Download as pdf or txt
Download as pdf or txt
You are on page 1of 2

ဗျဿနတရားလွတ်ချင်သလား ယနေ့ကစပြီး တော့ ဆုံး ရှုံးမှု့တွေနြဲ့ ကုံတိုင်း ကြုံတိုင်း မိမိတ့ရိဲု့သန္တာန်မှာ ဘယ်လိုအေးချမ်းအောင်ကြိုးစားကြ မယ်ဆိုတဲ့ အားလုံးသောသူတော်စင်များအတွက် ဟောကြားပေးမှာ ဗျဿနတရားလွတ်ချင်သလား တရား

တော်။ အားလုံးသောသူတော်စင်တွေ မိမိတ့ရို တဲ့ဘ၀ တွေ့ကြ ကြုံကြ ဆုံကြတဲ့အနေအထားမှာ ပျက်စီး တတ် တဲ့အရာတွေကတော့ တားဆီးလို့မရအောင်ကို ပျက်စီး မဲ့သဘောကတော့မရှိဘူးလား…ရှိပါတယ်။ မိမိတို့လည်း ပျက်စီး မှာပဲ။ကိုယ်နဲ့ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းပျက်စီးမှာပဲ။ အဲ့ဒီပျက်စီးတိုင်း ပျက်စီးတိုင်း ပျက်စီး မှု့နဲ့ ကြုံလို့ ကျန်ခဲ့တဲ့ပုဂ္ဂိုလ်ထဲမှာ ရင်ထဲမှာမအေးချမ်း ပူလောင်မှု့ တွေနဲ့ ဒုက္ခဆင်းရဲခံပြီးတော့ မျက်ရည်မသိမ်းနိုင် လောက်အောင်ကို ကြုံဆုံရတာ ဟောဒီသတ္တ၀ါတိုင်းနီးပါပဲနော်။ အခုလိုပူလောင်မှု့ တွေနဲ့ ရင်ထဲမှာခိုအောင်း ပြီး တော့နေရတာက ကိုယ့်အတွက်လည်းပင်ပန်းတယ် ဆင်းလဲ ဆင်းရဲသလို ကျန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ကိုယ်နဲ့ဆက် နွယ်တဲ့ ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေလည်း စိတ်မချမ်း သာကြ ကိုယ့်ကိုစွန့ခ်ွာဆုံးရှုံး ပျက်စီးသွားတဲ့ ပုဂ္ဂိုလ်တွေက လည်း ကိုယ့်ကိုဘာမှမသိတော့ဘူး။ ဒါပေမယ့်ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ မျက်ရည်မဆည်နိုင်လောက်အောင် ကိုပူဆွေး သောကတွေနဲ့ ရင်ထဲမှာလောက်မြိုက်ပြီးအနှိပ်စက်ခံရတာဟာ ဩော် တကယ့်ကိုမြင်ရတာလည်းကြေ ကွဲစရာ စိတ်ဆင်း ရဲစရာတွေကောင်းသလောက် အလွန်လည်းသနားစရာကောင်းတယ်ဆိုတဲ့တစ်ချက်ကိုလည်း မမေ့ပါနဲ့။ ဘာ့ကြောင့်သနားစရာကောင်းသလဲ ပူဆွေးနေတဲ့ဟောဒီမှာ ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တိုင်းဟာ ကိုယ်ကိုတိုင် ပြန်ကြည့် ရင်ထဲမှာအရင်အလောင်ခံရတယ်။ အစားအသောက်ပျက်လောက်အောင်လည်း ရင်ထဲမှာယူကြုံးမရ ကြေကွဲရတယ်။ ကျန်းမာရေးထိခိုက်အောင်လည်း နစ်မွန်း ရတဲ့အနေအထား မရှိဘူးလား…ရှိပါတယ်။ ဩော် ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တွေမှာ တကယ်ကိုပဲဆင်းရဲေ သာကတွေ ဖြစ်ကြတာပဲ။ ပူလောင်မှု့ တွေဖြစ်ကြတာပဲ။ ပျက်စီး တယ်ဆိုတော့ ခိုင်ခန့်လိ့လုား ပျက်စီး တတ်လ့လိုား..ပျက်စီးတတ်လ့ပိုါ။ မပျက်စီးပါနဲ့လို့ တောင်းပန်လ့ကိုမရဘူး အဲ့ဒါကိုဗျဿနာတရားထဲမှာ ညာတိဗျဿနလို့ မဟောဘူးလား..ဟောပါတယ်။ ဆွေမျိုးများပျက်စီးခြင်းပေါ့။ အ ခုလို ညာတိဗျဿနနဲ့ကြုံဆုံလာတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေ ရှေးရှေး တုန်းကလည်း ပဲ သူတ့ကိုမဆုံး ရှုံးခင် တုန်းက သူတ့ကိုဆုံး ရှုံးခွဲခွာသွားတဲ့ ပုဂ္ဂိုလ်တွေကြောင့် သူတ့လို ည်းပဲ အဲ့ဒီဘေးကြုံမှာပါပဲ။ အခုလည်း ကျန်ရစ် ခဲ့တဲ့ အဲ့ဒီညာတိဗျဿနာ ကြုံရတယ်။ ကဲ ကြုံတိုင်း ကြုံတိုင်းမှာ ယူကြုံး မရ မိမိတ့ရိဲု့သန္တာန်ဖြစ်ပေါ်နေတာက တော့ ကြောက်စရာကောင်းလောက်အောင်ကို ကိန်းနေပါပြီ။ သောကတွေဖြစ် ရင်ထဲမှာလောင်မြိုက် အခုပျက် စီးသွားတဲ့ပုဂ္ဂိုလ်များကို ကြည့်လိုက်ပါ။ သူတို့တစ်တွေလည်းပဲ ခန္ဓာရတဲ့အတွက်ကြောင့်မ့လို့ ပျက်စီးတတ်တဲ့ ခ န္ဓာကြီး ပိုင်ထားတဲ့အတွက် တားမရ ဆီးမရပျက်စီးသွားပြီနော်။ ဒို့တွေလည်းပဲ ဟောဒီခန္ဓာရထားတဲ့အတွက် ပျက်ကိုပျက်စီးမှာ။ ဒါဖြင့်ဒီခန္ဓာကြီးရှိတုန်းကလည်း ပဲ မိမိတ့အို တွက်ကို အပါယ်လေးပါးလွတ်အောင်လည်း ပဲ သူ ကမပြပါဘူး။ ဟောဒီခန္ဓာကြီးပျက်စီး သွားလိ့လု ည်း အပါယ်မကျပါဘူး။ မှတ်ထားနော်။ ယနေ့သူတော်စင်များ ပျက်စီးသွားတဲ့ ကိုယ့်ဆွေမျိုး သားချင်း ကိုယ့်မိသားစုအပေါ်မှာ စွဲမက်တွယ်တာတဲ့ ခွဲမရတဲ့ တဏှာ မရှိဘူး လား. ရှိပါတယ်။ အဲ့ဒီစွဲမက်မှု့ တဏှာတွေ ခွဲခွာလိ့မု ရလောက်အောင်ကို ကိုယ့်ကိုချည်နှောင်ထားတဲ့ ဒီကိလေသာ အဲ့ဒီကိလေသာက အပါယ်ချလိမ့်မယ်။ ဘယ်သူကအပါယ်ချမှာတုန်း..ကိလေသာ။ ဒါဖြင့်ရင် ညာတိဗျဿန ဘေးနဲ့မကြုံရပါလို၏လို့ ဆုတောင်းနေတဲ့ပုဂ္ဂိုလ်တွေ ဆုတောင်းပြည့်လား… မပြည့်ပါဘူး ။ အဲ့ဒီမပြည့်တဲ့ကြားထဲ မှာ ကိုယ့်ကိုဘယ်ကိုဆွဲချအုံးမလဲမေးရင် …အပါယ်ဆွဲချအုံး မှာ။ ဒါဆို ဆွေမျိုးညာတကာသားသမီးက ဆွဲချမှာ လား ကိလေသာက ဆွဲချမှာလား..ကိလေသာနော်။ ဒီလိုဆိုရင် ဒို့တွေအားလုံးက ဥာဏ်ခွဲခွဲနိုင်အောင်ကြိုးစားရ မယ်။ ဘယ်လိုကြိုးစားရမယ်.. ဥာဏ်ခွဲခွဲနိုင်အောင်။ ဥာဏ်ခွဲခွဲနိုင်အောင်ကြိုးစားရမယ်ဆိုတော့ ရရှိထားတဲ့ ခန္ဓာ သည် ဆုံးရှုံးပျက်စီးသွားတဲ့ပုဂ္ဂိုလ်လည်းခန္ဓာ ကျန်ရစ်တဲ့ပုဂ္ဂိုလ်လည်း ခန္ဓာ။ အားလုံး သောမိသားစုတွေ တစ်ဦးနဲ့

တစ်ဦး ပိုင်ဆိုင်ထားတာ ဘာပိုင်ဆိုင်ထား..ခန္ဓာ။ အဲ့ဒီခန္ဓာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဥာဏ်နဲ့ကြည့်ပြီး တော့ ပူလောင်မှု့ တွေမဖြစ်ရအောင် အငှားပစ္စည်းလိ့ေု ဟာလိုက်တယ်။ ဘာပစ္စည်းတုန်း ဟေ့..အငှားပစ္စည်း ။ အ ငှားပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မ့လို့ ကိုယ်မပိုင်ဘူးနော်။ ကိုယ်မပိုင်တဲ့အရာကို ကိုယ်ပိုင်လုပ်ထားရင် ပင်ပန်း ပါတယ်။ ပူလောင်တယ် ဆင်းရဲတယ် ဒုက္ခတွေမကြီး ဘူးလားဟေ့။ ကိုယ်မပိုင်တာကို မပိုင်တဲ့အတိုင်းထားလိုက် ရင်ငြိမ်းချမ်းသွားပြီ။ အဲ့ဒါကိုသူတော်စင်များက ကိုယ်ပိုင်ဆိုပြီး ဆုပ်ကိုင်ထားလိုက်တဲ့အတွက်ကြောင့်မ့လို့ ယ နေ့ပူလောင်နေတယ်နော်။ ငြိမ်း အေးမှု့မရဘူး မျက်ရည်ပေါက်ပေါက်ကျလောက်အောင်ကို တွေးမိတိုင်း တွေး မိ တိုင်းက မျက်လုံးနှစ်ဘက်က မျက်ရည်လေးတွေ တွဲကျနေတာက သက်သေခံနေပါတယ်။ ပူလောင်နေပြီ ပူဆွေး နေပြီ ယူကြုံး မရဖြစ်နေပြီ အဲ့ဒီလိုမျိုးဟေ့ ကိလေသာက အပူတွေလောင်လိုက်လို့ မျက်ရည်အဖြစ်ပြောင်း လဲသွားတာသည်ပင် ဘယ်လောက်သနားစရာကောင်းလဲမေးတော့ အဲ့ဒီပုဂ္ဂိုလ်အပါယ်လေးပါးကို ဇွတ်သွားနေ တဲ့အတွက်ကြောင့်မို့လို့ တကယ့်ကိုပဲ ကြောက်စရာ လန့်စရာအဖြစ်ကြီးသူမမြင်ရှာဘူးဆြို ပီးတော့ သူတော် ကောင်းတွေက သနားတယ်နော်။ ပြန်ကြည့်လိုက်တဲ့အခါကျတော့ ကိုယ်ရတဲ့ခန္ဓာကိုယ်ကြီးကရော တည်တံ့မှာ လား ပျက်စီး မှာလား..ပျက်စီး မှာပါ။ ခန္ဓာရတဲ့ပုဂ္ဂိုလ်တိုင်း ဇာတိကစပြီး တော့ ဇရာ မရဏလက်တွင်း တဖြည်း ဖြည်းနဲ့ မသက်ဆင်းဘူး လား။ အားလုံးသော ၃၁ဘုံသားတွေ ခန္ဓာရတယ်နော်။ အဲ့ဒီရတဲ့ခန္ဓာတိုင်းကို ဟောဒီ မ ရဏသေမင်း လက်တွင်း ကနေ ခဏငှားထားတာ။ မရဏသေမင်းသူသတ်သမားထံကနေ ခဏငှားထားတာ။ ဒါ ဖြင့်ရင် ဒု့ရိ ထားတဲ့ ခန္ဓာကိုယ်ကြီးက မရဏပိုင်တဲ့ပစ္စည်းပဲ။ ကိုယ်ပိုင်တာပါလား။ မရဏပိုင်တဲ့ပစ္စည်းမိ့လို့ မရဏ ကတစ်နေ့ ပြန်သိမ်းသွားမှာပဲ။ သူ့ပိုင်ရှငကို ပြန်မအပ်ရဘူးလား..အပ်ရလား..အပ်ရတယ်။ သက်တမ်း ကငှား ထားတဲ့ သက်တမ်းလေးကုန်ရင် ပြန်အပ်ရမယ်လေ။ အခုလည်းပဲ သေမင်းလက်ကငှားထားတဲ့ ဒီခန္ဓာဟာ သေ မင်း က အချိန်တန်ပြီ ပြန်အပ်တော့ဆိုရင် သေချာပေါက် ပြန်အပ်ရမှာ။ ဘယ်သူကလိုက်ပြီး တောင်း ပန်လ့ရို လဲ. မရပါဘူး ။ ပြန်အပ်ချိန်တန်ရင် အပ်ရမှာပဲနော်။ မိမိတ့ကို အချိန်မတန်သေးလို့ မအပ်ရသေးတာပါ။ ငှားတဲ့ပစ္စည်း လေးက သက်တမ်းရှည်နေသေးတယ်ပေါ့နော်။ သူ့ဆီကငှားတဲ့ပစ္စည်း အချိန်တန်ရင်ပြန်အပ်ရတာ ဘယ်သူမှ ရှောင်လွှဲလ့မို ရဘူးလို့ အသိတစ်ချက်ကိန်းလိုက် ကိလေသာအပူမီး ငြိမ်းတယ်ဟေ့။ ဒါကြောင့်မ့လို့ ဘာခွဲ ခွဲရမယ်..ဥာဏ်ခွဲ ခွဲရမယ်။ ၁။ညာတိဗျဿန=ဆွေမျိုးများပျက်စီးခြင်း ၂။ဘောဂဗျဿန=စီးပွားပျက်စီးခြင်း ၃။ရောဂါဗျဿန=ရောဂါပျက်စီးခြင်း ၄။သီလဗျဿန=သီလပျက်စီး ခြင်း ၅။ဒိဌိဗျဿန=အယူပျက်စီး ခြင်း ဆရာတော်အရှင်ပုညာနန္ဒ၏ ဗျဿနတရားလွတ်ချင်သလား တရားတော်မှ ထုတနှ်ုတ်တင်ပြအပ်ပါသည်။ အခုထဲက

You might also like