News On April 16

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 18

Uncensored Burma - Daily News ( 2011 Apr 16)

မာတိကာ
အတာသင်္ကြန်အကက်နေ့  ပျော်ရွှင်ဆင်နွဲ ဘီဘီစီ

ကချင်ပြည်နယ် လက်ဝါးကပ်တိုင် ရွှေ့ ပြောင်းခိုင်း ဘီဘီစီ

မန္တလေးသက်ြန် ဘီဘီစီ

စစ်တွေမှ ဂီတသမား တစ်ဦး ဘင်္ဂလာဒေခ်ျ့ သင်္ကြန်တွင် ဖြေဖျော်နေစဉ် ရုတ်ကရက် သေဆုံး


4/16/2011 နိရဉ္စရာ

ဓါတုလက်နက်တစ်မျိုး ထုတ်လုပ်ရန် မြန်မာအစိုးရ လျှို့ဝှက်ကြိုးပမ်းနေ


Friday, 15 April 2011 00:00 KNG

ဧရာဝ
ဧရာဝတီ မြစ်
မြစ်ဆုံ ခရစ်ယာန်လက်ဝါးကပ်တိုင် ရွှေ
ရွှေ့ပြောင်းရန် ဖိအားပေးခံနေရ
Saturday, 16 April 2011 15:51 KNG

မြန်မာအစိုးရသတင်းစာ ဖော်ပြချက်ကို SSA တောင်ပိုင်း ငြင်းဆို


2011-04-16 RFA

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေး အထူး ကိုယ်စားလှယ်ကို Mitch McConnell ကြိုဆို


2011-04-16 RFA

ရေမျောလှေသမားများ သီရိလင်္ကာကယ်တင်
By ကိုရန်နိုင် စနေ, 16 ဧပြီ VOA
VOA

ဗမာအစိုးရရဲ့  ဒုံးလက်နက်စက်ရုံ
By ဦးအောင်ခင် & မညိုညိုလွင် စနေ, 16 ဧပြီ VOA
VOA

ဗေလုဝ၊ သက်ကြီးစကား၊ နိုင်ငံရေးလွင်မိုး၊ စိုးမြတ်သူဇာ၊ သင်္ကြန်


နွားကျောင်းသားကိုဝင်း ဧပြီ ၁၆၊ ၂၀၁၁ မိုးမခ

ခေါင်းလျှော်ကာ တရော် ကင်ပွန်းရယ်နဲ့


ရန်ဝင်း (တောင်တံခါး) ဧပြီ ၁၆၊ ၂၀၁၁ မိုးမခ

အရှိ အရှိအတိုင်း ရိုးရိုးလေးပြောပါ


တူမောင်ညို ဧပြီင်္ ၁၆၊ ၂၀၁၁ မိုးမခ
စစ်တွေမှ ဂီတသမား တစ်ဦး ဘင်္ဂလာဒေခ်ျ့ သင်္ကြန်တွင် ဖြေဖျော်နေစဉ် ရုတ်ကရက် သေဆုံး
4/16/2011 နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့ ရခိုင် သင်္ကြန်တွင် လာရောက်ဖြေဖျော်နေသော စစ်တွေမှ ၀ါရင့်ဂီတသမား တစ်ဦးသည် သင်္ကြန်ပွဲ


စတိတ်ရှိုး တစ်ခု၌ ရုတ်တရက် လဲကျ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ကိုအောင်ကျော်ဇံဖြစ်ပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ ဖြစ်သည်။ ကော့ဘဇားခရိုင်


အာဇီနော်ကော် ကျေးရွာ သင်္ကြန်ပွဲ စတိတ်ရှိုးတွင် ဖြေဖျော်နေစဉ် ဧပြီလ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင်
ကွယ်လွန်သွားခြင်း ဖြစ်သည်။

သူသေဆုံးသွားပုံကို သူနှင့် အတူ သင်္ကြန်ပွဲတွင် ဖြေဖျော်ရန် ရောက်ရှိနေသူ ကိုမြတ်ခိုင်ကျာ်က ယခုကဲ့သို့


ပြောသည်။

“ ကျနော်သီချင်းဆိုပီး စင်ပေါ်က အဆင်း သိပ်မကြာခင်ဘဲ သူက ကီးဘုတ်စ် တီးနေရာကနေ လက်ကိုထောင်ပြီး


ထိုင်ကျသွားတယ်။ သူရဲ့ အနီးမှာ ဒရမ်းတီးနေတဲ့ ကိုကျော်သန်းက ချက်ချင်း တီးနေတာကို ရပ်ပြီး
သူ့ဆီလိုက်သွားတယ်။ ကျနော်လည်း စင်ပေါ်ကို ပြေးတက်ပီး သူ့ကို ကြည့်လိုက်တော့ ၂ မိလောက်ဘဲ
ကြာတယ်။ သူအသက်ထွက်သွားပါတယ်” ဟု ပြောသည်။

ကိုအောင်ကျော်ဇံမှာ စစ်တွေမြို့မှ နာမည်ကြီး ၀ါရင့် ဂီတသမား တစ်ဦး ဖြစ်ပြီး ရခိုင်ပြည်နယ်မှ နာမည်ကြီး


အဆိုတော်များ ဖြစ်ကြသော ကိုမြတ်ခိုင်ကျော်၊ ကိုလှသိန်း၊ ကိုမျိုးရခိုင်နှင့် မယုယုလိုင်တို့နှင့် ဘင်္ဂလာဒေခ်ျ့
ရခိုင်သင်္ကြန်ပွဲတော်တွင် လာရောက်ဖြေဖျော်စဉ် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့သွားခဲ့ရခြင်း ဖြစ်သည်။

“ စစ်တွေဂီတလောကမှာဆိုရင် သူက ၀ါရင့်ဂီတ သမား တစ်ဦး ဖြစ်ပါတယ်။ ကျနော် ဂီတာ မတီးခင်ကတည်းက


သူက စန္ဒယားတီးနေပါပြီ။ သူဟာ ဂီတ အရာမှာ တော်တော်ကျွမ်းတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ အခု
သူသေသွားတာ ကျွန်တော်ဦးခေါင်းကို ဖနှောင့်နဲ့ လာဆောင့်သလို ခံစားရပါတယ်။ ကျွန်တော်ဦးဆောင်ပီး
ခေါ်လာတဲ့ ပွဲစဉ် တစ်ခုမှာ ခုလို ဂီတသမား တစ်ဦးဆုံးသွားတာဟာ ကျနော်အတွက် တကယ့်ကို
ထိခိုက်ခံစားရပါတယ်” ဟု ကိုမြတ်ခိုင်ကျော်က ပြောသည်။

ကိုအောင်ကျော်ဇံသည် လွန်ခဲ့သော တစ်ပေါင်းလက ဘင်္ဂလာဒေခ်ျ့ အ၀ကျွန်း ဘုရားပွဲတော်တွင် လာရောက်


တီးခတ်ခဲ့ပြီးနောက် သူ၏ ကျွမ်းကျင်သော ဂီတ တီးခတ်မူနှင့် ရင်းနှီးဖေါ်ရွှေမူကြောင့် နောက်တကြိမ်
ဖလောင်းချိတ် သင်္ကြန်တွင် တီးခတ်ရန် ဖိတ်ကြားခံခဲ့ရသည်။

ကိုအောင်ကျော်ဇံတွင် ဆီးချိုရောဂါ အခံရှိပြီး အချိုဓါတ်ကို ရှောင်ကြဉ်ရာမှ အချိုဓါတ်ကုန်ခန်း၍


သေဆုံးသွားပုံရသည်ဟု ဆရာဝန်က ပြောကြောင်း သိရသည်။ ဆီးချိုကြောင့် အရက်လည်း သောက်သုံးမူ
မရှိကြောင်း ပြောသည်။ သေဆုံးပြီးနောက် သူ့အလောင်းအား သက်ဆိုင်ရာ ဘင်္ဂလာ အာဏာပိုင်များက
ဆေးစစ်ဆေးခဲ့ပြီး ယနေ့တွင် ဖလောင်းချိတ်တွင် အသုဘချ သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

ကိုအောင်ကျော်ဇံတွင် အသက် ၈၀ ကျော် မိခင် တစ်ဦး၊ ဇနီးနှင့် လူမမယ် သားနှစ်ဦး ကျန်ရှိခဲ့ကာ ဆင်းရဲ
နွမ်းပါးကြောင်း သိရသည်။

ယခုအခါ ကျန်ရစ်ခဲ့သော သူ့မိသားစု အတွက် ထောက်ပံ့ ကူညီရန် ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေသော


ရခိုင်အမျိုးသားများက ငွေကြေးများ ကောက်ခံပြီး ရံပုံငွေ စုဆောင်းနေကြောင်း ကိုစိုးလင်းက ယခုကဲ့သို့
ပြောသည်။

“ သူဆုံးသွားတဲ့ နောက်ပိုင်းမှာ သူ့ကို မှီခိုနေတဲ့ မိသားစု တစ်ခုလုံးက အများကြီး အခက်အခဲတွေ့ ရနိုင်ပါတယ်။


ဒါကြောင့် သူမိသားစု အတွက် ကျနော်တို့ အခု ငွေတွေ ကောက်ခံနေပါတယ်။ ကိုမြတ်ခိုင်ကျော်တို့ ပြန်တဲ့ အခါ
တပါတည်း ငွေတွေပို့ပေးနိုင်အောင် အခုက စပြီး စီစဉ်နေပါတယ်” ဟု ပြောသည်။

ရခိုင်မှ လာရောက်ပြီး သင်္ကြန်ပွဲတော်တွင် ဖြေဖျော်နေစဉ် ကိုအောင်ကျော်ဇံ ရုတ်တရက် သေဆုံးသွားသော


သတင်းကြောင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွင်းရှိ ရခိုင် လူမျိုးများ အနေဖြင့် အထူး စိတ်မကောင်း
ဖြစ်နေကြကြောင်း သိရသည်။

ကိုအောင်ကျော်ဇံကွယ်လွန်သွားသော်လည်း ကျန်ရှိနေသော ထောင်သောင်းရွာ၊ ဖလောင်းချိတ် သင်္ကြန်ပွဲတော်


စိတ်ရှိုးများကို ဆက်လက် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဓါတုလက်နက်တစ်မျိုး ထုတ်လုပ်ရန် မြန်မာအစိုးရ လျှို့ဝှက်ကြိုးပမ်းနေ


Friday, 15 April 2011 00:00 KNG

မြန်မာစစ်တပ်က အမျိုးအမည်မသိ ဓါတုလက်နက်တစ်မျိုး ထုတ်လုပ်ရန် နိုင်ငံမြောက်ပိုင်း တစ်နေရာတွင်


လုံခြုံရေးတင်းကြပ်စွာဖြင့် လျှို့ဝှက်ကြိုးပမ်းနေကြောင်း ခိုင်လုံသော ဒေသခံသတင်းရပ်ကွက်များက ဆိုသည်။
ယင်းလျှို့ဝှက်နေရာသည် ကချင်ပြည်နယ် တောင်ပိုင်းနယ်နိမိတ်၊ ရှမ်းပြည်မြောက်ပိုင်း
မဘိန်းမြို့နယ်တွင်တည်ရှိသည်ဟု ဒေသခံသတင်းရပ်ကွက်များက ပြောပါသည်။

အဆောက်အအုံအတွင်း အလုပ်သမားများ အနုမြူဇီဝဓါတု အကာအကွယ်ဝတ်စုံများ ၀တ်ဆင်ပြီး


အလုပ်လုပ်နေသည်ကို မြင်ရသည်ဟု မျက်မြင်သက်သေတစ်ဦးမှ သိရသည်။

ယခုချိန်ထိ လက်နက် အမျိုးအမည် အတိအကျ မသိရသေးသော်လည်း အနုမြူဗုံးစီမံကိန်း ဖြစ်နိုင်ကြောင်း


စစ်ရေးလေ့လာသူများက ယူဆထားပါသည်။

အလုပ်သမားများမှအပ မည်သူ့ကိုမျှ လျှို့ဝှက်လက်နက်ထုတ်လုပ်သည့်နေရာသို့ ချဉ်းကပ်ဝင်ရောက်ခွင့်


မပြုကြောင်း ဒေသခံများပြောသည်။ ယမန်နှစ် နှစ်ဦးပိုင်း စီမံကိန်းစတင်ချိန်ကတည်းက ၎င်းနေရာသို့ ပြင်ပလူများ
ဝင်ထွက်သွားလာခြင်း လုံးဝကန့်သတ်ထားသည်ဟု ဒေသခံများနှင့် သစ်ကုန်သည်များ ပြောပါသည်။

ထို့အပြင် ယမန်နှစ်ကစပြီး တရုတ်သစ်ကားများနှင့် အလုပ်သမားများအား ယင်း မဘိန်းနယ်မြေသို့


ဝင်ရောက်ခြင်း ထူးထူးခြားခြားပိတ်ပင်ခဲ့ကြောင်း သစ်ကုန်သည်များပြောသည်။ ယခင်က ယင်းနယ်မြေများမှ
ကျွန်းသစ်များကို ထုတ်ယူပြီး တရုတ်နယ်စပ်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

မဘိန်း လျှို့ဝှက်လက်နက်စီမံကိန်းစခန်းသည် ရပ်ရွာများမှ ဝေးလံသည့်နေရာတွင် သီးခြားတည်ရှိပြီး


ပထ၀ီအနေအထားအရ ကချင်လွတ်မြောက်ရေးအဖွဲ့(KIA)နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)
ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နှင့်လည်း အလှမ်းဝေးရာ နေရာဖြစ်သည်။

စစ်တပ်လွှမ်းမိုးသည့် မြန်မာအစိုးရသည် မြောက်ကိုးရီးယားနှင့် ရုရှားတို့၏ အကူအညီများဖြင့်


အနုမြူဗုံးအပါအ၀င် ခေတ်မီလက်နက်များပိုင်ဆိုင်ရေးကို ကြိုးပမ်းနေပါသည်။

ဧရာဝ
ဧရာဝတီ မြစ်
မြစ်ဆုံ ခရစ်ယာန်လက်ဝါးကပ်တိုင် ရွှေ
ရွှေ့ပြောင်းရန် ဖိအားပေးခံနေရ
Saturday, 16 April 2011 15:51 KNG

မြန်မာအစိုးရသစ်က ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံတွင် နှစ်ပေါင်းများစွာက စိုက်ထူခဲ့သော ကချင်ခရစ်ယာန်


လက်ဝါးကပ်တိုင်ကြီး နှစ်ခုအား နေရာရွှေ့ပြောင်းပေးရန် ယခုလ လဆန်းပိုင်းမှ ပိုမိုဖိအားပေးလာကြောင်း
အသင်းတော်လူကြီးများ ပြောသည်။

မလိခ-အင်မိုင်ခ (မလိခ-မေခ)မြစ်နှစ်ခု ဆုံဆည်းရာ မြစ်ဆုံအနီး အရှေ့ဘက်တောင်ထိပ်တွင် မြစ်ဆုံရွာ


တန်ဖရဲမှ နှစ်ခြင်းနှင့် ရိုမန်ကတ်သလစ် အသင်းတော်တို့မှ လက်ဝါးကပ်တိုင်ကြီး နှစ်ခုအား နေရာတခုစီတွင်
သီးခြား စိုက်ထူထားပါသည်။

ယင်းနေရာကို ကချင်လို ‘အူဒန်ဘွမ် (Wudang Bum)’ ဟု ခေါ်သည့် လက်ဝါးကပ်တိုင်တောင်သည်


ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၏ မြောက်ဘက် ၂၇ မိုင်အကွာတွင် တည်ရှိသည်။
အသင်းတော် နှစ်ခုမှ ခေါင်းဆောင်များအား ၎င်းတို့၏ လက်ဝါးကပ်တိုင်များ ရွှေ့ပြောင်းပေးရန်
မြစ်ဆုံရေကာတာစီမံကိန်း တာဝန်ယူတည်ဆောက်နေသည့် မြန်မာပြည်မှ အေးရှားဝေါလ်ကုမ္ပဏီနှုင့်
တရုတ်အစိုးရပိုင် စီပီအိုင် (China Power Investment Corporation, CPI) တို့က ဖိအားပေးနေခြင်းဖြစ်ကြောင်း
ဆိုသည်။

ဧပြီ ၈ ရက်တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (Myitkyina Christian Council, MCC) တွင် သြဇာရှိသူ


ခေါင်းဆောင်ဟောင်း သိက္ခာတော်ရဆရာတော် မဒိန်ဇုန်းကျန်းအား ရေကာတာစီမံကိန်းထဲရှိ
အေးရှားဝေါလ်းရုံးခန်းသို့ဖိတ်ကြားပြီး လက်ဝါးကပ်တိုင်များ ပြောင်းရွှေ့ရေးကိစ္စ တိုင်ပင်ခဲ့သည်ဟု သိရသည်။

စည်းဝေးပြီးနောက်ပိုင်း ဆရာ ဇုန်းကျန်းက ၎င်းဘာသာရေးအဖွဲ့နှစ်ခုမှ ခေါင်းဆောင်များအား


လက်ဝါးကပ်တိုင်များကို ရွှေ့ပြောင်းရန် အကြံပြုခဲ့သည်။ သို့သော် MCC ခေါင်းဆောင်ဟောင်း၏ အကြုံပြုချက်ကို
အသင်းတော်နှစ်ခုမှ ယခုတိုင် ငြင်းဆန်နေဆဲဖြစ်သည်ဟု အသင်းတော်ခေါင်းဆောင်များပြောသည်။

တန်ဖရဲကျေးရွာက နှစ်ခြင်းနှင့် ကတ်တလစ် ခရစ်ယာန်ဘာသာဝင်များက MCC ခေါင်းဆောင်ဟောင်း၏


ရပ်တည်ချက်အတွက် ၀မ်နည်းခဲ့ရကြောင်းနှင့် ယခု လက်ဝါးကပ်တိုင်ပြောင်းရွှေ့ရေးကိစ္စတွင် ဆရာတော်သည်
ကုမ္ပဏီများဘက် ရပ်တည်ပေးရမှာထက် ၎င်းတို့ဘက်မှရပ်တည်ပေးသင့်ကြောင်း ဝေဖန်နေကြသည်။

ထို့အတူ ၂၀၀၇ ခုနှစ်က မြန်မာတပြည်လုံးရှိ ကချင်အမျိုးသားများကိုယ်စား ကချင်အမျိုးသားများ


အတိုင်ပင်ခံအဖွဲ့ (Kachin Nationals Consultative Assembly, KNCA) မှ ဦးဆောင်ပြီး မြန်မာစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့သည့် မြစ်ဆုံရေကာတာကန့်ကွက်ခြင်း အိတ်ဖွင့်ပေးစာတွင် ယခု
ငြိမ်းချမ်းရေးသံတမန်၊ ကချုင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း သိက္ခာတော်ရ
ဒေါက်တာဆဘွဲဂျုံက ထောက်ခံချက်ပေးရန် ဖိတ်ခေါ်ခြင်းအား ငြင်းဆန်ခဲ့သည်။

ဆက်လက်ပြီး ဧပြီ ၁၂ ရက် တွင် လက်ဝါးကပ်တိုင် နေရာပြောင်းရွှေ့ရေးဆွေးနွေးပွဲကို မြို့တော်ခန်းမ


(မြစ်ကြီးနား)တွင် ထပ်မံ ပြုလုပ်ခဲ့ပြီး စီပီအိုင်နှင့် အေးရှားဝေါလ်ကိုယ်စားလှယ်များ၊ တန်ဖရဲကျေးရွာမှ နှစ်ခြင်းနှင့်
ကတ်သလစ်ခေါင်းဆောင်များနှင့်အတူ ဆရာဇုန်းကျန်းလည်း တက်ရောက်ခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာစစ်အစိုးရက မြစ်ဆုံရေကာတာတည်ဆောက်ခြင်း စတင်ကြောင်း


တရားဝင် ကြေညာခဲ့ပြီးနောက် စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများပြောင်းရွှေ့ခြင်းကို ယမန်နှစ် မေလမှ
စတင်ပြုလုပ်လာသည်။

မြစ်ဆုံရေကာတာစီမံကိန်းအတွင်းမှ ကျေးရွာပေါင်း ၄၇ ရွာမှ ရွာသား ထောင်ဂဏန်း အစိုးရစံပြကျေးရွာ


ရွာသစ်များသို့ အတင်း ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (Kachin Development
Networking Group, KDNG)မှ အတွင်းရေးမှူး ဆလန် စာဂျီးပြောသည်။

KDNG သည် ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း အစီရင်ခံစာအမျိုးမျိုး ထုတ်ဝေခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

ရေကာတာ စီမံကိန်းကြောင့် လူဦးရေ အနည်းဆုံး ၁၅၀၀၀ ကျော်သည်


အတင်းနေရာပြောင်းရွှေ့ခံရမည်ဖြစ်သလို ငလျင်ကြောင့် ရေကာတာကျိုးပေါက်လျှင် မြစ်အောက်ပိုင်းရှိ
လူပေါင်းသိန်းနှင့်ချီ ရေလွှမ်းမိုးဒဏ် ခံရမည်ဖြစ်သည်ဟု KDNG က သတိပေးထားသည်။

KDNG နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်


တရုတ်သမ္မတ ဟူဂျင်တောင်ထံသို့ ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းရပ်တန့်ပေးရန် အိတ်ဖွင့်ပေးစာများ
သီးခြားစီ ပေးပို့ခဲ့သော်လည်း တောင်းဆိုချက်မှာ ယခုတိုင်လျစ်လျူရှူခံနေရဆဲဖြစ်သည်။
မြန်မာအစိုးရသတင်းစာ ဖော်ပြချက်ကို SSA တောင်ပိုင်း ငြင်းဆို
2011-04-16 RFA

ဗိုလ်မှူးကြီး ရွက်ဆစ် ဦးဆောင်တဲ့ SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့်


အရပ်သားတွေ သေဆုံး ထိခိုက် ဒဏ်ရာရခဲ့တဲ့အကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြချက်ကို
SSA တောင်ပိုင်းတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်က ကာလီမြို့နယ်ခွဲမှာ အခုလ (၄) ရက်နဲ့ (၁၂) ရက်နေ့တွေက


ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးကာ ကိုရင်တပါး အပါအဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နာမည်တွေနဲ့
တကွ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောင်ဆိုင် ကို မေးမြန်းရာမှာ


သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘဲ မြန်မာအစိုးရ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးကြရတာ
ဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းအမျိုးသမီးများအဖွဲ့ အပါအဝင် အဖွဲ့ (၆) ဖွဲ့ စုစည်းထားတဲ့ ရှမ်းလူမှုအသိုင်းအဝိုင်း အခြေပြု အဖွဲ့ကလည်း


SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို တိုက်ခိုက်နေတဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို အခုလ (၁၂) ရက်နေ့က သတင်းထုတ်ပြန်ပြီး ပြစ်တင် ကန့်ကွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေး အထူး ကိုယ်စားလှယ်ကို Mitch McConnell ကြိုဆို


2011-04-16 RFA

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက် ရေး အထူးကိုယ်စားလှယ် အဖြစ်


Derek Mitchell ကို သမ္မတအိုဘားမား က အဆိုပြုခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာပြည်ဆိုင်ရာ
ဆောင်ရွက်မှုတွေအတွက် ထင်ရှားကျော်ကြားသူ အထက် လွှတ်တော်အမတ် Mitch McConnell က
သတင်းကောင်းတခုအဖြစ် ကြိုဆိုလိုက်ပါတယ်။

ဧပြီလ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell ရဲ့
ပြောဆိုချက်မှာ-

“အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူး ကိုယ်စားလှယ်အဖြစ်


တာဝန် ပေးအပ်နိုင်ရေးအတွက် အခု နောက်ဆုံးမှာတော့ အမေရိကန် အစိုးရက ပုဂ္ဂိုလ်တယောက်ကို
အဆိုပြုနိုင်ခဲ့ပါပြီ၊ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးကို စိုးရိမ်ပူပန်တဲ့ မိမိတို့ အတွက်တော့ ဒါဟာ
မင်္ဂလာသတင်းပါပဲ” လို့ အစချီထားပြီး

“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ရေးနဲ့ အမျိုးသား ပြန်လည်


ရင်ကြားစေ့ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းမယ့် ပုဂ္ဂိုလ်ဟာ အင်မတန် အရည်အချင်း
ပြည့်ဝသူတဦး ဖြစ်ဖို့လိုပါတယ်၊ အခု အဆိုပြုလိုက်တဲ့ Mr. Mitchell ကို အထက်လွှတ်တော်က အကြံဥာဏ်နဲ့
တာဝန်တွေ ပေးအပ်တာနဲ့ အညီ မိမိ အနေနဲ့လည်း သူ့ရဲ့ အရင်က စွမ်းဆောင် အောင်မြင်ခဲ့မှုတွေနဲ့
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ အပေါ် ရှုမြင် သုံးသပ်ချက်တွေကို ကြားသိရဖို့ မျှော်လင့်ပါတယ်” လို့ ဖော်ပြ
ပါရှိပါတယ်။
ရေမျောလှေသမားများ သီရိလင်္ကာကယ်တင်
By ကိုရန်နိုင် စနေ, 16 ဧပြီ VOA
VOA

မြန်မာနိုင်ငံက ငါးဖမ်းသင်္ဘောသား ၁၂ ယောက်ကို အိန္ဒိယသမုဒ္ဒရာထဲမှာ သီရီလင်္ကာနိုင်ငံ ရေတပ်က


ကယ်တင်လိုက်နိုင်ပါတယ်။ အဲဒီ သင်္ဘောသားတွေကို သီရီလင်္ကာနိုင်ငံကို ခေါ်ဆောင်သွားခဲ့ပြီး သက်ဆိုင်ရာ
မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖို့အတွက် စီစဉ်နေတယ်လို့ သီရီလင်္ကာရေတပ်က ပြောပါတယ်။ ဒီမြန်မာ
သင်္ဘောသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က အပြည့်အစုံကို
တင်ပြထားပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက နိုင်ငံတကာရေပိုင်နက်ထဲမှာ သင်္ဘောပျက်ပြီး မျောနေတဲ့ မြန်မာ ငါးဖမ်းသင်္ဘောသား ၁၂


ယောက်ဟာ သီရီလင်္ကာရေတပ်ရဲ့ အကူအညီနဲ့ သီရီလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့ကို ဒီကနေ့ ဧပြီလ ၁၆
ရက်နေ့က ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီမြန်မာ ငါးဖမ်းသင်္ဘောသား ၁၂ ယောက်ဟာ ပင်လယ်ထဲမှာ
ရက်အတော်ကြာ မျောနေတာဖြစ်ပေမဲ့လည်း သူတို့ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်တယ်လို့
သီရီလင်္ကာရေတပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်မှူးကြီး ကောသလ ၀ါနာကူလာသူရိယ (Kosala
Warnakulasuriya) က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီငါးဖမ်းသမားတွေကို ထရင်ကိုမာလီမှာရှိတဲ့ ရေတပ်ဆိပ်ကမ်းဆီ ဒီမနက်ပဲ ခေါ်လာခဲ့ပါတယ်။


အဲဒီနောက် သူတို့တွေကို ထရင်ကိုမာလီမှာရှိတဲ့ ရေတပ်ဆေးရုံကို ပို့လိုက်ပါတယ်။ သူတို့အားလုံးရဲ့
ကျန်းမာရေးအခြေအနေဟာ ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ သူတို့ တယောက်ချင်းစီကို ဆေးစစ်တာတွေ
ကျနော်တို့လုပ်ပေးခဲ့ပြီးပါပြီ။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေဟာ အရမ်းကောင်းပါတယ်။”

မြန်မာငါးဖမ်းသင်္ဘောသား ၁၂ ယောက်ကို ပွိုင့်ပေဒရို (Point Pedro) မြို့ရဲ့ အရှေ့မြောက်ဘက် ရေမိုင် ၃၀၀


ကျော်အကွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က သီရီလင်္ကာ ငါးဖမ်းသင်္ဘောက အရင်ဆုံး ကယ်တင်ခဲ့တာ
ဖြစ်တယ်လို့ ရေတပ် ဗိုလ်မှူးကြီး ကောသလ သူရိယက ပြောပါတယ်။ အဲဒီနောက်မှာမှ သီရိလင်္ကာ
ရေတပ်သင်္ဘော ၂ စင်းရဲ့ အကူအညီနဲ့ ထရင်ကိုမာလီမြို့ကို ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အဲဒီ မြန်မာသင်္ဘောသား ၁၂ ယောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ဆောင်နိုင်ဖို့အတွက်


သီရိလင်္ကာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာမြန်မာသံရုံးကိုလည်း အကြောင်းကြားထားပြီး မြန်မာသံရုံးကလည်း
အဲဒီလူတွေကို မြန်မာနိုင်ငံကို ပြန်ပို့နိုင်အောင် လိုအပ်တဲ့ ခရီးသွားလက်မှတ်တွေ လုပ်ပေးနေတယ်လို့
ရေတပ်ဗိုလ်မှူးကြီး ကောသလ သူရိယ က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လလယ်လောက်က ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ်ပြင်အကြား တနာရီ မိုင် ၇၀ လောက်ရှိတဲ့


လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် မြန်မာ ငါးဖမ်းသင်္ဘောသား ၁ သောင်းလောက် ပျောက်ဆုံး
ခဲ့ရပြီးနောက်မှာ အခုလို သီရိလင်္ကာ ရေပိုင်နက်ထဲ မြန်မာ ငါးဖမ်းသင်္ဘောသားတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ မုန်တိုင်းမှာပါသွားတဲ့ ငါးဖမ်းသင်္ဘောသား အတော်များများ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့
ဖျာပုံမြစ်ဝ ခါးပြတ်ရွာ ဒေသခံအမျိုးသမီးက အခုလို ပြောပါတယ်။

“တချို့ အစရှာမရတဲ့သူတွေလဲ ရှိတယ်။ အကုန်လုံးတော့ ပြန်မရောက်ကြသေးဘူး။ ဟိုးတုန်းက လူတွေဆို


ဆက်တိုက် သတင်းတွေကြားပြီးတော့ လာပို့တာပေါ့နော်။ အခုကျတော့ သတင်းလဲမကြားရဘူး ဆိုတော့
နည်းနည်း အဆက်ပြတ်နေတာလဲ ကြာသွားပြီ။ သူတို့ နီးစပ်ရာကိုတော့ အကုန်လုံး ပို့ပေးကြတယ်။
အခုနောက်ပိုင်းက သတင်းကိုမကြားရတော့ဘူး။ ကျမတို့အနားမှာ တော်တော်များများတော့
ပြန်ရောက်မလာကြသေးဘူး။ မိသားစုတွေကတော့ ပြန်လာနိုး ပြန်လာနိုးပေါ့လေ။ တကယ်လို့ သူတို့
တနေရာရာမှာ ရောက်နေတယ်ဆိုရင် ဒီကို ပြန်အကြောင်းကြား ပေးတာပေါ့နော်။ သူတို့ ဘယ်ကို
ရောက်နေပါတယ် ဆိုပြီးတော့ လာအကြောင်းကြားပေးတာပေါ့။ လှမ်းပြီးတော့ ဖုန်းနဲ့အကြောင်းကြားတာပေါ့။
အခုကျတော့ အကြောင်းကြားတဲ့သတင်းတောင် မကြားရတော့ ကျန်တဲ့သူတွေကတော့ သိပ်မျှော်လင့်ချက်
မရှိတော့ဘူးလို့တော့ ပြောကြတာပဲ။”

ဖျာပုံမြစ်ဝ ခါးပြတ်ရွာ ဒေသခံအမျိုးသမီးတဦး ပြောသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခု သီရိလင်္ကာမှာ


ကယ်တင်နိုင်ခဲ့တဲ့ ငါးဖမ်းသင်္ဘာသားတွေဟာ အဲဒီတုန်းက ပျောက်ဆုံးတဲ့အထဲပါသွားတဲ့ ငါးဖမ်း
သင်္ဘောသားတွေ ဟုတ်မဟုတ်ဆိုတာတော့ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

ဗမာအစိုးရရဲ့  ဒုံးလက်နက်စက်ရုံ
By ဦးအောင်ခင် & မညိုညိုလွင် စနေ, 16 ဧပြီ VOA
VOA

မြောက်ကိုရီးယား အင်ဂျင်နီယာနဲ့ ဗမာစစ်မှုထမ်းတွေ ပူးပေါင်းပြီး မြေအောက်လက်နက်စက်ရုံ


တည်ဆောက်နေကြောင်း ရန်ကုန် အမေရိကန်သံရုံးရဲ့  ၂၀၀၄ သြဂုတ်လ (၂၇) ရက်နေ့ လျှို့ ဝှက်ပေးစာကို
လွန်ခဲ့တဲ့နှစ်က WikiLeaks မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စကို မြန်မာ့ရေးရာသုတေသီ Bertil Lintner က
ဆက်လက်စုံစမ်းတဲ့အခါမှာ မကွေးတိုင်း၊ မင်းလှမြို့ နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ (၂) နဲ့ ကပစ
(၁၀) ဖြစ်နေတာ တွေ့ရကြောင်း မတ်လ (၂) ရက်နေ့ထုတ် Asia Times မှာ ရေးထားပါတယ်။ အမေရိကန်
ကွန်ဂရက်လွှတ်တော်မှာလည်း ဒီကိစ္စကို စိုးရိမ်စရာအဖြစ် တင်ပြကြပါတယ်။

မင်းလှမြို့ နယ်၊ ကုန်းကြီးရွာအနီးက မြေဧက (၆၀၀) မှာ ကပစ (၁၀) ကို ၁၉၉၃ ခုနှစ်မှာ
စတင်တည်ဆောက်ခဲ့တာ မကြာခင်ကမှ ပြီးစီးသွားတဲ့အတွက် ဒုံးလက်နက်မျိုးစုံ ထုတ်လုပ်နေတယ်လို့
ဆိုကြပါတယ်။ ပထမပိုင်းမှာ တရုတ် နဲ့ ရုရှားတွေကို ကပစ (၁၀) မှာ တွေ့နိုင်ပေမယ့် အခုတော့
မြောက်ကိုရီးယားတွေပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ မင်းလှမြို့ နယ် မလွန်ကျေးရွာအနီးက မြေဧက
တသိန်းမှာတော့ ကပစ (၂) ကို တည်ဆောက်ထားပြီး မော်တာကျည်ဆံနဲ့ အမြောက်ကျည်ဆံ
ထုတ်လုပ်နေတယ်လို့ ဖော်ပြပါတယ်။ စင်္ကာပူကလည်း သူ့လက်နက်ပစ္စည်းတွေကို ကပစ (၂) မှာ
စမ်းသပ်ကြောင်း သိရပါတယ်။

ခေတ်မီလက်နက်ကိုင်တပ်မတော် တည်ဆောက်ရေးဟာ အစိုးရရဲ့  ကြွေးကြော်သံတခု ဖြစ်ပါတယ်။ သမ္မတသစ်


ဦးသိန်းစိန်ကလည်း ကမ္ဘာ့အဆင်မီ တပ်မတော်ရှိဖို့ လိုအပ်ကြောင်း ပထမဦးဆုံး မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။
ခေတ်မီလက်နက်ဆိုတာ နောက်ဆုံးပေါ် လက်နက်ကြီးတွေကို ဆိုလိုတာဖြစ်ပါတယ်။ လိုချင်သလို
ပစ်ခတ်လို့ရတဲ့ ဒုံးလက်နက်စနစ် မြန်မာပြည်မှာ ထုတ်လုပ်နိုင်ဖို့အတွက် အကူအညီပေးဖို့ ဒု-
ဗိုလ်ချုပ်မှူးကြီးမောင်အေး တို့အဖွဲ့က၂၀၀၆ ဧပြီလ ရုရှားခရီးစဉ်မှာ တင်ပြခဲ့ပါတယ်။ ဒုံးလက်နက်
ထုတ်လုပ်သုံးစွဲနိုင်တဲ့ အစိုးရတပ်ဟာ အမြဲတမ်းအပေါ်စီးရနေမယ်လို့ ယူဆထားပုံ ရပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး
သင်တန်းသား တထောင်ကျော် နှစ်စဉ် ရုရှားကို စေလွှတ်နေကြောင်း သိရပါတယ်။

တပ်မတော်ဟာ နည်းပညာပိုင်ဆိုင်ရာမှာ ခေတ်နောက်ကျနေတာမို့ ရုရှားစစ်လက်နက် အတတ်ပညာကို


ရယူနေကြောင်း ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ ဘုရင့်နောင်ရိပ်သာမှာ ကျင်းပပြီး ပေါက်ကြားသွားခဲ့တဲ့
လျှို့ ဝှက်အစည်းအဝေး မှတ်တမ်းအရ သိရှိရပါတယ်။ အဲဒီ ရုရှား-မြန်မာ လျှို့ ဝှက်အစည်းအဝေးကို
ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ ရုရှားဗိုလ်ချုပ်ကြီး စီမီနီခင် တို့က ဦးဆောင်ကြပါတယ်။ ဗမာစစ်တပ်ဟာ ရုရှား နဲ့
တရုတ် တို့ကို အဓိကအားကိုးနေတဲ့အတွက် ရုရှားနဲ့ တရုတ်မှာ သင်တန်းတက်နေတဲ့ စစ်မှုထမ်းဦးရေ
များပြားလာပါတယ်။ ရုရှား၊ ယူကရိန်း၊ ဆာဘီးယား၊ အစ္စရေး နဲ့ အိန္ဒိယတို့ကလည်း ဗမာအစိုးရကို
လက်နက်ပစ္စည်းရောင်းပေမယ့် တရုတ်က အများဆုံးဖြစ်ပါတယ်။ ဗမာအစိုးဝယ်ထားတဲ့ တရုတ်စစ်ပစ္စည်း
တန်းဖိုးတွေဟာ အနည်းဆုံး ဒေါ်လာသန်းလေးထောင်လောက် ရှိနေပြီလို့ သိရပါတယ်။ ရုရှား နဲ့ တရုတ်
စစ်ပစ္စည်းများကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်ပြီး ဒေါ်လာငွေအစား ကောက်ပဲသီးနှံနဲ့ ဆန်ကို လက်ခံတဲ့အတွက်
မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတာလို့ ယူဆကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ၁၉၉၂ ခုနှစ်နောက်ပိုင်းကစပြီး ဒုံးလက်နက်အသုံးပြုရေး
စီမံကိန်းကို စတင်အကောင်အထည် ဖော်ကြောင်းသိရပါတယ်။ ဒုံးလက်နက်မျိုးစုံ ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။
လိုအပ်တဲ့ပစ္စည်းနဲ့ အတတ်ပညာကို တရုတ်၊ ရုရှား နဲ့ ကိုရီးယား နှစ်နိုင်ငံက တင်သွင်းပါတယ်။ ဗိုလ်ချုပ်ကြီး
သူရရွှေမန်းနဲ့ အရာရှိ (၁၆) ဦး ပါဝင်တဲ့ စစ်မစ်ရှင်း (military mission) အဖွဲ့ဟာ မြောက်ကိုရီးယားကို ၂၀၀၈
နိုဝင်ဘာလမှာ သွားရောက်လေ့လာခဲ့ပါတယ်။ ဥမင်လှိုဏ်ခေါင်းစနစ်နဲ့ igia ဒုံးကျည်၊ Scud ဒုံးကျည်တွေကို
စိတ်ဝင်စားကြောင်း သိရပါတယ်။ ရန်သူကပစ်မှတ်အဖြစ် သတ်မှတ်နိုင်တဲ့ အရေးကြီးတဲ့ စစ်ဌာနအားလုံးကို
ဥမင်လှိုဏ်ခေါင်းထဲထားနိုင်ဖို့အတွက် တဖြည်းဖြည်းတဆင့်ပြီးတဆင့် စီမံကိန်းချပြီး ဆောင်ရွက်ရမယ်လို့
ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့အဖွဲ့က တင်ပြထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အမြဲတမ်း တိုးတက်ကြီးထွားနေတာ လက်နက်ခဲယမ်း ထုတ်လုပ်မှု ဖြစ်ပါတယ်။


လက်နက်ခဲယမ်းကို ကကထုတ် လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုညွှန်ကြားရေးမှူးရုံးက
ချုပ်ကိုင်ထားပါတယ်။ ကကထုတ် လက်အောက်မှာ ကပစ ခေါ် ကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိပြီး ပဲခူးတိုင်း၊
မကွေးတိုင်း နဲ့ ရန်ကုန်တိုင်းတို့မှာ တည်ဆောက်ထားပါတယ်။ အခုအချိန်အထိ ကပစ (၂၀) လောက် ရှိမယ်လို့
ခန့်မှန်းကြပါတယ်။

ဧရာဝတီမြစ်ရိုး အနောက်ဘက်က ပဲခူးတိုင်း၊ ပန်းတောင်မြို့ နယ် ဆင်တဲ့၊ ထုံးဘို၊


ညောင်ခြေထောက်စတဲ့နေရာတွေမှာ ကပစ တွေ တည်ဆောက်ထားပါတယ်။ နောက်ပိုင်းမှာ မကွေးတိုင်း
အထက် မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ သရက်၊ စေတုတ္တရာ နဲ့ တောင်တွင်းကြီးအထိ ကပစ တွေ တိုးချဲ
့ထားပါတယ်။ မြောက်ကိုရီးယား နဲ့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်မှု၊ တိုင်းရင်းသားများကို တိုက်ခိုက်မှု၊
လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မူယစ်ဆေးဝါးထုတ်လုပ်မှုများကြောင့် မြန်မာ့အခန်းကဏ္ဍဟာ စိုးရိမ်စရာ
ဖြစ်လာတယ်လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Robert Willard က ကွန်ဂရက်လွှတ်တော် ကြားနာပွဲမှာ ဧပြီလ
(၆) ရက်နေ့က ထွက်ဆိုပြီး ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ ဆီနိတ်အမတ် Richard Lugar က ဧပြီလ (၈)
ရက်နေ့က အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။

ဗေလုဝ၊ သက်ကြီးစကား၊ နိုင်ငံရေးလွင်မိုး၊ စိုးမြတ်သူဇာ၊ သင်္ကြန်


နွားကျောင်းသားကိုဝင်း
ဧပြီ ၁၆၊ ၂၀၁၁ မိုးမခ

ဧပြီလ ၆၊ ၁၃ နံနက်ခင်းဂျာနယ်များ

သက်ကြီးစကား
"အနုပညာကဝေ လို့ ဆိုရမယ့် ရှေ့မီနောက်မီ ၀ါရင့် မြန်မာအနုပညာရှင်" ဘိုကလေးတင့်အောင် ပြောပြတဲ့
သင်္ကြန်အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ၊ သူ့အယူအဆတွေကို ဖတ်ရမှာပါ။ စာတွေအောက်မှာ
ဓာတ်ပုံခပ်ဝါးဝါးတွေနဲ့ ဒီဇိုင်းဆင်ထားတော့ ဖတ်ရတာ သိပ် မရှင်းဘူး။ နားနားပြီး ဖတ်သင့်ပါတယ်။
အင်္ဂလိပ်တွေပြောတဲ့ new year resolution ဆိုလား အဲဒါမျိုးတွေလည်း သူက ပြောပြထားပါတယ်။

သူပြောထားတာတွေအရ ဆိုရင် သူဟာ တယူသန်မဟုတ် လိုက်လျောညီထွေရှိတဲ့ အနုပညာရှင်လို့ 


ယူဆရတယ်။ အင်တာဗျူးသူတွေကလည်း အဲဒီလိုပဲ ယူဆမယ် ထင်ပါရဲ့၊ သူတို့ရဲ့ မေးခွန်းတခုကို ကြည့်ပါ -
"ရေးခဲ့တဲ့ သီချင်းတွေထဲက Hearth အထိဆုံး သီချင်းက"? ဆိုပဲ။

ဖတ်ကြည့်ပါအုံး။ မှတ်သားစရာတွေ အတော်လေး ပါပါတယ်။


ဗေလုဝ ပြောတဲ့ သံချပ်

သူတို့ခေတ်က ရန်ကုန်သင်္ကြန်အကြောင်း လိုတိုရှင်း ပြောသွားတာ အားကျစရာပါပဲ။ ဖတ်ပြီးတော့


အားကျလိုက်ကြပါအုံး။ "သံချပ်တွေ အလှပြကားတွေ ကြည့်ဖို့  ထမင်းချိုင့်နဲ့  လာကြတာ" ဆိုပဲ။
စကားလုံးတွေကလည်း သိပ် ကောင်းပါတယ် "အလှ အက သဘာဝ သံချပ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ သင်္ကြန်ကို
လွမ်းတာပေါ့ဗျာ"တဲ့။

လူငယ်တချို့ ရဲ့ သင်္ကြန်

ခေတ်လူငယ်တွေဖြစ်တဲ့ သန္တာဗို၊ ရွှေစင်၊ ကျော်ကျော်ဗို၊ ညီဆက်ကျော်၊ အွန်ဆိုင်း၊ မိုးမိုး၊ ကိုလင်း တို့ရဲ့


သင်္ကြန်အကြောင်း နည်းနည်းပါးပါး ပြောထားတာပါ။ တချို့ကတော့ ကြိုက်မှာ မဟုတ်။ ဒါပေမယ့် ဒါမျိုးတွေ
ဖတ်ချင်တဲ့ ပရိသတ်လည်း ရှိမယ် မဟုတ်လား။

စိုးမြတ်သူဇာစတိုင်

"ကျွန်မတို့ညီအစ်မတွေ ကတုံးတုံးဖို့ တစ်ယောက်မှ ၀န်မလေးဘူးနော်။ အချိန်မရွေး တုံးချင်နေကြတာ" ဆိုပဲ။


စိုးမြတ်သူဇာရဲ့ လတ်တလော လှုပ်ရှားမှုတွေပါ။

နိုင်ငံရေးလွင်မိုး

မင်းသားက နိုင်ငံရေးစကား ပြောတော့ ဂျာနယ်လစ်တွေ အကြိုက်ပေါ့။ ဆရာလွင်မိုးကလည်း ဖိုးပြောချင်။


ကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် ဒီမိုကရေစီ ဖော်ဆောင်နေတာ "၃၀" ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တာမို့  ၀ိုင်းကြ
ဝန်းကြဖို့ လှုံ့ဆော်ပါတယ် တဲ့။

ခေါင်းလျှော်ကာ တရော် ကင်ပွန်းရယ်နဲ့


ရန်ဝင်း (တောင်တံခါး)
ဧပြီ ၁၆၊ ၂၀၁၁ မိုးမခ

“ခေါင်းလျှော်ကာ တရော် ကင်ပွန်းနဲ့


လေးကျွန်းအောင်မြေ
အတာ နှစ်ကူးရက်ပေ”
သပြေခက်နဲ့ ရေပက်၊ မကြည်အောင်

တရော် ကင်ပွန်းနဲ့ ခေါင်းလျှော်တယ်ဆိုတာ မြတ်နိုးစရာ မြန်မာ့ရိုးရာဓလေ့တခုပါပဲ။ ရှေးအခါတုန်းက


ယောက်ျားတွေမှာ ရောင်ထုံး၊ မိန်းမတွေမှာ ဆံထုံးကို အထွတ်အမြတ်ထားကြတော့ မြန်မာ့ရိုးရာမှာ
ခေါင်းလျှော်တဲ့ဓလေ့က အရေးပါပါတယ်။

ခေါင်းလျှော်သင့်တဲ့နေ့တွေကို ‘အိုး စည် တီး’ တနင်္ဂနွေ၊ အင်္ဂါ၊ စနေနေ့ လို့ သတ်မှတ်ပြီး၊


ခေါင်းမလျှော်သင့်တဲ့နေ့တွေကို ‘က ရင် သား မွေး’ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့ လို့
သတ်မှတ်ထားခဲ့ကြတယ်။ နေ့ထူးနေ့မြတ်တွေနဲ့ ပွဲလမ်းသဘင်တွေရှိရင်လည်း အထူး အလေးအနက်ထားပြီး
ခေါင်းလျှော်တဲ့ အလေ့အထရှိပါတယ်။ ရှေးခေတ် ဘုရင်တွေက ခေါင်းဆေးမင်္ဂလာရယ်လို့ ပွဲလမ်းသဘင်
ကျင်းပတဲ့ အစဉ်အလာလည်း ရှိခဲ့ဖူးတယ်။
ခေါင်းလျှော်ဖို့ ခေါင်းလျှော်ရည် ဖော်စပ်တဲ့အခါ အဓိကပါဝင်တာက တရော် နဲ့ ကင်ပွန်း နှစ်မျိုးပါ။
တရော်ဆိုတာက တရော်ပင်ရဲ့အခေါက်ပါ။ တရော်ခေါက်ကို နည်းနည်းထုပေးပြီး တညသိပ်လောက်
ရေစိမ်ရပါတယ်။ ကင်ပွန်းကတော့ ကင်ပွန်းသီး ကို ခေါ်တာပါ။ ကင်ပွန်းသီးအခြောက်ကို ရေတန်သင့်ရုံနဲ့ပြုတ်ပြီး
အအေးခံထားရတယ်။ တရော်စိမ်ရေနဲ့ ကင်ပွန်းသီးပြုတ်ရေကို ရောစပ်လိုက်ရင် တရော် ကင်ပွန်း
ခေါင်းလျှော်ရည်ကို ရပါပြီ။ အဲဒီ တရော် ကင်ပွန်း ခေါင်းလျှော်ရည်ကို ခေါင်းပေါ် လောင်းချလိုက်ပြီး
ခေါင်းလျှော်လိုက်ရရင်ဖြင့် ဦးရေတင်မက ရင်ထဲအထိ အေးမြသွားတာပါပဲ။

တရော်ရဲ့ ဂုဏ်သတ္တိက ဆံပင်ကို နက်မှောင် ချောမွေ့ တောက်ပြောင်စေတယ်။ ကင်ပွန်းကတော့ ကပ်ငြိနေတဲ့


အညစ်အကြေးတွေကို ဆေးကြော သန့်စင်ပေးပါတယ်။ အင်မတန်မှ လိုက်ဖက်ညီကြတာမို့ တရော် နဲ့
ကင်ပွန်းကို အမြဲတွဲဖက်ပြီး ထားရပါတော့တယ်။

မြန်မာ့ရိုးရာဓလေ့ ခေါင်းဆေးမင်္ဂလာကို နှစ်သစ်ကူး သင်္ကြန်အတာအချိန်မှာ အလေးအနက်ထားပြီး


ပြုလုပ်လေ့ရှိကြတယ်။ အထူးသဖြင့် ဂါဝရ နိဝါတတရားအနေနဲ့ သက်ကြီးရွယ်အို လူကြီးသူမတွေကို
ခေါင်းလျှော်ပေးကြတဲ့ဓလေ့ကို အစဉ်အလာတခုအနေနဲ့ ဒီကနေ့အထိ ကျင့်သုံးနေကြဆဲပါပဲ။

အတာကူးတဲ့ တန်ခူးလ သင်္ကြန်အချိန်ရောက်ပြန်ပြီဆိုမှဖြင့် တနှစ်ပြီးတနှစ် အချိန်ကာလတွေ


ပြောင်းလဲလာတာတွေကို သတိရမိစေပါတယ်။ ပါဠိဘာသာ ‘သင်္ကန္တ’ က ဆင်းသက်လာတဲ့ ‘သင်္ကြန်’ ဆိုတာ
ကူးပြောင်းတဲ့အချိန်အခါပါပဲ။ နှစ်တနှစ်ရဲ့ ‘အဆုံး’ လို့ပြန်ဆိုရမယ့် ‘အန္တ’ ကနေပြီး ‘အတာ’ ရယ်လို့
ဖြစ်လာတဲ့အကြောင်း ရှေးကစာတွေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတာလည်း ရှိပါတယ်။ အဲဒီ အတာအချိန်မှာ
ရေသွန်းလောင်းပက်ဖျန်းကြတာမို့ သင်္ကြန်ရေကို အတာရေ လို့လည်း ခေါ်ကြပါတယ်။

“နှစ်ဆန်းငယ် သင်္ကြန်
သစ်သစ်သာ ဖန်တော့တယ်
နိုင်ငံကြော့ ပြည်သူမှာ
ပန်ဆုယူ တာရေသွန်းချိန်မို့
လွမ်းလှတယ်လေး”
တန်ခူးလဖွဲ့ လွမ်းချင်း
မဟာအတုလမင်းကြီး
ပန်ဆုယူ တာရေသွန်းချိန်မို့
တန်ခူးလအချိန်က ‘တန်ခူး ရေကုန်၊ ကဆုန် ရေခန်း’ ဆိုတဲ့ အညာရပ်က ဆိုရိုးစကားအတိုင်းပဲ ချောင်းရေ
ကန်ရေတွေခြောက်ခန်းလုမတတ် အင်မတန်မှ အပူရှိန်ပြင်းတဲ့အချိန်ပါပဲ။ အဲဒီလို ပူပြင်းလှတဲ့ အချိန်အခါမှာ
အေးမြသွားကြစေဖို့ ရည်ရွယ်ပြီး တဦးကိုတဦး ဆုမွန်ကောင်းတွေတောင်းကြရင်း အတာရေ ပက်ဖျန်းကြတာက
အင်မတန်မှ မြတ်နိုးစရာကောင်းတဲ့ ရိုးရာဓလေ့တခုပါ။ ရေဆိုတာ အေးမြတဲ့ မေတ္တာကို ကိုယ်စားပြုထားသလိုပဲ
မကောင်းတဲ့ ကံကြမ္မာတွေကိုလည်း ဆေးကြောပစ်နိုင်ပါတယ်။ ‘ကိုယ်၊ နှုတ်၊ နှလုံး’ သုံးပါးစလုံးကိုလည်း
စင်ကြယ်စေနိုင်တယ်။

သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းပါသတဲ့။ အဲဒီလို ရန်ပြေမာန်ပြေ မေတ္တာတွေ အပြည့်အဝသယ်ဆောင်လာတဲ့


သင်္ကြန်ရေကိုတောင်မှ အသုံးလွဲမှားခဲ့ရင်တော့ ‘စေတနာက ဝေဒနာ’ ဖြစ်သွားနိုင်တာပါပဲ။ တသက်တာ
ဘဝတလျောက်လုံး ဖြေမဆည်နိုင်တဲ့ သောကဝေဒနာ ရင်နာစရာဖြစ်ခဲ့ဖူးတဲ့ သာဓကတွေမှာ သင်ခန်းစာ
ယူစရာတွေလည်း ရှိခဲ့တယ်။
သမိုင်းတခေတ် ပုဂံခေတ်နှောင်းအချိန်က ဖြစ်ရပ်ကလေးတခုပါ။ အပျော်အပါး ဝါသနာထုံပုံရတဲ့
နရသီဟပတေ့မင်းကြီးက သူချစ်တဲ့ မိဖုရားစောလုံကို အကျီစားသန်မိခဲ့လေတယ်။ တခုသောသင်္ကြန်မှာ
ရေကစားကြရင်းနဲ့ မိဖုရားစောလုံရဲ့ ဦးခေါင်းဆံဖျားကစပြီး တကိုယ်လုံး ရွှဲရွှဲစိုအောင် ရေလောင်းကြစေလို့
မင်းကြီးရဲ့ ခိုင်းစေချက်အတိုင်း မောင်းမ မိဿံတွေကလည်း အကြမ်းပတမ်း ရေကစားခဲ့ကြလေတယ်။

‘အကျီစားသန် ရန်ဖြစ်’ ဆိုတဲ့အတိုင်း မိဖုရားစောလုံက သူ့ကိုအရှက်ခွဲလေချင်းရယ်လို့ မှတ်ယူပြီး


မင်းကြီးရဲ့အပေါ်မှာ အမျက်သို အမှတ်အတေးထားခဲ့ပြီ။

ပုဂံခေတ်ကောင်းစားစဉ်အချိန်တုန်းက ‘စုလည်ထုံး’ လို့ခေါ်တဲ့ ဆံပင်ထုံးနည်းပေါင်း ၅၅ မျိုး ထုံးလေ့ရှိကြပြီး


ဆံထုံး ထုံးပုံကိုမြင်ရတာနဲ့ အမျိုးသမီးတို့ရဲ့ အဆင့်အတန်း ရာထူးဂုဏ်သိန်ကို သိနိုင်ပါသတဲ့။ အဲဒီ
ဆံထုံးဓလေ့ကမှတဆင့် ‘မိန်းမတို့ဘုန်း ဆံထုံး’ ရယ်လို့ အစဉ်အလာ စကားတရပ်ကို
အသိအမှတ်ပြုလာခဲ့ကြတယ်။

သင်္ကြန်မှာ ခေါင်းဆေးမင်္ဂလာပြုထားပြီး ဆံပင်ကို အမြတ်တနိုးထုံးထားခဲ့ရာက ပရိသတ် လူဗိုလ်ပုံအလည်မှာ


ရေတွေစိုရွှဲလို့ ဆံပင်ဖားလျားနဲ့ မဖွယ်မရာ ‘အရှက်တကွဲ အကျိုးနည်း’ ဖြစ်သွားရပုံကလည်း
မိဖုရားစောလုံအတွက် မဖြေနိုင်စရာပါပဲ။ အဲဒီအငြိုးကြောင့် မကြာခင်မှာ မင်းကြီးရဲ့စားတော်ပွဲထဲကို
အဆိပ်ခတ်ပြီးလုပ်ကြံခဲ့ပေမယ့် ဘဝကံကြမ္မာက ဖန်လာပြန်လေတော့ မအောင်မြင်ဘဲ အမှုပေါ်သွားလေတယ်။
မိဖုရားစောလုံလည်း ‘အချစ်ကြီးတော့ အမျက်ကြီး’ တဲ့ မင်းကြီးရဲ့ အကွပ်အမျက်ကို ခံရရှာလေတယ်။
‘နောင်တဆိုတာ နောင်မှ တ’ ရစမြဲမို့ နောင်တ အတန်တန်ရပြီး ‘စောလုံရေ စောင့်ပါခလှည့်’ လို့ မင်းကြီးက
ဘယ်လိုပဲတမ်းတနေပေမယ်လို့ မိဖုရားစောလုံက ပြန်မလာနိုင်တော့ပြီကောလေ။

“ဒေါပုံအလှည့်သံသရာ
ရေအပြင်မှာ ကြွားသူတို့ကဖြင့်
သဘောမဆုံသနဲ့ မခံချင်ပါလျှင်လည်း
မကစားကြလေနဲ့
ချောဂုဏ်နဲ့ နွဲ့ရှာတဲ့
စောလုံရဲ့ ပုဂံရာဇဝင်တရား”
ပုဂံရာဇဝင် လေးချိုးကြီး
သခင်ကိုယ်တော်မှိုင်း

နှစ်သစ်ကူးတော့မယ့် အတာသင်္ကြန်အချိန်မှာ တဦးနဲ့တဦး ရန်ပြေမာန်ပြေ မေတ္တာရေတွေ အပြန်အလှန်


ပက်ဖြန်းကြရော့မယ်။ မြန်မာ့ရိုးရာ တရော် ကင်ပွန်းနဲ့ ခေါင်းလျှော်ကြရင်ဖြင့် အကိုတွေ၊ မောင်ကလေးတွေ၊
ကိုဘိုကေတို့တတွေရဲ့ နှစ်မတွေ၊ အမတွေ၊ ဒေါ်ဒေါ်၊ ကြီးကြီးတို့ပါမကျန် နန်းတော်ရှေ့ ဆရာတင်ရဲ့ မင်းဂံဘုတ်
သီချင်းထဲက စာသားကလေးအတိုင်း ‘ပိတုန်းရောင်ကေသာ ဖြန့်လိုက်ရင် တကိုယ်လုံး ဝေဝေ ဖြာဖြာ လွင်လွင်’
အမြဲမြင်နေကြရပေလိမ့်မယ်။

ဆရာမြို့မငြိမ်းရဲ့ သင်္ကြန်သီချင်းကလေးတပုဒ်နဲ့အတူ မြန်မာ့နှစ်သစ်ဆုမန


ွ်ကောင်းတွေကို ပြည်ရွာအနှံ့
ဖြန့်ဝေလိုက်ပါတယ်။

‘အေးအေး ချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ


မာပါစေ တောင်းဆုကိုခြွေ
အဆင့်ဆင့် အကိုတွေ မောင်ကလေးများပေ
နှစ်မတွေ၊ အမတွေ၊ ခင်မင်သူ ကြီးကြီးတို့ရေ
ကျန်းမာ ချမ်းသာ ရှိကြပါစေသော်’
သန့်ရှင်းဖြူစင်၊ မြို့မငြိမ်း
နောက်ဆုံး ဖတ်ဖွယ်
အရှိ အရှိအတိုင်း ရိုးရိုးလေးပြောပါ
တူမောင်ညို
ဧျပီၤ ၁၆၊ ၂၀၁၁ မုိးမခ

“အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်” ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး


ကျနော့်မိတ်ဆွေနဲ့ကျနော်ဆွေးနွေး ပြောဆိုဖြစ်ပါတယ်။ အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို
မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြလိုက်တာပါ။

(ကျနော်) ရှုပ်ကုန်ပြီဗျ။
(မိတ်ဆွေ) ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်တာလား။ ခင်ဗျားကလည်းဗျာ သင်္ကြန်တွင်းကြီးမှာ။
ဘာတွေရှုပ်ကုန်တာလဲဗျ။
“ဒေါ်ဒေစီကျော်ဝင်း” က သူမအပေါ် ရန်သူသဖွယ်ပြုမူပြီး အသက်ကိုရန်ရှာမယ်လို့
ခြိမ်းချောက်နေတဲ့ သားဖြစ်သူ“မောင်အာကာစိုး”ကို သွာနုတ္တသား အဖြစ် ကြေညာကာ ရဲစခန်းတိုင်ကြားပြီး
ပြစ်မှုကြောင်းအရအရေးယူမယ် လို့ ဆိုတဲ့ ကိစ္စကိုပြောတာလား။
သားနဲ့ အမိအကြား အခုလိုဖြစ်တဲ့ကိစ္စကကျနော်တို့ လူ့အဖွဲ့အစည်းမှာ အလေးအနက်ထား စဉ်းစားကြရမယ့်
ကိစ္စတစ်ခုဗျ။

(ကျနော်) အဲဒီကိစ္စနောက်မှပြောဗျာ။ အခုပြောချင်တာ အဲဒီကိစ္စမဟုတ်ပါဘူး။


အခုရှုပ်ကုန်ပြီဆိုတဲ့ကိစ္စက “အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်” ဆိုတဲ့ ကိစ္စဗျ။ တချို့မီဒီယာတွေက
ရေးသားဖေါ်ပြကြတာကလည်း မီဒီယာကျင့်ဝတ်မရှိဘူးဗျ။ ဖွဆွချွန်တွန်းလုပ်ဖို့လောက်ပဲစဉ်းစားတယ်ဗျ။

(မိတ်ဆွေ) “၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလဒ်” ကို ဘယ်လိုသဘောထားမလဲ၊


“ထွက်ပေါ်လာတဲ့အစိုးရသစ်” အပေါ်ဘယ်လိုသဘောထားမလဲ ဆိုတဲ့ကိစ္စတွေ နဲ့ပတ်သက်ပြီး
ကျနော့်အတွက်တော့မရှုပ်ပါဘူးဗျာ။
“ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ” အပေါ် ဘယ်လိုသဘောထားခဲ့သလဲ
ဆိုတဲ့အချက်ကအဓိကပဲဗျ။
ဒီအချက်အပေါ်ပြတ်ပြတ်သားသားသဘောထားခဲ့ရင် ကျန်တဲ့ “၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလဒ်” နဲ့
“ထွက်ပေါ်လာတဲ့ အစိုးရသစ်”အပေါ်မှာလည်းပြတ်သားတဲ့သဘောထား ထားနိုင်မှာပဲလေ။
ဘာမှရှုပ်နေစရာမရှိပါဘူး။

( ကျနော်) အခုဟာက ဒီလိုဗျ။ မီဒီယာတချို့က အခုလိုခေါင်းစဉ်တပ်ကြတယ်လေ။


“အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”
ဒီတော့ဗျာ နိုင်ငံရေးပိဋိကတ်အိုးကွဲမဟုတ်ရှာတဲ့ ကျနော်တို့ ပြည်သူတွေအကြားမှာ သို့လော သို့လော တွေဖြစ်
ကုန်တယ်ဗျာ။ ပိုဆိုးသွားတာက ဒီလိုပြောပြီးရှေ့စဉ်နောက်ဆက်ဆိုသလို “ဒီချုပ် က သမ္မတဦးသိန်းစိန်ထံစာ
ရေး” တယ်။

“အရှိ အရှိတိုင်းပဲ အသိအမှတ်ပြုပါတယ်” ဆိုတာရဲ့ မူရင်းဇစ်မြစ်က ဒီလိုလေ။

RFA က သောကြာနေ့ညတိုင်း ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေ အစီအစဉ် မှာ


မေးမြန်းသူတဦးက “လက်ရှိအစိုးရကိုအသိအမှတ်ပြုပါသလား” လို့မေးမြန်းခဲ့တယ်။ ဒါကို ဒေါ်အောင်ဆန်း စု
ကြည်က အခုလိုဖြေကြားလိုက်တာဗျ။
“အခု အစိုးရသစ်တခုရှိနေတယ်ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူ
တွေရဲ့ဆန္ဒကိုလေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက်အကျိုးရှိစေမယ့်အစိုးရမျိုးဖြစ်မဖြစ်ဆိုတာကို တော့
နည်းနည်းတော့စောင့်ကြည့်ရအုံးမှာပါ”

ဒီလိုပြောတာကို “အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော” လို့ ကွက်ပြီး ခေါင်းစဉ်


တပ်လိုက်ပြီး သမ္မတဦးသိန်းစိန်ထံဒီချုပ်ကစာပေးတဲ့ကိစ္စနဲ့ကဆက်စပ်သွားတယ်လေဗျာ။ ဒီတော့ရှုပ် ကုန်တာ
ပေါ့။

ပြီးတော့ ဒီချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းကလည်း သမ္မတဦးသိန်းစိန်ထံစာရေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး (RFA) နဲ့


ဗျူးရာမှာ -

ဘယ်လောက်ထိမျှော်လင့်သလဲ (RFA)
“ကျနော်တို့မျှော်လင့်ယုံနဲ့မပြီးပါဘူးခင်ဗျ။အခုသမ္မတကြီးရဲ့မိန့်ခွန်းတွေကိုကြည့်ရင်
ဒါမျှော်လင့်နိုင်တဲ့အချက်တွေရှိတယ်လို့ကျနော်တို့ယုံကြည် ပါတယ်”

NLDရဲ့လှုပ်ရှားဆောင်ရွက်မှုတွေအပေါ်မှာ လက်ရှိအစိုးရအဖွဲ့သစ်သစ်အနေနဲ့ ကန့်သတ်မှုတွေ


ထိန်းချုပ်မှုတွေရှိလာ မယ်လို့ မထင်ဘူးလား(RFA)
“ဒါကတော့သူတို့အပေါ်မှာတည်တဲ့ကိစ္စပဲ။
ကျနော်တို့ အခုအချိန်အထိ ခန့်မှန်းကြည့်ရတာပေါ့နော်၊ ကျနော်တို့ အတွေ့အကြုံတွေအရ ခန့်မှန်းကြည့်ရတာ
အဲဒီလိုဖြစ်လာမယ်လို့ မထင်ဘူး အဲဒီလို ကန့်သတ်မှု တွေဖြစ်လာမယ်လို့ မထင်ဘူး” လို့ ဖြေသွားတယ်။

(မိတ်ဆွေ) ဘယ်လိုမျှော်လင့်နိုင်တဲ့အချက်တွေရှိတာလဲဗျ။
ဦးဉာဏ်ဝင်း ပြောတဲ့မျှော်လင့်နိုင်တဲ့အချက်တွေသမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်း ထဲမှာခင်ဗျားရှာမကြည့်ဘူးလား။

(ကျနော်) သမ္မတဦးသိန်းစိန်က လောလောဆယ်အချိန်အထိ မိန့်ခွန်း (၃) ခုပေးခဲ့တယ်ဗျ။


- ၃၀ မတ် ၂၀၁၁ ပြည်ထောင်စုလွှတ်တော်မိန့်ခွန်း (နိုင်ငံတော်အခြေပြုမိန့်ခွန်း)
- ၃၁ မတ် ၂၀၁၁ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများ အား
ပြောကြားချက် (အစိုးရအဖွဲ့သို့ပေးသည့်မိန့်ခွန်း)
- ၆ ဧပြီ ၂၀၁၁ သမ္မတဦးသိန်းစိန် ၏ အမှာစကား တို့ဖြစ်တယ်။

အဲဒီ (၃) ခုထဲမှာ ပြည်ထောင်စုလွှတ်တော်မှာပြောတဲ့မိန့်ခွန်းက အဓိကပိုကျတယ်ဗျ။ အဲဒီမှာတွေ့ရသလောက်


အချက် ၃ ချက်ကို မူရင်းအတိုင်း ကောက်နှုတ်ပြချင်တယ်။

- မတူညီတဲ့သဘောထားအမြင်တွေ ရှိကြမှာဖြစ်သော်လည်း တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက်တူညီတဲ့ကိစ္စတွေ


မှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမယ် ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့်
အာဏာကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင်လူသာဓုခေါ်၊ နတ်သာဓုခေါ် ကြမှာဖြစ်တဲ့အတွက်
ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း၊ အသိပေး
ပြောကြားအပ်ပါတယ်ခင်ဗျာ။

- ဒီမိုကရေစီစနစ်ကိုပြောင်းလဲရာမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအတွင်းမှာ ဒီမိုကရေစီကျင့်စဉ်များ


ထွန်းကားအောင်ဆောင်ရွက်ဖို့ လိုသလို ပြည်သူလူထုအတွင်းမှာလည်း ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားအောင်
ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလုပ်ငန်းတွေကိုလုပ်ဆောင်တဲ့အခါ ကျွန်တော်တို့အစိုးရအဖွဲ့ဟာလွှတ်တော်အတွင်း
ရှိနိုင်ငံရေးပါတီများ၊ လွှတ်တော်ပြင်ပရှိ စိတ်ရင်းစေတနာမှန်ကန်တဲ့ နိုင်ငံရေးအင်အားစုများ အရပ်ဘက်လူမှုအဖွဲ့
အစည်းများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုပြောကြားလိုပါတယ်။ မြန်မာနိုင်ငံနဲ့နိုင်ငံသူ
နိုင်ငံသား များရဲ့ အကျိုးစီးပွားကို လိုလားသူတိုင်းဟာ အခြေခံဥပဒေဘောင်ထဲကသာ နိုင်ငံ နဲ့ လူမျိုးအကျိုး
ဆောင်ရွက်ကြဖို့နဲ့ အခြေခံဥပဒေပြင်ပနည်းလမ်းများကျင့်သုံးပြီး လက်ရှိဒီမိုကရေစီဖော်ဆောင်မှုကို ပျက်ပြား
အောင်၊ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်ခြင်းများမပြုကြဖို့ တိုက်တွန်း
ပြောကြားလိုပါတယ်။

- ပြည်ထောင်စုအစိုးရအနေနဲ့ အခြေခံဥပဒေဘောင်အတွင်းက လုပ်ဆောင်မှုအားလုံးကို ကြိုဆိုနေမှာဖြစ်သလို


အခြေခံဥပဒေ ပြင်ပကလုပ်ဆောင်မှုများအားလုံးကိုလည်း လက်မခံဘဲ ထိုက်သင့်တဲ့တား ဆီးကာကွယ်မှုတွေ
ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

(မိတ်ဆွေ) “အစိုးရသစ်” သဘောထားကရှင်းပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို လက်ခံ/ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်
ရင်လက်ကမ်းကြိုဆိုမှာဖြစ်တယ်။
အခြေခံဥပဒေပြင်ပက လုပ်ဆောင်လာမှုအားလုံးကိုလက်မခံဘူး၊ ထိုက်သင့်တဲ့တားဆီးကာကွယ်မှုတွေ လုပ်
သွားမယ် ဆိုတာပဲလေ။
အချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကိုလက်ခံဖို့ပဲဗျ။

(ကျနော်) ဟုတ်ပါတယ်။
ဦးဉာဏ်ဝင်း ပြောတဲ့ “မျှော်လင့်နိုင်တဲ့အချက်တွေ” ရှာလို့မတွေ့ဘူးဆိုတာကို ကျနော်ရိုးရိုးသားသား ဝန်ခံပါ
တယ်။

(မိတ်ဆွေ) အမှန်ကတော့ဗျ။ အခုလို ရှုပ်ထွေးမှုတွေ/ပြည်သူတွေအတွင်းသို့လော သို့လော


ဖြစ်မှုတွေမဖြစ်အောင် ပြောတဲ့ သူတွေဘက်က အစကတည်းက စကားလုံးရိုးရိုးကလေးတွေနဲ့
ရှင်းရှင်းကလေးပြောသင့်တာဗျ။
အပြောကပညာတတ်ဆန်လွန်းသွားလေတော့ နိုင်ငံရေးပိဋိကတ်အိုးကွဲမဟုတ်ရှာတဲ့ပြည်သူတွေအဖို့ သို့လော
သို့လောဖြစ်ကုန်ရတော့ပေါ့ဗျာ။
“အစိုးရသစ်”အပေါ်ဘယ်လိုသဘောထားတယ်ဆိုတာလူထုနားလည်အောင် ရိုးရိုးရှင်းရှင်းပြောသင့်ပါတယ်။
ဥပမာပြောမယ်ဗျာ -
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဒီချုပ် က လက်မခံဘူး။
- ယခုပေါ်ထွက်လာတဲ့ “အစိုးရသစ်”ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ပေါ်ပေါက်လာတာဖြစ်ပါ
တယ်။
- ဒီချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးတံခါးကိုဖွင့်ထားမြဲ ဖွင့်ထားဆဲဖြစ်တယ်။
စသဖြင့်ဆိုရင် လုံလောက်ပါတယ်။

ဒီနေရာမှာ ဦးဉာဏ်ဝင်းတစ်ယောက်ပြောဖူးတဲ့ (နအဖ) စစ်အစိုးရမှာ Political will မရှိသေးဘူးဆိုတဲ့စကား ကို


အမှတ်ရမိတယ်။“ အစိုးရသစ်”မှာရော Political will ရှိပြီလား လို့ မေးချင်တယ်။
Political will ရှိလာတော့မယ့် အရိပ်အယောင်တွေရော ပေါ်လာနေပြီလား။ မြင်တွေ့နေရပြီလား။

(ကျနော်) ပြေလည်ရေးလမ်းစကို မရှာဖွေသင့်ဘူးလားဗျ။


ကိုယ့်ဘက်က ပြည်သူ့အကျိုးရှေ့ရှုပြီး သင့်မြတ်ရေးလမ်းစတွေကို မကမ်းလှမ်းသင့်ဘူးလားဗျ။

( မိတ်ဆွေ) “ပြောလည်ရေးလမ်းစ/သင့်မြတ်ရေးလမ်းစတို့၊ တွေ့ဆုံဆွေးနွေးရေးအတွက်


စိတ်ကောင်းစေတနာ” တို့ ဆိုတာ ကိုယ့်ဘက် က တစ်ဖက်တည်းရှိနေလို့ ဖြစ်တာမှမဟုတ်တာ။ ကုန်လွန်ခဲ့တဲ့
နှစ် ၂၀ ကျော်မှာ အကြိမ်ကြိမ် အခါအခါ ကမ်းလှမ်းခဲ့ကြပြီဗျ။ ကိုယ့်ဘက်ကတစ်ဖက်တည်း
ဒီလိုသဘောထားနဲ့ဆန္ဒရှိနေရုံ မဖြစ်ခဲ့ဘူးလေ။
အားမနာစတမ်း ရှင်းရှင်းပြောရရင် တွေ့ဆုံဆွေးနွေးရေးဆိုတာ (နအဖ) စစ်အစိုးရ/ အစိုးရသစ်
တို့က လက်ခံ မှဖြစ်မယ့်ကိစ္စဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းမှာ (နဝတ-နအဖ) စစ်အစိုးရက
လက်မခံခဲ့ဖူးဗျ။
လက်ရှိအစိုးရသစ်ကရောလက်ခံမှာလား။

အခုလည်း “သမ္မတဦးသိန်းစိန် အစိုးရသစ်”က “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ဘောင်ထဲကနေ


စကားပြောနေ တာဗျ။
မတ်လ (၃၀ )ရက်နေ့မှာပြောတဲ့ သူ့မိန့်ခွန်းထဲမှာ သမ္မတကြီးက -

“ ၂၀၀၈ ခုနှစ်က ပြည်သူလူထုအများစု ဆန္ဒပြုခဲ့ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ


ဟာ အတည်ဖြစ်ပြီးဖြစ်တဲ့အတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ မိမိတို့ အစိုးရအဖွဲ့အနေ
ဖြင့် တိကျစွာအကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ပြောထားတယ်လေ။
ခင်ဗျား ဘာကိုမျှော်လင့်မလဲ။

(ကျနော်) အရှိ အရှိတိုင်း ပြောရင် “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)”ဘောင်ထဲမှာတော့


မျှော်လင့်စရာဘာမျှမတွေ့မိပါဘူး။
မျှော်လင့်စရာမရှိလို့လည်း “ဒီမိုကရေစီ မိတ်ဆွေပါတီများ” လို့ဆိုတဲ့ ရွေးကောက်ပွဲဝင် (၁၀) ပါတီက
“ပြည်ထောင်စုညီလာခံ” ခေါ်ပေးဖို့ အစိုးရသစ်ထံတောင်းဆိုနေကြတယ်။

(မိုးမခ ဖြည့်စွက်ချက် - ဦးဝင်းတင်နဲ့ မိုးမခမေးခွန်းများ အင်တာဗျူးမှာ အောက်ပါအတိုင်း ဖြေဆိုသွားပြီ


ဖြစ်တာကို ထပ်မံဖြည့်စွက်လိုက်ပါတယ်။

မိုးမခမေး - ကောင်းပါပြီ။ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြသနာတွေနဲ့ ပတ်သက်ပြီး


တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင် အတိုက်အခံနိုင်ငံရေးအင်အားစုတွေက
ဘာတွေကို ဦးစားပေးပြီး တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။
ဦးဝင်းတင်ဖြေ - စစ်အစိုးရက ခန့်အပ်လိုက်တဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့
နိုင်ငံရေးပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်၊ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာတွေက
နိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်တယ်။ သူတို့ကို ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို
ရင်ဆိုင်ကြရမှာက ကျနော်တို့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါက တပိုင်း။
သူတို့က ပြောတာက ငြိမ်းချမ်းရေးတံခါးကြီး ဖွင့်ထားတယ်လို့ ဆိုတယ်။ သို့သော် သူတို့
ငြိမ်းချမ်းရေးတံခါးကြီးဆိုတာက ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့၊ အဲသည် အခြေခံဥပဒေကို ကာကွယ်ပေးတဲ့
ရွေးကောက်ပွဲတွေ ၀င်ဖို့ ဒါပဲ ဖြစ်တယ်။ ဒီလို ပြောလိုက်တာကို အပေါ်ယံအားဖြင့် ကြည့်လိုက်ရင် ကြံ့ဖွံ့အစိုးရနဲ့
အတိုက်အခံနိုင်ငံရေးအင်အားစုတွေက လက်တွဲလုပ်ကြဖို့ပဲ ရှိတယ်။ ဘာလို့ လက်မခံနိုင်စရာရှိရမှာလဲ ဆိုပြီး
တချို့တွေက လျောက်ပြောနေကြတာကို ကြားနေရတယ်။
အစကတည်းက ဒါကိုလက်မခံတဲ့ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေ
အနေနဲ့ကတော့ လက်ရှိ ကြံ့ဖွံ့အစိုးရနဲ့ ရင်ဆိုင်တဲ့နေရာမှာ သူတို့ပြောနေတဲ့ ၂၀၀၈ အခြေခံဥပဒေကို
သစ္စာခံဖို့ထက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြုပြင်ဖို့၊ ဒီမိုကရေစီနည်းလမ်းကျတဲ့
အခြေခံဥပဒေကို ပေါ်ထွန်းအောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့က အဓိကကျတယ်။ နောက်တချက်ကလည်း
သာမန်ရွေးကောက်ပွဲဝင်တာထက် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို အာမခံမှုရှိတဲ့
ရွေးကောက်ပွဲတရပ် ပေါ်ထွန်းဖို့က အရေးကြီးတယ်။ ဒီမိုကရေစီကျတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လွှတ်တော်တွေ
ဖြစ်ပေါ်ဖို့ ဖြစ်တယ်။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့
ဖြေရှင်းနိုင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး ပေါ်ထွန်းရန် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို နိုင်ငံရေး
အင်အားစုများ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ပြီးဘီ The End

You might also like