Indochina Muslim 1

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 9

Myanmar Muslim Media (MMM)

ကမ္ဘာတလွှား တို့မတ
ွ်စလင်မည
်ီနောင်များကဏ္ဍ

အင်ဒိုချိုင်းနားရှိ မွတ်စလင်မ်များ …..


အပိုင်း (၁)

ကမ္ဘောဒီးယားရှိ မွတ်စလင်မ်များ - ချမ် လူမျိုးများအကြောင်း

အစ္စလာမ်ဟာ ချမ် လူမျိုးတွေအများစု လက်ခံကျင့်သုံးတဲ့


ဘာသာတစ်ခုဖြစ်ပါတယ် ဒီသူတွေကို ခမာအစ္စလာမ်တွေလို့လဲ
ခေါ်ကြပါတယ်။ ချမ်တွေအပြင် မလေးလူနည်းစုလည်း
ကမ္ဘောဒီးယားမှာ ရှိနေပါတယ်။ Po Dharma ဆိုတဲ့ စာရေးဆရာ
ရဲ့အဆိုအရ ၁၉၇၅ ခုနှစ်နှောင်းပိုင်းမှာ ကမ္ဘောဒီးယားမှာ
မွတ်စလင်မ် ၁သိန်းခွဲ ကနေ ၂ သိန်း ရှိတယ်လို့သိရပါတယ်။
ဒီအရေအတွက်ဟာ ခမာနီတွေရဲ့ ဖိနှိပ် နှိပ်စက်မှုကြောင့်
လျော့နည်းခဲ့ရပြီး ၁၉၈၀ အထိ သူတို့ရဲ့ ယခင်အရေအတွက်ကို
ပြန်မရောက်နိုင်ခဲ့ ပါဘူး။ ဒီကနေ့မှာတော့ ကမ္ဘောဒီးယားမှာရှိတဲ့
ချမ် မွတ်စလင်မ်အရေအတွက်ဟာ ၅ သိန်းခန့်ရှိမယ်လို့
ခန့်မှန်းရပါတယ် ဒါမှမဟုတ် အကြမ်းဖြင်း စုစုပေါင်း
ကမ္ဘောဒီးယားလူဦးရေရဲ့ ၃% ခန့်ရှိမယ်လို့ ခန်မ
ှ့န်းကြပါတယ်။
ဒီမွတ်စလင်မ်တွေအားလုံးလိုလိုဟာ စွန္နီမွတ်စလင်မ်တွေ
ဖြစ်ကြပြီး ရှာဖီ ကျောင်းတော်ဝါဒ ကို လက်ခံထားသူတွေဖြစ်ကြပါတယ်။ Po Dharma က
ကမ္ဘောဒီးယား မှာရှိတဲ့ မွတ်စလင်မ် ချမ် တွေကို ရိုးရာလိုက်သူများနဲ့ ရှေးရိုးစွဝ
ဲါဒီများဆိုပြီး
နှစ်ပိုင်းခွဲခြားခဲ့ပါတယ်။

နောက်ခံ အခြေအနေများ
ချမ်တွေမှာ ကိုယ်ပိုင် ဗလီ ၀တ်ကျောင်း တော်တွေ
ရှိပါတယ်။ ၁၉၆၂ ခုနှစ်မှာ တစ်နိုင်ငံလုံးမှာ ဗလီ
ဝတ်ကျောင်းတော် ၁၀၀ ခန့်ရှိခဲ့ပါတယ်။ ၁၉ ရာစု
အဆုံး မှာတော့ မုပ်သီ၊ တုတ် ကလိက်၊ရာဂျာ ကလိက်
နဲ့ ဗန်ပိတ် ဆိုတဲ့ ဘာသာရေး ဆိုင်ရာ
ဂုဏ်သရေရှိလူကြီးလူကောင်း ၄ ဦး တို့ပါဝင်တဲ့
အာဏာပိုင် အဖွဲ့ ရဲ့ အောက် ကနေ စုစည်းတဲ့

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 1 of 9
Myanmar Muslim Media (MMM)

အသိုင်းအ၀ိုင်းတစ်ခုကို ကမ္ဘောဒီးယားက မွတ်စလင်မ်တွေ ဖေါ်ဆောင်နိုင်ခဲ့ ပါတယ်။ ချမ်ရွာတွေမှာ


ဟကမ်တစ်ယောက်ရယ် ကသိဘ်တွေ ဘီလာလ်တွေနဲက လာဘီတွေ အစရှိတဲ့ အဓိကပုဂ္ဂိုလ်တွေ
ပါဝင်တဲ့ ကောင်စီတစ်ရပ် ထားရှိပါတယ်။ အဲဒီ လူကြီးလူကောင်း ၄ ဦးကို ပုဂ္ဂလိက အခွန်ကင်းလွတ်
ခွင့်ပြုထားတဲ့အပြင် သူတို့ဟာ တော်ဝင်တရားရုံးရဲ့ အဓိက နိုင်ငံတော် အခန်းအနား တွေမှာ ပါဝင်
တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရပါတယ်။ ကမ္ဘောဒီးယားလွတ်လပ်ရေးရတဲ့အခါမှာ အစ္စလာမ့်အစုအဝေး
ကို ကိုယ်စားလှယ် ၅ ဦးပါဝင်တဲ့ ကောင်စီရဲ့ ထိမ်းချုပ်မှုအောက်မှာ ထားရှိခဲ့ပြီး သူတို့ဟာ တရားဝင်
အခန်းအနားတွေနဲ့ တခြားအစ္စလာမ့် အသိုင်းအ၀ိုင်းတွေနဲ့ဆက်ဆံရေး အတွက်
ကိုယ်စားပြုဆောင်ရက
ွ်စေခဲ့ပါတယ်။ မွတ်စလင်မအ
် စုအဝေး တစ်ခုချင်းစီမှာ ဟကမ်လို့ခေါ်တဲ့
ခေါင်းဆောင်တစ်ဦး ဗလီဝတ်ကျောင်းတော် တစ်လုံး၊ ၀တ်ပြုမှုကိုရှေ့ဆောင်သူ အိမာန်တစ်ဦး နဲ့
နေ့စဉ်ဝတ်ပြုမှုအတွက် ဖိတ်ခေါ်တဲ့ သံတော်ဆင့် ဗိလာလ် တစ်ဦးတို့ ရှိပါတယ်။ ဖနွမ်းပင်အနီးမှာရှိတဲ့
ခရိုဗီ ချန်ဂ်ဗာ ကျွန်းဆွယ်ဒေသဟာ ချမ် တွေရဲ့ စိတ်ဓါတ်ရေးရာ အရ ဗဟိုဌာနကြီး တစ်ခုအဖြစ်
သတ်မှတ်ထားကြပြီး ရာထူးကြီးမားတဲ့ မွတ်စလင်မ် တွေတော်တော်များများဟာ အဲဒီဒေသမှာ
နေထိုင်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ချမ်အချို့ဟာ ကုရ်အာန်သင်ကြားဖို့အတွက် မလေးရှားမှာရှိတဲ့
ကလန်တန် ကိုသွားရောက်ကြသလို့ တစ်ချိုကလဲ စာပေလေ့လာဖို့နဲ့ ဟဂ်ျ ၀တ်ပြုဖို့အတွက် မက္ကာကို
သွားကြပါတယ်။ ၁၉၅၀ ပြည့်နှောင်းပိုင်းကာလ စာရင်းဇယားများအရ ချမ် တွေထဲက ၇ ရာခိင
ုနှုန်းဟာ
ဟဂ်ျဝတ်ပြုမှု ပြုပြီးသွားပြီး ဖြစ်သလို အဲဒီ ပြီးသွားတဲ့အထိမ်းအမှတ်အဖြစ် ဖိဇ် ဒါမမဟုတ် တာဘန်
ခေါင်းပေါင်းကို ဆောင်းထားလေ့ရှိကြပါတယ်။

ရိုးရာလိုက်မွတ်စလင်မ်များက ရှေးရိုးမွတ်စလင်မ်တွေ ဒါမှမဟုတ် မွတ်စလင်မ်မဖြစ်ခင်ကာလက ရိုးရာနဲ့


ဓလေ့ထုံးတမ်းစဉ်လာတွေကို ထိမ်းသိမ်းထားဆဲဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ကို အင်အားအားလုံးရဲ့
အရှင်အဖြစ် သူတို့ လက်ခံထားကြသလို တခြား အစ္စလာမ့်နည်းကျမဟုတ်တဲ့ ကျင့်သုံးမှုများကိုလဲ
အသိအမှတ်ပြုလက်ခံထားဆဲ ဖြစ်ကြပါတယ်။ သူတို့က ဘယ်ဘက်ကကြည့်ကြည့်
တခြားမွတ်စလင်မ်တွေထက် ဗီယက်နမ်ကမ်းရိုး တမ်းတလျောက်က ချမ်တွေနဲ့ ပိုပြီး နီးစပ်ကြပါတယ်။
ရိုးရာ ချမ်တွေထက
ဲ ဘာသာရေးဆိုင်ရာ ဂုဏ်သရေရှိလူကြီးလူကောင်းတွေနဲ့ ဗီယက်နမ်က ချမ်တွေဟာ
အဖြူရောင် အထက်အောက်ဝတ်ကြသလို ခေါင်းနဲ့ မျက်နှာပေါ်က အမွှေးအမျှင်တွေအားလုံးကို

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 2 of 9
Myanmar Muslim Media (MMM)

ရိတ်ထားကြပါတယ်။ ဒီချမ်တွေဟာ တန်ခိးု ဗျာဒိဟာတွေနဲ့ မှော်အတတ်တွေကို ယုံကြည်ကြပါတယ်။


ပြီးတော့သူတို့ဟာ နာမကျန်းမူ လေးလံထိုင်းမိုင်းမှု နဲ့ အသေဆိုးနဲ့သေဆုံးမှုတွေမဖြစ်ဖို့အတွက်
ဒီမှော်အတတ်တွေကို ကျင့်သုံးတာဟာ အလွန်အရေးကြီးတယ်ဆိုပြီး တွဲယူလက်ခံထားကြပါတယ်။
ဒီရိုးရာ ချမ်တွေအနေနဲ့ မက္ကာကိုသွားပြီး ဟဂ်ျပြုတာနဲ့ ငါးကြိမ် ၀တ်ပြုမှုတွေကို အရေးကြီးတယ်လို့
မခံယူပေမဲ့ တခြားမွတ်စလင်မ် ပွေ
ဲ တ်ာတွေနဲ့ ကျင့်သုံးမှုတွေကိုတော့ မှန်မန
ှ်ကျင့်သုံးခဲ့ကြပါတယ်။

ရှေးရိုးစွဲ ချမ် တွေကတော့ မလေးလူ့အစုအဝေးနဲ့ ပိုမိုနီး စပ်တဲ့အပြင် အပြန်အလှန်အိမေ


် ထာင်ပြု
ဆက်သွယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတာကြောင့် ဘာသာရေးမှာ ပိုပြီး ပုံမှန်တဲ့ ကျင့်သုံးမူတွေကို
ကျင့်သုံးနိုင်ခဲ့ကြပါတယ်။ သူတို့တစ်တွေဟာ မလေး ဓလေ့ထုံးတမ်းစဉ်လာတွေ မလေးမိသားစု
အဖွဲ့ အစည်းတွေမှာပါဝင်ကျင့်သုံးကြတဲ့အပြင် မလေးဘာသာ စကားကိုပါ ပြောဆိုကြပါတယ်။
သူတို့တစ်တွေဟာ မက္ကာကို ဟဂ်ျပြုသူတွေစေလွှတ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ အစ္စလာမ်
ညီလာခံတွေ ကိုလဲ ပါဝင်တက်ရောက်ခြဲ့ ကပါတယ်။ ရိုးရာဝါဒီတွေနဲ့ ရှေးရိုး စွဝ
ဲါဒီတွေအကြား
ပဍိပက္ခတွေဟာ ၁၉၅၄ ခုနစ
ှ်နဲ့ ၁၉၇၅ ခုနှစ်တွေမှာ ပိုမိုဆိုးရွာခဲ့ပါတယ်။ ဥပမာပြောရယင်
ရွာတစ်ရွာမှာတင် အုပ်စုနှစ်စု အဖြစ်ကခ
ွဲ့ြဲ ပီး နောက်ဆုံးမှာ အုပ်စုတစ်စုချင်းစီဟာ သူတို့ကိုယ်ပိုင် ဗလီနဲ့
ဘာသာရေးအဖွဲ့တစ်ခစ
ီုကြွဲ ပီး ရှိလာခဲ့ပါတယ်။

ဖိနှိပ်မှုများ

ချမ် တွေဘက်ကရတဲ့ သတင်းတွေအရ ခမာနီတွေရဲ့ ခေတ်မှာ


ဗလီဝတ်ကျောင်းတော်ပေါင်း ၁၃၂ ခုဟာဖျက်ဆီးခံခဲ့ရသလို
တခြားများစွာကိုလဲ မတော်တလျော်ပြုခြင်းခံခဲ့ရတယ်လိုဆိုပါတယ်
ဒီအပြင် မွတ်စလင်မ်တွေကို ၀တ်ပြုမှုတွေကနေ ပိတ်ပင်ထားခဲ့ပါတယ်။
နောက်ပိုင်းမှာ ဗီယက်နမ်က တင်မြောက်ခဲ့တဲ့ ကမ်ပူးခြားပြည်သူသမ္မတ
နိုင်ငံ (PKR) ကာလကစပြီး အစ္စလာမ်ကို ဗုဒ္ဓဘာသာနည်းတူ လွတ်လပ်
မှုပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်တွေရဲ့ အလယ်မှာ ကမ္ဘောဒီးယား မှာ ချမ်
စုစုပေါင်း ၁သိန်း ၈သောင်း ၅ထောင်လောက်နေထိုင်ကြသလို
အဲဒီအချိန်ရဲ ဗလီဝတ်ကျောင်း တော် အရေအတွက်ဟာလဲ ၁၉၇၅
ခုနှစ်မတိုင်မှီကာလက အရေ အတွက် နဲ့ အတူတူပဲ ဖြစ်တယ်လို့
Vickery ကယုံကြည်ခ့ပ
ဲါတယ်။ ၁၉၈၈ ခုနှစအ
် စောပိုင်းမှာတော့ ဖနွမ်းပင်ဒေသ မှာ ဗလီဝတ်ကျောင်း
တော် ၆ ခုရှိခဲ့ပြီး ခရိင
ုတွေမှာ လဲ အရေအတွက် ကောင်းမွန်စွာ ရှိခ့ပ
ဲါတယ်။ ဒါပေမဲ့ မွတ်စလင်မ် ဂုဏ်
သရေရှိလူကြီးများအရေအတွက် ကတော့ ပါးပါးပဲ ရှိပါတယ်။ ခမာနီတွေရဲ့ ကာလမှာ ကမ္ဘောဒီးယား မှာ
ထင်ရှားတဲ့ ချမ် ဘာသာရေးဆရာ ၁၁၃ ယောက်အနက်ထဲက ၂၀ ပဲ အသက် ရှင်သန်ကျန်ရစ်ခ့ပ
ဲါတယ်။

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 3 of 9
Myanmar Muslim Media (MMM)

ချမ်လူမျိုးများ

ချမ်လူမျိုးများဆိုတာ အရှေ့တောင်အာရှမှာနေထိုင်တဲ့ လူမျိုးအုပ်စုတစ်ခုဖြစ်ပါတယ်။ သူတို့တစ်တွေဟာ


ကမ္ဘောဒီးယားနိုင်ငံ မှာရှိတဲ့ ကမ်ပုံ ချမ် ခရိုင်နဲ့ ဗီယက်နမ်နိုငင
်ံက ဖန်ရန်သပ် ချမ်၊ ဖန်သိယက်၊
ဟိုချီမင်းမြို့တော်နဲ့ အန်ဂျိယန်းဒေသတွေမှာ စုစည်းနေထိုင်ကြပါတယ်။ ခန့်မှန်းချေအားဖြင့် ချမ် ၄၀၀၀
လောက်ဟာ ထိုင်းနိုင်ငံမှာလည်းနေထိုင်ကြပါတယ်။ သူတို့ထဲကအများစုဟာ တောင်ပိုင်း ပတာနီ၊
နရာသီဝပ်၊ ရာလာနဲ့ ဆုန်ခလ ပြည်နယ်တွေ့မှာ အလုပ်လုပ်ကိုင်ဖို့အတွက် ရွေ့ပြောင်း နေထိုင်
ခဲ့ကြပါတယ်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှာ ချမ်တွေဟာ အစ္စလာမ့်အစုအဝေးရဲ့
ပင်မကျောရိုးများအသွင်ကို ဆောင်လျက်ရှိနေပါတယ်။

ချမ်တွေဟာ ၇ ရာစုက နေ ၁၅ ရာစုအကြားမှာ ရှိခဲ့တဲ့ ချမ်ဖာဘုရင့်နိုင်ငံတော်ကြီး အနွယ်က သက်ဆင်း


လာကြတာဖြစ်ပါတယ်။ သူတို့တစ်တွေဟာ တစ်ခြား အော်စတိုးနီးရှန်း လူမျိုးတွေနဲ့ နီးကပ်စွာ ဆက်နယ
ွ်
မူရှိခဲ့ပြီး ဘာသာ အချေး-ချမ်း အုပ်စုကြွဲ ဖစ်တဲ့ အော်စတိုးနီးရှန်း ဘာသာ စကား မိသားစုထဲက မလာယိုး
ပိုလီးရှန်း ဘာသာစကားဖြစ်တဲ့ ချမ်ဘာသာစကားကို ပြောဆိုကြပါတယ်။

သမိုင်း

ဂျေဖာဂူဆန်၊ ဂျီကိုဒီးစ်၊ ဒီဂျီအီး ဟောလ်၊ဒေါက်တာ


ဘီအာ ချတ်တာဂျီနဲ့ ဒေါက်တာ ဘူဒါပရာကတ်ရှ်
အပါအ၀င် ပညာရှငအ
် များစု တွေက ဒီ အင်ဒို
ချိုင်းနား ကျွန်းဆွယ်က ကမ်ပူးချားတွေနဲ့ အ
နောက် မြောက်ဘက်မှာရှိတဲ့ ရှေးဟောင်း ဂန္ဓာရ
တိုင်းက ကမ်ဘိုဂျာစ်တွေနဲ့ အကြား ရှေးဟောင်း
သမိုင်း၊နိုင်ငံရေး၊ နဲ့ ယဉ်ကျေးမူများ ဆက်နယ
ွ်
လျက်ရှိတယ်လို့ လက်ခံ ထားခဲ့ကြပါ တယ်။

ခမ်ဘိုင်ဆီးန် မျိုးနွယ်တွေထဲက အုပ်စုတစ်စုဟာ


အိန္ဒိယပြည်ရဲ့ အနောက်မြောက်ဘက်မှာ အခြေချ နေထိုင်ခဲ့ကြပြီး အစုဟာ နောက်ပိုင်းမှာ ကမ်ဘိုဂျာစ်
များ ဆိုပြီး ခေါ်တွင်ခ့က
ဲာ သူတို့ဟာ နေထိုင်ရာ ဒေသဟာ အိန္ဒိယ ရှေးဟောင်း ရိုးရာတွေမှာ ကမ်ဘိုဂျာ
ခရိုင်အဖြစ်ရှိခဲ့ပါတယ်။ ဒီ စွန့်စားသွား ခဲတဲ့ ကမ်ဘိုဂျာစ် တွေထဲက တစ်စုဟာ တိဘက်ကုန်းမြင့်
ဒေသကိုရောက်ပြီး အဲဒီမှာ ဒေသခံတွေနဲ့ ရောနှော သွားခဲ့ပါတယ်။ အဲဒီလို ရောသွားမှုရဲ့ ရလဒ်
အနေနဲ့ကတော့ တချို့ တိဘက်လူမျိုး တွေကို ယနေ့တိုင် ကမ်ဘိုဂျာစ် များအဖြစ် ခေါ်တွင် ကြခြင်း
ပဲဖြစ်ပါတယ်။ သူတို့ဟာ တိဘက်ကို ဖြတ်ကျော်ပြီး နောက်ထပ် ခရီးဆက်ခဲ့ရာကနေ သူတို့ ကမ်ပူးချား
များ (ကမ္ဘောဒီးယားများ) လို့ခေါ်ခဲ့တဲ့ မဲခေါင် တောင်ကြား ဒေသကို ရောက်ခဲ့ကြ ကာ ယခုအချိန်မှာ

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 4 of 9
Myanmar Muslim Media (MMM)

အရပ်ရှည်ဆဲ အသားဖြူဆဲ မျက်နှာ သွယ်ပြီး မွန်ဂိုလွို က် မဟုတ်တဲ့ မျက်လုံးတွေ နဲ့ ချမ် တွေအဖြစ်
မွန်ခမာမျိုးနွယ်ထမ
ှဲာ ကိုယ်စားပြု ရပ်တည် နေကြဆဲ ဖြစ်ပါတယ်။

ချမ်ပါ ဘုရင့်နိုင်ငံတော် နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို အေဒီ ၂ ရာစုနှစ် အထိ တရုတ်ပြည်


မှတ်တမ်းတွေကနေ ပြန်တွေ့နိုင်ပါတယ်။ သူတို့ တန်ခိုးထွားခဲ့တဲ့ ၉ ရာစုမှာ သူတို့ရဲ ဘုရင့်နိုင်ငေ
ံ တ်ာဟာ
ဗဟို အနမ်မှာရှိတဲ့ ဟွေ နဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ကိုချင်းချိုင်းနား တို့အကြား အထိထိမ်းချုပ်
ထားနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ သစ်မွှေး နဲ့ ကျွန် တွေကို ရေကြောင်းကနေ ကုန်သွယ်မှုကနေ
ကြွယဝ
် ချမ်းသာ ခဲ့တယ်လို့သိရပါတယ်။ ပင်လယ်ဓါးပြလုပ်ငန်းကနေ့လဲ ၀င်ငွေတွေ ရရှိခဲ့နိုင်တယ်လို့
သိရပါတယ်။

အေဒီ ၁၂ ရာစုမှာတော့ ချမ်တွေဟာ အနောက်ဘက်မှာရှိတဲ့ ခမာတွေနဲ့ တိုက်ပေ


ွဲ ပါင်းများစွာ
ဆင်နခ
ွှဲ့ရပါတယ်။ ၁၁၇၇ ခုနှစမ
ှ်ာ ချမ်တွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ တုန်လည်ဆပ် ကန်ကြီးကနေ
ခမာတွေကို မြို့တော်ကနေဆုတ်ခွာ သွားအောင် တိုက်ပွဲတစ်ရပ်ကိုဆင်နခ
ွှဲ့ကြပေမဲ့ ၁၁၈၁ ခုနှစ်မှာ
သူတိုဟာ ခမာဘုရင် ဂျာယာဗရ်နမ် ၇ ကို ရှုးံ နိမ့်ခဲ့ပါတယ်။

သက္ကရဇ် ၈၀၀ မှာ ခမာအင်ပါယာ ပေါ်ထွန်းလာမူ နဲ့ ဗီယက်နမ်ပိုင်နက်နယ်မြေတွေ တောင်ဘက်ပိုင်းကို


တွန်းထုတ်ခံရမူတွေအကြား ချမ်ဘုရင်နင
ိုငံတော်ဟာ ပျောက်ကွယ်ခဲ့ရပါတယ်။ ၁၄၇၁ ခုနှစ်မှာ
သူတို့တွေဟာ ဗီယက်နမ်တွေကို အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီး လူပေါင်း ၁သိန်း ၂ သောင်းလောက်ဟာ
ဖမ်းဆီးသတ်ဖြတ်ခံခ့ရ
ဲ သလို သူတို့ရဲ့ နိုင်ငံဟာလဲ နာသရန် အနီးမှာ အစုအဝေးလေးတစ်ခုအဖြစ်ပဲ
ကျန်ရှိခဲ့ပါတယ်။ ၁၆၀၇ ကနေ ၁၆၇၆ ခုနှစ်အကြားမှာတော့ ချမ်ပါ ဘုရင်ဟာ အစ္စလာမ်ကို ကူးပြောင်း
သက်ဝင်ယုံကြည်လာခဲ့ပြီး အဲဒအ
ီ ချိန်ကာလ မှာ အစ္စလာမ်ဟာ ချမ် လူ့အစုအဝေးရဲ့ အဓိကလွှမ်းမိုးတဲ့
အသွင်သဏ္ဍာန် ဖြစ်လာခဲ့ပါတယ်။
၁၇၂၀ ခုနှစမ
ှ်ာ ဗီယက်နမ် ဘုရင်ရဲ့
နောက်ထပ်နယ်ပယ်ချဲ့ထွင်မှုနဲ့ ချမ်ပါ
နိုင်ငံတော်ကို သိမ်းပိုက်ခဲ့ရာကနေ
ဗီယက်နမ် ဘုရင် မင်မန် ရဲ့ဖိနှိပ် နှိပ်စက်
မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒအ
ီ ကျိုးဆက်
ကြောင့် နောက်ဆုံးချမ်ပါ မွတ်စလင်မ်
ဘုရင် ပိုချိယန်း ဟာ ကုန်းတွင်းမှာ ရှိတဲ့
သူ့ရဲ့ လူတွေကို တောင်ပင
ိုးရှိ ကမ္ဘောဒီး
ယား ကို ရွေ့ပြောင်း နေထိုင် စေခဲ့သလို
ကမ်းရိုးတမ်းမှာ ရှိတဲ့သူတွေကို မလေးရှား
နိုင်ငံမှာရှိတဲ့ ထရန်ဂါနူး အရပ်ကို ပြောင်းရွေ့ နေထိုင် စေခဲ့ပါတယ်။ အုပ်စုငယ်လေး တစ်စု ကတော့
မြောက်ပိုင်း မှာရှိတဲ့ တရုတ်ပြည်ရဲ့ ဟိုင်နန်ကျွန်းကို ထွက်ပြေးခဲ့ရပြီး ဒီအပ
ုစုဟာ ယနေ့တိုင် အွသ်စုလ်
လူမျိုး များအဖြစ် အမည်တင
ွ်ရှိဆြဲ ဖစ်ပါတယ်။ အဲဒီဘုရင်နဲ့ ကုန်းတွင်းပိုင်းက နောက်လိုက်များ

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 5 of 9
Myanmar Muslim Media (MMM)

အခြေချနေထိုင်ခ့တ
ဲ့ဲ ကမ္ဘောဒီးယားက ဒေသဟာယနေ့တိုင် ကွမ်ပုံ ချမ် အဖြစ်လူသိများပြီး သူတို့ဟာ
မဲခေါင်မြစ်တစ်လျောက် အုပစ
်ုငယ်လေးများအဖြစ် ပျံကြဲနေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မွတ်စလင်မ်
ချမ်ပါအားလုံးဟာ ဘုရင်နဲ့ အတူလိုက်သွားကြတာမဟုတ်ပဲ တချို့အုပ်စုတွေဟာ ဗဟိုဗီယက်နမ်မှာရှိတဲ့
နာသရန်၊ ဖန်ရန်၊ ဖန်ရင
ို နဲ့ ဖန်တီယက်ခရိုင်တွေမှာ ကျန်ရှိနေထိုင်ခဲ့ကြပါတယ်။

၁၉၆၀ ပြည့်နှစ်တွေမှာတော့ ချမ်ပြည်သူတွေရဲ့ လွပ်မြောက်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခင


ွ့်ရပြည်နယ်ရရှိရေး
လှုပ်ရှားမှုတွေများစွာပေါ်ပေါက်ခ့ပ
ဲါတယ်။ ဒီလှုပ်ရှားမှုတွေကို ချမ်ပါလွတ်မြောက်ရေးတပ်ဦး (FLC - Le
Front pour la Libération de Cham) နဲ့ the Front de Libération des Hauts plateaux တို့က
ဦးဆောင်ခဲ့ပြီး နောက်ပိုင်း မှာ တခြားတောင်ပေါ်နေ လူမျိုးစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးစားခဲ့
ပါတယ်။ ရှေးဦးပိုင်းလှုပ်ရှားမှုကို "Front des Petits Peuples" လို့ခေါ်ခဲ့ပြီး ၁၉၄၆ ကနေ ၁၉၆၀
အထိကြာမြင့်ခ့ပ
ဲါတယ်။ ၁၉၆၀ ခုနှစမ
ှ်ာတော့ "Front de Libération des Hauts plateaux"
လို့အမည်ပြောင်းခဲ့ပြီး FLC နဲ့ပူးပေါင်းခဲ့သလို "Front unifié pour la Libération des Races opprimées"
(FULRO) နဲ့ ၁၉၆၀ ပြည့်နှစ်တွေထမ
ှဲာ ပြောင်းလဲခဲ့ပါတယ်။ ယနေ့မှာတော့ ခွဲထွက်ရေးလှုပ်ရှားမှု
နဲ့ပတ်သက်ပြီး နိုင်ငေ
ံ ရးလှုပ်ရှားမှု များအထူးတလည် မရှိတော့ပေ။

မျိုးဖြုတ်သုတ်သင်မှု

ခမာနီ တွေရဲ့အောက်မှာ ချမ်တွေဟာ မျိုးဖြုတ်သုတ်သင်မှု


တွေကို ခံခဲ့ရပါတယ်။ အစိုးရရဲ့ အစုလိုက်အပြုံလိုက်
သုတ်သင်မှုကြီးများ အတွင်း ချမ်တွေဟာ ခမာလူမျိုးတွေနဲ့
ယှဉ်လိုက်ယင် လွန်စွာမှ အချိုးမညီမျှစွာပဲ သတ်ဖြတ်ခြင်း
ခံခဲ့ရတာဖြစ်ပါတယ်။ကမ္ဘောဒီးယား စာရွက်စာတမ်းများဌာန က
သုတေသီတစ်ဦးဖြစ်တဲ့ ယဆာ အွတ်စမာန် ရဲ့ ကောက်ချက်
ချချက် အရ စုစုပေါင်း ၅ သိန်း လောက် ရှိမယ်လို့ သိရပါတယ်။
သူတို့တစ်တွေကို ဗီယက်နမ် တွေလိုပဲ သဘောထားပြီး ခမာနီရဲ့
နံပါတ် တစ် ရန်သူအဖြစ် သတ်မှတ် ခဲ့ပါတယ်။ သူတို့ရဲ့
စီမံကိန်းအရ ဒီသူတွေဟာ ကြံခိုင်ရပ်တည်ဆဲ ဖြစ်တဲ့အတွက်
သူတိုဟာ အားလုံးကို ရှင်း ပစ်ဖို့ဖြစ်ပါတယ်။ သူတို့စာ သူတို့
ရှိတယ် ကိုယ်ပိုင် ဘုရားကို ကိုးကွယ် တယ်၊ သူတို့စကား
သံကလဲ မတူဘူး သူတို့ရဲ့ နံမည် တွေနဲ့ ဘာသာစကားကလဲ
ကွဲပြားသလို သူတိုဟာမတူတဲ့ ဥပဒေနဲ့ နေထိုင် ကြတဲ့အတွက် ဖြစ်ပါ တယ်။ ခမာနီက လူတိုင်းကို
တန်းတူ တန်းညှိ ချင်တာဖြစ်ပေမဲ့ ချမ်တွေဟာ အစ္စလာမ်ကို လက်ခံကျင့်သုံး ကြတာဖြစ်ပြီး တန်းတူ
လိုက်ညဖ
ွှိယ်ရာမရှိတ့အ
ဲ တွက် သူတို့တွေကို အပြစ်ပေးခံထိုက်တဲ့ သူတွေအဖြစ် သတ်မှတ်ထား
ကြတာဖြစ်ပါတယ်။

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 6 of 9
Myanmar Muslim Media (MMM)

ယနေ့ချမ်များ

ဗီယက်နမ် နိုင်ငံထက
ဲ ချမ်တွေက မဲခေါင်မြစ်ကမ်းတစ်လျောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသခရိုင်တွေမှာ
အဓိက နေထိုင်ကြပါတယ်။ သူတို့ဟာ အဓိက ဘာသာကြီး ၂ ခုကို ကိုးကွယ်ကြတဲ့ အုပ်စု ၂ ခုအဖြစ်
ရှိပါတယ်။ ချမ်ဘနီလို့ ခေါ်တဲ့ မွတ်စလင်မ် အုပ်စုမှာ လူဦးရေ စုစုပေါင်းရဲ့ ၈၀% ကနေ ၈၅% ပါဝင်ပြီး
ချမ်တွေရော ဗီယက်နမ် တွေပါသုံးတဲ့ ဘရာမန်ဆိုတဲ့ ဝေါဟာရကနေဆင်းသက်လာတဲ့ ဘလာမွန်
လို့ခေါ်တဲ့ ဟိန္ဒူ ဘာသာကိုသက်ဝင်ယုံကြည်သူက ၁၅% ကနေ ၂၀% ပါဝင်ပါတယ်။ ဒီအုပ်စု ၂ စုဟာ
တူညီတဲ့ ဘာသာစကားနဲ့ နောက်ခံသမိုင်းရှိကြပေမဲ့ အချင်းချင်းအကြား အပြန်အလှန် လက်ဆက်
ထိမ်းမြားမှု မရှိကြပါဘူး။ ချမ် ထဲက အရေအတွက် အနည်းငယ် ကတော့ မဟာယန ဗုဒ္ဓဘာသာ
ကိုးကွယ်ကြပါတယ်။ ဆိုင်ဂုံ မြို့ မှာ ပြည်တင
ွ်းစစ်ဖြစ်အပြီး ၁၉၆၀ ပြည့်နှစ်များနောက်ပိုင်း မှာတော့
ချမ်တော်တော်များများဟာ ပြင်သစ်ပြည်ကို ပြောင်းရွေ့နေထိုင် သွားကြပါတယ်။

ကမ္ဘောဒီးယာက ချမ်တွေထက
ဲ ၉၀%ဟာ တရုတ်ပြည် ဟိုင်နန်ကျွန်းမှာ ရောက်သွားတဲ့ ချမ်မျိုးနွယ်
အုသ်ဆုလ် တွေလိုပဲ မွတ်စလင်မ်တွေဖြစ်ကြပါတယ်။ဗဟိုဗီယက်နမ်မှာရှိတဲ့ ချမ် မွတ်စလင်မ်တွေ
အထီးကျန် နေထိုင်ခြင်းရဲ့ ရလဒ်အဖြစ် ဗုဒ္ဓဘာသာဝင်တွေနဲ့ အတွေးအခေါ် ရောယှက်မှုတွေဖြစ်ခ့ရ
ဲာ
ယနေ့ တခြား ကမ္ဘာမွတ်စလင်မ်တွေနဲ့ အဆက်အသွယ်တွေ ပြန်လည်မထူထောင်လာနိုင်ခင်အချိန်
အထိတိုင်အောင် ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘောဒီးယား မှာ ခမာနီအုပ်ချုပ်ရေးကာလအတွင်း
ပလီဝတ်ကျောင်းတော်ပေါင်း ၁၃၂ ကျောင်းဖျက်ဆီးခံခဲ့ရသလို အဲဒီနိုငင
်ံအတွင်းမှာ ရှိတဲ့ ချမ်တွေဟာ
သူတို့လူဦးရေ တ၀က်နီးပါးသုတ်သင်ခံရတဲ့ အထိ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။

မလေးရှားမှာ ချမ် ပြောင်းရွေ့နေထိုင်သူ ရှိပြီး ချမ်တွေနဲ့ မလေးရှားပြည်နယ်တစ်ခုဖြစ်တဲ့ ကလန်တန်


ပြည်နယ်ရဲ့ ဆက်နယ
ွ်မှုဟာ သက်တန်း ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ မလေးရှားဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ
ချမ်လူမျိုးတွေကို မလေးရှားနိုငင
်ံသားတွေအဖြစ်အသိအမှတ်ပြုထားပေးပြီး သူတို့တွေဟာ
မလေးတွေလိုပဲ ဘူမိပူထရာ လို့ခေါ်တဲ့ အဆင့်အတန်း ကိုပါ ရရှိပါတယ်။ ပြီးတော့ မလေးရှားမှာရှိတဲ့ ချမ်
လူ့အစုအဝေးနဲ့ မဲခေါင်မြစ်တစ်လျောက်နဲ့ ဗီယက်နမ်
မှာရှိတဲ့ ချမ်တွေနဲ့ ခိုင်မာတဲ့ အပြန်အလှန် ဆက်ဆံမှုတွေ
ဆက်လက်ပြီး ရှိနေဆဲဖြစ်ပါတယ်။

ယနေ့မှာ ကမ္ဘောဒီးယားမှာ မွတ်စလင်မ်တွေဟာ


လွတ်လပ်ပင
ွ့်လင်းစွာ ကိုးကွယ်ခွင့်ရှိကြပါတယ်။ ယနေ့
PRK ခေတ်မှာတော့ ကမ္ဘောဒီးယား အများစုကိုးကွယ်တဲ့
တရားဝင်ဘာသာ ဖြစ်တဲ့ ဗုဒ္ဓဘာသာလိုပဲ အစ္စလာမ်
ဘာသာကို လွတ်လပ်ခင
ွ့်ပေးခဲ့ပါတယ်။ သူတို့တစ်တွေဟာ
တခြားခမာတွေလိုပဲ လွတ်လပ်စွာ မဲပေးနိင
ုသလို လွှတ်တော်အမတ် များအဖြစ် ၀င်ရောက်အရွေးခံခင
ွ့်လဲ

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 7 of 9
Myanmar Muslim Media (MMM)

ရှိပါတယ်။ ယနေ့လွှတ်တော်မှာ မွတ်စလင်မ် လွတ်တော် အမတ်တစ်ဦး ရှိသလို အမျိုးသမီးရေးရာ


ဝန်ကြီးဌာနမှာ ဒုတိယ၀န်ကြီး တစ်ဦး ရှိပါတယ်။ ဒီအပြင် မွတ်စလင်မ် ၅ ဦးဟာ ဆက်ဆံရေး
ကောင်စီအဖွဲ့ဝင် များအဖြစ် ပါဝင်လျက် ရှိနေ ပါတယ်။ ဒါဟာ ခမာနီလက်ထက်က မွတ်စလင်မ်
အမျိုးသမီး ၁၀၀% ပညာမတတ်ခ့တ
ဲ့ အ
ဲ ခြေအနေနဲ့ ယှဉ်ကြည့်ယင် ဂုဏ်ယူစရာ အခြေအနေ
တစ်ရပ်ဖြစ်ပါတယ်။

ဘာသာရေး

ချမ်ဖါတွေရဲ့ ပထမဆုံးဘာသာက ရှိုက်ဗိုက် ဟိန္ဒူ ဘာသာဖြစ်ပြီး အိန္ဒိယကနေ ပင်လယ်ရေလမ်း


ကတဆင့် ရောက်ရှိခ့တ
ဲာပါ။ အာရပ်ကုန်သည်တွေက တရုတ်ပြည်ကို အသွား ဗီယက်နမ်ကမ်းရိုးတမ်းမှာ
ရပ်နားခဲ့ရာက ဒီလူယဉ်ကျေးမှုမှာ အစ္စလာမ်စတင် လွှမ်းမိုး ခဲ့တာဖြစ်ပါတယ်။

ချမ်ဖါဒေသကို အစ္စလာမ်စတင်ရောက်ရှိတဲ့ ရက်အတိအကျကို တော့မသိရပေမဲ့ အုတ်ဂူတွေ


အမှတ်အသားကနေ ၁၁ ရာစု မှာရှိနေပြီဆိုတဲ့ အကြောင်း တွေ့ရှိရပါတယ်။ ယေဘုယအားဖြင့်
ယူဆနိုင်တာက အစ္စလာမ်ဟာ အင်ဒိုချိုင်းနားကို ရောက်ရှိမှုဟာ ၆၁၈ ကနေ ၉၀၇ ခုနှစ် တန်မင်းဆက်
ကာလအတွင် တရုတ်ပြည်ကိုရောက်ရှိပြီးနောက်များစွာ ကြာမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
အာရပ်ကုန်သည်တွေဟာ အဲဒေ
ီ ဒသမှာ ချမ်တွေနဲ့ ပဲ ထိတွေ့ခဲ့တာဖြစ်ပြီးတခြား သူတွေနဲ့ မတွေခ့ဘ
ဲူးလို့
ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အင်ဒခ
ျိုင်းနားမှာ ချမ်တွေပဲ ရိုးရာအရ အစ္စလာမ်ဘာသာကို
သက်ဝင်ယုံကြည်ခြဲ့ ကလို့ ဖြစ်လို့ ဖြစ်ပါတယ်။

ချမ်ဟိန္ဒူဘာသာဝင်အများစုဟာ နာဂဗမ်ရှိ ခတ္ထိယ ဇတ်ဝင်တွေဖြစ်ကြပြီး အနည်းစုက တော့ ဘရာမန်


ဇတ်ဝင်တွေဖြစ်ကြတယ်လို့သိရပါတယ်။

မင်းနိင
ုဦး (MMM) စုဆောင်းပြုစုတင်ပြသည်။
ဗီယက်နမ် မွတစ
် လင်များ အွတ်စူလ်များ အကြောင်း အပိုင်း ၂ တွင် စောင်ေ
့ မျှာ်ဖတ်ရှုပါ

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 8 of 9
Myanmar Muslim Media (MMM)

ကမ္ဘာတလွှား တို့မွတစ
် လင်မ် ညီနောင်များ အင်ဒိုချိုင်းနားရှမ
ိ တ
ွ်စလင်မမ
်ျား 9 of 9

You might also like