Download as pdf or txt
Download as pdf or txt
You are on page 1of 37

Uncensored Burma - Daily News ( 2011 Apr 1)

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

ဗိုလ်ချုပ်မှူးကြီး အာဏာစွန့်ပြီိလို့ NLD မယူဆ


By ဦးကျော်ဇံသာ သောကြာ, 01 ဧပြီ VOA

လူ့အခွင့်အရေးကောင်စီနဲ့ ဗမာအစိုးရ
By ဦးအောင်ခင် & မညိုညိုလွင် စနေ, 02 ဧပြီ VOA

နေပြည်တော် အနှိပ်ခန်းများ ဆက်ဖွင့်နေ


စည်သူ Friday, 01 April ဧရာဝ
ဧရာဝတီ

လက်ရွေးစင် အသင်း နည်းပြချုပ် သတိပေးခံရ


ဟိန်းဇော် Friday, 01 April ဧရာဝ
ဧရာဝတီ

မြန်မာ ၉ ဦး ထိုင်းငါးဖမ်းလှေတွင် ရောင်းစားခံရ


ဘစောတင် Friday, 01 April ဧရာဝ
ဧရာဝတီ

သန့်ရှင်းသည့် အစိုးရဖြစ်လိုက ဥပဒေ လိုက်နာရမည်


ခင်ဦးသာ Friday, 01 April ဧရာဝ
ဧရာဝတီ

နိုင်ငံတကာ သံတမန်ရေး ထိုးစစ်နှင့် တတိယ အင်အားစု


အောင်လင်းထွဋ် Friday, 01 April ဧရာဝ
ဧရာဝတီ ဆောင်းပါး

ပိတ်ဆို့မှု တိုးမြှင့်ရေး အမေရိကန်အမတ်များ တောင်းဆို


2011-04-01 RFA

မြန်မာအစိုးရသစ်ကို ပိတ်ဆို့မှုများ တိုးမြှင့်ဖို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ပြောကြား


2011-04-01 RFA

မန္တလေးနှင့် မေမြို့ အကြား အိမ်ခြံမြေဈေး နေ့ချင်းညချင်း ထိုးတက်


2011-04-01 RFA
တာချီလိတ်ခရိုင် ငလျင်ဒုက္ခသည်များ အအေးဒဏ် ခံစားနေရ
2011-04-01 RFA

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး


2011-04-01 RFA

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးဖို့ ဂျာမနီ ဝန်ကြီးချုပ် တောင်းဆို


2011-04-01 RFA

ငလျင်မြေပုံ ရေးဆွဲရေး နော်ဝေးကူညီမည်


2011-03-31 RFA

မြန်မာ-တရုတ် ပိုက်လိုင်းကြောင့် ပဋိပက္ခ ပိုမိုလိမ့်မည်ဟု ဆို


သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ ဧပြီလ ၀၁ ချင်းမိုင် (မဇ္ဈိမ) ။

အပြောကြီးလွန်းတဲ့ တိုင်းရင်းဆေး သတိပေး


သဲသဲ | သောကြာနေ့၊ ဧပြီလ ၀၁ နယူးဒေလီ (မဇ္ဈိမ) ။ ။

ကနေဒါနိုင်ငံသားကို နယ်စပ်ကျော်မှုဖြင့် တရားစွဲမည်


ကျော်ခ | သောကြာနေ့၊ ဧပြီလ ၀၁ နယူးဒေလီ (မဇ္ဈိမ) ။

ရောင်းလို့ရတာ အကုန်ရောင်းတဲ့ နောက်ကွယ်မှာ


ဂျွန်ဟန်းနက်စ် | သောကြာနေ့၊ ဧပြီလ ၀၁ မဇ္ဈိမ

စရိတ်မျှပေး ကျန်းမာရေးဆီသို့
ထွန်းထွန်း | သောကြာနေ့၊ ဧပြီလ ၀၁ နယူးဒေလီ (မဇ္ဈိမ) ။ ။

ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော်ကို ဘယ်လို သဘောထားသလဲ


ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊
မခ ဧပြီ ၁၊ ၂၀၁၁

၂၀၀၈ အခြေခံဥပဒ ကို တိုက်ဖျက်။ ကြံ့ဖွံ့အစိုးရကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်


တူမောင်ညို
ဧပြီ ၁၊ ၂၀၁၁မိ
မိုးမခ

မိုးနက်ဝမ်း (MoeNed-One) ယူနီကုဒ် အောင်မြင်စွာ တီထွင်၊


ကွန်ပျူတာသုံး မြန်မာစာကို နိုင်ငံတကာ အသိအမှတ်ပြုတော့မည်
မိုးမခအထောက်တော် အမှတ် ၀၀၈
ဧပြီ ၁၊ ၂၀၁၁
ဗိုလ်ချုပ်မှူးကြီး အာဏာစွန့်ပြီိလို့ NLD မယူဆ
By ဦးကျော်ဇံသာ သောကြာ, 01 ဧပြီ VOA

မြန်မာနိုင်ငံမှာ တန်ခိုးအာဏာ အကြီးမားဆုံးဖြစ်လာမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မပါဝင်ဘဲ ဖွဲ့စည်းတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ
အာဏာကို စွန့်လွှတ်လိုက်ပြီလို့ ဆိုနိုင်ပါသလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဖြစ်နိုင်ဘူးလို့
ပြောကြားလိုက်ပါတယ်။ NLD ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နိုင်ငံတော် သမ္မတရာထူး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥက္ကဌရာထူး၊
ကာကွယ်ရေး ဦးစီးချုပ် ရာထူးတွေကို လက်လွှတ်လိုက်တာဟာ အာဏာကို စွန့်လွှတ်လိုက်ပြီလို့ ယူဆပါသလား
ဆိုတဲ့ ဦးကျော်ဇံသာရဲ့ အမေးကို ဦးဝင်းတင်က အခုလိုစပြီး ဖြေခဲ့ပါတယ်။

“သူကတော့ ရာထူးတွေ တခုပြီးတခုတော့ လွှတ်ထားတာတော့ ဖြစ်ရင်ဖြစ်မယ်ပေါ့ဗျာ။ သို့သော် ဘာပဲပြောပြော


ကျနော့်အထင်ကတော့ သူ့မှာ ကြံ့ခိုင်ရေးပါတီမှာများ သူ တခုခုများ ပါဝင်ပြီးနေမှာလားလို့ တွက်နေတယ်။ သူ
လက်လွှတ်ရင် သူ့ကိုယ်သူလည်း မျောက်သစ်ခိုင်းလွတ် ဖြစ်တဲ့ဟာမျိုးတော့ အဖြစ်ခံမှာမဟုတ်ဘူးလို့ ကျနော်
တွေးနေမိတယ်။ ဆိုတော့ ဘယ်ပုံစံနဲ့များ ချိတ်တွဲနေဦးမလဲဆိုတာတော့ သိပ်မှန်းလို့တော့ မရဘူးပေါ့ဗျာ။”

သူ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ သူတကယ် စွန့်လွှတ်ချင်ပေမဲ့လည်း သူ့ကို လူ့အခွင့်အရေးချိုးဖောက်မှု၊


လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေနဲ့ ခုံရုံးတင်ဖို့ဘာညာဆိုတာ နိုင်ငံတကာမှာ
ကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။ အဲဒီတော့ သူဟာ ထွက်ပေါက်မရှိလို့များ တွယ်ကပ်နေရတဲ့သဘော
ဖြစ်နေပါသလားခင်ဗျ။ -

“အဲဒီလိုပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကနေပြီးတော့ သူ့ကို အရေးယူမယ်ဆိုတာတွေတင်


မကပါဘူး။ မြန်မာပြည်မှာလည်း သူ ဘယ်လွတ်နေမလဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ ကျူးလွန်တဲ့ပြစ်မှုတွေ
ဆိုတာက မြန်မာလူမျိုးတိုင်း သိနေတာပဲ။ ဥပမာ - သူတို့မိသားစုတွေ အခွင့်အရေးတွေ ယူခဲ့တာ၊
အရေးအခင်းတွေတုန်းက ဘုန်းကြီးအရေးတော်ပုံတုန်းကဟာမျိုးတွေ သတ်တာဖြတ်တာတွေဟာ မြန်မာလူမျိုးက
ဘယ်မေ့မလဲဗျ။ ဒီနေ့ ပြောလို့မဖြစ်လို့ မပြောတာသာရှိရမယ်။ ပြောစရာရှိတဲ့နေ့မှာ ပြောလာမှာပဲ။ အဲဒီတော့
သူ့အဖို့ကတော့ အမှန်အတိုင်းပြောရရင်တော့ လုံခြုံမှုက ဘယ်လိုမှမရှိဘူး။ ကမ္ဘာကနေပြီးတော့
စွပ်စွဲနေတာမဟုတ်လည်း မြန်မာပြည်မှာလည်း သူ့မှာ လုံခြုံမှုမရှိဘူးလို့ပဲ ကျနော်ကတော့ အဲဒီလိုပဲ
ပြောချင်ပါတယ်။”

အဲဒီလိုဆို သူ့ကို လုံခြုံမှုပေးပြီးတော့ ထွက်ပေါက်ပေးနိုင်ရင် တိုင်းပြည်အတွက် ပိုမကောင်းဘူးလားခင်ဗျ။ -

“အဲဒါကတော့ ဒီလိုရှိတယ်ဗျာ။ သူ့ကိုထွက်ပေါက်ပေးလိုက်ပေမဲ့လို့ သူ့ရဲ့ အသိုင်းအ၀ိုင်းနဲ့သူက ကြီးစိုးခဲ့တာကိုး


သူက။ ဂိုဏ်းဖွဲ့ပြီးတော့ ဆိုးသွမ်းခဲ့တဲ့လူတယောက် အနေနဲ့ကြည့်လို့ရှိရင် သူ့ကိုထွက်ပေါက်ပေးလို့ နိဗ္ဗာန်ပို့လည်း
မထူးပါဘူး။ ကျန်တဲ့သူကတော့ မြန်မာပြည်ကြီးတခုလုံးကို ငရဲလိုဖန်တီးတဲ့ ငရဲသားတွေကတော့
ကျန်နေဦးမှာပဲဆိုတဲ့အခါကျတော့ ကျနော်ကတော့ အဲဒီလိုမဖြစ်သင့်ဘူးလို့ ထင်တယ်။ အပြစ်ရှိရင်
အပြစ်ခံရမှာပေါ့၊ အပြစ်မရှိရင်လည်း မရှိသလို လွတ်ရမှာပဲလို့ ကျနော်ကတော့ အဲဒီလိုပဲ တွေးပါတယ်။”

သူ လွတ်တာ မလွတ်တာထက် တိုင်းပြည်အတွက် ပိုမကောင်းသွားဘူးလား၊ ပိတ်ဆို့နေတဲ့လမ်းတခု


ပွင့်သွားမလားဆိုတာ စဉ်းစားပေးလို့မရဘူးလား။ -
“ကျနော်ကတော့ အဲဒီလိုမထင်ဘူး။ ခုနကပြောသလိုပေါ့။ တိုင်းပြည်အတွက် ပွင့်သွားမလားဆိုတာက၊
ကောင်းပြီ။ ဥပမာဆိုပါတော့ သူ့ကို အီဂျစ်က မူဘာရက်တို့ လုပ်သလို ကဲ - ကြွပေတော့ဆိုပြီးတော့
ဘယ်ကိုပို့မလဲ။ ဘယ်ကိုပို့ပို့ တိုင်းပြည်ကတော့ သူကျူးလွန်ထားတဲ့အပြစ်တွေက အများကြီးရှိတယ်လို့
ကျနော်ထင်တယ်။ သူနဲ့အတူ ခိုးဖော်ခိုးဖက်၊ ဆိုးဖော်ဆိုးဖက် ဆိုတဲ့ဟာတွေကလည်း အများကြီးရှိနေတဲ့
အခါကျတော့ သူတယောက်တည်းထွက်ပါ ဆိုယုံနဲ့ မြန်မာပြည်ကြီး ကောင်းရပါမယ်လို့တော့ ကျနော် မထင်ဘူး။”

NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီနဲ့ ဗမာအစိုးရ
By ဦးအောင်ခင် & မညိုညိုလွင် စနေ, 02 ဧပြီ VOA

ကုလသမဂ္ဂ ပဋိညာဉ် လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ အခြား စာချုပ်စာတမ်းတွေကို အခြေခံပြီး သုံးသပ်တဲ့


လူ့အခွင့်အရေးကောင်စီ ကြားနာပွဲမှာ လူ့အခွင့်အရေး မြှင့်တင်နေပါတယ်လို့ ဗမာအစိုးရ
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရှေ့ နေချုပ်ဒေါက်တာထွန်းရှင် က ပြောသွားပါတယ်။
မြန်မာ့လူ့အခွင့်အရေးမှတ်တမ်းကို (၅၇) နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးပြီး မှတ်ချက်ချပါတယ်။
ချီးကျူးသူရှိသလို ဝေဖန်သူတွေလည်း ရှိပါတယ်။ အစိုးရစစ်တပ်က မုဒိမ်းကျင့်တယ်ဆိုတာ မဟုတ်မမှန်ကြောင်း၊
ပြည်သူ့ဘဝ သာယာအောင် ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။ တံတားကြီး၊ တံတားငယ် (၈၁) ခု
တည်ဆောက်တာကိုလည်း အောင်မြင်မှုအဖြစ် မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၂) နိုင်င့ရဲ့  လူ့အခွင့်အရေးမှတ်တမ်းကို (၄) နှစ်တကြိမ် သုံးသပ်ဖို့ ကုလသမဂ္ဂ


လူ့အခွင့်အရေးကောင်စီ က ၂၀၀၆ မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို UPR- Universal Periodic Review လို့
ခေါ်ပါတယ်။ တနှစ်အတွင်း (၄၈) နိုင်ငံရဲ့  လူ့အခွင့်အရေးမှတ်တမ်းတွေကို သုံးသပ်မယ်ဆိုရင် (၄) နှစ်ကာလမှာ
(၁၉၂) နိုင်ငံရဲ့  မှတ်တမ်းတွေကို သုံးသပ်နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလနှောင်းပိုင်းမှာ
မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးမှတ်တမ်းကို သုံးသပ်ထားပါတယ်။

လူ့အခွင့်အရေးကောင်စီမှတ်တမ်းမှာ ၂၀၁၀ နိုဝင်ဘာလ (၁၀) ရက်ထုတ် ဗမာအစိုးရရဲ့  (၂၁) မျက်နှာ


အစီရင်ခံစာပါ အကြောင်းအရာတွေကို ပြန်လည်တင်ပြထားပါတယ်။ ၂၀၁၀ မေလ (၁၀) ရက်နဲ့ (၁၁) ရက်နေ့
နေပြည်တော်မှာကျင်းပတဲ့ လူ့အခွင့်အရေးအစည်းအဝေးမှာ ပြင်ဆင်ထားတာကို လူ့အခွင့်အရေးကောင်စီမှာ
တင်ပြတာဖြစ်ပါတယ်။ အခြေခံဥပဒေဟာ အလွန်ကောင်းကြောင်း၊ သံဃာဦးဆောင်တဲ့ လူထုဆန္ဒပြပွဲကို
ပတ်ခတ်ချေမှုန်းပြီးတဲ့နောက် ၂၀၀၇ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ တည်ထောင်လိုက်တဲ့
မြန်မာ့လူ့အခွင့်အရေးအဖွဲ့ဟာ တိုင်းသူပြည်သား လူ့အခွင့်အရေးတွေရရှိအောင် ကြိုးပမ်းနေကြောင်း
ဖော်ပြထားပါတယ်။ တိုင်းသူပြည်သားတိုင်း လူ့အခွင့်အရေးခံစားနိုင်အောင် ဗမာအစိုးရက
လုပ်ဆောင်နေကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ ထူးခြားတာကတော့ အင်အားကြီးနိုင်ငံအချို့ က မြန်မာနိုင်ငံကို တဖတ်သတ်


စီးပွားရေးဒဏ်ခတ်ပိတ်ဆို့နေတာကြောင့် မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်နေရတယ်လို့
ဖော်ပြထားတာပါ။ ကုလသမဂ္ဂရဲ့  လုပ်နည်းလုပ်ထုံးကို အင်အားကြီးနိုင်ငံအချို့ က အသုံးပြုပြီး မြန်မာနိုင်ငံကို
ဖိအားပေးကြတဲ့အတွက် လူ့အခွင့်အရေးစောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့ ဗမာအစိုးရမှာ အခက်အခဲရှိတယ်လို့
ဆိုပါတယ်။ မသန်မစွမ်းသူ အခွင့်အရေး၊ ကလေးအခွင့်အရေးနဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊
လူမျိုးရေး နဲ့ ရွှေ့ ပြောင်းလုပ်သားများအခွင့်အရေး စတဲ့ စာချုပ် (၆) ခုကိုလည်း ဗမာအစိုးရက
လိုက်နာကျင့်သုံးနေတယ်လို့ ဖော်ပြထားပါတယ်။
အစိုးရတိုင်းရဲ့  လူ့အခွင့်အရေးမှတ်တမ်းကို လေးနှစ်တကြိမ်စီစစ်တဲ့ကိစ္စမှာ အစိုးရအချင်းချင်း
စစ်ဆေးနေတဲ့အတွက် ထိထိရောက်ရောက် အရေးမယူနိုင်တာမျိုးနဲ့ အပေးအယူ လုပ်တာမျိုးတွေရှိတယ်လို့
ဝေဖန်ကြပါတယ်။ ဒါပေမဲ့ တသီးပုဂ္ဂလအဖွဲ့တွေကလည်း ပြောရေးဆိုခွင့် ရကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံအင်ဂျီအိုအဖွဲ့ပေါင်းပေါင်း (၂၀) ကျော်ကလည်း


မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုအကြောင်း အစီရင်ခံစာတွေ တင်ပြကြပါတယ်။ အဖွဲ့အစည်း (၂၆)
ခုက ပူးတွဲအစီရင်ခံစာ (၅) ခု တင်သွင်းပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖျက်မှုကို တင်ပြတဲ့
ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း (၄၇) ခု ရှိတာတွေ့ရပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့  တင်ပြချက်ကိုလည်း
လူ့အခွင့်အရေးကောင်စီက အကျဉ်းချုံးပြီး ဖော်ပြထားပါတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း (၄၀) ကျော်ရဲ
့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေဟာ ဗမာအစိုးရအစီရင်ခံစာနဲ့ တခြားစီ ဖြစ်နေတာကို
အထင်အရှားတွေ့နိုင်ပါတယ်။

လေးနှစ်တကြိမ် လူ့အခွင့်အရေးမှတ်တမ်းသုံးသပ်တဲ့ အစီအစဉ်ကို ဗမာအစိုးရက လက်ခံပြီး


အပြောတမျိုးအလုပ်တမျိုး မထီလေးစားလုပ်နေပုံ ရပါတယ်။ ဒါကြောင့် ဗမာအစိုးရရဲ့  လူ့အခွင့်အရေး
ချိုးဖျက်မှုတွေကို အပြင်းအထန်ရှုတ်ချကြောင်း လူ့အခွင့်အရေးချိုးဖျက်မှု အစီရင်ခံစာအားလုံးကို စုံစမ်းစစ်ဆေးပြီး
တာဝန်ရှိသူတွေကို အရေးယူဖို့ ဗမာအစိုးရကို တိုက်တွန်းကြောင်း၊ မတ်လ (၂၅) ရက်နေ့မှာ
လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ်ရဲ့  ရာထူးသက်တမ်းကိုလည်း တနှစ်ထပ်တိုးပေးလိုက်ပါတယ်။

လူ့အခွင့်အရေးစကားပြောနေတဲ့ ဗမာစစ်အစိုးရကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုခင်းတွေ များလွန်းတဲ့အတွက်


ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကင်တားနား တိုက်တွန်းပြီး
ဒီတိုက်တွန်းချက်ကို ထောက်ခံတဲ့ အနောက်တိုင်းအစိုးရ (၁၆) ခုအထိ ရှိနေပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ 
ထောက်ခံချက်ကို အကောင်အထည်ဖော်ဖို့ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ နောက် (၄) နှစ်ကြာလို့
လူ့အခွင့်အရေးမှတ်တမ်းသုံးသပ်ဖို့ အချိန်ရောက်လာရင် ကောင်စီရဲ့  ထောက်ခံချက်တွေကို
အကောင်အထည်ဖော်နိုင် မဖော်နိုင် ဗမာအစိုးရက တင်ပြရပါလိမ့်မယ်။

နေပြည်တော် အနှိပ်ခန်းများ ဆက်ဖွင့်နေ


စည်သူ Friday, 01 April ဧရာဝ
ဧရာဝတီ

နေပြည်တော်နှင့် ပျဉ်းမနားမြို့တွင် စည်းကမ်း ဥပဒေနှင့် မညီညွတ်သော အနှိပ်ခန်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများ


တိုးပွားနေပြီး အာဏာပိုင်များ၏ အကာအကွယ်ကိုယူ၍ လုပ်ကိုင်နေကြကြောင်း ဒေသခံများက ပြောသည်။
ပျဉ်းမနားမြို့အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) က ယခုလ ၈ ရက်နေ့တွင် ပျဉ်းမနားရှိ
ကာရာအိုကေများ၊ စင် တင် တေးဂီတများ၊ ဗျူတီပါလာများနှင့် အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာ လုပ်ငန်းများကို
စည်းကမ်းချက်များ ထုတ်ပြန်၍ ဖမ်းဆီး နှိမ်နင်းနေသည်ဟု ဆိုသော်လည်း ယနေ့အထိ ယခင်ကာလကဲ့သို့
ဆက်လက် လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း ပျဉ်းမနားမြို့ပေါင်းလောင်း ရပ်ကွက်တွင် နေထိုင်သည့်
အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပြသည်။

“စည်းကမ်းချက်ထုတ်တယ်၊ ဖမ်းဆီးနှိမ်နင်းနေတယ်သာ ဆိုတာ ဆိုင်တွေကတော့ ဆက်ပြီးလည်ပတ်နေတုန်းပဲ။


ပြီးခဲ့တဲ့ စနေနေ့တုန်းကဆို ပေါင်းလောင်း ၁၅ လမ်းမှာ အနှိပ်ခန်းအသစ် တခုတောင်
ထပ်ဖွင့်လိုက်သေးတယ်”ဟု ၎င်းက ဆိုသည်။
ကာရာအိုကေဆိုင်များ၊ စင်တင်တေးဂီတများ၊ ဗျူတီပါလာများနှင့် အနှိပ်ခန်းများကို ပြည့်တန်ဆာလုပ်ငန်းနှင့်
ပတ်သက်ပါက ထိရောက်စွာအရေးယူမည်ဟု ဆိုသော်လည်း ဆိုင်ငယ် ဆိုင်သေးများသာ
အရေးယူဖမ်းဆီးခံရလေ့ရှိပြီး လမ်းမကြီးများပေါ်ရှိ ဆိုင်ကြီးများမှာမူ အရေးယူခံရလေ့မရှိကြောင်း ဒေသခံများက
ပြောဆိုသည်။

“အခုတလောဖမ်းတာက တော်တော်ဖမ်းတာတွေ့ရပါတယ်။နေ့လယ်ခင်းတောင် ဖမ်းဆီးနေတာ တွေ့ရပါတယ်။


ဒါပေမယ့် သူတို့ ဖမ်းတာတွေက တကယ့်ဆိုင်သေးသေးလေးတွေပဲ ဖြစ်နေတယ်။ ချယ်ရီလမ်းက လမင်းအိမ်တို့၊
ယောက်သွားအင်းက တော်ဝင် နန်း တို့ ၊ Famousတို့လို တနေရာတည်းမှာ ကာရာအိုကေ၊ စင်တင်၊
ဗျူတီပါလာကော အနှိပ်ခန်းကော ရတဲ့ဆိုင်ကြီးတွေ က တော့ မီးတွေထိန်လင်းနေတာ ဖွင့်နေတာပဲဗျ”ဟု
ပျဉ်းမနား ရွာကောက်ရပ်ကွက်၌ နေသူ တဦးက ပြောသည်။

နေပြည်တော်သို့ အစိုးရရုံးများမရွှေ့မီ၂၀၀၆ ခုနှစ်က ပျဉ်းမနားမြို့တွင် အနှိပ်ခန်းများ၊ ကာရာအိုကေများ၊


ဗျူတီပါလာများနှင့် စင် တင်တေးဂီတများ အနည်းငယ်သာရှိခဲ့ပြီး အစိုးရရုံးစိုက်ရာမြို့ကို နေပြည်တော်သို့
ရွှေ့ပြောင်းရန် တည်ဆောက်ရေးလုပ်ငန်းများစတင်လာချိန်တွင်မူ အဆိုပါ လုပ်ငန်း
အများအပြားပေါ်ပေါက်လာခဲ့ကြောင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင် တဦးက ပြောပြသည်။

“တည်ဆောက်ရေးလုပ်ငန်းတွေက ငွေသုံးနိုင်ကြတယ်လေ။သူတို့က ငွေလည်း ရလွယ်တယ်။ တနေကုန်


ဆိုက်ထဲမှာလုပ်။ ည ဆို
ကာရာအိုကေ သွား၊ ဘီယာသောက်၊ အနှိပ်ခန်းဝင် လုပ်နိုင်ကြတယ်လေ။ ဒေသခံတွေကတော့ အဲဒီလောက်
ဝင်ငွေမကောင်း တော့ သိပ်မသွားနိုင်ကြဘူး။ သွားတဲ့လူတွေလည်း ရှိကြပါတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့မှ နေပြည်တော်သို့ တာဝန်ကျသော အစိုးရအရာရှိတဦးကလည်း“ရန်ကုန်မှာက အနှိပ်ခန်း ဆိုရင်


တဆက်ရှင်(တနာရီ) ကို ကျပ် ၂၅၀၀၊ ၃၀၀၀ လောက်ကနေ သိန်း ဂဏန်း အထိရှိတယ်။ ဒီမှာကတော့
တဆက်ရှင်(၄၅ မိနစ်)ကို အနည်းဆုံး ၅၀၀၀ ပဲ။ ဒီမှာက တည်ဆောက်ရေးလုပ်ငန်းတွေက လူတွေက
ပိုက်ဆံပေါတော့ တောင်းချင်သလောက် တောင်းလို့ရတယ်။ ပေးတဲ့သူက လည်း ငွေကို ငွေလို့
မထင်အောင်ပေးကြတာပဲ”ဟု ပြောကြားသည်။

ရန်ကုန်မြို့ထက် နေပြည်တော်ရှိ ကာရာအိုကေ လုပ်ငန်းများ၌ လုပ်ကိုင်ရခြင်းက ၀င်ငွေ ပိုကောင်းကြောင်း


နေပြည်တော်ရှိ ကာရာအိုကေ ဆိုင်ခန်းတခုတွင် ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ်မှ လာရောက် လုပ်ကိုင်နေသည့်
အသက်၂၂ ခန့်ရှိ မသူဇာ (အမည်ရင်း မဟုတ်)က ပြောပြသည်။

“သမီးတို့ ရန်ကုန်မှာဆို တဆက်ရှင်(တနာရီ)မှ သမီးလုပ်တဲ့ဆိုင်က ကျပ် ၄၀၀၀ ပဲ။ သမီးတို့ရတာက ၇၀၀


ပဲရတယ်။ ဒီမှာက တ ဆက်ရှင်(၄၅ မိနစ်)ကို ၆၀၀၀။ သမီးတို့က ၁၅၀၀ ရတယ်။ ဒီက
ဆောက်လုပ်ရေးကုမ္ပဏီက လူတွေကု မုန့်ဖိုးဆိုလည်း သောင်းနဲ့သိန်းနဲ့ချီ နင့်နေအောင်ပေးကြတာ။ ရန်ကုန်မှာ
သမီးတို့ဖောက်သည်တွေက ၀န်ထမ်းတွေဆိုတော့ လေးငါးထောင်ပဲ ရတာလေ။ တကယ် ဈေးကြီးတဲ့
စားသောက်ဆိုင်တွေက သူတွေကတော့ ရတာပေါ့။ သမီးတို့လို ဈေးချိုတဲ့ ဆိုင်တွေကတော့ သိပ်မရကြဘူး။
ဒီမှာကတော့ ဘယ်နေရာဖြစ်ဖြစ် ငွေကတော့ သောက်သောက်လဲရတယ်”ဟု မသူဇာက ပြောသည်။

မသူဇာသည် ရွှေပြည်သာရှိ မိဘများကို အလှပြင်ဆိုင်တွင် အလုပ်လုပ်နေသည်ဟု ပြောဆိုထားပြီး တလလျှင်


ကျပ် နှစ်သိန်းခန့် လစဉ် ပေးပို့နေသူတဦးဖြစ်ကြောင်း သိရသည်။
မသူဇာက ဆက်လက်၍“သမီး သုံးပြီး၊ စားပြီး၊ သောက်ပြီး နှစ်သိန်းလောက် ပို့နိုင်တယ်ဆိုတာ ကျန်တဲ့အလုပ်မှာ
မဖြစ်နိုင်ဘူးလေ။ သမီး အရည်အချင်းနဲ့။ တနေ့မှာတော့ ဒီအလုပ်က ရုန်းထွက်မယ် စိတ်ကူးတယ်။
သမီးဘာသာလည်း ပိုက်ဆံ စုထားရတာလေ”ဟု ပြောဆိုသည်။

ထိုလုပ်ငန်းများသည် ၀င်ငွေကောင်းသကဲ့သို့ တဘက်တွင်လည်း ဌာနဆိုင်ရာအရာရှိကြီးများ၊


စစ်ဘက်နှင့်ရဲဘက်မှအရာရှိကြီးများအား ငွေကြေး လာဘ်လာဘများပေး၍ အကာအကွယ်ယူလာကြသဖြင့်
ဖမ်းဆီး အရေးယူရာတွင် အခက်အခဲဖြစ်စေကြောင်း ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တွင် ပါဝင်သူတဦးက ပြောသည်။

“ကျနော်တို့က တကယ်ဖမ်းချင်ရင်တောင် သူတို့(အနှိပ်ခန်း၊ ကာရာအိုကေ စသည်)က အဘ ဘယ်သူ့ကို


ဘာပေးထား တာ၊ သတင်း တပ်ဖွဲ့က ဘယ်သူက ရှယ်ယာပါတာ၊ ကာကွယ်ရေးဝန်ကြီးဌာနက
ဘယ်အရာရှိကြီးပါတာတို့၊ စရဖ က ဘယ်သူ့မိတ်ဆွေပေါ့။ အဲဒါကြောင့် ကျနော်တို့လည်း အကုန် မဖမ်းရဲဘူး။
တခုမှ မဖမ်းပြန်ရင်လည်း အထက်က ကိုယ့်ကို ထုချေလွှာတင်ခိုင်း ဦး မယ်။ တော်တော်စိတ်ညစ်ဖို့
ကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် အဆိုပါ လုပ်ငန်းများတွင် ရှယ်ယာထည့်ဝင်သူ၊ ပိုင်ဆိုင်သူများ၊ စစ်ဘက်၊ ရဲဘက်မှ အရာရှိကြီးများ၏


မည်ကို ထုတ်ဖော်ပြောကြားရန်မူ ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တွင် ပါဝင်သူက ငြင်းဆိုသည်။

ကာရာအိုကေ၊ အနှိပ်ခန်း၊ ဗျူတီပါလာ၊ စင်တင်တေးဂီတ စသည့် လုပ်ငန်းများအမည်ခံ


ပြည့်တန်ဆာလုပ်ငန်းများသည် သက်ဆိုင် ရာ မြို့နယ်မှူး(ရဲ)၊ နယ်မြေ ရဲစခန်းမှူး ၊ နယ်မြေခံ ထောက်လှမ်းရေး၊
သတင်းတပ်ဖွဲ့၊ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) စသည့်တို့ကို
ဆိုင်အကြီးအသေးအလိုက် ကျပ် ၅၀၀၀၀ မှ ၁ သိန်းအထိ ပေးရကြောင်းနှင့်
မြို့နယ် ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ၊ မယက ရန်ပုံငွေ၊ ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(ခယက)
ရန်ပုံငွေစသည်တို့ကို လည်း ကျပ် ၁ သိန်းစီ ထည့်ဝင်ကြရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“တလကို လိုင်းကြေးကတင် ကျပ် ၆ သိန်း၊ ၇ သိန်းလောက်ရှိတယ်။ ကျနော်က ဆိုင်လည်းကြီးတော့


ပိုပေးရတယ်။ ဆိုင်သေး တွေ ဆိုရင်တော့ ၃ သိန်းလောက်ဆိုရတယ်လေ”ဟု နေပြည်တော် ရာဇဌာနီ လမ်းရှိ
ကာရာအိုကေ ဆိုင်ရှင်တဦးက ပြောသည်။

ယင်း ကာရာအိုကေ၊ ဗျူတီပါလာ၊ စင်တင်တေးဂီတနှင့် အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာ လုပ်ငန်းအများစုသည်


နေပြည်တော် ရာဇဌာနီ လမ်းတွင်ရှိပြီး ယခုအချိန်အထိ ဖွင့်လှစ် လုပ်ကိုင်နေကြကြောင်း ဒေသခံများက
ပြောဆိုသည်။

လက်ရွေးစင် အသင်း နည်းပြချုပ် သတိပေးခံရ


ဟိန်းဇော် Friday, 01 April ဧရာဝ
ဧရာဝတီ

မြန်မာ ဘောလုံးအသင်း အနေဖြင့် အိုလံပစ် ခြေစစ်ပွဲများနှင့် အာရှဘောလုံးအဖွဲ့ချုပ် AFC Challenge Cup


အကြို ခြေစစ်ပွဲများတွင် ရလဒ်များ ဆိုးရွားခဲ့သည့်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က
လက်ရှိ နည်းပြချုပ်ကို ပြင်းထန်စွာ သတိပေးလိုက်ကြောင်း ဘောလုံးအဖွဲ့ ချုပ် တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်ဖြစ်သူ ဆားဗီးယား နိုင်ငံသား မစ္စတာ မီလန် ဇီဗာဒီနိုဗစ် ၏


အနာဂတ် မရေရာခဲ့ သော်လည်း နောက်ဆုံး အခွင့်အရေးအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဝင်မည့် မြန်မာ့
လက်ရွေးစင်အသင်းကို ကိုင်တွယ် စေ မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“ဇီဗာဒီနိုဗစ်က မိမိကစားသမားတွေရဲ့ အကြောင်းကို ပိုသိတဲ့ ပြည်တွင်း နည်းပြတွေ အကြံဉာဏ်ပေးတာကို
နားမထောင် လက်မခံ တာမျိုးတွေကို ပြုပြင်ဖို့ ဘောလုံးအဖွဲ့ချုပ်က သတိပေးထားတယ်”ဟု မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ပြောဆိုသည်။

သို့သော် မစ္စတာ မီလန်ဇီဗာဒီနိုဗစ် ၏ လက်ထောက်နည်းပြ မစ္စတာ နီကိုလစ်ဂျိုဗီကာနှင့် ကိုယ်ကာယ ကြံ့ခိုင်ရေး


နည်းပြဖြစ်သူ မစ္စတာဂိုရန်ဇီဗာဒီနိုဗစ် တို့ နှစ်ဦးကို မြန်မာ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပယ်လိုက်ကြောင်း ၎င်းက
ဆိုသည်။

AFC ရုံး အခြေစိုက်ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀၁၄ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲစဉ်များကို


မတ်လ ၃၀ ရက်နေ့က အုပ်စုပွဲစဉ်များရေးဆွဲရာ မြန်မာ့လက်ရွေးစင် အသင်းသည် မွန်ဂိုလီးယား အသင်းနှင့်
ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလား အာရှဇုန်ပထမအဆင့်ခြေစစ်ပွဲတွင် မွန်ဂိုလီးယား အသင်းနှင့် ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်


အသင်းအတွက် မြန်မာ လက်ရွေးစင် စီနီယာအသင်းမှ ကစားသမားတချို့ကို သာ စိစစ်ရွေးချယ်သွားပြီး
အိုလံပစ်အသင်းမှ လူငယ်ကစားသမား အများ စု ကိုအခြေခံပြီး နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်သော
ကစားသမားတချို့ကိုရွေးချယ်ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ
တွင် အောင်မြင်ရန် အစွမ်းကုန်ပြင်ဆင်ကြိုးစားသွားမည်ဟု ဇီဗာဒီနိုဗစ် က ဆိုသည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ကမ္ဘာ့အဆင့် ၁၈၃ ရှိ မွန်ဂိုလီးယား
အသင်းနှင့် ပထမ အဆင့် တွင် စတင် ရင်ဆိုင်ရမည်ဖြစ်ပြီး လာမည့် ဇွန်လ၂၉ ရက်နေ့နှင့် ဇူလိုင် ၃ ရက်နေ့တွင်
အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် ယှဉ်ပြိုင် ရ မည် ဖြစ်သည်။

“မြန်မာအသင်းက ပြီးခဲ့တဲ့ AFC ပွဲတွေမှာ တော်တော် စိတ်ပျက်စရာ ကောင်းခဲ့တယ်။ ၆ လ ပိုင်းမှာ ကန်မယ့်


ခြေစစ်ပွဲတွေမှာလည်း ဒီအတိုင်းဆို မလွယ်လောက်ဘူး။ မွန်ဂိုလီးယားနဲ့က ၂၀၀၀ ခုနှစ်တုန်းက ဆုံးဖူးတယ်။
အဲဒီတုန်းက မြန်မာက၂ဂိုးပြတ်နဲ့ နိုင်ဖူးတယ်”ဟု ဝါရင့် အားကစား ကလောင်ရှင် တဦးက ဆိုသည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် ၂၀၀၀ ခုနှစ် အာရှဖလားပြိုင်ပွဲ၊ အုပ်စုပြိုင်ပွဲများတွင် အုပ်စုတခုတည်း


ကျရောက်ခဲ့ပြီး ထိုစဉ်က စိုးမြတ်မင်းနှင့် မျိုးလှိုင်ဝင်း တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိနည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ် သည် လွန်ခဲ့သည့် ဇန်န၀ါရီလကမှ စတင်၍ မြန်မာ့ လက်ရွေးစင် အသင်းကို
ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအား ဆက်လက် ကိုင်တွယ်ရန် အခွင့်အရေး ပေးထားသော်လည်း မြန်မာဘောလုံး


အဖွဲ့ချုပ်နှင့် ဇီဗာဒီနိုဗစ်တို့ အကြားချုပ်ဆိုခဲ့သည့် စာချုပ်အရ ပထမ ၆ လ အတွင်း ကျေနပ်လောက်သည့်
ရလဒ်များအား စွမ်းဆောင်နိုင်ခြင်း မရှိပါက စာချုပ် ဖျက်သိမ်းနိုင်သည် ဆိုသည့်အချက် ပါရှိခဲ့ရာ အကယ်၍သာ
ပထမအဆင့် ခြေစစ်ပွဲတွင် ရလဒ် မကောင်းခဲ့ပါက ထုတ်ပယ်ခံရနိုင်
ကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ က ဆိုသည်။

မြန်မာဘောလုံးအသင်း၏ အတောက်ပဆုံး အချိန်ကာလများမှာ ၁၉၆၀ ခုနှစ် တ၀ိုက်က ဖြစ်ခဲ့ပြီး ထိုမှ


တဖြည်းဖြည်း နိမ့်ကျလာခဲ့ ရာ ၁၉၉၀-၉၃ ခုနှစ်ကာလများတွင်မူ ပြန်လည်၍ အသက်ဝင်လာခဲ့ပြီးနောက်ပိုင်း
ကျဆင်းခဲ့သည်။
မြန်မာ ၉ ဦး ထိုင်းငါးဖမ်းလှေတွင် ရောင်းစားခံရ
ဘစောတင် Friday, 01 April ဧရာဝ
ဧရာဝတီ

ကရင်ပြည်နယ် မြ၀တီမြို့ မြေနီကုန်းရပ်ကွက်မှ လူ ၇ ဦးအပါအ၀င် စုစုပေါင်း ၉ ဦးကို လူပွဲစားက မတ်လ ၂၈


ရက်နေ့တွင် ချွန်ဘူရီလှေဆိပ်၌ ရောင်းစားခဲ့ကြောင်း သတင်းရရှိသည်။

ရောင်းစားခံရသူများမှာ ယခင်လအတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်အတွင်းရှိ VAK


နာနတ်သီးစက်ရုံမှ ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီးနောက် နယ်စပ်သို့ ပြန်ပို့ခံရသူ ၂၁၆ ဦးထဲမှ ၉ ဦး
ဖြစ်ကြောင်း သိရသည်။

ယင်းစက်ရုံတွင် ဖေဖော်ဝါရီလအတွင်းက အလုပ်သမား ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် မတ်လ ၁၆


ရက်နေ့တွင် ပထမအကြိမ် ထိုင်းအာဏာပိုင်များက ၀င်ဖမ်းရာ အလုပ်သမား ၂၁၆ ဦး နယ်စပ်သို့ အပို့ခံခဲ့ရသည်။
မတ်လ ၂၅ ရက်နေ့တွင် နောက်တကြိမ် ထပ်မံ ဖမ်းဆီးရာ အလုပ်သမားလက်မှတ်မရှိသူ မြန်မာ ၄၀၀ ကျော်
နယ်စပ်သို့ ပြန်ပို့ခံခဲ့ရသည်။

နာနတ်သီးစက်ရုံမှ ကိုခိုင်ဇော်နိုင်က “ပုလိပ်ဝင်ဖမ်းလို့ နယ်စပ်အပို့ခံရတဲ့ အလုပ်သမားတွေကို ပွဲစားတွေက


ဒီမှာ အလုပ်ပြန်ရမယ် ပြန်လိုက်မလား၊ လမ်းစရိတ်ကို လုပ်အားခထဲကပဲ ပြန်ဖြတ်ယူမယ်လို့ပြောပြီး ခေါ်လာတာ။
တကယ်ကျတော့ ဒီမှာ အလုပ်ပြန်မခေါ်ဘူးလေ။ ဒါကြောင့် လမ်းစရိတ် မပေးနိုင်တော့ သူတို့ကို ချွန်ဘူရီက
လှေဆိပ်မှာ ရောင်းစားလိုက်တာပေါ့။ ကျနော် စောစောကလေးကတင် ရောင်းစားခံထားရတဲ့ အထဲက
တယောက်နဲ့ ဖုန်းပြောလိုက်ရတယ်။ ဘတ်ငွေ ၁ သောင်းနဲ့ ပြန်ရွေးရင် ရမယ်လို့ ပွဲစားက ပြောထားခဲ့တယ်လို့
သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရောင်းစားခံထားရသူများမှာ ကိုမြင့်နိုင် (အသက် ၃၅ နှစ်)၊ ကိုမင်း (အသက် ၃၀ နှစ်)၊ ကိုဇေယျာလင်း (အသက်


၂၉) နှစ်နှင့် မောင်သန့်ဇင်ထက် (အသက် ၁၅) နှစ် အပါအ၀င် စုစုပေါင်း ၉ ယောက်ဖြစ်ကြောင်း
မောင်သန့်ဇင်ထက်၏ မိခင် ဒေါ်စိန်ရီက ပြောသည်။

“ကျမ သားလေးနဲ့အတူတူ သားမက်ရော၊ တူတွေရော ချွန်ဘူရီ လှေဆိပ်မှာ အရောင်းစား ခံထားရတယ်လို့


ဖုန်းဆက်လာတယ်။ အခု ပင်လယ်ထဲကို ၆ ယောက် ပါသွားပြီ။ ကုန်းပေါ်မှာ ကျန်တာကတော့ ၃ ယောက်ပေါ့။
အဲဒီ ၃ ယောက်ကို တယောက် ဘတ် ၁ သောင်းနဲ့ ရွေးရင်ရမယ်။ ဘတ် ၃ သောင်း ဘဏ်ထဲကို ထည့်ခိုင်းတယ်။
ကျမတို့လည်း မထည့်ရဲဘူး။ တော်ကြာ ငွေလည်းဆုံး၊ လူလည်းဆုံး ဖြစ်မယ်လေ။ နောက်ဆုံး
ပြောလာတာကတော့ မြ၀တီတံတားထိပ်က ကိုမြအေးဆိုတဲ့လူကို ဘတ် ၃ သောင်း လွှဲပေးရင် ကုန်းပေါ်မှာ
ကျန်နေတဲ့ ၃ ယောက်ကို လွှတ်ပေးမယ်ပေါ့။ ကျမတို့လည်း ဘာလုပ်ရမယ်မှန်းလည်း မသိတော့ပါဘူး။ သားရယ်၊
သားမက်ရယ်၊ တူတွေရယ် ပါနေတယ်ဆိုတော့ ရူးချင်စိတ်ပေါက်နေပြီ” ဟု ဒေါ်စိန်ရီက ပြောသည်။

ချွန်ဘူရီမှ ငွေပေးရန် ဆက်သွယ်လာသူမှာ ဦးမွန်ကြီးဟု ခေါ်ကြောင်း သိရသည်။ အဆိုပါ လူ ၉ ယောက်ကို


ခေါ်ယူသွားသူမှာ မဲဆောက်မြို့ မယ်ပအရပ်ရှိ ပြောင်းဖူးစက်ရုံအနီးတွင် နေထိုင်သူ ပွဲစား အငယ်လေး
ဖြစ်သည်ဟု ဒေါ်စိန်ရီက ပြောသည်။

ချွန်ဘူရီခရိုင် အချောင်ဒေသတွင် မြန်မာနိုင်ငံသားများကို ထိုင်း ငါးဖမ်းလှေ သူဌေးများထံ ရောင်းစားမှုများ


မကြာခဏ ရှိနေပြီး ယင်းကိစ္စများကို Thai Action Committee for Democracy in Burma (TACDB) မှ ဥပဒေ
အထောက်အကူပြုအဖွဲ့က စောင့်ကြည့်နေကြောင်း သိရသည်။
ပွဲစားများသည် ထိုင်း-မြန်မာနယ်စပ်မှ လူများကို အလုပ်ကောင်းကောင်းရမည်ဟု မက်လုံးပေးကာ
ခေါ်ဆောင်လာပြီး ယခုကဲ့သို့ ရောင်းစားလေ့ရှိကြောင်း TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက
ပြောသည်။

၎င်းက “ဒီကိုတက်လာတဲ့ လူတွေထဲမှာ တချို့က လမ်းစရိတ် ပေးနိုင်တယ်။ တချို့က လမ်းစရိတ် မပေးနိုင်ဘူး။


အဲဒီ မပေးနိုင်တဲ့လူတွေကို ချွန်ဘူရီ အချောင်ဒေသမှာရှိတဲ့ ထိုင်းလှေသူဌေးတွေကို ရောင်းစားကြတယ်လေ။
ပွဲစားကတော့ အပြတ်ရောင်းသွားတာပေါ့။ သူဌေးတွေကလည်း သူတို့ကို ၆ လ၊ ၁ နှစ် ပင်လယ်ထဲမှာ
ခိုင်းစားတော့တာပေါ့။ ဒီ ၂ နှစ်အတွင်းမှာ ချွန်ဘူရီမှာ ရောင်းစားခံရတဲ့ သတင်းအချက်အလက်တွေ
ကျနော်တို့ဆီမှာ အများကြီး ရထားတာတွေရှိတယ်။ ကျနော်တို့ ဥပဒေ အထောက်အကူပြု အဖွဲ့ရဲ့
အကူအညီကိုလိုရင်တော့ တိုင်တဲ့သူဘက်က အချက်အလက် ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာ ဖြစ်ဖို့တော့လိုတယ်” ဟု
ဆိုသည်။

ထိုင်းနိုင်ငံအတွင်းတွင် ယခုကဲ့သို့ မြန်မာပြည်သား အချင်းချင်းက ရောင်းစားသဖြင့် ဒုက္ခရောက်ရသူများ


မနည်းကြောင်း၊ အမျိုးသမီးများရော အမျိုးသမီးများကိုပါ ထိုင်းအလုပ်ရှင်ထံတွင် ကျွန်ရောင်းသကဲ့သို့
အပြတ်ရောင်းစားမှုများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများဖြင့် လူရောင်းစားမှု ပပျောက်စေရန် ကြိုးစားသော်လည်း စီးပွားရေး


နိမ့်ကျနေသော မြန်မာပြည်မှ လူအများအပြားသည် ပွဲစားများကို အားကိုးကာ ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး
အစစ်အဆေးများကြားမှ နေ့စဉ် လာရောက် အလုပ်အကိုင် ရှာဖွေနေကြသည်။

အလုပ်သမား အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းဝန်းကျင်ရှိ မြန်မာရွှေ့ပြောင်း


အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သန့်ရှင်းသည့် အစိုးရဖြစ်လိုက ဥပဒေ လိုက်နာရမည်


ခင်ဦးသာ Friday, 01 April ဧရာဝ
ဧရာဝတီ

သန့်ရှင်းသောအစိုးရ တရပ်ဖြစ်ပေါ်ရေး အတွက် အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များက ဥပဒေကို


လိုက်နာကျင့်သုံး၍ ကနဦး လုပ်ပြမှသာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ
ဖြစ်လာနိုင်မည်ဟု ဥပဒေ ပညာရှင်များက ပြောသည်။

“အစိုးရသစ်တရပ်ပေါ်လာရင် အကောင်းဆုံးဆိုတဲ့ စကားလုံးတွေကို ရွေးချယ် ပြောတတ်ကြတယ်၊ အခုလည်းပဲ


သမ္မတ က သန့်ရှင်းတဲ့ အစိုးရတရပ် ဖြစ်အောင်လုပ်မယ်ပြောတော့ ပြောတဲ့သူတွေကိုယ်တိုင်က လိုက်နာဖို့
နံပါတ် တစ်ပါ”ဟု ဥပဒေ ပညာရှင် ရှေ့နေ ဦးအောင်သိန်း က ဧရာဝတီ ကို ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်သည် ၎င်း၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ပထမဆုံး တွေ့ဆုံစကားပြောသည့်


အစည်းအဝေး၌ အစိုးရ သစ်အဖွဲ့၏ လုပ်ငန်းစဉ်သည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)နှင့်
သန့်ရှင်းသော အစိုးရ(Clean Government)တရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားရန် အရေးကြီးကြောင်း
ပြောဆိုသည်။
အုပ်ချုပ်သူ လူတန်းစား အနေဖြင့်လည်း ပြည်သူများ၏ အသံ၊ တုံ့ပြန်မှု တို့ကို အလေးထားပြီး နိုင်ငံသားတို့၏
မူလအခွင့် အရေး ကို ပိတ်ပင်တားဆီးရာ မရောက်စေရန် နည်းမှန်လမ်းမှန်ဖြင့် လုပ်ဆောင်သွားရန် ပြောဆိုခဲ့ပြီး
ဥပဒေနှင့်အညီပြုမူ ကျင့်ကြံရန်လည်း ဦးသိန်းစိန် က ပြောဆိုသွားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ပြောခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကမူ သမ္မတသစ် ပြောဆိုသည့်


တရားဥပဒေ ကိစ္စသည် ကိုင်တွယ်ကျင့်သုံးသူ၏ အပေါ်၌ အဓိက မူတည်ကြောင်း၊ တရားရုံးများသည်
လက်ရှိအချိန်အထိ အပေါ်မှ အာဏာ ရှိသူ ချမှတ်ပေးသော အမိန့်အတိုင်းသာ လုပ်ဆောင်နေသေးကြောင်း၊
အစိုးရသစ်၏ ပြောဆိုချက်ကို စောင့်ကြည်ရဦးမည် ဖြစ်ကြောင်း ပြောသည်။

“အင်းစိန်တရားရုံးမှာ အပြင်လူမလာရဆိုတဲ့ ကိစ္စတွေက အခုအချိန်အထိ ကျင့်သုံးနေတုန်းပါ၊ တရားရုံးတွေ


အနေနဲ့ အပေါ်က အမိန့်အတိုင်းမစီရင်ဘဲ သီးသန့် ရပ်တည် ဖြေရှင်းပေးနိုင်ဖို့က အရေးကြီးတယ်”ဟုလည်း
၎င်းက ပြောဆိုသည်။

အစိုးရသစ်သည် လာဘ်ပေးလာဘ်ယူမှုကိစ္စကို အလေးထားပြောဆိုနေပြီး ဥပဒေ အား လိုက်နာရန်


ပြောဆိုလိုက်ခြင်း အပေါ် အမှန်တကယ် လိုက်နာမှု ရှိမရှိကို စောင့်ကြည့်ရဦးမည်ဟု ဦးအောင်သိန်းက ဆိုသည်။

“မြန်မာနိုင်ငံမှာက လာဘ်စားမှုကိစ္စက ဌာနတိုင်းမှာလို ဖြစ်နေတော့ ဒီကိစ္စဖြေရှင်းတဲ့အခါ


ခက်တော့ခက်ခဲနေဦးမယ်၊ အစိုးရ ကိုယ်တိုင်က ဥပဒေ ကိုလိုက်နာပြီး တင်းတင်းကျပ်ကျပ်
လုပ်ဆောင်မှရမှာပါ”ဟု ၎င်းက ပြောသည်။

အစိုးရသစ်သည် ပါတီစုံစနစ်ဖြင့် ပေါ်ပေါက်လာသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော်လည်း


စစ်တပ်မှ ပါဝင် နေခြင်း၊ စစ်ဗိုလ်ချုပ် လူထွက်များက ကြီးစိုးနေခြင်း၊ ပါတီကြီးတခုမှ လွှမ်းမိုးထားခြင်း
စသည့်အချက်များကြောင့် ဒီမိုကရေစီ အစိုးရမဟုတ်သကဲ့သို့ နောင်လည်း ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန်
ခက်ခဲနေဦးမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်သိန်း က ဆက်ပြောသည်။

နအဖ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံသည် နေရာကွက်လပ် မကျန်


တိုးတက်ဖွံ့ဖြိုးနေပြီး ပြည်သူတို့၏ လူနေမှုဘ၀ မြင့်မားနေပြီ ဖြစ်ကြောင်း၊ စားဝတ်နေရေး ဖူလုံနေပြီး
အလုပ်အကိုင် အခွင့်လမ်းများ ပြည့်စုံနေပြီ ဖြစ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။

နအဖ လက်ထက် ၀န်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ် ဦးသိန်းစိန်က မနေ့ကပြောဆိုရာတွင်


မြန်မာနိုင်ငံ သည် ချမ်းသာကြွယ်ဝသော နိုင်ငံတခုမဟုတ်သေးသည့် အပြင် စားဝတ်နေရေး မဖူလုံသေးသူများ၊
တနေ့လုပ် တနေ့စားသူများ၊ အလုပ်လက်မဲ့များ စသည်ဖြင့် ဆင်းရဲနွမ်းပါးသူများရှိနေ၍ ၎င်း၏ အစိုးရ အဖွဲ့ကို
လက်ရှိသတ်မှတ်ထားသည့် လစာ အတိုင်းမယူဘဲ နအဖ လက်ထက်က ရရှိသည့် လစာကိုသာ
ဆက်လက်ယူကြရန် ပြောဆိုသည်။

သမ္မတ သစ် ဦးသိန်းစိန် ၏ လစာသည် ကျပ် သိန်း ၅၀ နှင့် မော်တော်ယာဉ် ၆ စီးရရှိမည် ဖြစ်သည်။

သမ္မတ အပါအ၀င် ၀န်ကြီးများ၊ ၀န်ထမ်းများ၏ လစာအား လျှော့လိုက်ရုံတခုတည်းနှင့် အပြောင်းအလဲ


မဖြစ်လာနိုင်သေး
ကြောင်း၊ ၀န်ထမ်းအရေအတွက်သည် များပြား၍ ၀န်ထမ်းများအားလုံး၊ ပြည်သူများအားလုံး၏ စားဝတ်နေရေးကို
ပြေလည် စေ မည့် ကုန်ထုတ်လုပ်ငန်း အများအပြား လုပ်ဆောင်ဖန်တီး ပေးရန် လိုအပ်နေကြောင်း
ဥပဒေပညာရှင်နှင့်နေပြည်တော်ရောက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးက ထောက်ပြသည်။
“သမ္မတ ကတော့ အကာင်းဆုံးတွေလုပ်ဖို့ ပြောသွားတာပဲ၊ ဒါပေမယ့် သမ္မတမှာ လုပ်ပိုင်ခွင့်အာဏာရှိရဲ့လား၊
သူက တကယ် လုပ်ချင်တဲ့စိတ်ရှိရဲ့လားဆိုတာတွေ စောင့်ကြည့်ရဦးမယ်၊ ပါးစပ်က ပြောတဲ့အဆင့်တွေက
ကျော်သင့်နေကြတာကြာပြီ”ဟု အထက်ပါ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ထို့အတူ သမ္မတက လုပ်ဆောင်မည်ဆိုလျှင်လည်း ၎င်းအားဝန်းရံ၍ လုပ်ပေးကြမှ ထိရောက်မှု ရှိမည်ဟု


ဆက်ပြောသည်။

“ရေးဆွဲထားတဲ့ ဥပဒေက ကမ္ဘာမှာအကောင်းဆုံးဖြစ်နေပြီးတော့ ကျင့်သုံးတာက အဆိုးဆုံးဖြစ်နေရင်


ဘာမှဖြစ်လာမှာမဟုတ် ဘူး၊ ဒီတော့ ဥပဒေထက် လူတွေရဲ့လိုက်နာကျင့်သုံးမှုဟာ အရေးအကြီးဆုံးပါ”ဟု
လွှတ်တော်ကိုယ်စားလှယ် က ပြောသည်။

သမ္မတသစ်၏ သန့်ရှင်းသော အစိုးရလုပ်မည်ဟူသော ကိစ္စသည် မလွယ်ကူသေးကြောင်း၊


လာဘ်ပေးလာဘ်ယူမှုကို အာဏာရှိသူ၊ လုပ်ပိုင်ခွင့်အပြည့်ရထားသူများကသာ လုပ်ဆောင်နေခြင်းဖြစ်၍
ထိုစနစ်ကိုတိုက်ဖျက်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရသစ်သည် နအဖ အစိုးရက
တိုက်ရိုက်မွေးထုတ်လိုက်၍ ဥပဒေကိုလိုက်နာရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း ၎င်း က ဆိုသည်။

“ဒီမိုကရေစီနဲ့ ဥပဒေ လိုက်နာမှု က မလွယ်သေးဘူးဆိုတာ နေပြည်တော်လွှတ်တော်ကြီးက သက်သေပြပြီးပြီ”ဟု


လွှတ်တော် ကိုယ်စားလှယ် က ရှင်းပြသည်။

လာဘ်ပေးလာဘ်ယူ ဆိုသည့်စကားအစား“ကန်တော့တာပါ”ဟူသော ဝေါဟာရကိုအသုံးပြုကာ ကျပ် သိန်းရာချီ၊


ထောင်ချီ၍ အထက်လူကြီးများ၏ အကြိုက် လုပ်ဆောင်ပေးနေမှုကြောင့် လာဘ်စားမှု
ဆက်ရှိနေမည်မှာသေချာသည်ဟု ၎င်းက ဆိုသည်။

သမ္မတသစ် ဦးသိန်းစိန်ပြောဆိုသော စကားများအနက် အနောက်နိုင်ငံများအားလုံးနှင့်


ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စနှင့် မီဒီယာ ကဏ္ဍ အလေးထားပြောဆိုမှု ၂ ခုသာ အားတက်စရာကောင်းသော
စကားလုံးဟု လွှတ်တော်ကိုယ်စားလှယ် က ဆက် ပြောသည်။

၂၀၀၄ ခုနှစ်တွင် နအဖ စစ်အစိုးရ ၏ နံပါတ် ၃ အဆင့်ရှိခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဥပဒေ၏အထက်တွင် မည်သူမှ မရှိဟုပြောဆိုပြီး
အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားမည်ဟု နိုင်ငံကိုကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းကိုယ်တိုင်
လာဘ်စားမှု အများဆုံး စစ်ဗိုလ်ချုပ်ဟု သတင်းများထွက်ခဲ့သည်။

“ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိလို့ နိုင်ငံရဲ့တာဝန်ရှိသူတွေက ပြောဆိုပေမယ့် ဒီစကားကို တရားရုံးတွေမှာ


သွားပြောရင် သိပ်မကြိုက်ကြဘူးဗျ”ဟု ရှေ့နေ ဦးအောင်သိန်းက ပြောဆိုသည်။

နိုင်ငံတကာ သံတမန်ရေး ထိုးစစ်နှင့် တတိယ အင်အားစု


အောင်လင်းထွဋ် Friday, 01 April ဧရာဝ
ဧရာဝတီ ဆောင်းပါး

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး ဒေါက်တာ သန့်မြင့်ဦး ရေးသားခဲ့တဲ့ နအဖ


အစိုးရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော် အကြောင်းကို VOA ရေဒီယို သတင်းဆောင်းပါး ကဏ္ဍတွေထဲမှာ
ကြားလိုက်ရလို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ ကျနော်
တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်တခုကို သွားသတိရမိပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ လုပ်ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်ကတော့ “မင်းတို့
ထင်ပေါ်ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထားပြီး စည်းရုံးပေါ့ကွာ၊ ဟိုအမျိုးသမီးနဲ့
Compare လုပ်ဖို့” ဆိုတာပါ။ ဟိုအမျိုးသမီးဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုတာပါ။

ဝါရှင်တန်မှာ အဲဒီအချိန်တုန်းက တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က သူ့ရဲ့အစ်ကို


ဦးကျော်မြိုင်နဲ့ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချတဲ့ မြန်မာအမျိုးသမီး ပါမောက္ခ တယောက်ရဲ့
ဆက်သွယ်ပေးမှုကြောင့် ဦးသန့် မိသားစုဝင်များ၊ ဖဆပလ ခေတ် ဝန်ကြီးဟောင်းတဦးရဲ့ သားများကို
အဆက်အသွယ်ရခဲ့ပါတယ်။ အလားတူ ရန်ကုန်မှ ဆက်သွယ်ပေးမှုကြောင့် အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမှာနေတဲ့ ဦးအောင်ဆန်းဦးနှင့်ဇနီး
တို့ကို နအဖ စစ်အစိုးရက အချိတ်အဆက်များ ရခဲ့ကြတယ်။ နအဖ၏ ပြည်တွင်းပြည်ပ သံတမန်ထိုးစစ်
(နိုင်ငံတကာ ဆက်ဆံရေးကို ထိုးဖောက်ခြင်း) နဲ့ ဒေါ်အောင်ဆန်းစုကြည်အား စိတ်ဓာတ်စစ်ဆင်ရေး
လုပ်ငန်းများအတွက် အဆိုပါ ပုဂ္ဂိုလ်များကို အသုံးချခဲ့ပါတယ်။

ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီး အကြံအစည်ကို သတိထားဖို့လိုပါမယ်။ လူဆိုတာက တချိန်တုံးက


ရွှေထီးဆောင်းခဲ့ရတဲ့ အဖြစ်များကို မမေ့နိုင်ကြသလို နည်းနည်းလေး ပင့်မြှောက်ပေးလိုက်ရုံနဲ့
အထင်ရောက်တတ်ကြတာကိုး။ အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ မိသားစုဝင်တွေကို ရန်ကုန်လွှတ်ပြီး
ပြုစုပေးလိုက်တဲ့အခါမှာတော့ ထင်ထားတာထက်တောင် စစ်အစိုးရကို ထောက်ခံပြနေတာ တွေ့ရပါတယ်။
ကျနော်တို့ကတော့ ကြည့်ပြီး ပြုံးမိတယ်။ သူတို့ကတော့ သိမ်းသွင်းခံလိုက်ရပြီဆိုတာ မရိပ်မိကြပါဘူး။ သူတို့သာ
မြန်မာနိုင်ငံကို ကယ်တင်မယ့် တကယ့် လူစွမ်းကောင်းတွေလို့ အထင်ရောက်စေပါတယ်။

အခုဆောင်းပါးမှာ အဲဒီမိသားစုဝင်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ စစ်အစိုးရရဲ့ အသုံးချခဲ့ပုံကို အနည်းငယ်


ဖော်ပြလိုပါတယ်။ နအဖ ခေါင်းဆောင်တွေဟာ ၂၀၀၀ ပြည့်နှစ်မတိုင်မီအချိန်အထိ နိုင်ငံတကာ
ဆက်ဆံရေးဆိုတာကို ကောင်းကောင်း နားမလည်ကြသေးတာအမှန်ပါ။ ကိုယ့်နိုင်ငံ ကိုယ်လုပ်ချင်တာလုပ်မယ်၊
ဘယ်သူ့ဂရုစိုက်ရမလဲဆိုတဲ့ လူမိုက်စိတ်ဓာတ်မျိုး ထားကြပြီး နိုင်ငံတကာမှာ သူတို့စစ်အစိုးရပုံရိပ်
ဘယ်လိုဖြစ်နေသလဲ ဂရုမပြုကြတဲ့သူတွေပါ။

အထူးသဖြင့် ဒီလိုစိတ်ဓာတ်မျိုးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှာရှိနေတော့ အမိန့်နာခံကြရတဲ့ လက်အောက်ခံ


ဗိုလ်ချုပ်များအတွက် ဆုတ်လည်းဆူး စားလည်းရှုး ဖြစ်ခဲ့ကြရတဲ့ ကိစ္စတွေ အများကြီးဖြစ်ခဲ့ကြတာပါ။ ဥပမာ
ကလေးစစ်သား စုဆောင်းတာမျိုး၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာမျိုး၊ အတင်းအဓမ္မ
ရွာတွေရွှေ့ခိုင်းတာမျိုးတွေကို နိုင်ငံတကာဥပဒေအရ မလုပ်ရဘူးဆိုတာကို သူနားမလည်ခဲ့ပါဘူး။
ကုလသမဂ္ဂမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ မြန်မာအစိုးရအဆက်ဆက် လိုက်နာပါမယ်လို့
ထိုးထားတဲ့စာချုပ်တွေက ဘာတွေလဲဆိုတာ သူမသိဘူး။ သိရှိနားလည်တဲ့ နိုင်ငံခြားရေးဝန်ကြီးက တင်ပြဖို့
ကြိုးစားတော့လည်း လက်မခံဘူး။

ဒီလိုနဲ့ ၁၉၉၇ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စ ပြဿနာဟာ ကုလသမဂ္ဂမှာ ပိုပြီး


ကျယ်ကျယ်လောင်လောင် ဖြစ်လာတော့တယ်။ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့ အဲဒီအခါကျမှ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ စဉ်းစားမိလာတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဓာတ်က အချင်းချင်းပြောတာကို
လက်ခံလေ့မရှိဘူး။ ကုလသမဂ္ဂက အမေရိကန်နိုင်ငံသား ထိပ်တန်းအရာရှိကြီးတဦးဖြစ်တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ
ရိဒ် ကနေ ဒါတွေဒီလို လုပ်သင့်ပါတယ်လို့ပြောမှ သံတမန်ရေးထိုးစစ် (နိုင်ငံတကာဆက်ဆံရေး ထိုးဖောက်ခြင်း)
မဟာဗျူဟာ ချမှတ်ပြီး နိုင်ငံတကာအဖွဲ့စည်းတွေမှာ နအဖကို ထောက်ခံသူ များလာအောင်လုပ်ခဲ့ကြပါတယ်။
အဲဒီမှာ ပြည်ပရောက် ထင်ရှားပြီးအရေးပါတဲ့ မဟာမြန်မာကြီးတွေဟာ နအဖ ရဲ့ ပစ်မှတ်များ
ဖြစ်လာခဲ့ကြပါတယ်။ ဒုတိယ ပစ်မှတ်ကတော့ ပညာတတ်အသိုင်းအဝန်းက မြန်မာလူငယ်များနဲ့ တတိယ
ပစ်မှတ်ကတော့ မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ နိုင်ငံခြားသား ပညာရှင်များဖြစ်ကြပါတယ်။

ဦးသန့်ရဲ့ မိသားစုဝင်တွေကတော့ ပထမ ပစ်မှတ်တွေပါ။ ၁၉၈၈ အရေးခင်းပြီးတော့ ဦးသန့်ရဲ့


မိသားစုဝင်တွေဟာ ဒီမိုကရေစီ ဘက်တော်သားတွေဘက်က တော်တော်လေး တက်တက်ကြွကြွ
လှုပ်ရှားခဲ့ကြတာတွေရယ်၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းမှာ စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို
ပစ်သတ်ထားတာတွေကြောင့် စစ်တပ်ရဲ့ စည်းရုံးမှုကို အလွယ်တကူမှ လက်ခံပါ့မလားဆိုပြီး အစ ပထမမှာ
စိတ်ပူမိသေးတယ်။ ဒါပေမယ့် ထင်သလောက် အခက်အခဲ မရှိခဲ့ပါဘူး။

ဦးသန့်ရဲ့ မိသားစုဝင်တွေဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါပုံ၊ မြန်မာပြည်၏ ဒီမိုကရေစီ အရေးအတွက် အရေးပါပုံ


အစရှိတဲ့ ချီးမွမ်းခန်းတွေကို ဖွင့်ပြီးတဲ့အခါမှာတော့ မိသားစုဝင်တွေ အသီးသီး အစိုးရဧည့်သည်တော်တွေအဖြစ်နဲ့
မြန်မာ့နိုင်ငံကို ချီတက်ကြတော့တာပါပဲ။ နအဖ က ကောင်းကောင်း သိမ်းသွင်းလိုက်ပုံရပါတယ်၊ ပြန်လာပြီးတဲ့
အခါမှာတော့ စစ်တပ်ကို မုန်းတဲ့စိတ် ပျောက်သွားပြီး မြန်မာ့နိုင်ငံကို ကယ်တင်မယ့် နအဖ ရဲ့
အကျိုးဆောင်တွေအဖြစ် နအဖ က နိုင်ငံတကာကို ပြောချင်တာတွေကို နအဖ ကိုယ်စားပြောပေးနေတာ
အခုအထိတွေ့နေရဆဲပါပဲ။

ဒီလိုနဲ့ နအဖ ဟာ ၁၉၉၇ ခုနှစ်လောက်ကစပြီး ခုနပြောခဲ့တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ရဲ့ အကြံပေးချက်အရ
နှစ်စဉ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလဖြစ်တဲ့ သြဂုတ်လကနေ နိုဝင်ဘာလ အတွင်းမှာ အမေရိကန်၊
ဗြိတိန်၊ ကနေဒါ၊ ဂျနီဗာနဲ့ ပြင်သစ်က မြန်မာ သံအမတ်ကြီးများဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ
လာရောက်စုစည်းရပါတယ်။ ပြီးတော့ နိုင်ငံတကာက ရောက်လာကြတဲ့ သံတမန်များနဲ့ နယူးယောက်မှာ ရှိကြတဲ့
နိုင်ငံတကာ သံတမန်များကို စစ်အစိုးရအတွက် ထောက်ခံမှုရအောင် ရှေ့မျက်နှာ နောက်ထားကာ လနဲ့ချီ
စည်းရုံးရေးဆင်း ဆွယ်တရားဟော (Lobby) လုပ်နေခဲ့ကြတာ ယနေ့အထိ တွေ့နေရဆဲပါ။

ဒါပေမယ့် နအဖ ကိုယ်တိုင်လုပ်တာထက် သာမန်အစိုးရနဲ့ မဆိုင်တဲ့သူများကလုပ်တာ ပိုပြီး ထိရောက်မှု


ရှိနိုင်တယ်လို့ အကြံပြုချက်အရ နအဖရဲ့ ပထမ၊ ဒုတိယ၊ တတိယ ပစ်မှတ်တွေကို စုစည်းပြီး
တတိယအင်အားစုကို ၂၀၀၂ ခုနှစ်လောက်မှာ အကောင်ထည်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာကို စည်းရုံးတဲ့အခါမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရဲ့အမည်ဟာ


စစ်အစိုးရအတွက် သံတမန်ရေးထိုးစစ် (နိုင်ငံတကာဆက်ဆံရေး ထိုးဖောက်ခြင်း) လုပ်ငန်းကို အကျိုးရှိပါတယ်။
အလားတူ ဦးသန့်ရဲ့ မိသားစုဝင်တွေဟာလည်း အသုံးအလွန်တည့်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းတွေဟာ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖြုတ်ခံရပြီးတဲ့နောက် ခေတ္တရပ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ


ဝါရှင်တန် သံအမတ်ကြီးဟောင်း ဝန်ကြီး ဦးသောင်းရဲ့ တင်ပြချက်အရ အမေရိကန်သမ္မတ အိုဘားမား အစိုးရကို
စည်ရုံးမှုတွေ ပြန်လုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်ပြုခဲ့တဲ့အတွက် ပြည်တွင်းပြည်ပ တတိယအင်အားစုတွေ
ပြန်လည်လှုပ်ရှားခွင့်ရခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် ပြုတ်ပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်း အားယူပေါ်ထွက်လာတဲ့ တတိယ နိုင်ငံရေး


အင်အားစုတွေထဲမှာ Myanmar Egress ဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်း
ကာလတုန်းက အနောက်နိုင်ငံက အမျိုးသမီး သံအမတ်တဦးကလည်း တတိယအင်အားစုတွေ ပေါ်ထွက်ရေးမှာ
အဓိက အားပေးအားမြှောက် ပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သိသိသာသာ ထောက်ခံခြင်းဖြင့် သူတို့ရပ်တည်မှုကို ပြည်တွင်းပြည်ပက
မေးခွန်းထုတ်လာခဲ့ကြပါတယ်။ အစောပိုင်းတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (ယခု ကြံ့ဖွံ့ပါတီ)
ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနဲ့ ဒေါက်တာ သန့်မြင့်ဦးကို ဘန်ကောက်မှာ
တွေ့ဆုံဆွေးနွေးစေတာမျိုးတွေကို Myanmar Egress က ကြားဝင်ပြီး ညှိပေးတာမျိုးတွေ ရှိခဲ့တယ်။

ယမန်နှစ် နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ


အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယားနဲ့ တတိယအင်အားစုတွေ တွေ့ဆုံပြီး သူတို့
အမြင်တွေကို တင်ပြတဲ့အထိလည်း ခြေလှမ်းကျယ်ခဲ့ပါတယ်။

မြန်မာ့အရေးကို ကြားဝင်စေ့စပ်ဖို့ ခန့်အပ်ခံခဲ့ရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုက်ဂျီးရီးယားက မစ္စတာ


ဂမ္ဘာရီကို မွတ္မိၾကဦးမွာပါ။ သူ မြန်မာပြည်ကို ပထမဆုံးမသွားခင် ၂၀၀၆ မေလ မတိုင်ခင်လေးမှာ
နယူးယောက်က ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကျိတ်ဝိုင်းလေး ရှိခဲ့ပါတယ်။ အဲဒီပွဲမှာ
တက်ခဲ့သူတွေကတော့ မြန်မာ မဟုတ်တဲ့သူတွေ များပါတယ်။ ဒါပေမယ့် “မြန်မာ့အရေး ကျွမ်းကျင်သူ” တွေနဲ့
ကုလသမဂ္ဂ အရာရှိတွေပါ။ ဦးသန့်ရဲ့မြေးလည်း တက်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီ ဆွေးနွေးပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက မေ့ထားလိုက်ဖို့ဆိုတဲ့ အဆိုကို လူတချို့က တင်ကြတာပဲ
ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ ဒါကို နောက်ဆုံးမှာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရည်ရွယ်ချက်က အရင်ထက်စာရင် နည်းနည်းပြောင်းလဲတာက ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့


အစိုးရသစ်ကို နိုင်ငံတကာ ကအသိအမှတ်ပြုခံရဖို့နဲ့ မပြောင်းလဲခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်ဖို့ စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ဖို့ ဆိုတာတွေပါပဲ။ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေရဲ့ တီးကွက်အတိုင်း လိုက်ကနေကြရတာပါ။

ကျနော့်အနေနဲ့ ပြည်တွင်းပြည်ပ တတိယ အင်းအားစုတွေကို မေတ္တာရပ်ခံချင်တာက ပညာတတ်၊


ဂုဏ်သိက္ခာရှိသူတွေ အနေနဲ့ အာဏာရှင်ကြီးရဲ့ အသုံးချခံနေရမှုကို သတိကြီးကြီးထားပြီး ဆင်ခြင်သင့်ပါတယ်။
ရာထူးကြီးသူများ ချမ်းသာကြွယ်ဝသူများ ပြောစကားတွေထက် အခြေခံ စစ်ဖက် အရပ်ဖက် လူတန်းစားတွေရဲ့
စကားတွေကိုလည်း လေ့လာနားထောင်သင့်ပါတယ်။ တကယ် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် အစိုးရကိုရော
ဒီမိုကရေစီအင်အားစုတွေကိုပါ ဝေဖန်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ အစိုးရဘက်ကချည်း
လိုက်ပြောနေတယ်ဆိုရင်တော့ ပညာတတ် ဂုဏ်သိက္ခာရှိသူတွေလို့ ယူဆနေကြတဲ့ တတိယအင်အားစုတွေဟာ
မြန်မာနိုင်ငံကို ဒုက္ခရောက်အောင် လုပ်နေကြတယ်လို့ ပြောရပါလိမ့်မယ်။ ။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ


မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့်
တောင်းခံခဲ့သည်။)

ပိတ်ဆို့မှု တိုးမြှင့်ရေး အမေရိကန်အမတ်များ တောင်းဆို


2011-04-01 RFA

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှု ပိတ်ဆို့ အရေးယူမှုတွေကို တိုးမြှင့်ဖို့


လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တယောက် ခန့်အပ်ဖို့ ထင်ရှားတဲ့ အမေရိကန်
အထက်လွှတ်တော်အမတ် ၄ ဦးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ထံ စာရေးပြီး မတ်လ
၃၁ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။
ဒါ့ပြင် အထက်လွှတ်တော်အမတ်တွေက မြန်မာအစိုးရအပေါ် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့
တောင်းဆိုထားပြီး မြန်မာအစိုးရအနေနဲ့ သိသာထင်ရှားတဲ့ ဒီမိုကရေစီဆိုင်ရာ ပြောင်းလဲမှုတွေ ပြုလုပ်လာတဲ့
အထိ ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိဖို့ မိမိတို့ ဆန္ဒရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ
လက်မှတ်ရေးထိုး ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ အခုလို အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်


ခန့်ထားခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲကာ ပိတ်ဆို့မှုတွေ ပိုမို ထိရောက်မှုရှိအောင်
ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း အဲဒီစာမှာ ဖော်ပြထားပါတယ်။

ဒီတောင်းဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့


ရပ်တည်ချက်ကို ထင်ဟပ်ထားတာ ဖြစ်တယ်လို့ ဝါရှင်တန်မြို့တော်အခြေစိုက် USBC မြန်မာ့အရေး လှုပ်ရှား
ဆောင်ရွက်မှုအဖွဲ့ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

အခု စာရေးသားတောင်းဆိုလိုက် အမတ် ၄ ဦးကတော့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ပါတီ


လူနည်းစုခေါင်းဆောင် Mitch McConnell, ဆီးနိတ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင်နဲ့ ပြည်သူ့လုပ်ငန်း
ကော်မတီ ဥက္ကဋ္ဌ Barbara Boxer, ဆီးနိတ် စုံစမ်း ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ Dianne Feinstein နဲ့
ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Mark Kirk တို့ ဖြစ်ပါတယ်။

မြန်မာအစိုးရသစ်ကို ပိတ်ဆို့မှုများ တိုးမြှင့်ဖို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ပြောကြား


2011-04-01 RFA

မြန်မာအစိုးရသစ်ကို အသိအမှတ်မပြုပဲ ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်ဖို့ လိုအပ်တယ်လို့ ဗြိတိန်


နိုင်ငံခြားရေးဝန်ကြီး ဝီလျမ်ဟိတ်က မတ်လ ၃၁ မနေ့က ပြောကြားလိုက်ပါတယ်။

လန်ဒန်မြို့က ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မနေ့က ကျင်းပတဲ့ ဗြိတိန်အစိုးရရဲ့ ၂၀၁၀ ခုနှစ် နိုင်ငံတကာ


လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဝီလျမ်ဟိတ်က ခုလို
ပြောဆိုခဲ့တာ ဖြစ်ကြောင်း အဲဒီအခမ်းအနား တက်ရောက်ခဲ့တဲ့ Burma Campaign UK အဖွဲ့က မဇိုရာဖန်းက
ပြောပါတယ်။

“အဲဒီ မိန့်ခွန်းထဲမှာပေါ့နော်၊ အဓိက ပြောသွားတာကတော့ ဒီ အခု အစိုးရသစ်ကိုတော့ သူတို့ အသိအမှတ်


မပြုဘူး ဆိုတော့ သူတို့ ပြောတယ်။ အာဏာရှင် ဖြစ်နေတုန်းပဲပေါ့နော်။ အဲဒါကြောင့် ဒီ အာဏာရှင်တွေ သူတို့
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဲဒါ အရေးယူ ပေးနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်
တကယ်လိုအပ်ကြောင်း သူ အဲဒီမှာ ပြောခဲ့ပါတယ်။”

“ပြီးတော့ အခု လောလောဆယ် အီးယူဖက်က သူတို့ ဒီ နိုင်ငံခြားရေး ပေါ်လစီပေါ့နော်၊ ဒီ မြန်မာနိုင်ငံကို


ကိုင်တွယ်တဲ့ အချိန်မှာ ဖိအားပေးမှုတွေ ပိုပြီးတော့ လုပ်နိုင်အောင် အီးယူကနေတဆင့် အဲဒါ ဗြိတိန်အစိုးရလည်း
ကြိုးပမ်းနေတယ်လို့ ကျွန်မတို့ သိရပါတယ်။”

ဒါ့ပြင် ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေး ပိတ်ဆို့အရေးယူမှုတွေ


ထပ်မံတိုးမြှင့်ရေးကိစ္စကိုတခြားအီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံ အားပေး
ဆောင်ရွက်လာအောင် တွန်းအားပေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ မဇိုရာဖန်းက ပြောပါတယ်။ ဒီအစီရင်ခံစာ
ထုတ်ပြန်ပွဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ ဆိုးဝါးနေတဲ့ မြန်မာနဲ့ အီရန်နိုင်ငံတွေအပြင် အာဏာရှင်
အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေက
အခြေအနေတွေကိုလည်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျမ်ဟိတ်က အလေးထား ပြောဆိုသွားတယ်လို့လည်း
မဇိုရာဖန်းက ပြောပါတယ်။

“ဝီလျမ် ဟိတ်ကိုယ်တိုင် သူ အများဆုံး ပြောနေတာကတော့ အီရန်ရယ်၊ မြန်မာပြည်ရယ် အဲဒီ နှစ်ခုကို သူ


ခဏခဏ ပြောဖြစ်ပါတယ်။ ပြီးတော့ အခြားနိုင်ငံတွေ ဆိုရင် လစ်ဗျားတို့ပေါ့နော်၊ ပြီးတော့ ယီမင်၊ ဘာရိန်း၊
အခုလောလောဆယ် အရှေ့အလယ်ပိုင်း ဒေသမှာ ရှိနေတဲ့ နိုင်ငံတွေအကြောင်း တော်တော်များများလည်း
သူပြောဖြစ်ပါတယ်။”

“အခုလောလောဆယ် ဗြိတိသျှ အစိုးရရဲ့ ဒီ နိုင်ငံခြားရေး မူဝါဒပေါ့နော်၊ မြန်မာပြည်အပေါ်မှာ သူတို့ရဲ့


မူဝါဒကတော့ အင်မတန်ကို ကောင်းတယ်လို့ ကျွန်မ မြင်တယ်လေ။ အဲဒါကြောင့် ကျွန်မတို့ကတော့ ဗြိတိသျှ
အစိုးရကို အင်မတန်ကို ကြိုဆိုပါတယ်။ ဒီလိုမျိုး သဘောထား ရှိတဲ့အတွက်ကြောင့်ပေါ့နော်။ အဲဒါကြောင့် အခြား
နိုင်ငံတွေလည်း ဒီလိုမျိုး ဖြစ်လာအောင် ကျွန်မတို့လည်း အီးယူမှာ lobby တွေ၊ လှုပ်ရှားမှုတွေ
ရှိနေတယ်ပေါ့နော်။”

ဒီအစီရင်ခံစာထုတ်ပြန်ပွဲကို ဗြိတိသျှ အစိုးရဌာနတွေက အရာရှိတွေ၊ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊


Burma Campaign-UK အဖွဲ့အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေ၊ သတင်းမီဒီယာတွေက
ပုဂ္ဂိုလ်တွေ စုစုပေါင်း လူ ၁၀၀ ကျော်လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအစီအရင်ခံပါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေ၊ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်တွေနဲ့


ပတ်သက်လို့ Burma Campaign UK အဖွဲ့က မဇိုရာဖန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က
ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

မန္တလေးနှင့် မေမြို့ အကြား အိမ်ခြံမြေဈေး နေ့ချင်းညချင်း ထိုးတက်


2011-04-01 RFA

မေမြို့လို့ခေါ်တဲ့ ပြင်ဦးလွင် တဝိုက်က ရတနာပုံ ဆိုင်ဘာစီးတီးနဲ့ မန္တလေးဖက်က အာဆီယံလမ်းမကြီး


ဖောက်လုပ်မဲ့ နေရာတွေမှာ အိမ်ခြံမြေ ဈေးတွေ ထူးထူးခြားခြား ကောင်းနေတယ်လို့ သိရပါတယ်။

တပြည်လုံး ခြုံကြည့်ရင် မန္တလေးဖက်မှာ အိမ်ခြံမြေဈေး သိပ်ကောင်းနေပြီး သိန်း ထောင်နဲ့ချီ ပေးနေရတယ်လို့


အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်သူ တဦးက ပြောပါတယ်။ ပြင်ဦးလွင်ခေါ် မေမြို့ တဝိုက်မှာ မြေဈေးတွေ
ကောင်းနေတဲ့အကြောင်းကို ပြင်စာမှာ ခြံမြေ ရှိသူတယောက်ကလည်း ပြောပြပါတယ်။

ပြောင်းဖူးစိုက်သူတွေ ပန်းစိုက်သူတွေဟာ မြေဈေးကောင်းလို့ မိမိပိုင်မြေတွေ ရောင်းချကြပြီး


အိမ်ဆောက်သူဆောက်၊ လုပ်ငန်းမှာ ငွေမြှုပ်နှံသူ မြှုပ်နှံကြတယ်လို့ ဆိုပါတယ်။

ပြင်စာအထက်ဘက်မှာ စက်မှုတက္ကသိုလ် ရှိပြီး နိုင်ငံတော် စီမံချက်နဲ့ အဆောက်အဦးတွေ


ဆောက်လုပ်နေပါတယ်။ လောလောဆယ်မှာတော့ ရတနာပုံ ဆိုင်ဘာ စီးတီးထဲက အဆောက်အအုံတွေကို
စက်မှု တက္ကသိုလ်က ငှားပြီး ကျောင်းဖွင့်လှစ်နေပါတယ်။
ကျောင်းဆောင် မပေးတဲ့အတွက် အဝေးက လာရောက် ပညာသင်ကြားသူတွေက အပြင်ဆောင်မှာ ငှားရမ်း
နေထိုင်ရတာမို့ လုပ်ငန်းရှင်တွေက ဘော်ဒါဆောင် လာရောက် ဆောက်လုပ်ကြတဲ့အတွက် မြေ အရောင်းအဝယ်
ဖြစ်ထွန်းတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

တာချီလိတ်ခရိုင် ငလျင်ဒုက္ခသည်များ အအေးဒဏ် ခံစားနေရ


2011-04-01 RFA

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း မတ်လ ၂၄ ရက်နေ့ ငလျင်ဘေးဒဏ်သင့်ခဲ့ကြတဲ့


ပြည်သူတွေဟာ အအေးဒဏ်ခံနိုင်တဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေကြတဲ့အပြင်
ကလေးအများစုဟာလည်း ဝမ်းရောဂါ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

တာလေနဲ့ မိုင်းလင်းဒေသတွေဖက်မှာတော့ ငလျင်ဒဏ်သင့်ခဲ့ပြီးနောက်ပိုင်း ကူညီ ကယ်ဆယ်သူတချို့နဲ့ World


Vision အဖွဲ့ဝင်တွေက အစားအသောက်နဲ့ ရေသန့်ဘူးတွေ ဝေပေးခဲ့တဲ့အတွက် ကျန်းမာရေး ထိခိုက်မှု
တစုံတရာ မရှိခဲ့ပေမဲ့ ခရစ်ယာန် ဘုရားကျောင်း ပြိုကျခဲ့လို့ လူ ၂၀ ကျော် ချက်ချင်းသေဆုံးခဲ့တဲ့ ကျကူညီ
ကျေးရွာတဝိုက်မှာတော့ သောက်သုံးရေ အပြည့်အဝ မရရှိခဲ့တာကြောင့် ကလေးအများစုဟာ
ဝမ်းရောဂါဖြစ်ပွားနေကြပြီး ဆေးဝါး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဲ့ဒီဒေသအတွင်းမှာ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးနေတဲ့ တသီးပုဂ္ဂလ


ကူညီနေသူတဦးက RFA ကို အခုလို ပြောပါတယ်။

“ကျကူညီဖက်မှာ လောခါးတို့ရွာဖက်မှာ နည်းနည်း ဝမ်းလျှောတယ် ကလေးတွေ အယောက် ၄၀ လောက်။


ဟိုတပတ်တုန်းက သောက်သုံးရေ မရတာလေ။ ဒီတရက် နှစ်ရက်လောက်မှာ သောက်သုံးရေ ပေးလိုက်တော့
အခု ဒီနေ့တော့ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး။ မနေ့ကတော့ အသေအပျောက်တော့ မရှိဘူး။
အများအားဖြင့် ကလေးဖြစ်တယ်။ ဆေးဝါးလည်း မရောက်သေးဘူး။ ဒုက္ခသည်တွေက ကျကူညီ
တရွာတည်းမှာတော့ အခု လောလောဆယ်တော့ ခုနှစ်ရာ။ ကျကူညီရွာကပဲ လောခိုဖဲရွာမှာ ပြောင်းရွေ့နေတဲ့ ၄၄
အိမ်ကျတော့လည်း တရာ့ရှစ်ဆယ် နှစ်ရာလောက် ရှိမယ်။ ပေသေလ မှာလည်း ၂၀၀ ၊ တာလေနဲ့ဆိုတော့
အနည်းဆုံး သုံးထောင်တော့ ကျော်မယ်။”

ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လာရောက် လှူဒါန်းနေသူတွေကိုလည်း ငလျင်လှုပ်ခဲ့ပြီးချိန်ကစပြီး စစ်အစိုးရ


တပ်ဖွဲ့ဝင်တွေကိုသာ အပ်နှံပေးခဲ့ရပြီးတော့ ငလျင်ဘေးဒဏ် သင့်ခဲ့တဲ့ ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျ
ပေးအပ်ခွင့် မရခဲ့ပေမဲ့ အခုရက်ပိုင်းမှာတော့ လှူဒါန်းမဲ့ ပစ္စည်းစာရင်းတွေကိုသာ ပေးအပ်ရပြီး
အလှူရှင်တွေကိုယ်တိုင် ငလျင်ဒဏ်သင့်သူတွေကို ကူညီခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာတော့ ငလျင်ဘေးသင့် ပြည်သူတွေဟာ ရာသီဥတုအေးလွန်းတာကြောင့်


နွေးနွေးထွေးထွေး နေထိုင်နိုင်ကြဖို့အတွက် အဝတ်အထည်တွေနဲ့ စောင် တွေ လိုအပ်နေကြတယ်လို့လည်း
ခုနက ကူညီနေသူကပဲ ပြောပါတယ်။

“အဓိက ပျက်စီးတာက ကျကူညီရယ် ပေသေလရယ် တာလေရယ် မိုင်းလင်းရယ် အဲ့ဒါပဲရှိတာကိုး။ ဒီ


တာလေနားနဲ့ မိုင်းလင်း ကျတော့ ဒီလောက်ကြီး ပူစရာ မရှိပါဘူး။ ကျကူညီရွာတို့ ဒီလောခါး ရွာတို့ လေးရွာတို့
အဲ့မှာကျတော့ ဆင်းရဲတယ်။ တချို့က အနွေးထည်တွေ မရှိတဲ့အခါမှာ အခုဟာ မနေ့ကဆို အေးပြီးတော့
မီးလှုံနေတာလေ။ အဲဒါနဲ့ တာချီလိတ်က ပြည်သူ့စစ်အဖွဲ့တွေက စောင်တယောက် တထည် ၊ စောင်ရေ ၇၀၀
လောက် ပေးပေးတယ်။ လုံလောက်မှု မရှိဘူး အဲဒီမှာ လိုသေးတယ်။”
ငလျင်လှုပ်ခဲ့ပြီးနောက် တပတ်ကျော် ရှိလာပေမဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ ပြီးစီးမှု မရှိသေးသလို ဒေသခံပြည်သူ
အများစုဟာလည်း ယာယီတဲတွေနဲ့သာ နေထိုင်နေကြရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ငလျင်ဒဏ်ကြောင့် သေဆုံးသူ ရာနဲ့ချီပြီး ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုနေကြပေမဲ့ ငလျင်လှုပ်ခဲ့ပြီး


စစ်အစိုးရကနေ ၁၇ နာရီအကြာမှာ ထုတ်ပြန်ခဲ့တဲ့ သတင်းမှာတော့ သေဆုံးသူပေါင်း ၇၄ ဦးသာ ရှိပြီး
ဒဏ်ရာရသူ ၁၂၅ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း သေဆုံး၊ ဒဏ်ရာ ရရှိသူတွေနဲ့ ပျက်စီးဆုံးရှုံးခဲ့မှုတွေနဲ့
ပတ်သက်လို့ စာရင်း ထပ်မံ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး


2011-04-01 RFA

ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ရဲ့ အစည်းအဝေးကို ဧပြီ ၁ ရက် ဒီကနေ့ မွန့်းလွဲ ၁ နာရီက
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပရာမှာ CRPP အတွင်းရေးမှူး ဦးအေးသာအောင် အဖွဲ့ဝင် NLD
ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ အဖွဲ့ဝင် ဦးပူကျင့်ရှင်းထန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြ ပါတယ်။

အစည်းအဝေးမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဦးအေးသာအောင်က အခုလို


ရှင်းပြပါတယ်။

“ဒီနေ့ အစည်းအဝေးမှာ အထူးသဖြင့်ပေါ့၊ လက်ရှိ နိုင်ငံရေး အခြေအနေကို ကျွန်တော်တို့ ဆွေးနွေး


သုံးသပ်ကြပါတယ်။ မကြာသေးခင်က ပြီးသွားတဲ့ လွှတ်တော်နဲ့ သမတရဲ့ မိန့်ခွန်း ပြောသွားတဲ့ အပေါ်မှာ
ကျွန်တော်တို့ ဆွေးနွေး သုံးသပ်ကြပါတယ်။ အဲဒီတော့ သမတ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ပါတဲ့ ကောင်းမွန်တဲ့
အစိုးရ ဖြစ်ရေး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ရေး၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ပြောသွားတာ
အပြောအနေနဲ့တော့ ကောင်းပေမဲ့၊ တကယ် လက်တွေ့မှာကော ဒါတွေကို အကောင်အထည်ဖော်နိုင်
မဖော်နိုင်ဆိုတာကို စောင့်ကြည့်ဖို့ လိုတယ် ဆိုတဲ့အကြောင်းတွေကိုလည်း ဆွေးနွေးဖြစ်ပါတယ်။”

လာမဲ့ အနာဂတ်မှာ အစိုးရ က တိုင်းပြည်အကျိုးကို ဘယ်လောက် အတိုင်းအတာထိ လုပ်ဆောင်မယ် ဆိုတာကို


စောင့်ကြည့်ပြီး CRPP က သုံးသပ် ဝေဖန်သွားမှာ ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ပြောပါတယ်။
ဒါ့အပြင်CRPP အနေနဲ့ရှေ့ဆက်လုပ်မဲ့ လုပ်ငန်းစဉ်တွေ ကို မြန်မြန်ဆန်ဆန် လုပ်ဆောင် နိုင်အောင် CRPP စတင

်ွဲ့စည်းစဉ်က ရှိခဲ့တဲ့ ရေးရာကော်မတီတွေ ပြန်လည် အကောင်အထည် ဖော်ဖို့၊ ဒီရေးရာ ကော်မတီတွေမှာ
အင်အား တိုးချဲ့ဖို့တွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားဖွဲ့စည်းခဲ့တဲ့ CRPP အပေါ် အခုလို


လွှတ်တော် အသစ် ပေါ်ပေါက်လာတော့ နိုင်ငံတကာက အစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထား
ပြောင်းလဲမှု ရှိပါသလားလို့မေးရာမှာတော့ ဦးအေးသာအောင်က ခုလို ဖြေကြားပါတယ်။

“တကဲ့ အနောက်နိုင်ငံတွေ အနေနဲ့ကတော့ အပြောင်းအလဲ မရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ အရင်တုန်းက


တွေ့ခဲ့ ဆုံခဲ့တဲ့ ဟုတ်လား နိုင်ငံခြားက လာတဲ့ ပုဂ္ဂိုလ်များ၊ သံတမန်များနဲ့ တွေ့တဲ့ဆုံတဲ့ အခါမှာ ဒီ ၂၀၁၀
ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဖူး၊ ပြီးတော့ ပါသင့်ပါထိုက်တဲ့
အဖွဲ့အစည်းများလည်း မပါတဲ့အတွက်ကြောင့် တချို့က ဒါကို လက်ခံဖို့ မခံဖို့ကို ဆက်လက်ပြီးတော့
စဉ်းစားမယ်၊ ပြီးတော့ ကျွန်တော်တို့ကိုလည်းပဲ ဆက်လက်ပြီးတော့ လက်ခံပြီးတော့၊ တွေ့ဆုံပြီးတော့
ဆွေးနွေးသွားမယ်၊ လက်တွဲပြီး အလုပ်လုပ်သွားဖို့ ပြောခဲ့တာတွေ ရှိပါတယ်။”
အစည်းအဝေးကို မွန်းလွဲ သုံးနာရီမှာ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးဖို့ ဂျာမနီ ဝန်ကြီးချုပ် တောင်းဆို


2011-04-01 RFA

မြန်မာအစိုးရသစ်ကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အိန်ဂျယ်လာ


မာကယ်လ်က မတ်လ ၃၁ ရက် ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ်ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၃၀ ရက်


ဗုဒ္ဒဟူးနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့ကြောင်း ဂျာမနီအစိုးရက သတင်း ထုတ်ပြန်ပါတယ်။

စစ်အစိုးရထံက ဗုဒ္ဓဟူးနေ့မှာ အာဏာ လွှဲပြောင်း ယူလိုက်တဲ့ မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေး


အကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး
လုပ်ငန်းစဉ်တွေ စတင် အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းနဲ့ NLD အပါအဝင် နိုင်ငံရေးပါတီတွေကို
အပြည့်အဝ အသိအမှတ်ပြုဖို့ လိုအပ်ကြောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုခြဲ့ ပီး၊ ဂျာမန်


ဝန်ကြီးချုပ် မာကယ်လ် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် ထောက်ခံ
အားပေးကြောင်း ပြောကြားခဲ့တယ်လို့ ဂျာမန် ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ငလျင်မြေပုံ ရေးဆွဲရေး နော်ဝေးကူညီမည်


2011-03-31 RFA

မြန်မာနိုင်ငံမှာ မြေငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်နိုင်ဖို့ အာရှ သဘာဝ


ဘေးဒဏ်များ ကြိုတင် ကာကွယ်ရေး အဖွဲ့ (ADPC) ရဲ့ ပံ့ပိုးမှုနဲ့ seismic mapping ခေါ် ငလျင်အခြေပြ
မြေပုံရေးဆွဲမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီလုပ်ငန်းကို နော်ဝေးနိုင်ငံက အကူအညီပေးမှာ ဖြစ်ပါတယ်။ ADPC အဖွဲ့ဟာ မြန်မာနိုင်ငံ ငလျင် ကော်မတီ


MEC နဲ့ ပူးပေါင်း စီစဉ် ဆောင်ရွက်မှာပါ။ ငလျင် ကော်မတီဝင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌ ဒေါက်တာ
ဝင်းဆွေက အခုလို ပြောပါတယ်။

“အမှန်တော့ ADPC နဲ့ တွဲလုပ်တာ။ အဲဒါကနေ နောက်တဆင့် တက်မှာပေါ့။ ADPC ကနေ ခေါ်လာပြီးတော့
ကျွန်တော်တို့ မြန်မာ earth quake ကော်မတီနဲ့ အဲဒီမှာ သင်တန်းပေးတယ်။ အဲဒီ mapping ပေါ့လေ။ သင်တန်း
နည်းနည်း ပို့ချသွားတာပေါ့။ Introduction နောက်ကျတော့ သူတို့ ဆက်လုပ်မယ်ဆိုတဲ့ သဘောပါပဲ။”

ADPC က မြန်မာပညာရှင်တွေကို သင်တန်း ပို့ချပြီးတဲ့နောက် ငလျင်မြေပုံအတွက် ဆက်လက် ဆောင်ရွက်မှာ


ဖြစ်တယ်လို့ ဆိုပါတယ်၊

မြန်မာနိုင်ငံမှာ ငလျင်နဲ့ ပတ်သက်ပြီး ရေးဆွဲထားတဲ့ အခြေပြမြေပုံ မရှိသေးတာကြောင့် ငလျင် အလှုပ်များတဲ့


ဒေသတွေကို သွားရောက်ပြီး ငလျင်ဆိုင်ရာ ဘူမိရူပ မြေပုံတွေ ထုတ်ယူဖို့ စီစဉ်တာ ဖြစ်ပါတယ်။
ငလျင်မြေပုံ ရေးဆွဲနိုင်ပြီဆိုရင် ငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်သင့်တဲ့ စီမံချက်တွေ ရေးဆွဲ၊
ငလျင်ဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်ရေးအတွက် ကြိုတင် တွက်ချက်မှုတွေ ရေးဆွဲ
ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။

မြန်မာ-တရုတ် ပိုက်လိုင်းကြောင့် ပဋိပက္ခ ပိုမိုလိမ့်မည်ဟု ဆို


သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ ဧပြီလ ၀၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာပြည်တွင်း ဆောက်လုပ်ဆဲ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုကြောင့်


ထိုဒေသတလျှောက်ရှိ အရပ်သားများအပေါ် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်စေခဲ့သည်သာမက
ယခုထက်ပိုမိုသည့် ပဋိပက္ခများနှင့် ချိုးဖောက်မှုများ ပိုမိုဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ မြေကမ္ဘာ
စောင့်ရှောက်ကာကွယ်ရေးအဖွဲ့ Earth Rights International – ERI ၏ အစီရင်ခံစာတွင်
ရေးသားဖော်ပြထားသည်။

မြန်မာ့အနောက်ဘက် ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ ယူနန်ဒေသအရောက် ရေနံနှင့် ဓာတ်ငွေ့များ သယ်ပို့ပေးမည့်


ပိုက်လိုင်းများ တည်ဆောက်နေခြင်းကြောင့် မြေသိမ်းယူမှုများ၊ အဓမ္မလုပ်အားပေးများ၊ အရမ်းကာရော
ဖမ်းဆီးထိန်းသိမ်း ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် ERI အဖွဲ့ကြီးက ဆိုသည်။

’’ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေက အခုကတည်းက ဒုက္ခတွေ ခံစားနေရပြီ။ သူတို့အတွက်လည်း


ဒီစီမံကိန်းကြောင့် ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်ဘူး။ ဒါက သူတို့ ဒီစီမံကိန်းကို ဆန့်ကျင်ရတဲ့
ပထမအကြောင်းပြချက်ပဲ။ ရွာသားတွေမှာ သူတို့မြေတွေလည်း ဆုံးရသေးတယ်။ ဒီစီမံကိန်းတွေအတွက်
လိုအပ်တဲ့ သွင်းအားစုတွေ ထိထိရောက်ရောက် ပေးတာလည်း မရှိဘူး။ ရွာသားတွေ စိတ်ထဲမှာ ကုမ္ပဏီတွေနဲ့
မြန်မာအာဏာပိုင်တွေ ပြုသမျှနုရတဲ့ဘဝ ရောက်နေပြီလို့ ခံစားနေကြရတယ်’’ ဟု ERI
အကြီးတန်းသုတေသီလဲဖြစ်၊ ယခု အစီရင်ခံစာကို အတူတွဲဖက်ရေးသား ပြုစုသူ မက်သယူးစမစ် Matthew
Smith က မဇ္ဈိမကို ပြောသည်။

ပိုက်လိုင်းစီမံကိန်းကြောင့် ရှမ်းပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပေါ်ပေါက်လာစေနိုင်သည်ဟုလည်း


ယခုအစီရင်ခံစာက သတိပေးထားသည်။

ဤအငြင်းပွားဖွယ် ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ စန်းထလာနေသော ရေနံနှင့် သဘာဝဓာတ်ငွေ့


ကဏ္ဍတွင် အကြီးဆုံးနှင့် ငွေကုန်ကြေးကျ အများဆုံး စီမံကိန်းတခုဖြစ်ပြီး ယင်းတွင် ဒေဝူးအင်တာနေရှင်နယ်၊
KOGAS ၊ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC ၊ ONGC Videsh ၊ အိန္ဒိယဓာတ်ငွေ့အာဏာပိုင်အဖွဲ့
GAIL ၊ မြန်မာအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ မြန်မာရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE တို့ ပါဝင်လုပ်ကိုင်နေခြင်း
ဖြစ်သည်။

ဤဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျမည့် ကီလိုမီတာ ၈ဝဝ ရှည် ပိုက်လိုင်းနှစ်လိုင်း စီမံကိန်းတွင်


ရွှေသဘာဝဓာတ်ငွေ့မြေမှ ရခိုင်ကမ်းရိုးတန်းသို့ ရေအောက်ပိုက်လိုင်းဖြင့် ဆက်သွယ်ကာ
ကုန်းတွင်းရေနံဆိပ်ကမ်းတခု တည်ဆောက်ပေးရန်လည်း ပါဝင်သည်။

လတ်တလော ဆောက်လုပ်နေသည်မှာ ကုန်းတွင်းရေနံဆိပ်ကမ်းတခုဖြစ်ပြီး ယင်းမှတဆင့် အရှေ့အလယ်ပိုင်းမှ


သယ်ဆောင်လာသော ရေနံစိမ်းများကို ယူနန်ပြည်နယ်နှင့် အနီးပတ်ဝန်းကျင် ဒေသများသို့
အမြန်သယ်ပို့ပေးနိုင်လိမ့်မည်။
ယခုစီမံကိန်းအတွက် ပိုက်လိုင်းတည်ဆောက်မည့်လမ်းတလျှောက် ရှင်းလင်းခဲ့ရာ ရွာသားအများအပြားကို
လျော်ကြေး မဖြစ်စလောက်သာ ပေးပြီး၊ သူတို့မြေများကို အတင်းအကြပ် သိမ်းယူခဲ့သည်။ မြန်မာအစိုးရပိုင်
မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းမှ ရခိုင်ပြည်နယ်အတွင်း ပိုက်လိုင်းတည်ဆောက်မည့် လမ်းတလျှောက်ရှိ
ဒေသခံများသို့ ၂ဝ၁ဝ ခုနှစ် မတ်လအတွင်းက ပေးပို့ခဲ့သော စာတစောင်ကို ERI က ရရှိခဲ့ပြီး ထိုစာတွင် ဒေသခံ
ရွာသားများကို ၅ ရက်အတွင်း မိမိတို့ပိုင်မြေများပေါ်မှ ထွက်ခွါသွားရန် မောင်းထုတ်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါစာတွင် မြန်မာ့ရေနံဓာတ်ငွေ့လုပ်ငန်းနှင့် ဒေဝူးအင်တာနေရှင်နယ်တို့ ချုပ်ဆိုထားသော စာချုပ်ကို


ရည်ညွှန်းဖော်ပြထားပြီး၊ ရွာသားများကို ယင်းတို့စိုက်ပျိုးထားသော သီးနှံများအား သည်အတိုင်း ထားခဲ့ပြီး
ထွက်ခွါသွားရန် မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးခင်က ကိုရီးယားသံမဏိကုမ္ပဏီ Posco က ဝယ်ယူလိုက်သော ဒေဝူးအင်တာ နေရှင်နယ်ကလည်း


သူတို့တွင် ဒေသခံများအတွက် ဆေးခန်းများ တည်ဆောက်ပေးခြင်း အပါအဝင် ကော်ပိုရိတ်လူမှုတာဝန်ယူမှု
အစီအစဉ် Corporate Social Responsibility program ရှိကြောင်း ပြောဆိုကာ သူတို့ကုမ္ပဏီ
ဤပိုက်လိုင်းစီမံကိန်းတွင် ပါဝင်ပတ်သက်နေမှုကို ကာကွယ်ပြောကြားခဲ့သည်။

သို့သော် ERI ကမူ အဆိုပါ ဒေဝူး၏ ဆေးခန်းများသည် ၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၌


ဒေသခံရွာသားများကို မြန်မာစစ်တပ်က အတင်းအကြပ် ဆောက်လုပ်ခိုင်းခဲ့ခြင်းသာ ဖြစ်သည်ဟု
ပြန်လည်ချေပပြောဆိုထားသည်။ ယင်းသို့ ဆောက်လုပ်ခြင်းအတွက် ဒေသခံရွာသားများကို
တိုင်ပင်ပြောဆိုခြင်းလည်း မရှိ၊ ဆောက်လုပ်ရာတွင် ပါဝင်လုပ်အားပေးခဲ့ရခြင်းအတွက်လည်း တစုံတရာ
ငွေကြေးပေးအပ်ခဲ့ခြင်း မရှိဟု ပြောသည်။

’’မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆောင်ရွက်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့


အန္တရာယ်ရှိတဲ့အကြောင်း နှစ်ပေါင်းများစွာကတည်းက ကြိုတင်သတိပေးခဲ့ပါတယ်။ ဒါပေမဲ့
ဒီလိုသတိပေးချက်တွေဟာ ကျွဲပါးစောင်းတီးပဲ ဖြစ်သွားပုံရပါတယ်။ ကုမ္ပဏီရဲ့ အကြီးတန်း
အမှုဆောင်အရာရှိတွေကို ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုနဲ့ ERI က ကိုယ်စားလှယ်တွေ ၂ဝဝ၈ ခုနှစ်အတွင်းက
လူကိုယ်တိုင်တွေ့ဆုံပြီး သတိပေးခဲ့တာပါ။ ဒါပေမဲ့ အခုထိတော့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေကို
ပိုက်လိုင်းစီမံကိန်းမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေက လေးလေးနက်နက် အရေးယူဆောင်ရွက်နေတဲ့ လက္ခဏာ
မတွေ့ရသေးပါဘူး’’ ဟု စမစ်က ပြောသည်။

’’ဒေဝူးကော၊ CNPC ကုမ္ပဏီတွေပါ လူ့အခွင့်အရေး သက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ လုပ်တာ


မတွေ့ရသေးဘူး။ ကျနော်တို့သိသလောက် ဒီကုမ္ပဏီတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ပေါ်ပေါက်လာခဲ့ရင် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် စနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာတခုမှ မရှိသေးဘူး’’ ဟု
သူက ဆက်ပြောသည်။

ပိုက်လိုင်းတည်ဆောက်မည့် စီမံကိန်းတလျှောက် အနည်းဆုံးတပ်ရင်း ၂၈ ရင်း တပ်စဲထ


ွားသည်ဟု ERI
အဆိုအရ သိရသည်။ အဆိုပါတပ်ရင်းများမှ တပ်သားများကို စီမံကိန်းရန်ပုံငွေဖြင့် ထောက်ပံ့မှုများ
ပြုလုပ်ထားဖွယ်ရှိသည်ဟုလည်း ဆိုသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် နိုင်ငံခြားကုမ္ပဏီများ ချုပ်ဆိုထားသော သဘောတူ စာချုပ်များအရ


စီမံကိန်းလုံခြုံရေးအတွက် မြန်မာစစ်တပ်က တာဝန်ယူရမည်ဟု ERI အစီရင်ခံစာက ဆိုသည်။
ပိုက်လိုင်းစီမံကိန်းကြောင့် ရှမ်းပြည်နယ်အတွင်း မြန်မာစစ်တပ်က နောက်ထပ်အကြမ်းဖက်မှုများ
ထပ်မံကျူးလွန်လာစေမည်ကိုပါ အစီရင်ခံစာ ရေးသူများက ရတက်မအေး ဖြစ်နေကြသည်။
ပိုက်လိုင်းတည်ဆောက်မည့် လမ်းကြောင်းသည် မကြာသေးခင်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ နှင့် မြန်မာစစ်တပ်များ အကြီးအကျယ် တိုက်ပွဲများဖြစ်ပွားခဲ့သည့်
လမ်းကြောင်းပေါ်တွင် ရှိသည်။ ဤတပ်မဟာ ၁ သည် သူတို့၏ ညီနောင်တပ်ဖွဲ့များဖြစ်သော တပ်မဟာ ၃ နှင့် ၇
တို့ကဲ့သို့ မဟုတ်ဘဲ မြန်မာစစ်တပ်က ကမ်းလှမ်းခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ရေးအဆိုကို ငြင်းဆန်ခဲ့သူများ
ဖြစ်သည်။

ပိုက်လိုင်းစီမံကိန်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လာမည့်အရေးနှင့် အရပ်သားများအပေါ်


အန္တရာယ် ကျရောက်မည်ကို စီမံကိန်းတွင် ပါဝင်နေသည့် ကုမ္ပဏီများ စိုးရိမ်ပူပန်ခဲ့မည်ဆိုပါက ’’စီမံကိန်းများကို
ချက်ချင်း ရွှေ့ဆိုင်းထားလိုက်မည်ဖြစ်ကာ ရှမ်းပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေရာသို့
အတင်းတိုးဝင်သွားရောက်မည်ထက် အန္တရာယ်လျော့ပါးသက်သာစေရေးကိုသာ လုပ်ဆောင်ကြမှာဖြစ်သည်’’ ဟု
စမစ်က ပြောသည်။

ပိုက်လိုင်းနယ်မြေအတွင်း သူတို့ထိန်းချုပ်နယ်မြေများရှိကာ စစ်အစိုးရနှင့် ရယူထားသော အပစ်အခတ်ရပ်စဲရေး


သဘောတူညီချက် တဲတဲမျှသာ ကျန်တော့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ အကြီးတန်း
အရာရှိတဦးကလည်း မြန်မာစစ်တပ်သည် ဒေသတွင်းရှိ ရွာသားများကို အတင်းအကြပ် ပြည်သူ့စစ်ထဲ
ဝင်ခိုင်းနေသည်ဟု ERI ကို ပြောသည်။

ERI က လျှို့ဝှက်ပြုလုပ်ခဲ့သော ရွာသားများနှင့် တွေ့ဆုံမေးမြန်းမှုများအရလည်း ပိုက်လိုင်းကာကွယ်ရေး


ပြည်သူ့စစ်အဖွဲ့များ ဖြစ်ဟန်ရှိသည့် အဖွဲ့အတွင်း အတင်းအကြပ် ဝင်ခိုင်းနေသည်ကို တွေ့ရှိရသည်။ ယင်းသည်
ပဋိပက္ခ ကြီးထွားလာတော့မည်ကို ပြသနေသည့် နိမိတ်ဆိုးတရပ်ပင် ဖြစ်သည်။

အပြောကြီးလွန်းတဲ့ တိုင်းရင်းဆေး သတိပေး


သဲသဲ | သောကြာနေ့၊ ဧပြီလ ၀၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆေးဝါးကြော်ငြာရာ၌ သမားတော်၏ အမည်ကိုအသုံးပြုခြင်းနှင့် အလွန်အကျွံ


ညွှန်းဆိုခြင်းများ ဆက်လက်ပြုလုပ်နေသော တိုင်းရင်းဆေးထုတ်လုပ်သူများကို အရေးယူသွားမည်ဟု
သောကြာနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

“လုံးဝ”၊ “အမြစ်ပြတ်” ၊ “၉၆ ပါး ဝေဒနာ ပျောက်စေသည်” စသည့် အသုံးအနှုန်းများကို ခွင့်မပြုသော်လည်း


အချို့သော ဆေးဝါးထုတ်လုပ်သူများက စာနယ်ဇင်းများတွင် ထဲ့သွင်းကြေညာမှုများ ဆက်လက်
ပြုလုပ်နေပြီးနောက် သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တိုင်းရင်းဆေး ထုတ်လုပ်ပါက လိုင်စင်လျှောက်ထားရပြီး ထုတ်လုပ်သည့် ဆေးဝါးများကိုလည်း တိုင်းရင်းဆေး


ဦးစီးဌာနတွင် မှတ်ပုံတင်ရကာ၊ ဆေးဘူးနှင့် ဆေးထုတ်တွင် ပျောက်ကင်းသည့် ရောဂါ၊ သုံးစွဲရန် အညွှန်းနှင့်
ပါဝင်သည့် ပစ္စည်းနှင့် တိုင်းရင်းဆေး ယာယီ မှတ်ပုံတင် နံပါတ်များကို ထည့်သွင်းရေးသားရသည်။

ကျင့်ဝတ်မညီသည့် လက်မှတ်ရ တိုင်းရင်းဆေးသမားတော်များကိုလည်း ကျင့်စဉ်ဖောက်ဖျက်မှုဖြင့်


အရေးယူမည်ဟု ဝန်ကြီးဌာန ကြေငြာချက်ထဲတွင် ပါရှိသည်။

တိုင်းရင်းဆေးဆရာများကို ဆေးထိုးအပ်၊ ထိုးဆေးနှင့် တရားမဝင် ခွဲစိတ်ကုသမှု မပြုရန်လည်း တိုင်းရင်းဆေး


ကောင်စီက တားမြစ်ထားသည်။
တိုင်းရင်းဆေး ထုတ်လုပ်ခွင့် မှတ်ပုံတင် လျှောက်ထားစဉ်ကပင် တံဆိပ်၊ စာသား၊ ထုတ်လုပ်မည့် ပုံစံနှင့်
ဆေးနမူနာများကို နေပြည်တော် တိုင်းရင်းဆေးဦးစီးသို့ တင်ပြကာ ခွင့်ပြုချက် ယူရသည်။ ၃ နှစ်တကြိမ်
မှတ်ပုံတင် ပြန်လျှောက်ရကာ၊ ဆေးများကို ပြန်လည်စစ်ဆေးပြီး ယာယီမှတ်ပုံတင် ချပေးသည်။

တိုင်းရင်းဆေးဝါး အမျိုးပေါင်း ၇၉၅၁ မျိုး မှတ်ပုံတင်ထားပြီး တိုင်းရင်းဆေး ထုတ်လုပ်သူ ၁၃၇၈ ဦးကို


ဆေးဝါးထုတ်ခွင့် လိုင်စင်ချပေးထားကြောင်း တိုင်းရင်းဆေးဦးစီး၏ စာရင်းများက ဆိုသည်။

ကနေဒါနိုင်ငံသားကို နယ်စပ်ကျော်မှုဖြင့် တရားစွဲမည်


ကျော်ခ | သောကြာနေ့၊ ဧပြီလ ၀၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှ မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့သူ


ကနေဒါနိုင်ငံသား မစ္စတာ ရွန် ဇာရက်စ်ကီ Ron Zakreski ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုမြင့်
တရားစွဲမည်ဖြစ်ကြောင်း မြဝတီမြို့နယ် တရားရုံးနှင့် နီးစပ်သူများထံမှ သိရှိရသည်။

၆၂ နှစ် အရွယ် မစ္စတာ ရွန် ဇာရက်စ်ကီကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေး (လဝက) တာဝန်ရှိသူများက မတ်လ ၂၄
ရက်နေ့တွင် အဖမ်းခံထားရသည့် ခီးညာလီး ရဲစခန်းမှ မြဝတီ မြို့နယ်တရားရုံးသို့ ခေါ်ဆောင်လာကာ တရားမဝင်
နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် တိုင်တန်းလျှောက်ထားကာ ကြာသပတေးနေ့က ယမန်ယူသွားခဲ့သည်။

“အဲဒီ နိုင်ငံခြားသား အဖြူတယောက်ကို ရဲတွေနဲ့ အတူတူလာပြီး တရားရုံးကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနဲ့


ယမန် လာယူသွားတယ်” ဟု တရားရေးဌာန တရားရုံးနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ရွန်သည် မတ်လ ၂၄ ရက်နေ့ မနက်တွင် မဲဆောက်တောင်ဘက် ဖုတ်ဖရာ့မြို့နယ်မှ သောင်းရင်းမြစ်ကို


ကူးဖြတ်ကာ မြန်မာနိုင်ငံ ဝေါလေဒေသသို့ ကူးလာပြီး ဓာတ်ပုံရိုက်နေစဉ် ရဲက ဖမ်းဆီးသွားကြောင်း ဒေသတွင်း
လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA အရာရှိ တဦးက ပြောသည်။

ဓာတ်ပုံရိုက်သည့် နေရာမှာ မတ်လ ၂၃ ရက်၊ ည ၁၂ နာရီခန့်တွင် DKBA နှင့် နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ
၃၅၆ တိုက်ပွဲဖြစ်ခဲ့သည့် နေရာဖြစ်သည်။

“သူက ဝေါလေတဖက်ကမ်းမှာ ရှိတဲ့ မဲဆောက်ဘက်အခြမ်းကနေ မြန်မာပြည်ဘက်ကို ကူးလာပြီး


ဓာတ်ပုံရိုက်နေတာ ရိုက်နေတုန်းတန်းလန်းပဲ ရဲက ဖမ်းသွားတာ။ သူကူးလာတဲ့ ဘက်အခြမ်းမှာတော့
ထိုင်းစစ်တပ်ရှိတယ်” ဟု DKBA ဗဟို ဆက်သွယ်ရေးဌာနမှ ဗိုလ်မှူးချစ်စရာက မဇ္ဈိမကို ပြောသည်။

ဝေါလေရွာအနီး စစ်တပ် နည်းဗျူဟာ ၁ စကခ ၅ တပ်အနီးရှိ ခီးညာလီး ရဲစခန်း၌ တပတ်ကြာ


ထိန်းသိမ်းစစ်ဆေးပြီး ယခုတပတ် ကြာသပတေးနေ့တွင် မြဝတီသို့ ခေါ်လာခြင်း ဖြစ်သည်။

မစ္စတာ ရွန် ဇာရက်စ်ကီ ဝေါလေ၌ အဖမ်းခံရစဉ် တယ်လီဖုန်းဖြင့် ပြင်ပသို့ ဆက်သွယ်ခွင့် ရရှိခဲ့သည်ဟု


အဆက်အသွယ်ရခဲ့သည့် သူ၏ မိတ်ဆွေတဦးက အီးမေးလ်မှတဆင့် မဇ္ဈိမကို ပြောပြသည်။

မဲဆောက်ရှိ သူနေထိုင်ခဲ့သည့် Green Guest house ဧည့်ရိပ်သာသို့ အဖမ်းခံရသည့်နေ့သာမက၊ ၂၆-၂၇


ရက်နေ့များ၌ပါ ဧည့်ရိပ်သာရှိ တည်းခိုဖော် နိုင်ငံခြားသားများထံ ဖုန်းဆက်ခဲ့သေးသည်ဟုလည်း ပါရှိသည်။
အချို့သော သတင်းများတွင်တော့ အဖမ်းခံရသော ကနေဒါနိုင်ငံသား၏ အမည်မှာ ရော်နယ်ဂျိမ်းဖြစ်သည်ဟု
ပါရှိသည်။

ရောင်းလို့ရတာ အကုန်ရောင်းတဲ့ နောက်ကွယ်မှာ


ဂျွန်ဟန်းနက်စ် | သောကြာနေ့၊ ဧပြီလ ၀၁ မဇ္ဈိမ

မြန်မာအစိုးရက အရှုံးပြနေသည့် စီးပွားရေးလုပ်ငန်းများကို ၁၅ နှစ်ခန့် ပုဂ္ဂလိကလက်သို့ လွှဲပြောင်းခဲ့သည်။


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်အောက်တွင် နောက်ဆုံး ပုဂ္ဂလိကလက်သို့
လွှဲပြောင်း ရောင်းချမှုသည် ၂ဝ၁၁ ခုနှစ် မတ်လတွင် ဖြစ်ပေါ်ခဲ့သည်။

ရာစုနှစ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများနှင့် မြေကွက်များကို လေလံပစ်ရာတွင် အကြီးဆုံးဖြစ်သဖြင့်


ရာစုနှစ်၏ ဈေးရောင်းပွဲကြီးဟု တင်စားခေါ်ဝေါ်ကြသော ပွဲကြီးပင် ဖြစ်သည်။

နိုင်ငံပိုင် မြေယာနှင့် အဆောက်အအုံ ၁၅၇ ခုကို လေလံပစ်ရန် ကြေညာခဲ့သည့်အနက် အများစုကို


ရောင်းချခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် မသိဘဲ အချို့ကို စာရင်းမှ ပြန်ထုတ်ခဲ့သည်။

နောက်ပိုင်းတွင်ပေါ်ထွက်လာသော သတင်းများအရ အခွင့်ထူးခံအချို့သည် မဟာဗျူဟာမြောက် နေရာများမှ


ထိုပိုင်ဆိုင်မှုများကို ဈေးကွက်ပေါက်ဈေးထက် နိမ့်ကျသော ဈေးနှုန်းများဖြင့် ရယူသွားကြသည်ဟု သိရသည်။
ဤသည်က အကျိုးခံစားသူ အုပ်စုတမျိုး ဖြစ်သည်။

အခြားအုပ်စုတွင် ဈေးကွက်ပေါက်ဈေးထက် ၅ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအတွင်း ဈေးပိုပေးကြသော


ထင်ရှားသည့် စွန့်ထွင်ဦးစီးသူများ ပါဝင်ကြသည်။ Asia World နှင့် AA အုပ်စုတို့သည် ယင်းအထဲတွင်
ပါဝင်ကြသည်။ လေလံတင်သော အဆောက်အအုံများသည် နေရာကောင်းများတွင် ရှိသဖြင့် အကြိတ်အနယ်
အပြိုင်အဆိုင် ဝယ်ယူခဲ့ကြသည်။ ဈေးပေးနိုင်စွမ်း မြင့်မားစေရန်အတွက် အချို့က တဦးချင်းအနေဖြင့် မပြိုင်ဘဲ
အုပ်စုလိုက် ပါဝင်ကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ အိမ်ယာမြေဈေးကွက်၌ ဈေးနှုန်းများ တည်ငြိမ်နေခြင်းကြောင့် ဝယ်လိုအား လျှော့နည်းနေရာ


လေလံအောင်သူများသည် ပြန်ရောင်း၍ မရသဖြင့် အချိန်မီ ငွေချေရန် ခက်ခဲခဲ့ကြသည်။

အိမ်ယာမြေ ဈေးကွက်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော မျက်နှာသစ်များကိုလည်း ဤနောက်ဆုံးလေလံပွဲတွင်


တွေ့မြင်ရသည်။ အများအားဖြင့် သူတို့သည် ယခင် ကျောက်မျက်ပြပွဲများတွင် စံချိန်တင် ဝင်ငွေများ ရရှိခဲ့ကြသော
ကျောက်မျက်လုပ်ငန်းရှင်များ ဖြစ်ကြသည်။

မကြာသေးမီက နေပြည်တော်၌ ပြုလုပ်ခဲ့သော ၂ဝ၁၁ ခုနှစ် ပထမအကြိမ် ကျောက်မျက်ရတနာ ပြပွဲသည်


ဒေါ်လာသန်းပေါင်း ၂၈ဝဝ ခန့် ရောင်းချခဲ့ရရာ ထိုပုဂ္ဂိုလ်များ အိမ်ယာမြေလောကသို့ ထပ်မံဝင်ရောက်လာဖွယ်
ရှိသည်။ ထိုရောင်းရငွေ ၁ဝ ရာခိုင်နှုန်းသည် အခွန်အဖြစ်ဖြင့် အစိုးရငွေတိုက်အတွင်းသို့ ဝင်ရောက်သွားဖွယ်
ရှိသည်။

ရောင်းချရသော ကျောက်မျက် အတော်များများသည် ပြည်တွင်းဝယ်သူများထက် ဈေးပိုပေးနိုင်သော


တရုတ်ကုန်သည်များ၏ လက်တွင်းသို့ သက်ဆင်းသွားကြကြောင်း အထူးပြောရန် လိုမည်မဟုတ်ပါ။ ကုန်သည်
အငယ်စားများနှင့် လက်မှုလုပ်ငန်းများ လည်ပတ်ရန် ပြည်တွင်းကျောက်ဈေးကွက်တွင် ကျောက်မျက်များ
ရှားပါးနေဖွယ်ရာ ရှိပါသည်။
အချို့စာနယ်ဇင်း အုပ်စုများက ပုဂ္ဂလိကလက်သို့ လွှဲပြောင်းရောင်းချမှုကို လုပ်ငန်းရှင်များ ငွေကြေးခဝါချသည့်
လုပ်ရပ်အဖြစ် ရှုမြင်ကြသည်။

အမှန်တကယ်တွင် ယင်းတို့ မည်သည့်နေရာမှ ဝင်ငွေရရှိသည်ကို မည်သူကမျှ ဒုက္ခခံပြီး စစ်ဆေးခြင်း မရှိသဖြင့်


ခဝါချစရာ မလိုပါ။ အိမ်ယာမြေ ရောင်းချရမှ ရရှိသော ဝင်ငွေများကို ထုတ်လုပ်မှု စွမ်းအားရှိရှိအသုံးပြုကာ
ရုပ်ဝတ္ထုနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမည်ဟု မျှော်လင့်ရသည်။

သို့သော်လည်း အခြားသော တွက်ကိန်းများကား ရှိနေသေးသည်။ အိမ်ယာမြေ၌ ရင်းနှီးမြုပ်နှံကြခြင်းမှာ အခြား


အကျိုးအမြတ်ရှိရှိ ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းများ မရှိကြောင်း အတိတ်နိမိတ် ပြသကဲ့သို့ ရှိသည်။
ထုတ်လုပ်မှု စွမ်းအားရှိရှိ အသုံးပြုနိုင်သည့် ရင်းနှီးမြုပ်နှံမှုများသည် ထုတ်လုပ်မှုစွမ်းအားကို အကျိုးမပြုသော
နေရာများသို့ ဝင်ရောက်သွားကြသည်။

အခြားတဖက်တွင် ပုဂ္ဂလိကနယ်ပယ်မှ ငွေကြေးများ အစိုးရသို့ ကြီးကြီးမားမား စီးဆင်းသွားခြင်းသည် ပုဂ္ဂလိက


နယ်ပယ်တွင် ငွေကြေးရှားပါးမှု ဖြစ်ပေါ်စေကာ ကျပ်ငွေတန်ဖိုး တက်သွားနိုင်သည်။ ထို့အပြင်
အိမ်ယာမြေဈေးတက်ခြင်းကြောင့် မြေယာငှားခများ တက်သွားနိုင်သည်။

အရေးပါသော နေရာများ၌ ငှားရမ်းခများသည် ၃ လ တကြိမ်သော်လည်းကောင်း၊


တနှစ်တကြိမ်သော်လည်းကောင်း တက်တတ်ပေရာ ထိုနေရာများတွင် လုပ်ငန်းတခု၊ ဆိုင်တဆိုင် ဖွင့်လှစ်ရန်
ပိုခက်လာသည်။ တဖန် ဝင်ငွေ နိမ့်သူများအတွက် အိမ်ငှားခများ ကြီးမားလာခြင်းကြောင့် လူနေမှုစရိတ်တက်ကာ
မြင့်မားသော လခများကို တောင်းဆိုလာကြသည်။

မကြာမီက ပြီးစီးသွားခဲ့သော ပြည်သူ့လွှတ်တော်၌ မေးမြန်းဖြေကြားခြင်း မရှိသည့် မေးခွန်းတရပ်မှာ


ထိုအိမ်ယာမြေ ရောင်းရငွေများကို နေပြည်တော် တည်ဆောက်ရေးအတွက် အသုံးပြုသည်၊ သို့မဟုတ်
ဖြစ်နိုင်ချေနည်းသော ထုတ်လုပ်မှု စွမ်းအားရှိသည့် ကိစ္စများတွင် အသုံးပြုသည်ဆိုသည့် ကိစ္စဖြစ်သည်။

မြင်သာထင်သာ ရှိမှု၊ စာနယ်ဇင်း၏ ကျယ်ပြန့်သော အခန်းနှင့် မသမာမှု တိုက်ဖျက်ရေး မူဝါဒများကို


အလေးထားပုံ ရသည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် ထိုစိန်ခေါ်မှုများကို ဖြေရှင်းရမည့် အလုပ်ကြီးများ
ရှိနေပေသည်။

စရိတ်မျှပေး ကျန်းမာရေးဆီသို့
ထွန်းထွန်း | သောကြာနေ့၊ ဧပြီလ ၀၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အများပြည်သူ ကျန်းမာရေးအတွက် “စရိတ်မျှပေး ကျန်းမာရေး” အစီအစဉ်ကို


မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော်လည်း မအောင်မြင်သေးကြောင်း ရွေးကောက်ပွဲဝင် ပါတီများက ပြောသည်။

“စရိတ်မျှပေး ကျန်းမာရေး” မူဝါဒကို ချမှတ်လုပ်ကိုင်သော်လည်း တိကျသည့် စနစ်မရှိခြင်းကြောင့်


မအောင်မြင်ရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မဇ္ဈိမကို
ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစည ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေကမူ အစိုးရက ပြဋ္ဌာန်းထားသည့်


နိုင်ငံတော် အသုံးစရိတ် စာရင်းတွင် ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ် နည်းပါးနေခြင်းက
ပြည်သူ့ကျန်းမာရေးအတွက် ထိရောက်စွာ ဝန်ဆောင်မှု မပေးနိုင်ခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဒုဥက္ကဋ္ဌဖြစ်သူ ပြည်သူ့လွှတ်တော်အမတ်


ဦးစိုင်းဆောင်ဆီကလည်း ကျန်းမာရေးဝန်ထမ်းများ နည်းပါးခြင်း၊ ကျေးလက်ဒေသများတွင် အခြေခံ
ကျန်းမာရေးဗဟုသုတ နည်းပါးခြင်းများနှင့် သက်ဆိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ ကျေးလက်နှင့် ဒေသန္တရ ကျန်းမာရေးဌာနများ တည်ဆောက်နေပြီး ၁၉၈၈ ခုနှစ်တွင် ကျေးလက်


ကျန်းမာရေးဌာန ၁၃၃၇ ခုနှင့် ဒေသန္တရ ကျန်းမာရေးဌာန ၆၄ ခု ရှိခ့ရ
ဲာမှ ၂ဝ၁ဝ ခုနှစ်တွင် ကျေးလက် ၁၅ဝ၈ နှင့်
ဒေသန္တရ ၈၆ ခုအထိ ရှိလာသည်ဟု ၂ဝ၁၁ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် နိုင်ငံတဝှန်း ဖွံ့ဖြိုးတိုးတက်လာသော အခြေခံ
အဆောက်အအုံများ - ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ’’စရိတ်မျှပေး ကျန်းမာရေး’’ မအောင်မြင်ရသည့် အကြောင်းရင်း၊ ကြုံတွေ့ရသည့် အခက်အခဲ၊


ပြင်ဆင်သင့်သည်များ၊ ပါတီ၏ ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့် လက်တလော ပြဋ္ဌာန်းထားသည့် ကျန်းမာရေး
အသုံးစရိတ်အပေါ် အမြင်သဘောထားများကို သိရှိနိုင်ရန် ပါတီခေါင်းဆောင်များကို မဇ္ဈိမသတင်းထောက်
ထွန်းထွန်းက မေးမြန်းထားပါသည်။

အန်ကယ်တို့ ပါတီတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး မူဝါဒတွေ ချမှတ်လုပ်ကိုင်သွားမယ်လို့


စီစဉ်ထားပါသလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“ကျန်းမာရေးလို့ကတော့ဗျာ… နံပါတ် ၁ ကတော့ ကျန်းမာရေးအသုံးစရိတ် သိပ်နည်းနေတဲ့ ကိစ္စကို ရှေ့မှာ


တိုးမြှင့်ပြီးတော့ သုံးသွားဖို့ပေါ့ဗျာ။ ဒါကတော့ အဓိကပေါ့။ ဘာလို့ဆိုတော့ ငွေရှိမှပဲ လုပ်ငန်းတွေက လုပ်လို့
ရတာကိုး။ နောက်တခုကတော့ ကျန်းမာရေးစနစ်ပေါ့။ မြို့ကြီးတွေပေါ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေတင် မဟုတ်ဘူးပေါ့၊
တောနေလူတန်းစားတွေကော ဘာကော အားလုံး လက်လှမ်းမီတဲ့ ကျန်းမာရေး အဆင့်မျိုးပေါ့။ အဲဒါ
ဖန်တီးပေးရမယ်။ ဆိုလိုတာကတော့ သာမန်လုပ်ရိုးလုပ်စဉ် အဆင့်လောက်ပေါ့ဗျာ။ အဲဒါလောက်ကတော့
ကျနော်တို့ နယ်အနှံ့ပေါ့ဗျာ။ အဲဒါကို ကျနော်တို့ ရွည်ရွယ်ချက်ထားပြီးတော့ လုပ်သွားဖို့ပေါ့လေ”

“နောက်တခုကတော့ ကျနော်တို့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဆေးပညာအဆင့်ကို ဒီ့ထက်ပိုပြီးတော့


မြှင့်တင်သွားဖို့အတွက်။ ဒါကတော့ ကျနော်တို့ ဆရာဝန်တွေကော၊ ဆရာမတွေကော အားလုံးပေါ့။ ကျန်းမာရေး
လုပ်သားတွေကော။ ဒါတွေကိုလည်းပဲ ကျနော်တို့ အဆင့်မြှင့်သွားဖို့ပေါ့။ အဲဒီလို ရည်ရွယ်ချက်တွေ ကျနော်တို့
ထားပါတယ်”

“အဓိကကတော့ဗျာ… ပိုက်ဆံမရှိလို့ အသေခံရမယ်ဆိုတာမျိုး၊ မကုသနိုင်ဘူးဆိုတာမျိုးပေါ့။ ဒါကိုတော့


နိုင်ငံတော်အနေနဲ့ ဘယ်လိုမှ လက်မခံသင့်ဘူးလို့ ယူဆပါတယ်”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)
“ကျန်းမာရေးပတ်သက်တဲ့ မူဝါဒကတော့ ကျနော်တို့ အခုလက်ရှိထက် မြှင့်တင်ဖို့ပေါ့ဗျာ။ ကျေးလက်ကို ပိုပြီး
ဦးစားပေးရမှာပဲ၊ ကျနော်တို့ မူဝါဒကတော့။ ဘာလို့ဆိုတော့ ကျေးလက်က အလှမ်းဝေးတာကိုး။
တနည်းအားဖြင့်တော့ အစိုးရရဲ့ စောင့်ရှောက်မှုကို ရအောင် ပိုပြီး တိုက်တန
ွ်းပေးရမှာပေါ့။ ကျနော်တို့
လုပ်စရာတွေကလည်း အများကြီး ဖြစ်နေတာကိုး။ ကျနော်တို့က ပညာရေးနဲ့ ကျန်းမာရေး စိတ်ဝင်စားပါတယ်”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - တစည)

“ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ယေဘုယျသဘောထားကတော့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို


အထူးဦးစားပေး ဆောင်ရွက်ဖို့ဆိုတဲ့ မူဝါဒ ရှိပါတယ်။ အဲဒီထဲကမှ လောလောဆယ်မှာ ကျနော်တို့ နိုင်ငံမှာကော၊
ကမ္ဘာမှာကော ဒုက္ခပေးနေတဲ့ ရောဂါကြီး ၃ ခုပေါ့ဗျာ။ အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါ၊ ကိုယ်ခံစွမ်းအားကျဆင်းတဲ့
နေရာဂါပေါ့။ အဲဒီရောဂါတွေနဲ့ တခြား ကပ်ရောဂါပေါ့။ အဲဒါကိုလည်း တိုက်ဖျက်ရေး အစီအစဉ်ကို
ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်”

“နိုင်ငံတော်အစိုးရက အဲဒီရောဂါကြီး ၃ ခုနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေကိုလည်းပဲ ကျနော်တို့ ပါတီအနေနဲ့


အထူးပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထားရှိပါတယ်။ နောက်တခုကတော့ ဆေးဝါး၊
ဆေးရုံတွေမှာပေါ့လေ။ ဆေးဝါးလုံလောက်မှုနဲ့ ခေတ်မီပစ္စည်းကိရိယာတွေ ပြည်စုံရေးကိုလည်းပဲ ကျနော်တို့
ရှေးရှုဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ရှိပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ်တာကိုလည်းပဲ
အားပေးကူညီမယ်။ ဥပဒေနဲ့အညီ ဖြစ်စေရေးကိုလည်း ဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ကျနော်တို့
ရှိပါတယ်”

“နောက်တခုကတော့ ဆေးကုသတဲ့ နည်းပေါ့လေ။ ဆေးကုသတဲ့ နည်းပညာနဲ့ အထောက်အကူပစ္စည်းတွေ


ဖြည့်ဆည်းနိုင်ဖို့လည်းပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ နောက်တော့ တိုင်းရင်း
ဆေးပညာ ထွန်းကာပျံ့ပွားဖို့အတွက်လည်း အားပေးကူညီသွားမယ်ဆိုတဲ့ဟာတွေဟာ ကျန်းမာရေးနဲ့
ပတ်သက်တဲ့ ကျနော်တို့ ပါတီရဲ့ သဘာထားတွေပါ”

မြန်မာပြည်မှာ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျင့်သုံးတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့လည်း


မအောင်မြင်ဘူးလို့ ပြောသံတွေပါ ကြားနေရပါတယ်။ ဒီတော့ မအောင်မြင်တဲ့ အနေအထားကိုကော
အန်ကယ်တို့ပါတီ လှုပ်ရှားနေတဲ့ ပြည်နယ်၊ တိုင်း၊ ဒေသတွေမှာ ဘယ်လိုမျိုး မြင်တွေ့နေရတာ ရှိသလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“စရိတ်မျှပေးဆိုတကတော့ဗျာ... ကျနော်တို့ မြင်တွေ့နေရတာလည်း အတော်ကြာပါပြီ။ သို့သော်လည်းပဲ


တကယ်တမ်းကျတော့ စရိတ်ကို မတတ်နိုင်လို့ရှိရင် နိုင်ငံတော်အနေနဲ့ ပံ့ပိုးတယ်ဆိုတာက သိပ်ကို နည်းပါတယ်။
ဆေးရုံတွေမှာ တကယ်တမ်းကျတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ ကုနေကြရတာပေါ့ဗျာ။ အထူးသဖြင့်
ပြည်သူ့ဆေးရုံတွေမှာပါ့”

“တကယ်တမ်း ပြည်သူတွေဆီကနေပြီးတော့ ဒီစရိတ်မျှပေးရတဲ့ စရိတ်ဆိုတာကလည်းပဲ ဘယ်လိုပုံစံနဲ့ ဘယ်လို


ရှိနေကြတယ်ဆိုတာလည်းပဲ ကျနော်တို့ အသေးစိတ်တော့ မလေ့လာနိုင်ဘူး။ ဒီဆေးတွေ
ရတယ်ဆိုလို့ရှိရင်တောင် လူနာက ဝယ်ရတာပါပဲ။ နောက် လူနာလက်မှတ်ဝယ်တာတို့။ ဆိုတော့ ဒါတွေဟာ
တကယ်တမ်းကျတော့ ကျန်းမာရေးသုံးစွဲမှု ရန်ပုံငွေထဲ ဝင်ရမယ့်ဟာတွေ။ ဝင်ငွေအနေနဲ့ ဝင်တာပေါ့ဗျာ။ ဒါကို
သေချာသတ်မှတ်ချက် မရှိတဲ့အခါကျတော့ ဒါတွေက လူနာကုသတဲ့ ရန်ပုံငွေထဲကို ရောက်မသွားဘူး။ ဒါ
စရိတ်မျှပေးဆိုတဲ့ အဓိပ္ပာယ် မရှိဘူးဆိုတာ။ ဆိုတော့ အစိုးရက ဒီထက်မက ပံ့ပိုးပြီးတော့ ကူညီပေးဖို့နဲ့
ဒီလိုလုပ်မှလည်း တကယ့် ပြည်သူမတတ်နိုင်တဲ့ လူနာတွေအတွက် တကယ် အထောက်အကူဖြစ်မယ်”

“ကျနော်တို့ ခေတ်တုန်းကလည်းပဲ ကျနော်တို့ နိုင်ငံရေးလုပ်လို့ ချမ်းသာတာ မဟုတ်ပါဘူး။ နောက် သဘာဝ


အရင်းအမြစ်တွေလည်း ဒီလောက်လည်း မရှိပါဘူး။ ဒါပေမဲ့လည်းပဲ ဆေးရုံရောက်လာတယ် ဆိုလို့ရှိရင် အားလုံး
ကျနော်တို့က တာဝန်ယူနိုင်ပါတယ်။ လူနာတွေဟာ ဆေးရုံရောက်လာတယ်ဆိုလို့ရှိရင် ဘာမှ ကုန်စရာ
ဘာညာမရှိဘဲနဲ့ အတတ်နိုင်ဆုံး ကုသပေးနိုင်ခဲ့တယ်”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“ရှမ်းပြည်နယ်ဆိုရင် အများဆုံး ထိတွေ့မှာကတော့ ရှမ်းပြည်နယ်အစိုးရပေါ့။ ရှမ်းပြည်နယ်အစိုးရနဲ့ ထိတွေ့ဖို့


ရှိတယ်။ ဘာလို့ဆိုတော့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးတယောက်လည်း ရှိတယ်။ အဲဒီတော့
စရိတ်မျှပေးကတော့ ကျနော်တို့ မြို့မှာတောင် အဆင်မပြေဘူးဆိုတော့ တောမှာ ပိုပြီးတော့ အလှမ်းဝေးတယ်ဗျ“

“ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဘယ်လိုဒုက္ခရောက်သလဲဆိုရင် မဖြစ်သင့်၊ မဖြစ်ထိုက်တာတွေ အများကြီး


ဖြစ်တာပေါ့၊ ကျနော်တို့ ကျေးရွာမှာ။ မြို့ထက် အများကြီး ဆိုးတာပေါ့။ စရိတ်မျှပေး ကျန်းမာရေးက ရွာမှာ၊
ကျေးရွာတွေမှာ လုံးဝ မထိရောက်ဘူး။ ဘာလို့ဆိုရင် အဲဒီမှာ ကိုယ်၌ကိုယ်က ဒီ စရိတ်မျှပေးလုပ်ဖို့အဆင့်ကို
မရှိသလောက် ဖြစ်နေတာ။ ခပ်များများက ရမ်းကုတွေနဲ့ တွေ့ရတယ်။ စောစောပိုင်းကပေါ့နော်”

“ဆေးထိုးအပ်ကိုင်ခွင့်မရှိဘဲ ဆေးထိုးအပ်ကိုင်တဲ့ သူတွေနဲ့ ကျေးရွာလူတွေ ထိတွေ့ရတယ်။ အသက်တွေ


ဆုံးရှုံးရတယ်။ အခုနောက်ပိုင်းတော့ ကျနော်တို့ သိသလောက်ဆိုရင်တော့ ပြည်နယ်နဲ့ တိုင်းတွေမှာ NGO
(အစိုးရ မဟုတ်သော အဖွဲ့အစည်း) တွေပေါ့နော်။ NGO တွေက ဒီကျန်းမာရေးကိစ္စ ဝင်လာတာတွေ ရှိပါတယ်။
အမှန်တော့ ကျနော်တို့ ရှမ်းပြည်အကြောင်းကိုပဲ ပြောကြကြေးဆိုရင်တော့ ငှက်ဖျားကိစ္စတွေမှာ သူက Mobile
Clinic (ရွေ့လျားဆေးကုသမှု) ပေါ့။ Mobile Clinic လုပ်တယ်’’

“ငှက်ဖျားဆိုရင်လည်း ငှက်ဖျား Mobile Clinic ။ နောက်ပြီး ကျနော် ထပ်ကြားတာက 3D Fund ကလည်း


ရှမ်းပြည်မှာ ထပ်ဝင်လာပြန်ပြီ။ နောက်တခါ JAICA ကလည်း ဒီဂျပန် Joint Set ကလည်း မွေးကင်းစ
ကလေးကိစ္စတွေ ဘာတွေ တော်တော့်ကို ပညာပေးရယ်၊ ကူညီပံ့ပိုးမှုတွေ တော်တော်လုပ်ပေးတယ်”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - တစည)

“စရိတ်မျှပေး ကျန်းမာရေး” တို့ ဘာတို့ကို ပေါ်လစီအနေနဲ့ သူတို့ လုပ်နေကိုင်နေတာ ရှိပါတယ်။ သို့သော်လည်းပဲ


ကျနော်တို့ ဆေးရုံ၊ ဆေးခန်းနဲ့ ကုသတဲ့သူနဲ့ မမျှမတတာတွေလည်း ရှိတာ တွေ့ရပါတယ်။ အဲဒီတော့
လတ်တလောအားဖြင့် အခက်အခဲရှိနေတာ အမှန်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြည်သူတွေ
အခက်အခဲရှိနေတာ မှန်ပါတယ်။ အဲဒီတော့ ပုဂ္ဂလိကဆေးခန်းဆိုတာလည်း ငွေကြေးဘာညာဆိုတော့
အများပြည်သူကတော့၊ ငွေကြေး မတတ်နိုင်တဲ့ ပြည်သူတွေအတွက်တော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆေးရုံ၊
ဆေးခန်းတွေ တော်တော်လေး အခက်အခဲ ရှိတယ်၊ ကသိကအောက်ရှိတယ်ဆိုတဲ့ ဟာကတော့
တွေ့နေရပါတယ်”
ဒီစနစ်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ဘာအခက်အခဲတွေရှိမယ်ဆိုရင် ဘာတွေဖြစ်မလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“မအောင်မမြင် ဖြစ်နေရတာကတော့ ခုနပြောသလိုပဲ နံပါတ် ၁ ကတော့ ကျန်းမာရေးအတွက လျာထားတဲ့


ရန်ပုံငွေဟာ ကုန်ဈေးနှုန်းတွေ သိပ်တက်လာတဲ့ အခါကျတော့ လိုက်လျောညီထွေဖြစ်အောင် ချပေးနိုင်မလား၊
မချပေးနိုင်ဘူးလားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုမယ်။ နောက်တခုကလည်းပဲ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ပေါ့။
အဝေးမှာ ရှိနေတဲ့၊ နယ်တွေမှာ ရှိနေတဲ့ လူတွေအထိ ဘယ်လိုနည်းနဲ့ လက်လှမ်းမီအောင်၊ ရအောင်
ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ စနစ်တကျနဲ့ စီမံပြီးတော လုပ်တာ ကျနော် မတွေ့ရဘူး”

“ဘယ်လောက်ဝေးဝေး သူတို့ရောက်လာရင်တော့ လုပ်ပေးရမယ်။ မရောက်လို့ရှိရင်လည်းဘဲ မတတ်နိုင်ဘူး။


မလာလည်း မတတ်နိုင်ဘူးဆိုတဲ့ အဲဒီလိုပုံစံမျိုးတွေ ဖြစ်နေတယ်လို့ ကျနော်တော့ ကြားတယ်။ ဒါတွေက ခုနက
ပြောသလို ငွေရေးကြေးရေးကော၊ စနစ်ပိုင်းကော၊ ပညာပိုင်းကော ကျနော်တို့ အများကြီး ပြန်ပြီး လုပ်သွားရမယ့်
သဘော ရှိပါတယ်”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“တကယ်တော့ ဘတ်ဂျက်ပဲပေါ့။ ဘာလို့ဆိုတော့ စရိတ်မျှပေးဆိုတာက မျှပေးဆိုဟာ ၁း၂ လား၊ တဝက်


တဝက်လား၊ ၃း၁ လား ဆိုတဲ့ဟာက မရှိဘူးလေ။ မရှိတော့ နာမည်ခံလောက်ပဲ လုပ်ပြီးတော့မှ
အမှန်ပြောရင်တော့ တဝက်စီလောက် ဆိုရင်တောင် မဆိုးချင်သေးဘူး။ အဲဒီလောက်ထိ တာဝန်မယူကြတဲ့အခါ ဒီ
စရိတ်မျှပေးဆိုတဲ့ ကိစ္စက လောလောဆယ် အောင်မြင်မယ်လို့ ကျနော်တို့ သုံးသပ်လို့ မရသလို၊ ကျနော်တို့
လွှတ်တော်တုန်းကလည်း အမေး၊ အဖြေမှာ ကျနော်တို့ မေးကြတယ်လေ။ ဒီစရိတ်မျှပေးဟာလည်း
မအောင်မြင်သေးပါဘူးဆိုတာလည်း သူတို့ ဝန်ခံပါတယ်”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - တစည)

“အဓိကကတော့ ပြည်သူလူထုထဲမှာပေါ့လေ။ စရိတ်မျှပေးဆိုတာကတော့ တတ်နိုင်လည်း ပေးပေါ့၊ မတတ်နိုင်ရင်


အစိုးရက အကုန်အကျခံ ဆိုတာပါပဲ။ ဒီဟာနဲ့ ပတ်သက်လို့ကတော့ တတ်နိုင်သမျှ နိုင်ငံတော်က အကုန်အကျ
ခံမယ်ဆိုရင်တော့လည်း နိုင်ငံတော်ဘတ်ဂျက်က ကျန်းမာရေးနဲ့ပတ်သက်လို့ သုံးစွဲတဲ့ဟာပေါ့လေ။
အစိုးရအသုံးစရိတ်မှာ ပိုပြီးတော့ သုံးစွဲဖို့တော့ လိုမယ် ထင်ပါတယ်”

“အဲဒီမှာ ဆေးရုံ၊ နောက်တခါ ဆေးပစ္စည်း၊ နောက်တခါ ကျနော်တို့ မူထဲမှာ ပါသလိုပေါ့လေ။ ဆေးရုံအတွက်


အထောက်အကူပစ္စည်းပေါ့လေ။ ဒီဟာလေးတွေ ပြည့်စုံအောင် ရှိလာဖို့အတွက် အစိုးရရဲ့ ဘတ်ဂျက်မှာလည်းပဲ
အစိုးရ အသုံးစရိတ်အနေနဲ့ ကျန်းမာရေးကဏ္ဍမှာ ဒီ့ထက်ပိုပြီးတော့ သုံးစွဲဖို့လည်း ကျနော်တို့ လိုမယ်လို့
ထင်ပါတယ်”

“နောက်တခါ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ကျန်းမာရေး လုပ်သားတွေလည်းပဲ များများစားစား


ပေါ်ထွက်လာအောင် လုပ်ဖို့ လိုမယ် ထင်ပါတယ်။ ဒါ့အပြင် ကျနော်တို့နိုင်ငံကလည်းပဲ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊
ပရဟိတအဖွဲ့အစည်းတွေ ဒါတွေပါ ပါဝင်ပြီးတော့ ခုနက ကျနော်တင်ပြတဲ့ Public Health ပေါ့။ ပြည်သူ့
ကျန်းမာရေးဆိုတဲ့ဟာနဲ့ ကိုက်ညီအောင် ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်တဲ့ လုပ်ငန်းရပ်တွေ
ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာမယ်ဆိုရင်တော့ ကောင်းမယ့် အနေအထားရှိမယ်လို့ ကျနော် မျှော်မှန်းပါတယ်”

ဒီစနစ်ကို အောင်မြင်ဖို့ လုပ်ဖို့ဆိုရင် ပါတီအနေနဲ့ ဘာတွေ တွန်းတွန်းတိုက်တိုက် လုပ်သွားဖို့ ရှိသလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“ကျနော်တို့က ပါတီအနေနဲ့ကတော့ဗျာ… အာဏာရ လက်ရှိပါတီမှ မဟုတ်ဘဲ။ ဒါတွေကတော့ ကျနော်တို့က


တင်ပြမယ်၊ တိုက်တွန်းမယ် ဒီလောက်ပဲ ရှိတာပေါ့ဗျာ။ အဲဒီတော့ တကယ်တမ်း အခု ဖြစ်ပေါ်လာတဲ့
အစိုးရပေါ့နော်။ အစိုးရအနေနဲ့က ဒါတွေကို သေသေချာချာ လေ့လာပြီးတော့ ပြုပြင်ပြောင်းလဲမယ်ဆိုရင်
ကျနော်တို့ကလည်း ဝိုင်းဝန်းပြီးတော့ ကူညီသွားမှာပေါ့ဗျာ”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“စရိတ်မျှပေး တကယ်လုပ်မယ်ဆိုရင်တော့ ပီပြင်တဲ့ စရိတ်မျှပေးပေါ့။ ခုနက ပြောသလို ပြည်သူလူထုက ၃


ကျပ်ကုန်ရင် တကျပ်ကုန်ပြီး သူတို့က ၂ ကျပ် မျှမလား၊ ၃ ကျပ်ကုန်ရင် တကျပ်ခွဲစီ ကုန်မလားဆိုတဲ့ မူကို
သတ်သတ်မှတ်မှတ် မရှိတာ။ သတ်သတ်မှတ်မှတ် ရှိတယ်ဆိုရင် အဲဒီမူ သတ်သတ်မှတ်မှတ် တခုပေါ်ဖို့ လိုတယ်၊
စရိတ်မျှပေးဆိုတာ။ ဘာလို့ဆိုတော့ ကုန်ကျစရိတ် အားလုံးပေါင်းရဲ့ ဘယ်အချိုးတွေက လူနာခံ၊
ဘယ်အချိုးတွေက အစိုးရခံဆိုတဲ့ စနစ် သတ်သတ်မှတ်မှတ် ရှိဖို့လိုသလို ကျနော်တို့ ဒီစရိတ်မျှပေးဆိုတဲ့
တဖြည်းဖြည်းနဲ့ အကောင်အထည် ဖော်ရင်တော့ အစိုးရပိုင်းက ပိုပေးနိုင်တဲ့ ဘတ်ဂျက်လောက်
ပံ့ပိုးလာနိုင်မယ်ဆိုရင်တော့ လူထု ပိုပြီး သက်သာသွားမှာပေါ့”

“ကျနော်တို့က ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ရွာတွေမှာ အခြေခံကျန်းမာရေး ဗဟုသုတပေါ့နော်။ အဲဒါကနေ


ကျနော်တို့ အရင်ပြုပြင်ပြောင်းလဲရမယ်။ ဘာလို့ဆိုရင် ကျေးရွာလူထုက ဘာတွေ အကျင့်ဖြစ်နေလဲဆိုရင်
သူတို့ရင်းနှီးနေရတဲ့ ပတ်ဝန်းကျင်က ရမ်းကုတွေ များတယ်ဗျ။ အဲဒီ့ရမ်းကုတွေကို ဖော်ထုတ်ရမယ်။
တရားဥပဒေအရ ဖော်ထုတ်မယ်။ လူထုနားလည်အောင် ကျနော်တို့ ပြောရမယ်။ အဲဒါမျိုးတွေ နည်းသွားပြီးတော့
အစိုးရရဲ့ ပံ့ပိုးမှု ကျေးရွာတွေထိ ပိုပြီးတော့ ပျံ့နှံ့ပြီး ပံ့ပိုးနိုင်အောင် တိုက်တွန်းရမှာပေါ့”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - တစည)

“လောလောဆယ်ကတော့ပေါ့လေ။ ကျနော်တို့ပါတီအနေနဲ့ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း


ကျနော်တို့က လူများစု ရတာမဟုတ်ဘဲ ကျနော်တို့ရတဲ့ အင်အားအရ အစိုးရဖွဲ့နိုင်တဲ့ ပါတီလည်း မဟုတ်တဲ့
အခါမှာ ပါတီရဲ့ ကျန်းမာရေး မူဝါဒတွေကို အကောင်အထည် ဖော်တဲ့နေရာမှာ ကျနော်တို့က ဖော်နိုင်မှာ
မဟုတ်ဘူး။ အစိုးရလို ဖော်နိုင်မှာ မဟုတ်ဘူး”

“အဲဒီတော့ အစိုးရရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လုပ်ငန်းရပ်တွေမှာ


ကျနော်တို့ပါတီက ချထားတဲ့ မူဝါဒ သဘောထား၊ ဒါတွေနဲ့ ကိုက်ညီတဲ့ ကိစ္စရပ်မှန်သမျှပေါ့လေ။ နောက်တခါ
ပြည်သူရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကျိုးရှိမယ့် ကိစ္စရပ် မှန်သမျှကို ကျနော်တို့က ဝိုင်းပြီးတော့၊ ကူပြီးတော့
ဆောင်ရွက်ရမယ့် အနေအထားမျိုးပဲ ရှိပါတယ်”

အစိုးရချမှတ်ထားတဲ့ ကျန်းမာရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“ကျနော်တို့က အခွင့်အရေးရရင် ရသလို ပြင်နေမှာပဲဗျ။ ကျန်းမာရေး အသုံးစရိတ်တို့၊ ပညာရေး


အသုံးစရိတ်တို့ဆိုတာ ကျနော်တို့ပါတီရဲ့ စပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ရေးဆွဲထားတဲ့
မူဝါဒတွေ။ အဓိကမှာ ပါတာပေါ့ဗျာ။ နောက်တခုက ပါတီရဲ့ ဝါဒသဘောတရားရေးမှာလည်းပဲ
လွတ်လပ်မှုတို့ဆိုတာ လူမှုရေးနာကျင်မှုတွေပေါ့ဗျာ။ ဒီတော့ ဆင်းရဲမွဲတေတာတို့၊ နာမကျန်းဖြစ်တာတို့
အဲဒီလိုရှိနေလို့ရှိရင် လွတ်လပ်မှုဆိုတာလည်း ဘာမှ အဓိပ္ပာယ် မရှိဘူးတဲ့”

“အဲဒါကြောင့် ဒါတွေကို ပြည့်စုံအောင် တဖက်တလမ်းကလည်းပဲ အစိုးရပိုင်းက ဝိုင်းကူ၊ မိမိကိုယ်တိုင်လည်း


ကြိုးစား။ ဒီလိုလုပ်မှပဲ ဖြစ်မယ်ဆိုတာကို ကျနော်တို့က မူဝါဒ ရှိပြီးသားပဲ။ ကျနော်တို့က ဒါတွေကို
အခွင့်အရေးရရင် ရသလို တင်ပြသွားမယ်”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“အဲဒါ နည်းတာတော့ အမှန်ပဲဗျ။ ဆိုတော့ ဒီနှစ်ကတော့ ဒီထွက်လာတဲ့ ဘတ်ဂျက်ကလည်း ၂ဝဝ၈ ကို


အကောင်အထည် ဖော်ဖို့အတွက် လုပ်ပိုင်ခွင့်ပေးထားတဲ့ ပုဒ်မအရ သူတို့ကလည်း ဘတ်ဂျက် ဆွဲလိုက်ပြီလေ။
ဆွဲလိုက်ပြီဆိုတော့ ကျနော်တို့ ရတဲ့ရာခိုင်နှုန်းကလည်း ကျန်းမာရေးအတွက် တအားနည်းတဲ့အခါ
လောလောဆယ်တော့ ဒီဘတ်ဂျက်ကို ပြန်ပြင်ဖို့ဆိုတာ ကျနော်ထင်တာက လောလောဆယ်တော့ ကြိုးစားလို့
မရတော့ဘူး ဒီနှစ်ကတော့”

“သူတို့လုပ်သွားတဲ့ ဘတ်ဂျက်အတိုင်းပဲ ကျနော်တို့ ဆက်ရပ်တည်သွားပြီးတော့ နောက်နှစ် ဘတ်ဂျက်တော့၊


ရသုံးငွေကတော့ ပြည်ထောင်စုလွှတ်တော် အတည်ပြုတဲ့ အရင် တင်ပြချက် သူတို့ လုပ်ကိုလုပ်ရမယ့်
သဘောရှိပါတယ်။ လုပ်တဲ့အခါမှပဲ ကျနော်တို့ ကြိုးစားပြီးတော့၊ ဒီတနှစ်တော့ အောင့်အီးပြီးတော့
ဖြေရှင်းသွားရမှာပေါ့”
ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - တစည)

“ဘတ်ဂျက်ကို ကျနော် လေ့လာကြည့်ပါတယ်။ လေ့လာကြည့်တဲ့အခါကျတော့ ကျန်းမာရေး အသုံးစရိတ်က


အစိုးရ အသုံးစရိတ် တခုလုံးရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဆိုတဲ့အခါကျတော့ကာ ဒါကလည်းပဲ ဘာပဲ
ပြောပြောပေါ့လေ။ လူတွေရဲ့ ကျန်းမာရေးလုပ်ငန်းကိုင်ငန်းက ခုနက စီးပွားရေး လုပ်ငန်းတွေ၊ ကုန်ပစ္စည်း
တိုးတက်အောင် လုပ်ဖို့ စသဖြင့်ပေါ့လေ။ တခြားကဏ္ဍတွေနဲ့ လုပ်ဖို့ဆိုတာ လူအင်အား၊ သူရဲ့ စွမ်းအား၊
အရင်းအမြစ်ပေါ့။ ဒီဟာတွေက ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်။ အဲဒီတော့ အဲဒီလို အရေးကြီးတဲ့ နေရာမှာ
ဒီကျန်းမာရေးဟာလည်းပဲ၊ ဒီလုပ်အားတွေရဲ့ ကျန်းမာရေးဟာလည်းပဲ အဓိက ကျပါတယ်။ ဒါကြောင့်မို့လို့
ကျနော်တို့ကတော့ ဒီ့ထက်ပိုပြီးတော့၊ သုံးစွဲပြီးတော့၊ ဖြည့်ဆည်းသွားဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်”
ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော်ကို ဘယ်လို သဘောထားသလဲ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊
မခ ဧပြီ ၁၊ ၂၀၁၁

မတ်လ ၃၁ ရက်နေ့မှာ နအဖစစ်ကောင်စီရဲ့ ကြံ့ဖွံ့လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ အစိုးရတရပ်ဟာ


နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူလိုက်ပြီလို့ ဆိုတယ်။ နအဖစစ်ကောင်စီရဲ့ နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲက
ပေါ်ထွန်းလာတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့က တရားဝင် အစားထိုးနေရာယူလိုက်ပြီ လို့ ဆိုပါတယ်။ ၁၉၈၈ က
ပေါ်ထွန်းခဲ့တဲ့ န၀တ စစ်ကောင်စီ၊ ၁၉၉၇ မှာ အမည်ပြောင်းလဲလိုက်တဲ့ နအဖ စစ်ကောင်စီ၊ တဖန် ယခု ၂၀၁၁
ခုနှစ်မှာတော့ စစ်ကောင်စီကို လုံးဝဖျက်သိမ်းလို့ (သတင်းများအရ) ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ
ကြံ့ဖွံ့ဦးဆောင်သော အစိုးရတရပ် ပေါ်ထွန်းလာပြီ ဖြစ်ပါတယ်။ အဲသည်အခြေအနေများအပေါ်မူတည်ပြီးတော့
မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ ၎င်းသဘောထားကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဆရာတို့ အင်န်အယ်ဒီပါတီက ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ဘူး။ အဲသည် ၂၀၀၈ အခြေခံဥပဒေကို


အတည်ပြုမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ အဲသည် ရွေးကောက်ပွဲက
ပေါ်ထွန်းလာတဲ့ ပြည်သူ့လွှတ်တော်နဲ့ အစိုးရတရပ်ကိုကျတော့ ဆရာတို့က ဘယ်လိုသဘောထားမှာလဲ ဆရာ။
အခုပေါ်ထွန်းလာတဲ့ အစိုးရဆိုတာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက်
ပြည့်စုံအောင် ဆောင်ရွက်နိုင်တဲ့ အစိုးရတရပ်လို့ ကျနော်တို့က မသတ်မှတ်ဘူး။ သို့သော်လည်း
အင်န်အယ်ဒီပါတီအနေနဲ့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတဲ့
လမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်ပြီးတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် အကျိုးရှိမယ်ဆိုရင်
ဘယ်သူနဲ့ မဆို တွေ့ဆုံ ဆွေးနွေးသွားဖို့ အဆင်သင့် ရှိတယ်လို့ သဘောထား ပြောဆိုထားတာ ရှိပါတယ်။ ဒါပါပဲ။

ဒါဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ၈၈ အရေးတော်ပုံကြီးကနေ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တယ်။


တပါတီအာဏာရှင်တွေကို ပြည်ဖုံးကားချပြီးတဲ့နောက်မှာ စစ်အာဏာရှင်တွေ တက်လာတယ်။ သူတို့တွေရဲ့
ရွေးကောက်ပွဲလမ်းကြောင်းကို ဒီမိုကရေစီအင်အားစုတွေက နိုင်ငံရေးပါတီတွေ ထူထောင်ပြီး ၀င်ရောက်
ယှဉ်ပြိုင်ခဲ့ကြတယ်။ စစ်အာဏာရှင်တွေဟာ အကြောင်းအမျိုးမျိုပြပြီးတော့ ရွေးကောက်ပွဲအနိုင်ရပါတီတွေကို
အာဏာမလွှဲခဲ့ဘူး။ အဲသည်နောက်ပိုင်းမှာလည်း တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချူပ်ချယ်ပြီး
ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို နှိမ်နှင်းတယ်၊ လုပ်ကြံ သတ်ဖြတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်။ နောက်ထပ် အနှစ်
၂၀ ကြာတဲ့အခါမှာ စစ်အာဏာရှင်တွေက သူတို့စိတ်တိုင်းကျ ထူထောင်ဖွဲ့စည်းလိုက်တဲ့ ကြံ့ဖွံ့နဲ့ စစ်တပ် ဦးစီးတဲ့
အစိုးရတရပ်ကိုတော့ အာဏာလွှဲလိုက်တယ်လို့ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေက သူတို့စစ်ကောင်စီကို
ပြည်ဖုံးကားချလိုက်ပြန်ပြီလို့ ပြောရင် ရတာပေါ့။ အခုတက်လာတဲ့ အစိုးရဆိုတာဟာ အာဏာရှင်စနစ်ရဲ့ သမိုင်းနဲ့
အမွေတွေအားလုံးကို လက်ပြောင်းရယူလိုက်တဲ့ အစိုးရတရပ်ပဲလို့ ကျနော်တို့က ပြောလို့ ရမလား ဆရာ။
အခုလက်ရှိမှာ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ဒါတွေက ပြည်ဖုံးကားနောက်
ရောက်သွားပြီလို့ ပြောလို့ မရသေးဘူး။ အင်န်အယ်ဒီပါတီ တရားဝင်ရပ်တည်ခွင့် ရှိရေး၊ အခြေခံဥပဒေကို
ပြန်လည် ပြင်ဆင်ရေးဆွဲနိုင်ရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊
တရားဥပဒေစိုးမိုးရေး စတာတွေ ရှိသေးတယ်။ အခြား တိုင်းပြည်ရဲ့ အထွေထွေ အရေးတွေလည်း ရှိတယ်။
အဲသည်အရေးကိစ္စတွေအတွက် အဖြေရှာနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးကြဖို့၊ နိုင်ငံရေးနည်းလမ်းများနဲ့
ဖြေရှင်းကြဖို့ ဆိုတာတွေဟာ ဘာမှ အပြောင်းအလဲတွေ ဖြစ်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့
ဒီသဘောထား ရပ်တည်ချက်တွေနဲ့ ဆက်လက် ရင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။ တလျောက်လုံးမှာ
အာဏာရှင်စနစ်က ပေါ်ထွန်းလာတဲ့ စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းများနဲ့ ရင်ဆိုင်နေခဲ့သလို၊
အခုပေါ်ထွန်းလာတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတရပ်ကိုလည်း ဆက်လက် ရင်ဆိုင်သွားရမှာပဲ
ဖြစ်တယ်လို့ ပြောချင်ပါတယ်။
နောက်တခုမေးချင်တာကတော့ ၁၉၈၈ မှာ ဦးနေ၀င်းကနေ ဗိုလ်ချူပ်စောမောင်ဦးဆောင်တဲ့ စစ်ကောင်စီကို
အာဏာလွှဲပြောင်းပေးခဲ့တယ်။ နောက်မကြာခင်မှာပဲ ဗိုလ်ချူပ် သန်းရွှေဦးဆောင်တဲ့ စစ်ကောင်စီအဖြစ်
သူတို့အချင်းချင်းက အာဏာကို ရယူလိုက်တယ်။ အဲသည်ကာလတလျောက်လုံးမှာ ကျနော်တို့တွေမှာ
ဦးနေ၀င်းကြီးဟာ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံရဲ့ နောက်ကနေ ကြိုးကိုင်နေတယ်လို့ သံသယအကျိုးဆက်တွေ
ခံစားခဲ့ရတယ်။ အခုအချိန်မှာလည်းပဲ ဗိုလ်ချူပ်သန်းရွှေဆိုတဲ့ စစ်အာဏာရှင်တယောက်ကနေပြီးတော့
သူစိတ်တိုင်းကျဖွဲ့စည်းထားတဲ့ အစိုးရ၊ ဆရာ့စကားနဲ့ ပြောရရင် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတခုကို
တီထွင်ပြီးတော့ အာဏာလွှဲပေးလိုက်ပြန်ပြီ။ သည်တခါမှာလည်းပဲ
မြန်မာပြည်နိုင်ငံရေးအနာဂတ်ဇာတ်ခုံနောက်မှာ ဗိုလ်ချူပ်သန်းရွှေတယောက်က ကြိုးကိုင် စီမံနေတယ်ဆိုတဲ့
အရိပ်မည်းကြီးက ဘယ်လောက်အထိ လိုက်ပါနေမှာလဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင်မလဲ။

ဒီလိုမျိုး ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖြစ်စဉ်တွေ၊ သမိုင်းဖြစ်ရပ်တွေကြောင့်မို့


အာဏာရှင်စနစ်အောက်က ရုန်းထွက်လို့ မရနိုင်အောင် ဖြစ်နေရတယ်လို့ ထောက်ပြချင်တယ်။ ဒါကြောင့်
ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူးလို့ ရပ်တည်ခဲ့ရတာ ဖြစ်တယ်။ တပ်မတော်သည်
နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကနေပါနေရမယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူးကွာ။ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ
အုပ်ချူပ်ရေးတွေမှာ လက်နက်ကိုင်စစ်တပ်က ၀င်ရောက် ချယ်လှယ်ခွင့် စိုးမိုးခွင့် ရှိတယ်လို့
ထည့်သွင်းထားတာကို ကျနော်တို့ လက်မခံနိုင်ဘူး၊ အချိန်မရွေး တိုင်းပြည်ရဲ့ အာဏာကို သိမ်းခွင့်ရှိတဲ့ စနစ်မျိုးကို
ကျနော်တို့ လက်မခံဘူး။ ဒါတွေကို လက်ခံထားရင် နေရာပေးထားရင် မြန်မာပြည်ရဲ့ သမိုင်းဖြစ်စဉ်မှာ
အဆိုးသံသရာလည်နေမှာ ဖြစ်တယ်။ အဲဒါတွေကို လက်ခံထားရင် မေးခွန်းမှာ ပြောထားသလိုမျိုး
အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ဘယ်တော့မှ မြန်မာပြည်ဟာ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမျိုး
ပြောချင်တယ်။

ဒါဆိုရင် ဆရာတဦးတည်း အမြင်အနေနဲ့ အခုပေါ်ထွန်းလာတဲ့ အစိုးရအဖွ့က


ဲို ဘယ်လိုမြင်သလဲ။ ဘယ်လို
ဖြစ်စေချင်သလဲ။
ကျနော့်သဘောအနေနဲ့ကတော့ စစ်အာဏာရှင်တွေရဲ့ စစ်ကောင်စီကနေ မွေးဖွားလာတဲ့
အစိုးရတရပ်ဖြစ်တဲ့အတွက် ယခင် နအဖလက်ထက်ကတည်း ရှိနေတဲ့ အရေးအခင်းတွေ၊ ဖြေရှင်းရမယ့်
ကိစ္စတွေ၊ အမွေဆိုးတွေကို အခုအစိုးရက အားလုံးကို လွှဲပြောင်းယူလိုက်ရပြီ ဖြစ်တယ်။ သူတို့တတွေက
တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်ချင်တယ် ဆိုရင် ပြုပြင်ပြောင်းလဲစရာတွေ ပြင်ဆင်စရာတွေကို အရင်ဆုံး
ဆောင်ရွက်ပြီးမှ အကောင်းကို ဦးတည်နိုင်မှာ ဖြစ်တယ်။ ဒါတွေကို ပြုပြင်ခြင်း ပြင်ဆင်ခြင်း မပြုဘဲနဲ့တော့ အဲဒီရဲ့
အပေါ်ကနေ အကောင်းကို မျှော်လင့်လို့ မရဘူး။

သို့သော်လည်း ဆရာရယ် … ကျနော်တို့ဆီမှာက အခုတက်လာတဲ့ အစိုးရတို့ တဖက်သပ်ကျင်းပသွားတဲ့


ရွေးကောက်ပွဲတို့ ဆိုတာအပေါ်မှာ ကြံဖန်ပြီး အကောင်းမြင်နေတဲ့သူတွေ၊ အဖွဲ့တွေ ရှိတယ်။ တဖက်သတ်
မျှော်လင့်ချက်တွေ၊ ကိုယ်ကျိုးကြည့်တဲ့ အမြင်ရှုပ်ထွေးမှုတွေနဲ့ နိုင်ငံရေး အင်အားစုတွေလည်း ရှိတယ်။
အဲဒါတွေကြောင့် မြန်မာပြည်သူလူထုဟာ မျက်စိလည်ကုန်တာ၊ အမြင်မရှင်းတာတွေ ဖြစ်ကုန်တာတွေ ရှိတယ်။
ဥပမာအားဖြင့် အရင်တုန်းက အာဏာရှင်က မကောင်းတာပါ။ သူထက်စာရင် အခု အာဏာရှင်က
ကောင်းပါတယ် တို့။ အရင်တုန်းကထက်စာရင် အခုဆိုရင် ပိုပြီးတော့ မြင်သာ ထင်တာတာတွေ ရှိလာပါပြီ တို့ …
စသည်ဖြင့် ပြောကြ ဆိုကြတာတွေ ရှိလာတယ်။ ဒါတွေကို ဘာပြောချင်သလဲ ဆရာ။
ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ မဝေးလှတဲ့ အနှစ် ၂၀ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင်
ကျနော်တို့တတွေက အမှန်အတိုင်း အရှိအတိုင်း ရှုမြင်သုံးသပ်ပြီး လုပ်ခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ
ဂန္ဒီကြေညာချက် ထုတ်ပြန်ခဲ့တယ်။ စစ်အစိုးရက ၁/၉၀ နဲ့ တုန့်ပြန်တယ်။ အမျိုးသားညီလာခံလုပ်တယ်။
ကျနော်တို့ဖက်က ဆက်လက်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားကြရတာပဲ။ ကျနော်တို့ကို အဲသည်တုန်းက
အကြပ်ကိုင်ခံရတာတွေ ရှိတယ်။ ဖိနှိပ် ကန့်သတ်ခံရတာတွေ ရှိတယ်။ အမျိုးသားညီလာခံကိုလည်း
တက်ခဲ့ရတာတွေ ရှိခဲ့တယ်။ သို့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကသာလျင်
အသင့်တော်ဆုံးဖြစ်တယ် ဆိုပြီး တစိုက်မတ်မတ် တောင်းဆိုရပ်တည် လှုပ်ရှားခဲ့တာပဲ။ နိုင်ငံရေးအရ
အကျိုးမရှိဘူးဆိုရင် ဒါကို ကျနော်တို့က ဖုံးဝှက်မထားဘဲ ထုတ်ဖော်ပြောဆို ခဲ့ရတာပဲ။
အခုလက်ရှိမှာလည်းပဲ နိုင်ငံရေးအင်အားစုတွေနဲ့ ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊
တိုင်းရင်းသားအရေး၊ တရားစီရင်ရေး စတဲ့ နယ်ပယ်တွေမှာ လုပ်စရာတွေ ဖော်ဆောင်စရာ နိုင်ငံရေး
အခြေအနေသစ်တွေ ဘယ်လောက် ပေါ်ထွန်းလာမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်တယ်။ အဲဒါတွေ ဘာမှ
ပေါ်ထွန်းလာခြင်း မရှိဘူး၊ ဘာမှ မဖော်ဆောင်ဘူး။ ဒါတွေ အားလုံးကို ဇွတ်ငြင်းပြီ၊ ဒါတွေ အားလုံး ဘာမှ
မပြောတော့ဘူး၊ မလုပ်ပေးတော့ဘူး ဆိုရင်တော့ ကျနော်အနေနဲ့က ဒါတွေကို ဖော်ထုတ်သွားမှာပဲ။ ဒါတွေကို
ကျနော်တို့က ကြံ့ကြံ့ခံပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်။ ဒါတွေကို ကျနော်တို့က
မျက်စိလည်သွားတာမျိုး၊ အမြင်ရှု့ပ်ထွေးပြီး မပြတ်မသားဖြစ်တာတွေ လုပ်သွားမှာ မဟုတ်ဘူး။ ဒီလိုပဲ
ပြောချင်ပါတယ်။
ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။

၂၀၀၈ အခြေခံဥပဒ ကို တိုက်ဖျက်။ ကြံ့ဖွံ့အစိုးရကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်


တူမောင်ညို ဧပြီ ၁၊ ၂၀၁၁မိ
မိုးမခ

“အစိုးရသစ်” ပေါ်လာပြီ။
(နအဖ) ကိုဖျက်သိမ်းလိုက်ပြီ။
အခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းကြသည့် “နိုင်ငံရေးပါတီများ” က ပေါ်ထွက်လာသည့် “အစိုးရသစ်”
နဲ့ပတ်သက်ပြီး အလိုက်အထိုက်သဘောထားကြမည်သာဖြစ်သည်။ သူတို့သည် “အခြေခံဥပဒေ(၂၀၀၈) ကို
လက်ခံပါမည်/ထိန်းသိမ်း စောင့် ရှောက်ပါမည်” ဟု ခံဝန်ချက်ထိုးပြီးမှ ပါတီထောင်ခွင့်/ရွေးကောက်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ရခဲ့ကြတာဖြစ်သည်။ သို့အတွက် သူတို့ဆီက ပြတ်သားသည့်သဘောထားကို မမျှော်လင့်နိုင်ပါ။
ထူးဆန်းနေသည်မှာ အခြေခံဥပဒေကို တရားမဝင်/လက်မခံဟူ၍ ထုတ်ပြန်ခဲ့ပြီး၊ ရွေးကောက်ပွဲမဝင်ရန်
ဆုံးဖြတ်ခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေါ်ထွက်လာသည့် “အစိုးရသစ်” နှင့်ပတ်သက်ပြီး
“ရေလိုက်ငါးလိုက်သဘောထား” နေခြင်း ဖြစ် သည်။
ဒီချုပ်၏ ယခင်က ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က (ဗွီအိုအေ) နှင့်အင်တာဗျူးတွင်ယခုလိုပြောပါသည်။
“အခုလက်ရှိ ပြည်သူ့လွှတ်တော်က အစိုးရအဖွဲ့သစ်တရပ် ဖွဲ့စည်းပြီးသွားပြီဆိုတဲ့ အခြေအနေကို အရှိအတိုင်း
ကျနော် တို့ လက်ခံပါတယ်။ အရှိအတိုင်း အသိအမှတ် ပြုပါတယ်။
NLD အနေနဲ့ကတော့ အစိုးရအဖွဲသစ်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
လောလောဆယ် ကျနော်တို့ရဲ့ သဘောထား ဒီ ၂ ခုပါပဲ။”

ကျနော်တို့နားလည်သလောက် “လွှတ်တော်အစည်းအဝေးအားလုံး” ပြီးဆုံးခဲ့ပြီ။ ပြည်တွင်းပြည်ပ အများက


အလေးထား မျှော်လင့်ခဲ့ကြသည့် နိုင်ငံရေးပြဿနာများဖြစ်သော -

- နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စ
- အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ့ဆုံဆွေးနွေးရေး
- အပစ်အခတ်ရပ်စဲရေးမှ ထာဝစဉ်ငြိမ်းချမ်းရေး

စသည့်ကိစ္စများနှင့်ပတ်သက်၍ အခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းခဲ့ကြသည် “နိုင်ငံရေးပါတီများ”မှ “မေးခွန်း”


အဖြစ် ဖေါ်ထုတ်မေးမြန်းခဲ့ကြသည်။ လွှတ်တော်တွင်း၌ မည်သို့အဖြေပေးတုန့်ပြန်ခဲ့သည်ကို
အားလုံးကြားသိကြပြီးဖြစ်ပါသည်။
“ငြိမ်းချမ်းရေးတံခါးဖွင့်ထားပြီးအခြေခံဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်ကြိုးပမ်းသွားမည်”ဟုဖြေကြားခဲ့သည်
မဟုတ် ပါလော။
သူတို့သည် (အစိုးရသစ်သည်) (နအဖ) စစ်အစိုးရထံမှ
အာဏာနှင့်အတူလွှဲပြောင်းရယူခဲ့သောပြဿနာမှန်သမျှကို သူတို့ စိတ်ကြိုက်ရေးဆွဲ အတည်ပြုထားသည့်
အခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကသာဖြေရှင်းပေလိမ့်မည်။
“အရှိအတိုင်းလက်ခံသည်/ အသိအမှတ်ပြု သည်”ဟု ပြောသဖြင့်
ကျနော်တို့ကိုလည်းအရှိတိုင်းပြောခွင့်ပြုစေချင်သည်။
လက်ရှိအခြေအနေတွင် “ဒီချုပ်” သည် တရားဝင်အဖွဲ့အစည်းမဟုတ်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်အခြေခံဥပဒေ
(၂၀၀၈)ကိုလက်မခံအသိအမှတ်မပြုဟုကမ္ဘာသိကြေညာထားသည်။ အခြားတစ်ဖက်ကပြောရလျှင်လည်း
(နအဖ) စစ်အစိုးရက ဖွဲ့စည်းပေးခဲ့သည့် “ရွေးကောက်ပွဲကော်မရှင်” က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင်
၁၉၈၈ ခုနှစ်က မှတ်ပုံတင်ခဲ့သော နိုင်ငံရေးပါတီများကို ဖျက်သိမ်းကြောင်းကြေညာခဲ့ပြီးဖြစ်သည်။
ယခုပေါ်ထွက်လာသည့် “အစိုးရသစ်”က အခြေခံဥပဒေ (၂၀၀၈) ၊ အခန်း (၁၄)
“အကူးအပြောင်းကာလပြဋ္ဌာန်းများ” တွင်ဖေါ်ပြထားသည့် ပုဒ်မ (၄၄၅/၄၄၆/၄၄၇) ကို တစ်သဝေမတိမ်း
လိုက်နာမည်မှာ မည်သို့မျှယုံမှားသံသယရှိစရာ မလိုပါ။
သို့ပါ၍ အရှိအတိုင်းချုပ်ပြောရလျှင် “ဒီချုပ်”ကို “အစိုးရသစ်”က
ယခင်အတိုင်းရေရှည်ဆက်လက်ခွင့်ပြုနေလိမ့်မဟုတ်ပါ။
ယင်းသို့ ဆောင်ရွက်လာလျှင် “ဒီချုပ်”က မည်သို့တုန့်ပြန်မည်နည်း။
ဗိုလ်ချုပ်အောင်ဆန်း က A leader must lead. ဟုပြောဖူးပါသည်။

သို့သော်လည်း အခြေခံဥပဒေ (၂၀၀၈) လက်ခံမည်ဆိုလျှင်တော့ ကိစ္စသည်တမျိုးတမည်ဖြစ်လာနိုင်ပါသည်။


ကျနော်တို့က လမ်းပြမြေပုံကို အဆင့်တိုင်းမှာတိုက်ဖျက်ဆိုတဲ့ လုပ်ငန်းစဉ်ချပြီး အဆင့်တိုင်းကိုဖွင့်ချခဲ့သည်။
တိုက်ဖျက် ရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ ထိထိရောက်ရောက်မဖြစ်ခ့ပ
ဲါ။
သို့ဖြင့်ယခုအခါ (နအဖ) စစ်အစိုးရ မှနေ၍ “ကြံ့ဖွံ့အစိုးရ” ဟူ၍ ဖြစ်လာခဲ့ပြီ။
ကျနော်တို့သည် အခြေခံဥပဒေ (၂၀၀၈) တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး။
အခြေခံဥပဒေ(၂၀၀၈) အရ ယခုပေါ်ထွက်လာသည့် “အစိုးရသစ်”ကိုလည်း ဆက်လက်ပြီး
ဝေဖန်တိုက်ခိုက်ဆန့်ကျင်သွားရမည်သာဖြစ်သည်။
အခြားနည်းလမ်းမရှိပါ။
- အခြေခံဥပဒေ (၂၀၀၈) ကို ဖျက်သိမ်းကြ
- ပေါ်ထွက်လာသည့်“ ကြံ့ဖွံ့အစိုးရ” ဆန့်ကျင်ကြ-
(၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်)

April Fools’ Day အထိမ်းအမှတ် နောက်ပြောင် ရေးသားချက်


ဒါပြီး ကုန်ပြီ

မိုးနက်ဝမ်း (MoeNed-One) ယူနီကုဒ် အောင်မြင်စွာ တီထွင်၊


ကွန်ပျူတာသုံး မြန်မာစာကို နိုင်ငံတကာ အသိအမှတ်ပြုတော့မည်
မိုးမခအထောက်တော် အမှတ် ၀၀၈
ဧပြီ ၁၊ ၂၀၁၁

မိုးမခမီဒီယာအဖွဲ့က ၆ နှစ်ကျော်ကြာ အချိန်ယူလုပ်ဆောင်ခဲ့သော မြန်မာစာယူနီကုတ် ပရောဂျက် ယမန်နေ့က


အဆုံးသတ်လိုက်ပြီဖြစ်သည်။
ယခု တီထွင်လိုက်သော “မိုးနက်ဝမ်း ယူနီကုတ်” ကို တာဝန်ယူ လုပ်ကိုင်သော မိုးမခမီဒီယာ၊ ၆ နှစ်ကြာ
စီမံကိန်းအတွက် ငွေကြေးအကူအညီပေးသော အမေရိကန်နိုင်ငံမှ ရန်ပုံငွေထောက်ပံ့ရေးအဖွဲ့ NED တို့၏
အမည်များဖြင့် အမှတ်တရ ဂုဏ်ပြု ပေါင်းစပ်ထားသည်။

ဤသို့ တီထွင်လိုက်သော ယူနီကုတ်စနစ်ကို ကွန်ပျူတာသုံးမြန်မာစာတွင် စံအဖြစ် အသုံးပြုနိုင်တော့မည်


ဖြစ်သည်။

မိုးနက်ဝမ်းကို install လုပ်ထားပါက ကွန်ပျူတာအတွင်း မည်သည့် မြန်မာစာလုံးပုံစံ (ဖောင့်)ကို


အသုံးပြုသည်ဖြစ်စေ စာများ အလွယ်တကူ ဖတ်ရှုနိုင်သည်။

မြန်မာဘာသာဖြင့် စာစီစာရိုက်ခြင်း မပြုနိုင်သူများအတွက်လည်း အထောက်အကူပြု အစီအစဉ်များ ပါဝင်သည်။


မိုးနက်ဝမ်း ယူနီကုတ်ကို အသုံးပြုပြီး nay kaung lar ဟု စာစီလိုက်လျှင် “နေကောင်းလား” ဟု အလိုအလျောက်
ပေါ်မည် ဖြစ်သည်။

ပရောဂျက်အတွက် ဒေါ်လာ ၅ သန်းခန့် အသုံးပြုခဲ့သည်။ သို့သော်လည်း မိုးနက်ဝမ်း ယူနီကုတ်စနစ် အသုံးပြုခွင့်


လိုင်စင်ကြေးများ ရောင်းချခြင်းဖြင့် ထိုငွေပမာဏထက် များစွာ ရမည်ဟု သိရသည်။

အလှူရှင်အဖွဲ့အစည်း NED နှင့် ကြိုတင်သဘောတူညီချက်အရ မိုးနက်ဝမ်းမှ ရရှိမည့် အကျိုးအမြတ်များထဲမှ ၁၅


ရာခိုင်နှုန်းကို ရန်ပုံငွေလိုအပ်သော မြန်မာမီဒီယာအဖွဲ့များ၊ သတင်းဌာနများသို့ ထောက်ပံ့ရမည် ဖြစ်သည်။

ယခု ကွန်ပျူတာသုံးမြန်မာစာလောကတွင် ရေပန်းစားနေသော ဇော်ဂျီဝမ်း (Zawgyi-One) သည် ယူနီကုဒ်တု


(pseudounicode) ဖောင့် ဖြစ်သည်။ ယူနီကုတ်စံများကို လိုက်နာခြင်း မရှိပေ။

ထို့ကြောင့် ပညာရှင်အများ
အပြားက မြန်မာဘာသာသုံး ယူနီကုတ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင် စမ်းသပ်လျက်ရှိရာ
တချို့သောယူနီကုတ်များ အတန်အသင့် ခရီးရောက်နေသည်ကို တွေ့ရသည်။ ဤအခြေအနေတွင် မိုးနက်ဝမ်း
စီမံကိန်းကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ စတင်ပြီး မိုးနက်ဝမ်းသည် ယူနီကုတ်စံကို အပြည့်အ၀လိုက်နာထားသော စနစ်


ဖြစ်လာသည်။ သို့သော်လည်း ပါဠိပိုင်းဆိုင်ရာ များနှင့် ပတ်သက်ပြီး တနှစ်ကြာ ထပ်မံ အချိန်ယူခဲ့ရသဖြင့်
ယခုအချိန်မှ စီမံကိန်း အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်လည်း ၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ကြီးက Myanmar Unicode and


NLP Research Centre ကို ဖွဲ့စည်းပြီး မြန်မာ့စံ ယူနီကုတ် ဖြစ်မြောက်ရေးအတွက် ကြိုးစားခဲ့သည်။
သိုသော်လည်း စစ်အစိုးရက ထိုစီမံကိန်းကြီးအတွက် ကျပ်သိန်း ၅၀ သာ ထောက်ပံ့ခဲ့သည်။ လိုအပ်သော
ငွေကြေး၊ အထောက်အကူများ မပြည့်စုံသဖြင့် အသင်းချုပ်ကြီး၏ စီမံကိန်း မအောင်မြင်ရခြင်းဖြစ်သည်ဟု
သိရသည်။
MoeNed-One ယူနီကုတ် ဒေါင်းလုတ် လုပ်ရန်

ပြီးဘီ The End

You might also like