Download as pdf or txt
Download as pdf or txt
You are on page 1of 22

အီးယူပတ

ိဆို့မတ
ှု ချို့ ခေတ္တလျှော့သော်လည်း NLD မူမပြောင်း
By ကိုဇော်ဝင်းလှိုင် ဗုဒဟ
ၶ ူး, 13 ဧၿပီ 2011
ထပ်ဆင့် ဖြန်ေ
့ ၀ရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုငင
်ံအပေါ်ထားရှတ
ိဲ့ ပိတဆ
ို့အရေးယူမှုတွေဟာ အကျိုးမဲ့လုပ်ရပ်မဟုတ်ဘူးလို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ အီးယူ
ဥရောပသမဂ္ဂက မြန်မာအာဏာပိုင်တွေအပေါ် ထားရှိတဲ့ ပြစ်ဒဏ်ထဲက တချို့အချက်တွေကို ခေတ္တ ဆိုင်း င့လ
ိုံက်တဲ့အပေါ် တုံ့ပြန် ပြောကြားရာမှာ NLD
ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောကြားလုက
ိတာပါ။ တချိန်တည်းမှာပဲ ပိတ်ဆို့ အရေးယူ ထားတာတွေကို ရုပသ
ိမ်းပေးဖို့ တောင်းဆိုနေတဲ့ ဒီမိုကရေစီ
မဟာမိတ် ၁၀ ပါတီအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဥက္ကဌ ဒေါက်တာ အေးမောင်ကတော့ အီးယူဖက်က အခုလို
သက်ညာမှုပြသလို မြန်မာအာဏာပိုင်တွေ ဖက်ကလည်း တုံ့ပြန် ဆောင်ရွကခ
်ျက် ပြသဖို့ မျှော်လင်တ
့ ယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတဆ
ို့အရေးယူမှုတွေနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထား မပြောင်းလဲတဲ့အကြောင်းကိုတော့ ပြောခွင့်ရပုဂ္ဂုလ
ိ
ဦးဉာဏ်ဝင်းက အခုလို တုံ့ပြန် ပြောဆုခ
ိဲ့ပါတယ်။
“ကျနော်တို့ Sanctions (ဒဏ်ခတ်ပတ
ိဆို့အရေးယူမ)ှု နဲ့ပတ်သက်ပြီးတော့ NLD မူက မပြောင်းပါဘူး။ အခု အီးယူကလုပတ
်ာကိုလည်း ကျနော်တန
ို့ားလည်တာက
Sanctions တွေ ရုပ်သိမ်း ဖို့ သူတို့ကလမ်းဖွင့်ပေးတဲ့ သဘောပဲ။ သူတက
ို့ Time Limit အချိန်ကာလ သတ်မှတ်ချက်လည်း ပါတယ်လို့ ပြောပါတယ်။
အဲဒသ
ီ တ်မတ
ှ်ချက်ပြည့်လို့မှ ဘာမှမထူးလာရင် အရင်အတိုင်းပဲ ပြန်ဖြစ်မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ယူလရ
ို့ ပါတယ်။ အဲဒီတော့ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့
Sanctions ဟာ ကျနော်တို့ကိစေ
ၥ တာ့ မဟုတ္ဘးူ ။ သုေ
ိ့ သာ် အဲဒါထားခြင်းအားဖြင့် ကျနော်တို့ အကျိုးမဲ့မဟုတဘ
်ူးလို့ ဒီလိုပဲမြင်ပါတယ်။”
NLD ပြောခွငရ
့် ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။
ရခိုငတ
ိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်ကတော့ အီးယူဖက်က အခုလို သဘောထား ပျော့ပြောင်းပေးလာသလိုပဲ
အစိုးရဖက်ကလဲ လိုက်လျော လုပ်ဆောင်ဖို့ သူ့အနေနဲ့ မျှော်လင်တ
့ ယ်လို့ ဆိုပါတယ်။
“ပျော့ပျောင်းလာတယ်လို့ပဲ ယူဆပါတယ်။ ကျနော်တို့ လက်ရှိလည်းပဲ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရက ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို
စတင်လှမ်း နေပြီလို့ ကျနော်တို့ ယူဆရတဲ့သဘောတွေကို မေးခွန်းသံုး ခုက ဖော်ပြနေတယ်လေ။ အဲဒီတော့ ကျနော်တို့ ပြည်ထောင်စုအစိုးရ အဖွဲ့မှာလည်း ခုနက
အီးယူကပြောသလိပ
ဲုလေ အရပ်သားတွေလည်း ပါလာပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ကောင်းဖြစ်နိုင်တာ ပေါ့နော်။ ဒါပေမဲ့လို့လည်း အခုလို အီးယူက စပြီးတော့
လျော့ပေါ့ပေးတာကို ကြိုဆိုပါတယ်။ အများကြီးလည်း ပွငလ
့် င်းမြင်သာတဲ့ ဒီမက
ို ရေစီအသွငက
်ူးပြောင်းရေး အစီအစဉ်လေး စနစ်တကျနဲ့ဖြစ်လာမယ်လို့ ကျနော်တို့
ပြည်ထောင်စုအစိုးရအပေါ်မှာ ကျနော်တို့ မျှော်မှန်းပါတယ်။ ကောင်းတဲ့လက္ခဏာကို စပြီး လှမ်းတယ်၊ အဲဒီဟာပေါ်ကို မူတည်ပြီးကာမှလည်း မြန်မာနိင
ုငံ
ပြည်ထောင်စု အစိုးရကလည်းပဲ သူလမ
ှ်းသလို ကိယ
ု့်ဖက်ကလည်း လှမ်းနိင
ုမယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။”
RNDP ပါတီဥက္ကဌ ဒေါက်တာအေးမောင် ပြောပြခဲတ
့ာပါ။ RNDP ပါတီဟာ အီးယူနဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် တခြားနိုင်ငံတွေက မြန်မာနုင
ိငံအပေါ်
ပိတဆ
ို့ အရေးယူထားတာတွေ ပြန်ရပ
ုသိမ်း ပေးဖို့ တောင်းဆုေ
ိ နကြတဲ့ ဒီမိုကရေစီ မဟာမိတ် ၁၀ ပါတီအဖွဲ့ဝင် ပါတီတခုလည်းဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နုင
ိငံများဆိုင်ရာ အီးယူသံအမတ်ကြီး ဒေးဗစ်လစ်ပ်မဲန် (David Lipman) ကတော့
အရေးယူမှုတွေ ခေတ္တရပ်ဆိုင်း ထားတာဟာ ထိတွေ့ဆက်ဆံမှု ပြုလုပလ
ိုတဲ့အတွက် ဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။ မြန်မာအစိုးရနဲ့ ဆက်ဆလ
ိုံပါတယ်။ တခြား ဒီမိုကရေစီ အင်အားစုတွေနဲ့ ထိတွေ့လပ
ိုါတယ်။ ဒါကြောင့်
ကျနော်တို့ဟာ ဒီ ဒဏ်ခတ်အရေးယူမှုအချို့ကို ဆိုင်း ငံ့လက
ိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အဆင့်မြင့် ထိတွေ့ဆက်ဆံရေးတွေ လုပ်နိုင်ဖို့အတွက် အခုလို
ဆိုင်း ငံတာဖြစ်ပါတယ်။”
အီးယူသံအမတ်ကြီး ဒေးဗစ်လစ်ပမ
်ဲန် ပြောကြားခဲ့တာဖြစ်ပါတယ်။
တိုး တက်မှုစစ်မစစ် သတိထားသုံးသပ်ဖို့ ဒေါ်စုတိုကတ
်ွန်း
By ဦးသိန်းထိုကဥ
်ီး ဗုဒဟ
ၶ ူး, 13 ဧၿပီ 2011
ထပ်ဆင့် ဖြန်ေ
့ ၀ရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ အားလုးံ ပါဝင်ခွင့် ရရှိရေးအတွက် ၀ိုင်း ၀န်းကူညီ ဆော်သြဖို့ မြန်မာ့ဒီမက
ို ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
နိုင်ငတ
ံ ကာ အမျိုးသမီး ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလက
ိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့
NLD ပါတီအပေါ် ကန်သ
့ တ် ပိတ်ပင်တာတွေ မလုပ်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ မနေ့ညက ၀ါရှငတ
် န်မြို့တော် ကနေဒီစင်တာ အဆောက်အဦးမှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုငင
်ံတကာ အမျိုးသမီး ခေါင်းဆောင်တွေကို Vital Voices Global Partnership အဖွဲ့ကြီးက ဆုပေးပွဲအခမ်းအနား ကျင်းပပြီး
ဒေါ်အောင်ဆန်းစုကြည်က ဗွီဒယ
ီိုနဲ့ အမှာစကား ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲအကြောင်း သတင်းကိယ
ုတိုငသ
်ွားယူခဲ့တဲ့ ကိုသိန်း ထုက
ိဦးက
တင်ပြထားပါတယ်။
“ဒီညမှာ ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလိပ
ုါတယ်။ မိသားစု၊ ပြင်ပကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရတာတွေကို
ကြံ့ကြံ့ခရ
ံ ပ်တည်ခဲ့သူ၊ သံမဏိလို ခွန်အားနဲ့ မယိမ်းမယိုင် ခိုင်မာတဲ့သူ” - လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ၀ါရှင်တန်မြို့တော်
သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ အမှတတ
် ရ အဆောက်အဦးကြီးရဲ့ ဆုပေးပွဲခမ်းမမှာ မနေ့ညက ပြောဆုသ
ွိားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ရေးအတွက် ရှေ့ဆောင်လမ်းပြ ရုန်းကန် လှုပရ
ှ်ားသူအဖြစ် ဆယ်စုနစ
ှ်ရဲ့ အသံဆိုတဲ့ ခေါင်းစဉ်နဲ့ Vital Voices Global
Partnership အဖွဲ့က ဂုဏ်ပြုချီးမြှငတ
့်ာ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကို မြန်မာနုင
ိငံရဲ့ နိုင်ငေ
ံ ရးဖြစ်စဉ်တွေမှာ ပါဝင်ခွငေ
့် ပးဖို့ မြန်မာ အာဏာပိုငေ
် တွကို ကျမထပ်ပြီး တောင်းဆိလ
ိုပါတယ်။
သူတို့ကို လွတ်လပ်စွာ လှုပ်ရှားခွငန
့်ဲ့ စုရုံးခွငေ
့် တွပေးဖို့လည်း တောင်းဆိုပါတယ်။” - လို့ အမေရိကန် နုင
ိငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က
ပြောဆုသ
ွိားပါတယ်။
၁၉၉၇ ခုနှစက
် တည်းက အဲဒီအချိန် သမ္မတကတော်ဟောင်း ဖြစ်ခတ
ဲ့ ဟီလာရီကလင်တန်နဲ့ နိုငင
်ံခြားရေး ၀န်ကြီးဟောင်း မယ်ဒလင်းအောဘရိုကတ
ို့က Vital
Voices Global Partnership အဖွဲ့ကို တည်ထောင်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးနဲ့ လွတ်မြောက်ရေးအတွက် ဦးစီးဦးဆောင် လှုပ်ရှားသူတွေကို နှစ်စဉ်
ဂုဏ်ပြုချီးမြင့်လေ့ ရှိပါတယ်။
မြန်မာ့ဒီမက
ို ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခမ်းအနားအတွက် ဗွီဒီယက
ို တဆင့် အမှာစကား ပေးပို့ခဲ့ပါတယ်။
“ကျမတို့ဟာ လွတေ
် မြာက်ရေးအတွက် ရုန်း ကန်လှုပ်ရှားနေသူတွေ၊ အခြေခံ အခွင့်အရေးအတွက် ရုန်း ကန် တိုက်ပွဲဝင်နေသူတွေ ဆုတ
ိာ လူတွေ သတိတရ
ရှိစေချင်ပါတယ်။ အမျိုးသမီးတွေအတွက် အခြေခံ အခွင့်အရေးတွေတင် မဟုတ်ဘဲ ပြည်သူပြည်သား အားလုံးရဲ့ အခြေခံ အခွင့်အရေးအတွက်
ရုန်း ကန်လှုပ်ရှားနေသူတွေ ဖြစ်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
တိုင်း ရင်းသားလူမျိုးစုဒေသတွေမှာ ဆယ်စုနှစ်ချီကြာခဲတ
ဲ့ ပဋိပက္ခတွေနဲ့အတူ မြန်မာပြည်ဟာ လွတ်လပ်ရေး ရပြီးကတည်းက စစ်မှနတ
်ဲ့ ညီညွတ်ရေးကို
မတည်ဆောက်နိုငေ
် သးတဲ့ အကြောင်းကိလ
ု ည်း ဒေါ်အောင်ဆန်းစုကြည်က ထည့သ
်ွင်း ပြောဆိသ
ွုားပါတယ်။ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေအကြား စစ်မှနတ
်ဲ့
စည်းလုးံ ညီညွတ်မက
ှို ဘယ်တိုင်း ရင်းသား မျိုးနွယ်စက
ု ဖြစ်ဖြစ် အမျိုးသမီးတွေ အချင်းချင်း ညီညွတ်မှုနဲ့ အစပျိုး ထူထောင်နင
ိုမယ်လို့ တွေးမိတဲ့အကြောင်းကိုလည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
“ပြီးခဲတ
ဲ့နှစ်က ရွေးကောက်ပွဲ ကျင်းပခဲ့တာ၊ အခု ရွေးကောက်ခံ ကိယ
ုစားလှယ်တွေနဲ့ လွှတေ
် တ်ာခေါ်ယူ ခဲ့တာကို ကြည့်ပြီး ဒါဟာ တိုးတက်မှုဖြစ်တယ်၊
ဒီမက
ို ရေစီရေး အတွက် ခြေလှမ်း တခု ဖြစ်တယ်လို့ ရှုမြင်သူတွေကို ကျမတို့အနေနဲ့ ပိုပြီး သတိထားဖို့ စစ်မှန်တဲ့တိးု တက်မှု ဟုတ်မဟုတ် သေသေချာချာ
သတိထားကြည့်ဖို့ သတိပေးချင်ပါတယ်။” - လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
ဒီအချိန် မြန်မာနိုငင
်ံမှာ လိုအပ်နေတဲ့အရာက နိုင်ငံရေးဖြစ်စဉ်တွေမှာ အားလုးံ ပါဝင်ခွင့် ရှိဖို့ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
မြန်မာပြည်ရဲ့ လက်ရှိအနေအထားကို တိုး တက်တဲ့အဆင့်လို့ မြင်ချင်တဲ့သေ
ူ တွက နိုင်ငံရေးဖြစ်စဉ်ဆတ
ိုာ ရွေးကောက်ခံ ကိယ
ုစားလှယ်တွေနဲ့
လွှတ်တော်ခေါ်ယူတာ လောက်ကိုပဲ အကန့်အသတ်နဲ့ အဓိပ္ပါယ်ဖွင့်ချင်နေကြတဲ့အကြောင်း၊ ဒီမိုကရေစီကို အခိုင်အမာ ယုံကြည်တယ် ဆုရ
ိ င် ပြည်သူတွေအနေနဲ့
သူတို့ဘာသာ လွတလ
်ွတ်လပ်လပ် ရွေးချယ်ပိုင်ခွငရ
့ှ်ိရမှာဖြစ်တဲ့အကြောင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆုသ
ွိားပါတယ်။
လွှတ်တော်ကတဆင့် ဆောင်ရက
ြ ္ခ်င္သေ
ူ တွ အနေနဲ့ ဆောင်ရွက်နိုငသ
် လို တဖက်မှာလည်း လွှတေ
် တ်ာပြင်ပက လှုပရ
ှ်ားဆောင်ရွက်လတ
ိဲု့ အမျိုးသားဒီမက
ို ရေစီ
အဖွဲ့ချုပ် (NLD) လို အဖွဲ့အစည်းတွေ အနေနဲ့လည်း တိုင်း ပြည်ရဲ့ နိုငင
်ံရေး၊ လူမှုရေးနဲ့ စီးပွားရေးဘ၀ စတဲ့ အခန်းကဏ္ဍတွေမှာ လွတ်လပ်လုံခြုံစွာ
ပါဝင်ဆောင်ရွကခ
်ွင့် ရှိသင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
အခမ်းအနားမှာ ဒီနစ
ှ်အတွက် Vital Voices Global Partnership အဖွဲ့ကြီးက ဆုချီးမြှင့်ခံရတဲ့ တခြား ကင်မရွန်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ အစ္စရေး စတဲ့ နိုင်ငက

ဆုရရှိသူ အမျီုးသမီးတွေကတော့ ဆုကို ကိယ
ုတင
ို လက်ခံယူကြပါတယ်။
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူး တူး၊ အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ်
တို့နဲ့အတူ တခြား ထင်ရှားတဲ့သေ
ူ တွရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ပြောပြချက်တွေပါတဲ့ ဗွီဒီယိုမတ
ှ်တမ်းတို ကိုလည်း ပြသပါတယ်။ အခမ်းအနား
အပိတ်မှာတော့ အိုင်ယာလန်နိုငင
်ံက ရော့ခ်တေးဂီတ အဆိုတော် ဘိုနို ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ညွန်းသီဆထ
ိုားတဲ့ Walk On ဆိုတဲ့ သီချင်းကို
သံစတ
ုီံးဝိင
ုးကြီးတွေနဲ့ ဖျော်ဖြေရေးအဖွဲ့တွေက ၀ိုင်းဝန်းသီဆိုပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့တာဖြစ်ပါတယ်။
သမ္မတဟောင်း မူဘာရက်နဲ့သားများ ထိန်း သိမ်းခံရ
ဗုဒဟ
ၶ ူး, 13 ဧၿပီ 2011
ထပ်ဆင့် ဖြန်ေ
့ ၀ရန်

• Digg

• Facebook

• StumbleUpon
• Yahoo! Buzz

• del.icio.us
အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) အပေါ် အဂတိလက
ိုစားမှုအတွက် စုံစမ်းစစ်ဆေးဖို့ ၁၅ ရက်ကြာ ထိန်းသိမ်း လိုကပ
်ါတယ်။
ပင္လယ္နေ
ီ ဒသက အပမ်းဖြေမြို့ဖြစ်တဲ့ ရှမ်အယ်လ်ရက
ှိ (Sharm el-Sheikh) မှာ အာဏာပိုငေ
် တွက မေးမြန်းစစ်ဆေးမှုတွေ လုပ်နေတုန်း နှလုံးရောဂါ
ဖောက်လာတဲ့အတွက် သမ္မတဟောင်းကို ဆေးရုံတင်လိုက်ရပြီ သိပ်မကြာခင် ဒီကနေ့မှာပဲ အစိုးရရှေ့နေတွေက ထိန်းသိမ်းမယ့် အကြောင်း ကြေညာလုက
ိတာပါ။
သူ့ရဲ့သား ၂ ယောက်ဖြစ်တဲ့ အာလာ (Alaa) နဲ့ ဂမဲလ် (Gamal) တို့ကိုလည်း မေးမြန်းမှုတွေလုပဖ
ို့ ၁၅ ရက်ကြာ ထိန်း သိမ်း လုက
ိတဲ့အကြောင်း အီဂျစ်နင
ိုငံ
သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီနှစဆ
် န်းပိုင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွလပ
ှုရှားသူတွေကို အင်အားသုံး နှိမ်နင်းရာမှာ အာဏာသုးံ ဆောင်ရွက်ခဲ့တာ၊ လူထုရဲ့
ပိုကဆ
်ံတွေကို အလွဲသုံးစားလုပ်တာတွေ ရှိတယ်ဆိုပြီး သမ္မတဟောင်း မူဘာရက်နဲ့အတူ တခြား ထိပ်တန်း အစိုးရတာဝန်ရသ
ှိုတွေအပေါ် စွပ်စွဲထားကြတာပါ။
ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတကတော့ သူ့အပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိသလို သူ့ရဲ့ဂုဏသ
ိက္ခာနဲ့ မိသားစုအတွက် ကာကွယ်သွားဖို့
အခွင့်အရေးရှိကြောင်းလည်း တုံ့ပြန်ပြောဆုထ
ိားတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလက လူထဆ
ု န္ဒပြပွဲတွေကနေ သူ့ကို ဖယ်ရှားခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ပြောလုက
ိတဲ့ ဒီတုံ့ပြန်ချက်ကိုတော့ တနင်္ဂနွေနေ့က
Al Arabiya သတင်းဌာနမှာ ပြသခဲ့တာဖြစ်ပါတယ်။
အိုင်ဗရီကစ
ို့် သမ္မတဟောင်းစစ်တပ် သမ္မတသစ်ကို သစ္စာခံပြီ
ဗုဒဟ
ၶ ူး, 13 ဧၿပီ 2011
ထပ်ဆင့် ဖြန်ေ
့ ၀ရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အိုင်ဗရီကစ
ို့်နိုင်ငရ
ဲံ့ မြို့တော် အဘိုငဂ
်ျန် (Abidjan) မှာ ရွေးကောက်ပွဲအပြီး ၄ လကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြန်လည်
တည်ငြိမ်လုံခြုံလာအောင် ပြင်သစ်နဲ့ အိုင်ဗရီကို့်စ် စစ်တပ်တွေက ကင်းလှည့် စောင့်ရှောက်နေကြပါတယ်။
သမ္မတအသစ် အလာစဲန်း ၀ါထရာရဲ့ အစိုးရအသစ်အောက်မှာ အလုပ်ပြန်ဝင်ကြဖို့ အရင် သမ္မတ လောရင်ဘ
့ က်ဘို (Laurent Gbagbo) ရဲ့ တပ်မတော်
အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖိလစ် မက်ဂူး (Philippe Mangou) က သူ့ စစ်သားတွေကို အမိန့်ပေးလိက
ုပါတယ်။
ခေါင်းဆောင်သစ်အပေါ်မှာ သစ္စာရှိကြောင်း သစ္စာဆိုရမယ်လို့ မစ္စတာ မက်ဂူး က ပြောပါတယ်။ တိုင်း ပြည် လုံခြုံရေးနဲ့ အဘိုင်ဂျန်မြို့ လုံခြုံရေး တာဝန်ကို
ကူညီယူရမယ်လလ
ို့ ည်း ခေါင်းဆောင်သစ်က တပ်ကို အမိန့်ပေးထားပါတယ်။
မစ္စတာ ဘက်ဘိုရဲ့ ထိပ်တန်း စစ်တပ် အရာရှိကြီးတွေဟာ အင်္ဂါနေ့က မစ္စတာ ၀ါထရာကို သစ္စာရှိမှာ ဖြစ်တဲ့အကြောင်း ကျန်းကျိန်ခဲ့ကြပါတယ်။ ဒါက မစ္စတာ
ဘက်ဘိုကို ဖမ်းပြီး နောက်တစ်ရက် အကြာမှာ ဖြစ်ပါတယ်။
မစ္စတာ ဘက်ဘို နဲ့ သူ့ဇနီးတိက
ို့ အဘိုင်ဂျန်မှာရှိတဲ့ ဂေါ့ဖ် ဟိုတယ် (Golf Hotel) ကို ခေါ်သွားခဲ့ပြီး ကုလသမဂ္ဂ စောင့်ရှောက်မှုအောက်မှာ ထားရှိထားပါတယ်လို့
ကုလသမဂ္ဂက ပြောပါတယ်။ သဟိဂ်မြို့မှာရှိတဲ့ နိုငင
်ံတကာ ရာဇ၀တ်မခ
ှုံရုံးကို မစ္စတာ ဘက်ဘို ကို ပုမ
ိ့ ယ်ဆတ
ိဲု့ ထင်မြင်မှန်းဆချက်တွေကို မစ္စတာ ၀ါထရာက
ပယ်ချလိုကပ
်ါတယ်။ အဖမ်းခံရတဲ့သူတွေကို ဂုဏ်သက
ိ ၡာရွိရွိ ဆက္ဆမ
ှာံဖြစ်ပြီး သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း လေးစားမှာဖြစ်တယ်လို့ မစ္စတာ ၀ါထရာက
ပြောပါတယ်။
http://www.voanews.com/burmese/news/

မူဘာရက် နှင့် သားနှစ် ဦး ကိဖ


ု မ်းဆီး ထိမ်းသိမ်း
April 13, 2011 Leave a comment Go to comments

12
0

မဲပေးပါ

မူဘာရက် က သူ့ အရိုက်အရာ ဆက်ခရ


ံ န် စီစဉ် ထားသည့် သား နှစဥ
်ီး သည် ယခု သမ္မတ နှင့် ဒု-သမ္မတ မဖြစ်ဘဲ ထောင်နန်းစံ ရတော့ မည် Photo-New York
Times
အီဂျစ် သမ္မတ ဟောင်း ဟိုစနီ မူဘာရက်
နှင့် သူ၏ အရိုက်အရာ ဆက်ခံ နိုငရ
် န် စီစဉ်
ထား ရှိ သည့် သားဖြစ်သူ ဂါမယ် မူဘာရက်
နှင့် သားနှစဥ
်ီး တို့ အား အီဂျစ် တရား ရံုး မှ
ယနေ့ ဖမ်းဝရမ်း ထုတ်ပြန် ပေးမှု အရ ယနေ့ 
ဖမ်းဆီး ထိမ်း သိမ်း လိုက် သည် ဟု အီဂျစ်
တရားရေးဌာန ၏ ဖေ့ဘွတ် စာမျက်နှာ
တွင် သတင်း ဖော်ပြ ထားသည်။
ပြည်သူများ၏ အုံကြွ တွန်းလှန်မှု ကြောင့်
ဖေဖော်ဝါရီလ ၁၁ ရက် နေ့ က သမ္မတ ရာ
ထူးမှာ စွန့် လတ
ွှ်ပေး ခဲ့ရသည့် မူဘာရက်သည်
ယမန်နေ က
့ ၎င်း နေထိုင် ရာ ရှမ် အယ်(လ) ရှတ
ိ ရှိ
ဆေးရုံ တစ်ခု တွင် နှလုံး
ရောဂါ အခြေအနေ ဆိုး ရွားမှု ကြောင့် တက်ရောက် ခဲ့ရသည်။
ယခု ဖမ်းဆီးထိမ်းသိမ်း မှု မှာ မူဘာရက် သမ္မတ အဖြစ် အာဏာကို ချုပ် ကိုင် ထားစဉ် အတွင်း ငွေကြေး
အလွဲ သုံးစား လုပ်မှု နှင့် လာဘ်စား မှု များ ကြောင့် ဖြစ်ကာ ဇန်န၀ါရီလ နှင့် ဖေဖော်ဝါ လူထု အုံကြွှ များ
တွင် ပစ်ခတ်မှု များ ကြောင့် ဆန္ဒပြသူများ သေဆုံးရ မှု အတွက် လည်း စစ်မေး မည် ဖြစ်သည်။
သမ္မတ ဟောင်း မူဘာရက် အား ရှမ် အယ် ရှတ
ိ ရှိ ပိရမ
ိ စ် ပုံ စံ တည်ဆောက် ထား သည့် ဆေး ရုံကြီး
တွင် စစ်ဆေး မေးမြန်း နေပြီ ဖြစ်သည်။
မူဘာရက် ကမူ သူသည် လာဘ် ပေး လာဘ် ယူ မှု မလုပ် ခဲ့ဘူး ဟု ငြင်းဆန်ထားသည်။
လက်ရှိ အိမ်စောင့် အစိုးရ နှင့် စစ်တပ် သည် မူဘာရက် လက်ထက် က ပြည်ထဲ ရေး ၀န်ကြီး အပါအ၀င်
ဝန်ကြီး ခြောက်ဦး နှင့် ထောက်လှမ်း ရေး ညွှန်ချုပ် နှစ်ဦး အပါအ၀င် အစိုး ရ အရာရှိ အများ အပြား ကို
ဖမ်းဆီးထားသည်။
အီဂျစ် ကာကွယေ
် ရး ဦး စီးချုပ် ဟူစန
ိ တန်တော် ဝေသည် မူဘာရက် လက်ထက် က ပြည်နယ် အုပ်ချုပ်
ရေး မှုများ နှင့် အလဇန္ဒြီးယား မြို့ မှ ရဲမှးု တစ်ဦး တို က
ို့ ရာထူး မှ ဖယ်ရှား ရန် ယမန်နေ့ က အမိန် ထ
ု့တ်
ပြန်ခဲ့သည်။
ယမန်နေ ထ
ု့တ် ၀ါရှင်တန် ပို စ
့် သတင်းစာက မူဘာရက် ၏ ချမ်းသာ ကြွယဝ
် မှုများ ကို ဤ သို့ ဖင
ွ့်ချ
ထားသည်။
မြန်မာ နှစသ
် စ် ကူး ရေသဘင် ပွဲတော် စတင်
April 13, 2011 Leave a comment

7
1

မဲပေးပါ

Burmese Kick Off New Year Celebrates Water Festival


နေပြည်တော် ရှိ မဏ္ဍပ် များ ထက် ပိမ
ို မော်ကြွှားပြီး ဆောက်လုပ် ခွင့် မရရှသ
ိ ည့် ရန်ကုန် မြို့ တော်ဝန် မဟာ သင်္ကြန် ဗဟို မဏ္ဍပ် အား သင်္ကြန် အကြို နေ့  မနက်
ကတွေ့ ရစဉ်

ရန်ကုန် မြို့ တော်ဝန် မဟာသင်္ကြန် မဏ္ဍပ် ဆောက် လုပ်ပြင်ဆင် နေသည်ကို ဧပြီလ ၁၁ ရက်နေ့ က တွေ့ ရစဉ်

မြို့ တော် ၀န် အသစ် က မဏ္ဍပ် အသစ် ကို သင်္ကြန် အကြို နေ့ ညနေ လေး နာရီ တွင် ဖွင့်လစ
ှ် ပေး မည် ဖြစ် သည်
ပန်ခ့် ယဉ်ကျေးမှု ဖက်ရှင် ဖြင့် တွေ့ ရသည့် လူငယ်များ

သင်္ကြနပ
်ွဲတော် နွှဲ ပျော်ကြသူများ
http://freedomnewsgroup.com/

Wednesday, 13 April 2011


ရန်ကုန်သင်္ကြန်အကြို
ဓာတ်ပသ
ုံ တင်း
ဧပြီ ၁၄၊ ၂၀၁၁
ရန်ကုန်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်မှ သင်္ကြနမ
် ယ်တို့၏ အက နှင့် အလှ (ဓာတ်ပမ
ျုာံး - getty images)

မြို့တော်ခန်းမရှေ့

ဧပြီ ၁၃၊ ရန်ကုန်

ဧပြီ ၁၃၊ ရန်ကုန်

မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်
သင်္ကြနမ
် ဏ္ဍပ်ဖွင့်ပွဲ နှင့် ရန်ကန
ုမြို့တော်ဝန်သစ် ဦးလှမြင့်

ရေပက်ခံမယ်၊ ကမယ်၊ ခုန်မယ်၊ ပျော်မယ်

ဒါ ရန်ကုန်သင်္ကြနပ
်ါပဲ

မတုင
ိမီ ဧပြီ ၁၂ ရက်နေ့ကပင် သင်္ကြနက
ို ကြိုနေသူများ
ဧပြီ ၁၂

ဧပြီ ၁၂
လူထေ
ု ဒၚအမာ ကြယလ
် န
ွ်ခြင်း ၃ နှစ်ပြည့် အခမ်းအနားများ ကျင်းပခဲ့ပြီး
ခင်သန်ဇ
့ င်၊ ရန်ကန
ု

ဧပြီ ၁၄၊ ၂၀၁၁


ထင်ရှားသည့် သတင်းစာဆရာနှင့် မြန်မာစာရေးဆရာမကြီး လူထေ
ု ဒ်ါအမာ ကွယ်လွန်ခြင်း နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၇ ရပ်နေ့ နံနက် ၁၀ နာရီက
မန္တလေးမြို့မြတောင် ကျောင်းတိုက် နှစ်၁၀၀ပြည့် သာသနာ့ဗိမာန်တွင်ကျင်းပခဲ့သည်။
မြတောင် ကျောင်းတိုကဆ
် ရာတော် အမှူးပြုပြီး သံဃာအပါး ၁၀၀ အားဆွမ်း ဆက်ကပ်ခဲ့သည်။ ထိုအခမ်းအနားသို့ စာပေမိတ်ဆွေ ရောင်းရင်းများကိုလည်း
ကျွေးမွေးဧည့်ခံခသ
ဲ့ ည်။ စာရေးဆရာ လူထေ
ု ဒ်ါအမာ မှာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိနတ
်ွင် အသက် ၉၇
နှစ်ရှိပြီဖြစ်သည်။
ဗုိလေ
် မာင်အေးနဲ့နွယတ
့်ဲဘဏ်၊ အိမ်ထူးအိမဆ
် န်း၊ ချယ်ရီဦး၊ မုရ
ွာံမီး
အေ၀းၾကည့္မွနေ
် ပြာင်း(ရန်ကုန)်
ဧပြီ ၁၃၊ ၂၀၁၁

အခုတလောမှာ ကမ္ဘာတလွှား ထူးခြား ဆန်းကျယ် ရင်နင်ဖ


ွ့ယ်တွေ ဆက်တိုက် ဆုသ
ိ လို ကြုံနေကြရပါတယ်။ လူတွေရဲ့အာရုံတွေ ထွေပြားလို့ တုန်လပ
ှု
ခြောက်ခြား ကမောက်ကမများလဲ ဖြစ်နေကြချိန်ပေါ့။ ဂျာနယ်တွေ ဖတ်ရသမျှ သတင်းတွေ ထပ်လွန်း လှလို့ ဘယ်ဟာ ရွေးရမှန်း မသိလောက်အောင်
အကြောင်းအရာတခုကို စုပြုံ ရေးသားကြတာ သတိထားမိလာရပါတယ်။ ဘယ်ဂျာနယ်ကြည့်ကြည့် ဒါဘဲ လို့ ပြောရမတတ်ပါ။ ရေးသား ထုတ်ဝေခွင့်
ဘောင်ကျဉ်းတာလဲ တခု အပါအ၀င် ဖြစ်ပေမယ်။ ဒီတော့ ရွေးနုတတ
် င်ပြလို့ရမယ်လို့ ထင်ရတဲ့ သတင်း အနည်းအကျဉ်းလောက်ကဘ
ုိ ဲ စာဖတ္သေ
ူ တြဆီ
အရောက် ပို့နိုငပ
်ါတော့တယ်။ သီးခံ ဖတ်ကြည့်ကြပါခင်ဗျာ။
Venus ဂျာနယ် (မတ်လ ၃၁)
ကမ္ဘောဇဘဏ်သတင်း
ဗိုလခ
်ျုပ်ကြီးမောင်အေး ရဲ့ ကျဆုးံ မှုနဲ့အတူ ပေါ်ပေါက်လာတဲ့ ကောလာဟလတို့ရဲ့ နောက်ဆက်တွဲ ဂယက်ပေါ့လေ။ ကမ္ဘောဇဘဏ် တာဝန်ရသ
ှိုတွေက
အသေအလဲ ရှင်းနေကြလေရဲ့။ ဆရာကျောင်း ဆုတ
ိာကို ဂုဏထ
်ူး ၀ိသေသနတွေ ဖေါ်ထုတ်ပြီး အတင်း ပွဲထတ
ုထားတဲ့ အထဲမှာ မောင်အေး သမီးကို
စာသင်ပေးခဲ့တဲ့ ကျောင်းဆရာ ကျူရှငဆ
် ရာ ဆိုတာတော့ ထည့်သွင်း ဖေါ်ပြထားတာ မတွေ့ရပါဘူး။ ဒီလိုပါဘဲလေ နီးစပ်ရာ ကြီးပွါးတဲ့ ခေတ်ကြီးမှာ ကျဆုံးမှု
ဆုတ
ိာကလဲ အာဏာနဲ့ရော စီးပွါးရေးပါ ပေါင်းလာရင် အရှိန် ပြင်းတတ်ပါတယ်။ သဗ္ဗေသတ္တာကမ္မသကာ ဆုတ
ိဲ့ ဥပေက္ခာစိတက
် လေးနဲ့ စောင့်ကြည့်ကြပါစို့။

Venus ဂျာနယ် (မတ်လ ၂၄၊ ၃၁)


(သစ်တောတွေ ဘာကြောင့် ပြုန်းတီးရသလဲ သစ်တော ပြုန်းတီးမှုကို ဘယ်လိုလျှော့ချမလဲ။ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးသူများ၏ ပစ္စည်းလက်ခံ
ဆုသ
ိ ည်မှာ။ ၀ိသမသမားတို့၏ တကုယ
ိကောင်းဆန်မှုကြောင်)့ သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ဆိုငတ
်ဲ့ ဆောင်းပါးတွေကို ဗီးနပ်စက
် နှစ်ပတ်ဆက်တိုက်
တင်ဆက်လာပါတယ်။ ဖြစ်သင်တ
့ာမို့ လေးမြတ်စွာ ကြိုဆိုပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတဲ့ ကျယ်ပြန့်လှတဲ့ ခေါင်းစဉ် အောက်မှာ သစ်တော
ထိန်း သိမ်း ရေး ဆုတ
ိာ မြန်မာနိုင်ငရ
ဲံ့ အဓိက တာဝန်ပါ လို့ ပြောရင် လက်ခံကြမယ် ထင်ပါတယ်။ အခုလဲ သတင်းလုတ
ိ မျိုး ဆောင်းပါးလို တသွယ်
တင်ပြထားတာလေးတွေများ လူသားတာဝန် နဲ့ အသိစိတ်ဓာတ် ethics ကို မီးမောင်း ထိုးပြနေသလုမ
ို့ ဖတ်ကြည့်၊ နားလည်၊ စောင်ထ
ိ့န်းသူ များသထက်
များလာစေချင်တာက အခု သတင်းတွေကို တင်ပြရတဲ့ အကြောင်းရင်းလေးပါ။

Venus ဂျာနယ် (မတ်လ ၃၁)


ကမာရွတ် လှည်းတန်းက အိမတ
် အိမ်ရဲ့ ဖြစ်ရပ်ဆန်း
မကြုံဖူး တဲ့ မကြားဖူးတဲသ
ူ့များအတွက.် . ထူးပေ ဆန်းပေသည်လို့ အော်ကြရမယ် ထင်ပါတယ်။ ယုံဖို့လည်းခက် ဖြစ်နေတာလဲ အမှနဆ
ိုတော့၊
စုံထောက်မောင်စံရှားတို့ အလွတ်စေ
ုံ ထာက် တင်မောင်ဆွေတို့ ရှားလော့ဟမ
ုး တို့ကို ငှားရမ်းရ တော့မတတ် ဖြစ်နေလေရဲ့။ ပုဏက
ၰ တုိကတ
် ယ်ဆိုတာလဲ
စာရေးသူက လုံးဝ မမြင်ဘူး မသိဘူးတာ ဖြစ်နေပြန်တယ်။ ဒီတော့ အထူး အဆန်းလို့သဘောထားပြီးဖတ်ကြည့်ကြပေရော့ဗျာ။ ဒီသတင်းက ဂျာနယ်
အတော်များများမှာ ပါနေတဲ့ သတင်းမို့ အရောင် စုံတာလေး ရွေးတင်လိုက်ပါတယ်။
Venus ဂျာနယ် (မတ်လ ၃၁)
မုံရွာက မီးသတင်းပါ။ သတင်းထဲမတော့ ဘယ်သူ့ကိုမန
ှ်း အတိအကျ မရေးဘဲ ပုဒ်မ ဘယ်လောက် ဆိုလားနဲ့ အရေးယူထားသတဲ့။ အင်း.. ဖယောင်းတိုင်မီး က
စတယ် ဆုတ
ိ ယ်လေ။ ဇစ်မြစ်ကိုတော့ စဉ်းစားဖို့ လုတ
ိာပေါ့။ ခုတလော မီးလောင်ရင် ဓာတ်ဆီ ထည်ရ
့ င်းတို့ မီးခွက် တို့ ဖယောင်းတိုင် တို့ ၀ါယာရှော့တို့
ခေါင်းစဉ်တွေ စီလို့ပါဘဲ။ မီးကြွင်း မီးကျန် ဆုတ
ိာ မကြားရသလောက်ပါဘဲ။ ဘာကြောင်လ
ဲ့ တကယ် တရားစွဲရမှာက ဘယ်သူ့ကုလ
ိဲ။ စာရေးသူကတော့
ဥပဒေကြောင်းအတုင
ိး သွားမယ် ဆုရ
ိ င်.. ခုလို ပွငလ
့် င်းတဲ့ အစိုး ရသစ် လက်ထက်မှာ အမှနတ
် ကယ် တရားစွဲရမဲသ
ူ့တွေဟာ မီး ပုံမန
ှ် လာအောင်
ဆောင်ရွက်မပေးနိုငတ
်ဲ့ လျှပ်စစ်စွမ်းအား ၀န်ကြီးနဲ့ ဓာတ်ဆီ မှောင်ခိုရောင်းရတဲ့ ဘ၀ -တခြားတိုင်းပြည်တွေက ဒါမျိုး သိပ် မသိဘူးခင်ဗျာ- ရောက်အောင်
တိုင်း ပြည်ကို မွဲပြာကျအောင် စနစ်တကျ စီမံ ဆောင်ရွကခ
်ဲ့တဲ့ နအဖ အစိုး ရဟောင်းခင်ဗျ။ သဘော တူပါသလား.. ဟဲဟဲ သဘောတူရင် ဆက်ဖတ်ဗျာ..။

News Watch ဂျာနယ် (မတ်လ ၃၀)


ချယ်ရဥ
ီးနာရီဆိုင်သတင်း
အစိုးရသစ် လက်ထက်မှာ အနုပညာ၊ အားကစား အပါအ၀င် ဂျာနယ်..မဂ္ဂဇင်း အမျိုးအစား ၆ ခု စီစစ်ရေး တင်ပြရန် မလိုအပ်တော့ဘဲ ထုတ်ဝေခွင့်ပြုမည် ဆိုတဲ့
သတင်း ဝေနေ လျှံနေတဲ့ အချိန်မှာ ထွက်လာတာပါ။ သတင်းသမားတွေ ပိုလို့ ပုလ
ို့ တာဝန် ကြီးလာတာကို သတိ ထားမိစေတဲ့သတင်းပါ..။ နောက်ဆို မီဒီယာနဲ့
လုပစ
်ားမဲ့ ရှေ့နေတွေ ကောင်းစားတော့မှာ... တရား စွဲခံရတဲ့ ဂျာနယ်တွေ မဂ္ဂဇင်းတွေ အများကြီး ဖြစ်လာတော့မှာ..။ သတိ.. သတိ ကိုယလ
့်ူတို့။ ပုက
ိဆက
ံ ဘာမှ
ရတာမဟုတ်။ စားစရာမရှိ လျော်စရာတော့ ရှိရမဲ့ ဇာတ်လမ်းတွေ မကြားရရင် အတော် ကောင်းမှာနော်။
တခြား ဖတ်စရာများ

News Watch ဂျာနယ် (မတ်လ ၃၀)

Venus ဂျာနယ် (မတ်လ ၃၁)


News Watch ဂျာနယ် (မတ်လ ၃၀)
မစ်ရဂ
ှီ န်က ပေးတဲ့စာ(၆၃)
အောင်ဝေး
ဧပြီ ၁၃၊ ၂၀၁၁

မိတေ
် ဆွကြီးကိုဒေါင်း…
ကျန်းခံ့သာလို့ မာကြမယ် ထင်ပါရဲ့။ အလွမ်းရနံ့ နေရီရမ
ှီာမွှေး… ဆိတ
ဲု့ စာသားကလေးကိုလည်း သတိရနေမိပါရဲ့။ ဒီတခါတော့ မြန်မာ့နိုင်ငေ
ံ ရးဖြစ်စဉ်ကြီးထဲက
အသက်ကို အပေါင်ထားရတဲ့၊ ဘဲ ငါးကောင် မင်္ဂလာဆောင် အကြောင်း ပြောပရစေ။ အင်မတန်ကြမ်းတမ်း ခက်ထရော်လတ
ှဲ့ တော်လန
ှ်ရေးခရီးကြမ်းကြီးထဲက
ပုံပြင်ဆန်ဆန် အလွမ်းဇာတ်ကလေးတကွက်လို့ပဲ ဆိုပါတော့ ကိုဒေါင်းရေ…။
အဘလေထီးဦးအုန်းမောင်အကြောင်း ပြောခဲ့တုန်း က အိန္ဒိယမှာ စစ်ပညာသင်ပြီး၊ မြန်မာ့မြေပေါ်ကို လေထီးနဲ့ ခုန်ဆင်းခဲ့ကြတဲ့ ရဲဘော်တကျိပရ
်ဲ့
အခန်းကဏ္ဍ တစိတ်တပိင
ုးကို ကျနော် ပြောခဲ့တယ်နော်။ အခု ကျနော်ပြောပြချင်တဲ့၊ အသက်ကို အပေါင်ထားရတဲ့ ဘဲငါးကောင်မင်္ဂလာဆောင် ဆိတ
ုာကလည်း၊
အဲဒီ ရဲဘော်တကျိပန
်ဲ့ ပတ်သက်နေပါတယ်။
ဒါတွေဟာ ကျနော်တက
ို့ယ်တွေ့တော့မဟုတ်ဘူး ပေါ့ကိုဒေါင်းရယ်။ သက်ကြီးစကား၊ သက်ငယ်ကြား၊ အစဉ်အလာကြီးတဲ့ လူကြီးတွေဆီက ကျနော်တို့ငယ်သူတွေ၊
လေ့လာ သင်ယူခဲ့ရတဲ့ ရာဇ၀င်အက္ခရာ၊ သမိုင်း စာမျက်နှာတွေလို့ပဲ ဆိုပါတော့။
၂၀၀၀ပြည့်နှစ်လောက်တုန်း က ရန်ကုန်မြို့က စာရေးဆရာ၊ ကဗျာဆရာတွေ၊ သင်္ဘောကြီးတစင်းတိက
ု ဖျာပုံမြို့ကိုသွားခဲ့ကြပါတယ်။ ဖျာပုံမှာ ကျင်းပမယ့်
ဆရာဇော်ဂျီ ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် အောက်မေ့ဖယ
ွ် အခမ်းအနားကို တက်ရောက်ကြဖုပ
ိ့ါ။ ဖျာပုံဟာ ဆရာဇော်ဂျီရဲ့ ဇာတိမြို့လေ။
ဒီခရီးမှာ၊ ဖျာပုံဇာတိဖွားကြီး တဦး ဖြစ်တဲ့ အဘ လေထီးဦးအုန်း မောင်လည်း၊ စာရေးဆရာတဦး အနေနဲ့ လိုကပ
်ါလာပါတယ်။ ဆရာဇော်ဂျီတို့၊ ဆရာတိက
ုစိးု တို့၊
ဗိုလလ
် က်ျာတို့၊ အဘ လေထီး ဦးအုန်းမောင်တို့ ဆိုတာ ဂုဏ်ထူး ဆောင် ဖျာပုံမြို့သားကြီးတွေပါ။
ဖျာပုံဆိပက
် မ်းကို သင်္ဘောကြီး ကပ်ပြီ။ ရန်ကုန်က လိုကပ
်ါလာတဲ့စာရေးဆရာ၊ ကဗျာဆရာတွေ ဆိပ်ခံတတ
ာံးပေါ် ဆင်းလာကြပြီ။ ကြိတ်ကြိတ်တိးု ကြိုဆိုနေတဲ့
လူအုပ်ကြီးဆီကနေ ဟေးခနဲ “လေထီးဗိုလ်အုန်းမောင်…လေထီးဗိလ
ုအုန်းမောင်…” ဆိတ
ဲု့ အသံတွေနဲ့အတူ၊ လက်ခပ
ုသြဘာသံတွေ ညံသွားပါတော့တယ်။
သူ့မြို့သားတွေက သူ့ကို “လေထီးဗိလ
ုအုန်းမောင်” လို့ ခေါ်ကြပေတာကိုး ကိုဒေါင်းရဲ့။ ကျနော်တို့ ကြေကွဲ ပီတိဖြစ်၊ ဂုဏ်ယခ
ဲူ့ကြရပါတယ်။
ကြိတ်ကြိတ်တိးု ကြိုဆိုနေတဲ့ လူအုပ်ကြီးဆီကနေ ဟေးခနဲ “လေထီးဗိုလ်အုန်းမောင်…လေထီးဗိလ
ုအုန်းမောင်…” ဆိတ
ဲု့ အသံတွေနဲ့အတူ၊ လက်ခုပ်သြဘာသံတွေ
ညံသွားပါတော့တယ်။ သူ့မြို့သားတွေက သူ့ကို “လေထီးဗိလ
ုအုန်းမောင်” လို့ ခေါ်ကြပေတာကိုး

ဒီခရီးစဉ်မှာ သူ့ဇာတိကို ရောက်လာရလို့ အဘ လေထီးဦးအုန်းမောင် ရင်ခန


ုကြည်နူးနေမှာ အမှနပ
်ါပဲ။ ဆွတ်ပျံ့ လွမ်း မောနေမှာလည်း အမှန်ပါပဲ။ သူ့စိတ်ထဲ
အသက်၂၀-၃၀ လောက် ပြန်ငယ်သွားပုံရတဲ့ ကျနော်တို့အဘဟာ၊ သူ့ရဲ့ ရွှင်ပျနေတဲ့ ဟဒယ ကြောင်ပ
ဲ့လား၊ အတိတ်ကို ပြန်သတိရသွားလုပ
ိဲ့လား မသိဘူး
ကိုဒေါင်းရေ၊ ဖျာပုံ တညသားမှာ၊ အဘဆီကနေ လွမ်း စရာ ပုံပြင်လေးတပုဒ်၊ ကျနော်တို့ ကြားခဲ့ရတယ် ဆိုပါတော့ဗျာ…။
ဂျပန်ခေတ်ကြီးထဲမှာပါ။ ဖက်ဆစ်တော်လန
ှ်ရေးကြီး လျှို့ဝှက်စီစဉ်တော့၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငေ
ံ ရးတာဝန်ခံ၊
သခင်သန်းထွန်း က နိုငင
်ံခြားဆက်သွယေ
် ရး တာဝန်ခံ ဆိုပြီးတော့ ရှိတယ် မဟုတ်လား။ အဲဒီအချိန်မှာ ဦးသိန်းဖေမြင့်က မဟာမိတေ
် တွနဲ့ ဆက်သွယဖ
ို့ အိန္ဒိယကို
ရောက်နေပါပြီ။ သူနဲ့အတူ သခင်တင်ရွှေလည်း ပါသွားပါတယ်။
အိန္ဒိယမှာ သူတို့မြန်မာပြည်နဲ့ တနှစေ
် လာက် အဆက်အသွယ် ပြတ်နေတော့၊ သခင်တင်ရွှေကို မြန်မာပြည် ပြန်လွှတ်ဖို့ မဟာမိတ်တွေနဲ့ ညှိရပါတော့တယ်။
မဟာမိတ်တွေက သိပ် မယုံချင်ဘူး။ သခင်တင်ရွှေ သစ္စာဖောက်သွားရင် ဘယ့်နယ
ှ်လုပမ
် လဲပေါ့။ ဒီတော့ ဦးသိန်းဖေမြင့်က အကယ်လို့ သခင်တင်ရွှေ
သစ္စာဖောက်ပြီး ပြန်မလာတော့ဘူး ဆိုရင်၊ ခင်ဗျားတို့ ကျုပ်ကို ဖမ်းပြီး သတ်ပစ်လိုက်ကြဗျာလို့၊ အဲဒီလို မဟာမိတတ
် ပ်တွေဆီမှာ၊ ဆရာဦးသိန်း ဖေမြင့် အသက်ကို
အပေါင်ထားပြီး၊ သခင်တင်ရွှေ မြန်မာပြည်ပြန်ရော ဆိပ
ုါတော့။
ဒါ … လျှို့ဝှက်လုပ်ကြရတာနော်။ ပြန်တာကတော့ အင်္ဂလိပ်ရေတပ်သင်္ဘောနဲ့။ သခင်တင်ရွှေ ရခိုင် ကျောက်တော်ဘက်မှာဆင်းပြီး၊ သခင်စိုးတို့ ရှိနေမယ့်နေရာကို
မေးမြန်း စုံစမ်းလာရမှာပေါ့ဗျာ။ အဲဒီ အချိန်မှာ သခင်စိးု က ဖျာပုဘ
ံ က်က ရွာတရွာမှာ ရှိနေတာပါ။ သခင်စိုးက၊ တော်လှနေ
် ရးအတွက် အိန္ဒိယကို လွှတ်ဖို့၊
အမျိုးသမီး စည်းရံုး ရေးမှူး လိတ
ု ယ် ဆိုပြီး၊ ကျောက်ဆည်မှာ နေတဲ့ သခင်မ ဒေါ်မြရီကို အခေါ်လွှတ်တယ်။ သခင်တင်မြ သွားခေါ်တယ်လို့ ဆိုတယ်။
လမ်းမှာ သခင်သန်းမြိုင်နဲ့တွေ့လို့ သခင်သန်းမြိုင်က … “မမြရီ … ကိတ
ု င်ရွှေ ပြန်ရောက်နေတယ်” ဆိုပြီး ပြောပြလိုက်တော့၊ ဒေါ်မြရီ အမှန်ကိုပဲ
အံ့အားသင့်ခဲ့ရတယ် တဲ့။ သူနဲ့ ကိုတင်ရွှေနဲ့က နိုင်ငံရေး အတူ လုပ်ရင်းချစ်သူတွေဖြစ်ခဲ့ကြတာတဲ့။ ကိုတင်ရွှေက ရည်းစားကို ထားရစ်ပြီး၊ ဦးသိန်း ဖေမြင်ေ
့ နာက်
ကောက်ကောက်ပါအောင် အိန္ဒိယကို လိက
ုသွားခဲ့တာတဲ့ဗျာ။
တိတ
ိုပြောရရင် … သခင်စိုးဆီမှာ သူတို့ချစ်သန
ှူစ်ယောက် ပြန်ဆုံကြရော ဆိပ
ုါတော့ဗျာ။ ဖက်ဆစ်တော်လှန်ရေးအတွက်၊ အထူး လျှို့ဝှက်ချက်အနေနဲ့ မမြရီက
ကိတ
ု င်ရွှေနဲ့ အိန္ဒိယကို လိက
ုသွားရမှာ။ ဒီတော့ သခင်စိးု ကိုယတ
ိုင် ဘဲငါးကောင် ချက်ပြီး၊ ကိတ
ု င်ရွှေနဲ့ မမြရီတို့ကို မင်္ဂလာဆောင်ပေးလိက
ုတာပါပဲတဲ့။ အဘ
လေထီးဦးအုန်းမောင် တဆွေးဆွေး တမြေ့မြေ့ ပြန်ပြောပြခဲ့ပုံပါ။
ကိုဒေါင်းရေ … ဒီအကြောင်းရေးတတ်တဲ့သူ ရေးရင်တော့၊ ဂန္ထ၀င်မြောက် ၀တ္ထုရှည်ကြီး တပုဒ် ဖြစ်လာမှာပေါ့ဗျာ။ ကိုတင်ရွှေနဲ့မမြရီတို့ဟာ သူတို့ကိုလက
ိုပတ
ိုဲ့
ကိုကျော်ရင်(ပါမောက္ခဦး ကျော်ရင်)တို့၊
ကျောင်းသား ခေါင်းဆောင် ကိုညိုထွန်း တို့နဲ့အတူ၊ ရခိုငရ
ိုးမ ဆင်တောကျားတောကို သက်စွန့်ဆံဖျား ကျော်ပြီး၊ ဂွကို အချိန်မေ
ီ ရာက်အောင် သွားကြရတာ တဲ့။ ဂွမှာ
ကျောက်ချွန်ဆိုတဲ့ ကမ်းခြေကနေ၊ အင်္ဂလိပ်စစ်သင်္ဘောတစင်းက၊ သတို့သတုသ
ိ့ားနဲ့ သတို့သမီး နှစေ
် ယာက်ကို အဆင်သင့် စောင့်နေလေရဲ့တဲ့ ကိုဒေါင်းရေ…။
ပုံပြင်လေးကတော့ ဒါပါပဲဗျာ……။ ခုနေတော့ လွမ်းစရာပါ။ အဲဒတ
ီုန်းကတော့၊ တကယ့်ကို ဧရာမစွန့်စားခန်းကြီးပါ။ ဖျာပုက
ံ ပြန်လာပြီး နောင် တနှစ်သော
အမေလူထုဒေါ်အမာရဲ့ မွေးနေ့ပွဲမှာ၊ ကျနော်တို့ အသက်(၉၀)နား ကပ်နေပြီဖြစ်တဲ့ သခင်မကြီးဒေါ်မြရီကို တွေ့ဆုံ ဂါရ၀ပြုခဲ့ရပါတယ်။ တောင်သမန်မှာပေါ့…။
အခုတော့… သခင်မကြီး အမေဒေါ်မြရီတယောက် မနှစ်က ဒီဇင်ဘာ(၉)ရက်နေ့၊ ကျောက်ဆည်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သို့သော်… တော်လန
ှ်သတ
ူို့ သမိုင်း ကား၊
ဘယ်တော့မှ မသေ။
အားလုံးကိုသတိရလျက်-

အောင်ဝေး
မတ် ၂၂-၂၀၁၁။

မူရင်း - လွတလ
် ပ်သည့် အာရှအသံ www.rfa.org/burmese
သင်္ကြနမ
ှ်ာ သံချပ်ပတ
ိတဲ့ အစိုးရ ကျင့်သုးံ မှာ "ဘယ်လို ဒီမက
ို ရေစီလ"ဲ
BBC
ဧပြီ ၁၃၊ ၂၀၁၁

မြန်မာပြည်မှ သံချပ်ပြိုင်ပွဲတခု။ (http://street.zxq.net မှ ရက်စွဲတပ်မထားသော ဓာတ်ပ)ုံ


မကြာခင်က ဖွဲ့စည်းလိက
ုတဲ့ မြန်မာအစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာနက သင်္ကြန်မှာ သံချပ် မထိုးရဘူးလို့ မြန်မာသတင်းစာ တွေမှာ အမိနထ
့်ုတ် တားမြစ်ခဲ့ပါတယ်။
သင်္ကြန် နဲ့ သံချပ် ဟာ ဒွနတ
်ွဲနေလို့ မြန်မာ့ ရိုးရာ အရ ကျေးလက် အနုပညာပါ ပိတ်ပင်ခရ
ံ သလို ဖြစ်နေပါတယ်။
ဒီအချက်ကို ကဗျာဆရာ မောင်စွမ်းရည်က ဘီဘီစက
ီို ရှင်း ပြရာမှာ လူထုတေးသံ သံချပ်ကို ပိတ်ပင်တဲ့ အတွက် အနုပညာ အရရော ယဉ်ကျေးမှု အရပါ
နစ်နာ ဆုံးရံှးု မှု ရိတ
ှာကို ထောက်ပြ ပြောဆိုပါတယ်။
ဉာဏ်ရွှငတ
်ဲ့ လူထဟ
ုာ စုပေါင်းပြီး အမြင်မတော်တဲ့ စီးပွားရေး၊ နိင
ုငံရေး၊ ပညာရေး နဲ့ လူမှုရေး စတာတွေကို ပြုပြင်စေလိုတဲ့ ရည်ရွယခ
်ျက်နဲ့ ဟာသ
မြောက်အောင် ရေးဖွဲ့မှုဟာ ကမ္ဘာမှာ ဗမာပဲ ရှိမယ်လို့ ထင်မြင်ကြောင်းလဲ ဆရာမောင်စွမ်းရည်က ရှင်း ပြပါတယ်။
ရှေးက ဘုရင်များပင် လူထုအသံကို စနည်းနာလေ့ ရှိကြပေမဲ့ လက်ရှိ မြန်မာအစိုးရသစ်က ပြည်သူ့အသံ မနာကြားလိုတဲ့ အစိုးရ ဖြစ်နေလို့ ဘယ်လို
ဒီမက
ို ရေစီလဲ လို့ မေးရမလို ဖြစ်နေကြောင်း၊ ဆရာမောင်စွမ်း ရည်က ဘီဘီစီ ကို ပြောပြပါတယ်။
ယဉ်ကျေးမှု ထိန်း သိမ်း သူများ၊ ဂေးများ၊ ဂေါ်လီများ နှင့် ရန်ကန
ုသင်္ကြန်
ဓာတ်ပသ
ုံ တင်း
ဧပြီ ၁၃၊ ၂၀၁၁
(ဧပြီ ၁၂ ရက်နေ့ Reuters သတင်းဌာန ဓာတ်ပုံများ)
ရခိုငရ
ိုးရာ နံသ
့ာသွေး ပြိုငပ
်ွဲ

မူရင်း သတင်းဖော်ပြချက် - Girls participate in the


Thanakha (cream) grinding competition during the New Year Water Festival of Thingyanin in Yangon April 12, 2011. Thanakha, a traditional
powder paste made from wood, is usually used on the face as a cosmetic facial cream. Thanakha is offered to the Buddha during the water

festival.
အပြောင်းအလဲပြုလုပ်ထားသူများ

မူရင်း ဖော်ပြချက် - Transgenders celebrate Thingyan


festival in Yangon April 12 , 2011. Myanmar celebrate the New Year Water Festival of Thingyan during the month of Tagu, which usually falls

around mid-April. ရန်ကုန်သင်္ကြနတ


်ွင် တွေရ
့ တတ်သည့်
ပန့်ခစ
် တိုင် မြတ်နိုးသူများ
(ပန့်ခ် အကြောင်း အသေးစိတ်ကို ၀ီကီမြန်မာ တွင် ကြည့်ပါ)
မူရင်း သတင်းဖော်ပြချက် - Revellers dressed in punk
fashion celebrate Thingyan festival in Yangon April 12 , 2011. Myanmar celebrate the New Year Water Festival of Thingyan during the month
of Tagu, which usually falls around mid-April.

၁၉၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဒေါ်ခင်မာအေး ကွယလ


် န
ွြ် ခင်း ၃ နှစ် ဆွမ်း ကျွေးမြင်ကင
ွ်း
မိုးယံမခ၊ ရန်ကန
ု
မိုးမခမ၊ ဧပြီ ၁၃၊ ၂၀၁၁
ဧျပီၤလ ၁၁ ရက္က က်န္ရစ္သူမသ
ိားစု နေအိမ်မှာ ကွယ်လွန်ခြင်း ၃ နှစ်ပြည့် မုန့်ဟင်းခါးဆွမ်းကျွေးပါတယ်။ မြန်မာပြည်က နိုင်ငံရေးသမားများ
စည်စည်ကားကား တက်ရောက်ခဲ့ကြတဲ့ ပွဲပါပဲ။ နှစ်လည်မြင်ကွင်း ကို တင်ဆက်လက
ိုပါတယ်။ ဆရာဦးဝင်းတင်နဲ့ စကားပြောဆိုနေသူက ဒေါ်ခင်မာအေးရဲ့ ခင်ပွန်း
ကျောင်းသားခေါင်းဆောင် ဦးလှရွှေ ဖြစ်ပါတယ်။ မိုးမခရုပသ
်ံဘဏ်တိုက်မှာ သွားကြည့်ပါ။ http://moemaka.net/thumbnails.php?album=24
http://www.moemaka.com/

မြန်မာနှင့် ဘင်္ဂလာ ရေပြင်အငြင်းပွားမူ ယခုနစ


ှ်ကုန်ပင
ိုးတွင် အပြီးသတ် ဖြေရှင်းမည်

4/13/2011
Adjust font size:

မြန်မာနှင့် အငြင်းပွားနေသော ရေပြင်ပိုင်နက် ပြဿနာကို နိုင်ငတ


ံ ကာ ခုံရုးံ မှ ယခုနှစက
်ုန်ပိုင်း တွင် အပြီးသတ် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း
ဘင်္ဂလာဒေခ်ျ့ဘက်က ပြောသည်။
ယူအန် လက်အောက်ခံ The International Tribunal for Law of the Sea (ITLOS) က မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုကန
် က် အငြင်းပွားမူကို
ယခုနှစ်ကန
ုပိုင်းတွင် ဆံုး ဖြတ်ပေးမည့် အကြောင်းကို နိုင်ငံခြားရေးဌာန အတွင်းဝန် ကာချေး အာလန်က ယခုကဲ့သို့ပြောသည်။

“ မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ အကြား ဖြစ်ပွားနေတဲ့ ရေပြင်ပင


ိုနက် အငြင်းပွားမူနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ITLOS ကို ယခုနှစ် ဇူလိုငလ
် မှာ အပြီးသတ်
တင်ပြရမယ်။ ကြားနာ စစ်ဆေးမူကို ဒီနစ
ှ် စက်တင်္ဘာနဲ့ အောက်တိုဘာလမှာ ပြုလုပ်မှာ ဖြစ်တယ်။ နှစက
်ုန်ပင
ိုးမှာတော့ စီရင် ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်” ဟု
ပြောသည်။

၎င်းပြင်သက
ူ “ ကျွန်တော်တို့ ဒီနှစ် အကုန်ပင
ိုးမှာ အပြီးသတ် စီရင်ချက် ထွက်လာလိမမ
့် ယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကာချေး အာလန်က ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုငန


် က် အငြင်းပွားမူကြောင့် ၂၀၀၈ ခုနှက် နှစဘ
် က် ရေတပ် သင်္ဘောများကို ရေပြင်ပိုင်နက် အငြင်းပွားရာ နယ်နမိတ်ထိ
စေလွတ်ခဲ့ရပြီး နောက်ပင
ိုးတွင် ငြိမ်းချမ်းစွာ ဖြေရှင်း ရန် သဘောတူညီခဲ့သည်။

ယခု မြန်မာနှင့် ဘင်္ဂလာဒေးခ်ျ့ အငြင်းပွားမူကို ဆုံးဖြတ်ရာတွင် ITLOS မှ ဂျူရီ လူကြီး ၂၃ ဦးမှ ဆံုး ဖြတ်မည် ဖြစ်ကြောင်းနှင့် နှစ်ဘက်နိုငင
်ံ၏ ကြားနာမူ ကို စတင်
စစ်ဆေးပြီးနောက် ဆုံးဖြတ်ချက် ချမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် အမေရိကန် အခြေစုက


ိ Foley Hoag ကုမ္ပဏမ
ှီ ရှေ့နေ အဖွဲ့ တခုကို အဆိုပါ အငြင်းပွား ရေပြင်ပိုင်နက် ကိစ္စ အတွက် လိုကပ
်ါ
ဆောင်ရွက်ရန် ဌားရမ်းထားကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငမ
ှံ စိန်မာတင် ကျွန်းနှင့် တေလ်ပါတီ အမှတ်သား နေရာထိ အထိ ကီလိုမတ
ီာ ၇၀၀ ကွာဝေးပြီး
အဆိုပါ နေရာအတွင်း ကီလမ
ီု ၉၀၀ အား ဘင်္ဂလာဒေခ်ျ့က သူတို့ပိုငန
် က် အဖြစ် တောင်းဆိထ
ုားကြောင်း သိရသည်။
မြန်မာ အာဏာပိုင်များမှ ဘင်္ဂလာဒေခ်ျ့ အပိုင် အုန်းကျွန်း သမိင
ုးကို အချက်အလက် ပြုစု

4/13/2011
Adjust font size:

မြန်မာ အာဏာပိုင်များမှ ဘင်္ဂလာဒေခ်ျ့ အပိုင် အုန်းကျွန်း ခေါ် S.T Martin ကျွန်း သမိုင်းဆိုင်ရာ အချက်အလက်များကို ရှေးရခိင
ု လူကြီးများကို မေးမြန်းကာ
မှတတ
် မ်းတင်နေကြောင်း သတင်း ရရှသ
ိ ည်။
ယခုကဲ့သို့ မှတတ
် မ်း တင်နေခြင်းကို မောင်တောမှ လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ အစိုးရ အဖွဲ့ တစ်ဖွဲ့က ရခိုင် ရှေးလူကြီးတွေကို အုန်းကျွန်း သမိုင်းကို မေးပါတယ်။ ဒီကျွန်း ဟာ ယခင်က ဘယ်သူ ပိုင်တဲ့ ကျွန်း လဲ။ ပီးရင် ဘယ်နှစခ
်ုနှစက

ဘင်္ဂလာဒေခ်ျ့ ပါသွားလဲ။ ရှေးရခိုင် လူကြီးတွေက အရင်က ကျွန်း ပေါ်ကို ရောက်ဖူး လား စတာတွေကို မေးပါတယ်။ ကျွန်တော်တို့ ကလည်း ဒီကျွန်းဟာ
သမိင
ုးအရ ပြောရရင် ရခိုငဘ
်ုရင်တွေ အဆက်ဆက်ပိုငခ
်ဲ့တဲ့ ကျွန်းဆိုတာကို ပြောပြပါတယ်” ဟု ပြောသည်။

အဆိုပါ အဖွဲ့သည် မောင်တောမြို့ပေါ်၌သာမက မောင်တော တောင်ပိုင်း အလယ်သံကျော်၊ အင်းဒင်စသည့် ကျေးရွာများသို့ သွားရောက်ပြီး


အသက်အရွယ်ကြီးရင့်နေသော ရခိင
ုလူကြီးများကို အုန်း ကျွန်းအကြောင်း မေးမြန်းခဲသ
့ ည်ဟု သိရသည်။

တခြား လူငယ် တစ်ဦး ကလည်း “ မနေ့က ငါးလုပ်ငန်း ဦးစီးဌာနကလို့ ပြောပါတယ်။ အုန်းကျွန်း သမိုင်း ကို မေးမြန်းဖို့ အလယ်သံကျော်ကို ရောက်လာပါတယ်။
လူကြီး တစ်ချို့ကိုတော့ မေးမြန်း သွားပါတယ်။ ဘာကြောင့် အုန်း ကျွန်းအကြောင်း မေးမြန်းတယ်ဆတ
ိုာ မသိရပါဘူး” ဟု သူကပြောသည်။

အုန်းကျွန်း ကို မှတ်တမ်းတင် ပြုစုနေခြင်းမှာ ယခု ဘင်္ဂလာဒေခ်ျနှင့် မြန်မာ အကြား ဖြစ်ပေါ်နေသော ရေပြင်ပင
ိုနက် အငြင်းပွားမူနှင့် သက်ဆိုင်နိုငသ
် ည်ဟု
သံုး သပ်သူ တစ်ချို့က ပြောသည်။ ယခု ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြား အငြင်းပွားရေပြင်ပိုင်နက်မှာ မြန်မာ အခေါ် အုန်းကျွန်း ၊ ဘင်္ဂလာဒေခ်ျ့ အခေါ် ST Martin
ကျွန်းအနီးတွင် ဖြစ်သည်။
http://www.narinjara.com

ဒေါ်အောင်ဆန်းစုကြည်ကို ကမာ့အမျိုးသမီးအဖွဲ့ ဂုဏ်ပြု


2011-04-13
နယ်ပယ်အသီးသီမှာ ဦးဆောင် လှုပ်ရှားခဲ့ကြသူ ကမာတဝန်းက အမျိုးသမီးတွေကို အားပေး ဂုဏ်ပြုနေတဲ့ Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ပြီး၊ ဆယ်စုနှစ်ရဲ့အသံ (Voice of Decade) အဖြစ် သတ်မှတ်
ဂုဏ်ပြုလိက
ုပါတယ်။

Photo Courtesy of Vital Voices


မြန်မာ့ ဒီမက
ို ရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနစ
ှ်၏ အသံ (Voice of Decade) ဆု ချီးမြှငေ
့် သာ ဧပြီ ၁၂ ရက်နေ့ အခမ်းအနားတွင်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo Courtesy of Vital Voices)
ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဝါရှငတ
် န်ဒီစီ မြို့တော် ကနေဒီခန်းမ မှာ ဧပြီ ၁၂ ရက် မနေ့က ကျင်းပခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည်
ကိယ
ုတိုင် မတက်ရောက်နိုငေ
် ပမဲ့ အဲဒီဆုကို အမေရိကန် နိင
ုငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
ကဏ္ဍပေါင်းစုံမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နေတဲ့ နိုင်ငံတကာက အမျိုးသမီးငါးဦးကိုလည်း ကမာလုံးဆိုင်ရာ ဦးဆောင်သူတွေအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။
ဒီနှစဟ
်ာ Vitial Voices အဖွဲ့ ၁၀ နှစ်ပြည့်မြောက်တဲ့နှစ် ဖြစ်တာနဲ့အညီ အမျိုးသမီး ဦးဆောင်မှု ဆု အပြင် ဆယ်စုနှစ်ရဲ့ အသံ အဖြစ် နိုင်ငတ
ံ ကာ
နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ အမျိုးသမီး ဦးရေ တသောင်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း Vital Voices ရဲ့
ဥက္ကဋ္ဌ Alyse Nelson က RFA ကို ပြောပါတယ်။
နှစ်စဉ် ချီးမြှငလ
့်ာတာဟာလည်း ၁၀ နှစရ
ှ်ိသွားပြီဆေ
ို တာ့ ဒီနှစ်အတွက် အထူး ဂုဏ်ပြုဆုအဖြစ် အမျိုးသမီးထုရဲ့ ဆယ်စန
ှုစ်အသံဆက
ို ရွေးချယ်ချီးမြှင့်ဖို့
ဆံုး ဖြတ်ခဲ့ပါတယ်။ အဲဒီမှာ ဆုနဲ့ ထိက
ုတန်တဲ့ အမျိုးသမီးဆိုလို့ ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲ ရှိပါတယ်လို့ ပြောသွားခဲ့တာပါ။ Alyse Nelson ဟာ
မကြာခင်က မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆံခ
ဲု့တယ်လို့လည်း ပြောပါတယ်။
Vital Voices အဖွဲ့ကို ၁၉၉၇ ခုနှစမ
ှ်ာ အဲဒီတုးံ က အမေရိကန် သမတကတော် ဖြစ်သူ ဟီလာရီ ကလင်တန် နဲ့ နိင
ုငံခြားရေးဝန်ကြီး မယ်ဒလင်း အောလ်ဘရိုက်
တို့က အစိုးရဆိုင်ရာ အသင်းတခုအနေနဲ့ ထူထောင်ခဲ့ကြပြီး ၂၀၀၀ ပြည့်နှစ်မှာ ကမာလုံးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာခဲ့ပါတယ်။
အဲဒီ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန်နင
ိုငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူပ
့ါတီဖြစ်တဲ့ အမျိုးသား ဒီမက
ို ရေစီ
အဖွဲ့ချုပ်ကို နိုင်ငံရေးဖြစ်စဉ်မှာ လွတလ
်ွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ မြန်မာအစိုး ရကို သူ့အနေနဲ့ ထပ်မံတိုကတ
်ွန်းကြောင်း ပြောသွားပါတယ်။
နိုင်ငေ
ံ ရးမှာ ပါဝင် လှုပ်ရှားသူ အားလုံးအတွက် လွတ်လွတလ
် ပ်လပ် စုရုံးခွင့်၊ ထုတေ
် ဖာ် ပြောဆိုခွင့်နဲ့ လှုပ်ရှားခွင့်တွေကို အာဏာပိုင်တွေဖက်က အာမခံပေးဖို့
လိတ
ု ယ်လလ
ို့ ည်း Mrs. ကလင်တန်က ထောက်ပြလိုက်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဒေါ်အင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စု


်း

င်




က


ံဖို
င်

ူရ
န်
EU အဖွဲ့ ပိတ်ဆမ
ိှု့ သက်တမ်းတိုးခြင်းကို NLD ဦးတင်ဦး ကြိုဆို
2011-04-13
EU ဥရောပသမဂ္ဂက မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ အရေးယူပတ
ိဆို့မှု သက်တမ်း နောက်တနှစ် တိုး လိက
ုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ
ဦးတင်ဦး က ကြိုဆိုလိုကပ
်ါတယ်။

Photo: AFP
ဥရောပ သမဂ္ဂ အလံ (ဝဲအစွန်) နှင့် အဖွဲ့ဝင် ၂၅ နိင
ုငံတို့၏ အလံများကို ပြင်သစ်နိုင်ငံ စထရာ့စ်ဘော့ဂ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ ရှေ့တွင်
လွှငထ
့်ူထားပုံ ဖြစ်ပါသည်။ (Photo: AFP)
အဲဒသ
ီ က်တမ်းတိုး မှုမှာ အစိုးရအဖွဲ့ထဲက အရပ်သား ဝန်ကြီးတချို့ကို ပြည်ဝင်ခွင့်ဗီဇာ တနှစ်ဖွင့်ပေး လိက
ုတဲ့ကစ
္စိနဲ့ ပတ်သက်လို့ ဒါဟာ မြန်မာအစိုးရဖက်က
ပြောင်းလဲလာမလားဆိုတာ စမ်းသပ်တာ ဖြစ်လိမ့်မယ်လို့ ယူဆတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန်က
ွ့က်စရာ မရှိဘူးလို့ ဆိုပါတယ်။
ဒီကစ
္စိနဲ့ပတ်သက်လို့ ဦးတင်ဦးက RFA ကို ခုလို ပြောပြပါတယ်။
“လက်ရှိ ရှိနေတဲ့ အရပ်သားအရာရှိ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ လုပင
် န်းကိုင်ငန်း ဆက်သွယေ
် ရး လာပြီး လုပဖ
ို့အတွက် လွယက
်ူအောင် အလို့ငှာ တနှစ်
ဗီဇာပေးတယ် ဆိတ
ုာ ဒါကတော့ သူတို့ ဒါ စမ်းသပ်ကြည့်တဲ့ သဘောပဲပဲလေ။ အဲဒီတော့ အဲလို စမ်းသပ်တဲ့အပေါ်မှာ သူက ဘယ်လောက် လိုကေ
် လျာပြီးတော့
ကျွန်တော်တို့ ဒီမက
ို ရေစီ အင်အားစုအပေါ်မှာ ပေးမလဲ။ ဒါ သူနည်းနည်းလေး တံခါးဖွင့်ကြည့်တဲ့ သဘောပါပဲ။ ဒါတွေအပေါ်မှာတော့ ကျွနေ
် တ်ာတက
ို့ အထူး
ပြောစရာမလိုဘူး။”
“မူကတော့ဖြင့် သူတို့ အီးယူကပဲ ဆက်လက်ပြီးတော့ အရေးကြီးတဲ့ စီးပွားရေး ပိတ်ဆို့မှု အရင်ဟာတွေ အားလုံးကတော့ ဒီတိုင်း ပဲ ဆက်လက်ပြီး ထားတယ်ဆတ
ိဲု့
သဘောလို့ ကျွန်တော် နားလည်လက
ိုတယ်။ အဲဒါအတွက်တော့ ကြိုဆိုပါတယ်။”
စီးပွားရေးပိတဆ
ို့မှုနဲ့ ပတ်သက်လို့ ပြုပြင် မွမ်းမံနိုင်ဖို့အတွက် အရေးယူထားတဲ့ နိင
ုငံတွေအနေနဲ့ အမျိုးသား ဒီမက
ို ရေစီအဖွဲ့ချုပ်နဲ့ ဆွေးနွေးဖိက
ို့ ဖေဖော်ဝါရီလ ၈
ရက်နေ့ထတ
ု NLD ကြေညာချက် မှာ ဖိတ်ခေါ်ထားပါတယ်။
ပိတဆ
ို့မှုနဲ့ ပတ်သက်လို့ ရုပသ
ိမ်း ရေး-မရုပ်သမ
ိးရေး စဉ်းစားတဲ့အခါမှာလည်း မြန်မာနိုင်ငက
ံ ဒီမက
ို ရေစီရေး၊ လူ့အခွင့်အရေးနဲ့ တောင်တ
့ င်း ခိုင်မာတဲ့ စီးပွားရေး
အခြေအနေတွေကို ထည်သ
ွ့င်းစဉ်းစားဖို့ လိုအပ်တယ်လလ
ို့ ည်း NLD ပါတီက ထောက်ပြခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စက
ု မြန်မာနိုငင
်ံအပေါ် ချမှတထ
်ားတဲ့ အရေးယူပိတဆ
ို့မှုတွေကို ဆက်ပြီး ထားဦးမယ်လို့ အရှေ့အာရှနဲ့ ပစိဖတ
ိရေးရာ လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။
စီးပွားရေး ပြစ်ဒဏ်လျှော့ပေးရေးအဆို ကျိုးကြောင်း မခိုင်လဟ
ုံ ဝေဖန်
2011-04-13
မြန်မာနိုငင
်ံမှာ စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလဲသွားခဲတ
ဲ့အတွက် နိုင်ငံရေးမှာ တိုး တက်မှုတွေ ရရှိနေပြီ၊ ပြစ်ဒဏ်ခတ်မှု ရုပ်သမ
ိးသင့်ပြီဆတ
ိုဲ့
ပြောဆိုမေ
ှု တွဟာ အကျိုးအကြောင်း ခိုင်လုံမမ
ှု ရှိသေးဘူးလို့ အမေရိကန် ပြည်ထောင်စု ဂျော့ခ်ျတောင်းတက္ကသလ
ိုက မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Michael
Green က ပြောကြားလုက
ိပါတယ်။

(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတေ
် တာ် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော
ပထမဆံုး လႊတေ
် တာ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
စီးပွ
ားေ
ရးျ
ပစ်

ဏ်
ရုပ်
သိ
မ်းရ
န်

ချိန်


န်ေ
သး

သံ
ဖိင
ု
ယူ
ရန်
မြန်မာအစိုးရသစ်အပေါ် ဥရောပသမဂ္ဂ၏ ပြစ်ဒဏ်ခတ်မှု အနည်းငယ်လျှော့ပေး
2011-04-13
ဥရောပသမဂ္ဂ (EU) က မြန်မာနိုငင
်ံ အပေါ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု အားလုးံ နီးပါးကို အရင်အတိုင်း ပဲ နောက်ထပ် တနှစ် သက်တမ်း တိုး လိက
ုကြောင်း
ဧပြီ ၁၂ ရက် မနေ့က ကြေညာခဲ့ပေမဲ့ မြန်မာအစိုးရသစ်မှာ ပါဝင်တဲ့ အရပ်သား ဝန်ကြီး အချို့ကိုတော့ ဥရောပနုင
ိငံတွင်း ပြည်ဝင်ခွင့် ပေးဖို့ ယာယီ လျှော့ပေါ့ပေး
လုက
ိကြောင်း သိရပါတယ်။

Photo: AFP / HO / MRTV


သမတသစ် ဦးသိန်းစိန် (အလယ်) နှင့် ဒုတယ
ိ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ မတ်လ ၃၀ ရက်နေ့က
နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ခန်းမတွင် ကျမ်းသစ္စာ ကျိမ်ဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MRTV)
မြန်မာနိုငင
်ံပေါ် ပစ်မှတထ
်ား ဒဏ်ခတ် ပိတဆ
ို့တဲ့ မူဝါဒတွေ ဆက်ထားသင်-့ မသင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုငင
်ံတွေရဲ့ နိုငင
်ံခြားရေးဝန်ကြီးတွေ လူဇင်းဘတ်နိုင်ငံမှာ
မနေ့က အစည်းအဝေး ကျင်းပပြီး အခုလို ဆုးံ ဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဒီဆုးံ ဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် စစ်ဖက်နဲ့ မဆိုင်တဲ့ ဝန်ကြီးဌာနက ဝန်ကြီးတွေ ဒုဝန်ကြီးတွေလည်း ဥရောပနုင
ိငံတွေကို
လာမဲ့ တနှစ်အတွင်း ဝင်ထွက်ခွင့် ရမယ်လို့ ဆိုပါတယ်။
မြန်မာ နိုငင
်ံခြားရေးဝန်ကြီး အပါအဝင် အစိုး ရအဖွဲ့ဝင် ၂၀ နီးပါးကို ဗီဇာ ပိတပ
် င်ထားတဲ့ ကိစ္စ အခုလို လျှော့ပေးလိုကတ
် ယ် ဆိုပေမဲ့၊ မြန်မာနုင
ိငံပေါ် EU ရဲ့
စီးပွားရေးပိတဆ
ို့မှု သက်တမ်း နောက်ထပ်တနှစ် တိုး လိက
ုတာကိုတော့ ကြိုဆိုကြောင်း လန်ဒန်အခြေစိုက် Burma Campaign U.K အဖွဲ့ရဲ့ ဒါရိက
ုတာ မစ္စတာ
မတ်ခ် ဖာမနာက ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာချိနက
် စလို့၊ မြန်မာနိုင်ငံပေါ်ထားတဲ့ EU ရဲ့ စီးပွားရေး ပိတဆ
ို့ အရေးယူမှုတွေ ပြန်လည်
ရုပသ
ိမ်းသင့်တယ်ဆိုပြီး ပြောဆိုသေ
ံ တွ ကြားရချိန်မှာ EU အနေနဲ့ မြန်မာနိုင်ငံပေါ် အခုလို နောက်ထပ်တနှစ် သက်တမ်းတိုး ပြစ်ဒဏ်ခတ်လက
ိုတာကို
ကျွန်တော်တို့ ကျေနပ်မိပါတယ်လို့ မတ်ခဖ
်ာမနာက ပြောသွားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရသစ်ဟာ လူ့အခွင့်အရေးနဲ့ အခြေခံလွတလ
် ပ်ခွင့်တွေကို လေးစားပြီး ဒီမက
ို ရေစီနိုင်ငံ ဖြစ် ပေါ်လာအောင် ငြိမ်းချမ်းတဲ့နည်းတွေနဲ့
လုပေ
် ဆာင်သွားဖို့ တာဝန်ရှိကြောင်း၊ အစိုးရသစ်ရဲ့ လုပ်နည်းကိုင်နည်းတွေဟာ အများပါဝင်နိုင်ပြီး ငြိမ်း ချမ်းတဲ့ အပြောင်းအလဲတွေအတွက် ဦးတည်ဖို့ လိတ
ု ယ်လို့
EU ဥရောပသမဂ္ဂအဖွဲ့က ခံယူကြောင်း၊ တိုးတက်မေ
ှု တွရှိမသ
ှာ ပိတဆ
ို့ဒဏ်ခတ်ထားတာတွေ ရုပသ
ိမ်းဖို့ စဉ်းစားမှာဖြစ်ကြောင်း EU ရဲ့ ဆုံးဖြတ်ချက်မှာ
ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားအားလုးံ ချွင်းချက်မရှိ ပြန်လွှတ်ပေးရေးနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အပါအဝင် တိုင်းရင်းသား အင်အားစုတွေနဲ့
တွေ့ဆုေ
ံ ဆွးနွေးရေးလုပဖ
ို့ ၊ မြန်မာအစိုးရသစ်ကို ထပ်မံ တောင်းဆိုထားတာကိုလည်း တွေ့ရပါတယ်။
မြန်မာ့နိုငင
်ံရေး တိုးတက် ပြောင်းလဲလာရေးအတွက် EU ဥရောပသမဂ္ဂအဖွဲ့ဟာ အာဆီယံ အပါအဝင် မြန်မာရဲ့ အိမ်နီး ချင်း နိုင်ငေ
ံ တွနဲ့လည်း ဆက်လက်
ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
http://www.rfa.org/burmese

အဆင့် ၇ ဆိုတာ ဘာလဲ


Posted by admin on April 13, 2011 0 Comment
ဂျပန်အစိုးရက ဖူကူရှီးမားညူကလီယား အကျပ်အတည်းကို နိုငင
်ံတကာစံနှုန်းသတ်မတ
ှ်ချက်ဖြစ်တဲ့ အဆင့် ၇ သို့ တိုး မြှင့်လက
ိုတယ်လို့
ကြေညာပြီးတဲ့နောက်ပိုင်း မှာ ဂျပန်ရောက် မြန်မာနိင
ုငံသားတွေကြားထဲမှာ စိုးရိမ်ရေမှတ်တက်လာ ခဲ့ပါတယ်။ “အဆင့် ၇ ဆိေ
ု တာ့ ကျနော်တို့ဘာလုပ်ရမှာလဲ” ။
“အဆင့် ၇ ဆိတ
ုာဘာလဲ” ဆိတ
ဲု့မေးခွန်းတွေဟာ စိုးရိမ် မှုတွေ၊ ဝေခွဲမရမှုတွေနဲ့အတူ ရောပြွမ်းထွက်ပေါ်လာခဲ့ပါတယ်။
ဒီတော့ ဂျပန်အစိုးရက ပြောတဲ့ အဆင့် ၇ ဟာ ဘာလဲဆတ
ိုာ သိထားဖို့တော့လိုအပ်လာပါပြီ။ အဲဒီအဆင့် ၇ ဆိုတာက International Nuclear Event Scale
လို့ခေါ်တဲ့ နိုင်ငတ
ံ ကာ ညူကလီယားဖြစ်ရပ်များကို တိင
ုးတာသောစကေး အ ဆင့် ၇ ဆင့်ရတ
ှိဲ့အထဲမှာ အမြင့်ဆုးံ နဲ့ အစိုးရိမရ
် ဆံုး အဆင့် ဖြစ်ပါတယ်။ အဆင့်
သုံညကနေ ၇ အထိရှိပါတယ်။
အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။

7 – Major accident အဓိကကျသောမတော်တဆမှု


6 – Serious accident စိုး ရိမဖ
်ွယ်ရာမတော်တဆမှု
5 – Accident with wider consequences ပိမ
ိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု
4 – Accident with local consequences ဒေသတွင်း အကျိုးသက်ရောက်မှု
3 – Serious incident စိုး ရိမဖ
်ွယ်ဖြစ်ရပ်
2 – Incident ဖြစ်ရပ်
1 – Anomaly ပံမ
ှုန်မဟုတ်မှု
0 – Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု
အဲဒီအဆင့် ၇ ဆင့က
ို ဘယ်သူက တိုင်းတာသတ်မှတ်ထားတာလဲလို့ နောက်ထပ်မေးခွန်းထုတ်စရာ ရှိလာပါတယ်။
ညူကလီယား မတော်တဆဖြစ်ပွားလာတဲ့ အခြေအနေမျိုးမှာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး သွက်လက်ထိရောက် စွာဆက်သယ
ွ်လုပက
ိုင်နိုငဖ
ို့ဆိုပြီး
နိုင်ငတ
ံ ကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ဟာ ၁၉၉၀ ခုနှစ်မှာ International Nuclear and Radiological Event Scale (INES) ကို
သတ်မှတလ
်ုပ်ဆောင်ခဲ့ပါတယ်။
ဘယ်လိုနည်းတွေနဲ့ သတ်မှတတ
်ာလဲဆိုတဲ့မေးခွန်း ကတော့ ပညာရပ်ဆိုင်ရာမေးခွန်း ဖြစ်တဲ့အတွက် ရှင်းရှင်းပြောရလို့ ရှိရင် ငလျင်တိုင်းတာတဲ့ပုံစလ
ိုံမျိုး
လော့ဂရစ်သမ်တွက်ချက်မှုပုံစေ
ံ တွနဲ့ နှိုင်း ယှဥတ
်ွက် ထားတဲ့ဖော်ပြချက်ဖြစ်ပါတယ်။ အဆင့် ၀ ကနေ အဆင့် ၇ အထိ တခုနဲ့တခုကြား ကွာခြားချက်ပမာဏဟာ
ဆယ်ဆကွာပါတယ်။ ဆိလ
ိုတဲ့သဘောက အဆင့် ၀ ထက် အဆင့် ၁ က ဆယ်ဆပိုပြင်းတယ်၊ ပိုအန္တရာယ် ကြီးတယ်ဆတ
ိဲု့သဘောပါ။ အဆင့် ၀ က လူကို ဘေး
ဥပါဒ်သိသိသာသာ မဖြစ်စေဘူးလို့ ဆိုတဲ့အတွက် အဆင့် ၇ ဆိလ
ို့ရှိရင် အဲဒါထက် အဆ ၇၀ ပိုတဲ့ အဓိပ္ပာယ်ဖြစ်ပါ တယ်။
ဒီတော့ အဆင့် တဆင့်စီဟာ ဘယ်လလ
ိဲုဆိုတာကို သိနားလည်ထားသင့ပ
်ါတယ်။ အမြင်ဆ
ုံ့းဖြစ်တဲ့ အဆင့် ၇ Major accident ဆိတ
ုာဟာ
ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အမြောက်အမြားထွက်ရှိနေပြီး လူ့ ကျန်းမာရေးကိုရော သဘာ ၀ပတ်ဝန်းကျင်ကပ
ိုါ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စေတဲ့အတွက်
တန်ပြန်အရေးယူဆောင်ရက
ွ်တာတွေကို သေသေ ချာချာအစီအစဉ်ချပြီး ကျယ်ကျယ်ပြန့်ပြန့်လုပေ
် ဆာင်ရမှာဖြစ်ပါတယ်။
ကမ္ဘာမှာ အဆင့် ၇ ရောက်တယ်လသ
ို့ တ်မှတ်ခံရတဲ့ ညူကလီယားမတော်မဆမှုဟာ ၁၉၈၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ (ယခင် ဆိုဗီယက်ယူနယ
ီ )ံ
အခုအခါ ယူကရိန်း နိုငင
်ံ ချာနိုဘိုင်း လ် ညူကလီယား ဘေးသင့်မှု ဖြစ်ပါ တယ်။ စမ်းသပ်မှုလပ
ုရင်းနဲ့ အားကြီးမားလှတဲ့ ရေနွေးငွေ့ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကာ
ညူကလီယားလောင်စာတွေ ကနေ ရေဒီယဓ
ိုာတ်သတ္တိကြွတဲ့ဒြပ်တွေ ပတ်ဝန်းကျင်လေထုထဲကို အကြီးအကျယ် ရောက်ခဲ့ပါတယ်။ လူ ၅၆ ဦးသေ ဆုံးပြီး လူ
၄၀၀၀ လောက်ဟာ ကင်ဆာရောဂါမျိုးစုံ ခံစားခဲ့ရပါတယ်။
ချာနိုဘိုင်း လ်မြို့ကိလ
ု ည်း လံုး ၀စွန့်ခွာခဲ့ရပြီး လူမနေတော့တဲ့ အရပ်ဒေသဖြစ်သွားခဲ့ပါတယ်။ ၃၀ ကီလိုမတ
ီာ အထူး ကန်သ
့ တ်ဇဆ
ိုံပြီး သတ်မတ
ှ်ထားခဲ့ပါတယ်။
နောက်တခုကတော့ အခုလောလောဆယ် ဂျပန်မှာဖြစ်ပွားနေတဲ့ ဖူကူရှီး မား ညူကလီယားအကျပ်အတည်းပဲ ဖြစ်ပါတယ်။
အဆင့် ၆ Serious accident ဆိုတာဟာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ သိသိသာသာချည်းထွက်ရှိနေပြီး အဲဒါကို သေသေချချာ အစီအစဉ်ရေးဆွဲသတ်မှတ်ပြီး
လုပေ
် ဆာင်ရမှာ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ဆုဗ
ီယက်ယူနီယံ Mayak မြို့မှာရှိတဲ့ Kyshtym disaster အဖြစ်အပျက်ပါပဲ။
စွန့်ပစ်ညူကလီယားဒြပ်တွေကို ပြန် လည် အသံုး ချဖို့လပ
ုတဲ့လပ
ုငန်းစဉ်မှာ အအေးပေးတဲ့စနစ်ချွတ်ယွင်း ပြီး ရေနွေးငွေ့ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒါ ကြောင့်
ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ် တန်ချိန် ၇၀ ကနေ ၈၀ အထိ လေထုထဲပျံ့လွင့်ခဲ့တယ်လို့ သိရပါတယ်။ ဒေသ တွင်းပြည်သူတွေအပေါ်
ဘယ်လောက်အတုင
ိးအတာအထိ အကျိုးသက်ရောက်မရ
ှိုခဲ့တယ်ဆိုတာကို မသိခဲ့ရပါဘူး။
အဆင့် ၅ Accident with wider consequences ပိုမက
ျိုယ်ပြန့်သောအကျိုးသက်ရောက်မှု ဆိုတာကတော့ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေဟာ
အတိုင်းအတာတခုအထိ ပျံ့နှံ့ထွကတ
်ာကိုခေါ်တာပါ။ ဒီလိုဖြစ်လာခဲ့ရင် စနစ်တကျနဲ့ စီစဉ်သတ်မတ
ှ်ပြီး တန်ပြန်အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတွေ ထိ ခိုကပ
်ျက်စီး ညူကလီယားလောင်စာတောင့ေ
် တွတစိတ်တပိုင်း အရည်ပျော်တာတွေဖြစ်ခဲ့ပါတယ်။
၁၉၅၇ ခုနှစ် ဗြိတိန်နင
ိုငံ Windscale fire ။ ၁၉၇၉ ခုနှစ် အမေရိကန်ပြည်ထောင်စု Three Mile Island accident ၁၉၅၂ ခုနှစ် ကနေဒါနိုင်ငံ First Chalk River
accident ၁၉၆၉ ခုနှစ် ဆွစဇ
်ာလန်နင
ိုငံ Lucens partial core meltdown ၁၉၈၇ ခုနှစ် ဘရာဇီးနိုင်ငံ Goiânia accident စတဲ့နေရာတွေမှာ ဖြစ်ခဲ့ပါတယ်။
အဆင့် ၄ Accident with local consequences ဒေသတွင်း အကျိုးသက်ရောက်မဆ
ှိုတာကတော့ ရေဒီယို ဓာတ် သတ္တိကြွတဲ့ဒြပ်တွေ
အနည်းအကျဉ်းစိမထ
့်ွက်ပျံ့နှံ့ခဲ့တာကို ခေါ်တာပါ။ ဒေသတွင်း မှာ စားသောက် စရာတွေနဲ့ ပတ် သက်ပြီး ကန်သ
့ တ်ထန
ိးချုပ်တားမြစ်တာတွေလုပ်ပြီး
အရေးယူဆောင်ရက
ွ်ရတဲ့အဆင့်ပါ။ လူထုကြားမှာ ဓာတ်ရောင် ခြည်သင့်ခံရနိင
ုတဲ့အဆင့် ဖြစ်ပါတယ်။ အဲဒီအဆင့်သတ်မှတခ
်ံခဲ့ရတဲ့ ကမ္ဘာပေါ်က
ညူကလီယားမတော်တဆမှုတွေ ထဲမှာ တဦးသေဆုံးခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုထခ
ိုက်မှုဖြစ်နိုင်တဲ့အဆင့် ဖြစ်ပါတယ်။ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အာ ဂျင်တီး နား၊
ချက်ကိုစလိဗ
ုားကီးယား၊ ဂျပန်နိုင်ငံတွေမှာ ဖြစ်ခဲ့ဘူး ပါတယ်။
အဆင့် ၃ Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ်ဆတ
ိုာကတော့ ညူကလီယားစက်ရုံတွေ ၊ ဓာတ်ပေါင်းဖိုတွေမှာ အလုပ် လုပတ
်ဲ့အလုပသ
် မားတွေ တနှစ်ကို
ဓာတ်ရောင်ခြည်သင့်ခံရတဲ့ ပမာဏထက် ၁၀ မြင်မ
့ားတဲ့အဆင်က
ို့ ခေါ်တာပါ။ သေ လောက်တဲ့အထိ မဖြစ်ပါဘူး။ အရေပြားတွေ လောင်သွားလောက်တဲ့အထိ
ဖြစ်ခဲ့ပါတယ်။ ဗြိတန
ိ၊ ဟန်ဂေရီ၊ စပိနန
ိုင်ငံ တွေမှာ ဖြစ်ခဲ့ဖူးပါတယ်။
အဆင့် ၂ Incident ဖြစ်ရပ်ဆတ
ိုာကတော့ လူတွေ ဓာတ်ရောင်ခြည်သင့ခ
်ံရတဲ့ပမာဏဟာ ၁၀ မီလီ ဆီးလ်ဗာ့တ် ပဲရှိ ပါတယ်။ အလုပ်သမားတွေ
ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏထက်ပိုမတ
ိဲု့ ရောင်ခြည်သင့် ခံရမှုအဆင့်ဖြစ်ပါတယ်။ စပိန်၊ ဆွီဒင်၊ ပြင်သစ်နင
ိုငံတွေမှာဖြစ်ခဲ့ပါတယ်။
အဆင့် ၁ Anomaly ပုံမှနမ
် ဟုတ်မှု ဆိတ
ုာကတော့ ပြည်သူတွေအနေနဲ့ တနှစ်ရောင်ခြည်သင့ခ
်ံရရင် အန္တရာယ်မဖြစ် စေတဲ့ ပမာဏကို ကျော်လွန်တဲ့အဆင့်
ဖြစ်ပါတယ်။ ပြင်သစ်နိုငင
်ံ ဖြစ်ခဲ့ဖူး ပါတယ်။ အဆင့် ၀ ကတော့ Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု ဆိုတာကတော့
ဘေးဥပါဒ်သင့်တဲ့အဆင့် မဟုတပ
်ါဘူး။ စလိုဗေးနီး ယား၊ အာဂျင်တီးနား၊ ဂျပန်နင
ိုငံတမ
ိှု့ာ ဖြစ်ခဲ့ပါတယ်။
ဂျပန်အစိုးရကသတ်မတ
ှ်ခဲ့တဲ့ အဆင့် ၇ ဆိုတာက ဘယ်နေရာကိုသတ်မှတထ
်ားသလဲဆိုတာက သာမန်ပြည်သေ
ူ တွ အနေနဲ့ မသိမဖြစ်သဖ
ို့လိုအပ်တဲ့ အချက်ပါ။
အဲဒလ
ီိုမဟုတ်ရင် ကြောက်ရွံ့စိုးရိမ်မှုတွေ ဖြစ်နိုင်လပ
ို့ါပဲ။ ဖူကရ
ှူီးမား ဒိုင်း အိချိ အမှတ် (၁) ဓာတ်အားပေးစက်ရုံနေရာမှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရက
အဲဒလ
ီိုမကြေညာခင်မှာ IAEA ကို ကြို တင်အသိပေးပြီး ယာယီသတ်မတ
ှ်ထားတယ်ဆတ
ိဲု့လျှောက်လွှာကို တင်ထားခဲတ
့ ယ်လို့ IAEA ကဆိုပါတယ်။
ကျော်ကျော်စိုး
၃း၅၁ နာရီ
ဧပြီလ ၁၃ ရက် ၂၀၁၁ ခုနှစ်
ဘေးကင်လုံးခြုံရေးအဆင့် ၇ ထိ တိုး မြှင့်သတ်မှတ်
Posted by admin on April 12, 2011 0 Comment

ဖူကရ
ှူီးမားညူကလီယားအကျပ်အတည်းဟာ ပိမ
ိုမြင့်မားလာနေတယ်လို့ ဆိုလို့ရပါတယ်။ အကြောင်းကတော့ ဂျပန်အ စိုးရက ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ
ယိုစမ
ိ့်ပျံ့နှံ့မှုဟာ ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ချာနိုဘင
ိုးလ် ညူကလီယား ဓာတ်ပေါင်းဖိုပေါက်ကွဲမှုကနေ ယိုစမ
ိ့်ထွက်ခတ
ဲ့ ရေဒီယဓ
ိုာတ်သတ္တိကြွမှုနဲ့ ပမာဏနဲ့
တူညီတဲ့အတွက်လို့ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရက ဖူကူရှးီ မားစက်ရတ
ုံ ၀ိုက်ဒေသမှာ ညူကလီယားဓာတ်ရောင်ခြည်သင့်မဟ
ှုာ ဆိုးရွားလှတဲ့အ ဆင့်ကို
ရောက်နေတဲ့အတွက် နိင
ုငံတကာစံနှုန်း သတ်မှတ်ချက် အဆင့် ၇ အထိ တိုး မြှင့်လက
ိုတာဖြစ်ပါတယ်။ ဒီအ တွက် ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို
အဲဒါ့နက
ို အဆင့် ၇ ကို တိုးမြှင့်လိုကတ
်ာနဲ့ပတ်သက်ပြီး ဖူကူရှးီ မား ဓာတ်အားပေးစက်ရုံ အနီးဒေသမှာနေထိုင်ကြတဲ့သူတွေကို တောင်းပန်လိုကပ
်ါတယ်။
အခုလို စံနန
ှုး (စိုးရိမ်အဆင်)့ ကို မြှငတ
့် င်လက
ိုတာဟာ ချာနိဘ
ိုင်းလ် ညူကလီယားဘေးသင့်ခသ
ဲ့ လိုမျိုး မဟုတဘ
်ူးလို့ ဆိုပါတယ်။
ဒီကြားထဲ တိုကျိုမြို့ရဲ့ ရှင်းဘားရှိ ဘူတာနားမှာ ဖူကူရှီးမားခရိုင် အီဝါးကိမြို့ပတ်ဝန်းကျင်ကထွက်တဲ့ ဟင်းသီးဟင်း ရွက်တွေကို ရောင်းချတဲ့ပွဲကို
ယုကိအိုအဲဒါ့နိုသွားရောက်ပြီး စတော်ဘယ်ရီသီး တွေစားပြ ဟင်းရွက်တွေဝယ်ပြတာတွေ လုပ်ခဲ့ပါသေးတယ်။
ဒီလိုအခြေအနေကိုကြည့်လို့ရှိရင် ဂျပန်အစိုးရဟာ ညူကလီယားအန္တရာယ်နဲ့ပတ်သက်ပြီး ပြည်သလ
ူထု အကြားမှာ
ထိတ်လန်တ
ု့န်လပ
ှုချောက်ခြားမှုတွေမဖြစ်အောင် တဖြည်းဖြည်းချင်းနဲ့ လုပ်ဆောင်နေတဲ့ သဘောသက်ရောက်နေ ပါတယ်။
ကျိုတတ
ို က္ကသလ
ို ညူကလီယားဓာတ်ပေါင်းဖိုဌာနက ညူကလီယားရူပဗေဒပညာရှင် ပါမောက္ခ ဟီရိုနဘ
ို အူနဲဆာကိ က အစိုး ရက
ဒီလမ
ျိုးဘေးအန္တရာယ်အဆင့်ကို တိုးမြှင့်လိုကေ
် ပမဲ့ စိုး ရိမ်စရာမလိုပါဘူးလို့ ပြောပါတယ်။ ဘာကြောင့် သူဒလ
ီိုပြောရသလဲဆတ
ိုာကို “ယိုစမ
ိ့်ပျံ့နှံ့ခဲ့တဲ့
ရေဒီယိုဓာတ်သတ္တိကြွမှုတွေဟာ အကျပ်အတည်းစဖြစ်စ ကာလဖြစ် တယ်ဆိုတာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို တိက
ုရိုကထ
ိခိုကေ
် စနိုငတ
်ဲ့
အနေအထားမရှဘ
ိုး” ဆိုပြီး ထောက်ပြခဲ့ပါတယ်။ သူက တိုင်း ထွာရရှိတဲ့အချက်အလက် တွေအားလုံးကို သံုး သပ်ပြီး ဓာတ်ပေါင်းဖိက
ို ကောင်း
ကောင်းထိန်း သိမ်းကွပက
်ဲနိုင်ပြီလို့ ပြောလို့ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုပြောတဲ့အတွက် ယိစ
ိုမ့်တဲ့ပမာဏ သိသသ
ိာ သာများပြားတာမျိုးမရှိဘူး ဆုတ
ိဲ့အဓိပ္ပာယ်
မဟုတ်ဘူး လို့ဆပ
ိုါတယ်။
အစိုးရအဖွဲ့အတွင်းဝန်ချုပ်နဲ့ ပါမောက္ခတရ
ိုဲ့ပြောဆိုချက်တွေက ဂျပန်နိုင်ငတ
ွံင်းပြည်သူတွေ အထူးသဖြင့် ဖူကူရှးီ မား ဓာတ်အားပေးစက်ရုံဒေသတ၀ိုက်က
လူတွေရဲ့စိုးရိမစ
ိတ်တွေကို လျော့ကျစေဖိဆ
ို့တဲ့သဘော သက်ရောက်နေတဲ့ အပြင် ရှင်းလင်းပြတ်သားစွာပြောဆိုတာမျိုးမလုပတ
်ဲ့အတွက် သံသယမျက်စန
ိဲ့
ၾကည့္လိုသေ
ူ တွအတွက် မယုံကြည်နိုင် တဲ့အနေအထားကို ရောက်စေပါတယ်။
TEPCO အရာရှိတဦးက ရေဒီယိုဓာတ်သတ္တိယိုစမ
ိ့်ပျံ့နှံ့မှုတွေဟာ လုံးဝမရပ်သေးတဲ့အတွက် အဲဒီလို ယိုစမ
ိ့်ပျံ့နှံ့တဲ့ ပမာဏဟာ
ချာနိုဘိုင်း လ်အဆင်က
ို့ရောက်လာမလား ဒါမှမဟုတ် ကျော်လွန်သွားမလား ဆိတ
ုာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
ညူကလီယား ဘေးကင်းရေးဆိုင်ရာအေဂျင်စရ
ီဲ့ ပြောဆိုချက်ကတော့ ယိစ
ိုမ့်ပျံ့နှံ့တဲ့ပမာဏဟာ ချာနိုဘိုင်း လ်ရဲ့ ၁၀% ပဲရပ
ှိါတယ်လို့ ဆိုပါတယ်။

ဗြိတိနန
ိုင်ငံ Surrey တက္ကသိုလမ
ှ် ရူပဗေဒပါမောက္ခ ပက်ဒေ
ီ ရဂင် က ဂျပန်အစိုး ရရဲ့ အဆင့် ၇ စံနန
ှုးကို မြှင့်လက
ို တယ်ဆိုတာက သဘာဝပတ်ဝန်းကျင်ထဲကို
ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အတော်ကို ပျံ့နှံ့နေတယ်ဆိုတဲ့ သ ဘောလို့ ပြောပါတယ်။ ချာနိဘ
ိုင်းလ်လို အဆင့တ
်ူပေမဲ့ တကယ်တမ်းတော့ မတူပါဘူးလို့
ဆိုပါတယ်။ ပျံ့နှတ
ံဲ့ပမာဏ နည်းတာရယ်။ ပျံ့နှံ့တဲ့နည်းလမ်းမတူညီတာရယ်ကြောင့်လို့ ပြောပါတယ်။
သြစတြေးလျားနိုင်ငံမှ ညူကလီယားဘေးကင်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒွနဟ
် စ်ဂဆ
်ဲန် က “ကျနော့် အတွကက
် တော့ ဖူကူရှးီ မားကို ချာနိုဘိုင်း လ်နဲ့
တတန်းတည်းသတ်မှတတ
် ယ်ဆတ
ိုာဟာ ဘာမှအဓိပ္ပာယ်မရှိဘူး ” လို့ ပြောဆိပ
ုါ တယ်။
ကျော်ကျော်စိုး
၂၁း၁၂ နာရီ
ဧပြီ ၁၂ ရက်၊ ၂၀၁၁ ခုနစ
ှ်
http://www.naytthit.net/

You might also like