Download as pdf or txt
Download as pdf or txt
You are on page 1of 7

သင်္ကြန်မတက်ခင် အမီ အောင်ဆန်းစုကြည် အိမ်ရှေ့ဆီသွားခဲ့တယ်…။ ဘူမိဗေဒပညာရှင်များက လူနဲ့ကမ္ဘာ မူလအစကို ကျောက်တုံးတွေထုပြီးရှာတယ်။ မာယာအိန်ဂျလိုက အာဖရိကန်များရဲ့မူလအစကို ကျောက်တုံးတွေအကြောင်း ကဗျာရွတ်ပြီးရှာတယ်။ ငါလည်း ငါနဲ့ ငါရဲ့

မူလအစကို ရှာဖို့ ရိုစာပက်(စ်)လက်ကိုဆွဲပြီး ဂရေးဟောင်း ဘတ်(စ်)ကားစီး ခရီးထွက်ခဲ့တယ်။

အောင်ဆန်းစုကြည်ကပြောတယ် ကြာရင်ကြာမယ်၊ မြန်ရင်မြန်မယ် အကြောင်းမဟုတ်ဘူး၊ လမ်းအားလုံးပြီးဆုံးအောင် လျှောက်ဖို့လိုတယ်။

အမှိုက်တွေ၊ အစုတ်ပလုတ်တွေ၊ အဟောင်းတွေ၊ စွန့်ပစ်ပစ္စည်းတွေ မြို့တော်ရဲ့လမ်းများပေါ်မှာ လေတိုက်ရင်လေထဲမှာလွင့် လူအရပ်လောက်မြင့်တယ်။ အလကားဝေတဲ့ သတင်းစာစက္ကူအပိုင်းအစတွေပါတယ် ရေသန့်ဘူးခွံတွေပါတယ် ဟန်ဘာကာထည့်တဲ့ စက္ကူအိတ်များနဲ့ ကုတ်ဘူးခွံတွေပါတယ်၊ တံဆိပ်မျိုးစုံတဲ့ စီးကရက်ဘူးခွံများနဲ့

ကွန်ဒုံးအကြွင်းအကျန်များလည်းပါတယ်။ လောဘတွေပါတယ် ဒေါသတွေပါတယ် မောဟတွေပါတယ် အတ္တတွေပါတယ် အိပ်မက်တွေပါတယ် မျှော်လင့်ချက်တွေပါတယ် အရှုံးတွေပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ခုတ်သိမ်းပြီး စပါးခင်းများက ကောက်ရိုးချောင်းများလို ထိုးထိုးထောင်တဲ့ လူအုပ်ကြီးက တချို့ ဝေါလ်စတွီကို အသောနှင်တယ် တချို့ လစ်ဘာတီရုပ်ထုဆီ အလည်သွားတယ် တချို့ စန်ထရယ်(လ်)ပက်မှာ အပန်းဖြေဖို့ အားလုံးက အားလုံးကို ဂရုမစိုက်ဘူး။

ငါ့ဆီမှာလည်း မြန်မာ့လူ့အဖွဲ့စည်းအတွက် ပြောင်းလဲရမဲ့ အချက်အလက်တွေပါတယ် လူကြီးတွေကို မကျေနပ်တဲ့စိတ်တွေပါတယ်

နေရာယူထားတဲ့သူများကို အမြင်ကတ်တဲ့ စိတ်ဓာတ်တွေပါတယ် အဖေနဲ့အတွေးအခေါ်တိုက်ပ၀င်ချင်တယ်ွဲ အဖေ့ကိုဆရာလုပ်ချင်တယ်။

အမေ့ကိုတွေ့ချင်စိတ်တွေပါတယ် အမေ့ကို ဒူးထောက်ရှိခိုးချင်တယ်။

တစ်ခါတစ်လေ ခွာရာခြင်းထပ်ဖို့ ကြိတ်ပြီးကြံစည်တယ် အစဉ်အလာများနဲ့ မြင့်လိုက်တဲ့ ငါ့ဘေးနှစ်ဖက်က တိုက်ရှည်ရှည်ကြီးများက သာမိုစဖီးယားတိမ်လွှာထိအောင်ထိုးဖောက် ဂုဏ်မောက် မာန်ထောင်နေလိုက်တာ ငါ…ခပ်ကုတ်ကုတ်နေလိုက်ရတယ်။

မကျေနပ်ဘူး စောင့်ကန်ထုတ်ပစ်လိုက်တယ် ဧပြီလရဲ့ ပျော်ရွှင်စရာများကို ဒီအချိန် လွမ်းနေကြမဲ့ စိတ်ဓာတ်များပေါ်မှာ ပိတောက်ပွင့်တွေ ကြွေလိုက်ကြစမ်း ၀ါဝါ၀င်းပြီး ၀င်းဝင်းဝါနေအောင်။ ။

မိးမြင်အောင်ု့ 
ဧပြီလ ၁၀ရက် ၂၀၀၉

You might also like