Download as pdf or txt
Download as pdf or txt
You are on page 1of 2

ယနေ့မိမိတို့တတွေ အခုလို တရားတွေနာ၊တရားတွေ အားထုတ် ကျင့်ကြံနေကြတာကို ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ မေးခွန်းထုတ်ကြရင် ဒုက္ခတွေကို သိသိလာတဲ့အတွက်ကြောင့်မို့လို့ ဒီ ၃၁ ဘုံဆိုတဲ့ ဒုက္ခနယ်ပယ်ထဲမှာ ပျော်ချင်မှု့တွေကင်းပျောက်ပြီး လွတ်မြောက်ဖို့အရေး အတွက်

လာရောက်ကြိုးစား တရားနာတယ်၊ တရားအားထုတ်တယ်ဆိုရင် မှန်မယ်ထင်ပါတယ်။အဲ့ဒီမှန်တဲ့အလျှောက်ကိုလည်းပဲ ကိုယ်က လိုရာပန်းတိုင် နိဗ္ဗာန်ကို အလျှင်အမြန်ရောက်ချင်ပါတယ်ဆိုရင်တော့ တရားအသိတွေကို ဆက်တိုက်သိပေးနေ၊ ကိလေသာ ကြားမ၀င်ပါစေနဲ့။ ကိုယ်လာခဲ့တဲ့လမ်းလေးပြန်ကြည့်ရင် အတိတ် က မသိမှု့ အ၀ိဇ္ဇာတွေအုပ်ချုပ်ပြီးတော့ ပစ္စုပ္ပန်မှာ ရောက်ရှိလာတဲ့ သူသူငါငါ အားလုံးသည် ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရထားတဲ့ ခန္ဓာကို ဒုက္ခသစ္စာလို့ ဟောတော်မူခဲ့ပါတယ်။ ဒုက္ခသစ္စာလို့ ဟောတဲ့ ခန္ဓာငါးပါးကြီးဟာ အလိုလိုဖြစ်လာတာ မဟုတ်ပဲ အတိတ်အကြောင်းမှာ အ၀ိဇ္ဇာနဲ့ သင်္ခါရ ဆိုတဲ့ အကြောင်းတရားရော မရှိဘူးလား။ ဒုက္ခသစ္စာတွေရအောင်လို့ လုပ်ခဲ့တဲ့ အ၀ိဇ္ဇာ ၊သင်္ခါရသည်ပင် ဒုက္ခဖြစ်ကြောင်းတရားတွေ ပေါ်လွင်နေတဲ့အတွက်ကြောင့် သူ့ကိုလည်း ဒုက္ခဖြစ်ကြောင်း အမှန်တရား သမုဒယ သစ္စာလို့ ဟောခဲ့ပါတယ်။ သမုဒယလုပ်ရင် ဒုက္ခရမယ်။ ဒီဒုက္ခတွေ ရထားပါလားလို့ ဘုရားက ဘယ်လောက်ဟောဟော ဒုက္ခကိုမမြင်အောင် အ၀ိဇ္ဇာက ဖုံးထားသမျှ အချော့အမြူအောက်မှာ တဏှာဆိုတဲ့ တရားကလည်း ပေါ်ထွက်လာနိုင်သဘောလည်း ရှိတယ်။ သူ့ကို မစောင့်ရှောက်နိုင်လို့ တဏှာလာရင် ဥပါဒါန် ၊ကံ ကလည်း ထိန်းမရ တော့ဘူး။ ဒါသည်ပင် လက်ရှိပစ္စုပ္ပန် ခန္ဓာကိုသဘော ကျတဲ့အတွက် ထပ်လောင်း ထပ်လောင်းတိုးပြီး ရအောင်ကြိုးစားတော့ ဒုက္ခဖြစ်ကြောင်းအလုပ်တွေကို ပြန်လုပ်မိရင် အနာဂတ်သံသရာမှာ ဒုက္ခရအုံးမှာ သေချာပါတယ်။ အခုလိုချင်တာက သုခနော်။နိဗ္ဗာန် တည်းဟူသော သန္ဓိသုခကို အလိုရှိကြတဲ့ မည်သူမဆို ဟောဒီ ဒုက္ခတွေကို ကောင်းစွာသဘောပေါက် ပြီးတော့မှ ဒီဒုက္ခလက်က လွတ်ချင်ရင် သမုဒယကို ပယ်သတ်နိုင်ဖို့အရေး ဟောဒီ လက်ရှိရတဲ့ ခန္ဓာတွေ အပေါ်မှာ ဒုက္ခအစစ်အမှန်လေးသိအောင် ကြိုးစားဖို့ ပဲ။ လက်ရှိခန္ဓာကို ဒုက္ခလို့ မသိရင် ဟောဒီ ခင်တဲ့ တဏှာက တားမရအောင် လိုက်လာမှာ။ တဏှာသာ လိုက်လာရင်လည်းပဲ ဒုက္ခက မသိမ်းတော့ဘူး။ ဒါဖြင့် ဒုက္ခသိမ်းပြီး နိဗ္ဗာန်ကိုလိုချင်ရင် ဟောဒီ တဏှာကို ပယ်နိုင်ဖို့အတွက်က လက်ရှိ ခန္ဓာကို ဒုက္ခလို့နားလည်ရမယ်။ တဏှာကို ပယ်နိုင်ပြီး ဒုက္ခကို နားလည်ဖ့ကို လည်းပဲ ဘုရားရှင် ကံအလုပ်။ ဟောကြားပေးတဲ့ ကံအလုပ်က ၀ိပဿနာအလုပ်ကိုမှ ဒုက္ခရောက်မယ်နော်။ မလုပ်ရင် မရဘူး။ ၀ိပဿနာအလုပ်သည် ကံတွေကိုဖြတ်ပြီးတော့မှ ကံအလုပ်လား ၊ ဥာဏ်အလုပ်လားဆိုတော့ ဥာဏ်အလုပ်ဖြစ်ပါတယ်။ တနေ့တနေ့ လုပ်ေ နတာက ဥာဏ်အလုပ်က ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကို ပို့မယ်ဆိုတဲ့ ဒီအချက်ကိုလည်း ကွဲကွဲပြားပြားသိထားတဲ့ အတွက်ကြောင့်မို့လို့ သူတော်စင်များ ကိုယ်ဆိုင်ရာ ဆိုင်ရာ နီးစပ်ရာ နီးစပ်ရာတွေမှာ တရားဓမ္မတွေကို သွားရောက်ပြီးတော့ အားထုတ်ကြပါ။ ဆုတောင်း၍ပ ၊ အားထုတ်ကြ မရနိဗ္ဗာန်ပြည် ဆုမတောင်းပဲပ၊ အားထုတ်ကြ မရနိဗ္ဗာန်ပြည်

တောင်းမတောင်းပ၊အားထုတ်ကြ မရနိဗ္ဗာန်ပြည် မတောင်းမဟုတ် ၊ တောင်းမဟုတ် အားထုတ်မရ နိဗ္ဗာပြည်

ဆရာတော်

အရှင်ပုညာနန္ဒ၏

မြေပဲ၊နှမ်းနဲ့

ကျောက်ခဲ၊သလဲ

ဆိုတဲ့

တရားတော်မှထုတ်နှုတ်ဖော်ပြအပ်ပါသည်။

You might also like