8888 People Power

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 21

Actions for the nation

လူထုက တိုက်ပွဲဝင်ဘို့  အဆင်သင့်ဖြစ်နေပြီး…


ခေါင်းဆောင်တွေက သွေးကြောင်နေကြတာ။

8888peoplepower vol 7-no 7 march 2011 [1]


Action for the nation

ပြည်သူ့ သတင်းစဉ်ရဲ့  ဆန္ဒမွန် .

တော်လှန်သော အင်အားစုများ၏ လေးနက်စွာယုံကြည်ရမည့်အရာမှာ မိမိရွေးချယ်သည့်လမ်းကြောင်း အပေါ်တွင်


ဇွဲသစ္စာရှိစွာဖြင့် ဆက်လက်အကောင်ထည်ဖေါ်ရန်လိုအပ်ပါသည်၊ တော်လှန်ရေးကာလတွင် မိမိရပ်တည်ချက် နှင့်
လက်တွေ့ လုပ်ရပ်များသည် အပြောင်းလဲတခုဖြစ်စေမည့် အားကောင်း၍မှန်ကန်သော လှုပ်၇ှားမှုမျိုးတွင် ပါဝင်ပါတ်
သက်နိုင်မှသာရလဒ်ကောင်းတခုဖြစ်လာနိုင်ပါသည်။
မည်သည့်လမ်းကြောင်းဖြင့်သွားနေပါစေ ကျော်ဖြတ်နေရသော အခက်အခဲများဒါဏ် ခံနိုင်ရည်ရှိရမည်- ပါတ်ဝန်း
ကျင်ပြောင်းလဲမှုအခြေအနေပေါ်တွင် မိမိယုံကြည်နေသော လမ်းကြောင်းပေါ်မှနေ လွဲချော်မသွားစေရန် မိမိစိတ်ဓါတ်ပိုင်း
ဆိုင်ရာအား အားမြှင့်ထားဖို့ လည်းလိုပါသည် ။

ယုံကြည်ချက်အပေါ် ခိုင်မာစွာရပ်ခြင်း သစ္စာသည် ရန်သူအား အောင်နိုင်ခြင်း အတွက် စွမ်းအား တခုဖြစ်ကြောင်း


တော်လှန်သူ သူရဲကောင်းတို့ က သမိုင်းဝင်လုပ်ရပ်များဖြင့်  သက်သေပြသသွားခဲ့၏၊ မိမိတို့ နိုင်ငံအားကျွန်ပြုခဲ့ကြသော
နယ်ချဲ့ နိုင်ငံများ မည်မျှပင်အင်အား ကြီးမားစေကာမူ ဗမာတို့ ၏ တွန်းလှန်ရေးသွေးကား မျိုးဆက် အလိုက် သစ္စာမဖေါက်
လက်ဆင့် ကမ်းယူကာ ပုန်ကန်ခဲ့ကြသည် ၊ထို့ ကြောင့်ပင် နယ်ချဲတို့  ပြိုလဲခဲ့ရပေပြီ။

မိမိလူမျိုးခြင်း ကျွန်ပြုအုပ်ချုပ်ရေးခေတ်တွင် အမျိုးသားရေး တိုက်ပွဲဝင်သူများသည် စိတ်ဓါတ်ပိုင်း ခိုင်မာမှုအား နည်း


ခြင်း၊ မိမိဂုဏ်သက္ခာနှင့် ကိုယ်ကျိဲုးအတွက်ဦးစားပေးနေခြင်းကြောင့် ညီညွှတ်ရေးမတည်ဆောက်နိုင်ကြဘဲ အုပ်စုများကွဲ
လျှက် ဂိုဏ်းခွဲထွက်ခြင်းများမှနေေ၇ှ့ သို့ ဆက်၍ မတိုးနိုင်ကြတော့ပေ။

နိုင်ငံရေး-တော်လှန်ရေး အမည် ခံထားကြသော်လည်း လက်တွေ့ မှာ အပျော်အပါးလိုက်စားလျှက် ပေါ့ပေါ့ပါးပါးဖြင့်


ရေရှည်ရပ်တည်နိုင်သော အလုပ်များ ကိုသာလုပ် နေ၍မရ၊ ပြောင်းလဲမှုတခုရရှိရန် အမြင့်ဆုံးစွန့် စားကြမည့်အရေးတွင်-
ရှေ့  မှ စထွက်ကြမည့် တပ်ဦးခေါင်းဆောင် အမာခံများ ရှိရမည့်ကာလမှာ မိမိဖါသာ အာသာဖြေနေသော အပျော်တမ်း
လှုပ်ရှားမှုများက တပွဲတိုးလုပ်ရပ်ဖြစ်သဖြင့် အချိန်တိုအတွင်းမှာပင် ဇတ်သိမ်းသွားပေလိမ့်မည် ၊

သို့ ကြောင့်..မိမိတို့ ယုံကြည်ရာ လမ်းကြောင်းများပေါ်တွင် ပြတ်သားစွာ ရပ်တည်၍ ဆန့် ကျင်တိုက်ပွဲဝင်ရင်း သစ္စာခိုင်မှ


နိုင်မည်ဖြစ်ပါကြောင်း။။

သူကျွန်မခံ
နယ်ချဲရန်ကို တွန်းလှန်ဖြိုဖျက်
ဓါးသွားထက်တဲ့ ဆရာစံ

8888peoplepower vol 7-no 7 march 2011 [2]


Action for the nation

ပြည်သူ့ သတင်းစဉ် ၂၀၁၁ခုနှစ၊် မတ်လ အတွဲ (၇)-အမှတ(် ၇)

သူရဲကောင်းတွေ ထွန်းသည့်မြေ

‘မိမိကိုယ်ကို နာမည်ကြီးအောင်၊
ကြွယဝ
် အောင် လုပ်တတ်
သည်မှာ နိုင်ငံရေးမဟုတ်။
ကဗျာ
တိုင်းပြည်ကောင်း အောင်လုပ်
ဒါဗမာလေ
(စာမျက်နှာ-၁၁) တတ်မှ နိုင်ငံရေးဖြစ်၏’
တော်လှန်ရေး ခေတ်သမိုင်း
(စာမျက်နှာ-၁၂) အဆက်ဆက်
တွင် ရဲ ၀ံ့စွာ
မပြောင်းတဲလ
ူ့တွေ တော်လှန်ခဲ့ကြ
(စာမျက်နှာ-၄)
သည့်သူရဲကောင်း
ကင်တားနားဘာ အကြောက်ကြီးနေသည့် တပ်မတော် အပေါင်းအား
လုပ် ဦးညွှတ် ဂုဏ်ပြု
(စာမျက်နှာ-၅) 2-03-2011 ပြီးခဲ့သည့်လ ၂၇ ရက်နေ့၊ ည ၇ နာရီကျော်တွင် အင်းစိန်မြို့ ပါသည်။
အောင်ဇေယျ အိမ်ယာဝင်းရှိ တိုက်အမှတ် ၁ နှင့် ၂ ကြား၊ အိရွှေစင် စတိုး
ဝနှင့်ဘိန်းဖြူ ဆိုင်ဘေး ဗုံးကွဲကြောင်း ယခုလ ၁ ရက်နေ့ထုတ် အစိုးရသတင်း စာ၌
(စာမျက်နှာ-၆) ပါရှိ ခဲ့ပြီးနောက် ပိုင်း ရန်ကုန်မြို့ တိုင်းအတွင်းရှိမြို့ နယ်များတွင် စစ်တပ်
တက်ပြန်ပြီ နှင့်ရဲ ပူးပေါင်း၍ သံချပ်ကာကားများသုံးကာ ကင်းလှည့်နေပြီဖြစ် ကြောင်း
(စာမျက်နှာ-၇) သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲတဲ နေ့ညသန်းခေါင် အချိန်က
အလုံမြို့နယ် စောရန်ပိုင်အနောက်ရပ်ကွက် နှင်းဆီကုန်းလမ်းအိမ်အမှတ်
ဆောင်းပါး ၃၁ နေ စာရေးဆရာ ဆလိုင်းရွှေလင်းအား စရဖမှ ဦးဆောင်ပြီး အာဏာ
ပိုင်များ မြို့နယ်ရဲများဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ် ..။
ဓါးသွားနဲ့ လှေကား မိသားစုမှ သွားရောက်ရှင်းလင်း ပြောဆိုရာမှ နောက်တနေ့မှာ ပြန်လွတ်
(စာမျက်နှာ-၁၃) ပေးခဲ့ကြောင်း သိရှိရပါတယ်..။

သူရဲကောင်း နောက်ဆုံသတင်းများအရ ရန်ကုန်တိုင်း တိုင်းမူးနှင့် ရဲချုပ်တို့  အရေးပေါ်


ဗိုလ်အောင်ကျော် အစည်းအဝေးပြုလုပ်နေပြီး လာမည့်သင်္ကြန်ကာလအတွင်း အကြမ်းဘက်
(စာမျက်နှာ-၁၇) တိုက်ခိုက်မှုများ နှင့်နိုင်ငံရေးလှုံ့ ဆော်ပွဲများဖြစ်ပွားလာမည့်ကို ကြိုတင်
ကာ ကွယ်ရန် လှုံခြုံရေးဝန်ထမ်းများအား အကြမ်းဘက်နိမ်နင်းရေး
ဆေးပညာပေး အဆင့်မြင့် လက်နက်များတပ်ဆင်၍ အသင့်ပြင်ထားရန် နေပြည်တော်က
ညွှန်ကြားထားကြောင်း၊ ၄င်းအပြင် အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ 
စိတ်ဓါတ်မကျနဲ့ 
မှအဖွဲ့ ဝင်များက နယ်စပ်ရှိ အတိုက်အခံအင်အားစုများအကြား ထိုးဖေါက်
(စာမျက်နှာ-၁၉)
ဝင်ရောက်ခါ ဖေါက်ခွဲရေးဆိုင်ရာသတင်းအချက်လက်များအား ထောက်
လှမ်းရန် စေလွတ် မည်ဖြစ်ကြောင်းသိရသည်။
လေထန်ကုန်း
ဆူပါလေ

ပြည်သူတရပ်လုံး တွန်းလှန်မှ စစ်တပ်အုပ်ချုပ်ရေး ကျဆုံးမည်။


8888peoplepower vol 7-no 7 march 2011 [3]
Action for the nation

Lengtong Netwww.lengtong.net by Lengtong Net Groups of Zomi


ဇိုးမီးတိုင်းရင်းသားများ သွေးစည်းခိုင်မာရေးကွန်ရက်

စစ်အစိုးရ လူဟောင်းများ ၀န်ကြီးနေရာများ ကိုဆက်


လက်ရယူ
ပြီးခဲ့သည့် သီတင်းပတ် အတွင်း သမ္မတ နှင့် ဒုတိယ သမ္မတ နေရာ
များ ကို ထိန်းချုပ် ခဲ့ပြီး နောက်ယနေ့ သမ္မတ က အစိုး ရ အဖွဲ့ သစ်
၏ ၀န်ကြီးများ ကို အတည် ပြုခဲ့သည်။ ၀န်ကြီးဌာန (၃၄) ခုရှိပြီး
ဝန်ကြီး အယောက် (၃၀) ရှိကာ (၉၂) ရာခိုင်နှုန်း ၀န်ကြီးများမှာ
မြန်မာစစ်အစိုးရ၏ နအဖ၀န်ကြီးဟောင်းများဖြစ်ကာ အရေးပါသည့်
ဝန်ကြီးဌာနများကို ထိန်းချုပ်ထားသည်

အစိုးရ အဖွဲ့သစ် တွင် ကြံ့ဖွတ် ပါတီ ၀င်မဟုတ် သည့် အရပ်သား


လေးဦး သာပါရှိသည်။ရန်ကုန်မြို့ တော်ဝန် ဦး အောင်သိန်း လင်း နှင့်
ယခင် ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဟောင်း ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေ တို့ မှာ လွှတ်တော် အစည်းအဝေး မကျင်းပခင်က ၀န်ကြီး ဌာန များ ၏ အကြီးအကဲ ဖြစ်မည် ဟု
ရေပန်းစား သော်လည်း ယနေ့ ထွက်ပေါ်လာသည့် သတင်းများ အရ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ချန်လှပ် ထား ခဲ့ သည်

တရုတ်နယ်စပ် မြန်မာ အကောက်ခွန်ရုံး၌ မပေါက်ကွဲ သေးသည့်


ဗုံးများတွေ့
တရုတ်နယ်စပ်အနီးရှိ ကချင်ပြည်နယ် လွယ်ဂျယ်မြို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO တပ်မဟာ ၃
အကောက်ခွန် ရုံးဝင်းအတွင်း ဖေဖေါ်ဝါရီ ၂၆ ရက် ဋ္ဌာနချုပ်နှင့် မလှမ်းမကမ်း၌ တည်ရှိရာ ယခု ဗုံးတွေ့
နံနက် ၈ နာရီကျော်ခန့်က မပေါက်ကွဲ သေးသည့်ဗုံးများ ရှိသည့် ကိစ္စအား နအဖက KIO အဖွဲ့ထံ အကြောင်း
တွေ့ရှိကြောင်း သိရသည်။ ကြားထားပြီး လက်သည် တရားခံဖေါ်ထုတ် နိုင်ခြင်း
မရှိသေးကြောင်း သိရသည်။ “ကေအိုင်အို ဘက်လဲ
ဗုံး ၄ လုံးပါသည့် အိတ်တစ်လုံးကို လွယ်ဂျယ်မြို့ ဗုံးတွေတွေ့ တယ်ဆိုတာတော့ အကြောင်း ကြား
မြန်မာအကောက်အခွန်ရုံးဝင်းအတွင်း တွေ့ရှိခြင်း ထားတယ်။ ထင်မြင်ချက်တော့ မပြောဘူး။ ဘယ်သူ့
ဖြစ်ပြီး နအဖက လုံခြုံရေးတင်းကြပ်ထားကြောင်း လက် ချက်လည်း ဆိုတာ တော့ ပြောဖို့ခက်တယ်။
တရုတ် နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင် သတင်းကတော့ အမျိုးမျိုးထွက် နေတာ။ ဒေသခံ
ကျော်ဇောက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။“ တွေထဲ က မကျေနပ်လို့ လုပ်တယ် ဆိုတာမျိုး
ဘာဗုံးတွေလည်းဆိုတာတော့ မရှင်းဘူးဗုံး ၄ လုံးတွေ့ ကုန်သည်တွေ ထဲကလဲ မကျေနပ်လို့ လုပ်တာမျိုးအဲလို
တယ် အိတ်တစ်လုံးထဲထည့်ပြီး သွားပစ်ချထား တာပေါ့ ထွက်တယ်”- ဟု ဆိုသည်။
အဲဒါဖြစ်ပြီး နောက်ပိုင်းသူတို့ (နအဖ) တပ်အင်အားတွေ
တိုးချလာတယ်။ အမှုဖွင့်ပြီး တရားခံရှာတာပေါ့ ” ဟု
သူက ဆိုသည်။လွယ်ဂျယ်မြို့သည်

8888peoplepower vol 7-no 7 march 2011 [4]


Action for the nation
မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ကင်တားနား မကြာမီ အစီ
ရင်ခံမည်
VOA - 10 hours 1 min ago

၁၆ ကြိမ်မြောက် ကျင်းပတဲ့ လူ့အခွင့်အရေး


ညီလာခံအတွင်း လာမယ့် မတ်လ ၁၄ ရက်နေ့မှာ
တော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး
ကင်တားနား (Mr. Thomas Ojea Quintana) က
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့
ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီကို အစီရင်ခံ
တင်ပြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ
အသွင်ကူးပြောင်းမှုတွေ လုပ်ပါ့မယ်၊ နိုင်ငံရေး
အကျဉ်းသားတွေကိုလည်း လွှတ်ပေးပါ့မယ်လို့
မြန်မာအာဏာပိုင်တွေက ကတိက၀တ် ပြုခဲ့ပေမဲ့
မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး တိုးတက်မှုတွေ ဘာမှ မတွေ့ရသေးဘူးလို့ မစ္စတာ ကင်တားနားက
သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်ခေါ်ယူပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပေမဲ့ လူ့အခွင့်အရေးနဲ့


ပတ်သက်လို့ တိုးတက်မှုကို အခုအချိန်အထိ မမြင်ရသေးဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ လာမယ့်
အစိုးရသစ်၊ အာဏာပိုင်သစ် အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အစိုးရ လုပ်ငန်းစဉ်တွေထဲမှာ အစီအစဉ်တခု အနေနဲ့
ထားသင့်သလို ကုလသမဂ္ဂနဲ့လည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ သူက အကြံပြုပါတယ်။ ဒါပေမဲ့
အခုအချိန်အထိတော့ အားရစရာ မတွေ့သေးပါဘူးလို့ သူက အခုလို ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ပါ့မယ်လို့ ကတိပြုထားပေမဲ့ လူ့အခွင့်အရေး အခြေအနေ


တိုးတက်ပြောင်းလဲမှု မရှိပါဘူး။ မြန်မာနိုင်ငံတွင်း အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းပါပဲ။
လွှတ်တော်ခေါ်ယူပြီ ဆိုတာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါ့မယ်လို့ မြန်မာအာဏာပိုင်တွေက ကတိပေးခဲ့တာ
ရှိပါတယ်။“ကျနော့်အနေနဲ့တော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့
အသစ်တက်လာမယ့် မြန်မာအာဏာပိုင်တွေ အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ စဉ်းစားလိမ့်မယ်လို့
မျှော်လင့်ပါတယ်။ ဒါကြောင့် အာဏာပိုင် အသစ်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာလည်း
စောင့်ကြည့်ချင်ပါတယ်။”မစ္စတာ ကင်တားနား အနေနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို
သွားရောက်လေ့လာဖို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် အခု
လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့အခါ လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို ထင်ဟပ်နိုင်ပါ့မလား
စဉ်းစားစရာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ မသွားနိုင်ပေမဲ့ အိမ်နီးချင်း ဒေသတွင်းအထိ သွားပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့
လေ့လာစုံစမ်းတာတွေ၊ အချက်အလက် စုဆောင်းတာတွေ လုပ်ခဲ့တယ်လို့
ပြောပါတယ်။

DKBA အရာရှိများအား ဖမ်းဝရန်းးထုတ်

နယ်ခြားစောင်တပ်လက်မခံသော ကရင်လက်နက်ကိုင်အဖွဲ့ စညများပါ်းမှ


အရာရှိတချို့ အား မြ၀တီနှင့်ကော့ကရိတ် မြို့  နယ်ရဲစခန်းများတွင်း ဓါတ်ပုံများ
နှင့်တကွ ဖမ်းဆီးမိန့် ထုတ်ပြန်ထားကြောင်းသိရသည်။ အဆိုပါအမည်စာရင်းတွင်
DKBA ဗိုလ်မူးနှစ်သီးဖြစ်သည့် စန်းအောင်နှင့် ကျော်သက်နံမည်များပါရှိပြီး ၄င်းတို့ 
အားတွေ့ ရှိပါက သက်ဆိုင်ရာ ရဲစခန်းများတွင် သတင်းပေးတိုင်ကြားနိုင်သည်ဟု ထုတ်ပြန်ထားသည်။

8888peoplepower vol 7-no 7 march 2011 [5]


Action for the nation
အမေရိကန်တွင် ဘိန်းဖြူဖမ်းဆီးရမှု၊ ဝ' တပ်မတော်နှင့်
ပတ်သက်

သန်းရွှေ လုပ်တဲ့ ရွေးကောက်ပွဲ ဝ ထိန်းချူပ်ရာနယ်မြေမှာ မလုပ်ဘူး ဒါမျိုးကျတော့ သန်းရွှေ အသံပိတ်နေတယ်။


ဒါကတော့ ရှင်းပါတယ် သူကိုယ်တိုင် ဝ အဖွဲ့နဲ့ စီးပွားရေးလုပ်ရင်လုပ် မလုပ်ရင် အဖေကြီးတရုတ် ကို
မလွန်ဆန်ရဲလို့ဘဲပေါ့။ ဘိန်းဆိုးကျိုးက ဘယ်လောက်ထိလဲဆိုတာ ခလေးကအစသိတယ်။ ဒါပေမဲ့ သန်းရွှေ
အသံမထွက်တော့ သူ့နောက်လိုက် ခွေးတွေလဲ ဘယ်လို အူရမှန်း၊ ဟောင်ရမှန်း မသိဘူးလေ။ အခုတော့ ဝ
လုပ်နေတာ တွေဟုတ်လို့ ပေါ်ကုန်ပြီ။ ခွန်ဆာ တုန်းကလဲ အမေရိကန် တောင်းတယ် သန်းရွှေ ပါးစပ်ထဲ ခွန်ဆာ
ဘယ်လို ခွံ့လိုက်လဲမသိဘူး သန်းရွှေ လေးသံပြောင်းပြီး တစ်သက်လုံး ခွန်ဆာလို့ ခေါ်လာတာကနေ ဦးခွန်ဆာ
တောင် ဖြစ်သွားသေးတယ်။ ဘာဘဲပြောပြော သန်းရွှေကို သောက်မြင်ကပ်နေတဲ့ အမေရိကန်အတွက်တော့
ပြသနာရှာစရာ တစ်ခုထပ်ရသွားတာပေါ့။

မဇ္ဈိမ သတင်းဌာန ။ ။ ကြွေဖြင့် ကြောင်ပုံလုပ်ထားသည့် အရုပ်များအား အမေရိကန် ပြည်ထောင်စု


နယူးယောက်မြို့ရှိ JFK လေဆိပ် အကောက်ခွန်နှင့် ယစ်မျိုးဌာနသိမ်းဆည်းရာဌာနက ဖမ်းဆီးခဲ့ခြင်းကား ထိုင်းနိုင်ငံမှ
၎င်းပစ္စည်းများ တင်ပို့ခဲ့သူအတွက်မူ သတင်းဆိုး ဖြစ်တော့သည်။တရုတ်နိုင်ငံမှ ပုံသွင်းအရုပ်များတွင် ဘိန်းစိမ်း ၁ဝဝ
ကီလိုဂရမ်နီးပါး ထည့်သွင်းထုပ်ပိုးထားပြီး၊ အကောက်ခွန် အရာရှိတဦးက ၎င်းပစ္စည်းများ ဖမ်းဆီးရရှိမှုသည်
ထိုင်းနိုင်ငံသာမက မြန်မာနိုင်ငံသို့ပါ ရိုက်ခတ်သွားခဲ့သည်။ အကြောင်းမှာ ၎င်းဘိန်းများ၏ မူရင်းအရပ်က မြန်မာနိုင်ငံ
ဖြစ်နေသည်။

အင်းလေးကန် ရေခန်းခြောက်လာမှု ဒေသခံ များ စိုးရိမ်ပူ ပန်လျက်ရှိ


Friday, 25 February 2011 19:00 |

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇- အင်းလေးကန် အတွင်းရှိရေများ


လျော့နည်းသွား၍ ဒေသခံများ စိုးရိမ်ပူပန်နေကြကြောင်း
သိရသည်။ အင်းသူအင်းသားတို့သည် အင်းလေးကန်
ရေခန်းခြောက်လာမှုကြောင့် ယမန်နှစ်ကကဲ့သို့ ဆိုးရွားလာမည့်
အခြေအနေကို စိုးရမ်ပူပန်နေကြခြင်း ဖြစ်သည် “မနှစ်က
အခြေအနေမျိုးတော့ ကျွန်မတို့ အဖြစ်မခံနိုင်ပါဘူး။ အင်းလေး
ဒေသက တာဝန်ရှိသူတွေဟာ လွှတ်တော်ကိစ္စတွေ
ရှိနေတာကြောင့် ဒီဘက်ကို မလှည့်နိုင်သေးဘူး။ လုပ်မှာပါ။
မနှစ်ကလို အခြေအနေမျိုးကို အဖြစ်မခံပါဘူး” ဟု
အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ အမျိုးသမီး
စည်းရုံးရေးမှူး ဒေါ်ခင်အုံးကြူက ပြောသည်

အင်းလေးကန်အတွင်းမှ ရေများသည် ပွင့်လင်းရာသီသို့ ဝင်ရောက်လာသည်နှင့် အတော်ပင် လျော့နည်းသွားခဲ့သော်လည်း


အဆိုပါ ရေလျော့နည်းမှုကို စီစဉ်နိုင်ရန်အတွက် လောပိတသို့ စီးဆင်းနေသည့် စကားအင်းတွင်
ရေအပြည့်အဝရှိနေကြောင်း သိရသည်။ “အင်းလေးကန်ထဲစီးဝင်တဲ့ သန်းဒေါင့်ငါးမြောင်းက ရေသိပ်မရတော့ဘူး။ အဲဒီမှာ
ခြံတွေလယ်တွေ လုပ်နေကြပြီဆိုတော့ ရေသုံးကြသလို အင်းလေးကန်ထဲ စီးဝင်တဲ့ အင်းတိမ်ချောင်း တစ်လျှောက်လဲ
ကြက်သွန်ဖြူ စိုက်ခင်းတွေ၊ လယ်တွေရှိတာကြောင့် ရေသုံးစွဲမှုတွေ ရှိလာတယ်။ ဒါတွေကြောင့် ရေက သိသိသာသာ
လျော့နည်းသွားတာပါ” ဟု ဒေါ်ခင်အုံးကြူက ဆက်ပြောသည် အင်းလေးကန်ရေခန်းခြောက်မှုသည် ဒီရေတောများ
ပျက်သုဉ်းခြင်း၊ ရာသီဥတု ဖောက်ပြန်မှုများနှင့် အပူချိန်မြင့်တက်လာမှုများကြောင့်ဟု သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝါဒီတို့က ပူပန်ခဲ့ကြပြီး အင်းလေးဒေသ စိမ်းလန်းစိုပြည်ရေးအတွက် FREDA မှ စီမံကိန်းများ
ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အင်းလေးကန်သည် ရှေးယခင်က ၁၂ မိုင် ကျယ်ဝန်းသည့် မြန်မာနိုင်ငံ၏
အကြီးဆုံးကန်ကြီးဖြစ်ခဲ့ပြီး တစ်စတစ်စ တိမ်ကောလာခဲ့မှုကြောင့် ယနေ့ကာလတွင် အင်းလေးကန်သည် ခုနှစ်မိုင်ခန့်သာ
ကျယ်ဝန်းတော့ကြောင်း သိရသည်

http://democracyforburma.wordpress.com
8888peoplepower vol 7-no 7 march 2011 [6]
Action for the nation
ပြည်သူကို ဖိနှိပ်တဲ့ အာဏာရှင်တွေကျဆုံးသွားအောင်လုပ်နိုင်တာလူထဘ
ု .ဲ .

ရန်ကုန်နဲ့ နယ်မြို့တချို့ စက်သုံးဆီ ဈေးတက်

VOA - 1 March, 2011 - 15:55

မြန်မာနိုင်ငံမှာ ဒီကနေ့ စက်သုံးဆီဈေးတွေ ဒီဇယ်နဲ့ ဓာတ်ဆီတွေ ဈေးတက်သွားတဲ့အတွက်


သိသိသာသာ မြင့်တက်သွားတာမို့ ရန်ကုန်မှာ ဒီဇယ်နဲ့ တက္ကဆီ တော်တော်များများ ဒီကနေ့ သိပ်မထွက်
ပြေးဆွဲနေတဲ့ ပုဂ္ဂလိက လိုင်းကားတချို့ ရပ်နား ဘူးလို့လည်း ဆိုပါတယ်။ ထွက်တဲ့ကားတွေ
လိုက်ရတာ ရှိသလို နယ်မြို့တွေမှာတော့ ကုန်တင် ဆိုရင်လည်း တက္ကဆီခ ဈေးမြင့်နေတာမို့ ကားငှား
ယာဉ်ခတွေ ပိုပြီး ဈေးတက်သွားတယ်လို့ သူတွေ သိပ်မငှားကြပါဘူး။ သူတို့လို လိုင်းကား
ကုန်သည်တွေက ပြောပါတယ်။ ဒီအကျိုးဆက်က တွေကတော့ မဖြစ်မနေ ပြေးဆွဲနေရပေမဲ့ မကိုက်ဘူးလို့
အရင်ကတည်းက ဈေးတက်နေတဲ့ ကုန်ဈေးနှုန်း ပြောသလို တချို့ ဒီဇယ်နဲ့ပြေးတဲ့ လိုင်းကားတချို့တော့
ကြီးမြင့်မှု အပေါ်မှာ ဘယ်လို ဂယက်ရိုက်နိုင်မလဲ ဆိုပြီး ဒီကနေ့ မထွက်ဘဲ ရပ်ထားတာတွေ ရှိတယ်လို့လည်း
လူတွေက စိုးရိမ် ပူပန်နေကြပါတယ်။ အပြည့်အစုံကို ပြောပါတယ်။
မသင်းသီရိက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရန်ကုန် အပါအ၀င် နယ်မြို့တွေမှာ ဒီကနေ့ ဓာတ်ဆီနဲ့


ဒီဇယ်ဆီ ဈေးတွေက ပုဂ္ဂလိက အရောင်းဆိုင်
တွေမှာရော အပြင် မှောင်ခိုဈေးကွက်မှာပါ တော်တော်
လေး ဈေးတက်သွားပါတယ်။ ဒီကနေ့ အဲဒီစက်သုံးဆီ ၂
ခုလုံး တဂါလံကို ကျပ် ၁,၀၀၀ ကျော်လောက်
ဈေးတက်သွားတယ်လို့ ရန်ကုန် ပုဂ္ဂလိက လိုင်းကား
ပိုင်ရှင် တဦးက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ စက်သုံးဆီ ဈေးနှုန်းကတော့ ဓာတ်ဆီ


ထုတ်ဈေးက ဆိုင်ထုတ်ဈေး ၂,၅၀၀ ပေါ့နော်၊ အပြင်မှာ
၃,၀၀၀ ကျော်တယ်။ အခုလက်ရှိ ဒီဇယ်ဈေးကကျတော့
ပုဂ္ဂလိကဆိုင်တွေ စလွှဲတုန်းက ၃,၀၀၀ နဲ့ ၀ယ်ရတယ်။
အခု လက်ရှိပေါက်ဈေးက ၄,၀၀၀ ဖြစ်နေတယ်၊ ဆိုင်က
တရားဝင် ၀ယ်တဲ့ဈေး။ လက်လီရောင်းတဲ့ ဆိုင်တွေနဲ့
နယ်ပို့တဲ့ ဆိုင်တွေမှာ ဈေးတအားတက်နေတယ်။”
8888peoplepower vol 7-no 7 march 2011 [7]
Action for the nation
ဘန်ကောက် UN ရုံး ရှေ့တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားရဟန်း
တော်များ ဆန္ဒပြ February 27

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ကုလသမဂ္ဂ ရုံးကြီး ရှေ့ တွင်


စာသင်သား ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား
ရဟန်းတော်များနှင့် ထိုင်း၊နီပေါနှင့်မြန်မာ စာသင်သား
စုပေါင်း၍ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ အတွင်း သာသနာရေးရာ
များကို ကာကွယ် စောင့်ရှောက် ပေးရန် ဆန္ဒပြ
တောင်းဆို ကြသည်။ မတ်လ ၅ ရက်နေ့ နေ့လည် ၁၀
နာရီကျော်မှ ၁၁ နာရီ ကျော် အထိ သံဃာတော် အပါး
၈၀ ခန့်တို့ လက်ကိုင် ပိုစတာများ ကိုင်ဆောင်ပြီး ဦးစွာ
ချီတက် လမ်းလျှောက် ကြသည်။ ထို့ နောက်
မေတ္တာပို့သ ကြပြီး ပိုစတာများ ကိုင်ဆောင်၍
ထိုင်သပိတ် ဆင်နွဲ့ကြသည်။

ဆန္ဒပြပွဲကို ဘန်ကောက်မြို့  ဖက်ကဆင်လမ်း ခွဲတွင် တည်ရှိသော ၀တ်တစ်လုံး ကျောင်းထိုင် ဆရာတော် ဘုရားကြီး


ကိုယ်တိုင် ဦးစီးဆောင်ရွက်တော် မူသည်။ အဆိုပါ ကျောင်းထိုင် ပုဂ္ဂိုလ်မှာ နိုင်ငံခြား စာသင်သား များကို မေတ္တာ
ဂရုဏာ ကြီးမား စွာဖြင့် လက်ခံ စောင့်ရှောက်တော် မူအပ်သော တစ်ပါး တည်းသော ထိုင်း လူမျိုး ဘုန်းတော်ကြီး
ဖြစ်သည်။
ဆရာတော်က “ ငါ့တပည့်တွေရဲ့ ရွာတွေ၊ဘုန်းတော်ကြီး ကျောင်းတွေ၊ ဗုဒ္ခဘာသာဝင်တွေကို သတ်ဖြတ်တယ်
ဆိုတာ သိရတယ်၊ ဓါတ်ပုံတွေ မြင်ရတယ်၊ သူတို့ တွေ စိတ်မချမ်းသာဘူး၊ ဒီ့ထက် ဆိုးတာက
သာသနာတော်အတွက် အထူးစိုးရိမ် ရတယ်။ အဲဒါကြောင့် ဘုန်းကြီးတို့  က နိုင်ငံတကာ မိသားစုတွေ ၀ိုင်းဝန်း
ကာကွယ် စောင့်ရှောက်ကြဖို့  လာရောက် တိုက်တွန်း ကြတာ ဖြစ်ပါတယ်” ဟု မိန့်တော်မူသည်။

တောင်သူလယ်သမားတွေအတွက် နစ်နာမှု

ရန်ကုန်တိုင်း-ပဲခူးတိုင်း(၉)မြို့ နယ်ကလယ်သမား ၂၀၀ကျော်က တက်လာတဲ့ အစိုးရသစ်အနေအနေနဲ့  တောင်


သူလယ်သမားတွေရဲ့ အခွင့်ရေးတွေပေးဘို့  အချက်(၆)ချက်ပါတဲ့ တောင်းဆိုချက်ကို မတ်လ(၂)ရက် နေ့ 
မှာတောင်းဆိုလိုက်ကြပါတယ်။

(၁)မိမိပိုင်လယ်မြေများကို လွတ်လပ်စွာပေါင်နှံရောင်းချခွင်းရရေး။

(၂)စစ်တပ်က လယ်မြေသိမ်းပိုက်ခြင်းခံရသည့် လယ်သမားအတွက်နစ်နာကြေးရရေး၊

(၃)မြေသြဇာအတုအပများမလုပ်ဆောင်နိုင်အောင်ဥပဒေပြဌန်းရေး။

(၄)အရင်းရှင်နှင့် စစ်တပ်ပေါင်း၍ လယ်ယာသုံးပစ္စည်းများအား မ၀ယ်မနေရစနစ်ဖြင့်အတင်းအကြပ် ရောင်းချနေ


မှုအားဖျက်သိမ်းရေး။

(၅) ခေတ်မှီစိုက်ပျိုးရေးနည်းပညာများ ဖြန်ဖြူးရေးနှင့် စစ်တပ်ရဲ့ မြေပိုင်ရှင်စနစ်ဖျက်ပေးဘို့ စတဲ့အချက်တွေ


တောင်းဆိုထားပေးမယ့် စစ်တပ်ဘက်ကမလိုက်လျှောရင် ဘာဆက်လုပ်မယ်ဆိုတာတော့ မထုတ်ပြန်သေးကြောင်း
သိရသည်။။

8888peoplepower vol 7-no 7 march 2011 [8]


Action for the nation

8888peoplepower vol 7-no 7 march 2011 [9]


Action for the nation

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီအင်္ကျီဝ တ်ဆင်


ထားသူများ ခြိမ်းခြောက်ခံရ

Monday, 28 February 2011 08:47 administrator

အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီအပါအ၀င်
ဒီမိုကရက်တစ် ပါတီများ၏ အထိမ်းအမှတ် တံဆိပ်များ
ပါဝင်သော အင်္ကျီ(တီရှပ်)ဝတ်ဆင်ထားသူအချို့မှာ
သက်ဆိုင် ရာရပ်ကွက် အာဏာပိုင်များ၏ ချိမ်းခြောက်
မှုကို ခံခဲ့ရကြောင်း ကိုယ်တွေ့ကြုံ ခဲ့ရသူအချို့ထံမှ
စုံစမ်းသိရှိရသည်" ဒီအင်္ကျီက ရွေးကောက်ပွဲကာ
လတုန်းက လိုက်ဝေတော့ရထား တာပါ။ ကျွန်တော့်
တို့အတွက်ကတော့ ဘာရယ်မဟုတ် ဘူး တစ်ထည် ဆိုတစ်ထည် ဝတ်ရတာပါဗျာ။ ဒါကို ခင်ဗျား ဒီအင်္ကျီဝတ်ထားရင်
အဖမ်းခံရမယ်၊ တရားမဝင်ဘူးလို့ ပြောတယ်ဗျ။" ဟု ဗဟန်းမြို့နယ်မှ အနှေးယာဉ်လုပ် သား တစ်ဦးက
ပြောကြားသည်။

၎င်းသည် NDF ပါတီ ခမောက်တံဆိပ်ပါ အင်္ကျီကို လုပ်ငန်းခွင်ဝင်နေစဉ် ဝတ်ဆင်ထားရာမှ ထိုသို့ရပ်ကွက်


အာဏာပိုင်များ၏ ခြိမ်းချောက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။အလားတူ RNDP ပါတီ၊ ကျားဖြူပါတီတံဆိပ်များပါ
အင်္ကျီများကို ဝတ်ဆင်၍ သွားလာသူအချို့လည်း ရပ်ကွက်အတွင်းမှ အာဏာပိုင် ဟု ယူဆရသူအချို့၏
စောင်းမြောင်းပြော ဆိုခြင်း၊ ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာ၊
လှိုင်သာယာစသည့် မြို့နယ်များမှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအချို့က ဆိုသည်။နိုင်ငံ တော်က
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားထုတ်လုပ်ဆောင်နေချိန်တွင် အောက်ခြေအာဏာ ပိုင်အချို့၏
ထိုသို့သော လုပ်ဆောင် မှုများမှာ နိုင်ငံတော်အစိုးရအပေါ် အထင်အမြင်လွဲမှားစရာများ ဖြစ်လာနိုင်ကြောင်း
နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

၂၀၁၁ ဘတ်ဂျက် စစ်အသုံးစရိတ် များလွန်း

VOA - 1 hour 1 min ago

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်တွေကို မြန်မာစစ်ကောင်စီက ခွဲဝေ ချမှတ်ပေးလိုက်တာမှာ


ကာကွယ်ရေးအတွက် အသုံးစရိတ်က စုစုပေါင်း အသုံးစရိတ်ရဲ့ လေးပုံတပုံနီးပါး ရှိပါတယ်။ တဘက်မှာတော့
ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ် နှစ်ခုပေါင်းရင်တောင် ၅% ကျော်ကျော်လေးပဲ သတ်မှတ်ထားပါတယ်။
စစ်ရေးဆိုင်ရာ အသုံးစရိတ်ဟာ ကျိုးကြောင်း မဆီလျော်ဘဲ များလွန်းလှပြီး ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍမှာ
အသုံးစရိတ်ငွေ နည်းလွန်းတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက် နစ်နာစေတယ်လို့ ဝေဖန်သူတွေက
ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့
ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမှာ
ပါဝင်တဲ့ အသေးစိတ် လျာထား သတ်မှတ်ချက်တွေကို အင်္ဂါနေ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်ပြန်တမ်းမှာ
ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကို ပြဋ္ဌာန်းတုန်းကလည်း အကျယ်တ ၀ံ့ ထုတ်ပြန်ကြေညာတာမျိုး မရှိခဲ့သလို
အခုလည်းပဲ သာမန် ပြည်သူလူထု များရာစုကြီး ဖတ်ခွင့်ရဖို့ ခက်ခဲလှတဲ့ ပြန်တမ်းမှာပဲ
ကြေညာခဲ့တာပါ။အဲဒီကြေညာချက်အရ စစ်ဘက် အသုံးစရိတ်ကို ဘဏ္ဍာငွေ တခုလုံး ရဲ့ ၂၃.၆%၊
ဈေးကွက်ပေါက်ဈေးအရ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ သန်း ၂,၀၀၀ ကျော် သုံးစွဲဖို့
သတ်မှတ်ပေးထားပါတယ်။ ကျန်းမာရေးအတွက် အသုံးစရိတ်ကို ၁.၃%၊ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်၊
ပညာရေးအတွက် အသုံးစရိတ်ကို ၄.၁၃%၊ အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး အသီးသီး သတ်မှတ်ထားပါတယ်

8888peoplepower vol 7-no 7 march 2011 [10]


Action for the nation

Political poem နိုင်ငံရေး ကဗျာ ...

ရသစုံလင်ပြည်သူ့ သတင်းစဉ်

8888 Follow First tweeted by burmazone

သူရဲကောင်းတို့ သွေးနဲ့ 
ခေတ်သစ်သမိုင်း
ခတ်ရိုင်းရိုင်းရေးခဲ့…..။

ပေးရင်ပေး.. မပေးရင်တိုက်
မိုကလ
ိုကတ
်ဲ့လမ်း
ကြမ်းသလားမမေးနဲ့ 

ဒါဗမာလေ….။
(သူရိယ)

8888peoplepower vol 7-no 7 march 2011 [11]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

တော်လှန်ရေးကဗျာ
အားလုံးက ပြောကြတယ်
ဒို့တွေဟာ တော်လှန်ရေးသမားတွေ..တဲ့
တော်လှန်စရာမရှိရင် ကိုယ့်ကိုယ်ကိုပြန်တော်လှန်ရမယ်..။

တချို့တွေကလည်း ပြောပြန်တယ်
တော်လှန်ရေးဟာ အပြားကြွယ်တယ်
ဒါကြောင့် အပြားလိုက်ပဲ ဖြစ်သင့်တယ်..။

တချို့ကတော့ ဆိုကြပါတယ်
တော်လှန်ရေးဆိုတာ အလျားကျယ်တယ်
ဒီအတွက် အလျားလိုက်ပဲ တော်လှန်သင့်တယ်..။

တချို့ကတော့ အမြင်ကတစ်မျိုး
တော်လှန်ရေးဆိုတာ အစဉ်အဆက်ပါ
ဒါကြောင့် စဉ်ဆက်မပြတ်တော်လှန်ရေးပဲကောင်းတယ်..။

တချို့တွေကတော့ အဆန်းဆိုတယ်
တော်လှန်ရေးဆိုတာ စက်ဝိုင်းပဲ
ဒီတော့ ပတ်ချာလည်တော်လှန်ဖို့ အားပေးပြန်တယ်..။

တချို့ကလည်း နှိုင်းယှဉ်ပြတယ်
တော်လှန်ရေးဆိုတာ အနုပညာပဲတဲ့
ဒါကြောင့် အနုပညာဆန်ဆန်တော်လှန်မယ်...။

တချို့ကတော့ ဒီလိုဖွင့်ဆိုတယ်
တော်လှန်ရေးဆိုတာ ကွင်းဆက်တွေ
ကွင်းဆက်တွေ ဆက်ပြီးတော်လှန်ကြမယ်..။

တချို့ကလည်း အတတ်ဟောတယ်
တော်လှန်ရေးဆိုတာ သိပ္ပံပဲ..
ဒီတော့ သိပ္ပံနည်းကျ တော်လှန်ရေးကို ချဉ်းကပ်စို့..။

တချို့ကလည်း တမျိုးတွေးကြတယ်
တော်လှန်ရေးဆိုတာ ချီတက်တာ
ချီတက်ရင်းတော်လှန်၊ တော်လှန်ရင်းချီတက်မယ်..။
တချို့ကတော့ နဲနဲဝင်ပြောတယ်
တော်လှန်ရေးဆိုတာ သချာင်္ပဲ
ဒါကြောင့် ပုစ္ဆာတစ်ပုဒ်ကစပြီး တော်လှန်တယ်..။
ဒါပေမယ့်...... အားလုံးက ပြောကြတယ်
ဒို့တွေဟာ တော်လှန်ရေးသမားတွေ..တဲ့
တော်လှန်စရာမရှိရင် ကိုယ့်ကိုယ်ကိုပြန်တော်လှန်ရမယ်..။
လဂွန်းအိန်/မျိုးသက်ပိုင်

8888peoplepower vol 7-no 7 march 2011 [12]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

ဓါးသွားလှေကားထစ်ရဲ့နောက်ကွယ် (ဆောင်းပါး)

Saturday, 19 February 2011 15:18 Nu Pan/KNG

လီဆတိုင်းရင်းသားလူမျိုးတွေဟာခရစ်ယာန် အဖြစ် ပြောင်းလဲလာကတည်းက နှစ်အတော်ကြာ “နတ်ပူဇော်ကျင်း ပတဲ့ရိုးရာ”


တွေကို လျစ်လျူရှုမေ့ပျောက် နေခဲ့ကြတာပါ။ဒီယဉ်ကျေးမှုတွေကို ကချင်ပြည်နယ်မြစ် ကြီးနား အာဏာပိုင် တွေနဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရိုးရာမပ ပျောက် သွားအောင်လို့ နတ်ပူဇော်ကိုးကွယ်ဆဲဖြစ်တဲ့ တရုတ်ပြည်က လီဆူလူမျိုးတွေနဲ့
တနိုင်ငံလုံးကလီဆူးများ အားလုံးကိုခေါ်ယူပြီး စီစဉ်ကျင်းပနေကြောင်း ဒေသခံက တွေက
ပြောပါတယ်။မိရိုးဖလာနတ်စားကာလက ကျင်းပ

ခဲ့ကြ တဲ့ လီဆူမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့ဖြစ်ခဲ့ကြတဲ့ ချွန်ထက်တဲ့ဓါးသွား ၅၀ ထက်မနည်းနဲ့ လှေကားထစ် လုပ်ထား


တဲ့အပေါ် နတ်ပူးတက်ပြတဲ့ပွဲကို နှစ်သစ်ကူးပွဲတော်နဲ့ပူးတွဲ လုပ်ဆောင်ပေးခြင်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ
ပထမဦးဆုံးအကြိမ် ကျင်းပနေတာဖြစ်တယ်လို့ ပါဝင်ခဲ့သူ ဒေသခံလီဆူအမျိုးသမီးက ပြောပါတယ်။မကြုံဖူးဘူး
အဲဒါသိသလောက်တော့သွားကြတာပဲ။ နတ်ကိုးကွယ်တယ်ဆိုတော့ ဒီမှာတော့မရှိတော့ဘူးလေ တရုတ်ပြည်ဘက်မှာ ပဲရှိကြ
တာကော။ ဘာလို့လဲဆိုတော့ အဲဒီမှာဓါးတက်ပွဲလို့ပြောတယ်လေ ဒီညကျတော့ မီးနင်း မယ်လို့ပြောတယ်။ စော်ဘွားမျိုးရိုး
တွေမှ တက်လို့ရတယ်တဲ့ ကျန်တဲ့အမျိုးတွေက တက်လို့မရဘူးလို့ပြောတယ်။ အခုဒီနတ်ပူဇော်တာ တွေဘာတွေကတော့
တရုတ်ပြည်ကလာတဲ့ လူတွေပဲလုပ်တာ ဒီကလူတွေကမလုပ်ဘူး။ အခုမီးနင်းတယ်ဆိုတာတွေ၊ လှေကားတက်တယ်
ဆိုတာတွေ အကုန်လုံးက တရုတ်ပြည်က လာတာလေ။ တရုတ်ပြည်က လူခူးဘက်မှာအုပ်ချုပ် တဲ့အရာရှိကြီးပေါ့
လီဆူထဲမှာအကြီးဆုံးတွေက လာပြီးမှ ဦးစီးဦးဆောင်ပြီးမှ လုပ်တာလေ။ခရစ်ယာန်ဘာသာကို ရိုသေကိုင်းရှိုင်းကြတဲ့
လီဆူလူမျိုးတွေကို အခုချိန်မှာမှနတ်စားခေတ်က ရိုးရာတွေပါထိန်းသိမ်းအောင် အာဏာပိုင်တွေက တိုက်တွန်းပြီးအား
ပေးအားမြှောက် သီးသန့်ခွဲထုတ်လုပ်ကျင်း ပပေးခြင်းဟာ အဓိကရည်ရွယ်ချက် ရှိနေတယ်လို့ ကချင်တိုင်းရင်း
သားထုရိုးရာကော်မတီအဖွဲ့ ကပြောပါတယ်။

ဘာ့ကြောင့်လဲဆိုရင် ကချင်တိုင်းရင်းသားထု စုပေါင်းဖွဲ့စည်းထားတဲ့ ယဉ်ကျေးမှုကော်မတီနဲ့ ခုလိုရိုးရာပွဲတော်တွေ


အတူတကွလုပ်လေ့ရှိပေမယ့် အာဏာပိုင်တွေက ကော်မတီကို ပါဝင်ပတ်သက်ခွင့်မပေးပဲ လီဆူလူမျိုးများအဖြစ်
သီးသန့်ခွဲထုတ်ပြီး ကူညီဆောင်ရွက်ပေးနေခြင်းဟာ အချင်းချင်းညီ ညွတ်မှုမရှိအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့
ယဉ်ကျေးမှုအဖွဲ့ဝင် တစ်ယောက်ပြောပါတယ်။“ဒီပွဲဟာ သူတို့အစွမ်းအစနဲ့လုပ်တာမဟုတ်ပါဘူး။
ဓါးသွားကိုလှေကားထစ်လုပ်ပြီးတက်တယ် သလောက်ချွန်ထက်တဲ့ ဓါးသွားပေါ်မှာဘယ်လိုလို့သာမာန်လူက
တက်နိုင်မှာလဲနတ်နဲ့လုပ်တာလေ။ နောက်ပြီး ခေါင်းပေါ်မှာအသီးတင်ထားပြီး လေးပစ်တာတို့ပါတယ်လေ ဒါကလီဆူတွေ
တရုတ်ပြည်မှာပဲလုပ်ကြတာ။ သူတို့ရဲ့ရိုးရာကိုချီးမြှောက်ပေးတယ်ဆိုတာ ကောင်းပါတယ် ဒါပေမယ့် အတူတကွပူးတွဲပြီးလည်း
လုပ်လို့ရတဲ့ဟာဖြစ်တယ်။ တကယ်လို့ သူတို့ ယဉ်ကျေးမှုပွဲတော်ဆိုရင် တိုင်းရင်းသားထု ယဉ်ကျေးမှုကော်မတီနဲ့
ပူးတွဲလုပ်ဆောင်ရတာ။ အမှန်ဆို မနောဝင်းကြီးမှာတောင်လုပ်လို့ရတယ်။ ဒါကြောင့် ဒီပွဲကတော့ သွေးခွဲအောင်စစ်အစိုးရက
အားပေးပြီးလုပ်ပေးတာဖြစ်တယ်။လတ်တလော ကချင်တိုင်းရင်းသားများထဲက လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့
ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာစစ်တွေကြား ပဋိပက္ခဖြစ်နေချိန်ဖြစ်ပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ချိန်
တိုင်းရင်းသားစည်းလုံးမှုအင်အားနည်း လာအောင် လူစုခွဲစည်းရုံးနေခြင်း ဖြစ်တယ်လို့ ဒေသခံနိုင်ငံရေးသုံးသပ်သူ
များကမြင်ပါတယ်။ခုလိုစစ်အစိုးရရဲ့ သွေးခွဲတဲ့စနစ်ဟာလည်း မြန်မာနိုင်ငံက တိုင်းရင်းသားများအားလုံးမှာရှိနေကြသလို

8888peoplepower vol 7-no 7 march 2011 [13]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

ခုလီဆူနဲ့ ကချင်ကြားထဲမှာလည်း ဘာမှမပတ်သက်ပါဘူး အဲလိုမျိုးကောက်တယ်လို့ ပြောတယ်။”ဒါပေ မယ့်ခုလိုပွဲ


ဆိုတဲ့ မတူညီ တဲ့ရိုးရာတွေနဲ့ စိတ်ဝမ်းကွဲအောင်စည်းရုံး တော်မျိုးကို မကြုံခဲ့ကြတဲ့လီ ဆူတိုင်းရင်းသားတချို့
နေခြင်းဖြစ်တယ်လို့ကချင်လူငယ်ခေါင်းဆောင်တစ်ယောက် တွေအတွက်ကတော့ အားရ ကျေနပ်ပြီး လီဆူလူမျိုး
ကခုလိုအမြင်ကိုသုံးသပ်ပါတယ်။ကျွန်တော့်အမြင်နဲ့ပြောရ တွေရဲ့ရိုးရာနဲ့ ဓလေ့ကိုလူများ ပိုသိလာပြီး ထင်ပေါ်တဲ့
ရင် ဒါကရှင်းပါတယ်။ အစိုးရရဲ့သွေးခွဲတာ အမျိုးမျိုး မျိုးနွယ် စုတမျိုးဖြစ်လာမှာကို လိုလားတယ်လို့ပြော
ကြုံနေရတာက ကျွန်တော်တို့ ကချင်ထဲမှာပဲ မဟုတ်ပါဘူး။ ပါတယ်။“အခုလီဆူရိုးရာဆိုတော့ လီဆူးတွေကဘယ်
တိုင်းရင်းသားလူမျိုးတိုင်းမှာ ဥပမာ ကရင်မှာဆိုရင်လည်း လောက်တိုးတက်တယ် လီဆူတွေပညာတတ်တာ ဘယ်နှစ်
စကောကရင်၊ ပိုးကရင်ကရင်ဗုဒ္ဒ၊ ကရင်ခရယာန်ဆိုပြီး ယောက်ရှိတယ် ဆိုတာပြခန်းတွေမှာ ပြထားတယ်လေ။
ခွဲခြားသလိုမျိုးပဲ ကျွန်တော်တို့ ကချင်မှာလည်း ဘာသာရေး ဘော်လုံးသမားတွေက ဘယ်လောက်၊ ဆရာဝန်တွေ
မှာရော ယဉ်ကျေးမှုမှာရော အဲလိုမျိုးအမျိုးမျိုး အခုလီဆူ ကဘယ်နှစ်ယောက်ရှိတယ်၊ နောက် အားကစားသမား
တိုင်းရင်းသားပွဲလုပ်တယ် ဆိုတာက ဒီယဉ်ကျေးမှုကို တွေက ထူးချွန်တဲ့လူကဘယ်လောက်ပေါ့၊ ပြီးရင်
အားပေးတယ်။ ယဉ်ကျေးမှုကို ဒီလိုမျိုးလုပ်ပေးတယ်ဆိုတာ အဆိုတော် တွေဘာညာပေါ့နော် ပြီးရင် အရင်တုံးက
က ကောင်းပါတယ် ဒါပေမယ့် ဒီလီဆူတိုင်းရင်းသားတွေရဲ့ စစ်တိုက်တဲ့အချိန်ပါခဲ့တဲ့ သူရဲကောင်းတွေအကုန်လုံး
ခံယူချက်ကသူတို့လုပ်ပေးတယ် အဲလိုမျိုးပဲသူတို့မြင်မှာ ပြခန်းမှာပြထားတာပေါ့နော်။ လီဆူလူမျိုးတွေလည်း
ဟိုကျယ်ကျယ်ပြန့်ပြန့်တော့ သူတို့မြင်မှာ မဟုတ်ဘူး။ သူများလူမျိုးတွေ လည်း ပိုပြီးမှ ပိုသိလာတာပေါ့။
ပွဲလုပ်ရရင်ကျေနပ်နေမှာပဲ။ ဒီနအဖအစိုးရက သူတို့ကို အရင်ကတော့ လီဆူလူမျိုးဆိုရင် လူတွေအကုန်လုံးက
သွေးခွဲတာ ပြီးတော့ကြံ့ခိုင် ရေးပါတီမှာ အများကြီးပါလာ အထင်သေးတာ ပေါ့နော်။ အခုကအဲလိုမျိုး
အောင် သူတို့စည်းရုံးတာ အဲလိုမျိုးပေါ့။ သူတို့ရဲ့မူအရ တစ်နှစ်တစ်ခါပွဲကျင်းပပြီးမှ လုပ်နိုင်တယ်ဆိုရင်တော့
လုပ်သွားတယ်လို့ပဲ ကျွန်တော်မြင် တယ်။မြန်မာစစ်အစိုး ပိုကောင်းမယ်လို့ထင်တယ်လေ။”ဒီလိုပွဲတော်ကို
ရဟာ ကချင်တိုင်းရင်း သားမျိုးနွယ်စုဖြစ်ကြတဲ့ ရ၀မ်နဲ့ မြစ်ကြီးနားမြို့လယ် ရမ်ဘိုရပ်ကွက် ခေမာသီရိမှာ
လီဆူလူမျိုးတွေကိုပြီး ခဲ့တဲ့ရွေးကောက်ပွဲမှာလည်း ကချင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ
ထဲကဖယ်ထုတ်ပြီး သီးသန့်ပါတီဖွဲ့ပေးခဲ့ပါတယ်။ ၄ရက်ကြာ ကျင်းပပြီး အာဏာပိုင်များဖက်ကမြောက်ပိုင်း
နောက်ပြီးရ၀မ်လူမျိုးထဲမှလည်း ဦးအဒန်ကို တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နဲ့
ရ၀မ်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အဖြစ် ပြည်သူ့လွှတ်တော် အမတ်သိန်းဇော်တို့ တက်ရောက်
လက်နက်ရိက္ခာ ကူညီထောက်ပံ့ပေးပြီး ပူတာအိုမှာ အားပေးကြည့် ရှုခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါ
တပ်ဖွဲ့စည်းပေးခဲ့ပါတယ်။နှစ်စဉ်နှစ်တိုင်းယဉ်ကျေးမှုကော်မ တယ်။ကချင်ပြည်နယ်နဲ့ တနိုင်ငံလုံးမှာရှိတဲ့ လီဆူလူမျိုး
တီက ဦးစီးပြီး တိုင်းရင်းသားစည်းလုံးမှုခွန်အားဖြစ်စေတဲ့ များအပြင် မြစ်ကြီးနားက ဒေသခံပေါင်းစုံ ဓါးတက်ပွဲကို
ကချင်ပြည်နယ်နေ့ မနောပွဲတော်ကိုလည်း ဒီနှစ်မှာကြံ့ခိုင် စိတ်ဝင်စားသူ၂သောင်းကျော်ခန့်လာရောက်ကြည့်ရှုခဲ့
ဖွံ့ဖြိုးရေးအဖွဲ့နဲ့ အာဏာပိုင်ခေါင်းဆောင်းများက စစ်တပ် ကြောင်း သိရပါတယ်။
အင်အားသုံးပြီး ဦးဆောင်ကျင်းပခဲ့တဲ့အတွက် အရင်နှစ်
တွေလိုလူထုကတက်ကြွစွာပါဝင်မှုမရှိပဲ
စိုးရိမ်ကြောက်လန့်နေခဲ့ရတယ်လို့
ဒေသခံတွေကပြောပါတယ်။အာဏာပိုင်တွေက
ခုလိုတိုင်းရင်းသားရိုးရာပွဲတော်တွေကိုဦး
ဆောင် ကျင်းပတယ်ဆိုလို့ နိုင်ငံတော်
ဘဏ္ဍာထဲက ကူညီပေးခြင်းမဟုတ်ပဲ
ငွေကြေးတတ်နိုင် သူများအပါဝင်
လူထုများဆီကအဓမ္မ ကောက်ခံ မှုတွေနဲ့
ပြုလုပ်ခဲ့တာဖြစ်ပြီး အခုကျင်းပနေတဲ့
လီဆူရိုးရာပွဲတော် အတွက်လည်း
ကောက်ခံမှုတွေရှိတယ်လို့
ဒေသခံလီဆူးအမျိုးသမီးက ပြောပါတယ်။“
သူတို့ရံဘုံငွေလည်း ကောက်တယ်တဲ့။
မုဆိုးမဆီမှာလည်း မရှိဘူးဆိုရင်လည်း ကျပ်
၅၀၀ လောက်ပေါ့နော် အဲလိုမျိုးကောက်ပြီး
မှ လုပ်တယ်လို့ပြောတယ်။ ရှိတဲ့လူက
သောင်းငွေ၊ သိန်းငွေပေါ့နော် မရှိတဲ့လူက
ငါးရာတစ်ထောင်ပေါ့နော်

8888peoplepower vol 7-no 7 march 2011 [14]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

လေထန်ကုန်း Air Power

ဆူပါလေ

‘အာဏာရှင်မွတ်ဆလင်နိုင်ငံက ပြည်သူတွေ အပ်ပရိုင်းဇင်း လာတာမြင်ရတော့ကျုပ်လေ.. ဘေဘီ အတွေး


နဲ့  ဆူပါမင်း သာဖြစ်လိုက်ချင်တယ်၊ဒါမှ..နေပူတော်ကို ဖလိုင်း သွား ပြီး ငသန်းရွှေရဲ့  ဖေ့(စ်) ကို နံ့ ပြားဖြစ် သွားအောင်
ပရက်(စ်) ပလိုက်ချင်တယ်ကွာ’…..။

တနေ့ သတွင် …မဲဆောက်ဈေးအတွင်း လက်ဖက်ရည်သောက်ရင်း ထိုသို့ ကြိမ်းးဝါးလိုက်ပါလျှင် တ၀ိုင်းထဲနေ ချစ်မိတ်


ဆွေများကား စကားပြောရာတွင် ဗိုလ်လိုညှပ်မပြောရန်သတိပေးလေ၏၊ အော်..ခေတ်ကြီးကဗိုလ်လို မှုတ်တတ်မှ
အထင်ကြီး တာဆိုတော့ကာ လေထန်လဲ တတ်သမျှလေး ထုတ်ကြွားကြည့်တာပါဗျ. ဆော်လီးဘဲ…ဟဲ.ဟဲ။ ဒီလိုလေ..
သူကများ တိုင်းပြည်တွေမှာ ပြည်သူတွေက ပြောင်းလဲဘို့ တိုက်ပွဲဝင်နေကြတော့.. ကိုယ့်တိုင်းပြည်မှာလဲ စစ်တပ်ကို
အမြစ်ဖြတ်လိုက် ချင်စမ်းပါရဲ့ ၊ ၈၈၈၈လုံးအရေးတော်ပုံမျိုး ပြန်ဖြစ်မှာထက် လေထန်တို့ တော့ တဦးတရောက်
ကောင်းနဲ့  သူရဲကောင်းတွေရွေးပြီးဖိုက်ချင် လို့ ပါ၊

ခေတ်သမိုင်းတလျှောက်သူရဲကောင်း တွေထွန်းတဲ့ လေထန်တို့ 


နိုင်ငံမှာ ဘိုးအေ တွေခတ်က ဗိုလ်ချုပ်နဲ့  ရဲဘော် သူရဲကောင်း
(၃၀) ပေါ်လာတာ ဘာဟုတ် သေးလဲ ..၈၈၈၈ ခေတ်မှာ ငယ်သား
တယောက် မှမပါဘူး၊ အား လုံးက ကျောင်းသား ခေါင်းဆောင်
ဗိုလ်တထောင်တွေပါဗျာ၊ မှတ်မှတ်ရရ..၈၈ကာလ
နယ်စပ်ဒေသကို ထွက်လာ ကြတုံးကလေ.. မှုန်ကုတ်ကုတ်
ဆံပင်ဘုတ်သိုက်နဲ့ လူ တယောက် ယောက်ကို လေထန်က မိတ်
ဆွေဖွဲ့ ဖို့  စကား စပ်ပြီးပြောကြည့်ပါတယ် အလိုလေး.. ကြောက်
စရာ ကောင်း လိုက်တာများ…။

“ကျုပ်နဲ့ မိတ်ဆွေမဖြစ်ချင်ပါနဲ့ ဗျာ..ခင်ဗျားနဲ့  ခင်ဗျားမိသားစု အားလုံးအတွက် အန္တရယ်ရှိ နိုင်တယ်..။” ခုတောင် ကျုပ်ကို


တပ်ရင်းသုံးရင်းနဲ့ လိုက်ရှာတာ လွတ် အောင် ပြေးလာရတာ…၊

ဘုရားရေ… မေးမိတဲ့ကိုယ့်ပါးစပ် ကိုယ့်ဖါသာပြန် ရိုက်ချင်ပါရဲ့ ။ ထိုကဲ့ သို့ သော ဗိုလ်တထောင် အာဂ လူသားများ
စုဝေးခဲ့ တာခင်ဗျ၊ ခုလည်း ကြည့်လေ ဗျာ..ထကြလော့. .ကြွကြ လော..စကြ
လောနဲ့  အင် တာနက် မှာညာ သံပေးပြီး ဆောင်း ပါး တွေ တိုက်ပွဲ ခေါ်သံ
တွေပေါ်နေကြ တာလေ ဘယ်သူမှ ရှေ့ ကိုရဲရဲ ထွက် မလာကြပါလား ကွယ်…။

အင်း….ရှေ့ တုံးကလို ညောင်ဦးဖီးတို့  ငလုံး လဖယ်တို့ လို လူစွမ်းကောင်းတွေ


ပေါ်လာ ရင်ပြီး တာကြာပြီနော်.. လေထန်လည်း လူစွမ်း ကောင်းရှာနေတာ မတွေ့ 
သေးလို့  ပေါ့ကွာ.. တလောက တောင်… ပလာတာရိုက်နေတဲ့ ထောင် ထောင်
မောင်းမောင်း အရပ် ခြောက် ပေလောက်ရှိတဲ့ လူတ ယောက် တွေ့  လို့ 
လူစွမ်း ကောင်းရလိုရငြား သွေးတိုးတိုင်း လိုက်ကြည့်လိုက်သေးတယ် ။

လူရှင်းတဲ့အချိန်မှာ မသိမသာသူ့ အနားသွားပြီး နောင်ကြီး စွန့် စွန့်  စားစား မမိုက်


ချင်ဘူးလား လို့ မေးကြည့်မှ “ကြိုင်ကလေ ပျော့တာကိုမာ အောင်ဘဲ လုပ်တတ်တာ
ကိုရဲ့ ”တဲ့ အောင်မြတ်လေးဗျ… အခြောက်ကို တော်လှန်ရေး လုပ်ဖို့  သွားဆွယ်မိ

8888peoplepower vol 7-no 7 march 2011 [15]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

သကိုး. .မှားလေစွ။သူရဲကောင်းတွေကလဲ ရှာရခက်ပဗျာ၊ ညောင်ဦးစားတို့  ငလုံးလဖွတ်တို့ ဘဲတွေ့  နေရတာစိတ် ကုန်


လာပြီဗျ။အဲ..အရက်ကို တနေကုန်မမူးတမ်း သောက်နိုင်တဲ့ လူစွမ်းကောင်းတွေကတော့ အများကြီးဘဲခင်ဗျ၊ အံသြ
စရာ မကောင်းလား တယောက်ဆိုရင် အရက်ပြင်း(၈)လုံးကို တထိုင်ထဲ သောက်နိုင်သတဲ့.. ဒီလိုလူစွမ်းကောင်း တွေက
တော့ ပေါပါသကောဗျား။

ပြည်သူတွေ လမ်းမပေါ်ပေးမထွက်- အတိုက်အခံနိုင်ငံရေးသမားတွေလည်း ကွန်ပြူတာ ရှေ့ မှာ ချက်ကင်အလုပ်


်မပျက် ဘဲ…အောင်မြင်စွာတ်သိမ်းကြဘို့  လူစွမ်း ကောင်း
တွေနဲ့  ချမှ ရတော့မှာကိုး ။

ချက်ကင်ဆိုလို..ပြည်တွင်းကအင်တာနက်ဆိုင်တွေမှာ
ထောက်လှမ်းရေးတွေက မျက်ချေမပြတ်စောင့်ကြည့်
နေကြတာ ဆိုတော့ လူငယ်တွေမှာ-နိုင်ငံရေးထက် ချက်
ကင်နဲ့  အတွဲ ရှာတာကိုပို ဦးစားပေးနေ ရသဗျို့ ၊
အရေးအခင်းဖြစ် လိုသူများ ဖေ့ဘွတ်တွေ.. ကွန်ရက်တွေ
ပိုက်ရက်တွေ လုပ်နေ ရတာက ကြာပါတယ်ဗျာ၊ အကြံ
ကောင်း တခု တော့ပေး လိုက်ချင်ပါရဲ့  ၊ရန်ကုန် မြို့  မှာ
လူစုလူဝေးဖြစ်ချင်ရင် မိန်းခလေးချော ချောပုံငါး ပုံ
လောက်နဲ့  ချက်ကင်မှာ လာရှင်သာ တင်ထားလိုက်ပါ၊
ပြီးရင် ရီးစား တွေထား.. တပါတ် အတွင်း တနေရာထဲကိုတချိန်ထဲသာ သတ်မှတ်ပြီး စုချိန်းလိုက် စမ်းပါ။ တချိန်ထဲမှာ
သတင်း သမား တွေကို အသံတိတ် တိုက်ပွဲ တူညီဝတ်စုံ ၀တ်ပြီး ငြိမ်းချမ်းစွာ စမယ် လို့ ကြို့ သတင်းလွှင့် ထား
ပေါ့နော….။

“ကိုကိုရေ.. မောင်ရေ.. ပထမ ဆုံးတွေ့  ရမယ့်နေ့ မှာလေ… အသဲလေး မှတ်မိအောင် အဖြူရောင်


လည်ကတုံးနဲ့  ကချင်လုံချည် ၀တ်ခဲ့ ပါနော်..နော်…”လို့ ချက်ကင်လိုက်ရင်..အမေလေး ..အဲ့သလိုသာဆို
ရန်ကုန်မြို့  ထဲမှာ ချက်ကင် တော်လှန် ရေးကြီး ဖြစ်သွားမပေါ့ခင်ဗျ…။

အင်း..အမေက မကြမ်းကြနဲ့ ဆိုတော့. သိတ်မြောက်မပေးရဲ့ ဘူးခင်ဗျ။

လတ်တလောမှာ ထိုင်းအာဏာပိုင်တွေက မဲဆောက်က အ


တိုက်အခံတွေရှင်းမယ်-ရှင်းမယ်လင်းမယ်အသံတွေပေး
နေချိန်မျိုး မှာ. မဲဆောက်က အတိုက်အခံ ဆရာချီးတွေ
တိတ်နေကြ ပါလား လို ပြောက်ချက်သား ကောင်းနေ လိုက်
တာ.. ရုံးတွေ ပိတ်ပြီး ပြေးသူကပြေး.. နိုင်ငံခြားမှာ ခုန်ချ သူက
လည်းရှိရဲ့  ..ကိုယ့်အဖွဲ့ ကို ဟန်မပျက်သင်တန်းတွေ လုပ်ထား
ခိုင်းပြီးဘန် ကောက်တက်ပြီးရှောင်နေကြတဲ့သူနဲ့  ..အဟ..၊

ဆူဘို့ ပူဘို့  သိတ်စိတ်မပါကြတာအမှန်ဘဲဗျို့  ..ဒေါ်လာ


မလာရင် ဘာတခုမှ မတက်ကြွတတ်တဲ့ လေထန်တို့  လော
ကသားတွေကို ခုချိန်မှာ လူထုတိုက်ပွဲအတွက် ဒေါ်လာတသန်း
လောက်များ ချပေး ကြည့်ပါလား ..တခါထဲ.. စက်ရုံအလုပ်
သမတွေ မယ်သီလှရှင် တွေဖြစ်ပြီး မြို့ တော်ခမ်းမရှေ့ 
ရောက်သွားမယ်။

လွတ်မြောက်နယ်မြေက အန္တရယ်ဒီ..အဲ..ကန်တော့..ကနတော့… NLD ကတော့ ညီလာခံလုပ်ပြီး ရာထူးနေရာ


တွေလုကြဖို့  အားပြိုင်နေကြတယ်လို့ သိရတယ်ဗျ၊ အရပ်ကတို့  ရေ…. ထောင်ထဲမှာ ရောဂါမျိုးစုံနဲ့ ဘ၀ဆုံးကြတော့
မယ့်.ဆိုတာ သိလျှက်ထောင်တွင်းကို ရဲရဲ လမ်းလျှောက်ပြီးဝင် သွားခဲ့ကြတဲ့ ၈၈၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ 
ကိုယ်စား နောက်ပိုင်း လူတွေက လူစား မထိုးနိုင်တော့ပါဘူးဗျာ၊ ကားစင်တင်ခံထားရတဲ့ သူတွေကို ကွမ်းတယာ
ရေတခွက်ပေးနေ လို့ အား ဆေး မဖြစ်နိုင်ပါဘူး။ထောင်ထဲကလူတွေနဲ့ ထပ် တူထပ်မျှအနီးစပ်ဆုံးရှိ နေပါတယ် ဆိုရင်
သူတို့ လွတ် မြောက် ရေးနဲ့ - တိုင်းပြည် ပြောင်းလဲဖို့  ကိုယ်တိုင်စွန့် စားကြပါလို့  စေ တနာနဲ့  အသေခြာ တိုက်တွန်း
ရင်း …….။။

8888peoplepower vol 7-no 7 march 2011 [16]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

ရာဇ၀င်ထဲကသူရဲကောင်း Hero in history

ဗိုလ်အောင်ကျော်(၁၉၁၅-၁၉၃၈)
သမိုင်း, ဖျောက်ဖျက်မရသော ဗမာ့သားကောင်းဇာနည်များ

ကိုအောင်ကျော်ကို ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ မှာ အဖ ဦးကျော်ထင်


နှင့် အမိ ဒေါ်ရွှေကျော့ တို့မှ အင်္ဂပူ မြို့နယ်၊ ရုံးဇင်ရွာတွင် ဖွားမြင်ခဲ့ပါတယ်။
အလယ်တန်း ပညာကို မယ်ဇလီကုန်း အမျိုးသားကျောင်းမှ အောင်မြင်ခဲ့ပြီး၊
အထက်တန်းကို ဟင်္သာတမြို့၌ သင်ကြားတတ်မြောက်ခဲ့ပါတယ်။ ထို့နောက်
ဂျပ်ဆင်ကောလိပ် တွင် ဥပစာတန်း ဆက်လက် တက်ရောက် ခဲ့ပြန်ပါတယ်။

ကိုအောင်ကျော်ဟာ မြန်မာစာပေကို အလွန်တန်ဖိုးထားပြီး၊ မြန်မာစာ


အရေးအသားလည်း အလွန်ကောင်းမွန်တယ် လို့်လူသိများခဲ့သူပါ။ စိတ်နေဓါတ်ခံ
ပြင်းထန်ပြီး၊ အမျိုးသားရေးလည်း သူမတူအောင် နိုးကြားသူဖြစ်လို့ မိမိရဲ့
စာပေအစွမ်း နှင့် အမျိုးသားရေးလှုံ့ဆော်မှုတွေမှာ ရှေ့တန်းကပါဝင်ခဲ့လို့် တက္ကသိုလ် ကျောင်းသားသမ္မဂ္ဂတွင် သာမက၊
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမ္မဂ္ဂတွင်၌ပါ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ချင်း ခံခဲ့ရပါတယ်။
ဂျပ်ဆင်ကောလိပ်၁ကို ခြေချလိုက်တာနှင့် ခုံဖိနပ်စီးကာ ပင်နီတိုက်ပုံကိုဝတ်ပြီး ကတုံးဆံထောက်နှင့် ကိုအောင်ကျော်ရဲ့
“ဒို့ဗမာ” အဘိဓမ္မာကို ကြားရမှာပါ။

ကိုအောင်ကျော်၌ အခြားခေတ်ပြိုင် သခင်ကျောင်းသားများ ဖြစ်သည့် သခင်အောင်ဆန်း ၂၊ သခင်နု၃၊ သခင်လှဖေ၄၊


ကိုထွန်းရှိန်၅ အစရှိသူတို့နှင့် မတူ ကွဲပြား ချက်လေးတွေလည်း ရှိပါသေးတယ်။ ထိုအခါက တက္ကသိုလ်မှ ကျောင်းသား
အများစုဟာ လက်ဝဲယိမ်း ကြသော်လည်း ကိုအောင်ကျော်ကတော့ ပါတော်မူ မင်းနှစ်ပါး ကို သတိရနေပါသေးတယ်။
မြန်မာသက္ကရာဇ် ၁၃၀၀ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက် ပါတော်မူနေ့ မှာ၊ ဗ.က.သ နှင့် တ.က.သ တို့မှ
မည်သည့်အထိန်းအမှတ်ပွဲများ မလုပ်သော်လည်း၊ ကိုအောင်ကျော်တဦးတည်း မိမိရဲ့ အခန်းတွင်းမှနေ၍ အစာမစား၊
စကားမပြောပဲ ပါတော်မူနေ့ အထိမ်းအမှတ်ပွဲကျင်းပခဲ့ပါတယ်။ အခန်း ၀ မှာလည်း “ဤနေ့ ဤရက်ကား ငါတို့ အရှင်နှစ်ပါး
ပါတော်မူသော နေ့ဖြစ်သည်။ သတိရကြပါ။” ဟုလည်း ချိတ်ဆွဲ အသိပေးခဲ့ပါတယ်။ ကိုအောင်ကျော်၏ သရုပ်ပြမှုကြောင့်
၎င်းနှစ် အမျိုးသားအောင်ပွဲနေ့ကို ရန်ကုန်တက္ကသိုလ်သမ္မဂ္ဂက ချိမ့်ချမ့်သဲ ကျင်းပဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၃၀၀ပြည့် ကုလား-
ဗမာ အဓိကရုဏ်းများအတွင်းကလည်း ကုလားများနှင့် တယောက်ချင်း ထွက်ချမည်လုပ်၍ ဗ.က.သ မှ
လုပ်ဖေါ်ကိုင်ဖက်များကပင် ၀ိုင်းဆွဲထားရလောက်အောင် အမျိုးသားရေးစိတ်ဓါတ်ကြီးသော ကိုအောင်ကျော်ပါ။
မိမိကိုယ်တိုင်လည်း ဗမာမှုကို လေးစားသလို၊ အခြားသော ယောက်ျားလေး၊ မိန်းကလေးများ လက်ပွန်းတတည်း
ဆက်ဆံခြင်း ကိုလည်းမကြိုက်ခဲ့။ ထို့ကြောင့် ယောက်ျားလေးများ နှင့် မိန်းကလေးများ အတူတွဲကသော ဧည့်ခံပွဲများ ကို
သပိတ်မှောက်ရုံသာမက၊ ကောလိပ် ဆရာ၊ ဆရာမ များကျင်းပသော Ball Dance Parties များကိုပါ ခဲနှင့်ပေါက်ခဲ့တယ်လို့
ပြောစမှတ် ရှိပါတယ်။ လွတ်လပ်ရေးရယူရေး၌လည်း ၎င်းက ရန်သူတို့နှင့် တယောက်ချင်း အသက်အသေခံ
တိုက်ပွဲဝင်ရမည်လို့လည်း အယူဆွဲခဲ့ပါတယ်။ နောင်မှ ကိုဘဟိန်း၆၊ ကိုလှရွှေ၇တို့က နားချ၍ လက်လျှော့သွားခဲ့ ရပါတယ်။
ဤကဲ့သို့ ရဲရဲတောက် ကောလိပ်ကျောင်းသား ကိုအောင်ကျော်ရဲ့ မော်ကွန်းဝင် နိဂုံးကိုတော့ ၁၃၀၀ပြည့်
ရေနံမြေသပိတ်ကြီးက ဖန်တီးပေးလိုက်ပါတော့တယ်။

၁၉၃၈ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှ သပိတ်တပ်ကြီး ရန်ကုန်မြို့သို့


သခင်ဘိုးလှကြီး၏ဦးဆောင်မှုဖြင့် စတင် ချီတက်လာခဲ့ပါတယ်။ ဒီလိုချီတက်လာတာကို ဒေါက်တာဘမော်၈ရဲ့
ဘုရင်ခံအလုပ်အမှုဆောင်အဖွဲ့က ရှုံချလိုက်ပြီး ဗြိတိသျှ အာဏာပိုင် တွေက ဖြိုခွင်းမယ်ဆိုတဲ့ သတင်းရလို့ ဗ.က.သ က
သပိတ်တပ်ကြီး နှင့် ပူးပေါင်းပါဝင်ရန် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဘဟိန်း နှင့် ကိုဗဆွေတို့ကို
မကွေးမြို့သို့စေလွှတ် ခဲ့ပါတယ်။ ၁၉၃၈ခု၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကိုဘဟိန်း နှင့် ကိုဗဆွေတို့ မကွေးမှာ
အဖမ်းခံရတယ် ဆိုသည့်သတင်း ဗ.က.သ ဌာနချုပ်ကိုရောက်လာခဲ့ပါတော့တယ်။ ဤသို့နှင့်၊ သမ္မဂ္ဂမှ အာဏာဖီဆန်ပွဲလုပ်ရန်
ဆုံးဖြတ်လိုက်ပြီး ဒီဇင်ဘာ (၁၅) ရက်နေ့ မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘမော်အစိုးရက
တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားများရဲ့တောင်းဆိုချက်များကို မလိုက်လျှောသည့်အတွက်၊
ကျောင်းသားများက အာဏာဖီဆန်ပွဲထက် ပြင်းထန်သည့် အစီအစည်ကို အကောင်အထည်ဖော်ရန်

8888peoplepower vol 7-no 7 march 2011 [17]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

လက် ကြွေးကြော်လျှက် ရှေ့သို့ ဆက်လက်ချီ တက်ခဲ့ကျ


ပါတယ်။ ဒါပေမယ့် ဂေါ်ရာမြင်းစီး စစ်ပုလိပ်များက ပိုမိုပြင်း
ထန်စွာ ဖြိုခွဲခဲ့လို့ နောက်ဆုံး ကျောင်းသားတပ်ကြီး လဲပြိုခဲ့ပါ
တော့တယ်။ ဥက္ကဋ္ဌ ကိုလှရွှေလည်း အကန် ခံထားရလို့
လမ်းပေါ်မှာလဲနေပါတယ်။ ကိုလှရွှေ ရဲ့ ဘေးမှာ လဲနေတာ
ကတော့ ကိုအောင်ကျော်ပါ။ ဦခေါင်းမှသွေးတွေ ဆက်တိုက်
ယိုစီးနေရင်းမှပင်၊ ကုန်း ထကာ “ကိုလှရွှေ၊ ကိုလှရွှေ။
ကျုပ်တို့ခေါင်းဆောင်းကြီး ဘယ်လိုနေသေးလဲ။ အရေး
တော်ပုံ အောင်ရမည်။” ဟု သွေးရူးသွေးတန်းနှင့်၊ အသံ
ကွဲကြီးနင့် အော်ရင်း ပြန်လဲကျသွားပါတယ်။ ဘေးမှ
ကျောင်းသားများ သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ အားချင်း
ပို့သော်လည်း နေရမရ၍ ဆင်နီတိုးရီးယမ်း၁၅

သို့ပြောင်းရွှေ့ခဲ့ရပါတယ်။ ထိုနေ့ညက၊ ရန်ကုန်မြို့ကြီး


ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ၁၉၃၈ခု၊ ဒီဇင်ဘာလ (၁၆) တခုလုံး တိတ်ဆိတ်နေခဲ့ပါတယ်။ ရဟန်းရှင်လူတို့လည်း
ရက် ည ၁၁ နာရီခန့်တွင် ဗ.က.သ စာကြည့်တိုက်၌ မလှုံ့ဆော်ရပဲ အသံတိတ် သပိတ်မှောက်ကြပါတယ်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် “ဗိုလ်” စာရင်းဝင် ကိုအောင် ကျော်မှာတော့ တက္ကသိုလ် ဆင်နီတိုးရီးယမ်းက
ကျောင်းသားတစု ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးပင်မ ခုတင်ပေါ်မှာ သတိလစ်လျှက်။ ကိုလှရွှေလည်း
ဖြစ်သော အတွင်းဝန်ရုံးကို (၂၀) ရက်နေ့၌ ၀ိုင်းရံဆန္ဒပြရန် ပုန်းရှောင်နေရ သည့်ကြားမှ သူ့ရဲဘော် ကိုအောင်ကျော်
တိုင်ပင်ခဲ့ကြပါတယ်။ ကိုအောင်ကျော်နှင့် သံမဏိတပ်၉မှုး အတွက် ရင်တဖိုဖိုနှင့်။
ကိုထွန်းရှိန်တို့ မှာ စိတ်လှုပ်ရှားလွန်း၍ စကားပင်းမပြောနိုင်
ခဲ့ကြ။ ၁၉၃၈ခု၊ ဒီဇင်ဘာလ (၂၀) ရက် မနက် ၈ နာရီတွင် ၁၉၃၈ခု၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေတွင်မှာတော့
သမ္မဂ္ဂအဆောက်အဦးထဲမှ ကိုလှရွှေ၏ “ဒီနေ့ဗမာ့ရာဇ၀င် ကိုလှရွှေဆီသို့ သတင်းတပုဒ် ရောက်လာခဲ့ပါတယ်။
မှာတွင် မည့်ခြေလှမ်းကိုစမယ်။ ချုပ်ချယ်တဲ့ ဥပဒေကိုဆန့် “ကိုအောင် ကျော် သေပြီတဲ့”။ဤသတင်း ဗမာပြည်ရှိ
ကျင်မယ်။ ကျုပ်တို့ကို အစိုးရက ပစ်ရင်လည်းပစ်မယ်။ ကျောင်း များ အားလုံးသို့ ချက်ချင်းပြန့်သွားပြီး ရွာငယ်များမှ
အဲဒါလိုက်မလား” ဟူသော အသံက ဟိန်း၍ထွက်လာ ကျောင်းများပါ မကျန် အားလုံးတညီတညာတည်း
ပါတယ်။ ကိုလှရွှေက ဥက္ကဋ္ဌနေရာမှာ၊ ရှေ့တန်းမှာ သပိတ်မှောက်ကြပါတယ်။ ကိုလှရွှေကိုယ်တိုင်လည်း ၀ရမ်း
ကိုထွန်းရှိန်၊ ကိုအောင်ကျော်၊ ကိုအေးကျော် နှင့် သံမဏိ ထုတ်ခံထားရသည်ကိုပင် ဂရုမစိုက်၊ ကိုအောင်ကျော်
တပ်ဗိုလ်များ။ ကျောင်းသားများကလည်း “လိုက်မယ်။ ဈာပနပွဲ၌ ရှေ့ဆုံးမှ ဦးဆောင်ချီတက်ခဲ့ပါတယ်။ ဈာပနပွဲကြီး
လိုက်မယ်။” ဟုကြွေးကြော်ကာ စီတန်းထားသောကား မှာ လည်း လူထောင်ပေါင်းများစွာတို့နှင့် ဆန္ဒပြပွဲကြီး
များဆီ ဦးတည်နေကြပြီ။ ဖြစ်ခဲ့ပါတော့တယ်။ ကြံတောသုဿန် အရောက်မှာတော့
ကိုလှရွှေက “ဟယ်…ဘမော်အစိုးရ၊ နင့်တို့လုပ်ရပ်ကြောင့်
စပတ်လမ်းမှာ ကျောင်းသားပေါင်း ၇၀၀၀ကျော်လောက် ငါတို့ရဲဘော် ကိုအောင်ကျော် ကျဆုံးရတယ်။” အစချီသည့်
စုမိကြကာ အတွင်းဝန်ရုံး အ၀များအားလုံးကို စတင်ပိတ် ရဲရဲတောက် မိန့်ခွန်းကို ဟောပြောပါတော့တယ်။ ကိုထွန်းရှိန်
ဆို့လိုက်ကျပါတော့တယ်။ ကိုအောင်ကျော် က စပတ်လမ်း တယောက်လည်း ခေါင်းမှာပတ်တီးစည်းဖြင့် ကိုအောင်
နှင့် ဖရေဇာလမ်း ထောင့်မှနေကာ ကျောင်းသား များ ကိုစ ကျော်၏ အလောင်းဘေးမှ နေကာ အံကျိတ်ရင်း မျက်ရည်
တင် နေရာချပေးပါတယ်။ ထို့နောက်၊ ကျောင်းသား အရေး၊ တွေ တတွေတွေနှင့်။
တောင်သူလယ်သမား၊ အလုပ်သမားအရေးတို့ကို စတင်
ကြွေးကြော် ပါတော့တယ်။ ရဟန်းရှင်လူတို့ကလည်း ၀ိုင်း ကိုအောင်ကျော်အတွက်ဝမ်းနည်းချင်းအထိန်းအမှတ်ဖြင့်
အား ပေးကြပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ဗမာတပြည်လုံး အစည်းအဝေးများ ကျင်းပကြပါတယ်။
ကိုလှရွှေ က “အောင်ပြီ” ကြွေးကြော်ကာ ဆန္ဒပြပွဲရုပ် သိမ်း လူအများ၏ ထောင်ခံမှုဖြင့် ကိုအောင်ကျော်ဈာပန ကော်မ
ပြီး ဖရေဇာလမ်း၁၀၊ ဂျုဒါအီဇကယ်လမ်း၁၁၊ ဒါလဟို ဇီလမ်း တီ မှ ကိုအောင်ကျော်အား “နေမျိုး သီဟသူရ ဗိုလ်အောင်
၁၂တို့မှ ကျောင်းသားများကိုစုဝေးကာ စပတ်လမ်း ၁၃အ ကျော်” ဟူသော်ဘွဲ့ဖြင့် ဂုဏ်ပြုခဲ့ကြပြန်ပါတယ်။ ဗိုလ်အောင်
တိုင်း ချီတက်လာခဲ့ပါတော့တယ်။ ထိုအချိန်မှာ ဂေါ်ရာမြင်းစီး ကျော် သည်ကား ဗမာ့လွတ်လပ်ရေးအတွက် ပထမဦးဆုံး
စစ်ပုလိပ်များ၁၄ ချီတက်လာကာကျောင်းသား ထုကို အသက်စတေးခဲ့သော ဗ.က.သ ၏ အာဇာနည်ပင်။ ဤသို့
ဝင်ရောက်ရိုက်နှက်ပါတော့တယ်။ ကိုလှရွှေ နှင့် ကိုအောင် ရဲရင့်စွာ အသက်ပေးခဲ့သော၊ ဗမာ့လွတ်လပ်ရေး၏ မော်ကွန်း
ကျော်တို့ နှစ်ယောက်မှာ အနီးကပ်ဆုံး ရှိနေ ခဲ့ကြပြီး တဆူ၊ ရဲဘော် ဗိုလ်အောင်ကျော် ကို ဤဆောင်းပါးဖြင့်
အခြားကျောင်းသားများ ဖရိုဖရဲ မဖြစ်ရန် ကြိုးပန်း နေပါ ဒီဇင်ဘာလ (၂၀) ရက်နေ့၌ ကျရောက်ခဲ့သော “ဗိုလ်အောင်
တယ်။ ရဲဘော်ကျောင်းသားများ ကလည်း “အရေး တော်ပုံ ကျော်နေ့” အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအပ်ပါတယ်။
အောင်ပါစေ”၊ “သခင်မျိုးဟေ့ တို့ဗမာ” စသည့် တို့ကို ဆက်

8888peoplepower vol 7-no 7 march 2011 [18]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

Public Health ပြည်သူ့ ကျန်းမာရေးး

စိတ်ကျရောဂါ အခမဲ့ တိုက်ထုတ်နည်း ၁၀ နည်း


Thursday, 06 May 2010 04:31 |

စိတ်ကျနေပါသလား
ကမ္ဘာ့စီးပွားရေး နှောင့်နှေးမှုက သင့်ကိုပါ ရိုက်ခတ်မိပြီး စိတ်ကျစရာ
ဖြစ်နေပါသလား သင့်မှာ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ဖြစ်နေပြီဆိုရင်တော့
တတ်ကျွမ်းသူ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ အကူအညီ လိုမှာပါဘဲ။
သင့်စိတ်ကျရောဂါ သက်သာအောင် ဆေးဝါးမှီဝဲနေပါစေ၊ အထူးငွေကုန်ကြေးကျ
မခံရဘဲ စိတ်ကျရောဂါကနေ သက်သာအောင် လုပ်တဲ့ နည်းလမ်းတွေ ရှိပါတယ်

၁။ မိမိကိုယ်ကို အပြစ်မတင်ပါနဲ့ စိတ်ကျခြင်းကို သက်သာစေသည့် အရိုးရှင်းဆုံး၊


စရိတ်အသက်သာဆုံးနှင့် အရေးအကြီးဆုံး အချက်မှာ မိမိကိုယ်ကို အပြစ်မ
တင်ခြင်းပင် ဖြစ်သည်။ မိမိ၏ စိတ်ကျရောဂါကို လူများ မသိစေခြင်း၊ မိမိမှာ အပြစ်ရှိ
နေသည်ဟု ထင်မြင်မိခြင်းနှင့် မိမိတွင်ရှိသော ချို့ယွင်းချက် မပြည့်စုံမှုတို့ အပေါ်
စိတ်စွဲလမ်းနေခြင်းက စိတ်ကျရောဂါ ပြန်လည်သက်သာစေခြင်းကို အနှောင့်အ
ယှက် ဖြစ်စေသည်။ စိတ်ကျရောဂါ၏ လက္ခဏာများကို ထိန်းသိမ်းရန်မှာ လက်တွေ့
ဆန်မှု၊ ပြင်ပစေ့ဆော်မှု၊ တိုက်တွန်းမှုမပါဘဲ စတင်ဆောင်ရွက်နိုင်စွမ်းနှင့် စိတ်ရှည်
နိုင်မှုတို့ လိုအပ်သည်။ “စိတ်ကျသည့် ရောဂါသည် နှလုံးရောဂါ၊ ဆီးချိုနှင့် ကင်ဆာရောဂါများကဲ့သို့ ခန္ဓာကိုယ်မှာ ဖြစ်သော
ရောဂါဟု သင်သည် လက်တွေ့ဆန်စွာ လက်ခံရမည်”ဟု ကွန်နတ်တီကတ် ပြည်နယ်မှ ပြည်နယ်စိတ်ပညာရှင် ဒေါက်တာ
ရစ်ချတ်ဒ်ရာ့စ်ကင်းန် ကပြောပါသည်။ သူက မိမိ ခန္ဓာကိုယ်တွင် ရောဂါဖြစ်နေသည်ကို လက် ခံပြီး ထိုရောဂါကို ဂရုတစိုက်
ထားပြီး ကုသရန်လိုအပ်ကြောင်း ရောဂါဖြစ်ရသည်မှာ မိမိအပြစ်မဟုတ်ကြောင်း၊ မိမိကြိုးစား အားထုတ်မှုနှင့် စိတ်ထားပြောင်း
ရုံမျှနှင့် စိတ်ကျရောဂါ ပျောက်ကင်းမည် မဟုတ်ကြောင်း ပြောကြားပါသည်

၂။ ဒီအကြောင်းကို ထုတ်ဖော်ပြောပါမိမိ စိတ်ကျဝေဒနာ ခံစားနေရသည်ကို ဝန်ခံရန် မလွယ်ကူပါ။ သို့သော် ဤအကြောင်းကို


လူတွေကို ပြောပြတာက လျှို့ဝှက်ထားသည်ထက် ပို၍ကောင်း ပါသည်။ “လူတိုင်းကတော့ မိမိကို နားလည် သဘော
ပေါက်ပြီး ဖေးဖေးမမ လုပ်ပေးမည် မဟုတ်ပါ” ဟု ဒေါက်တာက ပြောပါသည်။ လက်ကျိုး၊ ခါးနာ ခေါင်းကိုက်ခြင်းတို့ကို
လူတွေက ကြုံဖူးကြသဖြင့် ကိုယ်ချင်းစာမိ ကြမည်ဖြစ်သော်လည်း စိတ်ကျရောဂါနှင့် ပက်သက်၍ လူတိုင်းကိုယ်ချင်းစာမိ
နိုင်မည်မဟုတ်ပါ။ လူအများက မိမိ အခြေအနေကို နားမလည်နိုင် သော်လည်း မိတ်ဆွေ၊ မိသားစုနှင့် မိမိယုံကြည်
အားထားရသူများသည် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ ဆေးဝါး ကုသမှုဆိုင်ရာ အကြံပေးချက်များနှင့် မိမိအခြေအနေကို
သုံးသပ်ပေးသူများ ဖြစ်နိုင်ပါသည်။ ထိုလူများနှင့် သီးခြားမနေဘဲ တတ်နိုင်သမျှ ထိတွေ့ဆက်ဆံပေါင်း သင်းရန်လို
အပ်ပါသည်

၃။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါစိတ်ကျနေစဉ်မှာ သင်မလုပ်ချင်ဆုံးအရာမှာ ကိုယ်လက်လေ့ကျင့်ခန်း ဖြစ်ပေမည်။


သို့သော် အပြေးလေ့ကျင့်ခြင်း၊ အားကစားရုံမှာ သွားပြီး လေ့ကျင့်လိုက် သည်က သင့်ကို ပိုပြီး အကျိုးရှိစေ နိုင်ပါသည်။
အားစိုက်ရသည့် လေ့ကျင့်ခန်းမျိုးကို မိနစ် ၃၀ ခန့်လောက် နေ့စဉ်ပုံမှန်လုပ်ပါက သင်၏ စိတ်ကျမှုကို သက်သာစေပါသည်။
လေ့လာချက် တစ်ခုတွင် လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း အစရှိသည့် လေ့ကျင့်ခန်းလုပ်သော
ဝေဒနာရှင်များသည် ရောဂါလက္ခဏာ ၅၀ % လျော့နည်းသွား ကြောင်း တွေ့ရသည်။ လေ့ကျင့်ခန်းလုပ်ခြင်းက
ခန္ဓာကိုယ်အတွက် ကောင်းသော ကာလတိုအကျိုးကျေးဇူးများလည်း ဖြစ်ထွန်းနိုင်ပါသည်။ အခြား လေ့လာချက် တစ် ခုအရ
လေ့ကျင့်ခန်းလုပ်ခြင်းသည် လေ့ကျင့်ခန်းလုပ်ပြီးနောက် ၁၂ နာရီအကြာအထိ သင်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးသည်ဟု
သိရှိရပါသည်

၎။ အရေးကြီးသော ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ထားပါ စိတ်ဓာတ်ကျခြင်းသည် ရှုမြင်ခြင်းနှင့် ဆုံးဖြတ်ခြင်းကို ထိခိုက်နိုင်သဖြင့်


အရေးကြီးသော လူမှုရေးကိစ္စနှင့် လုပ်ငန်းကိစ္စစသော ဆုံးဖြတ်ချက်များကို သင်ပြန်လည်နေကောင်းမှ ပြုလုပ်ပါ။
စိတ်ကျခြင်း၏ လက္ခဏာတစ်ခုမှာ သင်၏ ဘဝတွင်ဖြစ်ပျက်နေသမျှအပေါ် မကောင်းသည့် ဘက်ကသာ မြင်နေခြင်း
ဖြစ်သည်ဟု ရာစ်ကင်းက ပြောကြားပါသည်။ စိတ်ကျခြင်းကြောင့် မိမိ၏ သုံးသပ်ဆုံးဖြတ်ချက်များသည် လုပ်ဆောင်မှုအပေါ်
အကျိုးသက်ရောက်မှုရှိသော်လည်း မိမိကိုယ်မိမိ မသိဖြစ်နေတတ်သည်။ ထို့ကြောင့် ဖြစ်နိုင်သည့် အတိုင်းအတာအထိ
8888peoplepower vol 7-no 7 march 2011 [19]
၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

အရေးကြီးသော ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ ထားသင့်သည်။ ဆုံးဖြတ်ချက်ကို မဖြစ်မနေ ပြုလုပ်ရမည် ဆိုလျင်လည်း


စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်။ အရေးကြီးသော ဆုံးဖြတ်ချက်များ မချမီ သင်ယုံကြည်နေသောသူများ သင်၏ဆရာဝန်
မိသားစုဝင် မိတ်ဆွေ သူငယ်ချင်း၊ ဘာသာရေးပုဂ္ဂိုလ်တို့နှင့် တိုင်ပင်ပါဟု ရာ့စ်ကင်းန် က အကြံပေးပါသည်
၅။ မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပါ စိတ်ကျခြင်းနှင့် ကျန်းမာရေးသည် ဆက်စပ်နေသဖြင့် မိမိ၏ကျန်းမာရေးကို
လျစ်လျူရှုထားပါက စိတ်ကရောဂါ လက္ခဏာမှာ ပိုမိုဆိုးရွားလာနိုင်သည်။ ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့
စိတ်ကျခြင်းနှင့် ကျန်းမာရေးသည်လည်း ကြက်မကြီးနှင့် ကြက်ဥ ပဟေဠိလိုပင် အကြောင်းအရင်း အကျိုးဆက်တို့
တွဲဖက်နေကြသည်။ သုတေသနအရ စိတ်ကျနေချိန်တွင် ၎င်း၏ဆန့်ကျင်ဖက် ဖြစ်ရပ်များကို အမှန်အဖြစ် ထွက်ပေါ်
လာစေနိုင်ပါသည်။ ဆီးချိုရောဂါ သို့မဟုတ် နှလုံးရောဂါဖောက်ပြီး ပြန်ကောင်းလာချိန်တို့တွင် စိတ်ကျရောဂါကို
ခံစားရနိုင်ပါသည်

၆။ နေ့စဉ် လုပ်ရိုး လုပ်စဉ် အလုပ်ကို ပုံမှန်ရှိနေပါစေ ပုံမှန် တစ်နေ့တာ အလုပ်အကိုင်များကို နဂိုအတိုင်း၊


နဂိုအချိန်ဇယားအတိုင်း အတတ်နိုင်ဆုံး လုပ်ပါဟု ရာစ်ကင်က ပြောသည်။ မည်သည့် အလုပ်ကို လုပ်သည်ဘဲ ဖြစ်ပါစေ၊
ပုံမှန်လုပ်နေကျ အပြေးလေ့ကျင့်ခြင်း၊ ပန်းကန်ဆေးခြင်းဘဲ ဖြစ်ပါစေ လုပ်နေကျအတိုင်း လုပ်ပါ။ ထိုသို့ လုပ်ခြင်းက
အိမ်ပြင်မထွက်ဘဲ အိမ်တွင်းပုန်း လုပ်မိခြင်းထက် စိတ်ကျခြင်းကို သက်သာစေပါမည်။ အိမ်ထဲတွင် အောင်းနေခြင်းက
အခြေအနေကို ပိုဆိုးသွား စေနိုင်ပါသည်။ လုပ်စရာများကို ပုံမှန်လုပ်နေခြင်းက သင်သည် တစ်နေ့တာ ကောင်းမွန်စွာ
ကျော်ဖြတ်နိုင်ကြောင်း သင့်ကိုယ်သင် ပြသနိုင်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ပြသပြီး၊ သင်ပြန်လည် နေကောင်းလာမည်
ဖြစ်သည် ၇။ ကျန်းမာအောင် စားပါ စားလိုက်သော အစားအစာသည် ခန္ဓာကိုယ်ကို သာမက ဦးနှောက်အပေါ်မှာပါ
အကျိုးသက်ရောက်သည်။ စိတ်ကျနေလျှင် ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အာဟာရ မျှတပြည့်စုံသည့် အစား
အစာများ၊ အထူးသဖြင့် အသီးအနှံများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပရိုတင်းဓာတ် ကြွယ်ဝသော အစား
အစာများကို စားပေးပါ။ မည်သည့် အစာအာဟာရမှ စိတ်ကျရောဂါကို ယူပစ်သလို မပျောက်စေနိုင်ပါ။ သို့သော် အချို့သော
အစားအစာများသည် စိတ်အတက်အကျအပေါ်တွင် ပို၍ အကျိုးသက်ရောက်မှု ရှိစေပါသည်။ ဥပမာ -
ကာဗွန်ဟိုက်ဒရိတ်များနှင့် ဗိုက်တာမင် D ကြွယ်ဝယ်သော အစားအစာများသည် ခန္ဓာကိုယ်ထဲတွင် စီရိုတိုးနင်းကို တိုးပွား
စေသည်။ ၎င်းစီရိုတိုနင်း သည် စိတ်အတတ်အကျအပေါ် အကျိုးသက်ရောက်မှု ရှိသည်။ ပရိုဇက်ကဲ့သို့ တားဆေးများသည်
စီရိုတိုနင်းအပေါ် အကျိုးသက်ရောက်မှုရှိသည်။ အချို့သော သုတေသီများက ငါးများနှင့် ငါးကြီးဆီများရနိုင်သော အိုမီဂါ ၃
သည် စိတ်ကျခြင်းကို ဆန့်ကျင်နိုင်သည်ဟု အကြံပေးထားသည်

၈။ ဆေးဝါးများနှင့် အရက်ကို ရှောင်ရှားပါ ဆေးဝါးများနှင့် အရက်များအား တလွဲသုံးစွဲခြင်းသည် စိတ်ကျသူများကို


ကသိကအောက် ဖြစ်သွားစေနိုင်သည်။ စိတ်ကျခြင်းနှင့် စိတ်လှုပ်ရှားခြင်း ဖြစ်နေပါက ဝေဒနာခံစားရခြင်းမှ သက်သာရန်
ဆေးဝါးနှင့် အရက် သုံးခြင်းဆီသို့ ရောက်သွားနိုင်သည်။ သို့ရာတွင် နည်းလမ်းမှာ ရေရှည်တွင်
အန္တရာယ်ရှိသောနည်းလမ်းတစ်ခုသည်။ အရက်သောက်ခြင်းနှင့် ဆေးဝါးသုံးခြင်းသည် ဦးနှောက်၏ လုပ်ဆောင်မှုများအပေါ်
ထိရောက်မှုရှိသဖြင့် လူမှုရေး၊ အလုပ်အကိုင်နှင့် အခြားဘဝကိစ္စများတွင် ပြဿနာ ဖြစ်စေနိုင်သည်။ ၎င်းတို့သည်
စိတ်ကျရောဂါအတွက် သောက်ရသော ဆေးများနှင့်လည်း ပေါင်းစပ်မိပြီး အန္တရာယ်ဖြစ်စေနိုင်သည်။ ရံဖန်ရံခါ
ဝိုင်တစ်ခွက်သောက်၍ ဘာမှ အကျိုးမယုတ်စေနိုင်သော်လည်း သောက်သောပမာဏကို မိမိကိုယ်မိမိ သတ်မှတ် ထားရမည်။
ဖြစ်နိုင်လျှင် ဆေးဝါး သုံးစွဲခြင်းများကို ရှောင်ကြည်သင့်သည်

၉။ ကောင်းစွာ အိပ်ပျော်အောင် အိပ်ပါ စိတ်ကျခြင်းနှင့် အိပ်ရေးမဝခြင်းသည် တွဲဖက်ဆက်စပ်နေသည်။ အိပ်မပျော်ခြင်း


စသော အိပ်စက်ခြင်းနှင့် ပတ်သက်သော ပြဿနာများသည် စိတ်ကျခြင်းများတွင် ဖြစ်လေ့ ရှိသည်။ လူအများစုတွင်
အိပ်ရေးဝဝမအိက်ရပါက စိတ်ကျခြင်းကို ဖြစ်စေနိုင်သည်။ လူတိုင်းတွင် မဟုတ်သော်လည်း အချို့သော စိတ်ကျ
ရောဂါသည်များတွင် အိပ်ရေးမဝခြင်းသည် စိတ်ကျရောဂါကို အမြဲခံစား ရစေသည်။ အိပ်စက်ခြင်းနှင့် စိတ်ကျခြင်း ဆက်စပ်မှု
အများစုကို မသိရသေးသော်လည်း၊ လူတိုင်းအတွက် အိပ်ချိန်လိုအပ်မှုမှာ မတူညီကြပါ။ သို့သော် ကျွမ်းကျင်သူများက
စိတ်ကျရောဂါရှိသူများသည် အိပ်ရေးဝဝ အိပ်ရန်နှင့် အိပ်ချိန်နိုးချိန် ပုံမှန်ဖြစ်ရန် အကြံပေး တိုက်တွန်းထား ကြပါသည်

၁၀။ အလုပ်ဝန် မပိပါစေနှင့် စိတ်ဖိစီးမှုနှင့် ဝန်ပိမှုသည် စိတ်ကျရောဂါကို ဖြစ်ပေါ်လာစေသော အချက်ဖြစ်သည်။


စိတ်ကျနေစဉ်တွင် မိမိနိုင်နိုင်နင်းနင်း ပြုလုပ်နိုင်သည့်ထက်ပို၍ အလုပ်လုပ်ရန် လျာထားခြင်းမှ ရှောင်ရှားပါ။ အလုပ်မှာ
ဖြစ်စေ အိမ်မှာဖြစ်စေ ရှုပ်ထွေးသော ခက်ခဲသော အလုပ်ရှိပါက အလုပ်ကို သေးငယ်သွားအောင် အပိုင်းများပိုင်းပြီး
လုပ်ဆောင်ပေးပါ။ သတိထားရန်မှာ အလုပ်ကို နဲနဲလောက် လျော့လိုက်ပါ။ သင်သည် ၁၀၀% စွမ်းဆောင်မှုဖြင့် အလုပ်
မလုပ်နိုင်ပါ။ ၇၅% စွမ်းဆောင်မှုကလည်း သင့်အတွက် အောင်မြင်မှု တစ်မျိုးပါပဲ။ အမှန်တကယ် အလုပ်လုပ်နိုင်လျှင်
မိမိကိုယ်ကို သနားညှာတာပြီး နားချိန်ယူပါ၊ အလုပ်က ခွင့်ယူပါ လို့ ရာ့စ်ကင်းန်က ထပ်လောင်း ပြောကြားခဲ့ပါသည်

8888peoplepower vol 7-no 7 march 2011 [20]


၈၈၈၈ ပြည်သူ့ သတင်းစဉ် Action for the nation

Political cartoon ,

we fight for truth and justice in Burma.

၈၈၈၈ပြည်သူ့ သတင်းစဉ်သည် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပြည်သူ့ တိုက်ပွဲမြုင့်


တင်ရေးတွင် နည်းလမ်းတခုအနေနှင့် မိမိတို့  အသိစိတ်ဓါတ် ဖြင့် တိုက်ပဝ
ွဲ င်နေခြင်းဖြစ်သည်။

88peoplepower2010@gmail.com
-စာဖတ်သူအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ..။
8888peoplepower vol 7-no 7 march 2011 [21]

You might also like