Download as pdf or txt
Download as pdf or txt
You are on page 1of 22

ကွဲပြားခြင်းတွေထဲက ဆင်တူေ သာ တထပ်ထဲကျမှု

ခက်မာ
ဧပြီ ၂၁၊ ၂၀၁၁

ကျမရဲ့ ခရီးသွားဖော်သူငယ်ချင်း ဆာရာယေဗိုက ကဗျာဆရာမ နဲ့ ဂျာနယ်လစ် အဒစ်ဆာ (Adisa Basic) က ကျမကို
မေးတယ်။ “အမေရိကားမှာ ဘယ်လိုအရာတွေက မင်းရဲ့မိခင်မြေကို လွမ်းအောင် အလုပ်နိုင်ဆုံးလဲ” တဲ့။ ကျမက ချက်ခြင်းပဲ
တုံ့ပြန်မိပါတယ်။ “မြင်သမျှအရာ အားလုံးပါပဲ” လို့။

တကယ်ပါ။ အမေရိကားဟာ နေ့စဉ်ကိစ္စတွေမှာ လူတွေကို အင်မ တန် လွယ်ကူသက်သာစွာ ဖြတ်သန်းနေထိုင်နိုင်အောင်


ဖန်တီးပေးထားပါတယ်။ ကျမရဲ့မိခင်မြေမှာ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီး ပင်ပန်းကြီးစွာ လုပ်ရတဲ့အ လုပ်တွေကို
ခလုပ်လေးတချက်နှိပ်ရုံနဲ့ ပြီးမြောက်စေပါတယ်။ အဲဒီလို ရုပ်ဝတ္တုပစ္စည်းအရ တိုးတက်မှုတွေနဲ့ လွယ်ကူစေတာကို မြင်ရတိုင်း
ပင်ပန်းတကြီး ရှင်သန်ကြရတဲ့ ကျမတို့ ပြည်သူတွေကို သတိရမိပါတယ်။ တဦးကိုတဦး လေးစားတန်ဖိုးထားတဲ့ ဒီကလူေ တွရဲ့
စိတ်ပိုင်းဆိုင်ရာ အဆင့်အ တန်းမြင့်မှုတွေကို မြင်ပြန်တော့လည်း ပင်ပ န်းဆင်းရဲတဲ့ ရပ်တည်ရှင်သန်ရမှုကြောင့် တဦးကိုတဦး
မုဒိတာမထားနိုင်ကြတော့ရှာတဲ့ ကျမတို့ပြည်သူေ တွအကြောင်းက ခေါင်းထဲ ရောက်လာမိပြန်တာပါပဲ။ ဒူးလောက်
ပေါင်လောက်မြင့်တဲ့ နှင်းထုေ တွကြားမှာဖြတ်သန်းရင်း ခြေလက်တွေက ခံစားမှုကင်းမဲ့တော့မ တတ်
အေးခဲထုံကျင်နေချိန်မျိုးမှာတော့ အသားတွေလောင် မတတ်ပူပြင်းတဲ့ မိခင်မြေဆီ အတွေးရောက်ရပြန်ပါရော။
များသောအားဖြင့် ကျမရဲ့ မိခင်မြေအလွမ်းတွေဟာ ကျမ ကြီးပြင်းခဲ့ရာနိုင်ငံနဲ့ မတူတာတွေအပေါ် အခြေခံတတ်ပါတယ်။

နယူးအော်လန်းကတော့ဖြင့် ကျမကို လွမ်းနေကျနဲ့ကွဲပြားစွာ လွမ်းစေပါတယ်။ စိမ်းစိုတဲ့ သစ်ပင်တွေ အုံ့ဆိုင်းနေတာ၊


နဖူးနဲ့လည်ပင်းက စီးကျလာတဲ့ချွေးတွေကိုသုတ်ရင်း လမ်းသွားရတာက မြန်မာပြည်အတိုင်းပါပဲ။ နယူးအော်လန်းမှာမြင်ရ တဲ့
ပန်းပင်နွယ်ဝင် အပင်တော်တော်များများကလည်း မြန်မာပြည်မှာမြင်ရတဲ့ အပင်တွေပါ။ ဖွေးဖွေးလှုပ်အောင်ပွင့်တဲ့
ဇွန်ပန်းရုံတွေကို နေရာအနှံ့ တွေ့ရပါတယ်။ အပူတွေ တရှိန်ရှိန်ဟပ်နေတဲ့မြေမှာ လမ်းလျှောက်ရင်း ပန်းနံ့တွေမွှေးနေတဲ့
လေအေးအေး တိုက်လာတဲ့အခါ ခံစားရတဲ့အရသာက မြန်မာပြည်မှာ ခံစားခဲ့ရတာနဲ့ တထပ်ထဲပါပဲ။ ဘိုကတော်
မျက်ခုံးပင်တွေ၊ နွယ်သာကီပင်တွေ၊ ကတ္တီပါသီးပင်တွေ၊ ရွက်လှဂ မုန်းပင်တွေကို မြင်နေရတာကလည်း မြန်မာပြည်မှာ
နေရသလိုပါပဲ။

အဲဒါတွေအပြင် နယူးအော်လန်းဟာ မြန်မာပြည်နဲ့ ဘယ်လောက်တူလိုက်သလဲဆိုတော့ ၂၀၀၅ ခုနှစ်၊ သြဂုတ်လမှာ


တနာရီမိုင် ၁၅၀ နှုန်းရှိတဲ့ ကက်ထရီနာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရ တာပါပဲ။ ကက်ထရီ နာမုန်တိုင်းကြောင့်
လူပေါင်း ၂,၀၀၀ ဝန်းကျင် သေဆုံးပြီး လူပေါင်း ၇ သိန်းလောက် အိုးအိမ်ေ တွ ဆုံးရှုံးခဲ့ရပါတယ်။ မုန်တိုင်းအတွက်
ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ ၈၁ ဘီလီယံဖိုး ရှိခဲ့ပါသတဲ့။

ကျမတို့ Writers-in-Motiom အဖွဲ့ဟာ ၂၀၁၁ ဧပြီလ ၈ ရက်နေ့မှာ နယူးအော်လန်း၊ Loyola တက္ကသိုလ်က


ပါမောက္ခလည်းဖြစ် စာရေးဆရာတယောက်လည်းဖြစ်တဲ့ John Biguenet နဲ့ တွေ့ရပါတယ်။ ဂျွန်က ကက်ထရီနာ
မုန်တိုင်းတိုက်ခဲ့စဉ်က သူတို့ရင်ဆိုင်ခံစားခဲ့ရတာတွေကို အကျယ်တဝင့် ပြောပြပါတယ်။ ဘုရှ်အစိုးရရဲ့ နောက်ကျပြီး
မလုံလောက်တဲ့ အကူအညီအကြောင်း အမေရိကန် တနိုင်ငံလုံး ပြောမဆုံး ဖြစ်ခဲ့ရပါတယ်။ လူတွေဟာ ဆေးဝါးမရှိဘဲ
နေခဲ့ကြရတယ်။ မာကျူရီဓာတ်ေ တွက ရေပိုက်လိုင်းတွေထဲ ပျံ့နှံ့ဝင်ရောက်ကုန်လို့ လူတွေမှာ သောက်ရေအခက်အခဲ
တွေ့ခဲ့ရတယ်။ ကျောင်းတွေ ၆ ပါတ်ကနေ ၇ ပါတ်အထိ ပိတ်တယ်။ ကလေး ၂,၅၀၀ ဟာ ကျောင်းတက်ဖို့ လမ်းတွေပေါ်မှာ
စောင့်နေခဲ့ရတယ် လို့ သူက စိတ်လှုပ်ရှားစွာ ပြောခဲ့တယ်။
အဲဒီနေ့ နေ့လည်ပိုင်းမှာပဲ ကျမတို့ဟာ ကက်ထရီနာမုန်တိုင်း အဓိက အတိုက်ခံလိုက်ရ တဲ့နေရာကို Disaster Bus Tour နဲ့
ထွက်ခွာခဲ့ပါတယ်။ ကျမတို့ကားပေါ်မှာ ဂိုက်အဖြစ်လိုက်ပါလာတဲ့ အမျိုးသမီးကြီးက ကားလမ်းဘေး တဖက်တချက်က
အိမ်တွေကိုညွှန်ပြပြီး တချို့အိမ်တွေဟာ ခုထိ ပြန်မဆောက်နိုင်သေးတဲ့အကြောင်း ထပ်ကာထပ်ကာ ပြောပါတယ်။ ၂၀၀၅ မှာ
မုန်တိုင်းဒဏ် ခံစားခဲ့ရသူတွေရဲ့ နယ်မြေတွေဟာ ကျမအတွက်တော့ ဘယ်လိုဖော်ပြရမှန်းမသိတဲ့ ခံစားမှုကို ပေးနေပါတယ်။
အိမ်တွေက စံနစ်ကျသပ်ရပ်နေတယ်။ ပြောရရင် ကျမတို့ တိုင်းပြည်မှာ အတော်ချမ်းသာတဲ့သူေ တွမှ နေနိုင်တဲ့အိမ်မျိုးတွေပါ။
တချို့မိသားစုတွေက အပူဒ ဏ်ကြောင့်ထင်ပါရဲ့ အိမ်ရှေ့က အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ကုလားထိုင်လေးတွေချပြီး
ဝိုင်းဖွဲ့ထိုင်နေကြတယ်။ ကလေးတွေက အိမ်ရှေ့လူသွားလမ်းမှာ စက်ဘီးစီးလို့။ Tour ကားတစီးလာတိုင်း အိမ်ရှေ့မှာ
ထိုင်နေတဲ့သူေ တွက လက်ပြနှုတ်ဆက်ကြတယ်။ ကားပေါ်က ဂိုက်အ မျိုးသမီးကြီး “ဟောဟိုအိမ်ရှေ့က အဖြူရောင်တီရှပ်နဲ့
လက်ပြနေတဲ့သူရဲ့ အဖေနဲ့ သူ့ရဲ့မြေးမလေးက ကက်ထရီနာကြောင့် ဟောဒီအိမ်မှာပဲ သေသွားခဲ့တာပေါ့” ဆိုတာမျိုး
ပြောပြတယ်။ အိမ်လှလှေ လးပေါင်း သုံးလေးဆယ်ေ လာက်ခြားရင် တခါတွေ့ရ တတ်တဲ့ အမိုးလန်နေတာမျိုး၊
နံရံတွေပြိုကျနေတဲ့ အိမ်မျိုးတလုံးလောက်ေ တွ့ရင် “ကြည့်ပါဦး ဒီအိမ်ဆိုခုထိပြန် မဆောက်နိုင်သေးဘူး” လို့ပြောတယ်။
ကားပေါ်ကလူတွေက စုတ်သပ်လို့။
ကျမကတော့ ကက်ထရီနာ မွှေနှောက်ခဲ့တဲ့နေရာမှာ ရွေ့လျားနေတဲ့ကားပေါ်ထိုင်ပြီး လူက တုတ်တုတ်
မလှုပ်ငြိမ်သက်နေသလောက် စိတ်ထဲမှာ အတွေးတွေ ဗြောင်းဆန်နေပါတယ်။ ကျမ ဝိဉာဉ်ဟာ မြန်မာပြည်က
နာဂစ်ဆိုင်ကလုန်း တိုက်ခံရလို့ သောက်စရာရေတောင် မရှိခဲ့ကြရှာတဲ့ ဒုက္ခသည်တွေရဲ့ မြေကို ရောက်နေပါတယ်။
မုန်တိုင်းဖြစ်ပြီး တပါတ်ကျော်မှာ ဒေးဒရဲမြို့နယ်ထဲကို ဒုက္ခသည်ေ တွကိုကူညီဖို့ သွားတော့ လူပေါင်း
တသိန်းသုံးသောင်းလောက် မုန်တိုင်းကြောင့် သေဆုံးခဲ့ရတာမို့ မြစ်ထဲမှာ လူသေအလောင်းတွေက မျောနေဆဲ။
အပုပ်နံ့တွေက ဟောင်းဟောင်းထနေလို့။ ကျမတို့ ကယ်ဆယ်ရေးအဖွဲ့ ဦးတည်သွားနေတဲ့ ရွာ ကလေးထဲကိုဝင်ရမယ့်
ချောင်းကျဉ်းလေးရဲ့အဝမှာ လူေ သအလောင်းတခုက မှောက်လျှက် ကားဟားကြီး ပိတ်ဆို့နေတယ်။ ကျမရဲ့
ကယ်ဆယ်ရေးအဖွဲ့ထဲက သူငယ်ချင်းတွေက ဝါးလုံးရှည်ရှည်နဲ့ထိုးပြီး အလောင်းကိုဖယ်ထုတ် လမ်းရှင်းတော့ အလောင်းရဲ့
အသားတွေက ပဲ့ကျကုန်တယ်။

ကျမတို့ စားစရာ၊ ဆေးဝါးတွေနဲ့ ကူညီဖို့ရောက်လာတာမြင်တော့ ရွာခံဒုက္ခသည်တွေက ငိုရင်း ထိုင်ကန်တော့ကြတယ်။


မုန်တိုင်းတိုက်ပြီး ၈ ရက်အတွင်းမှာ ကျမတို့က ပထမဆုံးရောက်လာတဲ့ ကူညီကယ်ဆယ်သူတွေပါတဲ့။ ရွာက ရေငံဝင်တဲ့ရွာ ။
ရွာရဲ့ရေချိုသောက်ရေတွင်းထဲကို ရေငံ အပါအဝင် လေနဲ့လှိုင်းနဲ့အတူ လူေ သကောင်တွေဝင်လာတော့ တရွာ လုံး
သောက်စရာရေတောင် မရှိကြရှာဘူး။ ၈ ရက်လုံးလုံး စားစရာမပြောနဲ့ သောက်ရေတောင်မရှိပဲ သူတို့ဘယ်လိုနေခဲ့ကြသလဲ
ကျမ မစဉ်းစားချင်ဘူး။
ဂျွန်နဲ့တွေ့ခဲ့တဲ့စ ကားဝိုင်းမှာ ဂျွန်က ပြောတယ်။ “မုန်တိုင်းက အင်္ဂါနေ့မှာ တိုက်တယ်။ အကူအညီတွေကို ကြာသပတေးနေ့မှ
စရတယ်” တဲ့။ မုန်တိုင်းတိုက်စဉ်က သူ့အမိထဲရေတွေဝင်လို့ ပျက်စီးသွားတဲ့စာအုပ် ၃,၀၀၀ ဝန်းကျင်နဲ့
တခြားမုန်တိုင်းတိုက်ပြီးစ အခြေအနေတွေကို ဓာတ်ပုံရိုက်ပြီး ကွန်ပျူတာ ဆလိုက်ရှိုးနဲ့ ပြတယ်။ ဂျွန်ဟာ မုန်တိုင်းကာလနဲ့
မုန်တိုင်းလွန်ကာလအခြေအနေကို စိတ်ခံစားမှုအပြည့်နဲ့ ပြောပြနေတယ်။ သူ့ဘဝမှာ အဲဒီကာလလောက် စိတ်ညစ်ခဲ့ရတာ
မရှိခဲ့ပါဘူး တဲ့။ သူ့ရဲ့ ကက်ထရီနာအကြောင်းပြောပြဖို့ စိတ်ထက်သန်နေတဲ့ မျက်လုံးတွေနေရာမှာ ကျမ မြင်ခဲ့ရတဲ့ မျှော်လင့်
တိုးလျိုးရိပ်တွေပါပေမယ့် ဖျော့တော့တဲ့ မျက်လုံးတစုံကို အစားထိုးကြည့်နေမိတယ်။

အဲဒီနေ့က မှတ်မှတ်ရရ မေလ ၁၅ ရက်နေ့။ ဆိုက်ကလုံးတိုက်ပြီး ၁၂ ရက်မြောက်နေ့။ ထုံးစံအတိုင်း ကျမတို့အဖွဲ့ရဲ့ ၃


ရက်တကြိမ် ခရီးစဉ်တွေထဲကတခုအဖြစ် ဒေးဒရဲမြို့နယ်ထဲက နောက်ထပ် ရွာတရွာ ကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေပေးဖို့
သွားတဲ့ခရီးစဉ်တွေထဲကတခုပေါ့။ ကျမတို့အဖွဲ့ဝင်တွေက ဆန်အိတ်၊ အာလူးအိတ်၊ ဆေးဝါးနဲ့ အဝတ်အ ထည်တွေကို
ကားထဲကနေ မော်တော်ပေါ်သယ်ချနေကြချိန်မှာ ဖျော့တော့တဲ့ မျက်လုံးတွေနဲ့ ဖွာယာကျဲတဲ့ဆံပင်တွေနဲ့ အဲဒီ
အမျိုးသမီးလေး ကျမနားကို မဝံ့မရဲရောက်လာတာ။ “အစ်မတို့ ဘယ်သွားကြမလို့လဲ” လို့ မေးတယ်။ ကျမတို့သွားမယ့်
ရွာနာမည်ပြောလိုက်တော့ “ဒီပစ္စည်းတွေက ဒုက္ခသည်ေ တွကို ကူညီဖို့လားတဲ့” ကျမက “ဟုတ်တယ်” လို့ဆိုေ တာ့
“အစ်မတို့က ဘယ်ဌာနကလဲ” တဲ့။ “ဘယ်ဌာနကမှ မဟုတ်ဘူး၊ အစ်မတို့က ပြည်တွင်းပြည်ပက သူငယ်ချင်းတွေဆီမှာ
အလှူခံပြီး ဒုက္ခသည်တွေဆီ ကိုယ်တိုင်သွား၊ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒုက္ခသည်တွေလက်ထဲအရောက်
ကိုယ်တိုင်ထည့်ပေးကြတာ” ဆိုတော့ အမျိုးသမီး လေးမျက်လုံးမှာ အံ့သြရိပ်တွေက မဖုံးနိုင်မဖိနိုင် စွန်းထင်းလာတယ်။
ခဏလောက်ကြာမှ သူက ခပ်ရွံ့ရွံ့ပြောတယ်။ “ကျမတို့ရွာကိုလည်း လာလှူပါလား အစ်မရယ်” တဲ့။ “ညီမ တို့ ဘယ်ကအလှူမှ
မရသေးဘူးလား” ဆိုတော့ အားမရှိတဲ့အ သံနဲ့ “တခါတော့ ရပါတယ်” တဲ့။ “ဘာတွေရ လဲ” လို့ ကျမက
စိတ်ထက်သန်စွာမေးမိတော့ အမျိုးသမီးလေးပြန်ပြောတဲ့ စကားကြောင့် ကျမပါးစပ်ကို လက်နဲ့ပိတ်ပြီး ဘာသံမှမထွက်အောင်
ကြိုးစားလိုက်ရ တယ်။

“ပြီးခဲ့တဲ့ ၂ ရက်က ဟယ်လီေ က်ာပတာပေါ်ကနေ ရေသန့်ဗူးတွေ ကျဲချတယ်။ ကျမတို့မှာ လုလိုက်ရ တာ အမောကိုဆို့ရော


အစ်မရယ်။ ရေလေးတပုလင်းရတော့ မောလွန်းလို့ မော့သောက်လိုက်တာ တခါတည်းနဲ့ ကုန်တာပဲ။ ဟယ်လီကော်ပ တာ
ပြန်သွားတော့ ကျမတို့ရတဲ့ ရေဗူးတွေကို ရေကြည့်ကြတယ်ေ လ။ ကျမတို့တရွာလုံးအတွက် စုစုပေါင်း ရေသန့်ဗူး ၂၃ ဗူး
ပစ်ချပေးသွားကြတယ်ေ လ” တဲ့။
ကျမ အတွေ့အကြုံတွေကို ဂျွန် အပါအဝင်ကျမရဲ့ ခရီးအတူထွက်ဖ က် မိတ်ေ ဆွ စာရေးဆရာတွေ ကို မပြောဖြစ်ခဲ့ပါဘူး။
အမေရိကန်ဟာ ကမ္ဘာအရပ်ရပ်ကလူတွေ လာခွင့်ရဖို့၊ ပညာသင်နိုင်ဖို့ ကြိုးစားနေတဲ့ ချမ်းသာတိုးတက်တဲ့ နိုင်ငံတခုပါ။
ကျမတို့မြန်မာပြည်ကတော့ အလွန်ကြွယ်ဝတဲ့ သဘာဝသယံဇာတတွေ ရှိနေပေမယ့် ပြည်သူတွေ ငတ်မ တတ်
ဆင်းရဲတဲ့နေရာ။ ပညာရေး၊ ကျန်းမာရေး အပါအဝင် အဖက်ဖက်က ဖွံ့ဖြိုးမှု အနှေးကွေးဆုံး တိုင်းပြည်။
လူ့အသက်တွေနဲ့ရင်းရတဲ့ ဆင်တူအခြေအနေတခုမှာ အစစအရာရာ ကွဲပြားခြားနားတဲ့ တိုင်းပြည်နှစ်ခုက ခေါင်းဆောင်တွေရဲ့
တုံ့ပြန်ပုံက ဘာကြောင့် တထပ်တည်းနီးပါး ကျနေတာလဲ။ အဲဒီ ထပ်တူနီးပါးကျမှုတွေရဲ့ နောက်ကွယ်ကိုကြည့်နိုင်ခဲ့ရင်တော့
အာဏာနဲ့ လည်ပ တ်စေသော တုံ့ပြန်မှုတွေရဲ့ အရှိန်အ ဟုန်နဲ့ပတ်သက်တဲ့ အဖြေတခုတွေ့နိုင်မ ယ် ထင်ပါရဲ့။

သဘာဝဘေးဒဏ်ခံရ တာ၊ လူတွေ သေကြေဒုက္ခရောက်ရတာ ဘယ်လိုနည်းနဲ့ကြည့်ကြည့် မကောင်းပါဘူး။


ဒုက္ခရောက်ကြတာချင်းအတူတူ ငါတို့ပြည်သူတွေခံရ တာက ပိုဆိုးပါတယ်၊ သူတို့ခံရတာက တော်ပါသေးတယ်ဆိုတာမျိုး
တွေးမိစေတာက ပိုလို့မကောင်းပါဘူး။ မကောင်းမှန်းသိပေမယ့် ကျမ အဲဒီအတိုင်း တကယ်ပဲေ တွးခဲ့မိပါတယ်။

ဧပြီ ၁၁ ရက်၊ ၂၀၁၁


ဘာမင်ဟမ်မ်

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ


ကျော်သူ
ဧပြီ ၂၁၊ ၂၀၁၁
သမိုင်းစစ်ကို ဖော်ထုတ်ခြင်း

မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော အာဇာနည်ကြီးများ၏ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ရာဇဝင် အမည်နာမများကို


ယခုမျိုးဆက်သစ်ကလေးငယ်များ အတော်များများတို့သည် မသိရှိကြချေ။ အဘယ့်ကြောင့်နည်း သမိုင်းများကို
ဖုံးကွယ်ထားခြင်းကြောင့်လား။ သမိုင်းများကို ဖျောက်ဖျက်ထား ခြင်းကြောင့်လား။ သမိုင်းများကို
လစ်လျှူရှုထားခြင်းကြောင့်လား။ သမိုင်းများကို ထိမ်ချန်ထားခြင်း ကြောင့်လားတော့ မသိချေ။

ကျွန်တော်တို့၏ နာရေးကူညီမှုအ သင်း(ရန်ကုန်)၏ ကျေးဇူးရှင် လူမှုရေးအာဇာနည် တဦးဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ၊


နာယကကြီး ဘဘ ဦးသုခ၏ သမိုင်းကိုတော့ ဖုံးကွယ်၍မရ၊ ဖျောက်ဖျက်၍မရ၊ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။

အများပြည်သူ ၇ ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူသားအားလုံး၏ နာရေးကိစ္စများကို အခမဲ့


ကူညီဖေးမပေးခဲ့သော စာရေးဆရာ၊ ဒါရိုကတ
်ာ၊ နာယကကြီး ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဟူေ သာ
လူမှုရေး အသင်းအဖွဲ့ကြီးအား ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မျိုးစေ့ချ၊ အုတ်မြစ်ချ ထူေ ထာင်ခဲ့သော လူမှုရေး
အာဇာနည်ကြီး တဦးဖြစ်သည့်အ ပြင် ဘဘဦးသုခသည် အနုပညာမှာရော စာပေလောကနယ်ပယ်မှာပါ စိတ်ကောကိုယ်ပါ
ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူးဂုဏ်ထူးပေါင်းများလည်း ပေးအပ်ချီးမြှင့်ခြင်းကို ခံခဲ့ရပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆု ၆ ခုအပြင် ၁၉၅၈ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၆၀ ပြည့်နှစ်မှာ
ရုပ်ရှင်ဝါသနာအိုးများ၏ သူရ သာတီရုပ်တု၊ ၁၉၉၄ ခုနှစ်မှာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၁၉၉၄ ခုနှစ်မှာပဲ ပခုက္ကူဦးအုံးဖေ
တသက်တာစာပေဆု၊ ၁၉၉၇ ခုနှစ်မှာ အာဆီယံစာပေဆု၊ ၁၉၉၉ ခုနှစ်မှာ ကျေးဇူးသစ္စာ မြတ်ဘဏ္ဏာဂုဏ်ပြုဆု၊ ၂၀၀၀
ပြည့်နှစ်မှာ လူမူထူးချွန်(ပထမအဆင့်)၊ ၂၀၀၀ ပြည့်နှစ်မှာပဲ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Ph.D၊ ၂၀၀၅ ခုနှစ်မှာ ဓမ္မဗိမာန်
တသက်တာ စာပေဆုတွေကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

၁၉၈၃ ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနဲ့


တက္ကသိုလ်ဆရာလောင်း မွမ်းမံသင်တန်းတွေမှာ လည်း စကားပြောဟောနည်းပညာ၊ တရားဟောပြော နည်းပညာတွေကို
သင်ကြားပို့ချခဲ့ပါသည်။

၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏ သုတပုံပြင်များ စာအုပ်ကိုထုတ်ဝေခဲ့သည်။ ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာပဲ


ဘဘဟာ မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းတွေမှာလည်း ဘဘရဲ့
တရားတော်နဲ့ ပတ်သက်သည့် စာအုပ်စာပေတွေ သုတ ရသ စာအုပ်ေ တွဟာ ထွက်ရှိလာခဲ့ပါတယ်။
ဘဘဦးသုခရဲ့ ဘဝသက်တမ်းတလျှောက်မှာ လူသားတွေအ တွက် အကျိုးရှိမည့် စာအုပ်စာပေ အများအပြားကို ရေးသားခဲ့ပြီး
၂၀၀၁ ခုနှစ်၊ အောက်တုဘ
ိာလ ၂၆ ရက်နေ့မှာတော့ ရန်ကုန် တက္ကသိုလ်ကနေပြီး ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို
အပ်နှင်းပေးအပ်ခဲ့ပါတယ်။

ထို့အပြင် ဘဘဟာ စာပေဟောပြောပွဲတိုင်းမှာ အမေနဲ့ပက်သက်တဲ့ အကြောင်းအရာ တခုခုကိုတော့ ဟောပြောတတ်စမြဲပါ။


အမေများနေ့အတွက် ကျင်းပတဲ့ စာပေဟောပြောပွဲတခုမှာတော့ ဘဘဟာ အမေတွေကိုဂုဏ်ပြုတဲ့ စာပိုဒ်လေးတပုဒ်ကို
ရွတ်ဆိုပေးခဲ့ပါတယ်။

“ကမာကြီး ကမာကြီးကို အာဒံနဲ့ ဧဝကပဲ စတယ်လို့ပြောပြော … ဗြဟ္မာကြီးလေးဦးက စတယ်ပဲ ပြောပြော … သူတို့ထဲမှာ
အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမာကြီးက အဆက်မပြတ်ဘဲနဲ့ ယနေ့အ ထိ ကျွန်တော်တို့အထိ
သားစဉ်မြေးဆက်တွေ ဖြစ်လာတယ် မဟုတ်လားအမေ … အမေမှန်သမျှ ဘာသာခြင်း လူမျိုးခြားရယ်လို့ ကျွန်ေ တာ့်စိတ်ထဲမှာ
မရှိဘူးအမေ … သားသည်အမေတယောက်ဟာ အမေပါပဲ အမေ … သူက ယုတ်ညံ့လို့ … သူက လူမျိုးခြားမို့လို့ … သူက
ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ ကျွန်တော် စဉ်းစားထားပြီးမှ ပြောတာပါ … အမေမှန်ရင်လေ
ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင် ဖြစ်နေပါစေ … အမေဟာ အမေပါပဲ”

ဟု အမေနဲ့ပတ်သက်ပြီး ရဲရဲတောက် ပြောကြားခဲ့ေ သာ ပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။ ကမာပေါ်တွင်


ကြီးကျယ်မြင့်မြတ်သောသူသည် အမေဖြစ်သည်ဟု အမေများ၏ ဂုဏ်ပုဒ်ကို ဖော်ကျူးကာ ‘အမေများနေ့’ ဟူ၍ မြန်မာနိုင်ငံမှာ
စတင်ကျင်းပရန် တိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။

ယခုကဲ့သို့ အောင်မြင်ကျော်ကြားပြီး လူထုအ တွက် အကျိုးပြုခဲ့ရုံသာမက ဘာသာ သာသနာ အတွက်ပါ


တန်ဖိုးမဖြတ်နိုင်အောင် လေးစားအတုဖွယ်ကောင်းတဲ့ စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘဦးသုခသည် ၂၀၀၅ ခုနှစ်၊
ဒီဇင်ဘာ ၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် ၁၁း၃၀ နာရီအချိန်၌ အမှတ် ၂ စစ်ဆေးရုံ၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

သို့သော် ကျေးဇူးရှင် ဘဘဦးသုခ ဒီေ လာကကြီးမှာ မရှိတော့ေ ပမယ့်လည်း ဘဘရဲ့ အနုပညာတွေ၊ စာပေတွေနဲ့
ဂုဏ်ထူးဆောင်မူတွေဟာ လူမျိုးနဲ့ ဘာသာ သာသနာအတွက်ကို အခုချိန်ထိ တန်ဖိုးမဖြတ်နိုင်ဘဲ ပြည်သူလူထုအ တွက်
မှတ်သားဖွယ် ကျန်ရစ်နေစေရန်အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အစွမ်းကုန် ဘဘဦးသုခ၏
သမိုင်းအတ္ထုပ္ပတိကို ဖော်ထုတ်ပေးရမည်ဖြစ်သည်။

ဘဘဦးသုခ၏ လမ်းညွှန်မှာကြားချက်များဖြစ်သော ဗြဟ္မစိုရ်တရား ၄ ပါးအား မြေဝယ်မကျ လက်ကိုင်ကျင့်တုန်း


ပေးဆပ်ရမည်ဖြစ်သည်။ ထို့အပြင် ဘဘဦးသုခ၏ ရုပ်ပုံလွှာ အား မျိုးဆက်သစ် ကလေးငယ်များ မှတ်သားသိရှိ
မြင်ယောင်လာရန်အတွက် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၃ ရက် စနေနေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှုအ သင်း(ရန်ကုန်)၏
၁၀ နှစ်ပြည့် အခမ်းအနားဖွင့်ပွဲအား ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုဖွင့်ပွဲ အစီအစဉ်ဖြင့် စတင်မည်ဖြစ်ပါသည်။
ထို့ကြောင့် ဘဘဦးသုခ၏ မိတ်ဆွေရင်းချာဖြစ်သော ကွယ်လွန်သူ ပန်းပုဆရာကြီး ဦးဟန်တင် (နာရေးကူညီမှုအသင်း
(ရန်ကုန်) မှ ပထမဦးဆုံး ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ရသူ) တပည့်ရင်း-ဦးနန်းဝင်း (ပန်းချီ/ပန်းပုပညာရှင်)၏ အနုပညာစွမ်းအား၊
အနုပညာပါဝါတို့ဖြင့် ထုဆစ်ပုံဖော်မှုကို စတင်နေပြီဖြစ်ပါသည်။ ပန်းချီ/ပန်းပု ပညာရှင်ကြီး-ဦးနန်းဝင်းအားလည်း
ဘဘဦးသုခ၏ ရုပ်ထုပုံဖော်မှုအား ဘဘဦးသုခအား အနီးကပ်ပြုစု စောင့်ရှောက်ပေးခဲ့သော ဘဘ၏ သားတပည့်
ကိုလှအေးမှလည်း လာရောက်ပံ့ပိုး အကြံပြုခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ဘဘဦးသုခ၏ ရှားပါးလှသော ဓာတ်ပုံမှတ်တမ်းများအား စုဆောင်းပြီး ဘဘဦးသုခ၏


ရုပ်ပုံလွှာ ပန်းပုရုပ်ထုကြီးအား သက်ဝင်လှုပ်ရှားမှုရှိစေရန် သွားရောက် အကြံပြု ပံ့ပိုးပေးခဲ့သည်။

သမိုင်းကို ဖျောက်ဖျက်၍မရ။ ဖုံးကွယ်၍မရ။ လိမ်လည်၍မရ။ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။

အချိန်တန်လျှင် သမိုင်းစစ်တွေ ပေါ်ထွန်းလာမည်။

သမိုင်းစစ်တွေ စကားပြောလာမည်။

ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုသည် ကျွန်တော်တို့အား စကားတွေအများကြီး ပြောနေပြီ ဖြစ်သည်။

ဖိတ်ကြားအပ်ပါသည်

နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်၍ အခမဲ့ နာရေးကူညီမှုလုပ်ငန်းများ


အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ၁၀ နှစ်တင်းတင်း
ပြည့်မြောက်ပြီးဖြစ်ပါသည်။

ထို့ကြောင့် ၂၃.၄.၂၀၁၁ စနေနေ့၌ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားပွဲအား အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂


ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀
နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပါသည်။

- နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦသစ် ဖွင့်လှစ်ခြင်း၊


- မျိုးစေ့ချပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးရှင်ဘဘဦးသုခ၏ ရုပ်ထုေ ကျာက်တိုင် ဖွင့်လှစ်ခြင်း၊
- လူမှုရေးဂီတသူရဲကောင်းများ၏ သီဆိုဖျော်ဖြေခြင်း၊
- မျိုးဆက်သစ်ကလေးငယ်များ၏ အဆို၊ အက ဖျော်ဖြေခြင်း၊
- အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊
- နာရေးကူညီမှု ၁ သိန်းပြည့် အမှတ်တရအဖြစ် ပြင်ပဓာတ်ပုံပညာရှင်များ၏ ‘ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်’
ဓာတ်ပုံပြိုင်ပွဲဆုပေးခြင်း အခမ်းအနား စသည်တို့ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂၄.၄.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် မြန်မာနိုင်ငံတဝန်းရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှု အသင်းအဖွဲ့များနှင့် ကျွန်တော်တို့


ရင်းနှီးနွေးထွေးစွာ မိတ်ဆုံစကားဝိုင်းအား နံနက် ၉း၃၀ နာရီတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

မြန်မာပြည်သူ/သားများ၊ လူမှုရေးသမားများ၊ အလှူရှင်များနှင့် ၇ ရက် သားသမီးအပေါင်း တို့အား ကြွရောက်ပါရန်


လေးစားရင်းနှီးစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။

(ဖိတ်စာ သီးသန့်မပို့နိုင်ခြင်းကို နားလည်ခွင့်လွှတ်ပါရန်)

နာရေးကူညီမှုအသင်း(ရန်ကုန်)

ကာတွန်း ၀င်းဖေ - ဆေးမြီးတို


ဧပြီ ၂၁၊ ၂၀၁၁

လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။

http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121
ဂွ ဒ် ထ နဲ့  က လီး ယားန ( ကွ က် စိ တ်ေ တာ်ြ ကီး)
မိုး နတ် သား
မိုး မခ၊ ဧပြီ ၂၁၊ ၂၀၁၁
(သံေ န သံ ထားနဲ့  တဦး တည်း အ သံ ထွ က် ဖ တ် ရ န် )
တိုင်းသူပြည်သား လူအများတို့ခင်များ ဒူ ဟူ ဟူ ဟူ…………….
အဟွတ်အဟွတ် အဖြီးအဖြန်းလဲ မဟုတ်ပါဘူး၊ ဒရွတ် ဒရွတ်နဲ့ ခရီးမလှမ်းကြရအောင်၊ ဂွဒ် ဂွဒ်နဲ့ ကလီးယန်း
တော့မှာပါဗျဆိုပြီး မြန်မာ့နည်းမြန်မာ့ဟန် သမ္မတကြီးက အမိန့်ကြီးဟလိုက်ပြီ။
ဒူ ဟူ ဟူ ဟူ…………..
ပြည်မြန်မာသာစေ့သာစေကြောင်း အကောင်းအစင်တွေနဲ့ မောင်းနှင်တော့မယ်။
ဒူ ဟူ ဟူ ဟူ………….
အကောင်းအစင်တွေ အဟုတ်တန်းပေါ်အောင် လုပ်ငန်းတာဝန်များ ဖေါ်ဆောင်ရာမှာ တော်အောင်ရော်အောင်
ရည်ရွယ်တော်မမူဘဲ ပြည်သူများရဲ့ သဘောထားနဲ့ ပြောစကားတွေကို တောစကားတောင်စကားရယ်လို့
ဂျောင်ကြားမသွင်းပါဘူးတဲ့ေ လ။
ဒူ ဟူ ဟူ ဟူ……….
အရုပ်ရတဲ့ကလေး အရုပ်တပြပြနဲ့ ပြေးလွှားနေသလို ဒီမိုကရေစီအ စိုးရဟုတ်သကွဆိုပြီး စတုတ္ထမ ဏ္ဍိုင်တောင်
တုပ်ကွရမဲ့အ လံတိုင်လို့ သံပြိုင်လဲ ဟစ်ပေါ့။
ဒူ ဟူ ဟူ ဟူ……….
ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ဖေါ်ကျူးတဲ့အခါ ချစ်ရပါသောပြည်သူများရဲ့ မူလအခွင့်အရေးများကို
အငေါ်တူးသလိုလဲ မဖြစ်စေနဲ့တဲ့။
ဒူ ဟူ ဟူ ဟူ……….
ပြည်သူတွေအပေါ်စေတနာထားကြောင်း ကြေညာမောင်းအထပ်ထပ် အရပ်ရပ်နေပြည်တော်၊ လှည်းနေ လှေဆိပ်
ထော်လာဂျီဂိတ်မ ကျန် တီဗီ သတင်းစာ ဂျာနယ်တကာတို့ကနေ သမ္မတကြီးအသစ်က ဟစ်ဟစ်ပြီး အော်ချေပြီ။
ဥက္ကဌတုန်းကလို မဟုတ်သမျှ မလုပ်ကြတော့ဘဲ သမ္မတမို့ သမတော့မ ယ် မျှတော့မယ်ပေါ့။
အင်း ယုံကောင်ငုံပြီး ဒီမိန့်ခွန်းကိုပြောပေမဲ့ ယုံရခက်ခက်။ တော်ကြာနေ ယုံသူ့တာဝန်သာဖြစ်ကြောင်းဆို ကိုယ်ဘဲ
အ- ရာကျတော့မယ်။
ဦးသန့်ရဲ့မြေးကလေးပြောသလို လာဘ်မစားတဲ့ တမတ်သား အရပ်သားအစိုးရကြီးလို့တောင်
နာမည်ကြီးနေတာပဲလေ လို့ တွေးပြီး ယုံမ ယ်ပြင်လိုက်ပြန်တော့ ရွေးကောက်ပွဲဝင် အမတ်ကလေးများရဲ့ အရပ်လေးကို
အားနာနေရတဲ့ လတ်တလော ဖြစ်စဉ်တွေကို မြင်ေ ယာင်မိပ။
အမတ်အမတ်ကလေးများခမျာ
“ငါလာပြီ ဗမာပြည်ရေ၊ မင်းရဲ့အနာမျိုး ၉၆-ပါးထဲက ကျန်းမာရေးနဲ့ ပညာရေးလောက်တော့ အခုချက်ချင်း
ငါကုပေးလို့ရမယ်၊ ကျန်တာတွေေ တာ့ ၅-နှစ်ကြီးများတောင်၊ အချိန်တွေမှ အားကြီး၊ လုပ်ပါလေ့”
ဆိုပြီး စိတ်ကူးတလှေကြီးနဲ့ ရွေးကောက်ပွဲချောင်းလေးကို ဖြတ်ကြ။
ရွေးကောက်ပွဲကမ်းတဖက်က လွှတ်ေ တ်ာကြီးထဲရောက်လို့ ခေါင်းပေါင်းစတလွင့်လွင့် တောင်ရှည်ပုဆိုး တပင့်ပင့်နဲ့
တိုင်းကျိုးပြည်ပြုအဆိုတွေ ဆင့်လိုက်မဟဲ့ဆိုပြီး နှုတ်ခမ်းတော်ဖွင့်လိုက်တော့မှ ဒါဖြင့် ဟဝှာဖြင့် အရင့်အရင်က လုပ်ပီးသား၊
အဲဒီတုန်းက မင်းဘယ်နား သွားအိပ်နေလဲ၊ အဲဒါတွေ တောပြန်ပြောလို့ ဝန်မင်းများက ကောလိုက်တော့ ခေါင်းပေါင်းစမဝင့်၊
တောင်ရှည်မပင့်သာ၊ မဆိုသင့်ရာ၊ ဆိုမိပါသည်၊ ဆိုရာစကား၊ ဒီအမှားကို၊ မြောင်းကြားထဲမှာ ပစ်လိုက်ပါမည် အဟင့် အဟင့်
ဆိုပြီး ပြန်ထိုင်သွားရတာတွေက တလှေကြီး။
ကြားရကြားရ နားဝမသက်သာတွေလေ။
တနေကု န် လဲ စာတွေ ကြ ည့် ၊ တနှ စ် လုံးလဲ စာတွေြ ကည့် ၊ စာ မသိ စာမသိ ။
တဘွဲ့  ရ လဲ တမျိုးလို ၊ နှ စ် ဘွဲ့  ရ လဲ တမျိုး လို ၊ သင် တ န်းကို သ င် တ န်း ကို ။
စစ် တ ပ် ဖ က် လဲ တမျိုး သင် ၊ အရပ် ဖ က် လဲ တမျိုး သင် ၊ နှ စ် ဖ က် ချဉ် နှ စ် ဖ က် ချဥ် -
ဆိုတဲ့ပညာရေးကြီးကို သုံးသပ်အကဲဖြတ်ပြီး ပြင်သင့်တာပြင် ဆင်သင့်တာဆင်ရအောင်လို့ ဇလပ်မြေ
အမတ်ဆွေက တင်ပြတော့ သူရဿတီကိုယ်စား မြန်မာ့ပညာရေးကိုစောင့်ရှောက်သူ ဒေါက်တာချမ်းငြိမ်းက
လက်ရှိမြန်မာ့ပညာရေးသည် အောက်စဖို့ကပင် အောက်ကြို့ရမည့် ပညာရေးဖြစ်ကြောင်း၊ မြန်မာပြည်က ပီအိပ်ခ်ျဒီများသည်
ဟားဗတ်ကိုပင် မအားလပ်လို့သာ သွားရောက် မသင်ပေးခြင်းဖြစ်ကြောင်း မှင်နှင့်မောင်းနှင့် ရှင်းလင်းကာ
တင်သွင်းတဲ့အ ဆိုကို ပြန်ရုပ်ခိုင်းတော့ အရင့်အရင် အမတ်မင်းများလို ချင်းကိုယ်တော်ကြီးက ကျွန်တော်မျိုး
သေသင့်ပါတယ်ဆိုပြီး ပြန်ရုပ်မပေးတဲ့အတွက် မဲခွဲကြရော။
အဲသလိုမဲခွဲကြတော့မှဘဲ ပညာရေးမှာတော့ ကန့်ကွက်သူမရှိနိုင်ပါဘူးလို့ ထင်ခဲ့တဲ့ လွတ်ေ တ်ာနိုင်ငံရေးကြီးဟာ
ဝမ်းနည်းစရာကောင်းလွန်းလှစွာ မြန်မာ့ပညာရေးတိုးတက်ဖွံ့ဖြိုးမှုကြီးကို တက်ညီလက်ညီ မီးလောင်တိုက် သွင်းခဲ့ကြ။
အော် မြင်ရမြင်ရ ရင်ဝမသက်သာဆိုတာမျိုး။
တကျပ်တပြားမရှိတဲ့ ဆင်းရဲသား၊ တနေ့လုပ် တနပ်မ ဟားဒယားစားများမပြောနဲ့၊ လက်မှတ်တခါထိုး
ဆယ်မိုးဆယ်နွေစားမကုန်သူဌေးတွေ၊ နိုင်ငံတော်ပိုင်မြေတွေ၊ အဆောက်အဦတွေကို သန်းပေါင်း သောင်းချီ
ပေးဝယ်နေကြတဲ့သူဌေးတွေ၊ ဥယျာဉ်ခြံမြေ အပန်းဖြေစခန်းတွေအပါအဝင် ကိုယ့်ဖာသာကိုယ်တောင် ဘာတွေ ပိုင်တယ်လို့
ပြောရမှန်းမသိနိုင်အောင်ပင် ပိုင်ဆိုင်မှုတွေ ဟူးဟူးထနေတဲ့ ထူးတေဇတို့လိုသူဌေးတွေ၊ ငွေကြေးတွေ
ဘယ်ေ လာက်ရှိပါတယ်လို့ အဘယ်စာရင်းအင်းပညာရှင်မှ တွက်ချက်ဖို့ စိန်မခေါ်ရဲတဲ့ ကိုချုပ်မှူးကြီးသန်းရွှေမိသားစုလို
ချုပ်မိသားစုတွေ၊ (စစ်သားစစ်စစ်ဟုလဲ မပြောသာ၊ အရပ်သားဟုလဲ ပြောရခက်၊ အာဏာစက်ရှိသေးလားလဲ မသိ၊
မရှိသေးလားလဲ မသိ၊ နောက်ဖြစ်လာသည့် စစ်ဦးစီးချုပ်ကလဲ ဗို လ် ချုပ် မှူြး ကီး မဟုတ်သည်ကတချက်၊ အဖက်ဖက်က
တွက်လုပ်တော့ ဗိုလခ်ျုပ်မှူးကြီးဒင်ပြည့်ကျပ်ပြည့်ေ တာ့ မဟုတ်တန်ရာ၊ လူနဲ့စစ်သားပေါင်းစပ်တဲ့ ကိုချုပ်မှူးကြီးတော့
ဟုတ်တန်ရာသေးသည်ဆိုပြီး ကို ချုပ် မှူြး ကီး လုပ်လိုက်ပါကြောင်း) ခေတ်အစုတ်မှာ သစ်ခုတ်ရင်း သူဌေးဖြစ်နေတဲ့
အလုံတင်ဝင်းတို့လိုဟာတွေအ တွက် တောင် ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးထားတယ်၊ ဘာမှ ထပ်လုပ်ပေးစရာ၊
ဖြည့်စရာ၊ စွက်စရာ မလိုတဲ့ စကြာဝဠာ့အကောင်းဆုံးကျန်းမာရေးစနစ် ကျင့်သုံးနေပါတယ်ဆိုပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့
ပတ်သက်တဲ့အ ဆိုကိုပယ်ချသူ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာကျော်မြင့်ရဲ့ ဖုန်းနံပတ်များ၊ တိုက်လိပ်စာ များ၊
ကုမ္မဏီလိပ်စာများ၊ ခြံလိပ်စာများ၊ ဆိုင်လိပ်စာများသိရင် ဖေါ်ပြပေးကြပါခင်ဗျား။
ဆေးဖိုး၊ ဆေးရုံဖိုးမတတ်နိုင်လို့ ဆေးရုံမ တက်နိုင်ဘဲ (တိုင်းပြည်အတွက်) (ကျန်းမာရေးဝန်ကြီးအတွက်)
အသေခံသွားသူတွေ၊ ဆေးဖိုး၊ ဆေးရုံဖိုးမတတ်နိုင်လို့ ဆက်မကုတော့ဘဲ ဆေးရုံကဆင်းပြီး (တိုင်းပြည် အတွက်)
(ကျန်းမာရေးဝန်ကြီးအတွက်) အသေခံနေရသူတွေရဲ့ ဆွေမျိုးမိတ်ဆွေေ တွ၊ နိုင်ငံခြားက တိရစ္ဆာန်တွေရဲ့
ကျန်းမာရေးစောင့်ရှောက်မှုခံရတာကို အားကျရင်း၊ တချို့လဲ နိုင်ငံခြားက တိရစ္ဆာန်ဖြစ်ချင်ရင်း သေသွားသူေ တွရဲ့ ဝိညာဉ်တွေ
ကျေးဇူးတင်စ ကားပြောကြရအောင် နတ်လမ်းညွန်မလို့ပါခင်ဗျား။
(တချို့ စစ်သည်တော်များသည် သူတို့သာ တိုင်းပြည်အ တွက် အသက်စွန့်နေရသည်၊ အခြားစွန့်သူမရှိဟု
ထင်ကြသည့်အ တွက် (တိုင်းပြည်အတွက်) ဆိုေ သာစကားရပ်ကို ထည့်သွင်းလိုက်ပါသည်၊ သေချိန်တန်လို့ မဟုတ်ဘဲ
တိုင်းပြည်၏ လမ်းမကောင်းလို့ တိုင်းပြည်အ တွက် အခွန်ငွေရှာရင်း သေသွားရသူေ တွ ဒုနဲ့ဒေး ရှိသေးသည်၊
သဘာဝဘေးဒဏ်ကျရောက်စဉ် တိုင်းပြည်၏ အသဘာဝအတွေးစံကြောင့် အသက်စွန့် သွားကြသူများလဲ မရေမတွက်နိုင်၊
တိုင်းပြည်ဘဏ္ဍာငွေအ တွက် သဘာဝဘေးဒဏ်အကျခံပြီး သစ်ခုတ်ခွင့် တောပြုန်းခွင့် ရေကြီးခွင့် မိုးခေါင်ခွင့်ပေးရင်း
အသက်စွန့်သွားသူေ တွ၊ စွန့်နေအုံးမယ့်သူတွေ၊ သက်တမ်းလျှော့ ပြီးနေသွားသူေ တွဆိုတာက မရေမတွက်နိုင်)
(အခွန်ထမ်းပြည်သူတွေ အခွန်ထမ်းနိုင်ဖို့ လိုရာပို့ဆောင်မြန်း ပေးနေရတဲ့ လိုင်းကားမောင်းသူများဆိုလျှင်
ရဲပဒေါင်းနီဘွဲ့များပင် ချီးမြှင့်ထိုက်ပေ၏)
ကြိုတင်မဲအစိုးရပီပီ အဆိုေ တွကို ကြိုတင်သွင်းခိုင်းပြီး ရှင်းချင်တဲ့အတိုင်းရှင်း၊ ဗျင်းချင်တဲ့အ တိုင်းဗျင်းနေတဲ့
လွတ်ေ တ်ာကြီးရဲ့ဂုတ်စီး သမ္မတကြီးက ပြောတာဆိုတော့လဲ ယုံဖို့ခက်သား။
တော်သေးတယ်။ မယုံမိလို့၊ ယုံတဲ့အကြောင်း မပြောမိလို့သာ လက်ဖ က်ရည်ဆိုင်မှာ စကားဖေါင်ဖွဲ့ ရဲတော့တယ်။
ယုံမိတဲ့ေ ကာင်တွေခမျာ မသက်သာလှ။
ဒီမိုကရေရယ်လို့၊ စီမိသည့်ဝန်၊ ကျွံမိသည့်နှုတ်မို့ မရုပ်လောက်ဘူးထင်သူတွေ ဟက်တက်ကွဲသွားကြတယ်။
ညာတာပါတေး ရွှေပြည်အေးမိန့်ခွန်းလေးနဲ့ ရွှေနားတော်သွင်းလိုက်လို့ တချို့ တချို့တွေက မခို့တရို့လေး
ကြိုဆိုလိုက်ကြရော
ဟော …
သံချပ်မထိုးရတဲ့။
သမ္မတကြီးစကားကို ယဉ်ေ ကျးမှုဝန်မင်းက သင်းကွပ်လိုက်သလား။
သမ္မတကြီးကိုယ်စားဘဲ ယဉ်ကျေးမှုဝန်မင်းက ဗျင်းလွတ်လိုက်သလား။
ဒီမိုကရေစီများတို့ရယ် …
ဒီမိုကရေစီခေတ်မှာ သမ္မတမဖြစ်ရဲရင်လဲ စစ်တပ်ကိုသာပြန်အပ်လိုက်ပါ။
စစ်အစိုးရပဲလေဆိုပြီး ကျေနပ်ကြမှာပါ။
ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရ၊ ဟိုဟာ မပြောရ၊ ဒီဟာ မရေးရဆိုတဲ့ တက်ခေတ်နဲ့မညီတဲ့ နဂ္ဂတစ်စကားတွေ
မိဖျပည္သူမ်ားခမ်ာ မၾကားလိုေ တာ့ပါ။ နားခါးလွပါၿပီ။
( ပြည်သူက မိဘပြန်ဖြစ်ခွင့်ရပြီထင်ပါသည် )
( မည်သူသည်အမိ၊ မည်သူသည်အဖ၊ မည်သူကသား၊ မည်သူကသမီးဆိုသည့်ကိစ္စကိုလည်း လွတ်တော် ထဲတွင်
တပ်ရော အရပ်ရောဆုံတုန်း ရှင်းသင့်သည်ထင်သည်။ ခုဟာက အဖေကို သားက သားခေါ်နေသလား၊ သားကို အဖေက
အဖေခေါ်နေသလား၊ ကွဲကွဲပြားပြားမသိချေ။ အကယ်၍သာ အဖေသား မှားမိကြမည်ဆိုလျှင် ဤအကုသိုလ်ကြီးသည်
အဖေသားနှစ်ဦးလုံး၏ အမိမြန်မာပြည်ကြီး မှောင်ကြီးကျကိန်းဆိုက်စေနိုင်သည်။ ထို့ကြောင့် လင်းအောင်
ရှင်းသင့်သည်ထင်ပါသည် )
ဒီလို တားတာ မြစ်တာ နှစ်တွေကြာလာတော့ ကိုယ့်ဘဝကို စိတ်နာကြလွန်းလို့ နိုင်ငံခြားသားဖြစ်ချင်တယ်ဆိုတဲ့
မြန်မာတွေလဲ မနဲတော့ပါဘူး။
သားသားကြီးရင်ဘာလုပ်မယ်လို့ ကလေးကိုမေးတော့ ဆရာဝန်ကြီးလုပ်မယ်လဲ မပြောတော့ဘူး၊ အင်ဂျင်နီယာ
ကြီးလုပ်မယ်လဲ မပြောတော့ဘူး၊ စစ်ဗိုလ်ကြီးလုပ်မယ်လဲ မပြောတော့ဘူး၊ နိုင်ငံခြားသားလုပ်မ ယ်ဆိုတဲ့ ကလေးတွေတောင်
အတော်များနေပါပြီ။
အော် သူတို့လဲ တီဗီ ဗီဒီယိုတွေကတဆင့် ကိုယ့်တိုင်းပြည်ကဘာ၊ သူ့တိုင်းပြည်ကဘာဆိုတာ သိသွားကြပြီပေါ့။
သံ ချပ် ဆို တာ အနုပညာပုံသဏ္ဍာန်တခု။
စာပေပုံသဏ္ဍာန်တခု။
သံ ချပ် ဆို တာ မြန်မာ့ယဉ်ကျေးမှုလက္ခဏာ။
ကဗျာဖွဲ့ထုံးတမျိုး။
သံ ချပ် ဆို တာ စတုတ္ထမ ဏ္ဍိုင်ရဲ့ ဦးဆောက်ပန်း။
သံ ချပ် ဆို တာ ဒီမိုကရေစီကျင့်စဉ်ရဲ့ ရှေ့တော်ပြေး။
သံ ချပ် ဆို တာ သမ္မတကြီး အလေးထားရမယ်ပြောတဲ့ ပြည်သူတွေရဲ့ သဘောထား၊ ပြည်သူတွေရဲ့
တုံ့ပြန်မှုဆိုတာကို အသိတော်ခေါက်ခ က်နေကြပါစ။
သမ္မတဟာ အစိုးရတရပ်ဟာ သူ့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုတခုလုံးကို ကိုယ်စားပြုသလား။
ယဉ်ကျေးမှုဝန်ကြီးဆိုသူရဲ့ ယဉ်ကျေးမှုကရော ဘာလဲ။ ဘယ်နှစ်ဆယ်သားလဲ။
ဧည့်ခန်းထဲ စောင်းကောက်ထည့်ထားရုံနဲ့ ယဉ်ကျေးမှုရှိသွားရောလား။
တိုင်းပြည်တပြည်မှာ ၅-နှစ်လောက်သမ္မတဖြစ်ခွင့်ရရုံကလေးနဲ့ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုအနုပညာပုံသဏ္ဍာန်
တခု၊ စာပေဖွဲ့ထုံးတရပ်ကို ကန့်သတ်ခွင့်ရှိသလား။
ယဉ်ကျေးမှုတရပ်ကို နိဂုံးချုပ်ခွင့်ရှိသလား။
တိုင်းပြည်တပြည်၊ လူမျိုးတမျိုးကို ကိုယ်စားပြုတဲ့ယဉ်ကျေးမှုအနုပ ညာရှင်တယောက်ဟာ သူဖွဲ့ဆိုမဲ့ အနုပညာ
ပုံသဏ္ဍာန်တရပ်ကို သမ္မတကြီးနဲ့ တိုင်ပင်ဖွဲ့ဆိုရမှာလား။
ဟောဒါ ယဉ်ကျေးမှုေ တွကို သင်းကွပ်ပစ်တဲ့သူတွေ ယဉ်ကျေးမှုဝန်ကြီးဖြစ်တဲ့တိုင်းပြည်ပေါ့။
အနုပညာဟာ သက်တမ်းမဲ့တယ်။
သမ္မတက ဝန်ကြီးက အချိန်ကျ သူ့ဘာသာပြုတ်သွားမယ်၊ သေသွားမယ်။
ယဉ်ကျေးမှုအနုပညာက ရှိနေမှာလေ။
တိုင်းပြည်ကြီးက ရှိနေမှာလေ။
လူမျိုးတွေက ရှိနေမှာလေ။
စာပေတွေက ရှိနေရမှာလေ။
ကမ္ဘာတည်သရွေ့ မြန်မာက ရှိနေရမှာလေ။
မြန်မာဆိုတာကို မြန်မာ့ယဉ်ကျေးမှု မြန်မာ့အနုပညာ မြန်မာ့ထုံးတမ်းစဉ်လာတွေကလွဲရင် ဘာကများ မီးမောင်းထိုး
ပြနိုင်မှာမို့လဲ။
ရပ်ထဲရွာထဲ ဒေသထဲက အရွဲအဆွေး အကြေးအညစ်ေ တွကို ဆေးပစ်ရေးသံချပ်တွေ မရေး မဆို မပြိုင်ရတော့
တနွယ်ငင်တစင်ပါ တေးသစ်ဖွဲ့ဆိုမှုေ တွပါ တဖြည်းဖြည်းကျဆင်းလာပြီး သင်္ကြန်အနှစ်သာရ အညစ်အကြေး
ဆေးကျောရေးပျောက်ကာ သင်္ကြန်ဆိုတာ အရက်နဲ့ရေရောထားတဲ့ သောက်သောက်လဲ ကွဲကွဲေ ကျ
အသေပြိုင်ပွဲတော်ကြီးဖြစ်သွားပြီ။
သြ င်္က န် ဆို တာ မြန်မာတွေ တေးသစ်သီရာလ။
သြ င်္က န် ဆို တာ တောရောမြို့ပါ၊ ဆိုက္ကားသမားရော ကားပိုင်ပါ၊ စာမတတ်သူရော ပါမောက္ခပါ တေးဖွဲ့ကြတဲ့လ။
သြ င်္က န် ဆို တာ ကလေးလူကြီး အလွှာပေါင်းစုံ စိတ်ကူးကွန့်မြူး ပျော်ရွှင်တ့လ
ဲ ။
သြ င်္က န် ဆို တာ တပြည်လုံး အနုပညာတွေ နိုးတဲ့လ။
သြ င်္က န် ဆို တာ မြန်မာပြည်မှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေတဲ့လ။
ခုတော့ သင်္ကြန်ဆိုတာ အရက်ဖိုးစုတဲ့လ။
အရက်သောက်ပြိုင်တဲ့လ။
အရက်ကုမ္မဏီတွေ ဂုဏ်ပြုခံတဲ့လ။
မိဖတွေ စိတ်ပူရတဲ့လ။
နာရေးကူညီမှုယဉ်တွေ စက်နိုးထားရတဲ့လ။
ယဉ်ကျေးမှုတွေ ဖြဲဆုပ်ခံရတဲ့လ။
သမ္မတကြီးခင်ဗျား …
ကဗျာဖွဲ့နည်းတရပ်ကို ကုမ္မဏီလိုင်စင်ချပေးသလို ချပေးလို့ရော ရပါသလား။
ပိတ်ပင်လို့ကော ရပါသလား။
အဲဒီ သံချပ်မထိုးရဥပဒေကို လွတ်တော်ကရော အတည်ပြုပေးလိုက်ပါသလား။
အော် တိုင်းပြည်ကတော့ မရှိရေ ရှိရေနဲ့ လစာတွေပုံပေး၊ လွတ်ေ တ်ာကြီးတွေ ဆောက်ပေး၊ အစိုးရဖွဲ့ပေးနဲ့
လုပ်လိုက်ရတာ။ လာ လာချည်သေး၊ သံချပ်တောင်မထိုးနဲ့တဲ့။ တတိုင်းပြည်လုံးများ ခင်များတို့ဗိုက်ထဲက ထွက်လာတယ်များ
ထင်နေကြလား။
ရပ်သင့်ပြီ။
စစ်အစိုးရတုန်းကလိုမျိုး အနုပညာတွေကို ယဉ်ကျေးမှုတွေကို သွေးလှန့် သွေးပျက်ပြီး ချိုးဖျက်နှိပ်ကွပ်
ဖြတ်တောက် ပိတ်ဆို့တားဆီးခဲ့တာတွေ ရပ်သင့်ပြီ။
ဟိုပိတ် ဒီဆို့နဲ့ နောက်ဆုံးတော့ တိုင်းပြည်နဲ့ လူမျိုး ကြက်သရေတုံးသွားတာဘဲ အဖတ်တင်တယ်။ ဒီတိုင်း
ဆက်သွားရင် နိုင်ငံကြီးကလဲ တစပြင်လိုဖြစ်တော့မှာ မကြာတော့ဘူး။ ဧရာဝတီကြီးတောင် ခြောက်ခန်းသွား အောင်
လုပ်ပစ်လိုက်ကြပြီ။ ဘယ်သူက ဘာနဲ့ကုစားပေးမှာလဲ။ ဘယ်သူ့အိတ်ထဲရောက်သွားတဲ့ စိန်တွေ ရွှေတွေ ငွေတွေက ဘာနဲ့
ဘယ်လို ပြန်လုပ်ပေးနိုင်မှာလဲ။ ကိုယ့်နုင
ိငံကထွက်တဲ့လျှပ်စစ် ကိုယ်မ သုံးရတဲ့ တိုင်းပြည် ကမ္ဘာမှာ ဘယ်ပြည်များ ရှိသလဲ။
ကိုယ်တိုင်းပြည်မီးတပွင့်ေ တာင် မသံုး ရတဲ့လျှပ်စစ်အတွက် ကိုယ့်အသက်သွေးကြောဖြစ်တဲ့ မြစ်တွေအပျက်ခံတာ
ဘယ်တိုင်းပြည်များရှိသလဲ။
ဂက်စ်ထွက်တယ်။ လျှပ်စစ်ထွက်တယ်။ ဒါပေမဲ့ တောရောမြို့ပါ ထင်းခွေရတုန်း။ ဖယောင်းတိုင်ထွန်းရတုန်း။
တတိုင်းပြည်လုံး ကျိန်စာတိုက်ခံနေရပြီ။ ကိုယ်ချင်းစာတရား အမှောင်ကျနေပြီ။ အဆင်ခြင်မဲ့မှုတွေနဲ့ တောလဲေ မြပြိုတော့မယ်။
တိုင်းပြည်ကို ရင်ကွဲပက်လက်ချစ်ကြသူတွေ ကိုယ်စီ ကိုယ်စီ ငွေထုတ်ပိုက်ဆင်းသွားကြတယ်။ ဂရံတွေကိုင်
ဆင်းသွားကြတယ်။ တိုင်းပြည်ကြီးကို ခြစ်လိုက်ကြတာ။ သစ်တွေလဲခြစ်၊ တောတွေလဲခြစ်၊ မြေတွေလဲခြစ်၊ ရေတွေလဲခြစ်၊
ကျောက်ေ တွလဲခြစ်၊ ဂက်စ်တွေလဲခြစ်၊ တဗိုလ်ပြီးတဗိုလ်၊ တယောက်ပြီးတယောက် ခခွေးရရစ်ပြီး ဝိုင်းခြစ်လိုက်ကြတာ။
တိုင်းပြည်ကြီးကတော့ ပူလောင်ကျွတ်ရွနေပြီ။
ဧရာဝတီကို ဝကွက်အပ်ခွင့် ဘယ်သူ့မှာ ရှိသလဲ။
ဧရာဝတီနဲ့ အလဲအထပ်လုပ်ရလောက်အောင် ဘာတွေများရခဲ့လဲ။
ဧရာဝတီဆိုတာ မြန်မာပြည်ဘဲ။ မြန်မာပြည်နဲ့ အလဲအ ထပ်လုပ်ေ လာက်တဲ့အရာတွေ၊ အကြောင်းတရားတွေက
ဘာတွေလဲ။ မြန်မာပြည်က တဦးတယောက်ပိုင်ပစ္စည်းလား။
ဒီကိစ္စတွေ ရှင်းရှင်းလင်းလင်းပြောကြဆိုကြဖို့ေ တာ့ လိုလာပြီ။ လွတ်ေ တ်ာမှာ ကြားနာကြဖို့တော့ လိုလာပြီ။
ဥပဒေတွေကို ဝန်ကြီးတွေက ထုတ်ချင်ရာထုတ်မှာဆိုရင် လွတ်တော်ဆိုတာကြီးက ဘာလုပ်ဖို့လဲ။
လွတ်ေ တ်ာမှန်သမျှအတွက် တလ တလ တိုင်းပြည်က ပေးထားရတဲ့ငွေတွေက နဲနဲနောနောမဟုတ်။
တကယ်တမ်း တိုင်းပြည်မှာက ဘာအလုပ်မှ ဟုတ်တိပ တ်တိ မရှိ။
မြေပေါ်ရှိတဲ့အပင်တွေလဲကုန်၊ မြေအောက်ရှိသမျှလဲ နှိုက်ထုတ်ရောင်းနေရလို့ ဘယ်နေ့တိုင်းပြည်ကြီးက
မြေအောက်ကျွံဝင်သွားမယ်မှန်းတောင် မသိ။
လူငယ်လူရွယ်မှန်သမျှ အိုးပစ် အိမ်ပစ် မိပစ် ဖပစ် သားပစ် မယားပစ် လယ်ပစ် ယာပစ် နိုင်ငံခြားထွက် ကျွန်ခံပြီး
ငွေရှာနေရတာ။
အဲဒါတွေကို ထိုင်သုံးနေသူတွေက …..
ခင်ဗျားတို့ အစိုး ရဆိုသူေ တွက တချိန်လုံး သတင်းစာတွေ တီဗီတွေ ဂျာနယ်တွေကနေ ပြောချင်ရာကို
ပြောချင်တဲ့အချိန်မှာ ပြောချင်သလိုပြောလာခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပတုန်း။
အဲဒီလို ပြောနေသူတွေက…..
ကျုပ်တို့ ပြည်သူတွေမှာ ဒီသင်္ကြန်ေ လးဘဲ ပျော်စရာရှိတာပျော်၊ ဒီသံချပ်လေးတွေနဲ့ဘဲ ပြောစရာရှိတာ ပြောရတာ။
အော် သံချပ်သံလေးတောင် မကြားရဲသူေ တွက……….
ပြည်သူ့စကား နားထောင်အုံးမတဲ့။
အရပ်ကတို့ရေ ကောင်းကြသေးရဲ့ လား ………။
လူ ထု နဲ့  ဒေါ်ေ အာင် ဆ န်း စုြ ကည် အမေးအဖြေ
ဧပြီ ၁၅၊ ၂၀၁၁ RFA အစီ အစဉ်

မေးသူ။ ။ ကိုလင်းအောင်(အမေရိကန်ပြည်ထောင်စု)
မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ ကျွန်တော့်နာမည်လင်းအောင်လို့ခေါ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး
လှုပ်ရှားနေသူတဦးပါ။ ခုလောလောဆယ် အမေရိကန်အစိုးရကနေပြီးတော့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်တဦး
ခန့်အပ်ဖို့ဆိုတာကို၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုသဘောရပါသလဲခင်ဗျာ။ ကျွန်တော်တို့
ဗမာပြည်ဒီမိုကရေ စီအရေးအတွက် ဘယ်လောက်ထိကို အကျိုးပြုနိုင်မလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ် ခင်ဗျာ။
ဖြေ။ ။ အမေရိကန်အစိုးရက အထူးကိုယ်စားလှယ်ခန့်တာကို ကျွန်မတို့ကတော့ သဘောကျပါတယ်။ ရွေးချယ်ထားတဲ့ မစ္စတာ
ဒဲရစ်မစ်ချယ်ဟာ မြန်မာနိုင်ငံရေးကို နှစ်ပေါင်းများစွာလေ့လာခဲ့သူ၊ အာရှရေးရာတွေကိုလည်း ကျွမ်းကျင်သူတဦး ဖြစ်တယ်လို့
နားလည်ပါတယ်။ ဒါကြောင့်မို့လို့ မိမိရဲ့တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ
အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အမေရိကန်နိုင်ငံမူဝါဒတွေနဲ့ ပတ်သတ်ပြီး
အကြံဥာဏ်ကောင်းတွေပေးနိုင်မယ်ဆိုရင် အထောက် အကူပြုနိုင်မယ်လို့ ထင်ပါတယ်။

မေးသူ။ ။ ကိုအောင်မြတ်ဝင်း(ဂျပန်)
မေးခွန်း။ ။ အန်တီစုခင်ဗျား။ မင်္ဂလာပါခင်ဗျား။ ကျွန်တော်အောင်မြတ်ဝင်းပါခင်ဗျား။ ဂျပန်နိုင်ငံ —– တက္ကသိုလ် ဥပဒေဌာနက
ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့အနေနဲ့ ဂျာမနီနိုင်ငံကိုဟောပြောပွဲတခုနဲ့ သွားပြီးတော့ေ ဟာပြောပါတယ်။ အဲဒီမှာ
ဂျာမနီကကျောင်းသားတွေကို ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားကို ဘယ်သူ့ကို
ပိုသိပါသလဲဆိုပြီး တော့ မေးကြည့်တဲ့အခါမှာ ဘုန်းတော်ကြီးဒလိုင်းလားမားကို သိတယ်ဆိုပြီး ဖြေတဲ့ေ ကျာင်းသားက
အရမ်းများပါတယ်။ အဲေ တာ့သူတို့ ဘာ့ ကြောင့်သိလဲလို့ မေးတဲ့အခါမှာ ဒီဘုန်းတော်ကြီးဒလိုင်းလားမားက
ဂျာမနီအပါအ၀င်ပေါ့လေ နိုင်ငံတကာကို အခေါက်ပေါင်းများစွာလာပြီး တော့ စည်းရုံးရေးတွေဆင်းတယ်။
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့တယ်။ စာအုပ်တွေလည်း အများကြီးထုတ်တယ်ဆိုပြီးတော့ သူတို့တွေ ပြောကြပါတယ်။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပေါ့လေ.. မြန်မာပြည်အရေးကိုပေါ့လေ နိုင်ငံတကာကိုလှည့်ပြီးတော့ လူ့အ
ခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ေ တွ့ဖို့ အစီအစဉ်ရှိပါသလားဆိုတာကို
တဆိတ်လောက်ဖြေကြားပေးစေချင်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကျွန်မအနေနဲ့ လောလောဆယ်တော့ နိုင်ငံခြားကို ခရီးထွက်ဖို့ အစီအစဉ်မရှိပါဘူး။ မြန်မာနိုင်ငံတွင်းမှာ
လုပ်ရမယ့်ကိစ္စေ တွက အင်မ တန်များနေသေးလို့ပါ။ ကျွန်မကို သိတာ မသိတာထက် မြန်မာနိုင်ငံဒီမိုကရေစီရုန်းကန်ရေးကို
ကမ္ဘာကသိဖို့ ပိုပြီးအရေးကြီးတာကြောင့် ကိုအောင်မြတ်ဝင်းတို့လို ပြည်ပရောက်နေတဲ့မြန်မာပြည်သားများက
ကူညီပြီးတော့လုပ်ဆောင် ပေးစေချင်ပါတယ်။

မေးသူ။ ။ ကိုဇော်မင်း
မေးခွန်း။ ။ ကျွန်တော့နာမည်ဇော်မင်းပါ။ ကျွန်တော်မြောက်ဥက္ကလာ NLD Youth က လူင ယ်တယောက်ပါခင်ဗျာ။
ကျွန်တော်တို့ အစိုးရရဲ့ဖိနှိပ်မှုတွေနဲ့ နိုင်ငံရဲ့ချွတ်ခြုံကျမှုတွေေ ကြာင့်၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို
ရှောင်တိမ်းလာရတဲ့ မြန်မာပြည်သူ ပြည်သားတွေဟာ အခုမလေးရှားမှာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်နေရပါတယ်။ အဲဒီအခါမှာ
ဒုက္ခသည်အ ဖြစ် အသိအမှတ်ပြု ဖို့ ဒီ UNHCR ရဲ့ အကူအညီတွေ ရတဲ့သူရသလို မရသေးတဲ့သူလည်း မရပါဘူးခင်ဗျာ။
အဲဒီတော့ ကျွန်တော်တို့ဟာ တကိုယ်ရေလုံခြုံမှုနဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စောင့်ရှောက်မှုတွေကို ကျွန်တော်တို့
မလွဲမသွေ လိုအပ်နေပါတယ်။ ကျွန်တော်တို့ အဲဒီအခက်အခဲေ တွ ဖြစ်နေပါတယ်ခင်ဗျာ။ အဲဒီအပေါ်မှာ အန်တီစုအနေနဲ့
အကူအညီပေးနိုင်မလား။ တစုံတရာများ အကြံဥာဏ်ပေးနိုင်မလားဆိုတာ ကျွန်ေ တ်ာတို့ သိချင်ပါတယ်ခင်ဗျာ။
အန်တီစုကျန်းမာပါစေ။

ဖြေ။ ။ အန်တီ့အနေနဲ့ UNHCR ကို ဒီကိစ္စတွေနဲ့ပ တ်သတ်လို့ မေးပါ့မယ်။ ဒီ့အပြင် ပြည်ပရောက်နေတဲ့ မြန်မာတွေအချင်းချင်း၊
ကူညီမစနိုင်မယ့် ကွန်ယက်ဖွဲ့ဖို့လည်း လုပ်နေပါတယ်။ ကိုဇော်မင်းတို့ ချက်ချင်းလက်ငင်းလုပ်နိုင်တဲ့ ကိစ္စက တော့၊
ဒုက္ခသည်အချင်းချင်း စာနာနားလည်ပြီး ညီညီညွတ်ညွတ် ရှိဖို့ဖြစ်ပါတယ်။ ဒီလိုသာ နေနိုင်မယ်ဆိုရင် ပြဿနာတွေကို
အတူဖြေရှင်း နိုင်မယ့်နည်းအချို့ကိုလည်း စဉ်းစားလို့ရလာမှာပါ။

မေးသူ။ ။ ဦးစောစ (နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ)


မေးခွန်း။ ။ ဒေါ်စုနဲ့လူချင်းမတွေ့ရပေမယ့်၊ ကျွန်တော်တို့ ဒေါ်စုကို ရုပ်မြင်သံကြားကဖြစ်စေ၊ အသံကဖြစ်စေ၊
အမြဲကြားနေရတယ်။ မြင်နေရတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် ရပ်တည်တာကိုလည်းပဲ ကျွန်ေ တ်ာတို့
အများကြီးလေးစားဂုဏ်ယူ ပါတယ်။ ဒေါ်စုကို ကျွန်တော် သိပြီးသားတခု ကျွန်တော်တင်ပြချင်ပါတယ်။
ဒါကတော့ ကျွန်ေ တ်ာတို့နာဂတွေကလည်း ဗမာပြည်မှာတိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ ရပ်တည်ထားပါတယ်။
ကျွန်တော်တို့ လူမျိုးတွေကို အစိုးရက နားပိတ်မျက်စိပိတ်လုပ်ပြီးတော့ ယနေ့အထိ လည်းပဲ ပါးစပ်တွေ မဟရဲအောင်
နည်းမျိုးစုံနဲ့လုပ်ထားလို့ ကျွန်ေ တ်ာတို့ အောက်ကျနောက်ကျဖြစ်ေ နတယ်။ တနေ့ကျရင် ကျွန်ေ တ်ာတို့ စစ်မှန်တဲ့
ဒီမိုကရေစီဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ထွန်းကားမှာ သေချာပါတယ်။
ဒီလိုဖြစ်လာရင်တော့ နာဂအမျိုးသားတွေကလည်း ကျန်တဲ့တိုင်းရင်းသားတွေလို နိုင်ငံရေးအရ၊ လူမှုရေးအရ၊
ပညာရေးအရ အစစအရာရာ အစမှအဆုံး အခြားတိုင်းရင်းသားတွေနဲ့ တန်းတူ ရည်တူဖြစ်နိုင်တဲ့ အခြေအနေ ဒေါ်စုအနေဲ့
လုပ်ပေးဖို့ အစီအစဉ်အကြံအစည်များ ရှိပါသလားလို့ ကျွန်တော့်အနေနဲ့ လေးလေးစားစား အဲဒါ ကို
ဆွေးနွေးတင်ပြချင်ပါတယ်။ ကျွန်တော်ကတော့ နာဂအမျိုးသားဖြစ်တယ်။ ကျွန်တော့နာမည် စောစလို့ခေါ်ပါတယ်ခင်ဗျား။
ကျေးဇူး တင်ပါတယ်။ ဒေါ်စုအသက်ရာကျော်ရှည်ပါစေလို့လည်း ဆုေ တာင်းပေးပါတယ်။
ဖြေ။ ။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သတ်တဲ့ အခြေခံသဘောတရားက ရိုးရိုးလေးပါပဲ။
ကျွန်မတို့နိုင်ငံ အေးချမ်းသာယာဝပြောဖို့ဆိုရင် တိုင်းရင်းသားတွေအားလုံးကြားမှာ ညီညွတ်မှုရှိရပါလိမ့်မ ယ်။ ဒီလို
ညီညွတ်မှုကို ဖြစ်စေမယ့် ပြည်ထောင်စုစိတ်ဓာတ်ရဲ့ အခြေခံကတော့ တရားမျှတမှုနဲ့ စိတ်ရင်းစေတနာသန့်စင်မှု ဖြစ်ပါတယ်။
ဒါ့ကြောင့် စိတ်စေတနာသန့်သန့်စင်စင်နဲ့ တိုင်းရင်းသားအားလုံးကို ကျောသားရင်သားမခွဲ၊ တူညီတဲ့ အခွင့်အရေးတွေ
ပေးရမှာပါ။ ဒါကို အဓိက ပန်းတိုင် အဖြစ် ဦးတည်ပြီး လုပ်ဆောင်သွားမှာပါ။ ဦးစောစတို့လို တိုင်းရင်းသားတွေရဲ့
ထောက်ခံမှုကို အားကိုးပြီး ပြည်ထောင်စု ခိုင်မာအောင် တည်ဆောက်ရမှာ ဖြစ်တာကြောင့်၊ မှန်မှန်ကန်ကန်နဲ့ ဆန္ဒေ တွကို
ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ တနေ့တော့ ဦးစောစနဲ့ လူချင်းတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေးသူ။ ။ မအားနန် (ကချင်လူမှုဖွံဖြိုးရေးကွန်ယက်အဖွဲ့)


မေးခွန်း။ ။ ကျွန်မနာမည် အားနန်ပါ။ ကချင်လူမျိုးပါ။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့အစည်းကပါ။ အခုမေးချင်တဲ့
မေးခွန်းက အခုလောလောဆယ်၊ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့၊ ဒီမြစ်ဆုံရေကာတာက ဆိုးကျိုးအများကြီးရှိတယ်။
ပြည်သူလူထု အကျိုးမရှိဘူးဆိုတဲ့ဟာကိုလည်း မြင်တွေ့ရတယ်။ နောက်တခုက အခုလောလောဆယ် ကြည့်မ ယ်ဆိုရင်
ဖြစ်ဆုံရေကာတာကြောင့်မို့ ကချင်ပြည်သူလူထုေ တွ ဒုက္ခေ တွခံစားနေရတာ မှန်ပေမယ့် ဧရာဝတီမြစ်ဝကျွန်းပေါ်
မြစ်အောက်ပိုင်းတလျှောက်လုံးလည်း ဆိုးကျိုး အများကြီး ထိခိုက်နိုင်တယ်။ အဲဒါကြောင့်မို့လို့ ဒီမှာရှိတဲ့
ကချင်ပြည်သူလုထူေ တွက ဒီစိုးရိမ်မှုကြားမှာ သူတို့တတ်နိုင်တဲ့ဘက်က ဒီရေကာ တာ အလိုမရှိတဲ့အကြောင်းကို
သူတို့ထုတ်ဖေါ်ပြီးတော့ ဆန့်ကျင်နေတဲ့အကြောင်းကို တွေ့ရှိရတယ်။
ဒီမြစ်ဆုံရေကာတာနဲ့ ပတ်သတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အနေနဲ့ပေါ့နော်၊ ဘယ်လောက်ထိ
ကန့်ကွက်ဖို့အစီအစဉ်ရှိလား။ ဘယ်လောက်ထိ ထုတ်ဖေါ်ဖို့ အစီအ စဉ်ရှိလဲ ဆိုတာကို သိချင်ပါတယ်ရှင့်။ နောက်တခုက
ဒီဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ဒီဒေသခံပြည်သူလူထုေ တွကိုလည်း တကယ်တမ်း မြစ်ဆုံ
ရေကာတာဆောက်လိုက်ရင် ဆိုးကျိုးဖြစ်လာမယ့်ဟာတွေကို အသိပညာပေးဖို့ အစီအစဉ်တွေရှိလားဆိုတာ သိချင်
ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။ ။ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးတင်မက၊ မြေပြန့်သစ်ေ တာပြုန်းတီးခြင်း စသဖြင့် ဧရာဝတီမြစ်ရဲ့ အခြေအနေကို


ဆိုးရွားစေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သတ်လို့ အဖွဲ့ချုပ်ရဲ့ သုတေသန တာဝန်ခံတွေက စာတမ်းပြုစုနေပါတယ်။ ဧရာဝတီမြစ်ကို
ထိပါးသမျှဟာ ဟိုးမြောက်ပိုင်းကနေပြီး မြစ်ဝကျွန်းပေါ်အထိ ဘယ်လိုအကျိုးဆက်ေ တွ ရှိနိုင်တယ်ဆိုတာကို လေ့လာဖေါ်
ပြသွားမှာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ဧရာဝတီမြစ်ထိန်းသိမ်းရေး၊ စည်းရုံးလှုပ်ရှားမှုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီအစီစဉ်ကို
အခြေခံတဲ့ အချက်အလက်တွေထဲမှာ ကချင်ပြည်နယ်က အဖွဲ့ချုပ်ဝင်တွေနဲ့ မိတ်ဆွေေ တွဆီက ကြားသိရတာတွေလည်း
အများအပြားပါဝင်ပါတယ်။

မေးသူ။ ။ ကိုသိန်းဝင်း
မေးခွန်း။ ။ မင်္ဂလာပါ အမေစုခင်ဗျား။ ကျွန်တော့နာမည်က မောင်သိန်းဝင်းပါ။ ကျွန်ေ တ်ာပဲခူးက ဖြစ်ပါတယ်။
အခုလက်ရှိအခြေအနေမှာတော့ ကျွန်တော်ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ရှိနေပါတယ်။ ကျွန်တော်အမေစုကို
စကားတခွန်းမေးချင်ပါ တယ်ခင်ဗျာ။ နအဖ စစ်အစိုးရကနေပြီးတော့ ပြန်လည်ပြီးတော့ ပုံစံတခုပြောင်းတဲ့
အခုမြန်မာပြည်အစိုးရဆိုတာကို အမေစုအနေနဲ့လက် ခံပါသလား။ အသိအမှတ်ပြုပါသလား။
ဘယ်လိုသဘောထားရှိပါသလဲဆိုတာကို သိချင်ပါတယ်ခင်ဗျာ။ အမေစုကျေးဇူးပြုပြီးတော့ ပြော ပြပေးပါလားခင်ဗျာ။

ဖြေ။ ။ အခု အစိုးရအသစ်တခု ရှိနေတယ်ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို


ပြည်သူတွေရဲ့ ဆန္ဒကို လေးစားပြီး၊ ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ်ဆိုတာကိုေ တာ့
နဲနဲတော့ စောင့်ကြည့်ရဦးမှာပါ။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)


ဧပြီ (၁၅) ရ က်ေ န့ အစီ အ စဥ်
မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံရေးခေါင်းဆောင်များ

ကာနယ်ချစ်ကောင်း
သန်းဝင်းလှိုင်
ဧပြီ ၂၀၊ ၂၀၁၁

“အနှစ် ၂ဝ မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်ေ သာအခါ


ကြိုးတိုက်ထဲသို့ရောက်နေသည်ကို တွေ့ရလေသည်’’

အထက်ပါစာပိုဒ်ကား ၁၉၆၁ ခုနှစ်ဇွန်လ ၁ ရက်နေ့က စတင်ထုတ်ဝေခဲ့သော ‘အနှစ် နှစ်ဆယ်’ စာအုပ်ထဲ ဗိုလ်ချစ်ကောင်း၏


နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်အမိန့်ချထားခြင်းခံရပြီး ကြိုးတိုက်ထဲေ ရာက်နေပုံကို ရေးခဲ့သည့် စာပိုဒ်ဖြစ်သည်။

ဗိုလ်ချစ်ကောင်း၏ အမည်ရင်းမှာ ကိုစိုးမောင် ဖြစ်သည်။ သခင်သန်းထွန်း ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏


တောတွင်းလက်န က်ကိုင်တပ်ဖြစ်သည့် ပြည်သူ့တပ်မတော်တွင် ဗိုလ်မှူးကြီး (ကာနယ်) ရာထူးဖြင့် နိုင်ငံရေးမှူးကြီး
ခန့်ထားခြင်းခံရသည့် အတွက် အမည်ရင်းပျောက်ပြီး ကာနယ်ချစ်ေ ကာင်း (သို့မ ဟုတ်) ဗိုလ်မှူးချစ်ကောင်းဟူ၍ သူ့အား
ခေါ်ဝေါ်ခဲ့ကြသည်။ ဗိုလ်မှူးချစ် ကောင်းသည် ‘အနှစ်နှစ်ဆယ်´အမည်ရှိ စာအုပ်ကို ပထမအကြိမ်ထုတ်ဝေစဉ်က
‘ဗိုလ်ချစ်ကောင်း’ အမည်တပ်ခဲ့သော်လည်း နောက်ပိုင်း ထုတ်စာအုပ်များတွင် ‘ဗိုလ်မှူးချစ်ကောင်း’ ဟု သုံးနှုန်းခဲ့လေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုေ က်ာမတီဝင်တဦးဖြစ်ေ သာ ကာနယ်ချစ်ကောင်း ခေါ် ရဲဘော်စိုးမောင်အား ၁၉၂ဝ ပြည့်နှစ်တွင်


မြင်းခြံမြို့နယ် လယ်သစ်ရွာ၌ မြေတိုင်းစာရေး ဦးအုံးဖေ၊ အမိ ဒေါ်အိတို့မှ ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မြင်းခြံမြို့
အေဘီအမ်ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် မန္တလေးဥပစာကောလိပ်တွင် ဥပစာအထက်တန်း
(I.S.C-Intermediate Senior Class) အောင်သည်အထိ ပညာသင်ကြားခဲ့သည်။
သူသည် စစ်ကြိုခေတ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်၍၊ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနှင့် မြေအောက်တော်လှန်ရေး
အင်အားစုခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုစိုးမောင်သည် မျိုးချစ်စိတ်ရှိသူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့်
ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) သို့ဝင်ရန် မြင်းခြံမှ သခင်အုန်းတင် (နောင် ဗိုလ်အုန်းတင်)၊ သခင်ဗိုလ်၊ ကိုဘကွန်း၊
ကိုထွန်းမြင့်တို့နှင့်အတူ သူတို့ငါးယောက် မြင်းခြံဘူတာမှ မီးရထားစီးလျှင် ပုလိပ် (ရဲ) များရိပ်မိမည်စိုးသဖြင့် မန္တလေးမြို့သို့
ဘတ်စ်ကားစီး၍သွားပြီး မန္တလေးဘူတာမှ မီးရထားစီးကြသည်။

သူတို့အစီအစဉ်အရ ညောင်ေ လးပင်မြို့သို့ဝင်၍ သခင်ဇင် (နောင် ဗကပ ဥက္ကဋ္ဌ) နှင့်တွေ့ပြီး သခင်ဇင်က သူတို့ကို ရွှေကျင်
(သို့မဟုတ်) ယိုးဒယား (ယခု ထိုင်းနိုင်ငံ) သို့လွှတ်ပေးရန်ဖြစ်သည်။ ညောင်လေးပင်တွင် သခင်ဇင်ကို စုံစမ်း၍ မရ၊ ထိုအချိန်
(၁၉၄၁ ခုနှစ်) က သခင်များကို အင်္ဂလိပ်နယ်ချဲ့အစိုးရက လိုက်လံဖမ်းနေချိန်ဖြစ်၍၊ သခင်ဇင်မှာ တိမ်းရှောင်နေရသည်။
ညောင်လေးပင်တွင် သခင်ဇင်ကိုမတွေ့ရသဖြင့် စိတ်ပျက်ပြီး သူတို့ငါးဦး မြင်းခြံသို့ ပြန်လာခဲ့ကြသည်။

၁၉၄၂ ဇန်နဝါရီတွင် စိတ်မကျေနပ်သဖြင့် ကိုစိုးမောင်သည် မြင်းခြံမှ ကိုဘဆက်၊ ကိုကိုကြီးတို့နှင့်အတူ မန္တလေးမြို့သို့သွားပြီး


ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ခဲ့ကြသည်။

ကိုစိုးမောင်တို့ ဘီအိုင်အေတပ်ထဲဝင်စဉ်က ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အင်အား ၃၂,ဝဝဝ ထိရှိခဲ့သည်။ ယင်းသို့


အင်းအားရှိ ဘီအိုင်အေတပ်ကို ဂျပန်အာဏာပိုင်တို့က “စည်းကမ်းမရှိ” ဆိုကာ ဖျတ်သိမ်းပစ်လိုက်ပြီး
ဗိုလ်ချုပ်အောင်ဆန်းကိုလည်း အဆင့်နှိမ့်ကာ ဗိုလ်မှူးကြီး (ကာနယ်) ရာထူးသာပေးပြီး တပ်အင်အားကိုလည်း
တပ်ရင်းသုံးရင်းစာ ၃,ဝဝဝ အထိ ချုံ့ပစ်လိုက်သည်။ စစ်ဌာနချုပ်ကိုလည်း ပျဉ်းမနားမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ကိုစိုးမောင်၊
ကိုဘဆက်နှင့်ကိုကိုကြီးတို့သည် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) သို့ ဆက်ဝင်ကြသည်။ ပျဉ်းမနားတွင် တပ်ရင်း ၎
သို့ ကိုစိုးမောင်တို့သည် ရိုးရိုးတပ်သားများအဖြစ် ဝင်ကြရသည်၊။ သူတို့၏ လခမှာ ဂျပန်ဒေါ်လာ ၇ ကျပ်သာ ရသည်။

ကိုစိုးမောင်၊ ကိုဘဆက်နှင့် ကိုကိုကြီးတို့သုံးယောက် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်သို့တက်ရန် အရွေးခံကြရသည်။


ဗိုလ်သင်တန်းတက်ရန် ရွေးချယ်ရာတွင် စာမေးပွဲအမျိုးမျိုးဖြင့် စစ်ဆေးသည့်အပြင် "ဇွဲစမ်း" သည်ဆိုကာ အုတ်ခဲများကို
တညလုံး သယ်ခိုင်းသည်။ နံနက်အာရုံတက်ခါနီးတွင်မှ "ဇွဲစမ်းပွဲကြီး" ပြီးတော့သည်။

ကိုစိုးမောင်တို့သုံးယောက်ကို ပျဉ်းမနားမှ ရန်ကုန်ဘူတာကြီးသို့ မီးရထားဖြင့်ပို့ကာ ဘူတာကြီးမှ မင်္ဂလာဒုံသို့


ကားများဖြင့်ပို့ပေးသည်။ မင်္ဂလာဒုံရှိ ဗိုလ်သင်တန်းကျောင်းကို ဂျပန်လို "ခံဘုတောဝေါစေ" ဟု ခေါ်သည်။
ကိုစိုးမောင်တို့တက်ရသည့်အပတ်မှာ စစ်တက္ကသိုလ် ဒုတိယပတ်ဖြစ်သည်။ ဤဒုတိယပတ်တွင် ကျောင်းသား ၃ဝဝ ရှိ၍ တပ်ခွဲ
နှစ်ခု ခွဲထားသည်။ ကျောင်းပြီးသည့်နောက် ၆ လအကြာတွင် ကိုစိုးမောင်သည် ဒုဗိုလ်ဖြစ်လာသည်။ မင်္ဂလာဒုံဗိုလ်သင်တန်း
ကျောင်းတွင်ရှိစဉ် ကိုစိုး မောင်သည် မြေအောက် ကွန်မြူနစ်ပါတီကေဒါများဖြစ်ကြသည့် ဗိုလ်သိန်းတန်
(ပထမပတ်ကျောင်းဆင်း) နှင့် ရဲဘော်ချစ်လှိုင် (ယခု ကိုကိုမောင်ကြီး) တို့၏ စည်းရုံးမှုကြောင့် မြေအောက်
ကွန်မြူနစ်ပါတီဝင်တဦး ဖြစ်လာသည်။

ထို့နောက် ၁၉၄၄ ခုနှစ်တွင် စစ်ဦးစီးဌာနချုပ်ရုံးတွင် အမှုထမ်းနေစဉ် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့သို့ လျှို့ဝှက်စေလွှတ်၍


အင်္ဂလိပ်တို့ဖွင့်လှစ်ထားသော စစ်ကျောင်း၌ ဂျပန်တိုက်ခိုက်ေ ရးနှင့်ပတ်သတ်သည့် ပညာရပ်များကိုသင်ကြားရန်
တာဝန်ပေးအပ်ခြင်းခံရသည်။ ကိုစိုးမောင်နှင့်အတူ သွားရောက်ခဲ့သူများမှာ သခင်ဗိုလ် (ဂျပန်တော်လှန်ရေးကာလ
လေယာဉ်ပျက်ကျကာ သေဆုံးခဲ့သူ)၊ မန်းဝင်းမောင် (နောင် နိုင်ငံတော်သမ္မတကြီး)၊ ကိုေ ကျာ်ရင် (ကထိက ဦးကျော်ရင်)၊
ကိုအုန်းမောင် (လေထီးဦးအုန်းမောင်)၊ ကိုစောဟန်၊ ကိုသန်း၊ ကိုဘသောင်းတို့ ဖြစ်ကြသည်။

အင်္ဂလိပ်တို့ဖွင့်လှစ်ထားသော ဗမာပြည်ဌာနခွဲ (B.C.S) တွင် ဂျပန်တိုက်ခိုက်ရေးနဲ့ ပတ်သက်သည့် စည်းရုံးရေး ပညာ၊


ဝါဒဖြန့်ချိရေး၊ ရုပ်ဖျက်နည်း၊ စကားဝှကေ
် ရးနည်း၊ စာလုံးမပေါ်အောင်ရေးနည်း၊ ဖတ်နည်း၊ ပြောက်ကျားတပ် ဖွဲ့နည်း၊
ဖောက်ခွဲဖျက်ဆီးနည်း၊ လက်န က်ငယ်များကို ကိုင်စွဲပစ်ခတ်နည်း စသည်တို့ကို သင်ကြားခဲ့ရသည်။ ၁၉၄၅ ဇန်နဝါရီ ၁၃
ရက်နေ့တွင် သင်တန်းဆင်းပြီးသောအခါ လေ့ကျင့်ခန်းဆက်ယူရန် ကိုစိုးမောင်၊ သခင်ဗိုလ်၊ မန်းဝင်းမောင်၊ ကိုအန
ုးမောင်၊
ကိုသန်းတို့ ၅ ဦးအား သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံသို့ ပို့ခဲ့သည်။
ထို့နောက် စစ်ဘက်ဆိုင်ရာတို့၏ စီစဉ်ချက်အရ မြန်မာနိုင်ငံတွင် ဂျပန်တို့သိမ်းပိုက်ထားသော နယ်မြေများ အတွင်းသို့
လေထီးဖြင့်ဆင်း၍ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး (ဖတပလ) တွင် ဝင်ရောက်ကာ
ဖက်ဆစ်ဂျပန်တော်လှန်ရေး၌ ပါဝင်ခဲ့သည်။

ထို့နောက် ၁၉၄၅ စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို မြန်မာနိုင်ငံစစ်တပ်


(ဘားမားရိုင်ဖယ်) အဖြစ် ပြောင်းလဲဖွဲ့စည်းသောအခါ ဗိုလ်မှူးချစ်ကောင်းသည် တပ်မတော်တွင် အမှုမထမ်းတော့ဘဲ
ကွန်မြူနစ်ပါတီ၏ကြွေးကြော်သံ အာဘော်ဖြစ်သော "ပြည်သူ့အာဏာဂျာနယ်" ထုတ်ဝေရေးအတွက် ကိုဗ ဟိန်းနဲ့အ တူ
စိုင်းပြင်းခဲ့သည်။ ၁၉၄၅ စက်တင်ဘာ ၂၉ ရက်နေ့တွင် ပြည်သူ့အာဏာဂျာနယ် စတင်ထုတ်နိုင်ခဲ့သည်။

၁၉၄၆ ခု၊ မေလတွင် အင်းစိန်ခရိုင်၊ ထန်းတပင်မြို့၌ လူထုတန်းစီလှည့်လည် အင်အားပြပွဲအား ပုလိပ်များက


သေနတ်နှင့်ပစ်ရာ လယ်သမားကြီး ၄ ဦး ထိမှန်သေဆုံးခဲ့ရသောကြောင့် "ထန်းတပင် သေနတ်ပစ်မှုကြီး" အုံကြွမှုကြီး
ဖြစ်ပေါ်လာသည်။ ဗိုလ်မှူးချစ်ကောင်းသည် အဆိုပါ သေနတ်ပ စ်မှုကြီးနှင့်ပတ်သက်၍ ပြည်သူ့အာဏာဂျာနယ်မှနေ၍
ပြင်းပြင်းထန်ထန် ကန့်ကွက်ရေးသားခဲ့သည်။

ထို့ပြင် ရမည်းသင်းအရှေ့ ဘက်တွင်ရှိသော နန်းစွဲရာတောင်ပေါ်မှရေကို ရမည်းသင်းအထိ ဖောက်ယူနိုင်ရေး စီမံကိန်းတွင်


ဒေသဆိုင်ရာ ပါတီအဖွဲ့အစည်းပေါင်းစုံနှင့်ပူးပေါင်း၍ တက်တက်ကြွကြွဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခု၊ မတ်လ ၂၈ ရက်နေ့တွင်
ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုသောအခါ ဗိုလ်မှူးချစ်ကောင်းသည် ပျဉ်းမနားမှတဆင့် လိုက်ပါသွာခဲ့သည်။ ထို့နောက်
မကြာမီမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦး ဖြစ်လာခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ
ပြည်သူ့တပ်မတော်တွင် ဗိုလ်မှူးကြီး (ကာနယ်) ရာထူးဖြင့် နိုင်ငံရေးမှူး ခန့်ထာခြင်းခံရသည်။

နိုင်ငံတော်အစိုးရသည် ဗိုလ်မှူးကြီးချစ်ကောင်းအား အရှင် (သို့မ ဟုတ်) အသေဖမ်းဆီးမိပါက ဆုငွေ ငါးသောင်း


ကျပ်ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထို့နောက် ၁၉၅၇ ခု၊ မတ်လ ၉ ရက်နေ့တွင် ဗိုလ်မှူးချစ်ကောင်း နှင့်
ကိုမောင်ကို (ပမညတ အမတ် ဦးမောင်ကို) တို့ အဖမ်းခံရသည်။ ကိုမောင်ကိုသည် ဗိလ်ုမှူးချစ်ကောင်းနှင့်
ကျောင်းနေဖက်သူင ယ်ချင်း ဖြစ်သည်။

ဗိုလ်မှူးချစ်ကောင်းတို့ ဖမ်းမိသောအချိန်နှင့် လွှတ်တော်တွင် ပမညတက ဖဆပလအစိုးရအပေါ်


အယုံအကြည်မရှိအဆိုတင်ချိန်နှင့် တိုက်ဆိုင်နေသလို၊ သူနှင့်အတူ လေထီးဆင်းဖက် မန်းဝင်းမောင်ကို
နိုင်ငံတော်သမ္မတကြီးအဖြစ်တင်မြှေက်ကြ သောအချိန်နှင့် လည်းတိုက်ဆိုင်နေသည်။ ထို့ကြောင့်ပင် နေးရှင်းသတင်းစာက
မန်းဝင်းမောင်က သမ္မတအိမ်ေ တ်ာသို့ပြောင်းပြီး ချစ်ကောင်းက ထောင် သို့သွားသည် ဟု ရေးသားခဲ့ေ လသည်။

ဗိုလ်မှူးချစ်ကောင်းအားဖမ်းမိပြီးနောက် (၁ဝ) လအကြာ (၁၉၅၈ ဇန်နဝါရီ ၃ဝ) မှ ရုံးတင်တရားဆွဲခဲ့ေ လသည်။ သူ့အား


အစိုးရက (၁) ၁၉၄၈ မတ်လတွင်တောခိုခဲ့သည်။ (၂) ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ဗဟိုစည်းရုံးရေးကော်မတီ ခေါင်းဆောင်
တဦးဖြစ်သည်။ (၃) ပြည်သူ့လွတ်မြှောက်ရေးတပ်မတော် ဗဟိုစစ်ဦးစီးဌာနချုပ်တွင် နိုင်ငံရေးမှူးကြီးဖြစ်သည်။ (၄) ၁၉၅ဝ
ပြည့်နှစ်တွင် ဖွဲ့စည်း သည့် ပြည်သူ့တပ်မတော်တွင် နိုင်ငံရေးမှူးကြီးဖြစ်သည်။ (၅) သူပါဝင်ဖွဲ့စည်းထားသည့်
ဗဟိုစစ်ဦးစီးဌာနချုပ်၏ ဦးဆောင်မှုဖြင့် ပျဉ်းမ နားနယ်အ တွင်းရှိ လက်နက်ကိုင်တပ်သားများသည် ၁၉၅၂
တွင်အစိုးရတပ်များကို တိုက်ခဲ့သည်၊ (၆) ၁၉၅၃ တွင်မြောက်ပိုင်း ဌာနချုပ် နိုင်ငံရေးမှူးကြီးဖြစ်သည်၊ (၇)
တော်လှန်ရေးဂျာနယ် အယ်ဒီတာဖြစ်သည်။ (၈) ကလော့စ်ဂစ်၏ On War စာအုပ်ကို “စစ်၏ အခြေခံဥပဒေသများ”
အမည်ဖြင့် ဘာသာပြန်မှတ်စုရေးခဲ့သည်။ (၉) အလင်းရောင်သတင်းစဉ်တွင် “လူယောင်ဆောင်နေသော ဘီးလူး
များ၏လှည့်ဖျားမှုကို သတိပြု”ဆောင်းပါးနှင့် “ပြည်သူ့တပ်မတော်ဆိုတာဘာလဲ”ဆောင်းပါးတို့ကို ရေးသားခဲ့သည်။ (၁ဝ)
မသုံးလုံး (မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ) ဒေသသို့သွား၍ နိုင်ငံရေးလမ်းစဉ်ကို ဝါဒဖြန့်ခဲ့သည်။ (၁၁) ရဲေ ဘာ္လွေဖကို
ရန်ကုန်သို့လွှတ်ပြီး ကွန်မြူနစ် ဝါဒဖြန့်စာရွက် စာတမ်းများကိုရိုက်ဝေရန် တာဝန်ပေးခဲ့သည်ဟူ၍ စွဲချက်တင်ခဲ့သည်။

ထို့နောက် ၁၉၅၉ ခု၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ရန်ကုန်ခရိုင် ရာဇဝတ်တရားသူကြီး ဦးသန်းနွဲ့သည် ကာနယ် ချစ်ကောင်း
(ခေါ်) ဦးစိုးမောင်အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၁) အရ သေဒဏ်ကျခံစေရန် အမိန့်
ချမှတ်ခဲ့သည်။ ယင်းနောက် ၁၉၆ဝ ပြည့်နှစ်သြဂုတ်လ (၈) ရက်၊ တနင်္လာနေ့ (၂) နာရီအချိန်တွင် ကာနယ်ချစ်ကောင်းနှင့်
ဂျပန်တော်လှန်ရေး၌ အတူတကြေ ဆာင္ရြက္ခဲ့ေ သာ သမ္မတကြီးမန်းဝင်းမောင် (၁၉၁၆-၁၉၈၉) ၏
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ကြိုးဒဏ်မှလွတ်မြှော က်ကာ ထောင်မှလွတ်မြောက်သွားခဲ့လေသည်။
ကာနယ်ချစ်ကောင်းသည် ထောင်ထဲ၌ စုစုပေါင်း ဘားလမ်းအချုပ်ခန်း၌ တစ်နှစ်နီးပါးနှင့်ကြိုး တိုက်ထဲတွင်
ရှစ်လနီးပါးအပါအဝင် (၃) နှစ်နှင့် (၅) လတိတိကြာခဲ့သည်။ ထို့နောက် ပြည်လမ်းဘူတာရုံအနောက်တွင်နေထိုင်၍ "အနှစ်
နှစ်ဆယ်" စာအုပ်ရေးသားနေစဉ်အတွင်း ၁၉၆၁ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ပုဒ် (၅) ဖြင့် ထပ်မံဖမ်းဆီးခံရပြန်သည်။
၁၉၆၃ ခုနှစ်၊ ဧပြီ (၆) ရက်နေ့တွင် ထောင်မှပြန်လည်လွတ်မြောက်လာခဲ့သည်။
၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားသောအခါ ကာနယ်ချစ်ကောင်းသည်
ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြန်လည်ဆက်သွယ်ကာ တောခိုသွားခဲ့သည်။

ထို့နောက် ကာနယ်ချစ်ကောင်းခေါ် ရဲဘော်စိုးမောင်သည် ၁၉၆၆ ခု၊ နိုဝင်ဘာလတွင် ဟင်္သတခရိုင် လေးမျက်နှာမြို့နယ်တွင်


ဖြစ်ပွားခဲ့သောတိုက်ပွဲတနေရာတွင် ကျဆုံးသွားခဲ့သည်။

ကာနယ်ချစ်ကောင်းသည် သာယာဝတီခရိုင်၊ စစ်ကွင်းမြို့နေ ဦးသာဖေ၊ ဒေါ်ယုတို့၏သမီးဖြစ်သူ ဒေါ်ခင်မျိုးညွန့် (ဗမာပြည်


ကွန်မြူနစ်ပါတီဝင်) နှင့် ၁၉၄၈ ခုနှစ်၊ မေလတွင်လက်ထက်ကာ သားသမီးသုံးဦးထွန်းကားခဲ့သည်။ သားသမီးများမှာ
စိုးချစ်ထွန်း၊ ခင်မာအေးချစ်၊ ခင်မေထွန်းချစ် တို့ဖြစ်သည်။

ဗိုလ်မှူးကြီးချစ်ကောင်းသည် ပြည်သူ့အာဏာဂျာနယ်၊ အလင်းရောင်သတင်းစဉ်၊ ဒဂုန်မဂ္ဂဇင်းနှင့် အခြားစာနယ်ဇင်းများတွင်


"မြင်းခြံစိုးမောင်"၊ "အောင်ထွန်း"၊ "ဗိုလ်မှူးချစ်ကောင်း"၊ "ဗိုလ်ချစ်ကောင်း" စသည့် ကလောင်ကွဲများဖြင့်
နိုင်ငံရေးဆိုင်ရာစာပေများ မြောက်များစွာ ရေးသားခဲ့သည်။

၁၉၄ဝ ပြည့်နှစ် ဒဂုန်မဂ္ဂဇင်းတွင် မြင်းခြံစိုးမြင့် ကလောင်အမည်ဖြင့် ရေးသားခဲ့သော “နွားသိုးလောက” ဆောင်းပါးကြောင့်


အစိုးရက ဒဂုန်မဂ္ဂဇင်းကို အာမခံငွေတောင်းရာ၊ ဒဂုန်ကအာမခံငွေမတင်ဘဲ နှစ်ပေါင်းများစွာ ထုတ်ဝေခဲ့သောမဂ္ဂဇင်းကို
ရပ်၍ပစ်လိုက်လေသည်။ အဆိုပါဆောင်းပါးမှာ တော်လှန်ရေးအတွက်စည်းလုံး ညီညွတ်ကြရန်လှုံ့ဆော်ထားပြီး၊
ခေတ်နောက်ကြသော လူကြီးများကို သရော်ထားသည်။ လူငယ်များကိုမူ အားအေးအားမြောက်ပြုထားသည်။ ထို့ပြင် မင်းမဲ့ဝါဒ
သဘောထားများကိုလည်း ရေးသားဖော်ပြထားသည်။

ကာနယ်ချစ်ကောင်း၏ ထင်ရှားသောစာအုပ်များမှာ "သိန်းဖေစခန်း မှ သန်းထွန်းစခန်း သို့" (၁၉၄၅)၊ "လေးဆယ့်တစ်"


(၁၉၅၈)၊ "အနှစ်နှစ်ဆယ်"(၁၉၆၁)၊ "နိုင်ငံရေးအဘိဓာန်"(၁၉၆၃)၊ "လူ့မူလအစ" (၁၉၆၃) တို့ ဖြစ်သည်။
ဂျာမန်စစ်ဗိုလ်ချုပ်ကြီးကားလ် ဖွန်ကလော့စ်ဝစ် Karl Von Causewtg (၁၇၈ဝ-၁၈၃၁) On War စာအုပ်ကို
"စစ်၏အခြေခံဥပဒေသများ" အမည်ဖြင့် တောတွင်း၌ ဘာသာပြန်ဆိုခဲ့သော်လည်း အစိုးရ၏ သိမ်းဆီးခြင်းခံရကာ
စာအုပ်အဖြစ် မထုတ်ဝေဖြစ်ခဲ့ချေ။

You might also like