Download as pdf or txt
Download as pdf or txt
You are on page 1of 2

သုံးဆယ့်တစ်ဘုံကြီးကို တည်ဆောက်မှာလား ဖြတ်သိမ်းမှာလား ယနေ့မိမိတို့အားလုံး တရားစခန်းမှာ တရားဓမ္မတွေကို နာကြား ကျင့်ကြံကျိုးကုတ် အားထုတ်နေရတဲ့အတွက် ကြောင့်မ့လိို့ု ဟောဒီရောက်ရှိ ရရှိနေတဲ့ သုံးဆယ့်တစ်ဘုံကြီးထဲမှာ ဘယ်ဘုံ

ဘယ်ဘ၀ ကိုပဲရောက်ရောက် ဒုက္ခ သစ္စာသက်သက်နဲ့ သာလျှင် လည်ပတ်နေရတဲ့ အဖြစ်ဆိုးလှတဲ့ အကျည်း တန်ဘ၀ကြီးကို ကောင်းစွာသိတဲ့ အ တွက် ဆက်ဆောက်ရမှာလား တွေအပေါ်မှာ ဖြတ်သိမ်းရမှာလားဆိုရင်ဖြင့် အကြောင်းအကျိုးတွေကို …..ဖြတ်သိမ်း ရမှာပါ။ ပဋိစ္စသမုပ္ပဒ် ရဲ့သဘောတရား ဥာဏ်ရှင်း ပြီးတော့ သုံးဆယ့်တစ်ဘုံကြီးကို

တည်ဆောက်ခဲ့တဲ့အရာတွေဟာ ဘယ်တရားတွေလဲ အဲ့ဒီတည်ဆောက်တဲ့တရားတွေကို ကောင်းစွာသိပြီဆိုရင် ဒီတရားတွေကို မိမိတ့ကို မဖြစ်အောင် စောင့်ရှောက်လိုက်ခြင်းအားဖြင့် သုံး ဆယ့်တစ်ဘုံကြီးဟာ ကိုယ့်အတွက် ဟုတ်အုံးမလား မေးရင် ……..မဟုတ်တော့ပါဘူး ။ မဟုတ်တော့ရင် သံသရာက လွတ်မြောက်တဲ့အတွက် နိဗ္ဗာန် ဆိုတာကိုရော မျက်မှောက်မပြုနိုင်ဘူးလား……မျက်မှောက်ပြုနိုင်ပါတယ်။ မိမိတ့အိုားလုံး နိဗ္ဗာန်ကိုအလိုရှိလို့ ဘုရားသာသနာနဲ့ဆုံခိုက်မှာ တရားကောင်းတွေနာရတဲ့အတွက် လွတ်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချတဲ့ အတိုင်းကို လွတ်လမ်း ကျွတ်လမ်းတွေ ရပါစေဆိုတဲ့ စေတနာရှေ့ ထားပြီးတော့ ပဋိစ္စသမုပ္ပဒ်ကြီးရဲ့ လည်ပုံ ၊ ပတ်ပုံ ၊ ဖြစ်လာပုံ အဲ့ဒါတွေရဲ့ ပျက်သိမ်းသွားပုံတွေကိုလည်း ဥာဏ်ရှင်းပြီးတော့ နာကြားလိုက်ရတဲ့ အပေါ်မှာ အသိအမြင်လေး ကိန်းအောင် ကိုယ့်ရဲ့ သန္တာန်လေးမှာ တည်သွားအောင် ကြိုးစားကြပါ။တစ်နေ့တစ်နေ့ လုပ်နေရတဲ့ အလုပ်တွေမှာ ဘာတွေလုပ်နေရလဲဆတိုာကိုလည်း ကွက်ကွက်ကွင်း ကွင်း နဲ့မြင်နိုင်ဖို့ ရရှိထားတဲ့ ဘ၀တွေကို ကြည့်လိုက်တဲ့ အခါမှာ သုံးဆယ့်တစ်ဘုံကြီးဟာ ဟောဒီပစ္စုပ္ပန်မှာ မရှိဘူး လား.……ရှိပါတယ်။အ ပါယ်လေးဘုံး ၊လူ့ဘုံ၊နတ်ဘုံ၊ ဗြဟ္မာဘုံ ။အားလုံးသော သုံးဆယ်တစ်ဘုံကြီး ဖြစ်ပေါ်လာတာကို ပြန်ပြီးကြည့် လိုက်ရင် အတိတ်မှာ သင်္ခါရတရားတွေကို အ၀ိဇ္ဇာအုပ်ချုပ်ပြီး လုပ်ခဲ့တယ်။ဒါဖြင့် အစတရားဟာ ၊အရင်း အမြစ်တရား ဟာ ၊ မူလတရား သည် အ၀ိဇ္ဖာ။ အ၀ိဇ္ဇာအုပ်ချုပ်ပြီး သင်္ခါရတရားတွေ လုပ်ခဲ့တဲ့အတွက် ဟောဒီ ပစ္စုပ္ပန်မှာ သူန့ထဲိုက်တန်တဲ့ အပါယ်လေးဘုံ လည်းရောက်နေကြတယ်၊ လူ့ဘုံလည်း လာဖြစ်ကြတယ်၊ နတ်ပြည်ခြောက်ထပ်မှာလည်း သွားဖြစ်နေကြတယ်၊ ဗြဟ္မာပြည် ၂၀ မှာလည်း နေရာယူထားကြတယ်။

သုံးဆယ့်တစ်ဘုံမှာတော့ သူ့နေရာနဲ့သူ ရောက်ေ နကြပြီ။ အဲ့ဒီရောက်နေကြတဲ့ အရာတွေကို ဘုရားရှင်က တစ်ခုတည်းပဲ ဟောလိုက်ပါတယ် …တစ်ခြားလား ခန္ဓာငါးပါးလား … ခန္ဓာငါး ပါး ပါ။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာပါ။ သုံး ဆယ့်တစ်ဘုံထဲမှာ ရောက်ရာဌာန ရောက်ရာဘ၀တွေမှာ ဘယ်ဘုံ ဘယ်ဘ၀ကိုပဲရောက် ရောက် ခန္ဓာငါးပါးရတော့ ဒုက္ခသစ္စာဆိုတဲ့အတွက် ဆင်းရဲခြင်း အမှန်တရား နဲ့ နေခဲ့ရတာသည် အတိတ်က ဘယ်သူအုပ်ချုပ်ပြီး လုပ်ခဲ့ပါလိမ့်လို့ ပြန်ကြည့်လိုက်တော့ အ၀ိဇ္ဇာပါ။ အတိတ်တုန်းက အ၀ိဇ္ဇာအုပ်ချုပ်ပြီး လုပ်ခဲ့လို့ ယခု ပစ္စုပ္ပန်မှာ သူသူ ငါငါ အားလုံး ဒုက္ခရောက်နေကြရတာပေါ့။ ဒုက္ခရောက်နေရတဲ့ အဖြစ်သည် အတိတ်က အ၀ိဇ္ဇာ ဆိုတာကိုတော့ ပေါ်သွားပြီ။ အတိတ်နဲ့ ပစ္စုပ္ပန်ရဲ့ အကြောင်းအကျိုးလေးပေါ်မှာ ဒုက္ခဒုက္ခနဲ့ နေရပြီးတော့ ခံနေရတဲ့ဆင်း ရဲသည် ဘယ်သ့ရူ့ဲ လက်သည်လည်းလိ့ေု မးရင် …..အ၀ိဇ္ဇာ။ ဒါ အတိတ်နဲ့ ပစ္စုပ္ပန် လည်ပုံလေးပေါ့။ ဟောဒီပစ္စုပ္ပန်မှာ ရထားတဲ့ သူသူငါငါအားလုံး ရဲ့ ဒုက္ခကြီးကို မမြင်အောင်သူက ဆက်ဖုံးထား တဲ့အတွက်ကြောင့်မို့လို့ ဘ၀မှာ သာယာစရာ ပြုံးပျော်ရတဲ့ ပျော်ရွှင်မှု့ အတိုင်းအတာ ပတ်ဝန်း ကျင်မှာ နေရထိုင် ရတာ ဇိမ်ကျပြီဆိုရင် ဒုက္ခပျောက်ပြီး သုခလို့ ထင်နေကြပါတယ်။ အဲ့ဒီလိုထင်တဲ့အတွက်ကြောင့်မ့လိို့ု ပစ္စုပ္ပန်မှာ ထပ်ပြီး တော့ ဒီပုံ ဒီဘ၀ သဘောကျပြီး လိုချင်တဲ့ တဏှာနောက်မှာ ကံတွေကိုလုပ်ပြီးတော့ အနာဂတ်သံသရာ မှာ ပြန်ပြီး ကြည့်လိုက်တော့ ဇာတိဒုက္ခ ပြန်ပေါ်တာပေါ့။ အနာဂတ်သံသရာမှာစောင့်ကြိုနေတဲ့ ဘုံဘ၀တွေမှာ

သုံးဆယ့်တစ်ဘုံ ဘယ်ဘုံဇာတိပဲရရ ဒုက္ခတွေပါလို့ ဘုရားရှင်သာ မပွင့်ရင် သိပါ့မလား…မသိနိုင်ပါဘူး ။ အဲ့ဒီဒုက္ခတွေအားလုံး ကို လုပ်တဲ့ တရားခံကို ဟောဒီ ပစ္စပ္ပန်မှာ ဖွေရှာလိုက်တော့ ကံတွေကို ဥပါဒါန်က စွဲလမ်း ပြီးတော့ တဏှာရဲ့ အုပ်ချုပ်မှု့ အောက်မှာ ဟောဒီပစ္စုပ္ပန်မှာ လုပ်ခဲ့ပါတယ်ဆိုပြီး တဏှာ လက်သည်ရှာပေးလိုက်တယ်။ ဒုက္ခန့ေဲ နရအောင်လ့အို တိတ်က လက်သည် ဘယ်သူလဲဆိုတော့ တဏှာ……။ ပစ္စုပ္ပန်နဲ့ အနာဂါတ် ..အနာဂတ်မှာ ဒုက္ခရောက်အောင်လို့ လုပ်တဲ့ တရားခံသည်…….တဏှာ။ သုံးဆယ့်တစ်ဘုံသားတွေ ဘယ်သူလုပ်သလဲဆိုတော့ …..အ၀ိဇ္ဇာ။ အတိတ်နဲ့ပစ္စုပ္ပန်လည်တာက အ၀ိဇ္ဇာအုပ်ချုပ်ပြီး လုပ်ခဲ့လ့။ို ပစ္စုပ္ပန်နဲ့ အနာဂါတ် လည်တာက တဏှာအုပ်ချုပ်ပြီး လုပ်လ့။ို ဒါကြောင့်လည်း ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီး ၊ မနားမနေ တပြောင်း ပြောင်း တပြန်ပြန်လည်နေတဲ့ စက်ရဟတ်ကြီး ဖြစ်တာပေါ့။ အနာဂါတ်သံသရာမှာ ဒုက္ခမျိုး စုံကို အဆုံးမသတ်အောင် ပေးမှာက ပစ္စုပ္ပန်မှာ ဘယ်သူပါလိမ့်ဆိုတော့ ….တဏှာ။ ဆရာတော် အရှင်ပုညာနန္ဒ၏ သုံးဆယ့်တစ်ဘုံကြီးကို တည်ဆောက်မှာလား ဖြတ်သိမ်း မှာလား တရားတော်မှ ကောက်နှုတ် ဖော်ပြအပ်ပါသည်။

You might also like