Download as pdf or txt
Download as pdf or txt
You are on page 1of 11

 ဆောင်းပါး

တရုတ်ပြည် ယဉ်ကျေးမှု တော


် လှန်ရေး၏ ဘေးထွက်ပစ္စည်း (သိမ
ု့ ဟုတ်) ဗမာပြည် ကွန်မြူနစ်ပါတီ အရှေ့မြောက်ဒေသ

By ဒီဗွီဘီ
 11 December 2017  

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
အစမကောင်းခဲ့သော ဗွေဆော
် ဦးတိုက်ပွဲ

တိုက်ပွဲပြီးဆုံး၍ နိဂုံးချုပ်သည့်အခါ ရဲဘော


် နော
် ဆိုင်း က တိုက်ပွဲကို ဦးစီးသည့် ရဲဘော
် သန်းရွှေ (ဗိုလ်သန်းရွှေ
ခေါ် ဟူကောင်း) ကို အပြစ်တင်လိုက်သည်။

“ကျုပ်တို့ အင်အားက ရန်သူ့ထက်သာတယ်။ ညတိုက်ပွဲလည်း ဖြစ်တယ်။ ဝိုင်း ရံတိုက်ခိုက်တဲ့ စစ်ဗျ။ အခွင့်
အရေးရှိရက်နဲ့ ခင်ဗျားတပ်သားတွေက အချိန်မီ ရောက်သင့တ
့်ဲနေရာမှ မရောက်ဘဲ။ သေမှာ ကြောက်တာ
ကိုး။ ရန်သူကို ဝိုင်း ရုံသာ ဝိုင်း ထားပြီး အပြတ်မတိုက်ဘူး။ ဒီတော
့ လွတ်ထွက်ပြေးကုန်တော
့ တာပေါ့။ ကျုပ်ေ
နာ
် ဆိုင်း တပ်က ဒီလိုမျိုး တွန့်ဆုတ် တွန့်ဆုတ်တိုက်ပွဲမျိုး ဘယ်တုန်းကမှ မတိုက်ခဲ့ဘူးဗျ။ ဗမာတပ်သားတွေ
သေမှာ ကြောက်ကြတာကိုး။ ခင်ဗျားတို့လည်း ဒီအတန်းအစားထဲကပါပဲဗျာ။”

အထက်ပါစကားများမှာ ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက်စောစော၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြ DVB - …


်ဟီ

ည်သူ့တပ်မတော
် က တရုတ်နယ်စပ် မုန်းကိုးရှိ မြန်မ့ာတပ်မတော
် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်အပြီး 2.5K views • No com

တိုက်ပွဲရလဒ်အပေါ် မကျေ မချမ်းဖြင့် ပြစ်တင်ပြောကြားလိုက်သည့်စကား ဖြစ်သည်။

တိုက်ပွဲတွင် စခန်းကို သိမ်းပိုက်ရရှိခဲ့သော


် လည်း မိမိဘက်က လေးယောက်ကျ ဆုံး၍ အများအပြား ဒဏ်ရာရ
ခဲ့သည်။ မြန်မ့ာတပ်မတော
် မှ ကျ ဆုံးမှုမှာ တိုက်ပွဲစတင်ဖြစ်ပွားစဉ် ဗွေဆော
် ဦး ပစ်ခတ်ခံလိုက်ရသော ကင်းေ
စာင့တ
် ပ်သားတယောက်သာ ဖြစ်သည်။

အားလုံးပြီးဆုံးသွားပြီးနောက် တိုက်ပွဲတွင် သိမ်းပိုက်ရရှိလိုက်သော ကာဘိုငေ


် သနတ် တလက်ကို ခွန်မ
င်း(ကူမင်း) စစ်ဒေသ ဒုတိယစစ်ဦးစီးမှူး ချာယွိစိန်း လက်သို့ ပေးအပ်လိုက်သည်။ ၎င်းထံမှတဆင့် ဥက္ကဋ္ဌေ
မာ
် စီတုံးလက်သို့ ပြည်သူ့တပ်မတော
် ၏ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့လေသည်။

ဗွေဆော
် ဦးတိုက်ပွဲတွငပ
် င် ပြည်သူ့တပ်မတော
် အတွင်း “စစ်ချွမ်းတပ်သားဟောင်း (စစ်ချွမ်းလောက်ပင်း)” နှ
င့် “ကွေ့ကြိုးတပ်သားဟောင်း (ကွေ့ကြိုးလောက်ပင်း)” တို့၏ အပြန်အလှန် ယုံကြည်မှုကင်းမဲ့ခြင်း၊ ပြစ်တင်ရှု
တ်ချခြင်း မျိုးစေ့ကို ချပေးခဲ့တော
့ သည်။

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
(ကိုးကား-မန်းဖိုးအေး(ဝါးခယ်မ) မြန်မာပြန် ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း)

ပြီးခဲ့သည့်အပတ် ကျ နော
့် ဆောင်းပါး “တရုတ်-ဗမာ ကွန်မြူနစ်နှစ်ပါတီအလွဲ” ဆောင်းပါးတွင် “အမှန်တကယ်
အားဖြင့် မြန်မာပြည် အရှေ့မြောက်ဒေသရှိ ဗမာပြည် ကွန်မြူနစ်ပါတီမှာ ဥက္ကဋ္ဌ မော
် စီတုံး ဦးဆောင်သည့်
တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ယဉ်ကျေးမှုတော
် လှန်ရေး လမ်းစဉ်အမှားမှ စတင်မြစ်ဖျားခံလာခဲ့သည့် ဘေးထွ
က်ပစ္စည်း (Byproduct) ဖြစ်လေရာ” ဟု ဖော
် ပြခဲ့ပါသည်။ သို့ဖြစ်၍ ယခုအပတ် ဆောင်းပါးတွင် မြန်မာပြည်
အရှေ့မြောက်ဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်နိုငပ
်ုံကို ရေးသား ဖော
် ပြပါမည်။

အစကောင်းခဲ့သော နှစ်နိုငင
်ံဆက်ဆံရေး
DVB - ◌န◌
ိငံ…
၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် တည်ထောင်လိုက်သော 14K views • 40 comm
တရုတ်ပြည်သူ့သမ္မတနိုငင
်ံကို ပထမဦးဆုံး အသိအမှတ်ပြုသည့် နိုငင
်ံထဲတွင် မြန်မာနိုငင
်ံ ပါဝင်သည်။ တရု
တ်ပြည်သူ့သမ္မတနိုငင
်ံမှာ ကွန်မြူနစ်ပါတီ အာဏာရရှိထားသည့်နိုငင
်ံ ဖြစ်သဖြင့် အမေရိကန်နှင့် အနောက်
အုပ်စု၏ ဝိုင်း ပယ်ထားမှုကို ခံနေရပြီး ကမ္ဘာ့ကုလသမဂ္ဂတွင် ပါဝင်ခွငမ
့် ရရန် ပိတ်ပင်ထားကြရာ ၁၉၇၁ ခုနှစ်
အထိ ကြာမြင့ခ
်ဲ့သည်။ ထိုသို့သော အခြေအနေတွင် တရုတ်-မြန်မာ နှစ်နိုငင
်ံ သံတမန်ဆက်ဆံရေးကို
၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ခဲ့ရာ ငြိမ်းချမ်းစွာ အတူယှဥတ
်ွဲနေထိုငေ
် ရး မူကြီး ၅ ချက်ကို အြေ
ခခံ၍ တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် အပြန်အလှန် မကျူးကျော်ရေးစာချုပ်ကို နှစ်နိုငင
်ံ ဝန်ကြီးချုပ်များက
၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ကမ္ဘာသို့ ကြေညာသည်။ ၁၉၅၄ ခုနှစ် နိုဝင်ဘာလ
တွင် ဝန်ကြီးချုပ်ဦးနု၏ ပီကင်းခရီးစဉ်အပြီးတွင် ကိုရီးယားစစ်ပွဲကြောင့် မြန်မ့ာဆန် နိုငင
်ံခြားသို့ တင်ပို့ရေး အ
ခက်အခဲဖြစ်နေမှုကို တရုတ်ပြည်က ကြိုးစားဖြေရှင်း ပေးခဲ့သည်။ ထိုကိစ္စမတိုငမ
်ီ မော
် စီတုံးက ပင်လယ်ရပ်ြ
ခား တရုတ်အမျိုးသား အသိုက်အဝန်းတွင် ကွန်မြူနစ်ပါတီ လှုပ်ရှားမှုများ ပြုလုပ်မည် မဟုတ်ကြောင်းနှင့် ပင်
လယ်ရပ်ခြား တရုတ်အမျိုးသားများကို မြန်မ့ာနိုငင
်ံရေးပါတီများတွင် ပါဝင်လှုပ်ရှားရန် အားပေးမည် မဟုတ်ြေ
ကာင်းကို အာမခံခဲ့လေသည်။ ထို့ပြင် တရုတ်အစိုးရက ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများကို မြန်မ့ာဥပေ
ဒကို လေးစားလိုက်နာကြရန်နှင့် မြန်မ့ာပြည်တွင်း ရေးတွင် ဝင်ရောက်မစွက်ဖက်ကြရန်လည်း ညွှန်ကြားခဲ့ေ
လသည်။ မော
် ၏ အဆိုပါ ကတိကဝတ်ကို ၁၉၅၄ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သော တရုတ်-မြန်မာ နှစ်နိုငင
်ံ

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော
် ပြခဲ့သည်။ အလားတူ သဘောထားကို ၁၉၅၆ ခုနှစ် မြန်မာပြည်သို့
လာရောက်လည်ပတ်ခဲ့သည့် ဝန်ကြီးချုပ် ချူအင်လိုင်း ကလည်း ရှင်း လင်းစွာ ပြောကြားခဲ့ရာ မြန်မာနိုငင
်ံသား
ခံယူထားသော တရုတ်အမျိုးသားများအနေဖြင့် ပင်လယ်ရပ်ခြား တရုတ်အမျိုးသား အဖွဲ့အစည်းများတွင် ပါဝင်
ခွငမ
့် ပြုရန်နှင့် တရုတ်နိုငင
်ံသားအဖြစ် ခံယူထားသူများအနေဖြင့် မြန်မ့ာနိုငင
်ံရေး လှုပ်ရှားမှုများတွင် မပါဝင်ြ
ကရန် တားမြစ်ထားလေသည်။

နှစ်နိုငင
်ံ ဆက်ဆံရေးအကြား တည်ရှိသော ပြဿနာများ

တရုတ်-မြန်မာ ဆက်ဆံရေးတွင် ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများ ကိစ္စအပြင် အခြားသော ပြဿနာ ၃


ရပ်လည်း ရှိသေးသည်။ အဆိုပါ ၃ ရပ်မှာ မြန်မ့ာနယ်နိမိတ်အတွင်း ရှိနေသော ကူမင်တန် (KMT) တပ်များြ
ပဿနာ၊ တရုတ်-မြန်မာ နှစ်နိုငင
်ံနယ်နိမိတ် အငြင်းပွားမှု ပြဿနာနှင့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပတ်သ
က်သည့် ပြဿနာတို့ ဖြစ်ကြသည်။

နှစ်နိုငင
်ံတို့သည် ၁၉၅၄ ခုနှစ်တွင် ကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၆၀ ပြည့်နှ
စ်တွင် နယ်နိမိတ်စာချုပ်ကို လက်မှတ်ရေးထိုးနိုငခ
်ဲ့သည်။ ၁၉၆၁ ခုနှစ်တွင် နှစ်နိုငင
်ံ တပ်မတော
် များက ပူးတွဲ
စစ်ဆင်ရေးများ ပြုလုပ်ကာ ကူမင်တန်တပ်များကို မြန်မာနိုငင
်ံ အရှေ့မြောက်ပိုင်း ဒေသမှ မောင်းထုတ်နိုငခ
်ြဲ့
ကလေသည်။

အဆိုပါ ကူမင်တန်တပ်များမှာ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့လွတ်မြောက်ရေး စစ်ပွဲကာလက စစ်ရှုံး၍ ထွက်ြေ


ပးလာကြသော ချန်ကေရှိတ်၏ ကူမင်တန် တပ်ကြွင်း တပ်ကျ န်များ ဖြစ်ကြသည်။ နိုငင
်ံတကာ ဖိအားများကြော
င့် ၁၉၄၅ ခုနှစ် မေလတွင် ထိုက်ဝမ်က ၎င်း၏ တပ်အင်အား ၆၅၀၀ ကို မြန်မ့ာမြေပေါ်မှ ရုပ်သိမ်းသွားခဲ့ပြီ ဖြ
စ်သော
် လည်း တပ်အချို့မှာ ဆုတ်ခွာခြင်းမပြုဘဲ မြန်မ့ာမြေပေါ်တွင် တွယ်ကပ်နေကာ တရုတ်ပြည်သူ့သမ္မ
တနိုငင
်ံ ဆန့်ကျ င်ရေးလုပ်ငန်းများကို လုပ်ကိုငခ
်ဲ့ကြသည်။

၁၉၆၀ ပြည့်နှစ်များအရောက်တွင် မြန်မ့ာမြေပေါ်ရှိ ကူမင်တန်တပ် အရေအတွက်မှာ အမြင့ဆ


်ုံးအဖြစ် တေ
သာင်းခန့်အထိ ရှိလာသည်။ ကူမင်တန်တပ်တို့ ထိန်းချုပ်ထားသော ဧရိယာမှာ အကျ ယ် ၃၀၀ ကီလိုမီတာနှင့်

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
အထူ ၁၀၀ ကီလိုမီတာခန့်ရှိပြီး တောတောင် ထူထပ်သောဒေသ ဖြစ်သည်။

၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုငင


်ံ၏ ယာယီဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်ြ
ပည်သို့ အလည်အပတ်သွားရောက်ပြီး တရုတ်-မြန်မာ နှစ်နိုငင
်ံကြားရှိ သမိုင်း ကြောင်းတလျှောက် အငြင်း
ပွားနေရသော နယ်နိမိတ်ပြဿနာ ဖြေရှင်း ရေးအတွက် လက်မှတ်ရေးထိုးခဲ့လေသည်။ ၁၉၆၀ ပြည့်နှစ် အော
က်တိုဘာလတွင် မြန်မာဝန်ကြီးချုပ် ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းတို့သည် တရုတ်ပြည်
သို့ နောက်တကြိမ် ထပ်မံသွားရောက်ပြီး ဝန်ကြီးချုပ် ချူအင်လိုင်း နှင့် နယ်နိမိတ်စာချုပ်သစ်ကို လက်မှတ်ရေး
 သတင်းဓာတ်ပုံ  
ထိုးကြပြန်သည်။ ထိုစာချုပ်မချုပ်ဆိုမီ ၁၉၆၀ ပြည့်နှစ် မေလက မြန်မ့ာမြေပေါ်ရှိ ကူမင်တန်တပ်များကို အတူ
တကွ ပူးတွဲတိုက်ထုတ်ပစ်ကြရန် နှစ်နိုငင
်ံ သဘောတူညီမှုရရှိပြီးဖြစ်၍ တရုတ်-မြန်မာ နယ်နိမိတ် တိုင်း တာေ
ရးဆွဲရေးကိစ္စကို ဆောင်ရွက်ရာတွင် လိုအပ်ပါက စစ်ရေးအရ အရေးယူဆောင်ရွက်ရန် လမ်းပွငသ
့်ွားပြီး ဖြ
စ်ပေသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော
် PLA သည် ၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် စစ်ဆင်ရေးများ
ကို စတင်ခဲ့ပြီးနောက် ၁၉၆၁ ခုနှစ် ဖေဖော
် ဝါရီလ ၉ ရက်နေ့တွင် တပ်အားလုံး မြန်မ့ာမြေပေါ်မှ ပြန်လည်ရုပ်
သိမ်းသွားခြင်းဖြင့် စစ်ဆင်ရေးကို အဆုံးသတ်ခဲ့လေသည်။ ဤသို့ဖြင့် တရုတ်-မြန်မာ နယ်နိမိတ်ပြဿနာနှင့်
မြန်မ့ာမြေပေါ်မှ ကူမင်တန်တပ်များ ပြဿနာကို အောင်မြင်စွာ ဖြေရှင်း နိုငခ
်ဲ့လေသည်။
သမ္မတ တာဝန်ထမ်းဆောင်ခစ
ဲ့  ဉ်က ဦးထင်ကေ
်ျ
များ (ဓာတ်ပံ)ု
၁၉၆၂ ခုနှစ် တပ်မတော
် မှ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးမှာ ၁၉၆၂ ခုနှစ် မတ်လ
၂ ရက်နေ့ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်ပြီးသည့် နောက်ပိုင်း အထိ အပြောင်းအလဲ မရှိသေးပေ။
ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော
် လှန်ရေးကောင်စီက “တက်ကြွသော ကြားနေရေး” နှင့် ဘက်  Most Popular
မလိုက်ရေးကို နိုငင
်ံခြားရေးမူဝါဒအဖြစ် ကျ င်သ
ုံ့းမည်ဟု ကြေညာသည်။ စစ်အာဏာသိမ်းအပြီး ၂ ရက်အြ
 Viewed   Recent
ကာတွင် တရုတ်ပြည်သူ့သမ္မတနိုငင
်ံ အစိုးရက တော
် လှန်ရေးကောင်စီအစိုးရကို အသိအမှတ်ပြုလိုက်လေသ
Comments
ည်။ အာဏာသိမ်းအပြီး နှစ်လအကြာတွင် တော
် လှန်ရေးကောင်စီက မြန်မ့ာဆိုရှယ်လစ်လမ်းစဉ်ဟု ခေါ်
ဆိုသော စီးပွားရေးပေါ်လစီကို ချမှတ်ခဲ့သည်။
01 ပင်လယ်နီ ရေအောက်တွင် မွေး

ဖွားခဲသ
့ ည့် အံ့ဖွယ်ကလေးငယ်

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
သို့ဖြင့် မြန်မ့ာနည်းမြန်မ့ာဟန်ဖြင့် ဆိုရှယ်လစ်စနစ်ကို ချီတက်ရန် ဗိုလ်ချုပ်ကြီးနေဝင်းသည် သူ၏ ပြည်သူပိုင် (ဓာတ်ပုံ) 

သိမ်းရေး စီမံကိန်းကို အကောင်အထည် ဖော


် တော
့ သည်။ ထိုသို့ ပြည်သူပိုငသ
ိမ်းယူရာတွင် ၁၉၆၄-၆၅ ခုနှစ်
02 Idiots အဖွဲ့ သီဆိုထားသည့် နာမ
အတွင်း တရုတ်စတိုးဆိုငေ
် ပါင်း ၆၇၀၀၊ ပီကင်းအစိုးရ၏ ဘဏ်နှစ်ဘဏ်၊ တရုတ်စာသင်ကျောင်းများနှင့် ည် ကြီး ရွှေကြာရုပရ
ှ်ငဇ
်ာတ်ဝင်ေ
တရုတ်သတင်းစာများလည်း ပါဝင်သွားလေသည်။ ထိုအချိန် နောက်ပိုင်း မှ စတင်ကာ နိုငင
်ံခြားဘာသာသင် တး(ရုပသ
်ံ)
စာသင်ကျောင်းများနှင့် နိုငင
်ံခြားဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများအားလုံး အပိတ်ခံရလေရာ မြန်
မာနိုငင
်ံတွင် တရုတ်သြဇာ လွှမ်းမိုးမှုမှာ များစွာ ထိခိုက်သွားလေတော
့ သည်။ 03 “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားအေ

ပါ် ဒါရိုက်တာကြီး ဦးဝင်းဖေ၏

ထိုသို့သော အခြေအနေများ ရှိသော


် လည်း တရုတ်ပြည်သည် ဗိုလ်ချုပ်ကြီးနေဝင်း၏ ပေါ်လစီများကို ဆက်လ သုံးသပ်ချက် (ရုပသ
်ံ)

က် ထောက်ခံအားပေးနေဆဲ ဖြစ်သည်။ တရုတ်နိုငင


်ံ၏ အကျိုးစီးပွားကို ထိခိုက်မှုရှိသော
် လည်း ဆက်လက်ေ
04 ဘာစီလိုနာ-ချဲလ်ဆီး၊ ဘီဆစ်တ
ထာက်ခံအားပေးရခြင်း အကြောင်းမှာ မြန်မ့ာဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဆောင်ရွက်ချက်များသည် အမှန်တ ပ်-ဘိုငယ
် န် ချန်ပီယံလိဂ် ရှုံးထွက်
ကယ် ဆိုရှယ်လစ်စနစ်ဆီသို့ ချီတက်လိုသည့် ဆန္ဒရှိသည်ဟု ယူဆရန်ရှိသည်က တကြောင်း၊ မြန်မာနိုငင
်ံ ပွဲစဉ်
အပေါ် သူ၏သြဇာ လျော့ကျ မသွားစေလိုသည့်အတွက်ကြောင့် တကြောင်း ဖြစ်နိုငေ
် ပသည်။ ၁၉၆၄ ခုနှစ် ဇွန်
လတွင် ဝန်ကြီးချုပ် ချူအင်လိုင်း က မြန်မာပြည်သို့ တိတ်တဆိတ် အလည်အပတ်လာရောက်ကာ ဗိုလ်ချုပ်ြ 05 ကာတွန်း – ဆွေသား

ကီးနေဝင်းအား အာဏာသိမ်းယူမည့် အကြံအစည်တခု ရှိနေကြောင်းကို ၎င်းတို့၏ ထောက်လှမ်းရေးကွန်ရ


Follow on Facebook
က်မှ ရရှိထားသော အချက်အလက်များဖြင့် ပြောပြကူညီလေသည်။ ထို့ပြင် မြန်မာပြည်၏ နိုငင
်ံရေးပြဿ
နာနှင့် ပြည်တွင်း ရေးကိစ္စများကိုလည်း ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဆွေးနွေးသွားခဲ့သည်။

ထိုသို့ တရုတ်ပြည်က ဗိုလ်ချုပ်ကြီးနေဝင်းကို ကူညီအားပေးရသည့် အကြောင်းမှာ အကယ်၍ ၎င်းပြုတ်ကျ


သွားခဲ့လျ င် မြန်မာပြည်သည် အနောက်အုပ်စုဘက်သို့ ယိမ်းယိုငသ
်ွားကာ အမေရိကန်၏သြဇာ ကြီးထွားလာ
မည်ကို စိုးရိမ်ခြင်းကြောင့လ
် ည်း ဖြစ်နိုငသ
် ည်။ ထိုသို့ အမေရိကန်သြဇာ ကြီးထွားလာပါက အရှေ့တောင်အာ
ရှတွင် အမေရိကန် နယ်ချဲ့ ဆန့်ကျ င်ရေးတိုက်ပွဲအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ပုံရပါသည်။

၁၉၆၅ ခုနှစ်နောက်ပိုင်း တွင် မြန်မာနိုငင


်ံ၏ ဗီယက်နမ်စစ်ပွဲအပေါ် ကြားနေရေး မူဝါဒနှင့် ကျူးကျော်သူ အမေ
ရိကန်အား တက်တက်ကြွကြွ ဆန့်ကျ င်ခြင်း မရှိမှုတို့ကြောင့် မြန်မာ၏ ဘက်မလိုက်ရေး မူဝါဒနှင့် ကြားနေေ
ရးပေါ်လစီကို တရုတ်က နှောင်ယ
ှ့က်မှုများ ရှိလာသည်။ ထို့ပြင် မြန်မ့ာမြေပေါ်တွင် အိန္ဒိယဆန့်ကျ င်ရေး မီဇို

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
လက်နက်ကိုငမ
်ျားကို တရုတ်ပြည်က သင်တန်းပေးမည့် အစီအစဉ်ကို မြန်မာက မထောက်ခံခြင်းကိုလည်း DVB TV News
တရုတ်က မကျေ နပ်ချေ။ အခြားတဖက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် မြန်မာအနေဖြင့် အထီးကျ န်မနေသင့် Like Page 9.4M likes

ဘဲ နိုငင
်ံတကာဆက်ဆံရေး နယ်ပယ်တွင် ဆက်ဆံရေးများ တိုးချဲ့ရန် လိုအပ်ပုံကို သိရှိလာသည်။
DVB TV News
သို့ဖြစ်၍ အိန္ဒိယ၊ ဆိုဗီယက်ယူနီယံ၊ ပါကစ္စတန်၊ ချက်ကိုဆလိုဗက်ကီးယား၊ ထိုင်း ၊ ဂျပန်နှင့် အမေရိကန်ပြ 40 minutes ago
ည်ထောင်စုတို့သို့ အလည်အပတ်ခရီး ထွက်ခဲ့သည်။ ထို့ပြင် အတတ်ပညာ အကူအညီပေးရန် တရုတ်၏က
◌ပြူ့လွှတ်ေ◌တာ◌
်ဥက္ကဋ္ဌသစ် မန
မ်းလှမ်းချက်ကို အကြောင်းမပြန်ခဲ့ဘဲ ထိုစဉ်က တရုတ်ပြည်၏ ရန်ဘက်ဖြစ်သော ဆိုဗီယက်ယူနီယံထံမှ အ ဖန်ေ ကာက်တ်မ
က
ဒီ ဘီ
တတ်ပညာ အကူအညီရယူရင်း ဆက်ဆံရေးကောင်းမွန်ရန် အခြေပျိုးခဲ့သည်။ ထိုသို့သော အခြေအနေများ
◌ပြူ့လွှတ်ေ◌တာ◌
်ဥ ရာထူး
က တရုတ်ပြည်အနေဖြင့် မြန်မာပြည်အစိုးရကို စိတ်ချလက်ချ မယုံကြည်နိုင် ဖြစ်လာလေတော
့ သည်။ နှစ်နိုင် တာဝန်ကနေ ◌န◌တ ကားတဲ့
ငံ ဆက်ဆံရေးအကြား ထိုသို့သော အခြေအနေများ ရှိနေစဉ် ၁၉၆၆ ခုနှစ်၌ တရုတ်ပြည်တွင် ယဉ်ကျေးမှုေ ဦးဝ မင့ရဲ နရာ

အစားထိးခန
ု့်အပ်ဖိ့ ◌ပြူ့

တာ
် လှန်ရေး ဖြစ်ပေါ်လာလေရာ ယင်းကို မြန်မာနိုငင
်ံသို့လည်း တင်ပို့ရန် ခိုငခ
ိုငမ
်ာမာ ဆုံးဖြတ်လိုက်ပုံရသ
်တော
တ် ဥ သစ်တဦးကိုမန
ည်။် မတ
န်လ ၂၂ရက်ေ ကာ
်ဖိ
ကု န တယ်။...
ယဉ်ကျေးမှုတော
် လှန်ရေး အကျိုးဆက်နှင့် တရုတ်-မြန်မာ အရေးအခင်း See More

ယဉ်ကျေးမှုတော
် လှန်ရေးမှာ တရုတ်ပြည်တွင် ၁၉၆၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်ရှိ တရုတ်လူ့အ
ဖွဲ့အစည်းအတွင်း သို့ပါ တဖြည်းဖြည်း စိမ့်ဝင်လာသည်။ မြန်မာပြည်ရှိ အစိုးရစာသင်ကျောင်းများတွင် တရု
တ်ကျောင်းသားများက မော
် စီတုံးပုံ ရင်ထိုးတံဆိပ်များကို တပ်ဆင်ခြင်းဖြင့် ကျောင်းအာဏာပိုငတ
ို့၏ အမိန့်ကို
ဖီဆန်ကြလေသည်။ သို့ဖြစ်၍ ရန်ကုန်ရှိ အမှတ် ၃ အမျိုးသားမူလတန်းကျောင်း (ယခင် တရုတ်မိန်းကလေး
အလယ်တန်းကျောင်း) ၌ ၁၉၆၇ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ကျောင်းသားများနှင့် ဆရာများအကြား ပဋိပက္ခ စ
တင်ဖြစ်ပွားလာတော
့ သည်။ အဆိုပါ ပဋိပက္ခက ထို့နောက်ပိုင်း လေးရက်အကြာတွင် တရုတ်နှင့် မြန်မာ
တို့အကြား ရန်ပွဲများကို ဆက်လက်ဖြစ်ပွားစေခဲ့သည်။ ကျုံးစန်း အလယ်တန်းကျောင်းတွငလ
် ည်း အလားတူ
ပဋိပက္ခမျိုး ဖြစ်ပွားလေသည်။ ခေါင်းဆောင်ကျောင်းသားများက ကျောင်းသားအားလုံးကို ကျောင်းတံခါးပိတ်ေ
လှာင်ကာ ဆရာ၊ ဆရာမများကို ဆန္ဒပြခဲ့ရာ ရဲများက ဝင်ရောက်ဖျန်ဖြေတော
့ မှ ပဋိပက္ခ ပြေငြိမ်းသွားသည်။
အဆိုပါ တရုတ်ကျောင်းနှစ်ကျောင်း၏ ပြဿနာနှစ်ရပ်ကို ဖြေရှင်း ပြီးဖြစ်သော
် လည်း တရုတ်ကျောင်းသား

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
တို့မှာ ရန်ကုန်ရှိ တရုတ်သံရုံး၏ ထောက်ခံအားပေးမှုဖြင့် မော
် စီတုံး၏ ရင်ထိုးတံဆိပ်များကို ဆက်လက် တပ်
ဆင်ခဲ့ကြသည်။ သို့ဖြစ်၍ အရေးအခင်းမှာ ဇွန်လ ၂၆ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ကာ ၂၈ ရက်နေ့တွင် ပြီး
ဆုံးသွားသည်။ အရေးအခင်းအတွင်း သံရုံးဝန်ထမ်းတဦး အပါအဝင် တရုတ်လူမျိုး ၃၁ ယောက် သေဆုံးပြီး
၃၁ ယောက် ဒဏ်ရာအနာတရ ဖြစ်ကာ အများအပြား အဖမ်းခံရသည်။ မြန်မာအစိုးရက ၁၉၆၇ ခုနှစ် ဇွန်လ
၂၉ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး ရန်ကုန်ရှိ တရုတ်သံရုံးနှင့် တရုတ်တန်းတို့ကို တင်းကျ ပ်စွာ အေ
စာင့ခ
်ျ ထားလိုက်သည်။ ထို့နောက် မြန်မာပြည်ရှိ တရုတ်လူမျိုးများကို တရုတ်ပြည်သို့ နှငထ
်ုတ်မှုများ ပြုလုပ်ခဲ့
ရာ နှစ်နိုငင
်ံအကြား ပိုမိုတင်းမာလာလေသည်။ နှစ်နိုငင
်ံ ပြည်သူများအကြား တဖက်နှငတ
့် ဖက် ဆန့်ကျ င်ရေး
လှုပ်ရှားဆန္ဒပြမှုများ နှစ်နိုငင
်ံလုံးတွင် ဖြစ်ပွားခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေးမှာ ယဉ်ကျေးမှုတော


် လှန်ရေးကြောင့် ပျက်စီးသွားလေပြီ။ နှစ်နိုငင
်ံ သံအမတ်ြ
ကီးများကို ပြန်လည်ခေါ်ယူခဲ့ကြပြီး ကောင်စစ်ဝန်အဆငြ့် ဖင့သ
်ာ ဆက်ဆံရန် လျှော့ချလိုက်ကြလေတော
့ သ
ည်။

ပြည်သူ့တပ်မတော
် စတင်ဖွဲ့စည်းခြင်း

တရုတ်ပြည်တွင် ထိုသို့ မြန်မာအစိုးရ မုန်းတီးစိတ်နှင့် လက်စားချေလိုစိတ် ပြင်းပြနေသော အခွငေ


့် ကာင်းကို
တရုတ်ပြည်ရောက် ဗမာပြည်ကွန်မြူနစ်ပါတီက အမိအရ အသုံးချလိုက်သည်။ ပီကင်းအခြေစိုက် ဗမာပြည်
ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်ဗသိန်းတင်နှင့် သခင်ဖေတင့တ
ို့က မြန်မာနိုငင
်ံ အရှေ့မြောက်နယ်စပ်ဒေ
သတွင် အခြေခံစခန်း တည်ထောင်ရန် တရုတ်ပြည်ကွန်မြူနစ်ပါတီထံ အကူအညီ တောင်းခံတော
့ သည်။
တရုတ်ပြည်ကွန်မြူနစ်ပါတီမှ စစ်ရေးအကူအညီ၊ စစ်ရေးအကြံပေးနှင့် တိုက်ပွဲဝင်ကေဒါများ စေလွှတ်ပေးရ
န်ပါ တောင်းခံလေသည်။ သို့ဖြစ်၍ တရုတ်ပြည်ကွန်မြူနစ်ပါတီကလည်း သဘောတူ လက်ခံလိုက်လေသ
ည်။

၁၉၆၇ ခုနှစ် နိုဝင်ဘာတွင် ယူနန်ပြည်နယ် ပေါက်ဆန်းခရိုင၊် (နုကျ န်း) သံလွငြ် မစ်ဝှမ်း မြေပြန့်ဒေသနှင့် ကျဲ
န့်ခမ်းခရိုင၊် ထျ က်စွက်ကုန်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော
် ကို စတင်ဖွဲ့စည်းတည်ထောင်
လိုက်ပြီး ၎င်းတွင် အင်အားအရင်းအမြစ် ၃ ခု ပေါင်းစပ်ပါဝင်သည်။ ၎င်းတို့မှာ (၁) ဗမာပြည်ကွန်မြူနစ်ပါတီြ

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
ပည်တွင်း အခြေခံဒေသ အသီးသီးမှ တရုတ်ပြည်တွင် ပညာတော
် သင်အဖြစ် ရောက်ရှိခဲ့သည့် စစ်ချွမ်းပြည်န
ယ်တွင် နေထိုငသ
်ူများ၊ (၂) တရုတ်ပြည်ထဲတွင် နိုငင
်ံရေးခိုလှုံခွငြ့် ဖင့် ရောက်ရှိလေလွငေ
့် နသည့် ဗိုလ်နော
် ဆို
င်း၏ ကွေ့ကြိုးပြည်နယ်တွင် နေထိုငသ
်ူများ၊ (၃) ၁၉၆၇ ခုနှစ် ဇွန်လကမှ တရုတ်ပြည်နယ်စပ် ကျဲန့်ခမ်းခရိုင်
တွင်း သို့ ပြေးခိုဝင်ရောက်လာသည့် ဖုန်ကြားရှငတ
် ပ်ဖွဲ့တို့ ဖြစ်ကြသည်။

တရုတ်အရေးအခင်း ဖြစ်ပွားအပြီး လအနည်းငယ်အကြာတွင် တရုတ်ပြည်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်


မှန်သော လွတ်မြောက်ရေးတိုက်ပွဲကို ထောက်ခံကြောင်း ကြေညာပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆော
င်နှစ်ယောက်ကို ဝန်ကြီးချုပ် ချူအင်လိုင်း နှငအ
့် တူ မိန့်ခွန်းပြောခွငေ
့် ပးခဲ့လေသည်။ ပီကင်း၏ သတင်းမီဒီယာ
များတွင် တရုတ်ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံကြောင်း ဗြောင်ကျကျ ဖော
် ပြကြပြီး
လက်နက်ခဲယမ်းနှင့် လေ့ကျ င့ေ
် ရးများကို စတင်ထောက်ပံ့ခဲ့သည်။ ထို့နောက် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရ
က်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော
် က တရုတ်-မြန်မာ နယ်စပ်ဒေသ မုန်းကိုး၌ရှိသော
မြန်မ့ာတပ်မတော
် စခန်းတခုကို စတင်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြင့် အရှေ့မြောက်နယ်စပ် အခြေခံဒေသ
ကို စတင် တည်ဆောက်ခဲ့လေတော
့ သည်။

ရဲထွန်း (သီပေါ)

Source : Wikipedia

: မန်းဖိုးအေး(ဝါးခယ်မ) မြန်မာပြန် ဗမာပြည်ကွန်မြူနစ်ပါတီခရီးကြမ်း

Tags: တရုတ်ပြည်ယဉ်ကျေးမှု တော


် လှန်ရေး၏ ဘေးထွက်ပစ္စည်း (သို့မဟုတ်) ဗမာပြည်ကွန်မြူနစ် ပါတီ အရှေ့မြောက်ဒေသ ဆောင်းပါး

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
Previous story Next story
ပေါင်မြို့နယ် တောင်ပေါ်ခြံတစ်ခု၌ အမည် မသန်စွမ်းများ အခွငအ
့် ရေးချိုးဖောက်ခံရပါ
မသိအမျိုးသားအလောင်းတွေ့ရှိ က အွန်လိုင်း မှတိုငြ် ကားနိုငရ
် န် စီစဉ်

DVB  Video  Audio  Live  Facebook

သတင်း နိုငင
်ံတကာ ဆောင်းပါး မေးမြန်းချက် သုံးသပ်ချက်
နိုငင
်ံရေး သတင်း
စီးပွားရေး အာရှဒေသ
လူမှုရေး
က
ျ န်းမာရေး
ဘာသာရေး အားကစား ရေဒီယို လွှတ်တော
် ရေးရာ သတင်းတို
ပညာရေး DVB Radio Daily

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD
အလုပသ
် မား Ethnic Radio
လယ်သမား
အနုပညာ
စစ်ရေး
မှုခင်း
Privacy Policy Contact

© Copyright 2013 DVB.

Create PDF in your applications with the Pdfcrowd HTML to PDF API PDFCROWD

You might also like