News On April 4

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 38

Uncensored Burma - Daily News ( 2011 Apr 4)

အင်တာနက်နှေးအောင် ဒဏ်ခတ် ပိတ်ဆို့ ခံထားရတဲ့ မိတ်ဆွေတယောက် ဖတ်ဖို့  လက်ဆင့်ကမ်းလိုက်ပါလေ

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်နိုင်


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် သည်။

မာတိကာ

စစ်အစိုးရ အကြီးအကဲ ရာထူးက အနားယူ


By ဦးဝင်းမင်း တနင်္လာ, 04 ဧပြီ VOA

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တပ်ရာထူးမှ အနားယူကြောင်း သတင်းထွက်


2011-04-04 RFA
RFA

အစိုးရသစ် ကတိတည်၊ မတည် နိုင်ငံရေးပါတီတွေ စောင့်ကြည့်မည်


By ဦးဇော်ဝင်းလှိုင် တနင်္လာ, 04 ဧပြီ VOA

ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား အများအပြား သေဆုံး


By ဦးကျော်ထင် တနင်္လာ, 04 ဧပြီ VOA

မြန်မာအမျိုးသမီးများကို ရဲအယောင်ဆောင် အဓမ္မကျင့်သူ ဖမ်းဆီးခံရ


2011-04-04 RFA
RFA

ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဒဂုံမြို့သစ်မှာ ဖွဲ့စည်း


2011-04-04RF
RFA
RFA

သွေးလှူဒါန်းမှု ကူညီသူ အဖမ်းခံရ


နရီလင်းလက် Monday, 04 April ဧရာဝ
ဧရာဝတီ

ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း၏ အိမ် ရှာဖွေခံရ


2011-04-04 RFA

တွေ့ဆုံဆွေးနွေးရန် အစိုးရသစ်ကို KNU တောင်းဆို


2011-04-04 RFA
လယ်သမားများအရေး အစိုးရသစ် ဖြေရှင်းမပေး
2011-04-04 RFA

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်ခွေထုတ်ဝေ


2011-04-04 RFA

“ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” သင်္ကြန် သံချပ်ခွေ ထွက်ပြီ


ဇာနည်မာန် Monday, 04 April ဧရာဝ
ဧရာဝတီ

မုန်တိုင်းမိ ကျားဖောင်နဲ့ ငါးဖမ်းလှေများမှ ရေလုပ်သား ပျောက်ဆုံးမှု ထင်ထားသည်ထက် အဆများစွာဆိုးရွား


(နောက်ဆက်တွဲသတင်း)
ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၄၊ ၂၀၁၁ မိုးမခ

အမေရိကန် အထူးကိုယ်စားလှယ်ခန့်ရေး NLD နှင့် နိုင်ငံရေးပါတီများကြိုဆို


လင်းသန့် Monday, 04 April 2011 18:53

NDF နှစ်ခြမ်းကွဲ
ဧရာဝတီ Monday, 04 April 2011 17:44

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နှစ်ခြမ်းကွဲ
အံ့ဘုန်းမြတ် ၄ ဧပြီ ၂ဝ၁၁ - DVB

စွပ်စွဲချက်များ အခြေအမြစ်မရှိဟု FTUB ဦးမောင်မောင် ဖြေရှင်း


ဧရာဝတီ Monday, 04 April 2011 13:02

သင်္ကြန်အတွက် အာဏာပိုင်များ ငွေကောက်ခံ


နော်နိုရင်း ၄ ဧပြီ ၂ဝ၁၁ - DVB

ပဲခူး အန်အယ်လ်ဒီ အခမဲ့ဆေးဝါးကုသရေး ဆောင်ရွက်


၎ ဧပြီ ၂ဝ၁၁ - DVB

ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူးနေ့ကို ပြည်တွင်း ကရင်နီ အများစု မသိကြ


တနင်္လာနေ့၊ ဧပြီလ 04 ကန္တာရဝ
ရ၀တီတိုင်း(မ်)

မြန်မာဆက်သွယ်မည့် ရထားလမ်း ဘင်္ဂလာဒေခ်ျ့တွင် စတင် တည်ဆောက်ပြီ


တနင်္လာနေ့၊ ဧပြီလ 04 နိရဉ္စရာ သတင်းဌာန

စံပြကျေးရွာများတွင် နေထိုင်ရန် ဗမာပြည်မှ အိမ်ထောင်စု ၁၄၃ စု မောင်တောသို့ ရောက်ရှိ


တနင်္လာနေ့၊ ဧပြီလ 04 - နိရဉ္စရာ သတင်းဌာန

ရန်ကုန်မှ အိုးမဲ့အိမ်မဲ့များ ရခိုင်တွင် နေရာချထား


ခင်ဦးသာ Monday, 04 April ဧရာဝ
ဧရာဝတီ
ထောင်ဝင်စာ တွေ့ရေးအတွက် ရှမ်း NLD ထောက်ပံ့မည်
မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၀၄ ချင်းမိုင် (မဇ္ဈိမ) ။

နောက်ဆုံး အင်တာဗျူး

စရိတ်မျှပေး ကျန်းမာရေးဆီသို့ (၂)


ထွန်းထွန်း | တနင်္လာနေ့၊ ဧပြီလ ၀၄ မဇ္ဈိမ

စစ်အစိုးရ အကြီးအကဲ ရာထူးက အနားယူ


By ဦးဝင်းမင်း တနင်္လာ, 04 ဧပြီ VOA

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်အကြီးအကဲ တာဝန်က အနားယူသွားပြီလို့


စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။ အစိုးရသစ်ကို ပြီးခဲ့တဲ့လကုန်က အာဏာ
လွှဲပြောင်းလိုက်တဲ့နောက် အခုလို ရာထူးက ထွက်လိုက်တယ် ဆိုပေမဲ့လည်း ဒါဟာ အာဏာကို စွန့်လွှတ်ဖို့
ရည်ရွယ်ထားတာလို့တော့ အကဲခတ်တွေက မယူဆကြပါဘူး။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့
ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြီးဆုံးတာဝန်ဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် နေရာက


အနားယူသွားခဲ့ပါပြီ။ ၁၉၉၂ ခုနှစ်ကတည်းက ဒီတာဝန်ကို သူယူခဲ့တာမို့ နှစ်ပေါင်း ၂၀ နီးပါး ဒီတာဝန်ကို ယူခဲ့တာ
ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုပါတဲ့
အရပ်သား အစိုးရကို အာဏာလွှဲအပြီးမှာ အခုလို အနားယူလိုက်တာ ဖြစ်ပါတယ်။

အခုလို အနားယူပြီးမှ ကာကွယ်ရေး ဦးစီးချုပ် အသစ်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက် အသက် ၂၀


ကျော်ငယ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်လိုက်ပါပြီ။ အလားတူ ဒု-ကာကွယ်ရေး ဦးစီးချုပ် ဒု-
ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း အနားယူသွားပြီး သူ့နေရာကို ဗိုလ်ချုပ်စိုးဝင်းကို အသစ် ခန့်အပ်လိုက်ပါပြီ။
အခုလို စစ်တပ်ထိပ်ပိုင်းက ဗိုလ်ချုပ်မှူးကြီးနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး ၂ ဦးစလုံး အနားယူသွားတာ ဘာကြောင့်
အခုချိန်မှာ ဖြစ်ရပါလဲ ဆိုတာကို ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး အင်အားစု အဖွဲ့က သုတေသနမှူး ဦးဌေးအောင်ကို
မေးမြန်းကြည့်ရာမှာ အသက်အရွယ် ကြီးရင့်လာပြီး ကျန်းမာရေး အခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“တကယ် တပ်မတော်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေကိုသာ တိတိကျကျ လိုက်နာမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး


သန်းရွှေ အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ စွန့်လွှတ်ပြီး အနားယူသင့်တာ ကြာပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်မှာ တကယ် ပြဋ္ဌာန်းထားတာက အသက် ၆၀ ပြည့်ရင် တပ်မတော်ကနေ
နှုတ်ထွက် အနားယူရမယ် ဆိုတာမျိုး ပြဋ္ဌာန်းထားတာ ရှိတယ်။ တခြား ကာကွယ်ရေး ဦးစီးချုပ် အဆင့်ဆင့်ပေါ့၊
စစ်အာဏာရှင်ဟောင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းတောင်မှ အသက် ၆၀ ပြည့်တဲ့ အချိန်တုန်းက စစ်တပ်ကနေ
အနားယူခဲ့တာ ရှိတယ်။

“ဒါပေမဲ့ သူကတော့ အခုအချိန်မှာ စစ်အာဏာသိမ်းတဲ့ ခေါင်းဆောင်ပီပီ အကြောင်းအမျိုးမျိုး ပြပြီးတော့၊ သူက


အခုဆိုရင် အသက် ၇၈ နှစ်တောင် ဖြစ်နေပြီ။ အဲတော့ တွက်ကြည့်မယ်ဆိုရင် ၁၈ နှစ်လောက်
အနားယူသင့်နေပြီပေါ့။ အနားယူရမယ့် ကာလထက် အများကြီး ကျော်လွန်နေတာကြောင့်
အနားယူလိုက်တယ်လို့ပဲ ကျနော် ထင်ပါတယ်။”
အခုလို အနားယူပြီးတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့၊ အခုတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလို့
ခေါ်ကြမှာပေါ့၊ ဘာဆက်လုပ်မယ် ထင်လဲဆရာ။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ အများအမြင်မှာတော့ သူက နောက်မှာ အေးအေးဆေးဆေး သာမန်


အရပ်သား ဘ၀နဲ့ပဲ နေမယ်လို့ ယူဆနိုင်ပေမဲ့ လက်တွေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ သူဟာ
အာဏာကို တကယ်စွန့်လွှတ်ရဲမယ့် အနေအထား မရှိသေးဘူးလို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့
အရင် အာဏာကို စွန့်လွှတ်သွားခဲ့ရတဲ့ စစ်အာဏာရှင်ဟောင်းကြီး ဗိုလ်ချုပ်ကြီး နေ၀င်းတုန်းကလည်း နောက်ဆုံး
ဇာတ်သိမ်း မကောင်းခဲ့ဘူး ဆိုတာကို သူကိုယ်တိုင် သိခဲ့ မြင်ခဲ့တာတွေရှိတယ်။

“သူ့အနေနဲ့ကတော့ ဒီအသက်အရွယ်အရ တပ်မတော်ကို နုပျိုနေအောင် လုပ်မယ်ဆိုတဲ့ သူ့ရဲ့ ပြောစကားနဲ့အညီ


သူ တပ်မတော်က အနားယူပြတယ် ဆိုပေမဲ့ နောက်ကွယ်မှာတော့ တနည်းနည်းနဲ့ တပ်မတော်ကို
ဆက်ကိုင်တွယ်ထားနိုင်တဲ့ နေရာမှာ ရှိနေဦးမယ်လို့ ကျနော်ထင်ပါတယ်။ တကယ် တပ်ကို
ကိုင်ထားနိုင်မှသာလျှင် အာဏာဟာ သူ့လက်ထဲမှာ ရှိမယ်ဆိုတာကို သိတဲ့အတွက်ကြောင့် တပ်ကိုတော့
တနည်းနည်းနဲ့ ဆက်ပြီးတော့ ကိုင်ထားနိုင်ဖို့ ကြိုးစားမှာကတော့ သေချာတယ်လို့ ကျနော် ယူဆပါတယ်။”

အဲတော့ ဘယ်လိုနေရာမျိုးကနေ ဘယ်လိုပုံစံမျိုးနဲ့ ကိုင်တွယ်မယ်လို့ ဆရာယူဆလဲ။

“အဲဒါကိုတော့ ဗမာ့တပ်မတော်မှာ ပြောရတာ ခက်တယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ


ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် နေရာမရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း သူတို့
စစ်တပ်ထဲမှာ၊ သူတို့ အတွင်းစည်းမှာ ဗိုလ်ချုပ်တွေ အချင်းချင်း နားလည်မှုတွေအရ သူ့အနေနဲ့က
ကြံ့ဖွံ့အဖွဲ့မှာပဲဖြစ်ဖြစ် နာယကကြီး အနေနဲ့လည်း ဆက်နေနိုင်တယ်။ အလားတူ စစ်တပ်ရဲ့ နောက်ကွယ်မှာ
စစ်ကော်မရှင်လိုဟာမျိုး ဖွဲ့စည်းပြီးတော့လည်း နောက်ကွယ်က ကြိုးကိုင်ထားနိုင်တဲ့ အနေအထားတွေ ရှိတယ်လို့
ထင်ပါတယ်။”

မကြာသေးခင်က အားလုံး စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ တခုပါတာက စစ်တပ်က အနားယူပြီးရင် ၅


နှစ်အတွင်းမှာ လိုအပ်ရင် စစ်တပ်က ပြန်ပြီး ခေါ်နိုင်တယ်၊ ဆိုလိုတာကတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့
တကယ်လို့သာ စစ်တပ်ထဲ ပြန်လာချင်ရင်လည်း ပြန်လာလို့ရအောင် လုပ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးပေါ့၊
အဲဒါကို သုံးပြီးတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ပြန်ဝင်လာနိုင်ဖို့ အလားအလာရော ရှိနိုင်လား။

“ကျနော်တို့လည်း အဲဒါကို သံသယ ရှိပါတယ်။ အဲဒါတွေကလည်း အခုလက်ရှိ တပ်မတော်က


အနားယူသွားပြီဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး ၂ ယောက်အတွက် နောက်ကွယ်မှာ စစ်ရာထူး အဆင့်အတန်းတွေနဲ့
ဆက်ပြီးတော့ ရပ်တည်နေနိုင်အောင် တမင် သူတို့ ကပ်ပြီး ဖန်တီးထားတယ်လို့ပဲ ကျနော် ထင်ပါတယ်။”

နောက်တခုက ဘယ်အကြောင်းအရာတွေမှာ ဗိုလ်ချုပ်မှူးကြီးက အဓိက နောက်က ကြိုးကိုင်သွားမယ်


ထင်လဲဆရာ။

“အခုလက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရကလည်း အာဏာခွဲဝေမှု အပိုင်းတွေမှာ ရှုပ်ထွေးနေတာတွေ၊


အတွင်းမှာ အချင်းချင်း အားပြိုင်နိုင်တဲ့ အနေအထားတွေ ရှိနေသေးတယ်။ အဲတော့ အဲဒါတွေကို ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ အနေနဲ့ စိုးရိမ်စိတ် ရှိနေတဲ့ အနေအထားတွေ ကျနော်တို့ တွေ့ရတာ ရှိပါတယ်။ အဲဒီတော့
အဲဒီအနေအထားတွေကို သူ့အနေနဲ့ တည်ငြိမ်သွားအောင် အရပ်ဝတ် အစိုးရ ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့
အုပ်ချုပ်နိုင်တဲ့ အနေအထားအထိ သူကတော့ နောက်ကွယ်ကနေ စစ်တပ်ကို ချုပ်ကိုင်ရင်းနဲ့ စောင့်ကြည့်နေမယ့်
အနေအထားမျိုး ရှိမယ်လို့ ထင်ပါတယ်။”

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး အင်အားစု အဖွဲ့က သုတေသနမှူး ဦးဌေးအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တပ်ရာထူးမှ အနားယူကြောင်း သတင်းထွက်


2011-04-04 RFA
RFA

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ တရားဝင် အနားယူသွားပြီလို့


အမည်မဖော်လိုတဲ့ အစိုးရအရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ အလားတူပဲ
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ အနားယူသွားပြီလို့ နိုင်ငံတကာ
သတင်းဌာနတွေက အစိုးရအရာရှိတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းနဲ့ အရန် စစ်မှုထမ်း


ဥပဒေအရ သူတို့နှစ်ဦးလုံးဟာ လက်ရှိရာထူးတွေနဲ့ စစ်တပ်မှာ ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ရှိနေတယ်လို့
မြန်မာ့ စစ်ရေး နိုင်ငံရေး လေ့လာနေတဲ့ ဦးဌေးအောင်က ပြောပါတယ်။

“အရန် စစ်မှုထမ်းခြင်း ဥပဒေထဲမှာ ဘာပါလဲဆိုတော့ ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်လို့ ရှိရင်


ဒီစစ်မှုထမ်းတွေအနက် ကာကွယ်ရေး ဦးစီးချုပ်က အလိုရှိတဲ့ ဒီ စစ်မှုထမ်း ဥပဒေအနေနဲ့ပေါ့နော်၊ ၅
နှစ်သက်တမ်း၊ သူတို့ရဲ့ လက်ရှိ ရာထူး အဆင့်အတန်းတွေအတိုင်း ထပ်ပြီးတော့ တာဝန် ထမ်းဆောင်ခွင့်
ရှိတယ်ဆိုတာကို ပြဋ္ဌာန်းထားတာ ရှိတယ်။ နောက်တခုက ကာကွယ်ရေး ဦးစီးချုပ်က ဆက်ပြီး လိုအပ်မယ်
ဆိုရင်လည်း ၅ နှစ်ထက်မက ဆက်ပြီးတော့ အမှုထမ်းနိုင်တယ် ဆိုတဲ့ဟာတွေ ပြဋ္ဌာန်းထားတာတွေ ရှိတယ်။”

“အဲဒီအချက်တွေ ကြည့်ခြင်းအားဖြင့်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ပေါ့လေ၊ အခုလို တရားဝင်


တပ်မတော်က ဘယ်လိုပဲ အငြိမ်းစား ယူတယ်လို့ ပြောပြော၊ ကာကွယ်ရေး ဦးစီးချုပ်က သူ့ကို ပြန်ပြီးတော့
တာဝန် ပေးမယ်ဆိုလို့ရှိရင် လက်ရှိ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ တပ်မတော် အဆင့်အတန်းနဲ့ တာဝန်တခုခုကို
ပြန်ထမ်းဆောင်နိုင်ခွင့် ရှိတယ်ဆိုတဲ့သဘောမျိုး လိုအပ်လို့ရှိရင် ဒီ နောက်ကယ
ွ်က နေပြီးတော့ လက်ရှိ
ရာထူးအတိုင်းပေါ့နော်၊ ဆက်ပြီးတော့ တာဝန် ထမ်းဆောင်နိုင်အောင် သူတို့ တမင် ရည်ရွယ်ပြီးတော့ ဒါကို
လွှတ်တော် မခေါ်ခင်ကလေးမှာတင် ကပ်ပြီးတော့ ပြဋ္ဌာန်းလိုက်တယ်လို့ပဲ ကျွန်တော်က ထင်တယ်။”

ကျင်းပပြီးစီးသွားတဲ့ လွှတ်တော် အစည်းအဝေးမှာလည်း စစ်မှုထမ်းဥပဒေ ပြဌာန်းချက်တွေနဲ့ ပတ်သက်လို့


လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ကြပါတယ်။ ဒီဥပဒေကို အတည်ပြု ပြဌာန်းဖို့ဆိုတာ လက်ရှိ
အစိုးရသစ်ပေါ်မှာ မူတည်နေတယ်လို့ သက်ဆိုင်ရာက ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရပါတယ်။

ဒီအကြောင်းအသေးစိတ်ကို RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

သတင်းတင်ပြချက် အသံဖိုင်ယူရန်
အစိုးရသစ် ကတိတည်၊ မတည် နိုင်ငံရေးပါတီတွေ စောင့်ကြည့်မည်
By ဦးဇော်ဝင်းလှိုင် တနင်္လာ, 04 ဧပြီ VOA

သမ္မတသစ် ဦးသိန်းစိန် အနေနဲ့ နိုင်ငံတော်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက အချက်တွေအတိုင်း လက်တွေ့


အကောင်အထည် ဖော်ဆောင်မှု ရှိမရှိ စောင့်ကြည့် သတိပေးသွားမယ်လို့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့
နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့က ပြောလိုက်ပါတယ်။ သမ္မတအဖြစ်
ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်တနေ့မှာ နိုင်ငံတော်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ သမ္မတ ဦးသိန်းစိန်က
အနာဂတ်မှာ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တချို့ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် ကောက်နှုတ်သုံးသပ်တဲ့
ဆွေးနွေးပွဲအတွင်း အဲဒီလို ပြောကြားလိုက်ကြတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်သမ္မတ တယောက်အနေနဲ့ ပြောထားတဲ့ ကတိတွေအတိုင်း တကယ်လက်တွေ့


အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ ၀င် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ
ဦးသုဝေက ပြောပါတယ်။

“ပြောထားတဲ့ သဘောထားတွေထဲမှာ ကျနော်တို့နဲ့ သဘောမတူတာတွေလည်း ပါတာပေါ့နော်။ ဒါပေမဲ့ အားလုံး


ခြုံလိုက်ရင်တော့ သူလုပ်မယ်ဆိုတဲ့ ကတိတွေကို အချက်အလက် တော်တော်များများက ကောင်းပါတယ်။
အဲဒီကတိအတိုင်း တကယ်လုပ်ပါ ဆိုတာကို ကျနော်တို့က တိုက်တွန်းမှာပေါ့နော်။ သူပြောတဲ့ မိန့်ခွန်းကတော့
သူ့ဘက်က သူ့ရပ်တည်ချက်ကို အကုန်လုံးကလည်း ပူးပေါင်းပြီး လုပ်ကြဖို့ သူတို့ကတော့ ဖိတေ
် ခ်ါတယ်၊
တိုက်တွန်းတယ်ဆိုတဲ့ သဘောမျိုး ပါတယ်။”

သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့အတိုင်း ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်ဖို့ အကောင်အထည်


မဖော်ခင်မှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အဓိက လိုအပ်ချက်တွေကို အရင်လုပ်ဆောင်ဖို့ သူတို့အနေနဲ့
ထောက်ပြ ပြောဆိုသွားမယ်လို့ ဦးသုဝေက ဆက်ပြောပါတယ်။

“ကျနော်တို့ အရင်ကလည်း တောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပေါ့၊ အဲဒါတွေက


အရေးကြီးတယ်၊ အဲဒါတွေကို လုပ်ပြပါပေါ့။ ပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို လက်တွေ့ အမြန်လုပ်ပြပါ။
အဲဒါတွေက ပထမအဆင့်အရ အရေးကြီးပါတယ် ဆိုတဲ့အကြောင်း အဲဒါတွေလည်း ကျနော်တို့
ထောက်ပြသွားမှာပေါ့။”

အစိုးရသစ် ဖွဲ့စည်းလိုက်ပြီ ဆိုပေမဲ့လည်း အရင် စစ်အစိုးရ လက်ထက်က လူတွေနဲ့ပဲ ဒီအစိုးရသစ်ကို


ဖွဲ့စည်းထားတဲ့ လူလဲမပြောင်း၊ မူလဲမပြောင်းတဲ့ အစိုးရ ဖြစ်သလို အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့အထိ
ပြောင်းလဲမှု တစုံတရာ မတွေ့ရသေးဘူးလို့ ပြည်တွင်း၊ ပြည်ပက နိုင်ငံရေး အကဲခတ်တွေက ဝေဖန်
ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး အပါအ၀င် တိုင်းပြည်အတွင်း နိုင်ငံရေးအရ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ


တကယ်လုပ်ဆောင်ဖို့အတွက် အတိုက်အခံ အင်အားစုတွေဘက်က အကြိမ်ကြိမ် တောင်းဆိုနေပေမဲ့လည်း
စစ်အစိုးရဘက်က အဲဒီ တောင်းဆိုမှုတွေအပေါ် ခုချိန်ထိ ထိရောက်တဲ့ တုံ့ပြန်မှုမျိုး မလုပ်သေးပါဘူး။

“အဲဒါတွေကတော့ လက်တွေ့ကို ကြည့်ရမှာပေါ့။ သူက ပြောသွားတဲ့ အထဲမှာ သူတို့လည်း ဒါတွေကို


လုပ်ချင်တယ် ဆိုတဲ့ သဘောမျိုးလည်း ပါတယ်ပေါ့နော်။ ကျနော်တို့ကလည်း အစကတည်းက
တိုက်တွန်းတာဆိုတော့ လက်တွေ့မှာ ကျနော်တို့က လုပ်ပါလို့ ပြောမယ်၊ လုပ်ပါလို့ ပြောတဲ့အခါမှာ မလုပ်ဘူး
ဆိုရင်တော့ ဒါ သူတို့က အရင်အတိုင်းပဲ ဆိုတဲ့ သဘောပဲ ဖြစ်မှာပေါ့။
“ဟိုတုန်းကဆိုရင် ကြွေးကြော်သံတွေက သိပ်များခဲ့တယ်။ ကြွေးကြော်ချက်တွေက ကောင်းတယ်၊ လက်တွေ့
အကောင်အထည် မပေါ်ခဲ့ဘူး။ အဲဒါကြောင့် လူထုက သူတို့အပေါ်မှာ မယုံဘူးပေါ့။ အဲဒါကြောင့် အခုတော့
ပြောတာကို လက်တွေ့လုပ်ပြပါ ဆိုတဲ့ဟာကို ကျနော်တို့က တိုက်တွန်းရမှာပေါ့။”

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၀ ပါတီအဖွဲ့ဟာ အရင် စစ်အစိုးရနည်းတူ


မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုနေတဲ့အဖွဲ့
ဖြစ်ပါတယ်။

ဒီ ၁၀ ပါတီအဖွဲ့ဟာ သမ္မတအနေနဲ့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားတဲ့အတိုင်း လက်တွေ့


အကောင်အထည် ဖော်ဆောင်မှု ရှိမရှိ စောင့်ကြည့်သွားမှာ ဖြစ်တဲ့အပြင် တိုင်းပြည်အတွက် တခြား လိုအပ်တဲ့
အချက်တွေကိုလည်း ထောက်ပြ ပြောဆိုသွားမယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ရဲ့ အကြံပြုချက် အပြည့်အစုံကိုတော့ မနက်ဖြန် စည်းဝေးပွအ


ဲ ပြီးမှာ တရားဝင် ထုတ်ပြန်သွားမယ်လို့
သိရပါတယ်။

ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား အများအပြား သေဆုံး


By ဦးကျော်ထင် တနင်္လာ, 04 ဧပြီ VOA

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ကားတစင်းနဲ့ ကုန်တင်ကား


တစင်းတို့ ဒီနေ့မနက်ပိုင်းက တိုက်မိရာက ထိခိုက်သေဆုံးသူ အများအပြား ရှိခဲ့ပါတယ်။ ကျန်သူတွေကတော့
ဆေးရုံတင် ကုသထားရပြီး အခုအခါ သူတို့အတွက် အလုပ်သမားရေး လှုပ်ရှားသူတွေက လိုအပ်တဲ့
အကူအညီတွေ ပေးအပ်ဖို့ ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ
ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ မြို့တော် အနောက်တောင်ဘက် မိုင် ၆၀ ကျော်လောက် အကွာမှာရှိတဲ့ စမုန့်စခွန်ခရိုင်၊


မဟာချိုင်မြို့နယ်၊ တလကုန်းဈေးရှေ့မှာ ထိုင်းနိုင်ငံပိုင် Galland ရေထွက်ပစ္စည်း စက်ရုံက
မြန်မာအလုပ်သမားတွေကို တင်ဆောင်ထားတဲ့ ထွက်ခွာခါနီး ဖယ်ရီကားကို အရှိန်မြှင့် မောင်းလာတဲ့
ကုန်တင်ကား တစင်းက ၀င်တိုက်ရာမှာ အများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာတွေလည်း ရခဲ့ကြတာ
ဖြစ်ပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ နေရာကို သွားရောက်ခဲ့တဲ့ သေဆုံးသွားသူ တဦးရဲ့ သားချင်းဖြစ်သူ မြန်မာအလုပ်သမား


ကိုမြင့်သိန်းကတော့ မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၅ ယောက် ပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုပါတယ်။

“ကျနော် လက်ချိုးရေကြည့်တဲ့ အခါကျတော့ ၁၅ ယောက်လောက် တွေ့ခဲ့တယ်ပေါ့နော်။ ကျနော့်တူမက


ထိပ်ဆုံးလောက်မှာဖြစ်တော့ ကျနော် အဲဒီအလောင်းတွေ ကျော်ဖြတ်ပြီး ကျနော့်တူမနဲ့ တွေ့တဲ့အခါကျတော့
သူက ဒဏ်ရာစာရင်း မဟုတ်ဘဲ သေဆုံးသွားတဲ့ အခါကျတော့ သူ့ကိစ္စပဲ လိုက်လုပ်နေရတော့ ဒဏ်ရာရတဲ့
စာရင်းကို ခန့်မှန်းလို့ မရဘူးခင်ဗျ။”
ကျန်ဒဏ်ရာရတဲ့ ၅၇ ယောက်ကို မဟာချိုင်ဆေးရုံ၊ ဆီရိချိုင် အမှတ် ၅ ဆေးရုံနဲ့ စမုန့်စခွန် ဆေးရုံတွေဆီ
ပို့လိုက်ပြီး ဆေးရုံတွေမှာပဲ ဒဏ်ရာကြောင့် နောက်ထပ် ၁ ယောက် သေဆုံးသွားတယ်လို့လည်း အကူအညီ
ပေးသူတွေက ပြောကြပါတယ်။

ဒီမနက်ပိုင်း ဆေးရုံတွေ ရောက်ခဲ့တဲ့ အလုပ်သမားအရေး ကူညီသူ ဦးကျော်သောင်းက သေဆုံးသူ အများအပြား


ရှိခဲ့သလို အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသူတွေလည်း ဆေးရုံပေါ်မှာ လောလောဆယ် ကုသမှု
ခံယူနေရတယ်လို့ ပြောပါတယ်။

“ကျနော်ရောက်သွားတဲ့ အချိန်မှာ အရေးပေါ်ခန်းမှာ ကုသနေတဲ့ ထိခိုက်ဒဏ်ရာ ရသွားတဲ့ အလုပ်သမား


လေးငါးခြောက်ဆယ် အကုန်လုံးက ဆေးရုံဝတ်စုံတွေနဲ့၊ ပိုက်တန်းလန်း၊ တွန်းလှည်းတွေနဲ့ စောင့်သူတွေ
တွေ့ခဲ့တယ်။ ဆေးရုံမှာ သေဆုံးတယောက်လို့ စက်ဝိုင်း ၀ိုင်းပြထားတာ ရှိတယ်။ အဲဒီမှာ နည်းနည်းကွဲလွဲတာက
ကျနော်တို့ အလောင်းဝင်ကြည့်တဲ့ အခါမှာ ၆ လောင်း တနေရာ၊ ၇ လောင်း တနေရာ၊ နောက်တနေရာမှာ ၎
လောင်း တနေရာရှိတယ်။”

အလုပ်သမားအရေး ကူညီတဲ့ မဟာချိုင် အခြေစိုက် လူ့အခွင့်အရေး ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း တာဝန်ရှိသူ


ကိုစိန်ဌေးကတော့ မတော်တဆမှုမှာ သေဆုံးသူနဲ့ ထိခိုက်သူ အလုပ်သမားတွေအတွက် နစ်နာကြေးရဖို့
စတင်ကြိုးပမ်းနေပြီလို့ ပြောပါတယ်။

“အဓိကက သေဆုံးသွားတဲ့သူတွေ နစ်နာကြေး ရဖို့ပေါ့နော်။ ဒဏ်ရာရတဲ့ လူတွေဆိုလည်း ဆေးကုတဲ့ စရိတ်ရဖို့၊


နစ်နာကြေး ရဖို့အတွက်ပေါ့နော်၊ ဒါတွေက နောက်ဆက်တွဲ ပြန်လိုက်ရမှာပေါ့လေ။ တယောက်ချင်းစီ၊ လူဦးရေက
တအားများတဲ့ အခါကျတော့၊ နောက် သူတို့စက်ရုံ အနေနဲ့ ဘာတွေလုပ်ပေးသလဲ လိုက်ကြည့်ရဦးမယ်။
လောလောဆယ်မှာ သူတို့ရနိုင်မယ့် အခွင့်အရေးတွေကို ကျနော်တို့ တွက်ချက်ထားတယ်။”

ထိခိုက်သေဆုံးသူ အများစုဟာ တရားဝင် အလုပ်သမား လက်မှတ်နဲ့ ယာယီပတ်စ်ပို့ ရှိကြတာမို့ အသက်အာမခံ


ရှိသူတွေ ဖြစ်ပါတယ်။ မဟာချိုင်မှာ အခုလို ယာဉ်မတော်တဆဖြစ်ပြီး အများအပြား သေဆုံးတာ အရင်က
မရှိခဲ့ပါဘူး။ သေဆုံးသွားသူတွေကို စက်ရုံက အစီအစဉ်နဲ့ မဟာချိုင်က ၀ပ်ကျပ်ဘုန်းကြီးကျောင်းမှာ မနက်ဖြန်
စုပေါင်းသဂြုင်္ိဟ် ပေးမယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီးများကို ရဲအယောင်ဆောင် အဓမ္မကျင့်သူ ဖမ်းဆီးခံရ


2011-04-04 RFA
RFA

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ မြန်မာအမျိုးသမီး အလုပ်သမားတွေကို ရဲအယောင်ဆောင်ပြီး ငွေကြေးယူ


အဓမ္မကျင့် စော်ကားသူ ထိုင်းနိုင်ငံသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း
သတင်းရရှိပါတယ်။

အသက် ၂၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ပတ်ဖုန်း မနီရတ် ဆိုသူဟာ ရဲ အရာရှိ အယောင်ဆောင်ပြီး


အလုပ်သွားနေတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီး ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့တာ
ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၈ ရက်နေ့က မြန်မာအမျိုးသမီးတဦးကို ၅ ရက်ကြာ ချုပ်နှောင်ထားပြီး အဓမ္မ ပြုကျင့်ခဲ့ပါတယ်။


အဲဒီနောက် သူ့ကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စ နဲ့ပတ်သက်ပြီး မြန်မာအမျိုးသမီးတွေဖက်က လိုက်လံ ကူညီ ဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက်
နီပါလီ အဖွဲ့အစည်းက ကိုအုံး က အခုလို ပြောပြပါတယ်။

“အဲဒီ ဖြားယောင်းတဲ့ တရားခံကိုလည်း ရဲကနေပြီး ဖမ်းဆီးပြီးပြီပေါ့။ ထွက်ဆိုချက်အရ ဆိုရင် သူလုပ်နေတာ ၃


နှစ်လောက် ရှိပြီပေါ့။ သူကနေပြီးတော့ ဒီ လမ်းလျှောက်ပြီးတော့ အလုပ်သွားနေတဲ့ အမျိုးသမီးတွေကို
အထူးသဖြင့် မြန်မာအမျိုးသမီးတွေကို သူကနေပြီးတော့ ဘတ်ရှိမရှိပေါ့နော်၊ သူက တောင်းကြည့်တဲ့
သဘောမျိုးပေါ့၊ လဝက ဖြစ်ပါတယ် ဆိုတဲ့အကြောင်းပေါ့နော်၊ ပြောပြီးတော့ သူက စစ်ဆေးဖို့ တောင်းခံတယ်။
အဲဒီအခါကျတော့ မိန်းကလေးတွေက ကြောက်ပြီးတော့ အဲဒီမှာ ရဲစခန်း လိုက်ခဲ့ဆိုပြီးတော့ သူ
ကားပေါ်တင်သွားတယ်ပေါ့။ တစုံတယောက်ပေါ့နော်။ သူ့ထက်ပိုပြီးတော့ အင်အားကြီးတဲ့ တယောက်ယောက်
ရှိနိုင်တယ်လို့ ယုံကြည်ထားတဲ့အတွက် အဲဒီ အမှုစစ်ပြီးတော့ လိုက်ဖို့အတွက်ပေါ့နော်၊ ကျွန်တော်တို့
အဖွဲ့အစည်းကနေ ဆောင်ရွက်နေပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီးတဦး အလုပ်သွားနေတုန်း လမ်းမှာ အဲဒီ


ရဲအယောင်ဆောင်သူက ရပ်တန့်ပြီး အလုပ်သမား လက်မှတ်ပြဖို့ တောင်းခံပါတယ်။ လက်မှတ်ပါမလာတဲ့
အကြောင်း ရှင်းပြတဲ့အခါ ရဲစခန်းကို လိုက်ခဲ့ဖို့ ကားနဲ့ခေါ် ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် ကားကို
ရဲစခန်းရှေ့အထိ မောင်းသွားခဲ့ပြီး အမျိုးသမီးကို ကားအတွင်းထားခဲ့ပါတယ်။ မကြာခင် ရဲစခန်းအတွင်းက
ပြန်ထွက်လာပြီး လူဝင်မှုကြီးကြပ်ရေးဌာနကို ခေါ်သွားမယ်ဆိုကာ ခဘီ အရပ်မှာရှိတဲ့ တည်းခိုခန်းတခုကို
ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ပါတယ်၊

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကမှ အဲဒီ မြန်မာအမျိုးသမီးကို ပြန်လွှတ်ပေးပြီးတဲ့နောက် ဒီ ရဲ အယောင်ဆောင်သူကို


ဖမ်းဆီးမိခဲ့ပါတယ်၊ သူ့ကို ဖမ်းဆီးမိပြီးတဲ့ နောက် မြန်မာအမျိုးသမီး ၆ ဦးကလည်း သူတို့ကို အဲဒီ လူက
အလားတူ ပြုကျင့်ခဲ့ကြောင်း ရဲစခန်းမှာ ထွက်ဆို တိုင်ကြားခဲ့တယ်လို့ ဖူးခက်ဒေသ ရဲ အရာရှိချုပ်က
ပြောဆိုခဲ့ပါတယ်.

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၂ သန်းခွဲ သွားရောက် အလုပ်လုပ်ကိုင်နေပြီး ၆ သိန်းပဲ တရားဝင်


အလုပ်သမား မှတ်ပုံတင် ရှိကြတယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို RFA မှ ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။


ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဒဂုံမြို့သစ်မှာ ဖွဲ့စည်း


2011-04-04RF
RFA
RFA

ဆင်းရဲချို့တဲ့ နာမကျန်းသူတွေကို ကူညီစောင့်ရှောက်ပေးမဲ့ လူမှုရေးအဖွဲ့တဖွဲ့ကို ရန်ကုန်တိုင်း


မြောက်ဒဂုံမြို့နယ်မှာ ဖွဲ့စည်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။

အဖွဲ့ကို NLD အဖွဲ့ဝင်တွေအပါအဝင် လူ ၃၅ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့


အဖွဲ့ကို ဦးဆောင်သူ ဦးသိန်းကြည်က RFA ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ၃ လ ၂၀၁၁ တနင်္ဂနွေနေ့မှာ ကျွန်တော့ အိမ်မှာ ကျွန်တော်တို့ အခြေတည်လိုက်တာပေါ့နော်။ ၃


ရက်နေ့ကတော့ ဒါကို ပိုပြီးတော့ ခိုင်မာ တောင့်တင်းအောင် ဆိုပြီး ထပ်ဖွဲ့ပါတယ်။ လောလောဆယ်
အလှူငွေကတော့ မနေ့က တဦးကို ငါးထောင်၊ တသောင်း ထည့်ဝင်သွားတာ၊ လောလောဆယ် ကျွန်တော်တို့
ငါးသောင်းကျော် ရပါပြီ။ နောက် ၂၆ ရက်နေ့က ကျွန်တော့အိမ်မှာ လုပ်တုန်းကဆိုရင် ၃ သောင်းနဲ့ ၂ ထောင်
ရတယ်။ နှစ်ရက်ပေါင်း ကောက်ခံရရှိငွေက ငွေ ၈၆,၀၀၀ ရပါပြီ။ အဲဒီ ၈၆,၀၀၀ နဲ့ မ တည်ပြီးတော့ တကယ်
ဆင်းရဲတဲ့လူတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ၊ တကယ်ကို နွမ်းပါးပြီးတော့ ဆေးရုံ
ဆေးခန်းတောင် မသွားနိုင်တဲ့ လူတွေကို ကျွန်တော်တို့က အိမ်တိုင်ယာရောက် သွားပြီးတော့ ဆေးကုပေးမှာပါ။”

အဖွဲ့အနေနဲ့ ဦးစားပေး အမျိုးအစား ၃ မျိုးခွဲပြီး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပထမဆုံး


ဦးစားပေးအနေနဲ့ ကူညီစောင့်ရှောက်သူ မရှိတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီပေးမှာ ဖြစ်ပြီး၊ ဒုတိယ
ဦးစားပေးကတော့ မွေးကင်းစနဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ တတိယ ဦးစားပေးကတော့ ဆေးဝါးကုသဖို့
မတတ်နိုင်တဲ့ အရွယ်ရောက်ပြီးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင်တွေက တဦးကို တလ ကျပ်တထောင်နှုန်း ထည့်ဝင်ဖို့ ညှိနှိုင်းထားကြတယ်လို့ သိရပါ တယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဝင်တွေအနေနဲ့ လူမှုကွန်ရက်တွေ
တိုးချဲ့ပြီး ကူညီ စောင့်ရှောက်ရေး လုပ်ငန်းတွေ ပိုမို ဆောင်ရွက်ကြဖို့ မူဝါဒချမှတ် ဆောင်ရွက်ခဲ့တဲ့ နောက်ပိုင်း
အခုလို လူမှုကူညီရေးအဖွဲ့တွေ တိုးပွားလာနေတာ တွေ့ရပါတယ်။

သွေးလှူဒါန်းမှု ကူညီသူ အဖမ်းခံရ


နရီလင်းလက် Monday, 04 April ဧရာဝ
ဧရာဝတီ

သွေးလှူဒါန်းမှု လုပ်ငန်းများတွင် ကူညီပေးနေသည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို ဧပြီ ၂ ရက် နေ့ ညနေ ၎


နာရီခန့်တွင် ရဲ အထူး သတင်းတပ်ဖွဲ့ (SB) မှ တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်း လိုက်သည်ဟု သိရသည်။

ယခု ဖမ်းဆီးမှုသည် အစိုးရသစ်ဖွဲ့စည်းပြီးချိန်၌ ပထမဆုံး ဖမ်းဆီးမှု ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်များ ဖွဲ့စည်းထားသည့် သွေးကူညီပေးရေး အဖွဲ့တွင်


လိုက်လံကူညီပေးနေသည့် ကိုနေမျိုးဇင်ကို မေးမြန်းဆွေးနွေး စရာများ ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခြင်း
ဖြစ်ကြောင်း ဇနီးဖြစ်သူ မဇင်မျိုးမော်က ဧရာဝတီကို ပြောသည်။

“ခဏဆိုပြီး ခေါ်သွားတာ ဒီနေ့ ညနေ ၄ နာရီ ဆို ခေါ်သွားတာ ၂ ရက်ပြည့်ပြီ။ မရမ်းကုန်းမြို့နယ်က


အောင်သပြေ စစ်ကြောေ ရးဘက်ကို ခေါ်သွားတယ်လို့တော့ စနေနေ့က ပြောသံကြားလိုက်တယ်။ အခုထိတော့
သူနဲ့ ပတ်သက်ပြီး ဘာသတင်းမှ ထပ်မကြားရသေးဘူး”ဟု မဇင်မျိုးမော်က ဆိုသည်။

၎င်းကဆက်၍ “သူ့ကို ဖမ်းရလောက်အောင် အစ်မအမြင် သူ ၇ ရက်သား သမီးတွေကယ်တဲ့ သွေးလှူတဲ့အဖွဲ့ကို


လိုက်ကူပေးနေတာပဲ တွေ့ရတယ်။ ပရဟိတ အလုပ်ပဲ လုပ်တာရှိတယ်။ စစ်တပ်မှာ နေတုန်းက အောက်နဲ့ရော
အထက်အရာရှိတွေနဲ့ပါ အဆင်ပြေအောင် နေထိုင်ခဲ့တယ်။ သူ အေးအေးဆေးဆေး နေချင်တယ်ဆိုပြီး
တပ်ကထွက်လိုက်တာ။ လက်ရှိလည်း ဘယ်အဖွဲ့ထဲမှ မ၀င်ဘဲ လိုက်ကူညီပေးနေတာ”ဟု ပြောဆိုသည်။

အသက် ၃၆ နှစ် အရွယ်ရှိ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် တောင်ကြီးမြို့ တပ်ထိန်းအဖြစ် တိုင်းမှူးလုံခြုံရေး


တာဝန်ယူကာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်ဟု သိရသည်။
သွေးကူညီရေး အဖွဲ့ခေါင်းဆောင် ကိုညီညီက “ပြီးခဲ့တဲ့ စနေ ၄ နာရီလောက်မှာ အရေးပေါ် သွေးလိုလို့
သွားတဲ့အချိန်မှာ ကျနော့်ဆီကို ကိုနေမျိုးဇင်ဆီက ဖုန်းဝင်လာတယ်။ သူ လိုက်လို့ မရတော့ဘူး၊ SB က ခဏ
လောက်လိုက်ခဲ့ပါ၊ ဆွေးနွေး စရာရှိလို့ဆိုပြီး လာခေါ်နေတယ်ဆိုပြီး ပြောတယ်။ ကျနော်က သွေးကူညီရေးအဖွဲ့မှာ
ကျနော်က တာဝန်ခံ မေးစရာရှိ ကျနော့် ခေါ်မေးပါစေ ကျနော့်ကို စောင့်ဦး ဆိုပြီး ပြောလိုက်တယ်။ သူက
အာဏာပိုင်တွေက တယောက်ချင်းစီ ဆွေးနွေးချင်ပုံ ရတယ်။ သူကလည်း ဘာမှ မဟုတ်လောက်ပါဘူး ဆိုပြီး
လိုက်သွားလိုက်ပုံပဲ”ဟု ပြောသည်။

ယင်းကဲ့သို့ လူမှုအဖွဲ့အစည်းများ၏ ပရဟိတ လုပ်ငန်းများတွင် ကိုယ်စွမ်း ၊ ဉာဏ်စွမ်းရှိသမျှ


ကူညီဆောင်ရွက်ပေးနေ သူများအား အာဏာပိုင်များက ခေါ်ယူစစ်မေးမြန်းမှုများကြောင့် လျော့ပါးသွားကာ
ကူညီမည့်သူ မရှိတော့မည်ကို စိုးရိမ်မိကြောင်း၊ ယခင်ထက် လုပ်ပိုင်ခွင့် ရလာနိုင်မည်လားဟု မျှော်လင့်နေသည့်
ကာလ အစိုးရသစ်တက်လာပြီး ၂ ရက်မပြည့်သေးခင် ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်လာသည်ဟု ကိုညီညီက
ဆိုသည်။

သူက ဆက်၍“ကျနော်တို့ အဖွဲ့ထဲက တကယ်တက်တက်ကြွကြွ လူထု အကျိုးပြုဆောင်ရွက်နေတဲ့ သူတွေကို


ခေါ်သွားတယ် ဆိုတော့ အဖွဲ့အနေနဲ့ တော်တော် အားယုတ်တာပေါ့။ လူအားနဲ့ ကူညီသလို သူ့ ကားနဲ့
လိုအပ်တဲ့နေရာတွေ လိုက်မောင်းပို့ပေး နေတာ အခု သူ မရှိတော့ မောင်းမယ့်လူလည်း မရှိတော့ အခက်အခဲ
အများကြီးရှိသွားတာပေါ့”ဟု ပြောဆိုသည်။

ယမန်နေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ခရိုင်မှူး ဦးရွှေလင်း၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ၊ ရယက


တာဝန် ရှိ သူ ၊ မယက တာဝန်ရှိသူ စုစုပေါင်း ၆ ဦး သည် ကိုနေမျိုးဇင် နေအိမ်သို့ လာရောက်၍
အ၀တ်အစားများယူဆောင် သွားသည် ဟု သိရသည်။

“တနင်္ဂနွေနေ့ မနက်ပိုင်းထိတော့ ကျနော်တို့ထဲက တယောက်နဲ့ ကိုနေမျိုး ဖုန်းအဆက်အသွယ်ရသေးတယ်။ သူ


တယောက် တည်း ထိုင်နေရတာပျင်းတယ်။ စာအုပ်လေးဘာလေး ပို့ပေးပါဆိုပြီး ပြောတယ်။ နောက်ပြီး
ကျနော်တို့ သွေးကူညီရေးမှာ သုံးဖို့ သူ့ကားပြန်လာပို့ပေးမယ်ဆိုပြီး ပြောသွားတယ်။ ကားတော့
လာပြန်ပို့ပေးတယ်”ဟု ကိုညီညီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြစ်သည့် လူထု အကျိုးအတွက် လူထုအတွင်းသို့


ထဲထဲဝင်ဝင်ဝင်ရောက်ကာ ဆောင် ရွက်ရမည်ဆိုသည့် အတိုင်း NLD လူငယ်များသည် ပြည်သူနှင့် ပူးပေါင်းပြီး
လူထုအတွက် လိုအပ်သည့် သွေးကူညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း သွေးကူညီပေးရန် စာရင်းပေးထားသူ သွေးလှူရှင် အရေအတွက် ၃ သောင်း မှ ၎


သောင်းကြား တွင် ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ် သွေးလှူဒါန်းနိုင်သူ ၁ သောင်း
ကျော်သာရှိသည်ဟု သိရသည်။

ထို့အပြင် မန္တလေး၊ မကွေး ၊ စစ်ကိုင်း၊ ပျဉ်းမနားမြို့တို့တွင်လည်း သွေးကူညီရေး


အဖွဲ့များတိုးချဲ့ဆောင်ရွက်နေသည်ဟု NLD လူငယ်များ က ပြောသည်။

ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၊


ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ
ဦးသိန်းစိန်က ထည့်သွင်းပြောဆို ထားသည်ကို မတ် ၃၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်
ဖော်ပြထားသည်။
ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း၏ အိမ် ရှာဖွေခံရ
2011-04-04 RFA

ပြီးခဲ့တဲ့ စနေနေ့က ထိန်းသိမ်းခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ နေအိမ်ကို ဒီနေ့ ဧပြီ ၄ ရက် မနက်မှာ
ထောက်လှမ်းရေး၊ ရဲနဲ့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက် ရှာဖွေခဲ့ပြီး ကိုယ်ပိုင်သုံး ကွန်ပျူတာ Laptop
တလုံး သိမ်းဆည်းသွားတယ်လို့ သတင်းရရှိပါတယ်။

ကိုနေမျိုးဇင်ဟာ NLD လူငယ် သွေးကူညီရေးအဖွဲ့ကို ပံ့ပိုးနေသူတယောက် ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ စနေနေ့၊


ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ နယ်မြေခံ SB သတင်းတပ်ဖွဲ့ဝင် တပ်ကြပ်တဦးက
တယ်လီဖုန်းဆက်ပြီး ဆင့်ခေါ်လို့ သွားရောက်ခဲ့ရာမှာ ထိန်းသိမ်းထားလိုက်တာပါ။

ဒီနေမှာတော့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်က သူရဲ့ နေအိမ်ကို ဝင်ပြီး ရှာဖွေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD သွေးကူညီရေးအဖွဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုညီညီက RFA ကို အခုလို ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီခွဲလောက်မှာ ရဲမှူးကြီး ဦးထိန်လင်း ဦးစီးတဲ့ မယကတွေ ပါမယ်၊ မယက ဥက္ကဋ္ဌပါမယ်၊ SB


တပွင့်က နှစ်ယောက်လောက် ပါမယ်၊ အားလုံးပေါင်း ၈ ယောက်ပေါ့နော်၊ ဓာတ်ပုံဆရာတွေ၊ ကွန်ပျူတာ
ဆရာတွေပေါ့ ဝင်စစ်ဆေးသွားပြီးတော့ သူ့ရဲ့ laptop ယူသွားတယ်ခင်ဗျ။ သူက ကွန်ပျူတာ အင်တာနက်
ဆိုင်လေး ဖွင့်ထားတော့ အဲဒီမှာ သူအဓိက သုံးတဲ့ဟာလေးပေါ့နော်၊ အဲဒီ laptop လေးတော့ ယူသွားတယ်။
သူ့ကို ဝင်ရှာတဲ့အချိန်မှာ ကျွန်တော်တို့က သူ့အိမ်ကို သွားတယ်လေ။ သွားတော့ ကျွန်တော်တို့ကို သူတို့က
အဝင်မခံဘူးဗျ။”

အခုချိန်ထိ ကိုနေမျိုးဇင်ကို ဘာကြောင့် ထိန်းသိမ်း စစ်ဆေးနေတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်း ထားတယ်


ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ သူဟာ အင်တာနက်ကဖေးဆိုင် ဖွင့်ထားပြီး၊ တဖက်မှာလည်း NLD
သွေးကူညီရေးအဖွဲ့တွေ သွားလာ ဆောင်ရွက်မှုတွေအတွက် ကိုယ်ပိုင်ကားနဲ့ တောက်လျှောက် လိုက်ပါ
ကူညီနေသူ ဖြစ်တယ်လို့ NLD အဖွဲ့ဝင်တွေက ပြောပါတယ်။

သူ့ကို ထိန်းသိမ်းလိုက်တဲ့ စနေနေ့ ညဦးပိုင်း တယ်လီဖုန်း အဆက်အသွယ်ရတဲ့အချိန်မှာ ကိုနေမျိုးဇင်က


ဆင်းရဲချို့တဲ့တဲ့ နာမကျန်းသူတွေအတွက် အမြဲ လိုအပ်နေတဲ့ သွေးကူညီရေးကို အဆက်မပြတ်အောင်
ဆက်လုပ်ကြဖို့ နောက်ဆုံး တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ကိုညီညီက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရန် အစိုးရသစ်ကို KNU တောင်းဆို


2011-04-04 RFA

တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ် ရပ်စဲဖို့အရေးနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက်


တွေ့ဆုံ ဆွေးနွေးရေးတွေ ပြုလုပ်ဖို့ သမတ ဦးသိန်းစိန် အစိုးရကို ကရင် အမျိုးသား အစည်းအရုံး (KNU) က ဧပြီ
၎ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်အစိုးရလက်ထက်မှာ တိုင်းရင်းသားဒေသတွေက ပြည်သူတွေ အဓမ္မ လုပ်အားပေး ခိုင်းစေခံရမှုတွေ၊


တဖက်သတ်စွပ်စွဲ ဖမ်းဆီး ချုပ်နှောင်ခံရတာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေဟာ ရွေးကောက်ပွဲ
ကျင်းပပြီးသွားပေမဲ့လည်း ဆက်လက် ဖြစ်နေပေါ်နေတာ တွေ့နေရကြောင်း ၊ တချို့ဒေသတွေမှာ
အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပိုပြီး လုပ်လာတာ တွေ့နေရတဲ့အတွက် အခု အစိုးရသစ်
လက်ထက်မှာလည်း တိုင်းရင်းသား အခွင့်အရေးတွေ တိုးတက် ပြောင်းလဲလာနိုင်မယ်လို့ မယုံကြည်ကြောင်း
တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဖို့ တောင်းဆိုကြောင်း
ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံးရဲ့ သြစတြေးလျ နိုင်ငံဆိုင်ရာ တာဝန်ခံ စောကနဲမီးကို RFA မှ


မခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

လယ်သမားများအရေး အစိုးရသစ် ဖြေရှင်းမပေး


2011-04-04 RFA

သမတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့သစ် လက်ထက်မှာ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို တိုးတက်အောင်


လုပ်ဆောင်မှာလားဆိုတာ အခု မကွေးတိုင်း ကမ္မမြို့မှာ ဖြစ်ပွားနေတဲ့ လယ်သမားတွေရဲ့ အမှုစီရင်ချက်က
သက်သေခံလိမ့်မယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ကမ္မမြို့မှာ လယ်သိမ်းခံရတဲ့ ဒေသခံ လယ်သမား တချို့ ရိုက်နှက် ဖမ်းဆီးခံရတဲ့အပြင် တရားစွဲဆို


ခံထားရပါတယ်။ ဥပဒေ ကျွမ်းကျင်သူတွေကတော့ ဦးသိန်းစိန် အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ
အချက်တွေကို ပြင်ဆင်ဖို့ အရိပ်အယောင် မမြင်ရတဲ့အတွက် လယ်သမားတွေရဲ့ အခွင့်အရေးတွေ
တိုးတက်လာစရာ မရှိဘူးလို့ မြင်ကြပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။


အစိုးရသစ်နှင့် လယ်သမားအရေး
အသံဖိုင်ယူရန်

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်ခွေထုတ်ဝေ


2011-04-04 RFA

၂၀၁၁ အတာသင်္ကြန်အတွက် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုမှ ‘ငုံ့မခံရဖို့ တုံ့ပြန်ကြစို့’


ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၃ ကြိမ်မြောက် သင်္ကြန်သံချပ်ခွေသစ်ကို ထုတ်ဝေလိုက်ပါတယ်။

နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို


ဖြန့်ချိခဲ့တာ အခုဆိုရင် ၁၃ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေလို မဟုတ်ပဲ ထူးခြားတဲ့ ကဏ္ဍသုံးခု တိုးလာခဲ့ပြီး ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံက မြန်မာ့


ဒီမိုကရေစီအင်အားစုတွေကပါ အားဖြည့် သီဆိုရေးစပ်ပေးခဲ့ကြပါတယ်။ အဲဒီ တိုးလာတဲ့ ကဏ္ဍတွေကတော့
လွှတ်တော်နဲ့ အမတ်တွေ၊ မီဒီယာနှင့် ပြည်သူကွန်ရက်တို့ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ အမတ်တွေမှာကတော့
သံချပ်စာသားတွေ အခုလို ရေးစပ်ထားပါတယ်။

“သမတကြီးရယ်နေပါဦး ကန့်ကွက်ပါရစေဦး၊ ကိုယ်စားလှယ်ကြီးရယ် ပြုပြင်ပါဦး အခြေခံဥပဒေ ထုံး၊ တိုင်းရင်း


ကိုယ်စားလှယ် တွယ်ပါဦး၊ ပြည်ထောင်စုမူ သုံး၊ ကာချုပ်ကြီးရယ် ဆင်းခဲ့ပါဦး ပြည်သူ့ချဉ်ဖတ် အမုန်း၊
တရက်တခါ ဆယ်မိနစ်ကြာ၊ ဆွေးနွေးရတာ တိုင်းပြည်အနာဂါတ်၊ ရွေးကောက်ပွဲကြီး ရှော့ရှိတယ် မဝင်နဲ့ကွယ်
အတန်တန်တားရဲ့”

မီဒီယာကဏ္ဍာမှာတော့ ခုလို သံချပ် ထိုးပါတယ်။

“မြန်မာပြည်က မီဒီယာလွတ်လပ်ခွင့်မှာ နောက်ဆုံးကပဲ၊ ဒေါ်စုသတင်းရေးမိတယ် ပိတ်ခံရတာ


ခုနှစ်စောင်တောင်ဗျ၊ ကျော်ဆန်း၊ ခင်ရီ လိမ်နေသည် ဂျာနယ် တီဗွီ အကုန်ဖော်ပြရ။”

ပြည်သူ့ကွန်ရက်ကဏ္ဍမှာ ဆိုရင် သံချပ်မှာ ခုလို ကြားရမှာ ဖြစ်ပါတယ်။

“စည်းလုံးညီညာ အောင်ကြောင်းဖြာ- ပင်လုံစာချုပ် သက်သေပြခဲ့၊ စည်းလုံးမှုမရှိ ဝါးအစည်ပြေ-


တိုင်းပြည်အာဏာ စစ်တပ်ယူသွား၊ စစ်အာဏာရှင် အုပ်ချုပ်တယ်- တိုင်းပြည်မှာတော့ မွဲသထက်မွဲခဲ့။”

အခုလိုသံချပ်သီချင်းတွေဖြစ်မြောက်အောင် စီစဉ်ပေးသူ ကိုကျော်ကြီး (ကျောက်မဲ) က အခုလို ပြောပါတယ်။

“မြန်မာပြည်ထဲမှာ စစ်အာဏာရှင်တွေက လုံးဝ ဆိုခွင့် မပြုတဲ့ သံချပ်တွေကို နှစ်စဉ်နှစ်တိုင်း ထုတ်လွှင့်ရတဲ့


ရည်ရွယ်ချက်ကတော့ ကမောက်ကမ၊ မတော်တရော် ဖြစ်နေတဲ့ စနစ်ကြီးကို ကျနော်တို့ သရော်တဲ့အနေနဲ့
ထုတ်လွှင့်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျနော်တို့ ခေါင်းစဉ်ထဲမှာ ပါတဲ့အတိုင်းပဲ ငုံ့မခံရဖို့
တုံ့ပြန်ကြစို့ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ မဟုတ်ရင်တော့ စစ်အာဏာရှင်တွေက စစ်ကျွန်ဖြစ်ရေးအတွက်ပဲ သူတို့
စိတ်ကြိုက် အခြေခံဥပဒေ ရေးဆွဲ ပြီးတော့ စိတ်ကြိုက် လွှတ်တော်အသစ်ကြီး ခေါ်နေပါပြီ။ ကျနော်တို့ကတော့
ဒီနှစ်မှာ အစိုးရသစ်၊ ”လွှတ်တော်သစ်ကြီးကို နည်းစနစ်အသစ်တွေနဲ့ ပြန်ပြီး တော်လှန်တုံ့ပြန်မှ ဖြစ်မယ်
အာရပ်ကမ္ဘာမှာ ဒီမိုကရေစီ လှိုင်းလုံးကြီး တိုက်ခတ်သွားသလို မြန်မာပြည်မှာလည်း မကြာခင် ဒီမိုကရေစီ
လှိုင်းလုံးကြီး လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ပြည်သူတွေအားလုံး အားတက်သရော ပါဝင်ဆောင်ရွက်ကြဖို့
ကျနော်တို့အနေနဲ့ တိုက်တွန်းအပ်ပါတယ်။

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုအနေနဲ့ ၁၃ ကြိမ်မြောက် သင်္ကြန်သံချပ်ခွေများကို ပြည်တွင်းနှင့်


နိုင်ငံတကာကို အခမဲ့ ဖြန်ချိ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

“ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” သင်္ကြန် သံချပ်ခွေ ထွက်ပြီ


ဇာနည်မာန် Monday, 04 April ဧရာဝ
ဧရာဝတီ

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၁၃ ကြိမ်မြောက် ခြေလှမ်းအဖြစ်“ငုံ့မခံရဖို့ တုံ့ပြန်


ကြစို့”အမည်ရှိ သင်္ကြန် သံချပ် အခွေ ယမန်နေ့က ထွက်ရှိ လာသည်။

ThinGyan-Music-IMG_0085
အိန္ဒိယရှိ သံချပ် ၀ါသနာရှင် လူငယ်များ၊ ထိုင်းနိုင်ငံမှ လူရွှင်တော် ကိုကြယ်သီး နှင့် ဂျပန်နိုင်ငံမှ ၀ါသနာရှင်များ
အားဖြည့် ထားသည့် သီချင်းများဖြင့် ယခုနှစ် ၁၃ ကြိမ်မြောက် သံချပ်ခွေကို တင်ဆက်ထားသည်ဟု သိရသည်။

အခွေ စီစဉ်သူ ကျောက်မဲ ကျော်ကြီးက“စစ်ဘောင်းဘီချွတ်ပြီး ချိတ်ထဘီဝတ်တဲ့ အစိုးရသစ်ကြီးကို ကျနော်တို့


လူထု တရပ် လုံးက နည်းပညာအသစ်တွေနဲ့ တော်လှန်ကြရအောင်၊ ဖိနှိပ်မှုတွေကို ငုံ့ခံမနေဘဲ
ပြန်တုံ့ပြန်ကြရအောင်လို့ တိုက်တွန်း တဲ့ အနေနဲ့ ဒီခေါင်းစဉ်ကို ရွေးဖြစ်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍“အရင်တုန်းက အန်တီစုဆိုပြီး ခေါ်ကြတယ်။ အခုသူလွတ်လာတော့ အမေစု ဖြစ်သွားပြီ။
အဘွားစုလို့ ခေါ်ရမယ့် အချိန်တွေအထိ ကျနော်တို့ ထိုင်စောင့်နေရမှာလား။ အမှန်တော့ အန်တီစုက
ကျနော်တို့က ဟင်းစား ပေးရုံတင်မက ဘူး။ ပိုက်ချက်ကို ပြပေးနေတာ။ ကျနော်တို့ လူထုက ကိုယ်တိုင်
ပါဝင်ဆင်နွှဲဖို့ အချိန်ရောက်နေပါပြီ”ဟု ပြောဆိုသည်။

အဆိုပါ သံချပ် ခွေတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ၊ လွှတ်တော်နှင့် အစိုးရသစ် အကြောင်း၊ ဗုဒ္ဓသာသနာ


ယိုင်နဲ့နေမှုများ၊ မြန် မာ့ မီဒီယာလောက ၏ လွတ်လပ်မှု မရှိခြင်း၊ ပြည်သူလူထု၏ အခြေအနေများကို ထင်ဟပ်
ရေးဖွဲ့ထားသည်။

လွှတ်တော်အကြောင်း ရေးဖွဲ့ထားသည့် သံချပ်တွင်“လွှတ်တော်တက်မယ် သွားထိုင်မယ် …၊ လက်မှတ်ထိုးမယ်


ခေါင်းညိတ် မယ် …၊ လက်ညှိုးထောင်မယ် ထောက်ခံမယ် …၊ လက်ခုပ်တီးမယ် … ပြန်ဆင်းမယ်” စသည်ဖြင့်
လွှတ်တော်တခု၏ အနှစ် သာရ မရှိပုံများကို သရော်ရေးဖွဲ့ထားသည်။

ထို့အတူ စစ်အစိုးရလက်ထက် ဗုဒ္ဓသာသနာ ယိုယွင်းလာပုံကို ရေးဖွဲ့ရာတွင်“နအဖ ဘုန်းကြီး လွန်ကြီးပွား...၊


စာမတတ် လည်း အရေးမကြီးဘူး...၊ ဗေဒင် ယတြာ ချဲဂဏန်းပေး … စာချဘွဲ့တောင် ရလိုက်ပါသေး...၊
စစ်အစိုးရခေတ် ဘွဲ့တံဆိပ် … လှိုင်လှိုင်ပေါလို့ တန်ဖိုးမရှိ” စသဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။

ထို့အတူ ပြည်သူလူထု ခံစားနေရသော ဖိနှိပ်မှုများ၊ စစ်အစိုးရက ရေကာတာများ၊ ဆည်များ ဆောက်လုပ်၍


အိမ်နီးချင်းနိုင်ငံ များသို့ လျှပ်စစ်မီး ရောင်းချနေမှုများကြောင့် လျှပ်စစ်မီးပုံမှန်မရသည့် ပြည်သူတို့၏
ဘ၀အခြေအနေများ၊ အဓမ္မလုပ်အားပေး ခိုင်းစေခံရမှုနှင့် ကလေးစစ်သား စုဆောင်းခံရမှုများကိုလည်း ရေးဖွဲ့
သီဆို ထားသည်။

ယခု သင်္ကြန်ခွေ အစတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဂျပန်နိုင်ငံ ဆူနာမီ ဒဏ်ခံ ဒုက္ခသည်များ


အတွက်လည်း မေတ္တာပို့ ဖြင့် အစချီထားသည်။

အဆိုပါ သံချပ် သီချင်းများကို ပြည်တွင်းပြည်ပ ၀ါသနာရှင်များ နားဆင်နိုင်ရန်အတွက် အခမဲ့ ဖြန့်ဝေသွားမည်ဟု


သိရသည်။

မုန်တိုင်းမိ ကျားဖောင်နဲ့ ငါးဖမ်းလှေများမှ ရေလုပ်သား ပျောက်ဆုံးမှု ထင်ထားသည်ထက် အဆများစွာဆိုးရွား


(နောက်ဆက်တွဲသတင်း)
ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၄၊ ၂၀၁၁ မိုးမခ

လွန်ခဲ့သည့် လလယ်က လေပြင်းတိုက်ခတ်မှုကြောင့် ကျားဖောင်အများအပြားနဲ့ ငါးဖမ်းလှေအချို့ပျောက်ဆုံးခဲတဲ့


အဖြစ်မှာ သေဆုံးသူ အရေအတွက်မှာ ခန့်မှန်းသည်ထက် သိသိသာသာ များပြားနိုင်ပြီး ယခုအချိန်ထိ
ပြန်မရောက်သေးသည့် ရေလုပ်သားများ၏ မိသားစုများအနေဖြင့် မျှော်လင့်ချက်နည်းလာနေသည့် အဖြစ်နဲ့
ကြုံတွေ့နေရတယ်လို့ ရေလုပ်သားမိသားစုများက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဖျာပုံခရိုင်မှ ကျားဖောင် လုပ်သား(ကျားပိုက်ထောင်သည့်


ဖောင်) စုစုပေါင်း ၅ ထောင်ဝန်းကျင် လှိုင်းဒဏ်လေဒဏ်ကြောင့် ပျက်စီး၊ မျောပါသွားတဲ့ အဖြစ်တွေ ရှိခဲ့ပြီး
အဆိုပါဖောင်တွေမှာ နေထိုင်လုပ်ကိုင်နေတဲ့ ရေလုပ်သား ခန့်မှန်းခြေ တစ်သောင်းခွဲကျော်အနက် အများဆုံး
ကိုးထောင်ဝန်းကျင်သာ ယခုရက်ပိုင်းအထိ ပြန်လည်ဆယ်ယူရရှိခဲ့ပြီး လူထောင်နဲ့ချီ ပျောက်နေဆဲ ဖြစ်တယ်လို့
ဖျာပုံခရိုင် ရေလုပ်ငန်း ပိုင်ရှင်တဦးက ပြောပါတယ်။

“ကျားဖောင်တဖောင်မှာ ပျှမ်းမျှ ၃ယောက်နှုန်းနဲ့ တွက်ရင်ပဲ ဖောင် ၅ထောင်ကို လူ တသောင်းခွဲရှိနေပြီး


အခုကယ်ဆယ်ခံရလို့ ပြန်ရောက်သူတွေက ရန်ကုန်ကတဆင့် ၃ ထောင့် ၅ ရာကျော်၊ နောက်အခြား
လမ်းတွေကနေ ပို့လာတာနဲ့ဆို ၉ထောင်နီးပါး အသက်ရှင်တယ်လို့ ဆိုနိုင်ရင်တောင်မှ ကျန်တဲ့သူ
၆ထောင်လောက်ရှိနေသေးတယ်” ဟုအဆိုပါ ရေလုပ်ငန်းပိုင်ရှင်ကပြောပါတယ်။

ယခုအဖြစ်အပျက်မှာ သေဆုံးရတဲ့ အရေအတွက်မှာ ဒေးဒရဲနဲ့ ဖျာပုံ ခရိုင်မှာရှိတဲ့ ရွာတွေအဖို့ နာဂစ်နောက်ပိုင်း


အဆိုးရွားဆုံး အသက်ဆုံးရှုံးမှုဖြစ်တယ်လို့ ဒေသခံတွေက သတ်မှတ်ကြပါတယ်။ ဒေးဒရဲ အပိုင် ငရွေးကြီးရွာမှ
အမျိုးသမီးတဦးကလည်း ရွာမှာ ကနေ့အထိ သူတို့ လင်ယောင်္ကျားတွေ ပြန်မလာလို့ ငိုယိုနေတဲ့ မိန်းမတွေ
ရှိနေတဲ့အကြောင်းနဲ့ အခြားသူများအနေနဲ့ ကူညီချင်ပေမယ့် ဘယ်လိုကူညီရမလဲ မသိတာကြောင့် သူတို့နဲ့
အတူစိတ်မကောင်း ဖြစ်ရုံကလွဲပြီး မတတ်နိုင်ဘူးလို့လည်း ရွာခံအမျိုးသမီးတဦးကပြောပါတယ်။

ဖျာပုံခရိုင် ငါးလုပ်ငန်းအသင်း၊ ကျားဖောင် လုပ်ကိုင်သူအသင်းနဲ့ တာဝန်ရှိသူ အချို့က ကော့သောင်၊


ဟိုင်းကြီးကျွန်းနဲ့ မြိတ်မြို့တို့ဆီမှာ ဆယ်ယူရရှိသူတွေ ယာယီထားရှိတဲ့ စခန်းကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဒေးဒရဲ
ဖျာပုံမှာ လာရောက်စာရင်းပေးထား သူတွေ ရှိမရှိ ဆက်သွယ်ပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပြီး
ကော့သောင်းစခန်းကိုတော့ လွန်ခဲ့တဲ့ ၁၊ ၂ ရက်အတွင်း ပိတ်သိမ်းခဲ့ပြီလို့လည်း သိရပါတယ်။

ယခုလို လေဒဏ်ခံခဲ့ရတဲ့ ဖျာပုံမြစ်ဝ တလျှောက်နဲ့ မုတ္တမပင်လယ်ကွေ့ နဲ့ အနီးဆုံးဟာ ဒေးဒရဲနဲ့ ဖျာပုံအပိုင်


ကျေးရွာတွေပဲ ဖြစ်ပါတယ်။ ယခုအဖြစ်အပျက်ထဲ အဲဒီဖျာပုံမြစ်ဝ တ၀ိုက်ရှိ ရွာများမှ တရွာလျင် အနည်းဆုံး
ရေလုပ်သား ၁၀ ယောက် ၁၅ ယောက်ပါသွားကြပြီး အချို့မှာ ပြန်ရောက်လာကြသည်။ သို့ပေမယ့်
ဖြစ်ပျက်သည်မှ တွက်လျင် ၃ပတ်နီးနီး ကြာပြီဖြစ်သည့် ယခုထိ ပြန်မရောက်သူတွေ အတွက် မိသားစုတွေ
စိုးရိမ်ပူပန်မှု နေ့နဲ့ အမျှ ပိုမိုလာနေကြရတာလည်း ဖြစ်ပါတယ်။

ယခုနှစ် လယ်လုပ်ငန်းမကောင်းတာကြောင့် ရေလုပ်ငန်းဘက် ပြောင်းကြတာ များတဲ့ အချက်၊


ယခုအချိန်ကာလဟာ ငါးနဲ့ ပုဇွန်ဖမ်းလို့ ကောင်းတဲ့ ရာသီဖြစ်တာတချက်ကြောင့် ဖောင်အရေအတွက် နဲ့
ရေလုပ်သား အရေအတွက် များပြားရတာလို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ လူသိန်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည့် ၂၀၀၈ခုနှစ် မေလ နာဂစ်မုန်တိုင်း နောက်ပိုင်း


ဧရာဝတီတိုင်းမှာ အသက်ဆုံးရှုံးမှု အများဆုံး သဘာဝ ဘေးအန္တရာယ် တခုလို့ ဒေသခံတွေက ယူဆကြပါတယ်။
အသက်ဘေးမှ လွတ်လာသူ ရေလုပ်သား အချို့က ပြန်ပြောပြရာမှ အစိုးရရေဒီယိုက ကြေညာတဲ့ မိုးလေ၀သ
ခန့်မှန်းချက်များမှာ တခါတရံ လုံးဝလွဲမှားတဲ့ အဖြစ်မျိုးတွေရှိခဲ့လို့ ရေဒီယို မိုးလေ၀သအပေါ် လျော့တွက်ခဲ့မိတဲ့
အချက်လည်း ရှိပြီး မိုးလေ၀သ ခန့်မှန်းချက်အရ တနာရီ ၃၅ မိုင်နှုန်းသာ တိုက်ခတ်မယ်လို့
ကြေညာခဲ့သော်လည်း တကယ်လက်တွေ့မှာ မိုင် ၇၀ နီးပါးရှိ လိမ့်မယ်လို့ ဆိုပါတယ်။

“အခုလို လူထောင်နဲ့ ချီအသက်ဆုံးရှုံးရတဲ့ ကိစ္စကို အုပ်ချုပ်သူ အစိုးရအနေနဲ့ ထိထိရောက်ရောက် ကယ်ဆယ်ဖို့ ၊


ရှာဖွေဖို့ ညွှန်ကြားတာမျိုး ခုချိန်ထိ မတွေ့ရဘူး၊ ရှမ်းပြည် အရှေ့ပိုင်း ငလျင်လှုပ်ခတ်တဲ့ အဖြစ်အပျက်ပေါ်
အစိုးရက အာရုံစိုက်နေပြီး ရေလုပ်သားတွေ ပျောက်ဆုံးတဲ့ အဖြစ်အပျက်ကို မီဒီယာများအနေနဲ့လည်း ဖေါ်ပြမှု
အားနည်းခဲ့တယ်”လို့ ရန်ကုန်မှ သတင်းအယ်ဒီတာ တဦးကဝေဘန် ပြောဆိုပါတယ်။
သေပျောက်နှုန်းနဲ့ နှိုင်းစာတာပဲ ဖြစ်ဖြစ် ၊ ဆုံးရှုံးမှု ပမာဏနဲ့ပဲ ကြည့်ကြည့် ဖျာပုံ ရေလုပ်သား ပျောက်ဆုံးတဲ့
အဖြစ်က ရှမ်းပြည်ငလျင်ထက် ပမာဏများပြားသော်လည်း အာရုံစိုက်လုပ်ဆောင်မှုမှာတော့ ဖျာပုံရေလုပ်သား
ကိစ္စမှာ အလွန်နည်းပါးတယ်လို့ သူကပဲ ဝေဘန်ပြောဆိုပါတယ်။

ယခုသီတင်းပတ်မှာ အသစ်တက်တဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရ အနေနဲ့ ဖျာပုံ ရေလုပ်သား


အသက်ဆုံးရှုံးမှု၊ ရှမ်းပြည် အရှေ့ပိုင်း ငလျင်ကြောင့် လူသေပျောက်မှုတွေ အပေါ် အာရုံစိုက်ပြီး ဖြေရှင်းပေးတာ၊
ပြောဆိုတာ မတွေ့ရပဲ အစိုးရသစ် ကျမ်းကျိန်တာ၊ မိန့်ခွန်းပြောတာတွေနဲ့ အလုပ်များနေတာကိုသာ
သတင်းတွေထဲ ဖတ်ရှုရပါတယ်။
(၂၀၀၈ နာဂစ်အပြီး ဘိုကလေးမြစ်ဝတွင် တွေ့ရသော ကျားဖောင်များ)

အမေရိကန် အထူးကိုယ်စားလှယ်ခန့်ရေး NLD နှင့် နိုင်ငံရေးပါတီများကြိုဆို


လင်းသန့် Monday, 04 April 2011 18:53

မြန်မာနိုင်ငံတွင် အစိုးရသစ်ဖွဲ့စည်းပြီး ရက်ပိုင်းအကြာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူး


ကိုယ်စားလှယ် ခန့်ထားရန် အစီအစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေးပါတီများ၊
ဒီမိုကရေစီ အင်အားစုများက ကြိုဆိုကြကြောင်း သိရသည်။

လက်ရှိ အမေရိကန်နိုင်ငံ အာရှနှင့်ပစိဖိတ်ရေးဆိုင်ရာ ဒု လက်ထောက် ကာကွယ်ရေးဝန်ကြီး Mr. Derek


J.Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ၄င်းသည်
ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း လူပုဂ္ဂိုလ်ချင်း တွေ့ဆုံဖူးသူ တဦးဖြစ်သည့် အပြင် တရုတ်၊ အန္ဒိယ၊ အာဆီယံ
နိုင်ငံများ အပါအ၀င် ဒေသတွင်း သက် ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များနှင့် ရင်းနှီးသိကျွမ်းသူ တဦးဖြစ်သည်ဟု
သတင်းများက ဆိုသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က“အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး


အခုလို ခန့်အပ်မည့် ကိစ္စဆိုတာ NLD ပါတီအနေနဲ့ အလွန်ကြိုဆိုရမယ့် အချက်ပဲဖြစ်ပါတယ်လို့
ပြောချင်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။

“ဗမာနိုင်ငံကို အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်(Mr.


Cart Cambell) ပထမဆုံးလာပြီး နအဖ နဲ့ရော ကျနော်တို့နဲ့ရောတွေ့ဆုံခဲ့စဉ်ကတည်းက မြန်မာနိုင်ငံမှာ
အမေရိကန် အစိုးရ အနေနဲ့ အထူးကိုယ်စားလှယ်တဦး ခန့်ထားဖို့အတွက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က
တောင်းဆိုခဲ့ပါတယ်။ အခု လို အချိန် အခါကောင်းမှာ ခန့်ထားဖို့လုပ်တာကြားရတော့ ကျနော်တို့က အများကြီး
အားတက်ပါတယ်”ဟုလည်း ၄င်း က ဆက်လက် ပြောကြားသည်။

ဒီမိုကရက်တစ် ပါတီ(မြန်မာပြည်)၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးသုဝေက“အခုလို အထူးကိုယ်စားလှယ်ခန့်မယ်


ဆို တာ က ဒါ သူတို့ ဗမာပြည်နဲ့ အသေအချာလေ့လာပြီးတော့ ပိုပြီးကောင်းအောင်လုပ်မယ်လို့ ရည်ရွယ်တယ်နဲ့
တူပါတယ်၊ ကျနော်တို့ကပိုပြီး သဘောကျတာပေါ့ ၊ အခု အစိုးရသစ်နဲ့ရော၊ NLD နဲ့ရော ကျန်တဲ့အားလုံးသော
နိုင်ငံရေးမှာ ရှိနေကြ သူတွေ အားလုံးနဲ့ နီးနီးကပ်ကပ် ထိတွေ့ပြီး လုပ်မယ်ဆိုရင် ပိုကောင်းတယ်၊ အဲဒါကြောင့်
ကျနော်တို့က သဘောကျတယ်”ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု(NDF) ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း“အခုလို


အမေရိကန် က အထူးကိုယ်စားလှယ် ခန့်အပ်တာကို ကျနော်တို့က ကြိုဆိုတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံ
အခြေအနေကို ပိုပြီး သေ သေ ချာချာ သိဖို့တော့လိုတယ်၊ ဒီလိုမှ မဟုတ်ဘဲ အပေါ်ယံနှမ်းဖြူးရုံလောက်ပဲ
ဆိုရင်တော့ အလကားပဲ”ဟု ပြော သည်။

အမေရိကန်ပြည်ထောင်စုအနေနှင့် တဖက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာစေရေးအတွက်


စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့အရေးယူခြင်းများကို ဆက်လက်ထားမည်ဟု မကြာသေးခင်က ဦးသိန်းစိန်
သမ္မတအဖြစ် ကျမ်းကျိန် ဆိုပြီး နာရီပိုင်း အတွင်းပင် ထုတ်ဖော်ပြောဆိုထားသည်။

“စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ဆိုပြီး စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်ထပ်ပိတ်ဆို့နေတာဟာ


ပိုကောင်း လာနိုင်သလား၊ မကောင်းလာဘူးလား ဆိုတာ မှန်မှန်ကန်ကန် သိဖို့လိုပါတယ်၊
အာဏာပိုင်အဖွဲ့အစည်းကို ပစ်မှတ် ထား တဲ့ Sanction( စီးပွားရေးဒဏ်ခတ်မှု) ကလည်း
ယားကျိကျိဖြစ်ရုံလောက်ပဲ လို့သူတို့ပြောတယ်၊ ဒါဆိုရင် Sanction ကြီးကို ၅၅
သန်းကျော်မြန်မာပြည်သူတွေအတွက် မျက်နှာကို မကြည့်ဘဲ ဆက်လုပ်ထားရင် သင့်တော် မတော်
သူတို့စဉ်းစားဖို့လိုတယ်”ဟု ဦးခင်မောင်ဆွေ က ပြောဆိုသည်။

၎င်းက ဆက်လက်ပြီး“တရုတ်အစရှိတဲ့ နိုင်ငံတွေဟာ ကျနော်တို့နိုင်ငံတွေလိုပဲလူ့အခွင့်အရေး


မှတ်တမ်းတွေမကောင်း လှပါဘူး၊ တရုတ်နိုင်ငံ လိုဟာမျိုးကျတော့
လူ့အခွင့်အရေးမှတ်တမ်းမကောင်းသော်လည်းပဲ အခွင့်ကျတော့ တန်းတူမရပါဘူး၊ အမေရိကန် အစိုးရဟာ
အီဂျစ်အပါအ၀င် အာဏာရှင်အစိုးရတွေအပေါ်မှာတော့ ပေးကမ်းစွန့်ကျဲပြီးတော့ မြန်မာနိုင်ငံလိုဆင်းရဲမွဲတေ တဲ့
နိုင်ငံအပေါ်မှာ ဒီမိုကရေစီမပြောင်းရကောင်းလားဆိုပြီး၊ လူ့အခွင့်အရေးတွေမရ ရကောင်းလား ဆိုပြီး ဆက်
လက် ပိတ်ဆို့နေတာဟာ Double Standard ဖြစ်မနေဘူးလားလို့ ကျနော်အမေရိကန်သံအဖွဲ့ကို ငြင်းချက်
ထုတ်ခဲ့တယ်”ဟုလည်း ပြောသည်။

NLD အနေနှင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်


တွေ့ဆုံဆွေးနွေးရေးဖြစ်စေရန် အတွက် ဆက်လက်ရှိနေသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဂျာမနီ
သတင်းဋ္ဌာနနှင့် အင်တာဗျူးတခုတွင် ထုတ် ဖော် ပြောကြားထားသည်။

“မြန်မာ့နိုင်ငံရေးဟာ လမ်းဆုံလမ်းခွကိုရောက်နေပါပြီ၊ တဖက်ကလဲ အရှိတရားအတိုင်းပြောရမယ်ဆိုရင်၊


အခုဆိုရင် စစ် အုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်လာတဲ့ခေတ်ဟာ အခုဆိုရင်ရပ်သွားပြီပေါ့၊ အခုရွေးကောက်ခံ
အစိုးရတရပ် ပေါ်လာတဲ့ အချိန်ဖြစ်ပါတယ်၊ သမ္မတကြီး ဦးသိန်းစိန်ရဲ့မိန့်ခွန်းကလည်း
ပြေလည်လိုတဲ့ဆန္ဒရှိတယ်ဆိုတဲ့ စေတနာတွေကပေါ်နေပါတယ်၊ ကျနော်တို့ အထွေထွေအတွင်းရေးမှူးက
ပြောတာလည်း မြန်မာနိုင်ငံရေးပြောင်းလဲမှုဟာ တွေ့ဆုံဆွေးနွေးမယ်၊ တိုင်းပြည် အကျိုးရှေ့ရှုပြီး
ဆွေးနွေးရင်ဘာမှ မပြေလည်နိုင်စရာအကြောင်းမရှိဘူးလို့ ပြောထားတယ်”ဟု ဦးအုန်းကြိုင် က
ဆက်လက်ပြောဆိုသည်။

အမေရိကန်က မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် သံတမန်အဆင့်လျှော့ဆက်ဆံထားသည်မှာ ကြာမြင့်ပြီဖြစ်ပြီး


မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ခန့်ထားရေး ယခုအထိ မရှိသေးပေ။

ယခုကဲ့သို့ အမေရိကန်က အထူးကိုယ်စားလှယ်ခန့်အပ်ပြီး မြန်မာ့အရေးပိုမိုထိရောက်ရန် ဆောင်ရွက်မည့်


အမေရိကန် ၏ ပေါ်လစီသည် ချဉ်းကပ်မှုအသစ်ဖြစ်သည့်အားလျှော်စွာ တွေ့ဆုံဆွေးနွေးရေးအတွက်
လမ်းစများဖြစ်လာမည်လားဟု တခြားသော နိုင်ငံရေးပါတီများနှင့် လေ့လာသူများကလည်း မျှော်လင့်နေကြောင်း
သိရသည်။
“တွေ့ဆုံဆွေးနွေးရေးလုပ်တယ်ဆိုတာ ကိုယ်ဖြစ်ချင်တာတွေချည်းလည်း ဖြစ်လာမှာမဟုတ်သလို၊
သူတို့လိုချင်တာတွေ ချည်းလည်း ဖြစ်လာမှာမဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က
နိုင်ငံရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံတုန်းမှာ ပြောခဲ့ပါတယ်၊ ဒီ့အပြင် ဒေါ်အောင်ဆန်းစုကြည်က
အစိုးရသစ်နဲ့တွေ့ဆုံဆွေးနွေးရေး အတွက် အမြဲအဆင်သင့်ဖြစ်ကြောင်း လည်း ပြောဆိုထားပြီးသားပါ၊ ဒီအတွက်
အကောင်းဘက်ကို ဖြစ်ပေါ်လာဖို့အတွက်မျှော်လင့်ပါတယ်”ဟု ဦးအုန်းကြိုင်က ဆက်လက် ပြောကြားသည်။

Mr. Derek J.Mitchell သည် သံတမန်ရေးဘက်တွင် မျှတသော မဟာဗျူဟာ အမြင်ရှိသူဖြစ်သည်ဟု


မြန်မာ့ဒီမိုကရေစီ အရေး ဆောင်ရွက်နေကြသော အင်အားစုများက ပြောဆိုကြသည်။

ဦးသုဝေ ကလည်း“သူ့အနေနဲ့ရော၊ ကျနော်တို့ပါတီတွေ အနေနဲ့ရော သဘောထားတွေ အကုန်သိရတာပေါ့နော်၊


NLD ကလဲ သူ့သဘောထားတွေ သိမယ်၊ ကျနော်တို့ပါတီတွေကလည်း ကိုယ့်ရဲ့အမြင်၊ ကိုယ့်အယူအဆတွေ
ပြောနိုင်မယ်၊ လက်ရှိအခြေအနေက ဘာလဲ၊ အစိုးရကဘာလဲဆိုတာ သူအားလုံးကို
ဝေဖန်ပိုင်းခြားနိုင်တယ်ဆိုရင်တော့ သူအများကြီး အကူအညီပေးနိုင်တာပေါ့၊ သူ့ရည်ရွယ်ချက်က ကောင်းတော့
ကျနော်တို့လဲကူညီမှာပေါ့၊ ပူးပေါင်းဆောင်ရွက်မှာပေါ့၊ သူက သေချာနားလည်တဲ့သူ
သေချာလေ့လာထားတဲ့သူဆိုတော့ ပိုကောင်းတာပေါ့”ဟု ဆိုသည်။

NDF နှစ်ခြမ်းကွဲ
ဧရာဝတီ Monday, 04 April 2011 17:44

ဦးသိန်းညွန့် ဦးဆောင်သော အဖွဲ့သည် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့ ဦးဆောင်သော အမျိုးသား


ဒီမိုကရေစီ အင်အားစု (NDF) နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
နှင့် ပြန်လည် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သော ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော်


ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဧပြီလ ၂ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ်
ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဦးသိန်းညွန့်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးသိန်းညွန့်က “အခုအချိန်ကစပြီး တရားဝင်ကြေညာတယ်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက


နှစ်ခုကွဲသွားပြီ။ ကျနော် ဦးဆောင်တဲ့ သင်္ဃန်းကျွန်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ ဆွေငြိမ်း
(ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်း) ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဆိုပြီး
နှစ်ခုလုံးဝကွဲသွားပြီ။ NLD က ပြန်ပြီးမှတ်ပုံတင်ခဲ့မယ်၊ ရွေးကောက်ပဝ
ွဲ င်ဖို့ ရှိလာခဲ့ရင် NLD နဲ့ ပြန်ပေါင်းမယ်” ဟု
ပြောသည်။

ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်း တို့သည် ပြည်ပနိုင်ငံများမှ အထောက်အပံ့ရယူခဲ့သော


အဖွဲ့အစည်းများထံမှ အကူအညီငွေကြေးများ လက်ခံခဲ့ကြောင်း၊ မိမိတို့အနေနှင့် မည်သူ့အကူအညီမျှ
ယူမည်မဟုတ်ဘဲ နိုင်ငံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ဆွေငြိမ်း


အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ကိစ္စကို ကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအခါကျလို့ရှိရင်
ပြဿနာပြေလည်သွားရင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ နှစ်ခုပေါ်လာမယ်။ တကယ်လို့ ပြဿနာမပြီးဘဲ
ဆွေငြိမ်းပါတီ ဖျက်သိမ်းခံရရင် ကျနော်တို့ သင်္ဃန်းကျွန်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက နိုင်ငံရေးကို
ဆက်ဦးဆောင်သွားမယ်” ဟု ၄င်းက ဆိုသည်။

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုနှစ်ခုကို လွှတ်တော်တွင် ၄င်းက


တင်ပြခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့ရုံမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ
အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ အဆိုဖြစ်သော စီးပွားရေးပိတ်ဆို့မှုများ ကန့်ကွက်သည့်အဆိုကို ၄င်းက
ထောက်ခံဆွေးနွေးခဲ့ရာတွင် ၄င်းပြောကြားခဲ့သော စကားအများစုကို ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာတွင်
မဖော်ပြဘဲ ချန်လှပ်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။

“ဦးဌေးဦးက စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်တဲ့အဆိုလည်းတင်ရော ကျနော်က ကျနော်ပြောချင်တာတွေကို


သူ့အဆိုကို ထောက်ခံရင်းနဲ့ ထပြောတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးကို မိနစ် ၂၀ ပြောခွင့်ရတော့
ကျနော်က ၁၈ မိနစ် ထပြောတယ်။ ဘာပြောလဲဆိုရင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းဖို့ဆိုရင်
လွတ်ငြိမ်းချမ်းသာခွင့် ပေးရမယ်။ နောက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ် ဖော်ဆောင်ပေးဖို့လိုတယ် ဆိုတာကို
ကျနော်တင်ပြတယ်။ ကျနော်တို့နိုင်ငံက စီးပွားရေးပိတ်ဆို့မှု တခုတည်းကြောင့် ဆင်းရဲတာ မဟုတ်ဘူး။

တခြားအကြောင်းတွေ ရှိသေးတယ်။ အဲဒီအထဲက တချက်ကို ပြောပြရရင် ‘ဤဌာနတွင် ငွေပေးရန်မလို’၊ သို့သော်


ငွေမပါလျှင် ဘာအလုပ်မှ လုပ်မပေးတဲ့ကိစ္စ။ တရားရုံးတွေမှာ ‘ပုဒ်မ လေး၊ ပေးမှ လုပ်’ ဆိုတဲ့အထိ လူထုရဲ့
အော့နှလုံးနာစရာတွေ ဖြစ်နေပြီဆိုတာ တင်ပြတယ်။ ဒါပေမယ့် အဲဒါတွေကို သတင်းစာထဲမှာ မဖော်ပြဘူး။
ကျနော်က ဦးဌေးဦးရဲ့အဆိုကို ထောက်ခံတယ်ဆိုတာပဲ ပါတယ်” ဟု ၄င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရကို မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် နအဖ စစ်အစိုးရက


တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နှစ်ခြမ်းကွဲ
အံ့ဘုန်းမြတ် ၄ ဧပြီ ၂ဝ၁၁ - DVB

ရွေးကောက်ပွဲဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီဟာ သင်္ဃန်းကျွန်း ဦးသိန်းညွန့်


ဦးဆောင်တဲ့ အန်ဒီအက်ဖ်နဲ့ ဦးခင်မောင်၊ ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်တဲ့ အန်ဒီအက်ဖ်တို့ ပါတီ
နှစ်ခြမ်းကွဲသွားပြီ ဖြစ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦးနဲ့ အနိုင်ရရှိခဲ့


အမျိုးသားဒီမိုကရေစီအင်အားစုပါတီကနေ ကိုယ်စားလှယ် ၅ ဦးပါဝင်မယ့် ဦးသိန်းညွန့် သင်္ဃန်းကျွန်းမြို�နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က သည်းခြားစီရပ်တည်ဖို့ ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်။

ဦးသိန်းညွန့်ကို အန်ဒီအက်ဖ် ပင်မပါတီကနေ ၂ဝ၁ဝ နိုဝင်ဘာ (၁၇) ရက်နေ့က ထုတ်ပယ်ကြောင်း


ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ပေမယ့်လည်း ၂ဝ၁၁ ဇန်နဝါရီ (၁ဝ) ရက် လွှတ်တော်အစည်းအဝေး
စတင်ချိန်အထိ အသိအမှတ်ဆက်ပြုထားဆဲဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေ နဲ့ပဲ
သီးခြားစီရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
�ကျနော်တို့ သင်္ကန်းကျွန်း အန်ဒီအက်ဖ်အနေနဲ့ သီးခြားခွဲပြီးတော့ ကျနော်တို့ဘာသာ သီးသီးခြားခြား
လုပ်သွားမယ်။ ဒါက ကျနော့်ရဲ� ပဏာမ ခြေလှမ်းပဲ။ ကျနော်တို့က ဗိုလ်တထောင်မဟုတ်ဘူး၊
နောက်လိုက်မရှိတဲ့ ခေါင်းဆောင်မဟုတ်ဘူး။ နောက်လိုက်အင်အားရှိတဲ့ မြို�နယ်။ အန်ဒီအက်ဖ်က ကျနော်တို့
လွှတ်တော်ကိုယ်စားလှယ်လေးယောက်က လွှတ်တော်အတွေ�အကြုံ တင်ပြတယ်။ တက်ရောက်လာတဲ့
ပုဂ္ဂိုလ်တွေနဲ့ လူထုကမေးတယ်။ အန်ဒီအက်ဖ်နဲ့ ပတ်သက်ပြီး ဘာလုပ်မလဲလို့ မေးလာတဲ့အပေါ်မှာ
ကျနော်ဒီသဘောထားကို ထုတ်ပြန်လိုက်တာပဲ။ ကျနော်တို့က ဆွေးနွေးခိုင်းလည်း ဘယ်အကြောင်းနဲ့မှ
ပြန်ပေါင်းမှာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးအရ၊ စည်းရုံးရေးအရ၊ နိုင်ငံရေးအရကော ပြန်ပေါင်းမှာမဟုတ်ဘူး။
ကော်မရှင်ရဲ� အဆုံးအဖြတ်ကို ကျနော်တို့ စောင့်နေတာပါ။ ကော်မရှင်ရဲ� အဆုံးအဖြတ်က ကျနော်တို့
အန်ဒီအက်ဖ်အနေနဲ့ ကျနော့်ကို ဆက်ဆုံးဖြတ်ထားတဲ့အတွက် သင်္ကန်းကျွန်း အန်ဒီအက်ဖ်ကို
ကျနော်ဦးဆောင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်လုပ်ထိုက်တာကို ဥပဒေဘောင်အတွင်းက
လုပ်သွားမှာပါ။�

လက်ရှိအခြေအနေမှာတော့ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ရွေးကောက်တင်မြေ�ာက်ခံ လွှတ်တော်ကိုယ်စားလှယ်


၎ ဦးပါအဝင် လသာမဲဆန္ဒနယ်က ဦးကြည်မြင့်နဲ့ ဗဟိုဥပဒေအဖွဲ့က တရား�ုံးချုပ်ရှေ�နေ ဦးအေးရွှေတို့
ပါဝင်လာမယ်လို့လည်း ဦးသိန်းညွှန့်က ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲလမ်းကြောင်းနဲ့ နိုင်ငံရေးမှာ ပါဝင်လာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


အဖွဲ့ဝင်တွေအပြင် အခြား နိုင်ငံရေးအင်အားစုတွေနဲ့ ပေါင်းစည်းလုပ်ဆောင်သွားမယ်လို့လည်း ဦးသိန်းညွန့်က
ဆိုပါတယ်။ အခုလို ဦးသိန်းညွန့်တို့အဖွဲ့ နုတ်ထွက်တဲ့အပေါ်ကို အန်ဒီအက်ဖ်ပါတီရဲ� ခေါင်းဆောင်တဦးဖြစ်တဲ့
ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။

�သူတို့ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ။ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ လိုက်ပြီးတော့ ဟန့်တားစရာမရှိဘူး။ တခုပဲ


ပြောစရာရှိတာက သူတို့က နိုင်ငံရေးကိုလွတ်လပ်စွာ လုပ်ခွင့်ရှိသလို စိတ်ကြိုက်တဲ့ ပါတီတည်ထောင်ခွင့်လည်း
ရှိပါတယ်။ ဒါကို ကျနော်တို့က ကန့်သတ်ခြင်း၊ ဝေဖန်ခြင်း နှောင့်ယှက်ခြင်း မရှိပါဘူး။ ဒါပေမယ့် သူတို့က
ခမောက်ပါတီရဲ� အလံတော်အောက်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ် ဆိုတာတော့
မေ့မသွားဖို့တော့ လိုပါတယ်။ အရဆကသအိးကတော့ ခမောက်ပါတီရဲ� နိုင်ငံရေးမူဝါဒကို၊ စီးပွားရေးမူဝါဒအပြင်
နိုင်ငံရေးကူးပြောင်းမှုကြောင့် မရခဲ့တဲ့ ပြည်သူလူထုက ပေးအပ်တဲ့တာဝန်တွေကို အသွင်ပြောင်းပြီး
ထမ်းဆောင်မယ်ဆိုရင် ဝေဖန်စရာမရှိပါဘူး။ သို့သော်လည်း ပြည်သူတွေရဲ� ပေးဆပ်ခဲ့တာ
ခမောက်ပါတီဖြစ်တယ်ဆိုတဲ့ အမှတ်အသားက သမိုင်းမှာ ထင်ကျန်ရစ်ခဲ့မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ သူတို့
ကြိုက်သလို ဆောင်ရွက်နိုင်ပါတယ်။ အန်ဒီအက်ဖ် ပင်မနဲ့ မပေါင်းနိုင်ဘူးဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာနဲ့
ခွင့်လွှတ်ပေးမှာ ဖြစ်ပါတယ်။�

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ဟာ


၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံပဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကနေ ခွဲထွက်ပြီး နအဖစစ်အစိုးရရဲ� ပြည်ထောင်စု
ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှာ ၂ဝ၁ဝ မေလ ၂၇ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့မှာ အမှတ်စဉ် (၃၈) နဲ့ ပါတီထူထောင်ခွင့်ရရှိခဲ့ပါတယ်။ နိုဝင်ဘာ (၇)


ရက်ရွေးကောက်ပွဲမှာတော့ လွှတ်တော်သုံးရပ်လုံးမှာ ကိုယ်စားလှယ်လောင်း ၈ဝ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး
၁၆ ဦး အနိုင်ရရှိခဲ့ပါတယ်။
စွပ်စွဲချက်များ အခြေအမြစ်မရှိဟု FTUB ဦးမောင်မောင် ဖြေရှင်း
ဧရာဝတီ Monday, 04 April 2011 13:02

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ၏ အထွေထွေ အတွင်းရေးမှုးချုပ် ဦးမောင်မောင်က


မြန်မာပြည် တွင်းသို့ သွားသည်ဆိုသော ၎င်းအပေါ် စွပ်စွဲထားမှုများသည် အခြေအမြစ်မရှိသည့် နိုင်ငံရေးအရ
ထိုးနှက်တိုက်ခိုက်မှုများသာ ဖြစ်သောကြောင့် ဖြေရှင်းရန် အသင့်ရှိသည်ဟု ပြောကြားလိုက်သည်။

ဦးမောင်မောင်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့သည်ဟု


ဦးမောင်မောင်၏ မိခင် အဖွဲ့အစည်းမှ ဘဏ္ဍာရေးမှူးဟောင်း ဦးဇော်ထွန်းက မတ်လ ၃ ရက်နေ့တွင် အင်တာနက်
စာမျက်နှာများမှတဆင့် ဖွင့်ချ ခဲ့သည်။

ထိုသို့ ဖွင့်ချမှုနှင့်ပတ်သက်၍ ထိုင်းမြန်မာနယ်စပ်တွင် ယမန်နေ့ကပြုလုပ်ခဲ့သည့် FTUB အဖွဲ့၏ သတင်းစာ


ရှင်းလင်းပွဲ တွင် ဦးမောင်မောင်က ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

၎င်းက“ကျနော် မြန်မာပြည် လုံးဝမသွားဘူးဆိုတာကို ရှင်းလင်းတာဖြစ်တယ်၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး


အိမ်ရှင်နိုင်ငံ ရဲ့လ၀က ကို သွားမေးတဲ့အခါမှာ ဘယ်သူမဆို ဒီနိုင်ငံကနေ နိုင်ငံတကာခရီးစဉ်သွားမယ်ဆိုရင်
ဓာတ်ပုံမှတ်တမ်းရှိပါ တယ်၊ ကျနော့်မှာ ထိုင်းနိုင်ငံကနေ အ၀င်အထွက်မှတ်တမ်းတွေရှိပါတယ်၊
စွပ်စွဲထားတဲ့ခရီးစဉ် ၃ ခုရဲ့ရက်စွဲတွေမှာ မြန် မာပြည် သွားထားတဲ့မှတ်တမ်းတွေ လုံးဝမရှိပါဘူး”ဟု သက်သေခံ
စာရွက်စာတမ်း မှတ်တမ်းဓာတ်ပုံများနှင့် တကွ ရှင်း လင်းပြောဆိုသည်။

စွပ်စွဲချက်ပါ နေ့ရက်များတွင် မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့်မရှိကြောင်းဖော်ပြထားသည့် ထိုင်းနိုင်ငံ


လူဝင်မှုကြီးကြပ်ရေး ဌာန(လ၀က)မှ ထုတ်ပေးသည့် သက်သေခံစာရွက်စာတမ်းများနှင့်အတူ
ထိုင်းလေကြောင်းလိုင်း Thai Airways Royal Orchid Plus က
ထုတ်ပေးသည့်အချက်အလက်မှတ်တမ်းများကိုလည်း ဦးမောင်မောင် က သက်သေအဖြစ် တင်ပြ သည်။

FTUB မှပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲပါ အချက်အလက်နှင့် အကြောင်းအရာများကို


အသေးစိပ်သိရှိလိုပါက ဖုန်းနံပါတ် ၀၈၀ - ၆၈၈ ၃၅ ၁၉ သို့ ဆက်သွယ်မေးမြန်းနိုင်သည်ဟုလည်း ဆိုသည်။

မြန်မာ အတိုက်အခံ တပ်ပေါင်းစုခေါင်းဆောင် တဦးက“ဒီပြဿနာက အတော့်ကို ကြီးမားတဲ့ကိစ္စဖြစ်တယ်၊


စွပ်စွဲချက် တွေမှန်ခဲ့ရင် ကြီးမားတဲ့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို၊ မဟုတ်ခဲ့ရင်လည်း စွပ်စွဲတဲ့လူကို
သူနေထိုင်ရာတိုင်းပြည် ရဲ့ ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ကို လုပ်ရမှာဖြစ်တယ်၊ ဒီကိစ္စက
တပ်ပေါင်းစုတော်လှန်ရေးကြီးတခုလုံးကို ဖျက်လို ဖျက်ဆီး လုပ်တာ ဖြစ်တဲ့အတွက်၊ ဘယ် တပ်ပေါင်းစု
အဖွဲ့ဝင်ကမှ သည်းခံခွင့်လွတ်မှာမဟုတ်ဘူး”ဟုပြော သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဦးမောင်မောင် မြန်မာပြည် သွားမသွား ဧရာဝတီ က မေးမြန်းသည်ကို ၎င်းက


မြန်မာပြည်သို့ လုံးဝ မသွားကြောင်း၊ ဖြေရှင်းရန် အသင့် ရှိကြောင်း ပြန်လည် ဖြေကြားသည်။

မြန်မာ အတိုက်အခံ တပ်ပေါင်းစု ခေါင်းဆောင်တဦးဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ


အမျိုးသားကောင်စီ(NCUB) ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံတွင်းသို့ ၃ ကြိမ်
သွားရောက်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့်ပတ် သက်၍ NCUB အဖွဲ့သည်
စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ၄ ဦးပါ ကော်မရှင်အဖွဲ့ကို မတ်လ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
ယင်း ၄ ဦးပါ အဖွဲ့က လိုအပ်သည့် အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအား မေးမြန်းစစ်ဆေးမှုများကို အမြန်ဆုံး
ပြုလုပ် သွားမည်ဖြစ်ကာ စုံစမ်းစစ်ဆေးတွေ့ရှိချက်များအား ဧပြီလကုန်လျှင် NCUB သဘာပတိ အဖွဲ့ထံသို့
တင်ပြအစီရင်ခံရမည်ဖြစ်သည်။

ကော်မရှင်၏ စစ်ဆေးတွေ့ရှိမှုများအရ NCUB သဘာပတိအဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ကြားနာသွားမည်ဖြစ်ပြီး


လက်ရှိတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် သက်ဆိုင်ရာလူပုဂ္ဂိုလ်တချို့ အပါအ၀င် ဦးမောင်မောင်နှင့်
ဦးဇော်ထွန်းတို့ကိုလည်း စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

FTUB ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်သည့်


ပဒို စောအားတိုးက“အဲဒီ သတင်းစာ ရှင်းလင်းပွဲက FTUB အနေနဲ့ လုပ်တာ၊ ဒါက သူတို့ရဲ့လွတ်လပ်ခွင့်ပဲ၊ NCUB
နဲ့ ဘာမှမဆိုင်သလို ကော်မရှင်အဖွဲ့နဲ့လည်း ဘာမှမသက်ဆိုင်ဘူး၊ ကော်မရှင်ကတော့ သူ့အလုပ်ပဲ
သူလုပ်သွားမှာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

NCUB အဖွဲ့ကို ၁၉၉၂ ခုနှစ်က မာနယ်ပလော လွတ်မြောက်နယ်မြေတွင် မြန်မာ အတိုက်အခံ အင်အားစုများနှင့်


စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအဖွဲ့၏ ဥက္ကဌ မှာ ပဒို ဒေးဗစ် သာကဘော ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး မှာ
ဦးမောင်မောင်ဖြစ်သည်။

သင်္ကြန်အတွက် အာဏာပိုင်များ ငွေကောက်ခံ


နော်နိုရင်း ၄ ဧပြီ ၂ဝ၁၁ - DVB

တနင်္သာရီတိုင်း မြို့နယ်တခိျု့က အုပ်ချုပ်ရေးအဖွဲ့တွေဟာ သင်္ကြန်ကာလအတွက် သုံးစွဲဖို့ ပြည်သူတွေထံက


အရဆကသအးမ္မ ငွေကောက်ခံနေပါတယ်။ တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ကော့သောင်းမြို့တွေမှာ သင်္ကြန်ကျတိုင်း
နှစ်စဉ် အာဏာပိုင်တွေက မြို့နေလူထုတွေအပေါ် ငွေကြေးကောက်နေပြီး အခု အစိုးရ သစ်လက်ထက်မှာလည်း
သင်္ကြန်မ�ာပ်အတွက်နဲ့ သင်္ကြန်ယိမ်း အဖွဲ့အတွက်ဆို ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့က
ငွေကြေးကောက်ခံနေတာဖြစ်ပါတယ်။ မြိတ်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အိမ်ထောင်စုတစုကို ၁၅ဝဝ ကျပ်
နှုန်းနဲ့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က တအိမ်တက်ဆင်း မပေးမနေရ လိုက်လံကောက် ခံတဲ့အတွက်
မရှိဆင်းရဲသားတွေအတွက် အခက်ဖြစ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

�ဆင်းရဲသားတွေ တော်တော်များများ ၁၅ဝဝ ကတော့ မတတ်နိုင်ကြဘူး။ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေကတော့


ရပ်ကွက်နဲ့မတူပဲ ၅ သောင်းတို့ ၁ သိန်းတို့ သီးခြားထည့်တာပေါ့။ ရပ်ကွက်တွေထဲမှာတော့
ဒီလိုမကောက်သင့်ဘူးလို့ ထင် တယ်။ ဘာလို့လဲဆိုတော့ ပြုပြင်ပြောင်းလဲနေပြီလေ။ အတင်းအရဆကသအးမ္မ
ကောက်တာ မျိုး မဖြစ်သင့်ဘူးလို့ ကျနော်တို့ ထင်တယ်။�

မြိတ်မြို့မှာ ရပ်ကွက်ကြီး ၁၂ ခုရှိပြီး အုပ်ချုပ်ရေးအဖွဲ့တွေက ရပ်ကွက် ၃ ခုကို မ�ပ် တခုနှုန်း ပြုလုပ်ခိုင်းနေပြီး အခု
ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေဆီကလည်း ငွေကြေးနဲ့ သစ်တွေ ကောက်ခံနေတယ်လို့လည်း ဆိုပါတယ်။

ဒေသခံလူထုတွေဆီက ကောက်ခံရရှိတဲ့ ငွေကြေးနဲ့သစ်တွေကို သင်္ကြန် မ�ပ် တည်ဆောက်ပေးပေမယ့်


သင်္ကြန်ပြီးတဲ့အချိန်မှာ အဲဒီပစ္စည်းတွေကို လေလံ တင် ရောင်းချတယ်လို့လည်း သူက ဆက်ပြောပါတယ်။

�သိန်း ၂ဝ-၃ဝ အဲလိုမျိုး ပြန်ရောင်းတယ်။ ရတဲ့ပိုက်ဆံကတော့ သူတို့ စား သောက် ပျော်ပါးဖို့ပေါ့။�


အလားတူ ကော့သောင်းမြို့မှာလည်း သင်္ကြန်အတွက် မြို့နယ်အာဏာပိုင် တွေက လိုက်လံကောက်ခံနေပြီး
ရလာတဲ့ ငွေကြေးကို နည်းလမ်းမှန်မှန်မသုံးဘူးလို့ ကော့သောင်မြို့ခံတဦးက ပြောပါတယ်။

�တချို�ရပ်ကွက်တွေဆို ၃ဝဝဝ ရှိတယ်။ တချို�ရပ်ကွက်ဆိုရင် ၂၅ဝဝ ပေါ့။ ကောက်တာတော့


သင်္ကြန်အတွက်ဆိုပြီး ကောက်သွားတာပေါ့။ ဒါပေမယ့်လို့ သူတို့ အဲဒီကောက်ခံငွေကို အသုံးချတဲ့အပိုင်းမှာတော့
တော်တော်များများကို သံသယဖြစ် တာပေါ့။ သူတို့ပြောတာတော့ သင်္ကြန်ယိမ်းအကအတွက် အဝတ်အစားတွေ
ဘာ တွေ ဝယ်ဖို့ပေါ့။ တွေ�ရသလောက်တော့ ယိမ်းအဖွဲ�မှာပါတဲ့ အကသမားတွေကို သူတို့စရိတ်နဲ့ သူတို့
ဝယ်ရတယ်လို့ ကြားရတယ်။ ဒီမှာတော့ မကျေမချမ်းနဲ့ ထည့် နေရတယ်ပေါ့။� သင်္ကြန်အတွက်
အရင်တုန်းကလည်း သက်ဆိုင်ရာဏာပိုင်တွေက ကောက် ခံကြပြီး များသောအားဖြင့် နယ်မြို့နဲ့ ကျေးရွာတွေမှာ
ကောက်ခံတယ်လို့ သိရပါ တယ်။

ပဲခူး အန်အယ်လ်ဒီ အခမဲ့ဆေးဝါးကုသရေး ဆောင်ရွက်


၎ ဧပြီ ၂ဝ၁၁ - DVB

ပဲခူးမြို့နယ် ပြည်သူ့ဒီမိုကရေစီကွန်ရက်အောက်မှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ လေ့လာ စောင့်ကြည့်


အကူအညီပေးရေးအဖွဲ့မှ ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေအတွက် ဒုတိယအကြိမ် အခမဲ့ ဆေးဝါးကုသမှုနဲ့
အိတ်ခ်ျအိုင်ဗွီ�အေအိုင်ဒီအက်စ်ရောဂါ ပညာပေးဟောပြောပွဲကို ဧပြီလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

မတ်လ ၃ ရက်နေ့တုန်းက ပဲခူး တိုးချဲ့သစ်ရပ်ကွက် ရေအေးကွင်းရပ်မှာ ပထမအကြိမ် အခမဲ့ဆေးဝါးကုသတုန်းက


လူနာ ၁၃၇ ယောက် လာရောက်ကုသခဲ့ပြီး အခု ဒုတိယအကြိမ် မဇင်း တိုးချဲ� ၁ ရပ်ကွက်မှာတော့ လူနာ ၁ဝဝ
လောက် လာရောက်ကုသခံခဲ့ကြပါတယ်။

မရှိဆင်းရဲသားတွေအတွက် ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို လက်လှမ်းမီသမျှ ဆောင်ရွက်ကူညီပေးနေတဲ့


အကြောင်းကို ပဲခူးတိုင်း အန်အယ်လ်ဒီ လူငယ်တာဝန်ခံ ကိုကျော်ဝင်းက ခုလို ပြောပါတယ်။

�ဒီမှာက ဆေးအခမဲ့ ကုရတယ်ဆိုတာ ရပ်ကွက်တွေမှာ အများကြီးလာကြတယ်။ ဆေး တနေ့သွားကုမယ်ဆိုရင်


အနည်းဆုံး ၃ဝဝဝနဲ့ အထက်မှာ ရှိတယ်။ အခမဲ့ လာကုကြတယ်။ ဆေးတခါကုရင် လူနာ ၁၃၈
ယောက်လောက်ကို ဆေးကုပေးရတယ်။ တကယ်ဖြစ်လို့ သွားကုမယ်ဆိုရင် ၂ ယောက်၊ ၃ ယောက်လောက်ထိ
အဲဒီဆေးခန်းကို မသွားနိုင်ဘူး။ အခမဲ့ ဖြစ်လို့ လာကုကြတာ။

ဘာကုသတဲ့သူတွေဟာ လေနဲ့ပတ်သက်တဲ့ရောဂါ၊ သွေးတိုးနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာသည်တွေ များပြီး


သွေးတိုး၊ နှလုံးနဲ့ ဆီးချို ရောဂါသည်တွေအတွက် ဆေးဝါးတွေ ပြန်ဖြည့်ရမယ်လို့ ဆိုပါတယ်။
အိတ်ခ်ျအိုင်ဗွီ�အေအိုင်ဒီအက်စ်ရောဂါနဲ့ ပတ်သက်တဲ့ ဟောပြောမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့လည်း
အခုလိုပြောပါတယ်။

�ဒီကိစ္စနဲ့ ပတ်သက်လို့ ရှက်တယ်ကြောက်တယ်ဆိုတဲ့ဥစ္စာကို ပျောက်ဖို့နဲ့ ဒီရောဂါဖြစ်ရင် မကြောက်ဖို့


ရောဂါဖြစ်နိုင်တဲ့ လက္ခဏာတွေ ရောဂါဖြစ်လာရင် ဘယ်လိုစောင့်ရှောက်တယ်၊ ဘယ်လိုကုသတယ်၊ ဒီမှာလည်း
ဘယ်လို ချိတ်ဆက်ပြီး ကာကွယ်ပေးနိုင်တယ်ဆိုတာကို သူတို့ နားဝင်နိုင်တဲ့ စကားနဲ့ ဆွေးနွေးတယ်။�

လက်ရှိ သူတို့ဆီမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင် သုံးလေးဦးလောက် ရှိနေပြီး ထပ်မံရောက်ရှိလာရင်လည်း


မဖြူဖြူသင်းတို့နဲ့ ချိတ်ပြီးတော့ ရန်ကုန်ကိုပို့ဆောင်မယ်လို့ ပြောပါတယ်။ ပြည်သူ့ကျန်းမာရေး
လေ့လာစောင့်ကြည့်အကုအညီပေးရေးအဖွဲ့ဟာ ကိုယ်ပိုင်ငွေကြေးတွေ တတ်နိုင်သလောက်စုပြီး
လိုအပ်တဲ့ဆေးဝါးတွေကို ဝယ်ယူစုဆောင်း ကုသပေးနေကြရတာဖြစ်တယ်လို့ ကိုကျော်ဝင်းက
ဆက်ပြောပါတယ်။

�ကျနော်တို့က မပြည့်စုံတော့ မနေ့က ပြီးတဲ့အချိန်မှာ ပြန်အားယူနေရတယ်။ ဆေး ၂ သိန်းဖိုး၊ ၃ သိန်းဖိုး


ကျနော်တို့ဝယ်ထားတယ်။ ကျနော်တို့ အနည်းဆုံး နေရာ ၂ နေရာ၊ ၃ နေရာလောက် ကုသွားလို့ရတယ်။
လျော့သွားရင် ကျနော်တို့ ဆေးတွေပြန်ဖြည့်မယ်။ စုဆောင်းထားပြီး ကျနော်တို့ လိုအပ်တဲ့အနေအထားနဲ့
ဒီနေရာမှာ လူ ၂ဝဝ- ၃ဝဝ လောက် ကျနော်တို့ ကုနိုင်တဲ့အနေအထားမျိုး ရှိတယ်ဆိုရင် ကျနော်တို့
ဆင်းတယ်ပေါ့။�

ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူးနေ့ကို ပြည်တွင်း ကရင်နီ အများစု မသိကြ


တနင်္လာနေ့၊ ဧပြီလ 04 ကန္တာရဝ
ရ၀တီတိုင်း(မ်)

ယနေ့ ကျရောက်သည့် ကရင်နီ မျိုးနွယ်စုဝင်များ အားလုံးနှင့်သက်ဆိုင်သောကရင်နီနှစ်သစ်ကူး နေ့ ကို


ကရင်နီပြည်နယ်တွင်းရှိ ပြည်သူများ အများစုက မသိဘဲ ဖြစ်နေကြသည်။

“ကျနော်တို့ လူမျိုးတွေမှာ နှစ်သစ်ကူးနေ့ ရှိမှန်း မသိဘူး။ ပြောဆိုသံ တွေလည်း မကြားဖူးဘူး” ဟု


ကရင်နီပြည်နယ် လွိုင်ကော်မြို့မှ အသက် သုံးဆယ် အရွယ် အမျိုးသား ဖြစ်သည့် ဘော်ရယ်က ပြောသည်။

ကရင်နီ ပြက္ခဒိန် အားဖြင့် တန်းခူးလဆန်း တစ်ရက်နေ့သည် ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူး အချိန်အခါ


ဖြစ်ပြီး ယခုအခါ ကရင်နီ နှစ်ဖြင့်ဆိုလျှင် ၂၇၅၀ ခုနှစ် ရှိပြီဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် Karenni Religion
Culture and Development Committee (KRCDC) မှ ဒါရိုက်တာ ဦးတော်ရယ်က ပြောသည်။

“ပြည်တွင်းမှာက နအဖ ခေတ်က သတ်မှတ်ထားတဲ့ နေ့ထူးနေ့မြတ်တွေကိုပဲ ပွဲလမ်းသဘင်တွေ


ကျင်းပလေ့ရှိတယ်။ ဒီဘက်က ကရင်နီ လူမှုအဖွဲ့အစည်းတွေ သတ်မှတ်ထားတဲ့ ရက်တွေက နအဖအစိုးရနဲ့
မတူဘူး။ နအဖ ခွင့်ပြုတာ မပြုတာတော့ မသိဘူး။ ပြည်တွင်းဘက်က လူတွေက မကျင်းပရဲကြဘူး။
ပြည်တွင်းမှာက ပွဲတွေ လုပ်တဲ့ အစဉ်အလာ မရှိတော့ မလုပ်ဘူးပေါ့။ စာပေယဉ်ကျေးမှုတွေထဲမှာလည်း
ရေးထားတာ မရှိဘူး။ သင်ကြားထားတာတွေလည်း မရှိပါဘူး” ဟု ဦးတော်ရယ်က ဆိုသည်။

နှစ်သစ်ကူးနေ့သည် ဘိုးဘွားစဉ်လာအရ သတ်မှတ်ခဲ့သော နေ့တစ်နေ့ ဖြစ်သောကြောင့် ကရင်နီ တော်လှန်းရေး


အဖွဲ့အစည်း ခေါင်းဆောင်များက ဦးဆောင်ပြီး စဉ်လာမပျက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက
ဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင် တဖက်ခြမ်းရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) တွင် ကရင်နီ


မျိုးနွယ်စု အားလုံးက ကရင်နီ အမျိုးသားတစ်ရပ်လုံး နှစ်သစ်ကူး အထိမ်းအမှတ်ကို ကြိုဆိုသော အနေဖြင့် ဧပြီလ
၃ ရက်နေ့ ညအချိန်၌ ၀တ်ပြုဆုတောင်းပွဲကို ကျင်းပခဲ့ကြသည်။

ဝတ်ပြုဆုတောင်းပွဲကို သွားရောက်ခဲ့သော ဆရာကြီး ခူးဦးရယ်က “နှစ်သစ်ကူးတော့မယ် ဆိုပြီးတော့ လာမည့်


နှစ်မှာ တိုင်းသူပြည်သားအားလုံး ငြိမ်းချမ်းဖို့ ဆုတောင်းပေးတာပေါ့။ ဘာသာပေါင်းစုံ ဆုတောင်းကြပါတယ်” ဟု
ပြောသည်။

နှစ်သစ်ကူး ဆုတောင်းဝပ်ပြုသည့် ပွဲတော်သို့ ရိုးရာယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီလူမှုအဖွဲ့


အစည်းများမှ ခေါင်းဆောင်များ၊ နှစ်ခြင်း အသင်းတော်မှ ဘာဘာရေးခေါင်းဆောင်များ၊ ကက်သလစ်ဘာသာမှ
ဘာသာရေးခေါင်းဆောင်များ၊ ဒုက္ခသည်စခန်းအတွင်းမှ ကရင်နီ မျိုးနွယ်စုများ အားလုံးလာရောက်ဆုတောင်း
ခဲ့ကြပါသည်။

မြန်မာဆက်သွယ်မည့် ရထားလမ်း ဘင်္ဂလာဒေခ်ျ့တွင် စတင် တည်ဆောက်ပြီ


တနင်္လာနေ့၊ ဧပြီလ 04 နိရဉ္စရာ သတင်းဌာန

မြန်မာနိုင်ငံ အပါအ၀င် အာရှ ရထားလမ်း ကွန်ယက်နှင့် ဆက်သွယ်ရန် ရည်ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ


အနေဖြင့် သူနိုင်ငံအတွင်း ရထားလမ်းကို မြန်မာနယ်စပ် အထိဆက်သွယ် ဖေါက်လုပ်တော့မည် ဖြစ်ကြောင်း
သတင်း ရရှိသည်။

အဆိုပါ ရထားလမ်း ဖေါက်လုပ် တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာက


ယမန်နေ့ တနင်္ဂနွေနေ့တွင် နယ်စပ်မြို့ ကော့ဘဇားတွင် အခမ်အနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဆက်သွယ်ထားသည့် ရထားလမ်းမှာ ဒက္ကားမြို့တော်မှ စစ်တကောင်း တောင်ပိုင်း
ဒူလစရီ အထိသာ တည်ရှိပြီး အဆိုပါ ရထားလမ်းကို ကော့ဘဇားခရိုင် မြန်မာ နယ်စပ်အထိ
တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ ရထားလမ်းအတွက် တာကာငွေ ကုဋေ ၂၀၀၀ နီးပါးခန့် အကုန်ကျခံကာ တည်ဆောက်မည် ဖြစ်ပြီး


၂၀၁၃ ခု ဒီဇင်ဘာလတွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဘင်္ဂလာဒေခ်ျ့
နိုင်ငံသည် မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်နိုင်ငံထိ ရထားလမ်းဖေါက်လုပ်ရန်နှင့် ထိုရထားလမ်းမှ တဆင့်
တရုတ်နှင့် ကုန်သွယ်မူကို အထူး လိုလားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှ အမ်း- မင်းဘူးထိ ရထားလမ်း တစ်ခုကို


ဖေါက်လုပ်နေရာ အဆိုပါ ရထားလမ်းနှင့် ဘင်္ဂလာဒေခ်ျ့မှ ရထားလမ်းကို ဆက်စပ်နိုင်ကြောင်း သို့သော်လည်း
မောင်တောမှ ကျောက်တော်ထိ ရထားလမ်းကို ဖေါက်လုပ်ရန် လိုအပ်နေကြောင်း လေ့လာသူများက ပြောသည်။

ဗြိတိသျှ ခေတ်တုန်းက ဘူးသီးတောင်နှင့် မောင်တောအကြားတွင် ရထားလမ်း တစ်ခု တည်ရှိပြီး မြန်မာနိုင်ငံ


လွတ်လပ်ရေး ရပြီးနောက် အဆိုပါ လမ်းကို အသုံးပြုခြင်း မရှိတော့ကြောင်း သိရသည်။

ယခု ဘင်္ဂလာတွင် ဖေါက်လုပ်မည့် ရထားလမ်းမှာ တစ်မီတာကျယ်ရထားလမ်းမျိုးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ


မြန်မာနိုင်ငံကို ဖြတ်ပြီး အာရှရထားလမ်းကွန်ယက်နှင့် တရုတ်နိုင်ငံတို့ကို ဆက်သယ
ွ်မည် ဖြစ်ကြောင်း
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။

စံပြကျေးရွာများတွင် နေထိုင်ရန် ဗမာပြည်မှ အိမ်ထောင်စု ၁၄၃ စု မောင်တောသို့ ရောက်ရှိ


တနင်္လာနေ့၊ ဧပြီလ 04 - နိရဉ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်တည် ဆောက်ပေးနေသော စံပြကျေးရွားများတွင် နေထိုင်ရန် အတွက်


ဗမာပြည်မှ မိသားစု ၁၄၃ စုသည် လွန်ခဲ့သော သောကြာနေ့ကမောင်တော သို့ ရောက်ရှိ လာကြောင်း သတင်း
ရရှိသည်

မောင်တော အစိုးရ ၀န်ထမ်း တစ်ဦးမှ “ စုစုပေါင်း မိသားစု ၁၄၃ စု ဖြစ်ပါတယ်။ လူဦးရေက စုစုပေါင်း ၄၂၂
ဦးပါဝင်ပါတယ်။ သူတို့ထဲက မိသားစု ၄၀ ကို တောင်ပြိုမှာ နေရာချထားပေးပြီး ကျန်တဲ့ မိသားစုတွေကိုတော့
ညောင်ချောင်းနဲ့ ခရေမြိုင်မှာ နေရာချထား ပေးပါတယ်” ဟု ပြောသည်။
ယခု ပြောင်းရွေ့လာသော မိသားစုများမှာ (၁၉)ကြိမ်မြောက် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ပြောင်းရွှေ့လာသူများ
အားလုံးမှာ ရန်ကုန်မှ ဖြစ်ကြောင်း သိရသည်။

ယခုပြောင်းရွှေ့လာသူမိသားစုများထဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ အနောက်ပိုင်းခရိုင်မှ


အိမ်ထောင်စု ၁၇ စု၊ တောင်ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ မြောက်ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ ရဲတပ်ဖွဲ့မှ
အိမ်ထောင်စု ၁၄ စုနှင့် အကျဉ်းဦးစီးမှ အိမ်ထောင်စု ၆၁ စု ဖြစ်သည်။

“ သူတို့ကို ရန်ကုန်ကနေ တောင်ကြီး သင်္ဘောနဲ့ စစ်တွေကို မတ်လ ၂၈ ရက်နေ့က ပြောင်းရွှေ့ခဲ့တာပါ။


မောင်တောကိုတော့ ဧပြီ ၁ ရက်နေ့မှာ ရောက်ပါတယ်။ မောင်တော ကညင်တန်း ရပ်ကွက်မှာ နေရာ
ချထားပေးပြီး အဲဒီကတဆင့် စံပြကျေးရွာတွေကို အသီးသီး ပို့ဆောင်ခ့တ
ဲာ ဖြစ်ပါတယ်” ဟု သူက
ဆက်ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် တည်ဆောက်နေသော စံပြကျေးရွာစီမံကိန်းကို ၁၉၉၉ ခုနှစ်မှ


စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ အိမ်ထောင်စု ၁၈၀၉ စု၊ လူဦးရေ စုစုပေါင်း ၆၂၃၃ ဦးကို
ပို့ဆောင်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ပြောင်းရွှေ့လာသူများထဲတွင် ရန်ကုန်ကသာမက မြန်မာပြည် အရပ်ရပ်က လူများလည်း ပါဝင်ပြီး လုပ်ကိုင်


စားသောက်ရန် လယ်မြေများ၊ စက်ကရိယာများနှင့် နေထိုင်ရန် အိမ်များကိုလည်း အခမဲ့ အစိုးရမှ
ကူညီထောက်ပံ့ကြောင်း သိရသည်။

ယခုအခါ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် စံပြကျေးရွာပေါင်း ၅၀ ကျော်


တည်ဆောက်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှ အိုးမဲ့အိမ်မဲ့များ ရခိုင်တွင် နေရာချထား


ခင်ဦးသာ Monday, 04 April ဧရာဝ
ဧရာဝတီ

ရန်ကုန်တိုင်း အတွင်းမှ အိုးမဲ့အိမ်မဲ့ဖြင့် နေထိုင်စရာ မရှိသော အိမ်ထောင်စုများကို အာဏာပိုင်များက


ရခိုင်ပြည်နယ် နယ်စပ်ဒေသ မြို့များဖြစ်သည့် ဘူးသီးတောင်၊ မောင်းတော မြို့များ၌ နေရာချထားပေးနေကြောင်း
သိရသည်။

“မောင်းတောနဲ့ ဘူးသီးတောင် မြို့နယ်၂ ခုမှာ အိမ်ထောင်စု ၄၄၀ လောက်ရောက်နေပါပြီ၊


နေရာချထားပေးရေးအတွက် စစ် တပ် နဲ့ ဒေသ အာဏာပိုင်တွေက စီစဉ်နေဆဲပါ”ဟု မောင်းတောမြို့ခံတဦး က
ဧရာဝတီ ကို ပြောသည်။

ရခိုင်ပြည်နယ်သို့ ပို့ဆောင်နေရာ ချထားမည့်သူများသည် ရန်ကုန်တိုင်း အတွင်းရှိ နေရာအစုံမှပါဝင်ပြီး အများစုမှာ


အိုးအိမ် ပိုင် ဆိုင်မှုမရှိခြင်း၊ နေရာအတည်တကျ မရှိခြင်း စသည့် လူများနှင့် စစ်တပ်၊ ရဲတပ်ဖွဲ့တို့မှ
ထုတ်ပယ်ထားသူများ၊ ထောင်ထွက်များ ပါဝင်ကြောင်း သိရသည်။

၎င်းတို့အား မတ်လကုန်ပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောကြီးများဖြင့် တင်ဆောင်ပြီး စစ်တွေမှတဆင့်


ဘူးသီးတောင်၊ မောင်းတော ဒေသများသို့ စစ်တပ်နှင့်ပြည်နယ် အစိုးရသစ်အဖွဲ့၏
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး စစ်တပ်ကိုယ်စားလှယ် က ဦးဆောင်ကာ ပို့ဆောင်ပေးကြောင်း
စစ်တွေမြို့ခံများက ပြောသည်။

ထိုလူများကို အစိုးရက မက်လုံးအမျိုးမျိုးပေးကာ ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော် နေထိုင်ရမည့်နေရာသို့


ရောက်သောအခါ ၎င်းတို့ပြောဆိုသည့်အတိုင်း မဟုတ်၍ အများစုမှာ ပြန်လည်ထွက်ပြေးသွားကြကြောင်း
ဒေသခံများထံမှ သိရသည်။

“အစပိုင်းကတော့ လယ်၊ နွား၊ အိမ်တွေဆောက်ပေးတာတွေရှိခဲ့တယ်၊ နောက်ပိုင်းမှာ မပေးတာများလာတယ်၊


ဒီတော့ပြန်ပြီး ထွက်ပြေးသွားကြတယ်။ တချို့ကျပြန်တော့လည်း အလုပ်လုပ်မစားချင်တော့ ခိုးတယ်၊ လုတယ်၊
ဓားမြတိုက်တာတွေ လုပ်ကြ တယ်”ဟု ဒေသခံ တဦးက ဆိုသည်။

ယခုရောက်နေသော အိမ်ထောင်စု ၄၀၀ ကျော်အား သီးသန့်ရွာတည်ပေးခြင်းမျိုး မဟုတ်ဘဲ


ပြောင်းရွှေ့လာသူများအတွက် တည်ဆောက်ထားသော ကျေးရွာများ၌ နေရာချထားပေးရန် စစ်တပ်က
စီစဉ်နေကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်းတော ၂ မြို့နယ်၌ ပြောင်းရွှေ့ကျေးရွာ များဖြစ်သော အောင်မင်္ဂလာ၊ ခရေမြိုင်၊


ရွှေရင်အေး၊ ထက်ဝက် ချောင်း၊ အောင်ဇေယျ၊ ဗန္ဓုလ၊ တောင်ပြို စသည်ဖြင့် ရွာ ၁၀ ရွာ ကျော်ရှိကြောင်း၊
ထိုကျေးရွာများအား နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများရွာ(နတလ) ဟု အမည်ပေးထားကြောင်း ဒေသခံ
တဦးက ရှင်းပြသည်။

“အောင်ဇေယျ ရွာမှာတော့ အစိုးရဆီ အလင်းဝင်ထားတဲ့သူတွေနဲ့ ထောင်ထွက်တွေပဲ ရှိပါတယ်၊ အစ္စလမ်


ဘာသာဝင်တွေနဲ့ မကြာ ခဏ ပြဿနာဖြစ်တာတွေ ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

နေရာထိုင်ခင်း အတည်တကျမရှိသူများကို ရခိုင်ပြည်နယ် နယ်စပ်ဒေသများသို့ ပို့ဆောင်ပေးခဲ့ခြင်းအား ဦးနေ၀င်း


အစိုးရ လက်ထက်မှ စတင်ခဲ့ပြီး နအဖ လက်ထက်တွင်လည်း အများအပြားပို့ဆောင်ပေးခဲ့သည်။

“အစိုးရ ပြောတာတော့ ဒီဒေသတွေမှာ တိုင်းရင်းသားအစုံရှိထားဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့


ပို့ဆောင်တာလို့ သိရပါတယ်၊ စနစ်တကျ လုပ်မပေးနိုင်ရင်တော့ စားဝတ်နေရေး ပြဿနာတွေ၊ လုယက်မှုတွေ
ဆက်ဖြစ်လာနိုင်တယ်”ဟု မောင်းတော ဒေသခံ က ဆိုသည်။

ထိုဒေသသည် စစ်တပ် အများအပြား စခန်းချသော နယ်မြေလည်း ဖြစ်သည်။

ဘူးသီးတောင်၊ မောင်းတော ဒေသရှိ လူဦးရေ ၅ သိန်းကျော်အနက် အစ္စလမ်ဘာသာဝင် ၉၀


ရာခိုင်နှုန်းကျော်နေထိုင်ပြီး ရခိုင်လူမျိုး၊ ဗမာလူမျိုး၊ ချင်း၊ မြို၊ ခမီ၊ သက် စသည့် တိုင်းရင်းသား လူမျိုး ၅
သောင်းဝန်းကျင်နေထိုင်ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းမှ အိမ်ခြေမဲ့သူများအား ရခိုင်ပြည်နယ်၏ နယ်စပ်ဒေသများ၌ နေရာချထားပေးခြင်းကို ၁၉၉၉


ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အိမ်ထောင်စု ၁၈၀၉ စု၊ လူဦးရေ ၆၂၃၃ ပို့ဆောင်ပေးခဲ့ပြီး ယခုအကြိမ်သည် ၁၉
ကြိမ်မြောက် ဖြစ်ကြောင်း အလဲဗင်း မီဒီယာ အွန်လိုင်း သတင်း၌ ရေးသားထားသည်။

အိမ်ထောင်စုတစုလျှင် လူဦးရေ ၅ ဦးအထက်ရှိပါက ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀ နှင့် ၅ ဦးအောက်ဆိုပါက


ကျပ်၂၀၀၀၀ အပြင် အိမ်သုံးပစ္စည်း တချို့ပါပေးဆောင်ကြောင်း ယင်းသတင်းက ဆိုသည်။
ထောင်ဝင်စာ တွေ့ရေးအတွက် ရှမ်း NLD ထောက်ပံ့မည်
မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၀၄

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းဒေသခံ နိုင်ငံရေးအကျဉ်းသားများထံ ထောင်ဝင်စာ တွေ့နိုင်ရေးအတွက်


မိသားစုဝင်များကို လစဉ်ထောက်ပံ့ကြေး ၅၀၀၀ ကျပ် ပေးသွားမည်ဟု ရှမ်းပြည်နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ပါတီက စာရင်းကောက်ယူမှုအရ ရှမ်းပြည်နယ်ဒေသခံ နိုင်ငံရေး အကျဉ်းသား ၂၅ ဦး ရှိနေပြီး၊ တဦးကို


တလလျှင် ကျပ် ၅ဝ၀ဝ ထောက်ပံ့သွားမည့် အစီအစဉ် ဖြစ်သည်။

၂၅ ဦးထဲတွင် ၁၉၉ဝ ရွေးကောက်ပွဲ၌ တောင်ကြီး မဲဆန္ဒနယ် အမတ် ၁ မှ အနိုင်ရခဲ့သည့် NLD အမတ်


ဦးကျော်ခင်လည်း ပါဝင်သည်။ သူသည် ထောင် ၂ ကြိမ် ကျခံရသူဖြစ်ပြီး ပထမတကြိမ် ထောင်ဒဏ် ၁ဝ နှစ်နှင့်
ယခု ဒုတိယအကြိမ်တွင် ၁၄ နှစ် ကျခံနေရသည်။ ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်း ရှိ တောင်လေးလုံးထောင်၌
ရှိနေသည်။

ပထမအကြိမ် ထောင်ဒဏ်ကျခံရစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တခုအကြောင်း ရိုက်ကူးထားသည့်


ဗီဒီယိုခွေ လက်ဝယ်တွေ့ရှိသဖြင့် စွဲချက်အတင်ခံခဲ့ရသည်။ ၁ဝ နှစ်ကျခံခဲ့ရာမှ ပြန်လွတ်အပြီး ၅၂ ရက်အကြာ
၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထပ်မံဖမ်းဆီးခံရကာ နိုင်ငံရေးပုဒ်မ ၅/ည၊ ပုံနှိပ်ဥပဒေတို့ဖြင့် ထောင်ချခံရခြင်း
ဖြစ်သည်။

“အဲဒီလူတွေကို ကျမတို့က ကိုယ့်ပြည်နယ်ကနေပြီးတော့ပေါ့နော်၊ သူတို့ကို လေးစားဂုဏ်ယူတဲ့အနေနဲ့


ကိုယ့်ပြည်နယ်က ပေးတဲ့ အစီအစဉ်တခုကို ကျမတို့ ဒီနှစ်မှာမှ ပေးတာပါ” ဟု ရှမ်းပြည်နယ် NLD အတွင်းရေးမှူး
ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များသည် ဝေးလံအရပ်သို့ သွားရောက်ကာ ထောင်ဝင်စာ မတွေ့နိုင်သဖြင့်


ပြည်နယ်/တိုင်းအလိုက် ပံ့ပိုးပေးလျှင် ကောင်းမွန်သည့် အစီအစဉ်ဟု ရှမ်းပြည်နယ် NLD က ဆိုသည်။

“ပြည်နယ်အလိုက် ကျမတို့ ပံ့ပိုးနေတာကို သိသွားကြရင် ကိုယ့် တိုင်းနဲ့ ပြည်နယ်အတွက် တခြား တိုင်းနဲ့


ပြည်နယ်တွေကပါ လိုက်လုပ်လာကြမယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေအတွက် အသက်ရှူ
ချောင်တာပေါ့ရှင့်။ နယ်ဝေးထောင်တွေကျတော့ သွားစရိတ် လာစရိတ်နဲ့ကို မကာမိဘူးလေ” ဟု NLD
ဗဟိုဦးစီးအဖွဲ့ဝင် တဦးလည်းဖြစ်သူ ဒေါ်ခင်မိုးမိုးက ပြောသည်။

ရှမ်းပြည်နယ်လိပ်စာဖြင့် ထောင်ကျခံရသူ မည်သည့် တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားကိုမဆို


ထောက်ပံ့မည်ဖြစ်ရာ ယခုအခါ တောင်းကြီးမြို့ပေါ်မှ ဦးကျော်ခင် (တောင်လေးလုံးထောင်)၊ ဦးထွန်းညို
(ဗူးသီးတောင်)၊ ကိုညီညီမိုး (မြင်းခြံ)၊ စိုင်းမျိုးဝင်းထွန်း (ပခုက္ကူ) နှင့် ကိုအောင်ဇော်ဦး (လားရှိုး) တို့၏
မိသားစုများကို ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

ယခု အစီအစဉ်ကို မတ်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်မှ NLD ခေါင်းဆောင်များနှင့် NLD အဖွဲ့ချုပ်


ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ဆွေးနွေးခဲ့သေးသည်။
ရန်ကုန် NLD ရုံးချုပ်ကလည်း နိုင်ငံရေး အကျဉ်းသားများအတွက် ကူညီနေပြီး ဦးရေ ၆ဝဝ ကျော်ကို လစဉ်
၅,ဝဝဝ ကျပ်စီ ထောက်ပံ့နေသည်။

“သမ္မတကော၊ အစိုးရအသစ်ကကော ဒီအစီအစဉ်လေး (နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း) ကို


အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူလူထုက သူတို့ကို ပိုပြီး ချစ်ခင်လာမှာပေါ့။ နည်းနည်း ပြည်သူလူထုရဲ့
အာဃာတတွေကို ပြေပျောက်ဖို့ကတော့ အမြန်ဆုံး လုပ်နိုင်တဲ့ အလုပ်ကို အမြန်ဆုံး
အကောင်အထည်ဖော်လိုက်ရင် အကောင်းဆုံးပါပဲ” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

မြန်မာအကျဉ်းထောင်များတွင် တိုင်းရင်းသား ၃၂၄ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝ၇၆ ဦး


ရှိသည်ဟု ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏
ယခုနှစ် မတ်လထုတ် စာရင်းများအရ သိရသည်။

နောက်ဆုံး အင်တာဗျူး

စရိတ်မျှပေး ကျန်းမာရေးဆီသို့ (၂)


ထွန်းထွန်း | တနင်္လာနေ့၊ ဧပြီလ ၀၄ မဇ္ဈိမ

နယူးဒေလီ ။ ။ မြန်မာနိုင်ငံတွင် အများပြည်သူ ကျန်းမာရေးအတွက် “စရိတ်မျှပေး ကျန်းမာရေး” အစီအစဉ်ကို


ပြဋ္ဌာန်းထားသော်လည်း အောင်မြင်မှု မရှိကြောင်း ပြည်သူ့ကျန်းမာရေးအတွက် ဆောင်ရွက်ပေးနေသည့်
အဖွဲ့အစည်းနှင့် လူမှုအခြေပြု အဖွဲ့များက ပြောသည်။

“စရိတ်မျှပေး ကျန်းမာရေး” မူဝါဒကို ချမှတ်လုပ်ကိုင်နေသော်လည်း အဆိုပါမူဝါဒ မမှန်ကန်ခြင်း၊ ပြည်သူများ


အနေဖြင့် ဆေးဝါးကုသမှုကုန်ကျစရိတ်များကို မိမိကိုယ်တိုင်ကသာ ကျခံနေခြင်းကြောင့်
မအောင်မြင်ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ကျန်းမာရေးနှင့် ပညာရေးကော်မတီတွင်
ကျန်းမာရေးစီမံကိန်း ဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့ဖူးသူ ဒေါက်တာသီဟမောင်က မဇ္ဈိမကို ပြောသည်။

နာရေးကူညီမှုအသင်း၏ သုခ ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံဟောင်းဖြစ်ကာ လက်ရှိအသင်း၏


ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်ရွှေဇီးကွက်ကမူ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများနှင့် ဆေးကုသခံယူသူ လူနာများ၏
စာရိတ္တပျက်ပြားမှုများက ပြည်သူ့ကျန်းမာရေးအတွက် ထိရောက်အောင်လုပ်ဆောင်ရာတွင်
အခက်အခဲဖြစ်စေသည်ဟု သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လူငယ်တာဝန်ခံတဦးဖြစ်သူ မဖြူဖြူသင်းကလည်း လက်ရှိ တိုင်းပြည်၏


စီးပွားရေးချွတ်ခြုံကျမှု၊ ပြဋ္ဌာန်းထားသည့် နိုင်ငံတော်ဘက်ဂျက်တွင် ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲမှုမှာ
နည်းပါးနေခြင်းများနှင့်လည်း သက်ဆိုင်နေသည်ဟု ဆိုသည်။

မဖြူဖြူသင်းမှာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် HIV/AIDS နှင့် အတူနေထိုင်သူများအတွက် ဂေဟာ


ဖွင့်လှစ်၍ အခမဲ့ ကူညီနေသူလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကျေးလက်နှင့် ဒေသန္တရ ကျန်းမာရေးဌာနများ တည်ဆောက်ပေးလျက်ရှိပြီး ၁၉၈၈ ခုနှစ်တွင်


ကျေးလက်ကျန်းမာရေးဌာန ၁၃၃၇ ခုနှင့် ဒေသန္တရ ကျန်းမာရေးဌာန ၆၄ ခု ရှိခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင် ကျေးလက်
၁၅၀၈ နှင့် ဒေသန္တရ ၈၆ ခုထိ ရှိလာသည်ဟု ၂ဝ၁၁ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် နိုင်ငံတ၀န်း ဖွံ့ဖြိုး တိုးတက်လာသော
အခြေခံအဆောက်အအုံများ - ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဆောင်းပါးတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စရိတ်မျှပေး ကျန်းမာရေး ဖြစ်ပေါ်လာနိုင်ဖို့အတွက် မအောင်မြင်ရသည့် အကြောင်းအရင်းများ၊


အခက်အခဲများ၊ ပြင်ဆင်သင့်သည့်အချက်များ၊ အစိုးရအနေဖြင့် လုပ်ကိုင်သင့်သည့် အချက်များနှင့် လက်ရှိ
ပြဋ္ဌာန်းထားသည့် ကျန်းမာရေးအသုံးစရိတ်အပေါ် အမြင်သဘောထားများကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက
ဆက်သွယ်မေးမြန်းထားသည်။

မြန်မာပြည်မှာ “စရိတ်မျှပေး ကျန်းမာရေး”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လုပ်ဆောင်နေတယ် ဆိုပေမယ့်


မအောင်မြင်ဘူးဆိုပြီး ပြောဆိုမှုတွေ ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အခမဲ့ ကုသရေးလုပ်ဆောင်ပေးနေတဲ့
အဖွဲ့အစည်းအနေနဲ့ ဘယ်လိုမျိုး သုံးသပ်နိုင်ပါသလဲ။

ဒေါက်တာသီဟမောင်

“စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ဟာက တကယ်တမ်းမှာ ကျနော်တို့ အယူအဆအရ ဖြစ်သင့်တဲ့ ကျန်းမာရေး


စောင့်ရှောက်မှုမျိုးတော့ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ တကယ့်တကယ်တမ်းမှာ ပြည်သူ့
ကျန်းမာရေးမှာ ဆောင်ရွက်ရမယ့်ကိစ္စက လူထုအခြေပြုအဖွဲ့အစည်းတွေကို အခြေခံတဲ့ ပဏာမ
ကျန်းမာရေးစောင့်ရှောက်မှုတို့၊ နောက် ဒီ့ထက်ပိုလိုအပ်လာလို့ရှိရင် ကျနော်တို့ ဥပမာ ဆေးရုံတွေမှာ Secondary
Care ခေါ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေါ့”

“အခု မြန်မာပြည်မှာ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ဟာက ကောင်းသလိုလိုနဲ့ တကယ့်တကယ်တမ်းမှာ ကျတော့


အခု ကြားကြားနေတာက စရိတ်အကုန်ပေး ကျန်းမာရေး ဖြစ်နေတယ်ဗျ။ အကုန်ပေး ကျန်းမာရေးဆိုတာက
ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူချင်တဲ့ ဆေးရုံသွားတဲ့သူဟာ ပတ်တီးလိပ်၊ ဂွမ်းလိပ်၊ ဆေး
အကုန်ဘာမှမကျန် အကုန်ဝယ်ပေးရတယ်ဆိုတော့ စရိတ်မျှပေး ကျန်းမာရေးဆိုတာက ကျနော်တို့က
အမြဲပြောလေ့ရှိတာ စရိတ်အကုန်ပေး ကျန်းမာရေးပေါ့လေ”

“အဲဒီတော့ အဓိက အကျဆုံးကတော့ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းဆိုင်ရာ မူဝါဒမှာ စရိတ်မျှပေး


ကျန်းမာရေးဆိုတဲ့ ပေါ်လစီမျိုး ပေါ်လာတာဟာ တကယ့်တကယ်တမ်းမှာ မြန်မာပြည်ရဲ့ ကျန်းမာရေး
အခြေအနေ၊ ကျန်းမာရေး အဆင့်အတန်းကို မြင့်လာအောင် လုပ်တာနဲ့မတူဘဲနဲ့ ပိုပြီးတော့ ဆိုးသွားအောင်
လုပ်တာနဲ့ တူတယ်လို့ ကျနော်တို့ ယူဆပါတယ်”

ဒေါ်ရွှေဇီးကွက်

“ဒါကလေ တာဝန်ယူလုပ်ကိုင်တဲ့ သူတွေမှာလည်း တော်တော် တာဝန်ရှိတယ်။ သူတို့ကလည်း အရမ်းကို


မှန်ကန်ရမယ်။ နောက်ပြီးတော့ အကူအညီတောင်းတဲ့ဘက်ကလည်း မှန်ရမယ်။ ကျမတို့ အဲဒီ့ဟာတွေ နှစ်ခုစလုံး
အမြဲ ရင်ဆိုင်ရတယ်။ သူတို့ဘက်ကလည်း မှန်အောင် ကြိုးစားရတယ်။ အကူအညီတောင်းတဲ့ ဘက်ကလည်း၊
လူနာတွေဘက်ကလည်း မသမာမှုတွေ ရှိတတ်တယ်။ သူတို့က တကယ်မဆင်းရဲဘဲနဲ့ ဆင်းရဲတယ်ပြောတာ
အဲဒါမျိုးတွေလည်း ကြုံရတတ်တယ်”

“ပြီးတော့ ဒီဘက်ကကျတော့လည်း၊ ပေးတဲ့သူတွေကျတော့လည်း တကယ်လို့ ဒီစရိတ်မျှပေး ပိုတဲ့၊ တကယ်


ရထားတဲ့ငွေကို တကယ်လိုအပ်တဲ့လူနာတွေကို မျှပြီး သုံးပေးဖို့ မလုပ်ဘဲနဲ့ ကိုယ်ကျိုးအတွက်
သုံးလိုက်တာမျိုးတွေ။ ဒါမှမဟုတ်ရင် တခါတလေ တချို့ဆေးရုံမှာ ကြားဖူးတာပေါ့နော်။ လကုန်သွားရင်
အဲဒီစရိတ်မျှပေးအတွက် ယူထားတဲ့ ဂွမ်းတွေ၊ ပက်တီးတွေ ဘာညာတွေ အကုန်ရောင်းပြီးတော့
ခွဲဝေယူလိုက်တာမျိုးလည်း ကြားဖူးတယ်။ ကိုယ့်ကို လာပြီးတော့ ကိုယ်နဲ့ ခင်တဲ့သူ ဒါမှမဟုတ် ကိုယ့်ကို
လာဘ်ထိုးတဲ့သူအတွက် သုံးပေးလိုက်တာမျိုးတွေလည်း ရှိတယ်”

“အဲဒါတွေက နှစ်ဖက်စလုံးက အရမ်းကို ဖြောင့်မတ်နေမှ အောင်မြင်နိုင်မယ့် ကိစ္စတွေပါ”

မဖြူဖြူသင်း

“အဓိကကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေး ချို့တဲ့လာတာပေါ့နော်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ စရိတ်မျှပေး


ကျန်းမာရေးဆိုတာတောင်မှ တော်တော်များများက မတတ်နိုင်ကြတော့ဘူး။ အခုနောက်ပိုင်း တွေ့ရတာကတော့
ဆေးရုံ၊ ဆေးခန်းတွေတောင် လူနာတော်တော်များများ မသွားတော့ဘဲနဲ့ ဒီအတိုင်းကို နေနေကြတာတွေ
တွေ့ရတယ်။ အဓိကကတော့ ဘာ့ကြောင့်လဲဆိုရင် ဒီတိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ
ဆုတ်ယုတ်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ ၀င်ငွေက ကျဆင်းလာတယ်ဆိုတော့ ဒီကျန်းမာရေးကို သူတို့
သိပ်ဂရုမစိုက်တော့ဘူး။ စရိတ်မျှပေးတဲ့ ဟာတောင်မှ သူတို့မှာ မျှပေးနိုင်တဲ့အင်အား မရှိတော့တာကို
တွေ့ရတယ်။ အဲဒါကြောင့်မို့ မအောင်မြင်ဘူးလို့ ပြောလို့ရတာပေါ့”

ဒီစနစ်အောင်မြင်ဖို့ လုပ်ဆောင်မယ်ဆိုရင် ဘာတွေက အခက်အခဲတွေ ဖြစ်နေမလဲ။

ဒေါက်တာသီဟမောင်

“ဘာတွေက အခက်အခဲရှိမလဲဆိုတော့ တကယ့်တကယ်တမ်းမှာက ဆေးရုံတွေမှာ ကျန်းမာရေး


စောင့်ရှောက်မှုကိုပေးဖို့ဆိုရင် တကယ့် ကျန်းမာရေးအသုံးစရိတ်။ ကျန်းမာရေးအသုံးစရိတ်ကလည်း ခင်ဗျာတို့
သိတဲ့အတိုင်းပဲလေ။ အခု ၂၀၁၁ ခုနှစ်အတွက်ကို ကျန်းမာရေးအသုံးစရိတ်က နိုင်ငံတော် ဘက်ဂျက်မှာ
ရှိတဲ့အခါမှာ ကျန်းမာရေးကော ပညာရေးကော နှစ်ခုပေါင်းတောင်မှ စစ်ရေးအသုံးစရိတ်ထက်
အဆပေါင်းများစွာနည်းတဲ့ ဥပမာ… ၄၊ ၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ပဲ ဆိုတဲ့အခါကျတော့
ကျန်းမာရေးအသုံးစရိတ် နည်းပါးမှုဟာလည်း ကျန်းမာရေးစောင့်ရှောက်မှုကို အခက်အခဲဖြစ်စေတာလည်း
ပါပါတယ်”

“နောက်တဖက်ကလည်း ဘာလဲဆိုလို့ရှိရင် ပုဂ္ဂလိကပေါ့လေ။ Private Sector ကို မြှင့်ပေးရာ များတဲ့အခါမှာ


အစိုးရဘက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှု၊ စောစောက ပြောခဲ့တဲ့ အသုံးစရိတ်လို ဟာမျိုးပေါ့လေ။
မများတဲ့အပြင် လျော့လျော့လာတယ်ဆိုတော့၊ ပြင်ပပုဂ္ဂလိက ဆေးခန်းတွေ မှိုလိုပေါက်ပြီးတော့၊ ပြောတာတော့
ရှိတာပေါ့ဗျာ။ နိုင်ငံတကာ အဆင့်မီအောင် အခု ဘာတွေ လုပ်နိုင်တယ်၊ ညာတွေ လုပ်နိုင်တယ်ပေါ့။ ဒါပေမဲ့
တကယ့် ပြည်သူ့ကျန်းမာရေးရှုထောင့်က ကြည့်တဲ့အခါမှာ ပြည်သူလူထုအတွက် လိုအပ်တဲ့
ကျန်းမာရေးစောင့်ရှောက်မှုမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ ငွေများ
တရားနိုင်ဆိုတာမျိုးဆိုတော့ ငွေရှိမှ ဆေးကုနိုင်မယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်ရတာပေါ့”

“အဲဒီတော့ ဒါတွေဟာ စောစောက ပြောတဲ့ အသုံးစရိတ်ပိုင်းနဲ့လည်း ဆိုင်တယ်။ နောက်တချက်က ပြင်ပ


ပုဂ္ဂလိကဆေးရုံတွေပေါ့လေ။ ဆေးရုံတွေ ဆေးကုခန်းတွေကို ဖွင့်ခွင့်၊ ဆောင်ရွက်ခွင့်ကို ဇောင်းပေးတဲ့ အခါမှာ
အဲဒီလိုမျိုး ဖြစ်လာတယ်။ အဲဒီတော့ ပြည်သူ့ဆေးရုံတွေမှာ ကြည့်လိုက်မယ်ဆိုရင် ဆေးဝါးမပြည့်စုံတာ ရှိသလို
ပြင်ပဆေးရုံ၊ ဆေးခန်းလုပ်ငန်းမှာ ပိုပြီး အောင်မြင်တယ်ဆိုတဲ့အခါကျတော့ ပြည်သူ့ဝန်ထမ်း တချို့တွေလည်းပဲ
ဆေးရုံ၊ ဆေးခန်းရဲ့ စောင့်ရှောက်မှုထက် ပြင်ပပုဂ္ဂလိကမှာ၊ အထူးကု ဆေးရုံတွေမှာ လုပ်တာက ပိုပြီးတော့
အဲဒီ့ဘက်ကို စိတ်သန်တဲ့ သဘောမျိုးတွေ ရှိတယ်။ အဲဒါသည်လည်းဘဲ မအောင်မြင်ရတဲ့ အကြောင်းရင်းထဲမှာ
ပါတယ်”

ရွှေဇီးကွက်

“လူရဲ့ အကျင့်စာရိတ္တလို့ ပြောရမယ် ထင်တယ်။ လူတွေရဲ့ အကျင့်စာရိတ္တတွေက အတော့်ကို ခြစားနေကြတာ။


စရိတ်မျှပေးဆိုတာကတော့ အမှန်မှန်ကတော့၊ အဓိကကတော့ တတ်နိုင်တဲ့ လူနာဆီက ပိုက်ဆံနည်းနည်း
ပိုယူလိုက်တယ်။ ကျမတို့ ဆေးခန်းနဲ့ကျတော့ နည်းနည်းအဆင်ပြေတာက ကျမတို့ ဆေးခန်းက လူတွေကိုပဲ
ကျမတို့ ဆေးရုံတွေ ပို့ပါတယ်။ ဆေးရုံတွေပို့ရင် ကျမတို့ကို စရိတ်မျှပေးထဲ ထည့်ပေးတယ်”

“ထည့်ပေးတဲ့ အခါကျတော့ တော်တော်လေး သက်သာသားပဲ။ တယောက်ကို လွန်မှ ၁၅၀၀၀၊ ၂၀၀၀၀


လောက်နဲ့ သူတို့ ပြီးအောင် လုပ်ပေးတယ်။ ကျမ မေးကြည့်တယ်။ ဘာလို့ အဲဒီလောက် သက်သာအောင်
လုပ်ပေးနိုင်တာလဲဆိုတော့ ဒါကတဲ့…သူတို့ လူနာတယောက်ကို ဟိုဝှာလုပ်တယ်ဆိုရင် တကယ်လို့ ဂွမ်းက
လက်တ၀ါးလောက်ပဲ လိုရင် အဲဒီ့လက်တ၀ါးစာပဲ တွက်တယ်။ စပရစ်က လက်သုံးလုံးလောက်ဘဲ
ကုန်တယ်ဆိုရင် အဲဒီလောက်ပဲ အတိအကျ တွက်ပေးတဲ့အတွက် အဲဒီလောက်ပဲ ကုန်တာ”

“စရိတ်မျှပေးကျတော့ သူတို့က ၁၀၀၀၀၊ ၂၀၀၀၀ ကုန်မယ့်သူကို၊ စပရစ် လက်သုံးလုံးလောက်ပဲ ကုန်မယ့် သူကို


သူက တပုလင်း၊ ၂ ပုလင်း မှာလိုက်တာပေါ့။ ပိုတာကို သူတို့က သိမ်းထားပေးပြီးတော့ တခြားလူနာကို
သုံးပေးရမှာ။ အဲဒီလိုမျိုး သုံးမပေးဘဲနဲ့ ရောင်းစားပစ်လိုက်တာမျိုးတွေ။ မသုံးပေးတဲ့အခါကျတော့
လူနာဘက်ကလည်း တကယ်မလိုအပ်ဘဲနဲ့၊ သူတို့ဘာသာ သူတို့ မဆင်းရဲဘဲနဲ့ ဆင်းရဲတဲ့ပုံစံမျိုးနဲ့ လာပြီးတော့
အကူအညီ တောင်းတာမျိုးတွေမှာ အရမ်းကို နှစ်ဖက်စလုံးရဲ့ စာရိတ္တမှာ အများကြီး တည်ပါတယ်”

မဖြူဖြူသင်း

“အဓိက ပြောမယ်ဆိုရင် ဒီဟာတွေ အောင်မြင်အောင်လုပ်ဖို့ ပြောရမယ်ဆိုရင် နိုင်ငံရေးပဲ ပြန်ရောက်သွားမှပဲ။


နိုင်ငံထဲမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးတွေ ပြေလည်လာမယ်၊ လုပ်ငန်းကိုင်ငန်းတွေ ရှိလာမယ်
ဆိုရင်တော့ အားလုံးက ဒီလိုမျိုး သွားလို့ရတာပေါ့။ အခုလက်ရှိ အခြေအနေကတော့ ပြောရမယ်ဆိုရင် နိုင်ငံရဲ့
ဖြန့်ကျက်နေတဲ့ ကိစ္စတွေပေါ့နော်။ အဲဒါတွေကြောင့်မို့လို့ မြင်တယ်။ အခု မြန်မာပြည်ထဲမှာဆိုရင် ပြည်သူတွေ
အားလုံးက စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသဖြင့် အားလုံး ချွတ်ခြုံကျတဲ့ အခြေအနေဖြစ်နေပြီလေ”
“နောက်တချက်ကကျတော့ လူတန်းစားဆိုတာကလည်း တအားကြီးကို ကွာခြားသွားပြီ။ ကားရှိတဲ့သူနဲ့
မရှိတဲ့သူပေါ့။ လူလတ်တန်းစားဆိုတဲ့အလွှာက မရှိတော့ဘူး။ မရှိတော့တဲ့အခါကျတော့၊ အားလုံး
တော်တော်များများက ပျောက်သွားတဲ့ အခါကျတော့ ဆင်းရဲတဲ့သူတွေကျတော့လည်း တအားကို ဆင်းရဲချို့တဲ့ပြီး
ရှိတဲ့သူဆိုရင် တအားရှိနေကြတယ်။ အဲဒီလိုမျိုး နှစ်ခုကွဲသွားတဲ့အခါကျတော့ လူတော်တော်များများက ဒီလိုမျိုး
စနစ်ကို အောင်မြင်ဖို့ ဆိုလို့ရှိရင်တော့ အဲဒီစနစ်ကို အောင်မြင်ဖို့ဆိုတာထက် လက်ရှိလုပ်ရမှာက
မြန်မာပြည်ထဲမှာ အခမဲ့ပေါ့နော်”

“ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခုနလို စရိတ်မျှပေးဆိုတာထက် အခမဲ့ ရနိုင်အောင် အစိုးရ


အဆင့်ဆင့်ကနေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေလိမ့်မယ်လို့ မြင်တယ်။ ဒီအတိုင်း
ဆက်သွားနေရင်တော့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး”

ဒီစနစ်အောင်မြင်အောင် ကိုယ်တိုင်လုပ်ဆောင်ရမယ်ဆိုရင် ဘယ်အချက်တွေကို အရင်ပြင်ဆင်ချင်သလဲ။

ဒေါက်တာသီဟမောင်

“ကျနော် ပြည်တွင်းမှာတုန်းကလည်းပဲ နိုင်ငံဝန်ထမ်းအနေနဲ့လည်း ဆောင်ရက


ွ်ခဲ့ဘူးတယ်။ နောက်
ပြည်ပရောက်တဲ့ အခါမှာလည်း နိုင်ငံတကာ အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ပြောမယ်ဆိုရင် တကယ့်
တကယ်တမ်းမှာ ကျန်းမာရေး စောင့်ရှောက်မှုကို အားလုံး အခမဲ့နဲ့ အခမဲ့ ဆေးဝါးကုသရေးဆိုတာဟာ
မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးဖို့ ကြိုးစားနေတဲ့ နိုင်ငံအနေနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး’’

“အဲဒီတော့ ဖွံ့ဖြိုးတဲ့နိုင်ငံတွေ တောင်မှ နိုင်ငံတကာ အတွေ့အကြုံတွေပေါ် မူတည်ပြီး ပြောမယ်ဆိုရင်


ကျန်းမာရေး Health Insurance (ကျန်းမာရေးအာမခံ) ပေါ့လေ။ အဲဒီလိုမျိုးပေါ့လေ။ ကျန်းမာရေး
စောင့်ရှောက်မှုကို မျှပြီးတော့ ခံတဲ့၊ ဥပမာဆိုပါတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာ ဆိုလို့ရှိရင် ကျန်းမာရေး
စောင့်ရှောက်မှုအတွက် Life Insurance Policy ၊ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ ကျန်းမာရေးနဲ့ ပတ်သက်တဲ့
ဝန်ဆောင်မှုလုပ်ငန်းတခုပေါ့ဗျာ”

“ဥပမာပြောရရင် ထိုင်ဝမ်မှာဆိုလိုရှိရင် “ကျင့်ပေါင်” လို့ သူတို့ခေါ်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့


အာမခံကြေးပေါ့လေ။ လူတိုင်းက ပေးရတယ်။ ပြီးတဲ့အခါကျလို့ရှိရင် နိုင်ငံတော်က ဆောင်းပေးတဲ့ငွေနဲ့ အဲဒီ
ကိုယ်ထည့် ၀င်ထားတဲ့ငွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပြန်ပြီးတော့ ကူညီပေးတယ်ပေါ့လေ။ ဒါက
မြန်မာပြည်မှာ လုပ်တဲ့ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့ တခုရှိတဲ့ဥစ္စာက
ပြည်သူလူထုပိုင်းကလည်း တတ်နိုင်သလောက် ကိုယ့်ရဲ့ ၀င်ငွေ အနည်းအများပေါ်မှာ မူတည်ပြီးတော့
အချိုးကျထည့်ဝင်ရသလို နိုင်ငံတော် အစိုးရကနေပြီးတော့ ကျခံတာလည်း ရှတ
ိ ယ်ပေါ့လေ”

“ဒါပေမဲ့ လုံးဝ မတတ်နိုင်တဲ့ ဥပမာ ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် ကျနော်တို့ တချို့ သိပ်ဆင်းရဲတဲ့ လူတွေဆိုရင်


ဆေးရုံမှာ အကျိုးအကြောင်း ဆီဆီလျော်လျော် ခိုင်ခိုင်လုံလုံနဲ့ ပြောပြလို့ရှိရင် ဆေးဝါးကုသမှု ကုန်ကျစရိတ်
နည်းနည်းပါးပါးပဲ ကျခံစေတာတို့၊ နောက် သိပ်ဆင်းရဲလွန်းမက ဆင်းရဲရင်လည်းဘဲ အခမဲ့ ဆေးကုသပေးတာတို့
အဲဒီလိုမျိုးတွေ ရှိတယ်ခင်ဗျ။ အဲဒီတော့ ကျနော်ဆိုလိုတာက စရိတ်မျှပေး ကျန်းမာရေး ဆိုတာကို တကယ်
ထိထိရောက်ရောက် လုပ်မယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်သူ့ ဆေးရုံတွေမှာ တစုံတခုသော
အတိုင်းအတာအထိ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းအောင် လုပ်ပေးဖို့ဆိုရင် တချို့ဝင်ငွေကောင်းတဲ့၊
ဒါမှမဟုတ်ရင်လည်းပဲ အစိုးရကနေပြီးတော့ ၀င်ငွေထဲက ကျခံစေတဲ့ ကျန်းမာရေး အာမခံကြေးထည့်ဝင်မှုစနစ်
အဲဒီလိုမျိုးတွေ လုပ်ပေးမယ်ဆိုရင်တော့ စရိတ်မျှပေး ကျန်းမာရေးက အောင်မြင်လာနိုင်မယ်”

ရွှေဇီးကွက်

“ကျမတို့က အခု လုပ်ရင်းလုပ်ရင်းနဲ့ပေါ့။ ကျမတို့ အသုဘချတယ်။ အသုဘချတဲ့အခါမှာ


ဘာမြင်လာသလဲဆိုတော့ လူတွေဟာ မသေသင့်ဘဲ သေရတယ်။ ဆေးမကုနိုင်လို့။ အဲဒါနဲ့ ကျမတို့က လူတွေကို
ဆေးကုတဲ့ဟာကို ဆက်လုပ်လာတယ်။ ဆက်လုပ်လာတဲ့ အခါကျတော့ လူတွေဟာ သူတို့မှာ ဗဟုသုတ နည်းလို့
မနာသင့်ဘဲ နာတာကို မြင်လာတယ်။ အဲဒါကြောင့် ကျမတို့ ပညာရေးဘက်ကို ထပ်ကူးလာတာပေါ့”

“အသုဘကိစ္စတုန်းကတော့ လူတွေရဲ့ မသမာမှုကို ကျမတို့ သိပ်မတွေ့ရဘဲနဲ့ လူနာတွေဘက်ကလည်း


တော်တော်လေးကို အတ္တကြီးတာတွေကို ကျမတို့ မြင်လာတယ်။ အဲဒါလေးကို မြင်လာတဲ့အခါကျတော့
ကျမတို့က ဘာလုပ်ရသလဲဆိုတော့ အခု လူတွေရဲ့ စာရိတ္တတွေကိုပါ ပြင်ဖို့ ကြိုးစားနေတယ်။
နိုင်သလောက်ပေါ့နော်။ ကျမတို့အသင်းနဲ့ ဆက်စပ်မိတဲ့သူတွေက ကျမတို့ရဲ့ စည်းကမ်း။ ကျမတို့
စည်းကမ်းကလည်း အားလုံးအတွက် တပြေးညီသွားမယ့် စည်းကမ်း။ အဲဒီစည်းကမ်းထဲကို ၀င်အောင်၊
နေနိုင်အောင်လို့ ကျမတို့ ကြိုးစားတယ်။ ကျမတို့ဘက်ကလည်း တပြေးညီ အားလုံးကို ပြန်ဆက်ဆံနိုင်ဖို့
ကြိုးစားနေပါတယ်”

“အဲဒီမှာ အားလုံးက တပြေးညီ ကိုယ့်အတ္တကို ရှေ့တန်းမတင်ကြဘဲနဲ့ ကိုယ်ရသင့်ရထိုက်တဲ့နေရာမှာ ရသင့်


ရထိုက်သလောက်ကိုပဲ ယူပြီးတော့ ပိုယူဖို့ မကြိုးစားတဲ့အကျင့်ကို ရအောင် ကျမတို့ ကြိုးစားနေတယ်။
ကိုယ့်အသင်းသူ အသင်းသားတွေလည်း ရအောင်လုပ်နေသလို ကျမတို့နဲ့ ဆက်စပ်လာတဲ့သူတွေကိုလည်း
ကျမတို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲပေးနေပါတယ်”

မဖြူဖြူသင်း

“အဓိကတော့ ခုနပြောလိုဘဲ ပြည်သူတွေ စားဝတ်နေရေး ပြေလည်အောင်လုပ်ပြီးတော့မှဘဲ ဒီစနစ်ကို


သွားလို့ရမယ် မြင်တယ်။ အခုလောလောဆယ်ကတော့ မမြင်ဘူး။ ကျမတို့ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေတဲ့
အခြေအနေပေါ့နော်။ ကျမတို့ ၂၀၀၂ ကနေစပြီး ဒီကနေ့အထိ လုပ်လာတဲ့ခြေအနေမှာ ပြည်သူလူထုရဲ့
အခြေအနေက တဖြည်းဖြည်း ဆိုးဝါးလာတာကို တွေ့ရတယ်”

“ဘာ့ကြောင့်လဲဆိုတော့ ကျမတို့ ၂၀၀၂ တုန်းကဆိုရင် လူနာတွေကို ကူညီပေးရုံနဲ့တင်ကို အဆင်ပြေတယ်။


သူတို့ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင်လုပ်ပေးမယ်၊ ဆေးဝါးဘယ်နေရာမှာ ရနိုင်တယ်၊ ဘယ်နေရာမှာ
ဝယ်လို့ရတယ်၊ ဒီရောဂါ ဘယ်လိုကုသနိုင်တယ်။ ဒီလောက်ပြောတာနဲ့ကို လူတွေ အကုန်လုံးက
ကိုယ့်စရိတ်နဲ့ကိုယ် တတ်နိုင်ကြတယ်။ အခုနောက်ပိုင်း တွေ့ရတာကတော့ လူတွေ အကုန်လုံးက
ဆေးဝါးကုသဖို့နေနေသာသာ ဘယ်လိုတွေ ဖြစ်လာသလဲဆိုတော့ တချို့ဆိုရင် ဆေးဝါးကုသခံယူချင်တယ်။
ဆေးဝါးခ မပြောနဲ့ ခရီးစရိတ်တောင် မရှိတဲ့ မြန်မာပြည်လက်ရှိ အခြေအနေက အဲဒီလို ဖြစ်နေတဲ့အခါကျတော့
ဒိလိုစနစ်မျိုးသွားဖို့ဆိုတာ လက်ရှိ အခြေအနေအရ တော်တော်ကြီး ခက်လိမ့်မယ်လို့ ကျမ ထင်တယ်’’
“အဓိက လုပ်ပေးနိုင်မယ်ဆိုရင်တော့ နိုင်ငံတကာမှာလိုပဲ အစိုးရတရပ်အနေနဲ့က ကိုယ့်ပြည်သူလူထုရဲ့
ကျန်းမာရေး၊ အခြေခံကျန်းမာရေးတွေကို အခမဲ့လိုပုံစံမျိုး လုပ်ပေးနိုင်မှပဲ မြန်မာပြည်အခြေအနေနဲ့
သင့်တော်မယ်လို့ ထင်တယ်”

စရိတ်မျှပေး ကျန်းမာရေးစနစ် အောင်မြင်နိုင်ဖို့အတွက် အစိုးရကိုကော ဘာတွေ တိုက်တွန်းချင်သလဲ။

ဒေါက်တာသီဟမောင်

“ကျနော် ကျန်းမာရေးနယ်ပယ်မှာ ကျင်လည်ခဲ့တဲ့ သူတယောက်အနေနဲ့ နိုင်ငံတော်အစိုးရမှာ ဘာလုပ်ရမယ်


ဆိုတဲ့တာဝန် သူတို့ ပိုသိပါတယ်။ ကျနော်တို့ ကျန်းမာရေး ၀န်ထမ်းတွေအနေနဲ့ကတော့ ကျန်းမာရေး
အသုံးစရိတ်ကို နိုင်ငံတော်မှာရှိတဲ့ ဘက်ဂျက်အသုံးစရိတ်က ကျန်းမာရေး စောင့်ရှောက်မှုထက်ကို
ရှိသင့်ရှိထိုက်တဲ့ အချိုးအစားကို ချပေးဖို့ လိုတယ်”

“နောက်တချက်က နိုင်ငံတော်အစိုးရက ပြင်ပ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းတွေကို သိပ်ပြီးတော့


ဇောင်းပေးပြီးတော့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ အစိုးရဆေးရုံတွေမှာ ၀န်ဆောင်မှုလုပ်ငန်းကို
အားနည်းစေတာမျိုးကိုလည်း မဖြစ်သင့်ပါဘူး”

“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကြည့်တဲ့အခါမှာ ပြင်ပပုဂ္ဂလိကဆေးရုံတွေမှာ ပိုက်ဆရှိရင် ဘာမဆို


အကုန်လုပ်လို့ရတယ်ဆိုပေမယ့် ပြည်သူ့ဆေးရုံတွေမှာ ဗလာနတ္ထိဘဲ ဆိုတဲ့အခါကျတော့ ကျန်းမာရေး
စောင့်ရှောက်မှုကို လူတိုင်း မခံယူနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့”

ရွှေဇီးကွက်

“အမှန်မှန်ကတော့ အစိုးရအနေနဲ့ စရိတ်မျှပေး မထားသင့်ဘူးပေါ့နော်။ သြစတြေးလျလိုမျိုး လူနာတွေကို


အကုန်ကုပေးနိုင်ရင်တော့ ကောင်းတာပေါ့။ သူတို့အနေနဲ့လည်း ကျမတို့နိုင်ငံက သယံဇာတပေါတဲ့ နိုင်ငံပါ။
သယံဇာပေါတဲ့ နိုင်ငံဆိုတော့ ပြည်သူလူထုအပေါ်မှာ ပုံမချထားဘဲနဲ့ သူတို့ဘက်ကလည်း အတတ်နိုင်ဆုံး
လုပ်သင့်ပါတယ်”

“သူတို့လည်း ဒီသယံဇာတတွေ ရောင်းလို့ရတဲ့ငွေတွေနဲ့ ကျမတို့ရဲ့ပညာရေး။ အဓိကကတော့ စာရိတ္တနော်။


တိုင်းပြည်အတွက် လိုအပ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကိုတော့ ဒီ့ထက် အများကြီး ဘက်ဂျက်ကို
သုံးပေးနိုင်ရင်တော့ ဒီကိစ္စတွေက နည်းနည်း ပိုပြီးတော့ အဆင်ပြေလာမှာပေါ့။ အခုက အချင်းချင်း
ကူရတဲ့ကြားမှာ အချင်းချင်းကလည်း မနိုင်မနင်း ကူရသလိုတွေ ဖြစ်နေကြလို့ပါ”

မဖြူဖြူသင်း

“ဘာတွေတိုက်တွန်းချင်သလဲဆိုတော့ အမှန်တကယ်ဆိုရင်တော့ အများကြီးပါ။ မြန်မာပြည်မှာ လုပ်ရမယ့်ဟာက


အစိုးသစ်တရပ်အနေနဲ့ ဘာပဲပြောပြော ပြည်သူလူထုက ရွေးချယ်တင်မြှောက်တယ်ပဲ ပြောပြော၊ မတရားအသင်း
အစိုးရလို့ပဲ ပြောပြော ဒါက အစိုးရတရပ် ဖြစ်သွားပြီပေါ့နော်။ ဒါ ပကတိ အခြေအနေတရားကိုး။ သူတို့အနေနဲ့
လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေက အများကြီးပဲ”

“ဘာ့ကြောင့်လဲဆိုတော့ ကျမတို့ တနိုင်ငံလုံးအနေနဲ့ ဖြစ်ပျက်နေတာပေါ့နော်။ တိုင်းနဲ့ ပြည်နယ်အနှံ့


ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတယ်လို့တောင် ပြောလို့မရဘူး။ လုံးဝကို မရှိသလောက် ဖြစ်နေပြီ။
ဒီရန်ကုန်ဒေသတွေမှာဆိုရင် ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးဝါးတွေလည်း မရှိဘူး။ ပြောရရင်တော့
ကျန်းမာရေးအနေနဲ့ လုပ်မယ်ဆိုရင် အများကြီး လုပ်ရမှာ။ ပညာပေးမှုအပိုင်းတွေ၊ ဆေးဝါးရရှိမှုအပိုင်းတွေ၊
တချို့ဆိုရင် ကျမတို့လုပ်နေတဲ့ HIV တင် မဟုတ်ဘူး။ တချို့ဆိုလို့ရှိရင် မသေဆုံးသင့်ဘဲနဲ့
သေဆုံးနေတယ်ပေါ့နော်။ ၀မ်းလျှောတာနဲ့လည်း သေနေကြတာပဲ မြန်မာပြည်မှာ”

“နောက်တခုက ကလေးတွေ။ အခုနောက်ပိုင်းဆိုလို့ရှိရင် ကလေးမွေးဖွားမှုနှုန်းနဲ့ သေဆုံးနေတဲ့ကလေးတွေ


အများကြီးပဲ။ အခုနောက်ပိုင်းဆိုရင် တွေ့နေရတယ်။ မြန်မာပြည်မှာက ဘာတွေလုပ်ရမလဲဆိုရင်
အစိုးရတရပ်အနေနဲ့ ဒီကျန်းမာရေးကို အခြေခံကစပြီး တတိုင်းတပြည်လုံးအနေနဲ့ တခုချင်းစီပေါ့နော်။ စနစ်တကျ
တခုချင်း ပြောင်းလဲသွားနိုင်မှဘဲ အဆင်ပြေလိမ့်မယ်လို့ မြင်တယ်”

အခု ပြဋ္ဌာန်းလိုက်တဲ့ ကျန်းမာရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီးကော ဘယ်လို မြင်ပါသလဲ။

ဒေါက်တာသီဟမောင်

“တကယ်ပြောမယ်ဆိုရင် စောစောက ကျနော်ပြောခဲ့သလိုပါပဲ။ ကျန်းမာရေး၊ ပညာရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့


အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ မရှိမဖြစ် အသုံးပြုရမယ့်၊ ခွင့်ပြုရမယ့်၊ သုံးစွဲရမယ့် စရိတ်တွေလေဗျာ။
ထို့အတူ နိုင်ငံတော် ကာကွယ်ရေး ဆိုတာကလည်းပဲ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးလာနိုင်တဲ့
အခြေအနေမျိုးမှာ ရှိတယ်ဆိုလို့ရှိရင်တော့ နိုင်ငံတော်အသုံးစရိတ်၊ စစ်စရိတ်ဆိုတာဟာ သုံးစွဲသင့်ထိုက်တဲ့
စရိတ်မျိုးပဲပေါ့လေ”

“ဒါပေမဲ့ နိုင်ငံတော်ကို ပြန်ထူထောင်နေတဲ့ အပိုင်းမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို


မြင့်မားစေချင်တယ်ဆိုရင်တော့ အချိုးမညီတဲ့ ဘက်ဂျက်ခွဲဝေချထားမှုတွေကတော့ မဖြစ်သင့်ဘူးလို့ ကျနော်
ယူဆပါတယ်’’

ရွှေဇီးကွက်

“ကျမပြောချင်တာကတော့ ဒီ့ထက်ပိုသုံးပေးစေချင်တာပေါ့ ဘက်ဂျက်ကို။ တိုင်းပြည်အတွက် တကယ်


လိုအပ်နေတဲ့ ဒီ့ထက်ပို သုံးပေးစေချင်တာပါပဲ။ သုံးမယ်ဆိုရင် တကယ့်ကို ထိထိရောက်ရောက်ပေါ့နော်။
တကယ်လိုအပ်တဲ့ ပြည်သူတွေဆီရောက်အောင် သုံးပေးစေချင်တာပေါ့နော်။ ချပေးလိုက်ပြီး ကြားထဲက
စားသွားတာမျိုးလည်း မဖြစ်အောင်လို့ ကျမ အဲဒါပြောတာပါ။ ကူညီခံတ့ဘ
ဲ က်ကကော၊ ကူညီတဲ့ဘက်ကကော
နှစ်ဖက်စလုံးက စာရိတ္တတွေက ဖြောင့်မတ်နေရမှာ”

“ဘက်ဂျက်ကတော့ ချပေးလိုက်ပါပြီ။ ပြည်သူလူထုဆီ မရောက်ဘူးဆိုတာလည်း မဖြစ်စေချင်ဘူးပေါ့။


တကယ်ကို လူနာတွေဆီ ရောက်တဲ့ စနစ်မျိုးနဲ့ လုပ်စေချင်ပါတယ်”
မဖြူဖြူသင်း

“ဟုတ်တယ်။ ဘတ်ဂျက်တွေမှာတော့ အမှန်တကယ် ကျန်းမာရေးနဲ့ပတ်သက်ပြီး နည်းနေတယ်။ သူတို့


စစ်အသုံးစရိတ်တွေ များတယ်ပေါ့နော်။ သူတို့ ပြဋ္ဌာန်းထားတဲ့အထဲမှာ။ အမှန်တကယ်ကတော့
နိုင်ငံတနိုင်ငံမှာတော့ ကျန်းမာရေး၊ ပညာရေး ဒါတွေကို အဓိကထားပြီးတော့ ဘက်ဂျက်တွေကို အများကြီး
ပြဋ္ဌာန်းထားရမယ်။ ဒါ တိုင်းပြည်အတွက် အရမ်းကို အရေးကြီးတဲ့ အခြေအနေပေါ့နော်။ ကျန်းမာရေးကြောင့်
လူငယ်တွေ မသေသင့်ဘဲ သေဆုံးနေတယ်။ ဒါဟာ ကျမတို့က ကျန်းမာရေးကိုလည်း အဓိကထားပြီးတော့
ဘက်ဂျက်အနေနဲ့ များများစားစား ထားပြီး သုံးစွဲသင့်တယ်လို့”

“နောက် ပညာရေးကဏ္ဍပေါ့။ ပညာရေးကဏ္ဍမှာလည်း တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပညာရေး


ကောင်းမှပဲ ဒီတိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာပါ။ အဲဒီအတွက် အများကြီးထားဖို့ လိုအပ်ပါတယ်။ ကျမတို့
တိုင်းပြည်မှာကတော့ ဘတ်ဂျက်ဆွဲတဲ့အခါမှာ အဲဒါတွေ အလွန်အားနည်းနေတာ တွေ့နေရပါတယ်’’

ပြီးဘီ The End

You might also like