Oscar Photography

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 13

ကျွန်တော်ပြောပြချင်တဲ့ ကင်မရာ ပေါ်က Mode လေးတွေ

မင်္ဂလာပါခင်ဗျာ ။ ဘာလိုလိုနဲ့ ကျွန်တော်ကျောင်းလဲပီးသွားပီမို့နောက်ပိုင်း


ဒီထက်ပိုပီးလေ့လာဖြစ်မယ်လို့ထင်တယ်ခင်ဗျ။ ကျွန်တော်ဟိုတလောက
ကျွန်တော်ရေးခဲ့ဘူးတာလေးတွေကို သေသေချာချာပြန်ဖတ်ကြည့်မိတယ် ဒါပေမယ့် ဦးသိုက်
(သူကြီး) ပြောမှသတိတရဖြစ်သွားတာက ကျွန်တော် Mode တွေအကြောင်းကို
တခါမှမရေးဘူးသေးဘူးလာမေးရင်ပဲပြောပြောပြနေတာ ။
အခုလိုသတိပေးတဲ့အတွက်ဦးသိုက်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကဲစကြရအောင်ဗျာ ။ DSLR
ကိုကိုင်လိုက်ပီဆိုရင် အပေါ်က အ၀ိုင်းလေးမှာ AV , TV , M , P စတာလေးတွေတွေ့ဘူးကြမယ်ဗျ။
အဲ့တာကျွန်တော်အခုပြောပြချင်တဲ့ mode လေးတွေပဲ ဗျ ။ အဲ့ mode လေးတွေက ဘယ် mode က
ဘာကိုရိုက်လို့အဆင်ပြေတယ် ဘယ်mode
ကတော့ဘယ်လိုဆိုတာကိုကျွန်တော်ဒီနုတ်လေးမှာရှင်းပြသွားမှာပါ။ အရင် AV TV M တွေမရှင်းခင် entry
level , semi pro level တွေမှာပါတက်တဲ့ ဒီ လူမျက်နှာပုံလေး တောင်တန်းပုံလေး လူလေးပြေးနေတဲ့ပုံ
ပီးတော့ လူလေးနဲ့ကြယ်လေးတစ်လုံးစတဲ့mode လေးတွေဘာလုပ်လဲဆိုတာ ရှင်းပြပါ့မယ်။

ဒီပုံမှာပြထားတဲ့အနီနဲ့ဟိုက်လိုက်လုပ်ထားတာလေးတွေကိုပြေတာပါ။ ကျွန်တော်သူငယ်ချင်းတွေကို ဒီ
mode တွေအကြောင်းရှင်းပြတိုင်း မေးကြတယ်ဘာလို့ဒါတွေသိထားဖို့လိုတာလဲဗျဆိုတဲ့မေးခွန်းလေးဗျ။
တချို့ကလဲ Manual mode ကြီးတောင်ပါပီးမှဒီ mode တွေကဘာလို့လဲဗျ
အသုံးကောဝင်လို့လားဆိုတဲ့မေးခွန်းလေးတွေမေးကြတယ်ဗျ။ အင်းဗျဝင်တယ် ဗျ အကယ်ရ်ျ
ကင်မရာကိုအခုမှ စလုံးရေစ လုပ်ပီးကိုင်တဲ့သူဆိုရင်အဆင်ပြေမယ်ခင်ဗျ။ ဒါပေမယ့်
တကယ့်အလင်းဖမ်းသမားဖြစ်လာပီဆိုရင် ( ဓာတ်ပုံဖန်တီးသူ ) ဖြစ်လာပီဆိုရင်တော့ ဒီicon လေးတွေက
အရေးမကြီးတော့သလောက်ပါပဲ။ ဒီ mode လေးတွေကဘယ်မှာအလုပ်ဖြစ်လဲဆိုတော့ကာ Portrait
ရိုက်မယ်ဆိုရင် အဲ့ ဒီ mode လေးကိုလှည့်လိုက် ဒါဆို ကင်မရာ က လန့်ရဲ့ aperture
အကျယ်ဆုံးကိုလုပ်ပေးလိမ့်မယ် လူပုံရိုက်ဖို့ကို။ Landscape အတွက်တောင်တန်းပုံ
icon လေးကို ပြောင်းလိုက်မယ်ဆိုရင် ကင်မရာ က တပ်ထားတဲ့လန့်ရဲ့ aperture
ကိုလိုသလောက်ကျဉ်းပေးလိမ့်မယ်။အဲ့လိုရှိတာပေါ့ဗျာ။ တကယ့် quality ရှိရှိ ပုံတွေဖန်တီးမယ် တကယ့်
အလင်းဖမ်းသမားကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ mode တွေကိုအားမကိုးပါနဲ့
လို့အကြံပြုပါရစေ။

ဒါဆိုကျန်တဲ့ Icon လေးတွေကကော ?

အခုအ၀ါနဲ့ ဟိုက်လိုက် ပြထားတဲ့ဟာလေးတွေက Creative mode လို့ခေါ်တယ်ဗျ ဘာလို့လဲဆိုတော့


ကိုယ်ကျွမ်းကျင်ရင်ကျွမ်းကျင်သလောက် ဖန်တီးမှုတွေလုပ်နိုင်တာမို့ပါ။ Canon မှာဆိုရင် Program,
Aperture Priority, Shutter Priority, Manual Mode ပီးတော့ Bulb mode ဆိုပီးတော့ မြင်ရမယ်ဗျ။
ဒါပေမယ့် entry level body တွေမှာတော့ Manual ထိပဲပါတယ်ဗျ အဲ့တာကျ Bulb mode
ကိုဘယ်လိုရှာလဲဆိုရင် ကင်မရာ ကနေ shutter speed ကိုကစားကြည့်
စက္ကန့်၃၀ထိလှည့်ပီးလို့နောက်က နေ Bulb လို့ပေါ်လာရင် အဲ့တာ Bulb mode ပဲဗျ။ကျွန်တော်တို့
Canonကင်မရာတွေမှာဆိုရင် Canon က နဲနဲလေးကွန့်ထားတယ်ဗျ ။ P – Program , Av Aperture Priority
,Tv – Shutter Priority ဆိုပီးဖြစ်သွားတယ်ဗျ။တခြားကင်မရာ Brand
ကိုင်နေတဲ့သူတွေအတွက်တော့ထူးဆန်းရင်ထူးဆန်းနေမယ်ဗျဒါပေမယ့်လုပ်ဆောင်တဲ့ function တွေက
သိပ်မကွဲပါဘူး။

ကဲစကြစို့ဗျာ P mode ကစရမယ် ။


Mode လေးတွေ

Program Mode (P)

တကယ်တမ်းဓာတ်ပုံရိုက်သူဖြစ်လာရင် P mode ကိုလုံးဝသုံးချင်မှာမဟုတ်တော့ပါ တခုတော့ရှိတာပေါ့လေ


အရေးပေါ်ရိုက်ရတာမျိုးဆိုရင်တော့ မှတ်တမ်းတင်ရုံလောက်ဆိုရင်တော့သုံးလို့ရပါတယ်။
ဘာလို့တုန်းဆိုတော့ ကိုယ်က ISO နဲ့ WB ကလွဲလို့ ကျန်တာတွေ သတ်မှတ်လို့မရလို့ပါပဲ။ သူက
ကင်မရာကနေ Shutter speed နဲ့ Aperture value ကိသ
ု တ်မှတ်ပေးတယ်ဗျာ ။တကယ်လို့
ဓာတ်ပုံပညာကိုတကယ့်ကိုစိတ်ပါလက်ပါ လေ့လာချင်တယ်ဖန်းတီးမှုတွေလုပ်ချင်တယ်
အလင်းတွေဖမ်းချင်တယ်ဆိုတဲ့လူတွေအတွက်တော့ ဒီ shutter speed သတ်မှတ်လို့မရတာတွေ Aperture
ကိုသတ်မှတ်ပေးလို့မရတာတွေက တော်တော်အနှောက်အယှက်ဖြစ်စေမှာပါ။
Apertureကိထ
ိုန်းလို့မရမှာတေ့ DOF( Depth Of Field ) လဲချိန်ပေးလို့မရတဲ့သဘောပေါ့ဗျာ။

Aperture Priority Mode (“A” on most cameras, “Av” on Canon)

ကဲကျွန်တော်တို့ရဲ့တတိယမင်းသားကြီးအလှည့်ရောက်ပီ AV mode ပေါ့ဗျာ။


အကယ်ရ်ျသင်က မော်ဒယ်ရိုက်တဲ့သူဆိုရင် ဒီ mode က ၉၅ ရာနှုန်းအလုပ်ဖြစ်မယ်ဗျ ဘာလို့တုန်းဆိုတော့
AV mode မှာက ရိုက်တဲ့သူက ကိုယ်သုံးချင်တဲ့ ISO နဲ့ F-stop(aperture value) ကို သတ်မှတ်ပေးရုံပဲ
ကင်မရာက သူနဲ့လိုက်ဖက်မယ့် shutter speed ကိလ
ုပ်ပေးတယ်လေ အဲ့တော့မှ exposure
မှန်မှန်ကန်ကန်ရတဲ့ ပုံလေးထွက်လာရောမို့လား။ AV mode က အရှိန်အ၀ါကြီးသဗျ
ကျွန်တော်လဲ တော်တော်ရိုက်ခဲ့ဘူးတာမို့ပါ။ လွယ်လွယ်လေးရယ် ISO ဘယ်လောက်ထားမယ် Aperture
ဘယ်လောက်ထားမယ်ဆိုတာလေးကစားပေးရုံနဲ့
ရှက်တာစပိကိုသတ်မှတ်ပေးတာဗျာဘယ်လောက်ရိုးရှင်းပီးသုံးရလွယ်သလဲ။
ကျွန်တော်စကားစမြည်ပြောဘူးတယ် ဘုရားပေါ်ကဓတ်ပုံဆရာတွေနဲ့ အကိုတို့ဘာ mode တွေနဲ့ရိုက်လဲဗျ
ဘာညာပေါ့ဗျာ တချို့က P mode တဲ့တချို့က A ဆိုတာလေးသုံးတယ်တဲ့
ရှေ့ကြည်နောက်ဝါးလား ရှေ့ကြည်နောက်ကြည်လား လိုသလိုရလို့တဲ့ဟာမို့ဗျလို့ပြောတယ်ဗျ။ အကယ်ရ်ျဗျာ
သင်ကမင်္ဂလာဆောင်တခုရောက်နေတယ်ဖလက်လဲမဖွင့်ချင်ဘူး အလင်းလဲကောင်းကောင်းရချင်တယ်ဆိုရင်
ကိုယ်တပ်ထားတဲ့လန့်ရဲ့ aperture ကို အကျယ်ဆုံးဖွင့်ပေးလိုက်ရုံပဲ F3.5
ကအကျယ်ဆုံးလားအဲ့ဆိုအဲကမှာထားလိုက် ပီးရင် ISO ကို
နဲနဲလေးမြှင့်ပေးလိုက်ပီးရင်ဖိုးကပ်ဖြတ်ပီးရင်ရိုက်ရုံပဲ။ ဒါမှမဟုတ် နေပူကျဲတဲကြီးမှာမော်ဒယ်ရိုက်မှာလား
ကိုယ်ဖြစ်စေချင်တဲ့အပါချာထားလိုက်ဦးကင်မရာက ရှက်တာစပိကိုသတ်မှတ်ပေးလိမ့်မယ်
ဘယ်လောက်လွယ်ကူသလဲပြော။ DOF ကိုလဲကောင်းကောင်း control ရနေတယ်လေ။ အကယ်ရ်ျသာ
ကျွန်တော်နဲ့တူတူဓာတ်ပုံအခုမှစရိုက်တဲ့လူတစ်ယောက်အပြင်ထွက်မယ်ဆိုရင်သူ့ကို AV mode
မှာထားပေးပီးရိုက်ခိုင်းမှာဗျ။ ဒါဆိုသူ့ကို Aperture
ရဲ့လုပ်ဆောင်ပုံကိုကောင်းကောင်းရှင်းပြလို့ရသွားမယ်လေ။
အပါချာလုပ်ဆောင်ပုံကိုကောင်းကောင်းနားလည်လာတာလဲ ပုံကောင်းတွေထွက်လာဖို့လှေကားထစ်တခုပဲဗျ။

Shutter Priority Mode (“S” on most cameras, or “Tv” on Canon cameras)

ကဲနောက်တခုဒုတိယမင်းသားကြီးဆီသွားရအောင်ဗျာ။ Shutter Priority ဆိုတာကြီးပေါ့ဗျာ Tv


mode လို့လဲ canon မှာခေါ်သေးရဲ့ တခြားကင်မရာတွေမှာတော့ S ဆိုတာလေးနဲ့ပီးသွားတယ်။
ဒီကောင့်ကိုတော့ မော်ဒယ်ရိုက်တာတွေ Landscape
ရိုက်တာတွေမှာသုံးကြတာမတွေ့ဘူးဘူးဗျ စောစောကပြောတဲ့
ဘုရားပေါ်ကလူတွေတောင်မသုံးကြဘူးဗျ။ ထူးတော့ထူးဆန်းတာပေါ့ဗျာ ။
ဒီကောင်ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ သင်က ကင်မရာရဲ့ ISO နဲ့ Shutter speed
ကိုရွေးပေးရတာဗျ အပေါ်က AV
နဲ့ပြောင်းပြန်ဗျ။ ဆိုပါတော့ဗျာ ဘောလုံးပွဲတပွဲဘေးမှာရိုက်တယ်ဆိုပါတော့ ကိုယ်
ကကိုယ်ထိန်းနိုင်တဲ့ ရှတ်တာစပိကို တင်ထားလိုက် ကင်မရာ
သူနဲ့လိုက်ဖက်မယ့် အပါချာကို ရွေးပေးလိမ့်မယ်။ ဒါပေမယ့်ဗျာ တကယ့် sport photographer
သမားကြီးတွေရဲ့အင်တာဗျုးတွေလိုက်ဖတ်ကြည့်ဘူးတယ်တခါတလေတော့ဗျာ DOF က
အရေးကြီးဆုံးမို့ AV နဲ့ရိုက်ပါတယ်ဆိုတဲ့ လူတွေလဲတွေ့ဘူးသဗျ ။ ဘယ်လိုပဲပြောပြောဗျာ Tv
mode က သတင်းသမားတွေသုံးတယ် sport photographer တွေလဲသုံးတယ်ဗျ ။ဥပမာ panning
ရိုက်မယ်ဆိုရင် အရမ်းအသုံးတည့်တယ်ဗျ။
Manual Mode (“M”)

နောက်ဆုံးမင်းသားကြီးကတော့ Pro တွေရဲ့လက်စွဲ Manual mode ပါ။


ကျွန်တော်ငယ်ငယ်တုန်းက ရေဆင်းမှာ ဆိုင်ကယ်စီးသင်တာပေါ့ဗျာ ပထမဦးဆုံးအကြိမ်အစီးသင်ပီးတော့နဲနဲ
ပတ်မောင်းတက်သွားတဲ့အချိန် ကျွန်တော့်ရဲ့ပထမဦးဆုံးဆိုင်ကယ်စီးတာနော် ကျွန်တော်လက်ထဲမှာ
ဆိုင်ကယ်လက်ကိုင်က တကယ့် ရုပ်ရှင်တွေထဲက ဆိုင်ကယ်ကြီးကိုင်ထားရတဲ့ဖီးလ်မျိုးဝင်လာတယ်။
ကျွန်တော် ဒီဆိုင်ကယ်ကိုထိန်းကြောင်းနေတာ ဂီယာချိန်းတာ ဘရိတ်ဖမ်းတာ ကွေ့တာ
တွေအကုန်ငါလုပ်နေရတာပါလားဆိုတဲ့အသိက တကယ့်ကို
ဖီးလ်တက်ချင်စရာပါ။(ပြောရင်းနဲ့ငယ်ဘ၀ကိုပြန်သတိရသွားသည်။) ကင်မရာက Manual mode လဲအဲ့လိုပါပဲ
ကင်မရာကိုငါက မောင်းနှင်ခိုင်းစေနေတာပါလားဆိုတဲ့အသိက ဘာနဲ့မှမတူပါဘူး။
ကျွန်တော့်သူငယ်ချင်းတွေနဲ့ဓာတ်ပုံရိုက်ထွက်ဘူးတယ် Manual
နဲ့ရိုက်ရမှာကိုကြောက်နေတာတွေ့ဘူးတယ်ဗျ ဘာလို့လဲမေးတော့ ပုံကဘယ်ကောင်းမလဲကွ
လို့ဖြေတယ်မှောင်နေလိုက် လင်းသွားလိုက်နဲ့ကွာလို့ဖြေတယ် ။အဲ့တာက တကယ်က Manual
ကခက်လို့မဟုတ်ပဲ သူက Exposure triangle ကိုမကြေညက်သေးလို့ဖြစ်တာဗျ။

Manual mode. Aperture: f/14. Shutter speed: 30sec. ISO 100. Sigma 12-24mm F4 lens.
Canon 60D camera.
ဒီအပေါ်ကပုံလေးကိုကျွန်တော် ရန်ကုန် ဘုရင့်နောင်တံတားမှာရိုက်ခဲ့တာပါ။ဒီလိုအခြေအေ
နမျိုးမှာဆိုရင်ဗျာ ဒီတံတားကြီးက လှူပ်ရမ်းနေတာမဟုတ်ဘူးလေ။ ပီးတော့ ဒီရှေ့ Fore Ground
ဖြစ်တဲ့နေရာကကောပဲလေ။ တခုတည်းသောလှုပ်နေတာကရေတွေပဲလေ။
ဒီလိုအခြေအနေမျိုးမှာဆိုရင် ကျွန်တော် Manual Mode ကိုပဲသုံးတယ် AV သုံးရင်လဲ ကိုယ်လိုချင်တဲ့
exposure နဲ့ရေတွေကဒီလိုဖြစ်ချင်မှဖြစ်မယ်လေ Tv သုံးရင်ကော လိုတဲ့ DOF
ဘယ်ရမလဲလေအဲ့တော့ Manual ပေါ့ဗျာ။ ကျွန်တော် ISO 100
ထားလိုက်တယ်ဘာလို့တုန်းဆိုတော့ Noise မထစေချင်လို့။ ပီးတော့ အပါချာကို f14
မှာထားတဲ့အတွက် ကျွန်တော်အလင်းဝင်ရောက်ချိန်( shutter speed ) ပိုနှေးဖို့လိုပီလေ sensor
ပေါ်ကို အလင်းဝင်ရောက်ချိန်ကြာအောင်။ ပထမက ရှက်တာစပိကို
၁၅ စက္ကန့်တို့ဘာတို့နဲ့စမ်းကြည့်သေးတယ် ပီးမှ စက္ကန့်၃၀ ထားလိုက်တော့
ကျွန်တော်လိုချင်တဲ့အလင်းကိုရတော့တာ။ အဓိကပြောချင်တာကဗျာ လောလောလောနဲ့
ရိုက်ရတာမဟုတ်တဲ့ ဟာတွေ ဥပမာ Landscape တို့ Longexposure တို့ဆိုရင် M
နဲ့ရိုက်ကိုရိုက်သင့်တယ်ဗျ။ ကျွန်တော်အပေါ်ကပြောခဲ့သလိုဆိုင်ကယ်ကို
ကိုယ့်ဟာကိုပထမဦးဆုံးစီးဖူးသွားရင်နောက်လဲ ဆက်တိုက်စီးချင်နေသလိုပဲ ကင်မရာကို Manual နဲ့
ရိုက်ဖူးသွားရင် ဒီ ISO ဒီ Shutter speed ဒီ aperture က ငါ
သတ်မှတ်ပေးလိုက်တာပါလားဆိုတဲ့ဖီးလ်တက်ပီဆိုတာနဲ့ Manual
ရိုက်ရတာ ဖီးလ်တက်လာလိမ့်မယ်ဗျ။
Mode Shutter Speed Aperture
P (programmed auto) Selected by camera Selected by camera
S (shutter-priority auto) Selected by photographer Selected by camera
A (aperture-priority auto) Selected by camera Selected by photographer

M (manual) Selected by photographer Selected by photographer

သူတို့ရဲ့အားနဲချက်လေးတွေကိုပြောရမယ်ဆိုရင်တော့ P mode က တကယ့်ပျင်းစရာကောင်းတဲ့ mode ပဲဗျ


ISO နဲ့ WB ပဲ သတ်မှတ်လို့ရမှတော့ဗျာ ဘယ်သူကကြိုက်မတုန်းဗျာ။ နောက်တခု S(Tv)
ဆိုရင်လဲအဲ့အတိုင်းပဲ ရှက်တာစပိကို အိုင်အက်အိုကို့သတ်မှတ်ပေးရုံပဗ
ျဲာကင်မရာ DOF
ကိုချုပ်ကိုင်ထားတယ်။ ပီးတော့ AV ဆိုရင်လဲအဲ့အတိုင်း ပဲ DOF ကို ဓာတ်ပုံဆရာက ချုပ်ထားလို့ရပေမယ့်
ပြသနာက ကင်မရာရဲ့ ဘယ်လောက်အမြန်ဆုံးရိုက်နိုင်လဲဆိုတာက ပြသနာဖြစ်လာလိမ့်မယ်။ ဥပမာ canon
6D ဆိုရင် 1/4000sec အမြန်ဆုံးရိုက်နိုင်ပေမယ့် 5Dmark III ကတော့ 1/8000sec
ရိုက်နိုင်တယ်လေ။ပီးတော့ ဒီ
mode တွေအရမ်းမှီခိုလွန်းရင်လဲလူကအပျင်းကြီးသွားတက်တယ်ဗျ။ နောက်ဆုံးကတော့ M ပဲဗျ သူကတော့
ကျွန်တော်ပြောတဲ့ အားလုံးကို ကိုယ်တိုင်လမ်းညျွှန်မောင်းနှင်ရတာမို့တကယ်ဖီးလ်ပါဗျာ။
တချို့တွေကထင်ကြတယ် ကင်မရာမှာ M ကြီး ကိုသုံးမှ တကယ် Pro ဆိုတာမျိုးတွေ မဟုတ်ဘူးဗျ
Professional Sport Photographer တွေလဲ သုံးကြတာပဲလေ Tv ကို မော်ဒယ်ရိုက်တဲ့
သူတွေလဲတခါတလေဆို Av သုံးကြတာပဲလေ။ ကားပြိုင်ပွဲတို့ဘာတို့လိုပွဲတွေမှာဆို
ဆက်တင်ထိုင်ချိန်နေဖို့အချိန်မရတာမျိုးတွေမှာ Av Tv တွေသုံးကြမှာပဲလေ။ ဒါပေမယ့် သူတို့နဲ့
ဓာတ်ပုံပညာဆိုတာဘာဆိုတာကို ကောင်းကောင်းလေ့ကျင့်လို့ရတယ်ဗျ
ကွန်ပိုဇေးရှင်းတွေလေ့ကျင့်လို့ရမယ် ပေါ့ထရိုတ်တွေလေ့ကျင့်လို့ရမယ်ဗျ။ဘယ်လိုပဲပြောပြောဗျာ
ဓာတ်ပုံပညာကိုလေ့လာနေတဲ့သူတွေတော့ အသုံးတည့်မှာသေချာတယ်ဗျ ကျွန်တော်လဲ
စကင်မရာကိုင်တုန်းက ဒီ Mode တွေကြောင့် ကွန်ပိုဇေးရှင်းအိုင်ဒီယာတွေတိုးတက်လာတာဗျ။ ဒီ Mode
တခုချင်းစီက ကင်မရာကို မတူညီတဲ့မောင်းနှင်မှုတွေလုပ်တာဖြစ်ပေမယ့်ကင်မရာကို correct Exposure
ရစေတာချင်းတော့တူတူပဲဗျ M မှအပပေါ့လေ ။
Mode တွေကိုကျွမ်းကျင်စွာကိုင်တွယ်ရင်းပုံအမိုက်စားကြီးတွေဖန်တီးနိုင်ကြပါစေခင်ဗျာ။

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ ။

+++++++++++++++++++++++++++++++++++++++++++

ဓာတ်ပုံလေးတွေကို ဆွဲဆောင်မှုရှိအောင် ဘယ်လိုရိုက်မလဲ . . .?

အရင်ဆုံး ကိုယ်ပေးချင်တဲ့ Message က ဘာလဲဆိုတာ အရင်စဉ်းစားရပါမယ်။ ဓာတ်ပုံဝါသနာရှင်


တွေကို ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာက ဘာလဲပေါ့။
စဉ်းစားပြီးပြီဆိုတာနဲ့ ကိုယ့်ပေးချင်တဲ့ Message ကို ပုံဖော်ပေးမယ့် Subject ကို ရွေးချယ်ပါ။ ရုပ်ရှင်
လို ပြောရမယ်ဆိုရင်တော့ ဇာတ်ကောင်ပေါ့။ အဲ့ဒီ Subject က သက်ရှိဖြစ်ဖြစ်, သက်မဲ့ဖြစ်ဖြစ် အ
ရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ်ပေးချင်တဲ့ Message ကို အကောင်းဆုံး ပုံဖော်(သရုပ်ဆောင်
)ပေးနိုင်သူ ဖြစ်ဖိ့ပ
ုါပဲ။

Rule of Thirds
ပုံ (1)မှာ ဓာတ်ပုံကို အပေါ်အောက်, ဘယ်ညာ မျဉ်းနှစ်ကြောင်းဆီ ဆွဲထားပါတယ်။ ပြီး တော့ အဲ့မျဉ်း
လေးတွေ တစ်ခုန့တ
ဲ စ်ခု ဆုံတဲ့နေရာတွေမှာ × လေး ပြထားပါတယ်။ (ဒါကို Rule of Thirds လို့
ခေါ်ပါတယ်) အဲ့ဒီ မျဉ်းလေးတွေဆုံတဲ့ နေရာမှာ ကိုယ့်Messageကို
ပုံဖော်ပေးမယ့် Subject ကို ထားရပါတယ်။ ဒါဆို ပုံလေးတွေက ဆွဲဆောင်မှုရှိသလို ကိုယ်ပေးချင်တဲ့
Message ကိုလည်း ပိုပြီးပေါ်လွင်စေပါတယ်။
ပုံ(2) နဲ့ ပုံ(3) မှာဆိုရင် Subject ဖြစ်တဲ့ မှိုပွင့ေ
် လးတွေကို ကျွန်တော်က အောက်မျဉ်းရဲ့ ဘယ်
ညာဆုံမှတ်လေးတွေမှာ ထား,ထားပါတယ်။ Subject ကတော့ တစ်ခုတည်း။ ဒါပေမယ့် Subject ကို
ဘယ်ညာပြောင်းထားပြီး ရိုက်လိုက်တဲ့အခါ ဆွဲဆောင်မှုရှိတဲ့ ပုံလေးနှစ်ပုံ ရလိုက်ပါတယ်။
ပုံ (4)မှာကတော့ ကျွန်တော် နေဝင်ချိန်ကို ရိုက်ထားပါတယ်။ ကျွန်တော်ပေးချင်တဲ့ Message က
နေဝင်ချိန်ရဲ့ အလှတရားကိုပါ။ အဲ့တော့ ကျွန်တော့်ရဲ့ Message ကို ပုံဖော်ပေးမယ့် Subject က
နေ။ ဒီတော့ ကျွန်တော်က နေကို အောက်မျဉ်းရဲ့ ညာဘက်ဆုံမှတ်မှာ ထားတယ်။ နေဝင်ချိန်မှာ
ကောင်းကင်ရဲ့ အလှတရားကို ဦးစားပေးပြချင်တာကြောင့် ကောင်းကင်ကို ဓာတ်ပုံရဲ့ သုံးပုံ,နှစ်ပုံ
နေရာပေးလိုက်တယ်။ ရေပြင်ကိုတော့ တစ်ပုံပဲ နေရာပေးထားတယ်။ (မျဉ်းကြောင်းလေးတွေကို
သေချာကြည့်ပေးပါ)
နေကို အလယ်တည့်တည့်က ထားပြီးရိုက်လို့်ရော မရဘူးလားဆိုတော့ ရတော့ရပါတယ်။ ဒါပေမယ့် ဒီ
လောက်တော့ ဆွဲဆောင်မှုမရှိနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့နေရာမှာပဲ နေကို အလယ်
ထားပြီး တစ်ပုံရိုက်ကျိခဲ့ပါသေးတယ်။ ဒါပေမယ့် ဆွဲဆောင်မှု သိပ်မရှိလို့ မတင်ဖြစ်ခဲ့ပါဘူး။

ပုံ(5)မှာ ပုဇဉ်းလေးတစ်ကောင် နားနေတာကို ရိုက်ထားပါတယ်။ သူ့ကိုတော့ အပေါ်မျဉ်းရဲ့ ညာဘက်


ဆုံမှတ်မှာပဲ ထား,ထားပါတယ်။ သူ့ကို အပေါ်မှာ ထားလိုက်ရခြင်း အကြောင်းကတော့ သူနား
နေတဲ့ အပင်,အရွက်လေးတွေက လှလို့ပါ။ နောက်ပြီး သူနားနေတဲ့ သစ်ကိုင်းလေးက အခြားသစ်ရွက်
တွေနဲ့ အတူတစ်တန်းထဲ ရှိမနေပဲ အပေါ်ကို ထိုးထွက်နေလို့ပါ။ တကယ်လို့များ ပုဇဉ်းလေးကို
အောက်မျဉ်းရဲ့ ညာဘက်ဆုံမှတ်မှာ ထားလိုက်ရင် သစ်ရွကေ
် လးတွေ သိပ်ပြီးပေါ်တော့မှာ မဟုတ်
ပါဘူး။
နောက်ပြီးတော့ ပုဇဉ်းကို အပေါ်မျဉ်းမှာ ထားတာတော့ ဟုတ်ပါပြီ။ ဘယ်ဘက်ဆုံမှတ်မှာ
ရော ထားလို့်မရဘူးလားလို့ မေးစရာရှိနိုင်ပါတယ်။ ရတောရပါတယ်။ ဒါပေမယ့် ကြည့်ရတာ အဆင်
ပြေမယ့် ပုံတစ်ပုံ ဖြစ်မလာနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ပုဇဉ်းဟာ ဘယ်ဘက်ကို မျက်နှာမူပြီး နား
နေတာပါ။ နားလို့ဝရင် ဘယ်ဘက်ဆီကို ဦးတည်ပျံသန်းသွားဖို့ ရှိပါတယ်။ ဒါကြောင့် သူမျက်
နှာမူဦးတည်နေတဲ့ဘက်ကို နေရာပေးဖို့ လိုအပ်ပါတယ်။ သူဦးတည်နေတာကလည်း ဘယ်ဘက်၊
သူ့ကို ထား,ထားတဲ့နေရာကလည်း ဘယ်ဘက်ဆိုရင် ပုံကို ကြည့်လိုက်တဲ့အခါ ခပ်ကြပ်ကြပ်ကြီး ဖြစ်
နေပါလိမ့်မယ်။ သိပ်မလွတ်လပ်တော့ဘူးပေါ့။ လူတွေကလည်း အတောင်ပံပါတဲ့ သတ္တ၀ါဆို လွတ်
လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှိတဲ့သတ္တဝါတွေလို့ ထင်မှတ်ထားကြတယ်လေ။ ဒါကြောင့် သူတို့ကြည်
့ရှုတဲ့ ပုံတွေကိုလည်း လွတ်လပ်ပေါ့ပါးစေချင်ကြတယ်။

ပုံ(6)ကတော့ ကလေးတွေ ရေကူးနေတယ်။ ဒီတော့ ကျွန်တော်ပေးချင်တဲ့ Message ကများတယ်။


ကလေးတွေ ချောင်းထဲမှာ ရေကူးတဲ့အခါ ပုံစံအမျူိးးမျူိးးနဲ့ ရေကစားတတ်တာကို ပေးချင်တာ။ ဒီ
တော့ ကျွန်တော်ပေးချင်တဲ့ Message ကို ပုံဖော်ပေးမယ့် Subject ကလည်း များလာရတော့မယ်။
အဲ့ဒီတော့ ကျွန်တော်က Subject တွေကို မျဉ်းကြောင်းတွေရဲ့ ဆုံမှတ်မှာ မထားတော့ဘူး။
ဓာတ်ပုံကို (၉)ပုံ,ပုံပြီး အလယ်သုံးပုံးမှာ တစ်ပုံကို Subject တစ်ခုစီ ထားလိုက်တယ်။ ကျန်တဲ့ အပေါ်
အောက် (၆)ပုံကိုတော့ ရေပြင်တွေပဲ ထားလိုက်တယ်။ ဒီတော့ ကျွန်တော်ပေးချင်တဲ့ ကလေးတွေရဲ့
ရေကစားနည်းသုံးမျူိးးကို ထင်ထင်ရှားရှား ပေးခွင့ရ
် တယ်။ ကျွန်တော့် Message ကို ပုံဖော်ပေးတဲ့
Subject တွေလည်း သူ့အကန့်န့သ
ဲူဆိုတော့ ရှုပ်ထွေးမနေတော့ပါဘူး။ ပုံလေးကို ကြည့်လိုက်တာနဲ့
ကျွန်တော်ပေးချင်တဲ့ Message ကို တန်းသိ,တန်းမြင်နိုင်သွားပါတော့တယ်။
ပုံ(7)မှာတော့ ပန်းတစ်ပွင့်တည်းပါ။ ကျွန်တော်ကလည်း ပန်းတစ်ပွင့တ
် ည်းရဲ့
အလှတရားကိုသာ ပြချင်တာကြောင့် သူ့ကို မျဉ်းလိုင်းတွေပေါ် မတင်တော့ပဲ အလယ်တည့်တည်
့မှာပဲ ထားလိုက်ပါတယ်။ Rule of Thirds ကို ဓာတ်ပုံတိုင်း သုံးရမယ်လို့ မဆိုလိုပါဘူး။ တစ်ချူိး့
သောပုံတွေဆို (အထူးသဖြင့် ပုံ(၇)လိုပေါ့) အလယ်တည့်တည့်မှာ ထားမှ အဆင်ပြေပါတယ်။
အဆင်ပြေကြပါစေ. . . . ။ (ပုံတွေအားလုံးကို Snapseed နဲ့ပြင်ထားပါသည်)

(တခြားသူတွေကို သိစေချင်တဲ့စိတ်ကြောင့်သာ ရေးလိုက်ရတာပါ။ ပထမဆုံးရေးဖူးတာမို့ အမှား


တွေ,လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါကို နားလည်သည်းခံပြီး ဖတ်ပေးကြပါလို့ တောင်
းဆိုလိုပါတယ်)

မေတ္တာဖြင့်
Phone Photograph - Aung Chan Thar

You might also like