23rd 8888 Democratic Forces Statement (NYC)

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 2

( ၂၃ ) နှစ်မြောက်ရှစ်လေးလုံးနေ့အထိမ်းအမှတ် နယူးယောက်ဒီမိုကရေစီအင်အားစုများ၏ထုတ်ပြန်ကြေငြာချက်

သြဂုတ်လ ( ၆ )ရက်၊၂၀၁၁ခုနှစ်၊ နယူးယောက်မြို့၊ အမေရိကန်နိုင်ငံ

(၁) ၂၀၁၁ခုနှစ်သြဂုတ်လ ( ၈ ) ရက်နေ့သည်ခေတ်သစ်ဒီမိုကရေစီလှုပ်ရှားမှု မြန်မာ့သမိုင်းတွင် မှတ်တမ်း တင်စံထားလောက်သည့် မေ့ဖျောက်မရနိုင်သော လူထုလှုပ်ရှားမှုကြီး၏ နေ့ထူးနေ့မြတ်တနေ့ဖြစ်သလို ၊ စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု၏မတရားဖိနှိပ်ရက်စက်မှုကို မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်အုံကြွ တွန်းလှန်ခဲ့ကြပြီး ၊ မည်မျှပင်ရက်စက်ကြမ်းကြုတ်အင်အားကြီးသော အုပ်စိုးမှုမျိုးကိုမဆို ပြည်သူ့အင်အားဖြင့် တွန်းလှန်ဖယ်ရှား၍ ရကြောင်းသက်သေပြခဲ့သည့်နေ့တနေ့လည်းဖြစ်ပေသည် ။ (၂ ) ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးသည် ဦးနေ၀င်း ၊ ဦးစိန်လွင်နှင့်ဒေါက်တာမောင်မောင် စစ်အစိုးရများကို ဆက်တိုက်ဖြုတ်ချခဲ့သည် ။ သို့သော်ပြည်သူအပေါ်သစ္စာမဲ့ပြီး ၊ အောက်တန်းကျလှသောစစ်တပ်သည် ပြည်သူလူထုကို ရက်ရက်စက်စက်သတ်ဖြတ်ကာ အကြမ်းဖတ်အာဏာသိမ်းခဲ့သလို ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးပြီး၊လူထုကိုအယုံသွင်းကာရှစ်လေးလုံးလူထုလှုပ်ရှားမှုကိုအရှိန်လျှော့ဖို့ကြိုးစား ခဲ့လေသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်သည် ရှစ်လေးလုံးလူထုလှုပ်ရှားမှု၏ အကျိုးဆက်အောင်မြင်မှု ဖြစ်ခဲ့သော်လည်း၊န၀တစစ်အုပ်စုက ၁/၉၀ အမိန့်ထုတ်ပြန်ကာရွေးကောက်ပွဲရလဒ်ကိုချေဖျက်ခဲ့ပြီး၊၁၉၉၃ ခုနှစ်တွင် အတုအယောင်အမျိုးသားညီလာခံသို့ဆွဲခေါ်ခဲ့ပြန်သည်။ တိုင်းရင်းသားအင်အားစုများနှင့် အတုအယောက်အပစ်အခတ်ရပ်စဲရေးများပြုလုပ်ကာ (၁၅)နှစ်တိုင်တိုင် ရုပ်သေးအမျိုးသားစစ်တပ်ညီလာခံ ကိုအချိန်ဆွဲကျင်းပကာ နအဖစစ်အုပ်စုကကောက်ကျစ်ယုတ်မာမှုနည်းလမ်းပေါင်းစုံဖြင့် ၂၀၀၈ခုနှစ်လက်သစ် စစ်အုပ်ချုပ်ရေးဖွဲ့စည်းပုံဥပဒေကိုတရားလက်မဲ့ပြဌာန်းခဲ့လေသည်။ ထိုတရားမဲ့ ဖွဲ့စည်းပုံကိုအခြေခံကာ ဦးသိန်းစိန်လက်သစ်အစိုးရတက်လာကာအပြောတမျိုးအလုပ်တမျိုးဖြင့် စစ်အာဏာစနစ်အကျင့်ဆိုးအတိုင်း ဆက်လက်ကြီးစိုးပြီး၊ပြည်တွင်းစစ်များကို သဲကြီးမဲကြီးပြန်လည်ဆင်နွဲနေပြန်လေသည်။ တဖက်တွင်လည်း ရှစ်လေးလုံးလူထုအင်အားစုမှ ဒီမိုကရေစီပန်းတိုင်ကို မရောက်ရောက်အောင်အတိုက်အခံပြုကြိုးစားခဲ့ကြ သဖြင့်ကျောင်းသားလှုပ်ရှားမှုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားအင်အားစုများ၊ ပြည်သူလွတ်တော် ကိုယ်စားပြုကော်မတီတို့၏လှုပ်ရှားမှုများ၊ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများလှုပ်ရှားမှု၊ကုန်ဈေးနှုန်း ကျဆင်းရေးလူထုလှုပ်ရှားမှု၊ သံဃာ့လှုပ်ရှားမှုများကိုဖော်ဆောင်နိုင်ခဲ့ကြပြီး၊ကမ္ဘာ့အလယ်တွင်တရားဝင် မှန်ကန်သောလူထုရုန်ကန်လှုပ်ရှားမှုများအဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရပြီး၊လက်နက်အားကိုးလူမိုက်စစ်အုပ်စု နှင့် အဖိနှိပ်ခံပြည်သူလူထုအကြားဆက်လက်အားပြိုင်နေဆဲဖြစ်လေသည်။

(၃) ၁၉၆၂ ခုနှစ်ဦးနေ၀င်းလက်ထက်မှစ၍ စစ်အာဏာရှင်စနစ်စစ်အစိုးရအဆက်ဆက်၏သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ကြည့်ပါကစစ်အာဏာရှင်အစိုးရများနှင့်စစ်တပ်သည်ပြည်သူလူထုအပေါ်လိမ်ညာကောက် ကျစ်ခြင်း၊ရက်စက်သတ်ဖြတ်ခြင်း၊ခွဲခြားဆက်ဆံခြင်းတို့ဖြင့်မြန်မာ့လူမှုအသိုင်းအ၀ိုင်းတခုလုံးကိုဘက်ပေါင်းစုံ ပျက်စီးယို့ယွင်းခေါင်းမဖော်နိုင်ရေးကိုသာတစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပြီး၊အခွင့်ထူးခံစစ်တပ်လူတန်းစားကို တည်ဆောက်လာခဲ့လေသည်။ (၄) သို့ဖြစ်ပါ၍ဤရှစ်လေးလုံးနေ့အထိမ်းအမှတ်နေ့မှစတင်၍ ဤဆိုးရွားယုတ်မာလှသော လက်သစ် စစ်အုပ်စု သိန်းစိန်အစိုးရကို ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် ပြတ်ပြတ်သားသား တောင်းဆိုတိုက်ပွဲဝင်ရန်ပြည်တွင်း၊ နယ်စပ်၊နိုင်ငံတကာရှိအင်အားစုများအားလုံးနှင့် လူတန်းစားပေါင်းစုံမှ ညီညွတ်စွာဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါရန် လေးနက်စွာတိုက်တွန်းအပ်ပါသည် ။ * ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င်နိုင်ငံရေးအကျဉ်းသား များအားလုံး ပြန်လည်လွတ်မြောက်ရေး ။ * တိုင်းရင်းသားများနှင့်ဖြစ်ပွါးနေသောပြည်တွင်းစစ်ကို ရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရေး ။ * ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးမှုမှသည် တမျိုးသားလုံးပြန်လည်ညီညွတ်ရေးကို အကောင်အထည်ဖော်ဆောင်ရေး ။

" န ယူးေ ယာ က် ကွ န် မြူ နီ တီ အ င် အား စု "

You might also like