8888 People Power – Vol 7-No5 feb 2011

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 19

NO UNITY NO COUNTRY

NO UNITY NO COUNTRY

8888peoplepower vol 7-no 5 February 2011 [1]


NO UNITY NO COUNTRY

၈၈၈၈သတင်းစဉ်၏ ဆန္ဒမွန်
အစွန်းရောက်လူမျိုးရေးဝါဒကို ရှေ့ တမ်းမတင်ကြသော အမျိုးသားခေါင်းဆောင်များက တိုင်ပြည်ကောင်း
စားရေးအား တူညီသော ဆန္ဒအမှန်ဖြင့် တွေ့ ဆုံဆွေး နွေးခဲ့ကြရာမှာ ငြိမ်းချမ်းသောပြည်ထောင်စု တရပ်
ပေါ်ထွန်းရန် အမျိုးသား ခေါင်းဆောင်ကြီး ဗီုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားခေါင်းဆောင်တို့ နှင့်
စစ်မှန်သော ညီညွှတ်မှုကို ရရှိခဲ့သည်။

ထိုကဲ့သို့ တခေတ်တခါက ထင်ရှားခဲ့သော အမျိုးသားခေါင်းဆောင်တို့ မျှော်လင့်ခဲ့ကြသော စစ်မှန်သော ပြည်


ထောင်စု သည် ယခုအချိန်ထိအောင်ပင် ပေါ်ပေါက်မလာခဲ့ပါ၊ နောက်ပိုင်းတွင် စစ်ပဒေသရာဇ် စနစ်ထူ ထောင်၍
စစ်မင်းဆက်များပြောင်းကာ အုပ်ချုပ်လာသည့်အခါ တိုင်းပြည်လဲပျက်၊ ပြည်သူတို့ လဲကိုယ်တုံးလုံးနေရ မည့်
ဘ၀ သို့  ရောက်ခဲ့သည်သာမက နိုင်ငံတကာတွင် မြန်မာဟူကကျွန်လူမျိုးစာရင်းသာဝင်သွားခဲ့ရပြီ။

နောင်လာမည့် ကာလတွင်လည်း နိုင်ငံရေးသမားတို့ မှာ မိမလိ ည်ပင်းကြိုးချီခံထားရသောဘ၀ဖြင့် သခင်


အကြိုက် လိုက်ပေးနေရမည်။ ကျွန်ပြည်ထောင်စုနိုင်ငံသစ်တွင် စစ်တပ်အလိုလိုက် အကြိုက် ဆောင်ပေးနေသူ
နိုင်ငံရေးသမားတို့ အတွက် နေပြည်တော်အမှိုက်သိမ်းရာထူးမျှပင် ခန့် အပ်ခြင်းခံရလိမမ့် ည်မဟုတ်ပေ။
ထိုအခြေအနေမျိုးကို သိရက်နှငပ့် င် ပေးသမျှယူ-ရသ၍လုပ်ရင်း စစ်တပ်စိတ်ပြောင်းလာစေရေး လေချိုသွေး
ကာ နည်းမျိုးစုံဖြင့် အလျှော့ပေးကြိုးစားနေကြသည်၊ အဆိုပါ နိုင်ငံရေးသမားတို့ အတွက် အသက်ပင်
သေသွားကြမည် သမိုင်းတခုပြောင်းလဲရန် လုပ်ဆောင်နိုင်ကြမည် မဟုတ်တော့ပါ။

မိမိမမြင်နိုင-် မသိနိုင်သော နောင်လာမည့် နှစ်ပေါင်းရာကျော်အတွက် မျှော်မှန်း၍ မျိုးစေ့ချလုပ်ဆောင်နေမည့်


အစား လက်ရှိမိမိအသက်ရှင်နေရသော အချိန်တွင်၊ လက်တွေ့ ဖြစ်နိုင်သော နိုင်ငံရေးပြောင်းလဲမှုကို
လူထုနှင့်အတူ အရှိန်မြုင့်လုပ်ဆောင်သင့်ပါသည်။

မြောင်းပုတ် ချေးတွင်းတို့  ၌ ကောင်းမွန်သော အပင်တို့ ၇ှင်သန်နိုင်မည် မဟုတ်သဖြင့် ချီးထုတ်ဗိုလ်ချုပ်ကြီး


တို့ ၏ အင်ပါယာပြိုကွဲ ပြီးမှသာ စစ်မှန်သောပြည်ထောင်စက
ို တည်ထောင်နိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံလို ဆင်းရဲသားများတဲ့
တိုင်းပြည်မှာ တူညီတဲ့
ဘုံသဘောတူညီချက်ကိုပြပါဆိုရင်
ကိုယ်လွတ်ရုန်းပြီး
အမြန်ဆုံးသူဌေးဖြစ်ချင်တဲ့ဆန္ဒပါဘဲ၊
8888peoplepower vol 7-no 5 February 2011 [2]
NO UNITY NO COUNTRY

ပြည်သူ့ သတင်းစဉ် ၂၀၁၁ခုနှစ၊် ဖေဖေါ်ဝါရီလ အတွဲ (၇)-အမှတ(် ၅)

သူရဲကောင်းတွေ ထွန်းသည့်မြေ

‘ဗမာတွေရဲ့ စောက်ကျင့်က
တလွဲဆံပင်ကောင်းတယ်။
ကဗျာ
ဘယ်လမ်းဆီသို့ 
ဗမာအချင်းချင်းချဖို့ 
(စာမျက်နှာ-၉) ပဲလုပ်ချင်တယ’်။
ခေတ်သမိုင်း
ရေတွေခန်းကုန်ပြီ အဆက်ဆက်
(စာမျက်နှာ-၂) တွင် ရဲ ၀ံ့စွာ
တော်လှန်ခဲ့ကြ
ATMသုံးတော့မတဲ့ စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် သည့်သူရဲကောင်း
(စာမျက်နှာ-၄)
အပေါင်းအား
အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး ဦးညွှတ် ဂုဏ်ပြု
ပေါက်ကွဲတော့မည်
(စာမျက်နှာ-၈)
ပါသည်။
By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 31 ဇန်နဝါရီ 2011
တကိယ
ုတော်ဆန္ဒ
(စာမျက်နှာ-၉) မြန်မာနိုင်ငံမှာ မနေ့ကစပြီး ခေါ်ယူကျင်းပခဲ့တဲ့ လွှတ်တော်တွေမှာ
စစ်တပ်အရာရှိတွေနဲ့ စစ်အစိုးရရဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့
ဆောင်းပါး ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားလိမ့်မယ် ဆိုတာကို မူလကတည်းက
စစ်ဆမ
ို န
ုးလို့  မျှော်လင့်ပြီးသား ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြား
ရေးဌာနက ပြောပါတယ်။မနေ့က ကျင်းပတဲ့ လွှတ်တော်တွေမှာ ပြည်သူ့
(စာမျက်နှာ-၁၄)
လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
အဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်တို့ကို ရွေးချယ်ခဲ့ပါတယ်
သူရဲကောင်း
။ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ပါလီမန် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှ
ဦးကောင်း
တမှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ကြေညာ ပြီး
(စာမျက်နှာ-၁၅)
သား ဖြစ်ပါတယ်။

ဆေးပညာပေး “အခု လွှတ်တော် အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ အံ့အားသင့်စရာ


သီချင်းဆိပ
ုါ မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ အရင်က
(စာမျက်နှာ-၁၇) ပြောထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အားလုံး
ပါဝင်နိုင်တဲ့၊ လမ်းဖွင့်ပေးထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်ကို
လေထန်ကုန်း မြင်ချင်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ
ဘာလုပြ် ကမှာတုံး ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။ပြီးခဲ့တဲ့ သီတင်း
ပတ်တုန်းက ဗဟိုတရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို
အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့တာကိုလည်း စိတ်ပျက်မိ တဲ့အကြောင်း
ပြောပါတယ်။ (စာမျက်နှာ-၇သို့ )
တိင
ုးပြည်ငြိမ်းချမ်းသာယာစေရန် စစ်တပ်အာဏာကိုအမြန် အဆုံးသတ်ရမည်။
8888peoplepower vol 7-no 5 February 2011 [3]
NO UNITY NO COUNTRY

ယခုနှစ်တွင်ရန်ကုန်မြို့သို့ရေပေးဝေနေသောရေအရင်းအမြစ်များ
လျော့နည်းခဲ့ပြီး လှော်ကားကန်မှာ လျော့နည်းမှု အများ ဆုံးဟုသိရ
မိုးရိပ် ရေပေးဝေရေး စီမံကိန်း ပထမအဆင့်(အထရု) ကို တွေ့ရစဉ်ယခုနှစ်တွင် ရန်ကုန်မြို့သို့ ရေပေးဝေနေသော
ရေအရင်းအမြစ်များ လျော့နည်းမှု ရှိခဲ့သည်ဟု သိရပြီး
လှော်ကားကန်မှာ လျော့နည်းမှု အများဆုံး ဖြစ်ပေါ်ခဲ့သည်ဟု
သိရသည်။

အဓိကပေးဝေနေသည့် ရေအရင်းအမြစ်များတွင် လျော့နည်းကျ


ဆင်းမှုများ ရှိခဲ့သည့်အတွက် မြို့နေလူထု သောက်သုံး
ရေပြည့်ဝစွာ ရရှိရေးတွင် ရေအားဖြည့်စီမံကိန်းများဖြင့်
ရေအရင်းအမြစ်များသို့ ဖြည့်တင်းကာ လျော့နည်းမှု မရှိစေရေး
ဆောင်ရွက်နေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာဌာန(ရေ/သန့်)မှ တာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရ သိရသည်။ရန်ကုန်မြို့သို့ အဓိက ရေပေးဝေလျက်ရှိသော လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူကန်နှင့်
ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း ပထမအဆင့်(အထရု)တို့မှ ရေပေးဝေလျက်ရှိရာတွင် လှော်ကားကန်၊ ဂျိုးဖြူကန်နှင့်
ငမိုးရိပ်စီမံကိန်း တို့မှ ရန်ကုန်မြို့တွင်းသို့ တိုက်ရိုက် ရေပေးဝေမှုရှိသည်ဟုသိရပြီး ဖူးကြီးမှာ လှော်ကားကန်သို့
ရေဖြည့်လျက်ရှိကာ ထိုမှတစ်ဆင့်မြို့တွင်းသို့ ပေးဝေနေသည်ဟု သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ ပြည်တော်ပြန်မည်ကို ထိုင်းစိုးရိမ်


29/Jan/2011

E-Mail this article Printable Version

အလုပ်သမား ထောင်ပေါင်းများစွာ
လိုအပ်မည်ဟုဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်းနှင့်
စက်မှုဇုန် စီမံကိန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် ထိုင်းနိုင်ငံ
ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြည်တော်ပြန်
ကြမည်ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူအချို့က စိုးရိမ်နေ
ကြောင်း ဘန်ကောက်မြို့တော် အခြေစိုက် မြန်မာစီးပွားရေး
သုတေသီအချို့က ပြောကြားသည်။ ဘန်ကောက်မြို့ရှိ
ချူလာလောင်ကွန် တက္ကသိုလ်တွင် ဇန်နဝါရီလ ဒုတိယပတ်
တွင်က ကျင်းပခဲ့သော International Migration in Thailand and Southeast Asia: Policies and Practices
ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ထိုင်းအစိုးရ အရာရှိများ၊ ရွှေ့ပြောင်း လုပ်သားဆိုင်ရာ
ပညာရှင်များက ထိုစိုးရိမ်ချက်ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။ ထိုင်းနိုင်ငံမှ ပြည်တွင်း
စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းမှာ ဦးရေနှစ်သန်းကျော်သော ရွှေ့ပြောင်း
လုပ်သမားများ၏ ထုတ်လုပ်မှု တန်ဖိုးဖြစ်နေရာ ယင်းရွှေ့ပြောင်း အလုပ်သမားများ ပြန်လည်ထွက်ခွာသွားခြင်းဖြင့်
ထိုင်းစီးပွားရေးကို တစ်စုံတစ်ရာ ရိုက်ခတ်မှုရှိနိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ အသေးစား၊ အလတ်စားနှင့်
အကြီးစားစက်မှုလုပ်ငန်းများ ပါဝင်သော ထားဝယ်အထူး စီးပွားရေးဇုန်တွင် အလုပ်အကိုင်ရရှိရန် ထိုင်းနိုင်ငံရောက်
မြန်မာရွှေ့ပြောင်း လုပ်သားအချို့က မျှော်လင့်နေသော်လည်း ပြည်တော်ပြန်ခြင်း၊ မပြန်ခြင်းနှင့် ပတ်သက်၍ ပြောဆို
ရန် စောနေသေးကြောင်း ရွှေ့ပြောင်းလုပ်သားအချို့က ပြောကြားခဲ့သည်။ စီမံကိန်းအတွက် အလုပ်ကြမ်း လုပ်
သူအချို့ အပါအဝင် အင်ဂျင်နီယာအချို့ကိုပါ ခေါ်ယူနေပြီး ထားဝယ်ခရိုင်ရေဖြူမြို့နယ် ထိန်ကြီးကျေးရွာအနီး
အခြေစိုက် သော စီမံကိန်းရုံးတွင် သွားရောက် လျှောက်ထားရကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ်
The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

8888peoplepower vol 7-no 5 February 2011 [4]


NO UNITY NO COUNTRY

ကချင်ပြည်နယ်တွင်အအေးလိုင်းဖြတ်သန်း၍
ကုန်သွယ်ရေးဇုံများရပ်ဆိုင်းခဲ့

ဓါတ်ပုံတွေ ကို ပထမမြင်ရတော့၊ ဥရောပ နိုင်ငံတခု က လို့ထင်ရင် ထင်မိမယ်။ မဟုတ်ပါဘူး မြန်မာပြည် က


ကချင်ပြည်နယ် ပန်ဝါ မှာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ရာသီဥတု ဖောက်ပြန်ပြီး နှင်းမုန်တိုင်း ကျသွား တဲ့ ပုံ
လို့ သိရပါတယ်။ ဒီလို ဖြစ်ရပ်မျိုး တခါမှ မကြုံဖူးတဲ့အပြင် နှင်း ကျတဲ့ အရှိန် ကြောင့် ပန်ဝါမှာရှိတဲ့ နယ်စပ်
ကုန်သွယ်ရေးစ ခန်း ကြီး အခု လို ပျက်ဆီး သွားတာကို တွေ့ရမှာပါ။ နှင်းမုန်တိုင်း တိုက်ခိုက်သွား
တာကြောင့် အဆောက်အအုံ တချို့ ပျက်ဆီးခဲ့ပေမယ့် လူ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ မြန်မာ
နိုင်ငံကို အအေးလှိုင်းဖြတ်မယ်လို့ သတိပေးကြေညာထားပေမယ့် တခြားဒေသတွေမှာ ထူးထူး ခြားခြား
မရှိခဲ့ပါဘူး။

ကမ္ဘာပျက်ခါနီးမှ မြန်မာပြည်သူတွေသုံးရတော့မည် ATM စက်


ဈေးဝယ်စင်တာများ၊ စူပါ မားကတ်များတွင် ATM (အလိုအလျောက် ငွေထုတ်)စက်များထားရန်
စီစဉ်လျက်ရှိကြောင်းပြည်တွင်းအိုင်တီကုမ္ပဏီတစ်ခုမှစုံစမ်းသိရှိရသည်။

"Super Market တွေမှာ ATMစက်တွေထားဖို့


စီစဉ်နေပြီး မကြာ ခင်ကာလအတွင်းမှာ အကောင်
အထည်ပေါ်လာဖို့ ရှိနေပါတယ်။ အဲဒီ အခါကျရင်
ငွေသယ်သွားစရာမလိုဘဲ Debit Card နဲ့ဈေးဝယ်နိုင်တာ
မျိုး၊ ငွေထုတ်နိုင်တာမျိုးတွေ လုပ်လာနိုင်ပါမယ်။
စစချင်းတော့ Off Lineပုံစံမျိုးပဲ အရင်လုပ်ဖြစ်
ဖို့များတယ်။ ခွင့်ပြုချက်ရတာနဲ့စတင် အကောင်အထည်
ဖော်မှာဖြစ်ပြီး ATM စက်တွေ ဒီကိုရောက်ဖို့ သုံးလ
လောက်ကြာနိုင်ပြီး ဒီရောက်ပြီးရင် စတင်အသုံးပြုဖို့အ
တွက်ဆိုရင်လည်း နောက်ထပ် သုံးလလောက်အချိန်ယူ
ရနိုင်ပါတယ်"ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ ပါသည်။

ဈေးဝယ်စင်တာများ၊ စူပါမား ကတ်များ၌ တစ်ထပ်လျှင် စက်တစ်လုံးနှုန်း ခန့်ထားရန် စီစဉ်ထားကြောင်း


သိရသည်။ကတ်စနစ်တွင် လုံခြုံစိတ်ချမှု ရှိစေရန် ချစ်ပ်ပြားပါဝင်သောစမတ် ကတ်များကို အသုံးပြု
သွားမည်ဖြစ်ပြီး ATM စက်တွင် CCTV များတပ် ဆင်ထားကာ Hack လုပ်သူများကို ခြေရာ ခံလိုက်နိုင်ရန်
စီစဉ်ထားကြောင်းလည်း သိရသည်။

8888peoplepower vol 7-no 5 February 2011 [5]


NO UNITY NO COUNTRY

ကျွန်ပြုလွှတ်တော်တွင် စစ်တပ်နှင့်ကြံ့ဖွတ် ကိုယ်စားလှယ်များသာကြီးစိုး

ဒီနေ့ လွှတ်တော် စည်းဝေးပွဲတွေမှာ ဗိုလ်ချုပ်ကြီးဟောင်း ၂


ယောက်နဲ့အတူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် တချို့ကို ဒုတိယ
သမ္မတလောင်းတွေ အဖြစ် ရွေးချယ် လျာထားလိုက်ပါတယ်။
စုစုပေါင်း ဒုတိယ သမ္မတလောင်း နာမည်စာရင်း ၅ ယောက်
တင်သွင်းခဲ့ရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ
ဘက်က စစ်အစိုးရ အတွင်းရေးမှူး ၁ သီဟသူရ တင်
အောင်မြင့် ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဘက်
က လက်ရှိ ၀န်ကြီးချုပ်တာဝန် ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း
ဦးသိန်းစိန်တို့အပြင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ တချို့
နာမည်တွေကိုပါ အဆိုပြု တင်သွင်း ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့ တင်သွင်းတဲ့ နာမည်စာရင်း အပြည့်အစုံကို
ဘန်ကောက်ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော် ၀င်းလှိုင်က
တင်ပြပေးထားပါတယ်။ဆယ်စုနှစ် ၃ ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား
လွှတ်တော်တွေရဲ့ ဒုတိယနေ့ စည်းဝေးပွဲတွေကို ဒီကနေ့မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့ကြတာပါ။ ဒီကနေ့
လွှတ်တော် စည်းဝေးပွဲတွေကိုတော့ သူ့လွှတ်တော်နဲ့သူ သီးခြားစီ ခွဲကျင်းပခဲ့ကြတာဖြစ်ပြီး လွှတ်တော် တခုချင်းစီက
ဒု-သမ္မတလောင်း ၂ ယောက်စီကို တင်သွင်းခဲ့ကြတာပါ။ အမည်စာရင်း တင်သွင်းခံရသူတွေထဲက အများစုဟာ
စစ်တပ်နဲ့ စစ်အစိုးရက ကျော ထောက်နောက်ခံ ပေးထားတဲ့ပါတီက ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။

နအဖရဲ့ Cobra စစ်ဆင်ရေးရန်ကြောက်လန့်  နေ


ကြတဲ့ မြ၀တီမြို့ ခံများ .အောင်မြင်၊
၊ဖေဖေါ်ဝါရီလ၁ရက်နေ့ညပိုင်းတွင်DKBAတပ်ဖွဲ့ဝင်များသည်နအဖစစ်တပ်
တပ်စွဲထားသော ကော့ကရိတ်မြို့အနီးတောင်သုံးလုံး စခန်းကိုထိုးစစ်
ဆင်တိုက်ခဲ့သည်တိုက်ပွဲများဖြစ်ပွားပြီးယနေ့မနက်စောစောအချိန်ခန့်တွင်
တောင်ကလေးစခန်းအနီးတ၀ိုက်တွင် နအဖစစ်သားများက မြွေပွေးများ
ထည့်ထားသောသေတ္တာ ၅၀ခန့်ကို တီအီး ဟီနိုးဖြင့် သယ်ဆောင်လာပြီး
လွှတ်ပစ်ခဲ့ကြောင်း ဒေသခံတဦး ကပြောပြပါသည်။နအဖတပ်စခန်းများကို
အနီးကပ်ဝင်ရောက်စီးနှင်းတိုက်မှုကို ကာကွယ်ရန် ထိုအဆိပ်ပြင်းသော
မြွေပွေးကောင်ရေများစွာ လွှတ်ခဲ့ကြောင်း သိရှိရသည့်အတွက်
ဒီကေဘီအေ တပ်များမှ ဆက်လက်စုံစမ်းလျှက်ရှိသည်။

နအဖစစ်တပ်ရင်များစွာသည်DKBAအခြေစိုက်ရာဝေါ်လေဒေသကိုအပြုတ်တိုက်ရေးစီမံချက်ဖြင့်အပြင်းအထန်ထိုးစစ်
ဆင်နေချိန်တွင် DKBA တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အား စုများကနအဖရဲ့နောက်ကျော စခန်းများကို
ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ကြောင်းကို DKBA စစ်ရေးတာဝန်ခံနှင့် နီးစပ်သူတဦးက FNG သို့ပြောသည်။ည
၁၁နာရီခွဲအချိန်ခန့်တွင် တိုက်ပွဲစဖြစ်ပွားခဲ့ပြီး ယ္ခုအချိန်ထိ နှစ်ဖက်ထိ ခိုက်ဒါဏ်ရာရစာရင်းကို
မသိရသေးကြောင်းပြောပြပါသည်။ထိုည ၁၁နာရီခွဲအချိန့်ခန့်တွင် ကော့ကရိတ်မြို့ပြင် ခင်မင်းမူကုန်းပေါ်တွင်ရှိသော
CDMA ဆက်သွယ်ရေး စခန်းအား လက်နက်ကိုင်အင်အား၃၀ခန့်လည်းတပြိုင်နက်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့
ကြောင်းကော့ကရိတ်မြို့ခံတဦးကပြောပြပါသည်။ဆက်သွယ်ရေးစခန်းကိုလှုံခြုံရေးယူထားသောရဲအုပ်ဦးသောင်း
ငွေနှင့်ရဲသား၆ဦးလက်နက်ချထွက်ပြေးသွားကြောင်းသတင်းရရှိပါသည်။ထိုတိုက်ခိုက်သောအဖွဲ့မှလက်နက်များသိမ်း
ယူပြီးပြန်လည်ဆုတ်ခွာသွားကြကြောင်းယနေ့နေ့လည်ပိုင်းထိကော့ကရိတ်ဝန်းကျင်တွင်သေနတ်သံများကြားနေရြေ
ကာင်း သိရှိရသည်။ ထိုသို့ နအဖရဲ့ စစ်ရေးဗျူဟာအသစ်ကို နားမလည်နိုင်ကြောင်းစစ်ရေး အတွေ့ ကြုံရှိ
သူတဦးကပြောပြပြီး တကယ်လို့လွှတ်ခဲ့တယ်ဆိုရင် လည်းကျွန်တော် တို့အတွက် ဟင်းစားရတာပေါ့ဗျာဟု ပြော
သည်။FNG

8888peoplepower vol 7-no 5 February 2011 [6]


NO UNITY NO COUNTRY

ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေအတွက် ရိက္ခာလျှော့မည်

VOA - 25 January, 2011 - 15:45 posted by aye aye mar

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်တွင်းက မြန်မာစစ်အစိုးရ တပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား


အဖွဲ့တွေကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလို ဖြစ်ပေါ်နေတာကြောင့် စိုးရိမ်ပူပန်မှုတွေနဲ့ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံမှာ
ယာယီ ခိုလှုံနေကြသူတွေကို ဆန်ကလွဲလို့ တခြားရိက္ခာတွေ ထောက်ပံ့တော့မှာ မဟုတ်ဘူးလို့ ကယ်ဆယ်ရေး
အဖွဲ့တွေက ပြောပါတယ် အကူအညီ ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းဇယားအရ လူဦးရေ ၁၀,၀၀၀ နီးပါးလောက်အထိ
ရှိနေတဲ့ ဒီဒုက္ခသည်တွေဟာ ၂ နိုင်ငံကြားက သောင်ရင်းမြစ် နံဘေးနဲ့ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရတာဖြစ်ပြီး
သူတို့ကို ဒုက္ခသည်တွေကို အဓိက စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတာကတော့ Thailand Burma Border Consortium
(TBBC) အဖွဲ့ ဖြစ်ပါတယ် ဒီအထဲကမှ မကြာသေးခင်ကမှ မြန်မာနိုင်ငံက ထွက်ပြေးပြီး ထိုင်းနိုင်ငံထဲမှာ ယာယီ
ခိုလှုံနေသူတွေဟာလည်း

အတည်တကျ မရှိတဲ့အတွက် ထောက်ပံ့မှုတွေမှာ ကန့်သတ်ရတာလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကယ်ဆယ်


ရေးအဖွဲ့ရဲ့ မဲဆောက်တာဝန်ခံ ဆရာနေဦးက အခုလို ပြောပါတယ် “အားလုံးပေါင်း ၉ လကျော်ပြီ။ ကိုယ်ဝန်ဆောင်က
ဘယ်နှစ်ယောက်ရှိတယ်၊ ၅ နှစ်အောက်က ဘယ်လောက်ရှိတယ်၊ အဲဒါတွေ ကျနော်တို့ လုပ်ထား ပါတယ်။ အခုလော
လောဆယ် မဲဆောက်ခွင်ကျတော့ အခက်အခဲတော့ သိပ်မရှိဘူး။ ဟိုဘက်မှာကျတော့ အခက်အခဲ ရှိတယ်။”

ထောက်ပံ့ငွေ ဖြတ်၍ DVB ရေဒီယိုနှင့် ရုပ်သံအစီအစဉ်အချို့ ရပ်နားမည် 2011-


01-26 RFA

နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (ဒီဗွီဘီ)


ကို ထောက်ပံ့နေတဲ့ ရန်ပုံငွေ ၁၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ
၅ သိန်းနီးပါး ဖြတ်တောက် ခံရတာကြောင့် လက်ရှိအစီအစဉ်
တချို့ ရပ်ဆိုင်းဖို့ ရှိတယ်လို့ ဒီဗွီဘီ အမှုဆောင်ညွန်ကြားရေးမှူး
ဦးအေးချမ်းနိုင်က ဇန်နဝါရီ ၂၅ ရက် မနေ့က RFA ကို
ပြောပါတယ်။
ထောက်ပံ့တဲ့ ရန်ပုံငွေအပေါ် မှီတည်နေရတဲ့ ဒီဗွီဘီအတွက်
အခုလို ထောက်ပံ့ငွေ ဖြတ်တောက်ခံရမှုကြောင့် အခက်အခဲ
ကြီးကြီးမားမား ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မျက်နှာဖုံးစာမျက်နှာမှ- တကယ်တော့ NLD နဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေကို


အသိအမှတ်ပြုတာဟာ မြန်မာအာဏပိုင်တွေအတွက် အခွင့်အလမ်းတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် မြန်မာအာဏာပိုင်တွေဟာ နောက်ထပ် အခွင့်အရေးတရပ်ကို ဆုံးရှုံး နစ်နာခဲ့ရတယ်လို့ အမေရိကန်
ပြည်ထောင်စု အနေနဲ့ မြင်တဲ့အကြောင်း ပြောသွားပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နဲ့ တပြိုင်တည်းပဲ တိုင်းဒေသကြီးနဲ့


ပြည်နယ် လွှတ်တော်တွေကိုလည်း ခေါ်ယူ ကျင်းပပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ တိုင်းဒေသကြီးနဲ့
ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေပဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ်
အရွေးခံရပါတယ်။သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရတာကြောင့် ဦးရွှေမန်း နိုင်ငံတော်သမ္မတ
ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့် ခန့်မှန်းမှုတွေ ကုန်ဆုံးသွားပြီး လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် သမ္မတ
ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုထွက်လာပါတယ်။ ဒီနေ့မှာတော့ ဒုတိယ သမ္မတ ၃ ဦး ရွေးချယ်မှု
စတင်မယ်လို့ မျှော်လင့်ရပါတယ်။အတိုက်အခံ လှုပ်ရှားသူတွေက ဒီလွှတ်တော်ကနေ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲမှုတွေ ရရှိလာနိုင်လိမ့်မယ်လို့ မယူဆကြပါဘူး

8888peoplepower vol 7-no 5 February 2011 [7]


NO UNITY NO COUNTRY
နယ်စပ်မြို့များတွင် ၀င်ငွေကောင်းသော အလုပ်လုပ်ကိုင်ရမည်ဟု ဆိုပြီး
မက်လုံးပေး စည်းရုံးခေါ်ဆိုမှုများရှိလာ
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် မလိုဘဲ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့များတွင်သာ
ဝင်ငွေကောင်းမွန်သော အလုပ်အကိုင်များ ရရှိမည်ဟု မက်လုံးပေး စည်းရုံးခေါ်ဆိုမှုများ ရှိလာသည်ဟု သတင်း ရရှိ
သည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသများ ရှိ နယ်စပ်မြို့အချို့နှင့် အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်မြို့တို့တွင် ၀င်ငွေကောင်းသော
အလုပ်အကိုင်များ ရရှိမည်ဟုဆိုကာ ၀န်ဆောင်ခ ပေးဆောင်စရာမလိုဘဲ သွားရောက်လုပ်ကိုင်နိုင်မည့် အခွင့်အရေး
များဖြင့် ဆွဲဆောင်စည်းရုံး ခေါ်ယူမှုများရှိလာသည်ဟု သိရသည်။မြန်မာနိုင်ငံနှင့် ထိစပ်နေသော ထိုင်းနိုင်ငံ၊ တရုတ်
နိုင်ငံ နယ်စပ်မြို့ များတွင် သွားရောက် အလုပ်လုပ်ကိုင်ကြရာတွင် အစပိုင်း၌ လစာငွေများ ပြန်လည်လွှဲအပ် ပေး
ပို့နိုင်ကြသော်လည်း နောက်ပိုင်းတွင် အဆက်အသွယ် မရရှိတော့သည်များ ရှိလာခြင်းကြောင့် သွားရောက် လုပ်ကိုင်
မည့် သူများအတွက် သတိပြုဖွယ်ရာပင်ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

"နယ်စပ်က ထမင်းဆိုင်၊ စားသောက်ဆိုင်တို့လို နေရာမျိုးမှာ အလုပ်လုပ်ရမယ်ဆိုပြီး ခေါ်တာတွေရှိပါတယ်။ လစာ


ကလည်း ဒီမှာရတာထက် နှစ်ဆကျော်လောက် ပိုရမှာမို့ စိတ်ဝင်စားမှုတွေ ရှိကြပါတယ်။ နေစားအပြီး လစာကို အိမ်
ကို ပြန်ပို့နိုင်မယ်ပေါ့။ နယ်စပ်မြို့မှာတင် လုပ်ရတဲ့အတွက် နိုင်ငံခြားမှာလို ဆက်သွယ်ရခက်၊ ပြန်လာရခက် မဖြစ် ဘူး
ပေါ့။ အချိန်မရွေး အိမ်ပြန်နိုင်တယ် ဆိုတာမျိုးတွေနဲ့ မက်လုံးပေး စည်းရုံးကြတော့ ယုံကြည်ပြီး စွန့်စားသွား လုပ်
တာတွေ ရှိကြတယ်။ ပထမတော့ အိမ်ကို မှန်မှန်ငွေပို့ကြတယ်။ နောက်တော့ အဲဒီနယ်စပ်မြို့ကနေ တစ်ဖက် နိုင်ငံ
ထဲက အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ၀င်ငွေပိုရနိုင်တဲ့ အနေအထားတွေကို စည်းရုံးပြောဆိုပြီး မက်လုံးပေး ကြ
တာပေါ့။ တစ်ဖက်နိုင်ငံထဲမှာ အလုပ်သွားလုပ်ချင်အောင် ခေါ်သွားပြီးမှ အိမ်ကို ငွေပြန် မပို့တော့တာ၊ အဆက်
အသွယ် မလုပ်တော့တာတွေ ဖြစ်လာတော့တာပဲ။ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့တာတွေလည်း ရှိခဲ့တယ်"ဟု
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

မကြာမီ ကြယ်တာရာ ပေါက်ကွဲမှုကြီး ဖြစ်တော့မည်

မကြာမီ ကြယ်တာရာ ပေါက်ကွဲမှုကြီး ဖြစ်တော့မည်ဟု ပညာရှင်


အချို့က ပြောဆိေ
ု နကြသော Betelgeuse ကြယ်ကြီး

ကမ္ဘာ့နက္ခတ်တာရာ ပညာရှင်များသည် သမိုင်းတင်ပြီးခေတ် နောက်


ပိုင်း ယနေ့ ၂၁ ရာစုအတွင်း အာကာသဆိုင်ရာ အထူးခြား ဆန်းကြယ်
ဆုံး သတင်းတစ်ပုဒ် အဖြစ် ကမ္ဘာကြီးအတွက် ဒုတိယ မြောက် နေလုံး
တစ်ခု ပေါ်လာပြီး နေ့ညကွဲပြားခြင်း ခေတ္တရပ်ဆိုင်း သွားနိုင် သည်
ဆိုသော သတင်းကို သြစတြေးလျ သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့
ဇန်န၀ါရီလ ၂၂ ရက်နေ့က တင်ပြခဲ့သည်။၎င်းတို့၏ စောင့် ကြည့်
လေ့လာချက်များအရ ကမ္ဘာ့ကောင်းကင်မှ မြင်ရသော ကြယ် ကြီး
များထဲတွင် အဌမအကြီးဆုံး အနီရောင် ကြယ်ကြီး ဖြစ်သည့်
Betelgeuse သည် ဆက်လက်တည်ရှိနိုင်ရန် စွမ်းအင် မကြာမီ ရက်သတ္တပတ် အနည်းငယ်အတွင်း ကုန်ဆုံးတော့မည်
ဖြစ်ပြီး ယင်းကဲ့သို့ စွမ်းအင်များ ကုန်ဆုံးသွားချိန်တွင် ဆူပါနိုဗာ (Supernova) ခေါ် ကြယ်တာရာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်
ပွားမည် ဖြစ်သည်။

ထိုသို့ ဆူပါနိုဗာ ပေါက်ကွဲသော အခါ နဂါးငွေ့တန်းတစ်ခုစာ အကျယ်အ၀န်းအထိ တောက်ပသော အလင်းတန်းများ


ဖြာထွက်လာမည် ဖြစ်ပြီး ကမ္ဘာမြေသည် ၄င်းဖြစ်စဉ်မှ အလင်းရောင်များ ရရှိနေမည် ဖြစ်သောကြောင့် နေ့နှင့်ည လည်
ပတ်မှု ဖြစ်စဉ် ယာယီ ပြောင်းလဲကာ နေ့အဖြစ် ဖြင့်သာ ရက်သတ္တပတ် အနည်းငယ်ခန့် တည်ရှိနေမည်ဟု ပညာရှင်များ
ခန့်မှန်းထားကြသည်။ ထိုအချိန်တွင် အဆိုပါ အလင်းတန်းများ ထွက်ပေါ်နေသော ကြယ်စုကြီးသည် ကမ္ဘာ မြေပြင် ပေါ်မှ
ကြည့်လျှင် ဒုတိယ နေတစ်လုံးကဲ့သို့ မိုးကုတ်စက်ဝိုင်းတွင် မြင်တွေ့ရဖွယ် ရှိသည်ဟု ကြားသိရသည်။

8888peoplepower vol 7-no 5 February 2011 [8]


NO UNITY NO COUNTRY

ခွေးအတို့  လွှတ်တော် ကို ကန့် ကက


ွ်တအ
ဲ နေနဲ့ 
အစာငတ်ခံဆန္ဒပြ။

သြစတေးလျှ ရောက် မြန်မာ တစ်ဦး


မီးရှို့ ဆန္ဒပြ
Monday, 31 January 2011 12:49 administrator

သြစတေးလျှ နိုင်ငံ ဒါဝင် မြို့ က လူဝင်မှု


ကြီးကြပ်ရေးဌာ န စစ်ဆေးရေး စခန်း မှာ
ထိန်းသိမ်းခံထားရတဲ့ မြန်မာ လူမျိုး တစ်ဦးဟာ
တနင်္လာနေ့  နံနက် ၂ နာရီ ခန့် က မိမိကိုယ်ကို မီးရှို
့ဆန္ဒပြတာ ကြောင့် ဆေးရုံ ကို အချိန်မှီ
တင်လိုက်ရတယ် လို့  ဆစ်ဒနီ နံနက် ခင်း သတင်းစာ
မှာဖော်ပြထားပါတယ်။ သူဟာ သြစတေးလျှ နိုင်ငံ မှာ
ရန်ကုန်တိုင်း တွံတေးမြို့နယ်က အုန်းပင်စုရပ်ကွက်နေ ဒုက္ခသည် အဖြစ် ခိုလှုံခွင့် လျှောက် ထား နိုင်ရေး
ကျူရှင်ဆရာ ဦးအောင်ဖေဟာ သူ့ရဲ့နေအိမ်မှာ အတွက်ဒီထိန်းသိမ်းရေး စခန်းမှာ ၁၀ လကျော်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်က ထုတ်ဝေတဲ့ တီရှပ် ရှိပေမယ့် သူ့ ရဲ့  ဒုက္ခသည် အဖြစ် လျှောက်ထား
အကျီ င်္ကို ၀တ်ပြီး ယနေ့ကျင်းပနေတဲ့ နအဖတို့ ရဲ့  ချက်ကို အကျိုးအကြောင်း မပြန် တဲ့ အတွက် အခု လို
လွှတ်တော်အစည်းအဝေးကိအု စာငတ်ခံဆန္ဒပြနေကြော လုပ်ရတာ လို့  ဆိုပါတယ်။သြစတေးလျှ နိုင်ငံ က နှစ်
င်းသိရှိရပါတယ်။ စဉ် မြန်မာ ဒုက္ခသည် ရှစ်ရာ ကျော်ကို နယ်စပ်
ဒုက္ခသည် စခန်းတွေကနေ ခေါ်ယူပြီး နိုင်ငံကူးလက်မှတ်
ကျူရှင်ဆရာ ဦးအောင်ဖေဟာ ၂၀၀၉ ခုနှစ်၊ နဲ့ ဝင်ရောက် လာတဲ့ ဒုက္ခသည် တွေ ကို လည်း
လွတ်လပ်ရေးနေ့  (ဇန်န၀ါရီလ ၄ ရက်နေ့ ) တုန်းက နိုင်ငံတွင်း မှာ ဒုက္ခသည် အဖြစ် လျှောက် ထားခွင့်
လည်း အာရုဏ်ဦး နံနက် (၄) နာရီကျော်ကျော်အချိန်မှာ ပြူထားပါတယ်။သြစတေးလျှ နိုင်ငံ ကို နှစ်စဉ် ရေလမ်း
လက်နှစ်ဘက်ကို ကြိုးနဲ့  ချီနှောင်ပြီး တွံ့  တေးမြို့ ရဲ့  ကနေ ခိုးဝင်ရောက် လာတဲ့ မြန်မာ ဒုက္ခသည်
လွတ်လပ်ရေး ကျောက်တိုင်ရှေ့ မှာ တစ်ဦးတည်း သွား တွေလဲရှိပါတယ်။
ရောက် အလေးပြုခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက
ဗိုလ်ချူပ် အောင် ဆန်းမွေးနေ့ ရက် (ဖေဖေါ်ဝါရီ ၁၃
ရက်နေ့ ) မှာ သူရဲ့  တပည့်တွေကို ဗိုလ်ချူပ်အောင်ဆန်း
အကြောင်း ဟောပြောခဲ့လို့ ၊ လွတ်လပ်ရေး
ကျောက်တိုင် ရှေ့ မှာ အလေးပြုတာတွေ ပြုလုပ်ခဲ့လို့ 
အဖမ်းခံခဲ့ရပြီး၊ ထောင် (၃) နှစ် ကျခံခဲ့ရဖူးပါတယ်။

အကျဉ်း ထောင် က လွတ်တဲ့ အခါမှာ အင်းစိန်ထောင်


ကနေ သူရဲ့  နေအိမ်ရှိရာ တွံတေးမြို့  အုန်းပင်စုရပ်
ကွက်ကို ခြေလျင်လမ်း လျှောက်ပြန်ခဲ့သူ ဖြစ်ပါတယ်။
ယခုအခါမှာလည်း နအဖတို့ ရဲ့  လက်ညှိုးထောင်
ခေါင်းငြိမ့် လွှတ်တော်အတုကြီးကို ကန့်  ကွက်တဲ့
အနေနဲ့  အစာငတ်ခံဆန္ဒပြနေကြောင်း သိရှိရတဲ့အ
တွက် ထပ်မံလေး စားဂုဏ်ယူရပါကြောင်း ပြောကြား
အပ်ပါတယ်။

8888peoplepower vol 7-no 5 February 2011 [9]


NO UNITY NO COUNTRY

Political poem နိုင်ငံရေး ကဗျာ ...

ဘယ်လမ်းဆီသို့ 

မကြမ်းချင်လို့ များ
အဆန်းတော့ မထွင်လေနဲ့ 

လမ်းမမြင်ရင်ကြည့်
သူရှိနေတုန်းက
အနုနည်းနဲ့ မာတဲ့
ကမ္ဘာကျော်လူ
ယျဉ်ကျေးစွာနဲ့ မိုက်ခဲမို့ 

ဆန္ဒပြရင်း အသေခံရဲ

တိုက်ပွဲတွေရှိလို့ 
လွတ်လပ်ရေးဆိုတာပေါ်လာတယ်..

အော်ခုတော့ အဆန်းသက်သက်
အကြမ်းမဖက် လူမှုရေးတဲ့……..။
ရန်မျိုးအောင်

ရသစုံလင်ပြည်သူ့ သတင်းစဉ်

8888 Follow First tweeted by burmazone

8888peoplepower vol 7-no 5 February 2011 [10]


NO UNITY NO COUNTRY

ဗိုလ်အောင်ဆန်းလိုသူရဲကောင်းတွေမမွေး

နိုင်သော်မှ အောင်ဆန်းမျိုးဆက်များ

မိဘခြေရာနင်းနိုင်ပါစေ-

8888peoplepower vol 7-no 5 February 2011 [11]


၈၈၈၈ ပြည်သူ့ သတင်းစဉ် NO UNITY NO COUNTRY
လေထန်ကုန်း Air Power .

ကဲ…ဘာဆက်လုပ်ကြမတုံး
မြန်မာအတိုက်အခံတို ရေ့ 

(ယခု အ ပါတ် လေထန် ကု န်း တယောက် လွှ တ်ေ တာ် ထဲ ၀ င်ေ လ့ လာဖို့ြ မန် မာပြည်ြ ပန် သွားပါသဖြင့် 
ကို ကို ကျွ န် မှ တာဝန် ယူ ၍ ရှာ ဖွေ စုေ ဆာင်း ရေးသားလို က် ပါသည် ၊ )

ယခုရက်ပိုင်းအတွင်းမှာ ဘန်ကောက်ကနေဆင်းလာတဲ့ အထူးရဲတပ်ဖွဲ့ နဲ့  စစ်ထောက်လှမ်းရေးတွေက မဲဆောက်မြို့ 


တခွင်မှာ အဖမ်းအဆီးတွေ အတော်လေးလုပ်လာကြပါတယ်။

လမ်းမကြီးတွေပေါ်မှာ အတားအဆီးတွေလုပ်ပြီးတော့ ကားဆိုင်ကယ်တွေကို တားစစ်ဆေးနေကြသလို မောင်းနှင်


နေတဲ့ဆိုင်ကယ်တွေနောက်ကို နောက်ယောင်ခံ လိုက်ပြီးလည်းဖမ်းဆီးနေကြပါပြီ။ ယခုလ-၃၁ရက်နေ့ ကလဲ မဲဆောက်
ဈေးကြီးတ၀န်းလုံး ပိတ်ဖမ်းခဲ့လို့  အလုပ်သမား ကက်-နေထိုင်ခွင့်မရှိတဲ့မြန်မာ တွေအများအပြားကို ဖမ်းဆီးလိုက်
ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်းတဲ့.. ထိုင်းရဲတပ်ဖွဲ့ က မဲဆောက်ဈေးအတွင်းမှာ


လိုက်အလှူခံနေကြတဲ့ မြန်မာဘုန်းကြီးတွေကို လိုက်ဖမ်းတယ်၊ ပြီးတော့
လူဝတ်လဲပြီး မြ၀တီမြို့ ကိုပြန်ပို့ လိုက်တာတွေရှိတယ် ။ဘုန်းကြီးတွေက
ထိုင်းတွေကို လက် ဆွဲပြီး အတင်း အလှူခံနေတာကြောင့် ခုလို ဖမ်းပြီး
ပြန်ပို့ ရတာလိုဆိုတယ်။

နောက်ဆုံးသတင်းတခုကတော့ ထိုင်းရဲတွေကမဲဆောက်
ကအတိုက်အခံတွေ ကိုဌားထားတဲ့ ထိုင်းအိမ်ပိုင်ရှင်တွေကို အဖွဲ့ 
တွေဆိုရင် လက်ခံမဌားကြဖို့  ဖိအားပေးနေတယ်ကြပြီလို့  ဆိုတယ်။
လောလော ဆယ်နယ်စပ်မှာသွားလာနေတဲ့ ခရီး လမ်း ကြောင်းတွေမှာလဲ ထိုင်းရဲကတင်းတင်း ကြပ်ကြပ်ချုပ်ကိုင် လာ
လို့  နယ်စပ်ဆင်းမယ့်အဖွဲ့ စည်းတွေဆိုရင် ခရီး သွား လာရေးရပ်ဆိုင်းထားရကြောင်း။ ဒေါက်တာစင်သီယာ မောင်
ဆေးခန်းက ၀န်ထမ်းတွေဟာ ကရင်လက် နက် ကိုင် အဖွဲ့  တွေ ကို ကူညီနေတဲ့ဆိုတဲ့သတင်းကြောင်း ထိုင်း ပြည် ထဲ
ရေးက ဆေးခမ်းက တာဝန်ရှိသူ သူတွေကို ခေါ်ယူ သတိ ပေး ခဲ့တယ်လို့ ဆိုတယ်။ အဓိက ထိုင်း အစိုးရဘက် က သိ
သွားတာက သိုသိုသိတ်သိတ်လုပ်ရမယ့် ကိစ္စတွေကို ပေါ်တင် ဘဲ
ဓါတ်ပုံရိုက်လာကြပြီး သတင်း ဘလော့တွေမှာ တင် လိုက်တာ
ကြောင့် ဟိုးလေးတကျော်ဖြစ်သွားတော့ လူမှုရေး လုပ်နေတဲ့ သူ
တွေ က လက်နက်ကိုင်အင်အား စုတွေ သွားကူတာကို ထိုင်း
ဘက်က မသိသလိုနေရမလားလို့  နအဖက ကန့် ကွက်ခဲ့လို့ 
လဲဖြစ်တယ်။
ဒါကြောင့်လည်းနယ်စပ်ခရီးသွားလာရေးတွေ ကိုထိုင်းဘက်က
ကန့် သတ်လိုက်တော့ မရှိမဖြစ်သုံးနေရတဲ့သူ တွေ သွား လာရေး
ခက်ခဲကုန်တော့တာပေါ့။ နယ်စပ်အခြေစိုက်အတိုက်အခံတွေကို
အကူညီပေးနေတာတွေတချို့ ရပ်ဆိုင်းပစ်ခဲ့ ပေမယ့် အချီကြီး
ရထား တဲ့သူတွေကတော့ ၀ိုင်အရက်ကိုင်လျှက်ပါ-မကြာသေးမှီက
အမျိုးသမီးတဖွဲ့ ဟာ မဲဆောက် နာမည်ကြီး ဒီလိုဘန်ကလိုတွေကို အကုန်လုံးဌားပြီး

8888peoplepower vol 7-no 5 February 2011 [12]


၈၈၈၈ ပြည်သူ့ သတင်းစဉ် NO UNITY NO COUNTRY
တဲအိမ်ဟော်တယ် အားလုံးဌားလိုက်ပြီး ညအိပ်ညီလာခံလုပ်ခဲ့ကြပါသေးတယ် ။ညပိုင်း ပါတီတွေပေး မိသား စုတွေ
နဲ့အတူ အထူးတည်ဆောက်ထားတဲ့ တဲအိမ်တွေမှာ ဇိမ်ခံရင် ၀ိုင်အစည်းဝေးလုပ်ကြပြီး မနက်မှာ ပြည် သူ့  လွှတ် တော်
မှာ မိန်းခလေးတွေ အခွင့်အရေ့းမရလို့ သဘော မတူ ကြောင်း ကြေငြာချက်တစောင်ကို ဘတ်သိန်းချီအကုန်ခံပြီး ထုတ်
နိုင်ခဲ့တယ်။
တချို့ အဖွဲ့ တွေကြတော့.. ပေးနေတဲ့ဝန်ထမ်းလခတွေကိုလျှော့ပေးနေ
တာ-ဖြတ်ပြစ်တာတို့ လုပ်နေပါပြီ။ အတိုက်အခံအဖွဲ့ စည်းတွေရဲ့ 
လခစား အလုပ် ကတဖွဲ့  မှာရာ ထူးတခုရမယ်ဆိုရင် သူ့ ရဲ့ ဝင်ငွေက
ရာထူးတနေရာ ကိုတလ ဒေါ်လာ (၃၀၀) အောက်ထစ်ရနေတာမို့ 
သုံးလေးဖွဲ့  ၀င်ပြီးနေရာ ယူထား တဲ့ သူ ဆို ရင် တော့ စာပြီး
သောက်ပြီး -ဘုန်းပြီ ဒေါ်လာ ၁၀၀၀ လောက်ကအ သာ လေး ရနေ
ပါတယ်-။ခေတ်သစ်နိုင်ငံ ရေး လော ကမှာ လူတမ်းစား တိုက်ပွဲဝင်နေ
တဲ့ ကိုမြူနစ်အနီတွေ တောင်မှ မျက်နှာပြောင် တိုက်ပြီး ကား ၀ယ်စီး
တာတွေ့  ရပါ တယ်။
လခစားနိုင်ငံရေးသမားတွေ အတော်စီးပွားဖြစ်နေတာကြာနေပြီကိုး။
တချို့ ကလဲ နိုင်ငံရေးအကြောင်းပြပြီး စီးပွားရေးလုပ်ငန်းတွေကို မသိ
မသာထောင်ထားကြရာမှာ နိုင်ငံခြားကိုမြန်မာ ထွက်ကုန်တွေပို့ နေ ကြသလို -ရွှေအရောင်းဝယ် လုပ်နေတဲ့သူ၊
စားသောက်ဆိုင်-ဆံပင်ညှပ်ဆိုင် တွေ ဖွင့်ထားတဲ့ တွေက လည်းရှိပါရဲ့ -။
သတင်းထူးကလေးပေါ့……. ကလေးတွေအခွင့်ရေးလုပ်နေတဲ့ ဒါရိုက်တာအောင်မျိုးမင်းတယောက် မဲဆောက်မြို့ က My
Maesod ညကလပ်တခုကိုဝယ်ပြီး Gay Bar (လိမ်တူဆက်ဆံသူများကလပ်)ဖွင့်ဘို့  သူငယ်ချင်းတဦးနဲ့  စပ်
တူထောင်ကြမယ်၊ ဖွင့်ဖြစ်ရင်တော့ ချင်းမိုင်ကသူသွားနေကြ ဆိုင်က ကောင်လေးချောချောတွေမဲဆောက် ကိုခေါ်
လာဘို့ ရှိပါတယ် ။
အတိုက်အခံရေစီးကြောင်းကတော့ ဖေါင်မပျက်ခင်မှီပြီး နေလို့ ရသမျှကုတ်ကပ်နေကြမှာပါဘဲနော်၊ သူများနိုင်ငံရေးမှာ
ပြည်ပကနိုင်ငံရေးသမားတွေ တိုင်းပြည်တွင်းပြန်လာပြီး အမျိုးသားရေးတိုက်ပွဲတွေဆင်နေကြပေမယ့် မြန်မာအတိုက်
အခံ တွေကတော့ ဒီလိုအစီစဉ်မျိုးစကားစလို့ တောင်ပြောမရပါဘူး ဖါသိဖါသာ ဘဲနေပြီး ရသမျှစုဆောင်းဘို့ သာ သိကြ
ပေါ့။

ထိုင်းနိုင်ငံချင်းမိုင်ခရိုင်တရားရုံးတခုက နေ တွေတဲ့နေရာ မှာဖမ်းဖို့  မကြာသေးမှီက


ဖမ်းဝရမ်းထုတ်ခံခဲ့ရသူ ကတော့ ပြီးခဲ့တဲ့ အပါတ်လေ ထန်ကုန်းကနေ
ဖေါ်ထုတ်လိုက်တဲ့  စောဒေး ဘစ်မြ မောင် ဘဲဖြစ်ပါတယ်။ NHEC (အမျိုးသား
ကျန်းမာရေးနဲ့  ပညာရေး)အဖွဲ့  မှာဘဏာ ရေးနေရာ ယူထားတဲ့ ငဘုံးမြမောင်
ဟာ အဖွဲ့  ပိုင်ငွေ(၁၁) သန်း ကျော်ကို ပေါ် တင်ဘဲ ဘုန်းလိုက်ပြီး မသိသလိုနေ
နေရင်းနဲ့ ၊ ယခုလိုအဖွဲ့ ကနေ သူ့ ကို တရား စွဲတော့ မှထွက်ပြေးသွား
ခဲ့တာဖြစ်ပါတယ်။ သူ့  ရဲ့  နောက်ဆုံးသတင်းကတော့ ဒေးဘစ် တယောက် ခိုးရာ
ပါငွေတွေကို ကားပေါ်တင်ပြီးချင်းမိုင်ကနေ မြန်မာနိုင်ငံ အတွင်းပြေးသွားပါပြီ။

ဒီလိုသူခိုးစိတ်ဓါတ်တွေနဲ့  အမျိုးသားနိုင်ငံရေးလုပ်နေကြလို့  ဘယ်ခရီးမှမရောက်ခဲ့


ဘဲ နယ်စပ်ဒေသများ မြေပိုင်-အိမ်ပိုင်-ကားပိုင်အရင်းရှင်တွေသာ တိုးတိုး လာ
ခဲ့ပါပြီကော။

ကျုပ်တို့ မြန်မာနိုင်ငံလိုဆင်းရဲသားများတဲ့ တိုင်းပြည်မှာတူညီတဲ့ ဘုံသဘောတူညီချက်ကိုပြပါဆိုရင် ကိုယ်လွတ်ရုန်းပြီး


အမြန်ဆုံးသူဌေးဖြစ်ချင်တဲ့ဆန္ဒပါ၊ လူများစုက ဒီလမ်းစဉ်အောက်ကိုရောက်နေတာဖြစ်ပါတယ်။ တကယ်အမျိုးသား နိုင်ငံရေး
ကိုသတ္တိရှိရှိနဲ့  ပြည်တော်ပြန်လုပ်ရဲကြတဲ့ အီ၈ျစ်နိုင်ငံကပြည်သူတွေကိုအကြောင်းကြား သိရတဲ့ အခါ မှာ ဗမာဟူက
ရှက်ကြောဖြတ် ခံထားရသလို ဘာမှအသိတရားရမှာမဟုတ်ပါနော်၊

တိုက်အခံတို့ နောင်ရေးမကောင်းလို့ ဖေါင်ပျက်ပြီဆိုရင်လဲ ရေကြည်မျက်နုရာသာ ထွက်သွားဘို ရ


ှိ့ပြီး တိုင်းပြည်ပြောင်းလဲဘို့ 
ပါးပါးနပ်နပ် အရှောင်အတိမ်းကောင်းကောင်း နဲ့  ဆက်လက်နာမည်ခံရပ်တည်နေကြမှာတော့ ကျုပ်တို့ အတိုက်အခံတွေပါ
လို့  ရေးသားရင်း-

ကိုကိုကျွန်

8888peoplepower vol 7-no 5 February 2011 [13]


၈၈၈၈ ပြည်သူ့ သတင်းစဉ် NO UNITY NO COUNTRY
ကျွန်တော်စစ်မှုမထမ်းချင်ဘူး အမေ
သားချစ်
http://chocolatemyotaw.ning.com/profiles/blogs/3019402:BlogPost:305432
8

အခုအချိန်မှာ ဒီအကြောင်းက လူပြောများနေတဲ့ အကြောင်းပဲ အမေ။ကျွန်တော်


ကလည်း အသက်ပြည့်ပြီးသားကောင်ဆိုတော့ အဲ့ဒီအကြောင်းကို တွေးမိတယ်
အမေ။ကျွန်တော်သာ စစ်မှူထမ်းရရင် ဆိုတဲ့အတွေးက ကျွန်တော့်ကို စိတ်ပျက်စေ
တယ်အမေ။ဘာတွေက ကျွန်တော့်ကို စိတ်ပျက်စေသလဲဆိုတာကို အမေနည်းနည်း
တော့ ရိပ်မိမယ်လို့ ထင်ပါတယ်အမေ။ ပထမဆုံးအနေနဲ့ ကျွန်တော် လက်နက်ကိုင်
ရတာကို မကြိုက်ဘူးအမေ။ပြီးတော့ သတ်ရဖြတ်ရတာကိုလည်း မကြိုက်ဘူးအမေ။
ကျွန်တော့်ဘဝမှာ အကြီးဆုံးသတ်ဖူးတဲ့အကောင်က ပိုးဟပ်ပါအမေ။ အဲ့ထက်ကြီးတဲ့
ကောင်ဆို ကျွန်တော် မသတ်ရဲသလို သတ်လည်း မသတ်ချင်ဘူးအမေ။

ပြီးတော့ တစ်သွေး တစ်သံ တစ်မိန့် ဆိုတဲ့စကားကို ကျွန်တော် အယုံအကြည်မရှိဘူး


အမေ။လူဆိုတာ ကိုယ့်အဓိပ္ပါယ်နဲ့  ကိုယ် ရပ်တည် ရှင်သန်နေကြတာပဲလေ။သူများပြောတဲ့ အတိုင်းလိုက်လုပ်နေရတာကို
ကျွန်တော် မကြိုက်ဘူးအမေ။ပြီးတော့ ကျွန်တော် မနက်အစောကြီးမထချင်ဘူးအမေ။ အမေ မရယ်ပါနဲ့ ။ကျွန်တော်
အိပ်ရေးမက်တာ အမေသိပါတယ်။ပြီးတော့ အချိန်ဇယားတွေကို ကျွန်တော်မုန်းတယ် အမေ။ကျွန်တော်သာ စစ်မှူထမ်းရရင်
ကျွန်တော်လုပ်ချင်တာတွေလည်း လုပ်ရတော့မှာ မဟုတ်ဘူးအမေ။ကျွန်တော်လုပ်ချင်တာတွေထဲမှာ တစ်ချို့ ကိစ္စတွေက
အရည်မရ အဖတ်မရလို့ ပြောလို့  ရပေမယ့် လုပ်ဖို့ တော့ လိုအပ်တယ်လို ကျွန်တော်ထင်တယ် အမေ။ဥပမာ-
သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဟိုဟိုဒီဒီလျောက်ပြောတာမျိုး၊ တချို့ ညတွေမှာ မိန်းကလေး အဆောင်တွေ
ရှေ့  မှာ ဂစ်တာတီးတာမျိုး၊ ကျွန်တော်သိပ်ကြိုက်တဲ့ ကိုလေးဖြူရဲ့ show ပွဲ သွားကြည့်တာမျိုး၊ တစ်နေကုန်
ဂစ်တာတီးနေတာမျိုး၊စာအုပ်ဖတ်နေတာမျိုး၊

ရုပ်ရှင်ကောင်းကောင်းတစ်ကေားလောက်ကြည့်နေတာမျိုး စသည်ဖြင့်ပေါ့အမေရယ်။ကျွန်တော်လုပ်ခွင့်ရှိမှာ
မဟုတ်တော့ဘူးအမေ။ပြီးတော့ တစ်ခုကျန်သေးတယ်အမေ။ဒီစကားက အမေ့ ဆီက မုန့် ဖိုးတောင်းကောင်းအောင်
ကပ်ချွဲနေတဲ့စကားမဟုတ်ပါဘူးအမေ။ကျွန်တော်စစ်မှူထမ်းနေတဲ့ အချိန်မှာ အမေ့ ကို ဘယ်သူ ပြုစုမှာလဲ အမေ။ပြီးတော့
ကျွန်တော့်အနေနဲ့ အလုပ်လုပ်ရတော့မယ်လေ အမေ။အလုပ်လုပ်ရမယ့် အချိန်မှာ စစ်မှူထမ်းနေရရင် ပိုက်ဆံက ဘယ်က
ရမှာလဲအမေ။ကျွန်တော်ရော အဖေရော စစ်မှူထမ်းနေတဲ့အချိန်မှာ အိမ်ရဲ့ စားဝတ်နေရေးကို ဘယ်သူက တာဝန်ယူမှာလဲ
အမေ။ စစ်မှူထမ်းနေတဲ့ အချိန်မှာ ကျွန်တော့်အနေနဲ့ ဘယ်လို အတတ်ပညာ အသိပညာတွေများရလာနိုင်မှာမို့ လို့ လဲအမေ။

ကျွန်တော့်အထင်တော့ သေနတ်ပစ်တတ်လာမယ်၊ ထမင်းချက်တတ်လာမယ်၊


လမ်းပိုလျောက်နိုင်လာမယ်၊သစ်ပင်ခုတ်တတ်လာမယ်၊ မြက်ပေါက်တတ်လာမယ်၊ အဆိုးဆုံးက လူတစ်ဖက်သားကို
ဘယ်လိုသတ်ရမလဲဆိုတာကို သိလာမယ်အမေ။ကျွန်တော့်မှာ အဲ့အတတ်ပညာတွေ မရှိလဲ ဖြစ်ပါတယ်။စစ်မှူထမ်းရမယ့် 
အချိန်ကာလကို တခြားနေရာတစ်ခုခုမှာသုံးလိုက်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်အမေ။ဥပမာ-
ဆိုက်ကားနင်းနေရင်တောင် ခြေသလုံးတွေ ကြီးလာနိုင်တယ် အမေ။ပိုက်ဆံလည်းရမယ်။သားလုပ်ချင်တာတွေလည်း
လုပ်နိုင်မယ်။ ကျွန်တော်ဒီလို ငြင်းနေလို့ ကျွန်တော့်ကို မျိုးချစ်စိတ်မရှိတဲ့ကောင်၊ နိုင်ငံကို ကာကွယ်ချင်စိတ်မရှိတဲ့ကောင်လို့ 
တော့ မထင်ပါနဲ့ အမေ။ စစ်တိုက်ချင်စိတ်ရှိမှ မျိုးချစ်စိတ်ရှိတာမဟုတ်ပါဘူးအမေ။ ကျွန်တော် ကိုယ့်နိုင်ငံကိုယ်ချစ်ပါတယ်
လူမျိုးကိုလည်းချစ်ပါတယ် ကမ္ဘာကြီးကိုလည်းချစ်ပါတယ်။အပိုတွေလျောက်ပြောနေတယ်လို့ မထင်ပါနဲ့ အမေ။မရောက်ဖူးတဲ့
ကြယ်လေးတွေကိုတောင် ချစ်တတ်တဲ့သူက သူနေတဲ့ နိုင်ငံကို ချစ်တယ်ဆိုတာကို အမေသံသယ မဖြစ်လိုက်ပါနဲ့ အမေ။
ဘာအကြောင်းကြောင့်နဲ့ မှ စစ်မတိုက်ချင်တဲ့သူကို စစ်မှူထမ်းခိုင်းလို့ လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး
အမေ။အဲ့ဒီတော့ ကျွန်တော့်ကို စစ်မှူမထမ်းခိုင်းပါနဲ့ အမေ။

ကျွန်တော် (လုံးဝ) စစ်မှူမထမ်းချင်ဘူးအမေ။

8888peoplepower vol 7-no 5 February 2011 [14]


၈၈၈၈ ပြည်သူ့ သတင်းစဉ် NO UNITY NO COUNTRY
ရာဇ၀င်ထဲကသူရဲကောင်း Hero in history .

ကင်းဝန်မင်းကြီးဦးကောင်း
မြန်မာ ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်သော စနစ်ကို ခေတ်နှင့် အညီ ပြုပြင်
ပြောင်းလဲကာ အနောက်တိုင်း နိုင်ငံများကဲ့သို့ အစိုးရ ၀န်ကြီးအဖွဲ့ဖြင့်
အုပ်ချုပ်ရေး စနစ်သစ်ကို လိုလားသူ ကင်းဝန်မင်းကြီး ဦးကောင်းသည်
မြန်မာနိုင်ငံ သမိုင်းတွင်သာမက မြန်မာ စာပေတွင်လည်း အထူးပင် ထင်ရှား
လှသော ပညာရှိ တစ်ဦးဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံး မင်းဆက်များ
ဖြစ်ကြသော မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ လက်ထက်တွင် နိုင်ငံ့တာဝန်ကို
စွမ်းစွမ်းတမံ ထမ်းရွက်ကာ ထင်ပေါ် ကျော်ကြားလှသော သတိုးမင်းကြီး
မဟာမင်းလှစည်သူ ဘွဲ့ခံ ကင်းဝန်မင်းကြီးမှာ ဗြိတိသျှတို့ အထက်
မြန်မာပြည်ကို သိမ်းပိုက် ပြီးစဉ် ခေတ်က လူသိအများဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။
အဖြစ်မှန်ကို မသိသူအချို့က “ ဦးကောင်းလိမ်ထုတ် သီပေါပြုတ် ” ဟူသော
စာအရ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ လက်သို့
လက်သိပ်ထိုး အပ်ခဲ့သည်ဟု အယူမှားကာ သိနားလည် ခဲ့ကြသည်။

အမှန်မှာ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် ခေတ်မမှီပဲ နောက်ကျကျန်ခဲ့သည့်


မြန်မာနိုင်ငံကိုခေတ်မှီတိုးတက်လျက်ရှိသောအခြားနိုင်ငံတို့နှင့်ရင်ဘောင်တန်း
နိုင်အောင် စီမံအုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ နိုင်ငံခြား ဆက်သွယ်ရေး ၊ ပြုပြင်
ပြောင်းလဲရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည့် ရှေးမြန်မာကြီး
များတွင် ကင်းဝန်မင်းကြီးသည် ထင်ရှားစွာ ပါဝင်ခဲ့လေသည်။ ယခု ပုလဲနှင့် ဆားလင်းကြီး မြို့နယ်များ ဖြစ်သော
ဗန့်ကျီတိုက်နယ် ၊ မင်းတိုင်ပင်ရွာဇာတိ ဖြစ်၍ အဖမှာ အတွင်းခြောက်စု နတ်သျှင်ရွေးတပ်တွင် အမှုထမ်းသော သွေး
သောက်ကြီး ဦးမှို ၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခု ၊ တပို့တွဲလဆန်း (၁၂) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။
ငယ်မည်မှာ မောင်ချင်းဖြစ်၍ ညီအစ်ကို မောင်နှမ (၇) ယောက်အနက် ဒုတိယသား ဖြစ်သည်။ အသက် (၇) နှစ်တွင်
ငှက်ပျောတော ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးစံထံတွင် ပညာသင်ကြား၍ အသက် (၁၀) နှစ်တွင် ရှင်သာမ ဏေ
ဖြစ်သည်။ မိမိဖခင်၏ တပ်တွင် အမှုထမ်းရန် တာဝန်ရှိသော်လည်း သာသနာ့ဘောင်သို့ တက်ရောက်သဖြင့် စစ်မှု
မထမ်းခဲ့ရပေ။ ရဟန်းဘွဲ့မှာ ဦးအာလောက ဖြစ်သည်။ ကိုရင် ဘ၀နှင့် ရဟန်းဘ၀တို့တွင် စာပေ ပရိယတ္တိတို့၌ လွန်စွာ
စိတ်အား ထက်သန်၍ ရဟန်းခံပြီး မကြာမီအတွင်း အမရပူရမြို့ သာသနာပိုင် ဗားကရာ ဆရာတော်၏ ကျောင်း
တိုက်တွင် သတင်းသုံးခဲ့သည်။

ပုဂံမင်းလက်ထက်တွင် လူထွက်ပြီင်္းနောက် သက္ကရာဇ် ၁၂၁၁ တွင် မင်းတုန်းမင်းသား၏ အိမ်တော်တွင် စွဲမြဲ ခစားသည်။


အိမ်ရှေ့မင်း၏ မင်္ဂလာအိမ်တော် ဘဏ္ဍာစာရေး ရာထူးဖြင့် အမှုထမ်းနေစဉ် မောင်ချင်းအမည်မှ မောင်ကောင်းဟု
အမည်ပြောင်းခဲ့သည်။ မင်းတုန်းမင်းတရားကြီး နန်းတက်တော် မူသောအခါ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရွာကို စားရ၍
ရွှေတိုက်စိုး အဖြစ် အမှုထမ်းရသည်။ ထို့နောက် လွှတ်တော်တွင် အမှာတော်ရေး ရာထူုးကို ဆက်လက်ထမ်းရွ က်စဉ်
ပုဂံမင်း၏ မိဖုရား (ကိုယ်လုပ်တော်) တစ်ဦးဖြစ်သော ဆင်ကြန်သခင်နှင့် လက်ဆက်ခဲ့သည်။ စာပေ ၀ါသနာ
ပါသည့်အလျောက် ပြုစုရေးသားခဲ့သဖြင့် နေပြည်တော်၌ပင် ကျော်ကြားခဲ့သည်။ အလုံမြို့ဝန်အဖြစ်နေစဉ်
အလုံမြို့သူကြီး ဦးအို ၏နှမ မရွှေမေနှင့် လက်ဆက်ခဲ့သည်။

၁၂၂၈-ခုနှစ်တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ပေါ်ပေါက်ခဲ့၍ အိမ်ရှေ့မင်း ကနောင်မင်းသား ကျဆုံးသဖြင့်


မင်းတုန်းမင်းသည် အလုံဝန် ဦးကောင်းအား နေပြည်တော်သို့ ပြန်လည် ခေါ်ယူတော်မူပြီးလျှင် မင်းကြီး မဟာစည်သူ
ဘွဲ့နှင့် ၀န်ထောက်တော် ရာထူုးဖြင့် အပါးတော်၌ ခစားစေသည်။ အရေးတော် အေးငြိမ်းသွားသည့် အခါ၌ ကြည်းကင်း
၊ ရေကင်းစသည်တို့ကို အုပ်ချုပ်ရန် ၀န်ထောက် ကင်းဝန်ရာထူးသို့ တိုးမြှင့်ပေးခဲ့လေသည်။ ထိုအချိန်မှစ၍
ကင်းဝန်မင်းကြီးဦးကောင်းဟု ထင်ရှား ကျော်ကြားလာလေသည်။ ကင်းဝန်ဆိုသည်မှာ နေပြည်တော် ၊ မြို့ကြီး ၊
ရွာကြီးများတွင် အကာအကွယ် ၊ အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ် ခန့်ခွဲရုံသာ မဟုတ်သေး ၊

8888peoplepower vol 7-no 5 February 2011 [15]


၈၈၈၈ ပြည်သူ့ သတင်းစဉ် NO UNITY NO COUNTRY
နယ်စပ်ဒေသတို့တွင် ကူးလူးဆက်သွယ် ရောင်းဝယ်နေကြသော ကုန်သည် ၊ ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍
အကောက်ခွန်များ စည်းကြပ်ရသည့် တာဝန်လည်း ပါဝင်လေသည်။

ဗြိတိန်နိုင်ငံနှင့် ပိုမိုရင်းနှီးစွာ တိုက်ရိုက် ဆက်ဆံနိုင်ရန် လည်းကောင်း ၊ ဥရောပတိုက်ရှိ အခြားနိုင်ငံများနှင့်လည်း


နိုင်ငံခြား ဆက်သွယ်မှု ရရှိရန်အလို့ငှာ လည်းကောင်း ၁၂၃၃ ခုနှစ်တွင် မင်းတုန်းမင်း စေလွှတ်သော သံအဖွဲ့ကို
ကင်းဝန်မင်းကြီး ဦးဆောင်၍ သွားရောက်ခဲ့သည်။ ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပ နိုင်ငံများသို့ ပထမဆုံး
စေလွှတ်ခဲ့သော သံအဖွဲ့ ဖြစ်သည်။ ဤသံအဖွဲ့၏ ဆောင်ရွက်ခဲ့မှုဖြင့် ပြင်သစ်သံအဖွဲ့ မန္တလေးသို့ ရောက်ရှိခဲ့သည်။
၁၂၃၅ တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့ တစ်ဖွဲ့ ထပ်မံ သွားရောက်ခဲ့ရာ
ဤအခေါက် သွားရောက်ခဲ့ခြင်းသည် ပြင်သစ် - မြန်မာ ဆက်ဆံရေးအတွက် များစွာ အကျိုးထူးဖွယ် ရှိသော်လည်း
အင်္ဂလိပ် - မြန်မာ ဆက်ဆံရေးကို များစွာ ဂယက်ရိုက်စေခဲ့သည်။ ကင်းဝန်မင်းကြီးသည် ဒီမိုကရေစီဝါဒ ထွန်းကားသော
အနောက်နိုင်ငံများသို့ သွားရောက် လေ့လာခဲ့သည့်အတိုင်း မိမိနိုင်ငံ တိုးတက်ရေးအတွက် အနောက်နိုင်ငံများကဲ့သို့
ဘုရင်၏ အာဏာကို ကန့်သတ်ကာ ၀န်ကြီးအဖွဲ့နှင့် တိုင်းပြည် ရေးရာများကို စီမံခန့်ခွဲနိုင်သည့် အုပ်ချုပ်ရေး စနစ်တစ်ခု
တီထွင်ရန် ကြိုးစားခဲ့သည်။ သို့ဖြစ်၍လည်း မင်းတုန်းမင်းကြီး နတ်ရွာစံ သောအခါ မိမိ၏ သြဇာညောင်းမည့်
သီပေါမင်းသားကို နန်းတင်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်.။ ၁၂၄၀ ပြည့်နှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက်
အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်ခဲ့သည်။ နိုင်ငံတော် အု ပ်ချုပ်ရေးကို (၁၄) ဌာန ခွဲပြီးလျှင်
ကင်းဝန်မင်းကြီးကမူ ကာကွယ်ရေး ဌာနဟူ ခေါ်ဆိုရမည့် ကြည်းတပ်ကို တာဝန်ယူ အုပ်ချုပ်ကာ နိုင်ငံတော်၏
ကာကွယ်ရေး ကို စီစဉ်ခဲ့လေသည်။

တိုင်းပြည်အုပ်ချုပ်ရာတွင်လည်း လွှတ်တော်တွင် အခွင့်အာဏာများ ပိုမို ရရှိအောင် ဆောင်ရွက်ခဲ့လေသည်။


လွှတ်တော် အစည်းအဝေးတို့တွင် ဘုရင် ကိုယ်တိုင်သော်လည်းကောင်း ၊ အိမ်ရှေ့မင်းသော်လည်းကောင်း
သဘာပတိအဖြစ် ဆောင်ရွက်မြဲ ဖြစ်သော်လည်း မြင်ကွန်း ၊ မြင်းခုံတိုင် အရေး ပေါ်ပေါက် ပြီးကတည်းက
ထိုအစဉ်အလာများ ပျက်ပြားသကဲ့သို့ ရှိနေရာ လွှတ်တော် အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးကသာ
ဦးဆောင်ခဲ့သည်။ အုပ်ချုပ်ရေးသစ်မှာ ဘုရင်၏ အာဏာကို ကန့်သတ်ရန် ရှိနေသဖြင့် ကန့်သတ်ခြင်း မခံလိုသူတို့
ဘက်မှလည်း အတိုက်အခံများ ပေါ်ပေါက်လာလေသည်။ သို့ဖြစ်၍လည်း သီပေါမင်း နန်းတက်ပြီး နောက်ပိုင်းတွင်
ကင်းဝန်မင်းကြီးမှာ တန်ခိုးမှိန်ကာ ဆင်ဖြူမရှင် ဦးစီးသော တိုင်တား မင်းကြီးတို့က သြဇာ ထက်၍ လာလေသည်။
ဤသို့အားဖြင့် အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှုများကို ကင်း ၀န်မင်းကြီး စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။
ကင်းဝန်မင်းကြီးသည် ဗြိတိသျှတို့၏ ခြေလှမ်းကို ကောင်းစွာ ရိပ်မိသည့်အလျောက် နိုင်ငံခြား ဆက်သွယ်ရေး
ကျားကွက် ရွှေ့မှု အောင်မြင်စေရန် ပြင်သစ်အစိုးရကို ကျားကောင် တစ်ကောင်အဖြစ် အသုံးပြုခဲ့လေသည်။

သို့သော်လည်း ပြင်သစ်တို့မှာ အနည်းငယ် တန်ခိုး မှိန်နေချိန် ဗြိတိသျှတို့၏ နယ်ချဲ့စီမံကိန်း


အရှိန်အလွန်ကောင်းနေချိန် ဖြစ်သည့်အပြင် မိမိ၏ လုပ်ဖော် ကိုင်ဖက်များ ဖြစ်သည့် လွှတ်တော် ၀န်ကြီးတို့ကို
မိမိအမြင်သို့ ပါအောင် ဆွဲဆောင် နိုင်စွမ်း မရှိခဲ့သဖြင့် ကင်းဝန်မင်းကြီူး၏ နိုင်ငံခြား ဆက်ဆံရေး မူဝါဒနှင့် လုပ်ငန်းမှာ
မအောင်မြင်ခဲ့ပေ။ ပြင်သစ်နှင့် မဟာမိတ် ဆက်သွယ်မှုများအား ဗြိတိသျှ အစိုးရက ပြင်သစ် အစိုးရအား ကန့်ကွက်ခဲ့ပြီး
ပြင်သစ်တို့ အခြေမစိုက်မီ မြန်မာနိုင်ငံကို လက်ရ သိမ်းယူနိုင်ရန် ၁၂၄၇ ခုနှစ်တွင် အကြောင်းရှာ တိုက်ခိုက်
သိမ်းပိုက်ခဲ့သည်။ အင်္ဂလိပ်တို့ ချီတက်လာစဉ်တွင် သီပေါမင်းအား လွတ်ရာသို့ ရှောင်တိမ်းကာ ပြန်လည် ခုခံရန်
ကင်းဝန်မင်းကြီး အကြံပေးခဲ့လေသည်။ သို့ရာတွင် ဆင်ဖြူမရှင် မိဖုရားကြီး နာမကျန်း ဖြစ်ခြင်း ၊ သမီးတော်များ
ငယ်ရွယ်ခြင်း စသည့် အကြောင်းများကြောင့် သီပေါမင်း ကိုယ်တိုင်က မထွက်ခွာလိုဟု ငြင်းဆန်ခဲ့သည်။ ထို့ပြင်
ဗြိတိသျှတို့ တောင်းဆိုသည်ကို ကျေအေးစွာ အပြည့်အစုံ ပေးမည်ဖြစ်ကြောင်း ၊ သတ္တ ၀ါတို့ အသက်မသေစေရန်
တိုက်ခိုက်မှု မရှိစေလိုကြောင်း အမိန့်ပေးသောကြောင့် အင်္ဂလိပ်တို့ ချီတက်လာရာတွင် ဟန့်တား တိုက်ခိုက်မှု မရှိရန်
စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တကယ် အင်္ဂလိပ်တို့ အလိုရှိနေသည်မှာ ကျန်ရှိနေသေးသော အထက်ဗမာပြည်
တစ်ခုလုံး ဖြစ်သည် ဆိုသည်ကိုမူ ကင်းဝန်မင်းကြီးရော ၊ သီပေါမင်းပါ မသိရှိခဲ့ကြပေ။

ကင်းဝန်မင်းကြီး နိုင်ငံခြားသို့ သံအဖြစ် မသွားမီ အဂ္ဂမဟာ သေနာပတိ ၀န်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ သီပေါမင်း
လက်ထက်တွင် သက်တော်ရှည်ဘွဲ့ ၊ သုဓမ္မဘွဲ့တို့ ရရှိခဲ့သည်။ နိုင်ငံခြားသို့ သွားရောက်စဉ်တွင် ပြင်သစ်သမ္မတက
တံဆိပ် တစ်ခုနှင့် အီတာလျံ ဘုရင်က ရင်သိုင်းနှင့် တံဆိပ် တစ်ခုကိုလည်းကောင်း ၊ ၀ိတိုရိယ ဘုရင်မက CSI
ဘွဲ့ထူုးဖြင့်လည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။

[1]
၃၀ ဇွန် ၁၉၀၇၊ အသက် ၈၆ နှစ် ၄ လ ၂၁ ရက်မှာ ကွယ်လွန်သည်။

8888peoplepower vol 7-no 5 February 2011 [16]


၈၈၈၈ ပြည်သူ့ သတင်းစဉ် NO UNITY NO COUNTRY
Public Health ပြည်သူ့ ကျန်းမာရေးး

ဂီတနှင့် ကျန်းမာရေး

ကိုယ်လက်လှုပ်ရှားမှုပြုလုပ် ချိန်မှာ တေးဂီတကိုနားထောင်တာဟာ


လူကိုပိုမိုတက်ကြွစေပြီး ပျော်ရွှင်စေပါတယ်။ ယခုနှစ်ပိုင်းတွင် သိပ္ပံနည်းကျ
လေ့လာတွေ့ရှိချက်များအရ တေးဂီတဟာ ကျန်းမာရေးအတွက်
များစွာအထောက်အကူ ပြုတယ်ဆိုတာ တွေ့ရပါတယ်။

ဂီတနှင့် နှုတ်မှုရေးရာ

လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှု တခုတည်းပြုလုပ်ရုံဖြင့်


သင့်ရဲ့စိတ်အခြေအနေနှင့် ဆုံးဖြတ်နိုင်မှုစွမ်းအားများကို တိုးတက်စေမည်ဖြစ်ပြီး
တေးဂီတနှင့်အတူ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ပါလျှင် ထိုအကျိုးကျေးဇူးများအပြင် သင့်ရဲ့နှုတ်မှုရေးရာပါ
တိုးတက်မှာ ဖြစ်ပါတယ်။ လေ့လာချက်များ အရ လေ့ကျင့်ခန်းလုပ်စဉ်အတွင်းမှာ တေးဂီတကို နားဆင်မည်ဆိုပါလျှင်
နှလုံးသွေးကြော ရောဂါရှိသူများတွင် နှုတ်မှုရေးရာ တိုးတက် လာတယ်လို့ သိရှိရပါတယ်။
နှလုံးသွေးကြောရောဂါရှိသူများတွင် ကျိုးကြောင်းဆီလျှော်အောင် တွေးခေါ်မှုအား လျော့ကျ နေတတ်တာကို
တွေ့ရပါတယ်။ လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှုများကို ဂီတနှင့်အတူ ပြုလုပ်သူတွေမှာ နှုတ်မှုရေးရာ
တိုးတက်မှုဟာ ကိုယ်လက်လှုပ်ရှားမှု တခုတည်းကိုသာ ပြုလုပ်သူများထက် နှစ်ဆမက တိုးတက်လာတာကို
တွေ့ရတယ်လို့ဆိုပါတယ်။

ဂီတနှင့် စိတ်ဖိစီးမှု

တေးဂီတဟာ ကိုယ်လက်လှုပ်ရှားမှုနှင့် တွဲဖက်၍ဖြစ်စေ မတွဲဖက်ဘဲဖြစ်စေ လူသားတို့ကို စိတ်ပိုင်းဆိုင်ရာကို ပုံမှန်


လည်ပတ်စေတယ်လို့ ဆိုပါတယ်။ ကျယ်လောင်ပြီး မြူးကြွတဲ့တေးဂီတတွေဟာ လူသားတို့ရဲ့စိတ်ကို
လန်းဆန်းတက်ကြွနေစေဖို့ လှုံ့ဆော်ပေးပြီး ၊ နူးညံ့ညင်သာတဲ့ တေးသွား အေးအေးများကတော့ အိပ်မောကျအောင်
ဖန်တီးပေးတတ်ပါတယ်။ယခုနှစ်များမှာ တေးဂီတဟာ အနာကျက်မှုကို ပိုမိုမြန်ဆ န်စေတယ်ဆိုတာကို
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ က သဘောပေါက်လာကြပါတယ်။ တေးဂီတရဲ့ သံစဉ်၊ စာသား၊ လှိုင်းအနိမ့်အမြင့်
စတဲ့ အရည်အသွေးတွေက ဝေဒနာရှင်တွေကို အတိုင်းအတာတစ်ခု အထိ ငြိမ်းချမ်းစေပြီး
ပုံမှန်ကျန်းမာရေးအခြေအနေကို အမြန်ပြန်ရောက်အောင် လုပ်ဆောင်ပေးနိုင်တယ် လို့ ကလေးအထူးကု
ဆရာဝန်တစ်ဦးဖြစ်တဲ့ Linda Fisher က ဆိုထားပါတယ်။ ဥပမာ၊ စောင်းသံချိုချိုဟာ နှလုံး ဆိုင်ရာနဲ့ပတ်သတ်ပြီး
ရောဂါရှိသူများအတွက် များစွာအထောက်အကူ ပေးပါတယ်။ Harvard တက္ကသိုလ်မှ လေ့လာချက်များအရ
နှလုံးခုန်ချက်တွေဟာ classical music နဲ့အတော်လေးကို ဆင်တူပြီး စောင်းသံချိုချိုကလည်း နှလုံးခုန်ချက်တွေကို
ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် ၁၉၉၀ နှစ်များက လေ့လာချက်အရ တေးဂီတဟာ
ခွဲစိတ်ကုသနေတဲ့ ဝေဒနာရှင်တွေရဲ့ နှလုံးခုန်နှုန်းတွေကို လျော့ကျစေပြီး၊ သွေးပေါင်ချိန်နှင့် အသက်ရှုနှုန်းတို့ကို
ပုံမှန်ဖြစ်စေတယ်လို့ သိရပါတယ်။

တေးဂီတနှင့် မိခင်လောင်း စိတ်ဖိစီးမှု၊ စိတ်ကျမှုနှင့် စိတ်ပူပန်မှုများဟာ ကိုယ်ဝန်ဆောင်များအနေနှင့် အများဆုံး


ရင်ဆိုင်ရတဲ့ ပြသနာတွေဖြစ်ပါတယ်။ ယခုနှစ်ပိုင်းတွင်လေ့လာချက်များအရ နူညံ့ညင်သာသော တေးသွားများကို
နားထောင်တဲ့ ကိုယ်ဝန်ဆောင် များမှာ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုနှင့် စိတ်ကျရောဂါဖြစ်မှုတို့ကို လျော့ကျစေတယ်လို့
ဆိုပါတယ်။ ထို့အပြင် ကိုယ်ဝန်ဆောင် မိခင်များတွင် စိတ်ကျမှုကို သက်သာစေရန် သုံးသော ဆေးများဟာ
ရင်သွေးငယ်ကို ထိခိုက်စေတယ် မထိခိုက်စေဘူးဆိုတာ ယခုထိတိုင် အတိအကျ မသိနိုင်သေးပဲ ရှိနေပါတယ်။
ဒါကြောင့် ဈေးလည်းသက်သာ ရိုးရှင်းတဲ့ ကုသမှုတစ်ခုဖြစ်တဲ့ တေးဂီတကို နားထောင်ပေးခြင်းဖြင့် ဝေဒနာခံစားမှုကို

8888peoplepower vol 7-no 5 February 2011 [17]


၈၈၈၈ ပြည်သူ့ သတင်းစဉ် NO UNITY NO COUNTRY
သက်သာစေမှာဖြစ်တဲ့အပြင် မိမိရင်သွေးကိုလည်း စိတ်ကျပျောက်ဆေး ဆိုးကျိုးများရဲ့ဒါဏ်မှ
ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ထို့ပြင် တေးဂီတကို နားထောင်ခြင်းဖြင့်

၁။ လေဖြတ်ထားသူတွေမှာ ခန္ဓာကိုယ် လှုပ်ရှားမှုကို


ကောင်းမွန်စေခြင်း
၂။ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း
၃။ အာရုံစူးစိုက်မှုကို အားပေးခြင်း
၎။ နာကျင်မှုကို သက်သာစေခြင်း
၅။ လူရော စိတ်ကိုပါ ပျော်ရွှင်စေခြင်း
၆။ စိတ်ဖိစီးမှုကို လျော့ကျစေခြင်း တို့ကို ဖြစ်စေပါတယ်။

ဘယ်လို တေးဂီတမျိုးကို နားဆင်သင့်ပါသလဲ ။


အထက်မှာဖော်ပြထားတဲ့အတိုင်း ကျယ်လောင်ပြီး
မြူးကြွတဲ့တေးဂီတတွေဟာ လူသားတို့ရဲ့စိတ်ကို
လန်းဆန်းတက်ကြွနေစေဖို့ လှုံ့ဆော်ပေးပြီး ၊
နူးညံ့ညင်သာတဲ့ တေးသွား အေးအေးများကတော့
၎။ သင့်ရဲ့ လက်ရှိအချိန်တွေဟာ
အိပ်မောကျအောင် ဖန်တီးပေးတတ်တာမို့ မိမိတို့
ပြိုင်ဆိုင်မှုများနဲ့ပြည့်နှက် နေမယ်ဆိုရင် သင့်ရဲ့
စိတ်အခြေအနေနဲ့ သင့်တော်တဲ့ တေးဂီတအမျိုးအစား
ပင်ပန်းနွမ်းနယ်မှုများကို ကျော်လွှားစေမှာဖြစ်ပြီး သင့်ရဲ့
ကို ရွေးချယ် နားဆင်နိုင်ပါတယ်။
စိတ်လှုပ်ရှားမှုများကို ထိန်းကျောင်းပေးမှာဖြစ်ပါတယ်။

နူးညံ့ညင်သာတဲ့ တေးသွားများအပြင်
ဒါကြောင့် သင့်ကိုယ်သင့် တေးဂီတနဲ့အတူ လေ့ကျင့်
သဘာဝအသံကလေးများဖြစ်တဲ့ ငှက်ကလေးများရဲ့အသံ၊
ခန်းမှန်မှန် လုပ်ဖို့ရာ တိုက်တွန်းခြင်းဟာ အာဟာရပြည့်
မိုးတစိမ့်စိမ့်ရွာသံ၊ ဖားအော်သံနှင့် ပင်လယ်ရေလှိုင်း
ဝတဲ့ အစားအသောက်များကိုနေ့စဉ်စားသုံးခြင်းလိုပဲ
ခတ်သံများ ဟာလည်း စိတ်ဖိစီးမှုကို
အရေးကြီးပါတယ်။။
လျော့ကျစေနိုင်ပါတယ်။ နူးညံ့တဲ့တေးသွားတွေဟာ
ဝေဒနာရှင်တွေရဲ့စိတ်ကို ပြေလျော့စေပြီး ဆေးကုသမှု၊
ခွဲစိတ်ကုသမှုများကို အထောက်အကူဖြစ်စေပါတယ်။

ဘယ်လိုအကျိုးကျေးဇူးများကို ရစေပါမလဲ။ တေးဂီတနှင့်


ကိုယ်လက်လှုပ်ရှားမှု ပေါင်းစပ်ခြင်းဖြင့်သင့်အား …

၁။ သင်ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း
မလုပ်သေးပေမယ့် အတန်အသင့် လှုပ်ရှားနေချိန်
အတွင်းမှာ သင်ရဲ့ ပင်ပန်းမှုတွေကို ၁၀ %ထိ
လျှော့ချပေးမှာဖြစ်ပါတယ်။

၂ ။ သင့်ရဲ့စိတ်ကို တေးဂီတက လွှမ်းမိုးနေချိန်မှာ


သင့်ရဲ့တွေးခေါ်မှုတွေဟာ အကောင်းမြင်ဝါဒဘက်မှာ
ရှိနေမှာ ဖြစ်ပြီး စိတ်တက်ကြွမှု၊ ပျော်ရွှင်မှုများနဲ့ သင်ဟာ သင်.တတိုင်းပြည်လုံးကို
ဘ၀ကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တေးဂီတဟာ
သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ မောပန်းနွမ်းနယ်မှု၊ ကူညီမည်ဆိုပါက
ဒေါသ ၊ တွေဝေခြင်းတို့ကိုလည်း
လျော့ကျစေမှာဖြစ်ပါတယ်။
စစ်တပ်အင်ပါရာကျဆုံးအောင်
အရင်ဆုံးလုပ်ပါ။
၃။ ကောင်းမွန်ပျော်ရွှင်စရာ ကောင်းတဲ့
သွေးပူလေ့ကျင့်ခန်း ကိုပေးပါလိမ့်မယ်။
8888peoplepower vol 7-no 5 February 2011 [18]
၈၈၈၈ ပြည်သူ့ သတင်းစဉ် NO UNITY NO COUNTRY

Political cartoon ,

we fight for truth and justice in Burma.

၈၈၈၈ပြည်သူ့ သတင်းစဉ်သည် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပြည်သူ့ တိုက်ပွဲမြုင့်


တင်ရေးတွင် နည်းလမ်းတခုအနေနှင့် မိမိတို့  အသိစိတ်ဓါတ် ဖြင့် တိုက်ပဝ
ွဲ င်နေခြင်းဖြစ်သည်။

88peoplepower2010@gmail.com
-စာဖတ်သူအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ..။
8888peoplepower vol 7-no 5 February 2011 [19]

You might also like