ရဲ့ ကွာခြားချက်ကတော့
အင်ဒိုနီးရှားက လွှတ်တော်အတွင်း စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု တဖြည်းဖြည်းချင်း လျှော့ချသွားမယ်ဆိုတာကို ဖွဲ့စည်းပုံထဲမှာ တရားဝင် ထည့်သွင်း ဖော်ပြထားပြီး အဲဒီအတိုင်းလည်း
လက်တွေ့ အကောင်အထည်ဖော်ခဲ့တဲ့ ဖြစ်ရပ်ပါ။

“အင်ဒိုနီးရှားကတော့ သူတို့စစ်တပ်အင်အားကနေ အစိုးရ၀င်ပေမဲ့လို့ ပုံသဏ္ဍာန်ကကိုက တဖြည်းဖြည်း သိသိသာသာ လျှော့သွားမယ့်ပုံစံကို အတိအလင်း ထင်ထင်ရှားရှားပြပြီးမှ


သွားတာကိုး ဗျ။ အမှန်က ဖြစ်သင့်တာက ဘယ်လိုလဲဆိုတော့ သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခု ၂၅ ရာခိုင်နှုန်း ယူတယ်ပေါ့ဗျာ။ နောက်ပြီးတော့လည်းပဲ one term (ပထမတကျော့)
ပြီးတဲ့အခါမှာ ၁၀ ရာခိုင်နှုန်း အထိ လျှော့မယ်ဗျာ။ နောက်တခါကျရင် လုံးဝ မပါစေရဘူးဗျာ၊ အဲဒီလိုမျိုး ထင်ထင်ရှားရှား ပါသွား ရင်တော့ ကောင်းတာပေါ့။ အခုဟာက ဒီလိုဟာမျိုးရဲ့
ကတိက၀တ် ပြုတာတွေကလည်း မရှိတော့ ဘယ်လောက်အထိ အတိုင်းအတာနဲ့ဆက်ပြီးတော့ ဒီလိုပဲသွားမလဲဆိုတာက မပြောတတ်ဘူးပေါ့ဗျာ။”

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ NLD ပါတီရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ် ကြီးဟောင်း ဦးတင်ဦးက ပြောပြခဲ့တာပါ။

အခု တပ်မတော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃၈၈ ဦးထဲက ၃၅ ဦးကလွဲလို့
ကျန်ကိုယ်စားလှယ် အများစုဟာ ကြည်းတပ်က ကိုယ်စားတွေဖြစ်ပါတယ်။

ပြန်ပေးသင်္ဘော ကိုရီးယားကွန်မန်ဒို ကယ်တင်

သောကြာ, 21 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဒီကနေ့ သောကြာနေ့ မနက်အစောပိုင်းမှာ အိန္ဒိယသမုဒ္ဒရာ အာရေဗျပင်လယ်ထဲမှာ အပိုင်စီးခံထား ရတဲ့ နော်ဝေနိုင်ငံပိုင် ဓာတုဗေဒကုန်တင်သင်္ဘော Samho Jewelry ပေါ်က
ဆိုးမားလီယာ ပင်လယ် ဓားပြရှစ်ဦးကို တောင်ကိုးရီးယားရေတပ်ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့က စီးနင်းတိုက်ခိုက် သုတ်သင်လိုက် ပါတယ်။ ဒီသင်္ဘောကို မော်လတာနိုင်ငံမှာ
မှတ်ပုံတင်ထားပြီး တောင်ကိုးရီးယား Shamho သင်္ဘော ကုမ္ပဏီက စီမံခန့်ခွဲ ခုတ်မောင်းနေတဲ့ သင်္ဘောကြီးပါ။ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ရေယာဉ် ၀န်ထမ်း တောင်ကိုးရီးယား(၈)
ဦး၊ မြန်မာ(၁၁) ဦး၊ အင်ဒိုနီးရှား(၂) ဦး၊ စုစုပေါင်း (၂၂) ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

သင်္ဘောရဲ့ရေယာဉ်မှူးတဦးသာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီးတော့ ဆိုးမားလီယာ ပင်လယ်ဓားပြ ငါးဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဆိုမားလီယာ အရှေ့ မြောက်ဘက်ကမ်းခြေကနေ
ကီလိုမီတာ ၁,၃၀၀ အကွာ ပင်လယ်ပြင်မှာ ငါးနာရီကြာတဲ့ ဒီစစ်ဆင်ရေးကို အထူးကွန်မန်ဒိုအင်အား ၃၀၀ လိုက်ပါလာတဲ့ တောင်ကိုးရီးယားရေတပ်ရဲ့ ဖျက်သင်္ဘော Choi Young က
ပြုလုပ်ခဲ့ပြီးတော့ နိုင်ငံတချို့က အားပေးကူညီခဲ့တာကို အသိအမှတ်ပြုပါတယ်လို့ တောင်ကိုးရီးယား သမ္မတအီမြောင်ဘတ်က ဒီကနေ့ ရုပ်မြင်သံကြားကနေ ကြေညာသွားခဲ့ပါတယ်။

သတင်းတွေမှာတော့ အိုမန် နိုင်ငံရေတပ်စစ်ရေယာဉ်တစီးက တောင် ကိုးရီးယားစစ်ရေယာဉ်ကို ကူညီ ဖို့ စစ်ဆင်ရေးနေရာကို ရောက်ရှိနေခဲ့တယ်လို့ ဖော်ပြကြပါတယ်။ အနာဂတ်မှာ
တောင်ကိုးရီးယား နိုင်ငံသားတွေကို အခုလို အကြမ်းဘက်တိုက်ခိုက်မှုမျိုးကို ဘယ်တော့မှ သည်းညည်းမခံဘူးလို့ သမ္မတ အီမြောင်ဘတ်က ပြောဆိုခဲ့ပြီး ဒီစစ်ဆင်ရေးမှာ
ပါဝင်ခဲ့သူအားလုံးကို ချီးကျူးစကားပြော ကြားခဲ့ပါ တယ်။

ပြီးခဲ့တဲ့စနေနေ့က အာရပ်စော်ဘွားများပြည်ထောင်စု UAE ကနေ သီရိလင်္ကာကို ခုတ်မောင်းနေတဲ့ ဒီ ဓာတုဗေဒကုန်တင် သင်္ဘော ကြီးကို Muscat ဆိပ်ကမ်းမြို့ရဲ့ အရှေ့တောင်ဘက်
ကီလိုမီတာ ၆၅၀ အကွာ ပင်လယ်ပြင်မှာ ဆိုးမားလီးယားပင်လယ်ဓားပြတွေက အပိုင်စီးခဲ့တာဖြစ်ပါတယ်။

အီရတ်ကျူးကျော်စစ် တရားမ၀င်ကြောင်း အကြံပေးချက် တိုနီဘလဲ ပစ်ပယ်

သောကြာ, 21 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဒီကနေ့ လန်ဒန်မြို့တော်က အီရတ်စစ်ပွဲဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရှေ့မှောက်မှာ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲ (Tony Blair) လာရောက်ပြီးတော့ ကော်မရှင်က
သူ့ကိုမေးတဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့ပါတယ်။ သူ့ရဲ့ ထိပ်တန်းအစိုးရရှေ့နေက အီရတ်ကို စစ်ဆင်တိုက်ခိုက်တာ ဟာ တရားမ၀င်လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားနေပေမဲ့ မစ္စတာဘလဲက
၂၀၀၃ ခုနှစ်က အမေရိကန် ဦးဆောင်တဲ့ အီရတ်စစ်ပွဲမှာ ဗြိတိန်နိုင်ငံက ထောက်ခံအားပေးဖို့ သူကတိပြုခဲ့တယ်လို့ ကော်မရှင်ကို ပြောကြားခဲ့ပါတယ်။

အခုလို ဥပဒေကြောင်းအရ သူ့ကို အကြံပြုချက်ဟာ သူ့အတွက်တော့ ဘာမှ သိပ်အရေးမပါလှဘူးလို့ မစ္စတာဘလဲက ကော်မရှင်ကို ပြောကြားခဲ့ပါတယ်။ သူ့အတွက်
တကယ်အရေးပါတဲ့ကိစ္စက အကြမ်းဘက်မှု တိုက်ဖျက်ရေး လုပ်ငန်းကြီးထဲမှာ အီရတ်စစ်ပွဲက တစိတ်တပိုင်းအဖြစ် ပါဝင်နေတဲ့ ကိစ္စ ဖြစ်တယ်၊ ဒီလုပ်ငန်းဟာ တနိုင်ငံတည်းက လုပ်လို့ရတဲ့
ကိစ္စမဟုတ်ဘူးလို့ မစ္စတာဘလဲက ကော်မရှင်ကို ပြောပါတယ်။ အီရတ်က အာဏာရှင်ဟောင်း ဆဒ္ဒမ်ဟူစိန်ကို လက်နက်မဲ့ဖြစ်အောင် ဖြုတ်ချရေးမှာ ဗြိတိန်နိုင်ငံအနေနဲ့ လုပ်လို့ရသမျှ
ဝင်ရောက်လုပ်ကိုင်ပေးဖို့ အမေရိကန်သမ္မတ ဂျော့ခ်ျ၊ ဒဗလျူ ဘုရှ် (George W Bush) ကို သူ အခိုင်အမာ ကတိပြုခဲ့တယ်လို့လည်း မစ္စတာဘလဲက ဆိုပါတယ်။

မနှစ်က ဒီကော်မရှင်ရဲ့ရှေ့မှောက်မှာ မေးခွန်းတွေလာရောက်ဖြေဆိုခဲ့စဉ်ကလည်း အီရတ်စစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့ ဗြိတိသျှတပ်တွေ စေလွှတ်ခဲ့တာအတွက် သူ ဘယ်တုန်းကမှ


နောင်တရတာ မရှိဘူးလို့ ပြော ခဲ့ပါတယ်။ အီရတ်စစ်ပွဲကို ဦးတည်နေချိန်က အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘုရှ်နဲ့ မစ္စတာ ဘလဲတို့ကြားက လျှို့ဝှက် စာပေးစာယူ
အကြောင်းအရာတွေကို မစ္စတာဘလဲကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က မေးမြန်းဖို့ရှိနေပါတယ်။ ဒီ လျှို့ဝှက်စာတွေကို မစ္စတာဘလဲ က အများပြည်သူတွေကို အသိ ပေးဖို့
လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မ်မရွန်း (David Cameron) က လူသိရှင်ကြား ဆော်သြနေပါတယ်။

တရုတ်၊ အမေရိကန် နဲ့ မြောက်ကိုရီးယား

By ဦးအောင်ခင် & မညိုညိုလွင် စနေ, 22 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

တရုတ-် အမေရိကန် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာတာဟာ နှစ်နိုင်ငံအတွက်သာမက ဒေသဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာအတွက် အရေးကြီးကြောင်း တရုတ်သမ္မတရဲ့ 


အမေရိကန်ခရီးစဉ်က ပြသနေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးမှာ အဆင်မပြေတာလေးတွေကို ခေါင်းဆောင်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး စေ့စပ်ညှိနှိုင်း ဖြေရှင်းကြပါတယ်။
အဆင်မပြေတာတွေထဲမှာ မြောက်ကိုရီးယားနဲ့ မြန်မာကိစ္စလည်း ပါဝင်ပါတယ်။ နှစ်နိုင်ငံလုံးကို တရုတ်က ကူညီထောက်ပံ့နေပြီး အမေရိကန်က ဒဏ်ခတ်အရေးယူထားပါတယ်။
ဗမာစစ်အစိုးရနဲ့ မြောက်ကိုရီးယားဟာ တရုတ်အကူအညီနဲ့ အသက်ဆက်နေကြပါတယ်။ မြန်မာပြည်မှာ လမ်းပန်းဆက်သွယ်ရေးလို အခြေခံအဆောက်အအုံတွေ ကောင်းမွန်အောင်
ပြုလုပ်နေတာဟာ တရုတ်ရဲ့  သေနင်္ဂဗျူဟာ တခုသာဖြစ်ပါတယ်။

အမေရိကန်အစိုးရတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို အဓိကထားကြတဲ့အတွက် ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ


ဒီမိုကရေစီကျင့်သုံးနေပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်လာတာကို အမေရိကန် နဲ့ တရုတ်တို့က မြင်လိုတယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန
စာရွက်စာတမ်းမှတ်တမ်းတွေအရ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးတာကို အမေရိကန်နဲ့ တရုတ်တို့က မြင်လိုတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံတမန်တို့ရဲ့  ၂၀၀၈ ခုနှစ် ပေးစာတွေအရ
သိရပါတယ်။ ဗမာစစ်အစိုးရကို အမေရိကန်က စီးပွားရေးအရ ဒဏ်ခတ်အရေးယူတာဟာ အချည်းနှီးသာဖြစ်ကြောင်း တရုတ်သံတမန်က အမြဲတမ်းထောက်ပြနေပါတယ်။ မြန်မာ့အရေးမှာ
ကုလသမဂ္ဂ ပါဝင်ဆောင်ရွက်တာကို တရုတ်ကထောက်ခံပေမယ့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှာကိုတော့ လက်မခံပါဘူး။ မြန်မာနဲ့ မြောက်ကိုရီးယားက
ဆိုးဆိုးဝါးဝါးလုပ်နေတာတောင် တရုတ်က ဝေဖန်ရှုတ်ချတာမျိုး မလုပ်ပါဘူး။ သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပန်ကြားလေ့ရှိပါတယ်။ တရုတ်ရဲ့  ဆောင်ရွက်ချက်ကြောင့်
တရုတ-် မြန်မာနယ်စပ် နဲ့ ကိုရီးယားကျွန်းစွယ်မှာ စစ်မဖြစ်တာလို့ သုံးသပ်ကြပါတယ်။

ဗမာစစ်အစိုးရကို အမေရိကန်က ပြန်လည်ဆက်ဆံဖို့ ကြိုးပမ်းလာတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်မှာ အယူအဆအမျိုးမျိုး ရှိနေတာကို တွေ့ရပါတယ်။ International Crisis Group -
အပြည်ပြည်ဆိုင်ရာ ပြဿနာလေ့လာရေးအဖွဲ့က လွန်ခဲ့တဲ့ ဇွန်လမှာ ကုမင်နဲ့ ဘေဂျင်းတို့က တရုတ်ပညာရှင်အချို့ ကို တွေ့ဆုံမေးမြန်းတဲ့အခါမှာ မြန်မာ-အမေရိကန် ချစ်ကြည်ရေးဟာ
တရုတ်အတွက် အန္တရာယ်ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဗမာစစ်အစိုးရသာ အမေရိကန်နဲ့ ချစ်ကြည်ရင်းနှီးသွားရင် တရုတ်အဖို့ ရေနံနဲ့ ဓါတ်ငွေ့မှန်မှန်ရဖို့တောင် မသေချာတော့ဘူးလို့
တရုတ်ပညာရှင်တွေက မြင်ကြပါတယ်။ ဗမာစစ်အစိုးရကို အမေရိကန်က စီးပွားရေးဒဏ်ခတ် အရေးယူထားလို့သာ တရုတ်ကုမ္မဏီတွေ စားပေါက်ချောင်နေတာလို့ ဆိုကြပါတယ်။
ဗမာစစ်အစိုးရနဲ့ လက်တွဲဖို့ ကြိုးစားနေတဲ့ အမေရိကန်မူဝါဒသစ်ဟာ မြန်မာပြည်မှာ တရုတ်ကြီးစိုးနေတာကို တန်ပြန်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်ပညာရှင်အချို့ က
သုံးသပ်ကြပါတယ်။

တရုတ်ကို ဝိုင်းရံထားဖို့ စည်းရုံးသိမ်းသွင်းတဲ့ အမေရိကန်ရဲ့  အစီအစဉ်ထဲမှာ မြန်မာပြည်လည်း ပါဝင်နေတာမို့ ဗမာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တာလို့ တရုတ်ပညာရှင်တွေက
မြင်ကြပါတယ်။ အမေရိကန် သမ္မတရဲ့  (၁၀) ရက်ကြာ အာရှခရီးစဉ်ဟာ အမေရိကန်သြဇာ မြှင့်တင်နိုင်ဖို့ ရည်ရွယ်တယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ တရုတ်နဲ့
အိမ်နီးချင်းနိုင်ငံတွေအကြား သပ်လျှိုပြီး တရုတ်ပြည်ကို ဝိုင်းရံနေတဲ့ သေနင်္ဂဗျူဟာကို အိုဘားမား အစိုးရကျင့်သုံးနေတယ်လို့ တရုတ်ပညာရှင်အချို့ က သုံးသပ်ကြပါတယ်။ ဒါပေမဲ့
တရုတ-် အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားနေချိန်မှာ ဒီလို သုံးသပ်တာမျိုးစာ ပုံကြီးချဲ့ တာသာ ဖြစ်တယ်လို့မြင်တဲ့ တရုတ်ပညာရှင်တွေလည်း ရှိကြပါတယ်။

တရုတ-် အမေရိကန် ဆက်ဆံရေးမှာ မြောက်ကိုရီးယား ပြဿနာနဲ့ နှိုင်းစားရင် မြန်မာ့အရေးဟာ မပြောပလောက်ပါဘူးလို့ ဆိုနိုင်ပါတယ်။ အိုဘားမား အစိုးရတက်လာတဲ့ ၂၀၀၉ ခုနှစ်မှာ
တရုတ် စိတ်မချမ်းသာဖြစ်မယ့် ကိစ္စတွေကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက် တရုတ်-အမေရိကန် ဆက်ဆံရေးဟာ တနှစ်လုံး အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့
အမေရိကန်သမ္မတနဲ့ တိဘတ်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) တွေ့ဆုံမှု၊ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှု၊ မြောက်ကိုရီးယား ပြဿနာ ကိုင်တွယ်မှုတွေမှာ
တရုတ်နဲ့ အမေရိကန်တို့ ထိပ်တိုက်တွေ့ကြပါတယ်။

ဒါပေမဲ့ တရုတ်သမ္မတခရီးစဉ်မှာ အမေရိကန်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တာမို့ တဖတ်နဲ့တဖတ် ပိုပြီးနားလည်မှု ရယူနိုင်ခဲ့ပုံရပါတယ်။ လူ့အခွင့်အရေးကိစ္စမှာတော့


လုပ်စရာတွေအများကြီးရှိနေတာကို တရုတ်က နားလည်တဲ့အတွက် ဆက်လက်ဆွေးနွေးလိုကြောင်း ပြောပါတယ်။ ဒီလိုကိစ္စတွေမှာ သဘောထားကွဲလွဲတာဟာ တရုတ်-အမေရိကန်
ပူးပေါင်းဆောင်ရွက်တာကို အဟန့်အတား မဖြစ်နိုင်ဘူးလို့ အမေရိကန်သမ္မတက ပြောဆိုနေပါတယ်။ တရုတ် နဲ့ အမေရိကန်ဟာ တဦးရည်ရွယ်ချက်ကို တဦးက
နားလည်သဘောပေါက်နေပြီဖြစ်လို့ အပြန်အလှန်ယုံကြည် ခိုင်မာလာအောင် ဆက်လက်ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

http://www.voanews.com/burmese/

မြန်မာပြည်ရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင်တဲ့ ပုဂံကAureum Palace Hotel.. ...

စစ်အာဏာရှင်တွေနဲ့ အကျိုးတူ အကျိုးဖက်..မြန်မာပြည်ရဲ့ နံပါတ်(၁) စီးပွားရေး လုပ်ငန်းရှင် လက်နက်ပွဲစားကြီး တေဇပိုင်တဲ့ ပုဂံက Aureum Palace Hotel ... ဓာတ်ပုံ

မြင်ကွင်းတွေပါ....။
မြေနေရာ အကျယ်အဝန်းနဲ့ အဆောက်အဦး တွေကို ခန့်မှန်းတွက်ချက် နိုင်ပါတယ်.... ။ တစ်ဦးတည်း ပိုင်ဆိုင်တာပါ..။ နန်းမြင့် မျှော်စင်ပေါ်က မြင်ရတဲ့ မြင်ကွင်းတွေပါ..။ ဓာတ်ပုံ
DMWY...
ဟိုတယ် အတွင်းပိုင်း decoration ကို ကြည့်ချင်ရင်တော့.. http://www.aureumpalacehotel.com/ တည်းချင် ပြုချင်ရင်လည်း အဲ့မှာ.. လိပ်စာ ဖုန်းနံပါတ်.. အီးမေးလ်တွေ ရှိပါတယ်...
ပိုင်ဆိုင်မှုတွေ အခွင့်အလမ်းတွေ တစ်ဦးတည်း လုပ်ပိုင်ခွင့်တွေ ကိုတော့ ဒီလို လက်အုပ်ချီပြီး ရခဲ့ပါတယ်...။ နောက်ဆုံးမှာ လက်အုပ်ချီနေတာပါ...။ လက်အုပ်ချီတာတောင်
ဒီလောက်ရတယ်ဆိုတော့.... သြော် မပြောလိုပါ.. ။

ဟိုတယ်အကြောင်း ပြန်ဖတ်ချင်ရင်..
မြန်မာပြည်ရဲ့စီးပွားရေးဘီလူး တေဇပိုင်တဲ့ ဟိုတယ်များအကြောင်းhttp://www.demowaiyan.co.cc/2010/08/blog-post_720.html

မြန်မာပြည်ကလာတဲ့စာ... (ဖြစ်ကြောင်းရယ် စုံလင် မဟာရန်ကုန် တခွင)်

ဒီမိုဝေယံ ဘလော့(ဂ်)ရဲ့ မြန်မာပြည်ကလာတဲ့စာ ပင်တိုင် ဆောင်ပါးရှင် KSL ရဲ့ယနေ့လက်ရှိ ရန်ကုန်မြို့အခြေအနေ သင်ပုန်းကြီး ဖတ်စာကို ရေးသား ဖော်ပြလိုက်ပါတယ်...။
ဖြစ်ကြောင်းရယ် စုံလင် မဟာရန်ကုန် တခွင.် ...

ဓာတ်ဆီ။
ကိုဒီမိုရေ ရန်ကုန်က ဓာတ်ဆီတွေကို နယ်ကနေတောင် ဆင်းလာပြီး ဓာတ်ဆီ ထုတ်နေကျပြီလေ..။ ရန်ကုန်က ဘုန်းကြီးကျောင်းတွေမှာတည်းပြီး ဆီဆိုင် ပတ်ထုတ်နေကြတယ်လေ..။
ခက်တာက အခု အရင်လို မဟုတ်တော့ဘူး။ အရမ်းကြပ်ကုန်ပြီ... ဆီတန်းစီတဲ့ကား တန်းက အရမ်းရှည်လာပြီ...။ တစ်ရက် ဂါလံ ၃၀ ရဖို့ မနည်း ထုတ်မှရမယ်။ ဆိုင်တွေက ဆီကုန်လို့
စောပိတ်တာများတယ်။ တစ်ချို့လဲ ၄ ဂါလံကနေ ၃ ဂါလံဖြစ်ကုန်တယ် ဆီဆိုင်တွေ ခွဲတမ်းလျှော့ လိုက်တယ်ပြောတယ်။ ကျွန်တော်တောင် လိုင်းပြောင်းရတော့မယ်.လွှတ်တော်ကို
ဇွတ်ခေါ်ဖို့ ပြည်သူတွေ အလုပ်များအောင် လုပ်ပေးထားတဲ့ သဘောပေါ့..။

ဟန်ဖုန်း။
ဒေါ်လာဈေးကလဲ ပြန်တက်ချင်လာတယ်.. ဒေါ်လာဈေးက မြန်မာငွေမာလို့ ဈေးကျတာမဟုတ်ဘူး..။ ဆိုတော့ကာ ဒီတစ်ခေါက်တက်ရင်တော့ အတက်ကြမ်းမယ်ထင်တယ်။ ပဲသမားလဲ
အလဲအကွဲဖြစ်နေပြီ..။ ပဲတွေရှုံးကျတယ်...။ ရွှေလဲကျတယ်... လောလောဆယ် မြန်မာပြည်မှာတော့ ဈေးအကုန်ကျနေတယ်။ ကားဈေးလဲ ပိုးစိုးပက်စက်ကျတယ်။ အရင် ၁၀၀၀
ကျော်တန် ကားတွေအခုဆို ၇၀၀ ၈၀၀ လောက်ပဲဖြစ်ကုန်ပြီ။ ဖုန်းကလဲခွင်ရိုက်ပြန်ပြီ... ကျတော်တို့ နည်းပညာပိုင်းအရ ပြောရမယ်ဆိုရင်... ။ ဖုန်းတွေကို တစ်ထစ်ချင်း တစ်ရစ်ချင်း
ပိုက်ဆံကို ခေါင်းစဉ်အမျိုးအမျိုးတပ်ပြီး ပြည်သူတွေလက်ထဲက ပိုက်ဆံကိုကဲ့ယူနေတယ်။ ဖုန်းတွေလဲမျိုးစုံနေပြီ...။ အခု နောက်ဆုံး mc will ဆိုတာက အင်တာနက်ပါ သုံးလို့ရတယ်။
၅သိန်း cdma 800 mhz အမျိုးအစား.. နောက်ပြီးတော့ နေပြည်တော် gsm လဲ ၅ သိန်း နောက်ပြီးတော့ cdma 800 အဲဒါလဲ ၅သိန်း သူက အရင်က ထုတ်ထားတဲ့သူတွေ
အင်တာနက်သုံးချင်ရင် SIM card လာပြန်လဲရမယ်။ လဲခ ၃သောင်း.. အဲဒါ တမင် လုပ်တာလေ... အရင် က ချထားပေးတာ တစ်သိန်း ကျော် ရှိတယ် အလုံးရေ ဆိုတော့
အင်တာနက်သုံးမယ်ဆိုရင်.. ၃၀၀၀၀ ဆိုတော့ စဉ်းစားကြည့်ပေတော့ အစ်ကိုရေ..။ အလုံး တစ်သိန်းလောက်သာ sim card လာလဲရင် သိန်း ၃သောင်းလာထားပဲ။ တကယ်ဆို server
ကနေ ဖွင့်ပေးလိုက်လို့ရမယ်လို့ ထင်တာပဲ။ အဲဒါကို တမင်ကဒ်လာလဲခိုင်းတယ်လို့ ယူဆတယ်...။ နောက်တစ်ခုက ကဒ်ဟောင်းကို အပ်ခိုင်းတယ်...။ တကယ်ဆို ကဒ်ဟောင်းက
သုံးလို့မရတော့ဘူးလေ..။ သူတို့ server ကနေ ဖျက်လိုက်ရင်ရပြီ။ အဲဒါကို သက်သက် အလုပ်ရှုပ်အောင်လုပ်တာ...။ ငွေတောင်းကောင်းအောင် လုပ်တာလေ..။ လူတွေကလဲ ဘာမှကို
ပြန်မပြောနိုင်ကျတော့ဘူး။ သူတို့ ခင်းပေးထားတဲ့လမ်းမှာ စက်ရုပ်ဆန်ဆန် လျှောက်လှမ်းနေရသလို ဖြစ်နေပြီ။

လမ်း။
ရန်ကုန်တစ်မြို့လုံးလဲ ကွန်ကရစ်လမ်းတွေ ဖြစ်တော့မယ်.. ။ ကတ္တရာလမ်းတွေကနေ ကွန်ကရစ်လမ်း ဖြစ်သွားတာဟာ တိုးတက်လာတာလား နောက်ပြန်ဆုတ် နေတာလား...။
ကွန်ကရစ်လမ်းတွေ များလာရင်တော့ တာယာသမားတွေ ပွပေါက်ပေါ့။ တာယာမြန်မြန်ကုန် များများရောင်းရပေါ့လေ..။ အော် အခု ဂက်စ်သမားတွေက ပြောနေကျတယ်။
ဓာတ်ဆီသမားတွေ ၀ဋ်လည်နေပြီတ.ဲ့ .. ။ မကြာဘူးထင်တယ် ဒီဇယ်လဲလာဦးမယ် ထင်တာပဲ..။ ပိုက်ဆံရှိရင် ဒီဇယ်ကားဝယ်ထားဖို့ ကောင်းတယ်။ ကြိုတင်စီမံကိန်းလေ..။ ဒါမှ ဒီတစ်ခါ
ဒီဇယ်လဲလိုသလောက်မရ ဈေးကလဲတက် တဲ့အချိန် ကိုယ်ကလည်း ဒီဇယ်ကားနဲ့ဆိုတော့ ကွက်တိ တန်းပြီးလုပ်စားယုံပေါ့။

မီး။
အခု နွေရောက်တော့မယ်.. လွှတ်တော်ကို ဇွတ်ခေါ်ချင်လို့ ပြည်သူတွေဆူမှာစိုးလု..။
ိ့ မီးတွေမှန်နေသလားလို့ တွေးမိတယ်...။ နွေရောက်လို့ ရေမရတော့တဲ့ အချိန်ကျရင် လွတ်တော်လဲ
ခေါ်ပြီးပြီလေ.. အဲဒီကျတော့ အမှောင်ထုလွှမ်းတဲ့ ရန်ကုန်ညတွေ ပြန်ဖြစ်ဦးမယ် ထင်တယ်...။ အဲဒီကျရင် ဒီဇယ်ကဈေးတက် ဆိုင်တွေကလဲ လိုသလောက် မပေးတော့တဲ့အချိန.် .
ဒီဇယ်တစ်စခန်းထမှာ မြင်ယောင်သေးတယ်ဗျာ..။

တကယ့် အခြေအနေအဆိုးဆုံး မီးပြတ်မဲ့အချိန်က လာမဲ့ ၄လပိုင်း ၅ လပိုင်းလောက်ဖြစ်မယ်ထင်တယ်။ မီးကို ရောင်းမစားပဲ ပေးရင်တော့ လောက်ပါတယ်ဗျာ။ ဒီနွေမှာတော့ ရေက
မနှစ်ကထက် ဆိုးမယ်ထင်တယ်.. ။ ဓာတ်ဆီက လိုသလောက် မပေးနိုင်လို့ ခွဲတမ်းဖြစ်သွားတာ..။ ဆိုလိုတာက လိုသလောက် ပြန်ပေးနိုင်ဖို့ ဆိုတာက မလွယ်တော့ဘူး။ မြန်မာပြည်မှာ
တန်းစီတဲ့ခေတ်က မကုန်သေးပါဘူး အစ်က.ို .။ ဘာပဲဖြစ်ဖြစ်တန်းစီ နေရဆဲပါ.။ တန်းစီတယ်ဆိုတာ အရှည်ကြီးတွေ စီတာပြောတာနော်..။ ဖုန်းဘီလ်ဆောင်လဲတန်း အရှည်ကြီးစီ..။
ဆီတန်းစီလဲအရှည်ကြီး...။ ပတ်စ်ပို့ရုံးမှာလဲ အရှည်ကြီး။ တန်းတွေကို စီနေတာပဲ။ မီးပွိုင့်ဆိုလဲ ကားတန်းအရှည်ကြီး။ လွှတ်တော်မှာလည်း တောင်ရှည်ပုဆိုးတွေ အရှည်ကြီးနဲ့
ခေါင်းပေါင်းစတွေ ညာချပြီး နှစ်ရှည် အာဏာယူ စီမံကိန်းလည်း ရှည်ဦးမယ်လေ...။

အင်တာနက်။
အင်တာနက် လိုင်းတွေက မနေ့က နေ့လည်လောက်ကစပြီး လေးသွားတယ်။ မနေ့ညကလုံးဝ ကျသွားတယ်..။ ဒီနေ့မနက် ပြန်တက်တယ်..။ လေးနေတယ် အခုမှ
နည်းနည်းကောင်းသွားတာ အခုဖုန်းတွေကို အင်တာနက်ချပေးတာလဲ။ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသလိုပဲ..။ အခုတော့ ကောင်းသေးတယ် နောက်တော့ သုံးတဲ့ဖုန်းများလာရင် bandwidth
ကကျသွားမှပဲလေ။ အဲဒီကျတော့ ဖုန်းကလဲ. ဟဲလို ဟဲလ.ို . ကြားလာကြားလား မကြားရဘူး ဂလုံဂလွမ်ဖြစ်နေတယ်။ အင်းအင်း ပြန်ဆက်မယ်နဲ့ပဲ ပြီးတော့မယ် ကိုဒီမိုရေ..။
ဟန်ဖုန်းဆိုတာ တစ်ခြားနိုင်ငံမှာ နှစ်ကိုယ်ကြားပြောတာ ..။ မြန်မာပြည်မှာ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား လူအမြင်ကပ်အောင် အော်ပြောနေရတာ..။
အဲ့ဒါပဲ ကိုဒီမိုရေ.. လတ်တလော ရန်ကုန်က အခြေအနေလေးတွေပါပဲ..။

KSL

နအဖရဲ့ ကဘောက်တိ ကဘောက်ချာ စီမံကိန်းတွေကြားမှာ ရန်ကုန်သားတွေ နေ့စဉ် စီးမျောနေရတဲ့ အဖြစ်တွေပေါ့..။ လက်ရှိ မဟာရန်ကုန်မြို့ရဲ့ ပုံတစ်ချို့ကို ရန်ကုန် အလွမ်းပြေ
ဖော်ပြလိုက်ပါတယ်..။

ရန်ကုန် ဆိပ်ကမ်း.

ရန်ကုန် ရွှေတိဂုံဘုရားအနီးဝန်းကျင်က ညဘက် မြင်ကွင်းတစ်ခု


မပြောင်းလဲသေးတဲ့ ရန်ကုန်၊ ဒလကူးတို့ဆိပ်နဲ့ နေဝင်ချိန် မြင်ကွင်း...
ဓာတ်ပုံ ဒီမိုဝေယံ
http://www.demowaiyan.co.cc/

Wednesday, 28 January 2009

၂၀၁၀ ရွေးကောက်ပွဲအပေါ် ကိုမိုးသီးဇွန်၏ သုံးသပ်ချက်

Object 1

Get this widget | Track details | eSnips Social DNA

၂၀၁၀ ရွေးကောက်ပွဲ (သို့ ) အ၀ီစိ ငရဲ ရဲ့ ပထမဆုံး - တခါးပေါက်

-မိုးသီးဇွန်-

လေးစားအပ်တဲ့ ရဟန်းသံဃာများ၊ မိဘပြည်သူများ၊ ကျောင်းသားကျောင်းသူများ နှင့် မိတ်ဆွေများခင်ဗျား- ကျနော် မိုးသီးဇွန် ပါ- ကျနော်အခုပြောမဲ့ အကြောင်းကတော့ ၂၀၁၀
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်ရဲ့ အမြင်တွေဖြစ်ပါတယ်။

မြန်မာပြည်က သေကောင်ပေါင်းလဲ ဖြစ်နေတဲ့လူနာနဲ့ တူတယ်။ ၂၀၁၀ရွေးကောက်ပွဲ က လူနာအတွက် ဆေးကို ဖေါ်နေတာနဲ့ တူနေပါတယ်။ ဒါပေမဲ့ အနာနဲ့ဆေး တခြားစီဖြစ်နေတယ်။
ရွေးကောက်ပွဲကို ကျနော်တို့ လက်မခံနိင်ပါဘူး။

ဒီရွေးကောက်ပွဲဟာ မြန်မာ ပြည် အတွက် ထွက်ရပ်လမ်း မဟုတ်လို့ ဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တွေကို ဦးမတည်လို့ ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာလဲ။ ၂၀၁၀
ရွေးကောက်ပွဲဟာ မဟာအ၀ီစိ ငရဲ ကိုသွားတဲ့လမ်းမှာ ပထမ တခါးပေါက် သာဖြစ်တယ်။

ဘာကြောင့် လဲ - ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်က ၂၀၀၉ ခုနှစ် အခြေခံဥပဒေ အတိုင်း လုပ်မယ်။ နိင်ငံသား အခွင့်အရေး တွေ ဒီမိုကရေစီနဲ့လူအခွင့်အရေးတွေကို ဒီအခြေခံဥပဒေက
ဘယ်လောက် အာမခံ မှာလဲ ဆိုတာကို သံသယရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့-

• စစ်အာဏာရှင်စံနစ် ကိုပဲ အခြေခံဥပဒေနဲ့ တရားဝင်အောင်လုပ်ထားပြန်လို့ ဖြစ်ပါတယ်။


• တရားမျှတတဲ့ရွေးကောက်ပွဲ တခုအတွက်လိုအပ်တဲ့ နိင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။
• လွတ်လပ်စွာလှုပ်ရှား၊စည်းရုံးဟောပြောခွင့်တွေကိုပေးမထားဘူး။

မြန်မာပြည်ဟာ လက်ရှိကြုံနေရတဲ့ အခက်ခဲအကြပ်အတည်းတွေက မလွတ်မြောက်နိင်ပဲ လူမှုဒုက္ခအပေါင်းတွေ ကို ဆက်လက်ရင်ဆိုင်ရမှာ ပဲဖြစ်ပါတယ်။ ရောဂါ နဲ့ ဆေးက
တခြားစီဖြစ်နေတယ်။ ဗမာ ပြည်မှာ ဘာရောဂါ တွေ ဖြစ်နေလဲ ဆိုတာ ကြည့်ကြပါစို့။

အခုဗမာပြည်မှာ မဟာအကြပ်ရိုက်မှု (Total Crisis) ဖြစ်နေတယ်။

၁-လူမှုဒုက္ခကြီးကိုရင်ဆိုင်နေရတယ်။ ( Humanitarian Crisis)

ကူးစက်ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်၊ အသားဝါအသည်းရောင်၊ တီဘီ ၊ (လူတွေပြောနေတဲ့ လေးလုံး ရောဂါ၊ ဘီပိုးစီပိုး၊ တီဘီ၊ ငှက်ဖျား ရောဂါ၊ အဟာရမပြည်ဝမှု၊ ကလေးသေနှုန်း
များလွန်းနေတယ်။ လူတွေ သက်တမ်းတိုနေတယ်။ )

ဒါဟာ လူတွေအကျင့်စာရိတ္တ ပြသာနာမဟုတ်ပါဘူး။ ဒါဟာ ဆင်းရဲမွဲတေမှုပြသာနာလည်းမဟုတ်ပါဘူး။ စစ် အစိုးရက အသိဥာဏ် နည်းပါးမှု ပြသာနာသာဖြစ်တယ်။ ဥာဏ်နည်းတာရယ်၊
လောဘဇော တိုက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြသာနာဟာ မြန်မာ့လူ့အဖွဲ့စည်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ဆီးသွား ရတဲ့အခြေအနေကို
ဆိုက်ရောက်သွားပါတော့တယ်။

တရုပ်ပြည်မှာလည်း အေအိုင်ဒီအက်စ်ရောဂါ သည်တွေရှိတယ်။ သူတို့ အတွက် Global Fund က ၁ ဘီလီယံဒေါ်လာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြန်မာပြည်မှာ စစ်အစိုးရက
နိင်ငံတကာ အလျူရှင်တွေကို ကန့်သတ်ချုပ်ချယ်လိုက်တဲ့အတွက် အလျှူရှင်တွေ ပြန်ထွက်သွားကြတယ်။ လူမှုဒုက္ခ (Humanitarian Crisis) ကို ရင်ဆိုင်နေရတယ်။

၂-တရားဝင် အသိမှတ်ပြု မှု အကြပ်တည်း ( Legitimate crisis)


နအဖ စစ်အစိုးရ က ဒီနေပြသာနာတွေကို ကြည့်တဲ့နေရာ မှာ တရားဝင်မှု အကြပ်တည်း (Legitimate Crisis )လို့ ယူဆတယ်။ နိင်ငံတကာက ၀ိုင်းပယ်ထားတာ၊ စီးပွားရေးပိတ်ဆို့
ထားတာဟာ နိင်ငံကြီးတွေက ပြည်တွင်းရေးကိုစွက်ဖက်နေတာ၊ တရားဝင်အစိုးရဖြစ်လာရင် ဒီအကြပ်အတည်းကို ကျော်နိင်မယ်။ ဒီလိုတရားဝင်မှုရဖို့ အတွက်ကတော့ ရွေးကောက်ပွဲ
ဖြစ်မယ်လို့ အလွယ်ယူဆနေတယ်။ ၁၉၉၄ ၀န်းကျင်က တိုင်းရင်းသားအဖွဲ့တချို့ နဲ့ အပြစ်ခတ်ရပ်စဲရေး လုပ်တာ။ အာဆီယံထဲကိုဝင်ခွင့်ရဖို့ ကြိုးပန်းတာတွေဟာ တရားဝင်မှုရရင်
အရာခပ်သိမ်းပြေလည်မယ်လို့ ယူဆခဲ့လို့ဖြစ်ပါတယ်။ ဒ်ါပေမဲ့ ၁၉၉၇ ခုနစ်မှာ အမေရိကန် က စီပွားရေပိတ်ဆို့ မှုကိုသာကြုံရတယ်။ တရားဝင်အစိုးရလို့ အသိအမှတ်မပြုဘူး။ ဒီတော့
၂၀၀၀ ခုနစ်မှာတော့ နယူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အိမ်မက်မက်လာကြတယ်။ ဒီလက်နက်ရရင် နိင်ငံတကာဆက်ဆံရေးမှာ Negotiation လုပ်နိင်မယ်။ Balance of Power
လုပ်လာနိင်မယ်လို့ ထင်တာကိုး။ လက်တွေ့မှာ အီရန်၊ မြောက်ကိုးရီးယားတို့ဟာ နယူးကလီးလက်နက်အတွက် ကြောင့် ဖိအားပေးမှုတွေခံရတာပဲ အဖတ်တင် နေတော့တယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ နယူးကလီးယား စီမံကိန်းက ဘာနဲ့တူနေလည်းဆိုတော့ ကျနော်တို့ ငယ်ငယ်က ဖတ်ရတဲ့ စာရေးဆရာကြီး ကစ်ပလင်းရေးတဲ့ ဂျန်းဂဲလ်ဘုတ်ခ်( Jungle Book) ၀ထ္ထု
ထဲက မျောက်ဘုရင်ကြီး ကင်းလူဝီ လိုဖြစ်နေတယ်။ မျောက်ကြီးက မီးကိုရရင် တောတခုလုံးကိုထိမ်းချုပ်နိင်မယ်ထင်တာကိုး။ လက်တွေ့မှာ မျောက်က မီးကိုရရင်တောင် လူလို့
အသိမှတ်ပြုဖို့ ကြတော့ မလွယ်ဘူးမဟုတ်လား။

၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ နအဖ ကို အသိမှတ်ပြု လာမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ စစ်အစိုးရအလို ကျ ပါတီ အနိင်ရလည်း - တရားဝင် အစိုးရ ဖြစ်ပြီ၊
ပြသာနာအားလုံး ပြီး၊ ရောဂါအားလုံးပျောက် ဆိုတာ ဖြစ်လာမှမဟုတ်ပါဘူး။ တရားဝင်မှု အကြပ်တည်းကိုဆက်လက်ရင်ဆိုင်ရမယ်။

• စီးပွားရေပိတ်ဆို့မှု ဆက်ဖြစ်မယ်။
• ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဥရောပရဲ့  ပိတ်ပင်မှုတွေကိုဆက်လက်ရင်ဆိုင်ရမယ်။
• နိင်ငံတကာ ငွေလွဲ မှုတွေမှာ ပိတ်ဆို့တားဆီးမှုတွေ ရင်ဆိုင်ရဦးမှာပဲဖြစ်တယ်။

၃- အမှန်တရားနဲ့ တရားဥပဒေ ပျောက်ဆုံးနေမှု (Crisis of Truth and Justice)

ဗိုလ်ချုပ်သန်းရွှေ နဲ့ ဗိုလ်ချုပ်တစုကောင်းမှုကြောင့် မြန်မာ့သမိုင်း မှာ ဘယ်ကာလ ကနဲ့ မတူတဲ့ တရားဥပဒေကင်းမဲ့မှု၊ မင်းမဲ့ နိင်ငံတော်ကြီးဘ၀ကို ကျနော်တို့ ကျရောက်နေကြပြီ။ မြန်မာ
ပြည်ဟာ အရာခပ်သိမ်းပြောင်းပြန်ဖြစ်နေတယ်။ အမှန်တရားနဲ့ အမှန်တရားနဲ့ နီးစပ်မှု အားလုံးဟာ ရာဇ၀တ်မှု တခုလို သတ်မှတ်ခံနေရတယ်။

အမှန်တရားဆိုတာ လင်္ကာတပုဒ်လို နားဝင်ချိုခဲပါတယ်။ ပျားရည်စက်တွေလည်းလည်း အမြဲတမ်း ချို မနေဘူး။ ဒါပေမဲ့ အမှန်တရားဟာ လူတယောက်အတွက်ရော
လူအဖွဲ့အစည်းအတွက်ပါ တိုးတက်အောင်မြင်ကြီးပွားဖို့အတွက် ၂၄ နာရီလိုအပ်နေတဲ့ ဓါတုဇီဝ တခုလိုဖြစ်နေပါတယ်။ မြန်မာပြည်မှာက အစာ စားစရာမရှိဘူး။ မီးမရှိဘူး။
အင်တာနက်အားလုံးမှာမရှိသေးဘူး။ တယ်လီဖုန်းနေရာအနှံမှမရှိဘူး။ ပညာရေးမရှိဘူး။ အလုပ်မရှိဘူး။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေအိမ်မှာမရှိဘူး။ အဆိုးဆုံးကတော့
အမှန်တရားပါမရှိတော့တာပဲ။ အမှန်တရားထွန်းကားဖို့၊၊ အမှန်းတရားကိုပြောဖို့၊ အမှန်တရားကိုလုပ်ဖို့ ဆိုတာတွေဟာ အစိုးရအဖွဲ့ ထဲမှာရော၊ စီးပွားရေး၊ ပညာရေးနဲ့ ဘာသာရေးမှာပါ
အမှန်တရားဟာ မောင်းထုတ်ခံနေရတယ်။

အမှန်ကို ပြောမိလို့ဖမ်းခံထိ၊ အလုပ်ပြုတ်၊ စီးပွားပျက်၊ ဘ၀ပျက်မှုတွေက နေရာအနှံ့ မှာ ဖြစ်နေတယ်။ အမှန်တရားကို ပြောစရာ မရှိတဲ့နောက် ခင်ဗျား ဟာ ဘာပြော စရာကျန်
တော့လည်း။ လောကကြီးမှာ ဘာတခုမှာ ကောင်းတာမရှိတော့ဘူးပေါ့။

အမှန်တရား မရှိတော့ တရားဥပဒေဆိုတာလည်း မရှိတော့ဘူး။ ရှေ့ နေဆိုတာ တရားဥပဒေ သို့သွားရာ လမ်းမှ လမ်းပြ မိတ်ဆွေပါ။ ရှေ
့နေကြီးနစ်ဦးကိုထောင်ထဲဖမ်းထည့်လိုက်တဲ့အခါမှာတော့ မြန်မာ ပြည်မှ အမှန်တရား ဆိုတာ မရှိတော့ပါဘူး ဆိုတာကို အိပ်သွန်ဖါမှောက်ပြလိုက်ရသလိုဖြစ်သွားရပါပြီ။

အမှန်တရားမရှိတဲ့နိင်ငံမှာ ကောင်းမြတ်မှုဆိုတာတွေ ဟာ ဘယ်တော့မှမရှိဘူး ဆိုတာပြောပါရစေ။ တိုးတက်မှု၊ ကြီးပွား အောင်မြင်မှု၊ပျှော်ရွှင်မှု၊ သုခ၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ မျှော်လင်ချက်နဲ့
ပြည့်စုံမှုဆိုတာတွေဟာ မရှိတော့ဘူး။ အမှန်တရားမရှိတဲ့ အတွက် ခုကျနော်တို့ ရှင်သန်ရာ ခေတ်ဟာ အမှောင်ခေတ် ပဲ လို့ပြောရမှာပဲဖြစ်တယ်။

၎-စီးပွားရေးအကြပ်အတည်း (Economic Crisis)

၁၉၈၈ ခုနစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသွားတဲ့အခါမှာ စစ်အစိုးရက မဆလ ခေတ် ကလို တခါးပိတ် စီးပွားရေးကနေ တခါးဖွင့် စီးပွားရေးစံနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ပြီ။
သူတို့စကားနဲ့ပြောရရင် - ဈေးကွက်စီးပွားရေးစံနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေးပါ။ လက်တွေ့ ဖြစ်နေတာက လွတ်လပ်တဲ့ဈေးကွက် စံနစ်ဖြစ်မလာပဲ လက်ဝါးကြီးအုပ် ဈေးကွက်
စီးပွားရေးနစ် ဖြစ်နေတယ်။ ဒီစီးပွားရေးစံနစ်က ဗိုလ်ချုပ်သန်းရွေ မိသားစုနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေး မျှသာဖြစ်နေတယ်။ အများတကာ အများစု လူထုကြီးမှာ တော့
စီးပွားရေး အခွင့်အလမ်းတွေကို တန်တူညီမျှ ဆောင်ရွက်ခွင့်မရှိဘူးဖြစ်နေတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် မကြုံဖူးမကြားဖူးလောက်အောင်
ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက် နေတယ်။ အမေရိကန်မှာ လွင့်ပြစ်ထားတဲ့ကားတစီးက မြန်မာ ပြည်မှာ ဒေါ်လာ ၁သောင်းလောက် ဖြစ်နေ တယ်။ ဒေါ်လာသုံးသောင်း လောက်ရှိတဲ့ ကား
တစီးက ဒေါ်လာ ၁ သိန်းကျော်ဖြစ်နေတယ်။ ထိုင်းနိင်ငံမှာ ဒေါ်လာ ၂၀ လောက်တယ်လီဖုန်းက မြန်မာ ပြည်မှာ ဒေါ်လာ ၂၀၀ လောက်ပေးနေရတာတွေဖြစ်လာတယ် နိင်ငံတကာမှာ
ဓါတ်ဆီဈေးက တပီပါကို ဒေါ်လာ ၃၇ ဒေါ်လာလောက်ဖြစ်နေပေမဲ့ မြန်မာပြည်မှာ ဓါတ်ဆီဈေးက အဆမတန်ကြီးနေတုန်းဖြစ်လာတယ်။ ဒီလိုဖြစ်နေရတာကတော့ ဈေးကွက်ကို
လက်ဝါးကြီး အုပ်ထားမှုအပေါ်မှာ သန်းရွေမိသားစု နှင့် အသိုင်းအသိုင်းကို အကျိုးအမြတ်တွေဖြစ်နေလို့ပါပဲ။

ဒါဟာ မတော်တဆမှုမဟုတ်ပါဘူး။ ဒါဟာ စီးပွားရေးပေါ်လစီတွေကိုနားမလည်လို့မဟုတ်ပါဘူး။ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်ဗိုလ်ချုပ် တွေရဲ့  တပ်မတော်သားတွေနဲ့ ပြည်သူတွေအပေါ်မှာ
ကြင်နာတရားကင်းပြီး ရက်စက်လွန်းလှတဲ့ ဂုတ်သွေးစုတ် ခေါင်ပုံဖြတ် နေတဲ့ လုပ်ရပ်တွေကြောင့်သာ ဖြစ်ပါတယ်။

နောက်တခုက စီးပွားရေးလုပ်ငန်းတွေရှင်သန်ဖို့အတွက် အဓိက လိုအပ်နေတဲ့ -

• လွတ်လပ်တဲ့ဈေးကွက်စီးပွားရေစံနစ် နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိဘူး


• စွမ်းအင်မရှိဘူး။
• ဘဏ်စံနစ်တွေပျက်စီးနေတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေပင်ငွေရင်း စိုက်ထုတ်မချေးပေးဘူး။
• လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်နဲ့၊ တယ်လီဖုံးလုပ်ငန်းတွေ အကုန်လုံးက သေလုမျောပါးဖြစ်နေတယ်။

ဒီတော့ မြန်မာ့စီးပွားရေး ဘိုးတော်ဘုရားလက်ထက်ကထည်းက လိုပဲ ကုန်ကြမ်း ကိုထုတ်ရောင်းစားနေတဲ့ နိင်ငံတခုအဖြစ် က တက်ကို မတက်နိင်ဘူး။

ဒီအခြေအနေမှာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အကျင့်ပြက်လပ်စားမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ကျနော်တို့ ဗမာပြည်ဟာ ဘာလုပ်ငန်းမှ လုပ်ကိုင်စားသောက်လို့မရတဲ့ မဟာ
စီးပွားပျက်ကပ်ကြီး ဖြစ်ပေါ်နေရခြင်း ဖြစ် ပါတယ်။

၅-တည်ငြိမ်မှု အကြပ်အတည်း ( Crisis of Stability )

စစ်အုပ်စု အုပ်ချုပ်နေတဲ့နှစ်ပေါင်း ၅၀ နီးပါးမှာ မြန်မာပြည်ဟာ တည်ငြိမ်စွာ ဖြစ်ပေါ်မတိုးတက်ခဲ့ရဘူး။ နအဖရဲ့ မတရားဖိနိပ်မှု ၊ နိင်ငံရေးတင်းမာမှုတွေ၊ စီးပွားပျက်ကပ်၊ ပြည်တွင်းစစ်နဲ့ 
ရောဂါကပ်ဆိုးတွေကြောင့် လူတွေ ဘ၀တွေက တည်ငြိမ်မှုတခုမှ မရှိဘူး။ ခုဆိုရင် မြန်မာ မျိုးနွယ်စုတည်ရှိမှုကို ခြိမ်းခြောက်နေတာ က အမှန်ဖြစ်လာနေတယ်။ မိသားစုဘ၀တိုင်းက
တည်ငြိမ်မှု ကိုမရှိတော့ဘူး။ ဆောက်တည်ရာမရဖြစ်နေကြတယ်။ မိမိနေထိုင်နေရာဝန်းကျင်ဟာ ဘယ်နေ့ရွေ့ ရမယ်လဲ။ ဘယ်နေ့ဖျက်ရမယ်လဲ။ ဘယ်နေ့မှာ အသိမ်းခံရမယ်လဲ
ဖြစ်နေတယ်။ ကိုယ်ဘ၀က ဘာဖြစ်မလဲ - ဘာလုပ်ကိုင်စာရမလဲ ဘယ်ကိုသွားရမလဲ စကော်ထဲ ဇီးဖြူသီး ထည့်လိမ့်သလို လူတွေရဲ့ နေစဉ်ဘ၀ က ဘာမှကိုမတည်ငြိမ်တော့ဘူး။
လူတွေတင်မဟုတ်ဘူး တပ်မတော် သားတွေပါ တည်ငြိမ်တဲ့ဘ၀ကိုရဖို့ ဆိုတာမသေချာတာဘူး။ ဘယ်တော့အဖြုတ်ခံရမလဲ။ ဘယ်တော့ အရပ်ဖက်ကိုအရွေ့ ခံရမလဲဖြစ်နေကြပြီ။
စစ်အစိုးရအဆက်အဆက်အောက်မှာ နိင်ငံတော်ဟာ မတည်ငြိမ်ဘူး။ ပြည်သူလူထုဟာ မတည်ငြိမ်ဘူး။

၆-မျော်လင့်ချက်များ နဲ့  ယုံကြည်ချက်များ ပျောက်ဆုံးနေမှု (Crisis of Hope, vision and Trust)

နောက်ထပ်ဖြစ်နေတဲ့ ပြသာနာတခုကတော့ လူတွေဟာ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်များ ပျောက်ဆုံး သွားရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တာပဲ။ လူတယောက်ရဲ့ 
ဘ၀ခရီးစဉ်တလျောက်လုံးကို မျှော်လင့်ချက်နဲ့  မောင်းနှင်းနေတာဖြစ်ပါတယ်။ မျှော်လင့်ချက်မရှိတဲ့နောက်မှာတော့ ဘာယုံကြည်ချက်မှလည်း မရှိတော့ဘူး။ လူတယောက်
ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မှု တခါးဝ နားရောက်လာပြီဆိုရင်တော့ ရှေ့ ဆက်တိုးလို့မရပဲ အရာတခုက ပိတ်ပင်ထားဆီးနေတာကိုခံရတော့တာပဲ။ ဒီအရာက တော့
စစ်အာဏာရှင် စံနစ်ဖြစ်ပါတယ်။ ဒီစံနစ်က လူတဦးရဲ့  ဘ၀ မျှောင်လင့်ချက်တွေကို ပိတ်ပင်ထားတဲ့ အရာ ဖြစ်နေပါတော့တယ်။

ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြတ်စွာ ဘုရားက ဇတိသညာ - လူတွေဟာ ကိုယ်မွေးဖွားရာ ဇတိကို အလွန်သံယောဇဉ်ကြီး တယ်လို့ ဆိုတယ်။ အခုမြန်မာ ပြည်သားတွေဟာ
မွေးဖွားခဲ့ရာနေရာတွေက စွန်ခွာ ထွက်ပြေးနေကြရသလို ဖြစ်နေပါတယ်။ ဗမာပြည်ဟာ သူတို့အတွက်မျှော်လင့်ချက်များရှင်သန်ရာ နေရာမဟုတ်တော့လို့ ပါပဲ။

ဆေး ကဘာဘဲ

စစ်အာဏာရှင်စံနစ် နဲ့ စစ်ဗြူရိုကရေစီ ယန္တရားတွေကို ဖြိုချပြစ် ရပါမယ်။ ပြည်တွင်းစစ်မီးကိုအဆုံးသတ်ရမယ်။ ဒီမိုကရေစီစံနစ် ထွန်းကားလာအောင် အားပေးရမယ်။ ကာကွယ်ရမယ်။
ထိမ်းသိမ်းရမယ်။ လူတိုင်းတန်းတူစွာ အခွင့်အရေးရပိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေးစံနစ်ကိုကျင့်သုံး ရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုဆန်ကျင်ပြီး လူထုတိုက်ပွဲတွေကို
ဖေါ်ထုတ်ပြီးလူထုအစိုးရဖွဲ့စည်းနိင်အောင်ကြိုးစား ရမယ်။

တပ်မတော်သားများ တွေကို ကျနော်ပန်ကြားလိုပါတယ်။

ခင်ဗျားတို့ တခုပဲလုပ်စရာလိုပါတယ်။ အမေရိကန်၊တရုပ်၊ရုရှား၊အိန္ဒိယနဲ့ ထိုင်းနိင်ငံက စစ်သားတွေလို Professional Soldiers စစ်သား ပီပီသသ နေကြပါ။
လူတဦးတယောက်အပေါ်သစ္စာရှိတာဟာ ပြည်သူလူထု တရပ်လုံးကို သစ္စာကို ဖေါက်နေတာလို့ အဓိပ္ပါယ်ထွက်နေပါပြီ။ ပြည်သူလူထုကိုကာကွယ်ပါ။ ကျောင်းသား တွေနဲ့ လက်တွဲပါ။
အနာဂတ်သစ်ကို ဖန်တီးဖို့ အချိန်ကြပြီ။ သင့်ကို ပြည်သူလူထုကအလိုရှိနေပြီလို့ ပြောပါရစေ။

အပြစ်ခပ်ရပ်စဲရေးအဖွဲ့ များ

အထူးသဖြင့် ကချင်အမျိုးသားအစည်းအရုံ၊ ၀ပြည်သွေးစည်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ။ ကလလတ၊ရလလဖ၊ ဒီကေဘီအေ ရဲဘော်များ ပြန်လာကြပါ။ နအဖ စစ်အစိုးရက
ခင်ဗျားတို့ ပြည်သူတွေရဲ့ ဘ၀ကို တိုးတက်အောင်လုံခြုံအောင် ငြိမ်းချမ်းအောင်မလုပ်ပေးနိင်ဘူး ဆိုတာ ခင်ဗျားတို့ မြင်နေပြီဖြစ်ပါတယ်။

မနပုလောမှာ ခင်ဗျားတို့ကိုကျနော်တို့ ကတိပေးခဲ့တယ်။ တိုင်းရင်းသားအခွင့်အရေးတွေအတွက် တူမီးတဖက် ကလောက်တဖက် ကိုင်ပြီး ကျနော် တို့ ၈၈ မျိုးဆက်တွေ
အတူတိုက်ပွဲဝင်မယ်ဆိုတဲ့ ဒီကတိကို ကျနော်တို့ တသက်လုံးစောင့်ထိမ်းသွားမယ်။

ခင်ဗျားတို့လည်း တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒကို လေးစားပါ။ ပြောင်းလဲလုပ်ဖို့ အချိန်ကောင်းကိုရောက်နေပြီ။ မနောက်ကျ ကြပါစေနဲ့။

မျိုးစပါးတွေစုဆောင်းပါ။ သေနပ်ပြောင်းတွေတိုက်ထားပါ။ လှံစွပ်တွေသွေးထားပါ။ ကတုတ်ကျင်းတွေနက်နက်တူးထားပါ။ အရင်လို လက်တွဲ ပြီးအတူတိုက်ပွဲဝင်ကြပါစို့ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒီချုပ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ ဝင်တွေ ကို ကျနော်တိုက်တွန်းခြင်းတာကတော့-

မုန်းတိုင်းလာတော့မယ်။ မုန်းတိုင်းက ဘယ်ဟာ ဘုရားထီးတော်လဲ ၊ ဘယ်ဟာ အမိုက်ပုံးလဲဆိုတာ မသိပါဘူး။ အကုန်လုံးကို ဆွဲချတတ်ပါတယ်။ ရန်သူရော မိတ်ဆွေကိုရော
တိုက်ခိုက်ပါတယ်။ အဖွဲ့ချူပ်ကို ခိုင်ခံ့ အောင်ကျောက်အုပ်တွေနဲ့ အစားထိုးသင့်ပြီ လို့ပြောခြင်တယ်။ စွန့်လွတ်အနစ်နာခံတိုက်နေတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစံနမူနာယူပါ။
စေ့စပ်ရေး ဟာ မဖြစ်နိင် တော့ဘူး။ လူထုတိုက်ပွဲတွေဖေါ်ထုတ်ပါ။ အစိုးရဖွဲ့ နိုင်ဖို့ပြင်ပါလို့ တိုက်တွန်းလိုပါတယ်။

ကျောင်းသားကျောင်းသူများ နဲ့ အနာဂတ်လူငယ်များ

တကယ်က လူအဖွဲ့ စည်းမှာ လူကြီးနဲ့ ကလေးပဲရှိတယ်။ အသက်၁၈ နစ်ကျော်သူတိုင်းဟာ ဆေးပညာအရ၊ တရားဥပဒေအရ လူကြီးဖြစ်လာကြပြီ။ လူငယ်ပေမဲ့လူကြီးလို့ခံယူဖို့ လိုနေပြီ။
ဒီနေ့ မြန်မာ့သမိုင်းဟာ ခင်ဗျားတို့ကိုမျှောင်လင့်နေကြတယ်။ အားကိုးနေကြပါတယ်။ ခင်ဗျားတို့ ဟာ နိင်ငံတကာ ရဗ် - ဟစ်ပေါ့ ဂီတတွေကို သိနေရင် ဒီမိုကရေစီနဲ့ လူအအခွင့်ရေး
လှုပ်ရှားမှု ဟာလည်း သိဖို့ မခက်လှပါဘူး။ စစ်အစိုးရက မသိနိင်အောင်လုပ်ထားပေမဲ့ ခင်ဗျားတို့က သိနိင်အောင်ကြိုးစားရင် သူတို့တားဆီးလို့ မရဘူး။ မြန်မာ ပြည်မှာ ဖြစ်နေတာတွေကို
ခင်ဗျားတို့ သိပါတယ်။ အမှားနဲ့ အမှန်တိုက်ပွဲမှာ ပွဲကြည့်ပရိသတ်မရှိဘူး။ တာဝန်သိမှု Responsibility ကို သိပါလို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောခြင်တာကတော့-

၂၀၁၀ ရွေးကောက်ပွဲဟာ ငရဲ ကိုသွားတဲ့ ပထမတခါးပေါက်သာဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ လက်ခံလို့ မရပါဘူး။ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး တွေကို
အလေးနက်မထားဘူး။ တခါးဖွင့် စီးပွားရေး စံနစ်ကို အာမခံချက်တွေ မရှိဘူး။ ၁၉၇၄ ခုနစ်အခြေခံဥပဒေအတိုင်းပဲ အာဏာရှင်စနစ်သက်ဆိုးရှည်အောင် စစ်ကျွန်ပြုမှုကို အတည်ပြု
ပေးထားတာ မျှသာဖြစ်တယ်။

မြန်မာ ပြည်ဟာ ပြောင်းလဲမှု ဖြစ်ကိုဖြစ်တော့မယ်။ အောင်ပွဲ ခံကိုခံမယ်။ ဒီမိုကရေစီရကိုရမယ်။ အထွေထွေ လူမှုဒုက္ခတွေဟာ နိဂုံးချုပ်ကိုချုပ်ရမယ်။ စစ်အစိုးရ ဗိုလ်ချုပ်တွေကိုယ်တိုင်
သူတို့ဟာ သမိုင်းလားရာကို ဆန့်ကျင်ဖက်သွားနေသူတွေ အမှန်တရားနဲ့ တခြားဖက်ကိုရောက်နေသူတွေ အရှုံးကိုရင်ဆိုင်နေရပြီဆိုတာ သိနေပြီ။

တော်လှန်ရေးဘယ်တော့အောင်ပွဲခံမလဲ လို့ မေးရင် အောင်ပွဲခံနေရသူတွေ ဟာ ငါတို့ ပဲဆိုတာကိုသိတဲ့နေ့ ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နေ့ပဲ လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကျနော်မိုးသီးဇွန်ပါ။

ဇန်န၀ါရီ ၂၈-၂၀၀၉

WFWW- လွတ်မြောက်ရေး အသံ မှ စီစဉ်ထုတ်လုပ်သည်။

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စတင်သုံးစွဲ

January 22, 2011 freedom news group Leave a comment Go to comments

11
1

i
မဲပေးပါ
Aung San Suu Kyi Walks in Cyberspace

မြန်မာ့ ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စတင်သုံးစွဲပြီ ဟု


အမေရိကန် နိုင်ငံ National Public Radio မှ ယနေ့ ကြေငြာ သွားသည်။ ၂၀၀၃ ခုနှစ်
မေလ တွင် နေအိမ် အကျယ်ချုပ် ထပ်မံချမှတ် ခံရပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ 
တွင် ပြန်လည် လွတ်မြောက် လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရ ၏ ဆက်
သွယ်ရေး ၀န်ကြီးဌာန မှ နေအိမ် တွင် အင်တာနက် အသုံးပြုရန် အတွက် ဇန်န၀ါရီလ ၂၀
ရက်နေ့ တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အာရှတိုက် ၏ ပထမ ဦးဆုံး သော အမျိုး သမီး နိုဘဲလ်ဆုရှင် ဖြစ်သည့် ဒေါ်အောင်ဆန်းစု


ကြည်သည် နေအိမ် အကျယ်ချုပ် ဘ၀ ၏ နောက်ဆုံးနေ့ များ တွင် လှုမှု ကွန်ယက် အင်တာ
နက် စာမျက် နှာ တစ်ခု ဖြစ်သည့် တွစ်တာ ကို သုံးစွဲချင် သည် ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးစွဲခြင်း သည် အလွန်ကောင်းကြောင်း ဒီမိုကရေစီ


မဟုတ်သော နိုင်ငံမှ ပြည်သူများသည် အင်တာနက် ပေါ်တွင် ရင်ဖွင့်ကျ၍ အင်တာနက် ကို သုံးစွဲ သင့်ကြောင်း ဂျော့တောင်းတက္ကသိုလ် မှ နိုင်ငံတကာလေ့လာရေးဌာန က Freedom
News
Group သို့ ပြောသည်။

ဒီမိုကရေစီ လှုပ်ရှား သူများ အင်တာနက် သုံးစွဲ ခြင်းသည် တိုင်းပြည် ၏ ကံကြမ္မာ ကို အပြောင်း
အလဲ ပြုလုပ်နိုင် သည့် အင်အား စု များ နှင့် တွေ့ ဆုံ နိုင်သည် ဟု Foreign Affairs မဂ္ဂဇင်းတွင်
နယူးယောက် တက္ကသိုလ် မီဒီယာ သစ် ဌာန မှ ပါမောက္ခ ကလေး ရှာကီ က သူ၏ ဆောင်းပါး
ဖြစ်သည့် The Political Power and Social Media တွင် ရေးသားထားသည်။(ထိုဆောင်းပါး
တွင်မြန်မာ နိုင်ငံအကြောင်း လည်း ဖော်ပြထားသည်)

မြန်မာ နိုင်ငံတွင် အင်တာနက် သုံးစွဲမှု ကို စစ်အစိုးရ က ချုပ်ကိုင် ထားပြီး နိုင်ငံရေး သတင်းနှင့်
သုံးသပ်ချက် အင်တာနက် စာမျာ နှာ များ အား ပြည်သူများကြည့်ရှု ခွင့် ကို ပိတ်ပင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးစွဲခြင်း နှင့် ပတ်သက်ပြီး အင်တာနက် သုံးစွဲသူ


မြန်မာ လူငယ်များ ဖိုရမ် မှာ ကိုအောင်မြတ်က ” ဒေါ်အောင်ဆန်း စုကြည် အင်တာ နက်သုံး
ပြီ ဆိုတော့ သူ့ ကို ဘာက မှ တားဆီး ပိတ်လို့ မရတော့ ဘူး” ဟု ပြောသည်။

နာမည်ကျော် သတင်းးစာ၊ မဂ္ဂဇင်း ကြီးများတွင် ပါသည့် နိုင်ငံတကာ တက္ကသိုလ်များမှ


အယူအဆ သစ်ဆွေးနွေးငြင်းခုံမှု အသစ် များ ကို ဤနေရာတွင် ဖတ်ပါ

http://freedomnewsgroup.com/

နအဖ တပ်သားများ နှင့် အရာရှိများ နေ့စဉ်တပ်ပြေးနေ

Friday, 21 January 2011 16:19 သျှမ်းသံတော်ဆင့်

နအဖ စစ်တပ်တွင် တပ်သားရဲဘော်များ အပါအဝင် အရာရှိများပါ နေ့စဉ်နေ့တိုင်းတပ်မှ ထွက်ပြေး နေကြောင်း တပ်မိသားစု အရာရှိအသိုင်းဝိုင်း နှင့် နီးစပ်သည့်ပုဂ္ဂိုလ်တဦးက
သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“ဗမာ စစ်တပ်မှာ ကြီးနိုင် ငယ်ညှင်းအကျင့်။ နောက်တခု အထက်အရာရှိတွေက ဝါးကြောအရမ်း


ကောင်းတယ်။ လက်အောက် ငယ်သားတွေက ဘာခံစားခွင့်မှ မရှိဘူး။ ဆင်းရဲငတ်ပြတ်ကြတယ်။
အဲဒီကြားထဲ လစာက ဟိုဖြတ် ဖြတ်ဒီ ဖြတ် ဆိုတော့ လကုန် ရင်ဘာမှ မကျန်ဘူး၊ ကိုယ့်လုပ်အားနဲ့
ရတဲ့လစာ မိဘကိုကန်တော့ဖို့ စီစဉ်ထား တာလဲ တခါမှမပို့ဖြစ်ဘူး လို့ အရာရှိငယ်တဦး
ပြောပြဖူးတယ်” - ဟု အဆိုပါပုဂ္ဂိုလ်က ပြောပြ ပါသည်။

သျှမ်းပြည်၊ ကရင်ပြည် ရှေ့တန်းရောက် တပ်သားရဲဘော်များ မဆိုထားနှင့် တိုက်ရေးခိုက်ရေး လုံးဝ


မရှိသည့် ရန်ကုန် အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၌ပင်နေ့စဉ်ရက်ဆက်တပ်မှ
ထွက်ပြေး နေကြောင်းလည်း ပြောပြပါသည်။

၂၀၁၀ အတွင်း အမှတ် ၅ လေတပ်စခန်း လစခ ၅ တခုတည်း စစ်သည် အကြပ် အယောက် ၂၀


ခန့်ထွက်ပြေးကြောင်း၊ ထိုအ ထဲတွင် ဗိုလ်အဆင့်လည်းပါဝင်ကြောင်း၊
အချို့ပြန်လည်အဖမ်းခံသော်လည်း၊ စစ်လက်နက်ပစ္စည်းအပြည့်အစုံဖြင့် ထွက်ပြေးသူ များလည်း
ရှိကြောင်း တပ်မိသားစုနီးးစပ်သူ နောက်တဦးက အတည်ပြုပြောပြပါသည်။

“ဘာမှ မယူဘဲ ထွက်ပြေးရင်တော့ ထောင်ဒဏ် ။ သေနတ်နဲ့ အတူ ထွက်ပြေးပြီး ပြန်ဖမ်းမိရင်တော့


မချောင်ဘူး။ သေဒဏ်အထိ၊ ထောင်ဒဏ်တသက်တကျွန်းဘဲ၊ နအဖ ပေါ်လစီက ဒီ ၂၀၁၀ - ၁၁ ထဲ
မှာ စစ်သည် ၄ သိန်းပြည့်အောင် စုမယ် ဆိုပြီးသက်ဆိုင်ရာ တပ်သား သစ် စုဆောင်းရေးအရာရှိတွေကို အမိန့်ထုတ်ထားတယ်” - ဟု ပထမပုဂ္ဂိုလ်က ပြောပြသည်။

လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင်ကိုယ်တိုင် ၂၀၁၀ နှစ်လည်ပိုင်း က တပ်ပြေးနှင့် ဆိုင်သည့် အမိန့်တခုထုတ်ပြန်ခဲ့ သေးသည်ဟုဆို၏။


“ဒု ဗိုလ်ချုပ်ကြီးမြင့်လှိုင်က ဆိုင်ရာလေတပ် တပ်မှူးတွေအပေါ် - ဘယ်တပ်မဆို အရာရှိတွေနောက် ထပ်ထွက်ပြေးပြီး ဆန့်ကျင် ဘက်အုပ်စုတွေနဲ့ ပူးပေါင်းခဲ့ရင်အထက်အရာရှိတွေကို
ကြီးလေးတဲ့ပြစ် ဒဏ်ပေးမယ်- လို့ ပြောတယ်။ တပ်ကထုတ်ပစ်မယ်၊ ရာထူးဖြုတ်လိုက်မယ် စသဖြင့် ပေါ့”- ဟု နယ်စပ်ရှိ ထောက်လှမ်းရေးအရာရှိတဦးကပြော ပါသည်။

မည်သို့ပင်ဆိုစေ အသက် ၁၈ နှစ် ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်၍ လူထုကို အကြပ်ကိုင်သော်လည်း ၎င်းတို့ ရည်မှန်းထားသည့်အတိုင်း
စစ်သည်အင်အားပြည့်မည်မဟုတ်ကြောင်း၊ နအဖ နိုင်ငံရေးပေါ်လစီမပြောင်းသရွေ့ တပ်ပြေးများ ဆက်လက်ရှိမည်ဖြစ်ကြောင်း ထိုင်းနယ်စပ်နေ စစ်ရေးလေ့စောင့်ကြည့်သူတဦးက
ပြောပြသည်။

မြို့နယ်ခွဲအသစ်သို့မပြောင်းလျှင် လာရင်း ဇာတိပြန်ရမည်ဟုဆို

Friday, 21 January 2011 16:15 သျှမ်းသံတော်ဆင့်

ယမန်နေ့မနက်ပိုင်းက သစ်၊ ဝါးသက်ကယ်နှင့် အိမ်ဆောက် ပစ္စည်းများသယ်ဆောင်သောနအဖ စစ်ယာဉ်တန်းမိုင်းတုံမြို့မှမိုင်းထားမြို့နယ်ခွဲသို့ သွားရောက်ပြီးနောက်ပိုင်း


မိုင်းထားသို့မပြောင်းလိုသူ များ မိမိလာရင်းဇာတိသို့ ပြန်ရမည်ဟု ဗျူဟာမှူး ကပြောကြောင်း ဒေသခံများကဆိုသည်။

မိုင်းထားမြို့နယ်ခွဲပြမြေပုံ

“ မိုင်းထားမြို့နယ်ခွဲမှာ သွားဆောက်ဖို့အိမ်ဆောက်ပစ္စည်းတွေသယ်သွားတာ။ ကားကြီး ၆ စီး ကားငယ် ၃ စီး။ တခြား ဒေသကနေ လာရောက်အခြေချနေထိုင်တဲ့မိုင်းတုံ၊


နားကောင်းမူးပုံပါကျင်က ယာယီအိမ်ထောင်စုဇယားရှိသူတွေကို အဲ့မှာအကွက်ချထားတဲ့ မြေကွက်မှာသွားနေဖို့ဆင့်ဆို ထားတယ် ” ဟု မိုင်းတုံဒေသခံ တဦးက သျှမ်းသံတော်ဆင့်
သို့ပြောပြသည်။

မိုင်းတုံမြို့နယ်အတွင်း ဇာတိသားထက် ပုတိသားက ပိုများကြောင်း မိုင်းတုံသားတဦးကလည်းပြောသည်။ အိမ်ခြေ ၁၀၀၀ ကျော် ရှိနားကောင်းမူးအုပ်စုတွင် ပုတိသားမှာ အိမ်ခြေ ၉၀၀
ခန့်ရှိကြောင်း ကာလိကွန်ဟိန်း နမ့်ဇန်၊ ပင်လုံ၊လားရှိုးနှင့် အခြားမြို့နယ် များမှလွန်ခဲ့သည့် ၅ နှစ် ၁၀ နှစ် ကျော်ခန့်က ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်ကြောင်း ၊ အာဏာပိုင်များ၏
အဓမ္မနေရာ ပြောင်း ရွှေ့ ခိုင်းမှု ကိစ္စအပေါ်စိုးရိမ်ပူပန် နေကြကြောင်း သိရ၏။

“ မိုင်းတုံမြို့နယ်ထဲကို လာရောက်အခြေချတဲ့ ကုန်သည်တွေ၊ သာမာန်လူတန်းစားတွေ မိုင်းထားကိုပထမအသုတ် အဖြစ်အိမ်ခြေ ၂၀၀ ပြောင်းနေခိုင်းတယ်။ တမြန်နေ့က


ဗျူဟာမှူးကိုယ်တိုင် ရပ်ကွက် ကျေးရွာ၊ တိုက်နယ်ဥက္ကဌတွေကို ဆင့်ခေါ်ပြီးပြောတာ။ သက်ကယ် ၄-၅ ချပ်နဲ့ သစ်လေး ၃-၄ ချောင်းပေးမယ်ပြောပြီး ပြောင်းခိုင်းလို့မပြောင်းတဲ့အိမ်တွေ
ကိုယ့်ဇာတိမြို့ကိုယ်ပြန် - တဲ့။ အခု ယာယီအိမ်ထောင် စုစာရင်း စစ်ဆေးရွေးထုတ်နေတုန်း။ဘယ်သူပြောင်း ရမယ် ဆိုတာ နာမည်နဲ့တကွတော့ မလာ သေးဘူး ” ဟု
နားကောင်းမူးဒေသခံတဦးကလည်းပြောပြသည်။

ယခုလက်ရှိ အိမ်ခြေ ၁၀ လုံးခန့်သာရှိသေးသည့် မိုင်းထားမြို့နယ်ခွဲအမည်သစ်ရ မိုင်းထားရွာသို့ မပြောင်းရွှေ့လိုကြသဖြင့် ထိုင်းသို့သာသွားရောက် အလုပ်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း


အချင်းချင်းတီးတိုးပြောနေကြသည်ဟုလည်း သိရသည်။

မိုင်းထားကျေးရွာသည် မိုင်းတုံမြို့ အနောက်တောင်ဘက်တွင်တည်ရှိပြီး ၂၀၀၁-၂၀၀၂ နအဖနှင့် ဝ တပ်ဖွဲ့ တို့စုပေါင်းပြီး သျှမ်း ပြည်တပ်မတော် လွယ်တိုင်းလျဲန်းဌါနချုပ်အား
တိုက်ခိုက်စဉ်မှစ၍ ယနေ့အထိရွာပျက်ကြီး အဖြစ် ၉-၁၀ အိမ်ခန့် သာကျန် တော့သည်ဟုသိရသည်။ တောင်ပိုင်း ဝ စစ်ဒေသ ၁၇၁ နှင့် သျှမ်းပြည်တပ်မတော်တို့လှုပ်ရှားသည့်နယ်မြေ
လည်းဖြစ်သည်။

နယ်စပ်နိုင်ငံရေး စစ်ရေး စောင့်ကြည့်လေ့လာသူတဦးကလည်း - ဘယ်နေရာမဆို မြို့တည်ရင် စစ်တပ်အတွက် အကာအကွယ်ဖြစ်အောင် လူထုကိုအရင်နေခိုင်းတာတွေ့ရတယ်။


တဖက်ကလည်း သူတို့က လူထုကို လိုအပ်တဲ့အချိန် ခိုင်းစား နိုင်တယ်။ အဲလိုအကြံရှိလို့ မြေကွက်ချရောင်းပေးတယ်။ သက်ကယ်လေး သစ်လေးပေးတယ်။ မုန့်ပေး ဒုတ်ပြဆိုတာပေါ့-
ဟု သုံးသပ်ပြောဆိုသည်။

နအဖဝန်ကြီးအားလုံး ယခုလကုန်ပိုင်း လက်ရှိ ရာထူးမှနှုတ်ထွက်ရမည်

Friday, 21 January 2011 16:13 သျှမ်းသံတော်ဆင့်

နေပြည်တော်တွင် လွတ်တော်အစည်းအဝေး စတင်ကျင်းပသည့် ဂျန္န၀ါရီ ၃၁ ရက်နေ့မှ စ၍ လက်ရှိ နအဖဝန်ကြီး အားလုံး နီးပါးသည် တာဝန်မှအနားယူ ရမည် ဖြစ်ကြောင်း
နေပြည်တော်သတင်းရပ်ကွက် တစ်ခုအဆိုအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးနှင့် စည်ပင်သာယာဝန်ကြီးနှစ်ဦးကို ယာယီချန်လှပ်ထားပြီး ကျန်ဝန်ကြီးအားလုံး လက်ရှိတာဝန်များမ ရပ်နားဖြစ်ကြောင်း သိရသည်။

အဆိုပါ နှုတ်ထွက်သွားသော ဝန်ကြီးများထဲမှ တချို့ကို လာမည့်အစိုးရသစ်လက်ထက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် တာဝန်ပြန်လည်ခန့်အပ်မည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝှမ်းရှိ စစ်အရာရှိ (၁၀၀) ကျော်ခန့်ကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့်အခြား အရပ်ဘက်အုပ် ချုပ်ရေးဋ္ဌာနများသို့


ပြောင်းရွေ့နေရာချထားခဲ့သေးကြောင်းသိရသည်။
နောင် အစိုးရသစ်ပေါ်ပေါက်လာချိန်တွင် နအဖ စိတ်ကြိုက်လူများနေရာပေးရန် အခက်အခဲရှိနိုင်သဖြင့် အစိုးရသစ် မပေါ်မီကြားကာလ အတွင်း နေရာချထားမှုများကို
ကြိုတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Friday, 21 January 2011 16:12 သျှမ်းသံတော်ဆင့်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၃ ရပ်စလုံးတွင် အလိုအလျောက် ၂၅ ရာခိုင်နှုန်း ပါဝင်မည့်တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို နအဖပိုင်
သတင်းစာက ယနေ့ထုတ်ပြန်လိုက်သည်။

ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး ၊ အမျိုးသားလွတ်တော်အတွက် ၅၆ ဦး နှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်လွတ်တော်အတွက် ၂၂၂ ဦးတို့၏
အမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။

၎င်းတပ်မတော်လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။

ယခုထုတ်ပြန်သည့် စာရင်းများအရ ဗိုလ်မှူးကြီးအဆင့်ရှိသူများ အများစုပါဝင်ပြီး ကြည်း ၊ ရေ ၊ လေ ၃ ခုအနက် ၈၀ ရာခိုင် နှုန်းခန့်သည့် တပ်မတော်ကြည်းမှ ကိုယ်စားလှယ်များ ဖြစ်သည်။

၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် လွတ်တော် ၃ ရပ်စလုံး အစည်းအဝေးကို နေပြည်တော်၌ ယခုလကုန်ခေါ်ယူကျင်း ပမည်ဖြစ်ရာ တပ်မတော်ကိုယ်စားလှယ်များ အပါအ၀င်
နိုင်ငံရေးပါတီများမှ ရွေးကောက်ခံကိုယ်စားလှယ်များ တက်ရောက် မည်ဖြစ်သည်။

ထိုအချိန်မှစ၍ လွှတ်တော် ၃ ရပ် စတင်ဖွဲ့စည်းပြီး နအဖစိတ်ကြိုက် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး
စတင်ခေါ်ယူကျင်းပသည့် နေ့မှစ၍ တစ်နိုင်ငံလုံးတွင်အာဏာတည် မည် ဖြစ်သည်။

http://www.mongloi.org/burmese/

BGF ဒုတပ်ကြပ်တဦးနှင့် ရဲဘော်တဦး KNU ထံ လာရောက်ပူးပေါင်း

Submitted by Karen Information Center on Friday, 21 January 2011No Comment

ဇန်န၀ါရီလ ၂၁ရက်။ စောခါးစူးညား (ကေအိုင်စ)ီ

KNU တပ်မဟာ(၇)နယ်မြေအတွင်း လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၈)တပ်ရင်းမှ ဒုတပ်ကြပ်ဖြစ်သူ စောသောင်းထွန်းကျော်နှင့် တပ်သားဖြစ်သူ စောအောင်စိုးမင်းတို့သည်


AR သေနတ် ၂လက်၊ မက္ကစင်း ၆ချပ်၊ ကျည် တောင့် ၂၀၀နှင့်အတူ ယမန်နေ့ညနေ ၃နာရီခန့်တွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်ထံ လာရောက်ပူးပေါင်းခဲ့သည်။

“ကျနော်တို့ BGF လုပ်တာ နအဖ ကျွန်ခံတာပဲ။ DKBA ဆိုရင်တော့ တမျိုးပေါ့နော်။ BGF ကတော့ မလုပ်ချင်ဘူး။ ဒါ ကြောင့် ပြန်လာတာ။ ကျနော်တို့လို နောက်ပြန်လာမယ့်သူလည်း
ရှိမှာပဲ။ အခု ကိုယ့်မိခင် အဖွဲ့အစည်းနဲ့ ပြန်တွေ့ခွင့် ရတာ ၀မ်းသာတယ်။ ရှေ့ဆက် KNU မှာပဲ အလုပ်ဆက်လုပ်ဖို့ ရှိတယ်။”ဟု ပြောသည်။

၎င်းတို့နှစ်ဦးအနက် စောအောင်စိုးမင်းမှာ အသက်မပြည့်သေးသည့် ကလေးစစ်သားဖြစ်ပြီး KNU အနေဖြင့် လက်ခံ၍ မရကြောင်း KNU တပ်မဟာ(၇) ဒုရုံးထိုင်မှူး
ဗိုလ်ကြီးစောမျိုးမင်းသူက ကေအိုင်စီကို ပြောသည်။

သူက “အခု ကျနော်တို့ဆီ ထွက်ပြေးလာတာ တယောက်ကဆိုရင် အသက်မပြည့်သေးလို့ ကျနော်တို့ဆီမှာ လုပ်ချင် လည်း ပေးမလုပ်ဘူး။ ဒီကလေးက အရင် DKBA မှာ
အတင်းအသွင်းခံရလို့ ၀င်ခဲ့တာပဲ။ ဒီကနေ အခု BGF ဖြစ်လာ တဲ့အထိ စစ်တပ်ထဲဝင်တာ ၅နှစ်ရှိပြီ။”ဟု ပြောသည်။

KNU တပ်မဟာ(၇)နယ်မြေတွင် ၂၀၁၁ ဇန်န၀ါရီလအတွင်း ယခုလို ပြန်လည်ပူးပေါင်းလာသည့် BGF တပ်ဖွဲ့ဝင် ၄ဦး ရှိပြီ ဖြစ်သည်။

http://www.kicnews.org/?p=4822

You might also like