Freedom Riders Final

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 3

        

လွတ်လပ်ခြင်းကို စီးနင်းလိုက်ပါခဲ့ကြသူများ

၁၉၆၁ ကာလတုံးက အမေရိကန်ပြည်ထောင်စုအတွင်းမှာ လူထုအခွင့်အရေးတန်းတူမှုအတွက် တိုက်ပွဲဝင်ခြဲ့ ကတဲ့


Freedom Rider တွေကို မှတ်မိကြပါလိမ့်မယ်။ အမေရိကန်တရားဥပဒေဟာ အသားအရောင်ခွဲခြားမှု ကို တကယ်ဟန့်တားနိုင်၊မနိုင်
ဆိုတာကိုစမ်းသပ်ဖို့အတွက် ဝါရှင်တန်ဒီစီ ကနေ တောင်ပိုင်းဒေသတွေဆီ ခရီးထွက်ခြဲ့ ကတယ်။ သူတို့တတွေရဲ့လုပ်ရပ်ကို ထင်ရှားတဲ့
နိုင်ငံရေးသမားတွေက အထင်မကြီးခဲ့ကြပါဘူး။ Freedom Rider တွေရဲ့လှုပ်ရှားမှုဟာ သူတို့ရဲ့ လူထုအခွင့်အရေးလှုပ်ရှားမှု( Civil
Rights Movement) ကို လာပြီးထိခိုက်နိုင်တယ် လို့ယူဆကြတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေ မျှော်လင့်မထားတဲ့
အဖြစ်အပျက်တွေက အမေရိကန်တောင်ပိုင်းဒေသတခုလုံးမှာ ဖြစ်ခ့တ
ဲ ယ်။ တိုင်းပြည်တပြည်လုံး Freedom Rider တွေရဲ့လှုပ်ရှားမှုကို
စာနာနားလည်စွာပူးပေါင်းပါဝင်လာကြတယ်။ သူတို့တတွေရဲ့လှုပ်ရှားမှု နှစ်(၅၀) ပြည့်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ
ဂုဏ်ပြုပွဲတွေ ကျင်းပနေပါတယ်။ လွတ်လပ်တဲ့ အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာတင်ဆက်ခ့တ
ဲ ့ေ
ဲ ဆာင်းပါးလေးပါ။

“အဲ့ဒီအရာက လေပြင်းတခု ဒါမှမဟုတ် လှိုင်းတခုလိုပဲဗျ။ ဘယ်က လာပြီး ဘယ်ကိုသွားနေတယ် ဆိုတာ မသိရဘူး။


ဒါပေမဲ့ အချိန်တန်ရင်တော့ အဲ့ဒီနေရာမှာ ခင်ဗျား ရောက်နေရမယ် ဆိုတာကိုတော့သိနေတယ်”

သောတရှင်များခင်ဗျား

လွန်ခ့တ
ဲ့ဲ အနှစ် ငါးဆယ် (၁၉၆၁) ခုနှစ် က လွတ်လပ်ခြင်းကို စီးနင်းလိုက်ပါချင်သူတွေ ( Freedom Riders) ဟာ
အခုလုေ
ိ မလထဲမှာ ခရီးတခုကို စတင်လိုက်ကြပါတယ်။ သူတို့ဦးတည်တ့ေ
ဲ နရာကတော့ အသားအရောင်ခွဲခြားမှု ပြင်းထန်တဲ့
အမေရိကန်တောင်ပိုင်းတခုလုံးဆီသို့ ဖြစ်ပါတယ်။

“ဗာဂျီးနီးယား လိုပြည်နယ်တွေမှာ စားသောက်ဆိုင်နဲ့ ပြည်တွင်းခရီးသွားသူတွေအပေါ် အသားအရောင်ခွဲခြား ဆက်ဆံမှုတွေကို


လေးလေးနက်နက်စဉ်းစားပြင်ဆင်လျော့ပေါ့ပေးမယ် လို့ ပြဋ္ဌာန်းထားခဲ့ပေမဲ့ လက်တွေ့မှာတော့ ထူးမလာပါဘူး။
တောင်ပိုင်းသားတွေက တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်နေချိန်မှာ ကျနော်တို့တတွေကလည်းလွတ်လပ်ခြင်းမျိုးစေ့ကို
သယ်ဆောင်ဖို့အတွက် စတင်ခရီးထွက်ခြဲ့ ကတယ်။ ”

CORE လို့ခေါ်တဲ့ အသားအရောင်ဆိုင်ရာ၊ တန်းတူမှုကွန်ဂယက်ရဲ့ ဦးဆောင်အဖွဲ့ဝင် (၁၃) ယောက်ဟာ


ဂရေးဟောင်းဘတ်စ်ကားတွေနဲ့ Trailways ဘတ်စ်ကားတွေပေါ်တက်လိုက်ကြပြီး၊ ဝါရှင်တန်ဒီစီမှ တောင်ပိုင်းဒေသဆီသို့
ခရီးထွက်ခြဲ့ ကပါတယ်။ သူတို့အဖွဲ့မှာ လူဖြူ (၆) ယောက်နဲ့ လူမည်း (၇) ယောက်ပါဝင်နေပါတယ်။ ဒါပေမဲ့ သူတို့တတွေ
မစ္စစ်စပီမြစ်ကမ်းဆီကို ရောက်တ့အ
ဲ ခါ ဖမ်းဆီးခံလိုက်ရတယ်။ အာဖရိကန်လူမည်းတွေဟာ လူဖြူတွေနဲ့ ဘတ်စ်ကားအတူစီး
ခရီးထွက်လာတဲ့လုပ်ရပ်ကို ရာဇဝတ်မှုအဖြစ်အသတ်မှတ်ခံခ့ရ
ဲ ပါတယ်။
“ Eastview Klavern # 13 ဆိုတာ အယ်လ်ဘားမားပြည်နယ်မှာ အကြမ်းဖက်မှုတွေကို လက်ရဲဇက်ရဲကျူးလွန်နေကြတဲ့
ကေသုံးလုံးလူဖြူ အဖွဲ့တွေပေါ့။ သူတို့ရဲ့ အစီအစဉ်က အန်နစ်စတန်မြို့ကစပြီး Freedom Riders တွေကို စတင်တိုက်ခိုက်မယ်။
ဘာမင်ဟန်မြို့မှာ ကျနော်တို့ကို အဆုံးသတ်ချေမှုန်းမယ်ပေါ့။ မှတ်မှတ်ရရ။ အဲ့ဒီနေ့က မေလ (၁၄) ရက်၊ အမေနေ့လေ။
ကျနော်တို့စီးလာတဲ့ ဘတ်စ်ကားတာယာတွေကို ထိုးခွဲပစ်မဲ့ လက်နက်အချွန်တွေကို စတင်မြင် လိုက်ရပြီး
ဘတ်စ်ကားဟာကားလမ်းဘေးကိုထိုးကျသွားတယ်။ ပြတင်းမှန်တွေ ဖြိုခွဲခံလိုက်ရပြီး မီးလောင်ဗုံးတွေ တလုံးပြီးတလုံး
ရောက်လာတယ်။ ကားထဲမှာ မီးတောက်မီးလျှံတွေထဲက ထွက်ပြေးဖို့ကြိုးစားနေတဲ့ ကျနော်တို့တတွေကို ကေသုံးလုံးတွေက
စောင့်ရိုက်တယ်။ အသေသတ်ဖို့ကြိုးစားတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးရုံဆီကို ထွက်ပြေးလွတေ
် မြာက်သွားတဲ့ သူတွေကို
ဆေးရုံဝန်ထမ်းတွေ၊ ဆရာဝန်တွေက တာဝန်ခံကုသမပေးရဘူး။ ကျနော်တို့ကို လက်ခံကုသတဲ့အတွက် ညကျရင်
ကေသုံးလုံးဂိုဏ်းတွေက လာရောက်တိုက်ခိုက်မှာကို စိုးရိမ်ပုံရတယ်လေ။ အကြမ်းဖက်သူတွေဟာ ကျနော်တို့န့ခ
ဲ ရီးအတူထွက်ခ့တ
ဲ့ဲ
အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်သူ လူဖြူတွေကိုလည်း အငြိုးထားရိုက်နှက်ကြတယ်လေ။”

ခြိမ်းခြောက်တားဆီးမှုတွေရှိနေပေမဲ့ Freedom Riders တွေဟာ သူတု့ရ


ိဲ့ခရီးစဉ်တွေကိုမဖျက်ခြဲ့ က ပါဘူး။
ဒဏ်ရာရနေသူတွေကိုဆေးဝါးကုသရင်း ချန်ထားခဲ့ရပေမဲ့ လူသစ်တွေကိုထပ်မံစုဆောင်း ခရီးထွက်ခြဲ့ ကပါတယ်။
ကေသုံးလုံးအကြမ်းဖက်သမားတွေရဲ့ ကားမီးရှို့မှုတွေ၊ မီးလောင်ဗုံး သတင်းတွေက တစထက်တစများပြားလာတဲ့အခါမှာ
လူထုရဲ့ဆန့်ကျင်ကန့်ကွက်မှုအသံတွေက ကျယ်လောင်လာခဲ့ပါတယ်။ ဒါကြောင့်လည်း Freedom Riders တွေကို
ကာကွယ်စောင့်ရှောက်ပေးဖို့ ဖက်ဒရယ်အစိုးရက အမိန့်ပေးခဲ့ပါတယ်။

“ ကျနော်တို့ခရီးသွားသူတွေကို စောင့်ရှောက်ပေးမယ်လို့ဆိုပေမဲ့ ကားဂိတ်တွေမှာ အကြမ်းဖက် တိုက်ခိုက်သူတွေက စောင့်နေတော့


ဘတ်စ်ကားမောင်းမဲ့သူတွေက အစ အလုပ်မဆင်းရဲကြဘူးလေ။ ဖက်ဒရယ်အစိုးရက ကျနော်တို့တတွေအတွက်
ကားမောင်းမဲ့သူတွေကို စီစဉ်ပေးဖို့ပန်ကြားခဲ့ပါတယ်။ တဘက်မှာတော့ ဖက်ဒရယ်အစိုးရဟာ ဒေသဆိုင်ရာအစိုးရတွေရဲ့
မူဝါဒတွေအပေါ် ဝင်ရောက် စွက်ဖက်မှုမလုပ်ပါဘူး ဆိုတ့လ
ဲိုက်လျောမှုကိုပေးခဲ့ရပါတယ်။ အကျိုးဆက်ကတော့ ကျနော်တို့
တတွေကို ဒေသဆိုင်ရာအစိုးရတွေက လွယ်လွယ်ကူကူဖမ်းဆီးထောင်ချခွင့်တွေရတော့တာပေါ့”

အမေရိကန်သမ္မတ ကနေဒီကလည်း Freedom Riders တွေဟာ အမေရိကန်ပြည်ထောင်စု အကျိုးစီးပွားအတွက်


မျိုးချစ်စိတ်မရှိသူတွေ၊ ပြည်ပနေ မြှောက်ပေးတဲ့အရာတွေ၊ ကွန်မြူနစ်တွေဆိုပြီး စွပ်စွဲရှုတ်ချခဲ့တယ်။ ဒါပေမဲ့ Freedom Riders
တွေကတော့အမေရိကန်သမ္မတ ကနေဒီ ကို အာခံမဲ့ လှုပ်ရှားမှုတွေကို အရှိန်မြင့်လိုက်ပါတယ်။ Freedom Rider
ကော်မတီကိုဖွဲ့စည်းလိုက်ပြီး လူသစ်တွေကို အသုတ်လိုက်အသုတ်လိုက်ခွဲပြီး တောင်ပိုင်းဆီကို ခရီးထွက်ခွာခဲ့ကြပါတယ်။

“ ကျနော်တို့တတွေရဲ့လှုပ်ရှားမှုဟာ အမေရိကန်ပြည်ထောင်စုအတွင်းက လူဖြူတွေနဲ့ လူမည်းတွေကြားမှာ


လေးလေးနက်နက်သွယ်တန်းထားတဲ့ လူထုအခွင့်အရေးတိုက်ပွဲတခု ကို စတင်အုတ်မြစ်ချလိုက်ကြပြီလေ။ Freedom Rider
တွေရာချီအဖမ်းခံရပေမဲ့ နောက်ထပ် ရာပေါင်းများစွာ လာရောက်ပူးပေါင်းကြပြန်တယ်။

သောတရှင်များခင်ဗျား

၁၉၆၁ နိုဝင်ဘာလမှာတော့ ဘတ်စ်ကားမှတ်တိုင်၊ စားသောက်ဆိုင်၊ နားနေခန်းများအပါအဝင် နေရာအနှံ့အပြားမှာ ချိတ်ဆွဲထားတဲ့


အသားအရောင်ခွဲခြားမှုဆိုင်းဘုတ်တွေဖြုတ်ချခဲ့ရပါတော့တယ်။ Freedom Rider တွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်စွာခရီးသွားလာခွင့်၊
အာဖရိကန်လူမည်းတွေလည်း ဘတ်စ်ကားထိုင်ခုံတွေမှာ ထိုင်နိုင်ခွင့်ကိုရရှိခပ
ဲ့ါတယ်။
“ကျနော်တို့ က ခေါင်းဆောင်တွေပေါ်လာလိမ့်မယ် လို့ထိုင်ပြီးမျှော်လင့်မနေသလို၊ တရားရုံးမှာ ဘာတွေဖြစ်ခ့တ
ဲ ယ်
ဆိုတာကိုစောင့်ကြည့်မနေပါဘူး။ လွတ်မြောက်မှုကို အခုချက်ခြင်းလိုချင်နေတဲ့သူတွေလေ။ “ နောက်မှ ယူချင်တယ်” လို့
ပြောချင်တ့သ
ဲူတွေမဟုတ်ဘူး။ ကျနော်တို့အတွက်တော့ ကြောက်ရံွ့ မှုတွေဆိုတာကို ဖြတ်ကျော်ခြဲ့ ပီးပြီ။ သေအံ့ဆဲဆဲအချိန်တွေကို
ရင်ဆိုင်ကြုံတွေ့နေရရင်တောင်မှ ကျနော်တို့ရဲ့အလုပ်တွေကို ရပ်တန့်ဖြစ်လို့မဖြစ်နိုင်ဘူး” တဲ့

လွန်ခ့တ
ဲ့ဲ နှစ် (၅၀) က လွတ်လပ်ခြင်းကို စီးနင်းလိုက်ပါခဲ့သူတွေရဲ့ပုံရိပ်တွေကို ဂုဏ်ပြုရင်း

သောတရှင်တို့လည်း မေလထဲမှာ ခပ်ရဲရဲ ခရီးဆက်နိုင်ကြပါစေ။

အောင်မိုးဝင်း

You might also like