Death and Metta - သေခြင်းတရားနှင့် မေတ္တာ

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 9

(www.apymt.

com)
www.apymt.com)
သေခြင်းတရားနှင့် မေတ္တာ 2

“သေခြင်းတရားနှင့် မေတ္တာ”

ဝိပဿနာ တရား အားထုတ်ခြင်းကို ပုံရိပ်ဖြင့် ထင်အော် သရုပ်ဖော် ပြောဆိုကြရာတွင်


ဤလုပ်ငန်းသည် ကြိုးတန်းလျှောက်သော အလုပ်နှင့် တူသည်ဟု ပြောဆိုလေ့ ရှိပါသည်။ ကြိုးတန်း
လျှောက်သောအခါ ထင်ရှားသော အချက်တစ်ချက်မှာ ကိုယ်နေဟန်ထား မှန်အောင် ဟန်ချက် ညီနေအောင်
သတိကို မြဲမြဲထားရခြင်း ဖြစ်သည်။ ကြိုးတန်း လျှောက်နေစဉ်မှာပင် အမျိုးမျိုးသော အာရုံများက ကျွန်ုပ်တို့ကို
လေဖြတ်တိုက်သလို ဖြတ်သန်း တိုက်ခိုက်နေပါသည်။ အမျိုးမျိုးသော မြင်ကင
ွ်းများ၊ အမျိုးမျိုးသော
အသံများ၊ အမျိုးမျိုးသော ခံစားချက်များ၊ အမျိုးမျိုးသော အတွေးများ၊ အမျိုးမျိုးသော အကြံအစည်များ
ဖြစ်ပါသည်။

ထိုအရာများသည် အကယ်၍ နှစ်သက်ဖွယ် အာရုံများ ဖြစ်လျှင် နှစ်သက်ဖွယ် အာရုံတို့၌ ကျက်စား


ငြိတွယ်တတ်သော အထုံပါနေသော စိတ်သည် ထိုအာရုံများကို ဖက်တွယ်ရန် ကြိုးစားပြီးလျှင် ထိုအာရုံများ
ဆက်လက် တည်နေစေရန်လည်း အားထုတ်ပြန်သည်။ အကယ်၍ ထိုအဆင်းများ၊ ထိုအသံများသည်
မနှစ်သက်ဖွယ်သော အာရုံများ ဖြစ်ကြပြန်လျှင်လည်း စိတ်၏ အလေ့အထုံမှာ ထိုအာရုံများဆီသို့
မလိုမုန်းထားသော သဘောဖြင့် ရောက်သွားပြီးလျှင် ထိုအာရုံများကို မောင်းနှင်ဖယ်ရှား သုတ်သင်ပစ်ရန်
အားထုတ်ပြန်တော့၏။ ထိုဖြစ်ရပ် နှစ်ခုစလုံးတွင် ကျွန်ုပ်တို့သည် သတိ ချွတ်ယင
ွ်းကာ ကိုယ်နေဟန်ထား
ပျက်ပြီး ကြိုးတန်းပေါ်က လိမ့်ကျရ လေတော့သည်။ လက်ခံသော တုံ့ပြန်မှုပဲ ဖြစ်ဖြစ်၊ ငြင်းပယ်သော
တုံ့ပြန်မှုပဲ ဖြစ်ဖြစ် အန္တရာယ် များခြင်း၌ သဘောချင်း အတူတူပင် ဖြစ်၏။ မည်သည့် အရာဖြစ်စေ၊ နှစ်သက်
ဂုဏ်ယူဖွယ်သော အရာဖြစ်စေ၊ သို့မဟုတ် မနှစ်သက်ဖွယ်ရာ ကြောက်မက်ဖွယ်ရာ အာရုံဖြစ်စေ
ကျွန်ုပ်တို့အား စိတ်အာရုံ ညီမျှမှု ပျက်ပြားအောင် ဆောင်ရွက်သော ကိစ္စ မှန်သမျှသည် ကျွန်ုပ်တို့ကို ခြေချော်

www.apymt.com
သေခြင်းတရားနှင့် မေတ္တာ 3

လိမ့်ကျအောင် ဖန်တီးသော အရာချည်းသာ ဖြစ်ကြပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်ကို တဏှာရာဂ ဆွေ


ဲ ဆာင်ရာ နောက်သို့လည်း မပါအောင်၊
အမျက်ဒေါသ အမုန်းနောက်သို့လည်း မပါအောင် စောင့်ရှောက် ထူထောင်ရမည်။ မည်သူ့ကိုမျှ
တွယ်တာခြင်း မရှိ၊ တပ်ငြိခြင်း လုံးဝမရှိ၊ သူ့ဘာသာဖြစ်ပြီး ပျက်သွားသော သဘောရှိသော စိတ်ကို
ဖြစ်ပေါ်အောင် ထူထောင်ကြရမည် ဖြစ်သည်။

အနိစ္စ ၀ိဇ္ဇာဉာဏ်ကို ရသော ၀ိပဿနာ ထိုးထွင်းသိမြင်မှု ဖြစ်ပေါ်လာသော အခါ သံယောဇဉ်


ကင်းသည့်သဘော၊ တဏှာ ကပ်ငြိမှု ကင်းသောစိတ် ဖြစ်ပေါ်လာပါသည်။ ဤဉာဏ် အဆင့် တစ်ဆင့်သို့
ရောက်သောကာလ မရဏဆိုသော သေခြင်းတရားသည် မလွှဲမရှောင်သာ ရင်ဆိုင်ရမည့်၊ မကြာခင်
ဖြစ်ပေါ်လာတော့မည့် ကိစ္စဖြစ်သည်ကို သဘောပေါက်နေ ပါတော့သည်။

ဘဂ၀ါ ဂီတထဲတင
ွ် မေးခွန်းတစ်ခု မေးထားပါသည်။

“ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ရာများ အနက်တင


ွ် အဘယ်အရာသည် အံ့ဩဖွယ် အကောင်းဆုံး
ဖြစ်ပါသနည်း။”

အဖြေမှာ “မိမိ၏ ပတ်ဝန်းကျင်တင


ွ် နေ့စဉ်နှင့် အမျှ သေဆုံး ပျောက်ကွယ်နေကြ သူတွေကို
တွေ့မြင်ပါလျက် သူ့ကိုယ်သူမူ သေရမည်ဟု မည်သူမျှ မယုံကြည်သလို နေကြခြင်းသည် အံ့ဩဖွယ်
အကောင်းဆုံးပင် ဖြစ်ပါသည်။”

မုချ သေကြရမည်ဆိုသော ကံကြမ္မာ၏ အလားကို မေ့ထားကြပြီးလျှင် လူတို့သည် ပစ္စည်း


ဥစ္စာကိုလည်း လိုသည်ထက် ပို၍ အဆမတန် စုဆောင်းနေကြသည်။ ပိုင်ဆိုင်မှု၌ တပ်မက်သောစိတ်၊
တွယ်တာသော စိတ် ကြီးမားလျက် ရှိကြသည်။ တစ်စုံတစ်ယောက်သော အလွန် အရေးပါ
အရာရောက်သော သူ၏ အဖြစ်ကို လိုလား တောင့်တလျက်ပင် ရှိကြပါသည်။ ကိုယ့်ကိုယ်ကို
အထင်ကြီးသော၊ အမြင်ကြီးသော စိတ်ဖြင့် ရည်မှန်းချက် ကြီးသောစိတ်၊ အလိုဆန္ဒ ကြီးသော စိတ်တို့ဖြင့်
သိမ်ငယ်သောစိတ် ရှိသူတို့သည် အမျိုးမျိုးသော အပြုအမူများကို ပြုလုပ် ဆောင်ရွက်လျက် ရှိကြပါသည်။
ကြီးမြတ်သော စိတ်သဘောထား ရှိသူတို့၏ အရှုအမြင်မျိုးကို ကျွန်ုပ်တို့မှာ ကင်းမဲ့လျက် ရှိတတ်ပါသည်။
သေခြင်းတရားကို မျက်မှောက် ရှုမြင် ဆင်ခြင်သော အမြင်မျိုး ကျွန်ုပ်တို့မှာ ကင်းမဲ့တတ် ကြပါသည်။

ဤသဘော တရားကို ဒွန်ယန


ွ်က အစွမ်းထက်သော အဆုံးအမအဖြစ် အသုံးပြုခဲ့လေသည်။
သေခြင်းတရားကို အကြံပေး ပုဂ္ဂိုလ်အဖြစ် သဘောထား၍ သူက သင်ကြား ပို့ချသည်။ မလွမ
ဲ သွေ

www.apymt.com
သေခြင်းတရားနှင့် မေတ္တာ 4

ရောက်လာမည့် သေခြင်းတရားကို ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ကြောင့်ကြခြင်း ကင်းသော၊


ကြည်ကြည်လင်လင် လက်ခံနိုင်သော သတိရှိရေးကို သူက သင်ကြားပေး လေသည်။ သေခြင်းတရား
အကြောင်းကို သုံးသပ်ခြင်းဖြင့် ခဏတိုင်း ခဏတိုင်း၌ ပြုအပ်သော ကံကိစ္စတိုင်း၌ အစွမ်းသတ္တိ အင်အားနှင့်
ပြေပြစ်မှု၊ ပြည့်စုံမှုကို ရရှိနိုင်ပါသည်။

လူတိုင်းမှာ မိမိတို့ ပြုလုပ်သမျှ ကိစ္စတိုင်း၌ အကျင့်ပါနေသော သဘော ကိုယ်စီ ရှိတတ်ကြပါသည်။


တစ်ခါတစ်ရံ ဤ ပုံစံကျနေသော အကျင့်သည် အဖျက်သဘောကိုလည်း ဆောင်ပါသည်။ ဥပမာ
ဒေါသဖြစ်တတ်သည့် သဘော၊ ယူကျုံးမရ ဖြစ်တတ်သည့် သဘောများ ဖြစ်၏။

ထိုနည်းအတိုင်း ပင်လျှင် ကျွန်ုပ်တို့သည် သေခြင်းတရား အပေါ်၌ သတိမြဲအောင် (မရဏာ နုဿတိ


မြဲအောင်) စိတ်ကို လေ့ကျင့်လျှင်လည်း ရပါသည်။ ပြုသမျှ အပြုအမူ အားလုံးတွင် သေခြင်းတရားကို
သက်သေထား၍ ပြုသင့်ပါသည်။ အကယ်၍ သေခြင်းတရား ကိုသာ ကျွန်ုပ်တို့၏ အကြံပေး ပုဂ္ဂိုလ်အရာမှာ
ထားပါက ကျွန်ုပ်တို့သည် အသက်ရှင်နေသမျှ ခဏတိုင်း၌ သေခြင်းတရားနှင့် နောက်ဆုံး
ရင်ဆိုင်ရသည့်တိုင် ကျွန်ုပ်တို့မှာ ပြည်ဝ
့ သော စိတ်နှင့် အင်အားကောင်းသော စိတ်ကို ရရှိနေမည်
ဖြစ်ပါသည်။

သေခြင်းတရားကို လက်ဖျားထိပ်မှာ ထားနိုင်လျှင် ကျွန်ုပ်တို့သည် ပို၍ ပို၍ အမျိုးမျိုးသော လောဘ


ဆန္ဒများ အပေါ်ဝယ် ကြည်နူးနှစ်သိမ့်မှု၊ ကျေနပ် ရောင်ရ
ဲ့မှု မျိုးလည်း လျော့နည်းသွားမည်။ ပါဝင်
ပတ်သက်လိုမှု တွေလည်း လျော့နည်းသွားမည်။ ထိုကဲ့သို့ ကျွန်ုပ်တို့မှာ အလိုဆန္ဒတို့၏ လွှမ်းမိုးမှု နည်းပါး
ဆုတ်ယုတ်သွားသည်နှင့် အမျှ ကျွန်ုပ်တို့သည် အရာဝတ္ထုများ အပေါ်၌ တပ်မက် တွယ်တာမှုများလည်း
လျော့နည်းသွားမည် ဖြစ်၏။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်ထဲတင
ွ် ချစ်ခြင်း မေတ္တာတရားနှင့် ပေးကမ်း
စွန့်ကြဲလိုမှု၊ ရက်ရောမှုလည်း ပွင့်လင်း ပေါ်ထွက်လာမည် ဖြစ်ပါသည်။ သေခြင်းတရားကို သတိနှင့်
ဆင်ခြင်နေမှုသည် ကျွန်ုပ်တို့အား ရှင်းလင်းသော ဉာဏ်အမြင်ကို ပေးနိုင်ပါသည်။ ထိုနေရာကို
ရောက်သောအခါ ငါဆိုတာ ဘယ်သူလ၊ဲ သေသူဟာ ဘယ်သူလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိသာစေပါ
တော့သည်။

ဤအဆင့်တင
ွ် ဖြစ်ပေါ်လာသော အနိစ္စ ၀ိဇ္ဇာဉာဏ်သည် အရာခပ်သိမ်းတို့၏ ခေတ္တ ခဏမျှသာ
တည်နေသည့် သဘောကို လည်းကောင်း၊ အရာခပ်သိမ်းသည် အစဉ်သဖြင့် ခဏတိုင်း၌ ပြောင်းလဲ
ရွေ့လျားနေသည်ကို လည်းကောင်း သိနားလည်စေ ပါတော့သည်။ ခဏတိုင်း၌ နာမ်ရုပ် ဖြစ်စဉ်နှင့်
ကျွန်ုပ်တို့၏ စကြာဝဠာ တစ်ခုလုံးသည် ဖြစ်လာလိုက် ပျောက်ဆုံးသွားလိုက် ဖြစ်နေသည်။ သေသွားလိုက်

www.apymt.com
သေခြင်းတရားနှင့် မေတ္တာ 5

မွေးဖွားလိုက် ဖြစ်နေသည်။ ကျွန်ုပ်တို့သည် ငြိမ်သက် တည်ကြည်သော စိတ်တစ်ခု ဖြစ်ပေါ်လာအောင်


အားထုတ်နေခြင်း ဖြစ်ပါသည်။ အလွန် ကြီးကျယ်သော အပြောင်းအလဲ များနှင့် ရင်ဆိုင်ရသော အခါဝယ်
မတုန်မလှုပ်သော စိတ်ကို ရအောင် အားထုတ် နေကြခြင်းသာ ဖြစ်ပါသည်။

ဝိပဿနာ ကျင့်စဉ် တစ်ခုလုံးသည် လောကတွင် ဖြစ်ပျက်နေသော ရုပ်နာမ် ဓမ္မတို့အား


ဘယ်ပုံဘယ်နည်း ဖြစ်ပျက် နေကြသည်ကို ဟုတ်တိုင်းမှန်စွာ သိမြင်အောင် ရှုရုံသာ ရှုနေကြခြင်း
ဖြစ်ပါသည်။ ထို အဖြစ်အပျက်တို့ အပေါ်မှာ ကပ်ငြိပြီး တုန်လှုပ်သော စိတ်ဖြစ်ဖို့ မဟုတ်ပါ။ မတုန်လှုပ်သော
စိတ်ဖြင့် ဖြစ်ပျက်နေသော မျက်မှောက်ကာလကို ရင်ဆိုင်ရန်သာ ဖြစ်ပါသည်။ အိန္ဒိယမှ ကမ္မဋ္ဌာနာ
စရိယတစ်ဦးက ပြောပါသည်။ သင်လုပ်ရမှာကတော့ ထိုင်နေရုံပါပဲ၊ အဲဒီလို သိနေရင် တရားအားလုံး
အလိုလို ပေါ်လာလိမ့်မယ်၊ သဘာဝတရားရဲ့ နိယာမတွေ ပေါ်လွင် ထင်ရှားလာတာကို သင်ကိုယ်တိုင်
ထင်ထင်ရှားရှား မြင်ရမယ်၊ ဒီအခါ တရားဟာ သင့်ကိုယ်မှာ ရှိတယ်ဆိုတာ အမှန်အကန် သိသွားလိမ့်မယ်ဟု
ဆိုပါသည်။

ဤကိုယ်ကာယပိုင်းဆိုင်ရာ ဆင့်ကဲ ဖြစ်ပေါ်မှု ဖြစ်စဉ်တင


ွ် ဟန်ချက်ညီမှုနှင့် အတွယ်အတာ
ကင်းပျက်သွားမှု သဘောပေါက် လာသည်နှင့် တစ်ပြိုင်နက် လှပသော လွတ်မြောက်သော စိတ်၏
အရည်အသွေးများလည်း စတင်၍ ပေါ်ထွက်လာပါ တော့သည်။ ထိုစိတ် အရည်အသွေးများ အနက် တစ်ခုမှ
မေတ္တာပင် ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကို ချစ်ခင် မြန်နိုးခြင်း သဘောသည် ဖြစ်ပေါ်လာပါ တော့သည်။
ဤမေတ္တာကား တစ်စုံတစ်ခုသော အကြောင်းကြောင့် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသော
ချစ်ခြင်းမေတ္တာမျိုး မဟုတ်ပါ။ ထိုက့သ
ဲို့ အကြောင်း တိုက်ဆိုင်၍ အကြောင်း အားလျော်စွာ ဖြစ်သော ချစ်ခြင်း
မေတ္တာမျိုးက ခိုင်မြဲသော မေတ္တာမျိုး မဟုတ်ပါ။ ထိုအကြောင်း ပျောက်သွားလျှင် ထိုမေတ္တာလည်း
ပျောက်သွားနိုင် ပါသည်။ ဤမေတ္တာကား အရောင်းဝယ် သမားများ ထားသော မင်းငါ့ကိုချစ်ရင် ငါကလည်း
မင်းကို ချစ်မှာပဲ ဆိုသော မေတ္တာမျိုး မဟုတ်ပါ။

ပညာကို အကြောင်းခံ၍ ၀ိပဿနာဉာဏ် ဖြစ်ပေါ်လာသော မေတ္တာကား အကြောင်းကြောင့်


ဖြစ်သော အကျိုးမေတ္တာ မဟုတ်ပါ။ ဤကား တစ်လောကလုံးကို ဖြန့်ကျက်၍ ထားအပ်သော မေတ္တာမျိုးသာ
ဖြစ်ပါသည်။ သတ္တ၀ါအားလုံး၏ အကျိုးကို လိုလားသော စိတ်သဘောထား မျိုးသာ ဖြစ်ပါသည်။ ဘယ်သူ
ဘယ်ဝါအတွက်ဟု သတ်မှတ် ရည်စူးထားသော မေတ္တာမျိုးမဟုတ်၊ အမှန်စင်စစ် အကန့်အသတ်
မထားသော မေတ္တာမျိုးသာ ဖြစ်၏။ ပြည့်စုံစေမှု၊ ပြီးပြတ်စေမှု အတွက် သူတစ်ပါးကိုလည်း မျှော်မကြည့်၊
တစ်စုံတစ်ရာ လိုလားမှုဖြင့်လည်း မဆက်စပ်၊ အကန့်အသတ် မရှိ ဖြာထွက်သော မေတ္တာမျိုးသာလျှင်
ဖြစ်ပါသည်။
www.apymt.com
သေခြင်းတရားနှင့် မေတ္တာ 6

နောက်ထပ် ဖြစ်ပေါ်လာသော စိတ်၏ အရည်အသွေး တစ်ရပ်မှာ အကြင်နာ တရား (ကရုဏာ)


ဖြစ်ပါသည်။ ဤ ကရုဏာ တရားသည် ကိုယ့်ကိုယ်ကို သနားခြင်း၊ သူတစ်ပါး အတွက် သနား ကြေကြွဲ ခင်းမျိုး
မဟုတ်ပါ။ မိမိ၏ ဆင်းရဲ ဒုက္ခနှင့် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို အသိအမှတ် ပြုခြင်းသည်သာ ကရုဏာ
ဖြစ်ပါသည်။

ပါဠိစကား “ကိလေသာ” ကို အင်္ဂလိပ်လို (defilement) ဟု ဘာသာ ပြန်ပါသည်။ ထိုစကား အရာမူ


ညစ်ညမ်းမှု၊ မသန့်ရှင်းမှုဟုသာ အနက်ရပါသည်။ ပိုပြီး တိတိကျကျ ဘာသာ ပြန်ရလျှင် ကိလေသာသည်
စိတ်ကို ညစ်ညူးစေခြင်း၊ စိတ်ကို နှိပ်စက် ညှင်းပန်းခြင်း ဟူသော အနက်ကိုသာ ရပါသည်။ ဒေါသ
အတွေ့အကြုံသည် လည်းကောင်း၊ လောဘ အတွေ့အကြုံသည် လည်းကောင်း အလုံးစုံသော ကိလေသာ
တရားတို့သည် စိတ်ကို ဆင်းရဲအောင် ပြုလုပ်သော သဘောချည်းသာ ဖြစ်ကြပါသည်။ ထိုအချက်သည်
ထိုတရားများကို ၀ိပဿနာ ရှုသော အခါမှာ ပို၍ ပို၍ ပေါ်လွင် ထင်ရှားစွာ သိသာနိုင်ပါသည်။

တရားထိုင်သော အခါ ကျွန်ုပ်တို့၏ ရုပ်ကို လည်းကောင်း၊ စိတ်ကို လည်းကောင်း ထိခိုက်အောင်


ပြုတတ်သော သဘော ရှိကြောင်းသည် ပိုမို ထင်ရှား လာပါသည်။ ဓမ္မ၏ သဘောကို သိမြင်
နားလည်လာသည်နှင့် အမျှ ထိုတရားများ ပေါ်လာသော အခါ ကျွန်ုပ်တို့ ကိုယက
့ိုယ်ကို ပို၍ ကရုဏာ
ဖြစ်ရပါသည်။ ကိုယ့်ကိုယ်ကို စီရင် ဆုံးဖြတ်ဖို့၊ အပြစ်တင်ဖို့ထက် ပို၍ သနားကြင်နာဖွယ်
ကောင်းပါတော့သည်။ ထို့အတူပင် အခြားသူတို့ မှာလည်း တဏှာ၊ မာန၊ ဒိဋ္ဌိ စသော ကိလေသာ တရားတို့
နှိပ်စက် ခံနေရသည်ကို မြင်ရသော ကာလ တရားကို သိသောသူ အဖြစ်ဖြင့် ၎င်းတို့ကို အပြစ်တင်ရမည့်
အစား သနားကြင်နာသော စိတ်ကသာ ပိုမို များပြားလာပါ တော့သည်။ လူသားအားလုံး ဆင်းရဲဒုက္ခ
ဘုံထဲမှာ တွယ်ငြိနေကြ ရသည့် အဖြစ်ကို မြင်သိသော အခါ အချင်းချင်း သနား ကရုဏာ ပိုလာရပါသည်။

အမြင့်ဆုံးသော စိတ်၏ အရည်အသွေးမှာ အတ္တကင်းမဲ့ခြင်း သဘောကို နားလည်ခြင်း ဖြစ်ပါသည်။


ငါမရှိမှန်း သိသောအခါ သူတစ်ပါးလည်း မရှိသည်ကို သိပါသည်။ ငါ၊ သူတစ်ပါးဆိုသော အသိသည်
ခွဲခြားသော အသိ၊ သူနှင့်ငါ မတူ၊ သူနှင့်ငါ မတန်ဆိုသော အသိမျိုး စိတ်သဘောထား မျိုးသည် လူလူချင်း
ခွဲခြားသော အသိမျိုး ဖြစ်ပါသည်။ အတ္တ ကင်းဆိတ်မှုကို သိသောအခါ ထို လူချင်း ခွဲခြား ရှုမြင်သော
သဘောထား ကင်းမဲ့ သွားပါသည်။ ထိုအခါ အရာခပ်သိမ်းတို့သည် တစ်ခုတည်း ဖြစ်သည်၊
တစ်သဘောတည်းပင် ဖြစ်သည် ဆိုသော “ဧကောဓမ္မော” အမြင်သည် ထင်ရှား ဖြစ်ပေါ် လာပါတော့သည်။

အိုင်းစတိုင်းက “လူသား တစ်ယောက်သည် ကျွန်ုပ်တို့က စကြ၀ဠာဟု ခေါ်သော အလုံးစုံသော


လောကကြီး၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါသည်။ အချိန်ကာလနှင့် နေရာ ဌာနက ပိုင်းခြား
ကန့်သတ်ထားခြင်း ခံရသော စကြ၀ဠာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါသည်။ သူ့ကိုယ်သူ တွေ့ထိ ခံစားမှု၊

www.apymt.com
သေခြင်းတရားနှင့် မေတ္တာ 7

သူ့အတွေး သူ့ခံစားချက် များသည် အခြားလူများနှင့် ကွဲပြား ခြားနားနေသည်ဟု ထင်ခြင်းသည် အသိအမြင်


ထင်ယောင် ထင်မှား ဖြစ်မှု ၀ိပလ္လာသ တရားတစ်ခုသာ ဖြစ်သည်။ ထို အမြင် မှောက်မှားမှုသည် အကျွန်ုပ်တို့
အဖို့ အကျဉ်းထောင် သဖွယ် ဖြစ်၏။ ထို ၀ိပလ္လာသ တရားက ကျွန်ုပ်တို့ကို ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒ၊
ကိုယ့်လောဘ နယ်ထမ
ှဲာသာ ကန့်သတ်ထားပြီး အနီးအနားရှိ အခြားသူများ အပေါ် ထားအပ်သော
အကြင်နာ တရားနှင့် ကင်းဝေးအောင် ပြုထားသည်နှင့် တူပါသည်။ ကျွန်ုပ်တ၏
ို့ အလုပ်မှာ မိမိတို့၏
အကြင်နာ နယ်ကို ပိုမို ကျယ်ပြန့်အောင် ပြုပြီး သတ္တ၀ါ မှန်သမျှနှင့် သဘာဝ၏ အလှတရား အပေါ်
အညီအမျှ မေတ္တာ ထားခြင်းဖြင့် ထို ၀ိပလ္လာသ အကျဉ်းထောင်မှ လွတ်မြောက်အောင် ကြံဆောင်ကြရမည်”
ဟု ဆိုလေသည်။

လောဘ၊ ဒေါသ၊ မောဟ စသည့် မိုးတိမ်တိုက် များသည် သဘာဝအလျောက် စိတ်မှ မေတ္တာ၊


ကရုဏာများ ဖြာထွက်မှုကို မှုန်မွှား စေတတ်ပါသည်။ ထို တိမ်သလာများ ဖြာထွက်မှုကို ကျွန်ုပ်တို့သည်
ဝိပဿနာ ဉာဏ်ဖြင့် ရှင်းလင်း သုတ်သင် နိုင်သည်နှင့် အမျှ မေတ္တာ၏ ဂုဏ်သတ္တိများသည်
သဘာဝအလျောက် ထွန်းလင်း တောက်ပလာပါသည်။

ကျွန်ုပ်တို့ ဘ၀၀ယ် အစွမ်းထက်လှသော ဤ စိတ်အင်အားများ ပေါ်ထွက်လာအောင် ပြုလုပ်သော


ဝိသေသ ကျင့်နည်းကို မြတ်ဗုဒ္ဓက သွန်သင် ညွှန်ပြခဲ့ ပါသည်။ ထိုနည်းကို မေတ္တာဘာဝနာ သို့မဟုတ်
မေတ္တာကို ပြုစု ပျိုးထောင်နေသော နည်းဟု ခေါ်ပါသည်။ ဤ မေတ္တာ ဘာဝနာကို ကျင့်ကြံ ပွားများခြင်း
အားဖြင့် ၀ိပဿနာကို တိုးပွားစေပါသည်။ အဘယ်ကြောင့် ဆိုသော် မေတ္တာ ဘာဝနာသည် စိတ်၏
အပြောကျယ်မှုနှင့် စိတ်၏ ပေါ့ပါးမှုကို ဖြစ်စေနိုင်သောကြောင့် ဖြစ်၏။ ဤ မေတ္တာ ဘာဝနာသည်
ဆင်ခြင်နေစရာ မလိုဘဲ အလိုအလျောက် ရုတ်တရက် ချက်ခြင်း သိမြင်နိုင်သော သတ္တိထူးကိုလည်း
ဖြစ်ပေါ်စေပါသည်။

ကျင့်စဉ် တစ်လျှောက်တွင် နည်းလမ်းနှင့် ရည်မှန်းချက် ပန်းတိုင်သည် သဘောချင်း အတူတူပင်


ဖြစ်ကြောင်းကိုလည်း သင် သိမြင်လာပါသည်။ ငြိမ်းချမ်းခြင်း အဆုံး ပန်းတိုင်နှင့် ညီညွတ် မျှတသော သိမြင်
နားလည်မှုသို့ ဆိုက်ရောက်ရန် ကျွန်ုပ်တို့သည် ခဏတိုင်း ခဏတိုင်း၌ ထို အချက်အလက်များကို
ပွားများနေကြ ရသည်။

အစဉ်သဖြင့် ကျွန်ုပ်တို့သည် မေတ္တာ ကမ္မဋ္ဌာန်းကို ငါးမိနစ် တန်သည်၊ ဆယ်မိနစ် တန်သည်


ကမ္မဋ္ဌာန်း အစမှာသော် လည်းကောင်း၊ ကမ္မဋ္ဌာန်း အားထုတ်မှု အဆုံးမှာသော် လည်းကောင်း၊ တစ်ခါတစ်ရံ
အစကော အဆုံးမှာသော် လည်းကောင်း ပွားများ ကြပါသည်။ အစမှာ အားထုတ်လျှင် ၀ိပဿနာ တရားကို
အားထုတ်သော အခါ စိတသ
် ည် အသင့် လက်ခံခြင်း အဆင့်သို့ ရောက်နေသဖြင့် သတိကို မြဲမြံစွာ
ဖြစ်ပေါ်စေ ပါသည်။ ၀ိပဿနာ အားထုတ်မှု အဆုံးမှာ မေတ္တာ ဘာဝနာကို ပွားများလျှင် မေတ္တာဓါတ်သည်

www.apymt.com
သေခြင်းတရားနှင့် မေတ္တာ 8

ပို၍ အားကောင်းတတ် ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်တင


ွ် စိတ်သည် သမာဓိ အားကောင်း
နေသောကြောင့် ဖြစ်ပါသည်။

မေတ္တာ ဘာဝနာ စီးဖြန်းပုံနည်းမှာ အလွန် လွယ်ကူပါသည်။ သက်သာသလို ထိုင်ပါ။ စိတ်ကို


အမျိုးမျိုးသော ရန်ငြှိုး ရန်ဖ့မ
ျွဲား တင်းမာမှု များမှ ကင်းလွတ်စေရန် အရိယာ သူတော်ကောင်းများ အပေါ်၌
ကျူးလွန်ခဲ့သော အပြစ် ဒေါသများ ရှိခ့ပ
ဲါလျှင် ခွင့်လွှတ်ကြပါရန် တောင်းပန် ၀န်ချခြင်းကို ပြုပါ။

“အကယ်၍ တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ် သတ္တ၀ါတို့ အပေါ်၌ မိမိသည် ကာယကံ မြောက်သော်


လည်းကောင်း၊ ၀စီကံ မြောက်သော် လည်းကောင်း၊ မနောကံ မြောက်သော် လည်းကောင်း ပြစ်မှား
ကျူးလွန်ခဲ့သည် ရှိပါလျှင် အကျွန်ုပ်အား ခွင့်လွှတ်တော် မူကြပါရန် အလေးအနက် တောင်းပန်ပါသည်။
အကယ်၍ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တ၀ါက မိမိအပေါ် ပြစ်မှားကျူးလွန် ရှိခဲ့ပါလျှင်လည်း
ထိုပုဂ္ဂိုလ် သတ္တ၀ါတို့ အပေါ်၌ အကျွန်ုပ် အနူးအညွတ် ခွင့်လွှတ်ပါသည်။”

ဤ စကားကို တိတ်ဆိတ်စွာ စိတ်ဖြင့် နှစ်ကြိမ် သုံးကြိမ် ရွတ်ဆို တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း


အားဖြင့် စိတ်ထတ
ဲ င
ွ် ရှိနေသေးသော မလိုမုန်းထားသော အညစ်အကြေး များကို ထိရောက်စွာ ဆေးကြော
သုတ်သင်နိုင် ပါသည်။

ထို့နောက် မိနစ် အနည်းငယ် ကြာအောင် မိမိကိုယ်ကို မိမိ မေတ္တာ ပွားများပါ။ “အကျွန်ုပ်သည်


ချမ်းသာပါစေ၊ အကျွန်ုပ်သည် ငြိမ်းချမ်းပါစေ၊ အကျွန်ုပ်သည် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ” ဟု ဤ
စကားလုံးများ၏ အပေါ် စိတ်ကို စူးစူးစိုက်စိုက် ထား၍ အကြိမ်ကြိမ် ရွတ်ပါ။ ကိုယ့်ကိုယ်ကို မေတ္တာဓါတ်ကို
ခံယူရရှိခြင်း မရှိဘန
ှဲင့် အခြားသူများ အပေါ် မေတ္တာပွားများရန် အလွန် ခက်ခဲပါသည်။

မိမိတို့ သုံးနှုန်းသော စကားလုံးမှာ အဓိက မကျပါ။ သင့်ရင်ထဲမှာ အထပ်ထပ် အသံ မြည်စေနိုင်သော


စကားလုံး စကားစုများကို အသုံးပြုပြီး ရွတ်ဆိုပါ။ ထိုစကားသည် မေတ္တာ မန္တာန် ဖြစ်လာပါလိမ့်မည်။

ထို့နောက် ဤမေတ္တာ ဘာဝနာကို အခြားသူများသို့ ဆက်လက် ပွားများရန် အားထုတ်ပါ။ “အကျွန်ုပ်


ချမ်းသာလို သကဲ့သို့ သတ္တ၀ါ အားလုံးတို့လည်း ချမ်းသာကြ ပါစေ။ အကျွန်ုပ် ငြိမ်းချမ်းလို သကဲ့သို့ သတ္တ၀ါ
အားလုံးတို့လည်း ငြိမ်းချမ်းကြ ပါစေ။ အကျွန်ုပ် ဆင်းရဲခြင်း အပေါင်းမှ ကင်းဝေးစေလို သကဲ့သို့ သတ္တ၀ါ
အပေါင်းတို့ သည်လည်း ဆင်းရဲခြင်း အပေါင်းမှ ကင်းဝေးကြ ပါစေ။”

ဤစကားများကို စိတ်ထဲတင
ွ် မိနစ် အတန်ကြာအောင် အထပ်ထပ် ရွတ်ဆိုလျှင် အခြားသူများသို့
ပို့လွှတ်သော မေတ္တာသည် စတင် ဖြာထွက် လာပါသည်။ မေတ္တာပို့သော စကားကို ရွတ်ဆို၍ ကောင်းအောင်
သံစဉ် ပြေပြစ်အောင် စီစဉ်၍ ရွတ်ဆိုပါ။ မြန်မာတို့ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ အဗျာဘဇ္ဇ ဟောန္တု၊

www.apymt.com
သေခြင်းတရားနှင့် မေတ္တာ 9

အနီဃာ ဟောန္တု၊ သုခိ အတ္တာနံ ပရိဟာရန္တု ဟူ၍ ပါဠိဘာသာဖြင့် ရွတ်ဆိုနိုင် ပါသည်။ “သတ္တ၀ါအားလုံး
ချမ်းသာကြပါစေ၊ ငြိမ်းချမ်းကြ ပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြ ပါစေ” ဟုလည်း ရွတ်ဆိုနိုင် ပါသည်။

တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို ရည်စူး၍လည်း မေတ္တာပို့နိုင် ပါသည်။ ထိုပုဂ္ဂိုလ်သည် သင်နှင့်


အလွန်အမင်း ရင်းနှီးမှု ရှိပြီး သူ့အပေါ် သင်က အသင့် မေတ္တာ ရှိနှင့်ပြီးသူလည်း ဖြစ်နိုင်သည်၊ သို့မဟုတ်
သင်က သူ့အပေါ်မှာ အမုန်း ရန်ငြှိုး ရှိနေသူလည်း ဖြစ်နိုင်သည်။ မေတ္တာ ပို့သောအခါ မိမိ မေတ္တာ ပို့လိုသော
သူကို စိတ်မျက်စိမှာ ထင်မြင်လာအောင် လုပ်ပြီး မေတ္တာပို့သော စကားများကို အထပ်ထပ် ရွတ်ဆိုပါ။
အဆုံး၌ အရပ် ဆယ်မျက်နှာရှိ သတ္တ၀ါ အားလုံးအပေါ် ခြုံ၍ပို့သော မေတ္တာကို ပို့ပါ။

အစပိုင်းတွင် ဤသို့ မေတ္တာ ပို့ခြင်းသည် ယန္တယား ဆန်ဆန် ဖြစ်နေနိုင်သည်။ အလေ့အကျင့်


ရသောအခါ စကားလုံးများ အပေါ် အာရုံ စူးစိုက်မှု ပြုခြင်းဖြင့် သတ္တ၀ါတို့ အပေါ်တွင် သင် ဖြစ်စေလိုသော
ဆန္ဒသည် မေတ္တာ ကရုဏာ ခံစားချက် အဖြစ်ဖြင့် တဖြည်းဖြည်း ရှင်သန် ကြီးထွား လာပေလိမ့်မည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေဝ


ိ့ပဿနာ စာအုပ်မှ
ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။

လေးစားစွာဖြင့်

ဖိုးသား

3/15/2011 11:23:30 AM

www.apymt.com

You might also like